______________သခင်________________
မုန်းလိုက်တာ .......။
___________________________________________________
📲📲📲📲[calling from Noona]
"ဟဲလို...."
"ကျေးဇူးnoona...."
"Nonna....မဖြစ်နိုင်...."
_______________သခင်__________________
ဗွမ်း!!
"Jeon Jung Kook....!!"
တောက်စ်!!!
ဘုတ်!!
"Okလေ....မင်းသဘော...."
ကြမ်းပြင်ပေါ်ကလွယ်အိတ်ကိုကောက်ယူကာ Tae Hyung အိမ်ပေါ်သို့တစ်ဖန်ပြန်တက်ခဲ့ပြန်လေသည်....။
___________________________________________________
"ဆင်းတော့...."
"ဘာ...."
သူ့တွင်ပိုက်ဆံလည်းမပါသလို....ဖုန်းလည်းထို့နည်း၎င်းပင်.........။
"Kim Tae Hyung....!!! .."
"Jung Kook...."
_______________သခင်____________
With unicode....
မုန်းတာထက်ပိုတယ် အကြိမ်ကြိမ် ပြောနေခဲ့တယ်.....
သို့ပေမယ့် .....အမုန်းတွေအထပ်ထပ်ရစ်ပတ်ပြီး ကိုယ့်ဘဝကသူ့ဆီမှာထာဝရ ပိတ်လှောင်ခံခဲ့ရတယ်....
ကိုယ်တိုင်ဖန်ဆင်းတဲ့ ထောက်ချောက်ထဲ ရူးမိုက်စွာ သက်ဆင်းခဲ့မိပြီ.....
ရက်စက်လွန်းလှပါရဲ့ ကျွန်တော့်ရဲ့ အရှင်သခင်......
______________သခင်________________
မုန်းလိုက်တာ .......။
သူ့ရဲ့ဘဝကို တစ်ညတာအမှားတစ်ခုကြောင့် ဖျက်ဆီးခဲ့မိတဲ့အတွက် အခုအချိန်ထိ ရခဲ့မိတဲ့ ယူကြုံးမရခဲ့တဲ့ နောင်တတွေ......။
ဘာတဲ့....။ သူ့ကိုလက်စားချေဖို့အတွက်တစ်ယောက်သောသူက အကွက်ကျကျစီစဉ်ခဲ့တဲ့ ပြဇာတ်တစ်ပုဒ်မှာ ကိုယ်ကအသုံချခံတဲ့လေ.....။
အဟား.....တကယ်ရီရတယ်.....။ မသိလို့မေးပါရစေ လောကကြီးရယ် ကျွန်တော်မျိုးနဲ့ဘာအကြောင်းကိစ္စများသက်ဆိုင်နေခဲ့လို့လဲ.....။
အဲဒီနေ့က အမှားကြောင့် အပြစ်မရှိဘဲလောကကြီးထဲကထွက်သွားခဲ့ရတဲ့ တစ်ဦးတည်းသော ဦးလေး......။
ဒေါင်ကျကျပြားကျကျ ဘဝပျက်မတတ်ဖြစ်ခဲ့ရတဲ့နေ့ရက်တွေ......။
နောက်ကျမှသိခဲ့ရတာက ကိုယ့်ရဲ့အမှားမဟုတ်ခဲ့.....။
အရေးမပါတဲ့ မယားလုပွဲပြသနာမှာ မြေစာပင်ဖြစ်ခဲ့ရတာက မိမိဘဝ.....။
ထိုသူကိုရူးလောက်အောင်မုန်းတယ်ပေမယ့် ထိုကိစ္စကြောင့် သူ့အပေါ်မှာ အမြဲတစေ အားနာစိတ်လေးတစ်ခုကတော့ Jung Kook ရင်ထဲမှာရှိနေခဲ့တာ.....။
ခင်ဗျားရဲ့အမှားတွေလေ....ခင်ဗျားရဲ့အရှုပ်ထုပ်တွေလေဗျာ.....ဘာကြောင့်များ....ဘာကြောင့်များ.....ကျွန်တော့်ကိုအပြစ်တွေဖို့ခဲ့တာလဲ.....။
ခင်ဗျားသာ မရှုပ်မပွေ မယုတ်မာခဲ့ဘူးဆိုရင်......ဒီလိုတွေဖြစ်ခဲ့ပါ့မလား.....။
မုန်းတယ်....။ ဟင့်အင်း....အဲဒီထက်ပိုတယ်....။ ခင်ဗျားကိုတကယ်ရွံမုန်းမိတယ်.....။
___________________________________________________
ခြေဦးတည့်ရာ ပြေးနေခဲ့တဲ့ ခြေလှမ်းတွေက ဘယ်အရပ်ဆီကိုဦးတည်နေသလဲဆိုတာ Tae Hyungမသိ.....။
မင်းကိုထပ်ပြီးနာကျင်အောင်ငါ ဘာတွေများထပ်လုပ်လိုက်မိပြန်တာလဲJung Kook.....။
ငါတကယ် မင်းကို နာကျင်မှုတွေမပေးချင်တော့ဘူး Jung Kookရယ်....။
ငါဘာတွေလုပ်ပေးရမှာလဲ.....။ မင်း ငါ့ကိုအပြီးတိုင်လက်လွှတ်လိုက်ဖို့အတွက်.....။
မင်းနဲ့ငါရဲ့ အစမကောင်းခဲ့တဲ့ ရေစက်ဆိုးကို ငါတကယ်ဖြတ်လိုက်ချင်ပြီ.....။
ငါ.....ငါပင်ပန်းနေပြီJung Kook......။
နောင်တတွေသေလောက်အောင်ရနေခဲ့ပြီးပြီမို့ ဒီလောက်နဲ့ပဲရပ်ပစ်လိုက်ချင်ပြီ.....။
Tae Hyungမောဟိုက်နေတဲ့ရင်ဘတ်အစုံကို ဖိနှိပ်ရင်းညလမ်းဘေးတစ်နေရာမှာ ချုံးပွဲချငိုချပစ်လိုက်သည်.....။
Mommyဆီသို့လည်းထပ်ပြီး မသွားချင်တော့ပါ.....။ တစ်ယောက်တည်းပူလောင်နေရတာနဲ့တင်လုံလောက်နေပြီမို့ Moomy ကိုအပူတွေမကူးစက်စေချင်တော့.....။
📲📲📲📲[calling from Noona]
"ဟဲလို...."
"Tae....တို့အဖော်ပြုပေးရမလား...."
သူမ၏စကားတွေကြောင့် Tae Hyung ဘေးဘီဝဲယာကို မျက်လုံးဝေ့ကြည့်လိုက်မိတော့ ခပ်လှမ်းလှမ်းတွင်ရပ်ထားသည့်ကားတစ်စင်း.....။ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း....
"ကျေးဇူးnoona...."
ဖုန်းချလိုက်ပြီးမျက်စိရှေ့ရောက်လာသည့်ကားတံခါးဖွင့်ကာ ကားထဲဝင်ထိုင်လိုက်သည်.....။
တိုက်ဆိုင်မှုတစ်ခုလား.....တမင်တိုက်ဆိုင်တာလားဆိုတာကိုTae Hyungမသိလိုတော့ပါ......။
"Tae...တို့သိခွင့်ရှိမလား...."
"Noona.ကျွန်တော်...တောင်းပန်ပါတယ်...."
လူရှင်းသည့်ဆိုင်တစ်ဆိုင်၏ ထောင့်စားပွဲတစ််ခုတွင်နှစ်ဦးထိုင်မိကြသည်......။ SeJin ဘက်မှစ၍ တောင်းဆိုမှုတစ်ခုကတော့ တောင်းပန်စကားနှင့်အဆုံးသတ်ခဲ့သည်.....။
"တို့မင်းကိုချစ်တယ်Tae....."
တစ်ခဏတာမျှသာ အကြည့်ချင်းဆုံသွားခဲ့သည်.....။ အံသြမှုတစ်စုံတစ်ရာမရှိသည့် မျက်ဝန်းတွေကြောင့်သူမအကြည့်လွှဲလိုက်သည်.....။
မိန်းကလေးဘက်က ရူးမိုက်တဲ့အချစ်တွေပါTaeရယ်....။
တို့ဘက်ကိုနည်းနည်းတော့ငဲ့ကြည့်လှည့်ပါ.....။
"Noona....ကျွန်တော့်အကြောင်း...."
"ဟင့်အင်း....တို့ဂရုမစိုက်ဘူး....Taeသူနဲ့ဘယ်လိုမျိုးပဲပတ်သက်နေပါစေ Taeသူ့အပေါ်ဘယ်လိုမျိုးပဲခံစားနေပါစေ.....တို့ ....တို့...မသိချင်ဘူး...."
"ကျွန်တော်က noona ထင်သလိုလူကောင်းတစ်ယောက်မဟုတ်ဘူး .....လူတစ်ယောက်ရဲ့ဘဝကိုမျက်စိတစ်မှိတ်အတွင်းဖျက်ဆီးပစ် နိုင်တဲ့အထိကောက်ကျစ်တဲ့လူတစ်ယောက်....."
တို့ဂရုမစိုက်ပါဘူးဆိုTaeရယ်.....။
"Taeသူ့အနားကထွက်ခဲ့ပါ....တို့ကူညီပေးမယ်....တို့ဘဝထဲကိုTaeဝင်မလာဘူးဆိုရင်တောင် အဆင်ပြေသေးတယ်....သူ့အနားကTaeထွက်လာပေးပါနော်.."
တို့ရဲ့မာနတွေအားလုံးကို ရေစုန်မျှောပစ်ပြီးတောင်းဆိုနေမိတာပါTae.....။
မင်းသိလား Jung Kook ငါဆိုတဲ့နတ်ဆိုးက မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်တွေကို လွယ်လွယ်နဲ့ကစားမိခဲ့ပြန်ပြီ......။
Mommy.....ကျွန်တော်သေလိုက်သင့်လား....။ ကိုယ့်ကိုကိုယ်တကယ်မုန်းနေမိပြီထင်တယ်.....။
"Nonna....မဖြစ်နိုင်...."
"TAE! တို့ကိုအချိန်နည်းနည်းပေးပါ....အခုအချိန်မှာ Taeပြောမယ့်စကားတွေကိုနားထောင်နိုင်ဖို့အင်အားမရှိဘူးTae....နည်းနည်းလောက်ပဲ....စဉ်းစားပေးပါ....သူ့အရိပ်အောက်ကထွက်ခဲ့ဖို့ကို...."
တောင်းပန်တိုးလျှိုးသည့်အကြည့်တွေနှင့် ပြောလာခဲ့သည့်သူမကို ငြင်းပယ်နိုင်စွမ်းတွေ သူ့မှာမရှိတော့ပေ.....။
Noonaတကယ်ကံဆိုးလွန်းပါတယ်....။ ကျွန်တော့်လိုလူနဲ့ပတ်သက်မိတဲ့အတွက်.....။
_______________သခင်__________________
Noonaနှင့်လမ်းခွဲခဲ့ပြီး နောက်ဆုံးခြေဦးလှည့်ခဲ့မိသည်က အိမ်တော်ကြီးဆီသို့သာ.....။
အိမ်တံခါးကိုအသာတွန်းဖွင့်ပြီးဝင်လိုက်သည်......။
လူမနေသည့်အိမ်တစ်အိမ်ပမာတိတ်ဆိတ်ခြောက်ကပ်မှုတွေကကြီးစိုးနေလေသည်......။
နှစ်ယောက်အိပ်စက်ရာအခန်းထဲဝင်ဖို့ရန်ပြင်တော့လော့ချထားသည့်အတွက်အရှေ့ဆိုဖာပေါ်တွင်သာဝင်ခွေရင်း ပင်ပန်းသမျှလွှတ်ချကာ အိပ်စက်ခြင်းဆီသို့.......။
ဗွမ်း!!
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲ ရုတ်တရက်ကျလာသည့် အေးစက်စက်ရေတွေကြောင့် အလန့်တကြား နိုးသွားခဲ့ရသည်.....။
"Jeon Jung Kook....!!"
မျက်စိရှေ့တွင်ရေပုံးကိုင်ပြီးမတ်တပ်ရပ်နေသည့်သူကို ဒေါသတကြီးအော်ဟစ်ပစ်လိုက်မိသည်.....။
"ဘာလဲ....မကျေနပ်ဘူးလား ဘာလုပ်ချင်တာလဲ...."
တောက်စ်!!!
TaeHyungဘာတစ်ခွန်းမျှပြန်မပြော.....။ အရှေ့တွင်ပိတ်ရပ်နေသည့်Jung Kook ကိုတွန်းဖယ်ပစ်ကာ ခြေသံပြင်းပြင်းဖြင့် ထွက်လာခဲ့လိုက်သည်......။
ရေစိုနေသည့်အဝတ်အစားများကိုချွတ်ပစ်ကာရေချိုးသန့်စင်လိုက်သည်.....။ ထို့နောက်တွင်တော့ ဘာမှတွေးမနေတော့ဘဲ ကျောင်းသွားဖို့သာပြင်ဆင်နေလိုက်သည်....။
ဘုတ်!!
Tae Hyung၏လက်ထဲမှကျောပိုးအိတ်သည်ကြမ်းပြင်ပေါ်သို့ကြမ်းတမ်းစွာပစ်ချခြင်းခံလိုက်ရလေသည်....။
"ခင်ဗျား ကျောင်းမတက်နဲ့တော့...."
"Okလေ....မင်းသဘော...."
ကြမ်းပြင်ပေါ်ကလွယ်အိတ်ကိုကောက်ယူကာ Tae Hyung အိမ်ေပါ်သို့တစ်ဖန်ပြန်တက်ခဲ့ပြန်လေသည်....။
ဘယ်လိုအကြောင်းပြချက်တွေကြောင့် Jung Kook ဒီလိုပုံစံဖြစ်နေသည်ဆိုတာကိုမေးဖို့စိတ်ကူးလည်းမရှိသလို....ပြေလည်အောင်ဖြေရှင်းဖို့လည်းTaehyungမတွေးမိပါ.....။
မင်းသတ်လိုက်မယ်ဆိုရင်တောင်သေဖို့အဆင်သင့်ရှိနေတာမို့.....as you wish .....။
___________________________________________________
"ဆင်းတော့...."
"ဘာ...."
"နားမလည်ဘူးလား ဆင်းတော့လို့ပြောတာ...."
ပြီးခဲ့သည့်အချိန်အနည်းငယ်လေးအတွင်းကပင် Jung Kookသည် Tae Hyungကိုကားထဲဆွဲထည့်ပြီး နှစ်ယောက်အတူတူသေကြမည်ဆိုကာ ပင်လယ်ထဲမောင်းဆင်းဖို့ကြိုးစားခဲ့ပြီးလေပြီ......။
ရေထဲနှင့်ကုန်းပေါ်တဝက်အရောက်မှာပဲကားကိုရပ်ပြီး ခင်ဗျားကိုသေလောက်အောင်မုန်းတယ်ဆိုတဲ့စကားတစ်ခွန်းကိုထပ်ခါတလဲလဲရွတ်ကာ ငိုလဲငိုခဲ့ပြီးလေပြီ......။
ပင်လယ်ကနေပြန်လှည့်ခဲ့ပြီးအခုလမ်းတဝက်အရောက်မှာပဲကားကိုဆောင့်ရပ်ကာ ဗြုန်းစားကြီးပင်Tae Hyungကိုကားပေါ်မှဆင်းခိုင်းလေတော့သည်......။
Tae Hyungဘာစောဒက မှတက်မနေတော့ဘဲ ကားတံခါးဖွင့်ကာ ဆင်းလိုက်သည်......။
Jung Kookကားကိုအရှိန်ြမှင့်မောင်းထွက်လိုက်ကာနီးစပ်ရာ barတစ်ခုသို့ဝင်လိုက်သည်......။ ထို့နောက် ခပ်ပြင်းပြင်းအရက်အချို့ကိုမှာယူပြီး လည်ချောင်းထဲပူလောင်စွာမျှောချလိုက်တော့သည်.....။
ကိုယ့်ကိုကိုယ်နားမလည်နိုင်စွာJung Kook အရူးတစ်ပိုင်းဖြစ်နေခဲ့သည်......။ ဘာတွေကိုလုပ်နေမိတယ်ဆိုတာလည်းမစဉ်းစားတတ်တော့ပေ.....။
သေချာတာတစ်ခုက ယခုဖြစ်နေသည့်ခံစားချက်အားလုံးသည်ထိုလူသားနှင့်သာပတ်သက်နေသည်.....။
ကိုယ့်စိတ်ကိုယ်သိရက်သားနှင့်ထိုလူကိုလမ်းတစ်ဝက်၌ချန်ထားခဲ့ပြီးမှ Jung Kook ရင်တွေပူလောင်နေပြန်လေပြီ......။
သူ့တွင်ပိုက်ဆံလည်းမပါသလို....ဖုန်းလည်းထို့နည်း၄င်းပင်.........။
ကိုယ့်ကိုကိုယ်သတိမထားမိခင်အချိန်လေးမှာပင်ထားခဲ့သည့်နေရာသို့ကားက ပြန်ရောက်နေခဲ့ပြန်လေပြီ.....။
Jung Kook ကားထဲမှဆင်းကာ ဘေးဘီဝဲယာတစ်လျှောက်အပြေးတစ်ပိုင်းလိုက်ရှာနေမိသည်......။
"Kim Tae Hyung....!!! .."
"Kim Tae Hyung!! ခင်ဗျားဘယ်မှာလဲ...Kim Tae...."
"Jung Kook...."
အသံကြားရာလှည့်ကြည့်မိတော့ အမှောင်ထုထဲတွင် ကျုံ့ကျုံ့လေးထိုင်ကာ မော့ကြည့်နေလေသူ.....။
Jung Kook ဘာကိုမှစဉ်းစားမနေတော့......။ စိတ်ရဲ့စေခိုင်းချက်အတိုင်း Tae Hyungကိုရင်ခွင်ထဲတင်းကြပ်စွာပွေ့ဖက်ထားလိုက်မိသည်.....။
"ခင်ဗျား....အိမ်ပြန်လာဖို့အစွမ်းအစလေးတောင်မရှိဘူးလား....ခင်ဗျားကျုပ်ကိုအမြဲတမ်းလမ်းထဲကပစ်ချထားခဲ့တုန်းက....ကျုပ်အမြဲတမ်းအိမ်ရောက်အောင်ပြန်လာခဲ့တာလေ....ခင်ဗျားဒါလေးတောင်မတတ်ဘူးလား...."
"Jung Kook....ငါအသက်ရှူကြပ်....."
"ခင်ဗျား တကယ်မကောင်းဘူး....ဘာလို့ပြန်မလာတာလဲ....ကျွန်တော်ဘယ်လောက်တောင်စိတ်ပူနေခဲ့ရလဲခင်ဗျားသိလား.....ခင်ဗျားတစ်ခုခုဖြစ်သွားမှာကြောက်လွန်းလို့.....ဒီရင်ဘတ်ထဲကနေရူးလောက်အောင်ကို....ကျွန်တော်....."
Tae Hyungရဲ့ပုခုံးသားတစ်လျှောက်ပူနွေးစိုစွတ်မှုတွေကို ခံစားမိလာသည်......။
အရူးတစ်ယောက်ပမာ ပြောပြီးငိုကြွေးနေသည့်သူရဲ့ကျောပြင်ကိုTae Hyung ညင်ညင်သာသာ ပြန်လည်ပွေ့ဖက်လိုက်မိသည်.......။
ဖြူစင်လိုက်တာ Jung Kookရယ်....။
ငါ့ကြောင့်အရောင်တွေစွန်းထင်းခဲ့တဲ့မင်းက ငါနဲ့မအပ်စပ်လောက်ကိုဖြူစင်လွန်းတယ်.....။
အဖြူထည်သပ်သပ်မင်းကို အရောင်တွေဆိုးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်.......။
ငါတောင်းပန်ပါတယ်Jung Kook.....။
မင်းခွင့်လွှတ်နိုင်ပါ့မလား.....။
_______________သခင်____________
တကယ်တော့မင်းကဘီလူးခေါင်းဆောင်းထားတဲ့မင်းသားလေးတစ်ပါးသာ......
ဘယ်လောက်ပဲ ခက်ထန်အောင်ပြုပြင်နေပါစေ.....
မင်းကတကယ်နူးညံ့လွန်းတယ်.......
ငါတကယ်ကိုအမှားကြီးမှားခဲ့ပြီ ......
Special Thanks To My All Readers💜💜
အဟင့်...ဘာတွေရေးနေမှန်းလည်းမသိတော့ဘူး...ဖတ်ရတာ အဆင်မပြေရင်အနူးအညွတ်တောင်းပန်ပါတယ်အချစ်တို့ရေ😢😢😢