အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 241K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 55

38.3K 2.8K 237
By OnyxAriezz

>>>>>Unicode<<<<<

"ဒီး...ဒီး...."

ဖုန်းမှ vibration ကြောင့် သျှန်နောင် အလျှင်အမြန်ထကာ ဖုန်း ကောက်ကိုင်လိုက်သည်။

"ဟဲလို"

သူ့အသံက အိပ်ချင်မူးတူးဖြစ်နေသေးသည်ကို ဖုံးဖိမရ။

"သျှန်နောင်... နင့်ကို လုံခြုံရေး ကိုတိုးဖုန်းခေါ်ပြီးပြီလား။"

မမိုး၏ အရေးကြီး သုတ်ပြာအသံကြောင့် သျှန်နောက်မှာ အိပ်ချင်စိတ်တို့ လွင့်ပါးသွားတော့သည်။

"ဟင့်အင်း... ဘာဖြစ်လို့လဲ"

"ဆိုင်ကို လူနှစ်ယောက်က မီးရှို့မလို့လုပ်တယ်တဲ့။"

"ဘာ?!!"

သျှန်နောင်မှ အလန့်တကြားဖြင့် အိပ်ရာပေါ်သို့ ထထိုင်လိုက်လျှင် သျှားအိမ်ပါ မျက်လုံးပွင့်လာတော့သည်။

"Baby ဘာဖြစ်တာလဲ"

သျှန်နောင်က မဖြေ။ အိပ်ရာပေါ်မှဆင်းကာ ဗီရိုရှိရာဆီသို့ ပြေးသွားကာ အဝတ်အစားများ ထုတ်ယူနေသည်။

"..... ကိုတိုးက အချိန်မှီတားလိုက်လို့ ဆိုင်ကတော့ ဘာမှတော့ မဖြစ်သွားပေမယ့် အဲ့ဒီ့လူထဲက တစ်ယောက်က ဓါးနဲ့ထိုးလို့ ကိုတိုး လက်ဖျံနဲ့ လက်မောင်းမှာ ဒဏ်ရာရသွားတယ်တဲ့။"

"ကိုတိုးအခု ဘယ်မှာလဲ"

"ဆေးရုံမှာ.... ငါ အခု အဲ့ဒီ့ကို သွားနေတယ်။"

"ဟုတ်ပြီ... ကျွန်တော်အခုပဲလာခဲ့မယ်။ ဒါပဲနော်"

သျှန်နောင်က ဖုန်းချလိုက်သည်နှင့် pajama အင်္ကျီကို အလျှင်အမြန်ချွတ်ကာ ထုံးစံအတိုင်း ရှပ်လည်ကတုံး အဖြူရောင်နှင့် slim fit Style pant မီးခိုးရောင်လေးသို့ လဲလှယ်ရင်းမှ...

"ရွှေနယားကို လူနှစ်ယောက်က မီးရှို့မလို့ လုပ်တယ်တဲ့။ ညစောင့်ကောင်လေးကြောင့် အထမမြောက်သွားဘူး။ ဒါပေမယ့် ဒီကောင်လေး ဒဏ်ရာရပြီး ဆေးရုံမှာ။ သိပ်တော့ ကြီးကြီးမားမားမဟုတ်ပါဘူး။ ဒါပေမယ့် သွားတွေ့လိုက်ဦးမယ်။ မောင်ကတော့ ပြန်အိပ်လိုက်။ အခုမှ မနက် ၄ နာရီပဲရှိသေးတယ်။"

သျှန်နောင်က ပြောပြောဆိုဆို အနမ်းတို့ကို ချစ်သူ၏ နှုတ်ခမ်းချိုချိုတို့ပေါ်သို့ ချွေလိုက်သည်။

"ချစ်တယ် မောင်"

"အင်း... ချစ်တယ်"

သူ့အား ခေါင်းစုတ်ဖွားဖြင့်ကြည့်နေသော ထိုအမျိုးသားငယ်လေး၏ ခေါင်းကို ချစ်စနိုးဖြင့်ဆွဲဖွလိုက်ပြီးလျှင်....

"သွားပြီ..."

"နေဦး"'

သျှားအိမ်က သျှန်နောင်၏ လက်ကို ဖမ်းဆွဲကာ မျက်နှာခြင်းကပ်လုနီးပါးအထိ ချစ်သူ၏ ခန္ဓာကိုယ်ကို ညှင်သာစွာ ဆွဲယူလိုက်ပြီး အနမ်းရင့်ရင့်တချို့ ပြန်လည်အပ်နှင်းလိုက်သည်။ ထို့နောက် ချစ်သူ၏ ပါးပြင်ကို အမြတ်တနိုးဖြင့် ပွတ်သပ်ကာ...

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ ကြားလား။"

"ဟုတ်"

သျှန်နောင် လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် အိမ်မှထွက်ကာ ဆေးရုံဆီသို့ ဦးတည်ကာ မောင်းခဲ့တော့သည်။ မနက်ဝေလီဝေလင်းမို့ ဖြစ်မည်ထင်၏ လမ်းများက စိတ်ချမ်းသာဖွယ်ကောင်းအောင် ရှင်းလင်း၍ နေသည်။ သို့သော် သူ့စိတ်တို့က မအေးချမ်းနိုင်။ သူ့ဆိုင်ကို မီးရှို့ရန် ကြံစည်ရဲသူရှိကြောင်း လောလောလတ်လတ် သိထားသည် မဟုတ်လား။ ဤသို့ ကြံစည်ဝံ့သူမှာ ဦးမြတ်ဘုန်းလျှံမှ လွဲ၍ တခြားမဖြစ်နိုင်မှန်း သူသိနေသည်။ ကြည့်ရသည်မှာ ဝင်းထွတ်ကို ကိစ္စတုံးလိုက်သည့်အကြောင်းကို သိသွားပုံရသည်။ ထို့‌ကြောင့် လက်စားချေသည့်အနေဖြင့် သူ၏ ရွှေနယားကို မီးနှင့်တိုက်ရန် လူလွှတ်လိုက်ခြင်းဖြစ်ပေလိမ့်မည်။

သူ ဆေးရုံ အရေးပေါ်အခန်းထဲရောက်တော့ မမိုးက ရောက်နှင့်နေပြီဖြစ်သည်။ ကိုတိုးက ဖြစ်သမျှကို သူ့အား တကျော့ပြန်၍ ပြန်ပြောင်းပြောပြရှာသည်။

"... လူနှစ်ယောက် အစ်ကိုကြီး။ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနဲ့။ ဆိုင်အနောက်ဘက်က gas tankတွေထားတဲ့နေရာမှာ တိုးတိုးနဲ့ တခုခုလုပ်နေတာတွေ့ ကျွန်တော်က လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး... ဘယ်သူလဲ မေးလိုက်တာ တစ်ယောက်က ကျွန်တော့်ကို ဓါးနဲ့ ပြေးထိုးတယ်။ ကျွန်တော်က လက်နဲ့ ခံပေးလိုက်တော့ ကျွန်တော့်လက်ဖျံကိုပဲ ထိသွားတယ်။"

ကိုတိုးက ပြောရင်းဖြင့် ပတ်တီးအထပ်ထပ်စီးထားသော လက်ကိုပြလိုက်သေးသည်။

"ကျွန်တော်လည်း အဲ့ဒီလူနဲ့ လုံးလားထွေးလားလုပ်နေရင်းနဲ့ မတော်တဆလဲကျပြီး သူ့ဓါးနဲ့ သူ့ဗိုက်သူ ပြန်ထိုးမိသွားတယ်။ အဲဒီတော့မှ နောက်လူက သူလုပ်လက်စ အလုပ်ကိုချပြီး အဲ့ဒီ့လူကို ပြေးပွေ့တယ်။ ပါးစပ်ကလည်း "အောင်ထွန်း"ဆိုလား ခေါ်သေးတယ်။ ကျွန်တော်က ခါးကြားထဲက လက်ကိုင်တုတ်ကို ထုတ်လိုက်တော့ သူ့လူသူ ဆွဲပြီးပြေးရော။ ကျွန်တော်လည်း အဲ့တော့မှ သူတို့ခုနက ကုပ်ကုပ်လုပ်နေတဲ့နေရာကို ကြည့်မိတော့ ဓါတ်ဆီစွတ်ထားတဲ့ အဝတ်စရယ် မီးခြစ်ရယ်ကို တွေ့တာ။ သူတို့ပဲ ညံ့တာလား၊ ဒါမှမဟုတ် ကျွန်တော်တို့ပဲ ကံကောင်းတာလား မသိဘူး။ အဲ့ဒီ့ မီးခြစ်က အလုပ်မလုပ်ဘူး။"

ကိုတိုးက သူ့အိတ်ကပ်ထဲမှ မီးခြစ်လေးကို ထုတ်ပေးလိုက်သည်။ သျှန်နောင်က ယူ၍ သေချာကြည့်လိုက်တော့ မီးခြစ်လေးက ဆီခန်း၍ နေသည်။ သူ ခပ်လှောင်လှောင် တစ်ချက်ပြုံးလိုက်ကာ....

"ဒီလူတွေကိုက မီးစာကုန်ဆီခန်းတော့မှာလေ။"

ထိုနောက် ချက်ချင်းဆိုသလို ဟန်သိုကို ဖုန်းခေါ်လိုက်သည်။ ချူးဝေဆုံးကတည်းက Night Terror ကို ဒီကောင်လေးကို ဦးစီးစေသည်ဖြစ်ရာ ဒီအချိန်ဆို ဒီကောင်လေး ကလပ်မှာပဲ ရှိလိမ့်ဦးမည်။

"ဟန်သို.. အေး... မင်း "အောင်ထွန်း"ဆိုတဲ့နာမည်နဲ့ ဗိုက်မှာ လတ်လတ်လောလော ဒဏ်ရာရထားတဲ့ လူတစ်ယောက်ရယ် သူ့အဖော်ရယ်ကို ရှာပေးစမ်းကွာ။"

"အဲ့ဒီ့လူရဲ့ အကြမ်းဖျင်းပုံစံကိုရော သိနိုင်မလား အစ်ကိုကြီး"

"ပုံစံက.... ခဏ... ရော့... ကိုတိုး မင်းယောက်ဖနဲ့ စကားပြောလိုက်ဦး"

သျှန်နောင်က ဖုန်းကို ကိုတိုးထံ ထိုးပေးလိုက်ပြီး ဟန်သိုနှင့် တိုက်ရိုက် စကားပြောစေသည်။ ကိုတိုးက ထိုလူနှစ်ယောက်၏ ပုံသဏ္ဌာန်ကို ပြောပြကာ ဖြစ်စဉ်ကိုပြပြောပြလိုက်သည်။ ထို့နောက် ဟန်သိုက ယောက်ဖဖြစ်သူ ကိုတိုးကို သတင်းမေးဟန်တူသည်။ မစိုးရိမ်ပါရန်နှင့် ဇနီးဖြစ်သူကို သွားမပြောရန်မှာကြားကာ ဖုန်းကို သျှန်နောင်ထံပြန်ပေးလိုက်သည်။

"အေး... အဲ့ဒီ့ကောင်ကို မိရင် Pixil မှာ ပို့ထားလိုက်။ Night Terror က ဟိုခွေးအတွေ ရှုပ်နေသေးတယ်။"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး"

"ဒါဆို မင်းဘာပြောဦးမလဲ"

"မရှိတော့ပါဘူး အစ်ကိုကြီး"

"အေး... ဒါဆိုရင် ဒါပဲ"

သျှန်နောင် ဖုန်းချပြီးသည်နှင့် ကိုတိုးကို ကျေးဇူးတင်စကားပြောကာ အလုပ်ကို ဒဏ်ရာပျောက်သည်အထိ လစာအပြည့်ဖြင့် နားနေခွင့်ပြုကြောင်းပြောကာ ဆေးရုံစရိတ်ရှင်းပေးကာ မမိုးနှင့်အတူ ရွှေနယားသို့ ပြန်လာခဲ့သည်။

ရွှေနယားရောက်လျှင် ဝန်ထမ်းအားလုံးအား မနက်အစောက ဖြစ်ပျက်သွားသော ကိစ္စများကို ပြောပြကာ သတိရှိကြရန်ပြောကြားပြီး ရုံးခန်းထဲဝင်ခဲ့သည်။ ရုံးခန်းထဲရောက်ရောက်ချင်း ဖုန်းမှ ချစ်သူထံမှ message ဝင်ကြောင်း alarm tone ဝင်လာတော့သည်။ သူ ချက်ချင်း ဖုန်းကို ထုတ်စစ်လိုက်တော့ ချစ်သူက အလုပ်ရောက်ပြီဖြစ်ကြောင်းနှင့် ကိုယ်ကိုယ် ဂရုစိုက်ရန် ရေးသားထားသော စာဖြစ်သည်။ အဆုံးသတ်ကတော့ ထုံးစံအတိုင်း သူရင်ကိုလှုပ်ရှားစေသော စကားစုလေးဖြစ်သော "ချစ်တယ် Baby" ဟူ၏။

သူ သက်ပြင်းသာ မသိမသာရှိုက်လိုက်မိတော့သည်။ သူကြောင့် ချစ်သူမှာ နေ့စဉ်နှင့်အမျှ စိတ်ပူနေရသည် မဟုတ်လား။

"ကိုလည်း အလုပ်ရောက်ပြီ။ အားလုံးအဆင်ပြေပါတယ်။ မောင့်အတွက် မစိုးရိမ်ပါနဲ့။ ချစ်တယ်။"

သျှန်နောင် message ပို့ပြီး မိနစ်ပိုင်းမှာပင် သျှားအိမ်ဖုန်းခေါ်လာတော့သည်။

"ပြော... မောင်"

"အလုပ်မစခင် Baby အသံလေးကို ကြားချင်လို့။"

သျှားအိမ်၏ စကားအဆုံးတွင် ချစ်ရသူ၏ သြရှရှ ရယ်သံလေးက နားထဲသို့ ဝင်ရောက်လာတော့ သူ့မျက်နှာတွင် အပြုံးတို့ ပွင့်လန်းလာတော့သည်။

"အဟင်းဟင်း.... ခင်ဗျားလေးဆီက ခြွေနည်းလေးတွေ သင်ဦးမှနဲ့ တူတယ်။ ဒါမှ ခင်ဗျားလေး ကို့ကို ထားမသွားအောင်လို့"

"ဘာလဲ။ Baby က ငါးကြင်းဆီနဲ့ ငါးကြင်းကျော်မယ်ပေါ့။"

"ဒါပေါ့။ ဘာလဲမရဘူးလား။"

"ရပါတယ်။ သင်ကြားခလေးတွေတော့ ရှိတာပေါ့။ ဈေးကြီးတယ်ဆိုပေမယ့် Baby တတ်နိုင်ပါတယ်။"

"ပြောကြည့်ပါဦး"

"ဝင်ကြေးက ၁၅၀၀။ နေ့စဉ်ကြေးက Babyရဲ့ နှလုံးသား။"

"အိုး... ဈေးကြီးလိုက်တာ။"

သျှန်နောင်က ရယ်ချင်လာသည်ကို ဖိနှိပ်ကာပြောလိုက်သည်။ သျှားအိမ်ကတော့ ရုပ်တည်ကြီးဖြင့်...

"ဒါကတော့ ဒီလိုရှိတယ်။ ဒီသင်ရိုးညွှန်းတန်းက အချစ်စစ်စစ်နဲ့ ရေးထားတော့ ကုန်ကျစရိတ်ကြီးတယ်။ နောက်ပြီး မောင့်တစ်သက်မှာ တပည့်တစ်ယောက်ပဲ လက်ခံမှာဆိုတော့ ဒီလောက်တော့ တောင်းသင့်တာပေါ့။"

"ဘာလဲ... ဒါက သင်ခန်းစာ နံပါတ် ၁ လား။"

"ဟင့်အင်း... အဲ့ဒါက ဈေးဗန်းခင်းနေတာ။"

"ဪ... ဪ... ဒါဆို ဈေးသည်ကြီး ကိုသျှားအိမ်ပေါ့။"

"ဒါပေါ့.... အချစ်တွေ။ မောင့်ရဲ့ ရင်တွင်းဖြစ် အချစ်တွေရမယ်နော်"

သျှားအိမ်က ပြောပြောဆိုဆို ဈေးသည်တဦးလို အော်ပြလိုက်သေးသည်။ ရုံးခန်းထဲတွင် တစ်ယောက်တည်းရှိသည်ဖြစ်၍လည်း ယခုကဲ့သို့ အော်ရဲခြင်းဖြစ်သည်။ သျှန်နောင်ကတော့ တော်တော်တတ်နိုင်သည့် ချစ်သူဟုသာ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

"ဪ... ဒီလိုကြီးလား။ ဟုတ်ပြီလေ။ ဒါဆို ကို တခြားဈေးသည်လေးတွေကို ပတ်ကြည့်လိုက်ဦးမယ်။"

"Baby နော်... ဘာ ပတ်ကြည့်မှာလဲ။ မရပါဘူး။"

"ဟာ... ဟုတ်တယ်လေ။ ဈေးဝယ်သူဆိုတာ ဈေးရောင်းတဲ့လူ သုံး၊ လေးယောက်လောက် ယှဉ်ကြည့်ပြီးမှ ဝယ်တာမျိုး။ အခုလို ဈေးကြီးပုံနဲ့ဆို တဈေးလုံးပတ်ကြည့်ရမယ်နဲ့ တူတယ်။"

"ဒါကတော့ မောင့် product က quality ကောင်းတာကိုး။ ဒီလောက်တော့ ပေးရမှာပေါ့။ ဘာလဲ Baby က အပေါစား ရောင်းကုန်တွေကို ရှာနေတာလား။ ဒါဆိုလည်း သဘောပဲ။"

သျှန်နောင်မှာ ချစ်သူ၏ နှုတ်ခမ်းထော်နေသံကြောင့် ပို၍ ရယ်ချင်လာတော့သည်။

"ဟုတ်ဘူးလေ။ ကိုက မောင့်ဆီကပဲ ဝယ်မှာပါ။ ဒါပေမယ့် နည်းနည်း ပတ်ကြည့်ချင်လို့"

"မကြည့်နဲ့။ ဒီလောက် ကောင်းတဲ့ quality ဘယ်သူ့မှာမှမရှိဘူး။ ဒီထက်စစ်တာလဲ ဘယ်မှာမှ မရဘူး။ ဒီတော့ အချိန်ကုန်ခံပြီး လျှောက်ကြည့်မနေနဲ့။ မောင့်ဆီကပဲဝယ်"

"ဒီဈေးသည်ကလည်း အတင်းကြီးကို ရောင်းနေတော့တာပဲ။"

"ဒါပေါ့။ ဒီလိုမှ မရောင်းရင် မောင့်ရဲ့ ရင်တွင်းဖြစ်အချစ်တွေ အလဟသတ်ဖြစ်သွားမှာပေါ့။ မောင်က Baby မှ မရောင်းရရင် ဘယ်သူ့ မှ မရောင်းတော့ဘူး။ အကုန်လုံး လွှတ်ပစ်လိုက်မှာ"

"ဒါဆိုလည်း ဝယ်ပါ့မယ်ခင်ဗျာ။ အဆစ်လေးတော့ ထည့်နော်။"

"စိတ်သာချ။ ချိန်ခွင်ကျိုးကျအောင်ကို ထည့်ပေးမှာ"

နှစ်ဦးသား သဘောကျစွာ ရယ်မောမိတော့သည်။

"မောင်ဟာလေ တော်တော့်ကို ပေါက်တီးပေါက်ရှာပြောတယ်။"

"Babyလည်း ဘာထူးလဲ။ မထင်ရဘူး။ မောင်နဲ့ အပြိုင်ပေါရဲမယ်လို့"

"ခင်ဗျားလေးနော်... ကိုယ့်ထက်အကြီးကို...။ ကဲ တော်ပြီ။ အလုပ်လုပ်တော့။ ညနေမှ လာခေါ်တော့မယ်။"

"အင်း... ဪ... ဒါနဲ့ ညနေ ယုယ မွေးနေ့ပွဲရှိတယ်နော်။ စောစောပြန်ခဲ့ဦး။"

သျှန်နောင်မှာ ထိုအခါမှ ကိုသိုက်ဖိတ်ထားသည်ကို သတိရသွားသည်။

"အာ... ဟုတ်သားပဲ။ အင်း... ကို စောစောပြန်လာခဲ့မယ်။"

"ဒါဆို... ဒါပဲ။ ချစ်တယ် Baby"

"ချစ်တယ် မောင်"

သျှားအိမ် ဖုန်းချသွားသည်နှင့် ဆိုဖာပေါ်ပစ်လှဲကာ ခဏမျှ မှေးလိုက်သည်။
--------------

"ဘဲဥလေး Boss တို့ရဲ့ Liveကို တွေ့လိုက်သေးလား"

"တွေ့တယ်။ angry reactions တွေရော comment တွေရော တပုံကြီး။ လူတွေကလည်းလေ သိလည်းမသိဘဲနဲ့ လျှောက်ပြောနေတယ်။"

တိုးငယ်က မုန့်နယ်နေရင်းမှ ခခ၏ အမေးကို ပြန်ပြောလိုက်ပါသည်။

"ဟုတ်တယ်။ ခခလည်း အဲ့ဒါကိုကြည့်ပြီး အကုသိုလ်တောင်ပွားတယ်။ တကယ်ပါပဲ။ တချို့ကလည်း အခြေအနေအစစ်အမှန်မသိဘဲမပြောသင့်ကြောင်း ပြောတဲ့လူလည်းရှိပါတယ်။ ဒါကလည်း တစ်ယောက်နှစ်ယောက်ပါ။ အများစုကတော့ ယုတ်ယုတ်မာမာစကားလုံးတွေနဲ့ ဘလိုင်းကြီး ဖောင်းထုနေတာမျိုး။ သူတို့နဲ့ ဘာဆိုင်တာကျနေတာပဲ။"

ခခက မကျေမချမ်းဖြင့်ပြောလိုက်လျှင် တိုးငယ်က ခေါင်းညိတ်ကာ ထောက်ခံလိုက်ပြီး...

"ပြောရမယ်ဆို Boss တို့ကသာ လှိမ့်ပိန့်ပြီး အဆဲခံနေရတာ အဲ့ဒီ့ကောင်မလေးကတော့ ကိုယ့်ချစ်သူကို တခြားယောက်ျားလုသွားတယ်ဆိုပြီး ဝိုင်းသနားနေကြတယ်လေ။ ဒါနဲ့ ငါ့အမျိုးသားပြောတော့ အဲဒီကောင်မလေးက မင်းသမီးဆို။ ဟုတ်လား။"

"ဟုတ်တယ်။ အဲ့ဒီ ကောင်မလေးက တက်သစ်စ မော်ဒယ်မင်းသမီး။ အလှကုန်ပစ္စည်းကြော်ငြာ တခု၊ နှစ်ခု ရိုက်ဖူးတယ်။ ဒါပေမယ့် TV channel မှာဆို interview တိုင်းက သူပဲ။ ပြောရမယ်ဆို media တန်ခိုးကြောင့် နာမည်ကြီးနေတာလေ။ အခုတော့ ဒီကိစ္စကြောင့် ပိုပြီး နာမည်ကြီးသွားတာပေါ့။ သိတယ်မဟုတ်လား။ အခုခေတ်က နာမည်ကြီးဖို့ဆို လူတွေက ဘာ၏ ညာ၏ ကြည့်တာမှ မဟုတ်တာ"

"ခခနဲ့ တိုးငယ်... "

"ဟုတ်ကဲ့ Boss"

တိုးငယ်နှင့် ခခမှာ စကားကောင်းနေတုန်း သျှားအိမ်အနောက်ထဲသို့ ဝင်လာ၍ စကားပြတ်သွားတော့သည်။

"ငါ သွားတော့မယ်။ Oven ထဲက coconut cookie တွေရရင် ထုတ်ပြီး အရှေ့မှာ ချလိုက်ဦးနော်။ ရှေ့မှာ မရှိတော့ဘူး။"

"ဟုတ် Boss"

"Copy that"

"ငါ သွားပြီ။"

"ဟုတ်ကဲ့ Boss"

"ကောင်းကောင်းသွားပါရှင်"

သျှားအိမ်က မှာစရာရှိသည်ကို မှာပြီအရှေ့သို့ထွက်ခဲ့တော့သည်။ ခခနှင့် တိုးငယ်တို့ကတော့ သူနှင့် သျှန်နောင်ပါသော Facebook Live အကြောင်းဆက်ကာ ပြောနေပေလိမ့်မည်။

ပြောမည်ဆိုလျှင် ပုလဲကျော့၏ ကုသိုလ်ကောင်းမှုကြောင့် သျှားအိမ်ရော သျှန်နောင်ပါ Facebook ပေါ်တွင် celebrities ဖြစ်နေလေ၏။ ကောင်းသော ကျော်ကြားခြင်းဖြင့်တော့ မဟုတ်သော်ငြား သျှားအိမ်က ခြံခုန်သော အပုန်းမမောင်မောင် ဟူသော ဘွဲ့ကို အပ်နှင်းခြင်းခံရသလို သျှန်နောင်မှာတော့ စနှိုက်ကျော် baby ဦးလေးကြီးဟူသော နာမတော်အား ကြိုးစားအားထုတ်ခြင်းမရှိဘဲ အချောင်သက်သက်ရရှိလိုက်၏။

"ဟဲ့... ဟိုမှာဟဲ့... အခု နာမည်ကြီးနေတဲ့ လူမဟုတ်လား။ Baby ဦးလေးကြီးဆိုတာလေ။"

"What the F***"

"နင်ကလည်း လာပြနေဆယ်။ မြင်ရတာ ကျက်သရေတုံးလိုက်တာဟယ်။ ရုပ်ကလေးချောသလောက် သူများ ရည်းစားဖြတ်လုရတယ်လို့။ မရှက်တတ်ဘူးလားမသိဘူး။"

"အေးလေ။ လူကဖြင့် ကျားကိုးစီးစားမကုန်နိုင်ဘူး ခြောက်နေသေးတယ်။"

သျှန်နောင်မှာ ဘေးဝိုင်းမှ ငတိမလေးများ၏ တွတ်ထိုးသံကို လှစ်လျူကာ အနောက်ထဲမှ ပြန်ထွက်လာသော သျှားအိမ်ကို ပြုံးပြလိုက်သည်။ ထိုလင်းလက်သော အပြုံးတို့မှာ သျှားအိမ်ထံကူးစက်သွားတော့သည်။

"သွားစို့ Baby။ ကိုသိုက်တို့ လည်ပင်းရှည်နေလောက်ပြီ။"

သျှားအိမ်က အနားကပ်လာကာ ဆော်သြလိုက်မှ သျှန်နောင် ထိုင်ရာက ထတော့သည်။

"အမယ်လေးဟယ်။ အရှက်မရှိတာများ"

"အေးလေဟယ်။ လူတွေ ဒီလောက်ပြောနေတာတောင် လူကြားထဲ မရှောင် နှာထနေလိုက်ကြတာ"

ထိုကလေးမများပြောနေသည်ကို သျှားအိမ်ရော သျှန်နောင်ပါ ကြားပါသည်။ သို့သော် နှစ်ဦးလုံး မကြားဟန်ပြု၍ တစ်ဦးလက်ကိုတစ်ဦး မြဲမြဲဆုပ်ကိုင်ကာ ကားရှိရာဆီသို့ လျှောက်လာခဲ့သည်။

"မောင် အဆင်ပြေရဲ့လား။"

ချစ်သူ၏ မေးခွန်းကြောင့် သျှားအိမ် တစ်ချက်ပြုံးလိုက်မိသည်။ ထို့နောက် ချစ်ရသူ၏ စိုးရိမ်မှုတို့ ကြီးစိုးနေသည့် မျက်နှာကိုကြည့်ကာ လက်ဖြင့် ခပ်ဖွဖွ ပွတ်လိုက်သည်။

"ပြေတာမှ သိပ်ပြေပေါ့ Baby။ မောင်ပြောတယ် မဟုတ်လား။ မောင့်ရဲ့အချစ်က အကြွင်းမဲ့ပါဆို။ လူတွေ ဝိုင်းလက်ညိုးထိုးလို့ မောင် အချစ်တွေက ယိမ်းယိုင်သွားမှာ မဟုတ်တာ။ အခုတော့ အပြောချည်းမဟုတ်ဘူးဆိုတာ လက်တွေ့ပြလို့ရပြီ"

သူ့အား တည်ငြိမ်သောလေသံဖြင့် ဖြေကြားလာသော ချစ်သူကြောင့် ဇဝေဇဝါဖြင့် မျက်လုံးချင်းဆုံကာ သေချာစိုက်ကြည့်လိုက်သည်။ သူ့အား အတည်ပြောနေသည်ဆိုတာ သေချာတော့မှ သက်ပြင်းချမိတော့သည်။

"မောင့်ကို မယုံသလို ဖြစ်သွားရင် sorryပါ။ အဲ့ဒီတုန်းက ကို့တို့က တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိဘူးလေ။ နောက်ပြီး မောင်က ကို့အတွက် ပြည်စုံတာထက်ကို ကျော်လွန်နေတာဆိုတော့ ကို့မှာ တွေးစရာတွေ များတယ်"

သျှားအိမ်က အပြုံးနုနုတို့ဖြင့် ချစ်သူကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နဖူးပြင်ကို အနမ်းတချို့ ကျဲချလိုက်သည်။

"မောင် နားလည်ပါတယ်ကွာ။ Baby ကြုံခဲ့တာတွေက နည်းမှမနည်းပဲ။ ဒါကြောင့် မောင် Baby ကို့ အပြစ်မတင်ပါဘူး။"

သျှန်နောင်ကတော့ ချစ်ရပါသော သူ၏ ရင်ခွင်တွင် မျက်နှာအပ်ရင်း ချစ်သူ၏ နှလုံးအိမ်ရှိမည့်နေရာကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။ တချိန်တည်းမှာလို နှာခေါင်းထဲတိုးဝင်လာသော ချစ်သူ၏ ‌ယောက်ျားဆန်သည့် ကိုယ်သင်းနံ့ သူ့အား အေးချမ်းမှုကို ပေးစွမ်းသလို ရင်ကို တသိမ့်သိမ့်ဖြင့် တုန်ခါစေသည်။

"မောင့်ကိုပဲ မေးနေတယ်။ Baby ကော အဆင်ပြေရဲ့လား။"

သျှားအိမ်က ချစ်သူ၏ နက်မှောင်နေသော ဆံပင်များကို လက်နှင့် ထိုးဖွရင်း မေးလိုက်သည်။

"အင်း... ကိုက ဒီ့ထက်မက ဆိုးတာတွေတောင် ကြုံလာတာ။ ဒီလောက်တော့ အပျော့ပေါ့။"

သျှန်နောင်က တိုးညှင်းစွာ ရယ်မောရင်းပြောလိုက်သည်။ ထို့နောက် လူချင်းအနည်းငယ် ခွါလိုက်ကာ ချစ်သူ၏ နှုတ်ခမ်းကို ခပ်ဖွဖွနမ်းလိုက်ပြီး....

"သွားကြစို့"

"အင်း"

သျှန်နောင် ကားစက်နိုးကာ ကားကို အိမ်သို့ မောင်းလာခဲ့တော့သည်။ အစောက အတင်းတုပ်သူ တစ်သိုက်ကတော့ သူတို့ကတော့ တကမ္ဘာလုံးကို ပိုင်သလို တခြားသော လူများ၏ အတင်းအဖျင်းများကိုသာ အာဘောင်အာရင်းသန်သန်ဖြင့် ပြောဆိုကာ ကျန်ခဲ့တော့သည်။ သနားစရာကောင်းစွာပင် ထိုသူများ၏ ဖြစ်သည်မှုကို သူတို့စကားထဲမှ လူများကမသိနိုင်ခဲ့။ ထို့အတူ မည်သူတစ်ဦးတစ်ယောက်ကမှလည်း သူတို့အား အချိန်တစိတ်တဒေသအပွန်းခံကာ ဂရုမစိုက်ပါ။ ထိုသူတို့သည် လေလွင့်နေသော တန်ဖိုးမဲ့အမှိုက်သရိုက်များသာ။

အိမ်ရောက်သည်နှင့် နှစ်ဦးသား အမြန်ရေမိုးချိုးကာ အဝတ်အစားလဲသည်။ သျှားအိမ်က V-neck T-Shirt အဖြူကို Jean pants အဖြူရောင်နှင့် တွဲဝတ်ကာ ကုတ်အင်္ကျီ ခဲရောင်ဖျော့ဖျော့လေးကို အပေါ်က ထပ်လိုက်သည်။ သျှန်နောင်ကတော့ ထုံးစံအတိုင်း လည်ကတုံးရှပ်အင်္ကျီကိုယ်ကျပ် အနက်ရောင်လေးကို slim fit style pants ခဲရောင်နုနုလေးနှင့် တွဲ၍ ဝတ်ဆင်ထားသည်။ သို့သော် ကျေးဇူးရှင်က အင်္ကျီလက်ကို တံတောင်အထိ ခေါက်တင်လိုက်ပြီး အပေါ် ရင်ဘတ်မှ ကြယ်သီး သုံးလုံးခန့်ဖြုတ်ကာ ရက်ရက်စက်စက် အလှူကြီးပေးနေတော့သည်။ ဒီကြားထဲ ဖြူနုနေသော အသားအရေတို့ကို ပို၍ ထိတွေ့ချင်စရာကောင်းအောင် ဖြားယောင်းနေသည်အလား အနက်ရောင်က ဝတ်ထားသေးသည်။ သျှားအိမ်မှာ ချစ်သူပေးသော နာရီကို ပတ်ရင်းဖြင့် ချစ်သူကို မျက်ခုံးတဖက်ပင့်ကြည့်လိုက်သည်။

"ဘာလို့လဲ"

သျှန်နောင်က ချစ်သူ၏ မကြည်သလို မျက်နှာကြောင့် မေးလိုက်မိသည်။ သျှားအိမ်က ဘာမပြောညာမပြောနှင့် အနားကပ်သွားကာ သျှန်နောင်အား ပုခုံမှကိုင်ကာ အနီးရှိ ဗီရိုပေါ်တွင် ဖိကပ်ထားလိုက်သည်။ ထို့နောက် လစ်ဟာနေသော ရင်ဝတွင် အနမ်းများခြွေကာ အမှတ်အသားများပေးလိုက်တော့သည်။

"မောင်... မောင်... ဘာလုပ်တာလဲ။ အာ.... သွားပြီ"

သျှန်နောင်က တားဆီးသော်လည်း မမှီတော့။ သူ စတိုင်ထုတ်ကာ Highlight တင်ထားသည့်နေရာတွင် အနီရောင် အချစ်အမှတ်အသားတို့က ထင်းထင်းကြီး။

"ရက်ရောတာလေ။ မှတ်ပြီလား။"

သျှန်နောင်မှာ ချစ်သူ၏ အပြုအမှုကြောင့် ငိုအားထက်ရယ်အားသန်တော့သည်။

"မောင်ဟာ သိပ်ကလေးဆန်တာပဲ။"

ထိုမျှသာပြောပြီး အင်္ကျီအနက်ရောင်ကို ရှပ်အင်္ကျီအဖြူသို့ လဲလှယ်ကာ Necktie အနက်ရောင်စည်းပြီး vest ခဲရောင် ဝတ်ဆင်လိုက်သည်။

"ကဲ... ကျေနပ်ပြီလား။"

သျှားအိမ် ခြေအဆုံးခေါင်းအဆုံးတစ်ချက်ကြည့်ကာ ကျေနပ်စွာ လက်မထောင်ပြလိုက်သည်။ တကယ်ဆို ကိုယ့်လူက ဘယ်လိုနေနေ sexy ကျပြီးသား။ ဒါကို ဘာကိစ္စ ဟိုဖော်ဒီဖော် ဖော်ချင်မှန်းမသိ။ ဤသည်ကို သူမနာလိုဖြစ်၍ မဟုတ်သလို သဝန်တို၍လည်းမဟုတ်။ ယုံချင်ယုံမယုံချင်နေ သူ့အနေနှင့် ဒီလိုချစ်သူမျိုးရတာ ဂုဏ်တောင်ယူမိသေးသည်။ သို့သော်လည်း အစောကကဲ့သို့ ဝတ်စားပုံနှင့်ဆိုလျှင် မြင်သူတိုင်း၏ စိတ်ထဲတွင် သူ့ချစ်သူက သူတို့အား အိပ်ရာပေါ်ခေါ်နေသလို တွေးကြလိမ့်မည်။ ဤသည်ကိုတော့ သူ မရှုစိမ့်နိုင်ပါ။

"ဒါဆို သွားစို့။"

"အင်း... မောင် မောင်းမယ်နော်"

"အင်းပါ"

သို့နှင့် နှစ်ဦးသား ပြိုင်ကားလေးဖြင့် ယုယ၏ အိမ်သို့ ထွက်ခဲ့တော့သည်။ ယုယအိမ်ကား လူကုံတန်များနေသည့် ရပ်ကွက်တွင်တည်ရှိရာ ရှာရခက်လှသည်။ သို့သော်လည်း ကံကောင်းထောက်မစွာ အိမ်ရှာနေတုန်း ကိုသိုက်က ဖုန်းခေါ်လာသဖြင့် သိပ်တော့မရှာလိုက်ရပေ။

"မင်းကွာ ငါ့မှာ မျှော်လိုက်ရတာ"

ကိုသိုက်က ကားပေါ်မှ ဆင်းလာသော သျှားအိမ်အား ပုခုံးဖက်ကာ ပြောလိုက်သည်။

"အေး... ငါတို့ အိမ်ရှာနေတာ။မင်းကို ဖုန်းခေါ်တော့လည်းမကိုင်။ ယုယကလည်း ဖုန်းဆက်လို့မရနဲ့။"

"Sorry ပါကွာ။ decoration တွေ ကူနေရလို့။"

"ဪ... ကိုသျှားအိမ်နဲ့ ကိုသျှန်နောင်...။ လာလေ... ဒီဘက်ကိုလာ..."

ယုယက ရုတ်တရက်အနောက်မှ ရောက်လာပြီး သျှားအိမ်တို့အား မွေးနေ့ပွဲကျင်းပရာ ခြံဝန်းထဲရှိ မြက်ခင်းပြင် ကျယ်ကြီးဆီသို့ ခေါ်သွားတော့သည်။

"အစားအစာတွေက Buffet စနစ်ဆိုတော့ ကိုယ့်စိတ်ကြိုက်ယူစားကြနော်"

ယုယက လူ ခြောက်ဦးခန့်ထိုင်သည့် စားပွဲတစ်ခုတွင် သူတို့နှစ်ဦးအား နေရာချပေးပြီး မလှမ်းမကမ်းရှိ အစားအစာများ တည်ခင်းထားသော စားပွဲကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။

"ကျေးဇူးပဲ"

သျှန်နောင်က ဖြေလိုက်သည် သျှားအိမ်က အင်္ကျီအတွင်းမှ လှပစွာ ထုပ်ပိုးထားသော shopping center တစ်ခု၏ gift card ထုတ်ကာ ယုယထံ ကမ်းပေးလိုက်သည်။

"ဒါက ယုယအတွက် ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ဆောင်"

"အာ... မဟုတ်တာတွေ။"

"ဟုတ်ပါတယ်။"

"ကိုသျှားအိမ်ဟာလေ။ ကိတ်မုန့်တွေလည်း လုပ်ပေးသေးတာကို"

"အဲ့ဒါက ကိုသိုက် ခိုင်းလို့။ ဒါက ကျွန်တော်တို့ နှစ်ယောက် သပ်သပ်ပေးတာ"

"ကဲပါရှင်... ဒါဆိုလည်း ကျေးဇူးပါ"

ယုယမှာ ငြင်းမရသည့်အတူ လက်ခံလိုက်တော့သည်။ ထိုစဉ်နောက်ထပ် ဧည့်သည်များရောက်လာသဖြင့်...

"ယုကို ခွင့်ပြုဦးနော်။ နောက်ထပ် ဧည့်သည်တွေ ရောက်လာလို့"

"လုပ်စရာရှိတာလုပ်ပါ ယုယ။ ကျွန်တော်တို့က အဆင်ပြေပါတယ်"

သျှန်နောင်က ဝင်ပြောလိုက်လျှင် သူတို့အား ကျေးဇူးတင်သော အပြုံးတခုဖြင့် ပြုံးပြကာ နောက်ရောက်လာသော ဧည့်သည်များထံ ထွက်သွားတော့သည်။ ထိုအခါမှ နှစ်ဦးသား ထိုင်ရာမှ ထကာ အစားအသောက်စားပွဲသို့ ထွက်ခဲ့တော့သည်။ အစားအစားများမှာ တော်တော်စုံလင်သည်။ ဝက်ပေါက်လေး ကောင်လုံးကင်၊ ဘဲပေါင်း၊ ကြက်သားလုံးချိုချဉ်၊ အရွက်စုံကြော်၊ ပုဇွန် Tempura၊ ၁၂ မျိုးဟင်းချို စသည်ဖြင့် ဖွယ်ဖွယ်ရာရာရှိလှသည်။ ထို့ပြင် ဖျော်ရည်ယမကာအဖြစ် အချိုရည်နှင့် ဘီယာကိုပါ ချထားပေးသေးသည်။ သျှားအိမ်က သူခပ်နေသည့် ဟင်းပွဲထဲမှ ကောင်းနိုးရာရာအချို့ကို သျှန်နောင် ပန်းကန်ထဲသို့ ထည့်ပေးလိုက်စဉ်...

"ဒီက အစ်ကို... ညီမတို့နဲ့ တွေ့ဖူးတဲ့ အစ်ကို မဟုတ်လား။"

သျှားအိမ်က သူ့အား နှုတ်ဆက်လာသော အမျိုးသမီးငယ်လေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ပြောရမည်ဆိုလျှင် ချောသည်ဆိုသည်ထက် ဆွဲဆောင်မှုရှိသော အမျိုးသမီးဖြစ်သည်။ သူမ နဘေးမှ အမျိုးသမီးမှာလည်း သူတို့နှစ်ဦးလုံးအား သိနေဟန်ဖြင့် ကြည့်လာသည်။ ထိုအမျိုးသမီးက ပထမနှုတ်ဆက်သော အမျိုးသမီးထက် အနည်းငယ် အသက်ကြီးသယောင်ရှိသော်လည်း ပထမအမျိုးသမီးကဲ့သို့ပင် ဆွဲဆောင်မှုရှိ၍ ထက်မြက်ဟန်ရှိသည်။

"ဪ.... ကိုယ်သိပြီ။ ညီမတို့တတွေကို ဟိုတိုင်းမှုးရဲ့သားက အစ်ကို့ဆိုင်မှာ ရမ်းကားလို့ ကိုသျှားအိမ်က ဝင်ကူဖူးတယ်။ ဟုတ်တယ် မဟုတ်လား။"

သျှန်နောင်က ဝင်ပြောလိုက်လျှင် မိန်းကလေးနှစ်ဦးစလုံးက ဝမ်းသာအားရဖြင့် ခေါင်းညိတ်ပြသည်။ သျှားအိမ်ကတော့ ဇဝေဇဝါဖြစ်ကောင်းဆဲ။

"အဲဒီ့တုန်းက ဒီညီမ နှစ်ယောက်ကို ကောင်လေးတစ်ယောက်က ကိုယ်ထိလက်ရောက် နှောင့်ယှက်လို့ မောင် ကူညီခဲ့တာလေ။ အဲ... အဲ့ဒီ့နေ့ကမှ ကိုတို့ ဒုတိယအကြိမ်တွေ့တာ။ တစ်ယောက်နာမည်တစ်ယောက် အဲ့ဒီ့မှ သိတာလေ။"

"အာ.... သိပြီ... သိပြီ။ Sorry ကျွန်တော်က ရုတ်တရက်ဆိုတော့...."

"ရပါတယ်ရှင်။ ဒါနဲ့ ကျွန်မနာမည် ပိုးတိမ်လွှာပါ။ ဒါကတော့ သွန်းဆက်ဆွန်း။ ကျွန်မရဲ့ အမျိုးသမီးပေါ့။"

ပိုးတိမ်လွှာက ပွင့်ပွင့်လင်းလင်းပင် မိတ်ဆက်လာသည်။ သျှားအိမ်ကလည်း အားကျမခံ...

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့် နာမည်က သျှားအိမ်တဲ့။ သူကတော့ ကျွန်တော့် အမျိုးသားသျှန်နောင်ပါ။"

"ကဲ... ကဲ... စားစရာတွေ ထည့်လိုက်ပါဦး။ ပြီးမှ စကားပြောတာပေါ့။"

သျှန်နောင်က သူ့တို့နောက်တွင် စီတန်းနေသော ဧည့်သည်တချို့ကို မျက်စပစ်ပြပြီး သတိပေးလိုက်သည်။ လေးယောက်သား စားစရာယူပြီးလျှင် သျှားအိမ်နှင့် သျှန်နောင်မှာ ပိုးတိမ်လွှာတို့ စားပွဲဝိုင်းသို့ လိုက်ကာ စားသောက်ကြရင်း စကားစမြည်ပြောဖြစ်ကြသည်။

"လွှာတို့ အဲ့ဒီ့ ကိစ္စပြီးပြီးချင်း သွန်းနဲ့ ရှမ်းပြည်ဘက်ကို ခဏရှောင်နေရလို့။ မဟုတ်ရင် ဒီက အစ်ကိုနှစ်ယောက်လုံးကို ကျေးဇူးတင်စကား ကိုယ်တိုင်ပြောချင်တာ။"

"သွန်းလည်း အစ်ကိုတွေ ကူညီတာကို မမေ့ပါဘူး။ ဒါပေမယ့် အခြေအနေမပေးတော့ ကျေးဇူးတင်စကားအခုမှ ပြောရတယ်။ ညီမတို့နှစ်ယောက်စလုံး အစ်ကို့ကို ကျေးဇူးတင်ပါတယ်။"

"ရပါတယ်ဗျာ။ကိစ္စမရှိပါဘူး။"

"ဒီက ကိုသျှန်နောင်ကိုလည်း ကျေးဇူးတင်ပါတယ်နော်။ အဲ့ဒီ့နေ့က အစ်ကို သတိပေးသလို သွန်းက အိမ်ကို ဖုန်းဆက်လိုက်လို့။ နောက်ပြီး အစ်ကိုက သန့်ဇော်ကို ဆွဲထားလို့။ မဟုတ်ရင် မလွယ်ဘူး။ သန့်ဇော်ရဲ့ လူတွေက အဲ့ဒီ့နားမှ ညီမတို့ကို အမဲဖျက်ဖို့ စောင့်နေတာတဲ့။"

ပိုးတိမ်လွှာက သျှန်နောင်အား ကျေးဇူးတင် စကားဆိုလာသည်။ သျှန်နောင်က ခေါင်းညိတ်ကာ...

"ရပါတယ်ဗျာ။"

"ဒါနဲ့ အဲ့ဒီ့ကောင်လေးကကော အခု ညီမတို့ကို မနှောင့်ယှက်ဘူးလား။"

သျှားအိမ်က ဝင်မေးလိုက်သည်။

"သူ့အဖေက လာဘ်စားမှုနဲ့ ပြုတ်သွားပါပြီလေ။ ဒီတော့ သူ့အဖေ အရှိန်အဝါနဲ့ ဆိုးချင်တိုင်းဆိုးလို့မရတော့ဘူးပေါ့။ ဒါကြောင့်လည်း ညီမတို့ ရန်ကုန်ပြန်လာတာ။"

သွန်းက ဝင်ဖြေလိုက်သည်။

"အဓိကကတော့ ညီမရဲ့ အနုပညာ လုပ်ငန်းတွေကို ပစ်ထားတာ ကြာပြီလေ။ နောက်ပြီး သွန်းကလည်း သူ့အဖေရဲ့ကုမ္ပဏီကို ဦးစီးရဦးမှာဆိုတော့..."

"ဪ... ဪ.... မသွန်းဆက်ဆွန်းရဲ့ကုမ္ပဏီနာမည်က ဘာလဲ"

သျှန်နောင်က စိတ်ထဲတွင် ထင်သည့်အချက်တစ်ခု ရှိနေ၍ မေးလိုက်သည်။

"ဆွန်း Treading Corporation လေ။ ဆွန်း groupရဲ့ အောက်ကပေါ့။ သွန်းက export importပဲ ကိုင်မှာ"

ထင်သည့်အတိုင်းပင် နာမည်ကြီးသော ကုမ္ပဏီများထဲမှ တခုပင်။

"ဒါဆို ပတ္တမြားမြေကို သိမှာပေါ့"

"အာ... သိပ်သိတာပေါ့။ ဒီလောကကို ဝင်လာတာ မကြာသေးဘူးလေ။ ဘာလို့လဲ"

"ဪ.... ကျွန်တော် သတင်းကြားမိတာ အဲ့ဒီ့ ကုမ္ပဏီက လှုပ်လှုပ်၊လှုပ်လှုပ်ဆို"

သျှန်နောင်က အစ်မဆီမှ ကြားရသည့်သတင်းကို မှန်၊မမှန် ပြန်စစ်နေလိုက်သည်။

"အင်း... ဟုတ်တယ်။ အကြွေးတွေ အတော်ပိနေတယ်ဆိုပဲ။ အချိန်တိုအတွင်း ဘာလို့ ဒီလောက်ဖြစ်သွားသလဲတော့ မသိဘူး။ သွန်း ကြားမိတာကတော့ ဒီကုမ္ပဏီက MDဆိုတဲ့ လူက Chairman ရဲ့သားတဲ့။ အတွေ့အကြုံရော အရည်အချင်းပါမရှိဘူးတဲ့။ CEO ကလည်း သူ့ကို ပြန်မလှန်နိုင်တော့... အဲ့ဒီမှာတင် ပြဿနာတွေဖြစ်လာတာပေါ့။"

သျှန်နောင်က ခေါင်းညိတ်၍သာ နားထောင်နေလိုက်သည်။ သူမှာ ပြောစရာ စကားမရှိ။

"မင်းတို့က ဒီရောက်နေတာကိုး...."

ကိုသိုက်က ဘီယာဘူးနှစ်ဘူးကိုင်၍ သူတို့ဝိုင်းနားရောက်လာသည်။ ထို့နောက် တစ်ဘူးကို သျှားအိမ် လက်ထဲသို့ ထိုးပေးလိုက်ပြီး....

"ရော့... သားကြီး"

"ဟာ... ငါမသောက်..."

"မင်းကလည်းကွာ ငါတစ်ယောက်တည်းသောက်ရမှာ ပျင်းလို့ပါကွာ။ နည်းနည်းတော့ သောက်ပါ"

"မင်းကလည်းကွာ... ငါက..."

သျှားအိမ်က ကပျာကယာငြင်းမည်ပြုလိုက်သော်လည်း သျှန်နောင်က မသိမသာ ခေါင်းညိတ်ပြလိုက်သည်။ သူ့ကြောင့် ဒီလောက်ကြီး ထိန်းချုပ်ဖို့မလိုပါ။

"ကဲပါ။ တစ်ဘူးပဲနော်...။ ငါ ကားမောင်း ရဦးမှာ။"

"ရပါတယ်။ ကို မောင်းပါ့မယ်။ သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ်နေပါ။"

သျှားအိမ်မှာ သဘောထားပြည့်ဝသာ ချစ်သူကို မျက်လုံးများဖြင့်သာ ချစ်ကြောင်း ပြောလိုက်ပါတော့သည်။ အင်း... ဒီလို ကိုယ့်ထက်ကြီးသော Baby ကို ရထားတာ မဆိုးလှ။

"အာ... ကိုရေ... ဒီမှာလာသောက်နေတယ်။ လွှာတို့ကို အားနာစရာ"

ယုယက ဘီယာသောက်နေသော ကိုသိုက်နားသို့ လုံးလုံး၊လုံးလုံးဖြင့် ပြေးလာသည်။

"အားမနာချင်ရင် လွှာတို့အတွက် ဝိုင်တစ်လုံးလောက် လုပ်လိုက်လေ။"

ပိုးတိမ်လွှာက စပ်ဖြဲဖြဲဖြင့် ဝင်ပြောသည်တွင် သွန်းဆက်က မျက်စောင်းထိုးကာ...

"ဟွန်း... သောက်လည်း မသောက်နိုင်ဘူး။ သောက်လည်း သောက်ချင်တယ်။ ဒီတခါ မူးပြီးရစ်လို့ကတော့ လမ်းမှာ ထားခဲ့မှာ"

"ချစ်ကလည်း လွှာ့ကို သူများခေါ်သွားရင် ဘယ်လို လုပ်မလဲ။"

"ကောင်းတယ်။ နားပူသက်သာတယ်"

"ဪ ဒီလိုကြီးလား ဒေါ်သွန်းဆက်ဆွန်း။ ရတယ်နော်။ ပိုးတိမ်လွှာတို့က ဒီလိုပြောလို့ လေလျော့မယ်မထင်နဲ့။ ကိုယ့်ကို စိတ်တိုအောင် လုပ်တဲ့လူက မကြိုက်ပါဘူး ပြောမှတော့ ဒီလို အခွင့်အရေးမျိုး လက်လွတ်ခံရအောင် အရူးလား။ မှတ်လောက်သားလောက်အောင်ကို ပိုပြောပစ်ဦးမှာ။ ကြည့်နေ။"

"အင်းပါ.... ပြောလေ။ ပြောပေါ့။ ဘယ်သူက နားထောင်မှာကျနေတာပဲ"

သွန်းဆက်က မထုံတက်တေးဖြင့် ပြန်ပြောလျှင် ပိုးတိမ်လွှာမှာ ကျွဲမြှီးတိုသွားပြီး သွန်းဆက်၏ လက်ကို ဖြတ်ခနဲ ရိုက်လိုက်တော့သည်။ ကျန်လူများမှာ သူမတို့နှစ်ဦးကို ကြည့်ကာ ရယ်မိတော့သည်။

"ဒါနဲ့ ကိုသျှားအိမ်တို့နဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ပိုးတိမ်လွှာတဲ့။ ယုရဲ့ တစ်ဝမ်းကွဲ ညီမလေးလေ။"

" လွှာတို့က မိတ်ဆက်ပြီးသွားပြီ ယုရဲ့။"

"ဪ... မြန်လိုက်တာ"

"အင်း.... လွှာပြောဖူးတယ် မဟုတ်လား။ လွှာတို့ သန့်ဇော်နဲ့ ပြဿနာတက်တော့ ကူညီတဲ့ လူဆိုတာလေ။ အဲ့ဒါ ဒီက ကိုသျှားအိမ်နဲ့ ကိုသျှန်နောင်ပေါ့။"

"သြ... ဒါဆို ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ"

ထိုစဉ်အနောက်ဝိုင်းနားဆီမှ....

"ဟေ့ကောင်... ဟိုဘဲနှစ်ပွေက Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ နှစ်ယောက် မဟုတ်လား။"

"အေး... ဟုတ်တယ်။ ဟို Baby ဆိုတဲ့ ဘဲကြီးက တော်တော်မိုက်တာပဲကွ ဟဟ။"

"နင်ကလည်း သူများရည်စား လုထားတဲ့လူကိုများ မျက်စိကျရတယ်လို့"

"ဟ... အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး။ ဟုတ်တယ်မဟုတ်လား သားကြီး"

"အဟီး... ဟုတ်တယ်။"

"နင်တို့ ‌ယောက်ျားတွေဟာလေ ကောင်းကို မကောင်းဘူး"

ယုယမှာ ထိုကောင်လေးနှစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့၏ ပြောစကားကြောင့် အားတုံ့အားနာဖြင့် သျှားအိမ်တို့ နှစ်ယောက်ကို ကြည့်မိပါတော့သည်။ သျှန်နောင်က မကြားသလိုပင် လုပ်နေပါသော်လည်း သျှားအိမ်ကတော့ သူ့ချစ်သူအား ပစ်မှားနေသော ကောင်လေးကို လှောင်ပြောင်သော အကြည့်ဖြင့်ကြည့်နေသည်။ ထိုအကြည့်များကိုအဓိပ္ပာယ်ဖော်ရပါလျှင် "မအေးပေးလေး... ငါ့ချစ်သူကိုများ သွားရည်လာကျနေတယ်။ ငါ့ကို ယှဉ်နိုင်အောင် ဒီဘဝမဟုတ်ဘူး... နောင်ဘဝအထိ ဆုတောင်းလိုက်ဦး" ဟူ၏။ ထိုအကြည့်များကို ထိုဝိုင်းထဲမှ ကလေးမက မြင်သွားသည်ထင်သည် သူ့ချစ်သူအား မျက်လုံးကျွတ်ကျမတတ်ကြည့်နေသော သူမဘေးရှိ ငနဲလေးကို တတောင်ဖြင့် တွတ်ကာ သတိပေးလိုက်သည်။

"ဟဲ့... ဟိုမှာ သူ့ဘဲကြီးကြည့်နေတယ်။"

"ကြည့်ကြည့်ပေါ့ကွာ။ သူ့ကြည့်တာမှ မဟုတ်ဘဲ"

"ဒါပေမယ့် အဲ့ဒါ သူ့ဘဲလေ..."

"အဲ့ဒါ ဘာဖြစ်လဲ။ ဒါလွတ်လပ်တဲ့ နိုင်ငံ။ ငါ့ဟာငါ ဘယ်သူ့ကြည့်ကြည့်ပေါ့။ သူတို့က ယူထားတာလည်း မဟုတ်ဘူး။ ပြောရမယ်ဆို ခြံခုန်ပြီး ဇာတ်တူသားစားနေတဲ့ လူတွေ။ ငါက ကြောက်ရမှာလား။"

ထိုမဆီမဆိုင်စကားများကို မကြား၊ကြားအောင်ပြောကာ သူ့ ဒေါသကို ဆွနေသော ထိုချာတိတ်အား ဖြတ်ခနဲလှမ်းကြည့်လိုက်လျှင် ချာတိတ်ကလည်း သူ့အား မသုတ်မမှုန်ဖြင့် ပြန်စိုက်ကြည့်လာသည်။ နှစ်ဦးသား အတန်ကြာအောင် အကြည့်ချင်းအားပြိုင်နေရာမှ နောက်ဆုံး ထိုချာတိတ် အရှုံးပေးသွားရသည်။ သျှားအိမ်က မထီသလို ပြုံးလိုက်ပြီး သျှန်နောင်ထိုင်နေသော ထိုင်ခုံကျောမှီပေါ်သို့ လက်တစ်ဖက်ကို ပိုင်စိုးပိုင်နင်းဖြင့် တင်ထာပြီး အနှီးချာတိတ်ကို စိန်ခေါ်သလို လှမ်းကြည့်လိုက်သည်။ သို့သော် ထိုချာတိတ်က ခေါင်းမဖော်တော့။ သျှားအိမ်က လှောင်ပြုံးတစ်ချက်ပြုံးကာ သူ့အာရုံကို ကျန်လူများဆီ ပြန်လှည့်လိုက်သည်။

"ကျွန်တော်တို့က အခုတလော အရမ်းကျော်ကြားနေတာလေ။ ဘာမှအရေးမပါတဲ့ social media Live တခုကြောင့် သွားလေရာ အခုလို မျက်နှာပွင့်နေလေရဲ့"

သျှားအိမ်က အေးခဲနေသော အခြေအနေကို ဖြိုခွဲသောအားဖြင့် သူ့အား စိတ်ဝင်တစားဖြင့် ကြည့်နေသော သွန်းဆက်နှင့် လွှာတို့ကို ဦးတည်ကာ ပြောလိုက်သည်။

"လွှာ အဲဒီ Live ကို တွေ့လိုက်ရတယ်။ လွှာကတော့ ဘယ်သူ့ကိုမှ Judge မလုပ်ပါဘူး။ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာပဲလေ။"

ပိုးတိမ်လွှာ၏ စကားအသွားအလာကြည့်ရသည်မှာ ဘက်လိုက်ခြင်းကင်းသော်လည်း အကြည့်တို့ကတော့ ပုလဲကျော့ဘက်တွင် အလေးသာနေဟန်ရှိသည်။ သျှားအိမ် စိတ်ထဲတွင် မခံချင်သလို ဖျင်းခနဲ တစ်ချက်ဖြစ်သွားသဖြင့်....

"ပြောရမယ်ဆိုရင် အတော်များများက ကျွန်တော်တို့နှစ်ယောက်ကို အတော်အမြင်စောင်းနေကြတာဗျ။ တကယ်က အဲ့ဒီလို မဟုတ်ဘူး။ အဲ့ဒီ့ကလေးမက ကျွန်တော်နဲ့ ပတ်သက်တာဆိုလို့ လွန်ခဲ့တဲ့ လေး၊ ငါး နှစ်ကျော်လောက်က စာပြဖူးတာပဲရှိတယ်။ လူတွေ ထင်သလို ချစ်သူမဟုတ်ဘူးဗျ။ အဲ လွန်ခဲ့တဲ့လကမှ ပြန်တွေ့ပြီး အတင်းကပ်တော့တာပဲ။ ကျွန်တော်မှာ ချစ်သူ... အင်း... ချစ်သူတောင်မဟုတ်ဘူး။ ဘဝလက်တွဲဖော်ရှိပြီးသားလေ။"

သျှားအိမ်က သျှန်နောင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အကြင်နာအကြည့်တို့ ဖလှယ်လိုက်သည်။ သူတို့နှစ်ဦးကြားရှိ နက်ရှိုင်းသော မေတ္တာကို စကားနှင့် ပြောရန်မလို မည်သူမဆို ဒီလိုအကြည့်ကို မြင်လိုက်ရုံဖြင့် မည်သည့်အကြောင်းပြချက်ဖြင့် ငြင်းနိုင်လိမ့်မည်မဟုတ်ပါချေ။

"ကျွန်တော် သူများ သားသမီးကို မဟုတ်တမ်းတရားပြောတာ မဟုတ်ဘူးနော်။ မယုံရင် ယုကော ကျွန်တော့်သူငယ်ချင်း ကိုသိုက်ရောပါမေးကြည့်ပါ။"

သွန်းနှင့် လွှာက ယုနှင့် ကိုသိုက်ကို စူးစမ်းသလို ကြည့်လိုက်လျှင် ယုနှင့် ကိုသိုက်လည်း သျှားအိမ်ပြောသည်မှာ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလာသည်။

"ကိုသျှန်နောင်နဲ့ ကျွန်တော်နဲ့ တွဲလာတယ်ဆိုတာ သိပ်မကြာသေးပေမယ့် ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် ဘဝကြင်ဖော်အဖြစ် လက်တွဲဖို့ ဆုံးဖြတ်ပြီးသား။ ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော့်ဘက်က မိဘဆွေမျိုးတွေ ပစ်ပယ်တာတောင် ခံခဲ့ရပြီးသား။ ဒီတော့ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ မိန်းကလေးကို သူများတွေ ထင်နေသလို cover တွဲပြီး ဇာတ်တူသား ခိုးစားရမှာလား။ အဲ... ခုနက Live အကြောင်းပြန်ဆက်ရရင်... သူ့ကို ကျွန်တော်က ညီမလေးလိုပဲ သဘောထားတာ။ ကျွန်တော် သူ့ကို လက်မခံနိုင်ကြောင်း မသိမသာ ပြောတယ်။ မရဘူး။ နောက်ဆုံး ကိုသျှန်နောင့် ရှေ့မှာပါ သိသိရက်ကြီးနဲ့ တမင်ကြီး အထာတာတွေပေး လုပ်လာတယ်။ အဲဒီ့မှာတင် သူ့ကို သူ့သူငယ်ချင်းတွေရှေ့မှာတင် ဗြောင်ကျပြောလိုက်တယ် ဒါအမျိုးသားလို့။ သူရှက်သွားလားမသိဘူး။ နောက်နှစ်ရက်လောက်နေတော့ အဲ့ဒီ့လို Live လာလွှင့်တော့တာပဲ။ ဒါပေမယ့် တကယ်က သူက ဝင်တိုက်တာ။ ပြီးတော့ အားလုံးမြင်တဲ့အတိုင်း drama တွေ ချိုးတော့တာပဲ။ သူ့ရည်ရွယ်ချက်က ကျွန်တော်တို့ နှစ်ယောက်ကို social media ရဲ့ pressure နဲ့ breakup လုပ်အောင်နဲ့ တူပါတယ်။ ပြောရမယ်ဆို ကလေးတော်တော်ဆန်တယ်ပြောရမယ်။"

"ဪ... ဒီလိုကြီး...?"

လွှာရော၊ သွန်းဆက်ကပါ တအံ့တသြဖြင့် ဆိုလာတော့သည်။

"အဲ့ဒီ့ မိန်းကလေး သျှားအိမ်ကို လိုက်ကပ်နေတာ ကျွန်တော်လည်း သိတယ်။ နောက်ပြီး ကိုသျှန်နောင် ရှေ့မှာ အထာတွေပေးနေတုန်းကလည်း ကျွန်တော်ရှိတယ်။ သူ လုပ်ပြနေတဲ့ပုံက သိသိရက်ကြီးနဲ့ ကိုသျှန်နောင်ကို မထီတဲ့ပုံမျိုးနဲ့..."

ကိုသိုက်ကပါ သူမြင်သည့်အပိုင်းကို ထုတ်ဖော်ပြောကြားလာတော့ ထိုမိန်းကလေးနှစ်ဦးမှာ အားတုံ့အားနာဖြစ်သွားဟန်ဖြင့်...

"သွန်းလည်း အဲ့ဒီ့ Live ကို ကြည့်လိုက်ရတယ်။ အဲဒီကောင်မလေးက တကယ့်ကို innocent ရုပ်လေးနဲ့။ သူပြောနေပုံက မသိရင် ကိုသျှားအိမ်နဲ့ တကယ်ကြီးတွဲနေတဲ့ပုံနဲ့။ အမှန်ဝန်ခံရရင် ကိုသျှားအိမ်သာ မရှင်းပြရင် ကျွန်မလည်း ဒီကောင်မလေးမှန်တယ်ပဲ ထင်မိမှာ။"

"ဒါကတော့ ဖြစ်မှာပါပဲ။ ကျွန်တော်ကတော့ ဘယ်သူမှအပြစ်မတင်ပါဘူး။ ယောက်ျားနဲ့ မိန်းမ ရန်ဖြစ်ရင်ကိုပဲ ယောက်ျားလေးဘက်က မကောင်းတော့ဘူး။ အခုလို နုနုနယ်နယ် မိန်းကလေးတစ်ယောက်နဲ့ဖက်ပြီး ကျွန်တော်လို့ အသက်ကြီးကြီး ယောက်ျားတစ်ယောက်က ရည်စားလုမှတော့ ဘယ်သူမဆို ကျွန်တော် မှားတယ်ပဲ မြင်မှာပေါ့။"

တချိန်လုံး ငြိမ်နေသော သျှန်နောင်က ဝင်၍ပြောလိုက်သည်။ သွန်းနှင့်လွှာမှာ သူ၏ နားလည်မှုကို ကျေးဇူးတင်သလို ကြည့်လိုက်သည်။

"ဒါဆိုရင် အစ်ကိုတို့ဘက်ကကော ဘာရှင်းလင်းချက်မှ မထုတ်ဘူးလား။"

"ထုတ်ရအောင် မပိုးတိမ်လွှာရယ်... ကျွန်တော်တို့က ပုံမှန်အတွဲမှ မဟုတ်တာ။ ကျွန်တော်တို့ အချစ်ကို လူရာမသွင်းဘူးလေ။ ကျွန်တော်အချစ်က "ပုံမှန်"ဆိုတဲ့ ချစ်ခြင်းမေတ္တာကို ကျော်လွန်နိုင်တဲ့ တိုင်အောင်တောင်မှ လူတွေက သဘာဝဆိုတဲ့ စည်းနဲ့ ခြားပြီး၊ ယုတ်ညံ့မှုတွေ အားလုံးရဲ့ ထိပ်ဆုံးမှာ တင်ထားတာလေ။"

"ဒါကတော့ အမှန်ပဲ ကိုသျှားအိမ်။ ကျွန်မတို့လည်း လူတွေရဲ့ အမြင်ကြောင့် မကြာခဏ စိတ်ဆင်းရဲရတယ်။ လူနှစ်ယောက်ချစ်မိတာ ဘာတွေများ အပြစ်ကြီးသွားလို့လဲ။ ဒါမှမဟုတ် ငါတို့တွေက တကယ့်ကို အပြစ်ကြီးကို ကျူးလွန်နေတာလား ဆိုပြီးတွေးမိတယ်။ အဲ့ဒီလို တွေးမိတဲ့ အခါဆို မချင့်မရဲဖြစ်မိတယ်။ ကို ဘာမှ မလုပ်တတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို ခံစားရတယ်။"

သွန်းဆက်ဆွန်းက မွန်းကျပ်စွာပြောလာသည်။ ပိုးတိမ်လွှာက ချစ်သူမလေး၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ အားပေးရှာသည်။ ချစ်ရသူ၏ လက်အစုံသည် အကြင်သူအား ခွန်းအားပေး၏။ သွန်းဆက်ဆွန်း၏ ညှိုးနွမ်းသွားသောမျက်နှာမှာ ချက်ချင်းပင် နတ်ရေစင်ဖြန်းသော ပန်းကလေးကဲ့သို့ လန်းဆန်းလာကာ...

"နောက်ဆုံးသော ကျွန်မတို့သဘောပေါက်သွားတယ်။ တကယ်တော့ ကျွန်မတို့က အရှုံးသမားမဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့လူကို ဆုပ်ကိုင် ထားသမျှ ကာလပတ်လုံး ကျွန်မတို့က အရှုံးသမားတွေမဟုတ်ဘူး။ သူတို့ကသာ အရှုံးသမား။ ကျွန်မတို့ လက်လျော့လိုက်မှ ပတ်ဝန်းကျင်ဆိုတာကို ကြောက်ပြီး ကျွန်မတို့လက်တွဲတွေ ဖြုတ်လိုက်မှ ကျွန်မတို့က အရှုံးသမားတွေ ဖြစ်သွားမှာ။"

သွန်းဆက်ဆွန်း၏ စကားက လူတိုင်း၏ နှလုံးသားအား ကိုင်လှုပ်လျှက် စိတ်ဓါတ်ခွန်အားကို ဖြစ်စေပါသည်။ သျှားအိမ်ရော သျှန်နောင်ပါ သူမတို့အား လေးစားစွာ ကြည့်လိုက်ပါသည်။

"အမှန်ပဲ မသွန်းဆက်ဆွန်း။ ကျွန်တော် အပြည့်အဝထောက်ခံတယ်။ အရေးကြီးတာ ကျွန်တော်တို့ပဲ။ ဒီလို တိုက်ခိုက်လာလို့ နောက်ဆုတ်လို့ ဘယ်ဖြစ်မလဲ။ ကျွန်တော်တို့ အရှုံးသမားတွေ ဖြစ်ကုန်မှာပေါ့။ နောက်ပြီး ခုနက ကိစ္စကို ပြန်ကောက်ရရင်။ ကျွန်တော်တို့ ရှင်းချက်ထုတ်လည်း ထုတ်လည်း မုန်းတဲ့လူက မုန်းမှာပဲ။ ပုံမှန်အတွဲတွေမှာ ခြံပဲခုန်ခုန်၊ ဖောက်ပဲပြန်ပြန် ဘယ်သူက ဘာပြောလို့လဲ။ ဒါက မမှန်ဘူးလို့ ပြောတာက လူအနည်းစုလေ။ အများစုကတော့ ဪ... ဒါက ပုံမှန်ဖြစ်နေကြပဲဟာ။ ဘာကိစ္စ အကျယ်ချဲနေတာလဲ ဆိုတာနဲ့ ပြီးသွားကြတာပဲလေ။ ကျွန်တော်တို့ နှစ်ယောက်ကျမှ မပြီးမစီးနိုင်... အသံမဆဲ ပဠာန်းရွတ်သလို နေ့စဉ်ရက်ဆက် အားလုံးက ဝိုင်းမေတ္တာပို့နေကြတာလေ။ ဒီတော့ ဆိုလိုရင်းက ရှင်းရှင်းလေး။ ယောက်ျားနှစ်ယောက် အတွဲမို့...။ သူတို့စိတ်ထဲမှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်ချက်ကို လက်မခံနိုင်လို့။ ဒီလိုတွေ မဆီမဆိုင် အမုန်းပွားနေတာလေ။ ဒီတော့ ဒီလူတွေကို သွားပြောနေရင် ကျွဲပါးစောင်းတီး မောရုံတောင်မဟုတ်ဘူး၊ ကိုတွေပဲ အရူးဖြစ်ဦးမယ်။ ဒီတော့ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်တဲ့။ ဒါတွေအားလုံး ကြာရင်ပျောက်သွားမှာ။ အဲ့ဒါကိုသာ ကြောက်နေရင် ကျွန်တော်တို့ရဲ့ ဖြစ်တည်မှု၊ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေအားလုံး မြောင်းထဲရောက်သွားမှာပေါ့။ ဒီလိုတော့ အဖြစ်မခံနိုင်ပါဘူး။"

သျှားအိမ်က ပြတ်ပြတ်သားသားလေသံဖြင့် ဆိုလိုက်သည်။ သျှန်နောင်ကတော့ ချစ်သူ၏ လက်ကို ဆုပ်ကိုင်ထားရင်း ချစ်ရသူ၏ မျက်နှာကို တလေးတစားကြည့်လိုက်သည်။ သူ့ချစ်သူသည် ထင်သည်ထက်ပင် ရင့်ကျက်နေသည်မဟုတ်ပါလား။

"နောက်တခုရှိတာက ကျွန်တော်တို့ရဲ့ စားဝတ်နေရေးက cele တွေလို လူတွေရဲ့ အထင်အမြင် ယူဆချက်အပေါ်မှာ လုံးလုံးလျားလျား မှီခိုပြီး ရှင်သန်နေတာ မဟုတ်ဘူးလေ။ ဒီတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာပိုင်းကို မထိခိုက်စေဘူး။ ဒါကြောင့်လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဂရုမစိုက်တာလားပါတယ်။"

သျှားအိမ်က ရှည်လျားစွာ ရှင်းပြပြီးလျှင် အမောပြော ဘီယာတစ်ငုံသောက်လိုက်သည်။ ထိုစဉ် ဟန်သိုထံမှ ဖုန်းဝင်လာသဖြင့် သျှန်နောင် အားလုံးနှင့် ဝေးရာ ခြံထောင့်သို့ ထသွားကာ ဖုန်းကိုင်လိုက်သည်။

"ပြော ဟန်သို"

"အစ်ကိုကြီး အောင်ထွန်းကိုရော သူ့အဖော်ကိုရော မိပြီ။ ဒါပေမယ့်...."

ဟန်သို၏ အနည်းငယ်တုန်ယင်နေသော အသံနှင့်အတူ တိမ်ဝင်သွားသော လေသံကြောင့် သျှန်နောင် မျက်မှောင်ကြုတ်ကာ...

"ဒါပေမယ့် ဘာဖြစ်လဲ"

"ကျွန်တော်တို့ လက်လွန်သွားတယ်။ အောင်ထွန်းဆိုတဲ့ကောင်ကြွသွားပြီ။"

"အဲ့ဒီ့တော့ ဘယ်သူခိုင်းလဲ သိရပြီလား"

သျှန်နောင် အရေးမပါသော ကိစ္စတွေကို အာရုံစိုက်မနေနိုင်။ လိုရင်းတိုရှင်းသာ မေးလိုက်ပါသည်။ ဟန်သိုမှာလည်း ထိုအခါ သက်ပြင်းချနိုင်တော့သည်။

"မဟုတ်ဘူး။ ဒီကောင် မသေခင် ဝန်ခံသွားတယ်။ ဦးမြတ်ဘုန်းလျှံ ခိုင်းတာတဲ့။ ဒီကောင်မလိမ်ဘူးဆိုတာ သေချာတယ် အစ်ကိုကြီး။ သူ့အဖော်လည်း ဒီအတိုင်းပဲထွက်တယ်။ ကျွန်တော်တို့ ဒီနှစ်ကောင်ကို လူချင်းခွဲစစ်တာ"

သျှန်နောင် ကျေနပ်စွာပြုံးလိုက်ပြီး...

"ဒါဆို... ဒီလူကြီးဆီမှာလည်း ကလပ်တွေအများကြီးရှိတယ်။ နှစ်ခုလောက် ပြာကျသွားလို့ ဒေဝါလီခံမသွားပါဘူး။ နောက်ပြီး အဲ့ဒီ့နှစ်ကောင်ပါ သင်္ဂြုလ်စရိတ်သက်သာ အောင်လုပ်ပေးလိုက်။ ငါပြောတာ သဘောပေါက်လား။"

"ဟုတ် အစ်ကိုကြီး။ စိတ်ချပါ"

"အေး... ဒါဆို ဒါပဲ။ ငါ ဧည့်ခံပွဲတခုရောက်နေလို့။"

"ဟုတ်ကဲ့ အစ်ကိုကြီး"

သျှန်နောင် ဖုန်းချသည်နှင့် နှုတ်ခမ်းလေးတစ်ဖက်တွန့်ကာ ပြုံးလိုက်သည်။ ထို့နောက် ဟန်မပျက် သူ့စားပွဲဝိုင်းရှိရာသို့ ပြန်လာခဲ့သည်။

စားပွဲတွင် ယုယ၏ သူငယ်ချင်း အမျိုးသမီးနောက်တစ်ယောက် ရောက်နေပြီဖြစ်သည်။ ထိုအမျိုးသမီးကို မြင်ဖူးသလိုရှိ၍ သေချာကြည့်လိုက်တော့....

"Baby လာလေ။ သူ့ကို မြင်ဖူးတယ်မဟုတ်လား။ နှင်းဆန်းပန်းလေ"

သျှန်နောင်လည်း ထိုအမျိုးသမီးကို မှတ်မိသည့်အားလျော်စွာ ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ သူမကလည်း ရည်ရည်မွန်မွန်ပင် ပြန်ပြုံးပြလာသည်။ ထိုစဉ် အသက်ခပ်ကြီးကြီး အမျိုးသားတစ်ဦးက ယုယအား ကိတ်မုန့်ခွဲရန် ခေါ်သဖြင့် ယုယနှင့် ကိုသိုက်မှာ ဝိုင်းအားလုံး၏ အလယ်ရှိ ကိတ်မုန့်တင်ထားသော စင်မြင့်လေးပေါ်တက်သွားပြီး Happy birthday သီချင်းဆိုကာ ကိတ်မုန့်ခွဲကြသည်။ ပထမဆုံး slice ကို ကိုသိုက်အား ကျွေးသောအခါ ကိုသိုက်ကား တစ်ကမ္ဘာလုံးကို အပိုင်စားရထားသော ဘုရင်တစ်ပါး၏ ဂုဏ်ဝံ့နေသော မျက်နှာဖြင့် စားပြလိုက်လျှင် အားလုံးမှာ ပွဲကျကုန်တော့သည်။ သို့သော် ဒီကောင် တမင်လုပ်ယူတာ မဟုတ်မှန်း သျှားအိမ် ကောင်းကောင်းသိပါသည်။ ကိုယ်ချစ်ရသူ၏ ယုယမှုများက လူတစ်ဦးတစ်ယောက်အတွက်တော့ စကြဝတေးမင်း စည်းစိမ်ထက်ပင် ခမ်းနားကြီးကျယ်လှသည်မဟုတ်လား။

ကိတ်မုန့်ခွဲပြီးလျှင် ကိုသိုက်က သျှားအိမ်နှင့် လာ၍ ဘီယာသောက်ပြန်သည်။ လွှာနှင့် သွန်းကလည်း အားကျမခံ ယုယနှင့်အတူ ဝိုင်တစ်ပုလင်းဖောက်ကာ အားလုံး အားပါးတရသောက်ကြသည်။ ထိုဝိုင်းတွင် မသောက်သူ ဟူ၍ သျှန်နောင်နှင့် နှင်းဆန်းပန်းသာရှိသည်။ သို့သော် နှင်းဆန်းပန်းမှာ မိန်းကလေးများ၏ အဆွယ်ကောင်းမှုကြောင့် နောက်ဆုံးတွင် တစ်ခွက်မျှ သောက်လာသည်။ သျှန်နောင်ကတော့ အရက်နှင့် မတည့်လို့ပါဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆန်မြဲ။ သျှားအိမ်ကတော့ ပုံမှန်ထက် လျော့သောက်ရှာသည်။

သိပ်မကြာပါ။ ကိုသိုက်တစ်ယောက် မူးလျှင် လုပ်နေကြ ထုံးစံအတိုင်း ယုယကို ခေါ်ကာ ဖွင့်ထားသော သီချင်းနှင့် ကွေးနေအောင်ကတော့သည်။ ဤတွင် သွန်းနှင့် လွှာကလည်းမနေ ကိုသိုက်နှင့်အပြိုင်က ပြန်သည်။ သျှားအိမ်ကလည်း အားကျမခံ သျှန်နောင်အား ကရန်မြှူစွယ်ဖြားယောင်းသွေးဆောင်လျှင် သျှန်နောင်မှာ ခြေခါခါလက်ခါခါဖြင့်...

"မောင့်ဟာမောင် သွားကပါ"

"No. Baby နဲ့ ကချင်တာကို..."

"ကိုမှ မကချင်တာ...။ သွားပါ"

"အဟက်... မကတတ်ရင် မကတတ်ဘူးပြောပါ"

သျှားအိမ်က တမင် ရန်စလိုက်သည်။ ဘယ်လို ကလပ်ပိုင်ရှင်မျိုးက မကတတ်ပဲ နေမှာလဲ။ သို့သော် သျှန်နောင်က ပြုံးရုံပြုံးနေသည်။ မည်သို့ဖြစ်စေ ချစ်သူ၏ တောင်းဆိုမှုအား သိပ်ကြာကြာ တောင့်မခံနိုင်ပါ။ သျှားအိမ်နှင့်အတူ ကိုသိုက်တို့ ကနေသော နေရာသို့ ရောက်သွားတော့သည်။ သိပ်မကြာပါ ခြံဝန်းတခုလုံး ကပွဲကြမ်းပြင်အဖြစ် ပြောင်းသွားတော့သည်။

"Baby မကချင်လို့ပဲ"

သျှားအိမ်မှာ စည်းချက်ကျကျ လှုပ်ရှားနေသော ချစ်သူကိုကြည့်ကာ ပြောလိုက်သည်။ သျှန်နောင်က ကလူ၏ မြှူ၏သို့နယ်ပြုံးလိုက်ပြီး သျှားအိမ်နား တိုးကပ်လာသည်။ ထို့နောက် ခန္ဓာကိုယ်ကို ပြောင်းနွဲ့စွာ ကကြိုးဆင်ရင်း လူကို မထိခလုတ်ထိခလုတ်လုပ် လုပ်ပြနေပြန်သည်။

'အင်း... ငါတော့ ကိုယ်သေတွင်း ကိုယ်တူးမိပါပါပေါ့။'

သျှားအိမ်မှာ စိတ်ထဲမှ တွေးကာ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိတော့သည်။ သူ့တို့အနား ပတ်လည်တွင် မိန်းကလေးများ ဝိုင်း၍ နေသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ် ချစ်သူ၏ အကစွမ်းရည်ကြောင့် ယောက်ျားတချို့က ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။

သျှန်နောင်ကတော့ သူ့တို့ အနားဝိုင်းလာသော ကောင်မလေးများအား အာရုံမထားသော်လည်း သျှားအိမ်နှင့် သူ့ကြားဝင်လာသော မိန်းကလေးများကို ကြည့်ကာ မျက်မှောင်ကြုတ်မိတော့သည်။ ထို့နောက် မသိမသာဖြင့် ထိုမိန်းကလေးများကို ဖြတ်ကျော်ကာ သျှားအိမ်ကို သူခန္ဓာကိုယ်ဖြင့် ကာထားလိုက်သည်။ ဤသည်ကို သတိထားမိသော သျှားအိမ်မှာ သဘောကျစွာပြုံးလိုက်ပြီး..

"အူတိုတယ်ပေါ့။"

သျှန်နောင်က နှုတ်ခမ်းတစ်ဖက်တွန့်ကာ အသည်းယားစဖွယ်ပြုံးပြလိုက်သည်။

"ဘာလဲ ကိုယ့်ချစ်သူကိုယ် အူတိုတာ ရာဇဝတ်မှုမြောက်လို့လား"

သျှားအိမ်မှာ ထိုစကားကြောင့် ရယ်မောမိတော့သည်။ သို့သော် သူရယ်သည်က သဘောကျခြင်း ကြည်နူးခြင်းများစွက်နေသော ရယ်မောသံမျိုး။ သျှန်နောင်အတွက်ကတော့ ထိုရယ်မောသံသည် ဆည်းလည်းသံထက်ပင် နားဝင်ချိုလှသည်။

ထိုစဉ် သီချင်းသံမှာ သံစဉ်နှေးနှေးသို့ ပြောင်းသွားသလို မီးများလည်းမှောင်သွားသည်ကို အခွင့်ကောင်းယူကာ သျှားအိမ်တစ်ယောက် ချစ်သူ၏ ခါးကို လက်တစ်ဖက်မှ ကိုင်ကာ နောက်လက်တစ်ဖက်ဖြင့် လက်ချောင်းချင်းယှက်၍ လူချင်းကပ်ပစ်လိုက်သည်။ သူတို့တင်ပဲလားဆိုတော့ မဟုတ်။ အခြားလူများကပါ အတွဲအတွဲတွေနှင့် ရင်ချင်းအပ်၍ ဖြေးညှင်းစွာ ကနေကြသည်။ သျှန်နောင်ကလည်း အလိုက်တသင့်ပင် ကနေရာမှ ချစ်သူ၏ ချောမောသော မျက်နှာကို တရှိုက်မက်မက်ကြည့်နေမိသည်။

"ချောလို့ ကြည့်နေတာလား?"

"ဟင့်အင်း... ချစ်လို့ ကြည့်နေတာ။"

ထိုစကားက သျှားအိမ်၏ ရင်ကို ချစ်ခြင်းတို့ဖြင့် လှိုက်ခုန်မောစေသည်။ တချိန်တည်းမှာလိုပင် သူ့ နှလုံးသားနှင့်အပြိုင် လျှပ်စီးတမျှမြန်ဆန်လှသည့် စည်းချက်တို့ဖြင့် ကခုန်နေသော ချစ်သူ၏ နှလုံးခုန်သံကြောင့် ကြည်နူးစွာ ပြုံးလိုက်ပြီး ကြယ်ရောင်လရောင်အောက်မှ ချစ်သူ၏ သမင်မျက်လုံးတို့ကို စေ့စေ့ကြည့်လိုက်သည်။

"မောင် Baby ကို နမ်းချင်လာပြီ"

သျှန်နောင်မှာ ချစ်သူ၏ တိုးညှင်းလှသော အသံသြသြကြောင့် ခန္ဓာကိုယ်မှာ ထူးဆန်းစွာ ပူနွေးလာတော့သည်။ ဒီကြားထဲ တစ်ချက်တစ်ချက် နှာခေါင်းထဲသို့ တိုးဝင်လာသော ဘီယာနံ့နှင့်ရောနေသည့် ချစ်သူ၏ ကိုယ်သင်းနံ့က သူ့ရင်အား အေးငြိမ့်မှုနှင့် အဆက်မပြတ် ခုန်စေပြန်သည်။ ထိုတုန်ရီနေသော ရင်ခုန်သံတို့နှင့်အတူ လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းအိအိလေးများကို ကြည့်ကာ....

"ဘယ်သူမှ မတားမိပါဘူး။"

"ဒါပေမယ့် လူတွေနဲ့လေ။"

သျှားအိမ်က သျှန်နောင်၏ နှုတ်ခမ်းကို တပ်မက်စွာ လက်ချောင်းများဖြင့် တို့ထိလာသည်။ သျှန်နောင်က ထိုလက်ချောင်းများကို ခပ်ဖွဖွနမ်းရင်းပြောလိုက်သည်။

"အခုမှောင်မဲနေတယ်လေ။ ဘယ်သူမှ မမြင်ဘူး။"

"ဒါပေမယ့် မောင် နည်းနည်းသောက်ထားတယ်"

"ပြဿနာမရှိလောက်ဘူးထင်တယ်။"

တကယ်လည်း အံ့သြစရာကောင်းလှသည်။ ဒီတစ်ကြိမ်တွင် ချစ်သူထံမှ ဘီယာနံ့ သူ့အပေါ် သက်ရောက်မှုမရှိချေ။ ယခင်ကဆိုလျှင် ဘီယာနံ့လျှင် လူက လေးလံကာ အော်ကလီဆန်လာသော်လည်း ယခုတော့ ချစ်သူ၏ ကိုယ်သင်းနံ့နှင့်ရောကာ ရစ်မူးဖွယ်ကောင်းလှသည်။ မဟုတ်မှလွှဲရော မသောက်ပဲမူးနေသည်ဆိုတာ ဒါကို ပြောတာများလား။

"သေချာ..."

ယခင်အကြိမ်များနှင့် မတူသော ချစ်သူ၏ အမူအယာတချို့ကို သူ မြင်ပါ၏။ ချစ်သူကြည့်ရသည်မှာ ဘီယာနံ့ရတောင် ထူးထူးခြားခြား တည်ငြိမ်နေဟန်ရှိသည်။ ပို၍ သေချာအောင် မေးလိုက်ခြင်းသာ။ သို့ပါသော်လည်း သူ့မေးခွန်းကား ဆုံးခန်းတော့ဖြင့် မတိုင်နိုင်ပြီ။ အကြောင်းမူကား သူ့နှုတ်ခမ်းတို့ကို ချစ်သူက အနမ်းကြမ်းကြမ်းတို့ဖြင့် ကာဆီးလိုက်၍ ဖြစ်သည်။

သျှန်နောင် မှောင်ရိပ်အားကိုးဖြင့် ချစ်သူ၏ နှုတ်ခမ်းတို့ကို တရှိုက်မက်မက် နမ်းရှိုက်နေမိပါသည်။ စူးရှရှအနံ့အတူ ချိုမြိန်လှသော အထိအတွေ့က တမျိုးတော့ တပ်မက်ဖို့ကောင်းလှသည်။ ဒါကို ဘာလို့များ အစက မသိပါလိမ့်။

သျှားအိမ်မှာ ချစ်သူ ဦးဆောင်သော အနမ်းအောက်တွင် ပျော်ဆင်းနေလေရဲ့။ အတန်ကြာ၍ လူချင်းခွါလိုက်လျှင် တိုက်ဆိုင်စွာပင် မီးတို့ပြန်လင်းလာတော့သည်။ သို့သော် မှုန်ပြပြသာ။

"ဒီလောက်ပဲလား Baby"

သျှားအိမ်က အကြံပြုသလို မျက်နှာပေးဖြင့် ပြောလိုက်သည်။ သျှန်နောင်က ချစ်သူ၏ ကုတ်အင်္ကျီအနားမှ ခပ်ကြမ်းကြမ်းဆွဲကိုင်ကာ မျက်နှာထီမျက်နှာထားဖြင့်....

"ဆုတောင်းလေ"

သို့သော် သူ၏ မျက်လုံးများက စိတ်ဆန္ဒတို့ဖြင့် အူမြူးနေသည်က အထင်းသား။ သျှားအိမ် ခပ်ဟက်ဟက်တစ်ချက်ရယ်လိုက်ကာ....

"ကြည့်ကြသေးတာပေါ့။"

သို့နှင့် နှစ်ဦးသား ယုယတို့ကို နှုတ်ဆက်ပြီး အိမ်သို့ ပြန်ခဲ့ကြသည်။

ထိုညက နှစ်ဦးသား အနမ်းတို့ကြားတွင် ရစ်မူးပြီး ချစ်ခြင်းဖြင့် အချစ်စီးချင်း ထိုးနင်းကြ၏။ ရလဒ်ကား ချစ်ခြင်းမေတ္တာအောက်ဝယ် နှစ်ဦးသား သာယာကြည်နူးစွာ ဒူးထောက်လျှက် အနိုင်အရှုံး မရှိပြီ။

-------------------------------------------

September 11, 2019 Wednesday

Edited on – Jan 31, 2021

-------------------------------------------

>>>>>ZawGyi<<<<<

"ဒီး...ဒီး...."

ဖုန္းမွ vibration ေၾကာင့္ သၽွန္ေနာင္ အလၽွင္အျမန္ထကာ ဖုန္း ေကာက္ကိုင္လိုက္သည္။

"ဟဲလို"

သူ႔အသံက အိပ္ခ်င္မူးတူးျဖစ္ေနေသးသည္ကို ဖုံးဖိမရ။

"သၽွန္ေနာင္... နင့္ကို လုံျခဳံေရး ကိုတိုးဖုန္းေခၚၿပီးၿပီလား။"

မမိုး၏ အေရးႀကီး သုတ္ျပာအသံေၾကာင့္ သၽွန္ေနာက္မွာ အိပ္ခ်င္စိတ္တို႔ လြင့္ပါးသြားေတာ့သည္။

"ဟင့္အင္း... ဘာျဖစ္လို႔လဲ"

"ဆိုင္ကို လူႏွစ္ေယာက္က မီးရွို႔မလို႔လုပ္တယ္တဲ့။"

"ဘာ?!!"

သၽွန္ေနာင္မွ အလန႔္တၾကားျဖင့္ အိပ္ရာေပၚသို႔ ထထိုင္လိုက္လၽွင္ သၽွားအိမ္ပါ မ်က္လုံးပြင့္လာေတာ့သည္။

"Baby ဘာျဖစ္တာလဲ"

သၽွန္ေနာင္က မေျဖ။ အိပ္ရာေပၚမွဆင္းကာ ဗီရိုရွိရာဆီသို႔ ေျပးသြားကာ အဝတ္အစားမ်ား ထုတ္ယူေနသည္။

"..... ကိုတိုးက အခ်ိန္မွီတားလိုက္လို႔ ဆိုင္ကေတာ့ ဘာမွေတာ့ မျဖစ္သြားေပမယ့္ အဲ့ဒီ့လူထဲက တစ္ေယာက္က ဓါးနဲ႔ထိုးလို႔ ကိုတိုး လက္ဖ်ံနဲ႔ လက္ေမာင္းမွာ ဒဏ္ရာရသြားတယ္တဲ့။"

"ကိုတိုးအခု ဘယ္မွာလဲ"

"ေဆး႐ုံမွာ.... ငါ အခု အဲ့ဒီ့ကို သြားေနတယ္။"

"ဟုတ္ၿပီ... ကၽြန္ေတာ္အခုပဲလာခဲ့မယ္။ ဒါပဲေနာ္"

သၽွန္ေနာင္က ဖုန္းခ်လိုက္သည္ႏွင့္ pajama အကၤ်ီကို အလၽွင္အျမန္ခၽြတ္ကာ ထုံးစံအတိုင္း ရွပ္လည္ကတုံး အျဖဴေရာင္ႏွင့္ slim fit Style pant မီးခိုးေရာင္ေလးသို႔ လဲလွယ္ရင္းမွ...

"ေရႊနယားကို လူႏွစ္ေယာက္က မီးရွို႔မလို႔ လုပ္တယ္တဲ့။ ညေစာင့္ေကာင္ေလးေၾကာင့္ အထမေျမာက္သြားဘူး။ ဒါေပမယ့္ ဒီေကာင္ေလး ဒဏ္ရာရၿပီး ေဆး႐ုံမွာ။ သိပ္ေတာ့ ႀကီးႀကီးမားမားမဟုတ္ပါဘူး။ ဒါေပမယ့္ သြားေတြ႕လိုက္ဦးမယ္။ ေမာင္ကေတာ့ ျပန္အိပ္လိုက္။ အခုမွ မနက္ ၄ နာရီပဲရွိေသးတယ္။"

သၽွန္ေနာင္က ေျပာေျပာဆိုဆို အနမ္းတို႔ကို ခ်စ္သူ၏ ႏႈတ္ခမ္းခ်ိဳခ်ိဳတို႔ေပၚသို႔ ေခၽြလိုက္သည္။

"ခ်စ္တယ္ ေမာင္"

"အင္း... ခ်စ္တယ္"

သူ႔အား ေခါင္းစုတ္ဖြားျဖင့္ၾကည့္ေနေသာ ထိုအမ်ိဳးသားငယ္ေလး၏ ေခါင္းကို ခ်စ္စနိုးျဖင့္ဆြဲဖြလိုက္ၿပီးလၽွင္....

"သြားၿပီ..."

"ေနဦး"'

သၽွားအိမ္က သၽွန္ေနာင္၏ လက္ကို ဖမ္းဆြဲကာ မ်က္ႏွာျခင္းကပ္လုနီးပါးအထိ ခ်စ္သူ၏ ခႏၶာကိုယ္ကို ညႇင္သာစြာ ဆြဲယူလိုက္ၿပီး အနမ္းရင့္ရင့္တခ်ိဳ႕ ျပန္လည္အပ္ႏွင္းလိုက္သည္။ ထို႔ေနာက္ ခ်စ္သူ၏ ပါးျပင္ကို အျမတ္တနိုးျဖင့္ ပြတ္သပ္ကာ...

"ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ေနာ္။ ၾကားလား။"

"ဟုတ္"

သၽွန္ေနာင္ လိမၼာစြာ ေခါင္းညိတ္ျပလိုက္သည္။ထို႔ေနာက္ အိမ္မွထြက္ကာ ေဆး႐ုံဆီသို႔ ဦးတည္ကာ ေမာင္းခဲ့ေတာ့သည္။ မနက္ေဝလီေဝလင္းမို႔ ျဖစ္မည္ထင္၏ လမ္းမ်ားက စိတ္ခ်မ္းသာဖြယ္ေကာင္းေအာင္ ရွင္းလင္း၍ ေနသည္။ သို႔ေသာ္ သူ႔စိတ္တို႔က မေအးခ်မ္းနိုင္။ သူ႔ဆိုင္ကို မီးရွို႔ရန္ ႀကံစည္ရဲသူရွိေၾကာင္း ေလာေလာလတ္လတ္ သိထားသည္ မဟုတ္လား။ ဤသို႔ ႀကံစည္ဝံ့သူမွာ ဦးျမတ္ဘုန္းလၽွံမွ လြဲ၍ တျခားမျဖစ္နိုင္မွန္း သူသိေနသည္။ ၾကည့္ရသည္မွာ ဝင္းထြတ္ကို ကိစၥတုံးလိုက္သည့္အေၾကာင္းကို သိသြားပုံရသည္။ ထို႔‌ေၾကာင့္ လက္စားေခ်သည့္အေနျဖင့္ သူ၏ ေရႊနယားကို မီးႏွင့္တိုက္ရန္ လူလႊတ္လိုက္ျခင္းျဖစ္ေပလိမ့္မည္။

သူ ေဆး႐ုံ အေရးေပၚအခန္းထဲေရာက္ေတာ့ မမိုးက ေရာက္ႏွင့္ေနၿပီျဖစ္သည္။ ကိုတိုးက ျဖစ္သမၽွကို သူ႔အား တေက်ာ့ျပန္၍ ျပန္ေျပာင္းေျပာျပရွာသည္။

"... လူႏွစ္ေယာက္ အစ္ကိုႀကီး။ အနက္ေရာင္ ကိုယ္က်ပ္ဝတ္စုံနဲ႔။ ဆိုင္အေနာက္ဘက္က gas tankေတြထားတဲ့ေနရာမွာ တိုးတိုးနဲ႔ တခုခုလုပ္ေနတာေတြ႕ ကၽြန္ေတာ္က လက္ႏွိပ္ဓါတ္မီးနဲ႔ထိုးၿပီး... ဘယ္သူလဲ ေမးလိုက္တာ တစ္ေယာက္က ကၽြန္ေတာ့္ကို ဓါးနဲ႔ ေျပးထိုးတယ္။ ကၽြန္ေတာ္က လက္နဲ႔ ခံေပးလိုက္ေတာ့ ကၽြန္ေတာ့္လက္ဖ်ံကိုပဲ ထိသြားတယ္။"

ကိုတိုးက ေျပာရင္းျဖင့္ ပတ္တီးအထပ္ထပ္စီးထားေသာ လက္ကိုျပလိုက္ေသးသည္။

"ကၽြန္ေတာ္လည္း အဲ့ဒီလူနဲ႔ လုံးလားေထြးလားလုပ္ေနရင္းနဲ႔ မေတာ္တဆလဲက်ၿပီး သူ႔ဓါးနဲ႔ သူ႔ဗိုက္သူ ျပန္ထိုးမိသြားတယ္။ အဲဒီေတာ့မွ ေနာက္လူက သူလုပ္လက္စ အလုပ္ကိုခ်ၿပီး အဲ့ဒီ့လူကို ေျပးေပြ႕တယ္။ ပါးစပ္ကလည္း "ေအာင္ထြန္း"ဆိုလား ေခၚေသးတယ္။ ကၽြန္ေတာ္က ခါးၾကားထဲက လက္ကိုင္တုတ္ကို ထုတ္လိုက္ေတာ့ သူ႔လူသူ ဆြဲၿပီးေျပးေရာ။ ကၽြန္ေတာ္လည္း အဲ့ေတာ့မွ သူတို႔ခုနက ကုပ္ကုပ္လုပ္ေနတဲ့ေနရာကို ၾကည့္မိေတာ့ ဓါတ္ဆီစြတ္ထားတဲ့ အဝတ္စရယ္ မီးျခစ္ရယ္ကို ေတြ႕တာ။ သူတို႔ပဲ ညံ့တာလား၊ ဒါမွမဟုတ္ ကၽြန္ေတာ္တို႔ပဲ ကံေကာင္းတာလား မသိဘူး။ အဲ့ဒီ့ မီးျခစ္က အလုပ္မလုပ္ဘူး။"

ကိုတိုးက သူ႔အိတ္ကပ္ထဲမွ မီးျခစ္ေလးကို ထုတ္ေပးလိုက္သည္။ သၽွန္ေနာင္က ယူ၍ ေသခ်ာၾကည့္လိုက္ေတာ့ မီးျခစ္ေလးက ဆီခန္း၍ ေနသည္။ သူ ခပ္ေလွာင္ေလွာင္ တစ္ခ်က္ျပဳံးလိုက္ကာ....

"ဒီလူေတြကိုက မီးစာကုန္ဆီခန္းေတာ့မွာေလ။"

ထိုေနာက္ ခ်က္ခ်င္းဆိုသလို ဟန္သိုကို ဖုန္းေခၚလိုက္သည္။ ခ်ဴးေဝဆုံးကတည္းက Night Terror ကို ဒီေကာင္ေလးကို ဦးစီးေစသည္ျဖစ္ရာ ဒီအခ်ိန္ဆို ဒီေကာင္ေလး ကလပ္မွာပဲ ရွိလိမ့္ဦးမည္။

"ဟန္သို.. ေအး... မင္း "ေအာင္ထြန္း"ဆိုတဲ့နာမည္နဲ႔ ဗိုက္မွာ လတ္လတ္ေလာေလာ ဒဏ္ရာရထားတဲ့ လူတစ္ေယာက္ရယ္ သူ႔အေဖာ္ရယ္ကို ရွာေပးစမ္းကြာ။"

"အဲ့ဒီ့လူရဲ့ အၾကမ္းဖ်င္းပုံစံကိုေရာ သိနိုင္မလား အစ္ကိုႀကီး"

"ပုံစံက.... ခဏ... ေရာ့... ကိုတိုး မင္းေယာက္ဖနဲ႔ စကားေျပာလိုက္ဦး"

သၽွန္ေနာင္က ဖုန္းကို ကိုတိုးထံ ထိုးေပးလိုက္ၿပီး ဟန္သိုႏွင့္ တိုက္ရိုက္ စကားေျပာေစသည္။ ကိုတိုးက ထိုလူႏွစ္ေယာက္၏ ပုံသဏၭာန္ကို ေျပာျပကာ ျဖစ္စဥ္ကိုျပေျပာျပလိုက္သည္။ ထို႔ေနာက္ ဟန္သိုက ေယာက္ဖျဖစ္သူ ကိုတိုးကို သတင္းေမးဟန္တူသည္။ မစိုးရိမ္ပါရန္ႏွင့္ ဇနီးျဖစ္သူကို သြားမေျပာရန္မွာၾကားကာ ဖုန္းကို သၽွန္ေနာင္ထံျပန္ေပးလိုက္သည္။

"ေအး... အဲ့ဒီ့ေကာင္ကို မိရင္ Pixil မွာ ပို႔ထားလိုက္။ Night Terror က ဟိုေခြးအေတြ ရႈပ္ေနေသးတယ္။"

"ဟုတ္ကဲ့ပါ အစ္ကိုႀကီး"

"ဒါဆို မင္းဘာေျပာဦးမလဲ"

"မရွိေတာ့ပါဘူး အစ္ကိုႀကီး"

"ေအး... ဒါဆိုရင္ ဒါပဲ"

သၽွန္ေနာင္ ဖုန္းခ်ၿပီးသည္ႏွင့္ ကိုတိုးကို ေက်းဇူးတင္စကားေျပာကာ အလုပ္ကို ဒဏ္ရာေပ်ာက္သည္အထိ လစာအျပည့္ျဖင့္ နားေနခြင့္ျပဳေၾကာင္းေျပာကာ ေဆး႐ုံစရိတ္ရွင္းေပးကာ မမိုးႏွင့္အတူ ေရႊနယားသို႔ ျပန္လာခဲ့သည္။

ေရႊနယားေရာက္လၽွင္ ဝန္ထမ္းအားလုံးအား မနက္အေစာက ျဖစ္ပ်က္သြားေသာ ကိစၥမ်ားကို ေျပာျပကာ သတိရွိၾကရန္ေျပာၾကားၿပီး ႐ုံးခန္းထဲဝင္ခဲ့သည္။ ႐ုံးခန္းထဲေရာက္ေရာက္ခ်င္း ဖုန္းမွ ခ်စ္သူထံမွ message ဝင္ေၾကာင္း alarm tone ဝင္လာေတာ့သည္။ သူ ခ်က္ခ်င္း ဖုန္းကို ထုတ္စစ္လိုက္ေတာ့ ခ်စ္သူက အလုပ္ေရာက္ၿပီျဖစ္ေၾကာင္းႏွင့္ ကိုယ္ကိုယ္ ဂ႐ုစိုက္ရန္ ေရးသားထားေသာ စာျဖစ္သည္။ အဆုံးသတ္ကေတာ့ ထုံးစံအတိုင္း သူရင္ကိုလႈပ္ရွားေစေသာ စကားစုေလးျဖစ္ေသာ "ခ်စ္တယ္ Baby" ဟူ၏။

သူ သက္ျပင္းသာ မသိမသာရွိုက္လိုက္မိေတာ့သည္။ သူေၾကာင့္ ခ်စ္သူမွာ ေန႔စဥ္ႏွင့္အမၽွ စိတ္ပူေနရသည္ မဟုတ္လား။

"ကိုလည္း အလုပ္ေရာက္ၿပီ။ အားလုံးအဆင္ေျပပါတယ္။ ေမာင့္အတြက္ မစိုးရိမ္ပါနဲ႔။ ခ်စ္တယ္။"

သၽွန္ေနာင္ message ပို႔ၿပီး မိနစ္ပိုင္းမွာပင္ သၽွားအိမ္ဖုန္းေခၚလာေတာ့သည္။

"ေျပာ... ေမာင္"

"အလုပ္မစခင္ Baby အသံေလးကို ၾကားခ်င္လို႔။"

သၽွားအိမ္၏ စကားအဆုံးတြင္ ခ်စ္ရသူ၏ ၾသရွရွ ရယ္သံေလးက နားထဲသို႔ ဝင္ေရာက္လာေတာ့ သူ႔မ်က္ႏွာတြင္ အျပဳံးတို႔ ပြင့္လန္းလာေတာ့သည္။

"အဟင္းဟင္း.... ခင္ဗ်ားေလးဆီက ေႁခြနည္းေလးေတြ သင္ဦးမွနဲ႔ တူတယ္။ ဒါမွ ခင္ဗ်ားေလး ကို႔ကို ထားမသြားေအာင္လို႔"

"ဘာလဲ။ Baby က ငါးၾကင္းဆီနဲ႔ ငါးၾကင္းေက်ာ္မယ္ေပါ့။"

"ဒါေပါ့။ ဘာလဲမရဘူးလား။"

"ရပါတယ္။ သင္ၾကားခေလးေတြေတာ့ ရွိတာေပါ့။ ေဈးႀကီးတယ္ဆိုေပမယ့္ Baby တတ္နိုင္ပါတယ္။"

"ေျပာၾကည့္ပါဦး"

"ဝင္ေၾကးက ၁၅၀၀။ ေန႔စဥ္ေၾကးက Babyရဲ့ ႏွလုံးသား။"

"အိုး... ေဈးႀကီးလိုက္တာ။"

သၽွန္ေနာင္က ရယ္ခ်င္လာသည္ကို ဖိႏွိပ္ကာေျပာလိုက္သည္။ သၽွားအိမ္ကေတာ့ ႐ုပ္တည္ႀကီးျဖင့္...

"ဒါကေတာ့ ဒီလိုရွိတယ္။ ဒီသင္ရိုးညႊန္းတန္းက အခ်စ္စစ္စစ္နဲ႔ ေရးထားေတာ့ ကုန္က်စရိတ္ႀကီးတယ္။ ေနာက္ၿပီး ေမာင့္တစ္သက္မွာ တပည့္တစ္ေယာက္ပဲ လက္ခံမွာဆိုေတာ့ ဒီေလာက္ေတာ့ ေတာင္းသင့္တာေပါ့။"

"ဘာလဲ... ဒါက သင္ခန္းစာ နံပါတ္ ၁ လား။"

"ဟင့္အင္း... အဲ့ဒါက ေဈးဗန္းခင္းေနတာ။"

"ဪ... ဪ... ဒါဆို ေဈးသည္ႀကီး ကိုသၽွားအိမ္ေပါ့။"

"ဒါေပါ့.... အခ်စ္ေတြ။ ေမာင့္ရဲ့ ရင္တြင္းျဖစ္ အခ်စ္ေတြရမယ္ေနာ္"

သၽွားအိမ္က ေျပာေျပာဆိုဆို ေဈးသည္တဦးလို ေအာ္ျပလိုက္ေသးသည္။ ႐ုံးခန္းထဲတြင္ တစ္ေယာက္တည္းရွိသည္ျဖစ္၍လည္း ယခုကဲ့သို႔ ေအာ္ရဲျခင္းျဖစ္သည္။ သၽွန္ေနာင္ကေတာ့ ေတာ္ေတာ္တတ္နိုင္သည့္ ခ်စ္သူဟုသာ စိတ္ထဲမွ မွတ္ခ်က္ခ်လိုက္သည္။

"ဪ... ဒီလိုႀကီးလား။ ဟုတ္ၿပီေလ။ ဒါဆို ကို တျခားေဈးသည္ေလးေတြကို ပတ္ၾကည့္လိုက္ဦးမယ္။"

"Baby ေနာ္... ဘာ ပတ္ၾကည့္မွာလဲ။ မရပါဘူး။"

"ဟာ... ဟုတ္တယ္ေလ။ ေဈးဝယ္သူဆိုတာ ေဈးေရာင္းတဲ့လူ သုံး၊ ေလးေယာက္ေလာက္ ယွဥ္ၾကည့္ၿပီးမွ ဝယ္တာမ်ိဳး။ အခုလို ေဈးႀကီးပုံနဲ႔ဆို တေဈးလုံးပတ္ၾကည့္ရမယ္နဲ႔ တူတယ္။"

"ဒါကေတာ့ ေမာင့္ product က quality ေကာင္းတာကိုး။ ဒီေလာက္ေတာ့ ေပးရမွာေပါ့။ ဘာလဲ Baby က အေပါစား ေရာင္းကုန္ေတြကို ရွာေနတာလား။ ဒါဆိုလည္း သေဘာပဲ။"

သၽွန္ေနာင္မွာ ခ်စ္သူ၏ ႏႈတ္ခမ္းေထာ္ေနသံေၾကာင့္ ပို၍ ရယ္ခ်င္လာေတာ့သည္။

"ဟုတ္ဘူးေလ။ ကိုက ေမာင့္ဆီကပဲ ဝယ္မွာပါ။ ဒါေပမယ့္ နည္းနည္း ပတ္ၾကည့္ခ်င္လို႔"

"မၾကည့္နဲ႔။ ဒီေလာက္ ေကာင္းတဲ့ quality ဘယ္သူ႔မွာမွမရွိဘူး။ ဒီထက္စစ္တာလဲ ဘယ္မွာမွ မရဘူး။ ဒီေတာ့ အခ်ိန္ကုန္ခံၿပီး ေလၽွာက္ၾကည့္မေနနဲ႔။ ေမာင့္ဆီကပဲဝယ္"

"ဒီေဈးသည္ကလည္း အတင္းႀကီးကို ေရာင္းေနေတာ့တာပဲ။"

"ဒါေပါ့။ ဒီလိုမွ မေရာင္းရင္ ေမာင့္ရဲ့ ရင္တြင္းျဖစ္အခ်စ္ေတြ အလဟသတ္ျဖစ္သြားမွာေပါ့။ ေမာင္က Baby မွ မေရာင္းရရင္ ဘယ္သူ႔ မွ မေရာင္းေတာ့ဘူး။ အကုန္လုံး လႊတ္ပစ္လိုက္မွာ"

"ဒါဆိုလည္း ဝယ္ပါ့မယ္ခင္ဗ်ာ။ အဆစ္ေလးေတာ့ ထည့္ေနာ္။"

"စိတ္သာခ်။ ခ်ိန္ခြင္က်ိဳးက်ေအာင္ကို ထည့္ေပးမွာ"

ႏွစ္ဦးသား သေဘာက်စြာ ရယ္ေမာမိေတာ့သည္။

"ေမာင္ဟာေလ ေတာ္ေတာ့္ကို ေပါက္တီးေပါက္ရွာေျပာတယ္။"

"Babyလည္း ဘာထူးလဲ။ မထင္ရဘူး။ ေမာင္နဲ႔ အၿပိဳင္ေပါရဲမယ္လို႔"

"ခင္ဗ်ားေလးေနာ္... ကိုယ့္ထက္အႀကီးကို...။ ကဲ ေတာ္ၿပီ။ အလုပ္လုပ္ေတာ့။ ညေနမွ လာေခၚေတာ့မယ္။"

"အင္း... ဪ... ဒါနဲ႔ ညေန ယုယ ေမြးေန႔ပြဲရွိတယ္ေနာ္။ ေစာေစာျပန္ခဲ့ဦး။"

သၽွန္ေနာင္မွာ ထိုအခါမွ ကိုသိုက္ဖိတ္ထားသည္ကို သတိရသြားသည္။

"အာ... ဟုတ္သားပဲ။ အင္း... ကို ေစာေစာျပန္လာခဲ့မယ္။"

"ဒါဆို... ဒါပဲ။ ခ်စ္တယ္ Baby"

"ခ်စ္တယ္ ေမာင္"

သၽွားအိမ္ ဖုန္းခ်သြားသည္ႏွင့္ ဆိုဖာေပၚပစ္လွဲကာ ခဏမၽွ ေမွးလိုက္သည္။

--------------

"ဘဲဥေလး Boss တို႔ရဲ့ Liveကို ေတြ႕လိုက္ေသးလား"

"ေတြ႕တယ္။ angry reactions ေတြေရာ comment ေတြေရာ တပုံႀကီး။ လူေတြကလည္းေလ သိလည္းမသိဘဲနဲ႔ ေလၽွာက္ေျပာေနတယ္။"

တိုးငယ္က မုန႔္နယ္ေနရင္းမွ ခခ၏ အေမးကို ျပန္ေျပာလိုက္ပါသည္။

"ဟုတ္တယ္။ ခခလည္း အဲ့ဒါကိုၾကည့္ၿပီး အကုသိုလ္ေတာင္ပြားတယ္။ တကယ္ပါပဲ။ တခ်ိဳ႕ကလည္း အေျခအေနအစစ္အမွန္မသိဘဲမေျပာသင့္ေၾကာင္း ေျပာတဲ့လူလည္းရွိပါတယ္။ ဒါကလည္း တစ္ေယာက္ႏွစ္ေယာက္ပါ။ အမ်ားစုကေတာ့ ယုတ္ယုတ္မာမာစကားလုံးေတြနဲ႔ ဘလိုင္းႀကီး ေဖာင္းထုေနတာမ်ိဳး။ သူတို႔နဲ႔ ဘာဆိုင္တာက်ေနတာပဲ။"

ခခက မေက်မခ်မ္းျဖင့္ေျပာလိုက္လၽွင္ တိုးငယ္က ေခါင္းညိတ္ကာ ေထာက္ခံလိုက္ၿပီး...

"ေျပာရမယ္ဆို Boss တို႔ကသာ လွိမ့္ပိန႔္ၿပီး အဆဲခံေနရတာ အဲ့ဒီ့ေကာင္မေလးကေတာ့ ကိုယ့္ခ်စ္သူကို တျခားေယာက္်ားလုသြားတယ္ဆိုၿပီး ဝိုင္းသနားေနၾကတယ္ေလ။ ဒါနဲ႔ ငါ့အမ်ိဳးသားေျပာေတာ့ အဲဒီေကာင္မေလးက မင္းသမီးဆို။ ဟုတ္လား။"

"ဟုတ္တယ္။ အဲ့ဒီ ေကာင္မေလးက တက္သစ္စ ေမာ္ဒယ္မင္းသမီး။ အလွကုန္ပစၥည္းေၾကာ္ျငာ တခု၊ ႏွစ္ခု ရိုက္ဖူးတယ္။ ဒါေပမယ့္ TV channel မွာဆို interview တိုင္းက သူပဲ။ ေျပာရမယ္ဆို media တန္ခိုးေၾကာင့္ နာမည္ႀကီးေနတာေလ။ အခုေတာ့ ဒီကိစၥေၾကာင့္ ပိုၿပီး နာမည္ႀကီးသြားတာေပါ့။ သိတယ္မဟုတ္လား။ အခုေခတ္က နာမည္ႀကီးဖို႔ဆို လူေတြက ဘာ၏ ညာ၏ ၾကည့္တာမွ မဟုတ္တာ"

"ခခနဲ႔ တိုးငယ္... "

"ဟုတ္ကဲ့ Boss"

တိုးငယ္ႏွင့္ ခခမွာ စကားေကာင္းေနတုန္း သၽွားအိမ္အေနာက္ထဲသို႔ ဝင္လာ၍ စကားျပတ္သြားေတာ့သည္။

"ငါ သြားေတာ့မယ္။ Oven ထဲက coconut cookie ေတြရရင္ ထုတ္ၿပီး အေရွ႕မွာ ခ်လိုက္ဦးေနာ္။ ေရွ႕မွာ မရွိေတာ့ဘူး။"

"ဟုတ္ Boss"

"Copy that"

"ငါ သြားၿပီ။"

"ဟုတ္ကဲ့ Boss"

"ေကာင္းေကာင္းသြားပါရွင္"

သၽွားအိမ္က မွာစရာရွိသည္ကို မွာၿပီအေရွ႕သို႔ထြက္ခဲ့ေတာ့သည္။ ခခႏွင့္ တိုးငယ္တို႔ကေတာ့ သူႏွင့္ သၽွန္ေနာင္ပါေသာ Facebook Live အေၾကာင္းဆက္ကာ ေျပာေနေပလိမ့္မည္။

ေျပာမည္ဆိုလၽွင္ ပုလဲေက်ာ့၏ ကုသိုလ္ေကာင္းမႈေၾကာင့္ သၽွားအိမ္ေရာ သၽွန္ေနာင္ပါ Facebook ေပၚတြင္ celebrities ျဖစ္ေနေလ၏။ ေကာင္းေသာ ေက်ာ္ၾကားျခင္းျဖင့္ေတာ့ မဟုတ္ေသာ္ျငား သၽွားအိမ္က ၿခံခုန္ေသာ အပုန္းမေမာင္ေမာင္ ဟူေသာ ဘြဲ႕ကို အပ္ႏွင္းျခင္းခံရသလို သၽွန္ေနာင္မွာေတာ့ စႏွိုက္ေက်ာ္ baby ဦးေလးႀကီးဟူေသာ နာမေတာ္အား ႀကိဳးစားအားထုတ္ျခင္းမရွိဘဲ အေခ်ာင္သက္သက္ရရွိလိုက္၏။

"ဟဲ့... ဟိုမွာဟဲ့... အခု နာမည္ႀကီးေနတဲ့ လူမဟုတ္လား။ Baby ဦးေလးႀကီးဆိုတာေလ။"

"What the F***"

"နင္ကလည္း လာျပေနဆယ္။ ျမင္ရတာ က်က္သေရတုံးလိုက္တာဟယ္။ ႐ုပ္ကေလးေခ်ာသေလာက္ သူမ်ား ရည္းစားျဖတ္လုရတယ္လို႔။ မရွက္တတ္ဘူးလားမသိဘူး။"

"ေအးေလ။ လူကျဖင့္ က်ားကိုးစီးစားမကုန္နိုင္ဘူး ေျခာက္ေနေသးတယ္။"

သၽွန္ေနာင္မွာ ေဘးဝိုင္းမွ ငတိမေလးမ်ား၏ တြတ္ထိုးသံကို လွစ္လ်ဴကာ အေနာက္ထဲမွ ျပန္ထြက္လာေသာ သၽွားအိမ္ကို ျပဳံးျပလိုက္သည္။ ထိုလင္းလက္ေသာ အျပဳံးတို႔မွာ သၽွားအိမ္ထံကူးစက္သြားေတာ့သည္။

"သြားစို႔ Baby။ ကိုသိုက္တို႔ လည္ပင္းရွည္ေနေလာက္ၿပီ။"

သၽွားအိမ္က အနားကပ္လာကာ ေဆာ္ၾသလိုက္မွ သၽွန္ေနာင္ ထိုင္ရာက ထေတာ့သည္။

"အမယ္ေလးဟယ္။ အရွက္မရွိတာမ်ား"

"ေအးေလဟယ္။ လူေတြ ဒီေလာက္ေျပာေနတာေတာင္ လူၾကားထဲ မေရွာင္ ႏွာထေနလိုက္ၾကတာ"

ထိုကေလးမမ်ားေျပာေနသည္ကို သၽွားအိမ္ေရာ သၽွန္ေနာင္ပါ ၾကားပါသည္။ သို႔ေသာ္ ႏွစ္ဦးလုံး မၾကားဟန္ျပဳ၍ တစ္ဦးလက္ကိုတစ္ဦး ျမဲျမဲဆုပ္ကိုင္ကာ ကားရွိရာဆီသို႔ ေလၽွာက္လာခဲ့သည္။

"ေမာင္ အဆင္ေျပရဲ့လား။"

ခ်စ္သူ၏ ေမးခြန္းေၾကာင့္ သၽွားအိမ္ တစ္ခ်က္ျပဳံးလိုက္မိသည္။ ထို႔ေနာက္ ခ်စ္ရသူ၏ စိုးရိမ္မႈတို႔ ႀကီးစိုးေနသည့္ မ်က္ႏွာကိုၾကည့္ကာ လက္ျဖင့္ ခပ္ဖြဖြ ပြတ္လိုက္သည္။

"ေျပတာမွ သိပ္ေျပေပါ့ Baby။ ေမာင္ေျပာတယ္ မဟုတ္လား။ ေမာင့္ရဲ့အခ်စ္က အႂကြင္းမဲ့ပါဆို။ လူေတြ ဝိုင္းလက္ညိဳးထိုးလို႔ ေမာင္ အခ်စ္ေတြက ယိမ္းယိုင္သြားမွာ မဟုတ္တာ။ အခုေတာ့ အေျပာခ်ည္းမဟုတ္ဘူးဆိုတာ လက္ေတြ႕ျပလို႔ရၿပီ"

သူ႔အား တည္ၿငိမ္ေသာေလသံျဖင့္ ေျဖၾကားလာေသာ ခ်စ္သူေၾကာင့္ ဇေဝဇဝါျဖင့္ မ်က္လုံးခ်င္းဆုံကာ ေသခ်ာစိုက္ၾကည့္လိုက္သည္။ သူ႔အား အတည္ေျပာေနသည္ဆိုတာ ေသခ်ာေတာ့မွ သက္ျပင္းခ်မိေတာ့သည္။

"ေမာင့္ကို မယုံသလို ျဖစ္သြားရင္ sorryပါ။ အဲ့ဒီတုန္းက ကို႔တို႔က တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေကာင္းေကာင္းမသိဘူးေလ။ ေနာက္ၿပီး ေမာင္က ကို႔အတြက္ ျပည္စုံတာထက္ကို ေက်ာ္လြန္ေနတာဆိုေတာ့ ကို႔မွာ ေတြးစရာေတြ မ်ားတယ္"

သၽွားအိမ္က အျပဳံးႏုႏုတို႔ျဖင့္ ခ်စ္သူကို ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္ၿပီး နဖူးျပင္ကို အနမ္းတခ်ိဳ႕ က်ဲခ်လိုက္သည္။

"ေမာင္ နားလည္ပါတယ္ကြာ။ Baby ၾကဳံခဲ့တာေတြက နည္းမွမနည္းပဲ။ ဒါေၾကာင့္ ေမာင္ Baby ကို႔ အျပစ္မတင္ပါဘူး။"

သၽွန္ေနာင္ကေတာ့ ခ်စ္ရပါေသာ သူ၏ ရင္ခြင္တြင္ မ်က္ႏွာအပ္ရင္း ခ်စ္သူ၏ ႏွလုံးအိမ္ရွိမည့္ေနရာကို ျမတ္နိုးစြာ နမ္းရွိုက္လိုက္သည္။ တခ်ိန္တည္းမွာလို ႏွာေခါင္းထဲတိုးဝင္လာေသာ ခ်စ္သူ၏ ‌ေယာက္်ားဆန္သည့္ ကိုယ္သင္းနံ့ သူ႔အား ေအးခ်မ္းမႈကို ေပးစြမ္းသလို ရင္ကို တသိမ့္သိမ့္ျဖင့္ တုန္ခါေစသည္။

"ေမာင့္ကိုပဲ ေမးေနတယ္။ Baby ေကာ အဆင္ေျပရဲ့လား။"

သၽွားအိမ္က ခ်စ္သူ၏ နက္ေမွာင္ေနေသာ ဆံပင္မ်ားကို လက္ႏွင့္ ထိုးဖြရင္း ေမးလိုက္သည္။

"အင္း... ကိုက ဒီ့ထက္မက ဆိုးတာေတြေတာင္ ၾကဳံလာတာ။ ဒီေလာက္ေတာ့ အေပ်ာ့ေပါ့။"

သၽွန္ေနာင္က တိုးညႇင္းစြာ ရယ္ေမာရင္းေျပာလိုက္သည္။ ထို႔ေနာက္ လူခ်င္းအနည္းငယ္ ခြါလိုက္ကာ ခ်စ္သူ၏ ႏႈတ္ခမ္းကို ခပ္ဖြဖြနမ္းလိုက္ၿပီး....

"သြားၾကစို႔"

"အင္း"

သၽွန္ေနာင္ ကားစက္နိုးကာ ကားကို အိမ္သို႔ ေမာင္းလာခဲ့ေတာ့သည္။ အေစာက အတင္းတုပ္သူ တစ္သိုက္ကေတာ့ သူတို႔ကေတာ့ တကမၻာလုံးကို ပိုင္သလို တျခားေသာ လူမ်ား၏ အတင္းအဖ်င္းမ်ားကိုသာ အာေဘာင္အာရင္းသန္သန္ျဖင့္ ေျပာဆိုကာ က်န္ခဲ့ေတာ့သည္။ သနားစရာေကာင္းစြာပင္ ထိုသူမ်ား၏ ျဖစ္သည္မႈကို သူတို႔စကားထဲမွ လူမ်ားကမသိနိုင္ခဲ့။ ထို႔အတူ မည္သူတစ္ဦးတစ္ေယာက္ကမွလည္း သူတို႔အား အခ်ိန္တစိတ္တေဒသအပြန္းခံကာ ဂ႐ုမစိုက္ပါ။ ထိုသူတို႔သည္ ေလလြင့္ေနေသာ တန္ဖိုးမဲ့အမွိုက္သရိုက္မ်ားသာ။

အိမ္ေရာက္သည္ႏွင့္ ႏွစ္ဦးသား အျမန္ေရမိုးခ်ိဳးကာ အဝတ္အစားလဲသည္။ သၽွားအိမ္က V-neck T-Shirt အျဖဴကို Jean pants အျဖဴေရာင္ႏွင့္ တြဲဝတ္ကာ ကုတ္အကၤ်ီ ခဲေရာင္ေဖ်ာ့ေဖ်ာ့ေလးကို အေပၚက ထပ္လိုက္သည္။ သၽွန္ေနာင္ကေတာ့ ထုံးစံအတိုင္း လည္ကတုံးရွပ္အကၤ်ီကိုယ္က်ပ္ အနက္ေရာင္ေလးကို slim fit style pants ခဲေရာင္ႏုႏုေလးႏွင့္ တြဲ၍ ဝတ္ဆင္ထားသည္။ သို႔ေသာ္ ေက်းဇူးရွင္က အကၤ်ီလက္ကို တံေတာင္အထိ ေခါက္တင္လိုက္ၿပီး အေပၚ ရင္ဘတ္မွ ၾကယ္သီး သုံးလုံးခန႔္ျဖဳတ္ကာ ရက္ရက္စက္စက္ အလႉႀကီးေပးေနေတာ့သည္။ ဒီၾကားထဲ ျဖဴႏုေနေသာ အသားအေရတို႔ကို ပို၍ ထိေတြ႕ခ်င္စရာေကာင္းေအာင္ ျဖားေယာင္းေနသည္အလား အနက္ေရာင္က ဝတ္ထားေသးသည္။ သၽွားအိမ္မွာ ခ်စ္သူေပးေသာ နာရီကို ပတ္ရင္းျဖင့္ ခ်စ္သူကို မ်က္ခုံးတဖက္ပင့္ၾကည့္လိုက္သည္။

"ဘာလို႔လဲ"

သၽွန္ေနာင္က ခ်စ္သူ၏ မၾကည္သလို မ်က္ႏွာေၾကာင့္ ေမးလိုက္မိသည္။ သၽွားအိမ္က ဘာမေျပာညာမေျပာႏွင့္ အနားကပ္သြားကာ သၽွန္ေနာင္အား ပုခုံမွကိုင္ကာ အနီးရွိ ဗီရိုေပၚတြင္ ဖိကပ္ထားလိုက္သည္။ ထို႔ေနာက္ လစ္ဟာေနေသာ ရင္ဝတြင္ အနမ္းမ်ားေႁခြကာ အမွတ္အသားမ်ားေပးလိုက္ေတာ့သည္။

"ေမာင္... ေမာင္... ဘာလုပ္တာလဲ။ အာ.... သြားၿပီ"

သၽွန္ေနာင္က တားဆီးေသာ္လည္း မမွီေတာ့။ သူ စတိုင္ထုတ္ကာ Highlight တင္ထားသည့္ေနရာတြင္ အနီေရာင္ အခ်စ္အမွတ္အသားတို႔က ထင္းထင္းႀကီး။

"ရက္ေရာတာေလ။ မွတ္ၿပီလား။"

သၽွန္ေနာင္မွာ ခ်စ္သူ၏ အျပဳအမႈေၾကာင့္ ငိုအားထက္ရယ္အားသန္ေတာ့သည္။

"ေမာင္ဟာ သိပ္ကေလးဆန္တာပဲ။"

ထိုမၽွသာေျပာၿပီး အကၤ်ီအနက္ေရာင္ကို ရွပ္အကၤ်ီအျဖဴသို႔ လဲလွယ္ကာ Necktie အနက္ေရာင္စည္းၿပီး vest ခဲေရာင္ ဝတ္ဆင္လိုက္သည္။

"ကဲ... ေက်နပ္ၿပီလား။"

သၽွားအိမ္ ေျခအဆုံးေခါင္းအဆုံးတစ္ခ်က္ၾကည့္ကာ ေက်နပ္စြာ လက္မေထာင္ျပလိုက္သည္။ တကယ္ဆို ကိုယ့္လူက ဘယ္လိုေနေန sexy က်ၿပီးသား။ ဒါကို ဘာကိစၥ ဟိုေဖာ္ဒီေဖာ္ ေဖာ္ခ်င္မွန္းမသိ။ ဤသည္ကို သူမနာလိုျဖစ္၍ မဟုတ္သလို သဝန္တို၍လည္းမဟုတ္။ ယုံခ်င္ယုံမယုံခ်င္ေန သူ႔အေနႏွင့္ ဒီလိုခ်စ္သူမ်ိဳးရတာ ဂုဏ္ေတာင္ယူမိေသးသည္။ သို႔ေသာ္လည္း အေစာကကဲ့သို႔ ဝတ္စားပုံႏွင့္ဆိုလၽွင္ ျမင္သူတိုင္း၏ စိတ္ထဲတြင္ သူ႔ခ်စ္သူက သူတို႔အား အိပ္ရာေပၚေခၚေနသလို ေတြးၾကလိမ့္မည္။ ဤသည္ကိုေတာ့ သူ မရႈစိမ့္နိုင္ပါ။

"ဒါဆို သြားစို႔။"

"အင္း... ေမာင္ ေမာင္းမယ္ေနာ္"

"အင္းပါ"

သို႔ႏွင့္ ႏွစ္ဦးသား ၿပိဳင္ကားေလးျဖင့္ ယုယ၏ အိမ္သို႔ ထြက္ခဲ့ေတာ့သည္။ ယုယအိမ္ကား လူကုံတန္မ်ားေနသည့္ ရပ္ကြက္တြင္တည္ရွိရာ ရွာရခက္လွသည္။ သို႔ေသာ္လည္း ကံေကာင္းေထာက္မစြာ အိမ္ရွာေနတုန္း ကိုသိုက္က ဖုန္းေခၚလာသျဖင့္ သိပ္ေတာ့မရွာလိုက္ရေပ။

"မင္းကြာ ငါ့မွာ ေမၽွာ္လိုက္ရတာ"

ကိုသိုက္က ကားေပၚမွ ဆင္းလာေသာ သၽွားအိမ္အား ပုခုံးဖက္ကာ ေျပာလိုက္သည္။

"ေအး... ငါတို႔ အိမ္ရွာေနတာ။မင္းကို ဖုန္းေခၚေတာ့လည္းမကိုင္။ ယုယကလည္း ဖုန္းဆက္လို႔မရနဲ႔။"

"Sorry ပါကြာ။ decoration ေတြ ကူေနရလို႔။"

"ဪ... ကိုသၽွားအိမ္နဲ႔ ကိုသၽွန္ေနာင္...။ လာေလ... ဒီဘက္ကိုလာ..."

ယုယက ႐ုတ္တရက္အေနာက္မွ ေရာက္လာၿပီး သၽွားအိမ္တို႔အား ေမြးေန႔ပြဲက်င္းပရာ ၿခံဝန္းထဲရွိ ျမက္ခင္းျပင္ က်ယ္ႀကီးဆီသို႔ ေခၚသြားေတာ့သည္။

"အစားအစာေတြက Buffet စနစ္ဆိုေတာ့ ကိုယ့္စိတ္ႀကိဳက္ယူစားၾကေနာ္"

ယုယက လူ ေျခာက္ဦးခန႔္ထိုင္သည့္ စားပြဲတစ္ခုတြင္ သူတို႔ႏွစ္ဦးအား ေနရာခ်ေပးၿပီး မလွမ္းမကမ္းရွိ အစားအစာမ်ား တည္ခင္းထားေသာ စားပြဲကို လက္ညိဳးထိုးျပကာ ေျပာလိုက္သည္။

"ေက်းဇူးပဲ"

သၽွန္ေနာင္က ေျဖလိုက္သည္ သၽွားအိမ္က အကၤ်ီအတြင္းမွ လွပစြာ ထုပ္ပိုးထားေသာ shopping center တစ္ခု၏ gift card ထုတ္ကာ ယုယထံ ကမ္းေပးလိုက္သည္။

"ဒါက ယုယအတြက္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ရဲ့ လက္ေဆာင္"

"အာ... မဟုတ္တာေတြ။"

"ဟုတ္ပါတယ္။"

"ကိုသၽွားအိမ္ဟာေလ။ ကိတ္မုန႔္ေတြလည္း လုပ္ေပးေသးတာကို"

"အဲ့ဒါက ကိုသိုက္ ခိုင္းလို႔။ ဒါက ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ သပ္သပ္ေပးတာ"

"ကဲပါရွင္... ဒါဆိုလည္း ေက်းဇူးပါ"

ယုယမွာ ျငင္းမရသည့္အတူ လက္ခံလိုက္ေတာ့သည္။ ထိုစဥ္ေနာက္ထပ္ ဧည့္သည္မ်ားေရာက္လာသျဖင့္...

"ယုကို ခြင့္ျပဳဦးေနာ္။ ေနာက္ထပ္ ဧည့္သည္ေတြ ေရာက္လာလို႔"

"လုပ္စရာရွိတာလုပ္ပါ ယုယ။ ကၽြန္ေတာ္တို႔က အဆင္ေျပပါတယ္"

သၽွန္ေနာင္က ဝင္ေျပာလိုက္လၽွင္ သူတို႔အား ေက်းဇူးတင္ေသာ အျပဳံးတခုျဖင့္ ျပဳံးျပကာ ေနာက္ေရာက္လာေသာ ဧည့္သည္မ်ားထံ ထြက္သြားေတာ့သည္။ ထိုအခါမွ ႏွစ္ဦးသား ထိုင္ရာမွ ထကာ အစားအေသာက္စားပြဲသို႔ ထြက္ခဲ့ေတာ့သည္။ အစားအစားမ်ားမွာ ေတာ္ေတာ္စုံလင္သည္။ ဝက္ေပါက္ေလး ေကာင္လုံးကင္၊ ဘဲေပါင္း၊ ၾကက္သားလုံးခ်ိဳခ်ဥ္၊ အရြက္စုံေၾကာ္၊ ပုဇြန္ Tempura၊ ၁၂ မ်ိဳးဟင္းခ်ိဳ စသည္ျဖင့္ ဖြယ္ဖြယ္ရာရာရွိလွသည္။ ထို႔ျပင္ ေဖ်ာ္ရည္ယမကာအျဖစ္ အခ်ိဳရည္ႏွင့္ ဘီယာကိုပါ ခ်ထားေပးေသးသည္။ သၽွားအိမ္က သူခပ္ေနသည့္ ဟင္းပြဲထဲမွ ေကာင္းနိုးရာရာအခ်ိဳ႕ကို သၽွန္ေနာင္ ပန္းကန္ထဲသို႔ ထည့္ေပးလိုက္စဥ္...

"ဒီက အစ္ကို... ညီမတို႔နဲ႔ ေတြ႕ဖူးတဲ့ အစ္ကို မဟုတ္လား။"

သၽွားအိမ္က သူ႔အား ႏႈတ္ဆက္လာေသာ အမ်ိဳးသမီးငယ္ေလးကို ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေျပာရမည္ဆိုလၽွင္ ေခ်ာသည္ဆိုသည္ထက္ ဆြဲေဆာင္မႈရွိေသာ အမ်ိဳးသမီးျဖစ္သည္။ သူမ နေဘးမွ အမ်ိဳးသမီးမွာလည္း သူတို႔ႏွစ္ဦးလုံးအား သိေနဟန္ျဖင့္ ၾကည့္လာသည္။ ထိုအမ်ိဳးသမီးက ပထမႏႈတ္ဆက္ေသာ အမ်ိဳးသမီးထက္ အနည္းငယ္ အသက္ႀကီးသေယာင္ရွိေသာ္လည္း ပထမအမ်ိဳးသမီးကဲ့သို႔ပင္ ဆြဲေဆာင္မႈရွိ၍ ထက္ျမက္ဟန္ရွိသည္။

"ဪ.... ကိုယ္သိၿပီ။ ညီမတို႔တေတြကို ဟိုတိုင္းမႈးရဲ့သားက အစ္ကို႔ဆိုင္မွာ ရမ္းကားလို႔ ကိုသၽွားအိမ္က ဝင္ကူဖူးတယ္။ ဟုတ္တယ္ မဟုတ္လား။"

သၽွန္ေနာင္က ဝင္ေျပာလိုက္လၽွင္ မိန္းကေလးႏွစ္ဦးစလုံးက ဝမ္းသာအားရျဖင့္ ေခါင္းညိတ္ျပသည္။ သၽွားအိမ္ကေတာ့ ဇေဝဇဝါျဖစ္ေကာင္းဆဲ။

"အဲဒီ့တုန္းက ဒီညီမ ႏွစ္ေယာက္ကို ေကာင္ေလးတစ္ေယာက္က ကိုယ္ထိလက္ေရာက္ ေႏွာင့္ယွက္လို႔ ေမာင္ ကူညီခဲ့တာေလ။ အဲ... အဲ့ဒီ့ေန႔ကမွ ကိုတို႔ ဒုတိယအႀကိမ္ေတြ႕တာ။ တစ္ေယာက္နာမည္တစ္ေယာက္ အဲ့ဒီ့မွ သိတာေလ။"

"အာ.... သိၿပီ... သိၿပီ။ Sorry ကၽြန္ေတာ္က ႐ုတ္တရက္ဆိုေတာ့...."

"ရပါတယ္ရွင္။ ဒါနဲ႔ ကၽြန္မနာမည္ ပိုးတိမ္လႊာပါ။ ဒါကေတာ့ သြန္းဆက္ဆြန္း။ ကၽြန္မရဲ့ အမ်ိဳးသမီးေပါ့။"

ပိုးတိမ္လႊာက ပြင့္ပြင့္လင္းလင္းပင္ မိတ္ဆက္လာသည္။ သၽွားအိမ္ကလည္း အားက်မခံ...

"ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္။ ကၽြန္ေတာ့္ နာမည္က သၽွားအိမ္တဲ့။ သူကေတာ့ ကၽြန္ေတာ့္ အမ်ိဳးသားသၽွန္ေနာင္ပါ။"

"ကဲ... ကဲ... စားစရာေတြ ထည့္လိုက္ပါဦး။ ၿပီးမွ စကားေျပာတာေပါ့။"

သၽွန္ေနာင္က သူ႔တို႔ေနာက္တြင္ စီတန္းေနေသာ ဧည့္သည္တခ်ိဳ႕ကို မ်က္စပစ္ျပၿပီး သတိေပးလိုက္သည္။ ေလးေယာက္သား စားစရာယူၿပီးလၽွင္ သၽွားအိမ္ႏွင့္ သၽွန္ေနာင္မွာ ပိုးတိမ္လႊာတို႔ စားပြဲဝိုင္းသို႔ လိုက္ကာ စားေသာက္ၾကရင္း စကားစျမည္ေျပာျဖစ္ၾကသည္။

"လႊာတို႔ အဲ့ဒီ့ ကိစၥၿပီးၿပီးခ်င္း သြန္းနဲ႔ ရွမ္းျပည္ဘက္ကို ခဏေရွာင္ေနရလို႔။ မဟုတ္ရင္ ဒီက အစ္ကိုႏွစ္ေယာက္လုံးကို ေက်းဇူးတင္စကား ကိုယ္တိုင္ေျပာခ်င္တာ။"

"သြန္းလည္း အစ္ကိုေတြ ကူညီတာကို မေမ့ပါဘူး။ ဒါေပမယ့္ အေျခအေနမေပးေတာ့ ေက်းဇူးတင္စကားအခုမွ ေျပာရတယ္။ ညီမတို႔ႏွစ္ေယာက္စလုံး အစ္ကို႔ကို ေက်းဇူးတင္ပါတယ္။"

"ရပါတယ္ဗ်ာ။ကိစၥမရွိပါဘူး။"

"ဒီက ကိုသၽွန္ေနာင္ကိုလည္း ေက်းဇူးတင္ပါတယ္ေနာ္။ အဲ့ဒီ့ေန႔က အစ္ကို သတိေပးသလို သြန္းက အိမ္ကို ဖုန္းဆက္လိုက္လို႔။ ေနာက္ၿပီး အစ္ကိုက သန႔္ေဇာ္ကို ဆြဲထားလို႔။ မဟုတ္ရင္ မလြယ္ဘူး။ သန႔္ေဇာ္ရဲ့ လူေတြက အဲ့ဒီ့နားမွ ညီမတို႔ကို အမဲဖ်က္ဖို႔ ေစာင့္ေနတာတဲ့။"

ပိုးတိမ္လႊာက သၽွန္ေနာင္အား ေက်းဇူးတင္ စကားဆိုလာသည္။ သၽွန္ေနာင္က ေခါင္းညိတ္ကာ...

"ရပါတယ္ဗ်ာ။"

"ဒါနဲ႔ အဲ့ဒီ့ေကာင္ေလးကေကာ အခု ညီမတို႔ကို မေႏွာင့္ယွက္ဘူးလား။"

သၽွားအိမ္က ဝင္ေမးလိုက္သည္။

"သူ႔အေဖက လာဘ္စားမႈနဲ႔ ျပဳတ္သြားပါၿပီေလ။ ဒီေတာ့ သူ႔အေဖ အရွိန္အဝါနဲ႔ ဆိုးခ်င္တိုင္းဆိုးလို႔မရေတာ့ဘူးေပါ့။ ဒါေၾကာင့္လည္း ညီမတို႔ ရန္ကုန္ျပန္လာတာ။"

သြန္းက ဝင္ေျဖလိုက္သည္။

"အဓိကကေတာ့ ညီမရဲ့ အႏုပညာ လုပ္ငန္းေတြကို ပစ္ထားတာ ၾကာၿပီေလ။ ေနာက္ၿပီး သြန္းကလည္း သူ႔အေဖရဲ့ကုမၸဏီကို ဦးစီးရဦးမွာဆိုေတာ့..."

"ဪ... ဪ.... မသြန္းဆက္ဆြန္းရဲ့ကုမၸဏီနာမည္က ဘာလဲ"

သၽွန္ေနာင္က စိတ္ထဲတြင္ ထင္သည့္အခ်က္တစ္ခု ရွိေန၍ ေမးလိုက္သည္။

"ဆြန္း Treading Corporation ေလ။ ဆြန္း groupရဲ့ ေအာက္ကေပါ့။ သြန္းက export importပဲ ကိုင္မွာ"

ထင္သည့္အတိုင္းပင္ နာမည္ႀကီးေသာ ကုမၸဏီမ်ားထဲမွ တခုပင္။

"ဒါဆို ပတၱျမားေျမကို သိမွာေပါ့"

"အာ... သိပ္သိတာေပါ့။ ဒီေလာကကို ဝင္လာတာ မၾကာေသးဘူးေလ။ ဘာလို႔လဲ"

"ဪ.... ကၽြန္ေတာ္ သတင္းၾကားမိတာ အဲ့ဒီ့ ကုမၸဏီက လႈပ္လႈပ္၊လႈပ္လႈပ္ဆို"

သၽွန္ေနာင္က အစ္မဆီမွ ၾကားရသည့္သတင္းကို မွန္၊မမွန္ ျပန္စစ္ေနလိုက္သည္။

"အင္း... ဟုတ္တယ္။ အေႂကြးေတြ အေတာ္ပိေနတယ္ဆိုပဲ။ အခ်ိန္တိုအတြင္း ဘာလို႔ ဒီေလာက္ျဖစ္သြားသလဲေတာ့ မသိဘူး။ သြန္း ၾကားမိတာကေတာ့ ဒီကုမၸဏီက MDဆိုတဲ့ လူက Chairman ရဲ့သားတဲ့။ အေတြ႕အၾကဳံေရာ အရည္အခ်င္းပါမရွိဘူးတဲ့။ CEO ကလည္း သူ႔ကို ျပန္မလွန္နိုင္ေတာ့... အဲ့ဒီမွာတင္ ျပႆနာေတြျဖစ္လာတာေပါ့။"

သၽွန္ေနာင္က ေခါင္းညိတ္၍သာ နားေထာင္ေနလိုက္သည္။ သူမွာ ေျပာစရာ စကားမရွိ။

"မင္းတို႔က ဒီေရာက္ေနတာကိုး...."

ကိုသိုက္က ဘီယာဘူးႏွစ္ဘူးကိုင္၍ သူတို႔ဝိုင္းနားေရာက္လာသည္။ ထို႔ေနာက္ တစ္ဘူးကို သၽွားအိမ္ လက္ထဲသို႔ ထိုးေပးလိုက္ၿပီး....

"ေရာ့... သားႀကီး"

"ဟာ... ငါမေသာက္..."

"မင္းကလည္းကြာ ငါတစ္ေယာက္တည္းေသာက္ရမွာ ပ်င္းလို႔ပါကြာ။ နည္းနည္းေတာ့ ေသာက္ပါ"

"မင္းကလည္းကြာ... ငါက..."

သၽွားအိမ္က ကပ်ာကယာျငင္းမည္ျပဳလိုက္ေသာ္လည္း သၽွန္ေနာင္က မသိမသာ ေခါင္းညိတ္ျပလိုက္သည္။ သူ႔ေၾကာင့္ ဒီေလာက္ႀကီး ထိန္းခ်ဳပ္ဖို႔မလိုပါ။

"ကဲပါ။ တစ္ဘူးပဲေနာ္...။ ငါ ကားေမာင္း ရဦးမွာ။"

"ရပါတယ္။ ကို ေမာင္းပါ့မယ္။ သူငယ္ခ်င္းေတြ လြတ္လြတ္လပ္လပ္ေနပါ။"

သၽွားအိမ္မွာ သေဘာထားျပည့္ဝသာ ခ်စ္သူကို မ်က္လုံးမ်ားျဖင့္သာ ခ်စ္ေၾကာင္း ေျပာလိုက္ပါေတာ့သည္။ အင္း... ဒီလို ကိုယ့္ထက္ႀကီးေသာ Baby ကို ရထားတာ မဆိုးလွ။

"အာ... ကိုေရ... ဒီမွာလာေသာက္ေနတယ္။ လႊာတို႔ကို အားနာစရာ"

ယုယက ဘီယာေသာက္ေနေသာ ကိုသိုက္နားသို႔ လုံးလုံး၊လုံးလုံးျဖင့္ ေျပးလာသည္။

"အားမနာခ်င္ရင္ လႊာတို႔အတြက္ ဝိုင္တစ္လုံးေလာက္ လုပ္လိုက္ေလ။"

ပိုးတိမ္လႊာက စပ္ျဖဲျဖဲျဖင့္ ဝင္ေျပာသည္တြင္ သြန္းဆက္က မ်က္ေစာင္းထိုးကာ...

"ဟြန္း... ေသာက္လည္း မေသာက္နိုင္ဘူး။ ေသာက္လည္း ေသာက္ခ်င္တယ္။ ဒီတခါ မူးၿပီးရစ္လို႔ကေတာ့ လမ္းမွာ ထားခဲ့မွာ"

"ခ်စ္ကလည္း လႊာ့ကို သူမ်ားေခၚသြားရင္ ဘယ္လို လုပ္မလဲ။"

"ေကာင္းတယ္။ နားပူသက္သာတယ္"

"ဪ ဒီလိုႀကီးလား ေဒၚသြန္းဆက္ဆြန္း။ ရတယ္ေနာ္။ ပိုးတိမ္လႊာတို႔က ဒီလိုေျပာလို႔ ေလေလ်ာ့မယ္မထင္နဲ႔။ ကိုယ့္ကို စိတ္တိုေအာင္ လုပ္တဲ့လူက မႀကိဳက္ပါဘူး ေျပာမွေတာ့ ဒီလို အခြင့္အေရးမ်ိဳး လက္လြတ္ခံရေအာင္ အ႐ူးလား။ မွတ္ေလာက္သားေလာက္ေအာင္ကို ပိုေျပာပစ္ဦးမွာ။ ၾကည့္ေန။"

"အင္းပါ.... ေျပာေလ။ ေျပာေပါ့။ ဘယ္သူက နားေထာင္မွာက်ေနတာပဲ"

သြန္းဆက္က မထုံတက္ေတးျဖင့္ ျပန္ေျပာလၽွင္ ပိုးတိမ္လႊာမွာ ကၽြဲျမႇီးတိုသြားၿပီး သြန္းဆက္၏ လက္ကို ျဖတ္ခနဲ ရိုက္လိုက္ေတာ့သည္။ က်န္လူမ်ားမွာ သူမတို႔ႏွစ္ဦးကို ၾကည့္ကာ ရယ္မိေတာ့သည္။

"ဒါနဲ႔ ကိုသၽွားအိမ္တို႔နဲ႔ မိတ္ဆက္ေပးရဦးမယ္။ ဒါက ပိုးတိမ္လႊာတဲ့။ ယုရဲ့ တစ္ဝမ္းကြဲ ညီမေလးေလ။"

" လႊာတို႔က မိတ္ဆက္ၿပီးသြားၿပီ ယုရဲ့။"

"ဪ... ျမန္လိုက္တာ"

"အင္း.... လႊာေျပာဖူးတယ္ မဟုတ္လား။ လႊာတို႔ သန႔္ေဇာ္နဲ႔ ျပႆနာတက္ေတာ့ ကူညီတဲ့ လူဆိုတာေလ။ အဲ့ဒါ ဒီက ကိုသၽွားအိမ္နဲ႔ ကိုသၽွန္ေနာင္ေပါ့။"

"ၾသ... ဒါဆို ကမၻာႀကီးက က်ဥ္းက်ဥ္းေလးပဲ"

ထိုစဥ္အေနာက္ဝိုင္းနားဆီမွ....

"ေဟ့ေကာင္... ဟိုဘဲႏွစ္ေပြက Facebook ေပၚမွာ နာမည္ႀကီးေနတဲ့ ႏွစ္ေယာက္ မဟုတ္လား။"

"ေအး... ဟုတ္တယ္။ ဟို Baby ဆိုတဲ့ ဘဲႀကီးက ေတာ္ေတာ္မိုက္တာပဲကြ ဟဟ။"

"နင္ကလည္း သူမ်ားရည္စား လုထားတဲ့လူကိုမ်ား မ်က္စိက်ရတယ္လို႔"

"ဟ... အခ်စ္နဲ႔ စစ္မွာ မတရားတာမရွိဘူး။ ဟုတ္တယ္မဟုတ္လား သားႀကီး"

"အဟီး... ဟုတ္တယ္။"

"နင္တို႔ ‌ေယာက္်ားေတြဟာေလ ေကာင္းကို မေကာင္းဘူး"

ယုယမွာ ထိုေကာင္ေလးႏွစ္ေယာက္ႏွင့္ ေကာင္မေလးတစ္ေယာက္တို႔၏ ေျပာစကားေၾကာင့္ အားတုံ႔အားနာျဖင့္ သၽွားအိမ္တို႔ ႏွစ္ေယာက္ကို ၾကည့္မိပါေတာ့သည္။ သၽွန္ေနာင္က မၾကားသလိုပင္ လုပ္ေနပါေသာ္လည္း သၽွားအိမ္ကေတာ့ သူ႔ခ်စ္သူအား ပစ္မွားေနေသာ ေကာင္ေလးကို ေလွာင္ေျပာင္ေသာ အၾကည့္ျဖင့္ၾကည့္ေနသည္။ ထိုအၾကည့္မ်ားကိုအဓိပၸာယ္ေဖာ္ရပါလၽွင္ "မေအးေပးေလး... ငါ့ခ်စ္သူကိုမ်ား သြားရည္လာက်ေနတယ္။ ငါ့ကို ယွဥ္နိုင္ေအာင္ ဒီဘဝမဟုတ္ဘူး... ေနာင္ဘဝအထိ ဆုေတာင္းလိုက္ဦး" ဟူ၏။ ထိုအၾကည့္မ်ားကို ထိုဝိုင္းထဲမွ ကေလးမက ျမင္သြားသည္ထင္သည္ သူ႔ခ်စ္သူအား မ်က္လုံးကၽြတ္က်မတတ္ၾကည့္ေနေသာ သူမေဘးရွိ ငနဲေလးကို တေတာင္ျဖင့္ တြတ္ကာ သတိေပးလိုက္သည္။

"ဟဲ့... ဟိုမွာ သူ႔ဘဲႀကီးၾကည့္ေနတယ္။"

"ၾကည့္ၾကည့္ေပါ့ကြာ။ သူ႔ၾကည့္တာမွ မဟုတ္ဘဲ"

"ဒါေပမယ့္ အဲ့ဒါ သူ႔ဘဲေလ..."

"အဲ့ဒါ ဘာျဖစ္လဲ။ ဒါလြတ္လပ္တဲ့ နိုင္ငံ။ ငါ့ဟာငါ ဘယ္သူ႔ၾကည့္ၾကည့္ေပါ့။ သူတို႔က ယူထားတာလည္း မဟုတ္ဘူး။ ေျပာရမယ္ဆို ၿခံခုန္ၿပီး ဇာတ္တူသားစားေနတဲ့ လူေတြ။ ငါက ေၾကာက္ရမွာလား။"

ထိုမဆီမဆိုင္စကားမ်ားကို မၾကား၊ၾကားေအာင္ေျပာကာ သူ႔ ေဒါသကို ဆြေနေသာ ထိုခ်ာတိတ္အား ျဖတ္ခနဲလွမ္းၾကည့္လိုက္လၽွင္ ခ်ာတိတ္ကလည္း သူ႔အား မသုတ္မမႈန္ျဖင့္ ျပန္စိုက္ၾကည့္လာသည္။ ႏွစ္ဦးသား အတန္ၾကာေအာင္ အၾကည့္ခ်င္းအားၿပိဳင္ေနရာမွ ေနာက္ဆုံး ထိုခ်ာတိတ္ အရႈံးေပးသြားရသည္။ သၽွားအိမ္က မထီသလို ျပဳံးလိုက္ၿပီး သၽွန္ေနာင္ထိုင္ေနေသာ ထိုင္ခုံေက်ာမွီေပၚသို႔ လက္တစ္ဖက္ကို ပိုင္စိုးပိုင္နင္းျဖင့္ တင္ထာၿပီး အႏွီးခ်ာတိတ္ကို စိန္ေခၚသလို လွမ္းၾကည့္လိုက္သည္။ သို႔ေသာ္ ထိုခ်ာတိတ္က ေခါင္းမေဖာ္ေတာ့။ သၽွားအိမ္က ေလွာင္ျပဳံးတစ္ခ်က္ျပဳံးကာ သူ႔အာ႐ုံကို က်န္လူမ်ားဆီ ျပန္လွည့္လိုက္သည္။

"ကၽြန္ေတာ္တို႔က အခုတေလာ အရမ္းေက်ာ္ၾကားေနတာေလ။ ဘာမွအေရးမပါတဲ့ social media Live တခုေၾကာင့္ သြားေလရာ အခုလို မ်က္ႏွာပြင့္ေနေလရဲ့"

သၽွားအိမ္က ေအးခဲေနေသာ အေျခအေနကို ၿဖိဳခြဲေသာအားျဖင့္ သူ႔အား စိတ္ဝင္တစားျဖင့္ ၾကည့္ေနေသာ သြန္းဆက္ႏွင့္ လႊာတို႔ကို ဦးတည္ကာ ေျပာလိုက္သည္။

"လႊာ အဲဒီ Live ကို ေတြ႕လိုက္ရတယ္။ လႊာကေတာ့ ဘယ္သူ႔ကိုမွ Judge မလုပ္ပါဘူး။ လူဆိုတာ ကိုယ့္သမိုင္းကိုယ္ေရးတာပဲေလ။"

ပိုးတိမ္လႊာ၏ စကားအသြားအလာၾကည့္ရသည္မွာ ဘက္လိုက္ျခင္းကင္းေသာ္လည္း အၾကည့္တို႔ကေတာ့ ပုလဲေက်ာ့ဘက္တြင္ အေလးသာေနဟန္ရွိသည္။ သၽွားအိမ္ စိတ္ထဲတြင္ မခံခ်င္သလို ဖ်င္းခနဲ တစ္ခ်က္ျဖစ္သြားသျဖင့္....

"ေျပာရမယ္ဆိုရင္ အေတာ္မ်ားမ်ားက ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကို အေတာ္အျမင္ေစာင္းေနၾကတာဗ်။ တကယ္က အဲ့ဒီလို မဟုတ္ဘူး။ အဲ့ဒီ့ကေလးမက ကၽြန္ေတာ္နဲ႔ ပတ္သက္တာဆိုလို႔ လြန္ခဲ့တဲ့ ေလး၊ ငါး ႏွစ္ေက်ာ္ေလာက္က စာျပဖူးတာပဲရွိတယ္။ လူေတြ ထင္သလို ခ်စ္သူမဟုတ္ဘူးဗ်။ အဲ လြန္ခဲ့တဲ့လကမွ ျပန္ေတြ႕ၿပီး အတင္းကပ္ေတာ့တာပဲ။ ကၽြန္ေတာ္မွာ ခ်စ္သူ... အင္း... ခ်စ္သူေတာင္မဟုတ္ဘူး။ ဘဝလက္တြဲေဖာ္ရွိၿပီးသားေလ။"

သၽွားအိမ္က သၽွန္ေနာင္၏ လက္ကို ဆုပ္ကိုင္လိုက္ၿပီး အၾကင္နာအၾကည့္တို႔ ဖလွယ္လိုက္သည္။ သူတို႔ႏွစ္ဦးၾကားရွိ နက္ရွိုင္းေသာ ေမတၱာကို စကားႏွင့္ ေျပာရန္မလို မည္သူမဆို ဒီလိုအၾကည့္ကို ျမင္လိုက္႐ုံျဖင့္ မည္သည့္အေၾကာင္းျပခ်က္ျဖင့္ ျငင္းနိုင္လိမ့္မည္မဟုတ္ပါေခ်။

"ကၽြန္ေတာ္ သူမ်ား သားသမီးကို မဟုတ္တမ္းတရားေျပာတာ မဟုတ္ဘူးေနာ္။ မယုံရင္ ယုေကာ ကၽြန္ေတာ့္သူငယ္ခ်င္း ကိုသိုက္ေရာပါေမးၾကည့္ပါ။"

သြန္းႏွင့္ လႊာက ယုႏွင့္ ကိုသိုက္ကို စူးစမ္းသလို ၾကည့္လိုက္လၽွင္ ယုႏွင့္ ကိုသိုက္လည္း သၽွားအိမ္ေျပာသည္မွာ ဟုတ္မွန္ေၾကာင္း ေခါင္းညိတ္ျပလာသည္။

"ကိုသၽွန္ေနာင္နဲ႔ ကၽြန္ေတာ္နဲ႔ တြဲလာတယ္ဆိုတာ သိပ္မၾကာေသးေပမယ့္ ကၽြန္ေတာ္တို႔က တစ္ေယာက္ကိုတစ္ေယာက္ ဘဝၾကင္ေဖာ္အျဖစ္ လက္တြဲဖို႔ ဆုံးျဖတ္ၿပီးသား။ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ ကၽြန္ေတာ့္ဘက္က မိဘေဆြမ်ိဳးေတြ ပစ္ပယ္တာေတာင္ ခံခဲ့ရၿပီးသား။ ဒီေတာ့ မေန႔တစ္ေန႔ကမွ ေပၚလာတဲ့ မိန္းကေလးကို သူမ်ားေတြ ထင္ေနသလို cover တြဲၿပီး ဇာတ္တူသား ခိုးစားရမွာလား။ အဲ... ခုနက Live အေၾကာင္းျပန္ဆက္ရရင္... သူ႔ကို ကၽြန္ေတာ္က ညီမေလးလိုပဲ သေဘာထားတာ။ ကၽြန္ေတာ္ သူ႔ကို လက္မခံနိုင္ေၾကာင္း မသိမသာ ေျပာတယ္။ မရဘူး။ ေနာက္ဆုံး ကိုသၽွန္ေနာင့္ ေရွ႕မွာပါ သိသိရက္ႀကီးနဲ႔ တမင္ႀကီး အထာတာေတြေပး လုပ္လာတယ္။ အဲဒီ့မွာတင္ သူ႔ကို သူ႔သူငယ္ခ်င္းေတြေရွ႕မွာတင္ ေျဗာင္က်ေျပာလိုက္တယ္ ဒါအမ်ိဳးသားလို႔။ သူရွက္သြားလားမသိဘူး။ ေနာက္ႏွစ္ရက္ေလာက္ေနေတာ့ အဲ့ဒီ့လို Live လာလႊင့္ေတာ့တာပဲ။ ဒါေပမယ့္ တကယ္က သူက ဝင္တိုက္တာ။ ၿပီးေတာ့ အားလုံးျမင္တဲ့အတိုင္း drama ေတြ ခ်ိဳးေတာ့တာပဲ။ သူ႔ရည္ရြယ္ခ်က္က ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ကို social media ရဲ့ pressure နဲ႔ breakup လုပ္ေအာင္နဲ႔ တူပါတယ္။ ေျပာရမယ္ဆို ကေလးေတာ္ေတာ္ဆန္တယ္ေျပာရမယ္။"

"ဪ... ဒီလိုႀကီး...?"

လႊာေရာ၊ သြန္းဆက္ကပါ တအံ့တၾသျဖင့္ ဆိုလာေတာ့သည္။

"အဲ့ဒီ့ မိန္းကေလး သၽွားအိမ္ကို လိုက္ကပ္ေနတာ ကၽြန္ေတာ္လည္း သိတယ္။ ေနာက္ၿပီး ကိုသၽွန္ေနာင္ ေရွ႕မွာ အထာေတြေပးေနတုန္းကလည္း ကၽြန္ေတာ္ရွိတယ္။ သူ လုပ္ျပေနတဲ့ပုံက သိသိရက္ႀကီးနဲ႔ ကိုသၽွန္ေနာင္ကို မထီတဲ့ပုံမ်ိဳးနဲ႔..."

ကိုသိုက္ကပါ သူျမင္သည့္အပိုင္းကို ထုတ္ေဖာ္ေျပာၾကားလာေတာ့ ထိုမိန္းကေလးႏွစ္ဦးမွာ အားတုံ႔အားနာျဖစ္သြားဟန္ျဖင့္...

"သြန္းလည္း အဲ့ဒီ့ Live ကို ၾကည့္လိုက္ရတယ္။ အဲဒီေကာင္မေလးက တကယ့္ကို innocent ႐ုပ္ေလးနဲ႔။ သူေျပာေနပုံက မသိရင္ ကိုသၽွားအိမ္နဲ႔ တကယ္ႀကီးတြဲေနတဲ့ပုံနဲ႔။ အမွန္ဝန္ခံရရင္ ကိုသၽွားအိမ္သာ မရွင္းျပရင္ ကၽြန္မလည္း ဒီေကာင္မေလးမွန္တယ္ပဲ ထင္မိမွာ။"

"ဒါကေတာ့ ျဖစ္မွာပါပဲ။ ကၽြန္ေတာ္ကေတာ့ ဘယ္သူမွအျပစ္မတင္ပါဘူး။ ေယာက္်ားနဲ႔ မိန္းမ ရန္ျဖစ္ရင္ကိုပဲ ေယာက္်ားေလးဘက္က မေကာင္းေတာ့ဘူး။ အခုလို ႏုႏုနယ္နယ္ မိန္းကေလးတစ္ေယာက္နဲ႔ဖက္ၿပီး ကၽြန္ေတာ္လို႔ အသက္ႀကီးႀကီး ေယာက္်ားတစ္ေယာက္က ရည္စားလုမွေတာ့ ဘယ္သူမဆို ကၽြန္ေတာ္ မွားတယ္ပဲ ျမင္မွာေပါ့။"

တခ်ိန္လုံး ၿငိမ္ေနေသာ သၽွန္ေနာင္က ဝင္၍ေျပာလိုက္သည္။ သြန္းႏွင့္လႊာမွာ သူ၏ နားလည္မႈကို ေက်းဇူးတင္သလို ၾကည့္လိုက္သည္။

"ဒါဆိုရင္ အစ္ကိုတို႔ဘက္ကေကာ ဘာရွင္းလင္းခ်က္မွ မထုတ္ဘူးလား။"

"ထုတ္ရေအာင္ မပိုးတိမ္လႊာရယ္... ကၽြန္ေတာ္တို႔က ပုံမွန္အတြဲမွ မဟုတ္တာ။ ကၽြန္ေတာ္တို႔ အခ်စ္ကို လူရာမသြင္းဘူးေလ။ ကၽြန္ေတာ္အခ်စ္က "ပုံမွန္"ဆိုတဲ့ ခ်စ္ျခင္းေမတၱာကို ေက်ာ္လြန္နိုင္တဲ့ တိုင္ေအာင္ေတာင္မွ လူေတြက သဘာဝဆိုတဲ့ စည္းနဲ႔ ျခားၿပီး၊ ယုတ္ညံ့မႈေတြ အားလုံးရဲ့ ထိပ္ဆုံးမွာ တင္ထားတာေလ။"

"ဒါကေတာ့ အမွန္ပဲ ကိုသၽွားအိမ္။ ကၽြန္မတို႔လည္း လူေတြရဲ့ အျမင္ေၾကာင့္ မၾကာခဏ စိတ္ဆင္းရဲရတယ္။ လူႏွစ္ေယာက္ခ်စ္မိတာ ဘာေတြမ်ား အျပစ္ႀကီးသြားလို႔လဲ။ ဒါမွမဟုတ္ ငါတို႔ေတြက တကယ့္ကို အျပစ္ႀကီးကို က်ဴးလြန္ေနတာလား ဆိုၿပီးေတြးမိတယ္။ အဲ့ဒီလို ေတြးမိတဲ့ အခါဆို မခ်င့္မရဲျဖစ္မိတယ္။ ကို ဘာမွ မလုပ္တတ္ဘူး။ ကိုယ့္ကိုယ္ကိုယ္ အရႈံးသမားလို ခံစားရတယ္။"

သြန္းဆက္ဆြန္းက မြန္းက်ပ္စြာေျပာလာသည္။ ပိုးတိမ္လႊာက ခ်စ္သူမေလး၏ လက္ကို ခပ္တင္းတင္းဆုပ္ကိုင္ကာ အားေပးရွာသည္။ ခ်စ္ရသူ၏ လက္အစုံသည္ အၾကင္သူအား ခြန္းအားေပး၏။ သြန္းဆက္ဆြန္း၏ ညႇိုးႏြမ္းသြားေသာမ်က္ႏွာမွာ ခ်က္ခ်င္းပင္ နတ္ေရစင္ျဖန္းေသာ ပန္းကေလးကဲ့သို႔ လန္းဆန္းလာကာ...

"ေနာက္ဆုံးေသာ ကၽြန္မတို႔သေဘာေပါက္သြားတယ္။ တကယ္ေတာ့ ကၽြန္မတို႔က အရႈံးသမားမဟုတ္ဘူး။ ကိုယ္ခ်စ္ရတဲ့လူကို ဆုပ္ကိုင္ ထားသမၽွ ကာလပတ္လုံး ကၽြန္မတို႔က အရႈံးသမားေတြမဟုတ္ဘူး။ သူတို႔ကသာ အရႈံးသမား။ ကၽြန္မတို႔ လက္ေလ်ာ့လိုက္မွ ပတ္ဝန္းက်င္ဆိုတာကို ေၾကာက္ၿပီး ကၽြန္မတို႔လက္တြဲေတြ ျဖဳတ္လိုက္မွ ကၽြန္မတို႔က အရႈံးသမားေတြ ျဖစ္သြားမွာ။"

သြန္းဆက္ဆြန္း၏ စကားက လူတိုင္း၏ ႏွလုံးသားအား ကိုင္လႈပ္လၽွက္ စိတ္ဓါတ္ခြန္အားကို ျဖစ္ေစပါသည္။ သၽွားအိမ္ေရာ သၽွန္ေနာင္ပါ သူမတို႔အား ေလးစားစြာ ၾကည့္လိုက္ပါသည္။

"အမွန္ပဲ မသြန္းဆက္ဆြန္း။ ကၽြန္ေတာ္ အျပည့္အဝေထာက္ခံတယ္။ အေရးႀကီးတာ ကၽြန္ေတာ္တို႔ပဲ။ ဒီလို တိုက္ခိုက္လာလို႔ ေနာက္ဆုတ္လို႔ ဘယ္ျဖစ္မလဲ။ ကၽြန္ေတာ္တို႔ အရႈံးသမားေတြ ျဖစ္ကုန္မွာေပါ့။ ေနာက္ၿပီး ခုနက ကိစၥကို ျပန္ေကာက္ရရင္။ ကၽြန္ေတာ္တို႔ ရွင္းခ်က္ထုတ္လည္း ထုတ္လည္း မုန္းတဲ့လူက မုန္းမွာပဲ။ ပုံမွန္အတြဲေတြမွာ ၿခံပဲခုန္ခုန္၊ ေဖာက္ပဲျပန္ျပန္ ဘယ္သူက ဘာေျပာလို႔လဲ။ ဒါက မမွန္ဘူးလို႔ ေျပာတာက လူအနည္းစုေလ။ အမ်ားစုကေတာ့ ဪ... ဒါက ပုံမွန္ျဖစ္ေနၾကပဲဟာ။ ဘာကိစၥ အက်ယ္ခ်ဲေနတာလဲ ဆိုတာနဲ႔ ၿပီးသြားၾကတာပဲေလ။ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္က်မွ မၿပီးမစီးနိုင္... အသံမဆဲ ပဠာန္းရြတ္သလို ေန႔စဥ္ရက္ဆက္ အားလုံးက ဝိုင္းေမတၱာပို႔ေနၾကတာေလ။ ဒီေတာ့ ဆိုလိုရင္းက ရွင္းရွင္းေလး။ ေယာက္်ားႏွစ္ေယာက္ အတြဲမို႔...။ သူတို႔စိတ္ထဲမွာ ကၽြန္ေတာ္တို႔ရဲ့ ျဖစ္တည္ခ်က္ကို လက္မခံနိုင္လို႔။ ဒီလိုေတြ မဆီမဆိုင္ အမုန္းပြားေနတာေလ။ ဒီေတာ့ ဒီလူေတြကို သြားေျပာေနရင္ ကၽြဲပါးေစာင္းတီး ေမာ႐ုံေတာင္မဟုတ္ဘူး၊ ကိုေတြပဲ အ႐ူးျဖစ္ဦးမယ္။ ဒီေတာ့ ခ်ီးမြမ္း ခုနစ္ရက္၊ ကဲ့ရဲ့ ခုႏွစ္ရက္တဲ့။ ဒါေတြအားလုံး ၾကာရင္ေပ်ာက္သြားမွာ။ အဲ့ဒါကိုသာ ေၾကာက္ေနရင္ ကၽြန္ေတာ္တို႔ရဲ့ ျဖစ္တည္မႈ၊ ကၽြန္ေတာ္တို႔ရဲ့ ခ်စ္ျခင္းေမတၱာေတြအားလုံး ေျမာင္းထဲေရာက္သြားမွာေပါ့။ ဒီလိုေတာ့ အျဖစ္မခံနိုင္ပါဘူး။"

သၽွားအိမ္က ျပတ္ျပတ္သားသားေလသံျဖင့္ ဆိုလိုက္သည္။ သၽွန္ေနာင္ကေတာ့ ခ်စ္သူ၏ လက္ကို ဆုပ္ကိုင္ထားရင္း ခ်စ္ရသူ၏ မ်က္ႏွာကို တေလးတစားၾကည့္လိုက္သည္။ သူ႔ခ်စ္သူသည္ ထင္သည္ထက္ပင္ ရင့္က်က္ေနသည္မဟုတ္ပါလား။

"ေနာက္တခုရွိတာက ကၽြန္ေတာ္တို႔ရဲ့ စားဝတ္ေနေရးက cele ေတြလို လူေတြရဲ့ အထင္အျမင္ ယူဆခ်က္အေပၚမွာ လုံးလုံးလ်ားလ်ား မွီခိုၿပီး ရွင္သန္ေနတာ မဟုတ္ဘူးေလ။ ဒီေတာ့ ကၽြန္ေတာ္တို႔ရဲ့ လုပ္ငန္းေဆာင္တာပိုင္းကို မထိခိုက္ေစဘူး။ ဒါေၾကာင့္လည္း ဒီကိစၥနဲ႔ ပတ္သက္လို႔ ဂ႐ုမစိုက္တာလားပါတယ္။"

သၽွားအိမ္က ရွည္လ်ားစြာ ရွင္းျပၿပီးလၽွင္ အေမာေျပာ ဘီယာတစ္ငုံေသာက္လိုက္သည္။ ထိုစဥ္ ဟန္သိုထံမွ ဖုန္းဝင္လာသျဖင့္ သၽွန္ေနာင္ အားလုံးႏွင့္ ေဝးရာ ၿခံေထာင့္သို႔ ထသြားကာ ဖုန္းကိုင္လိုက္သည္။

"ေျပာ ဟန္သို"

"အစ္ကိုႀကီး ေအာင္ထြန္းကိုေရာ သူ႔အေဖာ္ကိုေရာ မိၿပီ။ ဒါေပမယ့္...."

ဟန္သို၏ အနည္းငယ္တုန္ယင္ေနေသာ အသံႏွင့္အတူ တိမ္ဝင္သြားေသာ ေလသံေၾကာင့္ သၽွန္ေနာင္ မ်က္ေမွာင္ၾကဳတ္ကာ...

"ဒါေပမယ့္ ဘာျဖစ္လဲ"

"ကၽြန္ေတာ္တို႔ လက္လြန္သြားတယ္။ ေအာင္ထြန္းဆိုတဲ့ေကာင္ႂကြသြားၿပီ။"

"အဲ့ဒီ့ေတာ့ ဘယ္သူခိုင္းလဲ သိရၿပီလား"

သၽွန္ေနာင္ အေရးမပါေသာ ကိစၥေတြကို အာ႐ုံစိုက္မေနနိုင္။ လိုရင္းတိုရွင္းသာ ေမးလိုက္ပါသည္။ ဟန္သိုမွာလည္း ထိုအခါ သက္ျပင္းခ်နိုင္ေတာ့သည္။

"မဟုတ္ဘူး။ ဒီေကာင္ မေသခင္ ဝန္ခံသြားတယ္။ ဦးျမတ္ဘုန္းလၽွံ ခိုင္းတာတဲ့။ ဒီေကာင္မလိမ္ဘူးဆိုတာ ေသခ်ာတယ္ အစ္ကိုႀကီး။ သူ႔အေဖာ္လည္း ဒီအတိုင္းပဲထြက္တယ္။ ကၽြန္ေတာ္တို႔ ဒီႏွစ္ေကာင္ကို လူခ်င္းခြဲစစ္တာ"

သၽွန္ေနာင္ ေက်နပ္စြာျပဳံးလိုက္ၿပီး...

"ဒါဆို... ဒီလူႀကီးဆီမွာလည္း ကလပ္ေတြအမ်ားႀကီးရွိတယ္။ ႏွစ္ခုေလာက္ ျပာက်သြားလို႔ ေဒဝါလီခံမသြားပါဘူး။ ေနာက္ၿပီး အဲ့ဒီ့ႏွစ္ေကာင္ပါ သျဂၤဳလ္စရိတ္သက္သာ ေအာင္လုပ္ေပးလိုက္။ ငါေျပာတာ သေဘာေပါက္လား။"

"ဟုတ္ အစ္ကိုႀကီး။ စိတ္ခ်ပါ"

"ေအး... ဒါဆို ဒါပဲ။ ငါ ဧည့္ခံပြဲတခုေရာက္ေနလို႔။"

"ဟုတ္ကဲ့ အစ္ကိုႀကီး"

သၽွန္ေနာင္ ဖုန္းခ်သည္ႏွင့္ ႏႈတ္ခမ္းေလးတစ္ဖက္တြန႔္ကာ ျပဳံးလိုက္သည္။ ထို႔ေနာက္ ဟန္မပ်က္ သူ႔စားပြဲဝိုင္းရွိရာသို႔ ျပန္လာခဲ့သည္။

စားပြဲတြင္ ယုယ၏ သူငယ္ခ်င္း အမ်ိဳးသမီးေနာက္တစ္ေယာက္ ေရာက္ေနၿပီျဖစ္သည္။ ထိုအမ်ိဳးသမီးကို ျမင္ဖူးသလိုရွိ၍ ေသခ်ာၾကည့္လိုက္ေတာ့....

"Baby လာေလ။ သူ႔ကို ျမင္ဖူးတယ္မဟုတ္လား။ ႏွင္းဆန္းပန္းေလ"

သၽွန္ေနာင္လည္း ထိုအမ်ိဳးသမီးကို မွတ္မိသည့္အားေလ်ာ္စြာ ေခါင္းညိတ္ကာ ျပဳံးျပလိုက္သည္။ သူမကလည္း ရည္ရည္မြန္မြန္ပင္ ျပန္ျပဳံးျပလာသည္။ ထိုစဥ္ အသက္ခပ္ႀကီးႀကီး အမ်ိဳးသားတစ္ဦးက ယုယအား ကိတ္မုန႔္ခြဲရန္ ေခၚသျဖင့္ ယုယႏွင့္ ကိုသိုက္မွာ ဝိုင္းအားလုံး၏ အလယ္ရွိ ကိတ္မုန႔္တင္ထားေသာ စင္ျမင့္ေလးေပၚတက္သြားၿပီး Happy birthday သီခ်င္းဆိုကာ ကိတ္မုန႔္ခြဲၾကသည္။ ပထမဆုံး slice ကို ကိုသိုက္အား ေကၽြးေသာအခါ ကိုသိုက္ကား တစ္ကမၻာလုံးကို အပိုင္စားရထားေသာ ဘုရင္တစ္ပါး၏ ဂုဏ္ဝံ့ေနေသာ မ်က္ႏွာျဖင့္ စားျပလိုက္လၽွင္ အားလုံးမွာ ပြဲက်ကုန္ေတာ့သည္။ သို႔ေသာ္ ဒီေကာင္ တမင္လုပ္ယူတာ မဟုတ္မွန္း သၽွားအိမ္ ေကာင္းေကာင္းသိပါသည္။ ကိုယ္ခ်စ္ရသူ၏ ယုယမႈမ်ားက လူတစ္ဦးတစ္ေယာက္အတြက္ေတာ့ စၾကဝေတးမင္း စည္းစိမ္ထက္ပင္ ခမ္းနားႀကီးက်ယ္လွသည္မဟုတ္လား။

ကိတ္မုန႔္ခြဲၿပီးလၽွင္ ကိုသိုက္က သၽွားအိမ္ႏွင့္ လာ၍ ဘီယာေသာက္ျပန္သည္။ လႊာႏွင့္ သြန္းကလည္း အားက်မခံ ယုယႏွင့္အတူ ဝိုင္တစ္ပုလင္းေဖာက္ကာ အားလုံး အားပါးတရေသာက္ၾကသည္။ ထိုဝိုင္းတြင္ မေသာက္သူ ဟူ၍ သၽွန္ေနာင္ႏွင့္ ႏွင္းဆန္းပန္းသာရွိသည္။ သို႔ေသာ္ ႏွင္းဆန္းပန္းမွာ မိန္းကေလးမ်ား၏ အဆြယ္ေကာင္းမႈေၾကာင့္ ေနာက္ဆုံးတြင္ တစ္ခြက္မၽွ ေသာက္လာသည္။ သၽွန္ေနာင္ကေတာ့ အရက္ႏွင့္ မတည့္လို႔ပါဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ျငင္းဆန္ျမဲ။ သၽွားအိမ္ကေတာ့ ပုံမွန္ထက္ ေလ်ာ့ေသာက္ရွာသည္။

သိပ္မၾကာပါ။ ကိုသိုက္တစ္ေယာက္ မူးလၽွင္ လုပ္ေနၾက ထုံးစံအတိုင္း ယုယကို ေခၚကာ ဖြင့္ထားေသာ သီခ်င္းႏွင့္ ေကြးေနေအာင္ကေတာ့သည္။ ဤတြင္ သြန္းႏွင့္ လႊာကလည္းမေန ကိုသိုက္ႏွင့္အၿပိဳင္က ျပန္သည္။ သၽွားအိမ္ကလည္း အားက်မခံ သၽွန္ေနာင္အား ကရန္ျမႇဴစြယ္ျဖားေယာင္းေသြးေဆာင္လၽွင္ သၽွန္ေနာင္မွာ ေျခခါခါလက္ခါခါျဖင့္...

"ေမာင့္ဟာေမာင္ သြားကပါ"

"No. Baby နဲ႔ ကခ်င္တာကို..."

"ကိုမွ မကခ်င္တာ...။ သြားပါ"

"အဟက္... မကတတ္ရင္ မကတတ္ဘူးေျပာပါ"

သၽွားအိမ္က တမင္ ရန္စလိုက္သည္။ ဘယ္လို ကလပ္ပိုင္ရွင္မ်ိဳးက မကတတ္ပဲ ေနမွာလဲ။ သို႔ေသာ္ သၽွန္ေနာင္က ျပဳံး႐ုံျပဳံးေနသည္။ မည္သို႔ျဖစ္ေစ ခ်စ္သူ၏ ေတာင္းဆိုမႈအား သိပ္ၾကာၾကာ ေတာင့္မခံနိုင္ပါ။ သၽွားအိမ္ႏွင့္အတူ ကိုသိုက္တို႔ ကေနေသာ ေနရာသို႔ ေရာက္သြားေတာ့သည္။ သိပ္မၾကာပါ ၿခံဝန္းတခုလုံး ကပြဲၾကမ္းျပင္အျဖစ္ ေျပာင္းသြားေတာ့သည္။

"Baby မကခ်င္လို႔ပဲ"

သၽွားအိမ္မွာ စည္းခ်က္က်က် လႈပ္ရွားေနေသာ ခ်စ္သူကိုၾကည့္ကာ ေျပာလိုက္သည္။ သၽွန္ေနာင္က ကလူ၏ ျမႇဴ၏သို႔နယ္ျပဳံးလိုက္ၿပီး သၽွားအိမ္နား တိုးကပ္လာသည္။ ထို႔ေနာက္ ခႏၶာကိုယ္ကို ေျပာင္းႏြဲ႕စြာ ကႀကိဳးဆင္ရင္း လူကို မထိခလုတ္ထိခလုတ္လုပ္ လုပ္ျပေနျပန္သည္။

'အင္း... ငါေတာ့ ကိုယ္ေသတြင္း ကိုယ္တူးမိပါပါေပါ့။'

သၽွားအိမ္မွာ စိတ္ထဲမွ ေတြးကာ ကိုယ့္ကိုယ္ကိုယ္ က်ိန္ဆဲမိေတာ့သည္။ သူ႔တို႔အနား ပတ္လည္တြင္ မိန္းကေလးမ်ား ဝိုင္း၍ ေနသည္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ ခ်စ္သူ၏ အကစြမ္းရည္ေၾကာင့္ ေယာက္်ားတခ်ိဳ႕က ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနသည္။

သၽွန္ေနာင္ကေတာ့ သူ႔တို႔ အနားဝိုင္းလာေသာ ေကာင္မေလးမ်ားအား အာ႐ုံမထားေသာ္လည္း သၽွားအိမ္ႏွင့္ သူ႔ၾကားဝင္လာေသာ မိန္းကေလးမ်ားကို ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္မိေတာ့သည္။ ထို႔ေနာက္ မသိမသာျဖင့္ ထိုမိန္းကေလးမ်ားကို ျဖတ္ေက်ာ္ကာ သၽွားအိမ္ကို သူခႏၶာကိုယ္ျဖင့္ ကာထားလိုက္သည္။ ဤသည္ကို သတိထားမိေသာ သၽွားအိမ္မွာ သေဘာက်စြာျပဳံးလိုက္ၿပီး..

"အူတိုတယ္ေပါ့။"

သၽွန္ေနာင္က ႏႈတ္ခမ္းတစ္ဖက္တြန႔္ကာ အသည္းယားစဖြယ္ျပဳံးျပလိုက္သည္။

"ဘာလဲ ကိုယ့္ခ်စ္သူကိုယ္ အူတိုတာ ရာဇဝတ္မႈေျမာက္လို႔လား"

သၽွားအိမ္မွာ ထိုစကားေၾကာင့္ ရယ္ေမာမိေတာ့သည္။ သို႔ေသာ္ သူရယ္သည္က သေဘာက်ျခင္း ၾကည္ႏူးျခင္းမ်ားစြက္ေနေသာ ရယ္ေမာသံမ်ိဳး။ သၽွန္ေနာင္အတြက္ကေတာ့ ထိုရယ္ေမာသံသည္ ဆည္းလည္းသံထက္ပင္ နားဝင္ခ်ိဳလွသည္။

ထိုစဥ္ သီခ်င္းသံမွာ သံစဥ္ေႏွးေႏွးသို႔ ေျပာင္းသြားသလို မီးမ်ားလည္းေမွာင္သြားသည္ကို အခြင့္ေကာင္းယူကာ သၽွားအိမ္တစ္ေယာက္ ခ်စ္သူ၏ ခါးကို လက္တစ္ဖက္မွ ကိုင္ကာ ေနာက္လက္တစ္ဖက္ျဖင့္ လက္ေခ်ာင္းခ်င္းယွက္၍ လူခ်င္းကပ္ပစ္လိုက္သည္။ သူတို႔တင္ပဲလားဆိုေတာ့ မဟုတ္။ အျခားလူမ်ားကပါ အတြဲအတြဲေတြႏွင့္ ရင္ခ်င္းအပ္၍ ေျဖးညႇင္းစြာ ကေနၾကသည္။ သၽွန္ေနာင္ကလည္း အလိုက္တသင့္ပင္ ကေနရာမွ ခ်စ္သူ၏ ေခ်ာေမာေသာ မ်က္ႏွာကို တရွိုက္မက္မက္ၾကည့္ေနမိသည္။

"ေခ်ာလို႔ ၾကည့္ေနတာလား?"

"ဟင့္အင္း... ခ်စ္လို႔ ၾကည့္ေနတာ။"

ထိုစကားက သၽွားအိမ္၏ ရင္ကို ခ်စ္ျခင္းတို႔ျဖင့္ လွိုက္ခုန္ေမာေစသည္။ တခ်ိန္တည္းမွာလိုပင္ သူ႔ ႏွလုံးသားႏွင့္အၿပိဳင္ လၽွပ္စီးတမၽွျမန္ဆန္လွသည့္ စည္းခ်က္တို႔ျဖင့္ ကခုန္ေနေသာ ခ်စ္သူ၏ ႏွလုံးခုန္သံေၾကာင့္ ၾကည္ႏူးစြာ ျပဳံးလိုက္ၿပီး ၾကယ္ေရာင္လေရာင္ေအာက္မွ ခ်စ္သူ၏ သမင္မ်က္လုံးတို႔ကို ေစ့ေစ့ၾကည့္လိုက္သည္။

"ေမာင္ Baby ကို နမ္းခ်င္လာၿပီ"

သၽွန္ေနာင္မွာ ခ်စ္သူ၏ တိုးညႇင္းလွေသာ အသံၾသၾသေၾကာင့္ ခႏၶာကိုယ္မွာ ထူးဆန္းစြာ ပူေႏြးလာေတာ့သည္။ ဒီၾကားထဲ တစ္ခ်က္တစ္ခ်က္ ႏွာေခါင္းထဲသို႔ တိုးဝင္လာေသာ ဘီယာနံ့ႏွင့္ေရာေနသည့္ ခ်စ္သူ၏ ကိုယ္သင္းနံ့က သူ႔ရင္အား ေအးၿငိမ့္မႈႏွင့္ အဆက္မျပတ္ ခုန္ေစျပန္သည္။ ထိုတုန္ရီေနေသာ ရင္ခုန္သံတို႔ႏွင့္အတူ ေလးကိုင္းသဏၭာန္ ႏႈတ္ခမ္းအိအိေလးမ်ားကို ၾကည့္ကာ....

"ဘယ္သူမွ မတားမိပါဘူး။"

"ဒါေပမယ့္ လူေတြနဲ႔ေလ။"

သၽွားအိမ္က သၽွန္ေနာင္၏ ႏႈတ္ခမ္းကို တပ္မက္စြာ လက္ေခ်ာင္းမ်ားျဖင့္ တို႔ထိလာသည္။ သၽွန္ေနာင္က ထိုလက္ေခ်ာင္းမ်ားကို ခပ္ဖြဖြနမ္းရင္းေျပာလိုက္သည္။

"အခုေမွာင္မဲေနတယ္ေလ။ ဘယ္သူမွ မျမင္ဘူး။"

"ဒါေပမယ့္ ေမာင္ နည္းနည္းေသာက္ထားတယ္"

"ျပႆနာမရွိေလာက္ဘူးထင္တယ္။"

တကယ္လည္း အံ့ၾသစရာေကာင္းလွသည္။ ဒီတစ္ႀကိမ္တြင္ ခ်စ္သူထံမွ ဘီယာနံ့ သူ႔အေပၚ သက္ေရာက္မႈမရွိေခ်။ ယခင္ကဆိုလၽွင္ ဘီယာနံ့လၽွင္ လူက ေလးလံကာ ေအာ္ကလီဆန္လာေသာ္လည္း ယခုေတာ့ ခ်စ္သူ၏ ကိုယ္သင္းနံ့ႏွင့္ေရာကာ ရစ္မူးဖြယ္ေကာင္းလွသည္။ မဟုတ္မွလႊဲေရာ မေသာက္ပဲမူးေနသည္ဆိုတာ ဒါကို ေျပာတာမ်ားလား။

"ေသခ်ာ..."

ယခင္အႀကိမ္မ်ားႏွင့္ မတူေသာ ခ်စ္သူ၏ အမူအယာတခ်ိဳ႕ကို သူ ျမင္ပါ၏။ ခ်စ္သူၾကည့္ရသည္မွာ ဘီယာနံ့ရေတာင္ ထူးထူးျခားျခား တည္ၿငိမ္ေနဟန္ရွိသည္။ ပို၍ ေသခ်ာေအာင္ ေမးလိုက္ျခင္းသာ။ သို႔ပါေသာ္လည္း သူ႔ေမးခြန္းကား ဆုံးခန္းေတာ့ျဖင့္ မတိုင္နိုင္ၿပီ။ အေၾကာင္းမူကား သူ႔ႏႈတ္ခမ္းတို႔ကို ခ်စ္သူက အနမ္းၾကမ္းၾကမ္းတို႔ျဖင့္ ကာဆီးလိုက္၍ ျဖစ္သည္။

သၽွန္ေနာင္ ေမွာင္ရိပ္အားကိုးျဖင့္ ခ်စ္သူ၏ ႏႈတ္ခမ္းတို႔ကို တရွိုက္မက္မက္ နမ္းရွိုက္ေနမိပါသည္။ စူးရွရွအနံ့အတူ ခ်ိဳၿမိန္လွေသာ အထိအေတြ႕က တမ်ိဳးေတာ့ တပ္မက္ဖို႔ေကာင္းလွသည္။ ဒါကို ဘာလို႔မ်ား အစက မသိပါလိမ့္။

သၽွားအိမ္မွာ ခ်စ္သူ ဦးေဆာင္ေသာ အနမ္းေအာက္တြင္ ေပ်ာ္ဆင္းေနေလရဲ့။ အတန္ၾကာ၍ လူခ်င္းခြါလိုက္လၽွင္ တိုက္ဆိုင္စြာပင္ မီးတို႔ျပန္လင္းလာေတာ့သည္။ သို႔ေသာ္ မႈန္ျပျပသာ။

"ဒီေလာက္ပဲလား Baby"

သၽွားအိမ္က အႀကံျပဳသလို မ်က္ႏွာေပးျဖင့္ ေျပာလိုက္သည္။ သၽွန္ေနာင္က ခ်စ္သူ၏ ကုတ္အကၤ်ီအနားမွ ခပ္ၾကမ္းၾကမ္းဆြဲကိုင္ကာ မ်က္ႏွာထီမ်က္ႏွာထားျဖင့္....

"ဆုေတာင္းေလ"

သို႔ေသာ္ သူ၏ မ်က္လုံးမ်ားက စိတ္ဆႏၵတို႔ျဖင့္ အူျမဴးေနသည္က အထင္းသား။ သၽွားအိမ္ ခပ္ဟက္ဟက္တစ္ခ်က္ရယ္လိုက္ကာ....

"ၾကည့္ၾကေသးတာေပါ့။"

သို႔ႏွင့္ ႏွစ္ဦးသား ယုယတို႔ကို ႏႈတ္ဆက္ၿပီး အိမ္သို႔ ျပန္ခဲ့ၾကသည္။

ထိုညက ႏွစ္ဦးသား အနမ္းတို႔ၾကားတြင္ ရစ္မူးၿပီး ခ်စ္ျခင္းျဖင့္ အခ်စ္စီးခ်င္း ထိုးနင္းၾက၏။ ရလဒ္ကား ခ်စ္ျခင္းေမတၱာေအာက္ဝယ္ ႏွစ္ဦးသား သာယာၾကည္ႏူးစြာ ဒူးေထာက္လၽွက္ အနိုင္အရႈံး မရွိၿပီ။

-------------------------------------------

September 11, 2019 Wednesday

Edited on – Jan 31, 2021

-------------------------------------------

Continue Reading

You'll Also Like

306K 21K 62
မွဴးထက္ပိုင္ =ဘယ္သူကထင္မိမွာလဲ ေပါက္စ မင္းဟာ ကို႔ ဘဝရဲ႕ အရာရာျဖစ္လာမယ္လို႔ သူရိယကိုကို =တကယ္ေတာ့ အာ့ဦးေလးႀကီးးကႏွာဘူးးႀကီး ျမတ္ခ်ယ္ရီ= မ အခ်စ္ေတြကိ...
544K 52.4K 42
ကၽြန္ေတာ္ႏွင့္ ကၽြန္ေတာ္ခ်စ္ေသာ ေလဒီရွဴးေကာင္ေလးတစ္ေယာက္အေျကာင္း... ကျွန်တော်နှင့် ကျွန်တော်ချစ်သော လေဒီရှူးကောင်လေးတစ်ယောက်အကြောင်း...
745K 77K 98
Neither love nor be loved........ Art : @CitaminArt❣️
7.2K 280 12
① ချစ်စကားတစ်ခွန်း ② ကျွန်တော်မဖတ်ခဲ့တဲ့ မျက်ဝန်း ③ အချစ်တစ်ခု ဖန်တီးခြင်း ④ အချစ်နဲ့ ယူဇနာတစ်ထောင် ⑤ အငယ် (Zawgyi) ① ခ်စ္စကားတစ္ခြန္း ② ကြၽန္ေတာ္မဖတ...