ကိုကို႔အရွင္သခင္

Oleh Natpankalay

774K 62.8K 2.5K

ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။ Lebih Banyak

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter -15
Chapter -16
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter -31
Chapter-32 Final Part

Chapter-17

20.6K 1.8K 72
Oleh Natpankalay

Chapter-17

အိပ္ေမာက်ေနရာမွ ႏိုးလာခ်ိန္တြင္ Chanyeol ႏႈတ္ခမ္းေတြ အလိုအေလ်ာက္ျပံဳးေနမိျပီးသား။ေဘးကုိ ကုိယ္လွည့္ကာေစာင္းႀကည့္လိုက္ေတာ့သူ႕ကိုေက်ာေပးကာ ေကြးေကြးေလးအိပ္ေပ်ာ္ေနသည့္ လူသားေလး ကရွိေနသည္။ နားထင္ကုိလက္ေထာက္ကာ BaekHyun ထံအုပ္မုိးလ်က္ ေခါင္းေလးထက္ မ်က္ႏွာတစ္ခုလံုးနစ္ဝင္ေစလိုက္ျပီး နမ္းေမႊးလိုက္ သည္။ေတာ္ေတာ္ေလးပင္ပန္းသြားသည္ထင္။ ညေနခင္းေရာက္ေနျပီကုိ အိပ္ေပ်ာ္ေနသည္မ်ား ႏွစ္ႏွစ္ျခိဳက္ျခိဳက္။ Chanyeol ကုတင္ေအာက္ေျခမွာက်ေနသည့္ ေဘာင္းဘီရွည္ကို အရင္ေကာက္ဝတ္လိုက္သည္။ ထုိ႕ေနာက္ ေရခ်ိဴးခန္းထဲဝင္လာခဲ့လိုက္သည္။ မိနစ္အနည္းငယ္မွ် ေရမိုးခ်ိဴးျပီး၍ ျပန္ထြက္လာခိ်န္တြင္ ကုတင္ေပၚက BaekHyun သည္ ေရခ်ိဴးခန္းရွိရာဘက္မ်က္ႏွာမူလ်က္ ခပ္ေစာင္းေစာင္းလွဲကာ မ်က္လံုးေႀကာင္ေႀကာင္ေလးျဖစ္ေနသည္။

"ေဟ့ အိပ္ခ်င္ေနတုန္းပဲလား Park BaekHyun "

ခါးတြင္ တဘက္အျဖဴပို္င္းတစ္ခုျဖင့္ Chanyeol က ႀကီးမားက်ယ္ျပန္႕သည့္ရင္အုပ္ေတြႏွင့္ ဆက္စီက်လြန္းတာေႀကာင့္ အိပ္ခ်င္မူးတူး BaekHyun မ်က္လံုးကေလးေတြ ျပဴးက်ယ္သြားရသည္။ Chanyeol က BaekHyun ကုတင္စြန္းနားတြင္ လာဝင္ထိုင္သည္။ BaekHyun သည္ တမင္အမူပိုစြာပင္ Chanyeol ေပါင္ေပၚသုိ႕ ေခါင္းတင္လိုက္သည္။

"ကိုကိုက ကြ်န္ေတာ့္အပိုင္ေနာ္."

"ဒါေပါ့ ဒီအေျခအေနထိေတာင္ေရာက္ေနျပီ ကုိယ္က မင္းေလးအပိုင္ပဲေပါ့။မင္းကလည္း ကိုယ့္အပိုင္ပဲေနာ္ BaekHyunee ေနာ္။ဟို Yura ဆုိတဲ့ေကာင္မေလးနဲ႕သိပ္မေရာနဲ႕."

Chanyeol က BaekHyun ဆံစေပ်ာ့ေပ်ာ့ေလးကုိဆြဲဖြေဆာ့ကစားရင္းဆုိေတာ့ BaekHyun ႀကိတ္ရယ္သည္။ ဒီေလာက္လက္ပြန္းတတီးရင္းႏွီးသည့္သူငယ္ခ်င္းမေလးႏွင့္မ်ား သဝန္ေႀကာင္ရတယ္လို႕.။

"ကဲ-ထေတာ့ ညေနေစာင္းေနျပီ။ေရခ်ိဴးရေအာင္ ။ဒီေန႕ Aeri ပီယာႏိုသင္တန္းမွာ သြားႀကိဳရမယ္ေလ.။ထ-ကိုယ္ ကူေပးမယ္"

BaekHyun လႊမ္းထားသည့္ေစာင္ကုိဆြဲဖယ္ကာ BaekHyun ကိုထူမဖုိ႕ႀကိဳးစားေနေတာ့ သူက ေစာင္ကိုအတင္းျပန္ဆြဲထားသည္။

"ထလို႕မရဘူး ကုိကိုသြားမွ-"

"ဘာလို႕လဲ ကုိယ္ ေရခ်ိဴးခန္းထဲထိလိုက္ပို႕ေပးမလုိ႕ကို."

"ကုိကုိကလည္း ခု ကြ်န္ေတာ္က တံုးလံုးႀကီးကုိ."

Chanyeol သည္ အသံထြက္ေအာင္ရယ္ေမာေတာ့သည္။ မ်က္ရည္ပါထြက္လာသည္ထိ စိတ္ႀကိဳက္ရယ္ေမာေနမိသည္ကို BaekHyun က မ်က္လံုးေမွးေမွးေလးေတြနဲ႕ မႀကည္ ႀကည့္ ႀကည့္ေနသည္။

"ဘာလို႕ရယ္ေနတာလဲ.။ဒါ ဘယ္သူေႀကာင့္မုိ႕လို႕လဲ"

BaekHyun ၏ မေက်နပ္သည့္အႀကည့္သည္ စူပုတ္ေနသည္အျပင္ မ်က္လံုးတြင္ပါ အားစိုက္ကာ မႈန္ေတထားသည္မုိ႕ Chanyeol လြန္စြာမွ အသည္းယားသြားသည္။

"ရုပ္ဆုိးလုိက္တာကြာ ကုိကို႕BaekHyunee က"

ကုိကုိ႕BaekHyunee ဟူေသာ အသံုးအႏႈန္းတြင္ စူပုတ္ထားသမွ်က ခဲေလသမွ်သဲေရက်ရသည္။ ခ်က္ခ်င္းဝင္းလက္သြား သည့္ BaekHyun မ်က္ႏွာေလး က သိသိသာသာ.။

"ကုိကို က အဝတ္အစားလဲခန္းထဲ သြားလိုက္ေတာ့ေနာ္ ကြ်န္ေတာ္ေရခ်ိဴးလုိက္မယ္။"

"အုိေခ အုိေခ.ဟုိ နာတာက်င္တာေတြမ်ား။"

"ကုိကုိက ညင္သာတာပဲ ဘာမွသိပ္မျဖစ္ပါဘူး။"

ထုိစကားကုိေအးေအးလူလူေျပာေနသည့္ သူကခုနက ရွက္သလုိပံုစံေလးမွဟုတ္ပါရဲ႕လားဟု Chanyeol ေတြးကာ ျပံဳးမိျပန္သည္။ တကယ္ကုိပဲ BaekHyun က အမ်ိဴးစံုတတ္ႏိုင္သူေလးျဖစ္သည္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"Aeri.. ဒီမွာ."

"BaekHyunee."

လင္းထိန္ေနသည့္ သင္တန္းခန္းမေလးကေန Aeri က ေျပးထြက္လာသည္။ လွစ္ခနဲေျပးလာသည့္ ကုိယ္ေလးကုိ BaekHyun က ဆီးေပြ႕လိုက္၏။

"ေဖေဖ ေရာ ပါလား။"

"အင္း Aeriေဖေဖက ကားနားမွာ အသိေတြ႕လို႕စကားေျပာေနတယ္.သြားစုိ႕"

"Byun BaekHyun ဟုတ္ပါတယ္ေနာ္"

Aeri ကုိေပြ႕ျပီးလွည့္ထြက္ဖုိ႕ျပင္ေနသည့္ေျခလွမ္းသည္ ေနာက္နားဆီက ေခၚသံေႀကာင့္ ျပန္လွည့္ႀကည့္လုိက္သည္။ BaekHyun မ်က္ႏွာပ်က္သြားေတာ့သည္။

"ဒါ-- Aeri လား..ဟင္ Aeri ေလး."

သူမက Aeri မ်က္ႏွာေလးထံလက္လွမ္းေတာ့ Aeri ကုိခ်ီထားသည့္ BaekHyun ကေနာက္တစ္လွမ္းဆုတ္လုိက္သလုိ Aeri က မ်က္ႏွာတိမ္းေရွာင္သည္။ ထံုးစံအတုိင္း Chanyeol နားလာကပ္ဖုိ႕ႀကံေနသည့္အမ်ိဴးသမီးဟု ယူဆသည္မုိ႕ Aeri မ်က္ႏွာေလးက ခပ္ေခ်ေခ်.။

"ကြ်န္မက သူ႕ရဲ႕ေမေမပါ။ ရွင္ ဒီလို အကဲဆတ္ေနစရာမလိုဘူးလို႕ ထင္ပါတယ္ ရွင္က သူစိမ္းေလ."

"လက္ရွိေတာ့ ကြ်န္ေတာ္က Park Chanyeol နဲ႕လက္ထပ္ထားတာပါ။ အဲ့ဒီဘက္က Kan Hae Soo ကမွသူစိမ္းမလား။"

ညေနေစာင္းခ်ိန္တြင္ အနက္ေရာင္ စကတ္ အျပာလြင္ေရာင္အက်ၤ ီျဖင့္ တကယ္ကိုလွပေနသည့္ Kan HaeSoo ၏ မ်က္ႏွာကညိဳေမွာင္သြားသည္။

"ဒါဆုိခြင့္ျပဳပါဦး."

"ခဏေလး-ကြ်န္မ သမီးကုိစကားနည္းနည္းေလာက္ေျပာခ်င္တယ္."

"ေျပာပါ"

BaekHyun က ခ်ီထားသည္ကိုမခ်ေပး။ဒီတိုင္းေလးရပ္ေနသည္။Aeri ကေတာ့ သူမေလးေရွ႕က အန္တီလွလွကုိ ေငးစိုက္ႀကည့္လာ၏။

"Aeri ေမေမေလ..သမီး Aeri ေလးရဲ႕ေမေမပါ..သိတယ္မလားဟင္."

"မင္းထြက္သြားတဲ့အခ်ိန္က Aeri က ဘယ္ႏွစ္ႏွစ္ရွိေသးလုိ႕ မင္းကုိမွတ္မိရမွာလဲ."

တင္းမာသည့္ အသံသည္ Chanyeol ထံမွ ထြက္ေပၚလာသည္။ Chanyeol က BaekHyun လက္ထဲမွ Aeri ကုိလႊဲေျပာင္းခ်ီယူ လုိက္သည္။

"ဘာလုိ႕ျပီးခဲ့တာေတြျပန္ေျပာေနတာလဲ Chanyeol ရယ္။ ကြ်န္မတစ္ရက္မွ ရွင္တုိ႕ကုိေမ့လို႕မရခဲ့တာအမွန္ပါ။ ခု ကြ်န္မ ေနာင္တရေနျပီမုိ႕ အရင္လိုမိသားစုေလးတစ္ခု ျပန္တည္ေဆာက္ရေအာင္ေလေနာ္။ ရွင္ ကြ်န္မ ကိုခ်စ္တယ္မလား ဟင္."

မ်က္ရည္ေတြပုိးပိုးေပါက္ေပါက္က်လာသည့္ Kan HaeSoo က တကယ္ပဲေနာင္တရသည္လား။ ဟန္ေဆာင္ေနသည္လား။ Chanyeol စိတ္မဝင္စားေတာ့.။သူမအေပၚထားခဲ့သည့္ ခ်စ္ျခင္းေတြကလည္း အဆံုးသတ္သြားျပီျဖစ္သည့္အျပင္ တစ္ခန္းရပ္ျပီး သား။ ခု သူ႕စိတ္ထဲတြင္ BaekHyun ႏွင့္ Aeri သာရွိသည္။

"အိပ္မက္ မက္ေနတယ္ဆုိရင္လညး္ႏိုးထလုိက္ေတာ့။ငါတုိ႕က ဘာမွပတ္သက္မႈမရွိေတာ့ဘူး။"

"ရွင္ အဲ့လုိေတာ့ မလုပ္ပါနဲ႕။ဘယ္လုိပဲျဖစ္ျဖစ္ Aeri က ကြ်န္မ သမီး။ကြ်န္မက သူ႕ေမေမ ဆိုတာ သူသိသင့္တာေပါ့."

Chanyeol မ်က္ေမွာင္ႀကံဳ႕လ်က္ႀကည့္သည္။ BaekHyun ကေတာ့ ဒီတုိင္း Chanyeol ေဘးနားေလးတြင္ အသာရပ္ကာ နားေထာင္ေန၏။

"အုိေခေလ- Aeri- သူက Aeri ရဲ႕ေမေမ သမီးမွတ္ထားေပါ့."

မည္မွ်ေတာင္ လက္လြတ္စပယ္ဆန္သည့္ မိတ္ဆက္ျခင္းမ်ိဴးလဲ။ Chanyeol ကုိ Kan HaeSoo မယံုႏိုင္သလိုႀကည့္ေနမိသည္။Aeri ကေတာ့ သူမကုိစူးစမ္းသလိုႀကည့္ရာကေန တစ္ခ်က္ျပံဳးျပသည္။

"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္ ေမေမ.။ေနာင္ Aeri ကုိ လာေတြ႕ႏိုင္ပါတယ္."

Aeri ၏ ႏႈတ္ဆက္သံအဆံုးမွာ Chanyeol လြန္႕ခနဲျပံဳးသည္။ Park Aeri ေလာက္ ဖခင္ျဖစ္သူ၏အရိ္ပ္အကဲကုိ သိသည့္ သမီးမ်ိဴး ရွိအံ့မထင္။

"Aeri ေလး ေမေမကေလ-"

"ဟုတ္. ဒီညေတာ့ နည္းနည္းေနာက္က်ေနျပီမုိ႕ ေနာက္ေန႕ေပါ့ေနာ္.ခုကေလ Aeri ဗိုက္တအားဆာေနလို႕။BaekHyunee လည္း မ်က္ႏွာျဖဴေနတာပဲ ဗိုက္ဆာလို႕လား။"

ရုတ္တရက္ သူမေလးအႀကည့္က ေဘးက BaekHyun ထံေရာက္သြားစဥ္ Kan Hae Soo ကုိေျပာေနရာက လမ္းေႀကာင္းလႊဲသြား သည္။ မ်က္လံုးေလးဝိုင္းလ်က္ေမးလာသည့္ Aeri နည္းတူ စိုးရိမ္စြာ ႀကည့္လာသည့္ Chanyeol ကုိပါ BaekHyun ျပံဳးလ်က္ ေခါင္းခါျပလိုက္သည္။ ဗိုက္ဆာလို႕မဟုတ္ဘဲ သူ ေခါင္းေတာ္ေတာ္ေနာက္လာတာျဖစ္၏။

"သြားႀကစုိ႕ မင္း ေနမေကာင္းျဖစ္ခ်င္ေနတယ္ထင္တယ္."

Aeri ကုိတစ္ဖက္က ေပြ႕ထားလ်က္ က်န္လက္တစ္ဖက္ BaekHyun လက္ဖဝါးေတြကုိဆုပ္ကိုင္ကာ ေခၚေဆာင္ထြက္သြား ႀကသည့္ လူသားသံုးဦးသည္ Kan HaeSoo ကုိရွိသည္ဟုေတာင္ထင္မွတ္ခဲ့ပံုမရ။ႏႈတ္ဆက္ျခင္းအမႈေတာင္ျပဳမသြားခဲ့ပါေခ်.. ။ခ်စ္စဖြယ္ေကာင္းလြန္းေနသည့္ သမီးျဖစ္သူ၏ အသြင္အျပင္.. အရင္ကထက္မ်ားစြာ ခန္႕ညားေျပာင္းလဲလာသည့္ ခင္ပြန္းျဖစ္သူ ၏ ပံုစံကုိႀကည့္ကာ သူမ မ်က္ရည္ေတြတလိမ့္ခ်င္းက်လာမိေတာ့သည္။ေနာင္တတရား ကဖိစီး၏။ ခ်မ္းသာႀကြယ္ဝေနသည့္ Chanyeol ကုိျပန္လိုခ်င္သလို သမီးေလးကုိျပန္လိုခ်င္သလို Chanyeol ၏ခ်စ္ျခင္းတုိ႕ကိုလည္း တဖန္ျပန္လည္လိုခ်င္မိသည္။

သူမ မ်က္ရည္သုတ္ကာ စိတ္ျပန္တင္းလိုက္၏။ လက္ရွိ Chanyeol အနားက တရားဝင္လက္ထပ္ထားသည္ဟု သူမ ဘယ္ကေနမွ မႀကားခဲ့ဖူးသည့္ ေကာင္ေလးတစ္ေယာက္။ေယာက်ား္ေလးတစ္ေယာက္ထက္ မ်ားစြာ လွပသည္႔ သူမက ယံုႀကည္ခ်က္ရွိရမည္။Byun BaekHyun ဆုိသည့္ေကာင္ေလးကို အျမန္ဖယ္ထုတ္ရတာေပါ့။

***************
# With heart
Just A Dreamer.

Unicode

Chapter-17

အိပ်မောကျနေရာမှ နိုးလာချိန်တွင် Chanyeol နှုတ်ခမ်းတွေ အလိုအလျောက်ပြုံးနေမိပြီးသား။ဘေးကို ကိုယ်လှည့်ကာစောင်းကြည့်လိုက်တော့သူ့ကိုကျောပေးကာ ကွေးကွေးလေးအိပ်ပျော်နေသည့် လူသားလေး ကရှိနေသည်။ နားထင်ကိုလက်ထောက်ကာ BaekHyun ထံအုပ်မိုးလျက် ခေါင်းလေးထက် မျက်နှာတစ်ခုလုံးနစ်ဝင်စေလိုက်ပြီး နမ်းမွှေးလိုက် သည်။တော်တော်လေးပင်ပန်းသွားသည်ထင်။ ညနေခင်းရောက်နေပြီကို အိပ်ပျော်နေသည်များ နှစ်နှစ်ခြိုက်ခြိုက်။ Chanyeol ကုတင်အောက်ခြေမှာကျနေသည့် ဘောင်းဘီရှည်ကို အရင်ကောက်ဝတ်လိုက်သည်။ ထို့နောက် ရေချိူးခန်းထဲဝင်လာခဲ့လိုက်သည်။ မိနစ်အနည်းငယ်မျှ ရေမိုးချိူးပြီး၍ ပြန်ထွက်လာချိန်တွင် ကုတင်ပေါ်က BaekHyun သည် ရေချိူးခန်းရှိရာဘက်မျက်နှာမူလျက် ခပ်စောင်းစောင်းလှဲကာ မျက်လုံးကြောင်ကြောင်လေးဖြစ်နေသည်။

"ဟေ့ အိပ်ချင်နေတုန်းပဲလား Park BaekHyun "

ခါးတွင် တဘက်အဖြူပိုင်းတစ်ခုဖြင့် Chanyeol က ကြီးမားကျယ်ပြန့်သည့်ရင်အုပ်တွေနှင့် ဆက်စီကျလွန်းတာကြောင့် အိပ်ချင်မူးတူး BaekHyun မျက်လုံးကလေးတွေ ပြူးကျယ်သွားရသည်။ Chanyeol က BaekHyun ကုတင်စွန်းနားတွင် လာဝင်ထိုင်သည်။ BaekHyun သည် တမင်အမူပိုစွာပင် Chanyeol ပေါင်ပေါ်သို့ ခေါင်းတင်လိုက်သည်။

"ကိုကိုက ကျွန်တော့်အပိုင်နော်."

"ဒါပေါ့ ဒီအခြေအနေထိတောင်ရောက်နေပြီ ကိုယ်က မင်းလေးအပိုင်ပဲပေါ့။မင်းကလည်း ကိုယ့်အပိုင်ပဲနော် BaekHyunee နော်။ဟို Yura ဆိုတဲ့ကောင်မလေးနဲ့သိပ်မရောနဲ့."

Chanyeol က BaekHyun ဆံစပျော့ပျော့လေးကိုဆွဲဖွဆော့ကစားရင်းဆိုတော့ BaekHyun ကြိတ်ရယ်သည်။ ဒီလောက်လက်ပွန်းတတီးရင်းနှီးသည့်သူငယ်ချင်းမလေးနှင့်များ သဝန်ကြောင်ရတယ်လို့.။

"ကဲ-ထတော့ ညနေစောင်းနေပြီ။ရေချိူးရအောင် ။ဒီနေ့ Aeri ပီယာနိုသင်တန်းမှာ သွားကြိုရမယ်လေ.။ထ-ကိုယ် ကူပေးမယ်"

BaekHyun လွှမ်းထားသည့်စောင်ကိုဆွဲဖယ်ကာ BaekHyun ကိုထူမဖို့ကြိုးစားနေတော့ သူက စောင်ကိုအတင်းပြန်ဆွဲထားသည်။

"ထလို့မရဘူး ကိုကိုသွားမှ-"

"ဘာလို့လဲ ကိုယ် ရေချိူးခန်းထဲထိလိုက်ပို့ပေးမလို့ကို."

"ကိုကိုကလည်း ခု ကျွန်တော်က တုံးလုံးကြီးကို."

Chanyeol သည် အသံထွက်အောင်ရယ်မောတော့သည်။ မျက်ရည်ပါထွက်လာသည်ထိ စိတ်ကြိုက်ရယ်မောနေမိသည်ကို BaekHyun က မျက်လုံးမှေးမှေးလေးတွေနဲ့ မကြည် ကြည့် ကြည့်နေသည်။

"ဘာလို့ရယ်နေတာလဲ.။ဒါ ဘယ်သူကြောင့်မို့လို့လဲ"

BaekHyun ၏ မကျေနပ်သည့်အကြည့်သည် စူပုတ်နေသည်အပြင် မျက်လုံးတွင်ပါ အားစိုက်ကာ မှုန်တေထားသည်မို့ Chanyeol လွန်စွာမှ အသည်းယားသွားသည်။

"ရုပ်ဆိုးလိုက်တာကွာ ကိုကို့BaekHyunee က"

ကိုကို့BaekHyunee ဟူသော အသုံးအနှုန်းတွင် စူပုတ်ထားသမျှက ခဲလေသမျှသဲရေကျရသည်။ ချက်ချင်းဝင်းလက်သွား သည့် BaekHyun မျက်နှာလေး က သိသိသာသာ.။

"ကိုကို က အဝတ်အစားလဲခန်းထဲ သွားလိုက်တော့နော် ကျွန်တော်ရေချိူးလိုက်မယ်။"

"အိုခေ အိုခေ.ဟို နာတာကျင်တာတွေများ။"

"ကိုကိုက ညင်သာတာပဲ ဘာမှသိပ်မဖြစ်ပါဘူး။"

ထိုစကားကိုအေးအေးလူလူပြောနေသည့် သူကခုနက ရှက်သလိုပုံစံလေးမှဟုတ်ပါရဲ့လားဟု Chanyeol တွေးကာ ပြုံးမိပြန်သည်။ တကယ်ကိုပဲ BaekHyun က အမျိူးစုံတတ်နိုင်သူလေးဖြစ်သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"Aeri.. ဒီမှာ."

"BaekHyunee."

လင်းထိန်နေသည့် သင်တန်းခန်းမလေးကနေ Aeri က ပြေးထွက်လာသည်။ လှစ်ခနဲပြေးလာသည့် ကိုယ်လေးကို BaekHyun က ဆီးပွေ့လိုက်၏။

"ဖေဖေ ရော ပါလား။"

"အင်း Aeriဖေဖေက ကားနားမှာ အသိတွေ့လို့စကားပြောနေတယ်.သွားစို့"

"Byun BaekHyun ဟုတ်ပါတယ်နော်"

Aeri ကိုပွေ့ပြီးလှည့်ထွက်ဖို့ပြင်နေသည့်ခြေလှမ်းသည် နောက်နားဆီက ခေါ်သံကြောင့် ပြန်လှည့်ကြည့်လိုက်သည်။ BaekHyun မျက်နှာပျက်သွားတော့သည်။

"ဒါ-- Aeri လား..ဟင် Aeri လေး."

သူမက Aeri မျက်နှာလေးထံလက်လှမ်းတော့ Aeri ကိုချီထားသည့် BaekHyun ကနောက်တစ်လှမ်းဆုတ်လိုက်သလို Aeri က မျက်နှာတိမ်းရှောင်သည်။ ထုံးစံအတိုင်း Chanyeol နားလာကပ်ဖို့ကြံနေသည့်အမျိူးသမီးဟု ယူဆသည်မို့ Aeri မျက်နှာလေးက ခပ်ချေချေ.။

"ကျွန်မက သူ့ရဲ့မေမေပါ။ ရှင် ဒီလို အကဲဆတ်နေစရာမလိုဘူးလို့ ထင်ပါတယ် ရှင်က သူစိမ်းလေ."

"လက်ရှိတော့ ကျွန်တော်က Park Chanyeol နဲ့လက်ထပ်ထားတာပါ။ အဲ့ဒီဘက်က Kan Hae Soo ကမှသူစိမ်းမလား။"

ညနေစောင်းချိန်တွင် အနက်ရောင် စကတ် အပြာလွင်ရောင်အင်္ကျီဖြင့် တကယ်ကိုလှပနေသည့် Kan HaeSoo ၏ မျက်နှာကညိုမှောင်သွားသည်။

"ဒါဆိုခွင့်ပြုပါဦး."

"ခဏလေး-ကျွန်မ သမီးကိုစကားနည်းနည်းလောက်ပြောချင်တယ်."

"ပြောပါ"

BaekHyun က ချီထားသည်ကိုမချပေး။ဒီတိုင်းလေးရပ်နေသည်။Aeri ကတော့ သူမလေးရှေ့က အန်တီလှလှကို ငေးစိုက်ကြည့်လာ၏။

"Aeri မေမေလေ..သမီး Aeri လေးရဲ့မေမေပါ..သိတယ်မလားဟင်."

"မင်းထွက်သွားတဲ့အချိန်က Aeri က ဘယ်နှစ်နှစ်ရှိသေးလို့ မင်းကိုမှတ်မိရမှာလဲ."

တင်းမာသည့် အသံသည် Chanyeol ထံမှ ထွက်ပေါ်လာသည်။ Chanyeol က BaekHyun လက်ထဲမှ Aeri ကိုလွှဲပြောင်းချီယူ လိုက်သည်။

"ဘာလို့ပြီးခဲ့တာတွေပြန်ပြောနေတာလဲ Chanyeol ရယ်။ ကျွန်မတစ်ရက်မှ ရှင်တို့ကိုမေ့လို့မရခဲ့တာအမှန်ပါ။ ခု ကျွန်မ နောင်တရနေပြီမို့ အရင်လိုမိသားစုလေးတစ်ခု ပြန်တည်ဆောက်ရအောင်လေနော်။ ရှင် ကျွန်မ ကိုချစ်တယ်မလား ဟင်."

မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည့် Kan HaeSoo က တကယ်ပဲနောင်တရသည်လား။ ဟန်ဆောင်နေသည်လား။ Chanyeol စိတ်မဝင်စားတော့.။သူမအပေါ်ထားခဲ့သည့် ချစ်ခြင်းတွေကလည်း အဆုံးသတ်သွားပြီဖြစ်သည့်အပြင် တစ်ခန်းရပ်ပြီး သား။ ခု သူ့စိတ်ထဲတွင် BaekHyun နှင့် Aeri သာရှိသည်။

"အိပ်မက် မက်နေတယ်ဆိုရင်လည်းနိုးထလိုက်တော့။ငါတို့က ဘာမှပတ်သက်မှုမရှိတော့ဘူး။"

"ရှင် အဲ့လိုတော့ မလုပ်ပါနဲ့။ဘယ်လိုပဲဖြစ်ဖြစ် Aeri က ကျွန်မ သမီး။ကျွန်မက သူ့မေမေ ဆိုတာ သူသိသင့်တာပေါ့."

Chanyeol မျက်မှောင်ကြုံ့လျက်ကြည့်သည်။ BaekHyun ကတော့ ဒီတိုင်း Chanyeol ဘေးနားလေးတွင် အသာရပ်ကာ နားထောင်နေ၏။

"အိုခေလေ- Aeri- သူက Aeri ရဲ့မေမေ သမီးမှတ်ထားပေါ့."

မည်မျှတောင် လက်လွတ်စပယ်ဆန်သည့် မိတ်ဆက်ခြင်းမျိူးလဲ။ Chanyeol ကို Kan HaeSoo မယုံနိုင်သလိုကြည့်နေမိသည်။Aeri ကတော့ သူမကိုစူးစမ်းသလိုကြည့်ရာကနေ တစ်ချက်ပြုံးပြသည်။

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် မေမေ.။နောင် Aeri ကို လာတွေ့နိုင်ပါတယ်."

Aeri ၏ နှုတ်ဆက်သံအဆုံးမှာ Chanyeol လွန့်ခနဲပြုံးသည်။ Park Aeri လောက် ဖခင်ဖြစ်သူ၏အရ်ိပ်အကဲကို သိသည့် သမီးမျိူး ရှိအံ့မထင်။

"Aeri လေး မေမေကလေ-"

"ဟုတ်. ဒီညတော့ နည်းနည်းနောက်ကျနေပြီမို့ နောက်နေ့ပေါ့နော်.ခုကလေ Aeri ဗိုက်တအားဆာနေလို့။BaekHyunee လည်း မျက်နှာဖြူနေတာပဲ ဗိုက်ဆာလို့လား။"

ရုတ်တရက် သူမလေးအကြည့်က ဘေးက BaekHyun ထံရောက်သွားစဉ် Kan Hae Soo ကိုပြောနေရာက လမ်းကြောင်းလွှဲသွား သည်။ မျက်လုံးလေးဝိုင်းလျက်မေးလာသည့် Aeri နည်းတူ စိုးရိမ်စွာ ကြည့်လာသည့် Chanyeol ကိုပါ BaekHyun ပြုံးလျက် ခေါင်းခါပြလိုက်သည်။ ဗိုက်ဆာလို့မဟုတ်ဘဲ သူ ခေါင်းတော်တော်နောက်လာတာဖြစ်၏။

"သွားကြစို့ မင်း နေမကောင်းဖြစ်ချင်နေတယ်ထင်တယ်."

Aeri ကိုတစ်ဖက်က ပွေ့ထားလျက် ကျန်လက်တစ်ဖက် BaekHyun လက်ဖဝါးတွေကိုဆုပ်ကိုင်ကာ ခေါ်ဆောင်ထွက်သွား ကြသည့် လူသားသုံးဦးသည် Kan HaeSoo ကိုရှိသည်ဟုတောင်ထင်မှတ်ခဲ့ပုံမရ။နှုတ်ဆက်ခြင်းအမှုတောင်ပြုမသွားခဲ့ပါချေ.. ။ချစ်စဖွယ်ကောင်းလွန်းနေသည့် သမီးဖြစ်သူ၏ အသွင်အပြင်.. အရင်ကထက်များစွာ ခန့်ညားပြောင်းလဲလာသည့် ခင်ပွန်းဖြစ်သူ ၏ ပုံစံကိုကြည့်ကာ သူမ မျက်ရည်တွေတလိမ့်ချင်းကျလာမိတော့သည်။နောင်တတရား ကဖိစီး၏။ ချမ်းသာကြွယ်ဝနေသည့် Chanyeol ကိုပြန်လိုချင်သလို သမီးလေးကိုပြန်လိုချင်သလို Chanyeol ၏ချစ်ခြင်းတို့ကိုလည်း တဖန်ပြန်လည်လိုချင်မိသည်။

သူမ မျက်ရည်သုတ်ကာ စိတ်ပြန်တင်းလိုက်၏။ လက်ရှိ Chanyeol အနားက တရားဝင်လက်ထပ်ထားသည်ဟု သူမ ဘယ်ကနေမှ မကြားခဲ့ဖူးသည့် ကောင်လေးတစ်ယောက်။ယောကျာ်းလေးတစ်ယောက်ထက် များစွာ လှပသည့် သူမက ယုံကြည်ချက်ရှိရမည်။Byun BaekHyun ဆိုသည့်ကောင်လေးကို အမြန်ဖယ်ထုတ်ရတာပေါ့။

***************
# With heart
Just A Dreamer.

Lanjutkan Membaca

Kamu Akan Menyukai Ini

91.4K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
357K 30.8K 25
သူ ကျွန်​တော့ကို မူးယစ်​ဆေး​တွေ မသုံးဖို့ မှာတယ်။ ခက်တာက ကျွန်​တော်က ဖြတ်မရတဲ့ မူးယစ်​ဆေး စွဲနေပြီ။ ဒါနဲ့....... " ကျွန်​တော့်ရဲ့ မူးယစ်ဆေးနာမည်က "ဦ...
178K 8.9K 61
ယံဖြိုးမောင် + စိုင်းသုတ ယံၿဖိဳးေမာင္ + စိုင္းသုတ BL,OC Married Life ဖောက်ပြန်တာ trauma ရှိတာမျိုး ၊ မဖတ်နိုင်ဘူး ဆိုတဲ့သူတွေ ဒီ fic ကို မဖတ်ကြဖို့ ပ...
190K 11.7K 20
The third Mafia October 12 .... October 31,2021