ABO world ( Arc 11 FOD ) (com...

By kilulayuu121

685K 69K 1.2K

This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More

11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)

11.5 (U)

7.2K 944 1
By kilulayuu121

11.5

ရုတ်ရုတ်သဲသဲဖြစ်ပြီး တစ်ပတ်အကြာမှာ မျက်တွင်းတွေကျနေတဲ့ အော့စ်ဘွန်းက ဘားနက်မိသားစုရဲ့အိမ် ဆီသွားခဲ့တယ်။

ဘားနက်အိုကြီးရဲ့ အမိန့်အရ ဘယ်သူကမှ သူ့ကို မဧည့်ခံကြချေ။

ဂျော်နီ က အလုပ်မှာဖြစ်ပြီး ဂျက်စပါနဲ့ ကော်နဲလ်ကျ အခန်းထဲမှာ ပိတ်လှောင်ထားတယ်။ ဒါကြောင့် စီရှယ်ရဲ့ ညီငယ်ဖြစ်တဲ့ ဘီတာလေး အာချီ တစ်ယောက်သာ နှုတ်ဆက်လေတယ်။

" စီရှယ်ကို အခုတွေ့ချင်တယ်။ အဲလိုမှ မဟုတ်ရင် မတွေ့ရမချင်း ဘားနက်အိမ်ကို နေ့တိုင်းလာမယ် "

အော့စ်ဘွန်းက ခက်ခဲတဲ့ တောင်းဆိုမှုကို ပြုလုပ်ခဲ့တယ်။ သူက စီရှယ်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး စက်ဆုပ်လေတယ်။ တကယ်လို့ သူ ဒီလိူပြုမူလိုက်လို့ သူ့အပေါ် ချစ်မိသွားမယ် ထင်နေရင် သူ မှားသွားပြီ။

အဲဒီလို အရူးရူး အမူးမူး လျှောက်လုပ်တတ်တဲ့သူကို ဘယ်တော့မှ ချစ်လာမည် မဟုတ်ပေ။

" ဒီမှာ ခဏစောင့်ပေးပါ ...... ဘိုးဘိုးကို သွားမေးလိုက်ဦးမယ် " အာချီ က သူ့လက်ကောက်ဝတ်က ကိုယ်ပိုင် terminal ကို ဖွင့်ရင်း ပြောလိုက်တယ်။

ဘားနက်အိုကြီးရဲ့ အသံသြသြက ထွက်ပေါ်လာတယ်။

" စိတ်အနှောင့်အယှက် ပေးလွန်းတဲ့ မက်သရူးကောင်စုတ်လေး ထွက်သွားပြီလား "

အာချီက ရှက်ရှက်နဲ့ပဲ အော့စ်ဘွန်းကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူ့ခေါင်းကို ခါရင်း "မသွားသေးဘူး...... ဘိုးဘိုး သူက ထွက်မသွားဘူးလို့ ပြောနေတယ်။

သူကအကိုကြီး စီရှယ် နဲ့တွေ့ဖို့ လိုတယ် ပြောနေတယ်။ မဟုတ်ရင် သူက နေ့တိုင်း အိမ်ကို လာမယ်တဲ့"

" ဘာ ... အလိုလိုက်ထားလို့ ပျက်စီးနေတဲ့ ကောင်စုတ်လေးပဲ။ ခဏစောင့် ... သူ့ခြေနှစ်ချောင်းကို ချိုးပစ်ပြီး ကန်ထုတ်ဖို့ လူတချို့ လွတ်လိုက်မယ် "

ဘားနက်အိုကြီးက အော့စ်ဘွန်း စေ့စပ်ပွဲဖျက်တဲ့ နေ့ကတည်းက အဲဒီလို လုပ်ချင်နေတာ ဖြစ်တယ်။

အာချီက ပိုပြီး ရှက်ကိုးရှက်ကန်း ဖြစ်လာတယ်။

ဒါပေမဲ့ အော့စ်ဘွန်းကတော့ မျက်မှောင် တစ်ချက် မကြုတ်ပေ။

မကြာခင်မှာ terminal ကနေ အသက်ရှုမှားလောက်တဲ့ အသံလေး ထွက်ပေါ်လာတယ်။

" ခဏ ... သူ့ကို စောင့်နေဖို့ ပြောလိုက်ပါ။ ဒီကောလဟာလ တွေဖြေရှင်းဖို့ သူနဲ့ video တစ်ခုရိုက်ဖို့ လိုတယ်။ အာ့ချ် .... သူ့ကို ခဏလောက် စောင့်ဖို့ ပြောထားပေး။ အခုချက်ချင်း လာခဲ့မယ်"

terminal ကနေ လိုင်းချလိုက်တဲ့အခါ စွဲဆောင်မှုရှိတဲ့ အသံလေးကလည်း ပျောက်ဆုံးသွားခဲ့တယ်။

အော့စ်ဘွန်းက သူ့နားစည်က ရွစိရွစိ ဖြစ်နေပြီး သက်တောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရတယ်။

မိနစ်အနည်းငယ်ကြာတဲ့အခါမှာ ဧည့်ခန်း အပြင်ဘက်ကနေ ခြေသံတွေ ကြားလိုက်ရတယ်။

အော့စ်ဘွန်း လှည့်ကြည့်လိုက်တဲ့အခါမှာ သူ့အမူအယာတွေက အေးခဲသွားခဲ့တယ်။

ဒီတစ်လအတွင်းမှာ ယခုလက်ရှိ စီရှယ်က သူ့မှတ်ဉာဏ်ထဲက စီရှယ်နဲ့ လုံးဝကို မတူညီ ကွဲပြားတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့မျက်နှာအနေအထားက ယခင်အတိုင်း ချောမောလှပဆဲ ဖြစ်ပြီး ဒါပေမဲ့ သူ့မျက်ခုံးတွေက အနည်းငယ် ထူလာခဲ့တယ်။ သူ့ရုပ်ရည်သွင်ပြင်က တည်ငြိမ်ခက်ထန်တဲ့ပုံ ပေါက်စေတယ်။

သူရဲ့ နဂို ပန်းနုရောင် နှုတ်ခမ်းက အခု သွေးရောင်တောက်တောက် အရောင်အဖြစ် ပြောင်းလဲလာခဲ့တယ်။

အဲဒီအရာက သူ့ရဲ့ ဖြူဖွေးလှတဲ့ အသားအရည်ပေါ်မှာ သွေးစက်လေးအတိုင်းပဲ ....

အဲဒါက အံ့သြလောက်တဲ့ အလှတရားကို ဖြစ်ပေါ်စေတယ်။ သူက အရပ်လဲ အတော်သင့်ရှည်လာပေမဲ့ ထွားကြိုင်းသန်မာတဲ့ အယ်လ်ဖာတွေနဲ့ ယှဉ်ရင်တော့ ကလေးသာသာပဲ ရှိသေးတယ် ။ သူနဲ့ယှဉ်ရင် သူ(အော့စ်ဘွန်း)က အရပ် ပိုမြင့်ပြီး ပိုသန်မာပေတယ်။

သူရဲ့ အနက်ရောင် ဆံပင်ကိုလဲ အတိုညှပ်ထားတယ်။ ပြီးတော့ ချွေးတွေ ရွဲနေတယ်။ သူက အနက်ရောင် လေ့ကျင့်ခန်း စွပ်ကျယ်ဝတ်ထားတဲ့ အတွက် သူရဲ့ ပိန်ပါးပြီး ချောမွေ့လှတဲ့ ကြွက်သားတွေကို မြင်နေရခြင်းက သူ့ကို ရမ္မက်တွေ ကြွလာစေတယ်။ သူက နဂိုကထက်ကို ပိုချောပြီး ကြည့်ကောင်းလာတယ်။

ဒီလို ချောမောခြင်းက ကမ္ဘာ့မြေလွှာအောက်ကနေ ချော်ရည်ပူတွေ စီဆင်းလာသလိုမျိုး လူတိုင်းကို ပြာဘဝကို ရောက်ရှိစေနိုင်တယ်။

အော့စ်ဘွန်းက သူ့ကို အေးခဲတောင့်တင်းစွာ ငေးကြည့်ရင်း စီရှယ် ဘာလုပ်ခဲ့တယ်ဆိုတာကို သူ ရှင်းရှင်း လင်းလင်း နားလည်သွားလေပြီ။

ဒီကောင်လေးရဲ့ မျက်လုံးတွေက သူ့ကို မထူးမခြားကြည့်နေပေမဲ့ သူကို ထိုးဖောက်မြင်နေတယ်လို့ ခံစားလိုက်ရတယ်။ အဲဒါကြောင့် သူက ကိုးရို့ကားယားနဲ့ အဝေးကိုပဲ ကြည့်လိုက်တယ်။

ကောင်လေးက အာချီ လှမ်းပေးတဲ့ တဘက်ကို လှမ်းယူရင်း သူ့ဆံပင်နဲ့ခန္ဓာကိုယ်က ချွေးတွေ သုတ်နေတာကို အလျှင်အမြန် ပြန်လှည့်ကြည့်လိုက်တယ်။

အခု သူရဲ့ လက်ရှိအခြေအနေက အမြဲလိုလို သူတို့ရုပ်ရည်သွင်ပြင်ကို လွန်စွာ အလေးထားတဲ့ ပုံမှန် အိုမီဂါတစ်ယောက်နဲ့ တစက်လေးမှ မတူလေဘူး။

သူက တဘက်နဲ့ ဆံပင်ကို ပေါ့ပေါ့ပါးပါး သုတ်လိုက်တဲ့ အပြုအမူက အရိုင်းဆန်စေတယ်။

သူက တဘက်ကို ပစ်လိုက်တယ်။ အဖြူ ရောင်ရှပ်ကို ယူဝတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်တယ်။

" အော့စ်ဘွန်း မတွေ့တာကြာပြီ "

ပြင်းထန်တဲ့ လေ့ကျင့်မှုတွေအပြီး သူရဲ့ အသက်ရှုမှားလောက်တဲ့ သြရှရှ အသံလေးက အော့စ်ဘွန်းရဲ့ နားစည်ကို ထုံထိုင်းသွားစေတယ်။

သူရဲ့ ချွေးနံ့သင်းသင်းလေးကို ရတဲ့အခါ သူကို့ မတ်မတ်လည်း မရပ်နိုင် ထိုင်လည်းမထိုင်နိုင် ဖြစ်စေတယ်။

စီရှယ်ရဲ့ ချွေးနံ့သင်းသင်းလေးက အရမ်းမွေးတယ်။ သူရဲ့ ဂလင်းကို တကယ်မဖယ်ထုတ်ခဲ့တာများလား။

အော့စ်ဘွန်းရဲ့ ရောက်တတ်ရာရာ အတွေးတွေကနေ နှုတ်ဆက်စကား ပြန်ပြောလိုက်တယ်။

"ဖြစ်ပျက်ခဲ့သမျှ ကိစ္စအတွက်တောင်းပန်ပါတယ်။ လတ်တလောမှာ အရမ်းအလုပ်ရှုပ်နေတော့ ဒီကိစ္စကို ထွက်လာပြီး ဖြေရှင်းဖို့ အချိန်မရခဲ့ဘူး။ အခု အတူရှိနေတုန်း အမှန်တရားကို ပြောပြဖို့ video လေးတခုလောက် ရိုက်ရအောင်။ ပြောရရင် လက်ထပ်ပွဲအတွက် အငြင်းခံရတာနဲ့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တွေက ဘာမှပတ်သက်မှု မရှိပါဘူး "

ကျိုးယွင်ရှန့်က သူ့ဘေးကို လျှောက်လာရင်း ထိုင်လိုက်တယ်

" အဲဆို...... တကယ် ဂလင်း ကို ဖယ်ထုတ်လိုက်တာလား "

အော့စ်ဘွန်းက ခက်ခက်ခဲခဲ မေးလိုက်တယ်

" ဟုတ်တယ်"

ကျိုးယွင်ရှန့်က ဆံပင်ကို သပ်လိုက်ရင်း လည်ပင်းက အမာရွတ်ကို ပြလိုက်တယ်။ ပြီးတော့ သူက အားရပါးရ ရယ်ပြီး

" ဘာမှ ဝန်ထိုးဝန်ပိုးလို့ ခံစားနေစရာ မလိုဘူး။ ဒါက စေ့စပ်ပွဲ ဖျက်သိမ်းလိုက်လို့ ကိုယ့်ဘာသာ ဖျက်ဆီးတာ မဟုတ်ဘဲ ကျွန်တော်ရဲ့ အနာဂတ်အတွက် လုပ်လိုက်တာမို့။ ပြောရရင် ဒီလက်ထပ်ပွဲ စီစဉ်ပေးတာကို ငြင်းလိုက်လို့ အရမ်းကို ကျေးဇူးတင်တယ်။

ကျွန်တော် စီရှယ်ရဲ့ ဘဝမှာ လက်ထပ်ပွဲနဲ့ ချုပ်နှောင်ထားတာမျိုး မလိုချင်ဘူး။ကောင်းပြီ .... ဘိုးဘိုး .မြေးတို့ကို video ကူရိုက်ပေးပါဦး"

သူက ကင်မရာကို စိတ်တိုနေတဲ့ အဘိုးဖြစ်သူဆီ လှမ်းပေးလိုက်ရင်း အော့စ်ဘွန်းဘေး အနည်းငယ် ကပ်ထိုင်လိုက်တယ်။

အော့စ်ဘွန်းလည်း သူ့ဘက် တိုးလိုက်တယ်။ ထိုအခါ သူက ကျောက်ရုပ်ပမာ တောင့်တင်းသွားခဲ့လေတယ်။

စီရှယ်ရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ ချွေးနံ့က သူ့ကို မသက်မသာ ဖြစ်စေတယ်။

" အဆင့်အသင့်ဖြစ်ပြီလား??"

ကျိုးယွင်ရှန့်က ကင်မရာကို ကြည့်ရင်း ပြောလိုက်တယ်။

" ရယ်ဒီ ... ပြောဖို့လိုတာကို ပြောလို့ ရပြီ "

ဘားနက်အိုကြီးက record ကို နှိပ်လိုက်တယ်

" အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က စီရှယ်ဖြစ်ပြီး ဒါကတော့ အော့စ်ဘွန်းပါ။ ဒီနေ့က ကောလဟာလတွေကို ဖြေရှင်းဖို့အတွက် အတူရှိနေခြင်း ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ဂလင်းကို ဖယ်ထုတ်ခဲ့တယ်ဆိုတာက အမှန်ပါ။ ဒါပေမဲ့ အဲလိုလုပ်တဲ့ အကြောင်းရင်းက လက်ထပ်ပွဲ အငြင်းခံလိုက်ရလို့ မဟုတ်ဘဲ စစ်တပ်ထဲ ဝင်ဖို့ ပြင်ဆင်ချင်လို့ပါ ပြောရမယ်ဆိုရင် ကျွန်တော်က ချယ်မန်း စစ်အကယ်ဒမီကျောင်းကို လျှောက်ပြီး စက်တင်ဘာလ အစောပိုင်းမှာ ဝင်ခွင့်ဖြေမှာ ဖြစ်ပါတယ် "

အော့စ်ဘွန်းက သူ့ကို ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်တယ်

" ချယ်မန်းရဲ့ ဝင်ခွင့်က အရမ်းကို ခက်တယ်။ အယ်လ်ဖာတွေတောင် ၃ ရာခိုင်နှုန်းသေဆုံးတာကနေ မလွတ်နိုင်တာ အိုမီဂါဖြစ်တဲ့ မင်းဆို ပြောမနေနဲ့တော့။ စိတ်လိုက်မာန်ပါ လျှောက်မလုပ်ပါနဲ့။ ကိုယ့်ကို သက်သေပြချင်တာနဲ့ အဲလို အန္တရာယ်များတာတွေ မလုပ်ပါနဲ့။ မင်းမှာ ဒီထက်ကောင်းတဲ့ အနာဂတ် ရနိုင်ပါတယ် "

သူက သူ့စေ့စပ်ပွဲ ဖျက်သိမ်းတုန်းက သူ ပြောတာကို သတိရလိုက်တယ်။

သူက နူးညံ့သိမ်မွေ့တဲ့ အိုမီဂါတွေ မကြိုက်ဘူးဆိုတာကို

အဲဒါကြောင့် စီရှယ်က ဒီလိုတွေ လုပ်နေတယ်ဆိုရင် သူက တားဆီးရလိမ့်မယ်။

" မဟုတ်ဘူး!! ခင်ဗျား မှားနေပြီ"

ကျိုးယွင်ရှန့်က တက်ကြွစွာ ပြုံးလိုက်ရင်း ယုံကြည်မှုရှိရှိ သူ့ကို ကြည့်နေတဲ့ အားလုံးကို ကြည့်ပြီး ပြောလိုက်တယ်.........

" ကျွန်တော်က ခင်ဗျားကိုရော၊ တစ်စုံတစ်ဦးကိုရော၊ သက်သေပြဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကျွန်တော်က လူတစ်ဦးရဲ့ လုပ်နိုင်စွမ်းကို လူတစ်ယောက် လုပ်ကိုင်နိုင်တာနဲ့ ကန့်သတ်ထားတယ်လို့ တွေးမိတယ်။

ကျွန်တော်လို စွမ်းရည်နဲ့ မွေးဖွားလာတဲ့လူတွေက ပုံမှန်လက်ထပ်တာနဲ့ ကလေးစောင့်ရှောက်ရေးထက် ပိုကြီးမားတဲ့ လူမှု့အဖွဲ့အစည်းတွေအတွက် လုပ်ဆောင်သင့်တယ်။

ဒါပေါ့ အင်ပါယာအတွက် မျိုးဆက်ကို လက်ဆင့်ကမ်းပေးမဲ့ အိုမီဂါတွေ အတွက်လဲ အရမ်းဂုဏ်ယူစရာကောင်းပါတယ်။ သူတို့က လေးစားမှုနဲ့ ထိုက်တန်ပါတယ် "

အော့စ်ဘွန်းက ဖျောင်းဖျဖို့ ကြိုးစားပေမဲ့ လူငယ်လေးက ရုတ်တရက် သူ့ကို ဖက်ပြီး

" ငါတို့က သူငယ်ချင်းတွေပဲနော်...... အော့စ်ဘွန်း ငါ မင်းကို မမုန်းပါဘူး။ မင်းနဲ့ မင်းချစ်သူအတွက် တကယ်ကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် "

သူ့မျက်လုံးတွေက နွေးထွေးမှုတွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။

သူက သူ့အတွက် နေထိုင်ဖို့ ရည်ရွယ်တာ သံသယဖြစ်စရာ မရှိဘူး။

သူ့ရဲ့ စိတ်အခြေအနေက တောက်ပနေတဲ့ ကြယ်လေးလိုမျိုး အရမ်းကို တည်ငြိမ်နေတယ်။

အော့စ်ဘွန်းက မှိုင်းတိုင်းနေတဲ့ ခံစားချက်နဲ့ ရောက်လာခဲ့ပေမဲ့ ပြန်ထွက်သွားတော့လဲ တစ်စက်လေးမှ စိတ်မအေးခဲ့ရလေဘူး။

သူက တံခါးမှာ ရပ်နေရင်း လောလောနဲ့ထွက်သွားတဲ့ ကောင်လေးဆီ ပြန်လှည့်ကြည့်လိုက်တယ်။

သူ့နှလုံးသားတခုလုံး လှီးထုတ်လိုက်ရသလို ခံစားလိုက်ရတယ်။

နဂို စီရှယ် အပေါ် ရှိနေတဲ့ မှုန်ဝါးဝါးထင်မြင်ချက်ကနေ အခု တော်ပြီး ထက်မြက်တောက်ပတဲ့
ကောင်လေးတစ်ယောက် အဖြစ် ပြောင်းသွားခဲ့ပြီး သူ့စိတ်ထဲကနေ ဖျောက်ဖျက်မရနိုင်ခဲ့ဘူး။

သူဟာ မမျော်လင့်ဘဲ ဒီပုံရိပ်လေးကနေ ပြတ်တောက်ဖို့ မျက်လုံးမှိတ်ပြီး လမ်းလျှောက်သွားခဲ့တယ်။

စီရှယ်နဲ့ အော့စ်ဘွန်းတို့ ရိုက်ထားတဲ့ video လေးက လူတွေရဲ့ အာရုံစိုက်မှု ရခဲ့တယ်။

သူတို့တွေက စီရှယ်က သူဟာ နူးညံ့နေတဲ့သူ မဟုတ်ဘူးဆိုတာ အော့စ်ဘွန်းကို သက်သေပြဖို့အတွက် ဒီလိုရူးမိုက်တာမျိုး လုပ်ခဲ့တယ်လို့ အတင်းအကျပ် ပြောဆိုနေကြတယ်။

ပရိသတ်တွေကလဲ ဒီလိုစိတ်လိုက်မာန်ပါ လုပ်တာကနေ လက်လျော့ဖို့အတွက် ကြိုးစားနေတယ်။

အမုန်းပွားသူတွေအတွက်ကတော့ သူ့ကို ဝင်ခွင့်ဖြေဆိုမှုမှာ သေဆုံးဖို့ မျှော်လင့်နေပြီး တချို့လူတွေကျတော့လဲ သူ့အပေါ် အလောင်းအစား လုပ်နေကြပြန်တယ်။

ကျိုးယွင်ရှန့်က ကြုံတွေ့ရတဲ့ ကိစ္စတွေအားလုံးကို လျစ်လျူ ရှုထားတယ်။

သူက ကြယ်တာရာကွန်ယက်မှာ စာသားတစ်ခုပဲ တင်လိုက်တယ်။

" စောင့်ကြည့်နေပါ..."

Video တင်ပြီးတဲ့နောက်နေ့မှာ ဘားနက်အိုကြီးရဲ့ အမိန့်အရ ဂျက်စပါနဲ့ ကော်နဲလ် ကို ဘားနက်မိသားစုအပိုင် ဝေးလံတဲ့ ဂြိုဟ်ဆီ ပို့လိုက်တယ်။ ပြီးတော့ ဘယ်တော့မှ ပြန်မလာဖို့လဲ အမိန့်ပေးလိုက်တယ်။

Continue Reading

You'll Also Like

649K 129K 199
Author - Yu Xiao Lan Shan Pairing - Zhao Yue x Wen Liu Nian - Shang YunZe x Mu QingShan
206K 19K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
12.8K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...
5.3K 500 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...