ABO world ( Arc 11 FOD ) (com...
By kilulayuu121
683K 68.9K 1.2K
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More
11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)
11.4 (U)
7.7K 909 4
By kilulayuu121
11.4
ဘားနက်အိုကြီးက ကြယ်တာရာ အင်ပါယာကို ထိုနေ့ညမှာပဲ ရောက်လာခဲ့ပြီး သူ့ရဲ့မြေးဖြစ်သူကို အဓိက အိမ်တော်ဆီ ခေါ်လာခဲ့တယ်။
သူဟာ ပစ်ထားတာကြာပြီဖြစ်တဲ့ မြေအောက်လေ့ကျင့်ရေးအခန်းကိုလည်း ပြန်ဖွင့်ခဲ့တယ်။ ပြီးတော့ သူ ယုံကြည်ရတဲ့ ဘားနက် မိသားစုရဲ့ ဆရာဝန် ၂ ယောက်ကိုလည်း စမ်းသပ်ရေးကိရိယာတွေ သုံးခိုင်းပြီး သူ့မြေးအတွက် ရလဒ်ကို ထပ်စစ်ဆေးခဲ့တယ်။ ရလဒ်အတိအကျ သိရတဲ့အခါမှာ သူက ဒါတွေက အမှန်တကယ်လို့ကို မယုံနိုင်ဘူး။
ကျိုးယွင်ရှန့်က စမ်းသပ်ရေးကုတင် ပေါ် မှာ လှဲလိုက်ပြီး အာရုံခံ ကိရိယာတွေနဲ့ စမ်းသပ်ခံလိုက်တယ်။
" စီရှယ် .... စိတ်စွမ်းအားကို ဒီစက်ထဲ အာရုံခံ ကိရိယာကနေ တဆင့် ထည့်သွင်းလိုက်။ အဲလို လုပ်တာကို အဓိက နေရာထိ ပို့ပေးလိုက်" ဘားနက်အိုကြီးက အမိန့်ပေးလိုက်တယ်။
" ဘိုးဘိုး ...... သေချာရဲ့လား။ ဒီစက် က အရမ်းစျေးကြီးတယ်လို့ ကြားမိတယ်။ အနည်းဆုံး ကြယ်ဒင်္ဂါးပြား 10သန်း တန်တယ်ဆို "
ကျိုးယွင်ရှန့်က မျက်ခုံးပင့်ပြီး ပြောလိုက်တယ်
" မြေးရဲ့ အစွမ်းတွေကို ထည့်ဖို့ ပြောရင် ထည့်လိုက်လေ။ မြေးက ဒီစက်ကို ပျက်စီးသွားအောင် လုပ်နိုင်တယ်လို့တော့ မပြောနဲ့။ ဒီဟာက မြေး တွေးထားတာထက် ပိုစွမ်းဆောင်နိုင်တယ်။ အိုကေ စလုပ်တော့..."
ဘားနက်အိုကြီးက တိုက်တွန်း ပြောဆိုလိုက်တယ်။ ကျိုးယွင်ရှန့်က ဆက်မပြောတော့ဘဲ သူ့ရဲ့ ကြီးမားတဲ့ စိတ်စွမ်းအားတွေကို စမ်းသပ်တဲ့ စက်ထဲ ထည့်သွင်းလိုက်တယ်။ ရှင်းဟိုင်နေရာလွတ်ထဲမှာရှိတဲ့ စွမ်းအားတွေကိုသာ အမှီခိုရင် ဒီစက်ကို ဖျက်ဖို့ ဆိုတာ အသေးအမွှားလေးပဲ ... အရမ်းလွယ်ကူလွန်းတယ်။
ကံမကောင်းစွာနဲ့ပဲ စမ်းသပ်မှုက တစ်စက္ကန့်လောက်ပဲ ကြာတဲ့အခါမှာ စက်ကနေ ကျယ်လောင်တဲ့ အသံထွက်ပေါ်လာပြီး မြေပေါ်မှာ သတ္တုတွေက အပိုင်းပိုင်းအစစ တစ်စဆီ ကျိုးပျက်သွားခဲ့တယ်။ ဆရာဝန် ၂ယောက်နဲ့ ဘားနက်အိုကြီး က အချိန်တော်ကြာတဲ့အထိ ဘာမှမပြောနိုင်လောက်အောင် အရမ်းကို လန့်သွားခဲ့တယ်။
" စမ်းသပ်မှု ရလဒ်တွေ ထွက်လာရဲ့လား "
မိနစ်အနည်းငယ်အကြာမှာ ဘားနက်အိုကြီးက စိတ်အေးအေးထားပြီး ဖွင့်ဟ ပြောလိုက်တယ်။
" အကြီးအကဲ တောင်းပန်ပါတယ်။ သခင်လေး စီရှယ် ရဲ့ စိတ်စွမ်းအားက အရမ်းကို မြန်တဲ့အတွက် ဘာအချက်အလက်မှ မရနိုင်လိုက်ဘူး..."
မျက်နှာမှာ ကြောက်ရွံ့နေဟန်ရှိတဲ့ ဆရာဝန် ၂ယောက်က ခေါင်းယမ်းပြီး ပြောလိုက်တယ်။
စိတ်စွမ်းအားကို ထုတ်ဖော်ဖို့ ဆိုတာ အရမ်းကို နှေးတဲ့ လုပ်ဆောင်ချက်တစ်ခု ... တောင်တက်သလိုမျိုးပဲ
စိတ်စွမ်းအားကို ဖြည်းဖြည်းချင်းစီ တွန်းပို့ပေးပြီး လုပ်ဆောင်ရတယ်။ ဒါပေမဲ့ စီရှယ် ရဲ့ စိတ်စွမ်းအားက အဲဒီလုပ်ဆောင်ချက်တွေ မလိုအပ်ဘူး။ မီးတောင်ပေါက်ကွဲသလိုမျိုး စိတ်စွမ်းအားတွေက ထွက်ပေါ်လာတယ်။
ဒီစိတ်စွမ်းအားက တခြားသူတွေရဲ့ စိတ်စွမ်းအားနဲ့ လုံးဝကို ကွဲထွက်နေတယ်။
တခြားသူတွေရဲ့ စိတ်စွမ်းအားက ကုသရေး ရှာဖွေရေး ကိုယ်ပိုင် Terminal တွေ ဆက်သွယ်ဖို့ ယာဉ် တွေမောင်းနှင်ဖို့ အတွက်ပဲ အသုံးပြုနိုင်ကြတယ်။
တစ်နည်းအားဖြင့်ဆိုရင် ဘေးကနေ အထောက်အကူပြုပေးတဲ့ အခန်းကဏ္ဏကနေပဲ အသုံးဝင်တယ်။
ဒါပေမဲ့ စီရှယ်ရဲ့ စိတ်စွမ်းအားက တိုက်ရိုက်သတ်ဖြတ်နိုင်တယ်။ ဒါက အလွန် ကြောက်စရာ ကောင်းတယ်။
ဆရာဝန် ၂ ယောက်ရဲ့ မျက်နှာလည်း ဖြူဖျော့နေတယ်။
ဘားနက်အိုကြီး ကလဲ ဒါကို တွေးမိပြီး သူ့အသားရောင် ခဏ ပြောင်းသွားခဲ့တယ်။ ပြီးတော့ သူက သတိပေးလိုက်တယ်။
" ဒီကိစ္စကို ပေါက်ကြားလို့ မဖြစ်ဘူး......"
မမြင်နိုင်တဲ့ စိတ်စွမ်းအားကို အသုံးပြုပြီး လူသတ်နိုင်တဲ့ လူသာ ပေါ်လာခဲ့ရင် လူအများရဲ့ ကြောက်ရွံ့ခြင်း နဲ့ သံသယရှိခြင်း တွေကိုပါ ကြုံတွေ့လာလိမ့်မယ်။
သူတို့က စီရှယ် ကြီးထွားမလာခင်မှာပဲ သေချာပေါက် သတ်ပစ်ကြလိမ့်မယ်။
ကံကောင်းစွာနဲ့ ဒီလူ ၂ယောက်က ဘားနက်မိသားစုအပေါ် အရမ်းသစ္စာရှိတယ်။ ပြီးတော့ သူတို့က အလျှင်အမြန်ပဲ ကတိပေးလိုက်ကြတယ်။
တကယ်တော့ သူ့ရဲ့စိတ်စွမ်းအား အကြောင်းကို ကျိုးယွင်ရှန့်ထက် ဘယ်သူမှ ပိုမသိနိုင်ချေ။
အရင် ကမ္ဘာမှာ သူဟာ နတ်ဘုရားဘဝကနေ ရုန်းထွက်ဖို့အတွက် နေ့တိုင်း သူရဲ့ ဝိညာဉ်စွမ်းအား
တွေကို အသုံးပြုခဲ့ခြင်း ရလဒ်က သူ့စွမ်းအားကို အလွန်အမင်း သန့်စင်ပြီး စွမ်းအားပြည့်ဝလာစေတယ်။
ရုတ်တရက် သူ့ကို စမ်းသပ်တဲ့ စက်နဲ့ စမ်းတာက သူ့ကို ပူစီပေါင်းထဲမှာ အသီးအရွက် လာလှီးခိုင်းနေသလို ဖြစ်နေတယ်။ သူ့ရဲ့ စွမ်းအားတွေကို မပေါက်ကွဲဖို့ရာ ထိန်းချုပ်ဖို့ ခက်ခဲခဲ့တယ်။
သူက ငြင်ငြင်သာသာ နဲ့ လက်ပြပြီး ပြောလိုက်တယ်
" စက်ကို ပြောင်းလိုက်ပါ့လား။ ဒီတခါ ငြင်သာပါ့မယ် "
ဆရာဝန် ၂ယောက်ရဲ့ ပါးစပ်က တွန့်သွားတယ်။ ပြီးတော့ မကြာခင်ပဲ စက်အသစ် ယူလာခဲ့တယ်။
ဒီတခါမှာတော့ ဘားနက်အိုကြီးက အလျှင်မလိုဘဲ ဖြည်းဖြည်းချင်း ထည့်ဖို့ ပြောလိုက်တယ်။
ကျိုးယွင်ရှန့်ကလဲ ခေါင်းညိတ်ပြီး သူ့စိတ်စွမ်းအားကို ဖြည်းဖြည်းချင်းစီ ပို့လိုက်တယ်။ စက်မှာရှိနေပြီး ငြိမ်နေတဲ့ မြှားလေးက 0 ကနေ A+ ကို တန်းရောက်သွားတယ်။
ကျိးယွင်ရှန့်က သူ့စွမ်းအားကို ထပ်ထည့်နေတုန်း မြှားကလဲ ဖြည်းဖြည်းချင်းစီ တက်သွားတယ်။ နောက်ဆုံးမှာ 3S မှာ ရပ်တန့်သွားခဲ့တယ်။
တချက်လေးမှ မတည်မငြိမ် မဖြစ်ခဲ့ဘဲ အဲဒီအဆင့်ကို ရောက်ရှိသွားခဲ့တယ်။
ဘားနက်အိုကြီး က သူ့မြေးရဲ့ စိုးရိမ်သောကကင်းနေတဲ့ မျက်နှာကို ကြည့်လိုက်တယ်။
အဲဒီနောက် မလှုပ်ဘဲ ရပ်နေတဲ့ မြှားကိုလည်း တချက််ကြည့်လိုက်တယ်။
ရုတ်တရက် ဒါက သူ့မြေးရဲ့ စွမ်းအားအကုန် မဟုတ်သေးဘူးဆိုတာ သူ နားလည်သွားခဲ့တယ်။
ဒါပေမဲ့လဲ လူသားတွေရဲ့ သမိုင်းမှာ စိတ်စွမ်းအား 3S ဆိုတာ အမြင့်ဆုံး ဖြစ်ခဲ့တယ်။ အဲဒီနောက်ကဟာတွေကို မှတ်သားထားတာ မရှိဘူး။
ဒီအချက်ကို လျို့ဝှက်ထားတာ ပိုကောင်းတယ်....
သူက ခေါင်းညိတ်လိုက်ပြီးနောက် ဆရာဝန်ကို သူ့မြေးရဲ့ ခန္ဓာကိုယ်ကို စစ်ဖို့ အမိန့်ပေးလိုက်တယ်။
ရလဒ်က သူ့ကို အရမ်းပဲ ကျေနပ်စေတယ်။
" ဘိုးဘိုး အခု ခွဲစိတ်ဖို့အတွက် လက်မှတ် ထိုးပေးလို့ ရပြီလား " ကျိုးယွင်ရှန့်က သူ့ကိုယ်က အာရုံခံ ကိရိယာ တွေ ဖယ်ရင်း မေးလိုက်တယ် "
" စီရှယ်အတွက် ခွဲစိတ်ဖို့ ဖြစ်နိုင်သမျှ မြန်မြန် ပြင်ဆင်ပေးလိုက် "
ဘားနက်အိုကြီးက ဆရာဝန် ၂ယောက်ကို ကြည့်ပြီး ပြောလိုက်တယ်
သူတို့ ၂ဦး ငြင်းဆိုခြင်း မပြုဘဲ ခေါင်းညိတ်လိုက်တယ်။
သခင်လေးစီရှယ်က အရမ်းအလားလာကောင်းတယ်
သူတို့က ဒီ ကြယ်တာရာအင်ပါယာရဲ့ အသန်မာဆုံးလို့ဆိုတဲ့ အော့စ်ဘွန်း မက်သရူးတောင် သခင်လေးရဲ့
ပြိုင်ဘက်ဖြစ်ပါ့မလား လန့်နေမိတယ်။
အိုမီဂါတစ်ယောက် အဖြစ်နဲ့ နေပြီး Heat ဖြစ်လာတဲ့ အချိန်
အယ်လ်ဖာ တစ်ယောက်ရဲ့ အောက်မှာနေပြီး အရှုံးပေးရတာက ဘားနက်မိသားစုရဲ့ အတိတ်မှ ကြီးကျယ်မှု တွေကို စော်ကားရာ ရောက်တယ်။ သခင်လေး စီရှယ်လေးကို အခြားအိမ်နဲ့လက်ထပ်ပေးဖို့ လုပ်တာက အရမ်းကို စျေးပေါတဲ့ အလဲအလှယ်လို့ ယူဆလို့ ရတယ်။
ကံကောင်းစွာနဲ့ပဲ အော့စ်ဘွန်းက မျက်ကန်း ဖြစ်ပြီး သူက အရင် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တယ်။
ဆရာဝန် ၂ယောက်က ခွဲစိတ်ဖို့အတွက် ပြင်ဆင်ဖို့ ခွဲစိတ်ရေးဌာနဆီ သွားရင်း တိတ်တဆိတ်
ကျေနပ်နေတယ်။ ဘားနက်အိုကြီးက သူ့ရဲ့နဖူးပြောင်ပြောင်ကို ရိုက်ရင်း အရမ်းကို ရယ်မောနေတယ်။
" အရမ်း ပျော်မနေဘဲ မြေးအတွက် လေ့ကျင့်ရေးကို ချက်ချင်း စီစဉ်ပေးပါဦး။ ဒီမြေအောက် လေ့ကျင့်ခန်းက နောင်အနာဂတ်မှာ မြေးအပိုင်ပဲ ဘယ်သူမှ ဝင်ခွင့်မပြုဘူး။
ချယ်မန်း စစ်အကယ်ဒမီကျောင်းကို ၉ လပိုင်း အစောမှာ ဝင်ခွင့်အောင် အောင်လုပ်ပြီး အထူးစစ်သား ဖြစ်လာစေရမယ်။ ဘားနက်မိသားစုရဲ့ အဆင့်အတန်းကို မြေး က ပြန်ရအောင် လုပ်ပေးမယ်။"
ကျိုးယွင်ရှန့်က လေ့ကျင့်ခန်းဆီ လမ်းလျှောက်သွားရင်း အချက်အလက်တွေကို ညှိလိုက်တယ်။
အခုက 7လပိုင်းလကုန် ဖြစ်ပြီး တစ်လအတွင်းမှာ သူက ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေမှာ A level ကနေ 3S level ရောက်ဖို့ လိုအပ်တယ်။ ချယ်မန်း စစ်အကယ်ဒမီကျောင်းရဲ့ ဝင်ခွင့်က အရမ်းကို တင်းကြပ်ပြီး ဖြေဆိုသူတစ်ဦးချင်းစီလည်း ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအတွက် စာချုပ် ချုပ်ဆိုရတယ်။ သေဆုံးသူဦးရေက ၃ ရာခိုင်နှုန်းအထက် မြင့်တယ်။
ချယ်မန်း စစ်အကယ်ဒမီကျောင်းကို ဝင်ခွင့်ရတဲ့ သူတွေကလည်း သတ်ဖြတ်ခြင်းတွေ သွေးသံရဲရဲ
မြင်ကွင်းတွေနဲ့ အသားကျနေကြတယ်။ သေဆုံးမှုတွေ ဖောက်ခွဲမှုတွေနဲ့ ပြည့်နေတဲ့ အနာဂတ်ကို စဉ်းစားလိုက်တဲ့အခါ ကျိုးယွင်ရှန့်ရဲ့ သွေးတွေက စိတ်လှုပ်ရှားမှုနဲ့ ဆူပွက်လာတယ်။
ဘားနက်အိုကြီးက သူ့မြေးရဲ့ အမူအယာကို ဂရုတစိုက် လေ့လာပြီးတဲ့နောက် သူ့မြေးရဲ့ မျက်လုံးထဲက ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို တွေ့ခဲ့တယ်။
သူက စောစောကကြုံတွေ့ခဲ့ရတဲ့ စမ်းသပ်မှုကို မကြောက်တော့ဘဲနဲ့ ရုတ်တရက် အင်အားရှိသလို
တောင် ခံစားရတယ်။ သူက ဒီလေ့ကျင့်ခန်းရဲ့ လုပ်ပိုင်ခွင့်ကို သူနဲ့သူ့မြေးပဲ ဝင်လို့ရအောင် ပြောင်းလိုက်တယ်။ ပြီးတော့ လေ့ကျင့်ရေး အစီအစဉ်ကို ရေးဆွဲဖို့ စာကြည့်ခန်းဆီ ပြန်လာခဲ့တယ်။
———————————
ခွဲစိတ်မှုက အရမ်းကို အောင်မြင်ခဲ့တယ်။
ကျိုးယွင်ရှန့်က သူ့လည်ပင်းမှာရှိတဲ့ ပိတ်စကျဲလေးကို ထိရင်း အားအသစ် တိုးလာတယ်လို့ ခံစားလိုက်ရတယ် ။
ဘားနက်အိုကြီးက အိမ်တော်မှာ ရှိတဲ့ လူတစ်ဦးကိုမှ ဒီအကြောင်းကို ပြောမပြခဲ့ဘူး။
ဘာလို့ဆိုတော့ ဒီသတင်းက ပေါက်ကြားတာက သူ့မြေးလေးအတွက် အန္တရာယ်များမှာ စိုးပြီး စိုးရိမ်နေခဲ့တယ်။
ဒါပေမဲ့ အကြံသမား ကော်နဲလ် က သဲလွန်စတွေ တွေ့ရှိခဲ့တယ်။ သူက စီရှယ်ရဲ့ အခန်းကို ရှင်းပေးတဲ့ စက်ရုပ်ဆီကနေ စီရှယ် ပစ်လိုက်တဲ့ အမှိုက်ထဲကနေ အချက်အလက်တွေ ခိုးယူခဲ့တယ်။
သူက ဆေးဘက်သုံးတဲ့ ပိတ်ကျဲစတွေလဲ တွေ့ရှိခဲ့တယ်။ အဲဒီအရာတွေက အိုမီဂါ တစ်ယောက်
သူတို့ ဂလင်းက ရောဂါဖြစ်တဲ့အခါ သူတို့ရဲ့ ဟော်မုန်း တွေ ပုံမှန် ပြန်ဖြစ်ဖို့အတွက် ပြင်ဆင်ထားတာမျိုး ဖြစ်တယ်။
ဘာလို့လဲဆိုတော့ သူတို့ဂလင်းက အလုပ်မလုပ်နိုင်တဲ့ ကံမကောင်းတဲ့ အိုမီဂါတွေက ပုံမှန်
နေထိုင်မှု ဘဝ ပြန်လည်ရရှိဖို့ အတွက် ဆေးတွေရဲ့ အကူအညီ လိုအပ်ကြတယ်။ အဲလိုမှမဟုတ်ရင် သူတို့ကို ဆံပင်ကျွတ်ခြင်း၊ အိပ်မပျော်ခြင်း နဲ့ စိတ်ပိုင်းအားနည်းခြင်း တွေ ခံစားရစေနိုင်တယ်။
စီရှယ်က မစေ့စပ်ခင်မှာ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး သူ့ရဲ့ ဂလင်းက ဘာပြသနာမှ မရှိခဲ့ဘူး။
ဘာကြောင့် သူက ဘာလို့ဆေးတွေ လိုတာလဲ ... သူက ဂလင်း ကို ဖယ်ထုတ်လိုက်ပြီလား
ဒီအတွေးက ဖြစ်နိုင်ချေမရှိဘူး...
ကော်နဲလ်က ရက်အတော်ကြာလေ့လာပြီးတဲ့နောက်မှာ ဒါက အမှန် ဖြစ်တယ်ဆိုတာ သိလာခဲ့တယ်။
စီရှယ်က အယ်လ်ဖာ တစ်ယောက်နဲ့ ယှဉ်ရင် ညှက်တယ်ဆိုပေမဲ့ အရပ်ရှည်လာပြီး ခန္ဓာကိုယ်ကလည်း တောင့်တင်းပြီး ကြံ့ခိုင်လာခဲ့တယ်။ သူရဲ့မူလရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ကြွက်သားတွေနဲ့ ပြည့်လာခဲ့တယ်။ သူရဲ့ မျက်နှာအသွင်အပြင်ကလည်း အရမ်းကို ထင်ရှားလာတယ်။
သူ့မျက်ခုံးမွေးက ပိုထူလာခဲ့ပြီး အနက်ရောင် မျက်ဆံထဲမှာ စူးရှ ထက်မြက်တဲ့ အငွေ့အသက် ထုတ်လွတ်နေတာက သူ့ကို အန္တရာယ်များတဲ့ လူအဖြစ် မြင်စေတယ်။
ဒီလဝက်အတွင်းမှာ သူက ပန်းလေးတစ်ပွင့်အဖြစ်ကနေ သားရဲတကောင်အဖြစ် ရောက်ရှိလာတာက သူ့ကို တိတ်တဆိတ် လေ့လာနေတဲ့ ကော်နဲလ်ကို ကြောက်လန့်စေတယ်။
ဒါပေမဲ့ ဒီလိုခြိမ်းခြောက်မှုကို ခံစားရတဲ့အခါမှာ ကော်နဲလ်က ဒါက သူ့အတွက် အခွင့်လမ်းကောင်းလို့ ခံစားမိတယ်။
စီရှယ်က သူ့ရဲ့ ဂလင်းကို ဖယ်ထုတ်လိုက်ပြီဖြစ်လို့ သူဟာ ဘယ်တော့မှ လက်ထပ်နိုင်တော့မည် မဟုတ်ပေ။
အဲဒါဆို မက်သရူး နဲ့ လက်ထပ်ဖို့အစီအစဉ်က ဂျက်စပါဆီ ရောက်သွားလေပြီ။
သူက စီရှယ် ယောကျာ်းတစ်ယောက်အတွက်ကိုယ့်ဘဝ ကို ဖျက်စီးဖို့ စိတ်ရူးပေါက်တာကို ဘုရားသခင်ဆီ ကျေးဇူးတင်နေမိတယ်။
သူ့ယောက္ခမကြီး ရုတ်တရက် ပြန်လာတာ အံ့သြစရာ မရှိတော့ပါဘူး။ သူက စီရှယ်ကို စောင့်ရှောက်ပြီး နောက်ထပ် ရူးမိုက်တာတွေ မလုပ်ဖို့အတွက် တားမြစ်ဖို့ ရောက်ရှိနေတယ်လို့ တွေးမိနေတယ်။
ကော်နဲလ်က အဲဒီသတင်းကို သူ့သား ဂျက်စပါကို ညမှာ ပြောပြပြီး လက်ထပ်ခွင့်အတွက်ပါ သူ့အဖေနဲ့ ပြောဆိုဖို့ အားပေးလိုက်တယ်။ တစ်နည်းအားဖြင့်ပြောရရင် စီရှယ်ဆီမှာ မျှော်လင့်ချက် မရှိတော့ဘူး။
ပြောရမယ်ဆိုရင်
' ဆရာထက် တပည့် လက်စောင်းထက် ' ဆိုသလိုမျိုး ဂျက်စပါကလည်း ဒီအတိုင်း အငြိမ်မနေဘူး။
သူမျက်လုံးတွေက ဝမ်းသာပျော်ရွှင်ရိပ်သန်းနေပြီး သူက ကြယ်တာရာကွန်ယက်မှာ အမည်ဝှက်ဖြင့် သတင်းတစ်ခု တင်လိုက်တယ်။
' စီရှယ်က ငြင်းဆိုမှုကို လက်မခံနိုင်ဘဲ သူ့ကိုယ်သူ သင်းကွပ်လိုက်တယ်'
စီရှယ်က အရင်က ဆင်ဒါဆန် အနုပညာကျောင်းမှာ တက်ခဲ့တာ ဖြစ်တယ်။ တကယ်တမ်းတော့ အိုမီဂါ အများစုဟာ ပညာရေးအတွက် ထိုအမျိုးအစားကို ရွေးချယ်ကြတယ်။
သူတို့ရဲ့ ထိခိုက်လွယ်တဲ့ ခန္ဓာကိုယ်က တာဝန်ယူနိုင်တဲ့ အလုပ်တာဝန်တွေ ကန့်သတ်ထားတဲ့ အတွက် သူတို့က အခြားသူတွေထက်စာရင် ပိုပြီး စိတ်ခံစားလွယ်တယ်။ အဲဒါကြောင့် အနုပညာအလုပ်နဲ့ အသင့်တော်ဆုံး ဖြစ်တယ်။ အိုမီဂါတွေမလုံလောက်တဲ့ ဂလက်ဆီမှာ အယ်လ်ဖာ နဲ့ ဘီတာ အများစုက သူတို့ကို လိုက်ရှာဖွေကြတယ်။ ထူးခြားတဲ့ အသွင်အပြင်နဲ့ အိန္ဒြေသိက္ခာ ရှိတဲ့ အိုမီဂါ တွေက လက်မထပ်ခင်မှာ သူတို့က ကမ္ဘာသိ အနုပညာရှင်တွေ ဖြစ်လာလေ့ ရှိတယ်။
စီရှယ်ကလည်း အကောင်းဆုံးထဲက တယောက် ဖြစ်တယ်။
သူ ကျောင်းတက်နေတဲ့ ၂နှစ်အတွင်းမှာ ဇာတ်လမ်းအနည်းငယ် ရိုက်ခဲ့ပြီး ထိုမှ အောင်မြင်မှုတွေရရှိခဲ့ပြီး အယ်လ်ဖာ အများစုရဲ့ စိတ်ကူးယဉ်ချစ်သူ ဖြစ်လာခဲ့တယ်။
အဲဒီအတွက် သူ အငြင်းခံရတဲ့ ကိစ္စကလည်း အလျှင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူသိများလာခဲ့တယ်။
အရင်တခါ ပြသနာဟောင်း မဖြေရှင်းရခင် အသစ်က ပေါ်ပေါက်လာခဲ့ပြီး အုတ်အုတ်ကျတ်ကျတ် ဖြစ်သွားခဲ့တယ်။
သူရဲ့ ပရိသတ်တွေကလဲ ကြယ်တာရာကွန်ယက်ကနေ အမှန်တရားကို ဖော်ထုတ်ခိုင်းကြတယ်။
သူတို့က စီရှယ် ဒီလောက်အထိ စိတ်ပျက်အားငယ်သွားမယ်လို့ မယုံကြည်နိုင်ကြဘူး။
အော့စ်ဘွန်းနဲ့လက်မထပ်ဖြစ်ရင် သူက လုံးဝလက်မထပ်တော့ဘူးလား။
ဘယ်လိုတောင် ရူးသွပ်မှုမျိုးလဲ ...
အော့စ်ဘွန်းက အခုတလော ခက်ခဲမှုတွေ ရင်ဆိုင်နေရတယ်။
လမ်းလျှောက်ထွက်တဲ့အခါမှာလဲ မသိတဲ့ အယ်လ်ဖာ တချို့ရဲ့ တိုက်ခိုက်မှု ခံရတယ်။
သူက ဂျိူရှုအာ နဲ့နေ့လည်စာ အတူစားဖို့ ချိန်းထားပေမဲ့ ချိန်းထားတဲ့ နေရာ မရောက်ခင် သူ့ကို စိန်ခေါ်တဲ့သူတချို့နဲ့ တိုက်ခိုက်ခဲ့ရတယ်။ နဖူးမှာတောင် ဒဏ်ရာရလာခဲ့တယ်။
" ဆောရီး ကိုယ်နောက်ကျသွားတယ်။ ဒီနေ့ စိန်ခေါ်တဲ့သူတချို့နဲ့ တိုက်နေရလို့။ ထူးထူးဆန်းဆန်း အခုနောက်ပိုင်း စိန်ခေါ်တဲ့သူတွေ က အလှည့်ကျ စိန်ခေါ်တာ ကြုံနေရတယ်။ စိန်ခေါ်သူ မရှိဘဲ လမ်းတောင် ကောင်းကောင်း မလျှောက်ဖြစ်တော့ဘူး "
သူက လူငယ်လေးကို ဖြည်းဖြည်းချင်း ပြုံးပြလိုက်တယ်
သူက နူးညံ့တဲ့ အခြမ်းကို ဒီကောင်လေးရှေ့မှာပဲ ပြလေ့ရှိတယ်။
သူက သူရဲ့ ဆံနွယ်လေးတွေ၊ မျက်လုံးလေးတွေ၊ နှုတ်ခမ်းလေးကို ကြည့်မိလိုက်တိုင်း ရင်မခုန်ဘဲ
မနေနိုင်ချေ။ သူက သူ့အိပ်မက်ထဲမှာ သူ့နာမည်ကို ထပ်ခါထပ်ခါ ခေါ်ပေမဲ့ ဘယ်တော့မှ မလုံလောက်ခဲ့ဘူး။
သူက တစ်ယောက်ယောက်ကို မြင်မြင်ချင်း ချစ်သွားမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး။ သူစိတ်နဲ့လူ တခြားစီ ဖြစ်သွားလောက်အောင် မစွဲလမ်းဖူးဘူး။
သူက ဒီကျောင်းသားထောင်ပေါင်းများစွာထဲက သူ့ကိုပဲ သတိထားမိခဲ့တယ်။ သူ့ကို ရရှိလိုတဲ့ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့ဘူး။
ဒီကောင်လေးရဲ့ အတွင်းစိတ်ကို သိလာတဲ့အခါမှာ သူရဲ့သွင်ပြင်ထက် စိတ်နေစိတ်ထားက ပိုထူးချွန်တယ်ဆိုတာ သိလိုက်ရတယ် ။ ဒီအချစ်ကနေ လွတ်မြောက်ဖို့ ပိုခက်ခဲလာခဲ့တယ်။
ဂျိူရှုအာ အနေနဲ့ အော့စ်ဘွန်းရဲ့ အားထုတ်မှုတွေကို နှစ်သက်မိတယ် ။ ဒါပေမဲ့ သူက ဒီနေ့ သူနဲ့ ရင်ဆိုင်ဖို့ က ခက်ခဲတယ်ဆိုတာ သတိထားမိတယ်။
အော့စ်ဘွန်းက မိသားစုက စီစဉ်ပေးတဲ့ လက်ထပ်ပွဲကို သူ့အတွက် ကလေးမွေးဖွားဖို့ သားဖွားစက် မလိုဘူး ။ ဒါပေမဲ့ သူ့ချစ်သူက သူ့ဘေးမှာ ကိုယ်ပိုင်အင်အားနဲ့ ရပ်တည်နိုင်တဲ့သူမျိုးပဲ လိုတယ် ဆိုပြီး ငြင်းလိုက်တယ်။
ဒီစကားက ဂျိူရှုအာရဲ့ နှလုံးသားကို အရည်ပျော်စေတယ်။
သူက အော့စ်ဘွန်းနဲ့အတူတူရှိနေဖို့ ဆုံးဖြတ်လိုက်ပြီ။
သူ အိုမီဂါ ဖြစ်ကြောင်းကို ဘယ်အချိန်ပြောပြရမလဲဆိုပြီး တွေးနေတယ်။
ဒါပေမဲ့ သူက စီရှယ် ဒီလိုရူးရူးမိုက်မိုက် လုပ်မယ်ဆိုတာကိုတော့ မမျှော်လင့်ခဲ့ဘူး။
အခု သူက သူနဲ့အော့စ်ဘွန်းရဲ့ ပျော်ရွှင်မှုက စီရှယ်ရဲ့ နာကျင်မှုကို အခြေခံပြီး ရလာတဲ့အတွက် အပြည့်အဝ မပျော်နိုင်လေဘူး။
" ဘာလို့လဲဆိုတာ ကျွန်တော် သိပြီ ထင်တယ်။ ဒါကို ကြည့်ကြည့် "
ဂျိုရှုအာ က ကိုယ်ပိုင် terminal ကိုဖွင့်ပြီး နာမည်အကြီးဆုံး သတင်းကို ပြလိုက်တယ်။
အော့စ်ဘွန်းရဲ့ ပျော်ရွှင်နေတဲ့ ရုပ်က ဖြည်းဖြည်းချင်း ရုပ်တည်လာခဲ့တယ်။
သူက မယုံကြည်နိုင်ခြင်းနဲ့ ခေါင်းခါလိုက်ပြီး တစ်ခုခုကို ပြန်ပြောချင်ပေမဲ့ သူ့မှာ ပြောစရာမရှိလေဘူး။
" သူ့ရဲ့ စေ့စပ်ပွဲနေ့မှာ လူမြင်ကွင်းရှေ့ မငြင်းလိုက်သင့်ဘူး။ ၂ယောက်ကြား ဆွေးနွေးသင့်တယ် "
ဂျိုရှုအာ ရဲ့ စိတ်ခံစားမှုက ဆိုးရွားနေပြီ။ သူက လူတယောက်ရဲ့ ဘဝကို ပျက်စီးစေမိခဲ့တယ်။
အဲဒီဝန်ထုပ်ဝန်ပိုးက သူ့ကို အသပ်ရှုကျပ်စေတယ်
" ကိုယ့်မှာ ရွေးချယ်ခွင့် မရှိဘူး။ ဘိုးဘိုးက အဲဒါ ကိုယ့်ရဲ့ စေ့စပ်ပွဲဆိုပြီး ပြောပြထားတာ မဟုတ်ဘူး။ ဒီပွဲ ပြီးခါနီးမှ သူက စီရှယ်နဲ့ ကိုယ့်ကို ခေါပြီး စေ့စပ်အရက် သောက်ဖို့ ပြောတာ။ အဲဒီမှာ အရာရှိတွေ၊ တော်ဝင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ မင်းနဲ့အတူ မရှိနေနိုင်ဘူးဆိုရင် ကိုယ် ငြင်းရလိမ့်မယ်။
မင်း ကိုယ့်ကို စိတ်မပျက်စေချင်ဘူး။ အဲဒါကြောင့် သူ့ကို စိတ်ပျက်အောင် လုပ်မိတာ။ ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ရဲ့လား။ ကိုယ်က ကိုယ် ချစ်တဲ့သူနဲ့ မဟုတ်ဘူးဆိုရင် ဘယ်အိုမီဂါ ကိုမှ အမှတ်အသား မလုပ်နိုင်ဘူး"
အော့စ်ဘွန်းက ဂျိုရှုအာရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း သူ့မျက်လုံးကလည်း တည်ငြိမ်ပြီး ပြတ်သားနေတယ်။
ဂျိုရှုအာ က ရင်ထဲ ထိသွားတယ်။
ဒါပေမဲ့ သူက ငြင်းဆန်နေဆဲပဲ...
သူက အော့စ်ဘွန်းရဲ့ လက်ကို ဖယ်လိုက်ပြီး သူ့ကျောပိုးလွယ်အိတ်ကို ယူကာ စကားတခွန်းမှ မဆိုဘဲ ထွက်သွားခဲ့တယ်။
Continue Reading
You'll Also Like
205K 18.8K 168
Main CP - ရွှမ်းကျီး၊ ရှန့်လင်ယွမ်း AUTHOR - Priest Original Manhua link - https://b22.top/PdDIV2z
111K 20.4K 31
914K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
827K 147K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။