မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)

Od Natpankalay

150K 14.6K 1.1K

ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။ Viac

အပိုင္း(၁)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)(Z &U)
အပိုင္း-(၈)
အပိုင္း(၉) (Z&U)
အပိုင္း(၁၀)(Z&U)
အပိုင္း-(၁၁)
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း -၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း ၂၅
အပိုင်း-၂၆
အပိုင်း ၂၇ final

အပိုင္း(၂)

5.7K 582 18
Od Natpankalay

အပိုင္း(၂)

“ေကာင္မေလးသနားစရာကြာ. Arthit တုိ႕မ်ားျပတ္သားလိုက္ပံု.။အဲ့ေကာင္မေလးက ေတာ္ေတာ္ေတာ့လွတာေနာ္”

Bright က စားလက္စကုိလည္းမျပတ္ေစရင္း ႏွေျမာတသဟန္ေရရြတ္သည္။Arthit ကုိလည္း မိုက္လိုက္ေလျခင္းဟူသည့္ အႀကည့္ျဖင့္က လွမ္းႀကည့္ေသးသည္.။

“မယ္မယ္က သေဘာမက်ဘူးကြ။ မ်ိဴးရုိးမေကာင္းဘူးတဲ့.။အဲ့ေတာ့ ငါ က ဘာဆက္လုပ္ရမွာလဲ”

“မင္း ေရာ သေဘာက်လား။”

“စိတ္မဝင္စားဘူးပဲ.။လွတာေတာ့လွပါတယ္.ကဲ Bright .စားစရာရိွတာသာစားပါ။ င့ါရံုးကေနသတင္းေတြႏိႈက္လာရင္း ငါ့ကို လာျပီးရစ္ေမးမေနနဲ႕။ခဏေန စက္ရံုဘက္ငါ သြားမွာလိုက္မယ္မလား။”

“ေအး.”

Bright ႏွင့္သူက စားေသာက္ဆိုင္တစ္ခုတြင္ ေန႕လည္စာ စားေနႀကျခင္းျဖစ္သည္။ အေပါင္းအသင္းနည္းလွေသာ Arthit အေနျဖင့္ Bright တစ္ေယာက္ကုိေတာ့ စြဲစြဲျမဲျမဲေပါင္းေလ့ရွိသည္။ Bright ၏ ဖခင္က အဆင့္အတန္းျမင့္ကာမ်ိဴးရိုးေကာင္း သည့္ အသိုင္းအဝိုင္း၏ လူႀကီးတစ္ေယာက္ျဖစ္တာမုိ႕ Bright ႏွင့္ေပါင္းသင္းျခင္းကုိေတာ့ မယ္မယ္က ႀကည္ႀကည္ျဖဴျဖဴရွိ လွသည္။

“Arthit. ”

“ဟင္”

“ဟုိေထာင့္နားက စားပြဲက ေကာင္ေလးက မင္းကိုပဲႀကည့္ေနတယ္ထင္တယ္။အသိလား။”

Bright ေမးဆတ္ျပသည့္ဘက္ကုိ သူလွည့္ႀကည့္လိုက္မိသည္။မ်က္ေမွာင္ႀကံဳ႕ျခင္းက အလိုအေလ်ာက္ျဖစ္ေပၚ၏။ တစ္ေန႕ ကလား.။ သူ႕ကားေရွ႕ တမင္ဟန္ေဆာင္ေနသည့္ ခပ္ဆိုးဆုိးေကာင္။မွတ္ထားတာမ်ိဴးမဟုတ္ေပမယ့္ မွတ္မိေနတာေတာ့ Arthit လည္းမတတ္ႏိုင္။ ခုလည္းႀကည့္ပါဦး.။Arthit ကုိတေမ့တေမာေငးကာ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ျပံဳးျပေနျပန္ပါျပီ။

“မသိပါဘူး။ သက္သက္ ဂ်ေလဘီေကာင္.”

“အမ္ မင္းေျပာတဲ့ပံုႀကီးက သိေနတဲ့လူလိုမ်ိဴး။သိေနတယ္မလား ေျပာစမ္းပါ ဘယ္သူတုန္း။                                          ဒီလိုဒီဇိုင္းမ်ိဴးႏွင့္ မင္း မိတ္ေဆြထဲ မရွိပါဘူး။”

ျပံဳးစစျဖင့္ Bright က မသိမခ်င္းေမးခ်င္ေနသည့္ပံု။ဒီသူငယ္ခ်င္းကလည္း Arthitအေႀကာင္းဆုိလွ်င္သိပ္ကုိစပ္စုခ်င္သည့္အမ်ိဴး။  တစ္ေန႕က ကိစၥကိုအက်ဥ္းခ်ံဴးကာ ေျပာျပလိုက္သည္။

“ဒါဆို မင္းကို တမင္ဝင္ေရာေနတာေပါ့။ေလ်ာ္ေႀကးလည္းမေတာင္းဘူး။ မင္း လက္ကုိိကိုင္ျပီးထူခို္င္းတာဆုိေတာ့.။ဘာလဲ သူက မင္းကုိႀကိဳက္ေနတာလား။”

“အဟြတ္--ဟြတ္-”

ေရေသာက္ေနသည့္ Arthit ခမ်ာသီးသြားရရွာသည္။ အသံေအာင္လွသည့္ Bright ေႀကာင့္ ထုိေကာင္ေလးႀကားႏိုင္ေလာက္ရဲ႕.။ တစ္သွ်ဴးျဖင့္ ႏႈတ္ခမ္းနားေတြကုိ အသာသုတ္လုိက္ရသည္။

“စိတ္ေရာေကာင္းေသးရဲ႕လား Bright. မင္းအသံႀကီးလည္းေလွ်ာ့စမ္းပါ.။အာရံုထားမေနနဲ႕။သက္သက္မဲ့ .”

“ေအးပါ ေအးပါ.”

မ်က္ႏွာပိုးက မသတ္.။Arthit ကေတာ့ စားစရာရွိတာ သာ ဆက္စားေနလိုက္သည္။သုိ႕ေသာ္ မသိစိတ္က သိေနသည္။ စိုက္ႀကည့္ေနသည္မွာ ေသခ်ာသေလာက္ရွိတာမုိ႕ ေက်ာေတာင္ခ်မ္းလာသလို.။ဘယ္သူကမွ Arthit ကုိဒီလိုမ်ိဴးႀကီး ေတာ့ လာမႀကည့္ဖူးပါ။ ခ်ဥ္းကပ္သူမွန္သမွ်ကလည္း ရင့္က်က္တည္ျငိမ္တာမ်ိဴး. ဂုဏ္တစ္ခုခုေတာ့ရွိေနတာမ်ိဴးေတြသာျဖစ္ေလာက္ ေအာင္ Arthit တုိ႕အရွိန္အဝါကႀကီးသည္။

“Bright. မင္းကုိေတာ့ အာရံုမထားနဲ႕ေျပာျပီးမွ ငါေတြးမိသြားျပီ။ငါနဲ႕ရန္ညွိဳးတစ္ခုခုေတာ့၇ွိေနတာမ်ိဴးမဟုတ္ေလာက္ဘူးမလား။”

“ေအး ရန္ညွိဳးရွိတဲ့သူက မင္းကုိျပံဳးျပံဳးႀကီးလာေငးႀကည့္ေနမလား။သတ္ခ်င္တဲ့အႀကည့္နဲ႕ႀကည့္မွာေပါ့.”

“ေအးပါ.ငါလည္းရုတ္တရက္ ေတြးမိသြားလို႕.။စားျပီးရင္လည္း သြားမယ္.”

ေငြရွင္းလိုက္ႀကျပီးမွ ႏွစ္ေယာက္သား ဆိုင္ထဲက ျပန္ထြက္လာႀကသည္။ ဒီေန႕က ရံုးပိတ္ရက္ေပမုိ႕ Arthit က ခ်ည္သား အက်ၤ ီလက္ရွည္အျဖဴကို ေဘာင္းဘီကာကီေရာင္ႏွင့္ လြတ္လြတ္လပ္လပ္ပံုစံေလးသာ ဝတ္ဆင္ထားသည္။ခါတိုင္း ေသသပ္စြာ ျဖီးတင္ေလ့ရွိသည့္ ဆံပင္တို႕က ခုေတာ့ နဖူးေပၚ ခပ္ျပိဳျပိဳ။

“အာ ကားေသာ့ေမ့ခဲ့ျပီ။ မင္း ကားနားမွာပဲ ေစာင့္ေနလုိက္ေတာ့ Bright ငါ လာခဲ့မယ္။”

“အင္း ျမန္ျမန္ေနာ္. ငါ အစာဝလို႕ ခဏေတာင္အိပ္ခ်င္လာျပီ.”

Bright က ဆိုင္အျပင္ဘက္ထြက္သြားရင္း Arthit က ဆို္င္ထဲ ျပန္ဝင္လာခဲ့သည္။ ေန႕လည္ခင္းခ်ိန္ ေန႕လည္စာခ်ိန္ထက္ ေက်ာ္လြန္ေနျပီျဖစ္သည့္အျပင္ ေစ်းႏႈန္းျမင့္သည့္ အစားအစာေတြေႀကာင့္ဆိုင္က တိတ္တိ္တ္ဆိိတ္ဆိတ္။ ေကာင္တာတြင္ က်န္ခဲ့သည့္ေသာ့ကုိေမးယူကာ ဆိုင္ေပါက္ဆီျပန္လည္ဦးတည္လုိ္က္စဥ္တြင္ Arthit ထံသုိ႕ တစ္စံုတစ္ေယာက္က ဝင္တိုးမိလာသည္။

“ခြ်မ္း ဂလြမ္း--”

“အိုး ေတာင္းပန္ပါတယ္ရွင္ ေတာင္းပန္ပါတယ္။”

ပန္းကန္ကြဲစေတြကုိမေကာက္ေသးဘဲ Arthit ေရွ႕ ေခါင္းအႀကိမ္ႀကိမ္ညႊတ္ေနသည့္ စားပြဲထိုးဝန္ထမ္းေကာင္မေလး။ Arthit ေလပူေတြမႈတ္ထုတ္မိသည္ထင္၏။ မိမိရင္ဘတ္နားဆိီတြင္ ဟင္းႏွစ္ေတြျဖင့္ ေပပြလ်က္ရွိသည္ေႀကာင့္ အျဖဴေရာင္အက်ၤ ီက  ကာလာစံုေနသည္။

“ေတာင္းပန္ရံုနဲ႕ျပီးသြားေရာလား ညီမ။ဒီမွာ ကြ်န္ေတာ့္ ပံုစံကုိႀကည့္ပါဦး။”

“အလ်င္လိုသြားလို႕ပါရွင္ ေတာင္းပန္ပါတယ္။ ”

“ကြ်န္ေတာ္ ပံုမွန္လမ္းေႀကာင္းအတိုင္းေအးေအးေဆးေဆးပဲဝင္လာတာေနာ္။ညီမက  ဝင္တိုက္တာ.။အလ်င္လိုရေအာင္လည္း စားသံုးသူေတြလည္း မရွိေတာ့ဘူးမလား။ ညီမ အလုပ္မွာ စိတ္ဝင္စားမႈနည္းေနတယ္ထင္တယ္။”

ထုိေနရာတြင္ပင္ရပ္ကာ  စကားဆုိေနသည့္ Arthit ေႀကာင့္ ဝန္ထမ္းေကာင္မေလးသည္ ဘာလုပ္လုိ႕လုပ္ရမွန္းမသိ မ်က္စိမ်က္ႏွာပ်က္ေနသည္။ တာဝန္ခံမန္ေနဂ်ာသည္ အေျပးအလႊားေရာက္လာသည္။

“ေတာင္းပန္ပါတယ္ဗ်ာ.။ကြ်န္ေတာ္တုိ႕ ဧည့္သည္စိတ္ေက်နပ္ေအာင္ေဆာင္ရြက္ေပးပါမယ္ ဘယ္လိုလုပ္ေပးရမလဲဗ်ာ.။”

“ဘယ္လိုလုပ္ေပးမွာလဲ.။ခု ကြ်န္ေတာ့္ကို အက်ၤ  ီ အသစ္ဝယ္ေပးျပီး ေပးလဲရင္ေတာင္ ကြ်န္ေတာ့္ကိုယ္မွာ ဟင္းနံ႕ေတြက စြဲသြားျပီ။ေရခ်ိဴးရေတာ့မွာ.။ဒါဆုိ ကြ်န္ေတာ္အိမ္ျပန္ရမယ္။ ခ်က္ခ်င္းသြားရမယ့္အလုပ္က အခ်ိန္ေႏွာင့္ေႏွးေတာ့မယ္။ဒီက ညီမ လုပ္လိုက္တာေတာ့ မေတာ္တဆပဲ။ဒါေပမယ့္မေတာ္တဆဆုိတာနဲ႕ ကိစၥအားလံုးက ေျပလည္မသြားဘူးမလား။ သူ က ဝန္ထမ္းသစ္လား။”

“မ-မဟုတ္ပါဘူး။”

“ဒါဆုိ ပုိဆုိးတာေပါ့.။ဝန္ထမ္းေဟာင္းတစ္ေယာက္က ဘယ္လိုလုပ္ လုပ္ငန္းခြင္မွာ လက္လြတ္စပယ္ျပဳမူရတာလဲ”

Arthit ပံုစံသည္ မေက်နပ္၍ ရစ္ေနသည္ႏွင့္မတူဘဲ စာမရလာသည့္ ေက်ာင္းသားကို ဆရာက ဆံုးမေနပံုႏွင့္ အလားသ႑ာန္ တူသည္။

“ကိုကို ကလုပ္ျပီ။ ကြ်န္ေတာ္ ခုနကတည္းကႀကည့္ေနတာ။ မေတာ္တဆေလဗ်ာ.။ဘာလို႕ ရစ္ေနတာလဲဗ်.”

Arthit မ်က္လံုးေတြစူးစူးရဲရဲျဖစ္သြားရသည္။ဘယ္လုိလုပ္ သူက ဝင္ပါလာျပန္ျပီလဲ။ Arthit အနားထိေရာက္လာေသာ သူသည္ Arthti ကုိတစ္ခ်က္ျပံဳးျပသည္။

“အက်ၤ ီတစ္ထည္ဖိုးေလာက္နဲ႕ ကိုိကို မြဲမသြားပါဘူး။ျပီးေတာ့ အခ်ိန္ေလး နည္းနည္းလင့္ရံုနဲ႕ စံအိမ္ေတာ္က သခင္ေလးကုိ ဘယ္သူကမွ အျပစ္မေျပာရဲဘူးမလား.။ဒီကညီမလည္း သူ႕မွာ ဒိီလိုျဖစ္ေလာက္တဲ့ အေႀကာင္းအရာရွိမွာေပါ့.ဘယ္လိုပဲ ကြ်မ္းက်င္ဝန္ထမ္းေဟာင္းျဖစ္ေနပါေစ.အိမ္ကိစၥ. ပူပန္စရာကိစၥတစ္စံုတစ္ရာရွိတဲ့အခါ လူေတြက စိတ္လြတ္တတ္ႀကာတာခ်ည္းပဲေလ။”

“personal နဲ႕ အလုပ္က ေရာလို႕မရဘူးဆုိတာ မင္းသိလား။ ဒီလိုသတိလက္လြတ္ျပဳမူမႈက အႏၱရာယ္ရွိတဲ့ေနရာမွာဆုိ တစ္ခါတည္းဒုကၡေရာက္သြားႏုိင္တယ္ ။သူေရာ ငါေရာ။ မင္း  က ဘာသိလို႕ ဝင္ေျပာေနတာလဲ.”

အေျခအေနက တစ္မ်ိဴးတစ္ဖံုေျပာင္းလဲသြားသည္။ ဆိုင္ဝင္ေပါက္နားေလးတြင္ သူတုိ႕ႏွစ္ေယာက္ႏွင့္ တာဝန္ခံမန္ေနဂ်ာရယ္ ဝန္ထမ္းေကာင္မေလးရယ္က ဘာလုပ္ရမွန္းကုိမသိျဖစ္ေနရွာသည္။

“အင္းပါ ဒါဆိုေနာင္သတိထားခိုင္းလိုက္ေပါ့.။လာဗ်ာ.. ေနာက္က်ေနဦးမယ္..လာ ကုိကို-”

“ေဟ့ေကာင္ လႊတ္စမ္း.”

Arthit လက္ေကာက္ဝတ္ကေန ကိုင္ဆြဲကာ ဆုိင္ထဲကေန ေခၚထြက္လာသည္။ႀကိတ္ရုန္းေနေသာ္လည္း ျမဲျမဲလွသည့္ သူ႕လက္ထဲ Arthit လက္တစ္ဖက္က လြတ္မလာ။ရုန္းရင္းဆန္ခတ္အရွက္ကြဲတာမ်ဴိးကုိမႀကိဳက္သည့္သူမုိ႕ေအာင့္သက္သက္ ျဖင့္ သူ႕ေနာက္လိုက္လာခဲ့ရေတာ့သည္။ ဆိုင္ျပင္ဘက္ ကားပါကင္နားအေရာက္လူရွင္းသည္မုိ႕ လက္ကိုေဆာင့္ျဖဳတ္လုိက္သည္။

“မင္း နဲ႕ဘာဆိုင္လုိ႕လဲ မင္းက-”

“Kongpob. ကြ်န္ေတာ့္နာမည္ Kongpob.”

“ေအး Kongpob မင္းက ဘာဆိုင္လို႕ ဘာသိလို႕ ဝင္ျပီး ဆရာႀကီးလုပ္ရတာလဲ.။ငါေျပတာတစ္ခုမွ မမွားဘူးေနာ္.လုပ္ငန္းခြင္ဆုိတာ ေသးေသးႀကီးႀကီး ဂရုစိုက္ျပဳမူႀကရတာခ်ည္းပဲ.။မင္း ဘာသိလုိ႕လဲ”

“ကြ်န္ေတာ္က ကိုကို႕ ကိုႏိုင့္ထက္စီးနင္းမဆက္ဆံေစခ်င္ရံုေလးပါ.”

“ဘာ -ငါက-”

လက္ႏွစ္ဖက္ကုိ ခါးတြင္ေထာက္ရင္း Arthit ဆြံ႕အသြားသည္။ေဒါသကလည္းထြက္. ဘာေျပာရမွန္းလည္းမသိ။ သူဘယ္တုန္းက ႏိုင့္ထက္စီးနင္း ဆက္ဆံေနလို႕လဲ။သူ က အျမင္မေတာ္တာမုိ႕ျပင္ေစခ်င္ရံုေလးတင္။ အဝတ္အစားလည္း ေလ်ာ္ခို္င္းေနတာမိ်ဴးမဟုတ္။ေျပာရမယ္ဆို သူလက္ရွိဝတ္ထားတာက သာမန္ဝန္ထမ္းတစ္ေယာက္ရဲ႕တစ္လစာနီးပါး ရွိတာမ်ိဴးေလ။

“ဟုတ္တယ္ေလ ကုိကို ခ်မ္းသာတယ္ဆိုတာနဲ႕သူမ်ားကို အဲ့လိုဆက္ဆံလို႕မရဘူး။ ကြ်န္ေတာ္က ကုိကုိ႕ကုိ သေဘာက်ေနတယ္ဆုိရင္ေတာင္ ဒီလိုဆက္ဆံတာမ်ိဴးေတာ့ လက္မခံဘူး။သေဘာက်တာကသက္သက္ပဲ”

“မင္း ေသမယ္.”

“Arthit.. Arthit.”

Kongpob ၏အက်ၤ ီေကာ္လံစကိုအတင္းဆြဲေနသည့္ Arthit ေႀကာင့္ ထုိအေျခအေနကုိျမင္ေသာ Brightက အေျပးအလႊားေရာက္လာရင္း Arthit ကုိဆြဲသည္။

“ေဟာ ဘာလို႕စိတ္ဆုိးတာလဲ မွန္တာေျပာရင္နာတယ္တဲ့ ကုိကို ကမွန္သြားလို႕နာတာလား။”

ျပံဳးယဲ့ယဲ့မ်က္ႏွာထားသည္ ဆြဲကုတ္ခ်င္စရာေကာင္းသည္မုိ႕ Arthti ထုိသူမ်က္ႏွာထံလက္လွမ္းေတာ့ Bright က ထိုလက္ကုိပါ လွမ္းဆြဲရင္း Arthit ကုိဖမ္းခ်ဴပ္ထားရသည္။

“ဖယ္စမ္း Bright. ဒီေကာင္မဟုတ္ေတာ့ဘူး။ ငါနဲ႕ဘာမွလည္းမပတ္သက္ဘဲ လာရႈပ္ေနတာ.။ငါ့ကိုက ေျပာေသးတယ္.”

“အခု ကုိကုိ႕ပံုစံကလည္း ပက္လက္လွန္ထားလို႕ ကားယားေလးျဖစ္ေနတဲ့ လိပ္ကေလးနဲ႕တူတယ္ အဟက္ ခ်စ္စရာေလး”

“အား Kongpob.”

Kongpob က သေဘာက်စြာ ျပံဳးေနသေလာက္ Arthit မ်က္ႏွာက ေဒါသျဖင့္နီရဲေနသည္။ Bright လည္း Arthit ကုိဆြဲေခၚကာ ကားထားသည့္ေနရာဆီတြန္းပို႕ရသည္။ Arthit ခမ်ာတစ္သက္လံုးက သိမ္းထားသည့္ ေဒါသေတြကုိခုမွ ေပါက္ကြဲထြက္လိုက္ ရသလိုႏွင့္။ကားေရွ႕ခန္းမွာပင္ ထိုးထည့္လို္က္ျပီး သူ႕လက္ထဲက ကားေသာ့ကို Bright ေျပာင္းယူကာ ေမာင္းသူဘက္ ဝင္ထိုင္လိုက္သည္။ ကားပါကင္ကေန ကားေလးထြက္လာေတာ့ Kongpob ဆုိသည့္ေကာင္ေလးက ခုနက ေနရာနားကေန လက္လွမ္းျပေနတာကိုေတြ႕လုိက္မိေတာ့ Bright ကရယ္သည္။ Arthit ၏မႈန္ကုတ္ကုတ္မ်က္ႏွာက Bright ဘက္ေရာက္ လာေတာ့ မ်က္ႏွာပိုးသတ္လုိက္သည္။

ဘာတဲ့ ဟုိ က ကိုကိုတဲ့.။သူ႕ကုိလည္း လိပ္ကေလးတဲ့။

အင္းေပါ့ ခုနက သူ ဆြဲထားလုိ႕ယက္ကန္ယက္ကန္ပံုစံျဖစ္ေနတဲ့ Arthit က လိပ္နဲ႕တူတာေပါ့.။

****************
#With Heart
Just A Dreamer.

Unicode

အပိုင်း(၂)

“ကောင်မလေးသနားစရာကွာ. Arthit တို့များပြတ်သားလိုက်ပုံ.။အဲ့ကောင်မလေးက တော်တော်တော့လှတာနော်”

Bright က စားလက်စကိုလည်းမပြတ်စေရင်း နှမြောတသဟန်ရေရွတ်သည်။Arthit ကိုလည်း မိုက်လိုက်လေခြင်းဟူသည့် အကြည့်ဖြင့်က လှမ်းကြည့်သေးသည်.။

“မယ်မယ်က သဘောမကျဘူးကွ။ မျိူးရိုးမကောင်းဘူးတဲ့.။အဲ့တော့ ငါ က ဘာဆက်လုပ်ရမှာလဲ”

“မင်း ရော သဘောကျလား။”

“စိတ်မဝင်စားဘူးပဲ.။လှတာတော့လှပါတယ်.ကဲ Bright .စားစရာရှိတာသာစားပါ။ င့ါရုံးကနေသတင်းတွေနှိုက်လာရင်း ငါ့ကို လာပြီးရစ်မေးမနေနဲ့။ခဏနေ စက်ရုံဘက်ငါ သွားမှာလိုက်မယ်မလား။”

“အေး.”

Bright နှင့်သူက စားသောက်ဆိုင်တစ်ခုတွင် နေ့လည်စာ စားနေကြခြင်းဖြစ်သည်။ အပေါင်းအသင်းနည်းလှသော Arthit အနေဖြင့် Bright တစ်ယောက်ကိုတော့ စွဲစွဲမြဲမြဲပေါင်းလေ့ရှိသည်။ Bright ၏ ဖခင်က အဆင့်အတန်းမြင့်ကာမျိူးရိုးကောင်း သည့် အသိုင်းအဝိုင်း၏ လူကြီးတစ်ယောက်ဖြစ်တာမို့ Bright နှင့်ပေါင်းသင်းခြင်းကိုတော့ မယ်မယ်က ကြည်ကြည်ဖြူဖြူရှိ လှသည်။

“Arthit. ”

“ဟင်”

“ဟိုထောင့်နားက စားပွဲက ကောင်လေးက မင်းကိုပဲကြည့်နေတယ်ထင်တယ်။အသိလား။”

Bright မေးဆတ်ပြသည့်ဘက်ကို သူလှည့်ကြည့်လိုက်မိသည်။မျက်မှောင်ကြုံ့ခြင်းက အလိုအလျောက်ဖြစ်ပေါ်၏။ တစ်နေ့ ကလား.။ သူ့ကားရှေ့ တမင်ဟန်ဆောင်နေသည့် ခပ်ဆိုးဆိုးကောင်။မှတ်ထားတာမျိူးမဟုတ်ပေမယ့် မှတ်မိနေတာတော့ Arthit လည်းမတတ်နိုင်။ ခုလည်းကြည့်ပါဦး.။Arthit ကိုတမေ့တမောငေးကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြနေပြန်ပါပြီ။

“မသိပါဘူး။ သက်သက် ဂျလေဘီကောင်.”

“အမ် မင်းပြောတဲ့ပုံကြီးက သိနေတဲ့လူလိုမျိူး။သိနေတယ်မလား ပြောစမ်းပါ ဘယ်သူတုန်း။                                          ဒီလိုဒီဇိုင်းမျိူးနှင့် မင်း မိတ်ဆွေထဲ မရှိပါဘူး။”

ပြုံးစစဖြင့် Bright က မသိမချင်းမေးချင်နေသည့်ပုံ။ဒီသူငယ်ချင်းကလည်း Arthitအကြောင်းဆိုလျှင်သိပ်ကိုစပ်စုချင်သည့်အမျိူး။  တစ်နေ့က ကိစ္စကိုအကျဉ်းချူံးကာ ပြောပြလိုက်သည်။

“ဒါဆို မင်းကို တမင်ဝင်ရောနေတာပေါ့။လျော်ကြေးလည်းမတောင်းဘူး။ မင်း လက်ကိုိကိုင်ပြီးထူခိုင်းတာဆိုတော့.။ဘာလဲ သူက မင်းကိုကြိုက်နေတာလား။”

“အဟွတ်--ဟွတ်-”

ရေသောက်နေသည့် Arthit ခမျာသီးသွားရရှာသည်။ အသံအောင်လှသည့် Bright ကြောင့် ထိုကောင်လေးကြားနိုင်လောက်ရဲ့.။ တစ်သျှူးဖြင့် နှုတ်ခမ်းနားတွေကို အသာသုတ်လိုက်ရသည်။

“စိတ်ရောကောင်းသေးရဲ့လား Bright. မင်းအသံကြီးလည်းလျှော့စမ်းပါ.။အာရုံထားမနေနဲ့။သက်သက်မဲ့ .”

“အေးပါ အေးပါ.”

မျက်နှာပိုးက မသတ်.။Arthit ကတော့ စားစရာရှိတာ သာ ဆက်စားနေလိုက်သည်။သို့သော် မသိစိတ်က သိနေသည်။ စိုက်ကြည့်နေသည်မှာ သေချာသလောက်ရှိတာမို့ ကျောတောင်ချမ်းလာသလို.။ဘယ်သူကမှ Arthit ကိုဒီလိုမျိူးကြီး တော့ လာမကြည့်ဖူးပါ။ ချဉ်းကပ်သူမှန်သမျှကလည်း ရင့်ကျက်တည်ငြိမ်တာမျိူး. ဂုဏ်တစ်ခုခုတော့ရှိနေတာမျိူးတွေသာဖြစ်လောက် အောင် Arthit တို့အရှိန်အဝါကကြီးသည်။

“Bright. မင်းကိုတော့ အာရုံမထားနဲ့ပြောပြီးမှ ငါတွေးမိသွားပြီ။ငါနဲ့ရန်ညှိုးတစ်ခုခုတော့၇ှိနေတာမျိူးမဟုတ်လောက်ဘူးမလား။”

“အေး ရန်ညှိုးရှိတဲ့သူက မင်းကိုပြုံးပြုံးကြီးလာငေးကြည့်နေမလား။သတ်ချင်တဲ့အကြည့်နဲ့ကြည့်မှာပေါ့.”

“အေးပါ.ငါလည်းရုတ်တရက် တွေးမိသွားလို့.။စားပြီးရင်လည်း သွားမယ်.”

ငွေရှင်းလိုက်ကြပြီးမှ နှစ်ယောက်သား ဆိုင်ထဲက ပြန်ထွက်လာကြသည်။ ဒီနေ့က ရုံးပိတ်ရက်ပေမို့ Arthit က ချည်သား အင်္ကျီလက်ရှည်အဖြူကို ဘောင်းဘီကာကီရောင်နှင့် လွတ်လွတ်လပ်လပ်ပုံစံလေးသာ ဝတ်ဆင်ထားသည်။ခါတိုင်း သေသပ်စွာ ဖြီးတင်လေ့ရှိသည့် ဆံပင်တို့က ခုတော့ နဖူးပေါ် ခပ်ပြိုပြို။

“အာ ကားသော့မေ့ခဲ့ပြီ။ မင်း ကားနားမှာပဲ စောင့်နေလိုက်တော့ Bright ငါ လာခဲ့မယ်။”

“အင်း မြန်မြန်နော်. ငါ အစာဝလို့ ခဏတောင်အိပ်ချင်လာပြီ.”

Bright က ဆိုင်အပြင်ဘက်ထွက်သွားရင်း Arthit က ဆိုင်ထဲ ပြန်ဝင်လာခဲ့သည်။ နေ့လည်ခင်းချိန် နေ့လည်စာချိန်ထက် ကျော်လွန်နေပြီဖြစ်သည့်အပြင် ဈေးနှုန်းမြင့်သည့် အစားအစာတွေကြောင့်ဆိုင်က တိတ်တ်ိတ်ဆိတ်ဆိတ်။ ကောင်တာတွင် ကျန်ခဲ့သည့်သော့ကိုမေးယူကာ ဆိုင်ပေါက်ဆီပြန်လည်ဦးတည်လိုက်စဉ်တွင် Arthit ထံသို့ တစ်စုံတစ်ယောက်က ဝင်တိုးမိလာသည်။

“ချွမ်း ဂလွမ်း--”

“အိုး တောင်းပန်ပါတယ်ရှင် တောင်းပန်ပါတယ်။”

ပန်းကန်ကွဲစတွေကိုမကောက်သေးဘဲ Arthit ရှေ့ ခေါင်းအကြိမ်ကြိမ်ညွှတ်နေသည့် စားပွဲထိုးဝန်ထမ်းကောင်မလေး။ Arthit လေပူတွေမှုတ်ထုတ်မိသည်ထင်၏။ မိမိရင်ဘတ်နားဆီတွင် ဟင်းနှစ်တွေဖြင့် ပေပွလျက်ရှိသည်ကြောင့် အဖြူရောင်အင်္ကျီက  ကာလာစုံနေသည်။

“တောင်းပန်ရုံနဲ့ပြီးသွားရောလား ညီမ။ဒီမှာ ကျွန်တော့် ပုံစံကိုကြည့်ပါဦး။”

“အလျင်လိုသွားလို့ပါရှင် တောင်းပန်ပါတယ်။ ”

“ကျွန်တော် ပုံမှန်လမ်းကြောင်းအတိုင်းအေးအေးဆေးဆေးပဲဝင်လာတာနော်။ညီမက  ဝင်တိုက်တာ.။အလျင်လိုရအောင်လည်း စားသုံးသူတွေလည်း မရှိတော့ဘူးမလား။ ညီမ အလုပ်မှာ စိတ်ဝင်စားမှုနည်းနေတယ်ထင်တယ်။”

ထိုနေရာတွင်ပင်ရပ်ကာ  စကားဆိုနေသည့် Arthit ကြောင့် ဝန်ထမ်းကောင်မလေးသည် ဘာလုပ်လို့လုပ်ရမှန်းမသိ မျက်စိမျက်နှာပျက်နေသည်။ တာဝန်ခံမန်နေဂျာသည် အပြေးအလွှားရောက်လာသည်။

“တောင်းပန်ပါတယ်ဗျာ.။ကျွန်တော်တို့ ဧည့်သည်စိတ်ကျေနပ်အောင်ဆောင်ရွက်ပေးပါမယ် ဘယ်လိုလုပ်ပေးရမလဲဗျာ.။”

“ဘယ်လိုလုပ်ပေးမှာလဲ.။ခု ကျွန်တော့်ကို အင်္ကျီ အသစ်ဝယ်ပေးပြီး ပေးလဲရင်တောင် ကျွန်တော့်ကိုယ်မှာ ဟင်းနံ့တွေက စွဲသွားပြီ။ရေချိူးရတော့မှာ.။ဒါဆို ကျွန်တော်အိမ်ပြန်ရမယ်။ ချက်ချင်းသွားရမယ့်အလုပ်က အချိန်နှောင့်နှေးတော့မယ်။ဒီက ညီမ လုပ်လိုက်တာတော့ မတော်တဆပဲ။ဒါပေမယ့်မတော်တဆဆိုတာနဲ့ ကိစ္စအားလုံးက ပြေလည်မသွားဘူးမလား။ သူ က ဝန်ထမ်းသစ်လား။”

“မ-မဟုတ်ပါဘူး။”

“ဒါဆို ပိုဆိုးတာပေါ့.။ဝန်ထမ်းဟောင်းတစ်ယောက်က ဘယ်လိုလုပ် လုပ်ငန်းခွင်မှာ လက်လွတ်စပယ်ပြုမူရတာလဲ”

Arthit ပုံစံသည် မကျေနပ်၍ ရစ်နေသည်နှင့်မတူဘဲ စာမရလာသည့် ကျောင်းသားကို ဆရာက ဆုံးမနေပုံနှင့် အလားသဏ္ဍာန် တူသည်။

“ကိုကို ကလုပ်ပြီ။ ကျွန်တော် ခုနကတည်းကကြည့်နေတာ။ မတော်တဆလေဗျာ.။ဘာလို့ ရစ်နေတာလဲဗျ.”

Arthit မျက်လုံးတွေစူးစူးရဲရဲဖြစ်သွားရသည်။ဘယ်လိုလုပ် သူက ဝင်ပါလာပြန်ပြီလဲ။ Arthit အနားထိရောက်လာသော သူသည် Arthti ကိုတစ်ချက်ပြုံးပြသည်။

“အင်္ကျီတစ်ထည်ဖိုးလောက်နဲ့ ကိုကို မွဲမသွားပါဘူး။ပြီးတော့ အချိန်လေး နည်းနည်းလင့်ရုံနဲ့ စံအိမ်တော်က သခင်လေးကို ဘယ်သူကမှ အပြစ်မပြောရဲဘူးမလား.။ဒီကညီမလည်း သူ့မှာ ဒီလိုဖြစ်လောက်တဲ့ အကြောင်းအရာရှိမှာပေါ့.ဘယ်လိုပဲ ကျွမ်းကျင်ဝန်ထမ်းဟောင်းဖြစ်နေပါစေ.အိမ်ကိစ္စ. ပူပန်စရာကိစ္စတစ်စုံတစ်ရာရှိတဲ့အခါ လူတွေက စိတ်လွတ်တတ်ကြာတာချည်းပဲလေ။”

“personal နဲ့ အလုပ်က ရောလို့မရဘူးဆိုတာ မင်းသိလား။ ဒီလိုသတိလက်လွတ်ပြုမူမှုက အန္တရာယ်ရှိတဲ့နေရာမှာဆို တစ်ခါတည်းဒုက္ခရောက်သွားနိုင်တယ် ။သူရော ငါရော။ မင်း  က ဘာသိလို့ ဝင်ပြောနေတာလဲ.”

အခြေအနေက တစ်မျိူးတစ်ဖုံပြောင်းလဲသွားသည်။ ဆိုင်ဝင်ပေါက်နားလေးတွင် သူတို့နှစ်ယောက်နှင့် တာဝန်ခံမန်နေဂျာရယ် ဝန်ထမ်းကောင်မလေးရယ်က ဘာလုပ်ရမှန်းကိုမသိဖြစ်နေရှာသည်။

“အင်းပါ ဒါဆိုနောင်သတိထားခိုင်းလိုက်ပေါ့.။လာဗျာ.. နောက်ကျနေဦးမယ်..လာ ကိုကို-”

“ဟေ့ကောင် လွှတ်စမ်း.”

Arthit လက်ကောက်ဝတ်ကနေ ကိုင်ဆွဲကာ ဆိုင်ထဲကနေ ခေါ်ထွက်လာသည်။ကြိတ်ရုန်းနေသော်လည်း မြဲမြဲလှသည့် သူ့လက်ထဲ Arthit လက်တစ်ဖက်က လွတ်မလာ။ရုန်းရင်းဆန်ခတ်အရှက်ကွဲတာမျိူးကိုမကြိုက်သည့်သူမို့အောင့်သက်သက် ဖြင့် သူ့နောက်လိုက်လာခဲ့ရတော့သည်။ ဆိုင်ပြင်ဘက် ကားပါကင်နားအရောက်လူရှင်းသည်မို့ လက်ကိုဆောင့်ဖြုတ်လိုက်သည်။

“မင်း နဲ့ဘာဆိုင်လို့လဲ မင်းက-”

“Kongpob. ကျွန်တော့်နာမည် Kongpob.”

“အေး Kongpob မင်းက ဘာဆိုင်လို့ ဘာသိလို့ ဝင်ပြီး ဆရာကြီးလုပ်ရတာလဲ.။ငါပြေတာတစ်ခုမှ မမှားဘူးနော်.လုပ်ငန်းခွင်ဆိုတာ သေးသေးကြီးကြီး ဂရုစိုက်ပြုမူကြရတာချည်းပဲ.။မင်း ဘာသိလို့လဲ”

“ကျွန်တော်က ကိုကို့ ကိုနိုင့်ထက်စီးနင်းမဆက်ဆံစေချင်ရုံလေးပါ.”

“ဘာ -ငါက-”

လက်နှစ်ဖက်ကို ခါးတွင်ထောက်ရင်း Arthit ဆွံ့အသွားသည်။ဒေါသကလည်းထွက်. ဘာပြောရမှန်းလည်းမသိ။ သူဘယ်တုန်းက နိုင့်ထက်စီးနင်း ဆက်ဆံနေလို့လဲ။သူ က အမြင်မတော်တာမို့ပြင်စေချင်ရုံလေးတင်။ အဝတ်အစားလည်း လျော်ခိုင်းနေတာမျိူးမဟုတ်။ပြောရမယ်ဆို သူလက်ရှိဝတ်ထားတာက သာမန်ဝန်ထမ်းတစ်ယောက်ရဲ့တစ်လစာနီးပါး ရှိတာမျိူးလေ။

“ဟုတ်တယ်လေ ကိုကို ချမ်းသာတယ်ဆိုတာနဲ့သူများကို အဲ့လိုဆက်ဆံလို့မရဘူး။ ကျွန်တော်က ကိုကို့ကို သဘောကျနေတယ်ဆိုရင်တောင် ဒီလိုဆက်ဆံတာမျိူးတော့ လက်မခံဘူး။သဘောကျတာကသက်သက်ပဲ”

“မင်း သေမယ်.”

“Arthit.. Arthit.”

Kongpob ၏အင်္ကျီကော်လံစကိုအတင်းဆွဲနေသည့် Arthit ကြောင့် ထိုအခြေအနေကိုမြင်သော Brightက အပြေးအလွှားရောက်လာရင်း Arthit ကိုဆွဲသည်။

“ဟော ဘာလို့စိတ်ဆိုးတာလဲ မှန်တာပြောရင်နာတယ်တဲ့ ကိုကို ကမှန်သွားလို့နာတာလား။”

ပြုံးယဲ့ယဲ့မျက်နှာထားသည် ဆွဲကုတ်ချင်စရာကောင်းသည်မို့ Arthti ထိုသူမျက်နှာထံလက်လှမ်းတော့ Bright က ထိုလက်ကိုပါ လှမ်းဆွဲရင်း Arthit ကိုဖမ်းချူပ်ထားရသည်။

“ဖယ်စမ်း Bright. ဒီကောင်မဟုတ်တော့ဘူး။ ငါနဲ့ဘာမှလည်းမပတ်သက်ဘဲ လာရှုပ်နေတာ.။ငါ့ကိုက ပြောသေးတယ်.”

“အခု ကိုကို့ပုံစံကလည်း ပက်လက်လှန်ထားလို့ ကားယားလေးဖြစ်နေတဲ့ လိပ်ကလေးနဲ့တူတယ် အဟက် ချစ်စရာလေး”

“အား Kongpob.”

Kongpob က သဘောကျစွာ ပြုံးနေသလောက် Arthit မျက်နှာက ဒေါသဖြင့်နီရဲနေသည်။ Bright လည်း Arthit ကိုဆွဲခေါ်ကာ ကားထားသည့်နေရာဆီတွန်းပို့ရသည်။ Arthit ခမျာတစ်သက်လုံးက သိမ်းထားသည့် ဒေါသတွေကိုခုမှ ပေါက်ကွဲထွက်လိုက် ရသလိုနှင့်။ကားရှေ့ခန်းမှာပင် ထိုးထည့်လိုက်ပြီး သူ့လက်ထဲက ကားသော့ကို Bright ပြောင်းယူကာ မောင်းသူဘက် ဝင်ထိုင်လိုက်သည်။ ကားပါကင်ကနေ ကားလေးထွက်လာတော့ Kongpob ဆိုသည့်ကောင်လေးက ခုနက နေရာနားကနေ လက်လှမ်းပြနေတာကိုတွေ့လိုက်မိတော့ Bright ကရယ်သည်။ Arthit ၏မှုန်ကုတ်ကုတ်မျက်နှာက Bright ဘက်ရောက် လာတော့ မျက်နှာပိုးသတ်လိုက်သည်။

ဘာတဲ့ ဟို က ကိုကိုတဲ့.။သူ့ကိုလည်း လိပ်ကလေးတဲ့။

အင်းပေါ့ ခုနက သူ ဆွဲထားလို့ယက်ကန်ယက်ကန်ပုံစံဖြစ်နေတဲ့ Arthit က လိပ်နဲ့တူတာပေါ့.။

****************
#With Heart
Just A Dreamer.


















Pokračovať v čítaní

You'll Also Like

65.9K 4.4K 54
႐ြာ၂႐ြာၾကား ေခ်ာင္းကေလးကစည္းျခားထားသလို ကြၽန္ေတာ္တို႔၂ေယာက္ၾကားမွာလည္းစည္းတခ်ိဳ႕ကျခားထားသည္ေလ.... ဒါေပမယ့္ ႐ြာ၂႐ြာကိုဆက္သြယ္ဖို႔တံတားေလးတည္ေဆာက္ထားလိ...
116K 8.3K 37
"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ...
150K 14.6K 27
ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။