အပိုင်း(၄)
3.3K 202 0
ကျွန်တော်ရဲ့ ဒိုင်ယာရီ စာအုပ်မှာ အပိုင်စားရထားတဲ့သူက Xiao Zhan။
ကျွန်တော်နဲ့ အမှတ်မထင်ဆုံခဲ့တဲ့သူက ကျွန်တော်ဘဝရဲ့ အရေးပါဆုံးဖြစ်လာမယ်လို့ ဘယ်သူက ထင်မတဲ့လဲ။
နေ့စဉ်မှတ်တမ်းမှာ ကျွန်တော်တို့ရဲ့ အကြောင်းအရာတွေက စာရွက်ရေ တိုးလာခဲ့တယ်။
အခန်းထောင့်က ပုံလေးဆီ အကြည့်ရောက်နေတုန်းမှာပဲ...
"သခင်လေး မမကြီး ခေါ်နေပါတယ်"
မားအခန်းထဲရောက်တော့ ပြင်ဆင်ထားတဲ့ Luggageက တစ်နေရာကို အချိန်ကြာကြာ သွားမယ့်ပုံ ပေါ်နေတယ်။
"မား "
"Wang Shin ဒီတစ်ခေါက် ပိတ်ရက်ရှည်အတွက် ကျောင်း Activityရှိလား"
"ဗျာ ရှိ ရှိတယ် မား"
"ဒါဆို အိမ်မှာ ကောင်းကောင်းနေခဲ့ ဘာသံ ညာသံ မကြားချင်ဘူး "
ရင်ထဲက လှိုက်ခနဲ ဖြစ်သွားတာက မားကို လိမ်ပြောလိုက်လို့လား၊ မားခရီးသွားတာ မလိုက်ရလို့လား ရေရေရာရာပင်မသိတဲ့အထိ၊ ပထမဆုံးအကြိမ် မားကို လိမ်ပြောမိတဲ့ ကိုယ့်ကိုယ်ကိုယ် အံ့သြရတဲ့အထိပင် ဖြစ်သွားရသည်။
ဘယ်လိုတောင် တည်ငြိမ်နေတာလဲ Wang Shin။
"လိုတာတွေ အကုန်မှာခဲ့တယ် နေမကောင်းအာင် အိပ်ရေးပျက်ခံပြီး စာတွေကြည့်မနေနဲ့"
"ဟုတ် မား"
ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြစ်သွားတဲ့ သားက ကျွန်မမွေးထားတဲ့သားလေးမှ ဟုတ်ရဲ့လားလို့ တွေးမိသည်၊ ဒီအတောအတွင်း သားလေးကို အရယ်ပြုံး မဲ့စေတဲ့ထိ ထိန်းချုပ်ခဲ့တယ် မဟုတ်လား။
"သားသူငယ်ချင်းတွေနဲ့ အပြင်ထွက်ချင်လည်းထွက် အိမ်ပြန်ချိန် ညမနက်စေနဲ့"
"ဟုတ် မား"
ကျွန်မသားလေးကို ဒီနေ့ကစပြီး ကောင်းကောင်းလေး ပြောဆိုရမယ်၊ ဒါမှ သားလေးလည်း ပျော်ရွှင်ရမှာ။
"Wang Shin မားသွားမယ်နော်"
"မား လမ်းခရီးမှာ ပျော်ရွှင်ပါစေ"