ABO world ( Arc 11 FOD ) (com...
By kilulayuu121
684K 68.9K 1.2K
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More
11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)
11.9 (U)
7.2K 849 17
By kilulayuu121
11.9
ပန်းအသွင် ရှိခိုးကောင် သုံးကောင်ကို သတ်ပြီးတဲ့ နောက်မှာ အဖွဲ့သားတွေက အဆင့်နိမ်သားရဲ ဖြစ်တဲ့ ခြေရှစ်ချောင်း ဇာ့ဂ် အုပ်စု နဲ့ တွေ့ခဲ့ကြတယ်။
ဘာလို့ဆိုတော့ ယွင်ရှန့်ရဲ့ သတိပေးချက်ကို စောစောစီးစီးရခဲ့ပြီး သူတို့က ကြိုတင်လုပ်ရမဲ့တာဝန်တွေ ခွဲယူထားခဲ့အတွက် လွယ်ကူစွာ ပြီးဆုံးသွားတယ်။
ဒါရန်က သူ့လက်ကောက်ဝတ်ထဲ terminal က သတ်ထားတဲ့ ဇာ့ဂ် အရေအတွက်ကို ကြည့်ပြီး သူက စီရှယ်နောက် ဒုတိယနေရာမှာ ရောက်နေတာ တွေ့လိုက်ရတယ်။ သူက တခြားသူတွေရဲ့ အဆင့်တွေကိုလဲ ရှာကြည့်လိုက်ပြီးနောက် သူ့လက်ကို ပြန်ချလိုက်ပြီး မြစ်ကမ်းဘေးမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ဆံပင်အနက်ရောင်နဲ့ ကောင်လေးကို ငေးကြည့်လိုက်တယ်။
သူက စီရှယ်ရဲ့ စိတ်စွမ်းအားက 3S အထက်ရှိမယ်လို့ ခန့်မှန်းမိပြီးသား ဖြစ်တယ်။ အဲဒီလိုမှမဟုတ်ရင် သူက ဒီလောက်အဝေးကြီး စစ်ဆေးဖြန့်ကျက်နိုင်မှာ မဟုတ်ဘူး။
သူက ပထမစာမေးပွဲမှာ သူ့စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့တာပဲ ... တကယ်လို့သာ သူက သာလွန်တဲ့စွမ်းရည်တွေ ပိုင်ဆိုင်ကြောင်း ထုတ်ဖော်မိခဲ့ရင် အယ်ဒရစ် မိသားစုက ဘယ်နည်းနဲ့ဖြစ်ဖြစ် သူ့ကို သတ်ဖို့ ကြိုးစားလိမ့်မယ်။ ပြီးတော့ အခု တတိယစာမေးပွဲက အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်။
အယ်ဒရစ် မိသားစုက စီရှယ်ကို လုံးဝ အထင်သေးခဲ့မိတယ်။ ဒါပေမဲ့ ယခု အစီအစဉ် ဆွဲပြီး လုပ်ကြံဖို့ အရမ်းနောက်ကျသွားလေပြီ။ စူးရှထက်မြက်တဲ့ စီရှယ်က ဂလက်ဆီတစ်ခုလုံးရဲ့ အာရုံကို ဖမ်းစားထားပြီးပြီ ဖြစ်တယ်။
ဘယ်လို အင်အားစုတွေက စီရှယ်ကို စောင့်ကြည့်နေတာ မသိတဲ့အတွက် မကောင်းကြံစည်ချင်တဲ့သူတွေအတွက် အခွင့်အရေးက ရောက်မလာခဲ့ပေ။
စီရှယ်ရဲ့ ခြေလှမ်းတိုင်းက အစီအစဉ်တကျဖြစ်ပြီး သူက အင်အားလည်းကြီးသလို ဉာဏ်လည်းကောင်းတယ်။
သူလောက်တော်တဲ့သူ မရှိနိုင်ဘူး။
ဒါရန်က ဒါကိုတွေးမိပြီး ကောင်လေးရဲ့နောက်ကျောကို ကြည့်ရင်း အရူးအမူးစွဲလမ်းနေတဲ့ အပြုံး ပြုံးပြလိုက်တယ်။
အဖွဲ့သားတွေကလည်း ပြောင်းလဲမှုကို သတိထားမိပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြတယ်။
ဒုကျောင်းအုပ်ကလည်း စီရှယ်ရဲ့ အကောင်းဆုံးလုပ်ဆောင်မှုကို ကြည့်ရင်း အလွန် အံ့ဩနေမိတယ်။ သူကလည်း မက်သရူးအဖွဲ့ဝင်တယောက်ဖြစ်တဲ့အတွက် မိသားစုတွင်းက ပဋိပက္ခတွေကို လွန်စွာ စိတ်ပူမိတယ်။ ဒါကြောင့် သူက မနေနိုင်ဘဲ ပြောလိုက်တယ်။
" စီရှယ်က ဂလင်း ဖယ်ထားတယ်ဆိုပေမဲ့ သူရဲ့ စွမ်းအားနဲ့ဆို တစ်နေ့မှာ ထိပ်ဆုံးအထိ ရောက်မှာ အသေချာပဲ။ သူက ဒါရန်အတွက် လက်တွဲဖော်ကောင်း ဖြစ်မယ်လို့ ထင်တယ်။ မင်းလည်း လက်ထပ်ဖို့ စီစဉ်ပေါ့ ......
မက်သရူး မိသားစုအတွက် မင်း ရဲ့ မျိုးးဆက် ဆက်ခံနိုင်တယ်ဆိုရင် လုံလောက်ပါပြီ။ မင်းရဲ့ဗီဇက အကောင်းဆုံးပဲလေ "
အဲဒီအချိန်မှာ အော့စ်ဘွန်းက ဂျိုရှုအာကိုတောင် သတိမရတော့ဘူး။ သူက မျက်မှောင်ကြုတ်ပြီး screen ကို စိုက်ကြည့်နေတယ်။ သူက ဖော်ပြဖို့ ခက်ခဲနေတဲ့ စိုးရိမ် သောက ရောက်နေပြီး သူ့နှလုံးသားကို ပုရွက်ဆိတ်တွေ သန်းချီ ကိုက်ဖြတ်နေတယ်လို့ ခံစားနေရတယ်။
စီရှယ်နဲ့ ဒါရန်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
သူက သူ့စိတ်ထဲကနေ ယောကျာ်းသား ၂ယောက် အတူတူရှိနေတဲ့ ပုံရိပ်ကို ဖျောက်ဖျက်လိုက်တယ်။
သူရဲ့ မထိန်းချုပ်နိုင်တဲ့ စိတ်စွမ်းအားက မော်နီတာကို အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့တယ်။
ဒုကျောင်းအုပ်က ထိတ်လန့်သွားခဲ့တယ်။
သူက အော့စ်ဘွန်းကို ဘာဖြစ်တာလဲ မေးမလို့လုပ်တုန်း သူက အပြင်ဘက်ကို ပြေးထွက်ခဲ့ပြီး စစ်သားတွေကို ချက်ချင်း မော်နီတာ အသစ်ရှာလာဖို့ အမိန့် ပေးလိုက်တယ်။ သူက သူ့မြင်ကွင်းအောက်က စီရှယ် တစ်မိနစ်လေးတောင် ပျောက်သွားတာကို တောင့်ခံနိုင်စွမ်း မရှိဘူး။
သူ့ကို ချက်ချင်း မြင်ကို မြင်ရမယ်။
ချက်ချင်း ...
နောက်ပိုင်းကျ သူက မော်နီတာ ကလွဲပြီး ကျန်တာ တွေ ဖျက်ဆီးပစ်ဖို့ ခွင့်ပြုခဲ့တယ်။
မသိမသာနဲ့ ယွင်ရှန့်က ဒါရန်အစား အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ သူက အဖွဲ့သားတွေကို ဦးဆောင်ရင်း တဖြည်းဖြည်း ဆုံရပ်စီ ဦးတည်သွားခဲ့တယ်။
" ခဏ ... တစ်ယောက်ယောက် အကူညီတောင်းတာ ကြားလိုက်တယ် ထင်တယ် " အဖွဲ့သား တစ်ယောက်က ရပ်ပြီး သေချာနားထောင်လိုက်တယ်။
" သွားရအောင်။ အဲဒါကို လျစ်လျူ ရှုထားလိုက်" ယွင်ရှန့်က လက်ခါပြီး ပြောတယ်။
" ငါတို့ တစ်ချက် သွားကြည့်သင့်တယ်။ ငါတို့အားလုံးက နောက်ကျ ရဲဘော်ရဲဘက်တွေ ဖြစ်လာမှာလေ " ဒါရန်က ပြောပြီးပြီးချင်း အသံကြားရာဆီ ပြေးသွားခဲ့တယ်။
ဇာ့ဂ် အန္တရာယ်ကြီးမားလာတာနဲ့ အမျှ လူသားတွေ အနေနဲ့ ရဲဘော်ရဲဘက်အချင်းချင်း အရမ်းမှီခိုကြတယ်။ တစ်ယောက်ချင်းစီကလဲ အရမ်းကို တန်ဖိုးရှိပြီး အကူညီ တောင်းတာကို မပစ်ပယ်နိုင်ကြဘူး။
ယွင်ရှန့်က သူ့မျက်လုံး ဝေ့ကြည့်လိုက်ပြီး သူတို့နောက်ကို လိုက်သွားခဲ့တယ်။ သူတို့ဟာ အနီးအနား ရောက်ချိန်ကျမှ စီရှယ်က အန္တရာယ်ကို ခံစားမိပြီး ဘာလို့ထုတ်မပြောလဲဆိုတဲ့ အချက်ကို နားလည်သွားတယ်။
အဲဒီအော်ဟစ် အကူညီတောင်းခံတဲ့သူတွေက ဘားနတ်နဲ့ သူ့အဖွဲ့ပဲ ဖြစ်တယ်။
သူတို့ က နဂျီကောင်အသိုက်ကို ဖောက်ခွဲမိပုံရပြီး ကြီးမားတဲ့ ကျားနဂျီကောင် ရာချီက သူတို့ကို ဝန်းရံပြီး တိုက်ခိုက်ကြတယ်။ သူတို့ဟာ သူတို့ရဲ့တောင်ပံတွေနဲ့ လေပွေဖြစ်လာအောင်လုပ်ပြီး အဖွဲ့ကို တိုက်ခိုက်ကြတယ်။ သူတို့ရဲ့ ပါးစပ်ကနေ အဆိပ်ငွေ့တွေ လွတ်ပြီး အမြီးကနေလည်း အဆိပ်ရှိတဲ့ အကောင်ငယ်လေးတွေ ဖြန့်ဖြူးနေတယ်။
ဘားနတ်နဲ့ အဖွဲ့သားတွေက အရမ်းကြောက်လန့်နေပြီး အကူအညီတောင်း ခလုတ်ကို နှိပ်ဖို့ တမိနစ်အလိုလောက်မှာ
"ဟေး ... တယောက်ယောက် ငါတို့ကို လာကယ်ပြီ " ဘားနတ်အဖွဲ့ထဲက တစ်ယောက်က ဒါရန်တို့ ချည်းကပ်လာတာကို သတိထားမိခဲ့တယ်။
အဲဒီနောက်မှာ ဘားနတ်က စီရှယ်ကို သတိထားမိခဲ့ပြီး မျက်လုံးပင့်ကြည့်ရင်း သူ့ဆီ ချက်ချင်း ပြေးသွားခဲ့တယ်။
ဒါရန် တွေးထားခဲ့တာက သူတို့အဖွဲ့တွေ ပေါင်းပြီး အဆိပ်ရှိတဲ့ နဂျီကောင်တွေကို အတူလက်တွဲ တိုက်ခိုက်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ သူတို့တွေဟာ သူတို့ကို ဖြတ်ပြေးပြီး တောထဲဝင်ပြီး ပျောက်မသွားခင် စီရှယ်ရဲ့ နောက်ကျောဆီ သေနတ်နဲ့ လှမ်းပစ်ခဲ့သေးတယ်။
ယွင်ရှန့်က လျှပ်တပြက် တိုက်ခိုက်မှုကို ငုံ့ရှောင်လိုက်ပြီး ဘားနတ်နဲ့အဖွဲ့သားတွေရဲ့ ဦးခေါင်းဆီ ဝိညာဉ်အင်အား ပို့ပြီး အာရုံစိုက်လိုက်တယ်။ သူတို့တွေ အခု ဘာမှမခံစားရပေမဲ့ နာရီဝက်ကြာတဲ့အခါ သူတို့ရဲ့ အင်အားတွေက ယိုယွင်းလာလိမ့်မယ်။
အဆိပ်ရှိ နဂျီကောင်တွေက ဘားနတ်တို့နောက် ဆက်မလိုက်ဘဲ ဒါရန်တို့အဖွဲ့ဘက် လျှင်မြန်စွာ ဝိုင်းထားလိုက်ကြတယ်။
" အနာဂတ် ရဲဘော်ရဲဘက်လား ဟမ် ... အသက်ရှည်ရှည်နေချင်တဲ့သူတွေ အယ်ဒရစ် တွေကို မကယ်သင့်ဘူး။ သူတို့က နောက်ကျော ဓားနဲ့ ထိုးတဲ့နေရာမှာ အတော်ဆုံးတွေပဲ။ တခြားတစ်ယောက် အန္တရာယ်ကျရောက်ရင် ငါ့မှာ ကယ်ဖို့ တာဝန်ရှိတယ် "
ယွင်ရှန့်က နဂျီကောင်တွေကို သတ်ရင်း ပြောလိုက်တယ် ။ သူရဲ့ ထူးချွန်ပြောင်မြောင်တဲ့ အရည်အချင်းတွေက ပွဲကြည့်ပရိသတ်တွေကို ရင်သပ်ရှုမောစေတယ်။
ကြယ်တာရာကွန်ယက်မှာ လူတွေက ဒီအကြောင်းကို သက်သေပြုရင်း အယ်ဒရစ် မိသားစုရဲ့ အရှက်မရှိမှုကို ကျိန််ဆဲပြောဆိုနေကြတယ်။ နဂိုက သက်သေမရှိတဲ့ ဘားနက်အိုကြီးရဲ့ မတော်တဆမှုကိုလဲ အယ်ဒရစ် မိသားစုက ကြံစည်ခဲ့တယ်လို့ ယုံကြည်စပြုလာကြပြီ။
စစ်တပ်ထဲကလူတွေကလဲ အယ်ဒရစ် မိသားစုကို ကြောက်လန့်ရွံရှာတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။
ကိုယ့်ရဲ့ ရဲဘော်ရဲဘက်ကနေ ရောင်းစားခံလိုက်ရတဲ့ ဆိုးဆိုးရွားရွား ခံစားချက်ကို သူတို့ထက် ဘယ်သူမှ နားမလည်နိုင်ဘူး။ မကြာခဏ တပ်ရင်းတစ်ခုလုံး အမြစ်ဖြတ် ချေမှုန်းခံရတာတွေ ရှိလာနိုင်တယ်။
သူတို့ဟာ အယ်ဒရစ် မိသားစုကို ဖယ်ကြဉ်လာကြတယ်။ တိုက်ပွဲအတွင်း အယ်ဒရစ် မိသားစုနဲ့အတူ တွဲလုပ်ကိုင်ခြင်းက စစ်ပွဲမှာ ဒဏ်ရာရစေသူ ပိုများပြားစေပြီး အင်အားကို လျော့ချတာနဲ့ အတူတူ ဖြစ်တယ်။
မိသားစုက တတိယအဆင့် ကနေ ငါးဆင့်မြောက်အထိ ကျဆင်းသွားခဲ့ပြီး ပြိုလဲခါနီးအထိဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ ဘားနတ်ကတော့ သူ့ရဲ့မဆင်မခြင် အပြုအမူကြောင့် သူ့မိသားစုက အရှုံးများစွာ ခံစားနေရမှန်း မတွေးမိလေဘူး။
ဒါရန်က အဆိပ်ရှိ နဂျီကောင်တွေဆီကနေ လွတ်မြောက်ဖို့ လုပ်နေရင်း သူ့အဖွဲ့သားတွေကို လူစုခွဲပြီး ထွက်ပြေးဖို့ အမိန့်ပေးလိုက်တယ်။
ယွင်ရှန့်က နောက်လှည့် ဆက်တိုက် ပစ်ရင်း မြစ်ဆီ ခေါ်ဆောင်လာတယ်။ သူရဲ့ပစ်ခတ်မှု တစ်ခုချင်းက အဆိပ်ရှိ နဂျီကောင်တွေရဲ့ ဦးခေါင်းဆီ တိကျစွာ ထိမှန်လေတယ်။ သူရဲ့ တိကျလှတဲ့ ပစ်ခတ်မှုများကို ကြယ်တာရာကွန်ယက်မှာ ရှိတဲ့ ပရိသတ်က အတောမသတ် ချီးကျူးကြလေတယ်။
မြစ်ဆီ ရောက်တဲ့အခါမှာ နောက်ကလိုက်လာတဲ့ ရာနဲ့ချီတဲ့ အဆိပ်ရှိ နဂျီကောင်ထဲက ကျန်ရှိနေတဲ့ တစ်ကောင်က စူးစူးဝါးဝါးအော်ပြီး ဒါရန်ဆီ ပြေးဝင်လာခဲ့တယ်။
ဒါရန်က မောင်းကို ဆွဲလိုက်တယ်။ ဒါပေမဲ့ သူရဲ့ သေနတ်ထဲက စွမ်းအင်ကျောက်တုံးက ကုန်ဆုံးနေတာကို တွေ့လိုက်ရပြီး အော်ပြောလိုက်တယ်။
" စီရှယ် ငါ့သေနတ် ပျက်သွားပြီ!!"
သူ ပြန်မပြောခင် ဓားတစ်ချောင်းက နဂျီကောင်ရဲ့ ဦးနှောက်မှာ စိုက်နေခဲ့ပြီး ဖြစ်တယ်။ လှပလွန်းတဲ့ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်ဝန်းနဲ့ ဆယ်ကျော်သက် လူသားလေးက သစ်ပင်ပေါ်ကနေ သူ အလွယ်တကူ သတ်ခဲ့တဲ့ နဂျီကောင်ရဲ့ နူးညံ့တဲ့ ဗိုက်ပေါ်ကို ခုန်ဆင်းလာခဲ့တယ်။
" မင်းက အရမ်းနှေးတာပဲ။ သေနတ်တစ်လက် မရရင် တခြားတစ်လက်သုံးလေ" ယွင်ရှန့်က သူ့ဓားကို ဆွဲနှုတ်လိုက်ရင်း ဒါရန် ခါးပေါ်မှာ တပ်ဆင်ထားတဲ့ နောက်သေနတ်တစ်လက်ကို လက်အမူအရာ လုပ်ပြပြီး ပြောလိုက်တယ်။
ဒါရန်က ပါးတွေရဲလာပြီး စကားတစ်လုံးပြောဖို့ကို ခက်ခဲတာ တွေ့လိုက်ရတယ်။ အချိန်တော်ကြာတဲ့အခါမှာ သူက မေးလိုက်တယ်
" မင်း တကယ်ရော အိုမီဂါ ဟုတ်ရဲ့လား"
သူက ဒီလို လျှင်မြန်ဖျတ်လတ်တာရော၊ ဆုံးဖြတ်နိုင်စွမ်း ရှိတာကိုရော၊ အပစ်ခတ်ကျွမ်းကျင်တာရော၊ ဉာဏ်ကောင်းတာရော၊ မြေအနေအထားကို ကျွမ်းကျင်နေတာရော၊ ခေါင်းဖျားကနေခြေဆုံး အားနည်းချက်အနည်းငယ်ပဲ ရှိတဲ့ အိုမီဂါကို သူ တစ်ခါမှ မတွေ့ဖူးလေဘူး။
" မေ့နေပြီလား။ ငါက လိင်မဲ့မကောင်းဆိုးဝါးလေ" သူက သွေးတွေ ပေပွနေတဲ့ ဘောင်းဘီကို ရွံ့ရှာမှုအပြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ်။
အဲဒီအချိန်မှာ ကောင်းကင်က တဖြည်းဖြည်းမှောင်လာခဲ့တဲ့အတွက် ယာယီစခန်း လုပ်ဖို့ နေရာရှာလိုက်တယ်။
သူတို့က ထွက်ပြေးတုန်း အခြားအဖွဲ့သားတွေနဲ့ လမ်းကွဲသွားတဲ့အတွက် လူ၂ ယောက်အဖွဲ့က အန္တရာယ်ရင်ဆိုင်ဖို့က ခက်ခဲလေတယ်။
ယွင်ရှန့်က ပန်းအသွင် ရှိခိုးကောင်ဆီက ယူလာတဲ့ သွေးအနည်းငယ် ထုတ်လိုက်ပြီး အနီးတဝှက် ဖြန်းလိုက်ကာ မီးမွှေးလိုက်တယ်။
ဒီ CT073 ရဲ့ ပန်းအသွင် ရှိခိုးကောင်တွေက အဆင့်မြင့် ဇာ့ဂ် အမျိုးအစား ဖြစ်ပြီး သဘာဝ ရန်သူ မရှိလေဘူး။
သူတို့ရဲ့ သွေးက ဇာ့ဂ်အများစုကို မောင်းထုတ်နိုင်လေတယ်။
ဒါရန်က တီးတိုးပြောလိုက်တယ်
" အာ ... အဲဒါကြောင့် သွေးကို စုဆောင်းခဲ့တာကိုး။ ငါတွေးမိသင့်တယ် ...... စီရှယ် မင်းက တကယ်ကို လုပ်ကိုင်နိုင် ...... အား "
သူက သူ့စကားပြီးအောင် မပြောနိုင်ခင် မြစ်ဘက်ကို ကြည့်နေတဲ့ မျက်လုံးပါ ပြူးလာပြီး သီးတော့တယ်။
ကောင်လေးက သူ့အပေါ်ဝတ်ကို ချွတ်လိုက်ပြီး ခါးလယ်လောက်ရှိတဲ့ ရေမှာ ဘောင်းဘီရှည် တစ်ထည်တည်း ဝတ်ပြီး မတ်တပ်ရပ်နေလေတယ်။ သူ့အသားရည်က ဖြူဥနေပြီး ချောမွေ့နေတယ်။ သူ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်လေးမှာ ကျစ်လစ်နေတဲ့ ကြွက်သားတွေနဲ့ ကာရံထားလေတယ်။
သူ့ခန္ဓာကိုယ်ပေါ်ကနေ ရေတစက်စက်ကျပြီး တောက်ပနေတယ် ။ သူ့မှာ တောင့်တင်းတဲ့ ကြွက်သားတွေရှိပြီး သူရဲ့ ဆွဲဆောင်နိုင်စွမ်းရှိလှတဲ့ V line က ချက်ထိ ပေါ်နေလေတယ် ။ သူက အနည်းငယ် ကုန်းလိုက်တဲ့အခါမှာ သူ့ရဲ့ လှပတဲ့ ခန္ဓာကောက်ကြောင်းကို ထုတ်ဖော်ပြီးသား ဖြစ်နေတယ်။
နေက သူ့နောက်ကနေ ဝင်လုနီးပါးဖြစ်နေတာက သူ့ကို ရှေးခေတ်အခါက နတ်ဘုရားတွေလိုမျိုး ရွှေရောင်တွေ ဖုံးလွမ်းထားတာက သူ့အလှတရားကို ရင်သပ်ရှုမောစေတယ်။
ဒါရန်က အိုမီဂါ တွေက ဒီလို သူတို့ ခန္ဓာကိုယ် ပွက့်လင်းစွာ ဖော်ပြတာမျိုး မမြင်ဖူးဘူး။ သူတို့တွေက အမြဲတမ်း ထိပ်ဆုံး အကျီကြယ်သီးထိ တပ်ပြီး ဝတ်ဆင်လေ့ ရှိကြတယ်။ သူတို့က ရှက်ရွံ့နေတဲ့ မျက်လုံးနဲ့ ကြည့်လေ့ရှိတယ်။
ကျိုးပဲ့လွယ်တဲ့ အရုပ်လေးမျိုး...
ဒါပေမဲ့ သူရှေ့မှာ ရှိနေတဲ့ အိုမီဂါက ဒါတွေအကုန်လုံးကနေ ကွဲလွဲနေတယ်။ သူက မီးတောက်လိုမျိုး၊ ချော်ရည်လိုမျိုး အရမ်းကို ပူပြီး တောက်ပတယ်။ ဒါရန်က ပိုးဖလံတွေ အကုန် မီးတိုးသလို သူ့ဆီ ပြုံပြေးလာကျမယ်လို့ တွေးထင်မိတယ်။
ဒါရန်ရဲ့ ပါး၂ဖက်လုံး ရဲနေပြီး သူရဲ့ လျှာကလဲ စကားပြောလိုက်မယ် ကြိုးစားတိုင်း တုန်လှုပ်နေတယ်။ သူက မျက်စိလွဲလိုက်ပေမဲ့ ကောင်လေးရဲ့ ခန္ဓာကိုယ်ဆီ မျက်လုံးက ဆွဲဆောင်ခံလိုက်ရပြီး ပြန်ရောက်လာခဲ့တယ် ။
အိုမီဂါ ရဲ့ ဟော်မုန်း အနံ့မွှေးမွှေးလေးကို မရပေမဲ့ သူ့ဟာက သံချောင်းလိုပဲ မာကြောနေလေပြီ။
သူက ခြေထောက်၂ချောင်းကြား ညှပ်ထားရင်း သူ့ရဲ့ နီရဲနေတဲ့ မျက်နှာကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး
" အမလေး ဘုရားသခင် ... စီရှယ်က အရမ်းစွဲဆောင်မှုရှိတာပဲ။ ကျွန်တော် စိတ်မထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ "
ကြယ်တာရာကွန်ယက်ပေါ်မှာလဲ ဒီမြင်ကွင်းကို ကြည့် နေတဲ့ လူတိုင်းက နှာခေါင်းသွေး ယိုလာကြတယ်။
အိုမီဂါတွေကို စော်ကား ညှင်းပင်းကျတဲ့ အယ်လ်ဖာ အများစုက သူတို့ဟာ တိုက်ပွဲမှာ ရှိမနေသင့်ဘူး ။ တကယ်လို့သာ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေသာ စီရှယ်လိုမျိုး အိုမီဂါ နဲ့ နေရာလဲခံရရင်တော့ အမလေးလေး ...
သူတို့တွေးမိလိုက်တိုင်း ဒီအကြောင်းက သူတို့ကို ပျော်ရွှင်မှုကြောင့် ကောင်းကင်ထဲ လွှင့်မျောသလို ခံစားလိုက်ရတယ်။
" စီရှယ်ရေ စာမေးပွဲ အောင်ရမယ်နော်... ချယ်မန်း က စီနီယာတွေက မင်းကို စောင့်မျှော် နေမယ် "
" စီရှယ် မင်းက ကိုယ့်အတွက် အိမ်မက်မင်းသားလေးပဲ။ ဒီကမ္ဘာထဲ စီရှယ်ထက် ချောမောလှပတဲ့သူ မရှိဘူး"
" စီရှယ်ကြောင့် အရမ်းကို ရင်ထဲ ထိသွားပြီ "
"Screenshot တွေ ရိုက်ထားကြ"
" စီရှယ်က ချောလည်းချောတယ် သန်လည်း သန်မာတယ်"
"အော့စ်ဘွန်း သူ့ကို ဘာကြောင့် ငြင်းလိုက်သလဲဆိုတာ တကယ်ကို နားမလည်ဘူး။ ဒါပေမဲ့လည်း အော့စ်ဘွန်း ငြင်းဆိုလိုက်တဲ့ ကျေးဇူးကြောင့် ငါတို့တွေ အခွင့်ရေး ရှိသေးတယ်။"
" စီရှယ် ကလေးမွေးနိုင်နိုင် မမွေးမနိုင်နိုင် ဂရုမစိုက်ဘူး။ သူက နံပါတ်တစ်ပဲ "
အသုံးပြုသူရဲ့ ကြေငြာချက်ကို မရေမတွက်နိုင်တဲ့ လူ တွေကလည်း အားပေးကြတယ်။
အော့စ်ဘွန်းက နတ်သားနဲ့တူတဲ့ ရေထဲက အပေါ်ပိုင်း အဝတ်အစား လွတ်နေတဲ့ ကောင်လေးကို စိုက်ကြည့်နေရင်း ချက်ချင်း သူ့ဘက်ကို အကျီနဲ့တင်းတင်း ပတ်ပြီး ဆွဲခေါ်ပစ်လိုက်ချင်တယ်။
" ဒါရန်က ဘာတွေလုပ်နေတာလဲ။ စီရှယ်ကို ဘာလိုမရပ်တာလဲ။ ကျစ် မင်းပါ စွဲဆောင်ခံလိုက်ရတာလား"
သူက အံ့ကြိတ်ကာ ရေရွတ်ရင်း ဒုကျောင်းအုပ်ကို ပြန်ခိုင်းလိုက်တယ်။
နမူနာ 
Continue Reading
You'll Also Like
1.3M 179K 151
918K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
33.2K 4K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
88.5K 8K 8
[Both Zawgyi and Unicode] ဒုတိယကြိမ် အခွင့်အရေးဆိုတာကိုသာ ရရင်...