အပိုင္း(၄)
ပါးစပ္အေဟာင္းသားျဖင့္ သူ႕ကိုတအ့ံတႀသႀကည့္ေနသည့္ Tew ကို Kongpob ျပံဳးစစျဖင့္သာ ေသာက္လက္စ ေကာ္ဖီကုိသာ အာရံုစိုက္ေနသည္။ Tew ၏ ပြင့္ဟေနေသာ ပါးစပ္က ခုထိမပိတ္ေသး။
“ဘယ္လိုျဖစ္တာလဲ. အသိေလးကပ္ဦး”
“Kong မင္းတကယ္ပဲ ငါတုိ႕ MD ကုိ… နမ္း ခဲ့ တာ--.။”
“ေႀသာ္ ခက္ေနျပီ။ဟုတ္ပါတယ္ဆုိ. ကုိကုိ႕မ်က္ႏွာေလးက နီရဲေနတာပဲရွက္ျပီး အဟက္ ဟက္..”
Kongpob သေဘာတက်ျဖစ္ေနေတာ့ Tew ကရယ္လ်က္ လက္ေမာင္းကို လက္သီးျဖင့္ ခပ္ဖြဖြထုိးသည္။ထုိ႕ေနာက္တြင္မွ မွာထားသည့္အစားအစာကုိ ဦးတည္ရ၏။
“လက္စသတ္ေတာ့ ငါတုိ႕ထုတ္ကုန္သစ္ဌာနက ပရဟိတလုပ္ဖုိ႕ရွိတယ္ဆုိေတာ့ မင္းလုိက္ခ်င္တယ္ဆုိတာ ဒါေႀကာင့္လား။အႀကံႀကီးပါေပ့ Kong ရယ္.ဒါေပမယ့္ေနာ္ မင္း MD ကုိလုိက္ႏိုင္ရင္ေတာ့လိုက္ေပါ့.။အေပ်ာ္ေတာ့မႀကံနဲ႕ေနာ္ ေဟ့ေကာင္။ MD တုိ႕မိသားစုက တအားကို ဂုဏ္သိကၡာဦးစားေပးတာ.။မင္းကုိ MD ျပန္စဥ္းစားတယ္ဆုိ တကယ္ခ်စ္လို႕ပဲ.”
“အေပ်ာ္လိုက္စရာလားကြာ.။ငါ ကအတည္လိုက္မွာ. ကုိကုိက ရုပ္တည္ႀကီးနဲ႕ဘယ္ေလာက္ေတာင္ခ်စ္ဖုိ႕ေကာင္းလိုက္သလဲ.”
Kongpob က အစား မစား။ ေကာ္ဖီကုိသာ ေသာက္သည္။ Tew ၏ ရံုးခိ်န္ေန႕လည္စာ စားခ်ိန္မုိ႕ ရံုးေရွ႕ကစားေသာက္ဆိုင္တြင္ Kongpob ႏွင့္ခ်ိန္းဆုိစားေသာက္ႀကျခင္းျဖစ္သည္။ ဒီေရာက္ေတာ့ စားျပီးျပီဆုိကာ Kongpob က ဘာမွမစား။ မစားဘဲႏွင့္ ဘာလို႕သက္သက္လာလဲ ခုမွသေဘာေပါက္ေတာ့သည္။ Tew တုိ႕ထိုင္ေနသည့္ဆိုင္ထဲ ဝင္လာသည္က Arthit.။
Kongpob ႏႈတ္ခမ္းေတြျပံဳးသြားသည္။ Arthit သည္ သူတုိ႕ကုိမျမင္ေသး.။ေကာင္တာတြင္ တစ္ခုခုမွာေနပံုရသည္။
“Kong မင္းတမင္သက္သက္”
“အင္း-သူ Pinkmilk လာဝယ္တာ.။ေန႕လည္စာ စားခ်ိန္တိုင္းသူ ဒီကိုအျမဲလာတယ္။”
Tew က အံ့အားသင့္စြာလွည့္ႀကည့္ျပန္သည္။ သူက အမ်ားအားျဖင့္ ရံုးထဲက ကန္တင္းတြင္သာ စားတတ္သူမုိ႕ တစ္ခါတစ္ေလ Kong ေရာက္လာတတ္မွသာ ဒီဆိုင္ကိုလာျခင္းျဖစ္သည္။ Arthit ဒီအခ်ိန္ ထြက္လာတတ္သည္ဆုိတာ Tew ေတာင္မသိ.။ Arthit ကုိပါ လွမ္းႀကည့္ေနတုန္း Pinkmilk တစ္ခြက္ကိုင္လ်က္ ျပန္လွည့္လာသည့္ Arthit က သူ႕ကိုျမင္သြားသည္။ Tew ေခါင္းငံု႕ျပီး ႏႈတ္ဆက္လိုက္ေတာ့ အသိအမွတ္ျပဳသည့္အျပံဳးျပန္ေပးသည္။တစ္ဆက္တညး္လို Kongpob ကုိျမင္သည့္အခါ တင္းမာသြားသည့္မ်က္ႏွာသည္ေႀကာက္ခမန္းလိလိ.။
ခ်ာကနဲဆက္ထြက္သြားေတာ့ Kongpob က ေျပးလုိက္သည္။အျပင္ဘက္ေရာက္ကာ လမ္းကူးရန္ျပင္ေနသည့္ Arthit ၏လက္ကေလးတစ္ဖက္ကုိ ပိုင္စိုးပိုင္နင္းဆြဲလုိက္သည္။ အင္း---ခ်က္ခ်င္းေတာ့ ေဆာင့္ရုန္းတာခံရသည္ေပါ့။
“မင္းမ်က္ႏွာအထိုးမခံခ်င္ရင္ ငါနဲ႕ေဝးေဝးေန. မင္းကုိငါ ေဒါသေျပတာမဟုတ္ဘူး။”
“ရပါတယ္ ကိုကိုရဲ႕.။နမ္းလုိ႕ေဒါသထြက္တယ္ဆုိ ႀကိဳက္သေလာက္ထြက္ ကြ်န္ေတာ္လည္းႀကိဳက္သေလာက္နမ္းမယ္ရလား။”
“မင္း--မင္း မ်က္ႏွာေျပာင္တုိက္လွခ်ည္လား”
ခပ္ရဲရဲမ်က္ႏွာသည္ေဒါသေႀကာင့္လား ရွက္သည္ေႀကာင့္လား Arthti ကုိယ္တုိင္ေတာင္မသဲကြဲ။သူ႕ပတ္ဝန္းက်င္မွာ ဒီလိုမ်ိဴးတဇြတ္ထုိး.. မ်က္ႏွာေျပာင္တုိက္ခ်ဥ္းကပ္တာမ်ိဴးမရွိဖူး။ရွိဖူးလည္း မိန္းကေလးေတြခ်ည္းပဲမုိ႕ သူ ေရွာင္ႏိုင္ခဲ့သည္ခ်ည္း သာ။ ေတာက္တစ္ခ်က္ေခါက္လ်က္ သူ လမ္းကုိသာျဖတ္ကူးလိုက္သည္။
“ေဟ့-- ”
Arthit ခႏၶာကုိယ္ အေနာက္ကုိျပန္ဆြဲခံလိုက္ရသည္။ အရွိန္ႏွင့္္ေမာင္းသြားသည့္ ဆိုင္ကယ္တစ္စီး။
“ရွက္တာလည္းရွက္ေပါ့ဗ်ာ.။လမ္းကူးရင္ ဆိုင္ကယ္ေလး ဘာေလးလည္းႀကည့္ဦးမွာေပါ့.”
“လူရွင္းတဲ့တစ္ေနရာမွာေတြ႕တဲ့တစ္ေန႕ မင္း ေသျပီပဲ Kongpob”
“ဟား-- အုိေခ တာေပါ့.။ကြွ်န္ေတာ္က ဒိတ္ခ်င္တာႀကာလွျပီ။ လူရွင္းတဲ့ေနရာမွာ ေပ်ာ္ေပ်ာ္ႀကီးအေသခံပါ့မယ္။”
ဒီတစ္ခါေတာ့ Arthit မႏိုင္စြာဘဲ Kongpob ကုိလွည့္ႀကည့္မိေတာ့သည္။ဘယ္လိုေယာက်ာ္းေလးက ဒိလိုမ်ိဴးကပ္သီးကပ္သတ္ မ်က္ႏွာေျပာင္တိုက္တာရွိလို႕လဲ.။သူ လည္းတစ္ခါမွမျမင္ဖူး။ သူႀကည့္ေနေတာ့လည္း ႏႈတ္ခမ္းေထာင့္စြန္းေတြ ေကာ့တက္လ်က္ ျပံဳးျပေနပါေသးသည္။
“မင္း တကယ္ပဲ ငါ့ေနာက္ လုိက္ေနတာလား။”
“ဗ်ာ--ခုမွသိတယ္လို႕ေတာ့မေျပာနဲ႕ေနာ္။ဒီေန႕ေတြ႕တာလည္းတုိက္ဆိုင္တယ္လို႕ထင္လို႕လား။”
“ေတာ္ျပီ Kongpob .ငါ အရူးတစ္ေယာက္က္ုိ အဖက္လုပ္ေျပာမေနေတာ့ဘူး။လ်စ္လ်ဴရႈလုိက္ျပီ.ႀကိဳက္သလိုေန.”
Kongpob က ျပံဳးေနလ်က္သားသာ.။Arthit လမ္းရွင္းမရွင္းႀကည့္လ်က္ တစ္ဖက္လမ္းကရံုးဆီျပန္ကူးလာခဲ့သည္။ ရံုးထဲဝင္မည္လုပ္ေတာ့ ဘာေႀကာင့္ရယ္မသိ ေနာက္ျပန္လွည့္ႀကည့္လိုက္မိေသးသည္။ Kongpob က လက္ေျမွာက္လ်က္ ႏႈတ္ဆက္ေန၏။
တကယ္အရူးေကာင္-
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အက်ၤ ီအဝတ္အစားလဲရင္း သူလုပ္ေနသမွ်ကို တစ္ဖက္က Chakrii ကျပံဳးလ်က္ႀကည့္ေနသည္။ နက္ျပာေရာင္ညဝတ္ပုိးသားအိအိကုိလဲျပီး Arthit က ကြန္ပ်ဴတာေရွ႕ထိုင္လိုက္သည္။
“ဒီေတာ့ ဓါတ္ပံုေတြပဲေလွ်ာက္ရုိက္ေနတယ္ေပါ့ ကိုႀကီးက ”
“အင္္း ဒါဆို ကုိယ္က ဘာလုပ္ရမလဲ.။ညီငယ္ေလး ပုိ႕ေပးတဲ့ေငြေတြနဲ႕တင္သံုးမေလာက္တာ.”
ႏွစ္ေယာက္သား တုိးဖ်ဖ်ရယ္လိုက္မိသည္။ Chakrii က ကုတင္ေစာင္းကုိလွဲေနကာ Laptop ကုိေပါင္ေပၚတင္ထားရင္း ေျပာေန ျခင္းျဖစ္သည္။Arthit ကေတာ့ အလုပ္စားပြဲက ကြန္ပ်ဴတာေရွ႕မွာသာ။ မေျခာက္ေသးသည့္ ဆံပင္ေတြကိုတဘက္ျဖင့္ ခပ္ဖြဖြသုတ္ေနသည္။
“ျပန္လာေတာ့မလား ကုိႀကီး။”
တစ္ဖက္မွ အသံတိတ္သြားသည္။ ျပံဳးျပေနသည့္ အျပံဳးတုိ႕က အသက္မဝင္မွန္း Arthit သိတာေပါ့.။အကုိျဖစ္သူ မေပ်ာ္မွန္းလည္း Arthit သိသည္။ သို႕ေသာ္ လုပ္ေပးႏိုင္မည့္အေႀကာင္းလည္း သူ မသိ။မယ္မယ္ေရာ ကုိႀကီး Chakrii ကပါ ဘာတစ္ခြန္းကုိမွ အေသးစိတ္မဟ.။မယ္မယ္ေႀကာင့္ Chakriii မဂၤလာပြဲပ်က္သြားသည္ကိုသာ အႀကမ္းဖ်င္းသိနားလည္ထား သည္။
“အလုပ္ေတြ တစ္ေယာက္တည္းလုပ္ရတာ Arthit ေလး ပင္ပန္းေနျပီထင္တယ္။ ”
“ဟင့္အင္း ကြ်န္ေတာ္က ကုိႀကီးကုိလြမ္းလို႕ေမးႀကည့္တာ။အလုပ္ကုိ ႏိုင္တာေပါ့။ကြ်န္ေတာ္က Arthit ေလ..မႏိုင္စရာအေႀကာင္းမရွိဘူး။ ကုိႀကီးသာ ေအးေဆးေန..ကုိရီးယားမေလးေတြကို ပဲ လုိက္ေငးမေနနဲ႕၊”
“ဟား--ကုိယ့္ ရင္မခုန္တတ္ေတာ့တာႀကာေပါ့။ကဲ ထားစမ္းပါဦး ကုိယ့္ညီေလးေရာ ေတြ႕ေနျပီလား။”
“ဟမ္ ဘာလို႕ေတြ႕ရမွာလဲ”
ထုိစကားဆိုလိုက္ခ်ိန္ဟုိတစ္ေယာက္မ်က္ႏွာႀကီးဘာလို႕ေျပးျမင္မိမွန္းကုိမသိ။ သူ ေခါင္းသာ နာနာယမ္းလိုက္မိသည္။ Chakrii ကရယ္၏။
“ဒီပံုစံႀကည့္ရတာေတာ့ ဟုတ္ေနပါျပီ.။ကဲ ဆုိစမ္းပါဦး.”
“မဟုတ္ပါဘူးဗ်ာ.ဒီတိုင္း အေရးမပါတာေတြ.။ကဲဗ်ာ..နားေတာ့ ကုိႀကီးလည္း။ ဒါပဲ ကြ်န္ေတာ္ အလုပ္ နည္းနည္းလုပ္ဦးမယ္.”
“ေအးပါ ေအးပါ..ဒါရွက္ယမ္းယမ္းတာလား.”
Chakrii ၏ျပံဳးစစမ်က္ႏွာကို မႀကည္ႀကည့္ေလးႀကည့္ကာ video call ကုိend လုိက္သည္။ ထုိ႕ေနာက္ ဖုန္းကို အက်ၤ ီအိ္တ္ကပ္ထဲထည့္လ်က္ ထို္င္ေနရာမွ ခဏထကာ Arthit အခန္းေဘးက ေလွကားကတစ္ဆင့္ ျခံထဲဆင္းလာလုိက္သည္။ ဒုတိယထပ္တြင္ရွိသည့္ Arthit ၏အခန္းေဘးတြင္ ေလွကား သပ္သပ္ ဆင္ထားျခင္း ျဖစ္သည္။ျခံထဲဆင္းရတာႀကိဳက္သည့္ Arthit ကအိမ္ေအာက္ဆင္းကာပင္မေလွကားႀကီးကေန သြားစရာမလုိေအာင္ မိမိအခန္းေဘးမွာပင္ကပ္ကာ ေလွကားဆင္ထားျခင္းျဖစ္သည္။ျခံထဲမွ ပန္းေပါင္းစံု၏ အနံ႕က ေလျပည္ သင္းသင္းတြင္ ပ်ံ႕ေနသည္။ စိတ္ႏွလံုး လန္းဆန္းကာ Arthit တစ္ေယာက္ လမ္းေလွ်ာက္လာတာ ျခံဝနားထိ ေရာက္လာသည္။ အိ္တ္ကပ္ထဲ ထည့္ထားသည့္ဖုန္းက အသံျမည္လာသည္။ တစ္ခါမွမဝင္ဖူးသည့္ ဖုန္းနံပါတ္အစိမ္းကုိႀကည့္ကာ သူ နားစြင့္လုိက္သည္။
# ကြ်န္ေတာ္ပါ ကုိကုိ ဖုန္းမခ်လုိက္နဲ႕ေနာ္ #
ထုိအသံႀကားႀကားခ်င္း ဖုန္း end ဖို႕စိတ္ကူးလိုက္မိျခင္းသည္ အသံႏြမ္းႏြမ္းေႀကာင့္ တုန္႕သြားရသည္။ ဘာမွမဆုိဘဲ ဆက္ကိုင္ ထားမိ၏။
# ညေနက မုိးမိတာနည္းနည္းမ်ားသြားလို႕.ကြ်န္ေတာ္ ေနမေကာင္းျဖစ္ေနတာ. ။အဲ့ဒါ ကုိကို႕အသံေလးႀကားခ်င္လို႕.။#
*ေန မေကာင္းရင္ ေဆးေသာက္ေလ ဒါမွမဟုတ္ဆရာဝန္ျပေပါ့။ငါ့ဆီဖုန္းဆက္ျပီးဘာရမွာလဲ.*
# စိမ္းကားတာဗ်ာ.။ဘယ္ေဆးကမွ ကုိကို႕ကုိလြမ္းတာ မတုိးလုိ႕ေပါ့.။ကုိကုိ႕အသံႀကားရံုနဲ႕ေပ်ာက္တယ္ဆုိတာယံု #
အပုိေတြဟု ေျပာမိေတာ့မည့္ ပါးစပ္ကုိ Arthti အလ်င္အျမန္ပိ္တ္လိုက္ရသည္။မဟုတ္ေသးဘူးေလ။ ဒီလိုကယုကယင္ေတြ ေျပာဖို႕ သူနဲ႕ကိုယ္က ဘာမွလည္းမဆို္င္ဘဲ။
# ကုိကုိ္ထင္မွာေပါ့။ဒီလိုလမ္းေပၚက ေကာင္က ကိုကို႕အနား လုိက္ကပ္ေနတာ လိုခ်င္တာမ်ားရွိလို႕လားဆိုျပီး။ဒါေပမယ့္ က်ိန္ဆုိရဲပါတယ္ကိုကို။လိုခ်င္တာ ကတစ္ခုတည္းပါ.။ဒါကုိ ကုိကို နားလည္ေနတယ္မလား။ #
အရင္လို မ်က္ႏွာေျပာင္ေျပာင္ေလွ်ာက္ေျပာေနသည္မဟုတ္ဘဲ ေလးနက္မႈတုိ႕ခံစားေနရသည့္ စကားသံတစ္ခ်ိဴ႕ကို Arthit ျငိမ္ျငိမ္ေလးရပ္လ်က္နားေထာင္ေနမိသည္။ ေလလိႈင္းထဲက တစ္ဖက္က အသံသည္ ခပ္အက္အက္ျဖင့္ဆုိေသာ္ျငား နားထဲ ညင္ညင္သာသာစီးဝင္လာေနသည္။
# ကုိကုိ႕ေနာက္လိုက္ေနသူတစ္ေယာက္အေနနဲ႕ဖုန္းနံပါတ္ဘယ္ကရလဲေတာ့ ေျပာဖုိ႕မလိုေတာ့ဘူးထင္တယ္။ ေကာင္းေသာညပါ ကိုကုိ.။ညဥ့္နက္ျပီမုိ႕အိပ္ပါေတာ့.။ကုိကို႕အသံႀကားရေတာ့ ကြ်န္ေတာ္ အလြမ္းေျပတာမုိ႕ ေနလည္းေကာင္းသြားျပီ။ဒါပဲေနာ္ ကုိကုိ #
စတာလည္းသူ အဆံုးသတ္သြားတာလည္း သူပဲျဖစ္သည္။ ခပ္တုိတုိေျပာကာ ဖုန္းခ်သြားေတာ့ Arthit ကုိင္ထားလ်က္သာ က်န္ခဲ့သည္။ စုတ္တစ္ခ်က္သပ္ကာ ဖုန္းနံပါတ္ကုိဖ်က္ပစ္ရန္ လုပ္လိုက္သည္။လက္ကုိထိလိုက္မ ထိလိုက္လုပ္ေနရင္းႏွင့္က စိတ္ညစ္ညဴးစြာ သက္ျပင္းခ်လ်က္ Kongpob ဟူသည့္ အမည္နာမသည္ ဖုန္း contact list ထဲဝင္ေရာက္သြားခဲ့ပါသည္။
ထုိညက ျခံထဲက ပန္းေတြပုိိေမႊးခဲ့သည္ထင္။
******************
#With Heart
Just A Dreamer
Unicode
အပိုင်း(၄)
ပါးစပ်အဟောင်းသားဖြင့် သူ့ကိုတအံ့တသြကြည့်နေသည့် Tew ကို Kongpob ပြုံးစစဖြင့်သာ သောက်လက်စ ကော်ဖီကိုသာ အာရုံစိုက်နေသည်။ Tew ၏ ပွင့်ဟနေသော ပါးစပ်က ခုထိမပိတ်သေး။
“ဘယ်လိုဖြစ်တာလဲ. အသိလေးကပ်ဦး”
“Kong မင်းတကယ်ပဲ ငါတို့ MD ကို… နမ်း ခဲ့ တာ--.။”
“သြော် ခက်နေပြီ။ဟုတ်ပါတယ်ဆို. ကိုကို့မျက်နှာလေးက နီရဲနေတာပဲရှက်ပြီး အဟက် ဟက်..”
Kongpob သဘောတကျဖြစ်နေတော့ Tew ကရယ်လျက် လက်မောင်းကို လက်သီးဖြင့် ခပ်ဖွဖွထိုးသည်။ထို့နောက်တွင်မှ မှာထားသည့်အစားအစာကို ဦးတည်ရ၏။
“လက်စသတ်တော့ ငါတို့ထုတ်ကုန်သစ်ဌာနက ပရဟိတလုပ်ဖို့ရှိတယ်ဆိုတော့ မင်းလိုက်ချင်တယ်ဆိုတာ ဒါကြောင့်လား။အကြံကြီးပါပေ့ Kong ရယ်.ဒါပေမယ့်နော် မင်း MD ကိုလိုက်နိုင်ရင်တော့လိုက်ပေါ့.။အပျော်တော့မကြံနဲ့နော် ဟေ့ကောင်။ MD တို့မိသားစုက တအားကို ဂုဏ်သိက္ခာဦးစားပေးတာ.။မင်းကို MD ပြန်စဉ်းစားတယ်ဆို တကယ်ချစ်လို့ပဲ.”
“အပျော်လိုက်စရာလားကွာ.။ငါ ကအတည်လိုက်မှာ. ကိုကိုက ရုပ်တည်ကြီးနဲ့ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ.”
Kongpob က အစား မစား။ ကော်ဖီကိုသာ သောက်သည်။ Tew ၏ ရုံးချိန်နေ့လည်စာ စားချိန်မို့ ရုံးရှေ့ကစားသောက်ဆိုင်တွင် Kongpob နှင့်ချိန်းဆိုစားသောက်ကြခြင်းဖြစ်သည်။ ဒီရောက်တော့ စားပြီးပြီဆိုကာ Kongpob က ဘာမှမစား။ မစားဘဲနှင့် ဘာလို့သက်သက်လာလဲ ခုမှသဘောပေါက်တော့သည်။ Tew တို့ထိုင်နေသည့်ဆိုင်ထဲ ဝင်လာသည်က Arthit.။
Kongpob နှုတ်ခမ်းတွေပြုံးသွားသည်။ Arthit သည် သူတို့ကိုမမြင်သေး.။ကောင်တာတွင် တစ်ခုခုမှာနေပုံရသည်။
“Kong မင်းတမင်သက်သက်”
“အင်း-သူ Pinkmilk လာဝယ်တာ.။နေ့လည်စာ စားချိန်တိုင်းသူ ဒီကိုအမြဲလာတယ်။”
Tew က အံ့အားသင့်စွာလှည့်ကြည့်ပြန်သည်။ သူက အများအားဖြင့် ရုံးထဲက ကန်တင်းတွင်သာ စားတတ်သူမို့ တစ်ခါတစ်လေ Kong ရောက်လာတတ်မှသာ ဒီဆိုင်ကိုလာခြင်းဖြစ်သည်။ Arthit ဒီအချိန် ထွက်လာတတ်သည်ဆိုတာ Tew တောင်မသိ.။ Arthit ကိုပါ လှမ်းကြည့်နေတုန်း Pinkmilk တစ်ခွက်ကိုင်လျက် ပြန်လှည့်လာသည့် Arthit က သူ့ကိုမြင်သွားသည်။ Tew ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်တော့ အသိအမှတ်ပြုသည့်အပြုံးပြန်ပေးသည်။တစ်ဆက်တည်းလို Kongpob ကိုမြင်သည့်အခါ တင်းမာသွားသည့်မျက်နှာသည်ကြောက်ခမန်းလိလိ.။
ချာကနဲဆက်ထွက်သွားတော့ Kongpob က ပြေးလိုက်သည်။အပြင်ဘက်ရောက်ကာ လမ်းကူးရန်ပြင်နေသည့် Arthit ၏လက်ကလေးတစ်ဖက်ကို ပိုင်စိုးပိုင်နင်းဆွဲလိုက်သည်။ အင်း---ချက်ချင်းတော့ ဆောင့်ရုန်းတာခံရသည်ပေါ့။
“မင်းမျက်နှာအထိုးမခံချင်ရင် ငါနဲ့ဝေးဝေးနေ. မင်းကိုငါ ဒေါသပြေတာမဟုတ်ဘူး။”
“ရပါတယ် ကိုကိုရဲ့.။နမ်းလို့ဒေါသထွက်တယ်ဆို ကြိုက်သလောက်ထွက် ကျွန်တော်လည်းကြိုက်သလောက်နမ်းမယ်ရလား။”
“မင်း--မင်း မျက်နှာပြောင်တိုက်လှချည်လား”
ခပ်ရဲရဲမျက်နှာသည်ဒေါသကြောင့်လား ရှက်သည်ကြောင့်လား Arthti ကိုယ်တိုင်တောင်မသဲကွဲ။သူ့ပတ်ဝန်းကျင်မှာ ဒီလိုမျိူးတဇွတ်ထိုး.. မျက်နှာပြောင်တိုက်ချဉ်းကပ်တာမျိူးမရှိဖူး။ရှိဖူးလည်း မိန်းကလေးတွေချည်းပဲမို့ သူ ရှောင်နိုင်ခဲ့သည်ချည်း သာ။ တောက်တစ်ချက်ခေါက်လျက် သူ လမ်းကိုသာဖြတ်ကူးလိုက်သည်။
“ဟေ့-- ”
Arthit ခန္ဓာကိုယ် အနောက်ကိုပြန်ဆွဲခံလိုက်ရသည်။ အရှိန်နှင့်မောင်းသွားသည့် ဆိုင်ကယ်တစ်စီး။
“ရှက်တာလည်းရှက်ပေါ့ဗျာ.။လမ်းကူးရင် ဆိုင်ကယ်လေး ဘာလေးလည်းကြည့်ဦးမှာပေါ့.”
“လူရှင်းတဲ့တစ်နေရာမှာတွေ့တဲ့တစ်နေ့ မင်း သေပြီပဲ Kongpob”
“ဟား-- အိုခေ တာပေါ့.။ကျွှန်တော်က ဒိတ်ချင်တာကြာလှပြီ။ လူရှင်းတဲ့နေရာမှာ ပျော်ပျော်ကြီးအသေခံပါ့မယ်။”
ဒီတစ်ခါတော့ Arthit မနိုင်စွာဘဲ Kongpob ကိုလှည့်ကြည့်မိတော့သည်။ဘယ်လိုယောကျာ်းလေးက ဒိလိုမျိူးကပ်သီးကပ်သတ် မျက်နှာပြောင်တိုက်တာရှိလို့လဲ.။သူ လည်းတစ်ခါမှမမြင်ဖူး။ သူကြည့်နေတော့လည်း နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်လျက် ပြုံးပြနေပါသေးသည်။
“မင်း တကယ်ပဲ ငါ့နောက် လိုက်နေတာလား။”
“ဗျာ--ခုမှသိတယ်လို့တော့မပြောနဲ့နော်။ဒီနေ့တွေ့တာလည်းတိုက်ဆိုင်တယ်လို့ထင်လို့လား။”
“တော်ပြီ Kongpob .ငါ အရူးတစ်ယောက်က်ို အဖက်လုပ်ပြောမနေတော့ဘူး။လျစ်လျူရှုလိုက်ပြီ.ကြိုက်သလိုနေ.”
Kongpob က ပြုံးနေလျက်သားသာ.။Arthit လမ်းရှင်းမရှင်းကြည့်လျက် တစ်ဖက်လမ်းကရုံးဆီပြန်ကူးလာခဲ့သည်။ ရုံးထဲဝင်မည်လုပ်တော့ ဘာကြောင့်ရယ်မသိ နောက်ပြန်လှည့်ကြည့်လိုက်မိသေးသည်။ Kongpob က လက်မြှောက်လျက် နှုတ်ဆက်နေ၏။
တကယ်အရူးကောင်-
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အင်္ကျီအဝတ်အစားလဲရင်း သူလုပ်နေသမျှကို တစ်ဖက်က Chakrii ကပြုံးလျက်ကြည့်နေသည်။ နက်ပြာရောင်ညဝတ်ပိုးသားအိအိကိုလဲပြီး Arthit က ကွန်ပျူတာရှေ့ထိုင်လိုက်သည်။
“ဒီတော့ ဓါတ်ပုံတွေပဲလျှောက်ရိုက်နေတယ်ပေါ့ ကိုကြီးက ”
“အင်း ဒါဆို ကိုယ်က ဘာလုပ်ရမလဲ.။ညီငယ်လေး ပို့ပေးတဲ့ငွေတွေနဲ့တင်သုံးမလောက်တာ.”
နှစ်ယောက်သား တိုးဖျဖျရယ်လိုက်မိသည်။ Chakrii က ကုတင်စောင်းကိုလှဲနေကာ Laptop ကိုပေါင်ပေါ်တင်ထားရင်း ပြောနေ ခြင်းဖြစ်သည်။Arthit ကတော့ အလုပ်စားပွဲက ကွန်ပျူတာရှေ့မှာသာ။ မခြောက်သေးသည့် ဆံပင်တွေကိုတဘက်ဖြင့် ခပ်ဖွဖွသုတ်နေသည်။
“ပြန်လာတော့မလား ကိုကြီး။”
တစ်ဖက်မှ အသံတိတ်သွားသည်။ ပြုံးပြနေသည့် အပြုံးတို့က အသက်မဝင်မှန်း Arthit သိတာပေါ့.။အကိုဖြစ်သူ မပျော်မှန်းလည်း Arthit သိသည်။ သို့သော် လုပ်ပေးနိုင်မည့်အကြောင်းလည်း သူ မသိ။မယ်မယ်ရော ကိုကြီး Chakrii ကပါ ဘာတစ်ခွန်းကိုမှ အသေးစိတ်မဟ.။မယ်မယ်ကြောင့် Chakriii မင်္ဂလာပွဲပျက်သွားသည်ကိုသာ အကြမ်းဖျင်းသိနားလည်ထား သည်။
“အလုပ်တွေ တစ်ယောက်တည်းလုပ်ရတာ Arthit လေး ပင်ပန်းနေပြီထင်တယ်။ ”
“ဟင့်အင်း ကျွန်တော်က ကိုကြီးကိုလွမ်းလို့မေးကြည့်တာ။အလုပ်ကို နိုင်တာပေါ့။ကျွန်တော်က Arthit လေ..မနိုင်စရာအကြောင်းမရှိဘူး။ ကိုကြီးသာ အေးဆေးနေ..ကိုရီးယားမလေးတွေကို ပဲ လိုက်ငေးမနေနဲ့၊”
“ဟား--ကိုယ့် ရင်မခုန်တတ်တော့တာကြာပေါ့။ကဲ ထားစမ်းပါဦး ကိုယ့်ညီလေးရော တွေ့နေပြီလား။”
“ဟမ် ဘာလို့တွေ့ရမှာလဲ”
ထိုစကားဆိုလိုက်ချိန်ဟိုတစ်ယောက်မျက်နှာကြီးဘာလို့ပြေးမြင်မိမှန်းကိုမသိ။ သူ ခေါင်းသာ နာနာယမ်းလိုက်မိသည်။ Chakrii ကရယ်၏။
“ဒီပုံစံကြည့်ရတာတော့ ဟုတ်နေပါပြီ.။ကဲ ဆိုစမ်းပါဦး.”
“မဟုတ်ပါဘူးဗျာ.ဒီတိုင်း အရေးမပါတာတွေ.။ကဲဗျာ..နားတော့ ကိုကြီးလည်း။ ဒါပဲ ကျွန်တော် အလုပ် နည်းနည်းလုပ်ဦးမယ်.”
“အေးပါ အေးပါ..ဒါရှက်ယမ်းယမ်းတာလား.”
Chakrii ၏ပြုံးစစမျက်နှာကို မကြည်ကြည့်လေးကြည့်ကာ video call ကိုend လိုက်သည်။ ထို့နောက် ဖုန်းကို အင်္ကျီအ်ိတ်ကပ်ထဲထည့်လျက် ထိုင်နေရာမှ ခဏထကာ Arthit အခန်းဘေးက လှေကားကတစ်ဆင့် ခြံထဲဆင်းလာလိုက်သည်။ ဒုတိယထပ်တွင်ရှိသည့် Arthit ၏အခန်းဘေးတွင် လှေကား သပ်သပ် ဆင်ထားခြင်း ဖြစ်သည်။ခြံထဲဆင်းရတာကြိုက်သည့် Arthit ကအိမ်အောက်ဆင်းကာပင်မလှေကားကြီးကနေ သွားစရာမလိုအောင် မိမိအခန်းဘေးမှာပင်ကပ်ကာ လှေကားဆင်ထားခြင်းဖြစ်သည်။ခြံထဲမှ ပန်းပေါင်းစုံ၏ အနံ့က လေပြည် သင်းသင်းတွင် ပျံ့နေသည်။ စိတ်နှလုံး လန်းဆန်းကာ Arthit တစ်ယောက် လမ်းလျှောက်လာတာ ခြံဝနားထိ ရောက်လာသည်။ အ်ိတ်ကပ်ထဲ ထည့်ထားသည့်ဖုန်းက အသံမြည်လာသည်။ တစ်ခါမှမဝင်ဖူးသည့် ဖုန်းနံပါတ်အစိမ်းကိုကြည့်ကာ သူ နားစွင့်လိုက်သည်။
# ကျွန်တော်ပါ ကိုကို ဖုန်းမချလိုက်နဲ့နော် #
ထိုအသံကြားကြားချင်း ဖုန်း end ဖို့စိတ်ကူးလိုက်မိခြင်းသည် အသံနွမ်းနွမ်းကြောင့် တုန့်သွားရသည်။ ဘာမှမဆိုဘဲ ဆက်ကိုင် ထားမိ၏။
# ညနေက မိုးမိတာနည်းနည်းများသွားလို့.ကျွန်တော် နေမကောင်းဖြစ်နေတာ. ။အဲ့ဒါ ကိုကို့အသံလေးကြားချင်လို့.။#
*နေ မကောင်းရင် ဆေးသောက်လေ ဒါမှမဟုတ်ဆရာဝန်ပြပေါ့။ငါ့ဆီဖုန်းဆက်ပြီးဘာရမှာလဲ.*
# စိမ်းကားတာဗျာ.။ဘယ်ဆေးကမှ ကိုကို့ကိုလွမ်းတာ မတိုးလို့ပေါ့.။ကိုကို့အသံကြားရုံနဲ့ပျောက်တယ်ဆိုတာယုံ #
အပိုတွေဟု ပြောမိတော့မည့် ပါးစပ်ကို Arthti အလျင်အမြန်ပ်ိတ်လိုက်ရသည်။မဟုတ်သေးဘူးလေ။ ဒီလိုကယုကယင်တွေ ပြောဖို့ သူနဲ့ကိုယ်က ဘာမှလည်းမဆိုင်ဘဲ။
# ကိုကိုထင်မှာပေါ့။ဒီလိုလမ်းပေါ်က ကောင်က ကိုကို့အနား လိုက်ကပ်နေတာ လိုချင်တာများရှိလို့လားဆိုပြီး။ဒါပေမယ့် ကျိန်ဆိုရဲပါတယ်ကိုကို။လိုချင်တာ ကတစ်ခုတည်းပါ.။ဒါကို ကိုကို နားလည်နေတယ်မလား။ #
အရင်လို မျက်နှာပြောင်ပြောင်လျှောက်ပြောနေသည်မဟုတ်ဘဲ လေးနက်မှုတို့ခံစားနေရသည့် စကားသံတစ်ချိူ့ကို Arthit ငြိမ်ငြိမ်လေးရပ်လျက်နားထောင်နေမိသည်။ လေလှိုင်းထဲက တစ်ဖက်က အသံသည် ခပ်အက်အက်ဖြင့်ဆိုသော်ငြား နားထဲ ညင်ညင်သာသာစီးဝင်လာနေသည်။
# ကိုကို့နောက်လိုက်နေသူတစ်ယောက်အနေနဲ့ဖုန်းနံပါတ်ဘယ်ကရလဲတော့ ပြောဖို့မလိုတော့ဘူးထင်တယ်။ ကောင်းသောညပါ ကိုကို.။ညဉ့်နက်ပြီမို့အိပ်ပါတော့.။ကိုကို့အသံကြားရတော့ ကျွန်တော် အလွမ်းပြေတာမို့ နေလည်းကောင်းသွားပြီ။ဒါပဲနော် ကိုကို #
စတာလည်းသူ အဆုံးသတ်သွားတာလည်း သူပဲဖြစ်သည်။ ခပ်တိုတိုပြောကာ ဖုန်းချသွားတော့ Arthit ကိုင်ထားလျက်သာ ကျန်ခဲ့သည်။ စုတ်တစ်ချက်သပ်ကာ ဖုန်းနံပါတ်ကိုဖျက်ပစ်ရန် လုပ်လိုက်သည်။လက်ကိုထိလိုက်မ ထိလိုက်လုပ်နေရင်းနှင့်က စိတ်ညစ်ညူးစွာ သက်ပြင်းချလျက် Kongpob ဟူသည့် အမည်နာမသည် ဖုန်း contact list ထဲဝင်ရောက်သွားခဲ့ပါသည်။
ထိုညက ခြံထဲက ပန်းတွေပိုိမွှေးခဲ့သည်ထင်။
******************
#With Heart
Just A Dreamer