Zawgyi
တစ္ခ်က္တစ္ခ်က္ ကိုေရႊဇီးကြက္ ထိုးသံမွအပ တစ္ေလာကလံုး ဆိတ္ၿငိမ္လ်က္႐ွိသည္။
တိမ္ဆိုင္းနန္းျမင့္သာတြင္ ညည္းဦးယံအခ်ိန္ ကတည္းကပင္ စတင္တိတ္ဆိတ္လ်က္႐ွိရာ
ယခုကဲ့သို႔ သန္းေခါင္ယံေက်ာ္လြန္ေနခ်ိန္တြင္ အထူးေျပာစရာမလိုေအာင္ ေျခာက္ျခားဖြယ္နီးပါး ၿငိမ္သက္ေနပါ၏။
အျခားဂိုဏ္းမ်ားမွ ဂိုဏ္းသားငယ္ေလးမ်ားပါ လာေရာက္ပညာသင္ၾကသည္ျဖစ္၍ တိမ္ဆိုင္း နန္းျမင့္သာ႐ွိ နားေနေဆာင္မ်ားမွာ ေနရာလြတ္မ႐ွိ သေလာက္ပင္။
ထိုနားေနေဆာင္တြင္ ပညာသင္အုပ္စုတစ္စုတည္း ျဖစ္သည့္ လန္စစ္ေကြၽး၊ က်င္းလင္၊ လန္က်င္းရီ၊ အိုးရန္ဇီတ်င္း တို႔က စီတန္းလ်က္ တစ္အုပ္စုထဲ အိပ္စက္ၾက၏။
ေတာင္ေပၚေဒသျဖစ္သည့္အေလ်ွာက္ ေအးစိမ့္မႈက အျခားမည္သည့္ေနရာေဒသႏွင့္မ်ွမတူေပ...။
တျဖဴးျဖဴးတိုက္ခတ္ေနေသာ ေလသည္ပင္ အ႐ိုးကြဲခ်င္စရာျဖစ္ေခ်၏။
ထို႔ေၾကာင့္ ထိုမင္းေလးပါးမွာ လူခ်င္း ပူးကပ္လ်က္၊ ေစာင္ခၽင္း လံုးေထြးလ်က္႐ွိေျခ၏။
ည (၉) နာရီမွစတင္ကာ (၄)နာရီၾကာအိပ္စက္ၿပီး သည့္ေနာက္တြင္ က်င္းလင္တစ္ေယာက္ ရုတ္တရက္ ထထိုင္ပါေလ၏။
ထို႔ေနာက္ ျခံဳေစာင္ေအာက္တြင္ ႐ွည္ထြက္ေနၿပီး
ယားယံထံုက်ဥ္လ်က္႐ွိသည့္ သူ၏ေျခဖ၀ါးအား ကုတ္ဖဲ့ပါေလ၏။
အိပ္ခ်င္မူးတူးျဖင့္ ကုတ္၍ပဲလား မဆိုႏိုင္....
သူ၏ေျခေထာက္မွာ အယားမေျပသည့္အျပင္ လက္အထိအေတြ႔ကိုပင္ မခံစားရေခ်။
က်င္းလင္ မည္မ်ွပင္ႀကိဳးစား၍ကုတ္ေစကာမူ သူ၏ေျခေထာက္သည္ မည္သည့္အထိအေတြ႔ကိုမ်ွ မခံစားရေခ်။
ထိတ္လန္႔သြားသည့္ က်င္းလင္ေလးသည္ သူ႔မ်က္စိေ႐ွ႕တြင္ျမင္ေနရသည့္ သူ၏ေျခေခ်ာင္း ျဖဴျဖဴ႐ွည္႐ွည္ေလးမ်ားအား တစ္ေခ်ာင္းခ်င္း ဆြဲခ်ိဳးၾကည့္ပါ၏။
က်င္းလင္ထင္သည္မွာ မမွားေပ။
သူ၏ေျခေခ်ာင္းေလးမ်ားသည္ မည္သည့္အာရံုကိုမွ ခံစားႏိုင္ျခင္းမ႐ွိေတာ့ေပ။
သူ.....သူ ေအာက္ပိုင္းေသသြားေခ်ၿပီလား!။
ေန႔လည္ကမွ ဇီတ်င္းနဲ႔ ေျပးလႊားရန္ျဖစ္ေနေသးသည့္ ဒီေျခေထာက္ေလးေတြက အခုေတာ့.....
အခုေတာ့...။
ဆို႔နင့္လာျခင္းႏွင့္အတူ မ်က္ရည္ေပါက္ႀကီးငယ္တို႔က က်င္းလင္၏ ျခံဳေစာင္ေပၚသို႔ တေတာက္ေတာက္ယို ဖိတ္လ်က္...။
ေလးေလးက်န္းကိုလည္း ေျပးေခၚလို႔ရတဲ့ အေျခ အေနမဟုတ္...။
သူ၏ေလးေလးက်န္းသာ ႐ွိရင္ မည္မ်ွပင္ခက္ခဲေစ ကာမူ တစ္ခုခုေတာ့ၾကံဆႏိုင္ေသးသည္။
ခုေတာ့ ေဘးတြင္ အိပ္ေမာက်ေနသည့္ သေကာင့္သားမ်ားသာလ်ွင္ ႐ွိပါ၏။
သူတို႔ကို အားကိုးရဖို႔ေနေနသာသာ သူမသန္စြမ္းေတာ့တာမ်ားသိရင္ သူ၏သူငယ္ခ်င္း ျဖစ္ခ်င္ၾကပါဦးမလား။
သူကို ခ်န္ထားၾကၿပီး ေပ်ာ္ပါးေနၾကမွာလား~~။
ဒါေပမယ့္ စစ္ေကြၽးကေတာ့ သူ႔ကိုမပစ္ပယ္ ေလာက္ပါဘူးေနာ္။ သူက ငါ့ကုိဆို စိတ္႐ွည္သည္းခံ တာပဲကို...ဟုတ္တယ္မလား။
ဒါေပမယ့္ သူပါ ငါ့ကို ပစ္ပယ္လိုက္ရင္ ဘယ္လိုလုပ္ ရမလဲ...ಥ_ಥ
က်င္းလင္၏ ေရႊမ်က္ရည္စီးေၾကာင္းမ်ား တေတာက္ေတာက္က်ေနသံေၾကာင့္ စစ္ေကြၽးပင္ ႏိုးလာရေခ်ၿပီ။
" ဒီအခ်ိန္ႀကီး...ဘယ္သူက ဆူညံရဲတာလဲ"
စစ္ေကြၽးျမင္လိုက္ရသည္မွာ က်င္းလင္၏ ႐ႈပ္ပြေန သည့္ ဆံပင္ႏွင့္ သူ၏ေဖာင္းအစ္ေနသည့္ မ်က္လံုး မို႔မို႔မွ မ်က္ရည္စီးေၾကာင္းမ်ားက ၀င္းအိေနသည့္ ပါးေဖာင္းေဖာင္းကို ျဖတ္ကာ ျခံဳေစာင္ေပၚသို႔က်ေန ျခင္းပင္။
စစ္ေကြၽး အလံုးစံုႏိုးၾကားသြားပါေခ်၏။
" က်င္းလင္~ ဘာျဖစ္တာလဲ!"
က်င္းလင္ မေျဖႏိုင္ပါေခ်။
" အိမ္မက္ဆိုးမက္လို႔လား..!"
စစ္ေကြၽး၏ဂ႐ုတစိုက္ေမးသံေၾကာင့္ က်င္းလင္ပို၍ပင္ ၀မ္းနည္းလာပါ၏။
// မင္းေျပာသလို အိမ္မက္ဆိုးသာ ဆိုရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ~ T^T //
က်င္းလင္၏ ပိုမိုသည္းထန္လာသည့္ မ်က္ရည္မိုး မ်ားေၾကာင့္ စစ္ေကြၽးသည္ က်င္းရီကိုပင္ အကူအညီ လွမ္းေတာင္းရပါေလ၏။
" က်င္းရီ~က်င္းရီ~ထဦး..။ အေရးႀကီးတယ္!"
က်င္းရီသည္ ထိတ္ထိတ္ျပာျပာျဖင့္ ထေအာ္ပါေလ၏။
" ဘယ္ေကာင္လဲ... !"
က်င္းရီေလးသည္ ၀မ့္႐ွန္းစံုတြဲခ်စ္ရည္လူးပြဲအား အိမ္မက္ထဲထိပင္ ထည့္မက္ေနပါ၏။ ေကာင္းခန္း ေရာက္ေနခ်ိန္၌ သူထိုင္ေနသည့္ သစ္ကိုင္းအား တစ္စံုတစ္ေယာက္က ခ်ိဳးခ်လိုက္သည္ဟု အိမ္မက္ မက္ျခင္းေၾကာင့္ ေဒါသပုန္ထသြားရျခင္းသာ....။
စစ္ေကြၽးသည္ ခ်က္ခ်င္းပင္ က်င္းရီ၏ ပါးစပ္အား လက္ဖ၀ါးျဖင့္ ဖိအုပ္ထားလိုက္ပါ၏။
" ၀ါ..၀ူး၀ါ၀ါ.."
(ငါ Live ၾကည့္ေနတာ)
ေအာ္ေနရင္းမွ က်င္းလင္၏ မိုးေရထဲမွအလြမ္း မ်က္ႏွာအား ေတြ႔လိုက္ရေသာအခါ က်င္းရီ ထိတ္လန္႔ သြားေခ်ၿပီ....
" က်င္းသခင္မေလး~~မင္းကို စစ္ေကြၽး ဘာလုပ္ လို႔လဲ!"
က်င္းရီ၏ အေတြးမ်ားသည္ ယခုထိေအာင္ အိမ္မက္ ထဲမွ ႏိုးမထႏိုင္ေသးဘဲ မဲေမွာင္ေနေသးသည္ျဖစ္ရာ က်င္းလင္၏ အငိုမ်က္လံုးရြဲႀကီးမ်ားကိုျမင္ေတြ႔လိုက္ရ သည့္အခါ မည္သို႔မ်ွ မေတြးမသန္႔ႏိုင္ေတာ့ေပ...။
" စစ္ေကြၽး~မင္း ယုတ္မာလွခ်ည္လား !"
ခ်က္ဆို နားခြက္က မီးေတာက္ၿပီးသားျဖစ္သည့္ စစ္ေကြၽးသည္ က်င္းရီ၏ ပါးအားခပ္ဆဆ ႐ိုက္ႏိႈး လိုက္ပါ၏။
" ဖတ္~ဖတ္~။ ေကာ္ရီး အေမွာင္ကမၻာထဲက ႏိႈးထခ်ိန္တန္ၿပီေနာ္ "
ထိုအခ်ိန္တြင္ က်င္းလင္မွ ပြင့္အန္ခ်လာပါ၏။
" ငါ့ ေအာက္ပိုင္းက မသန္စြမ္းေတာ့ဘူး ရႊတ္~အင့္"
က်င္းလင္ ဘာကိုေျပာခ်င္မွန္း စစ္ေကြၽး သေဘာမေပါက္မီ က်င္းရီ၏အေတြးသည္ကား တဖန္ မိုးခ်ဳပ္သြားျပန္သည္။
" မင္း~မင္းရဲ႕ပန္းကေလး ေနမေကာင္းလို႔လား "
က်င္းလင္သည္ ပို၍ပင္ အားငယ္သြားေခ်၏။
// ငါက ေအာက္ပိုင္းမသန္စြမ္းေတာ့ဘူးလို႔ တ႐ုတ္လိုေျပာတာေတာင္ တ႐ုတ္ကနားမလည္ဘူး ဆိုေတာ့ ငါ့လ်ွာေလးပါ မသန္မစြမ္းျဖစ္သြားတာမ်ား လား။ ေလးေလးက်န္းေရ သားကိုၾကည့္လွည့္ပါဦး
(╥﹏╥)//
ခဏအၾကာတြင္ေတာ့ သံုးေယာက္သား က်င္းလင္၏ ေျခေထာက္အား စတင္စမ္းသပ္ေနၾကပါ၏။
စစ္ေကြၽး~: 'ဒီလိုလိမ္ခ်ိဳးလိုက္ရင္ေကာ ....'
က်င္းလင္~:'ဘာမွ မခံစားရဘူး ...အီး ရႊတ္'
က်င္းရီ~:'ေျခဖ၀ါးကို နာနာ႐ိုက္ရင္ေကာ '
က်င္းလင္~:'ဘာမွမသိပါဘူးဆိုေနမွကြာ..အီး'
စစ္ေကြၽး~:'မထူးဘူးကြာ။ ဓားနဲ႔နဲနဲခြဲၾကည့္မလား။'
က်င္းရီ~:'ေအး..ေသြးပုပ္ေတြထြက္သြားရင္ ........
..............ေကာင္းသြားမလားမသိဘူး'
က်င္းလင္သည္ ဘာမွဆက္မေျပာႏိုင္ေတာ့ဘဲ တ႐ွံု႔႐ွံု႔ သာ ငိုေကြၽးေနေလသည္။
စစ္ေကြၽးသည္ ခ်က္ခ်င္းပင္ အိပ္ယာေဘးတြင္ အသင့္႐ွိေနသည့္ လက္စြဲေတာ္ဓားအား ညင္သာစြာ ဆြဲထုတ္လိုက္ပါ၏။
စစ္ေကြၽး~:'နာရင္ေျပာေနာ္ '
က်င္းလင္~:'အင္း...ရႊတ္'
စစ္ေကြၽးသည္ ဓားဆီသို့ အတြင္းအားအခ်ိဳ႕ပို႔လႊတ္ လိုက္ၿပီး ညင္သာစြာ က်င္းလင္၏ေျခဖ၀ါးအား ထိုးခြဲ ရန္ ခ်ိန္ရြယ္လိုက္ပါ၏။
ထိုအခ်ိန္တြင္.....
'ဟပ္ခ်ိဳး~!'
ထိုအသံႏွင့္အတူ က်င္းလင္၏ ေျခေထာက္သည္ လည္း လႈပ္ခါသြားပါ၏။
က်င္းလင္၊ စစ္ေကြၽးႏွင့္ က်င္းရီတို႔သည္ ၀မ္းသာ အားရ ေအာ္မိေတာ့မတက္ျဖစ္သြားခ်ိန္တြင္ က်င္းလင္၏ လႈပ္မရေသာေျခေထာက္သည္ ေစာင္ထဲသို႔ လ်ိွဳ၀င္သြားကာ...
အိုးရန္ဇိက်င္းသည္ ထထိုင္လိုက္ရင္း ဆိုပါ၏။
"ဘာလို့ ငါ့ေျခေထာက္က အဲ့ေလာက္ နာရတာလဲ!"
အိုးရန္ဇီက်င္း ထထိုင္လိုက္သည္ႏွင့္ က်င္းလင္၏ ေျခေထာက္သည္လည္း ျပန္လည္လႈပ္႐ွားလာႏိုင္ပါ ၏။ထိုအခါတြင္မွ က်င္းလင္သည္ သေဘာေပါက္သြား ရေခ်၏။
အျဖစ္ကား ဤသို႔.....။
အိုးရန္ဇိက်င္းသည္ က်င္းလင္၏ေျခေထာက္အား ဖိထားမိၿပီး အိပ္ေမာက်ေနပါ၏။ ဖိခံထားရသည့္ က်င္းလင္၏ေျခေထာက္ ထံုက်ဥ္လာခ်ိန္တြင္ က်င္းလင္ႏိႈးလာပါ၏။ ထံုက်ဥ္ယားယံလာသည့္ ေျခေထာက္အား ကုတ္ဖဲ့ရန္ ထ.လိုက္ခ်ိန္တြင္ ေစာင္အျပင္သို႔ထြက္ေနသည့္ အိုးရန္ဇိက်င္း၏ ေျခေထာက္အား ကုတ္ဖဲ့မိျခင္းသာ.....။
ရာသီဥတုေအး၍ ထံုက်ဥ္ေနျခင္းႏွင့္အတူ အိပ္ခ်င္မူးတူးျဖစ္ေနျခင္းေၾကာင့္ မည္သူမွ ထိုကိစၥအား မရိပ္မိျခင္း။
ဇိတ်င္းသည္လည္း ေန႔လည္က က်င္းလင္ႏွင့္ ရန္ျဖစ္ေျပးလႊားကစားထား၍ ေျခေထာက္ဓားခြဲခံရမွ သာ ႏိႈးလာျခင္းပင္....။
ကိုယ့္ေျခေထာက္ ကိုယ္မမွတ္မိတဲ့ က်င္းလင္ေလး သည္ ထိုအခါမွသာ တဟီးဟီး တဟားဟား ျဖင့္ ျပံဳးရယ္ႏိုင္ပါေတာ့၏။
" ငါ့ေျခေထာက္ေလး~~ အိုး ခ်စ္စရာေကာင္းတဲ့ ငါ့ေျခေထာက္ေလး~။ ေျခေခ်ာင္းေလးေတြကလည္း ေဖြးဥေနတာပဲ....အဟီး"
စစ္ေကြၽးက မည္သို႔မွ်မဆိုေသာ္လည္း က်င္းရီမွာ ေတာ့ Live တစ္ခန္းလႊတ္သြား၍ ႀကိတ္မႏိုင္ ခဲမရျဖင့္ အစကျပန္ျကည႔္ရန္~အဲ..မဟုတ္~ အစက ျပန္အိပ္ရန္ ႀကိဳးစားေနပါေတာ့၏။
က်င္းရီ~:'ေကာင္းခန္းေရာက္ရင္ သာသနာဖ်က္ ေတြခ်ည္းပဲ။ ၀ဋ္လည္ပါေစေနာ္' ဟူ၍။
(16-9-2019)
Unicode
တစ်ချက်တစ်ချက် ကိုရွှေဇီးကွက် ထိုးသံမှအပ တစ်လောကလုံး ဆိတ်ငြိမ်လျက်ရှိသည်။
တိမ်ဆိုင်းနန်းမြင့်သာတွင် ညည်းဦးယံအချိန် ကတည်းကပင် စတင်တိတ်ဆိတ်လျက်ရှိရာ
ယခုကဲ့သို့ သန်းခေါင်ယံကျော်လွန်နေချိန်တွင် အထူးပြောစရာမလိုအောင် ခြောက်ခြားဖွယ်နီးပါး ငြိမ်သက်နေပါ၏။
အခြားဂိုဏ်းများမှ ဂိုဏ်းသားငယ်လေးများပါ လာရောက်ပညာသင်ကြသည်ဖြစ်၍ တိမ်ဆိုင်း နန်းမြင့်သာရှိ နားနေဆောင်များမှာ နေရာလွတ်မရှိ သလောက်ပင်။
ထိုနားနေဆောင်တွင် ပညာသင်အုပ်စုတစ်စုတည်း ဖြစ်သည့် လန်စစ်ကျွေး၊ ကျင်းလင်၊ လန်ကျင်းရီ၊ အိုးရန်ဇီတျင်း တို့က စီတန်းလျက် တစ်အုပ်စုထဲ အိပ်စက်ကြ၏။
တောင်ပေါ်ဒေသဖြစ်သည့်အလျှောက် အေးစိမ့်မှုက အခြားမည်သည့်နေရာဒေသနှင့်မျှမတူပေ...။
တဖြူးဖြူးတိုက်ခတ်နေသော လေသည်ပင် အရိုးကွဲချင်စရာဖြစ်ချေ၏။
ထို့ကြောင့် ထိုမင်းလေးပါးမှာ လူချင်း ပူးကပ်လျက်၊ စောင်ချင်း လုံးထွေးလျက်ရှိခြေ၏။
ည (၉) နာရီမှစတင်ကာ (၄)နာရီကြာအိပ်စက်ပြီး သည့်နောက်တွင် ကျင်းလင်တစ်ယောက် ရုတ်တရက် ထထိုင်ပါလေ၏။
ထို့နောက် ခြုံစောင်အောက်တွင် ရှည်ထွက်နေပြီး
ယားယံထုံကျဉ်လျက်ရှိသည့် သူ၏ခြေဖဝါးအား ကုတ်ဖဲ့ပါလေ၏။
အိပ်ချင်မူးတူးဖြင့် ကုတ်၍ပဲလား မဆိုနိုင်....
သူ၏ခြေထောက်မှာ အယားမပြေသည့်အပြင် လက်အထိအတွေ့ကိုပင် မခံစားရချေ။
ကျင်းလင် မည်မျှပင်ကြိုးစား၍ကုတ်စေကာမူ သူ၏ခြေထောက်သည် မည်သည့်အထိအတွေ့ကိုမျှ မခံစားရချေ။
ထိတ်လန့်သွားသည့် ကျင်းလင်လေးသည် သူ့မျက်စိရှေ့တွင်မြင်နေရသည့် သူ၏ခြေချောင်း ဖြူဖြူရှည်ရှည်လေးများအား တစ်ချောင်းချင်း ဆွဲချိုးကြည့်ပါ၏။
ကျင်းလင်ထင်သည်မှာ မမှားပေ။
သူ၏ခြေချောင်းလေးများသည် မည်သည့်အာရုံကိုမှ ခံစားနိုင်ခြင်းမရှိတော့ပေ။
သူ.....သူ အောက်ပိုင်းသေသွားချေပြီလား!။
နေ့လည်ကမှ ဇီတျင်းနဲ့ ပြေးလွှားရန်ဖြစ်နေသေးသည့် ဒီခြေထောက်လေးတွေက အခုတော့.....
အခုတော့...။
ဆို့နင့်လာခြင်းနှင့်အတူ မျက်ရည်ပေါက်ကြီးငယ်တို့က ကျင်းလင်၏ ခြုံစောင်ပေါ်သို့ တတောက်တောက်ယို ဖိတ်လျက်...။
လေးလေးကျန်းကိုလည်း ပြေးခေါ်လို့ရတဲ့ အခြေ အနေမဟုတ်...။
သူ၏လေးလေးကျန်းသာ ရှိရင် မည်မျှပင်ခက်ခဲစေ ကာမူ တစ်ခုခုတော့ကြံဆနိုင်သေးသည်။
ခုတော့ ဘေးတွင် အိပ်မောကျနေသည့် သကောင့်သားများသာလျှင် ရှိပါ၏။
သူတို့ကို အားကိုးရဖို့နေနေသာသာ သူမသန်စွမ်းတော့တာများသိရင် သူ၏သူငယ်ချင်း ဖြစ်ချင်ကြပါဦးမလား။
သူကို ချန်ထားကြပြီး ပျော်ပါးနေကြမှာလား~~။
ဒါပေမယ့် စစ်ကျွေးကတော့ သူ့ကိုမပစ်ပယ် လောက်ပါဘူးနော်။ သူက ငါ့ကိုဆို စိတ်ရှည်သည်းခံ တာပဲကို...ဟုတ်တယ်မလား။
ဒါပေမယ့် သူပါ ငါ့ကို ပစ်ပယ်လိုက်ရင် ဘယ်လိုလုပ် ရမလဲ...ಥ_ಥ
ကျင်းလင်၏ ရွှေမျက်ရည်စီးကြောင်းများ တတောက်တောက်ကျနေသံကြောင့် စစ်ကျွေးပင် နိုးလာရချေပြီ။
" ဒီအချိန်ကြီး...ဘယ်သူက ဆူညံရဲတာလဲ"
စစ်ကျွေးမြင်လိုက်ရသည်မှာ ကျင်းလင်၏ ရှုပ်ပွနေ သည့် ဆံပင်နှင့် သူ၏ဖောင်းအစ်နေသည့် မျက်လုံး မို့မို့မှ မျက်ရည်စီးကြောင်းများက ၀င်းအိနေသည့် ပါးဖောင်းဖောင်းကို ဖြတ်ကာ ခြုံစောင်ပေါ်သို့ကျနေ ခြင်းပင်။
စစ်ကျွေး အလုံးစုံနိုးကြားသွားပါချေ၏။
" ကျင်းလင်~ ဘာဖြစ်တာလဲ!"
ကျင်းလင် မဖြေနိုင်ပါချေ။
" အိမ်မက်ဆိုးမက်လို့လား..!"
စစ်ကျွေး၏ဂရုတစိုက်မေးသံကြောင့် ကျင်းလင်ပို၍ပင် ၀မ်းနည်းလာပါ၏။
// မင်းပြောသလို အိမ်မက်ဆိုးသာ ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ~ T^T //
ကျင်းလင်၏ ပိုမိုသည်းထန်လာသည့် မျက်ရည်မိုး များကြောင့် စစ်ကျွေးသည် ကျင်းရီကိုပင် အကူအညီ လှမ်းတောင်းရပါလေ၏။
" ကျင်းရီ~ကျင်းရီ~ထဦး..။ အရေးကြီးတယ်!"
ကျင်းရီသည် ထိတ်ထိတ်ပြာပြာဖြင့် ထအော်ပါလေ၏။
" ဘယ်ကောင်လဲ... !"
ကျင်းရီလေးသည် ၀မ့်ရှန်းစုံတွဲချစ်ရည်လူးပွဲအား အိမ်မက်ထဲထိပင် ထည့်မက်နေပါ၏။ ကောင်းခန်း ရောက်နေချိန်၌ သူထိုင်နေသည့် သစ်ကိုင်းအား တစ်စုံတစ်ယောက်က ချိုးချလိုက်သည်ဟု အိမ်မက် မက်ခြင်းကြောင့် ဒေါသပုန်ထသွားရခြင်းသာ....။
စစ်ကျွေးသည် ချက်ချင်းပင် ကျင်းရီ၏ ပါးစပ်အား လက်ဖဝါးဖြင့် ဖိအုပ်ထားလိုက်ပါ၏။
" ဝါ..၀ူးဝါဝါ.."
(ငါ Live ကြည့်နေတာ)
အော်နေရင်းမှ ကျင်းလင်၏ မိုးရေထဲမှအလွမ်း မျက်နှာအား တွေ့လိုက်ရသောအခါ ကျင်းရီ ထိတ်လန့် သွားချေပြီ....
" ကျင်းသခင်မလေး~~မင်းကို စစ်ကျွေး ဘာလုပ် လို့လဲ!"
ကျင်းရီ၏ အတွေးများသည် ယခုထိအောင် အိမ်မက် ထဲမှ နိုးမထနိုင်သေးဘဲ မဲမှောင်နေသေးသည်ဖြစ်ရာ ကျင်းလင်၏ အငိုမျက်လုံးရွဲကြီးများကိုမြင်တွေ့ လိုက်ရသည့်အခါ မည်သို့မျှ မတွေးမသန့်နိုင် တော့ပေ...။
" စစ်ကျွေး~မင်း ယုတ်မာလှချည်လား !"
ချက်ဆို နားခွက်က မီးတောက်ပြီးသားဖြစ်သည့် စစ်ကျွေးသည် ကျင်းရီ၏ ပါးအားခပ်ဆဆ ရိုက်နှိုး လိုက်ပါ၏။
" ဖတ်~ဖတ်~။ ကော်ရီး အမှောင်ကမ်ဘာထဲက နှိုးထချိန်တန်ပြီနော် "
ထိုအချိန်တွင် ကျင်းလင်မှ ပွင့်အန်ချလာပါ၏။
" ငါ့ အောက်ပိုင်းက မသန်စွမ်းတော့ဘူး ရွှတ်~အင့်"
ကျင်းလင် ဘာကိုပြောချင်မှန်း စစ်ကျွေး သဘောမပေါက်မီ ကျင်းရီ၏အတွေးသည်ကား တဖန် မိုးချုပ်သွားပြန်သည်။
" မင်း~မင်းရဲ့ပန်းကလေး နေမကောင်းလို့လား "
ကျင်းလင်သည် ပို၍ပင် အားငယ်သွားချေ၏။
// ငါက အောက်ပိုင်းမသန်စွမ်းတော့ဘူးလို့ တရုတ်လိုပြောတာတောင် တရုတ်ကနားမလည်ဘူး ဆိုတော့ ငါ့လျှာလေးပါ မသန်မစွမ်းဖြစ်သွားတာများ လား။ လေးလေးကျန်းရေ သားကိုကြည့်လှည့်ပါဦး
(╥﹏╥)//
ခဏအကြာတွင်တော့ သုံးယောက်သား ကျင်းလင်၏ ခြေထောက်အား စတင်စမ်းသပ်နေကြပါ၏။
စစ်ကျွေး~: 'ဒီလိုလိမ်ချိုးလိုက်ရင်ကော ....'
ကျင်းလင်~:'ဘာမှ မခံစားရဘူး ...အီး ရွှတ်'
ကျင်းရီ~:'ခြေဖဝါးကို နာနာရိုက်ရင်ကော '
ကျင်းလင်~:'ဘာမှမသိပါဘူးဆိုနေမှကွာ..အီး'
စစ်ကျွေး~:'မထူးဘူးကွာ။ ဓားနဲ့နဲနဲခွဲကြည့်မလား။'
ကျင်းရီ~:'အေး..သွေးပုပ်တွေထွက်သွားရင် ........
..............ကောင်းသွားမလားမသိဘူး'
ကျင်းလင်သည် ဘာမှဆက်မပြောနိုင်တော့ဘဲ တရှုံ့ရှုံ့ သာ ငိုကျွေးနေလေသည်။
စစ်ကျွေးသည် ချက်ချင်းပင် အိပ်ယာဘေးတွင် အသင့်ရှိနေသည့် လက်စွဲတော်ဓားအား ညင်သာစွာ ဆွဲထုတ်လိုက်ပါ၏။
စစ်ကျွေး~:'နာရင်ပြောနော် '
ကျင်းလင်~:'အင်း...ရွှတ်'
စစ်ကျွေးသည် ဓားဆီသို့ အတွင်းအားအချို့ပို့လွှတ် လိုက်ပြီး ညင်သာစွာ ကျင်းလင်၏ခြေဖဝါးအား ထိုးခွဲ ရန် ချိန်ရွယ်လိုက်ပါ၏။
ထိုအချိန်တွင်.....
'ဟပ်ချိုး~!'
ထိုအသံနှင့်အတူ ကျင်းလင်၏ ခြေထောက်သည် လည်း လှုပ်ခါသွားပါ၏။
ကျင်းလင်၊ စစ်ကျွေးနှင့် ကျင်းရီတို့သည် ၀မ်းသာ အားရ အော်မိတော့မတက်ဖြစ်သွားချိန်တွင် ကျင်းလင်၏ လှုပ်မရသောခြေထောက်သည် စောင်ထဲသို့ လျှို၀င်သွားကာ...
အိုးရန်ဇိကျင်းသည် ထထိုင်လိုက်ရင်း ဆိုပါ၏။
"ဘာလို့ ငါ့ခြေထောက်က အဲ့လောက် နာရတာလဲ!"
အိုးရန်ဇီကျင်း ထထိုင်လိုက်သည်နှင့် ကျင်းလင်၏ ခြေထောက်သည်လည်း ပြန်လည်လှုပ်ရှားလာနိုင်ပါ ၏။ထိုအခါတွင်မှ ကျင်းလင်သည် သဘောပေါက်သွား ရချေ၏။
အဖြစ်ကား ဤသို့.....။
အိုးရန်ဇိကျင်းသည် ကျင်းလင်၏ခြေထောက်အား ဖိထားမိပြီး အိပ်မောကျနေပါ၏။ ဖိခံထားရသည့် ကျင်းလင်၏ခြေထောက် ထုံကျဉ်လာချိန်တွင် ကျင်းလင်နှိုးလာပါ၏။ ထုံကျဉ်ယားယံလာသည့် ခြေထောက်အား ကုတ်ဖဲ့ရန် ထ.လိုက်ချိန်တွင် စောင်အပြင်သို့ထွက်နေသည့် အိုးရန်ဇိကျင်း၏ ခြေထောက်အား ကုတ်ဖဲ့မိခြင်းသာ.....။
ရာသီဥတုအေး၍ ထုံကျဉ်နေခြင်းနှင့်အတူ အိပ်ချင်မူးတူးဖြစ်နေခြင်းကြောင့် မည်သူမှ ထိုကိစ္စအား မရိပ်မိခြင်း။
ဇိတျင်းသည်လည်း နေ့လည်က ကျင်းလင်နှင့် ရန်ဖြစ်ပြေးလွှားကစားထား၍ ခြေထောက်ဓားခွဲခံရမှ သာ နှိုးလာခြင်းပင်....။
ကိုယ့်ခြေထောက် ကိုယ်မမှတ်မိတဲ့ ကျင်းလင်လေး သည် ထိုအခါမှသာ တဟီးဟီး တဟားဟား ဖြင့် ပြုံးရယ်နိုင်ပါတော့၏။
" ငါ့ခြေထောက်လေး~~ အိုး ချစ်စရာကောင်းတဲ့ ငါ့ခြေထောက်လေး~။ ခြေချောင်းလေးတွေကလည်း ဖွေးဥနေတာပဲ....အဟီး"
စစ်ကျွေးက မည်သို့မျှမဆိုသော်လည်း ကျင်းရီမှာ တော့ Live တစ်ခန်းလွှတ်သွား၍ ကြိတ်မနိုင် ခဲမရဖြင့် အစကပြန်ကြည့်ရန်~အဲ..မဟုတ်~ အစက ပြန်အိပ်ရန် ကြိုးစားနေပါတော့၏။
ကျင်းရီ~:'ကောင်းခန်းရောက်ရင် သာသနာဖျက် တွေချည်းပဲ။ ၀ဋ်လည်ပါစေနော်' ဟူ၍။
(16-9-2019)