Wind Farm||Completed!||

By sh_ika_529

631K 70.5K 3.2K

When the wind blow... 🚨Wind Farm ရဲ့ ပထမဆုံးအပိုင်းမှာ ဝမ်ရိပေါ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ sex scene ပါတဲ့အတွက... More

00
01
02
03
04
05
06
07
08
09
10
11
12
13
14
16
17
18
19
20
21
22
23
24(Final)
💙
00(Unicode)
01(Unicode)
02(Unicode)
03(Unicode)
04(Unicode)
05(Unicode)
06(Unicode)
07(Unicode)
08(Unicode)
09(Unicode)
10(Unicode)
11(Unicode)
12(Unicode)
13(Unicode)
14(Unicode)
15(Unicode)
16(Unicode)
17(Unicode)
18(Unicode)
19(Unicode)
20(Unicode)
21(Unicode)
22(Unicode)
23(Unicode)
24(Unicode) (Final)

15

12.4K 1.7K 87
By sh_ika_529

Social media ပေါ်မှာ တစ်ခါတစ်ရံသာမြင်ဖူးသော၊ မြင်လိုက်တိုင်းလည်း တအံ့တသြဖြစ်မိသော၊ တစ်သက်လုံး တစ်ခါမှ ဒီလိုခံရဖူးမယ်မထင်ခဲ့တာ။ လူတွေက ဒီလိုဖြစ်အောင် ကိုက်နိုင်ကြတယ်လား!

နှုတ်ခမ်းတွေယောင်နေလို့ ရှောင်းကျန့် မနက်စာကိုတောင် ပါးစပ်ဖြဲပြီးစားနေရတယ်။ အထိမခံနိုင်ဘူး။ လည်ပင်းဆိုကျိုးကျတော့မလိုပဲ။ ရဲနေပုတ်နေတဲ့ အကွင်းလိုက်အကွက်လိုက်တွေက တကယ်မြင်မကောင်းအောင် ပွထနေတာ။ ခွေးကောင်!!!!

သက်ပြင်းချလိုက်မိတယ်။ တော်သေးတယ်။ ဘာမှဆက်မဖြစ်သွားလို့! ဘောင်းဘီထဲအထိ တိုးဝင်လာတဲ့လက်ကိုပြန်သတိရပြီး ရှောင်းကျန့်တုန်ကနဲ ဖြစ်သွားတယ်။ အဲ့ဒီဟာက ကြောက်စရာကောင်းတယ်။ ဝမ်ရိပေါ်က တကယ်မီးခဲ!

ရှောင်းကျန့်အလုပ်မသွားရဘူး။ အိမ်ပြန်ခွင့်လည်းမရှိဘူး။ သူ့ကို အကျယ်ချုပ်ချထားခဲ့တဲ့ ဝမ်ရိပေါ်လည်း မရှိဘူး။ လုပ်ချင်သလိုလုပ်ပြီး ပစ်ချသွားတဲ့ ကျက်သရေတုံး!

ရှောင်းကျန့်ကိုင်ထားတဲ့ ခက်ရင်းကို ဒုန်းကနဲ စားပွဲပေါ် စိုက်ချပစ်လိုက်တယ်!

..........

ကျန့်ခိုင်ဝမ်ရိပေါ်ကိုကြည့်နေတယ်။ ဖြူဖြူသန့်သန့်ကလေးဖြစ်တဲ့ ဝမ်ရိပေါ်က ဘယ်လိုနေနေ ကြည့်လို့တအားကောင်းတာ။.အခုတော့ ကျောပြောင်ပြောင်မှာ ချွေးတရွဲရွဲနဲ့! အင်္ကျီအဖြူကသူကိုယ်တိုင်ဆွဲဖြဲပစ်လိုက်တာ။ ကနေတာ နှစ်နာရီကျော်နေပြီ။ ကလေးတွေဆိုသူ့နောက်မလိုက်နိုင်တော့လို့ ကြမ်းပြင်ပေါ်မှာ ပိုးလို့ပက်လက်တွေဖြစ်ရော! ဘာဖြစ်လာလို့ မနက်မလင်းခင်ကတည်းက ရောက်ချလာပြီး ကခွဲနေရတာတုန်း!

..........

အဆမတန်ခုန်နေတဲ့ရင်ဘတ်က တအားမောနေလို့! ဒီလောက် မောနေတာတောင် ရိပေါ်အာရုံထဲက အဲ့ဒီမျက်နှာက ပျောက်မသွားသေးဘူး။ မှိန်းမောနေတဲ့ မျက်ဝန်းတွေ! သူရူးတော့မှာလား! အချိန်မှီတပ်ပြန်ဆုတ်နိုင်ခဲ့တာကို ကိုယ့်ကိုကိုယ်ကျေးဇူးတင်လို့မဆုံးဘူး။ စိတ်ထင်တိုင်းသာ လုပ်ပစ်ခဲ့မိရင် ရှောင်းကျန့်က သူ့ကိုမုန်းသွားတော့မှာ။ မြင်နေရင် လိုချင်မိမှာစိုးလို့ ရိပ်ါထွက်ပြေးလာရတာ အခုထိ အဲ့ဒီစိတ်ရိုင်းတွေက ရုန်းကြွနေတုန်း! သေတော့မှာပဲ!!!!!

..........

"ရှယ်လီပြန်လာတော့မှာ"

ရိပေါ် ရေစက်တွေကို တဘက်နဲ့သုတ်လိုက်တယ်။ အဲ့ဒီတော့ သူဘာလုပ်ရမှာလဲ?

"ရှယ်လီက မိန်းမကောင်းလေး! မင်းကိုချစ်လွန်းလို့ မင်းလိုပုံစံကို သူတတ်နိုင်သလောက်ညှိယူနေတာ"

ကျန့်ခိုင်က ရိပေါ်ရဲ့ ငယ်သူငယ်ချင်းမို့ ရိပေါ်ရဲ့ မိသားစုအခြေအနေတွေအကုန်လုံးကို အူမချေးခါးမကျန် သူသိတယ်။ ရိပေါ်ခြေလှမ်းတွေပျက်လာရတာ သူ့ကြောင့်မို့ စိတ်မကောင်းပေမဲ့ ရိပေါ်ကို တစ်ခါလောက်တော့ ပျော်စေချင်တယ်။ သူ့အဖေရဲ့ ပုံစံခွက်ထဲကနေ ရိပေါ် ရုန်းထွက်နိုင်ခဲ့တာလဲ ရှယ်လီကြောင့်မို့ ရွေးချယ်စရာ တစ်ခုအပြင်မရှိတဲ့ ရိပေါ်ကို ကျန့်ခိုင် သနားလို့မဆုံးဘူး။

"မင်းမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ ငါမျှော်လင့်တာပဲ။"

ရိပေါ်ဘေးမှာ မိန်းကလေးတွေအများကြီးရှိခဲ့တယ်။ မရေတွက်နိုင်အောင်ပဲ။ စကတ်တိုတို ဘောင်းဘီတိုတိုကလေးတွေနဲ့ သိပ်လှတဲ့ မိန်းမလှလေးတွေ။ ဘယ်သူမဆို ရှယ်လီ့ကိုမကျော်နိုင်ခဲ့ဘူး။ အစကနေ အဆုံးထိ ရိပေါ်ဘေးမှာ ရှိနေခဲ့တာ ရှယ်လီပဲ။ ပြီးတော့ သမ္မတဟောင်းရဲ့သားနဲ့ သံအမတ်ရဲ့ သမီး ကြားကို ဘယ်သူကရော ကြားဝင်ရဲမှာတဲ့လဲ? အခုတော့ ရိပေါ်က လူတစ်ယောက်ရဲ့လက်ကိုဆွဲချင်နေခဲ့ပြီ။ ရှယ်လီမဟုတ်ပဲ!

........

"ငါပြန်ချင်ပြီ"

"ကျွန်တော်တို့အတူနေရအောင်"

ရှောင်းကျန့် ရိပေါ်ကို ဘယ်လို နားချရမယ်မှန်းမသိတော့ဘူး။ အမှန်ဆို သူနဲ့ ရိပေါ်က ဘယ်နေရာမှမတူဘူး။ နေထိုင်ရတဲ့ ဘဝချင်းကတောင်အကွာကြီးရယ်။ အတူတူဖြစ်သွားပြီဆိုတာနဲ့ စပြီးထိုးနှက်ခံရမှာ ဝမ်ရိပေါ်ပဲ။ ရှောင်းကျန့်က မွေးလာကတည်းက မျက်နှာမွဲဘဝမှာ နေလာခဲ့ရတဲ့သူမို့ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကြံဖန်ပျော်ရွှင်နေတတ်ပြီးသား။ ရှောင်းကျန့်အစကတည်းက ဆုံးဖြတ်ခဲ့တာ။ ရိပေါ်အတွက် သူက အမည်းစက်ဖြစ်သွားမှာ မလိုလားဘူး။ ရိပေါ် ရှောင်းကျန့်ကို လွန်လွန်ကျူးကျူးတွေလုပ်လာတဲ့အခါ ဒေါသထွက်တာထက် ပိုသာနေတဲ့ စိတ်တစ်ခုက ရှောင်းကျန့်ကို သတိပေးတတ်နေခဲ့တာ ကြာပြီ။ နောက်ဆုံးမှာ သူတို့ကတစ်လမ်းစီသွားကြရမှာ။ အဆုံးအထိ ရှောင်းကျန့်က ရိပေါ်ကို လက်ခံမှာမဟုတ်ဖူး။

"ပြီးမှဆက်ပြောရအောင် ဟုတ်ပြီလား! ငါဗိုက်ဆာနေပြီ။ အိမ်ပြန်ပြီးတစ်ခုခုချက်စားချင်တယ်။"

"အိမ်ပြန်မှလား"

"အင်း"

စူပုတ် ခေါင်းငုံ့နေတဲ့ ရိပေါ်ကိုကြည့်ပြီး
ရှောင်းကျန့်ကစေ့စေ့ကလေးပြုံးတယ်။ ရိပေါ်က ကလေးလေးပဲ! ချစ်စရာ ခင်စရာ ကလေးလေး။

........

"ရှောင်းကျန့်"

ဖုန်းဝင်လာတုန်း ကြက်သားကိုနုတ်နုတ်စဉ်းရင်းကနေ မေးအောက်ညှပ်လိုက်ရတာမို့ ကချော်ကချွတ်နဲ့။ ကိုင်လိုက်တော့ ယွီလန်။ သူညှပ်ထားတဲ့ဖုန်းက ရိပေါ် ယူတာခံလိုက်ရပြီး သူ့နားနားကို ကပ်ပြီးကိုင်ထားပေးတယ်။ ရှောင်းကျန့်ကိုကြည့်မနေဘူး။ မီးဖိုဘေစင်ပေါ် တင်ပါးနဲ့နောက်ပြန်မှီထားရင်း လက်တစ်ကမ်းအကွာကနေ ပန်းသီးတစ်လုံးကိုတဂျွမ်းဂျွမ်းဝါးနေတာ။

"အေး ပြော"

"နင်ဆေးစစ်ထားတဲ့ဟာ"

ကိုင်ထားတဲ့ဓားကိုအသာချလိုက်တယ်။ ရိပေါ်ကိုကြည့်တော့ ဘာမှကြားပုံမရဘူး။ ယွီလန်မို့ စိတ်မဝင်စားတာလည်း ဖြစ်နိုင်တယ်။ ဒီရက်ပိုင်းတွေမှာ ရှောင်းကျန့်အားနည်းလာတာတွေကို ယွီလန်တွေ့တော့ ရှောင်းကျန့်ကိုဆေးစစ်စေချင်တယ်။ ခဏခဏ အိပ်ပျော်တတ်တာတွေ။ တစ်ခါတလေ နှာခေါင်းသွေးယိုလာတာတွေ! ပင်ပန်းလို့ ဖြစ်တာမှန်းရှောင်းကျန့်သိပေမဲ့ ယွီလန်စကားကိုလည်း လွန်ဆန်တယ် ဖြစ်မဲ့အဖြစ်မျိုး.မရှိချင်တာကြောင့် သူမသဘောကျ ဆေးစစ်ခဲ့တာ။ တစ်ပတ်တောင်ကြာသွားပြီပဲ။

"အင်း

ဘာတဲ့လဲ"

ဖုန်းကိုလက်ပြောင်းယူပြီး အခန်းအပြင်ကို ရှောင်းကျန့်ထွက်ခဲ့တယ်။ ရိပေါ်လိုက်မလာနိုင်အောင် တံခါးကိုပိတ်လိုက်ဖို့လည်းမမေ့ဘူး။

"....."

"အော်....."

ရှောင်းကျန့်က ဖုန်းနားကပ်ပြီးခေါင်းလေးတငြိမ့်ငြိမ့်နဲ့! အခန်းတံခါးကို ရှောင်းကျန့် ဖွဖွကလေးပွတ်နေတယ်။

.................................

ကျွန်တော်က လေရဟတ် တစ်ခုပါပဲ! အဆုံးအထိ အရပ်မျက်နှာ တစ်ခုတည်းကိုပဲ မျက်နှာမူမယ့်လူပေါ့။

..................................

Continue Reading

You'll Also Like

466K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
30.7K 759 17
This is a cute little story. mainly fluff and a bit of smut. I lied. Lotta smut. And not short. You heathens seem to like it so ill continue it till...
32.5K 671 22
ᶜᵃᵘˢᵉ ⁱᵗ'ˢ ᵗᵒᵒ ᶜᵒˡᵈ ᶠᵒʳ ʸᵒᵘ ʰᵉʳᵉ ᵃⁿᵈ ⁿᵒʷ ˢᵒ ˡᵉᵗ ᵐᵉ ʰᵒˡᵈ ᵇᵒᵗʰ ʸᵒᵘʳ ʰᵃⁿᵈˢ ⁱⁿ ᵗʰᵉ ʰᵒˡᵉˢ ᵒᶠ ᵐʸ ˢʷᵉᵃᵗᵉʳ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 | two best friends have feelings...
17.4K 305 11
"How would you like to join your friend, Johnny?" The Soc on top slurred in my ear, smiling wickedly.The smell of whisky all too strong. It burns his...