Revenge Sevenfold {Unicode} [...

By Arina_Xing

332K 32.7K 445

ဖတ်ရတာ အလုပ်မရှုပ်အောင် Unicode နဲ့ Zawgyi ကို တစ်အုပ်စီ ခွဲထားပါတယ် Zawgyi နဲ့ ဖတ်ချင်ရင် ဝင္ရွာၾကည့္လိုက္ပါေ... More

1.​ဟွေ့ရင် နင်ကအမှိုက်ပဲ
2. လုရှန်းရဲ့ကလေး
3. သူက သူမကို သတ်ဖို့ကြိုးစားတယ်
4. တစ်ဖန်မွေးဖွားလာပြီ
5. ဒီတစ်ပွဲတော့
6. လုရှန်းကို ပိုမုန်းတယ်
7. လက်ထပ်ရန် တွန်းအားပေးခံရခြင်း
8. ပျော်ရွှင်ဖွယ် ပြန်လည်ဆုံဆည်းခြင်း
9. ဘယ်လိုများ စားနိုင်မှာလဲ?
10. ကံကြမ္မာအလှည့်အပြောင်း
11. ကြီးမြတ်လှတဲ့နဂါးဘုရင်
12. သေလိုက် Shu
13. အိပ်မက်တွေ
15. နတ်ဘုရားမ!
16. မင်းက အလုပ်အတွက် မသင့်လျော်ဘူး
17. ငွေလိုနေတယ်
18. ချွေးမ
19. ထင်ထားတဲ့ အတိုင်းပဲ
20. ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ခြင်း
21. အရသာမရှိတဲ့ လက်စားချေခြင်း
22. မိန်းမလား?
23. နှာဘူးမကြီး
24. မာရ်နတ်ပေါက်စ
25. အင်အားကိုထိန်းသိမ်း
26. အနိုင်ကျင့်ခံနေရပါတယ်
27. Goodnight kiss!
28. အသက်ပိုကြီးတဲ့ဟွေ့ရင်
29. ထွက်ပြေးတာလား?
30. အပြစ်ပေးတာ
31. သူ့ကို "အဲ့ဒါကြီး" ပေးလိုက်တယ်
32. သူဌေး အားတင်းထား!
33. အဆိပ်ပြင်းတဲ့လျှာ
34. အကျဉ်းသားမဟုတ်ဘူး
35. မလုပ်နိုင်လောက်အောင် ခက်ခဲတဲ့အရာ
36. လိမ်လည်ဖော်ပြခြင်း
37. ကိုက်ရတာကြိုက်တယ်
38. ခုခံကာကွယ်ခြင်း
39. ဖြတ်​လျှောက်လား?
40. တကယ့်အကျဥ်းသား
41. Ulmer scale
42
43
44
45
46
47
48
49
50
51
52
53
54
55+​ဈေးဗန်း
56
57
58
59
60
61
62
63
64
65
66 to 70
71 to 75
76 to 80

14. တစ်စုံတစ်ယောက်ရဲ့ ဒေါသ

4.9K 536 1
By Arina_Xing

ဟွေ့ရင်ဟာ လူမှန်းသိတဲ့အရွယ်ကစပြီး ရုပ်ရှင်မင်းသမီး ဖြစ်ချင်ခဲ့တယ်။

ဇာတ်ကောင်တွေကို တစ်ချိန်တည်းမှာ တစ်ခုပေါ်လာလိုက် တစ်ခုပျောက်သွားလိုက် သရုပ်ဆောင်ချင်တယ်။

လုရှန်းနဲ့ လက်မထပ်ခင်တုန်းက ဟွေ့ရင်ဟာ CY Entertainment ရဲ့ သရုပ်ဆောင်ပေါက်စတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် သူမ သရုပ်ဆောင်ရသမျှက ပရိသတ်တွေ ခပ်မြန်မြန်မေ့သွားတတ်ကြတဲ့ အရံဇာတ်ကောင်နဲ့ အပိုဇာတ်ကောင်တွေပါပဲ။

ခဏတာလေး သရုပ်ဆောင်ရခြင်းအတွက် ရရှိတဲ့လစာက မလုံလောက်တာကြောင့် အေဂျင်စီနားက နိမ့်ကျတဲ့အလုပ်တွေကိုလည်း လုပ်ခဲ့ရတယ်။ အိမ်လခပေးဖို့နဲ့ စားစရာတွေဝယ်နိုင်ဖို့အတွက် ဘာအလုပ်မဆို ဟွေ့ရင် လုပ်ခဲ့တယ်။

ဒါပေမယ့်လည်း ကံဇာတာ နိမ့်ကျနေတဲ့ အခိုက်အတန့်တွေမှာတော့ အတောမသတ်တောက်လောင်နေတဲ့ ဝမ်းမီးကို အငွေ့ထွက်နေတဲ့ကိတ်မုန့်လုံးတွေရယ် ဖက်ထုပ်ရယ်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်။

ဟွေ့ရင်က အမြင့်ကို မရောက်နိုင်တာ၊ နာမည်ကျော်သရုပ်ဆောင် ဖြစ်မလာနိုင်တာတော့ မဟုတ်ပါဘူး။ တကယ်ဆို သူမက A အဆင့် နာမည်ကြီးတွေထက်တောင် သရုပ်ဆောင်ကောင်းသေးတယ်။ လုပ်ကွက်နည်းနည်းလေးပဲ ရတာတောင် အဲ့အခန်းတွေကို ပြီးပြည့်စုံစေဖို့ နာရီနဲ့ချီပြီး လေ့ကျင့်ခဲ့တယ်။

သူမရဲ့အရည်အချင်းရယ်၊ အားကြိုးမာန်တက်ရှိမှုရယ်၊ သူမတူတဲ့အလှအပရယ်ကို ဖယ်ထုတ်လိုက်ရင်တောင် ဟွေ့ရင်က သတိမပြုမိဘဲ မနေနိုင်လောက်တဲ့ မိန်းကလေးတစ်ယောက်ပဲ။

အဲ့ဒီအချိန်တွေမှာ ဟွေ့ရင် ညှိုးငယ်နွမ်းပါးစွာ နေခဲ့ရတဲ့အကြောင်းရင်းကတော့ သူမက ကံဆိုးစွာနဲ့ တစ်စုံတစ်ယောက်ရဲ့ ဒေါသတွေအတွက် ဓားစာခံဖြစ်နေခဲ့လို့ပါပဲ။ အဲ့ဒီတစ်စုံတစ်ယောက်ကတော့ ဖင်းဟုန်။ သရုပ်ဆောင်လောကမှာ နာမည်အကျော်ကြားဆုံး အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို ချိတ်ဆွဲထားတဲ့သူ။ ဖင်းဟုန်က ပရိသတ်တွေရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်မင်းသမီးဆုကို ရထားရုံသာမက သူမရဲ့ပရိတ်သတ်အင်အားက ဒီနိုင်ငံမှာ အများဆုံးပဲ။

သူတို့က အေဂျင်စီတစ်ခုတည်းမှာ ရှိနေတာလေ။ ဖင်းဟုန်က CY ရဲ့ အကျိုးအမြတ်တွေအတွက် ပင်ပအရင်းအမြစ်ကြီးဖြစ်နေမှတော့ ဟွေ့ရင် ကန်ထုတ်မခံရသေးတာကကို မယုံနိုင်စရာဖြစ်နေပြီ။

ဒါပေါ့။ ဒီမှာရှိနေနိုင်သေးတာက ဟွေ့ရင်မန်နေဂျာရဲ့ စွမ်းဆောင်မှုကြောင့်ပဲ။ မဟုတ်ရင် စာချုပ်သက်တမ်းကုန်တာနဲ့ ဟွေ့ရင် လမ်းပေါ်ရောက်နေလောက်ပြီ။ အခုအခြေအနေက သိပ်တော့မထူးလှပေမယ့်လည်းပေါ့လေ။

နောက်လအတွက် ပေးရမယ့် အိမ်လခကိုတွေးမိပြီး စရိတ်တွေကာမိဖို့ အချိန်ပိုင်းအလုပ်ထပ်ရှာဖို့ ဟွေ့ရင် ဆုံးဖြတ်လိုက်တယ်။

ဒီအခက်အခဲလောက်ကိုတော့ ဟွေ့ရင် မှုမနေပါဘူး။ အတိတ်ဘဝတုန်းက ကျွန်တစ်ယောက်လိုကို နေခဲ့ရတာလေ။ အလုပ်ကြိုးစားရတာက ပြဿနာမရှိလှပါဘူး!

အလုပ်လုပ်တာက လုရှန်းလက်က ရှောင်ပြေးဖို့ ဆင်ခြေတောင် ဖြစ်လာနိုင်သေးတယ်။

စိတ်ဆုံးဖြတ်ပြီးသွားတော့ ဟွေ့ရင် ရေချိုးတာကို အပြီးသတ်လိုက်ပြီး သင့်တင့်တဲ့ အဝတ်အစား ဝတ်လိုက်တယ်။ အစီအစဉ် အကြမ်းကို ချရေးလိုက်ပြီး တံခါးသော့ခတ်ကာ တိုက်ခန်းအပြင်ကို ထွက်သွားတယ်။

အနက်ရောင် Maybach Exelero ကားဟာ ခပ်လှမ်းလှမ်းကနေ သူမနောက်ကို တိတ်တဆိတ် လိုက်နေလေတယ်။

Continue Reading

You'll Also Like

299K 10.7K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.5M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
2.5M 178K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
194K 19.5K 75
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)