အပိုင်း(၁၁)
2.8K 175 0
"ငါမေးမယ် Zhan Zhan၊ မင်းတစ်ကယ်ပဲ ကလေးကို အနားခေါ်ထားမလို့လား"
"ငါဆုံးဖြတ်ပြီးပြီ၊ ဒါနဲ့ ကလေး ကလေးနဲ့ မခေါ်ပါနဲ့လား"
" Zhan Zhanရေ၊ မင်းတစ်ကယ်ကို အထိမခံတာပဲ၊ ငါနောက်တစ်ခုမေးအုးံမယ်၊ မင်းအမှန်တိုင်း ဖြေမယ်လို့ ငါယုံတယ်"
"မေး!!!"
"ကလေး အဲ Yibo နဲ့ Shin ကို မင်းကွဲပြားရဲ့လား"
တဒင်္ဂ တိတ်ဆိတ်သွားတဲ့ တစ်ခဏ၊ ကျွန်တော် ဆက်မမေးသင့်တဲ့ မေးခွန်းမျိုးကို Zhan Zhanကို မေးမိသွားပြီဆိုတာ ရိပ်မိလိုက်သည်။
"မဖြေနဲ့တော့ ရတယ် ငါနားလည်တယ်၊ စိတ်ထဲက အမှန်တစ်ကယ် ကွဲပြားတဲ့နေ့ကြရင်သာ ငါ့ကို အရင်ဆုံးပြောပြရမယ်၊ ပြီးရင် Yiboကို ဖွင့်ပြောရမယ်၊ဖွင့်ပြောပါ့မယ်ဆိုတာ ငါ့ကိုကတိပေး"
"အင်း"
အင်းလို့သာပြောတာ Zhan Zhanက ခံစားချက်ကို ထိန်းချုပ်တဲ့ နေရာမှာ ဟန်ဆောင်တာမျိုး မဟုတ်ဘဲ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိတဲ့သူမျိုးပါ။
ဘယ်တော့မှ သူတစ်ပါးအပေါ် အကြောင်းမဲ့ စိတ်မဆိုးတက်သလို၊ ဘယ်တော့မှလဲ မတရားမလုပ်၊ တစ်ခုဆိုးတာက ခံစားချက်ကို မဖော်ပြတက်တာဘဲ။
"အေးပါကွာ ငါယုံပါ့မယ်၊ မင်းကလေး ညနေလာမယ်၊ အခန်းပြင်တာပြီးပြီတဲ့လား"
"အင်း မင်းနဲ့ ကပ်လျက်ကအခန်းမှာ"
အဲ့ဒါဆို Zhan Zhanနဲ့ ကျွန်တော် အခန်းကြားက အခန်းမှာပေါ့။မျက်ခုံးနှစ်ဖက် ပင့်တက်သွားမိသည်အထိ အံ့သြသွားရသည်။
ထားပါ...!
"ညနေ အစ်ကို Lu Nyanသွားကြိုမှာဆို"
"အွန်း"
"Zhan Zhan...ဆေးသောက်ပြီး ခဏအိပ်လိုက်ပါလား"
"အွန်း"
ဆေးသောက်ပြီး ကုတင်ပေါ်လှဲချလိုက်တာကြောင့်
အခန်းတံခါးကိုပိတ်ကာ အောက်ထပ်ကိုဆင်းပြီး ညနေစာ ဘာတွေချက်လဲဆိုတာ သွားကြည့်လိုက်သည်၊ Zhan Zhanအိမ်ရဲ့ Chefတွေက လက်ရာ အရမ်းကောင်းတာ၊ ဖြစ်သလိုစားကာ ဆေးရုံရဲ့ Canteenလက်ရာတွေနဲ့သာ ခုတစ်လော စားနေရတာမို့ လက်ရာကောင်းဆိုတာ နာမည်ကြီးဆိုင် သွားတဲ့အခါမျိုးမှာသာ စားရတာမျိုး။