Chapter-18
"အဲ့ဒါေႀကာင့္ ကို္ယ္ေျပာတယ္မလား။ မေန႕ညကတည္းကေဆးေသာက္ပါ.ဆုိတာေလ.။ကြ်တ္--ကုိယ္ အတင္းတိုက္လိုက္ရမွာကြာ.။မင္းကုိအလိုလုိက္ မိတာ."
"ကုိကုိကလည္း-ခု ေသာက္ျပီးျပီပဲကုိ.။ခဏအိပ္ရင္သက္သာသြားမွာ--သြားေတာ့-သြား--Aeri ကုိေက်ာင္းလိုက္ပို႕မလုိ႕ဆို ေနာက္က်ေနဦးမယ္."
အနားမွာတုိးကပ္ထိုင္ေနသည့္ Chanyeol ကုိ ေစာင္ပံုထဲကေန BaekHyun က အတင္းႏွင္လႊတ္သည္။ Chanyeol က မထခ်င္ ထခ်င္ျဖင့္ ထျပီးမွ-
"ေအာက္ထပ္မွာေဒၚေလးလည္းရွိေနတယ္။လိုအပ္ရင္ေခၚ.။ျပီးေတာ့အရမ္းေနရခက္ရင္ KyungSoo ကုိအရင္ဖုန္းဆက္ထား။ျပီးရင္ ကုိယ့္ဆီလည္းတစ္ခါတည္းဆက္ သိလား."
ကုတင္ေဘးတြင္ ခါးႏွစ္ဖက္လက္ေထာက္လ်က္ တစ္ခုခ်င္းမွာေနသည့္ Chanyeol ပံုစံကအထက္စီးဆန္သည့္ ဟု ထင္မွတ္ဖြယ္ ရွိႏိုင္ေပမယ့္ ႀကင္နာတတ္တာေတြကုိ BaekHyun ျမင္သည္။ နည္းနည္းေလးပါပဲ.။သူ ကိုယ္ပူတက္ျပီးနည္းနည္း ေလးပဲ ေနမေကာင္းျဖစ္တာကုိေတာင္ စိတ္မခ်ႏိုင္ျဖစ္သည္အထိ ဂရုစိုက္တာခံစားရေတာ့လည္း ဒီလူက Park Chanyeolမွ ဟုတ္ရဲ႕လားလို႕ေတာင္သံသယျဖစ္စဖြယ္။
"စိတ္ခ်ပါ ကိုကိုရဲ႕."
"အင္း ခ်စ္မိျပီဆုိေတာ့လည္းေနရာတိုင္းကုိလုိက္ပူေနရေတာ့တာပဲ.။အိပ္ေတာ့-"
စိတ္မခ်ဟန္ျဖင့္ BaekHyun မ်က္ခြံေတြမွိတ္က်ေအာင္ကို မ်က္ေတာင္ေတြကုိဖိနမ္းပစ္လိုက္သည္။ ျပီးေတာ့မွ အခန္းထဲက ထြက္လာခဲ့ေတာ့ Aeri ကုိေဒၚေလးကမနက္စာေကြ်းျပီးသည္မုိ႕ ႏႈတ္ခမ္းေလးေတြကို အသာသုတ္ေပးေနသည္။
"ေမာနင္း သမီးေလး။"
"ေမာနင္း ေဖေဖ။ BaekHyunee ေရာ."
"သိပ္ေနမေကာင္းလို႕အိပ္ေနတယ္။ Aeri ေလးက ညေနေက်ာင္းဆင္းမွ သြားႀကည့္ေတာ့။အခ်ိန္နီးေနျပီမလား သြားႀကစို႕.။ေႀသာ္ ေဒၚေလး BaekHyunee ကုိဂရုစိုုက္ေပးပါ။ ခဏခဏသြားႀကည့္ျပီးေတာ့လိုအပ္ရင္ Kyungsoo ကုိဖုန္းဆက္တာပဲျဖစ္ျဖစ္ ကြ်န္ေတာ့္ဆီ ဆက္တာပဲျဖစ္ျဖစ္. လုပ္ေပးပါဦး."
"စိတ္ခ်ပါ Chanyeollie ရဲ႕။ေဒၚေလး ေသခ်ာဂရုစိုက္ထားပါမယ္"
"BaekHyunee ကို မဖ်ားေအာင္လုုပ္ေပးရင္Aeri က ဘြားေလးကုိ မုန္႕ေတြဝယ္လာေပးမွာပါ."
စကားတတ္လွသည့္Aeri ေႀကာင့္ႏွစ္ေယာက္လံုးျပံဳးမိႀကသည္။ သမိီးလက္ကုိဆြဲကာ ကားေရွ႕ခန္းမွာပင္ ထိုင္ေစလ်က္ ခါးပတ္ ေသခ်ာပတ္ေပးလုိက္ျပီးမွ Chanyeol ကားေမာင္းသူဘက္အျခမ္းဝင္သည္။ကားေလးက Park အိမ္ေတာ္ထဲကေန ခပ္မွန္မွန္ ေမာင္းထြက္လာ၏။
"ေဖေဖ--မေန႕ ကေတြ႕တဲ့အန္တီက တကယ္ပဲ Aeri ေမေမလားဟင္။ေဖေဖ ေျပာေတာ့ Aeri မွာ ေမေမ မရွိဘူးဆို"
"အင္း သူက ေဖေဖတုိ႕နဲ႕မဆိုင္ေတာ့လို႕မေျပာခဲ့တာ။ သူက ခု ေဖေဖတုိ႕ဆီ ျပန္လာခ်င္လို႕လုပ္ေနတာေလ။ေဖေဖ လံုးဝလက္မခံႏိုင္ဘူး။ျပီးေတာ့သူ ျပန္လာရင္ BaekHyunee ကေဖေဖတုိ႕ဆီက ထြက္သြားလိမ့္မယ္။ ဒါဆုိ သမီး ေမေမကုိ လိုခ်င္လား။"
"ဟင့္အင္း."
တံု႕ဆိုင္းျခင္းမရွိ ခ်က္ခ်င္းျပန္ေျဖလာသည့္ Aeri ေႀကာင့္ Chanyeol ျပံဳးလိုက္မိသည္။ Kan HaeSoo ေႀကာင့္ သမီး အဘြားဆံုးခဲ့ရတာေတြ ပိုက္ဆံေႀကာင့္ ေဖေဖတုိ႕ကုိပစ္သြားခဲ့တာေတြေတာ့ ကေလးစိတ္ရႈပ္ေထြးေအာင္ ေျပာျပမေနခ်င္ေတာ့ ပါ။
"Aeri က BaekHyunee ကုိပဲ လိုခ်င္တာမုိ႕ ေမေမ မရွိလညး္ရတယ္။Aeri ရယ္ ေဖေဖရယ္ BaekHyunee ရယ္။ဘြားေလးရယ္ ေနာ္ ေဖေဖ.."
"ဒါေပါ့ ေဖေဖ့ Aeri ေလးစိတ္တိုင္းက်. ဒါေပမယ့္ သမီး ေမေမကုိေတာ့ သမီးစိတ္ဆႏၵရွိသလို ေတြ႕ႏိုင္တယ္။ စကားေျပာႏိုင္တယ္။ ေဖေဖတုိ႕ဘဝထဲ ဝင္ခြင့္မေပးႏိုင္တာကလြဲရင္ တျခား ဘာမွ Aeri ေလးကိုေဖေဖမကန္႕သတ္ပါဘူး။"
ဒါသည္ မိခင္မရွိဘဲႀကီးျပင္းလာရသည့္သမီးျဖစ္သူအတြက္ သူ အတတ္ႏိုင္ဆံုးေလွ်ာ့ထားေပးျခင္းပင္။ မေတြ႕ရ မေခၚရ ဟူသည့္ တင္းႀကပ္သည့္ ပိတ္ပင္မႈေတြရွိလွ်င္ စူးစမ္းတတ္သည့္ Aeri ႏွင့္ ထုိအမ်ိဴးသမီး ခိုးေတြ႕ကာ သမီးက သူ႕အေပၚ မပြင့္လင္းေတာ့မည္ကို ေႀကာက္သျဖင့္ လြတ္လပ္ေသာ လမ္းတစ္ခုကို Chanyeol ခင္းေပးထားသည္။
"ကဲ ေက်ာင္းမွာ ေပ်ာ္ေပ်ာ္ေနခဲ့ပါ ေဖေဖ့သမီးေလး."
"ေဖေဖ တာ့တာ...။"
ေက်ာင္းေရွ႕ေရာက္ေတာ့ သမီးလက္ကုိဆြဲကာ ေက်ာင္းဝနားထိပို႕ေပးလို္က္သည္။သမီးက သူ႕ပါးကုိတစ္ခ်က္နမ္းလ်က္ ေက်ာင္းဝန္းထဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲဝင္သြား၏။ကားေပၚျပန္တက္ကာ ေမာင္းထြက္မည္ျပဳစဥ္မွာပင္ ေခါင္းကမိုက္ခနဲတစ္ခ်က္ျဖစ္ သြားသည္။ သူ ေခါင္းကိုျဖည္းျဖည္းခ်င္းခါယမ္းမိသည္။အလုပ္ေတြလည္းပိ စိတ္ေတြလည္းရႈ႔ပ္သျဖင့္ ျဖစ္သြားေလသလား။ ခဏေလာက္ စတီယာရင္ေပၚေခါင္းေမွာက္ကာမ်က္လံုးေတြကုိမွိတ္ထားလိုက္မိသည္။
ရႈပ္ယွက္ခတ္ေနေသာ စိတ္အစဥ္ထဲဝင္လာသည္က BaekHyun သူ႕ေနာက္ တေကာက္ေကာက္လိုက္ခဲ့တာေတြ.။ မိုးရြာထဲ ထီးေပးခဲ့တာေတြ.။ျပီးေတာ့ ေမ့လဲသြားသည့္ BaekHyun ကို သူကို္ယ္တုိင္ အိမ္ေခၚလာခဲ့တာေတြ.
ထို႕ေနာက္ဘာမွေတာ့ဆက္စဥ္းစားမရေတာ့။ေခါင္းလည္းသိပ္မထူႏိုင္သျဖင့္Chen ကုိသာဖုန္းဆက္ေခၚရေတာ့သည္။ ကားထိုင္ခံုကိုခပ္ေလ်ာ့ေလ်ာ့လုပ္ကာChanyeol မ်က္လံုးမွိတ္အနားယူေနလိုက္သည္။ နာရီဝက္နီးပါးႀကာေတာ့Chen ေရာက္လာ၏။ သူ ေဘးခံုကိုေျပာင္းထိုင္လိုက္ျပီး Chen က ကားေမာင္းသူဘက္ေနရာယူသည္။
"သတိလည္းထားဦး Chanyeol။ မင္း KyungSoo ေပးတဲ့ေဆးေတြေရာ မွန္မွန္မေသာက္ဘူးလား။ အက္ဆီးဒင့္ျဖစ္တာႀကာျပီဆုိလည္း ေဆးကေတာ့ မျပတ္ေစနဲ႕ေလ."
"ေသာက္ပါတယ္.ခုတေလာ အလုပ္နည္းနည္းမ်ားသြားလို႕.။ျပီးေတာ့ Chen. Kan HaeSoo ျပန္ေရာက္ေနတယ္"
ကာ းက မီးပြိဳင့္ေရာက္သည္ႏွင့္ႀကံဳ၍ Chen က သူ႕ဘက္လွည့္ႀကည့္လာသည္။ Chanyeol စိတ္ရႈပ္ေနသည္ဟု လည္း သူထင္မိသည္။ ေသခ်ာတာကေတာ့ထိုမိန္းမအေပၚ Chanyeol လံုးဝစိတ္မရွိေတာ့ဘူးဆိုတာကုိယံုသည္။
"အဲ့ဒီေတာ့ ဘာတဲ့လဲ"
"Aeri ကုိ အေႀကာင္းျပဳခ်င္တယ္ေပါ.အဟက္-- ငါ့ဆီလည္းျပန္လာခ်င္တယ္ေလ.။ရူးေနလုိ႕လားငါက သူ႕ကိုလက္ခံရေအာင္.။ငါ့ရင္ထဲ သူ႕အတြက္ဘာမွမက်န္ဘူး။Aeri ကုိေတာ့ ငါ လြတ္လပ္ခြင့္ေပးထားတယ္ ။ သမီးစိတ္တိုင္းက်ပဲ။ဒါမွ သမီးက ငါ့အေပၚပြင့္လင္းမွာ"
"ဆံုးျဖတ္ခ်က္မွန္ပါတယ္ Aeri ေလးကေရာ လက္ခံလား။"
"BaekHyunee ကုိပဲ သူက တြယ္တာေနတာ။ ေမေမ မလိုဘူးတဲ့."
ထုိစကားဆုိခ်ိန္ Chanyeol မ်က္ႏွာျပံဳးေနသည္ကို Chen ေတြ႕လိုုက္ေသးသည္။မီးပြိဳင့္လြတ္ျပီမုိ႕ကားေလးက ျပန္လည္ေမာင္း ထြက္လာသည္။
"မင္း လည္း BaekHyun ကုိအနားမွာရွိေစခ်င္တယ္မလား။"
"အင္း ဘယ္လိုလုပ္ျပီးလည္းမသိဘူး။ငါ သူ႕ကိုေတာ္ေတာ္ေလးခ်စ္ခဲ့တယ္ထင္တယ္။သူ႕ကုိငါ့အပိုင္ျဖစ္ေအာင္လုပ္ျပီးေတာ့ ပုိနားလည္လာတယ္။ငါသူ႕ကိုခ်စ္တယ္ လက္လြတ္မခံႏိုင္ဘူးဆိုတာ."
"မင္း အပိုင္ ??"
"အင္း မေန႕ကမွ ငါတုိ႕ ပထမဆံုးအတူေနျဖစ္ခဲ့တယ္ထင္တယ္။"
"ဘာ-"
ကားဘရိတ္က ရုတ္ျခည္းေဆာင့္အုပ္မိသည္။ေတာ္ေသးသည္ကေနာက္ကရွင္းေနခ်ိန္မုိ႕ Chen လမ္းေဘးကုိ ကားအျမန္ထုိးလိုက္ရသည္။
"Chen. ငါ ေခါင္းမူးတာေတာင္ေပ်ာက္သြားျပီ။ဘယ္လိုျဖစ္တာလဲ"
"မင္း--မင္း BaekHyun နဲ႕ အတူေနတယ္."
"ေအးေလ-ငါ့ေယာက်ာ္း ငါနဲ႕အတူေနတာဆန္းလို႕လား။ ဘာ ထျဖစ္တာလဲ။"
Chen ေခါင္းသာခါျပလိုက္ေတာ့သည္။ဒါမ်ိဴးေတာ့ သူ မသိတာမဟုတ္ေပမယ့္ ေခါင္းထဲထည့္မစဥ္းစားခဲ့မိဖူး။ ေျခေထာက္မေကာင္းသည့္ Chanyeolကုိေစာင့္ေရွာက္ရင္းဒီတိုင္းေလး ပဲ Chanyeol ကုိ ခ်စ္ျခင္းေမတၱာက တကယ္ရွိတယ္ ဆုိတာသိေစခ်င္ခဲ့တာ.။ေျခေထာက္ျပန္ေကာင္းတုနး္ကလည္းအေတာ္ေလးဝမ္းသာခဲ့ရေပမယ့္ ဒီလိုမ်ိဴးထိေတာ့ Chanyeol လက္သြက္မည္မထင္ခဲ့.။ျပီးေတာ့BaekHyun. တကယ္လက္ထပ္တာလည္းမဟုတ္ဘဲ.အကယ္၍မ်ား တစ္စံုတစ္ခု Chanyeol ကသိရွိသြားခဲ့ျပီး လက္မခံဆုိလွ်င္ မတတ္ႏိုင္သည့္အေျခအေနမွာ လူကိုေပးရသလားတဲ့။Chanyeol က ကုိယ့္သူငယ္ခ်င္းဆို ေပမယ့္ ျဖဴျဖဴစင္စင္ေကာင္ကေလးကိုလည္း ညီငယ္ေလးလို သေဘာထားမိသည္္္္္္္္္္္္္္မုိ႕။ ေနာက္တစ္မ်ိဴးေတြးႀကည့္ေတာ့ လည္း .. အတူေနျပီးျပီဆုိေတာ့ ခ်ည္ေႏွာင္ျပီးသားျဖစ္တာေပါ့ဟုေတြးမိျပန္ေတာ့လည္း စိတ္ကမခ်မ္းသာေသး။
"ဒါနဲ႕ေလ ငါက BaekHyunee ကို အတင္းလုိက္ခဲ့တယ္လို႕ မင္းေျပာတယ္ေနာ္"
"ဟင္---အင္းေလ."
"ငါစိတ္ထဲ ဘာလို႕ BaekHyunee ကသာ င့ါကိုအတင္းလိုက္ခဲ့တယ္လို႕ျမင္ေနမိမွန္းမသိဘူး။"
"ဦးေႏွာက္စစ္ေဆးႀကည့္ဦး.။ကေယာင္ကတမ္းေတြျဖစ္ေနျပီ."
စကားစကုိထုိမွ်ျဖတ္လ်က္ ကားကုိျပန္ေမာင္းထြက္လိုက္သည္။သူ စေနာက္သည္ထင္ကာ Chanyeol က ရယ္ေနခဲ့သည္။ မရယ္ႏိုင္ဘဲ အပူမျငိမ္းႏိုင္သူက Chen ။ႀကည့္ရတာ ေမ့ေနခဲ့သည့္ Chanyeol ၏ မွတ္ဥာဏ္တစ္ခ်ိဴ႕ ကျဖည္းျဖည္းခ်င္း ျပန္အလုပ္ လုပ္ေနခဲ့ျပီထင္သည္။ ဇနီးေဟာင္းကလည္း ျပန္ေပၚလာေနေသးသည္ေႀကာင့္ Chanyeol အတြက္ေရာ BaekHyun အတြက္ပါ ရင္ေလးမိသည္။
အထူးသျဖင့္ ေခါင္းမာတတ္ေသးသည့္ Chanyeol ေႀကာင့္ BaekHyun ေလးမ်ား တစ္ခုခု----
******
# With Heart
Just A Dreamer.
Unicode
Chapter-18
"အဲ့ဒါကြောင့် ကိုယ်ပြောတယ်မလား။ မနေ့ညကတည်းကဆေးသောက်ပါ.ဆိုတာလေ.။ကျွတ်--ကိုယ် အတင်းတိုက်လိုက်ရမှာကွာ.။မင်းကိုအလိုလိုက် မိတာ."
"ကိုကိုကလည်း-ခု သောက်ပြီးပြီပဲကို.။ခဏအိပ်ရင်သက်သာသွားမှာ--သွားတော့-သွား--Aeri ကိုကျောင်းလိုက်ပို့မလို့ဆို နောက်ကျနေဦးမယ်."
အနားမှာတိုးကပ်ထိုင်နေသည့် Chanyeol ကို စောင်ပုံထဲကနေ BaekHyun က အတင်းနှင်လွှတ်သည်။ Chanyeol က မထချင် ထချင်ဖြင့် ထပြီးမှ-
"အောက်ထပ်မှာဒေါ်လေးလည်းရှိနေတယ်။လိုအပ်ရင်ခေါ်.။ပြီးတော့အရမ်းနေရခက်ရင် KyungSoo ကိုအရင်ဖုန်းဆက်ထား။ပြီးရင် ကိုယ့်ဆီလည်းတစ်ခါတည်းဆက် သိလား."
ကုတင်ဘေးတွင် ခါးနှစ်ဖက်လက်ထောက်လျက် တစ်ခုချင်းမှာနေသည့် Chanyeol ပုံစံကအထက်စီးဆန်သည့် ဟု ထင်မှတ်ဖွယ် ရှိနိုင်ပေမယ့် ကြင်နာတတ်တာတွေကို BaekHyun မြင်သည်။ နည်းနည်းလေးပါပဲ.။သူ ကိုယ်ပူတက်ပြီးနည်းနည်း လေးပဲ နေမကောင်းဖြစ်တာကိုတောင် စိတ်မချနိုင်ဖြစ်သည်အထိ ဂရုစိုက်တာခံစားရတော့လည်း ဒီလူက Park Chanyeolမှ ဟုတ်ရဲ့လားလို့တောင်သံသယဖြစ်စဖွယ်။
"စိတ်ချပါ ကိုကိုရဲ့."
"အင်း ချစ်မိပြီဆိုတော့လည်းနေရာတိုင်းကိုလိုက်ပူနေရတော့တာပဲ.။အိပ်တော့-"
စိတ်မချဟန်ဖြင့် BaekHyun မျက်ခွံတွေမှိတ်ကျအောင်ကို မျက်တောင်တွေကိုဖိနမ်းပစ်လိုက်သည်။ ပြီးတော့မှ အခန်းထဲက ထွက်လာခဲ့တော့ Aeri ကိုဒေါ်လေးကမနက်စာကျွေးပြီးသည်မို့ နှုတ်ခမ်းလေးတွေကို အသာသုတ်ပေးနေသည်။
"မောနင်း သမီးလေး။"
"မောနင်း ဖေဖေ။ BaekHyunee ရော."
"သိပ်နေမကောင်းလို့အိပ်နေတယ်။ Aeri လေးက ညနေကျောင်းဆင်းမှ သွားကြည့်တော့။အချိန်နီးနေပြီမလား သွားကြစို့.။သြော် ဒေါ်လေး BaekHyunee ကိုဂရုစိုက်ပေးပါ။ ခဏခဏသွားကြည့်ပြီးတော့လိုအပ်ရင် Kyungsoo ကိုဖုန်းဆက်တာပဲဖြစ်ဖြစ် ကျွန်တော့်ဆီ ဆက်တာပဲဖြစ်ဖြစ်. လုပ်ပေးပါဦး."
"စိတ်ချပါ Chanyeollie ရဲ့။ဒေါ်လေး သေချာဂရုစိုက်ထားပါမယ်"
"BaekHyunee ကို မဖျားအောင်လုပ်ပေးရင်Aeri က ဘွားလေးကို မုန့်တွေဝယ်လာပေးမှာပါ."
စကားတတ်လှသည့်Aeri ကြောင့်နှစ်ယောက်လုံးပြုံးမိကြသည်။ သမီးလက်ကိုဆွဲကာ ကားရှေ့ခန်းမှာပင် ထိုင်စေလျက် ခါးပတ် သေချာပတ်ပေးလိုက်ပြီးမှ Chanyeol ကားမောင်းသူဘက်အခြမ်းဝင်သည်။ကားလေးက Park အိမ်တော်ထဲကနေ ခပ်မှန်မှန် မောင်းထွက်လာ၏။
"ဖေဖေ--မနေ့ ကတွေ့တဲ့အန်တီက တကယ်ပဲ Aeri မေမေလားဟင်။ဖေဖေ ပြောတော့ Aeri မှာ မေမေ မရှိဘူးဆို"
"အင်း သူက ဖေဖေတို့နဲ့မဆိုင်တော့လို့မပြောခဲ့တာ။ သူက ခု ဖေဖေတို့ဆီ ပြန်လာချင်လို့လုပ်နေတာလေ။ဖေဖေ လုံးဝလက်မခံနိုင်ဘူး။ပြီးတော့သူ ပြန်လာရင် BaekHyunee ကဖေဖေတို့ဆီက ထွက်သွားလိမ့်မယ်။ ဒါဆို သမီး မေမေကို လိုချင်လား။"
"ဟင့်အင်း."
တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပြန်ဖြေလာသည့် Aeri ကြောင့် Chanyeol ပြုံးလိုက်မိသည်။ Kan HaeSoo ကြောင့် သမီး အဘွားဆုံးခဲ့ရတာတွေ ပိုက်ဆံကြောင့် ဖေဖေတို့ကိုပစ်သွားခဲ့တာတွေတော့ ကလေးစိတ်ရှုပ်ထွေးအောင် ပြောပြမနေချင်တော့ ပါ။
"Aeri က BaekHyunee ကိုပဲ လိုချင်တာမို့ မေမေ မရှိလည်းရတယ်။Aeri ရယ် ဖေဖေရယ် BaekHyunee ရယ်။ဘွားလေးရယ် နော် ဖေဖေ.."
"ဒါပေါ့ ဖေဖေ့ Aeri လေးစိတ်တိုင်းကျ. ဒါပေမယ့် သမီး မေမေကိုတော့ သမီးစိတ်ဆန္ဒရှိသလို တွေ့နိုင်တယ်။ စကားပြောနိုင်တယ်။ ဖေဖေတို့ဘဝထဲ ဝင်ခွင့်မပေးနိုင်တာကလွဲရင် တခြား ဘာမှ Aeri လေးကိုဖေဖေမကန့်သတ်ပါဘူး။"
ဒါသည် မိခင်မရှိဘဲကြီးပြင်းလာရသည့်သမီးဖြစ်သူအတွက် သူ အတတ်နိုင်ဆုံးလျှော့ထားပေးခြင်းပင်။ မတွေ့ရ မခေါ်ရ ဟူသည့် တင်းကြပ်သည့် ပိတ်ပင်မှုတွေရှိလျှင် စူးစမ်းတတ်သည့် Aeri နှင့် ထိုအမျိူးသမီး ခိုးတွေ့ကာ သမီးက သူ့အပေါ် မပွင့်လင်းတော့မည်ကို ကြောက်သဖြင့် လွတ်လပ်သော လမ်းတစ်ခုကို Chanyeol ခင်းပေးထားသည်။
"ကဲ ကျောင်းမှာ ပျော်ပျော်နေခဲ့ပါ ဖေဖေ့သမီးလေး."
"ဖေဖေ တာ့တာ...။"
ကျောင်းရှေ့ရောက်တော့ သမီးလက်ကိုဆွဲကာ ကျောင်းဝနားထိပို့ပေးလိုက်သည်။သမီးက သူ့ပါးကိုတစ်ချက်နမ်းလျက် ကျောင်းဝန်းထဲ ပျော်ပျော်ရွှင်ရွှင်ပဲဝင်သွား၏။ကားပေါ်ပြန်တက်ကာ မောင်းထွက်မည်ပြုစဉ်မှာပင် ခေါင်းကမိုက်ခနဲတစ်ချက်ဖြစ် သွားသည်။ သူ ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်းမိသည်။အလုပ်တွေလည်းပိ စိတ်တွေလည်းရှု့ပ်သဖြင့် ဖြစ်သွားလေသလား။ ခဏလောက် စတီယာရင်ပေါ်ခေါင်းမှောက်ကာမျက်လုံးတွေကိုမှိတ်ထားလိုက်မိသည်။
ရှုပ်ယှက်ခတ်နေသော စိတ်အစဉ်ထဲဝင်လာသည်က BaekHyun သူ့နောက် တကောက်ကောက်လိုက်ခဲ့တာတွေ.။ မိုးရွာထဲ ထီးပေးခဲ့တာတွေ.။ပြီးတော့ မေ့လဲသွားသည့် BaekHyun ကို သူကိုယ်တိုင် အိမ်ခေါ်လာခဲ့တာတွေ.
ထို့နောက်ဘာမှတော့ဆက်စဉ်းစားမရတော့။ခေါင်းလည်းသိပ်မထူနိုင်သဖြင့်Chen ကိုသာဖုန်းဆက်ခေါ်ရတော့သည်။ ကားထိုင်ခုံကိုခပ်လျော့လျော့လုပ်ကာChanyeol မျက်လုံးမှိတ်အနားယူနေလိုက်သည်။ နာရီဝက်နီးပါးကြာတော့Chen ရောက်လာ၏။ သူ ဘေးခုံကိုပြောင်းထိုင်လိုက်ပြီး Chen က ကားမောင်းသူဘက်နေရာယူသည်။
"သတိလည်းထားဦး Chanyeol။ မင်း KyungSoo ပေးတဲ့ဆေးတွေရော မှန်မှန်မသောက်ဘူးလား။ အက်ဆီးဒင့်ဖြစ်တာကြာပြီဆိုလည်း ဆေးကတော့ မပြတ်စေနဲ့လေ."
"သောက်ပါတယ်.ခုတလော အလုပ်နည်းနည်းများသွားလို့.။ပြီးတော့ Chen. Kan HaeSoo ပြန်ရောက်နေတယ်"
ကားက မီးပွိုင့်ရောက်သည်နှင့်ကြုံ၍ Chen က သူ့ဘက်လှည့်ကြည့်လာသည်။ Chanyeol စိတ်ရှုပ်နေသည်ဟု လည်း သူထင်မိသည်။ သေချာတာကတော့ထိုမိန်းမအပေါ် Chanyeol လုံးဝစိတ်မရှိတော့ဘူးဆိုတာကိုယုံသည်။
"အဲ့ဒီတော့ ဘာတဲ့လဲ"
"Aeri ကို အကြောင်းပြုချင်တယ်ပေါ.အဟက်-- ငါ့ဆီလည်းပြန်လာချင်တယ်လေ.။ရူးနေလို့လားငါက သူ့ကိုလက်ခံရအောင်.။ငါ့ရင်ထဲ သူ့အတွက်ဘာမှမကျန်ဘူး။Aeri ကိုတော့ ငါ လွတ်လပ်ခွင့်ပေးထားတယ် ။ သမီးစိတ်တိုင်းကျပဲ။ဒါမှ သမီးက ငါ့အပေါ်ပွင့်လင်းမှာ"
"ဆုံးဖြတ်ချက်မှန်ပါတယ် Aeri လေးကရော လက်ခံလား။"
"BaekHyunee ကိုပဲ သူက တွယ်တာနေတာ။ မေမေ မလိုဘူးတဲ့."
ထိုစကားဆိုချိန် Chanyeol မျက်နှာပြုံးနေသည်ကို Chen တွေ့လိုက်သေးသည်။မီးပွိုင့်လွတ်ပြီမို့ကားလေးက ပြန်လည်မောင်း ထွက်လာသည်။
"မင်း လည်း BaekHyun ကိုအနားမှာရှိစေချင်တယ်မလား။"
"အင်း ဘယ်လိုလုပ်ပြီးလည်းမသိဘူး။ငါ သူ့ကိုတော်တော်လေးချစ်ခဲ့တယ်ထင်တယ်။သူ့ကိုငါ့အပိုင်ဖြစ်အောင်လုပ်ပြီးတော့ ပိုနားလည်လာတယ်။ငါသူ့ကိုချစ်တယ် လက်လွတ်မခံနိုင်ဘူးဆိုတာ."
"မင်း အပိုင် ??"
"အင်း မနေ့ကမှ ငါတို့ ပထမဆုံးအတူနေဖြစ်ခဲ့တယ်ထင်တယ်။"
"ဘာ-"
ကားဘရိတ်က ရုတ်ခြည်းဆောင့်အုပ်မိသည်။တော်သေးသည်ကနောက်ကရှင်းနေချိန်မို့ Chen လမ်းဘေးကို ကားအမြန်ထိုးလိုက်ရသည်။
"Chen. ငါ ခေါင်းမူးတာတောင်ပျောက်သွားပြီ။ဘယ်လိုဖြစ်တာလဲ"
"မင်း--မင်း BaekHyun နဲ့ အတူနေတယ်."
"အေးလေ-ငါ့ယောကျာ်း ငါနဲ့အတူနေတာဆန်းလို့လား။ ဘာ ထဖြစ်တာလဲ။"
Chen ခေါင်းသာခါပြလိုက်တော့သည်။ဒါမျိူးတော့ သူ မသိတာမဟုတ်ပေမယ့် ခေါင်းထဲထည့်မစဉ်းစားခဲ့မိဖူး။ ခြေထောက်မကောင်းသည့် Chanyeolကိုစောင့်ရှောက်ရင်းဒီတိုင်းလေး ပဲ Chanyeol ကို ချစ်ခြင်းမေတ္တာက တကယ်ရှိတယ် ဆိုတာသိစေချင်ခဲ့တာ.။ခြေထောက်ပြန်ကောင်းတုန်းကလည်းအတော်လေးဝမ်းသာခဲ့ရပေမယ့် ဒီလိုမျိူးထိတော့ Chanyeol လက်သွက်မည်မထင်ခဲ့.။ပြီးတော့BaekHyun. တကယ်လက်ထပ်တာလည်းမဟုတ်ဘဲ.အကယ်၍များ တစ်စုံတစ်ခု Chanyeol ကသိရှိသွားခဲ့ပြီး လက်မခံဆိုလျှင် မတတ်နိုင်သည့်အခြေအနေမှာ လူကိုပေးရသလားတဲ့။Chanyeol က ကိုယ့်သူငယ်ချင်းဆို ပေမယ့် ဖြူဖြူစင်စင်ကောင်ကလေးကိုလည်း ညီငယ်လေးလို သဘောထားမိသည်မို့။ နောက်တစ်မျိူးတွေးကြည့်တော့ လည်း .. အတူနေပြီးပြီဆိုတော့ ချည်နှောင်ပြီးသားဖြစ်တာပေါ့ဟုတွေးမိပြန်တော့လည်း စိတ်ကမချမ်းသာသေး။
"ဒါနဲ့လေ ငါက BaekHyunee ကို အတင်းလိုက်ခဲ့တယ်လို့ မင်းပြောတယ်နော်"
"ဟင်---အင်းလေ."
"ငါစိတ်ထဲ ဘာလို့ BaekHyunee ကသာ င့ါကိုအတင်းလိုက်ခဲ့တယ်လို့မြင်နေမိမှန်းမသိဘူး။"
"ဦးနှောက်စစ်ဆေးကြည့်ဦး.။ကယောင်ကတမ်းတွေဖြစ်နေပြီ."
စကားစကိုထိုမျှဖြတ်လျက် ကားကိုပြန်မောင်းထွက်လိုက်သည်။သူ စနောက်သည်ထင်ကာ Chanyeol က ရယ်နေခဲ့သည်။ မရယ်နိုင်ဘဲ အပူမငြိမ်းနိုင်သူက Chen ။ကြည့်ရတာ မေ့နေခဲ့သည့် Chanyeol ၏ မှတ်ဥာဏ်တစ်ချိူ့ ကဖြည်းဖြည်းချင်း ပြန်အလုပ် လုပ်နေခဲ့ပြီထင်သည်။ ဇနီးဟောင်းကလည်း ပြန်ပေါ်လာနေသေးသည်ကြောင့် Chanyeol အတွက်ရော BaekHyun အတွက်ပါ ရင်လေးမိသည်။
အထူးသဖြင့် ခေါင်းမာတတ်သေးသည့် Chanyeol ကြောင့် BaekHyun လေးများ တစ်ခုခု----
******
# With Heart
Just A Dreamer.