ငြိမ်ငြိမ်သက်သက်ထိုင်နေပြီး ကားစတီယာရင်ပေါ်လက်တင်ထားတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်စကားမစရဲပါဘူး။ အဲ့ဒီအစား ပူနေတဲ့လက်တွေကိုပဲ အချင်းချင်းထွေးဆုပ်မိထားတယ်။ ကားလိုင်စင်ဘယ်တုန်းကရလိုက်တာလဲလို့တွေးမိပြီးမှ အော်..တွေးစရာလည်းမဟုတ်ပဲ ဆိုပြီး ပြန်တွေးမိပြန်တယ်။ မြို့ပြန်တဲ့လမ်းဘေးမို့ လူတွေရောကားတွေပါရှင်းနေတယ်။ တောင်ကုန်းတွေထူထပ်တဲ့နေရာမှာ လေက တဖြူးဖြူးရယ်။ အမိုးဖွင့်ထားလို့ ရှောင်းကျန့်မှာအေးနေရောပဲ။
"တစ်ရက်ပြီးရင်..... "
"အင်း....ဒီကြားထဲမင်းဘာတွေလုပ်ချင်လဲ"
ရှောင်းကျန့် စိတ်ကိုအဆုံးထိလွတ်ချလိုက်တယ်။ တစ်ဘဝစာဝေးဖို့ ရှောင်းကျန့် လေပြေကလေးကို ဒီတစ်ရက်တာ လက်ကမ်းကြိုဆိုမယ်။ လေရဟတ်ကလေးတွေက ဘဝမှာတစ်ခါသာဖြတ်တိုက်သွားတဲ့လေပြေကလေးကို လွမ်းခွင့်ရော ရှိပါရဲ့လား။
ရိပေါ်က ရှောင်းကျန့်ကိုပခုံးတွေကနေဆွဲယူပြီးတင်းတင်းကြပ်ကြပ်ဖက်လာတယ်။ တအားနီးကပ်လွန်းလို့ ရိပေါ်ကိုယ်ထဲ နစ်ဝင်တော့မတတ်ပဲ။ နောက်ကျောဘက်မှာ သိုင်းဖက်ထားတဲ့လက်တွေက အားနဲ့မာန်နဲ့ရယ်။ ပခုံးပေါ်ကနေကျော်ပြီး ရိပေါ်လည်ပင်းကိုသိုင်းဖက်လိုက်တယ်။ ကျောပြင်ကိုဖွဖွပုတ်လာတဲ့ ရိပေါ်ရဲ့လက်တွေ။
"လက်မလွတ်ချင်လို့ရူးတော့မယ်ထင်တယ်။ ဒါပေမဲ့ ခင်များက သိပ်မာနကြီးတာပဲ"
အက်နေတဲ့အသံကြောင့် ရှောင်းကျန့်မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။
"တွဲကြရအောင်။ မနက်ဖြန်တစ်ရက်"
နာကျင်မှုကိုဘာနဲ့တိုင်းတာပြရမလဲ ရိပေါ်မသိဘူး။ သူ့ဘဝမှာ ဒီလောက်နာကျင်ရတာမျိုးတစ်ခါမှမခံစားခဲ့ရဖူးဘူး။ ဘာကိုမှစောက်ဂရုမစိုက်ပဲ ရှောင်းကျန့်ကို ခိုးပစ်သွားချင်တယ်။ ဘယ်သူမှမရှိတဲ့နေရာမှာ..သူတစ်ယောက်ပဲ ကြင်နာနိုင်မဲ့နေရာမှာထားပြီး။ သူနဲ့မဟုတ်ပဲ ဆိုင်သူရှိသွားတော့မယ့်ရှောင်းကျန့်ကို သူမမြင်ချင်ဘူး။ အနည်းဆုံးတော့ ဒီလိုဆုံးဖြတ်ပစ်လိုက်တာက သူ့ဘက်က ကွဲကြေမှုကို အနာကပ်ပလာစတာနဲ့ ကောက်ကပ်ဖို့ အခွင့်အရေးပေးထားတာပဲ။ တစ်ဘဝလုံးကျန်ခဲ့မယ့် အက်ကြောင်းရာကြီးနဲ့ပေါ့!
"ကျွန်တော်.....နမ်းလို့ရလား"
ပခုံးပေါ်မေးတင်ထားတဲ့ ရိပေါ်ဆီကအသံထွက်လာတော့ ရှောင်းကျန့် သာသာကလေးရယ်တယ်။ ရှက်သွားသလိုခံစားချက်ကြောင့် ရိပေါ်သူ့ပါးသူပြန်ပွတ်မိတယ်။ သူလူအများကြီးကိုနမ်းဖူးတယ်။ ဒီလိုခံစားချက်မျိုးတော့ ဘယ်တုန်းကမှမရခဲ့ဘူး။ တွေးရုံလေးနဲ့တင် ပေါက်ထွက်မတတ် နှလုံးခုန်လာတာမျိုး။
နှုတ်ခမ်းနှစ်လွှာက ရဲရဲစိုမနေပါဘူး။ ဖူးဖူးအိအိ အသွင်လည်းမရှိဘူး။ ပုံမှန်အတိုင်းကိုမှ ဖြူဖျော့နေသေးပေမဲ့ ရိပေါ်ရင်ထဲ မုန်တိုင်းတွေတိုက်နေသလိုပဲ။ အာခေါင်တွေခြောက်လာလို့ တံတွေးကိုခပ်မြန်မြန်ပဲမျိုချမိတယ်။ ဒါပထမဆုံး တရာဝင်အနမ်း။ အလိုမတူတာ...မကြည်ဖြူတာ၊ အတင်းအကြပ်လုပ်ယူတာတွေမဟုတ်ပဲ။ ရှောင်းကျန့်ကိုယ်တိုင် လက်ခံခဲ့တဲ့ အနမ်း။
သာသာကလေးထိကပ်လိုက်တယ်။ ချိုချဉ်လုံးကလေးလိုစုပ်ယူမိတော့ ရှောင်းကျန့်လက်တွေက ရင်ဘတ်ကိုထိကိုင်လာတယ်။ တွန်းတော့မပစ်ပေမဲ့ ရိပေါ်ရဲ့ အင်္ကျီကို အားနဲ့ဆွဲဆုပ်ထားတယ်။ ရိပေါ်ပြုံးလိုက်မိသလိုပဲ။ ရှောင်းကျန့်မျက်နှာ ကိုလက်ဖဝါးတွေနဲ့ပင့်ယူပြီး သူအားပိုထည့်လိုက်တယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ရှောင်းကျန့်က သူ့အောက်ရောက်နေရပြီ။ လှိုက်ဖိုတာတွေများလာတော့ ပိုပိုင်ဆိုင်ချင်တဲ့ဆန္ဒတွေက ထိန်းချုပ်ရခက်လာတယ်။ အစကငြင်ငြင်သာသာပေမဲ့ ဘယ်တုန်းကမှ မနူးညံ့တတ်ခဲ့တဲ့ စိတ်ကြောင့် နည်းနည်းကြမ်းတမ်းလာမိတယ်။ ပြီးတော့ ခန္ဓာကိုယ်က ရှိသမျှသွေးကြောတွေက တဖျင်းဖျင်းနဲ့ ရှိန်းဖိန်းနေတာပဲ!
"ရိပေါ်....ငါ..မော..နေပြီ"
ခပ်လှုပ်လှုပ်ရင်ဘတ်ငယ်။ နှုတ်ခမ်းတွေက သွေးရောင်လွမ်းတယ်။ ရှက်သွေးတွေရဲနေတဲ့ ပါးပြင်သွယ်သွယ်တွေ။ မျက်တောင်ဖျားတွေ တဖြတ်ဖြတ်ခတ်နေတဲ့ မျက်ဝန်း။ နဖူးပြေပြေပေါ် ဖိနမ်းလိုက်တယ်။ ရှောင်းကျန့် မျက်လုံးတွေမှိတ်လိုက်တယ်။
ရုတ်တရက်ပဲ သူငိုချင်သွားတယ်။
.........
စေ့စပ်ပွဲအတွက် အလုပ်ရှုပ်နေရမယ့် သခင်လေးက ဒီလူနဲ့ပဲတကပ်ကပ်ရှိနေတာကြောင့် အိမ်တော်ကလူတွေဟာ စေ့စပ်မဲ့လူမှားချင်နေကြတယ်။ မျက်နှာချင်းဆိုင်မိရင် ပြုံးနေကြတာများ မှောင်နေရင်တောင် လင်းသွားမယ့် မီးဆိုင်းကြီးလိုဒီဇိုင်းမျိုးနဲ့။ အကျယ်တဝင့် ဖော်ပြနေကြတဲ့ မီဒီယာတွေအားလုံးကိုရိပေါ်က တစ်ချက်မကြည့်ပေမဲ့ နိုင်ငံကျော်တဲ့စေ့စပ်ပွဲဟာ သမ္မတဟောင်းရဲ့သားလေးနဲ့ ပြင်သစ်သံအမတ်တို့ရဲ့ သမီးကညာလေးတို့မို့ နှစ်နိုင်ငံရွှေလမ်းငွေလမ်းဖောက်သလိုပဲ။ နိုင်ငံရေးအရ အရေးပါလာသလိုဖြစ်တာမို့ ရိပေါ်ရဲ့စေ့စပ်ပွဲဟာ နိုင်ငံတော်အဆင့် အဖြစ်သတ်မှတ်ခံရပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာ အကြီးကျယ်ဆုံး စေ့စပ်မင်္ဂလာပွဲတစ်ခုဖြစ်လာခဲ့တယ်။
အဖြူရောင်မီးပန်းဆိုင်းတွေနဲ့ ဖြူလင်းနေတဲ့ ပွဲတစ်ခုဟာ မနက်ဖြန်မှာပဲ မြို့တော်ခန်းမ မှာစောင့်ကြိုနေတယ်။ ရာချီတဲ့ ဝိုင်ခွက်တွေမှာ စားပွဲထိုးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး အမျိုးသားကလေးတွေက ဝိုင်လိုက်ဖြည့်နေကြတယ်။ ထိပ်တန်းစာဖိုးမှူးတွေကလည်း အလုပ်နဲ့လက်မပြတ်ဖူး။ Baby's Breath ပန်းလေးတွေက လျှောက်လမ်းမှာ ကြွားကြွားရွားရွား။ ဒီဇိုင်နာဟာ နောကိဆုံးအဆင့် အနေနဲ့ စိန်တစ်လုံးကို အိပ်ထောင်ဖျားမှာတပ်လိုက်တယ်။ သူ့ဘဝမှာ ဒါဟာ ဂုဏ်အယူရဆုံး ပွဲဖြစ်လာမှာမို့ သူပြုံးနေတယ်။ ရှယ်လီက ကြက်သွေးရင့်ရောင် ချစ်စရာဇာဂါဝန်ကလေးကို ဝတ်ထားတယ်။ မနက်ဖြန်အတွက် သူမ ရင်ခုန်နေတယ်။
မြို့တော်ဝန်က ခန်းမထဲမှာ လက်ညှိုးတစ်ထိုးထိုးနဲ့။ လက်ရှိသမ္မတက ဝမ်ကျားလော့ဆီ ဂုဏ်ပြုသဝဏ်လွှာပေးပို့လာတယ်။
......
ရေတံခွန်တုလေးဘေးကမြက်ခင်းစိမ်းပေါ်မှာ ရှောင်းကျန့်က တင်ပလ္လင်ခွေပြီးထိုင်နေတယ်။ ညာဘက်လက်က သူ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီးအိပ်ပျော်နေတဲ့ ရိပေါ်ရဲ့ ဆံပင်တွေကို အသာလေးပဲ ပွတ်သပ်နေခဲ့တယ်။
......
Message arrived!
(ယွီလန်)
"မနက်ဖြန် နင်ဆေးသွင်းရမယ့်နေ့နော်။ မေ့နေမှာစိုးလို့!"
.......