လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသ...

By Tokebloom

76.9K 3.7K 89

(Completed) (Zawgyi + Unicode) #Love story #BL #YBXZFanfiction #ဒီလူသားႏွစ္ဦးကိုခ်စ္လို႔ကိုယ့္စိတ္ကူးနဲ႔ေရးထ... More

လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
ဇာတ္သိမ္း

အပိုင္း(၁၂)

2.8K 170 10
By Tokebloom

ယခင္ေန႔ေတြနဲ႔မတူ အိပ္ေရးဝေနတာမို႔ ထူးထူးဆန္းဆန္း လူက ေပါ့ပါးစြာ ႏိုးထလာခဲ့သည္။

ခပ္စိမ့္စိမ့္ေလး ျဖစ္သြားတဲ့ အေအးခ်ိန္ေၾကာင့္ Heater Remoteကို လွမ္းယူေတာ့ အပူခ်ိန္ျပအကြက္ထဲက ဂဏန္းေလးေၾကာင့္ လူကဇေဝဇဝါ။

ညကအခန္း အပူခ်ိန္မ်ား ေလ်ာ့မိလားပဲ၊ ဒါေၾကာင့္ ေအးေနတာကိုး၊ အပူခ်ိန္ နည္းနည္းတိုးလိုက္ၿပီး နာရီကိုၾကည့္ေတာ့ နံနက္(၅:၃၀)၊ ေန႔တိုင္း ဒီအခ်ိန္ဆို လမ္းေလွ်ာက္ေနက်ဆိုေပမဲ့ ခုတစ္ေလာ က်န္းမာေရးေၾကာင့္ လမ္းမေလွ်ာက္တာ တစ္လနီးပါး ျဖစ္ေနၿပီ။

ကိုယ္လက္သန္႔စင္ၿပီးတာနဲ႔ Sport suitကို ေပါ့ေပါ့ပါးပါး ဝတ္ကာ ျခံျပင္ကို ထြက္ခဲ့ေလသည္။

အိမ္ကေန အနည္းငယ္ေလွ်ာက္လိုက္တာနဲ႔ Parkကိုေရာက္ကာ မနက္ခင္း လမ္းေလွ်ာက္သူ စက္ဘီးစီးသူ ေျပးေနသူမ်ား ေယာဂက်င့္ေနသူမ်ားနဲ႔ စည္ကားေနပါေတာ့သည္။

ျဖည္းျဖည္းနဲ႔ မွန္မွန္ေလ်ာက္လာတဲ့ေနာက္ အမ်ားျပည္သူ နားေနရာအတြက္ ျပဳလုပ္ထားတဲ့ ခံုတန္းေလးမွာ ထိုင္လိုက္စဥ္ မ်က္ႏွာအေရွ႕ကိုေရာက္လာတဲ့ အဖံုးဖြင့္ၿပီးသား ေရဗူးေလး။

ေမာ့ၾကည့္လိုက္ေတာ့ Yibo...ေခါင္းပတ္အျဖဴေလးကို နဖူးေပၚစည္းၿပီး ေခါင္းအစ ေျခအဆံုး Nikeတံဆိပ္ကို ဝတ္ဆင္ထားကာ all blackကို ေက်ာ္လြန္၍ ျဖဴလႊလႊ အသားေရက ပိုေပၚလြင္ေနသည္။

"ကိုကိုက ဒီအခ်ိန္ လမ္းေလ်ာက္ေနၾက
လို႔ေျပာလို႔ ေစာင့္ေနတာ"

"ညီကေရာ"

"ကၽြန္ေတာ္လည္း အိမ္နားကParkမွာ ေျပးေနၾက တစ္ခါတစ္ေလ Skateစီးေလ့က်င့္တယ္"

"အင္း"

"ျပန္ေတာ့မလား ကိုကို"

ေခါင္းကို ညိတ္ျပတာမို႔ အိမ္ကိုအတူတူ လမ္းေလွ်ာက္ျပန္ျဖစ္ခဲ့ၾကသည္။

အျပန္လမ္းမွာ တိတ္ဆိတ္ေနတဲ့ကိုကိုက ကၽြန္ေတာ္ကို ေတြးစရာရပ္ဝန္းဆီ တြန္းပို႔ေနေလသည္။

ကိုကိုဘာေၾကာင့္ ေနမေကာင္းျဖစ္တာလဲ?
ကိုကိုဘာေၾကာင့္ စကားနည္းတာလဲ?
ကိုကိုဘာေၾကာင့္ မရယ္ျပံဳးတာလဲ?
ကိုကိုရဲ႕ အတိတ္ေန႔ရက္ေတြတုန္းကေရာ ေပ်ာ္စရာအတိနဲ႔လား?

ကၽြန္ေတာ္သိခ်င္မိပါရဲ႕။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

ကိုကိုတဲ့...ကၽြန္ေတာ္နဲ႔ စိမ္းသက္သက္ နာမ္စားတစ္ခုက နားထဲမွာ အဆင္ေခ်ာစြာ အသားက်ေနေလသည္။

Shinေရ...ငါမင္းကိုသတိရတယ္။

ဒါေပမဲ့ ဒီကေလးနဲ႔ အတူတူရွိရင္ ငါရဲ႕စိတ္ေတြ ပိုသက္သာရာရေနခဲ့တယ္။

မင္းနဲ႔သိပ္တူတဲ့ မင္းရဲ႕ညီေလးဆိုေပမဲ့ ငါ့အတြက္ ေဆးတစ္ခြက္လိုပဲ။

ဒါေပမဲ့...ညီ့ကို ငါ့အနားေခၚထားတာ မွန္ရဲ႕လား မသိေပမဲ့ ခဏတစ္ျဖဳတ္ေတာ့ မ်က္စိမွိတ္ၿပီး ေခၚထားလိုက္တယ္၊ စိတ္ခ်ပါ ငါ အမွားတစ္ခုကို ႏွစ္ႀကိမ္ အျဖစ္မခံပါဘူး၊ ငါ့အနားရွိေနတဲ့ အခ်ိန္ေလးကို အေကာင္းဆံုး ကာကြယ္ေပးပါ့မယ္၊ ဘာအႏၲရာယ္မွ မရွိေစပဲေပါ့။

ခုခ်ိန္ထိ စံုစမ္းေနခဲ့တဲ့ ယာဥ္တိုက္မႈ တရားခံ၊ အခ်ိန္ေတြ ေငြေတြကုန္တဲ့ထိ ရွာေဖြေနရတဲ့သူ၊ ကၽြန္ေတာ္ည့ံဖ်င္းလြန္းတယ္ ခုထိရွာမေတြ႕ခဲ့ဘူး၊ ဘယ္ေတာ့မွလည္း ရွာမေတြ႕ေတာ့ဘူးထင္တယ္၊ ဟင့္အင္း ေယာက်ာ္းတို႔ဇြဲ ေသခါမွေလ်ာ့မယ္၊ Shinအတြက္ အမွန္တရားကို ေဖာ္ထုတ္ႏိုင္ရမယ္။

ေလးေလးXiao Wei...ဘယ္မွာလဲ???

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"ခုတစ္ေလာ မင္းတို႔ေကာင္ေတြ အလုပ္လုပ္တာ အလုပ္နဲ႔တူေအာင္လုပ္စမ္း"

"သူေဌး ကၽြန္ေတာ္တို႔ ေန႔တိုင္း ၾကပ္မတ္ပါတယ္၊ အခုက ျပင္သစ္ေကာင္အဖြဲ႕ေၾကာင့္ ဒုကၡေရာက္ေနရတာ"

"ဒုန္း!!!မင္းတို႔ ေျပာလိုက္ရင္ ဆင္ေျခႀကီးပဲ ဟမ္၊ ဒီေန႔ညေနကစၿပီး သံုးလို႔ရတဲ့ နည္းမွန္သမွ် အကုန္သံုး ၾကားလား"

"ဟုတ္ကဲ့ပါ သူေဌး"

"ေဟ့ တစ္ေယာက္လာစမ္း၊ ငါ့ေဆးပါယူခဲ့"

သူေဌးႀကီး Jane(Xiao Wei)...မူလအမည္ ေျပာင္းကာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုကတည္းက Casino ဝိုင္းေတြမွာ က်င္လည္ၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ Casino Hotelေတြဖြင့္ကာ စီးပြါးျဖစ္လာသူ၊ ေအာင္ျမင္မႈက(၉)ႏွစ္ေလာက္ပဲ တည္တ့ံခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္ဦးပိုင္းကစလို႔ လုပ္ငန္းကို သိသိသာသာေရာ မသိမသာေရာ တိုက္ခိုက္လာတာ ဘက္ေပါင္းစံုကမို႔ လုပ္ငန္းမွာ အရွံဳးႀကီးရွံဳးေနေလေတာ့သည္။

ရွံဳးတယ္ဆိုေပမဲ့ ဆင္ပိန္ကၽြဲေလာက္ေတာ့ က်န္ေသးတာေပါ့၊ ဒါေပမဲ့ လက္သည္မေပၚေအာင္ ပိရိလွတဲ့ တစ္ဖက္ၿပိဳင္ဘက္ကို အျဖဴလား အမဲလားပင္ မသိရတာမို႔ အခုဆို ေသြးက်ေဆးေတြပါ ေသာက္ေနရတဲ့ အေနအထား ေရာက္ေနေလၿပီ။

အရင္လို မငယ္ေတာ့တဲ့အသက္ေၾကာင့္ ေနရာတကာ ေပါ့ေပါ့ပါးပါး ဦးေဆာင္ေနတာထက္ ၫႊန္ၾကားတဲ့ဘက္ကိုသာ တက္ႏိုင္ေတာ့သည္။

ဒီလိုၾကေတာ့လည္း ဇနီးမယားနဲ႔ မိသားစုနဲ႔ အတည္တက်ရွိတဲ့ တစ္ဦးတည္းေသာ အစ္ကိုႀကီးကို သြားသတိရမိသည္။

ထားပါေလ...အစ္ကိုႀကီးကေတာ့ ကၽြန္ေတာ္ကို မုန္းေနမွာေပါ့၊ ဒါေပမဲ့ Zhan Zhanမွ မေသခဲ့ဘဲ။

မျဖစ္ေသးပါဘူးေလ Casino ဝိုင္းဘက္ကို ဒီညေတာ့ ငါကိုယ္တိုင္ သြားမွပါ။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"သခင္ေလး ကၽြန္ေတာ္တို႔ဘက္က all killတယ္"

"All kill တာေလာက္နဲ႔"

"မေလာပါနဲ႔ သခင္ေလးရဲ႕ ကြန္တိန္နာ (၃)စီးစာ ဘိန္းေတြပါ ရဲကိုသတင္းေပးလိုက္တယ္၊ မနက္ျဖန္ေတာ့ Casino Hotel(၂)လံုးေတာ့ ေဒဝါလီခံရမယ္ သခင္ေလး"

"Ok...!!!ပါးေရာ ေနေကာင္းလား"

"သခင္ႀကီးက ေနေကာင္းပါတယ္၊ ကၽြန္ေတာ္ ေနာက္ဆံုးတစ္ခုကို ျပင္ဆင္ထားလိုက္ေတာ့မယ္"

"ေကာင္းၿပီ၊ ငါမနက္ျဖန္ Flightနဲ႔ လာခဲ့မယ္၊ ပါး ကိုမေျပာထားနဲ႔အုံး"

ပါးဆီေရာက္ မေရာက္ မေသခ်ာတာမို႔...!

Phခ်လိုက္တဲ့ေနာက္ အရင္ဆံုး လုပ္ရမယ့္ ကိစၥတစ္ခုေၾကာင့္ ကိုကိုရွိရာ အခန္းကို ကူးလာခဲ့ေတာ့သည္။

"ေဒါက္ ေဒါက္ ေဒါက္!!!ကိုကို"

"ဝင္ခဲ့ညီ"

"ကၽြန္ေတာ္ ခြင့္ေတာင္းစရာရွိလို႔ပါ"

စာအုပ္ဖတ္လက္စကို လက္ၫွိဳးေလးခံၿပီး ပိတ္ကိုင္ထားကာ ကၽြန္ေတာ္ကို ခံုမွာမ်က္ႏွာရိပ္ျပၿပီးထိုင္ခိုင္းတဲ့ထိ ပံုမွန္အေျပာင္းအလဲ မရွိတဲ့ကိုကိုက၊ ခြင့္ေတာင္းစရာရွိတယ္ဆိုမွ မ်က္လံုးအေရာင္ေလး အနည္းငယ္ေျပာင္းလဲသြားၿပီး ကၽြန္ေတာ္ကို စိုက္ၾကည့္ေနေလသည္။

"ကၽြန္ေတာ္ မနက္ျဖန္ Flightနဲ႔ Las Vegasကို ခဏသြားစရာရွိတယ္၊ အဲ့ဒါ ကိုကိုနဲ႔ တူတူရွိရမယ့္ ရက္ကမျပည့္ေသးပဲ ကိစၥေပၚလာလို႔ ေတာင္းပန္ပါတယ္၊ ကၽြန္ေတာ္ ဟိုကကိစၥၿပီးတာနဲ႔ ကိုကို႔ဆီ ျပန္လာခဲ့ပါ့မယ္"

"ညီ့ေဖေဖဆီသြားမလို႔လား"

"အဟီးးး ကၽြန္ေတာ္ ျပန္လာမွ ကိုကို႔ကို အကုန္ေျပာျပမယ္၊ ေနာ္"

ဆိုေတာ့ကာ အခုမေျပာႏိုင္ေသးဘူးေပါ့၊ ရပါတယ္ ျပန္လာရင္ သိရမွာမို႔။

"ဘယ္ႏွစ္ရက္ ျကာမွာလဲညီ"

"တစ္ပတ္ ကိုကို၊ တစ္ပတ္"

"OK!!!"

ကိုကို႔ရဲ႕ ေန႔ရက္ေတြ ေကာင္းမြန္စြာ ႏိုးထလာဖို႔ ကၽြန္ေတာ္ ကူညီေပးပါရေစ၊ ကၽြန္ေတာ္ကိုကို ေသဆံုးမႈကို စံုစမ္းခဲ့တဲ့ တစ္ႏွစ္ေက်ာ္အတြင္း ခုဆို လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္လုနီးေနၿပီ၊ ကိုကိုတို႔ေပ်ာ္ရမွာပါ။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"ဒါ ဒါ ဘယ္လိုျဖစ္တာလဲ"

"သူေဌး ကၽြန္ေတာ္တို႔ နည္းမ်ိဳးစံုသံုးၿပီးၿပီ၊ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ရွံဳးတုန္းပဲ"

ဒုန္း!!!

Hotelကို ေရာက္ကတည္းက လာဘ္အရမ္းေကာင္းေနတဲ့ ဝိုင္းေတြကို သတိထားၿပီး ေစာင့္ၾကည့္ေနခဲ့တာ၊ ဒါေတာင္ (၅)ဝိုင္းက ဘယ္လိုမွ ဦးခ်ိဳးလို႔မရ၊ ႏိုင္ၿမဲတမ္းႏိုင္ေနတာမို႔၊ အေျခအေနက ဆိုးရြားေနသည္။

ထိုစဥ္မွာပဲ အပူေပၚ အပူဆင့္ေလသည္။

"သူေဌး"

အခန္းထဲ အူယားဖားယား ေျပးလာတဲ့ Export/Inport ေတြရဲ႕ဂု႐ုႀကီး၊ ေဆးမ်ားရဲ႕ထိပ္ေခါင္ Roiက တံခါးကို အၾကမ္းပတမ္းဖြင့္ကာ ဝင္ေရာက္လာေလသည္။

Roi...ဒီေကာင္ ခုခ်ိန္ ပစၥည္းေတြနားပဲ ရွိေနရမွာေလ၊ ဘာလဲ ျပႆနာ တက္ၿပီလား။

"သူ သူေဌး...ပါသြားၿပီ အျဖဴေတြ ပါသြားၿပီ"

"ဘာ!!!"

"ရဲဝင္ဖမ္းသြားတာ၊ ရဲေတာင္ နယ္ေျမရဲမဟုတ္ဘူး မူးယစ္ဆိုင္ရာဌာနက ဆင္းလာတာ၊ ကၽြန္ေတာ္ေတာင္ သူေဌးဆီ သတင္းပို႔ဖို႔ ေျပးလာရတာ"

"ေခြးသားးးးးးေတြ!!!အလုပ္ကို ေသခ်ာမလုပ္ဘူး...ဒုန္း"

သတင္းလာပို႔သူ၏ နဖူးက ေသြးမ်ား မ်က္ႏွာေပၚ စီးက်လာကာ ထိုသူမွာလဲ တစ္ခ်က္မွ မလႈပ္ရဲ။

"အိမ္ျပန္မယ္ ကားအသင့္ျပင္ထား၊ မင္းက ေငြလက္ခံလိုက္တဲ့ ပေထြးဆီphဆက္စမ္း ဒီေန႔ကိစၥ ဘယ္လိုျဖစ္တာလဲလို႔"

"ဟုတ္ ဟုတ္ကဲ့ပါ သူေဌး"

သူေဌးႀကီး Xiao Weiတစ္ေယာက္ ဒီေန႔ကေတာ့ သူ႔အတြက္ ျပႆဒါးေန႔ပင္။

___________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
___________________________________

"ေအး ငါမနက္ျဖန္သြားမယ္ မင္းပါအထုပ္ျပင္ထား"

"ဟ ငါပါလိုက္ေတာ့ မင္းဘယ္သူ႔ဆီက စာကူးမွာလဲ အပိုေတြလုပ္မေနနဲ႔ အရင္လို တစ္ေယာက္ပဲ သြားစမ္းပါ"

"Zhou Cheng ရ...ငါနဲ႔မင္း လိုက္ခဲ့မွ ရမွာမို႔"

"Yibo ...ဘာ ဘာျဖစ္တာလဲ"

အသံက ခ်က္ခ်င္းပင္ ေလးနက္သြားတာမို႔ Wang yiboဆိုတာ အေၾကာင္းအက်ိဳးကို ဆက္စပ္ေတြးေတာေစႏိုင္သည္အထိ အျပဳအမူက ႐ိုးရွင္းပါတယ္၊ သူေလးနက္စြာ ေျပာေနလွ်င္ ေသေလာက္တဲ့ အကူအညီလိုေနတာပင္၊ ဘာလဲ ဟိုကိစၥက အတည္ျဖစ္ၿပီလား။

"အထုပ္ျပင္လိုက္ေတာ့ တစ္ပတ္ၾကာမယ္"

"ေအး!!!"

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

(၅)ရက္တိတိ အခ်ိန္ေတြ ၾကာခဲ့ၿပီ၊ ဟိုကေလးဆီက အဆက္အသြယ္ေတာင္ မရေသးပါလား၊ ဟ Xiao Zhan၊ Xiao Zhan မင္းက ဘာျဖစ္ေနတာလဲ၊ သူျပန္လာမယ္ေျပာထားတယ္ေလ။

"သခင္ေလး ကၽြန္ေတာ္ စံုစမ္းခဲ့ပါၿပီ"

မ်က္စိေရွ႕ေရာက္လာတဲ့ ပံုေတြထဲက ေကာင္ငယ္ေလးက ကၽြန္ေတာ္နား ေရာက္လာခဲ့ဖူးတဲ့ ကၽြန္ေတာ္သိခဲ့ဖူးတဲ့ ကေလးငယ္တဲ့လား။

ေသခ်ာရဲ႕လား ႏွစ္ခါျပန္ၾကည့္စရာ မလိုတဲ့ထိ Wang Yiboပါ၊ ပိုၿပီးေသခ်ာေစတာက နေဘးနားမွာ ကပ္လ်က္ရပ္ေနၿပီး အေနာက္တိုင္း ဝတ္စံုကိုက်က်နန ဝတ္ထားတဲ့ Zhou Cheng၊ သူတို႔ Las Vegasကို အေပ်ာ္သြားခဲ့ဟန္ မတူဘူး။

"သခင္ေလးYiboက Euopeက အငယ္ဆံုးစြန္႔ဦးစီးပြါးေရး ပညာရွင္တစ္ေယာက္အျဖစ္ နာမည္ႀကီးတယ္၊ 5 star hotelေတြ ဆယ္လံုးထက္မနည္း ၿမိဳ႕ႀကီးေတြမွာရွိတယ္၊ စီးပြါးကူးသန္းေရးဘက္မွာ ကမ႓ာအႀကီးဆံုးကုမၸဏီႀကီးေတြရဲ႕ ေဆာက္လုပ္ေရး ပစၥည္းေတြကို သယ္ယူပို႔ေဆာင္ေပးတဲ့ ပင္လယ္ကူးသေဘၤာႀကီးေတြရွိတယ္၊ Casino ကို အေပ်ာ္တမ္းလုပ္တယ္ သတင္းရေပမဲ့ ခုလက္ရွိ Casino Hotelကို(၃)ခုပိုင္သြားၿပီ၊ ဒါကလည္း ကစားလို႔ ႏိုင္သြားတာမို႔ လက္လႊဲယူလိုက္တာတဲ့ သခင္ေလး"

နားေထာင္ရင္း တစ္ျဖည္းျဖည္း မ်က္ခံုးမ်ားက ျမင့္တက္လာၿပီး မ်က္ေမွာင္ပါ က်ံဳ႕လာတာမို႔ ေျပာလက္စ စကားကိုရပ္လိုက္တဲ့ အတြင္းေရးမွဴးကို ဆက္ေျပာေစရသည္။

"ဒါနဲ႔မၿပီးေသးဘူး ေဆာ္ဒီအာေရဗ်မွာ ေရနံတြင္းတစ္ခုပိုင္ေသးတယ္ သခင္ေလး၊ ဒါေတြအကုန္လံုးက သူေဌးႀကီးWangရဲ႕ လက္ေအာက္က ကင္းလြတ္ၿပီး သခင္ေလးYiboရဲ႕ တစ္ဦးတည္း ပိုင္ဆိုင္မႈပါ၊ သခင္ေလးက အသက္(၁၂)ႏွစ္သားကတည္းက Hotel(4)ခုကို ဦးစီးေနၿပီ၊ ဒါေၾကာင့္လည္း ဒီေန႔မွာ ဒီလိုပိုင္ဆိုင္တာပါ၊ ၿပီးေတာ့ သခင္ေလးYibo က ဘယ္ေတာ့မွ မ်က္ႏွာမျပတဲ့ စီးပြါးေရးလုပ္ငန္းရွင္ႀကီးပါ၊ ေခါင္းႀကီးပိုင္းေလာက္ပဲ သိတယ္ဆိုတဲ့သေဘာပါ"

ဟူးးးးး!

ညီ...မင္းက ဘာလဲ!
ေလပူအခ်ိဳ႕ကို အေၾကာင္းမဲ့ မႈတ္ထုတ္လိုက္ၿပီး အဓိကက်တာကို ေမးလိုက္သည္။

"သူ ဘယ္ေတာ့ ျပန္လာမွာလဲ"

"ဗ်ာ...!!!ဟုတ္ကဲ့ ဒီေန႔ည Flightနဲ႔ သခင္ေလး"

"___"

ဒုတ္ဒုတ္ ဒုတ္ဒုတ္ ဒုတ္ဒုတ္!!!OMG ဘယ္လိုေတာင္ ႏွလံုးခုန္ျမန္လာရတာလဲ...ငါ ငါ ဒီေန႔ေဆး ေစာနကမွ ေသာက္ထားတာပဲ။

ရင္ဘတ္ကိုဖိကာ မတ္တက္ရပ္လိုက္တာမို႔ ...

"သ သခင္ေလး ဘယ္နားက မေနသာဘူးလဲ၊ သခင္ေလး Yu Binကို ေခၚေပးရမလား"

"ရတယ္ ငါခဏလွဲလိုက္မယ္"

ကုတင္ေပၚ လွဲခ်လိုက္ေတာ့မွ အတြင္းေရးမႉးလည္း အခန္းျပင္ ထြက္သြားေလေတာ့သည္။

"သခင္ေလး ေနသိပ္မေကာင္းခ်င္ဘူး၊ တစ္ခုခုဆို သခင္ေလး Yu Binကို ခ်က္ခ်င္းေခၚ၊ ငါကိစၥရွိလို႔ ကုမၸဏီျပန္သြားရမယ္"

"ဟုတ္ကဲ့ ဆရာ"

ခပ္သဲ့သဲ့အသံမ်ားကိုေတာ့ျဖင့္ အခန္းတြင္းက Xiao Zhanတစ္ေယာက္ မၾကားသိေတာ့ဘဲ အိပ္ေမာက်ေနေလေတာ့သည္။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

ဖတ္ေပးက်တဲ့ readernimတို႔ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ဗ်ာ!

9:56PM
2592019
_BLOOM_

🍁🍁🍁🍁🍁🍁Unicode🍁🍁🍁🍁🍁🍁


ယခင်နေ့တွေနဲ့မတူ အိပ်ရေးဝနေတာမို့ ထူးထူးဆန်းဆန်း လူက ပေါ့ပါးစွာ နိုးထလာခဲ့သည်။

ခပ်စိမ့်စိမ့်လေး ဖြစ်သွားတဲ့ အအေးချိန်ကြောင့် Heater Remoteကို လှမ်းယူတော့ အပူချိန်ပြအကွက်ထဲက ဂဏန်းလေးကြောင့် လူကဇဝေဇဝါ။

ညကအခန်း အပူချိန်များ လျော့မိလားပဲ၊ ဒါကြောင့် အေးနေတာကိုး၊ အပူချိန် နည်းနည်းတိုးလိုက်ပြီး နာရီကိုကြည့်တော့ နံနက်(၅:၃၀)၊ နေ့တိုင်း ဒီအချိန်ဆို လမ်းလျှောက်နေကျဆိုပေမဲ့ ခုတစ်လော ကျန်းမာရေးကြောင့် လမ်းမလျှောက်တာ တစ်လနီးပါး ဖြစ်နေပြီ။

ကိုယ်လက်သန့်စင်ပြီးတာနဲ့ Sport suitကို ပေါ့ပေါ့ပါးပါး ဝတ်ကာ ခြံပြင်ကို ထွက်ခဲ့လေသည်။

အိမ်ကနေ အနည်းငယ်လျှောက်လိုက်တာနဲ့ Parkကိုရောက်ကာ မနက်ခင်း လမ်းလျှောက်သူ စက်ဘီးစီးသူ ပြေးနေသူများ ယောဂကျင့်နေသူများနဲ့ စည်ကားနေပါတော့သည်။

ဖြည်းဖြည်းနဲ့ မှန်မှန်လျောက်လာတဲ့နောက် အများပြည်သူ နားနေရာအတွက် ပြုလုပ်ထားတဲ့ ခုံတန်းလေးမှာ ထိုင်လိုက်စဉ် မျက်နှာအရှေ့ကိုရောက်လာတဲ့ အဖုံးဖွင့်ပြီးသား ရေဗူးလေး။

မော့ကြည့်လိုက်တော့ Yibo...ခေါင်းပတ်အဖြူလေးကို နဖူးပေါ်စည်းပြီး ခေါင်းအစ ခြေအဆုံး Nikeတံဆိပ်ကို ဝတ်ဆင်ထားကာ all blackကို ကျော်လွန်၍ ဖြူလွှလွှ အသားရေက ပိုပေါ်လွင်နေသည်။

"ကိုကိုက ဒီအချိန် လမ်းလျောက်နေကြ
လို့ပြောလို့ စောင့်နေတာ"

"ညီကရော"

"ကျွန်တော်လည်း အိမ်နားကParkမှာ ပြေးနေကြ တစ်ခါတစ်လေ Skateစီးလေ့ကျင့်တယ်"

"အင်း"

"ပြန်တော့မလား ကိုကို"

ခေါင်းကို ညိတ်ပြတာမို့ အိမ်ကိုအတူတူ လမ်းလျှောက်ပြန်ဖြစ်ခဲ့ကြသည်။

အပြန်လမ်းမှာ တိတ်ဆိတ်နေတဲ့ကိုကိုက ကျွန်တော်ကို တွေးစရာရပ်ဝန်းဆီ တွန်းပို့နေလေသည်။

ကိုကိုဘာကြောင့် နေမကောင်းဖြစ်တာလဲ?
ကိုကိုဘာကြောင့် စကားနည်းတာလဲ?
ကိုကိုဘာကြောင့် မရယ်ပြုံးတာလဲ?
ကိုကိုရဲ့ အတိတ်နေ့ရက်တွေတုန်းကရော ပျော်စရာအတိနဲ့လား?

ကျွန်တော်သိချင်မိပါရဲ့။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

ကိုကိုတဲ့...ကျွန်တော်နဲ့ စိမ်းသက်သက် နာမ်စားတစ်ခုက နားထဲမှာ အဆင်ချောစွာ အသားကျနေလေသည်။

Shinရေ...ငါမင်းကိုသတိရတယ်။

ဒါပေမဲ့ ဒီကလေးနဲ့ အတူတူရှိရင် ငါရဲ့စိတ်တွေ ပိုသက်သာရာရနေခဲ့တယ်။

မင်းနဲ့သိပ်တူတဲ့ မင်းရဲ့ညီလေးဆိုပေမဲ့ ငါ့အတွက် ဆေးတစ်ခွက်လိုပဲ။

ဒါပေမဲ့...ညီ့ကို ငါ့အနားခေါ်ထားတာ မှန်ရဲ့လား မသိပေမဲ့ ခဏတစ်ဖြုတ်တော့ မျက်စိမှိတ်ပြီး ခေါ်ထားလိုက်တယ်၊ စိတ်ချပါ ငါ အမှားတစ်ခုကို နှစ်ကြိမ် အဖြစ်မခံပါဘူး၊ ငါ့အနားရှိနေတဲ့ အချိန်လေးကို အကောင်းဆုံး ကာကွယ်ပေးပါ့မယ်၊ ဘာအန္တရာယ်မှ မရှိစေပဲပေါ့။

ခုချိန်ထိ စုံစမ်းနေခဲ့တဲ့ ယာဉ်တိုက်မှု တရားခံ၊ အချိန်တွေ ငွေတွေကုန်တဲ့ထိ ရှာဖွေနေရတဲ့သူ၊ ကျွန်တော်ည့ံဖျင်းလွန်းတယ် ခုထိရှာမတွေ့ခဲ့ဘူး၊ ဘယ်တော့မှလည်း ရှာမတွေ့တော့ဘူးထင်တယ်၊ ဟင့်အင်း ယောကျာ်းတို့ဇွဲ သေခါမှလျော့မယ်၊ Shinအတွက် အမှန်တရားကို ဖော်ထုတ်နိုင်ရမယ်။

လေးလေးXiao Wei...ဘယ်မှာလဲ???

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"ခုတစ်လော မင်းတို့ကောင်တွေ အလုပ်လုပ်တာ အလုပ်နဲ့တူအောင်လုပ်စမ်း"

"သူဌေး ကျွန်တော်တို့ နေ့တိုင်း ကြပ်မတ်ပါတယ်၊ အခုက ပြင်သစ်ကောင်အဖွဲ့ကြောင့် ဒုက္ခရောက်နေရတာ"

"ဒုန်း!!!မင်းတို့ ပြောလိုက်ရင် ဆင်ခြေကြီးပဲ ဟမ်၊ ဒီနေ့ညနေကစပြီး သုံးလို့ရတဲ့ နည်းမှန်သမျှ အကုန်သုံး ကြားလား"

"ဟုတ်ကဲ့ပါ သူဌေး"

"ဟေ့ တစ်ယောက်လာစမ်း၊ ငါ့ဆေးပါယူခဲ့"

သူဌေးကြီး Jane(Xiao Wei)...မူလအမည် ပြောင်းကာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက Casino ဝိုင်းတွေမှာ ကျင်လည်ပြီး နောက်ပိုင်းနှစ်တွေမှာ Casino Hotelတွေဖွင့်ကာ စီးပွါးဖြစ်လာသူ၊ အောင်မြင်မှုက(၉)နှစ်လောက်ပဲ တည်တ့ံခဲ့ပြီး လွန်ခဲ့တဲ့နှစ်ဦးပိုင်းကစလို့ လုပ်ငန်းကို သိသိသာသာရော မသိမသာရော တိုက်ခိုက်လာတာ ဘက်ပေါင်းစုံကမို့ လုပ်ငန်းမှာ အရှုံးကြီးရှုံးနေလေတော့သည်။

ရှုံးတယ်ဆိုပေမဲ့ ဆင်ပိန်ကျွဲလောက်တော့ ကျန်သေးတာပေါ့၊ ဒါပေမဲ့ လက်သည်မပေါ်အောင် ပိရိလှတဲ့ တစ်ဖက်ပြိုင်ဘက်ကို အဖြူလား အမဲလားပင် မသိရတာမို့ အခုဆို သွေးကျဆေးတွေပါ သောက်နေရတဲ့ အနေအထား ရောက်နေလေပြီ။

အရင်လို မငယ်တော့တဲ့အသက်ကြောင့် နေရာတကာ ပေါ့ပေါ့ပါးပါး ဦးဆောင်နေတာထက် ညွှန်ကြားတဲ့ဘက်ကိုသာ တက်နိုင်တော့သည်။

ဒီလိုကြတော့လည်း ဇနီးမယားနဲ့ မိသားစုနဲ့ အတည်တကျရှိတဲ့ တစ်ဦးတည်းသော အစ်ကိုကြီးကို သွားသတိရမိသည်။

ထားပါလေ...အစ်ကိုကြီးကတော့ ကျွန်တော်ကို မုန်းနေမှာပေါ့၊ ဒါပေမဲ့ Zhan Zhanမှ မသေခဲ့ဘဲ။

မဖြစ်သေးပါဘူးလေ Casino ဝိုင်းဘက်ကို ဒီညတော့ ငါကိုယ်တိုင် သွားမှပါ။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"သခင်လေး ကျွန်တော်တို့ဘက်က all killတယ်"

"All kill တာလောက်နဲ့"

"မလောပါနဲ့ သခင်လေးရဲ့ ကွန်တိန်နာ (၃)စီးစာ ဘိန်းတွေပါ ရဲကိုသတင်းပေးလိုက်တယ်၊ မနက်ဖြန်တော့ Casino Hotel(၂)လုံးတော့ ဒေဝါလီခံရမယ် သခင်လေး"

"Ok...!!!ပါးရော နေကောင်းလား"

"သခင်ကြီးက နေကောင်းပါတယ်၊ ကျွန်တော် နောက်ဆုံးတစ်ခုကို ပြင်ဆင်ထားလိုက်တော့မယ်"

"ကောင်းပြီ၊ ငါမနက်ဖြန် Flightနဲ့ လာခဲ့မယ်၊ ပါး ကိုမပြောထားနဲ့အုံး"

ပါးဆီရောက် မရောက် မသေချာတာမို့...!

Phချလိုက်တဲ့နောက် အရင်ဆုံး လုပ်ရမယ့် ကိစ္စတစ်ခုကြောင့် ကိုကိုရှိရာ အခန်းကို ကူးလာခဲ့တော့သည်။

"ဒေါက် ဒေါက် ဒေါက်!!!ကိုကို"

"ဝင်ခဲ့ညီ"

"ကျွန်တော် ခွင့်တောင်းစရာရှိလို့ပါ"

စာအုပ်ဖတ်လက်စကို လက်ညှိုးလေးခံပြီး ပိတ်ကိုင်ထားကာ ကျွန်တော်ကို ခုံမှာမျက်နှာရိပ်ပြပြီးထိုင်ခိုင်းတဲ့ထိ ပုံမှန်အပြောင်းအလဲ မရှိတဲ့ကိုကိုက၊ ခွင့်တောင်းစရာရှိတယ်ဆိုမှ မျက်လုံးအရောင်လေး အနည်းငယ်ပြောင်းလဲသွားပြီး ကျွန်တော်ကို စိုက်ကြည့်နေလေသည်။

"ကျွန်တော် မနက်ဖြန် Flightနဲ့ Las Vegasကို ခဏသွားစရာရှိတယ်၊ အဲ့ဒါ ကိုကိုနဲ့ တူတူရှိရမယ့် ရက်ကမပြည့်သေးပဲ ကိစ္စပေါ်လာလို့ တောင်းပန်ပါတယ်၊ ကျွန်တော် ဟိုကကိစ္စပြီးတာနဲ့ ကိုကို့ဆီ ပြန်လာခဲ့ပါ့မယ်"

"ညီ့ဖေဖေဆီသွားမလို့လား"

"အဟီးးး ကျွန်တော် ပြန်လာမှ ကိုကို့ကို အကုန်ပြောပြမယ်၊ နော်"

ဆိုတော့ကာ အခုမပြောနိုင်သေးဘူးပေါ့၊ ရပါတယ် ပြန်လာရင် သိရမှာမို့။

"ဘယ်နှစ်ရက် ကြာမှာလဲညီ"

"တစ်ပတ် ကိုကို၊ တစ်ပတ်"

"OK!!!"

ကိုကို့ရဲ့ နေ့ရက်တွေ ကောင်းမွန်စွာ နိုးထလာဖို့ ကျွန်တော် ကူညီပေးပါရစေ၊ ကျွန်တော်ကိုကို သေဆုံးမှုကို စုံစမ်းခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ခုဆို လိုချင်တဲ့ ပန်းတိုင်ကို ရောက်လုနီးနေပြီ၊ ကိုကိုတို့ပျော်ရမှာပါ။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"ဒါ ဒါ ဘယ်လိုဖြစ်တာလဲ"

"သူဌေး ကျွန်တော်တို့ နည်းမျိုးစုံသုံးပြီးပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ ရှုံးတုန်းပဲ"

ဒုန်း!!!

Hotelကို ရောက်ကတည်းက လာဘ်အရမ်းကောင်းနေတဲ့ ဝိုင်းတွေကို သတိထားပြီး စောင့်ကြည့်နေခဲ့တာ၊ ဒါတောင် (၅)ဝိုင်းက ဘယ်လိုမှ ဦးချိုးလို့မရ၊ နိုင်မြဲတမ်းနိုင်နေတာမို့၊ အခြေအနေက ဆိုးရွားနေသည်။

ထိုစဉ်မှာပဲ အပူပေါ် အပူဆင့်လေသည်။

"သူဌေး"

အခန်းထဲ အူယားဖားယား ပြေးလာတဲ့ Export/Inport တွေရဲ့ဂုရုကြီး၊ ဆေးများရဲ့ထိပ်ခေါင် Roiက တံခါးကို အကြမ်းပတမ်းဖွင့်ကာ ဝင်ရောက်လာလေသည်။

Roi...ဒီကောင် ခုချိန် ပစ္စည်းတွေနားပဲ ရှိနေရမှာလေ၊ ဘာလဲ ပြဿနာ တက်ပြီလား။

"သူ သူဌေး...ပါသွားပြီ အဖြူတွေ ပါသွားပြီ"

"ဘာ!!!"

"ရဲဝင်ဖမ်းသွားတာ၊ ရဲတောင် နယ်မြေရဲမဟုတ်ဘူး မူးယစ်ဆိုင်ရာဌာနက ဆင်းလာတာ၊ ကျွန်တော်တောင် သူဌေးဆီ သတင်းပို့ဖို့ ပြေးလာရတာ"

"ခွေးသားးးးးးတွေ!!!အလုပ်ကို သေချာမလုပ်ဘူး...ဒုန်း"

သတင်းလာပို့သူ၏ နဖူးက သွေးများ မျက်နှာပေါ် စီးကျလာကာ ထိုသူမှာလဲ တစ်ချက်မှ မလှုပ်ရဲ။

"အိမ်ပြန်မယ် ကားအသင့်ပြင်ထား၊ မင်းက ငွေလက်ခံလိုက်တဲ့ ပထွေးဆီphဆက်စမ်း ဒီနေ့ကိစ္စ ဘယ်လိုဖြစ်တာလဲလို့"

"ဟုတ် ဟုတ်ကဲ့ပါ သူဌေး"

သူဌေးကြီး Xiao Weiတစ်ယောက် ဒီနေ့ကတော့ သူ့အတွက် ပြဿဒါးနေ့ပင်။

___________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
___________________________________

"အေး ငါမနက်ဖြန်သွားမယ် မင်းပါအထုပ်ပြင်ထား"

"ဟ ငါပါလိုက်တော့ မင်းဘယ်သူ့ဆီက စာကူးမှာလဲ အပိုတွေလုပ်မနေနဲ့ အရင်လို တစ်ယောက်ပဲ သွားစမ်းပါ"

"Zhou Cheng ရ...ငါနဲ့မင်း လိုက်ခဲ့မှ ရမှာမို့"

"Yibo ...ဘာ ဘာဖြစ်တာလဲ"

အသံက ချက်ချင်းပင် လေးနက်သွားတာမို့ Wang yiboဆိုတာ အကြောင်းအကျိုးကို ဆက်စပ်တွေးတောစေနိုင်သည်အထိ အပြုအမူက ရိုးရှင်းပါတယ်၊ သူလေးနက်စွာ ပြောနေလျှင် သေလောက်တဲ့ အကူအညီလိုနေတာပင်၊ ဘာလဲ ဟိုကိစ္စက အတည်ဖြစ်ပြီလား။

"အထုပ်ပြင်လိုက်တော့ တစ်ပတ်ကြာမယ်"

"အေး!!!"

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

(၅)ရက်တိတိ အချိန်တွေ ကြာခဲ့ပြီ၊ ဟိုကလေးဆီက အဆက်အသွယ်တောင် မရသေးပါလား၊ ဟ Xiao Zhan၊ Xiao Zhan မင်းက ဘာဖြစ်နေတာလဲ၊ သူပြန်လာမယ်ပြောထားတယ်လေ။

"သခင်လေး ကျွန်တော် စုံစမ်းခဲ့ပါပြီ"

မျက်စိရှေ့ရောက်လာတဲ့ ပုံတွေထဲက ကောင်ငယ်လေးက ကျွန်တော်နား ရောက်လာခဲ့ဖူးတဲ့ ကျွန်တော်သိခဲ့ဖူးတဲ့ ကလေးငယ်တဲ့လား။

သေချာရဲ့လား နှစ်ခါပြန်ကြည့်စရာ မလိုတဲ့ထိ Wang Yiboပါ၊ ပိုပြီးသေချာစေတာက နဘေးနားမှာ ကပ်လျက်ရပ်နေပြီး အနောက်တိုင်း ဝတ်စုံကိုကျကျနန ဝတ်ထားတဲ့ Zhou Cheng၊ သူတို့ Las Vegasကို အပျော်သွားခဲ့ဟန် မတူဘူး။

"သခင်လေးYiboက Euopeက အငယ်ဆုံးစွန့်ဦးစီးပွါးရေး ပညာရှင်တစ်ယောက်အဖြစ် နာမည်ကြီးတယ်၊ 5 star hotelတွေ ဆယ်လုံးထက်မနည်း မြို့ကြီးတွေမှာရှိတယ်၊ စီးပွါးကူးသန်းရေးဘက်မှာ ကမ်ဘာအကြီးဆုံးကုမ္ပဏီကြီးတွေရဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးတဲ့ ပင်လယ်ကူးသငေ်္ဘာကြီးတွေရှိတယ်၊ Casino ကို အပျော်တမ်းလုပ်တယ် သတင်းရပေမဲ့ ခုလက်ရှိ Casino Hotelကို(၃)ခုပိုင်သွားပြီ၊ ဒါကလည်း ကစားလို့ နိုင်သွားတာမို့ လက်လွှဲယူလိုက်တာတဲ့ သခင်လေး"

နားထောင်ရင်း တစ်ဖြည်းဖြည်း မျက်ခုံးများက မြင့်တက်လာပြီး မျက်မှောင်ပါ ကျုံ့လာတာမို့ ပြောလက်စ စကားကိုရပ်လိုက်တဲ့ အတွင်းရေးမှူးကို ဆက်ပြောစေရသည်။

"ဒါနဲ့မပြီးသေးဘူး ဆော်ဒီအာရေဗျမှာ ရေနံတွင်းတစ်ခုပိုင်သေးတယ် သခင်လေး၊ ဒါတွေအကုန်လုံးက သူဌေးကြီးWangရဲ့ လက်အောက်က ကင်းလွတ်ပြီး သခင်လေးYiboရဲ့ တစ်ဦးတည်း ပိုင်ဆိုင်မှုပါ၊ သခင်လေးက အသက်(၁၂)နှစ်သားကတည်းက Hotel(4)ခုကို ဦးစီးနေပြီ၊ ဒါကြောင့်လည်း ဒီနေ့မှာ ဒီလိုပိုင်ဆိုင်တာပါ၊ ပြီးတော့ သခင်လေးYibo က ဘယ်တော့မှ မျက်နှာမပြတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးပါ၊ ခေါင်းကြီးပိုင်းလောက်ပဲ သိတယ်ဆိုတဲ့သဘောပါ"

ဟူးးးးး!

ညီ...မင်းက ဘာလဲ!
လေပူအချို့ကို အကြောင်းမဲ့ မှုတ်ထုတ်လိုက်ပြီး အဓိကကျတာကို မေးလိုက်သည်။

"သူ ဘယ်တော့ ပြန်လာမှာလဲ"

"ဗျာ...!!!ဟုတ်ကဲ့ ဒီနေ့ည Flightနဲ့ သခင်လေး"

"___"

ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်!!!OMG ဘယ်လိုတောင် နှလုံးခုန်မြန်လာရတာလဲ...ငါ ငါ ဒီနေ့ဆေး စောနကမှ သောက်ထားတာပဲ။

ရင်ဘတ်ကိုဖိကာ မတ်တက်ရပ်လိုက်တာမို့ ...

"သ သခင်လေး ဘယ်နားက မနေသာဘူးလဲ၊ သခင်လေး Yu Binကို ခေါ်ပေးရမလား"

"ရတယ် ငါခဏလှဲလိုက်မယ်"

ကုတင်ပေါ် လှဲချလိုက်တော့မှ အတွင်းရေးမှူးလည်း အခန်းပြင် ထွက်သွားလေတော့သည်။

"သခင်လေး နေသိပ်မကောင်းချင်ဘူး၊ တစ်ခုခုဆို သခင်လေး Yu Binကို ချက်ချင်းခေါ်၊ ငါကိစ္စရှိလို့ ကုမ္ပဏီပြန်သွားရမယ်"

"ဟုတ်ကဲ့ ဆရာ"

ခပ်သဲ့သဲ့အသံများကိုတော့ဖြင့် အခန်းတွင်းက Xiao Zhanတစ်ယောက် မကြားသိတော့ဘဲ အိပ်မောကျနေလေတော့သည်။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

ဖတ်ပေးကျတဲ့ readernimတို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ!

9:56PM
2592019
_BLOOM_

Continue Reading

You'll Also Like

785K 29.3K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
643K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
4.4K 686 13
ကိုကိုချစ်တာ ကျွန်တော်လား ? ဟန်ဝေ့ချန်လား ?
293K 8.8K 95
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...