လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသ...

By Tokebloom

76.9K 3.7K 89

(Completed) (Zawgyi + Unicode) #Love story #BL #YBXZFanfiction #ဒီလူသားႏွစ္ဦးကိုခ်စ္လို႔ကိုယ့္စိတ္ကူးနဲ႔ေရးထ... More

လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
ဇာတ္သိမ္း

အပိုင္း(၁၄)

2.6K 156 0
By Tokebloom

"ေဒါက္ ေဒါက္ ေဒါက္!!!ပါးးးးး"

"သား လာေလ"

ဖခင္ျဖစ္သူထံ လာတက္တဲ့ အေလ့အထမရွိေပမဲ့ သားလာလည္ရင္ ေပ်ာ္ရပါသည္။ သားေလးက ဆယ္ေက်ာ္သက္အရြယ္ စိတ္ဒဏ္ရာေၾကာင့္ ရယ္ျပံဳးတက္တဲ့ ေန႔ရက္ေတြ ကြယ္ေပ်ာက္ခဲ့ရသည္။ ဒါေတြအကုန္ ပါးတို႔မွားတာ၊ ပါးးးတို႔လူႀကီးေတြမွားတာ။ သားရဲ႕ဖိုးဖိုးသာ မိန္းမမရႈပ္ခဲ့လွ်င္၊ ညီျဖစ္သူကို ခ်စ္ခ်စ္ခင္ခင္နဲ႔ အနားမွာ ေခၚယူေစာင့္ေရွာက္ခဲ့လွ်င္၊ သားေလးေလးသာ ေလာဘသားေကာင္မဟုတ္ခဲ့လွ်င္၊ လူႀကီးေတြရဲ႕အမွားေၾကာင့္ ကေလးငယ္ေလးတစ္ေယာက္ အသက္ေပးလိုက္ရတာ၊ ပါးေတာင္းပန္ပါတယ္သား။

စိတ္ထဲက အႀကိမ္ႀကိမ္ေတာင္းပန္ေနရင္း သားျဖစ္သူကို ေနရာေပးရင္း အတြင္းေရးမႉးကို လိေမၼာ္ရည္ႏွစ္ခြက္ ယူလာဖို႔ မွာရသည္။

"သူ႔ကိုေတြ႕ၿပီ"

ခံုမွာဝင္ထိုင္ၿပီးခ်င္းမွာပဲ မဆိုင္းမတြေျပာေလေတာ့။

"ဘယ္သူ"

"Xiao Wei!!!"

ၾကားလိုက္ရတဲ့ နာမည္ေၾကာင့္ မတ္မတ္ရပ္ေနရာမွ ခံုလက္တန္းကိုလွမ္းဆြဲကာ နီးစပ္ရာခံုမွာ ဝင္ထိုင္လိုက္ရသည္။

"သား သား ပါးကိုေျပာပါအုံး ဘယ္လိုေတြ႕တာလဲ ဘယ္မွာတဲ့လဲ"

"ေတြ႕ၿပီလို႔ပဲ ေျပာႏိုင္မယ္ ပါး၊ ဘယ္မွာလဲဆိုတာ ဒီအခ်ိန္မွာ ကၽြန္ေတာ္မေျပာႏိုင္ေသးဘူး၊ ေနာက္ထပ္တစ္ႀကိမ္ အဆံုးရွံဳးမခံႏိုင္ေတာ့လို႔"

"သား!!!"

"ပါးကို အသိေပးသင့္တယ္ထင္လို႔ ကၽြန္ေတာ္ လာအသိေပးတာ၊ ကၽြန္ေတာ္တို႔ရဲ႕ ေသြးသားရင္းပဲ မဟုတ္လား၊ ကၽြန္ေတာ္ျပန္ၿပီ"

ဖခင္ျဖစ္သူ၏ ေဆြးေဆြးေျမ႕ေျမ႕ ေခၚသံကိုပင္ မၾကားေတာ့ သကဲ့သို႔ Xiao Zhanတစ္ေယာက္ ေျပာသင့္သည္ဟု ထင္တဲ့အရာ မွန္သမွ်ကို ဖြင့္ေျပာကာ အခန္းထဲမွ ထြက္ခြာသြားေလေတာ့သည္။

အဲ့သည့္ေန႔ အဲ့သည္အခ်ိန္က သားတို႔ကို မကာကြယ္ေပးလိုက္ႏိုင္ေပမဲ့ ေနာက္တစ္ႀကိမ္ ထပ္မျဖစ္ေအာင္ ပါးဘက္က ကာကြယ္ေပးသြားပါ့မယ္ သား။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

ေသခ်ာတယ္၊ အာ့ကေလးမွ အာ့ကေလးဘဲ၊ ဒါ ဒါေပမဲ့ သူက သူက ေသဆံုးခဲ့ၿပီးသား မဟုတ္ဘူးလား၊ ဘာလို႔ ဘာလို႔ အသက္ရွက္လွ်က္ရွိေနရတာလဲ၊ မဟုတ္ဘူး မဟုတ္ဘူး သူကသိပ္ငယ္လြန္းတယ္၊ လြန္ခဲ့တဲ့ ဆယ္ႏွစ္ကအတိုင္းပဲ ႐ုပ္ရည္သြင္ျပင္က မေျပာင္းလဲဘူး၊ ငါ ငါ အျမင္မွားတာလား၊ ငါ့ကိုလက္စားေခ်ဖို႔ ျပန္လာတာလား၊ မင္းကိုေသေစခ်င္ခဲ့တာမွမဟုတ္ဘဲ၊ ငါ ေသေစခ်င္ခဲ့တာလည္း မဟုတ္ရပါဘူး၊ ငါ့အစ္ကိုႀကီးကို မနာလိုလို႔၊ ပါးရဲ႕အခ်စ္ေတြကို ငါမရခဲ့လို႔ ငါ့မနာလိုမႈေတြေၾကာင့္ Zhan Zhanကို ထိခိုက္ဒဏ္ရာရေအာင္ လုပ္မိယံုေလးပါ၊ ဒါေပမဲ့ ဘာလို႔လဲ ဘာလို႔ Xiao Zhanမဟုတ္ပဲ မင္းျဖစ္သြားရတာလဲ၊ ငါမရည္ရြယ္ဘူး မဟုတ္ဘူး သြား သြား သြား၊ ငါမသတ္ဘူး........။

"ေဒါက္ ေဒါက္ ေဒါက္!!!"

တံခါးေခါက္သံေၾကာင့္ လူကလန္႔ျဖန္႔ႏိုးလာရေပမဲ့ အိပ္မက္ေယာင္ေနတာက တစ္ကယ္လိုပင္။

Las Vegasမွာ ပထမဆံုးေတြ႕ျဖစ္ခဲ့တဲ့ အေသးစား တိုက္ခိုက္မႈထဲက ေကာင္ေလးက အိပ္မက္ထဲထိ လိုက္ပါလာသည္။

ကၽြန္ေတာ္ေစခိုင္းလိုက္လို႔ Zhan Zhanအစား ေသဆံုးခဲ့တဲ့ Shinဆိုတဲ့ေကာင္ေလးနဲ႔ သိပ္တူတယ္၊ ခၽြတ္ၿပီးစြပ္ထားတဲ့ အတိုင္းပဲ။

"ဘယ္သူလဲ"

"ကၽြန္ေတာ္ပါ ဆရာ"

ေဂ်ာက္!!!သတင္းစံုစမ္းခိုင္းထားတဲ့ တပည့္တစ္ေယာက္ ေရာက္လာတာမို႔ တစ္ခုခုေတာ့ထူးေလာက္သည္။

"ကဲ ဆို"

"သူေဌးႀကီးက ဘာမွမလႈပ္ရွားဘူး၊ သူေဌးေလးဘက္ကေတာ့ လႈပ္ရွားမႈရွိေပမဲ့ ခုတစ္ေလာ ေဆးရံုကိုပဲ ဝင္ထြက္ေနတယ္၊ ဒါေပမဲ့ လူတစ္စုကေတာ့ ဆိပ္ကမ္းေမွာင္ခို အဝင္အထြက္ေတြကအစ ေစာင့္ၾကည့္ေနတယ္ ျပည္တြင္းျပည္ပ ေလေၾကာင္းကုန္းေၾကာင္းမက်န္ အကုန္စစ္ေဆးေနတယ္၊ ကၽြန္ေတာ္အထင္ Wangအိမ္က လူေတြလို႔ထင္ပါတယ္ ဆရာ"

"ေအး ေဆးရံုသတင္းကေရာ"

"မနက္ျဖန္ညေန ဆင္းမယ္လို႔ၾကားပါတယ္"

"အိုေက စီစဥ္ထားတဲ့အတိုင္း လုပ္လိုက္ေတာ့"

"ဟုတ္ကဲ့ ဆရာ"

"ေနအုံး ငါလည္းလာခဲ့မယ္"

"ဟုတ္"

ဒီေရာက္ကတည္းက မိုတယ္ေလးထဲမွ မထြက္ပဲ ခိုေနတာမို႔ မစၥတာJane(Xiao Wei)ကို ရွာမေတြ႕ၾကတာပါ။

Wang Yibo_Wang Yibo!!ငါ့လုပ္ငန္းေတြလည္း ပ်က္ေအာင္လုပ္တယ္၊ ငါ့ကိုလည္း တရားခံေျပး ျဖစ္ေအာင္လုပ္တယ္၊ မင္းကိုမေက်ဘူး၊ ေအး မင္းကငါ့ကို ဘာအၿငိဳးနဲ႔လုပ္တာလဲမသိေပမဲ့ ငါကေတာ့ မင္းေၾကာင့္ဘဝပ်က္ရတာမို႔ မင္းကေတာ့ ေသေစရမယ္။

___________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
___________________________________

ယေန႔ ရာသီဥတုသာယာေနသည္။ ညီႀကိဳက္တယ္ေျပာတဲ့ Chicken Soup အိမ္ကေန ကိုယ္တိုင္ခ်က္လာခဲ့တယ္။

ကားရပ္နားရာ ေျမေအာက္ထပ္ကေန ေဆးရံုအေဆာင္ေတြရွိရာကို ဓါတ္ေလွကားစီးရင္း လိုက္ပါလာကာ လက္ထဲက Soup ဗူးႀကီးကိုလည္း ခဏတိုင္း ေျမႇာက္ၾကည့္ကာ ပီတိျဖစ္ေနေလေတာ့သည္။

အခန္းထဲေရာက္ကာမွ လူစည္ကားေနတာကို ေတြ႕လိုက္ရသည္။

ညီ့ကုတင္ေဘးကခံုမွာေတာ့ Zhou Chengက ထိုင္ေနၿပီး လိေမၼာ္သီးေတြကိုအခြံခြာကာ ညီ့ကိုေကၽြးေနေလသည္။

Yu Binကေတာ့ Chartကို လွန္ၿပီး မွတ္တမ္းေရးေနကာ အေတာ္အတန္ ခင္ေနၿပီျဖစ္တဲ့ Zhou Chengနဲ႔ စကားေတြေဖာင္ဖြဲ႕ကာ ညီ့ကိုလည္းစေနာက္ရင္း ရယ္ေမာေနေလသည္။

ဘာမွန္းမသိတဲ့ ခံစားမႈကဖ်င္းကနဲ ဝင္ေရာက္လာကာ လက္က Soup ဗူးကို တင္းတင္းဆုပ္ထားမိသည္။

ဘာလဲ Xiao Zhan...မင္း...သဝန္တိုေနတာလား၊ ဟုတ္တယ္ အေျဖက ဘယ္လိုေတြးေတြး မႀကိဳက္ဘူးဆိုတာပဲ ထြက္လာေလသည္။

တစ္ေယာက္က ညီ့အခင္ဆံုး သူငယ္ခ်င္း ၊ ညီေသေရးရွင္ေရးခ်ိန္မွာေတာင္ တူတူရွိေနခဲ့တဲ့ သူငယ္ခ်င္း၊ တစ္ေယာက္ကလည္း ကၽြန္ေတာ္ငယ္သူငယ္ခ်င္း၊ ငယ္ငယ္ကတည္းက ကၽြန္ေတာ္ရဲ႕ အရစ္ခံ အနစ္နာခံ သူငယ္ခ်င္း၊ ညီက ကၽြန္ေတာ္မဟုတ္တဲ့ တစ္ျခားေသာ မည္သူနဲ႔မွ ရယ္ျပံဳးေနတာမ်ိဳးကိုေတာင္ မၾကည္ျဖဴႏိုင္တဲ့ထိ ျဖစ္ေနရတယ္၊ ဘာေတြ အေတြးလြန္ေနတာလဲ Xiao Zhan၊ စိတ္ကို ရွင္းရွင္းထားစမ္း။

"အဟမ္း!!!လူစံုေနပါလား"

"အစ္ကိုXiao"

"Zhan Zhanလာၿပီလား"

"ကိုကို"

ကုတင္ေပၚက ေဆးပိုက္တန္းလန္းနဲ႔ ေကာင္ငယ္ေလးကေတာ့ ကၽြန္ေတာ္ကိုျမင္ေတာ့ လွဲေနရာမွ ထမလိုဟန္ျပဳေလသည္။

"အာ လွဲေန လွဲေန"

ကုတင္နား အေျပးသြားကာ လက္ထဲကကိုင္လာတဲ့ဗူးကို Zhou Chengကေျပာင္းယူလိုက္တာမို႔ ညီကိုသာ ေခါင္းအုံးခပ္ျမင့္ျမင့္ေလးလုပ္ေပးၿပီး လွဲေစသည္။

"အစ္ကိုXiao"

ဗူးထဲက Soupကို ပန္းကန္ထဲ ေျပာင္းထည့္ကာ အဆင္သင့္လာေပးတဲ့ Zhou Chengက တစ္ကယ္ကို သိတက္တဲ့ ကေလးလို႔ အမွတ္ေပးမိသည္။

"အစ္ကိုBin ကၽြန္ေတာ္တို႔ ညေနစာ သြားစားၾကမလား"

"OKေလ ေဆးရံုCanteenပဲ သြားၾကတာေပါ့"

"ဟုတ္"

"အစ္ကိုXiao ကၽြန္ေတာ္ သူငယ္ခ်င္းကို အပ္ပါတယ္ေနာ္"

ဘာရယ္မဟုတ္တဲ့ သူတစ္ပါးက အပ္ႏွံတဲ့ စကားၾကားရယံုနဲ႔တင္ ကၽြန္ေတာ္ရင္ထဲက ႏွလံုးသားက ထိကရံုးေလးလို တိမ္းလြယ္ ယိမ္းလြယ္ေနတယ္၊ ဒီကေလးက ကၽြန္ေတာ္ရဲ႕ ရွင္သန္ရာ စည္းခ်က္ေလး။

"ကိုကို"

စြပ္ျပဳတ္ခပ္ထားတဲ့ ဇြန္းတန္းလန္းကို ေလထဲဝဲေနရင္း အေတြးေတြ ေျပးေနတာမို႔ ညီ့ေခၚသံတိုးတိုးေလးက ဒိန္းကနဲျဖစ္ေစသည္။

"ဟင္ ညီ ဟ အာာာာာ"

"ေကာင္းတယ္ ကိုကို"

ေကာင္းရမယ္ေလ တစ္ေလာကလံုးမွာ တစ္ေယာက္တည္းရွိတဲ့ အေတာ္ဆုံးလူသားက ခ်က္ထားတာပဲ။

"ကိုကို မ်က္ႏွာေလးက ျပံဳးေနတာပဲ ဘာေပ်ာ္စရာရွိလဲဟင္"

"ေအာ္ ညီေနေကာင္းလာလို႔ေလ"

"အဟင္း ဟုတ္လို႔လား ကိုကိုျပံဳးေနပံုႀကီးက ကို႔ကိုခ်စ္သူဆီက လက္ေဆာင္ရလို႔ သေဘာက်ေနပံုႀကီး"

"ညီက လူကဲေတြဘာေတြခတ္လို႔ပါလား အဟား ကိုယ့္ကလက္ေဆာင္ရေလာက္တဲ့ကိစၥ ဘာမွမလုပ္ထားပါဘူးဗ်ာ"

"ဟင္း ကိုကိုကလဲ ရွာေတာ့ေလ"

ေတြ႕ေနၿပီ ညီရ၊ ေတြ႕ေနၿပီ၊ ကိုကို ခြံေကၽြးတာစားေနတဲ့ ကို႔ကိုမ်က္စိေရွ႕က ညီက ကို႔ကို ျမတ္ႏိုးရာေပါ့။

"လိုပါေသးတယ္ ညီရ ျဖည္းျဖည္းေပါ့၊ ကိုယ့္တာဝန္တစ္ခုၿပီးသြားရင္ေတာ့ ကိုယ္ဖြင့္ေျပာမွာပါ"

ညီကေတာ့ စားေသာက္လို႔ၿပီးတာမို႔ ကုတင္ေပၚ ျပန္လွဲခ်ကာ ကၽြန္ေတာ္ကေတာ့ Yu Binဆီသြားကာ ေဆးရံုဆင္းရမယ့္ စာရြက္စာတမ္းေတြ ယူေနလိုက္သည္။

အားလံုးသိမ္းဆည္းလို႔ၿပီးမွ ကၽြန္ေတာ္က အခန္းျပန္ေရာက္ေလသည္။

အဲ့သည္ေနာက္မွာေတာ့ ကၽြန္ေတာ္အိမ္ပဲ ညီကိုေခၚကာ ျပန္လာခဲ့လိုက္သည္။

အေၾကာင္းရင္းကေတာ့ ညီကို ဒဏ္ရာႀကီးနဲ႔ အိမ္မျပန္ေစခ်င္တာရယ္၊ ညီ့ႀကီးေမ အလန္႔တၾကား ျဖစ္သြားမွာရယ္ေၾကာင့္ အိမ္ပဲ ေခၚလာလိုက္ပါတယ္။

ညီ့ေဖေဖကိုေတာ့ လွမ္းအေၾကာင္းၾကားၿပီးသားမို႔ တ႐ုတ္ေရာက္တဲ့အခါ Xiaoအိမ္ေတာ္ကိုပဲ Wangသူေဌးႀကီးက လာခဲ့မယ့္အေၾကာင္းနဲ႔ သားေလးကို ေစာင့္ေရွာက္ေပးလို႔ ေက်းဇူးတင္ေၾကာင္းေတြပါ ေျပာသြားေသးသည္။

ကဲ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္ ျမတ္ႏိုးရာေလးကို ေစာင့္ေရွာက္ဖို႔ အိမ္ကို ေခၚသြားပါေတာ့မည္။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

#ဖတ္ေပးၾကတဲ့စာဖတ္သူတို႔ကိုေက်းဇူးအထူးတင္ပါတယ္ဗ်ာ!
10:30PM
2992019
_BLOOM_

🍁🍁🍁🍁🍁🍁Unicode🍁🍁🍁🍁🍁🍁

"ဒေါက် ဒေါက် ဒေါက်!!!ပါးးးးး"

"သား လာလေ"

ဖခင်ဖြစ်သူထံ လာတက်တဲ့ အလေ့အထမရှိပေမဲ့ သားလာလည်ရင် ပျော်ရပါသည်။ သားလေးက ဆယ်ကျော်သက်အရွယ် စိတ်ဒဏ်ရာကြောင့် ရယ်ပြုံးတက်တဲ့ နေ့ရက်တွေ ကွယ်ပျောက်ခဲ့ရသည်။ ဒါတွေအကုန် ပါးတို့မှားတာ၊ ပါးးးတို့လူကြီးတွေမှားတာ။ သားရဲ့ဖိုးဖိုးသာ မိန်းမမရှုပ်ခဲ့လျှင်၊ ညီဖြစ်သူကို ချစ်ချစ်ခင်ခင်နဲ့ အနားမှာ ခေါ်ယူစောင့်ရှောက်ခဲ့လျှင်၊ သားလေးလေးသာ လောဘသားကောင်မဟုတ်ခဲ့လျှင်၊ လူကြီးတွေရဲ့အမှားကြောင့် ကလေးငယ်လေးတစ်ယောက် အသက်ပေးလိုက်ရတာ၊ ပါးတောင်းပန်ပါတယ်သား။

စိတ်ထဲက အကြိမ်ကြိမ်တောင်းပန်နေရင်း သားဖြစ်သူကို နေရာပေးရင်း အတွင်းရေးမှူးကို လိမေ္မာ်ရည်နှစ်ခွက် ယူလာဖို့ မှာရသည်။

"သူ့ကိုတွေ့ပြီ"

ခုံမှာဝင်ထိုင်ပြီးချင်းမှာပဲ မဆိုင်းမတွပြောလေတော့။

"ဘယ်သူ"

"Xiao Wei!!!"

ကြားလိုက်ရတဲ့ နာမည်ကြောင့် မတ်မတ်ရပ်နေရာမှ ခုံလက်တန်းကိုလှမ်းဆွဲကာ နီးစပ်ရာခုံမှာ ဝင်ထိုင်လိုက်ရသည်။

"သား သား ပါးကိုပြောပါအုံး ဘယ်လိုတွေ့တာလဲ ဘယ်မှာတဲ့လဲ"

"တွေ့ပြီလို့ပဲ ပြောနိုင်မယ် ပါး၊ ဘယ်မှာလဲဆိုတာ ဒီအချိန်မှာ ကျွန်တော်မပြောနိုင်သေးဘူး၊ နောက်ထပ်တစ်ကြိမ် အဆုံးရှုံးမခံနိုင်တော့လို့"

"သား!!!"

"ပါးကို အသိပေးသင့်တယ်ထင်လို့ ကျွန်တော် လာအသိပေးတာ၊ ကျွန်တော်တို့ရဲ့ သွေးသားရင်းပဲ မဟုတ်လား၊ ကျွန်တော်ပြန်ပြီ"

ဖခင်ဖြစ်သူ၏ ဆွေးဆွေးမြေ့မြေ့ ခေါ်သံကိုပင် မကြားတော့ သကဲ့သို့ Xiao Zhanတစ်ယောက် ပြောသင့်သည်ဟု ထင်တဲ့အရာ မှန်သမျှကို ဖွင့်ပြောကာ အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။

အဲ့သည့်နေ့ အဲ့သည်အချိန်က သားတို့ကို မကာကွယ်ပေးလိုက်နိုင်ပေမဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ပါးဘက်က ကာကွယ်ပေးသွားပါ့မယ် သား။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

သေချာတယ်၊ အာ့ကလေးမှ အာ့ကလေးဘဲ၊ ဒါ ဒါပေမဲ့ သူက သူက သေဆုံးခဲ့ပြီးသား မဟုတ်ဘူးလား၊ ဘာလို့ ဘာလို့ အသက်ရှက်လျှက်ရှိနေရတာလဲ၊ မဟုတ်ဘူး မဟုတ်ဘူး သူကသိပ်ငယ်လွန်းတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကအတိုင်းပဲ ရုပ်ရည်သွင်ပြင်က မပြောင်းလဲဘူး၊ ငါ ငါ အမြင်မှားတာလား၊ ငါ့ကိုလက်စားချေဖို့ ပြန်လာတာလား၊ မင်းကိုသေစေချင်ခဲ့တာမှမဟုတ်ဘဲ၊ ငါ သေစေချင်ခဲ့တာလည်း မဟုတ်ရပါဘူး၊ ငါ့အစ်ကိုကြီးကို မနာလိုလို့၊ ပါးရဲ့အချစ်တွေကို ငါမရခဲ့လို့ ငါ့မနာလိုမှုတွေကြောင့် Zhan Zhanကို ထိခိုက်ဒဏ်ရာရအောင် လုပ်မိယုံလေးပါ၊ ဒါပေမဲ့ ဘာလို့လဲ ဘာလို့ Xiao Zhanမဟုတ်ပဲ မင်းဖြစ်သွားရတာလဲ၊ ငါမရည်ရွယ်ဘူး မဟုတ်ဘူး သွား သွား သွား၊ ငါမသတ်ဘူး........။

"ဒေါက် ဒေါက် ဒေါက်!!!"

တံခါးခေါက်သံကြောင့် လူကလန့်ဖြန့်နိုးလာရပေမဲ့ အိပ်မက်ယောင်နေတာက တစ်ကယ်လိုပင်။

Las Vegasမှာ ပထမဆုံးတွေ့ဖြစ်ခဲ့တဲ့ အသေးစား တိုက်ခိုက်မှုထဲက ကောင်လေးက အိပ်မက်ထဲထိ လိုက်ပါလာသည်။

ကျွန်တော်စေခိုင်းလိုက်လို့ Zhan Zhanအစား သေဆုံးခဲ့တဲ့ Shinဆိုတဲ့ကောင်လေးနဲ့ သိပ်တူတယ်၊ ချွတ်ပြီးစွပ်ထားတဲ့ အတိုင်းပဲ။

"ဘယ်သူလဲ"

"ကျွန်တော်ပါ ဆရာ"

ဂျောက်!!!သတင်းစုံစမ်းခိုင်းထားတဲ့ တပည့်တစ်ယောက် ရောက်လာတာမို့ တစ်ခုခုတော့ထူးလောက်သည်။

"ကဲ ဆို"

"သူဌေးကြီးက ဘာမှမလှုပ်ရှားဘူး၊ သူဌေးလေးဘက်ကတော့ လှုပ်ရှားမှုရှိပေမဲ့ ခုတစ်လော ဆေးရုံကိုပဲ ဝင်ထွက်နေတယ်၊ ဒါပေမဲ့ လူတစ်စုကတော့ ဆိပ်ကမ်းမှောင်ခို အဝင်အထွက်တွေကအစ စောင့်ကြည့်နေတယ် ပြည်တွင်းပြည်ပ လေကြောင်းကုန်းကြောင်းမကျန် အကုန်စစ်ဆေးနေတယ်၊ ကျွန်တော်အထင် Wangအိမ်က လူတွေလို့ထင်ပါတယ် ဆရာ"

"အေး ဆေးရုံသတင်းကရော"

"မနက်ဖြန်ညနေ ဆင်းမယ်လို့ကြားပါတယ်"

"အိုကေ စီစဉ်ထားတဲ့အတိုင်း လုပ်လိုက်တော့"

"ဟုတ်ကဲ့ ဆရာ"

"နေအုံး ငါလည်းလာခဲ့မယ်"

"ဟုတ်"

ဒီရောက်ကတည်းက မိုတယ်လေးထဲမှ မထွက်ပဲ ခိုနေတာမို့ မစ္စတာJane(Xiao Wei)ကို ရှာမတွေ့ကြတာပါ။

Wang Yibo_Wang Yibo!!ငါ့လုပ်ငန်းတွေလည်း ပျက်အောင်လုပ်တယ်၊ ငါ့ကိုလည်း တရားခံပြေး ဖြစ်အောင်လုပ်တယ်၊ မင်းကိုမကျေဘူး၊ အေး မင်းကငါ့ကို ဘာအငြိုးနဲ့လုပ်တာလဲမသိပေမဲ့ ငါကတော့ မင်းကြောင့်ဘဝပျက်ရတာမို့ မင်းကတော့ သေစေရမယ်။

___________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
___________________________________

ယနေ့ ရာသီဥတုသာယာနေသည်။ ညီကြိုက်တယ်ပြောတဲ့ Chicken Soup အိမ်ကနေ ကိုယ်တိုင်ချက်လာခဲ့တယ်။

ကားရပ်နားရာ မြေအောက်ထပ်ကနေ ဆေးရုံအဆောင်တွေရှိရာကို ဓါတ်လှေကားစီးရင်း လိုက်ပါလာကာ လက်ထဲက Soup ဗူးကြီးကိုလည်း ခဏတိုင်း မြှောက်ကြည့်ကာ ပီတိဖြစ်နေလေတော့သည်။

အခန်းထဲရောက်ကာမှ လူစည်ကားနေတာကို တွေ့လိုက်ရသည်။

ညီ့ကုတင်ဘေးကခုံမှာတော့ Zhou Chengက ထိုင်နေပြီး လိမေ္မာ်သီးတွေကိုအခွံခွာကာ ညီ့ကိုကျေွးနေလေသည်။

Yu Binကတော့ Chartကို လှန်ပြီး မှတ်တမ်းရေးနေကာ အတော်အတန် ခင်နေပြီဖြစ်တဲ့ Zhou Chengနဲ့ စကားတွေဖောင်ဖွဲ့ကာ ညီ့ကိုလည်းစနောက်ရင်း ရယ်မောနေလေသည်။

ဘာမှန်းမသိတဲ့ ခံစားမှုကဖျင်းကနဲ ဝင်ရောက်လာကာ လက်က Soup ဗူးကို တင်းတင်းဆုပ်ထားမိသည်။

ဘာလဲ Xiao Zhan...မင်း...သဝန်တိုနေတာလား၊ ဟုတ်တယ် အဖြေက ဘယ်လိုတွေးတွေး မကြိုက်ဘူးဆိုတာပဲ ထွက်လာလေသည်။

တစ်ယောက်က ညီ့အခင်ဆုံး သူငယ်ချင်း ၊ ညီသေရေးရှင်ရေးချိန်မှာတောင် တူတူရှိနေခဲ့တဲ့ သူငယ်ချင်း၊ တစ်ယောက်ကလည်း ကျွန်တော်ငယ်သူငယ်ချင်း၊ ငယ်ငယ်ကတည်းက ကျွန်တော်ရဲ့ အရစ်ခံ အနစ်နာခံ သူငယ်ချင်း၊ ညီက ကျွန်တော်မဟုတ်တဲ့ တစ်ခြားသော မည်သူနဲ့မှ ရယ်ပြုံးနေတာမျိုးကိုတောင် မကြည်ဖြူနိုင်တဲ့ထိ ဖြစ်နေရတယ်၊ ဘာတွေ အတွေးလွန်နေတာလဲ Xiao Zhan၊ စိတ်ကို ရှင်းရှင်းထားစမ်း။

"အဟမ်း!!!လူစုံနေပါလား"

"အစ်ကိုXiao"

"Zhan Zhanလာပြီလား"

"ကိုကို"

ကုတင်ပေါ်က ဆေးပိုက်တန်းလန်းနဲ့ ကောင်ငယ်လေးကတော့ ကျွန်တော်ကိုမြင်တော့ လှဲနေရာမှ ထမလိုဟန်ပြုလေသည်။

"အာ လှဲနေ လှဲနေ"

ကုတင်နား အပြေးသွားကာ လက်ထဲကကိုင်လာတဲ့ဗူးကို Zhou Chengကပြောင်းယူလိုက်တာမို့ ညီကိုသာ ခေါင်းအုံးခပ်မြင့်မြင့်လေးလုပ်ပေးပြီး လှဲစေသည်။

"အစ်ကိုXiao"

ဗူးထဲက Soupကို ပန်းကန်ထဲ ပြောင်းထည့်ကာ အဆင်သင့်လာပေးတဲ့ Zhou Chengက တစ်ကယ်ကို သိတက်တဲ့ ကလေးလို့ အမှတ်ပေးမိသည်။

"အစ်ကိုBin ကျွန်တော်တို့ ညနေစာ သွားစားကြမလား"

"OKလေ ဆေးရုံCanteenပဲ သွားကြတာပေါ့"

"ဟုတ်"

"အစ်ကိုXiao ကျွန်တော် သူငယ်ချင်းကို အပ်ပါတယ်နော်"

ဘာရယ်မဟုတ်တဲ့ သူတစ်ပါးက အပ်နှံတဲ့ စကားကြားရယုံနဲ့တင် ကျွန်တော်ရင်ထဲက နှလုံးသားက ထိကရုံးလေးလို တိမ်းလွယ် ယိမ်းလွယ်နေတယ်၊ ဒီကလေးက ကျွန်တော်ရဲ့ ရှင်သန်ရာ စည်းချက်လေး။

"ကိုကို"

စွပ်ပြုတ်ခပ်ထားတဲ့ ဇွန်းတန်းလန်းကို လေထဲဝဲနေရင်း အတွေးတွေ ပြေးနေတာမို့ ညီ့ခေါ်သံတိုးတိုးလေးက ဒိန်းကနဲဖြစ်စေသည်။

"ဟင် ညီ ဟ အာာာာာ"

"ကောင်းတယ် ကိုကို"

ကောင်းရမယ်လေ တစ်လောကလုံးမှာ တစ်ယောက်တည်းရှိတဲ့ အတော်ဆုံးလူသားက ချက်ထားတာပဲ။

"ကိုကို မျက်နှာလေးက ပြုံးနေတာပဲ ဘာပျော်စရာရှိလဲဟင်"

"အော် ညီနေကောင်းလာလို့လေ"

"အဟင်း ဟုတ်လို့လား ကိုကိုပြုံးနေပုံကြီးက ကို့ကိုချစ်သူဆီက လက်ဆောင်ရလို့ သဘောကျနေပုံကြီး"

"ညီက လူကဲတွေဘာတွေခတ်လို့ပါလား အဟား ကိုယ့်ကလက်ဆောင်ရလောက်တဲ့ကိစ္စ ဘာမှမလုပ်ထားပါဘူးဗျာ"

"ဟင်း ကိုကိုကလဲ ရှာတော့လေ"

တွေ့နေပြီ ညီရ၊ တွေ့နေပြီ၊ ကိုကို ခွံကျေွးတာစားနေတဲ့ ကို့ကိုမျက်စိရှေ့က ညီက ကို့ကို မြတ်နိုးရာပေါ့။

"လိုပါသေးတယ် ညီရ ဖြည်းဖြည်းပေါ့၊ ကိုယ့်တာဝန်တစ်ခုပြီးသွားရင်တော့ ကိုယ်ဖွင့်ပြောမှာပါ"

ညီကတော့ စားသောက်လို့ပြီးတာမို့ ကုတင်ပေါ် ပြန်လှဲချကာ ကျွန်တော်ကတော့ Yu Binဆီသွားကာ ဆေးရုံဆင်းရမယ့် စာရွက်စာတမ်းတွေ ယူနေလိုက်သည်။

အားလုံးသိမ်းဆည်းလို့ပြီးမှ ကျွန်တော်က အခန်းပြန်ရောက်လေသည်။

အဲ့သည်နောက်မှာတော့ ကျွန်တော်အိမ်ပဲ ညီကိုခေါ်ကာ ပြန်လာခဲ့လိုက်သည်။

အကြောင်းရင်းကတော့ ညီကို ဒဏ်ရာကြီးနဲ့ အိမ်မပြန်စေချင်တာရယ်၊ ညီ့ကြီးမေ အလန့်တကြား ဖြစ်သွားမှာရယ်ကြောင့် အိမ်ပဲ ခေါ်လာလိုက်ပါတယ်။

ညီ့ဖေဖေကိုတော့ လှမ်းအကြောင်းကြားပြီးသားမို့ တရုတ်ရောက်တဲ့အခါ Xiaoအိမ်တော်ကိုပဲ Wangသူဌေးကြီးက လာခဲ့မယ့်အကြောင်းနဲ့ သားလေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ကြောင်းတွေပါ ပြောသွားသေးသည်။

ကဲ ကျွန်တော်ကတော့ ကျွန်တော် မြတ်နိုးရာလေးကို စောင့်ရှောက်ဖို့ အိမ်ကို ခေါ်သွားပါတော့မည်။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

#ဖတ်ပေးကြတဲ့စာဖတ်သူတို့ကိုကျေးဇူးအထူးတင်ပါတယ်ဗျာ!
10:30PM
2992019
_BLOOM_

Continue Reading

You'll Also Like

48.8K 1.9K 22
Kokichi Ouma is the leader of one of the most wanted organizations in Tokyo known as D.I.C.E; Shuichi Saihara is a young, but very successful detecti...
6.2K 152 34
In a galaxy brimming with adventure and the luminous presence of the Force, the tale of Jacyn Daruss, a compassionate Jedi with a destiny entwined in...
136K 13.1K 53
KrisYeol Myanmar fan fiction Kris is 30 and Yeol is jux 18 အာ့လောက် လက်ပေါက်ကပ်တဲ့ ခင်ဗျားကြီးကို ကျွန်တော်ဘာကြည့်ကြိုက်ခဲ့မှန်း မသိဘူး အမြင်ကတ်တယ်...
4.4K 686 13
ကိုကိုချစ်တာ ကျွန်တော်လား ? ဟန်ဝေ့ချန်လား ?