အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 240K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 53

37.8K 2.7K 194
By OnyxAriezz

Warning ⚠️: Mature Contents (18+)

>>>>>Unicode<<<<<

မိုင်းမိုင် ပြတင်းပေါက်မှတဆင့် ညိုမိုင်းနေသော ကောင်းကင်ကို ကြည့်မိသည်။ စာဖွဲ့ခြင်းငှာမစွမ်းသာသော နာကျင်မှုတို့၏ နှိပ်စက်ခြင်းကို အခါမပြတ်ခံရသော သူ့ နှလုံးသားသည် ဒဏ်ရာဒဏ်ချက်များဖြင့် ကြွေသုန်းကာ သေဆုံးလုလု။ တဖန် ထိုပြိုမယောင်ဟန်ပြင်နေသော မိုးသားတို့ လေနှင်ရာ လွင့်ပါးသွားချိန်တွင် ပျိုမြစ်သော နေရောင်ခြည်တို့က အခန်းထဲသို့ တဖန်ပြန်လည် ဖြာဆင်းလာပြန်သည်။ သို့သော် အသက်ဝိညာဉ်တို့ ဆိတ်သုန်းနေပြီဖြစ်သော နှလုံးသားမြို့ပျက်အတွင်းမှာတော့ မည်းမှောင်မှုတို့ဖြင့်သာ ကြီးစိုးနေမြဲ။

မနက်ဖြန်ဆိုလျှင် ကိုကြီး၏ ရက်လည်ဆွမ်းကျွေးပင် ရောက်တော့မည်။ တခြားသူတွေပြောသလို သူ့အား ကိုကြီးက လာနှုတ်ဆက်မှာလား? လာလျှင်ကော သူ သိပါ့မလား။ သူ သိအောင်ကော ကိုကြီးက နှုတ်ဆက်မှာတဲ့လား။နှုတ်ဆက်ပြီးရင်ကော ကိုကြီးက ဘယ်ဘုံဘဝကို ကူးပြောင်းမှာလဲ။ သူထံကို လူဝင်စားအဖြစ် ပြန်လာဦးမှာလား။ ထိုသို့ တောင်စင်ရေမရ အတွေးတို့ကြားတွင် ဦးတည်ရာမဲ့ စီးမြောနေရင်းမှ တံခါးခေါက်သံကြောင့် သတိဝင်လာသည်။

ကျောရိုးမဲ့နေသော ပြိတ္တာတစ်ကောင်လို စိတ်ပျက်ဖွယ်ရာပုံမျိုးဖြင့် ထိုင်နေရာမှ အားယူက ထလိုက်ပြီး လဲပြိုတော့မယောင် ခြေလှမ်းများဖြင့် တံခါးရှိရာဆီသို့ လျှောက်သွားကာ တံခါးဖွင့်ပေးလိုက်သည်။ ထင်သည့်အတိုင်ပင် လေးနောင်က တံခါးဝတွင် မားမားကြီး ရပ်နေသည်။ ကြည့်ရသည်မှာ အပြင်သွားတော့ မလို့နှင့် တူသည် T-shirt အနက်ရောင် ကိုယ်ကျပ်နှင့် slim fit style pants မီးခိုးရောင်တထည်ကို ဝတ်ဆင်ထားသည်။

"မိုင်းမိုင် မင်းကို ဟိုနေ့က ကလပ်ကို သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာရှိတယ်။"

မိုင်းမိုင် သိလိုက်ပါပြီ။ သူ အရက်သောက်သော ကိစ္စကို ဆူတော့မည်ဆိုတာကို။ ထို့ကြောင့် သူ အသာလေး ပါးစပ်ပိတ်နေလိုက်သည်။ ထင်သည့်အတိုင်းပင်...

"မင်းသိဖို့က... အရက်သောက်လို့ အသည်းကွဲတာ ပျောက်တဲ့လူ မရှိသေးဘူး။ စိတ်ညစ်လို့၊ အသည်းကွဲလို့ အရက်သောက်တယ်ဆိုတာ လူညံ့လူဖျင်းတွေရဲ့အလုပ်။ အရက်သောက်လို့သာ ပြဿနာအားလုံးပြေလည်သွားကျစတမ်းဆိုရင် လူတိုင်းအရက်သမားတွေ ဖြစ်ကုန်မှာပေါ့။ အေး... ခြွင်းချက်ကတော့... များများသောက်လို့ မြန်မြန်သေရင်တော့ စိတ်ညစ်စရာ သိပ်မတွေ့ရတော့ဘူးပေါ့ကွာ။ သက်ဆိုးမှ မရှည်တာ။"

သျှန်နောင်က ပြောနေရင်းမှ မိုင်းမိုင်ကို စူးစူးစိုက်စိုက်ကြည့်ကာ...

"ငါ့ကို ကျေးဇူးတရားကို နင်းပြီး အခွင့်ကောင်း ယူတယ်ပဲပြောပြော...။ ငါ မင်းကို ကျွေးမွေးပြုစုလာတာ လူကောင်းသူကောင်းဖြစ်ဖို့။ အရက်သမားဖြစ်ဖို့ မဟုတ်ဘူး။ ဒီတော့ လုံးဝ မသောက်ပါနဲ့။"

"ဟုတ်ကဲ့ လေးနောင်။ ကျွန်တော် မှားသွားပါတယ်။"

မိုင်းမိုင်က မျက်နှာငယ်လေးဖြင့် တောင်းပန်စကားဆိုလာတော့လည်း သျှန်နောင်မှာ ဆက်မဆူရက်တော့။ ထို့ကြောင့် ခေါင်းကို ခပ်ဆတ်ဆတ်ငြိမ့်ပြီး ခွင့်လွှတ်ကြောင်းကို အမူအရာဖြင့်သာ ပြလိုက်သည်။

"အခု ရက်လည်အတွက် စီစဉ်စရာရှိတာ စီစဉ်ဖို့ ငါ သွားလိုက်ဦးမယ်။"

မိုင်းမိုင် ခေါင်းကို လေးတွဲစွာ ငြိမ့်လိုက်သည်။

"မင်း အပြင်လုံးဝ မထွက်ပါနဲ့။"

မိုင်းမိုင်က သဘောမတူသလို ကြည့်လိုက်လျှင် သျှန်နောင်က သက်ပြင်းချကာ...

"မိုင်းမိုင် မင်း ဘယ်လို ခံစားရမလဲဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒီလူကို မင်းကိုယ်တိုင် စီရင်ဖို့မတန်ဘူး။ မင်းက ငါတို့လို မဟုတ်ဘူး မိုင်းမိုင်။ ငါတို့လက်တွေက သွေးစွန်းပြီးသား။ နောက်ထပ် ဒီလို တိရစ္ဆာန်တစ်ကောင်ရဲ့ သွေးတွေ စွန်းထင်းသွားလို့ ဘာမှ မထူးတော့ဘူး။ အေး... ဒါပေမယ့် မင်းက မတူဘူး။ မင်းက သန့်ရှင်းပြီး အပြစ်ကင်းတဲ့လူ။ မင်းက ငါတို့ နေချင်တဲ့ ဘဝ... ငါတို့ ဖြစ်ချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့တဲ့ဘဝမှာ နေထိုင်ရမယ့်သူ။ ဒါကြောင့် မင်းရဲ့ဘဝကို အပြစ်အနာအဆာကင်းကင်းနဲ့ ဖြတ်သန်းပါ။ နောက်ပြီး... သွားလေတဲ့ မင်းရဲ့ ချစ်သူကလည်း သူ့ကြောင့် မင်းလက်တွေ သွေးစွန်းမှာကို လိုလားမှာ မဟုတ်ဘူး မိုင်းမိုင်။ ဒါကြောင့် ဒီကိစ္စကို မင်း မလုပ်ပါနဲ့။ ငါ တောင်းပန်ပါတယ်။"

မိုင်းမိုင် သူ့အား တောင်းပန်ခြင်းတစ်ဝက်နှင့် ချော့မော့နေသော လေးနောင်ကို ခံစားချက်မဲ့နေသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။ သို့သော် ထိုခံစားချက်မပါသည့် မျက်လုံးများသည် တဒင်္ဂအတွင်းမှာပင် နာကျင်မှုတို့ဖြင့် ပြည့်နှက်သွားသလို ခန္ဓာကိုယ်တစ်ခုလုံးမှာ လေးနောင်ပေါ်သို့ ပြိုဆင်းလာကာ မျက်နှာကို ပုခုံးပေါ်တွင် အပ်၍ ကြူကြူပါအောင် အော်ဟစ်ကာ ငိုချလိုက်တော့သည်။

သျှန်နောင်မှာ ပုခုံးအထက်တွင် စိုစွတ်လာသည်ကို လျစ်လျူရှုကာ ဝမ်းနည်းမှုဖြင့် တစ်သိမ့်သိမ့်တုန်နေသော မိုင်းမိုင်၏ ကျောပြင်ကို ပွတ်သပ်ကာ အသံတိတ်ချော့မြူနေသည်။ ထိုသို့ ချော့မြူရင်းမှ ဒီကောင်လေးအား အနှီးလေးဖြင့်ထွေးထားရသည့် အချိန်ကို ပြန်ပြောင်းသတိရမိသည်။ ထိုအချိန်ကတော့ လေနာ၍ ထွန့်ထွန့်လူးကာ ငိုယိုနေသော ဒီကောင်လေး၏ နာကျင်ခြင်းတို့ သက်သာစိမ့်ငှာ သူမှာ တညလုံးချီပိုးကာ လမ်းလျှောက်ရသည်။ ယခုတော့ ဒီကောင်လေး နာကျင်နေသည်မှာ နှလုံးသားဖြစ်ရာ သူအနေဖြင့် မစွမ်းတော့။ အချိန်၏ ချီပိုးသယ်ဆောင်ခြင်းဖြင့်သာ သက်သာပျောက်ကင်းပေလိမ့်မည်။

မိုင်းမိုင်မှာ သူ့အား မသက်မသာဖြင့် ကြည့်နေသော အိမ်တွင် ရှိသမျှလူများကို ဂရုမစိုက်နိုင်ပါ။ အချိန်အတော်ကြာအောင် ရင်ထဲရှိသည်အတိုင်း စိတ်ကြိုက် အော်ဟစ်ငိုယိုပစ်လိုက်သည်။ သူသာ မျက်ရည်ကုန်၍ အင်အားတို့သာ ယုတ်လျော့လာသည်။ ရင်ထဲမှ ဝေဒနာက လျော့မသွားခဲ့။

သျှန်နောင်ကတော့ အင်အားကုန်ခန်းသွားဟန်ရှိသော တူဖြစ်သူကို အိပ်ရာပေါ်သို့တွဲပို့လိုက်သည်။ ထို့နောက် မိုင်းမိုင်အား အိပ်ရာပေါ်တွင် လဲလျောင်းစေကာ စောင်ခြုံပေးလိုက်သည်။

"ကဲ... မင်း အနားယူလိုက်ဦး"

မိုင်းမိုင် ခေါင်းကို အသာ ငြိမ့်ပြလိုက်သည်။ သျှန်နောင်က မိုင်းမိုင်၏ ပုခုံးကို အသာအယာပုတ်ပြီးလျှင် ထိုင်ရာမှ ထကာ အခန်းထဲမှ ထွက်သွားတော့သည်။ မိုင်းမိုင်းလည်း မို့အစ်နေသော သော မျက်ဝန်းများကို ပိတ်လိုက်လျှင် အသိစိတ်တို့သည် ပင်ပန်းနေပြီဖြစ်သောခန္ဓာကိုယ်မှ ခေတ္တမျှ ခွါကျဉ်းကာ အိပ်မက်ကမ္ဘာဆီသို့ ထွက်ခွါသွားတော့သည်။ တိုက်ဆိုင်စွာပင် ထိုအိပ်မက်ကမ္ဘာထဲတွင် ကိုကြီးက သူ့အား စောင့်ဆိုင်းနေသည်။ သူတို့နှစ်ဦး အရင်ကလိုပင် စကားတွေပြောကြသည်။ အတူတူ ရယ်မောကြသည်။ ကိုကြီးနှင့် ချစ်ခွန်းသီဆိုကြသည်။ အနမ်းတွေဖလှယ်ကြသည်။ ကြယ်တွေ ရေတွက်ကြသည်။ အလွန်တရာကို ပျော်စရာကောင်းလှပါဘိ။ သို့သော် ရုတ်တရက်ဆိုသလို ကိုကြီးက နှုတ်ဆက်လာသည်။ သူသွားရတော့မယ်တဲ့။ မိုင်းမိုင် မည်သို့ပင် တားဆီးစေကာမူ ကိုကြီးက နှုတ်ဆက်စကားကို ပြောမြဲအတိုင်းပြောလျှက်။ တကြိမ်တွင် ထိုနှုတ်ဆက်စကားနှင့်အတူ တစ်စုံတရာကိုပါ ပြောလာသည်။ သူ မကြာ၍ ပြန်မေးမည်အပြုတွင်....

"မိုင်းမိုင်! မိုင်းမိုင်!!!"

မိုင်းမိုင်မှာ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည်မသိ တံခါးခေါက်သံ ခပ်ကြမ်းကြမ်းနှင့်အတူ ဒေါ်ခူး၏ အရေးကြီးသုတ်ပြာအသံကြောင့် တံခါးဖွင့်ပေးလိုက်တော့...

"မိုင်းမိုင်... လုပ်ပါဦး။ ဒီမှာ ဇူးဇူး ဗိုက်နာနေလို့။"

မိုင်းမိုင်မှာ ခေါင်းထဲ ဝေဝေဝါးဝါးဖြစ်နေတာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ။

"ဟင်... ဒါဆို သူ ဘယ်မှာလဲ။"

မေးသာမေးရသည် လူကတော့ မေဇူးမောင်၏ အခန်းကို ဦးတည်လျှက်...

"အစ်မဇူး ဘယ်လိုနေလဲ။"

ကုတင်ပေါ်တွင် ချွေးစီးများပြန်ကာ ထိုင်နေသော မေဇူးမောင်အား မေးလိုက်သည်။

"သက်သာသွားပြန်ပြီ။"

"ဒီလို ဖြစ်တာကြာပြီလား။"

"ညကတည်းက... နာလိုက် သက်သာလိုက်နဲ့။ ဒါပေမယ့် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားက ကြာတယ်။ အခု အရမ်းစိတ်လာပြီ။"

"ဘယ်လောက် စိတ်လဲ"

"မိနစ် ၂၀... အား... နာလာပြန်ပြီ"

မေဇူးမောင်က နာကျင်မှုကို အံ့တင်းတင်းကြိတ်ကာ ညည်းညူနေသည်။

"Shoot! ဒေါ်ခူး.... ဒါမွေးချင်လို နာတာ...."

မိုင်းမိုင်မှာ အရံသားဖွားသင်တန်းတွင် ပို့ချပေးသော ဆရာမကြီးများ၏ ပို့ချချက်များကို ပြင်ဆင်ရာတွင် အကြောင်းတိုက်ဆိုင်စွာ ကူညီပေးဖူးသည်ဖြစ်ရာ ကလေးမွေးချိန်တွင် ဖြစ်တတ်သော မိခင်လောင်းများ၏လက္ခဏာများကို ကောင်းစွာ သိရှိသည်။

"ဒေါ်ခူး... ဒေါ်ခူး... ဘာလုပ်ပေးရမလဲ။"

ဒေါ်ခူးကလည်း ပျာယာခတ်သွားတော့သည်။ အေးလေ... သူလည်း ကလေးမမွေးဖူးတော့ ဒီလို နဖူးတွေ့ ဒူးတွေကြုံလာတော့ ဘာလုပ်ရမှန်းမသိသည်က မဆန်း။

"အင်္ကျီတွေ လိုတဲ့အသုံးအဆောင်တွေ ထည့်။ ကျွန်တော် ကားသွား ထုတ်လိုက်ဦးမယ်။ အစ်မဇူးက ကိုယ့်ဆရာဝန်ကို ကိုယ်ဖုန်းဆက်ထားနော်"

"အေး... အေး...."

မိုင်းမိုင်လည်း အင်္ကျီပင် မလဲနိုင်။ အခန်းထဲပြန်ပြေးကာ ပိုက်ဆံအိတ်ကို ယူ၍ ကား ပြေးထုတ်ရသည်။ ပြီးလျှင် အပေါ်ပြန်တက်ကာ မေဇူးမောင်ကို ကားထဲသို့တွဲထည့်ပြီး ဆေးရုံရှိရာသို့ မောင်းခဲ့တော့သည်။ လမ်းတစ်လျှောက်လုံးလည်း တညည်းညည်းတညူညူဖြင့် နောက်ခန်းတွင် လိုက်ပါလာသော မေဇူးမောင်ကို အားပေးရသေးသည်။

"အစ်မဇူး ရလား?"

"အစ်မဇူး ခဏနော်... ရောက်တော့မယ်"

ထိုစဉ် မီးပွိုင့်မိသဖြင့် နောက်လှည့်ကာ အားပေးရန် ပါးစပ်ဟလိုက်စဉ် ဂါဝန်အောက်ပိုင်းတခုလုံး ရွှဲရွှဲစိုနေသော မေဇူးမောင်ကြောင့် မိုင်းမိုင်မှာ ခေါင်းနဘမ်းပါကြီးလာသည်။ ကြည့်ရသည်မှာ ရေမွှာပေါက်သွားပုံရသည်။ ဒီပုံအတိုင်းဆို ဆေးရုံမြန်မြန်ရောက်မှဖြစ်မည်။ မတော်လို့ လမ်းတွင် မွေးသွားမှဖြင့်...

မေဇူးမောင်မှာ တစတစနှင့်ပို၍ စိတ်ကာ ပြင်းထန်လာသည့် နာကျင်မှုတို့ကို အံတုရင်း ဆေးရုံရောက်ရန်သာ စိတ်စော၍နေသည်။ ဒီကြားထဲ ပိတ်ဆို့နေသော ယာဉ်ကြောများကြောင့် ဒီတစ်သက်ရောက်ပါဦးမလားပင် တွေးမိသည်အထိ။

"ဇူးဇူး... သမီး ခဏနော်။ ရောက်တော့မယ်။"

ဒေါ်ခူးကလည်း သူမ၏ နဖူးပေါ်မှ ချွေးများကို သုတ်ပေးရင်း အားပေးရှာသည်။

"အစ်ကိုတို့ တစ်စီးလောက်..."

"အစ်ကို ဝင်မယ်နော်။ ကျွန်တော့်အစ်မ ဗိုက်နာနေလို့ပါ။ ကူညီပါဗျာ..."

မိုင်းမိုင်၏ လမ်းတောင်းသံက နားထဲတွင် ဝင်လာသော်လည်း သူမ အာရုံရှိသည်က အပြင်းအထန်နာကျင်နေပါသော ထိုနေရာ။ တကြိမ်ကြိမ်တွင် သက်သာလာသော်လည်း နာကျင်သည့်အခါတွင် အသက်ကို မနည်းလုရှူရသည်။

"အစ်မဇူး ရောက်ပြီ"

"ဇူးဇူး... လာ...။ ဒေါ်ခူးကိုတွဲ"

မေဇူးမောင်မှာ သူမအားကို ကူတွဲပေးသော မိုင်းမိုင်းနှင့် ဒေါ်ခူးတို့၏ လက်ကို အားကိုတကြီး ဆုပ်ကိုင်ကာ ကားပေါ်မှဆင်းလိုက်သည်။ သို့သော် အောက်ပိုင်းမှ တစ်စို့စို့ခံစားချက်ကြောင့် ခြေလှမ်းတို့ မမှန်တော့...

"အင်း... ဇူး လျှောက်လို့မရ..."

မိုင်းမိုင်မှာ ချွေးစီးများပြန်နေသော သူမကို ကြည့်ကာ ရင်ထဲမကောင်း။ ဒီကြားထဲ လမ်းလျှောက်၍ မရဘူးဟု ဆိုလာသောအခါ... နှစ်ခါစဉ်းစားမနေတော့။ မေဇူးမောင်ကို ဆွဲပွေ့ကာ မချီလိုက်ပြီး ကားပါကင်မှသည် ဆေးရုံရှိရာဆီသို့ ခပ်သွက်သွက် လျှောက်လာခဲ့တော့သည်။ ဒေါ်ခူးမှာလည်း အသုံးအဆောင်ထည့်ထားသော ခြင်းတောင်းကြီးကို ကိုင်ကာ နောက်မှ ခပ်သုတ်သုတ်လိုက်ရတော့သည်။

တော်သေးသည်။ ဆေးရုံထဲရောက်တော့ nurse များက အသင့်စောင့်နေရှာသည်။ မိုင်းမိုင်လည်း မေဇူးမောင်အား လူနာတင်လှည်းပေါ်သို့ တင်လိုက်ပြီး မွေးခန်းအဝအထိ လိုက်လာခဲ့သည်။

"ကလေး ခေါင်းထွက်နေပြီ"

"လူနာက due date ဘယ်တော့လဲ။"

"နောက်တစ်ပတ်ခွဲမှာ မဟုတ်လား။"

"ဓါတ်မတည့်တာ ဘာရှိလဲ"

"ခဏလေးနော်။ မညစ်နဲ့ဦး"

"မေသူ theatre 3 ready ပဲ။"

"ဆရာဝန်ကြီးရော"

"ရောက်ပြီ"

စသည်ဖြင့် nurse များ၏ တစ်ယောက်တစ်ပေါက် ပြောသံများနှင့်အတူ မွေးခန်းထဲသို့ ဝင်သွားတော့သည်။ မိုင်းမိုင်မှ ထိုအခါကျမှ မွေးခန်းအပြင်ရှိ ခုံတန်းလေးတွင် ခြေပစ်လက်ပစ်ထိုင်လိုက်သည်။ ထို့နောက် အနားတွင် လာထိုင်သော ဒေါ်ခူးအား...

"ဒေါ်ခူး ငါးခူမင်းပရိတ်ရလား"

ဒေါ်ခူးမှာ အတန်ကြာအောင် စဉ်းစားပြီးမှ

"ငါးရံ့မင်း ပရိတ်မဟုတ်ဘူးလား။"

မိုင်းမိုင်က မသေချာသလိုပုံဖြင့် ဒေါ်ခူးကို ပြန်ကြည့်လိုက်သည်။

"ဟို အမျိုးသမီးတွေ အခုလို ကလေးမွေးရင် ရွတ်တဲ့ဟာလေ"

"အဲ့ဒါ အင်္ဂုလိမာလသုတ်ပါကွယ်"

"အင်း... အင်္ဂုလိမာလဆိုတော့လည်း အင်္ဂုလိမာလပေါ့။ အဲ့ဒါ ရရဲ့လား။"

"အင်း... ရတယ်"

"ရရင် ရွတ်လေဗျာ။ ဒါမှ အစ်မဇူး ရှောရှောရှူရှူမွေးမှာ"

မိုင်းမိုင်က ဒေါ်ခူးကို အပူကပ်ရတော့သည်။ မေဇူးမောင်နှင့် မရင်းနှီးသည့်တိုင် သူမကို မြင်လျှင် ဘာကြောင့်ရယ်မသိ သွားလေသူ မိခင်ကြီးကို သတိရမိသည်။ သူ၏ မိခင်လည်း သူ့ကိုမွေးတုန်းက ဤသို့ပင် နာကျင်ပေလိမ့်မည်။ သူ ဆရာမကြီးများထံမှ ကြားဖူးသည်က ထိုကလေးမွေး၍ နာကျင်ရသော နာကျင်မှုသည် ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကျိုးသွားသောအခါ နာကျင်ရသည့် နာကျင်မှုထက် အဆပေါင်းများစွာ ပြင်းထန်သည်ဟူ၏။ ထိုသို့သော နာကျင်မှုမျိုးကို အားနွဲ့ပါသည်ဟု သတ်မှတ်ထားသော မိန်းမသားများသာ ခံနိုင်ပါ၏။ ထိုသိုခံနိုင်ရည်ရှိအောင်လည်း သဘာဝတရားကြီး အမျိုးသမီးများအား မျက်နှာလိုက်စွာဖြင့် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်သည့် ခံနိုင်ရည်စွမ်းတို့ကို မြင့်မားစွာ ဖန်တီးပေးထားပါ၏။

ဒေါ်ခူးခမျာမှာလည်း ထိုအခါမှ ရသမျှကို လုံးလည်ချာလပတ်လိုက်အောင် ရွတ်ဖတ်သရဇ္ဇယ်ရတော့သည်။

--------------------

သျှန်နောင်မှာ မိုင်းမိုင်ထံမှ ဖုန်းရရချင်း သျှားအိမ်အား ဖုန်းခေါ်ကာ မဇူး ဆေးရုံတွင် မွေးနေပြီဆိုသည့်အကြောင်းပြောရသည်။ သျှားအိမ်မှာ စိုးရိမ်ခြင်းတစ်ဝက် ဝမ်းသာခြင်းတစ်ဝက်ဖြင့် တုန်ရင်နေသည်။ သျှန်နောင်က ဆေးရုံသွားရန် လာခေါ်မည်ဟု ဆိုကာ ဖုန်းချလိုက်လျှင် အစ်ကိုဖြစ်သူ မင်းလွင်ထံ ဖုန်းခေါ်ကာ မဇူးအကြောင်းပြောရသေးသည်။ သျှန်နောင်နှင့်တွဲစက မကြည်လင်သော မင်းလွင်မှာ မေဇူးမောင် suicide လုပ်ရန်ကြံစည်သည့် ကိစ္စအပြီးတွင် အစ်မဖြစ်သူနှင့် ပတ်သက်၍ သူ့နှင့် ခေါ်ခေါ်ပြောပြောတော့ရှိလာသည်။ ဈာန်လင်းခန့်နှောင့်ယှက်၍ သျှန်နောင်က သူတို့နှစ်ဦးလုံးအား အိမ်ပေါ်ခေါ်ထားပြီးချိန်တွင်တော့ တော်တော်လေး ပြန်၍ အဆင်ပြေလာသည်။ သူနှင့် သျှန်နောင်အား သဘောမတူသည့်တိုင် အကန်တွေ သိပ်မလုပ်တော့။

မင်းလွင်အား ဖုန်းခေါ်ပြီးလျှင် ခခကို ဖုန်းခေါ်ကာ သူ့အစားလာပေးရန် အကူအညီတောင်းရသည်။ အလွန်သဘောမနောကောင်းသော ခခမှာ "ကလေး"ဟူသော အသံကြားသည်နှင့် ဝမ်းပန်းတသာ ကူညီမည်ဟုပြောရှာပါသည်။ သူဖုန်းချပြီး သိပ်မကြာ သျှန်နောင်မှာ လေလိုအလျင်နှင့် ဆိုင်ထဲသို့ ရောက်လာတော့သည်။ သို့သော် ခခက မရောက်သေး။ တိုးငယ်တစ်ယောက်တည်းထားခဲ့ရမည်ကိုလည်း အားနာနေသည်ဖြစ်ရာ သျှန်နောင်ကို ထိုင်စောင့်ခိုင်းရတော့သည်။ ဤသည်ကို ရိပ်မိသော တိုးငယ်က ဆိုင်ကိစ္စအားလုံးကို တာဝန်ယူပါကြောင်းနှင့် သူ့အား သွားရန်တိုက်တွန်းသဖြင့် နောက်ဆုံးတွင် အလုပ်အား လက်စမျှပင် မသတ်နိုင် ချက်ချင်းပင် ဆေးရုံသို့ ပြေးရတော့သည်။ စိတ်ထဲတွင်တော့ ဒီနှစ်ယောက်နှင့် နှင်းနှင်းကို နှစ်ကုန်လျှင် Bonus ကောင်းကောင်းပေးရန် တေးထားလိုက်သည်။ ဒီသုံးယောက်က သူ့အတွက် တကယ့်ကို စိတ်စေတနာကောင်းကောင်းဖြင့် အလုပ်လုပ်ပေးကြသော သူများမဟုတ်လား။

ဆေးရုံရောက်တော့ တကယ့်အချိန်ကောင်း။ Nurseက ကလေးကို ချီကာ မွေးခန်းထဲမှ ထွက်လာသောအချိန်....

မိုင်းမိုင်မှာ ခွဲခန်းထဲမှ nurse က ကလေးနီတာရဲလေးကို ပွေ့ကာထွက်လာလျှင် ဝမ်းသာအားရဖြင့် အနားကပ်သွားသော်လည်း မချီရဲသဖြင့် ဒီအတိုင်းသာ ကြည့်နေသည်။ ထိုစဉ် သျှားအိမ်နှင့် သျှန်နောင်လည်း အနားရောက်လာတော့သည်။

"မေဇူးမောင်ရဲ့ အိမ်ကလား။"

"ဟုတ်ပါတယ်ခင်ဗျား။ ကျွန်တော်က သူ့မောင်ပါ။ ကလေးအမေရဲ့ အခြေအနေကော ခင်ဗျ"

"ကောင်းပါတယ်။ တော်ကြာနေရင် အခန်းပြောင်းပေးပါ့မယ်။"

သျှားအိမ်က ဖြေလိုက်ချိန်တွင် သျှန်နောင်က ထိုကလေးကို nurse မလေး လက်ထဲမှ ပြောင်းယူကာ ချီကြည့်နေသည်။ ဤသို့ နီတာရဲလေးကို မချီရသည်မှာ ကြာပြီဖြစ်သော်လည်း ကိုင်ရတွယ်ရသည်မှာ သိပ်တော့လည်း အစိမ်းသက်သက်မဖြစ်။ ကလေးကလည်း လက်သာသည်ကို သိသည့်အလား သျှန်နောင်၏ ရင်ခွင်ထဲတွင် ငြိမ်သက်၍ နေသည်။ သျှားအိမ်ကတော့ သျှန်နောင်၏ ကျွမ်းကျင်လှသော ကိုင်တွယ်ပုံကြည့်ကာ နှစ်လိုစွာပြုံးလိုက်သည်။

"ဒါ ရှင့်ရဲ့ ဒုတိယ ကလေးလား။"

Nurse မလေး၏ အမေးကြောင့် သျှန်နောင်မှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး သျှားအိမ်နှင့် မိုင်းမိုင်မှာ ပြုံးစိစိဖြစ်ကုန်တော့သည်။

"အာ... မဟုတ်ပါဘူး"

"ဪ... ဪ... ဒါပေမယ့် ရှင်က ကလေးကောင်းကောင်းချီတတ်တယ်နော်။""

သျှန်နောင် ပြုံးရုံသာပြုံးလိုက်သည်။ Nurse မလေးက ကလေးအား ပြန်ယူလိုက်ပြီး အထဲသို့ ပြန်ဝင်သွားတော့သည်။ ထိုအခါမှ သျှားအိမ်မှာ မိုင်းမိုင်ကို ကျေးဇူးတင် စကားပြောရတော့သည်။

"ကျေးဇူးပါပဲ မိုင်းမိုင်ရာ။ ငါ့ အစ်မကို ကူညီတာ"

"ရပါတယ်။ ပြဿနာ မရှိပါဘူး။"

မိုင်းမိုင်က သျှားအိမ်ကို ပြန်လည် ဖြေကြားလိုက်သည်။ ထို့နောက် သျှန်နောင်ဘက်လှည့်ကာ....

"လေးနောင် အဲ့ဒါဆို ကျွန်တော် ပြန်တော့မယ်။ ရတယ် မဟုတ်လား။"

"အေး... အေး... "

သျှန်နောင်က ခေါင်းညိတ်ပြကာ ဒေါ်ခူးဘက်လှည့်လိုက်ပြီး...

"ဒေါ်ခူးကတော့ ဒီမှာ နေခဲ့နော်။ မဇူးကို စောင့်ပေးဖို့ လူလိုတယ်။"

"ရတယ် Baby။ Personal Nurse ကို ဒီညက စပြီးအလုပ်ဆင်းဖို့ပြောထားတယ် ဆိုတော့ သူပြန်ချင်ရင် ပြန်ပါစေ။"

သျှားအိမ်က ဝင်ပြောလိုက်သည်။ မဇူးက အစောကတည်းက ကလေးမွေးပြီးလျှင် သူမအား ကလေးနှင့်ပတ်သက်ပြီး အကူအညီရစေရန် သူမနှင့် အတူနေမည့် Nurse ကို တစ်နှစ်စာချုပ်ဖြင့် အမျှော်အမြင်ရှိရှိ ငှားရမ်းထားသည်။ အမှန်ဆို နောက်တစ်ပတ်မှ စဆင်းရန်ဖြစ်သော်လည်း ယခုတော့ ကလေးက ခွဲမွေးမည်ဟု သတ်မှတ်ထားသော ရက်ထက် စောမွေးသည်ဖြစ်ရာ ထို Nurseကိုသာ စောဆင်းပေးရန် တောင်းပန်ရတော့သည်။ ကံကောင်းထောက်မသည်ဟု ပြောရမလားမသိ။ ထို Nurse ကလည်း လိုလိုလားလားပင် အလုပ်လက်ခံလိုက်လေသည်။

"သူမလာခင် စပ်ကြား လိုအပ်လာရင်ကော။"

ဤသည်က ထည့်သွင်းစဉ်းစားရန် မေ့လျော့သွားသော အချက်ဖြစ်၍ သျှားအိမ် ပါးစပ်ပိတ်နေလိုက်သည်။

"ဒေါ်ခူးနေခဲ့လိုက်။ ကျွန်တော်နဲ့မှ ပြန်။ မိုင်းမိုင်... မင်းက ပြန်နှင့်။ အိမ်ကို တန်းတန်းမတ်မတ်ပြန်နော်။"

သျှန်နောင်မှာ တူဖြစ်သူကို မှာရသေးသည်။

"ဟုတ်"

မိုင်းမိုင်ကတော့ ခေါင်းလေးညိတ်ကာ တချိုးတည်းလစ်သွားတော့သည်။ မိုင်းမိုင် သွားပြီး သိပ်မကြာလိုက် ဟန်သို ဆီမှ ဖုန်းဝင်လာသည်။

"ပြော... ဟန်သို"

"အစ်ကိုကြီး ရဲတွေရောက်လာတယ်။"

သျှန်နောင် သိလိုက်ပါပြီ။ ဝင်းထွတ် ကိစ္စနှင့်ပတ်သက်၍ သူတို့ထံရောက်လာတာပဲ ဖြစ်လိမ့်မည်။

"ကျွန်တော်တို့ကို စစ်လားဆေးလား လုပ်တယ်။ ဒါနဲ့ ကျွန်တော်တို့က ဘူးချည်းခံပေးလိုက်တော့ မင်းတို့ အစ်ကိုကြီးနဲ့ပဲ ပြောမယ်လို့ပြောပြီး ပြန်သွားတယ်။"

ဒီပုံအတိုင်းဆိုလျှင် ထိုမအေပေးတွေ အနံ့ရလို့ သူထံလာတာ ဖြစ်ပေလိမ့်မည်။ ကြည့်ရသည်မှာ ဦးမြတ်ဘုန်းလျှံက တို့မီးရှို့မီးလုပ်လိုက်သည်နှင့်တူသည်။ မည်သို့ဖြစ်စေ နောက်တကြိမ်ရောက်လာလျှင် ရှာရန်ဝရမ်းမပါဟုမပြောနိုင်။

"အေး... အေး... သဘောပေါက်ပြီ။ ငါလာခဲ့မယ်။"

"ဟုတ်ကဲ့ အစ်ကိုကြီး"

"အေး... ဒါဆို ဒါပဲ"

"ဟုတ်ကဲ့"

သျှန်နောင် ဖုန်းချလိုက်ပြီးလျှင် သျှားအိမ်အား...

"မောင် ကို အလုပ်ကလေးတခုပေါ်လာလို့။ သိပ်မကြာပါဘူး။"

"ဪ... သွားလေ။ Baby ပြန်လာရင်သာ ဖုန်းခေါ်လိုက်။"

"အင်း"

သျှန်နောင်မှာ ချစ်သူနှင့် အကြည့်တို့ဖြင့်သာ အနမ်းချင်းဖလှယ်ကာ လှည့်ထွက်ခဲ့တော့သည်။ ချစ်သူ မျက်စိအောက်က ပျောက်သွားသည်နှင့် သူ့ခေါင်းထဲရောက်လာသည်က ဟိုတိရစ္ဆာန်ကို ဘယ်လို အရေခွံနွှာရမလဲဆိုသော အတွေးများ။

သျှားအိမ်ကတော့ ချစ်သူ၏ နောက်ကျောကို ကြည့်ကာ မသက်မသာဖြင့် သက်ပြင်းသာချလိုက်မိတော့သည်။ ယခုမှပင် "ဗလာနံ လူမိုက်တို့နှင့် မပေါင်းဖော်အပ်" ဟူသော စကားကို နားလည်တော့သည်။ သူ့မှာ တနေ့တနေ့ သူချစ်ရသော ဒီလူအတွက် စိုးရိမ်ပူပန်မှုတို့နှင့်အတူ ရင်လေးနေရသည် မဟုတ်လား။ သို့သော် ထိုမင်္ဂလာတရားတော်ကိုဖြင့် လိုက်နာနိုင်လိမ့်မည်မဟုတ်။ ထိုမပေါင်းဖော်အပ်သော လူမိုက်သည်က သူ၏ အသည်းတစ်ခြမ်း၊ သူ့ဘဝ၏ အဓိပ္ပာယ်ကို ဖော်ကျူးနေသော သော့ချက်ဖြစ်ရာ ဤသူအား ပစ်ပယ်ခြင်းသည် သူ့ဘဝတစ်ခုလုံးကို ဝမ်းနည်းမှုတို့ဖြင့် လမ်းပျောက်စေပေလိမ့်မည်။ ဒီလိုတော့ အဖြစ်မခံနိုင်ပါ။

ထိုစဉ် ကိုလွင်နှင့် မရီးဖြစ်သူ သင်းသင်း ရောက်လာပြီး...

"အဆင်ပြေရဲ့လား သျှားအိမ်"

"မဇူးရော နေကောင်းရဲ့လား။"

"ဟုတ် ကိုလွင်နဲ့ အစ်မ။ ခနကပဲ ကလေးလာပြသေးတယ်။ နီတာရဲလေး။ မဇူးလည်း ကျန်းမာတယ်တဲ့"

"ဪ... ဪ..."

ကိုလွင်ရော မရီးပါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော် ကိုလွင်က သတိရသွားဟန်ဖြင့်....

"ဒါနဲ့ ဟိုခွေးမသားကို အကြောင်းကြားထားသေးလား။"

ကိုလွင်ဆိုလိုသည်မှာ မည်သူမှန်းသိသည့် အားလျော်စွာ သျှားအိမ် မျက်နှာမှာ တင်းခနဲဖြစ်သွားပြီး...

"အဲ့ဒီ့ ခွေးသားကို စိတ်ကူးထဲတောင် မထည့်ဘူး။"

"အေး... ကောင်းတယ်။ ဒီကောင်လာရင် ငါနဲ့ ထိပ်တိုက်တွေ့ဦးမှာ။ ဟိုနေ့ကလည်း ငါ့ဆိုင်လာပြီး ေ-ာက်ပြဿနာရှာသွားတယ်။ မဇူးကို ငါတို့က ဖွက်ထားလို့ ငါတို့ကို တရားစွဲမယ်တဲ့။ ငါကလည်း ဘာရမလဲ။ သတ္တိရှိရင် လုပ်လိုက်လေလို့။ မင်းတောင် ထောင်ထဲအရင်ရောက်သွားမယ်လို့။"

ကိုလွင်မှာလည်း အမှောင်လောကနှင့် မကင်းသူ ဖြစ်ရာ ဈာန်လင်းခန့်၏ ခြေလှမ်းများကို သိနေသည်မှာ မဆန်း။

"ဟိုတစ်လောကတောင် သူ့ကွန်တန်နာတစ်လုံး မိသွားတယ်လေ။ ဘယ်သူ သွားထောင်လိုက်လဲမသိဘူး။ ငါကြားတာ... အဲ့ဒီ့ကိစ္စ ပြေလည်တုန်းပဲရှိသေးတယ်။ ငါ့ကို လာဖြဲတယ်။ ရမလား။ ပိတ်ပြောပေးလိုက်တယ်။"

သျှားအိမ် ခေါင်းညိတ်လိုက်သည်။ ထိုစဉ် အခန်းပြောင်းရန်ပြောလာသဖြင့် စကားပြတ်သွားတော့သည်။

----------

"ဖြောင်း"

ဇက်ကျိုးသံနှင့်အတူ အသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်သော ဝင်းထွတ်၏ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လူရုပ်ပင် သိပ်မပီသချင်သော ထိုသတ္တဝါ၏ သွေးအလိမ်းလိမ်းနှင့် မျက်နှာကို မသတီသလိုကြည့်ကာ တံတွေးဖြင့်ထွေးလိုက်သည်။ ထို့နောက် ငယ်သားတစ်ဦးက သူ့အား အလိုက်တသိနှင့် လာချပေးသော ခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ပြီး နောက်ထပ် လူတစ်ဦးက ကမ်းပေးသော ရေခွက်ကို ယူကာ တငုံမှ သောက်လိုက်သည်။

"မင်း စီးကရက်သောက်လား။"

သူ့ ဘေးတွင် ရပ်နေသော ထိုကောင်လေးကို မေးလိုက်လျှင်...

"ဟုတ် အစ်ကိုကြီး"

"ငါ့ တစ်လိပ်လောက်"

ထိုကောင်လေးက ချက်ချင်းပင် ထုတ်ပေးကာ မီးခြစ်ပါခြစ်ပေးသေးသည်။ သျှန်နောင် အေးအေးသက်သာပင် ထိုင်ခုံပေါ်တွင် ကျောမှီလိုက်ပြီး ဆေးလိပ်ကို စိန်ပြေနပြေဖွာနေမိသည်။ ဒီလို ဆေးလိပ်မဖွာရတာ ကြာလို့လားမသိ တော်တော်တော့ အရသာရှိသား။ ဤသည်မှာ သူ၏ အကျင့်ပင်။ သူသည် ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်သူ မဟုတ်သော်လည်း ယခုကဲ့သို့ သွေးစွန်းသည့် ကိစ္စအပြီးတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်စေရန် တစ်လိပ်တော့ ဖွာလေ့ရှိသည်။

စတိုခန်းထဲတွင် ရှိသမျှ ငယ်သားများခမျာ သူ့တို့မျက်စိရှေ့တွင် သွေးပေနေသော လက်ချောင်းလှလှလေးများနှင့် style ကျနစွာ ဆေးလိပ်ဖွာနေသော လူကို ကြည့်ကာ ကြက်သီးများပင် ထမိပါသည်။ အထူးသဖြင့် သျှန်နောင် ဦးလျှမ်းမြတ်စံဆီမှ ထွက်လာပြီးသောအချိန်မှ သူ့လက်အောက်သို့ ခိုဝင်လာသော လူငယ်များဆို အံ့သြလွန်း၍ ကြက်သေသေလျှက်ရှိသေးသည်။ ဤလူသည် နတ်တမျှ လှပပါသော်လည်း ဘီလူးတစ်ကောင်ကဲ့သို့ပင် လူတစ်ယောက်၏ အသက်တစ်ချောင်းအား လက်ဖြင့်ချည်းပဲ ရက်ရက်စက်စက် ဖဲ့ခြွေပစ်ခဲ့သည် မဟုတ်လား။ ထို့ပြင် ထိုအလောင်းရှေ့မှာပင် သွေးအေးအေးနှင့် အပန်းဖြေသလိုထိုင်ကာ စီးကရက်ကို ဇိမ်ခံဖွာနေသေးသည်။

စီးကရက်တခုလုံး ကုန်ခါနီးမှ ထိုသောက်လက်စ စီးကရက်ကို တခြားလက်ဖြင့် ကိုင်ထားသော ရေခွက်ထဲသို့ ပစ်ထည့်ကာ မီးကိုသတ်လိုက်ပြီး ထိုရေခွက်ထဲမှ ရေဖြင့် သူ့လက်မှ သွေးများကို ဝင်းထွတ်၏ အလောင်းပေါ်သို့ ဆေးချလိုက်သည်။ ထို့နောက် အနားရှိ ကောင်လေးက ကမ်းပေးသော လက်ကိုင်ပုဝါဖြင့် လက်သုတ်ကာ အလောင်းပေါ်ပစ်ချလိုက်သည်။ ထို့ပြင် ဝင်းထွတ်၏ သွေးစက်အနည်းငယ် စွန်းထင်းနေသော T-shirt ကိုပါ ချွတ်ပြီး ပုခုံးပေါ်ပစ်တင်လိုက်သည်။ ထိုတိရစ္ဆာန်၏ သွေးများစွန်းထင်နေသော အဝတ်အစားကို ဝတ်ရန်မသတီပါ။ သို့သော် ဤအပြုအမူသည်ကား သူ၏ သွယ်လျကျစ်လစ်သော ခန္ဓာကိုယ်အား လူအများ မြင်စိမ့်ခြင်းငှာ စက္ခုအာရုံ အလှူကြီးပေးသလို ဖြစ်နေတော့သည်။ အခန်းထဲမှ ရှိသမျှ ‌ယောက်ျားသားတို့၏ အကြည့်များက သူ့ထံတွင်သာ။ တချို့ကတော့ အားကျ၍။ တချို့ကတော့ မျက်စိပသာဒရှိ၍။

သျှန်နောင်ကတော့ သူ့အား ကြည့်နေသော မျက်လုံးများကို လျစ်လျူရှုကာ အလှမ်းမကမ်းတွင် ရပ်ကြည့်နေသော လူရွယ်တစ်ဦးအား...

"ငသိန်း... သွား... ဒီမသာကို ရှင်းလိုက်။ အေး... အပြင်မှာ ယူနီဖောင်းဝတ် ခွေးအတွေ စောင့်ကြည့်နေတယ်။ သတိလည်းထားဦး"

"ဟုတ်... အစ်ကိုကြီး။ စိတ်ချပါ။"

ထို့နောက် သူ့၏ အခြားတစ်ဖက်တွင် ရပ်နေသော ဟန်သိုအား

"ဟန်သို... ရက်လည်ပြီး နှစ်ရက်လောက်အထိ ငါ ဆိုင်လာနိုင်ဦးမှာ မဟုတ်ဘူး။ ဒီတော့ မင်း ကြည့်လုပ်ထားလိုက်။ ဒီကြားထဲ လိုအပ်လို့ကတော့ အချိန်မရွေး ဖုန်းဆက်။ ကြားလား။"

"ဟုတ်ကဲ့ အစ်ကိုကြီး"

"စောကြီး ဒီအခန်းကို ရှင်းလိုက်။ ဘာ သဲလွန်စမှ မကျန်စေနဲ့"

"စိတ်ချပါ အစ်ကိုကြီး"

သျှန်နောင် မှာစရာရှိတာ မှာကြားကာ ရုံးခန်းထဲတွင် အသင့်ရှိနေသော စွပ်ကျယ်အသစ်တစ်ထည်ကို ဝတ်ဆင်ကာ သွေးစွန်းနေသော အင်္ကျီဟောင်းကို စာရွက်စာတမ်းထည့်သော သေတ္တာတခုထဲ ထည့်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ကံဆိုးလှစွာပင် ကားပေါ်သို့ တက်မလို့ရှိသေးသည်။ ရဲအုပ်အဝတ်အစားနှင့် လူအပါအဝင် ရဲသား ၅ ဦးခန့်နှင့်အတူ ခွန်တိုက်ဆန်း။ သူ့ထံသို့ တန်းတန်းမတ်မတ်လျှောက်လာနေသည်။ သျှန်နောင် ခပ်တည်တည်ဖြင့် ဟန်သိုအား ဖုန်းခေါ်လိုက်ပြီး...

"ဟေ့... အေး... မင်းဆီလာသွားတဲ့ ဧည့်သည်တွေ ငါ့ရှေ့ရောက်နေပြီ"

"ဟုတ် အစ်ကိုကြီး"

ဟန်သို ဖုန်းချသွားလျှင် ထိုရဲအရာရှိနှင့် ခွန်တိုက်ဆန်းမှာ သူ့ရှေ့သို့ ရောက်နေပြီဖြစ်သည်။ သို့သော် သျှန်နောင်က မသိကျိုးကျွန်ပြုကာ သူ၏ ဆလွန်းကားအနီလေး အနောက်ဘက်သို့ လျှောက်သွားပြီး စာရွက်စာတမ်းသေတ္တာကို အနောက်ဖုံးထဲသို့ ပစ်ထည့်လိုက်သည်။

ခွန်တိုက်ဆန်းရော ရဲအရာရှိရောပါ သျှန်နောင်၏ စွပ်ကျယ်အောက်မှ ကြံ့ခိုင်၍ လှပသော ခန္ဓာကိုယ်အား သတိမပြုပဲ မနေနိုင်။ အဓိကအချက်ကတော့ ကြည့်လိုက်ရုံနှင့် တိုက်ခိုက်ရေးသမားတစ်ဦး၏ခန္ဓာကိုယ်မှန်း သိသာလှ၍ ဖြစ်သည်။

"ငါတို့ ဘာလို့လာလဲဆိုတာ မင်းသိမှာပေါ့။"

ခွန်တိုက်ဆန်းက သူ့အား ပြောင်လှောင်သော မျက်နှာဖြင့် ဆိုလာသည်။

"လက်စသတ်တော့ ထောက်လှမ်းရေးမှုးကြီးပဲ။ အထဲကြွပါခင်ဗျာ"

"အေးပါ ဝင်မှာပါ။ မင်းရဲ့ ကလပ်ကို ရှာဖို့ဝရမ်းလည်းပါတယ်။"

"ရှာဖို့ဝရမ်း? ဘာကိစ္စနဲ့ ဝရမ်း ထုတ်ပေးတာလဲ။"

အမှန်တော့ ဝရမ်းထုတ်ခြင်းအပေါ်သူ မအံ့သြပါ။ ဦးမြတ်ဘုန်းလျှံဆိုသည်ကလည်း ဆရာတစ်ဆူဖြစ်ရာ အထက်မှဆိုင်ရာပိုင်ရာတွေကို ကြိုးကိုင်ထားနိုင်မည်မှာ ယုံမှားစရာမရှိ။ အစိုးရဝန်ထမ်းဆိုသည်မှာလည်း ပိုက်ဆံလျှင် လိပ်ကိုကြမ်းပိုးဖြစ်အောင် လုပ်နိုင်သော တန်ခိုးရှင်များဖြစ်ရာ ဤသို့ ဝရမ်းထွက်လာခြင်းအပေါ် မအံ့သြ။ သို့သော် သူ့အတွက် အထူးသဖြင့် သူ၏ ငယ်သားများအတွက် အချိန်လိုသည်မဟုတ်လား။

"ဝင်းထွတ်ကို နောက်ဆုံးတွေ့လိုက်ကြတဲ့ နေရာက မင်းရဲ့ ကလပ်လေ။"

"နောက်ပြီး မျက်မြင်သက်သေတွေ ပြောတာက အဲ့ဒီ့နေ့က ခင်ဗျားတို့နဲ့ ဝင်ထွတ်တို့ အုပ်စုရန်ဖြစ်တယ်။ နောက်ပြီး ဝင်းထွတ်ကို ထားခဲ့ဖို့ ခင်ဗျားတို့လူတွေက ဖိအားပေးလို့ ထားခဲ့ရတယ်တဲ့။ အဲ့ဒီ့ထဲက စပြီး မတွေ့တော့ဘူးတဲ့။"

ရဲအရာရှိကပါ ဝင်ထောက်လာသည်။ သျှန်နောင်ကတော့ ခပ်တည်တည်ပင်။

"အဲ့ဒီ့ မျက်မြင်သက်သေဆိုတာက ဘယ်သူလဲ"

"ဒါက ဒီလူတွေရဲ့ လုံခြုံရေးအတွက် ပြောလို့မရပါဘူး။"

ရဲမှုးက ပြန်ဖြေသည်။

"ဟင်... ဒါဆို ကျွန့်တော့်ကို မလိုလားတဲ့ လူတစ်ယောက်က တခြားလူတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ခင်ဗျားတို့ကို ရှာခိုင်းတာဆိုရင်ကော။"

သျှန်နောင်က ခွန်းတိုက်ဆန်းကို စူးစူးစိုက်စိုက်တစ်ချက်ကြည့်လိုက်ပြီးမှ ရဲအရာရှိဘက်လှည့်ကာ ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော်တို့တွေကို အကျင့်ပျက်ချစားနေတယ်လို့ ပြောချင်တာလား။"

သျှန်နောင်က ဘာမျှမပြောပဲ သဘောပေါက်လွယ်သားပဲဟူသော မျက်နှာပေးဖြင့် ပြုံးရုံသာပြုံးနေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်း အရှာခံရမှာပဲလေ။ ဘာလဲ မင်း လုပ်ထားတာတွေ ပေါ်မှာစိုးလို့ အရှာမခံချင်တာလား။"

ခွန်တိုက်ဆန်းက စိတ်မရှည်စွာ ဝင်ပြောလိုက်သည်။

"အဟင်း... ကိုခွန်တိုက်ဆန်းရာ ခင်ဗျား တကယ်ရှာနိုင်မှာ မို့လား"

"မင်းလောက်မှ မစွမ်းရင် ဒီလောကထဲရောက်မလာဘူး။"

သျှန်နောင်မှာ အစောကတည်းက မျက်နှာပိုးမသတ်နိုင်ရသည်အထဲ ခွန်တိုက်ဆန်းက ဤသို့ပြောလျှင် ဝါးလုံးကွဲရယ်ပါတော့သည်။

"အဟားဟား... ခင်ဗျားဟာလေ...။ အင်းပါလေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ ကောင်းတာပေါ့။"

သျှန်နောင်က ရယ်ကျဲကျဲဖြင့် ဆရာနှစ်ပါးနှင့်အတူ နောက်လိုက်ခွေးအများကိုပါ အထဲသို့ ခေါ်ခဲ့တော့သည်။ အထဲရောက်သည်နှင့် ထိုခွေးအများက ဟိုရှာဒီရှာ ရှာတော့သည်။ သျှန်နောင်က ဘာမျှမပြောပဲ အေးဆေးသော မျက်နှာထားဖြင့်ကြည့်နေလိုက်သည်။ သို့သော် ရင်ထဲတွင်တော့ စိုးရိမ်လို့နေသည်။ သူ့ငယ်သားတွေ ရသောအချိန်သည် နည်းလွန်းနေသည်။

"မင်း ကြည့်ရတာ စိုးရိမ်နေတဲ့ပုံပဲ"

ခွန်တိုက်ဆန်းက ဘားကောင်တာရှေ့တွင်ထိုင်ကာ ရဲသားများကို ကြည့်နေသော သျှန်နောင်အား ရိသဲ့သဲ့အသံဖြင့်ဆိုလာသည်။ သျှန်နောင်ကတော့ ဝါရင့်တစ်ဦးပီပီ မျက်နှာ မပျက်စေရ။

"ကျွန်တော်က ဘာကို စိုးရိမ်ရမှာလဲ။"

"မင်း လုပ်ခဲ့တာတွေ ပေါ်တော့မှာလေ။"

"ကျွန်တော်က ဘာလုပ်လို့လဲ"

ခွန်တိုက်ဆန်း၏ နာမည်ကြီးလှသည် စူးစူးရဲရဲအကြည့်တို့က သူ့ထံ ဒိုင်းခနဲ ရောက်လာသည်။ သျှန်နောင်ကတော့ မဖြုံရေချာမဖြုံ။ ခွန်တိုက်ဆန်းအား ရှုတည်တည်ဖြင့်ပင် ပြန်ကြည့်လိုက်သေးသည်။

"မင်း ဝင်းထွတ်ကို အပျောက်ရှင်းလိုက်တဲ့ ကိစ္စလေ"

"ကျွန်တော်က ဝင်းထွတ်ကို အပျောက်ရှင်းတယ်လို့ ပြောရအောင် ခင်ဗျားမှာ ဘာသက်သေရှိလို့လဲ။"

"သက်သေလား။ သူ့အလောင်းတခုလုံးရမှတော့ အဲ့ဒီ့အချိန်မှာ မင်းက အဘရဲ့ အိပ်ရာထဲမှာ ခံနေတာ ဆိုရင်တောင် မလွတ်ဘူးမှတ်"

ခွန်တိုက်ဆန်းက သျှန်နောင်အကြောင်း သိသူပီပီ တမင်ပြောလိုက်သည်။ သျှန်နောင်ကတော့ မသိသလိုသိသလိုဖြင့်...

"ကောင်းပါပြီဗျာ။ အဲ့ဒီ့ အလောင်းကိုပဲ ရအောင်ရှာစမ်းပါဦး။"

ထိုစဉ် ရဲတစ်ဦးက....

"ဆရာ ကျွန်တော်တို့ စတိုခန်းထဲ စစ်မလို့ဟာကို ပေးမဝင်ဘူး။"

သျှန်နောင်မှာ ထိုစကားကြောင့် ခန္ဓာကိုယ် မသိမသာ တောင့်သွားမိသည်။ ဤသည်ကို သတိထားမိသော ခွန်တိုက်ဆန်းက သူ့ကို ခပ်လှောင်လှောင်ကြည့်ကာ...

"ဧကန္တတော့ ဧကန္တပဲနော်...."

သျှန်နောင်ကတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ အထဲမှာ ရှင်းလင်းနေတာများ မပြီးသေးလို့ မဖွင့်ပေးတာလားဟု စိတ်ထဲက တွေးထင်မိတော့သည်။

"မဖွင့်လို့ ရမလား။ ငါတို့မှာ ရှာတဲ့ ဝရမ်းပါတယ်။ အကုန်လုံး ဝတ္တရားနှောင့်ယှက်မှုနဲ့ အချုပ်ထဲ တန်းစီပြီး ဝင်ရမယ်။ ဘာမှတ်လဲ။"

ခွန်တိုက်ဆန်းက ကြိမ်းဝါးလိုက်ပြီး အလွန်အမင်း အူမြူးနေသော မျက်နှာဖြင့် စတိုခန်းရှိရာသို့ လျှောက်သွားတော့သည်။ သျှန်နောင်မှာလည်း မနေသာတော့သဖြင့် နောက်မှ လိုက်ပါရတော့သည်။ အခန်းဝသို့ရောက်သောအခါ ခွန်တိုက်ဆန်းက သျှန်နောင်အား စတိုခန်းတံခါးဖွင့်ပေးရန် မေးငေါ့ပြသည်။ သျှန်နောင်လည်း တစ်စက္ကန့်မျှပင် မဆိုင်းပဲ အခန်းဝတွင် ရပ်နေသော ကောင်လေးနှစ်ယောက်အား မျက်ရိပ်ပြကာ ခပ်တိုးတိုးအသံဖြင့်....

"အထဲမှာ ရှင်းသွားပြီလား။"

ထိုကောင်လေးနှစ်ယောက်က သဘောပေါက်စွာဖြင့်....

"ခုနကပဲ ရှင်းလိုက်တယ် အစ်ကိုကြီး။ ဒါပေမယ့် ဖုံတော့ သေချာမသုတ်ရသေးဘူး။"

သျှန်နောင် နားလည်စွာ ခေါင်းညိတ်လိုက်ပါသည်။ ဒီပုံအတိုင်းဆို အလောင်းတော့မရှိတော့။ သို့သော် လက်စလက်နတချို့ကျန်ကောင်းကျန်နေနိုင်သည် ဟူသောသဘော။

သူ ခွန်တိုက်ဆန်းကို သော့ယူရန်အကြောင်းပြကာ စတိုခန်းနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော CCTV monitor များထားသည့်အခန်းသို့ လျှောက်လာသည်။ သို့သော် CCTV monitor များ ထားသည့်အခန်းရှေ့တွင် ရဲသားတချို့ရပ်နေသည်ကိုတွေ့ရာ။ ခပ်တည်တည်ဖြင့် ထိုအခန်းနဘေးရှိ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ ရုံးခန်းထဲရောက်လျှင် ပြတင်းပေါက်မှ အသာကျော်ထွက်ကာ ရုံးခန်နှင့်ကပ်လျှက်ရှိသည့် CCTV နှင့် လျှပ်စစ် contort panel များထားသည့် control အခန်းထဲသို့ ပြတင်းပေါက်မှ ကျော်ဝင်လိုက်သည်။ ပြီးလျှင် CCTV မှတဆင့် စတိုခန်းအခြေအနေကို လေ့လာလိုက်သည်။ ထို့နောက် Control penal မှ စတိုခန်း၏ breaker ကိုချလိုက်ပြီး ခပ်တည်တည်ဖြင့် လာရာလမ်းအတိုင်း စတိုခန်းရှိရာသို့ သော့လေးကိုင်ကာ ပြန်ထွက်လာခဲ့သည်။ ထို့နောက် စတိုခန်းတံခါးကို ဖွင့်ပေးကာ သူကိုယ်တိုင်ဦးဆောင်၍ အထဲသို့ ဝင်ခဲ့တော့သည်။

"အာ... မှောင်မဲနေတာပဲ။"

ရဲအရာရှိက ညည်းညူသံက ပြတင်းပေါက်တစ်ပေါက်မှမရှိသော အခန်းထဲသို့ ပြေးဝင်ပျောက်ကွယ်သွားတော့သည်။ သျှန်နောင်က ဘေးနံရံရှိ မီးခလုတ်ကို ဖွင့်လိုက်သော်လည်း သူ ကြိုတင်စီမံထားသည့်အတိုင်း ပွင့်မလာ။ သျှန်နောင် အမှောင်ထဲမှာပင် ယုတ်ယုတ်မာမာပြုံးလိုက်သည်။ ဒီလူတွေ စိတ်တိုသွားမည်မှာ အသေအချာပင်။

"အာ... မီးလုံး ကျွမ်းနေတာနဲ့တူတယ်။ ခင်ဗျားတို့မှာ ဓါတ်မီးပါတယ်မဟုတ်လား။ နောက်ပြီး ခင်ဗျားတို့က အတွေ့အကြုံရင့်ကျက်ပြီးသားဆိုတော့ မီးလိုမယ်လည်း မထင်ပါဘူးဗျာ။"

ဘာမှမထူးဆန်းသလို ပြောနေသော်လည်း လှောင်ပြောင်မှု စွန်းထင်းနေသော သျှန်နောင်၏ လေသံကြောင့် ခွန်တိုက်ဆန်းမှာ ကိုယ့်ကိုယ်ကိုယ် တုံးရန်ကောဟုတွေးမိကာ စိတ်တိုမိတော့သည်။ ဒီလောက် သတိထားနေတာတောင် ထိုမကောင်းဆိုးရွား၏ အကွက်ထဲဝင်ဖြစ်အောင် ဝင်သွားသေးသည်။ မတတ်နိုင်။ ခါးတွင်ချိတ်ထားသော ဓါတ်မီးကို ဖြုတ်ယူကာ ဟိုဟိုဒီဒီထိုးကြည့်လိုက်သည်။

စတိုခန်းဖြစ်သည့် အလျောက် ခုံအဟောင်းများ စားပွဲအဟောင်းတချို့အပါအဝင် တခြားပရိဘောကတချို့နှင့် ဝိုင်ပုလင်းများကို သိမ်းထားသည့် စင်ပေါင်းများစွာရှိသည်။ အခန်းကား အတော်အတန်ကျယ်ဝန်းသော်လည်း ပြတင်းပေါက်ဟူ၍ တခုမျှမရှိသော်လည်း တံခါးနှစ်ပေါက်တော့ရှိသည်

သျှန်နောင်ကတော့ ခပ်အေးအေးပင် အစောက ဟိုမသာရှိခဲ့သည့်နေရာတည့်တည့်တွင် ရပ်၍ ထိုလူများ လက်နှိပ်ဓါတ်မီးဖြင့် ဟိုထိုးဒီထိုးလုပ်နေသည်ကို လက်ပိုက်ကာ ကြည့်နေလိုက်သည်။

ခွန်တိုက်ဆန်းမှာ စိတ်ထဲတွင် တော်တော်ကြီးကို မတင်မကျ။ သေမှုသေခင်းလိုက်သော ရဲမဟုတ်သော်လည်း စုံထောက်တဦး၏ ဉာဉ်ဟုဆိုရမလားမသိ။ မီးမလာဆိုကတည်းက ဒီနေရာသည် မသင်္ကာစရာကောင်းသည်ကို သူသိနေသည်။ သို့သော် ဘာလဲဆိုတာ ရှာမတွေ့။ အတန်ကြာအောင် ရှာသည့်တိုင် ဘာမှ မထူးခြား။ ခွန်တိုက်ဆန်းညစ်တော့ ညစ်လာပြီဖြစ်သည်။

ထိုစဉ် အခန်းဝနားမှ ရဲတပ်သားတစ်ဦးထံမှာ အသံထွက်လာသည်။

"ဒီမှာ ဆေးလိပ်တိုတွေ့တယ်။ ရှာဖွေပုံစံနဲ့ သိမ်းမယ်။"

သျှန်နောင် စိတ်ထဲ စနိုးစနောင့်ဖြစ်သွားသည်။ သူ့ ဆေးလိပ်များလား? သို့သော် မဖြစ်တော့မဖြစ်နိုင် သူ့ဆေးလိပ်က ငသိန်းတို့ သိမ်းမသွားလျှင်တောင် သူတို့ဝင်လာသော အပေါက်နားတွင်မရှိနိုင်။

"ဒါဆို တံခါးဝက ဆေးလိပ်တွေကိုပါ သိမ်းသွားလေ"

သျှန်နောင် ခပ်တည်တည်ဖြင့် အငေါ်တူသလိုပြောလိုက်သည်။ သူ၏ တိုက်စစ်မှာ အောင်မြင်သည်ဟုဆိုရမည်။ ထိုရဲသားမှာ ပါးစပ်ပိတ်သွားပြီး ဆေးလိပ်ကို လွှတ်ပစ်လိုက်သည်။

ခွန်တိုက်ဆန်းတို့မှာ တစ်နာရီမျှ ထိုအခန်းထဲတွင် ချွေးတလုံးလုံးနှင့် ရှာဖွေပြီးမှ လက်လျော့ကာ ပြန်လာခဲ့ရတော့သည်။ သူနားမလည်။ အမှန်အတိုင်းပြောရလျှင် သူတို့အားလုံး ဤနေရာကို မျက်ခြေမပြတ်ကြည့်နေသည်မှာ ဦးဘုန်းမြတ်လျှံ ဖုန်းဆက်ကတည်းက။ ယခုဆို နှစ်ရက်မျှရှိပြီဖြစ်သည်။ ဒီကောင် အလောင်းကို ဘယ်လို ဖျောက်ဖျက်လိုက်လဲဆိုတာကို နားမလည်တော့။

"ဒီလူတွေ တော်တော်တော့ နှာကစ်သွားမယ်။"

ရဲများ ဆိုင်ထဲမှ ပြန်ထွက်သွားသည်နှင့် ဟန်သိုက မှတ်ချက်ပေးလိုက်သည်။ သျှန်နောင်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

"ဒါနဲ့ ဟိုကောင့်အလောင်းက ဘယ်မှာလဲ။"

"kitchen ထဲက freezer အကြီးထဲမှာရှိတယ် အစ်ကိုကြီး။ အသားငါးတွေ အောက်မှာ ထည့်ထားတယ်။ ဒီကောင်တွေ စတိုခန်းကိုပဲ မည်းနေလို့ အဲ့ဒီ့ freezer ကို ရှာမသွားဘူး။"

သျှန်နောင် ခပ်လှောင်လှောင်ပြုံးလိုက်သည်။ ဒီလိုဖြစ်အောင်လည်း သူဖန်တီးခဲ့တာ မဟုတ်လား။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို စတိုခန်းထဲမှ သဲလွန်စသေးသေးလေးများကို မတွေ့ရအောင် မီးဖြတ်ပစ်ခဲ့သည်။ ထိုလူတွေ စတိုခန်းကိုပဲ မသင်္ကာဖြစ်ကာ ဒီတနေရာထဲကိုပဲ အာရုံရောက်နေချိန်တွင် တကယ့်ရှိသော နေရာကို ရှာရန်မေ့လျော့သွားတော့သည်။

"အဲ့ဒီ့ အလောင်းကို ဒီည ကြည့်စီစဉ်လိုက်။ ငါ ပြန်လိုက်ဦးမယ်။"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး"

ကားပေါ်ရောက်သည်နှင့် တေဇအား ဖုန်းခေါ်ကာ...

"ကိုတေဇ..."

"ပြော... အသဲလေး"

တဖက်မှ ရိသဲ့သဲအသုံးအနှုန်းကို လျစ်လျူရှုကာ...

"ခင်ဗျားရဲ့လင် ခွန်တိုက်ဆန်း လာသွားတယ်။ မြို့နယ်စခန်းမှုးနဲ့လာတာ။ ကျွန်တော့်ကလပ်ကို စစ်လားဆေးလားနဲ့။ လာတဲ့အမှုက ဦးမြတ်ဘုန်းလျှံရဲ့လူ ဝင်းထွတ်ပျောက်တဲ့ကိစ္စတဲ့။"

"သူက ဘာကိစ္စနဲ့ လူပျောက်ရှာနေရတာလဲ"

တေဇပင်လျှင် ကြောင်တောင်တောင်ဖြစ်သွားသည်။

"အဲ့ဒါ ကျွန်တော်မေးရမယ့် မေးခွန်းလေ။ ခင်ဗျားတို့ ဝင်းထွတ်ကို မူးယစ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားလို့လား။"

"မထုတ်ထားပါဘူး။"

တေဇ ခဏမျှတိတ်ဆိတ်သွားပြီး သဘောပေါက်သွားဟန်ဖြင့်...

"မဟုတ်မှလွဲရော ဒီကောင်ကို ဦးမြတ်ဘုန်းလျှံက ချုပ်ထားလိုက်ပြီနဲ့တူတယ်"

"ခင်ဗျား သဘောပေါက်လွယ်သားပဲ။ ဒီထက် သဘောပေါက်ပြီး အကွက်ကျော်မြင်ရင် ခင်ဗျား ရာထူးတိုးနိုင်တယ်။"

တေဇ သိလိုက်ပါသည်။ သျှန်နောင်ဆိုလိုသည်မှာ ခွန်တိုက်ဆန်းကို ခုတုံးလုပ်ကာ အဂတိလိုက်စားမှု၊ လာဒ်ပေးလာဒ်ယူမှုတို့ဖြင့် အားလုံးကို တန်းစီကာ ဖမ်းရန်။

"အဟားဟား... သျှန်နောင် မင်းက လူလည်ပဲကွ။ ငါ့ကို မင်းရဲ့ရန်သူတွေကို ရှင်းခိုင်းနေတာလား။"

"Win-winလေဗျာ။"

------------

သျှားအိမ်မှာ မရီးဖြစ်သူ သင်းသင်း၏ လက်ထဲမှ ကလေးအား သူစိမ်းတရံလို ကြည့်နေသော အစ်မဖြစ်သူ၏ အကြည့်များကြောင့် သက်ပြင်းချမိသည်က အကြိမ်ကြိမ်။

"ကလေး နာမည်ကော ရွေးပြီးသွားပြီလား။"

သင်းသင်းက တက်ကြွစွာ မေးလိုက်သော်လည်း မေဇူးမောင်ကတော့ အေးတိအေးစက်ပင်။

"ဟင့်အင်း"

"ကဲ... ကလေးအမေ ကလေးကို နို့တိုက်ချိန်ရောက်ပြီ။"

သုံးနာရီခြားတစ်ခါ နို့တိုက်ရမည်ဖြစ်ရာ တာဝန်ကျ သူနာပြုဆရာမက ကလေးနို့တိုက်ရန် လာရောက် သတိပေးရှာသည်။ မေဇူးမောင်က မကြားသလိုလုပ်နေသည်။ မင်းလွင်က မနေနိုင်သဖြင့်...

"မဇူး နို့တိုက်ဦးလေ။"

"ဟင့်အင်း..."

"ဟယ်... ကလေးအမေ... ဘာ ဖြစ်လိုဖြစ်လဲ။ နို့တိုက်မှ ရှင်လည်းနို့ထွက်မယ်။ ကလေးအတွက် ရောဂါခုခံကာကွယ်နိုင်မယ်လေ။ ဒီအချိန်က သိပ်အများလည်း တိုက်ဖို့မလိုပါဘူး။ တစ်စက်၊ နှစ်စက်ဆို လုံလောက်တာမျိုး။ တခုတော့ရှိတာပေါ့ သုံးနာရီခြားတခါတိုက်ပေးဖို့တော့လိုတယ်။"

သူနာပြုဆရာမက ဝင်၍ ဖြောင့်ဖျရှာပါသည်။ မေဇူးမောင်ကတော့ တုံဘာဝေဆိတ်ဆိတ်သာနေပါ၏။

"မဇူး..."

သျှားအိမ်က မသိမသာ လက်မောင်းကို ပုတ်လိုက်လျှင်...

"ဟင့်အင်း..."

မေဇူးမောင်က ငြင်းဆန်ဆဲ။ သူနာပြုဆရာမမှာ အံ့သြတကြီးဖြင့်...

"ရှင် ဘယ်လို အမေလဲ။ ကိုယ့်ကလေးကိုယ် နို့တိုက်...."

"နင့် ပါးစပ်ကို ပိတ်ထားစမ်း။ နင့်အပူတပြားပါလို့ ဝင်ပြောနေတာလား။ ကိုယ့်နေရာကိုယ် မနေဘူး။"

မေဇူးမောင်မှာ သူနာပြုဆရာမအား ဒေါသတကြီးဖြင့် ပိတ်အော်လိုက်တော့သည်။ ဒီတခါ အံ့သြသွားရသူက သျှားအိမ်အပါအဝင် မင်းလွင်တို့ လင်မယား။ သူတို့တစ်သက် အစ်မဖြစ်သူ ဤမျှ ဒေါသတကြီးဖြင့် စိတ်လွတ်ကိုယ်လွတ်ပြောဆိုသည်ကို မမြင်ဖူးခဲ့။ သျှားအိမ်မှာ သူနာပြုကို အပြင်သို့ ခေါ်ထုတ်သွားကာ တောင်းပန်ရတော့သည်။

"ကျွန်တော့်အစ်မ ကိုယ်စားတောင်းပန်ပါတယ် ဆရာမရယ်။"

"ရပါတယ်။"

သို့သော် သူမ၏ မျက်နှာမှာ မကြည်လင်။ ထိုစဉ် သျှန်နောင်မှာ အနားရောက်လာပြီး....

"အားလုံး အဆင်ပြေရဲ့လား မောင်"

သျှားအိမ်မှာ သက်ပြင်ရှည်ကြီးကို ချကာ အစောက ဖြစ်ပျက်သမျှကို ပြောပြလိုက်သည်။ ဖြစ်ချင်တော့ သူစကားပြောပြီး၍ အခန်းထဲ ခြေချတုန်းရှိသေးသည် မေဇူးမောင်၏ ဆရာဝန်ရောက်လာကာ မီးနေသည်နှင့် ပတ်သက်၍ သတိထားသင့်သည်များကို ရှင်းပြတော့သည်။

"ကလေးမွေးပြီးခါစ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့်ရော... နောက်ပြီး အိပ်ရေးပျက်တာတွေကြောင့်ပါ နှစ်လ၊ သုံးလအထိ ဒီလို စိတ်တိုတာ စိတ်ကျတာတွေဖြစ်တတ်တယ်။ အကြောင်းမရှိပဲ ငိုချင်တာ။ တခါတလေ မျှော်လင့်ချက်မဲ့နေသလိုဖြစ်တာတွေ။ ဒါတွေက အဖြစ်များတဲ့လက္ခဏာတွေပေါ့။ တချို့ဆို အရမ်းကို စိတ်အခြေအနေဆိုးလာပြီး ကိုယ့်ကိုယ်ကိုယ် ရန်မူတာ၊ ကိုယ့်ကလေးကို ကိုယ်ရန်မူတာမျိုးတောင်ရှိတယ်။ ဒါကြောင့် စိတ်ထဲမှာ အရမ်းခံရခက်လာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ Postpartum depression ဖြစ်နိုင်သလို... ပိုဆိုးတဲ့ Postpartum Psychosis ဖြစ်နေနိုင်လို့ပါ။ နောက်ပြီး သူ့ အိမ်သားတွေ အနေနဲ့ သူ့ကို နားလည်ပေးဖို့ လိုအပ်တယ်။"

ဆရာဝန်မက ရှင်းပြနေရင်းမှ သျှန်နောင်ဘက်လှည့်ကာ...

"အဓိကကတော့ အမျိုးသားပဲပေါ့။ ကိုယ်အမျိုးသမီးကိုကိုယ် ပိုပြီး နားလည်ပေးသင့်ပါတယ်။ သူကတော့ အရင်က ဒီလိုမဟုတ်ပါဘူး။ အခုကြမှ ဘာဖြစ်တာလဲဆိုပြီတော့ တွေးကောင်းတွေးနိုင်ပါတယ်။ တခါတလေ ကိုယ့်မိန်းမကိုယ်ရိုက်ပစ်ချင်စိတ်တောင် ပေါက်နိုင်ပါတယ်။ ဒီအချိန်မှာ စိတ်လျော့ထားပါ။ သူတောင်မှ အသက်နဲ့ရင်းပြီး ကိုယ့်ကလေးကို မွေးပေးခဲ့တာ။ ကိုယ်က သူ့ကို ဒီလောက်တော့ သည်းခံသင့်ပါတယ်။ ဒါတွေအားလုံးဟာ အခိုက်အတန့်လေးပါ။ သိပ်မကြာခင်ပြီးသွားမှာပါ။ နောက်ပြီး အဖေတွေမှာလည်း Postpartum depression ရနိုင်ပါတယ်။ ကိုယ်စိတ်ထဲမှာ အကြောင်းမရှိဘဲ စိုးရိမ်စိတ်တွေများလာပြီ။ တခုခုပုံမှန်မဟုတ်ဘူးလို့ ခံစားရရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ကဲ နောက်ထပ်မေး စရာမရှိဘူးဆိုရင် ခွင့်ပြုပါဦး။"

ဆရာဝန်မ အခန်းထဲမှထွက်သွားသည်လျှင် သျှားအိမ်လည်း ပြန်ရန် အစ်ကိုတို့ လင်မယားကိုနှုတ်ဆက်လိုက်သည်။ ယနေ့ည သင်းသင်းနှင့် ငှားထားသော သူနာပြုဆရာမလေး စောင့်ပေးမည်ဖြစ်ရာ ဒေါ်ခူးကို ခေါ်ကာ အိမ်ပြန်ခဲ့တော့သည်။

သျှန်နောင်မှာ အိမ်ရောက်သည်အထိ မိမိအား မချိုမချဉ်မျက်နှာပေးဖြင့် ကြည့်နေသော သျှားအိမ်ကြောင့်...

"မောင် ဘာလို့ ပြောင်ချော်ချော်နဲ့..."

"ဪ.... လူတွေက Baby ကို ကလေးအဖေလို့ ထင်နေတာ သဘောကျလို့။"

သျှန်နောင်က ဘုကြည့်ကြည့်ကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။ သျှားအိမ်လည်း အားကျမခံ အဝတ်အစားများကို လျှင်မြန်စွာချွတ်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။ ဒီနေ့အဖို့ ရေချွေတာရမည်ဟူသော အကြောင်းပြချက်ဖြင့် ချစ်သူနှင့် အတင်းပူးကပ်ကာ ရေချိုးလိုက်သည်။ သို့သော် လက်အငြိမ်မနေ၊ ခြေအငြိမ်မနေသော သျှားအိမ်ကြောင့် သျှန်နောင်မှာ ရေဖိုးမသက်သာသည့်အပြင် အအေးမိကာ ဆေးဖိုးကုန်ကိန်းပင် မြင်လာတော့သည်။

"မောင် တော်ပြီ။ ကြာရင် အအေးမိတော့မယ်။"

သျှန်နောင်မှာ သူ၏ အနောက်သို့ ကျူးကျော်လာသော လက်ချောင်းများကြောင့် ကပျာကယာ သတိပေးလိုက်ရသည်။ မပေးလို့လည်းမရ။ ယခုပင် တစ်ဦးကိုတစ်ဦး လက်ဖြင့်ချော့မြူကာ ဆော့ကစားပြီးခါစဖြစ်သည်။ သာယာကျေနပ်မှုတို့က ခန္ဓာကိုယ်တစ်ခုလုံးတွင် တရှိန်းရှိန်းဖြင့် စီးမြောနေဆဲ။

သို့သော် ကျေးဇူးရှင်လေးက သူ့စကားကို နားထောင်ရန်ဝေးစွ။ သူ့အား နံရံရှိရာသို့ မျက်နှာမူစေပြီး နောက်မှနေ၍ ကုပ်ကို ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး...

"ဘာလဲ? Baby က ငြိုငြင်တာလား။"

သူ့နားကို ကပ်ကာ ပြောလာသော ချစ်ရသူ၏ စိတ်ဆန္ဒတို့ ဝေနေသည့် အသံသြသြက သူ့အား မငြင်းသာအောင် ချုပ်ကိုင်ထားပါ၏။ တချိန်တည်းမှာပင် လည်တိုင်ပေါ်သို့ကျရောက်လာသော အနမ်းတို့ကြောင့် သျှန်နောင်မှာ ခံစားချက်တို့ ပြင်းထန်လာတော့သည်။

"အင်...."

ချစ်သူ၏ ညည်းသံချိုချိုက သျှားအိမ်အတွက်တော့ နတ်တို့သီကျူးသော ဂီတသံကဲ့သို့ ငြိမ့်ညောင်းသာယာလှသည်။ တဖက်တွင်လည်း သူ၏ ဆန္ဒတို့ကို ပင်လယ်ရှိလှိုင်းတံပိုးကဲ့သို့ ဆထက်ထမ်းပိုးတိုးစေပြန်သည်။ သောက်လေသောက်လေ ငတ်မပြေဟူသည့်အတိုင်း သူ၏ မွတ်သိပ်မှုတို့ကား တိုးပွား၍ လာပါသည်။ ချစ်သူကို နမ်းရှိုက်ရုံနှင့် မတင်းတိမ်တော့ပါ။ လည်ပင်းမှအစ ပုခုံးအထိ ငုံခဲ၍ ပိုင်ဆိုင်မှု တံဆိပ်များခတ်နှိပ်နေမိသည်။ ထိုသို့ ခပ်နှိပ်နေရင်းမှ ချစ်သူ၏ ရင်ဘတ်ရှိ ပွင့်ဖတ်လေးကို ပတ်သပ်ကာ ကလူကြည်စယ်လိုက်လျှင်...

"အာ... မောင်..."

သျှန်နောင်မှာ ချစ်သူ၏ အထိအတွေ့တို့တွင် ကျရှုံးလျှက်။ သျှားအိမ်ကလည်း အခွင့်အရေးကို အဆုံးအရှုံးမခံ။ သျှန်နောင်၏ လက်များကို ယူ၍ ရေချိုးခန်းနံရံတွင် ထောက်ထားစေသည်။ ထို့နောက် ချစ်သူ၏ အတွင်းပိုင်းကို လက်ချောင်းများဖြင့် အသားကျစေသည်။

"မောင်... အင်း... ကို မောင့်ကို လိုအပ်နေပြီ"

အလိုဆန္ဒတို့ ပြည်လျှံနေသည် ချစ်သူ၏ တောင်းတမှုက သူ့အား အဆုံးစွန်ကို တွန်းပို့မတတ် သက်ရောက်မှုအား ပြင်းထန်လှသည်။

"F*** Baby"

သျှားအိမ်မှာ တစက္ကန့်မျှအဆိုင်းနိုင်တော့။ ချစ်သူနှင့်အတူ လောကစည်းစိမ်းကို ခံစားရန် ခန္ဓာကိုယ်နှစ်ခုကို တစ်သားတည်းဖြစ်စေသည်။

"F*** Baby... s*** မောင် နည်းနည်းမြန်မယ်နော်"

သျှားအိမ်က သူ၏ အကျင့်အတိုင်း ဆဲဆိုကာ သတိပေးစကားဆိုလိုက်သည်။ သျှန်နောင် ခေါင်းညိတ်ရုံငြိမ့်ကာ သျှားအိမ်၏ လက်ကို ဆွဲယူကာ သူ၏ ညီဖွားလေးအား ပွတ်သပ်စေသည်။ သျှားအိမ်ကလည်း အလိုက်သိစွာ အရှိန်ချင်းညှိကာ ပွတ်သပ်ပေးလိုက်သည်။ သိပ်မကြာပါ နှစ်ဦးသား သာယာမှု၏ အထွတ်အထိပ်သို့ရောက်လာတော့သည်။

"မောင်... ကို... ပြီးတော့မယ်။"

"အင်း... မောင်ရောပဲ"

သျှားအိမ်က စကားဆုံးသည်နှင့် သွေးသားတို့ကို ချစ်သူ၏ ခန္ဓာကိုယ်ထဲသို့ သွန်းထုတ်လိုက်သည်။ သျှန်နောင်မှာလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို သူ၏ သွေးသားတို့ကို သျှားအိမ်လက်ထဲသို့ စွန့်ထုတ်လိုက်တော့သည်။ ပြီးလျှင် သျှားအိမ်က ချစ်သူအား ရင်ခွင်ထဲဆွဲသွင်းကာ ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်တော့သည်။

"ဝိုးဟိုး..."

သျှားအိမ်က မြူးကြွစွာ အော်လိုက်လျှင် သျှန်နောင် သဘောကျစွာ ရယ်မိတော့သည်။ ထို့နောက် နှစ်ဦးသား တစ်ဦးကိုတစ်ဦး မြတ်နိုးစွာ ကြည့်လိုက်သည်။

"ချစ်တယ် Baby ရာ။ မောင့်ကိုရော ချစ်ရဲ့လား"

ကလေးတစ်ဦးလို တွတ်တီးတွတ်တာလုပ်ချင်သော ချစ်သူကြောင့် သျှန်နောင် ပြုံးလိုက်ပါသည်။ ထို့နောက် ပါးတစ်ဖက်ကို ဆွဲညစ်လိုက်ပြီး....

"ချစ်တာပေါ့။ ချစ်တာမှ အရမ်း အရမ်း ချစ်တာ"

သျှန်နောင်က ပါးစပ် ပြောလည်းပြော လက်က ညစ်လည်းညစ်လုပ်နေပါသော်လည်း သျှားအိမ်ကတော့ မရုန်းကန်မိ။ မနာလို့တော့မဟုတ်။ ချစ်သူပေးတာဆိုလျှင် နာကျင်မှုကိုတောင် အမှတ်တရတခုအဖြစ် အမြတ်တနိုးသိမ်းထားလိုပါသည်။ မည်သို့ဆိုစေ ချစ်သူအား ပြန်လည် ကျီစယ်လိုသည်ဖြစ်ရာ...

"Baby နော်... ကိုယ့်‌ယောက်ျားကိုယ် ရိုရိုသေသေဆက်ဆံပါ။ ပါးဆွဲနားဆွဲနဲ့ လူကို သူငယ်နာနှပ်စားလေးလို မဆက်ဆံပါနဲ့။"

သျှန်နောင်မှာ သူ့အား နှုတ်ခမ်းတလံပန်းတလံပုံမျိုးဖြင့် ရန်တွေ့နေသော ချစ်သူကြောင့် ရယ်ချင်လာသည်။

"ေ-ာက်ကျိုးနည်း... ဒါဆိုရင် ခင်ဗျားလေးကလည်း ကိုယ့်ထက်အကြီးကို အကြီးလိုဆက်ဆံလေ။"

"ဒါဆိုရင် အကြီးလို ခံစားမိအောင်နေလေ။"

သျှားအိမ်က ပြောနေရင်းဖြင့် သျှန်နောင်၏ ရေစိုနေသော ဆံပင်များကို ဆွဲဖွလိုက်သည်။ သျှန်နောင်မှာ ထိုအပြုအမှုကြောင့် သျှားအိမ်ကို ဘုကြည့်ကြည့်လိုက်ပြီး....

"ကဲ... ရေမြန်မြန်ပြီးအောင်ချိုး။ ဗိုက်ဆာပြီ"

တကယ်ကတော့ သူ ဗိုက်မဆာသေးပါ။ သူရှေ့မှ ယုန်သိုးကြီးကို ရေမြန်မြန်ချိုးစေလို၍ လောဆော်လိုက်ခြင်းသာဖြစ်သည်။

"အင်းပါ။ ဒါနဲ့ ရေပြန်မချိုးခင် အစာကြေဆေးလေးများ...."

သျှားအိမ်ကာ နှုတ်ခမ်းကြီးစူကာ သျှန်နောင်ထံ ပြေးဝင်လာတော့သည်။ သျှန်နောင်က တွန်းဖယ်လိုက်ကာ....

"တော်ပြီ"

"ဟာ... ညိုညင်တာလား။"

"အင်း.... ညိုညင်တယ်။ မဟုတ်ရင် ကျုပ် ဒီတစ်သက် ဒီရေချိုးခန်းထဲမှာပဲ အရိုးထုတ်ရလိမ့်မယ်။"

"Baby ကလည်းကွာ ကပ်စေးနည်းလိုက်တာ"

သျှန်နောင် မကြားဟန်ပြုကာ ရေအမြန်ချိုးပြီး အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ ဒါတောင် ကော်လိုကပ်နေသည့် သျှားအိမ်ကြောင့် ထိုနေ့က ညစာကို ညသန်းခေါင်မှ စားဖြစ်တော့သည်။ မစားလို့လဲမဖြစ်။ ချစ်နလံထတာများသွား၍ နှစ်ယောက်စလုံး အကိုက်အခဲပျောက်ဆေးသောက်ရန်လိုသည် မဟုတ်လား။

--------------------------------------

September 10, 2019 Tuesday.

Edited on – Jan 31, 2021

--------------------------------------

Warning ⚠️: Mature Contents (18+)

>>>>>ZawGyi<<<<<

မိုင္းမိုင္ ျပတင္းေပါက္မွတဆင့္ ညိဳမိုင္းေနေသာ ေကာင္းကင္ကို ၾကည့္မိသည္။ စာဖြဲ႕ျခင္းငွာမစြမ္းသာေသာ နာက်င္မႈတို႔၏ ႏွိပ္စက္ျခင္းကို အခါမျပတ္ခံရေသာ သူ႔ ႏွလုံးသားသည္ ဒဏ္ရာဒဏ္ခ်က္မ်ားျဖင့္ ေႂကြသုန္းကာ ေသဆုံးလုလု။ တဖန္ ထိုၿပိဳမေယာင္ဟန္ျပင္ေနေသာ မိုးသားတို႔ ေလႏွင္ရာ လြင့္ပါးသြားခ်ိန္တြင္ ပ်ိဳျမစ္ေသာ ေနေရာင္ျခည္တို႔က အခန္းထဲသို႔ တဖန္ျပန္လည္ ျဖာဆင္းလာျပန္သည္။ သို႔ေသာ္ အသက္ဝိညာဥ္တို႔ ဆိတ္သုန္းေနၿပီျဖစ္ေသာ ႏွလုံးသားၿမိဳ႕ပ်က္အတြင္းမွာေတာ့ မည္းေမွာင္မႈတို႔ျဖင့္သာ ႀကီးစိုးေနျမဲ။

မနက္ျဖန္ဆိုလၽွင္ ကိုႀကီး၏ ရက္လည္ဆြမ္းေကၽြးပင္ ေရာက္ေတာ့မည္။ တျခားသူေတြေျပာသလို သူ႔အား ကိုႀကီးက လာႏႈတ္ဆက္မွာလား? လာလၽွင္ေကာ သူ သိပါ့မလား။ သူ သိေအာင္ေကာ ကိုႀကီးက ႏႈတ္ဆက္မွာတဲ့လား။ႏႈတ္ဆက္ၿပီးရင္ေကာ ကိုႀကီးက ဘယ္ဘုံဘဝကို ကူးေျပာင္းမွာလဲ။ သူထံကို လူဝင္စားအျဖစ္ ျပန္လာဦးမွာလား။ ထိုသို႔ ေတာင္စင္ေရမရ အေတြးတို႔ၾကားတြင္ ဦးတည္ရာမဲ့ စီးေျမာေနရင္းမွ တံခါးေခါက္သံေၾကာင့္ သတိဝင္လာသည္။

ေက်ာရိုးမဲ့ေနေသာ ၿပိတၱာတစ္ေကာင္လို စိတ္ပ်က္ဖြယ္ရာပုံမ်ိဳးျဖင့္ ထိုင္ေနရာမွ အားယူက ထလိုက္ၿပီး လဲၿပိဳေတာ့မေယာင္ ေျခလွမ္းမ်ားျဖင့္ တံခါးရွိရာဆီသို႔ ေလၽွာက္သြားကာ တံခါးဖြင့္ေပးလိုက္သည္။ ထင္သည့္အတိုင္ပင္ ေလးေနာင္က တံခါးဝတြင္ မားမားႀကီး ရပ္ေနသည္။ ၾကည့္ရသည္မွာ အျပင္သြားေတာ့ မလို႔ႏွင့္ တူသည္ T-shirt အနက္ေရာင္ ကိုယ္က်ပ္ႏွင့္ slim fit style pants မီးခိုးေရာင္တထည္ကို ဝတ္ဆင္ထားသည္။

"မိုင္းမိုင္ မင္းကို ဟိုေန႔က ကလပ္ကို သြားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေျပာစရာရွိတယ္။"

မိုင္းမိုင္ သိလိုက္ပါၿပီ။ သူ အရက္ေသာက္ေသာ ကိစၥကို ဆူေတာ့မည္ဆိုတာကို။ ထို႔ေၾကာင့္ သူ အသာေလး ပါးစပ္ပိတ္ေနလိုက္သည္။ ထင္သည့္အတိုင္းပင္...

"မင္းသိဖို႔က... အရက္ေသာက္လို႔ အသည္းကြဲတာ ေပ်ာက္တဲ့လူ မရွိေသးဘူး။ စိတ္ညစ္လို႔၊ အသည္းကြဲလို႔ အရက္ေသာက္တယ္ဆိုတာ လူညံ့လူဖ်င္းေတြရဲ့အလုပ္။ အရက္ေသာက္လို႔သာ ျပႆနာအားလုံးေျပလည္သြားက်စတမ္းဆိုရင္ လူတိုင္းအရက္သမားေတြ ျဖစ္ကုန္မွာေပါ့။ ေအး... ႁခြင္းခ်က္ကေတာ့... မ်ားမ်ားေသာက္လို႔ ျမန္ျမန္ေသရင္ေတာ့ စိတ္ညစ္စရာ သိပ္မေတြ႕ရေတာ့ဘူးေပါ့ကြာ။ သက္ဆိုးမွ မရွည္တာ။"

သၽွန္ေနာင္က ေျပာေနရင္းမွ မိုင္းမိုင္ကို စူးစူးစိုက္စိုက္ၾကည့္ကာ...

"ငါ့ကို ေက်းဇူးတရားကို နင္းၿပီး အခြင့္ေကာင္း ယူတယ္ပဲေျပာေျပာ...။ ငါ မင္းကို ေကၽြးေမြးျပဳစုလာတာ လူေကာင္းသူေကာင္းျဖစ္ဖို႔။ အရက္သမားျဖစ္ဖို႔ မဟုတ္ဘူး။ ဒီေတာ့ လုံးဝ မေသာက္ပါနဲ႔။"

"ဟုတ္ကဲ့ ေလးေနာင္။ ကၽြန္ေတာ္ မွားသြားပါတယ္။"

မိုင္းမိုင္က မ်က္ႏွာငယ္ေလးျဖင့္ ေတာင္းပန္စကားဆိုလာေတာ့လည္း သၽွန္ေနာင္မွာ ဆက္မဆူရက္ေတာ့။ ထို႔ေၾကာင့္ ေခါင္းကို ခပ္ဆတ္ဆတ္ၿငိမ့္ၿပီး ခြင့္လႊတ္ေၾကာင္းကို အမူအရာျဖင့္သာ ျပလိုက္သည္။

"အခု ရက္လည္အတြက္ စီစဥ္စရာရွိတာ စီစဥ္ဖို႔ ငါ သြားလိုက္ဦးမယ္။"

မိုင္းမိုင္ ေခါင္းကို ေလးတြဲစြာ ၿငိမ့္လိုက္သည္။

"မင္း အျပင္လုံးဝ မထြက္ပါနဲ႔။"

မိုင္းမိုင္က သေဘာမတူသလို ၾကည့္လိုက္လၽွင္ သၽွန္ေနာင္က သက္ျပင္းခ်ကာ...

"မိုင္းမိုင္ မင္း ဘယ္လို ခံစားရမလဲဆိုတာ ငါသိတယ္။ ဒါေပမယ့္ ဒီလူကို မင္းကိုယ္တိုင္ စီရင္ဖို႔မတန္ဘူး။ မင္းက ငါတို႔လို မဟုတ္ဘူး မိုင္းမိုင္။ ငါတို႔လက္ေတြက ေသြးစြန္းၿပီးသား။ ေနာက္ထပ္ ဒီလို တိရစၧာန္တစ္ေကာင္ရဲ့ ေသြးေတြ စြန္းထင္းသြားလို႔ ဘာမွ မထူးေတာ့ဘူး။ ေအး... ဒါေပမယ့္ မင္းက မတူဘူး။ မင္းက သန႔္ရွင္းၿပီး အျပစ္ကင္းတဲ့လူ။ မင္းက ငါတို႔ ေနခ်င္တဲ့ ဘဝ... ငါတို႔ ျဖစ္ခ်င္ခဲ့ေပမယ့္ မျဖစ္နိုင္ခဲ့တဲ့ဘဝမွာ ေနထိုင္ရမယ့္သူ။ ဒါေၾကာင့္ မင္းရဲ့ဘဝကို အျပစ္အနာအဆာကင္းကင္းနဲ႔ ျဖတ္သန္းပါ။ ေနာက္ၿပီး... သြားေလတဲ့ မင္းရဲ့ ခ်စ္သူကလည္း သူ႔ေၾကာင့္ မင္းလက္ေတြ ေသြးစြန္းမွာကို လိုလားမွာ မဟုတ္ဘူး မိုင္းမိုင္။ ဒါေၾကာင့္ ဒီကိစၥကို မင္း မလုပ္ပါနဲ႔။ ငါ ေတာင္းပန္ပါတယ္။"

မိုင္းမိုင္ သူ႔အား ေတာင္းပန္ျခင္းတစ္ဝက္ႏွင့္ ေခ်ာ့ေမာ့ေနေသာ ေလးေနာင္ကို ခံစားခ်က္မဲ့ေနေသာ မ်က္လုံးမ်ားျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။ သို႔ေသာ္ ထိုခံစားခ်က္မပါသည့္ မ်က္လုံးမ်ားသည္ တဒဂၤအတြင္းမွာပင္ နာက်င္မႈတို႔ျဖင့္ ျပည့္ႏွက္သြားသလို ခႏၶာကိုယ္တစ္ခုလုံးမွာ ေလးေနာင္ေပၚသို႔ ၿပိဳဆင္းလာကာ မ်က္ႏွာကို ပုခုံးေပၚတြင္ အပ္၍ ၾကဴၾကဴပါေအာင္ ေအာ္ဟစ္ကာ ငိုခ်လိုက္ေတာ့သည္။

သၽွန္ေနာင္မွာ ပုခုံးအထက္တြင္ စိုစြတ္လာသည္ကို လ်စ္လ်ဴရႈကာ ဝမ္းနည္းမႈျဖင့္ တစ္သိမ့္သိမ့္တုန္ေနေသာ မိုင္းမိုင္၏ ေက်ာျပင္ကို ပြတ္သပ္ကာ အသံတိတ္ေခ်ာ့ျမဴေနသည္။ ထိုသို႔ ေခ်ာ့ျမဴရင္းမွ ဒီေကာင္ေလးအား အႏွီးေလးျဖင့္ေထြးထားရသည့္ အခ်ိန္ကို ျပန္ေျပာင္းသတိရမိသည္။ ထိုအခ်ိန္ကေတာ့ ေလနာ၍ ထြန႔္ထြန႔္လူးကာ ငိုယိုေနေသာ ဒီေကာင္ေလး၏ နာက်င္ျခင္းတို႔ သက္သာစိမ့္ငွာ သူမွာ တညလုံးခ်ီပိုးကာ လမ္းေလၽွာက္ရသည္။ ယခုေတာ့ ဒီေကာင္ေလး နာက်င္ေနသည္မွာ ႏွလုံးသားျဖစ္ရာ သူအေနျဖင့္ မစြမ္းေတာ့။ အခ်ိန္၏ ခ်ီပိုးသယ္ေဆာင္ျခင္းျဖင့္သာ သက္သာေပ်ာက္ကင္းေပလိမ့္မည္။

မိုင္းမိုင္မွာ သူ႔အား မသက္မသာျဖင့္ ၾကည့္ေနေသာ အိမ္တြင္ ရွိသမၽွလူမ်ားကို ဂ႐ုမစိုက္နိုင္ပါ။ အခ်ိန္အေတာ္ၾကာေအာင္ ရင္ထဲရွိသည္အတိုင္း စိတ္ႀကိဳက္ ေအာ္ဟစ္ငိုယိုပစ္လိုက္သည္။ သူသာ မ်က္ရည္ကုန္၍ အင္အားတို႔သာ ယုတ္ေလ်ာ့လာသည္။ ရင္ထဲမွ ေဝဒနာက ေလ်ာ့မသြားခဲ့။

သၽွန္ေနာင္ကေတာ့ အင္အားကုန္ခန္းသြားဟန္ရွိေသာ တူျဖစ္သူကို အိပ္ရာေပၚသို႔တြဲပို႔လိုက္သည္။ ထို႔ေနာက္ မိုင္းမိုင္အား အိပ္ရာေပၚတြင္ လဲေလ်ာင္းေစကာ ေစာင္ျခဳံေပးလိုက္သည္။

"ကဲ... မင္း အနားယူလိုက္ဦး"

မိုင္းမိုင္ ေခါင္းကို အသာ ၿငိမ့္ျပလိုက္သည္။ သၽွန္ေနာင္က မိုင္းမိုင္၏ ပုခုံးကို အသာအယာပုတ္ၿပီးလၽွင္ ထိုင္ရာမွ ထကာ အခန္းထဲမွ ထြက္သြားေတာ့သည္။ မိုင္းမိုင္းလည္း မို႔အစ္ေနေသာ ေသာ မ်က္ဝန္းမ်ားကို ပိတ္လိုက္လၽွင္ အသိစိတ္တို႔သည္ ပင္ပန္းေနၿပီျဖစ္ေသာခႏၶာကိုယ္မွ ေခတၱမၽွ ခြါက်ဥ္းကာ အိပ္မက္ကမၻာဆီသို႔ ထြက္ခြါသြားေတာ့သည္။ တိုက္ဆိုင္စြာပင္ ထိုအိပ္မက္ကမၻာထဲတြင္ ကိုႀကီးက သူ႔အား ေစာင့္ဆိုင္းေနသည္။ သူတို႔ႏွစ္ဦး အရင္ကလိုပင္ စကားေတြေျပာၾကသည္။ အတူတူ ရယ္ေမာၾကသည္။ ကိုႀကီးႏွင့္ ခ်စ္ခြန္းသီဆိုၾကသည္။ အနမ္းေတြဖလွယ္ၾကသည္။ ၾကယ္ေတြ ေရတြက္ၾကသည္။ အလြန္တရာကို ေပ်ာ္စရာေကာင္းလွပါဘိ။ သို႔ေသာ္ ႐ုတ္တရက္ဆိုသလို ကိုႀကီးက ႏႈတ္ဆက္လာသည္။ သူသြားရေတာ့မယ္တဲ့။ မိုင္းမိုင္ မည္သို႔ပင္ တားဆီးေစကာမူ ကိုႀကီးက ႏႈတ္ဆက္စကားကို ေျပာျမဲအတိုင္းေျပာလၽွက္။ တႀကိမ္တြင္ ထိုႏႈတ္ဆက္စကားႏွင့္အတူ တစ္စုံတရာကိုပါ ေျပာလာသည္။ သူ မၾကာ၍ ျပန္ေမးမည္အျပဳတြင္....

"မိုင္းမိုင္! မိုင္းမိုင္!!!"

မိုင္းမိုင္မွာ ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားသည္မသိ တံခါးေခါက္သံ ခပ္ၾကမ္းၾကမ္းႏွင့္အတူ ေဒၚခူး၏ အေရးႀကီးသုတ္ျပာအသံေၾကာင့္ တံခါးဖြင့္ေပးလိုက္ေတာ့...

"မိုင္းမိုင္... လုပ္ပါဦး။ ဒီမွာ ဇူးဇူး ဗိုက္နာေနလို႔။"

မိုင္းမိုင္မွာ ေခါင္းထဲ ေဝေဝဝါးဝါးျဖစ္ေနတာေတြေတာင္ ဘယ္ေရာက္ကုန္မွန္းမသိ။

"ဟင္... ဒါဆို သူ ဘယ္မွာလဲ။"

ေမးသာေမးရသည္ လူကေတာ့ ေမဇူးေမာင္၏ အခန္းကို ဦးတည္လၽွက္...

"အစ္မဇူး ဘယ္လိုေနလဲ။"

ကုတင္ေပၚတြင္ ေခၽြးစီးမ်ားျပန္ကာ ထိုင္ေနေသာ ေမဇူးေမာင္အား ေမးလိုက္သည္။

"သက္သာသြားျပန္ၿပီ။"

"ဒီလို ျဖစ္တာၾကာၿပီလား။"

"ညကတည္းက... နာလိုက္ သက္သာလိုက္နဲ႔။ ဒါေပမယ့္ တစ္ႀကိမ္နဲ႔ တစ္ႀကိမ္ၾကားက ၾကာတယ္။ အခု အရမ္းစိတ္လာၿပီ။"

"ဘယ္ေလာက္ စိတ္လဲ"

"မိနစ္ ၂၀... အား... နာလာျပန္ၿပီ"

ေမဇူးေမာင္က နာက်င္မႈကို အံ့တင္းတင္းႀကိတ္ကာ ညည္းညဴေနသည္။

"Shoot! ေဒၚခူး.... ဒါေမြးခ်င္လို နာတာ...."

မိုင္းမိုင္မွာ အရံသားဖြားသင္တန္းတြင္ ပို႔ခ်ေပးေသာ ဆရာမႀကီးမ်ား၏ ပို႔ခ်ခ်က္မ်ားကို ျပင္ဆင္ရာတြင္ အေၾကာင္းတိုက္ဆိုင္စြာ ကူညီေပးဖူးသည္ျဖစ္ရာ ကေလးေမြးခ်ိန္တြင္ ျဖစ္တတ္ေသာ မိခင္ေလာင္းမ်ား၏လကၡဏာမ်ားကို ေကာင္းစြာ သိရွိသည္။

"ေဒၚခူး... ေဒၚခူး... ဘာလုပ္ေပးရမလဲ။"

ေဒၚခူးကလည္း ပ်ာယာခတ္သြားေတာ့သည္။ ေအးေလ... သူလည္း ကေလးမေမြးဖူးေတာ့ ဒီလို နဖူးေတြ႕ ဒူးေတြၾကဳံလာေတာ့ ဘာလုပ္ရမွန္းမသိသည္က မဆန္း။

"အကၤ်ီေတြ လိုတဲ့အသုံးအေဆာင္ေတြ ထည့္။ ကၽြန္ေတာ္ ကားသြား ထုတ္လိုက္ဦးမယ္။ အစ္မဇူးက ကိုယ့္ဆရာဝန္ကို ကိုယ္ဖုန္းဆက္ထားေနာ္"

"ေအး... ေအး...."

မိုင္းမိုင္လည္း အကၤ်ီပင္ မလဲနိုင္။ အခန္းထဲျပန္ေျပးကာ ပိုက္ဆံအိတ္ကို ယူ၍ ကား ေျပးထုတ္ရသည္။ ၿပီးလၽွင္ အေပၚျပန္တက္ကာ ေမဇူးေမာင္ကို ကားထဲသို႔တြဲထည့္ၿပီး ေဆး႐ုံရွိရာသို႔ ေမာင္းခဲ့ေတာ့သည္။ လမ္းတစ္ေလၽွာက္လုံးလည္း တညည္းညည္းတညဴညဴျဖင့္ ေနာက္ခန္းတြင္ လိုက္ပါလာေသာ ေမဇူးေမာင္ကို အားေပးရေသးသည္။

"အစ္မဇူး ရလား?"

"အစ္မဇူး ခဏေနာ္... ေရာက္ေတာ့မယ္"

ထိုစဥ္ မီးပြိဳင့္မိသျဖင့္ ေနာက္လွည့္ကာ အားေပးရန္ ပါးစပ္ဟလိုက္စဥ္ ဂါဝန္ေအာက္ပိုင္းတခုလုံး ရႊဲရႊဲစိုေနေသာ ေမဇူးေမာင္ေၾကာင့္ မိုင္းမိုင္မွာ ေခါင္းနဘမ္းပါႀကီးလာသည္။ ၾကည့္ရသည္မွာ ေရမႊာေပါက္သြားပုံရသည္။ ဒီပုံအတိုင္းဆို ေဆး႐ုံျမန္ျမန္ေရာက္မွျဖစ္မည္။ မေတာ္လို႔ လမ္းတြင္ ေမြးသြားမွျဖင့္...

ေမဇူးေမာင္မွာ တစတစႏွင့္ပို၍ စိတ္ကာ ျပင္းထန္လာသည့္ နာက်င္မႈတို႔ကို အံတုရင္း ေဆး႐ုံေရာက္ရန္သာ စိတ္ေစာ၍ေနသည္။ ဒီၾကားထဲ ပိတ္ဆို႔ေနေသာ ယာဥ္ေၾကာမ်ားေၾကာင့္ ဒီတစ္သက္ေရာက္ပါဦးမလားပင္ ေတြးမိသည္အထိ။

"ဇူးဇူး... သမီး ခဏေနာ္။ ေရာက္ေတာ့မယ္။"

ေဒၚခူးကလည္း သူမ၏ နဖူးေပၚမွ ေခၽြးမ်ားကို သုတ္ေပးရင္း အားေပးရွာသည္။

"အစ္ကိုတို႔ တစ္စီးေလာက္..."

"အစ္ကို ဝင္မယ္ေနာ္။ ကၽြန္ေတာ့္အစ္မ ဗိုက္နာေနလို႔ပါ။ ကူညီပါဗ်ာ..."

မိုင္းမိုင္၏ လမ္းေတာင္းသံက နားထဲတြင္ ဝင္လာေသာ္လည္း သူမ အာ႐ုံရွိသည္က အျပင္းအထန္နာက်င္ေနပါေသာ ထိုေနရာ။ တႀကိမ္ႀကိမ္တြင္ သက္သာလာေသာ္လည္း နာက်င္သည့္အခါတြင္ အသက္ကို မနည္းလုရႉရသည္။

"အစ္မဇူး ေရာက္ၿပီ"

"ဇူးဇူး... လာ...။ ေဒၚခူးကိုတြဲ"

ေမဇူးေမာင္မွာ သူမအားကို ကူတြဲေပးေသာ မိုင္းမိုင္းႏွင့္ ေဒၚခူးတို႔၏ လက္ကို အားကိုတႀကီး ဆုပ္ကိုင္ကာ ကားေပၚမွဆင္းလိုက္သည္။ သို႔ေသာ္ ေအာက္ပိုင္းမွ တစ္စို႔စို႔ခံစားခ်က္ေၾကာင့္ ေျခလွမ္းတို႔ မမွန္ေတာ့...

"အင္း... ဇူး ေလၽွာက္လို႔မရ..."

မိုင္းမိုင္မွာ ေခၽြးစီးမ်ားျပန္ေနေသာ သူမကို ၾကည့္ကာ ရင္ထဲမေကာင္း။ ဒီၾကားထဲ လမ္းေလၽွာက္၍ မရဘူးဟု ဆိုလာေသာအခါ... ႏွစ္ခါစဥ္းစားမေနေတာ့။ ေမဇူးေမာင္ကို ဆြဲေပြ႕ကာ မခ်ီလိုက္ၿပီး ကားပါကင္မွသည္ ေဆး႐ုံရွိရာဆီသို႔ ခပ္သြက္သြက္ ေလၽွာက္လာခဲ့ေတာ့သည္။ ေဒၚခူးမွာလည္း အသုံးအေဆာင္ထည့္ထားေသာ ျခင္းေတာင္းႀကီးကို ကိုင္ကာ ေနာက္မွ ခပ္သုတ္သုတ္လိုက္ရေတာ့သည္။

ေတာ္ေသးသည္။ ေဆး႐ုံထဲေရာက္ေတာ့ nurse မ်ားက အသင့္ေစာင့္ေနရွာသည္။ မိုင္းမိုင္လည္း ေမဇူးေမာင္အား လူနာတင္လွည္းေပၚသို႔ တင္လိုက္ၿပီး ေမြးခန္းအဝအထိ လိုက္လာခဲ့သည္။

"ကေလး ေခါင္းထြက္ေနၿပီ"

"လူနာက due date ဘယ္ေတာ့လဲ။"

"ေနာက္တစ္ပတ္ခြဲမွာ မဟုတ္လား။"

"ဓါတ္မတည့္တာ ဘာရွိလဲ"

"ခဏေလးေနာ္။ မညစ္နဲ႔ဦး"

"ေမသူ theatre 3 ready ပဲ။"

"ဆရာဝန္ႀကီးေရာ"

"ေရာက္ၿပီ"

စသည္ျဖင့္ nurse မ်ား၏ တစ္ေယာက္တစ္ေပါက္ ေျပာသံမ်ားႏွင့္အတူ ေမြးခန္းထဲသို႔ ဝင္သြားေတာ့သည္။ မိုင္းမိုင္မွ ထိုအခါက်မွ ေမြးခန္းအျပင္ရွိ ခုံတန္းေလးတြင္ ေျခပစ္လက္ပစ္ထိုင္လိုက္သည္။ ထို႔ေနာက္ အနားတြင္ လာထိုင္ေသာ ေဒၚခူးအား...

"ေဒၚခူး ငါးခူမင္းပရိတ္ရလား"

ေဒၚခူးမွာ အတန္ၾကာေအာင္ စဥ္းစားၿပီးမွ

"ငါးရံ့မင္း ပရိတ္မဟုတ္ဘူးလား။"

မိုင္းမိုင္က မေသခ်ာသလိုပုံျဖင့္ ေဒၚခူးကို ျပန္ၾကည့္လိုက္သည္။

"ဟို အမ်ိဳးသမီးေတြ အခုလို ကေလးေမြးရင္ ရြတ္တဲ့ဟာေလ"

"အဲ့ဒါ အဂၤဳလိမာလသုတ္ပါကြယ္"

"အင္း... အဂၤဳလိမာလဆိုေတာ့လည္း အဂၤဳလိမာလေပါ့။ အဲ့ဒါ ရရဲ့လား။"

"အင္း... ရတယ္"

"ရရင္ ရြတ္ေလဗ်ာ။ ဒါမွ အစ္မဇူး ေရွာေရွာရႉရႉေမြးမွာ"

မိုင္းမိုင္က ေဒၚခူးကို အပူကပ္ရေတာ့သည္။ ေမဇူးေမာင္ႏွင့္ မရင္းႏွီးသည့္တိုင္ သူမကို ျမင္လၽွင္ ဘာေၾကာင့္ရယ္မသိ သြားေလသူ မိခင္ႀကီးကို သတိရမိသည္။ သူ၏ မိခင္လည္း သူ႔ကိုေမြးတုန္းက ဤသို႔ပင္ နာက်င္ေပလိမ့္မည္။ သူ ဆရာမႀကီးမ်ားထံမွ ၾကားဖူးသည္က ထိုကေလးေမြး၍ နာက်င္ရေသာ နာက်င္မႈသည္ ခႏၶာကိုယ္ရွိ အရိုးမ်ားအားလုံးက်ိဳးသြားေသာအခါ နာက်င္ရသည့္ နာက်င္မႈထက္ အဆေပါင္းမ်ားစြာ ျပင္းထန္သည္ဟူ၏။ ထိုသို႔ေသာ နာက်င္မႈမ်ိဳးကို အားႏြဲ႕ပါသည္ဟု သတ္မွတ္ထားေသာ မိန္းမသားမ်ားသာ ခံနိုင္ပါ၏။ ထိုသိုခံနိုင္ရည္ရွိေအာင္လည္း သဘာဝတရားႀကီး အမ်ိဳးသမီးမ်ားအား မ်က္ႏွာလိုက္စြာျဖင့္ နာက်င္မႈကို ႀကံ့ႀကံ့ခံနိုင္သည့္ ခံနိုင္ရည္စြမ္းတို႔ကို ျမင့္မားစြာ ဖန္တီးေပးထားပါ၏။

ေဒၚခူးခမ်ာမွာလည္း ထိုအခါမွ ရသမၽွကို လုံးလည္ခ်ာလပတ္လိုက္ေအာင္ ရြတ္ဖတ္သရဇၨယ္ရေတာ့သည္။

--------------------

သၽွန္ေနာင္မွာ မိုင္းမိုင္ထံမွ ဖုန္းရရခ်င္း သၽွားအိမ္အား ဖုန္းေခၚကာ မဇူး ေဆး႐ုံတြင္ ေမြးေနၿပီဆိုသည့္အေၾကာင္းေျပာရသည္။ သၽွားအိမ္မွာ စိုးရိမ္ျခင္းတစ္ဝက္ ဝမ္းသာျခင္းတစ္ဝက္ျဖင့္ တုန္ရင္ေနသည္။ သၽွန္ေနာင္က ေဆး႐ုံသြားရန္ လာေခၚမည္ဟု ဆိုကာ ဖုန္းခ်လိုက္လၽွင္ အစ္ကိုျဖစ္သူ မင္းလြင္ထံ ဖုန္းေခၚကာ မဇူးအေၾကာင္းေျပာရေသးသည္။ သၽွန္ေနာင္ႏွင့္တြဲစက မၾကည္လင္ေသာ မင္းလြင္မွာ ေမဇူးေမာင္ suicide လုပ္ရန္ႀကံစည္သည့္ ကိစၥအၿပီးတြင္ အစ္မျဖစ္သူႏွင့္ ပတ္သက္၍ သူ႔ႏွင့္ ေခၚေခၚေျပာေျပာေတာ့ရွိလာသည္။ ဈာန္လင္းခန႔္ေႏွာင့္ယွက္၍ သၽွန္ေနာင္က သူတို႔ႏွစ္ဦးလုံးအား အိမ္ေပၚေခၚထားၿပီးခ်ိန္တြင္ေတာ့ ေတာ္ေတာ္ေလး ျပန္၍ အဆင္ေျပလာသည္။ သူႏွင့္ သၽွန္ေနာင္အား သေဘာမတူသည့္တိုင္ အကန္ေတြ သိပ္မလုပ္ေတာ့။

မင္းလြင္အား ဖုန္းေခၚၿပီးလၽွင္ ခခကို ဖုန္းေခၚကာ သူ႔အစားလာေပးရန္ အကူအညီေတာင္းရသည္။ အလြန္သေဘာမေနာေကာင္းေသာ ခခမွာ "ကေလး"ဟူေသာ အသံၾကားသည္ႏွင့္ ဝမ္းပန္းတသာ ကူညီမည္ဟုေျပာရွာပါသည္။ သူဖုန္းခ်ၿပီး သိပ္မၾကာ သၽွန္ေနာင္မွာ ေလလိုအလ်င္ႏွင့္ ဆိုင္ထဲသို႔ ေရာက္လာေတာ့သည္။ သို႔ေသာ္ ခခက မေရာက္ေသး။ တိုးငယ္တစ္ေယာက္တည္းထားခဲ့ရမည္ကိုလည္း အားနာေနသည္ျဖစ္ရာ သၽွန္ေနာင္ကို ထိုင္ေစာင့္ခိုင္းရေတာ့သည္။ ဤသည္ကို ရိပ္မိေသာ တိုးငယ္က ဆိုင္ကိစၥအားလုံးကို တာဝန္ယူပါေၾကာင္းႏွင့္ သူ႔အား သြားရန္တိုက္တြန္းသျဖင့္ ေနာက္ဆုံးတြင္ အလုပ္အား လက္စမၽွပင္ မသတ္နိုင္ ခ်က္ခ်င္းပင္ ေဆး႐ုံသို႔ ေျပးရေတာ့သည္။ စိတ္ထဲတြင္ေတာ့ ဒီႏွစ္ေယာက္ႏွင့္ ႏွင္းႏွင္းကို ႏွစ္ကုန္လၽွင္ Bonus ေကာင္းေကာင္းေပးရန္ ေတးထားလိုက္သည္။ ဒီသုံးေယာက္က သူ႔အတြက္ တကယ့္ကို စိတ္ေစတနာေကာင္းေကာင္းျဖင့္ အလုပ္လုပ္ေပးၾကေသာ သူမ်ားမဟုတ္လား။

ေဆး႐ုံေရာက္ေတာ့ တကယ့္အခ်ိန္ေကာင္း။ Nurseက ကေလးကို ခ်ီကာ ေမြးခန္းထဲမွ ထြက္လာေသာအခ်ိန္....

မိုင္းမိုင္မွာ ခြဲခန္းထဲမွ nurse က ကေလးနီတာရဲေလးကို ေပြ႕ကာထြက္လာလၽွင္ ဝမ္းသာအားရျဖင့္ အနားကပ္သြားေသာ္လည္း မခ်ီရဲသျဖင့္ ဒီအတိုင္းသာ ၾကည့္ေနသည္။ ထိုစဥ္ သၽွားအိမ္ႏွင့္ သၽွန္ေနာင္လည္း အနားေရာက္လာေတာ့သည္။

"ေမဇူးေမာင္ရဲ့ အိမ္ကလား။"

"ဟုတ္ပါတယ္ခင္ဗ်ား။ ကၽြန္ေတာ္က သူ႔ေမာင္ပါ။ ကေလးအေမရဲ့ အေျခအေနေကာ ခင္ဗ်"

"ေကာင္းပါတယ္။ ေတာ္ၾကာေနရင္ အခန္းေျပာင္းေပးပါ့မယ္။"

သၽွားအိမ္က ေျဖလိုက္ခ်ိန္တြင္ သၽွန္ေနာင္က ထိုကေလးကို nurse မေလး လက္ထဲမွ ေျပာင္းယူကာ ခ်ီၾကည့္ေနသည္။ ဤသို႔ နီတာရဲေလးကို မခ်ီရသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ကိုင္ရတြယ္ရသည္မွာ သိပ္ေတာ့လည္း အစိမ္းသက္သက္မျဖစ္။ ကေလးကလည္း လက္သာသည္ကို သိသည့္အလား သၽွန္ေနာင္၏ ရင္ခြင္ထဲတြင္ ၿငိမ္သက္၍ ေနသည္။ သၽွားအိမ္ကေတာ့ သၽွန္ေနာင္၏ ကၽြမ္းက်င္လွေသာ ကိုင္တြယ္ပုံၾကည့္ကာ ႏွစ္လိုစြာျပဳံးလိုက္သည္။

"ဒါ ရွင့္ရဲ့ ဒုတိယ ကေလးလား။"

Nurse မေလး၏ အေမးေၾကာင့္ သၽွန္ေနာင္မွာ ေၾကာင္အမ္းအမ္းျဖစ္သြားၿပီး သၽွားအိမ္ႏွင့္ မိုင္းမိုင္မွာ ျပဳံးစိစိျဖစ္ကုန္ေတာ့သည္။

"အာ... မဟုတ္ပါဘူး"

"ဪ... ဪ... ဒါေပမယ့္ ရွင္က ကေလးေကာင္းေကာင္းခ်ီတတ္တယ္ေနာ္။""

သၽွန္ေနာင္ ျပဳံး႐ုံသာျပဳံးလိုက္သည္။ Nurse မေလးက ကေလးအား ျပန္ယူလိုက္ၿပီး အထဲသို႔ ျပန္ဝင္သြားေတာ့သည္။ ထိုအခါမွ သၽွားအိမ္မွာ မိုင္းမိုင္ကို ေက်းဇူးတင္ စကားေျပာရေတာ့သည္။

"ေက်းဇူးပါပဲ မိုင္းမိုင္ရာ။ ငါ့ အစ္မကို ကူညီတာ"

"ရပါတယ္။ ျပႆနာ မရွိပါဘူး။"

မိုင္းမိုင္က သၽွားအိမ္ကို ျပန္လည္ ေျဖၾကားလိုက္သည္။ ထို႔ေနာက္ သၽွန္ေနာင္ဘက္လွည့္ကာ....

"ေလးေနာင္ အဲ့ဒါဆို ကၽြန္ေတာ္ ျပန္ေတာ့မယ္။ ရတယ္ မဟုတ္လား။"

"ေအး... ေအး... "

သၽွန္ေနာင္က ေခါင္းညိတ္ျပကာ ေဒၚခူးဘက္လွည့္လိုက္ၿပီး...

"ေဒၚခူးကေတာ့ ဒီမွာ ေနခဲ့ေနာ္။ မဇူးကို ေစာင့္ေပးဖို႔ လူလိုတယ္။"

"ရတယ္ Baby။ Personal Nurse ကို ဒီညက စၿပီးအလုပ္ဆင္းဖို႔ေျပာထားတယ္ ဆိုေတာ့ သူျပန္ခ်င္ရင္ ျပန္ပါေစ။"

သၽွားအိမ္က ဝင္ေျပာလိုက္သည္။ မဇူးက အေစာကတည္းက ကေလးေမြးၿပီးလၽွင္ သူမအား ကေလးႏွင့္ပတ္သက္ၿပီး အကူအညီရေစရန္ သူမႏွင့္ အတူေနမည့္ Nurse ကို တစ္ႏွစ္စာခ်ဳပ္ျဖင့္ အေမၽွာ္အျမင္ရွိရွိ ငွားရမ္းထားသည္။ အမွန္ဆို ေနာက္တစ္ပတ္မွ စဆင္းရန္ျဖစ္ေသာ္လည္း ယခုေတာ့ ကေလးက ခြဲေမြးမည္ဟု သတ္မွတ္ထားေသာ ရက္ထက္ ေစာေမြးသည္ျဖစ္ရာ ထို Nurseကိုသာ ေစာဆင္းေပးရန္ ေတာင္းပန္ရေတာ့သည္။ ကံေကာင္းေထာက္မသည္ဟု ေျပာရမလားမသိ။ ထို Nurse ကလည္း လိုလိုလားလားပင္ အလုပ္လက္ခံလိုက္ေလသည္။

"သူမလာခင္ စပ္ၾကား လိုအပ္လာရင္ေကာ။"

ဤသည္က ထည့္သြင္းစဥ္းစားရန္ ေမ့ေလ်ာ့သြားေသာ အခ်က္ျဖစ္၍ သၽွားအိမ္ ပါးစပ္ပိတ္ေနလိုက္သည္။

"ေဒၚခူးေနခဲ့လိုက္။ ကၽြန္ေတာ္နဲ႔မွ ျပန္။ မိုင္းမိုင္... မင္းက ျပန္ႏွင့္။ အိမ္ကို တန္းတန္းမတ္မတ္ျပန္ေနာ္။"

သၽွန္ေနာင္မွာ တူျဖစ္သူကို မွာရေသးသည္။

"ဟုတ္"

မိုင္းမိုင္ကေတာ့ ေခါင္းေလးညိတ္ကာ တခ်ိဳးတည္းလစ္သြားေတာ့သည္။ မိုင္းမိုင္ သြားၿပီး သိပ္မၾကာလိုက္ ဟန္သို ဆီမွ ဖုန္းဝင္လာသည္။

"ေျပာ... ဟန္သို"

"အစ္ကိုႀကီး ရဲေတြေရာက္လာတယ္။"

သၽွန္ေနာင္ သိလိုက္ပါၿပီ။ ဝင္းထြတ္ ကိစၥႏွင့္ပတ္သက္၍ သူတို႔ထံေရာက္လာတာပဲ ျဖစ္လိမ့္မည္။

"ကၽြန္ေတာ္တို႔ကို စစ္လားေဆးလား လုပ္တယ္။ ဒါနဲ႔ ကၽြန္ေတာ္တို႔က ဘူးခ်ည္းခံေပးလိုက္ေတာ့ မင္းတို႔ အစ္ကိုႀကီးနဲ႔ပဲ ေျပာမယ္လို႔ေျပာၿပီး ျပန္သြားတယ္။"

ဒီပုံအတိုင္းဆိုလၽွင္ ထိုမေအေပးေတြ အနံ့ရလို႔ သူထံလာတာ ျဖစ္ေပလိမ့္မည္။ ၾကည့္ရသည္မွာ ဦးျမတ္ဘုန္းလၽွံက တို႔မီးရွို႔မီးလုပ္လိုက္သည္ႏွင့္တူသည္။ မည္သို႔ျဖစ္ေစ ေနာက္တႀကိမ္ေရာက္လာလၽွင္ ရွာရန္ဝရမ္းမပါဟုမေျပာနိုင္။

"ေအး... ေအး... သေဘာေပါက္ၿပီ။ ငါလာခဲ့မယ္။"

"ဟုတ္ကဲ့ အစ္ကိုႀကီး"

"ေအး... ဒါဆို ဒါပဲ"

"ဟုတ္ကဲ့"

သၽွန္ေနာင္ ဖုန္းခ်လိုက္ၿပီးလၽွင္ သၽွားအိမ္အား...

"ေမာင္ ကို အလုပ္ကေလးတခုေပၚလာလို႔။ သိပ္မၾကာပါဘူး။"

"ဪ... သြားေလ။ Baby ျပန္လာရင္သာ ဖုန္းေခၚလိုက္။"

"အင္း"

သၽွန္ေနာင္မွာ ခ်စ္သူႏွင့္ အၾကည့္တို႔ျဖင့္သာ အနမ္းခ်င္းဖလွယ္ကာ လွည့္ထြက္ခဲ့ေတာ့သည္။ ခ်စ္သူ မ်က္စိေအာက္က ေပ်ာက္သြားသည္ႏွင့္ သူ႔ေခါင္းထဲေရာက္လာသည္က ဟိုတိရစၧာန္ကို ဘယ္လို အေရခြံႏႊာရမလဲဆိုေသာ အေတြးမ်ား။

သၽွားအိမ္ကေတာ့ ခ်စ္သူ၏ ေနာက္ေက်ာကို ၾကည့္ကာ မသက္မသာျဖင့္ သက္ျပင္းသာခ်လိုက္မိေတာ့သည္။ ယခုမွပင္ "ဗလာနံ လူမိုက္တို႔ႏွင့္ မေပါင္းေဖာ္အပ္" ဟူေသာ စကားကို နားလည္ေတာ့သည္။ သူ႔မွာ တေန႔တေန႔ သူခ်စ္ရေသာ ဒီလူအတြက္ စိုးရိမ္ပူပန္မႈတို႔ႏွင့္အတူ ရင္ေလးေနရသည္ မဟုတ္လား။ သို႔ေသာ္ ထိုမဂၤလာတရားေတာ္ကိုျဖင့္ လိုက္နာနိုင္လိမ့္မည္မဟုတ္။ ထိုမေပါင္းေဖာ္အပ္ေသာ လူမိုက္သည္က သူ၏ အသည္းတစ္ျခမ္း၊ သူ႔ဘဝ၏ အဓိပၸာယ္ကို ေဖာ္က်ဴးေနေသာ ေသာ့ခ်က္ျဖစ္ရာ ဤသူအား ပစ္ပယ္ျခင္းသည္ သူ႔ဘဝတစ္ခုလုံးကို ဝမ္းနည္းမႈတို႔ျဖင့္ လမ္းေပ်ာက္ေစေပလိမ့္မည္။ ဒီလိုေတာ့ အျဖစ္မခံနိုင္ပါ။

ထိုစဥ္ ကိုလြင္ႏွင့္ မရီးျဖစ္သူ သင္းသင္း ေရာက္လာၿပီး...

"အဆင္ေျပရဲ့လား သၽွားအိမ္"

"မဇူးေရာ ေနေကာင္းရဲ့လား။"

"ဟုတ္ ကိုလြင္နဲ႔ အစ္မ။ ခနကပဲ ကေလးလာျပေသးတယ္။ နီတာရဲေလး။ မဇူးလည္း က်န္းမာတယ္တဲ့"

"ဪ... ဪ..."

ကိုလြင္ေရာ မရီးပါ ေက်နပ္စြာ ေခါင္းညိတ္လိုက္သည္။ သို႔ေသာ္ ကိုလြင္က သတိရသြားဟန္ျဖင့္....

"ဒါနဲ႔ ဟိုေခြးမသားကို အေၾကာင္းၾကားထားေသးလား။"

ကိုလြင္ဆိုလိုသည္မွာ မည္သူမွန္းသိသည့္ အားေလ်ာ္စြာ သၽွားအိမ္ မ်က္ႏွာမွာ တင္းခနဲျဖစ္သြားၿပီး...

"အဲ့ဒီ့ ေခြးသားကို စိတ္ကူးထဲေတာင္ မထည့္ဘူး။"

"ေအး... ေကာင္းတယ္။ ဒီေကာင္လာရင္ ငါနဲ႔ ထိပ္တိုက္ေတြ႕ဦးမွာ။ ဟိုေန႔ကလည္း ငါ့ဆိုင္လာၿပီး ေ-ာက္ျပႆနာရွာသြားတယ္။ မဇူးကို ငါတို႔က ဖြက္ထားလို႔ ငါတို႔ကို တရားစြဲမယ္တဲ့။ ငါကလည္း ဘာရမလဲ။ သတၱိရွိရင္ လုပ္လိုက္ေလလို႔။ မင္းေတာင္ ေထာင္ထဲအရင္ေရာက္သြားမယ္လို႔။"

ကိုလြင္မွာလည္း အေမွာင္ေလာကႏွင့္ မကင္းသူ ျဖစ္ရာ ဈာန္လင္းခန႔္၏ ေျခလွမ္းမ်ားကို သိေနသည္မွာ မဆန္း။

"ဟိုတစ္ေလာကေတာင္ သူ႔ကြန္တန္နာတစ္လုံး မိသြားတယ္ေလ။ ဘယ္သူ သြားေထာင္လိုက္လဲမသိဘူး။ ငါၾကားတာ... အဲ့ဒီ့ကိစၥ ေျပလည္တုန္းပဲရွိေသးတယ္။ ငါ့ကို လာျဖဲတယ္။ ရမလား။ ပိတ္ေျပာေပးလိုက္တယ္။"

သၽွားအိမ္ ေခါင္းညိတ္လိုက္သည္။ ထိုစဥ္ အခန္းေျပာင္းရန္ေျပာလာသျဖင့္ စကားျပတ္သြားေတာ့သည္။

----------

"ေျဖာင္း"

ဇက္က်ိဳးသံႏွင့္အတူ အသက္ဝိညာဥ္ကင္းမဲ့သြားၿပီျဖစ္ေသာ ဝင္းထြတ္၏ ခႏၶာကိုယ္ကို ၾကမ္းျပင္ေပၚသို႔ ပစ္ခ်လိုက္သည္။ လူ႐ုပ္ပင္ သိပ္မပီသခ်င္ေသာ ထိုသတၱဝါ၏ ေသြးအလိမ္းလိမ္းႏွင့္ မ်က္ႏွာကို မသတီသလိုၾကည့္ကာ တံေတြးျဖင့္ေထြးလိုက္သည္။ ထို႔ေနာက္ ငယ္သားတစ္ဦးက သူ႔အား အလိုက္တသိႏွင့္ လာခ်ေပးေသာ ခုံေပၚတြင္ ေျခပစ္လက္ပစ္ထိုင္လိုက္ၿပီး ေနာက္ထပ္ လူတစ္ဦးက ကမ္းေပးေသာ ေရခြက္ကို ယူကာ တငုံမွ ေသာက္လိုက္သည္။

"မင္း စီးကရက္ေသာက္လား။"

သူ႔ ေဘးတြင္ ရပ္ေနေသာ ထိုေကာင္ေလးကို ေမးလိုက္လၽွင္...

"ဟုတ္ အစ္ကိုႀကီး"

"ငါ့ တစ္လိပ္ေလာက္"

ထိုေကာင္ေလးက ခ်က္ခ်င္းပင္ ထုတ္ေပးကာ မီးျခစ္ပါျခစ္ေပးေသးသည္။ သၽွန္ေနာင္ ေအးေအးသက္သာပင္ ထိုင္ခုံေပၚတြင္ ေက်ာမွီလိုက္ၿပီး ေဆးလိပ္ကို စိန္ေျပနေျပဖြာေနမိသည္။ ဒီလို ေဆးလိပ္မဖြာရတာ ၾကာလို႔လားမသိ ေတာ္ေတာ္ေတာ့ အရသာရွိသား။ ဤသည္မွာ သူ၏ အက်င့္ပင္။ သူသည္ ေဆးလိပ္ကို စြဲစြဲျမဲျမဲေသာက္သူ မဟုတ္ေသာ္လည္း ယခုကဲ့သို႔ ေသြးစြန္းသည့္ ကိစၥအၿပီးတြင္ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္တည္ၿငိမ္ေစရန္ တစ္လိပ္ေတာ့ ဖြာေလ့ရွိသည္။

စတိုခန္းထဲတြင္ ရွိသမၽွ ငယ္သားမ်ားခမ်ာ သူ႔တို႔မ်က္စိေရွ႕တြင္ ေသြးေပေနေသာ လက္ေခ်ာင္းလွလွေလးမ်ားႏွင့္ style က်နစြာ ေဆးလိပ္ဖြာေနေသာ လူကို ၾကည့္ကာ ၾကက္သီးမ်ားပင္ ထမိပါသည္။ အထူးသျဖင့္ သၽွန္ေနာင္ ဦးလၽွမ္းျမတ္စံဆီမွ ထြက္လာၿပီးေသာအခ်ိန္မွ သူ႔လက္ေအာက္သို႔ ခိုဝင္လာေသာ လူငယ္မ်ားဆို အံ့ၾသလြန္း၍ ၾကက္ေသေသလၽွက္ရွိေသးသည္။ ဤလူသည္ နတ္တမၽွ လွပပါေသာ္လည္း ဘီလူးတစ္ေကာင္ကဲ့သို႔ပင္ လူတစ္ေယာက္၏ အသက္တစ္ေခ်ာင္းအား လက္ျဖင့္ခ်ည္းပဲ ရက္ရက္စက္စက္ ဖဲ့ေႁခြပစ္ခဲ့သည္ မဟုတ္လား။ ထို႔ျပင္ ထိုအေလာင္းေရွ႕မွာပင္ ေသြးေအးေအးႏွင့္ အပန္းေျဖသလိုထိုင္ကာ စီးကရက္ကို ဇိမ္ခံဖြာေနေသးသည္။

စီးကရက္တခုလုံး ကုန္ခါနီးမွ ထိုေသာက္လက္စ စီးကရက္ကို တျခားလက္ျဖင့္ ကိုင္ထားေသာ ေရခြက္ထဲသို႔ ပစ္ထည့္ကာ မီးကိုသတ္လိုက္ၿပီး ထိုေရခြက္ထဲမွ ေရျဖင့္ သူ႔လက္မွ ေသြးမ်ားကို ဝင္းထြတ္၏ အေလာင္းေပၚသို႔ ေဆးခ်လိုက္သည္။ ထို႔ေနာက္ အနားရွိ ေကာင္ေလးက ကမ္းေပးေသာ လက္ကိုင္ပုဝါျဖင့္ လက္သုတ္ကာ အေလာင္းေပၚပစ္ခ်လိုက္သည္။ ထို႔ျပင္ ဝင္းထြတ္၏ ေသြးစက္အနည္းငယ္ စြန္းထင္းေနေသာ T-shirt ကိုပါ ခၽြတ္ၿပီး ပုခုံးေပၚပစ္တင္လိုက္သည္။ ထိုတိရစၧာန္၏ ေသြးမ်ားစြန္းထင္ေနေသာ အဝတ္အစားကို ဝတ္ရန္မသတီပါ။ သို႔ေသာ္ ဤအျပဳအမူသည္ကား သူ၏ သြယ္လ်က်စ္လစ္ေသာ ခႏၶာကိုယ္အား လူအမ်ား ျမင္စိမ့္ျခင္းငွာ စကၡဳအာ႐ုံ အလႉႀကီးေပးသလို ျဖစ္ေနေတာ့သည္။ အခန္းထဲမွ ရွိသမၽွ ‌ေယာက္်ားသားတို႔၏ အၾကည့္မ်ားက သူ႔ထံတြင္သာ။ တခ်ိဳ႕ကေတာ့ အားက်၍။ တခ်ိဳ႕ကေတာ့ မ်က္စိပသာဒရွိ၍။

သၽွန္ေနာင္ကေတာ့ သူ႔အား ၾကည့္ေနေသာ မ်က္လုံးမ်ားကို လ်စ္လ်ဴရႈကာ အလွမ္းမကမ္းတြင္ ရပ္ၾကည့္ေနေသာ လူရြယ္တစ္ဦးအား...

"ငသိန္း... သြား... ဒီမသာကို ရွင္းလိုက္။ ေအး... အျပင္မွာ ယူနီေဖာင္းဝတ္ ေခြးအေတြ ေစာင့္ၾကည့္ေနတယ္။ သတိလည္းထားဦး"

"ဟုတ္... အစ္ကိုႀကီး။ စိတ္ခ်ပါ။"

ထို႔ေနာက္ သူ႔၏ အျခားတစ္ဖက္တြင္ ရပ္ေနေသာ ဟန္သိုအား

"ဟန္သို... ရက္လည္ၿပီး ႏွစ္ရက္ေလာက္အထိ ငါ ဆိုင္လာနိုင္ဦးမွာ မဟုတ္ဘူး။ ဒီေတာ့ မင္း ၾကည့္လုပ္ထားလိုက္။ ဒီၾကားထဲ လိုအပ္လို႔ကေတာ့ အခ်ိန္မေရြး ဖုန္းဆက္။ ၾကားလား။"

"ဟုတ္ကဲ့ အစ္ကိုႀကီး"

"ေစာႀကီး ဒီအခန္းကို ရွင္းလိုက္။ ဘာ သဲလြန္စမွ မက်န္ေစနဲ႔"

"စိတ္ခ်ပါ အစ္ကိုႀကီး"

သၽွန္ေနာင္ မွာစရာရွိတာ မွာၾကားကာ ႐ုံးခန္းထဲတြင္ အသင့္ရွိေနေသာ စြပ္က်ယ္အသစ္တစ္ထည္ကို ဝတ္ဆင္ကာ ေသြးစြန္းေနေသာ အကၤ်ီေဟာင္းကို စာရြက္စာတမ္းထည့္ေသာ ေသတၱာတခုထဲ ထည့္ကာ ဆိုင္ထဲမွ ထြက္လာခဲ့သည္။ ကံဆိုးလွစြာပင္ ကားေပၚသို႔ တက္မလို႔ရွိေသးသည္။ ရဲအုပ္အဝတ္အစားႏွင့္ လူအပါအဝင္ ရဲသား ၅ ဦးခန႔္ႏွင့္အတူ ခြန္တိုက္ဆန္း။ သူ႔ထံသို႔ တန္းတန္းမတ္မတ္ေလၽွာက္လာေနသည္။ သၽွန္ေနာင္ ခပ္တည္တည္ျဖင့္ ဟန္သိုအား ဖုန္းေခၚလိုက္ၿပီး...

"ေဟ့... ေအး... မင္းဆီလာသြားတဲ့ ဧည့္သည္ေတြ ငါ့ေရွ႕ေရာက္ေနၿပီ"

"ဟုတ္ အစ္ကိုႀကီး"

ဟန္သို ဖုန္းခ်သြားလၽွင္ ထိုရဲအရာရွိႏွင့္ ခြန္တိုက္ဆန္းမွာ သူ႔ေရွ႕သို႔ ေရာက္ေနၿပီျဖစ္သည္။ သို႔ေသာ္ သၽွန္ေနာင္က မသိက်ိဳးကၽြန္ျပဳကာ သူ၏ ဆလြန္းကားအနီေလး အေနာက္ဘက္သို႔ ေလၽွာက္သြားၿပီး စာရြက္စာတမ္းေသတၱာကို အေနာက္ဖုံးထဲသို႔ ပစ္ထည့္လိုက္သည္။

ခြန္တိုက္ဆန္းေရာ ရဲအရာရွိေရာပါ သၽွန္ေနာင္၏ စြပ္က်ယ္ေအာက္မွ ႀကံ့ခိုင္၍ လွပေသာ ခႏၶာကိုယ္အား သတိမျပဳပဲ မေနနိုင္။ အဓိကအခ်က္ကေတာ့ ၾကည့္လိုက္႐ုံႏွင့္ တိုက္ခိုက္ေရးသမားတစ္ဦး၏ခႏၶာကိုယ္မွန္း သိသာလွ၍ ျဖစ္သည္။

"ငါတို႔ ဘာလို႔လာလဲဆိုတာ မင္းသိမွာေပါ့။"

ခြန္တိုက္ဆန္းက သူ႔အား ေျပာင္ေလွာင္ေသာ မ်က္ႏွာျဖင့္ ဆိုလာသည္။

"လက္စသတ္ေတာ့ ေထာက္လွမ္းေရးမႈးႀကီးပဲ။ အထဲႂကြပါခင္ဗ်ာ"

"ေအးပါ ဝင္မွာပါ။ မင္းရဲ့ ကလပ္ကို ရွာဖို႔ဝရမ္းလည္းပါတယ္။"

"ရွာဖို႔ဝရမ္း? ဘာကိစၥနဲ႔ ဝရမ္း ထုတ္ေပးတာလဲ။"

အမွန္ေတာ့ ဝရမ္းထုတ္ျခင္းအေပၚသူ မအံ့ၾသပါ။ ဦးျမတ္ဘုန္းလၽွံဆိုသည္ကလည္း ဆရာတစ္ဆူျဖစ္ရာ အထက္မွဆိုင္ရာပိုင္ရာေတြကို ႀကိဳးကိုင္ထားနိုင္မည္မွာ ယုံမွားစရာမရွိ။ အစိုးရဝန္ထမ္းဆိုသည္မွာလည္း ပိုက္ဆံလၽွင္ လိပ္ကိုၾကမ္းပိုးျဖစ္ေအာင္ လုပ္နိုင္ေသာ တန္ခိုးရွင္မ်ားျဖစ္ရာ ဤသို႔ ဝရမ္းထြက္လာျခင္းအေပၚ မအံ့ၾသ။ သို႔ေသာ္ သူ႔အတြက္ အထူးသျဖင့္ သူ၏ ငယ္သားမ်ားအတြက္ အခ်ိန္လိုသည္မဟုတ္လား။

"ဝင္းထြတ္ကို ေနာက္ဆုံးေတြ႕လိုက္ၾကတဲ့ ေနရာက မင္းရဲ့ ကလပ္ေလ။"

"ေနာက္ၿပီး မ်က္ျမင္သက္ေသေတြ ေျပာတာက အဲ့ဒီ့ေန႔က ခင္ဗ်ားတို႔နဲ႔ ဝင္ထြတ္တို႔ အုပ္စုရန္ျဖစ္တယ္။ ေနာက္ၿပီး ဝင္းထြတ္ကို ထားခဲ့ဖို႔ ခင္ဗ်ားတို႔လူေတြက ဖိအားေပးလို႔ ထားခဲ့ရတယ္တဲ့။ အဲ့ဒီ့ထဲက စၿပီး မေတြ႕ေတာ့ဘူးတဲ့။"

ရဲအရာရွိကပါ ဝင္ေထာက္လာသည္။ သၽွန္ေနာင္ကေတာ့ ခပ္တည္တည္ပင္။

"အဲ့ဒီ့ မ်က္ျမင္သက္ေသဆိုတာက ဘယ္သူလဲ"

"ဒါက ဒီလူေတြရဲ့ လုံျခဳံေရးအတြက္ ေျပာလို႔မရပါဘူး။"

ရဲမႈးက ျပန္ေျဖသည္။

"ဟင္... ဒါဆို ကၽြန႔္ေတာ့္ကို မလိုလားတဲ့ လူတစ္ေယာက္က တျခားလူေတြနဲ႔ လက္ဝါးခ်င္းရိုက္ၿပီး ခင္ဗ်ားတို႔ကို ရွာခိုင္းတာဆိုရင္ေကာ။"

သၽွန္ေနာင္က ခြန္းတိုက္ဆန္းကို စူးစူးစိုက္စိုက္တစ္ခ်က္ၾကည့္လိုက္ၿပီးမွ ရဲအရာရွိဘက္လွည့္ကာ ေျပာလိုက္သည္။

"ခင္ဗ်ားက ကၽြန္ေတာ္တို႔ေတြကို အက်င့္ပ်က္ခ်စားေနတယ္လို႔ ေျပာခ်င္တာလား။"

သၽွန္ေနာင္က ဘာမၽွမေျပာပဲ သေဘာေပါက္လြယ္သားပဲဟူေသာ မ်က္ႏွာေပးျဖင့္ ျပဳံး႐ုံသာျပဳံးေနသည္။

"ဘယ္လိုပဲျဖစ္ျဖစ္ မင္း အရွာခံရမွာပဲေလ။ ဘာလဲ မင္း လုပ္ထားတာေတြ ေပၚမွာစိုးလို႔ အရွာမခံခ်င္တာလား။"

ခြန္တိုက္ဆန္းက စိတ္မရွည္စြာ ဝင္ေျပာလိုက္သည္။

"အဟင္း... ကိုခြန္တိုက္ဆန္းရာ ခင္ဗ်ား တကယ္ရွာနိုင္မွာ မို႔လား"

"မင္းေလာက္မွ မစြမ္းရင္ ဒီေလာကထဲေရာက္မလာဘူး။"

သၽွန္ေနာင္မွာ အေစာကတည္းက မ်က္ႏွာပိုးမသတ္နိုင္ရသည္အထဲ ခြန္တိုက္ဆန္းက ဤသို႔ေျပာလၽွင္ ဝါးလုံးကြဲရယ္ပါေတာ့သည္။

"အဟားဟား... ခင္ဗ်ားဟာေလ...။ အင္းပါေလ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတာ ေကာင္းတာေပါ့။"

သၽွန္ေနာင္က ရယ္က်ဲက်ဲျဖင့္ ဆရာႏွစ္ပါးႏွင့္အတူ ေနာက္လိုက္ေခြးအမ်ားကိုပါ အထဲသို႔ ေခၚခဲ့ေတာ့သည္။ အထဲေရာက္သည္ႏွင့္ ထိုေခြးအမ်ားက ဟိုရွာဒီရွာ ရွာေတာ့သည္။ သၽွန္ေနာင္က ဘာမၽွမေျပာပဲ ေအးေဆးေသာ မ်က္ႏွာထားျဖင့္ၾကည့္ေနလိုက္သည္။ သို႔ေသာ္ ရင္ထဲတြင္ေတာ့ စိုးရိမ္လို႔ေနသည္။ သူ႔ငယ္သားေတြ ရေသာအခ်ိန္သည္ နည္းလြန္းေနသည္။

"မင္း ၾကည့္ရတာ စိုးရိမ္ေနတဲ့ပုံပဲ"

ခြန္တိုက္ဆန္းက ဘားေကာင္တာေရွ႕တြင္ထိုင္ကာ ရဲသားမ်ားကို ၾကည့္ေနေသာ သၽွန္ေနာင္အား ရိသဲ့သဲ့အသံျဖင့္ဆိုလာသည္။ သၽွန္ေနာင္ကေတာ့ ဝါရင့္တစ္ဦးပီပီ မ်က္ႏွာ မပ်က္ေစရ။

"ကၽြန္ေတာ္က ဘာကို စိုးရိမ္ရမွာလဲ။"

"မင္း လုပ္ခဲ့တာေတြ ေပၚေတာ့မွာေလ။"

"ကၽြန္ေတာ္က ဘာလုပ္လို႔လဲ"

ခြန္တိုက္ဆန္း၏ နာမည္ႀကီးလွသည္ စူးစူးရဲရဲအၾကည့္တို႔က သူ႔ထံ ဒိုင္းခနဲ ေရာက္လာသည္။ သၽွန္ေနာင္ကေတာ့ မျဖဳံေရခ်ာမျဖဳံ။ ခြန္တိုက္ဆန္းအား ရႈတည္တည္ျဖင့္ပင္ ျပန္ၾကည့္လိုက္ေသးသည္။

"မင္း ဝင္းထြတ္ကို အေပ်ာက္ရွင္းလိုက္တဲ့ ကိစၥေလ"

"ကၽြန္ေတာ္က ဝင္းထြတ္ကို အေပ်ာက္ရွင္းတယ္လို႔ ေျပာရေအာင္ ခင္ဗ်ားမွာ ဘာသက္ေသရွိလို႔လဲ။"

"သက္ေသလား။ သူ႔အေလာင္းတခုလုံးရမွေတာ့ အဲ့ဒီ့အခ်ိန္မွာ မင္းက အဘရဲ့ အိပ္ရာထဲမွာ ခံေနတာ ဆိုရင္ေတာင္ မလြတ္ဘူးမွတ္"

ခြန္တိုက္ဆန္းက သၽွန္ေနာင္အေၾကာင္း သိသူပီပီ တမင္ေျပာလိုက္သည္။ သၽွန္ေနာင္ကေတာ့ မသိသလိုသိသလိုျဖင့္...

"ေကာင္းပါၿပီဗ်ာ။ အဲ့ဒီ့ အေလာင္းကိုပဲ ရေအာင္ရွာစမ္းပါဦး။"

ထိုစဥ္ ရဲတစ္ဦးက....

"ဆရာ ကၽြန္ေတာ္တို႔ စတိုခန္းထဲ စစ္မလို႔ဟာကို ေပးမဝင္ဘူး။"

သၽွန္ေနာင္မွာ ထိုစကားေၾကာင့္ ခႏၶာကိုယ္ မသိမသာ ေတာင့္သြားမိသည္။ ဤသည္ကို သတိထားမိေသာ ခြန္တိုက္ဆန္းက သူ႔ကို ခပ္ေလွာင္ေလွာင္ၾကည့္ကာ...

"ဧကႏၲေတာ့ ဧကႏၲပဲေနာ္...."

သၽွန္ေနာင္ကေတာ့ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ အထဲမွာ ရွင္းလင္းေနတာမ်ား မၿပီးေသးလို႔ မဖြင့္ေပးတာလားဟု စိတ္ထဲက ေတြးထင္မိေတာ့သည္။

"မဖြင့္လို႔ ရမလား။ ငါတို႔မွာ ရွာတဲ့ ဝရမ္းပါတယ္။ အကုန္လုံး ဝတၱရားေႏွာင့္ယွက္မႈနဲ႔ အခ်ဳပ္ထဲ တန္းစီၿပီး ဝင္ရမယ္။ ဘာမွတ္လဲ။"

ခြန္တိုက္ဆန္းက ႀကိမ္းဝါးလိုက္ၿပီး အလြန္အမင္း အူျမဴးေနေသာ မ်က္ႏွာျဖင့္ စတိုခန္းရွိရာသို႔ ေလၽွာက္သြားေတာ့သည္။ သၽွန္ေနာင္မွာလည္း မေနသာေတာ့သျဖင့္ ေနာက္မွ လိုက္ပါရေတာ့သည္။ အခန္းဝသို႔ေရာက္ေသာအခါ ခြန္တိုက္ဆန္းက သၽွန္ေနာင္အား စတိုခန္းတံခါးဖြင့္ေပးရန္ ေမးေငါ့ျပသည္။ သၽွန္ေနာင္လည္း တစ္စကၠန႔္မၽွပင္ မဆိုင္းပဲ အခန္းဝတြင္ ရပ္ေနေသာ ေကာင္ေလးႏွစ္ေယာက္အား မ်က္ရိပ္ျပကာ ခပ္တိုးတိုးအသံျဖင့္....

"အထဲမွာ ရွင္းသြားၿပီလား။"

ထိုေကာင္ေလးႏွစ္ေယာက္က သေဘာေပါက္စြာျဖင့္....

"ခုနကပဲ ရွင္းလိုက္တယ္ အစ္ကိုႀကီး။ ဒါေပမယ့္ ဖုံေတာ့ ေသခ်ာမသုတ္ရေသးဘူး။"

သၽွန္ေနာင္ နားလည္စြာ ေခါင္းညိတ္လိုက္ပါသည္။ ဒီပုံအတိုင္းဆို အေလာင္းေတာ့မရွိေတာ့။ သို႔ေသာ္ လက္စလက္နတခ်ိဳ႕က်န္ေကာင္းက်န္ေနနိုင္သည္ ဟူေသာသေဘာ။

သူ ခြန္တိုက္ဆန္းကို ေသာ့ယူရန္အေၾကာင္းျပကာ စတိုခန္းႏွင့္ ခပ္လွမ္းလွမ္းတြင္ရွိေသာ CCTV monitor မ်ားထားသည့္အခန္းသို႔ ေလၽွာက္လာသည္။ သို႔ေသာ္ CCTV monitor မ်ား ထားသည့္အခန္းေရွ႕တြင္ ရဲသားတခ်ိဳ႕ရပ္ေနသည္ကိုေတြ႕ရာ။ ခပ္တည္တည္ျဖင့္ ထိုအခန္းနေဘးရွိ ႐ုံးခန္းထဲသို႔ ဝင္လာခဲ့သည္။ ႐ုံးခန္းထဲေရာက္လၽွင္ ျပတင္းေပါက္မွ အသာေက်ာ္ထြက္ကာ ႐ုံးခန္ႏွင့္ကပ္လၽွက္ရွိသည့္ CCTV ႏွင့္ လၽွပ္စစ္ contort panel မ်ားထားသည့္ control အခန္းထဲသို႔ ျပတင္းေပါက္မွ ေက်ာ္ဝင္လိုက္သည္။ ၿပီးလၽွင္ CCTV မွတဆင့္ စတိုခန္းအေျခအေနကို ေလ့လာလိုက္သည္။ ထို႔ေနာက္ Control penal မွ စတိုခန္း၏ breaker ကိုခ်လိုက္ၿပီး ခပ္တည္တည္ျဖင့္ လာရာလမ္းအတိုင္း စတိုခန္းရွိရာသို႔ ေသာ့ေလးကိုင္ကာ ျပန္ထြက္လာခဲ့သည္။ ထို႔ေနာက္ စတိုခန္းတံခါးကို ဖြင့္ေပးကာ သူကိုယ္တိုင္ဦးေဆာင္၍ အထဲသို႔ ဝင္ခဲ့ေတာ့သည္။

"အာ... ေမွာင္မဲေနတာပဲ။"

ရဲအရာရွိက ညည္းညဴသံက ျပတင္းေပါက္တစ္ေပါက္မွမရွိေသာ အခန္းထဲသို႔ ေျပးဝင္ေပ်ာက္ကြယ္သြားေတာ့သည္။ သၽွန္ေနာင္က ေဘးနံရံရွိ မီးခလုတ္ကို ဖြင့္လိုက္ေသာ္လည္း သူ ႀကိဳတင္စီမံထားသည့္အတိုင္း ပြင့္မလာ။ သၽွန္ေနာင္ အေမွာင္ထဲမွာပင္ ယုတ္ယုတ္မာမာျပဳံးလိုက္သည္။ ဒီလူေတြ စိတ္တိုသြားမည္မွာ အေသအခ်ာပင္။

"အာ... မီးလုံး ကၽြမ္းေနတာနဲ႔တူတယ္။ ခင္ဗ်ားတို႔မွာ ဓါတ္မီးပါတယ္မဟုတ္လား။ ေနာက္ၿပီး ခင္ဗ်ားတို႔က အေတြ႕အၾကဳံရင့္က်က္ၿပီးသားဆိုေတာ့ မီးလိုမယ္လည္း မထင္ပါဘူးဗ်ာ။"

ဘာမွမထူးဆန္းသလို ေျပာေနေသာ္လည္း ေလွာင္ေျပာင္မႈ စြန္းထင္းေနေသာ သၽွန္ေနာင္၏ ေလသံေၾကာင့္ ခြန္တိုက္ဆန္းမွာ ကိုယ့္ကိုယ္ကိုယ္ တုံးရန္ေကာဟုေတြးမိကာ စိတ္တိုမိေတာ့သည္။ ဒီေလာက္ သတိထားေနတာေတာင္ ထိုမေကာင္းဆိုးရြား၏ အကြက္ထဲဝင္ျဖစ္ေအာင္ ဝင္သြားေသးသည္။ မတတ္နိုင္။ ခါးတြင္ခ်ိတ္ထားေသာ ဓါတ္မီးကို ျဖဳတ္ယူကာ ဟိုဟိုဒီဒီထိုးၾကည့္လိုက္သည္။

စတိုခန္းျဖစ္သည့္ အေလ်ာက္ ခုံအေဟာင္းမ်ား စားပြဲအေဟာင္းတခ်ိဳ႕အပါအဝင္ တျခားပရိေဘာကတခ်ိဳ႕ႏွင့္ ဝိုင္ပုလင္းမ်ားကို သိမ္းထားသည့္ စင္ေပါင္းမ်ားစြာရွိသည္။ အခန္းကား အေတာ္အတန္က်ယ္ဝန္းေသာ္လည္း ျပတင္းေပါက္ဟူ၍ တခုမၽွမရွိေသာ္လည္း တံခါးႏွစ္ေပါက္ေတာ့ရွိသည္

သၽွန္ေနာင္ကေတာ့ ခပ္ေအးေအးပင္ အေစာက ဟိုမသာရွိခဲ့သည့္ေနရာတည့္တည့္တြင္ ရပ္၍ ထိုလူမ်ား လက္ႏွိပ္ဓါတ္မီးျဖင့္ ဟိုထိုးဒီထိုးလုပ္ေနသည္ကို လက္ပိုက္ကာ ၾကည့္ေနလိုက္သည္။

ခြန္တိုက္ဆန္းမွာ စိတ္ထဲတြင္ ေတာ္ေတာ္ႀကီးကို မတင္မက်။ ေသမႈေသခင္းလိုက္ေသာ ရဲမဟုတ္ေသာ္လည္း စုံေထာက္တဦး၏ ဉာဥ္ဟုဆိုရမလားမသိ။ မီးမလာဆိုကတည္းက ဒီေနရာသည္ မသကၤာစရာေကာင္းသည္ကို သူသိေနသည္။ သို႔ေသာ္ ဘာလဲဆိုတာ ရွာမေတြ႕။ အတန္ၾကာေအာင္ ရွာသည့္တိုင္ ဘာမွ မထူးျခား။ ခြန္တိုက္ဆန္းညစ္ေတာ့ ညစ္လာၿပီျဖစ္သည္။

ထိုစဥ္ အခန္းဝနားမွ ရဲတပ္သားတစ္ဦးထံမွာ အသံထြက္လာသည္။

"ဒီမွာ ေဆးလိပ္တိုေတြ႕တယ္။ ရွာေဖြပုံစံနဲ႔ သိမ္းမယ္။"

သၽွန္ေနာင္ စိတ္ထဲ စနိုးစေနာင့္ျဖစ္သြားသည္။ သူ႔ ေဆးလိပ္မ်ားလား? သို႔ေသာ္ မျဖစ္ေတာ့မျဖစ္နိုင္ သူ႔ေဆးလိပ္က ငသိန္းတို႔ သိမ္းမသြားလၽွင္ေတာင္ သူတို႔ဝင္လာေသာ အေပါက္နားတြင္မရွိနိုင္။

"ဒါဆို တံခါးဝက ေဆးလိပ္ေတြကိုပါ သိမ္းသြားေလ"

သၽွန္ေနာင္ ခပ္တည္တည္ျဖင့္ အေငၚတူသလိုေျပာလိုက္သည္။ သူ၏ တိုက္စစ္မွာ ေအာင္ျမင္သည္ဟုဆိုရမည္။ ထိုရဲသားမွာ ပါးစပ္ပိတ္သြားၿပီး ေဆးလိပ္ကို လႊတ္ပစ္လိုက္သည္။

ခြန္တိုက္ဆန္းတို႔မွာ တစ္နာရီမၽွ ထိုအခန္းထဲတြင္ ေခၽြးတလုံးလုံးႏွင့္ ရွာေဖြၿပီးမွ လက္ေလ်ာ့ကာ ျပန္လာခဲ့ရေတာ့သည္။ သူနားမလည္။ အမွန္အတိုင္းေျပာရလၽွင္ သူတို႔အားလုံး ဤေနရာကို မ်က္ေျခမျပတ္ၾကည့္ေနသည္မွာ ဦးဘုန္းျမတ္လၽွံ ဖုန္းဆက္ကတည္းက။ ယခုဆို ႏွစ္ရက္မၽွရွိၿပီျဖစ္သည္။ ဒီေကာင္ အေလာင္းကို ဘယ္လို ေဖ်ာက္ဖ်က္လိုက္လဲဆိုတာကို နားမလည္ေတာ့။

"ဒီလူေတြ ေတာ္ေတာ္ေတာ့ ႏွာကစ္သြားမယ္။"

ရဲမ်ား ဆိုင္ထဲမွ ျပန္ထြက္သြားသည္ႏွင့္ ဟန္သိုက မွတ္ခ်က္ေပးလိုက္သည္။ သၽွန္ေနာင္က ေခါင္းညိတ္ကာ ေထာက္ခံလိုက္သည္။

"ဒါနဲ႔ ဟိုေကာင့္အေလာင္းက ဘယ္မွာလဲ။"

"kitchen ထဲက freezer အႀကီးထဲမွာရွိတယ္ အစ္ကိုႀကီး။ အသားငါးေတြ ေအာက္မွာ ထည့္ထားတယ္။ ဒီေကာင္ေတြ စတိုခန္းကိုပဲ မည္းေနလို႔ အဲ့ဒီ့ freezer ကို ရွာမသြားဘူး။"

သၽွန္ေနာင္ ခပ္ေလွာင္ေလွာင္ျပဳံးလိုက္သည္။ ဒီလိုျဖစ္ေအာင္လည္း သူဖန္တီးခဲ့တာ မဟုတ္လား။ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ဆိုသလို စတိုခန္းထဲမွ သဲလြန္စေသးေသးေလးမ်ားကို မေတြ႕ရေအာင္ မီးျဖတ္ပစ္ခဲ့သည္။ ထိုလူေတြ စတိုခန္းကိုပဲ မသကၤာျဖစ္ကာ ဒီတေနရာထဲကိုပဲ အာ႐ုံေရာက္ေနခ်ိန္တြင္ တကယ့္ရွိေသာ ေနရာကို ရွာရန္ေမ့ေလ်ာ့သြားေတာ့သည္။

"အဲ့ဒီ့ အေလာင္းကို ဒီည ၾကည့္စီစဥ္လိုက္။ ငါ ျပန္လိုက္ဦးမယ္။"

"ဟုတ္ကဲ့ပါ အစ္ကိုႀကီး"

ကားေပၚေရာက္သည္ႏွင့္ ေတဇအား ဖုန္းေခၚကာ...

"ကိုေတဇ..."

"ေျပာ... အသဲေလး"

တဖက္မွ ရိသဲ့သဲအသုံးအႏႈန္းကို လ်စ္လ်ဴရႈကာ...

"ခင္ဗ်ားရဲ့လင္ ခြန္တိုက္ဆန္း လာသြားတယ္။ ၿမိဳ႕နယ္စခန္းမႈးနဲ႔လာတာ။ ကၽြန္ေတာ့္ကလပ္ကို စစ္လားေဆးလားနဲ႔။ လာတဲ့အမႈက ဦးျမတ္ဘုန္းလၽွံရဲ့လူ ဝင္းထြတ္ေပ်ာက္တဲ့ကိစၥတဲ့။"

"သူက ဘာကိစၥနဲ႔ လူေပ်ာက္ရွာေနရတာလဲ"

ေတဇပင္လၽွင္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။

"အဲ့ဒါ ကၽြန္ေတာ္ေမးရမယ့္ ေမးခြန္းေလ။ ခင္ဗ်ားတို႔ ဝင္းထြတ္ကို မူးယစ္မႈနဲ႔ ဖမ္းဝရမ္းထုတ္ထားလို႔လား။"

"မထုတ္ထားပါဘူး။"

ေတဇ ခဏမၽွတိတ္ဆိတ္သြားၿပီး သေဘာေပါက္သြားဟန္ျဖင့္...

"မဟုတ္မွလြဲေရာ ဒီေကာင္ကို ဦးျမတ္ဘုန္းလၽွံက ခ်ဳပ္ထားလိုက္ၿပီနဲ႔တူတယ္"

"ခင္ဗ်ား သေဘာေပါက္လြယ္သားပဲ။ ဒီထက္ သေဘာေပါက္ၿပီး အကြက္ေက်ာ္ျမင္ရင္ ခင္ဗ်ား ရာထူးတိုးနိုင္တယ္။"

ေတဇ သိလိုက္ပါသည္။ သၽွန္ေနာင္ဆိုလိုသည္မွာ ခြန္တိုက္ဆန္းကို ခုတုံးလုပ္ကာ အဂတိလိုက္စားမႈ၊ လာဒ္ေပးလာဒ္ယူမႈတို႔ျဖင့္ အားလုံးကို တန္းစီကာ ဖမ္းရန္။

"အဟားဟား... သၽွန္ေနာင္ မင္းက လူလည္ပဲကြ။ ငါ့ကို မင္းရဲ့ရန္သူေတြကို ရွင္းခိုင္းေနတာလား။"

"Win-winေလဗ်ာ။"

------------

သၽွားအိမ္မွာ မရီးျဖစ္သူ သင္းသင္း၏ လက္ထဲမွ ကေလးအား သူစိမ္းတရံလို ၾကည့္ေနေသာ အစ္မျဖစ္သူ၏ အၾကည့္မ်ားေၾကာင့္ သက္ျပင္းခ်မိသည္က အႀကိမ္ႀကိမ္။

"ကေလး နာမည္ေကာ ေရြးၿပီးသြားၿပီလား။"

သင္းသင္းက တက္ႂကြစြာ ေမးလိုက္ေသာ္လည္း ေမဇူးေမာင္ကေတာ့ ေအးတိေအးစက္ပင္။

"ဟင့္အင္း"

"ကဲ... ကေလးအေမ ကေလးကို နို႔တိုက္ခ်ိန္ေရာက္ၿပီ။"

သုံးနာရီျခားတစ္ခါ နို႔တိုက္ရမည္ျဖစ္ရာ တာဝန္က် သူနာျပဳဆရာမက ကေလးနို႔တိုက္ရန္ လာေရာက္ သတိေပးရွာသည္။ ေမဇူးေမာင္က မၾကားသလိုလုပ္ေနသည္။ မင္းလြင္က မေနနိုင္သျဖင့္...

"မဇူး နို႔တိုက္ဦးေလ။"

"ဟင့္အင္း..."

"ဟယ္... ကေလးအေမ... ဘာ ျဖစ္လိုျဖစ္လဲ။ နို႔တိုက္မွ ရွင္လည္းနို႔ထြက္မယ္။ ကေလးအတြက္ ေရာဂါခုခံကာကြယ္နိုင္မယ္ေလ။ ဒီအခ်ိန္က သိပ္အမ်ားလည္း တိုက္ဖို႔မလိုပါဘူး။ တစ္စက္၊ ႏွစ္စက္ဆို လုံေလာက္တာမ်ိဳး။ တခုေတာ့ရွိတာေပါ့ သုံးနာရီျခားတခါတိုက္ေပးဖို႔ေတာ့လိုတယ္။"

သူနာျပဳဆရာမက ဝင္၍ ေျဖာင့္ဖ်ရွာပါသည္။ ေမဇူးေမာင္ကေတာ့ တုံဘာေဝဆိတ္ဆိတ္သာေနပါ၏။

"မဇူး..."

သၽွားအိမ္က မသိမသာ လက္ေမာင္းကို ပုတ္လိုက္လၽွင္...

"ဟင့္အင္း..."

ေမဇူးေမာင္က ျငင္းဆန္ဆဲ။ သူနာျပဳဆရာမမွာ အံ့ၾသတႀကီးျဖင့္...

"ရွင္ ဘယ္လို အေမလဲ။ ကိုယ့္ကေလးကိုယ္ နို႔တိုက္...."

"နင့္ ပါးစပ္ကို ပိတ္ထားစမ္း။ နင့္အပူတျပားပါလို႔ ဝင္ေျပာေနတာလား။ ကိုယ့္ေနရာကိုယ္ မေနဘူး။"

ေမဇူးေမာင္မွာ သူနာျပဳဆရာမအား ေဒါသတႀကီးျဖင့္ ပိတ္ေအာ္လိုက္ေတာ့သည္။ ဒီတခါ အံ့ၾသသြားရသူက သၽွားအိမ္အပါအဝင္ မင္းလြင္တို႔ လင္မယား။ သူတို႔တစ္သက္ အစ္မျဖစ္သူ ဤမၽွ ေဒါသတႀကီးျဖင့္ စိတ္လြတ္ကိုယ္လြတ္ေျပာဆိုသည္ကို မျမင္ဖူးခဲ့။ သၽွားအိမ္မွာ သူနာျပဳကို အျပင္သို႔ ေခၚထုတ္သြားကာ ေတာင္းပန္ရေတာ့သည္။

"ကၽြန္ေတာ့္အစ္မ ကိုယ္စားေတာင္းပန္ပါတယ္ ဆရာမရယ္။"

"ရပါတယ္။"

သို႔ေသာ္ သူမ၏ မ်က္ႏွာမွာ မၾကည္လင္။ ထိုစဥ္ သၽွန္ေနာင္မွာ အနားေရာက္လာၿပီး....

"အားလုံး အဆင္ေျပရဲ့လား ေမာင္"

သၽွားအိမ္မွာ သက္ျပင္ရွည္ႀကီးကို ခ်ကာ အေစာက ျဖစ္ပ်က္သမၽွကို ေျပာျပလိုက္သည္။ ျဖစ္ခ်င္ေတာ့ သူစကားေျပာၿပီး၍ အခန္းထဲ ေျခခ်တုန္းရွိေသးသည္ ေမဇူးေမာင္၏ ဆရာဝန္ေရာက္လာကာ မီးေနသည္ႏွင့္ ပတ္သက္၍ သတိထားသင့္သည္မ်ားကို ရွင္းျပေတာ့သည္။

"ကေလးေမြးၿပီးခါစ အမ်ိဳးသမီးေတြမွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ေရာ... ေနာက္ၿပီး အိပ္ေရးပ်က္တာေတြေၾကာင့္ပါ ႏွစ္လ၊ သုံးလအထိ ဒီလို စိတ္တိုတာ စိတ္က်တာေတြျဖစ္တတ္တယ္။ အေၾကာင္းမရွိပဲ ငိုခ်င္တာ။ တခါတေလ ေမၽွာ္လင့္ခ်က္မဲ့ေနသလိုျဖစ္တာေတြ။ ဒါေတြက အျဖစ္မ်ားတဲ့လကၡဏာေတြေပါ့။ တခ်ိဳ႕ဆို အရမ္းကို စိတ္အေျခအေနဆိုးလာၿပီး ကိုယ့္ကိုယ္ကိုယ္ ရန္မူတာ၊ ကိုယ့္ကေလးကို ကိုယ္ရန္မူတာမ်ိဳးေတာင္ရွိတယ္။ ဒါေၾကာင့္ စိတ္ထဲမွာ အရမ္းခံရခက္လာရင္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးပါ။ Postpartum depression ျဖစ္နိုင္သလို... ပိုဆိုးတဲ့ Postpartum Psychosis ျဖစ္ေနနိုင္လို႔ပါ။ ေနာက္ၿပီး သူ႔ အိမ္သားေတြ အေနနဲ႔ သူ႔ကို နားလည္ေပးဖို႔ လိုအပ္တယ္။"

ဆရာဝန္မက ရွင္းျပေနရင္းမွ သၽွန္ေနာင္ဘက္လွည့္ကာ...

"အဓိကကေတာ့ အမ်ိဳးသားပဲေပါ့။ ကိုယ္အမ်ိဳးသမီးကိုကိုယ္ ပိုၿပီး နားလည္ေပးသင့္ပါတယ္။ သူကေတာ့ အရင္က ဒီလိုမဟုတ္ပါဘူး။ အခုၾကမွ ဘာျဖစ္တာလဲဆိုၿပီေတာ့ ေတြးေကာင္းေတြးနိုင္ပါတယ္။ တခါတေလ ကိုယ့္မိန္းမကိုယ္ရိုက္ပစ္ခ်င္စိတ္ေတာင္ ေပါက္နိုင္ပါတယ္။ ဒီအခ်ိန္မွာ စိတ္ေလ်ာ့ထားပါ။ သူေတာင္မွ အသက္နဲ႔ရင္းၿပီး ကိုယ့္ကေလးကို ေမြးေပးခဲ့တာ။ ကိုယ္က သူ႔ကို ဒီေလာက္ေတာ့ သည္းခံသင့္ပါတယ္။ ဒါေတြအားလုံးဟာ အခိုက္အတန႔္ေလးပါ။ သိပ္မၾကာခင္ၿပီးသြားမွာပါ။ ေနာက္ၿပီး အေဖေတြမွာလည္း Postpartum depression ရနိုင္ပါတယ္။ ကိုယ္စိတ္ထဲမွာ အေၾကာင္းမရွိဘဲ စိုးရိမ္စိတ္ေတြမ်ားလာၿပီ။ တခုခုပုံမွန္မဟုတ္ဘူးလို႔ ခံစားရရင္ ဆရာဝန္နဲ႔တိုင္ပင္ပါ။ ကဲ ေနာက္ထပ္ေမး စရာမရွိဘူးဆိုရင္ ခြင့္ျပဳပါဦး။"

ဆရာဝန္မ အခန္းထဲမွထြက္သြားသည္လၽွင္ သၽွားအိမ္လည္း ျပန္ရန္ အစ္ကိုတို႔ လင္မယားကိုႏႈတ္ဆက္လိုက္သည္။ ယေန႔ည သင္းသင္းႏွင့္ ငွားထားေသာ သူနာျပဳဆရာမေလး ေစာင့္ေပးမည္ျဖစ္ရာ ေဒၚခူးကို ေခၚကာ အိမ္ျပန္ခဲ့ေတာ့သည္။

သၽွန္ေနာင္မွာ အိမ္ေရာက္သည္အထိ မိမိအား မခ်ိဳမခ်ဥ္မ်က္ႏွာေပးျဖင့္ ၾကည့္ေနေသာ သၽွားအိမ္ေၾကာင့္...

"ေမာင္ ဘာလို႔ ေျပာင္ေခ်ာ္ေခ်ာ္နဲ႔..."

"ဪ.... လူေတြက Baby ကို ကေလးအေဖလို႔ ထင္ေနတာ သေဘာက်လို႔။"

သၽွန္ေနာင္က ဘုၾကည့္ၾကည့္ကာ ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့သည္။ သၽွားအိမ္လည္း အားက်မခံ အဝတ္အစားမ်ားကို လၽွင္ျမန္စြာခၽြတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္ခဲ့သည္။ ဒီေန႔အဖို႔ ေရေခၽြတာရမည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ခ်စ္သူႏွင့္ အတင္းပူးကပ္ကာ ေရခ်ိဳးလိုက္သည္။ သို႔ေသာ္ လက္အၿငိမ္မေန၊ ေျခအၿငိမ္မေနေသာ သၽွားအိမ္ေၾကာင့္ သၽွန္ေနာင္မွာ ေရဖိုးမသက္သာသည့္အျပင္ အေအးမိကာ ေဆးဖိုးကုန္ကိန္းပင္ ျမင္လာေတာ့သည္။

"ေမာင္ ေတာ္ၿပီ။ ၾကာရင္ အေအးမိေတာ့မယ္။"

သၽွန္ေနာင္မွာ သူ၏ အေနာက္သို႔ က်ဴးေက်ာ္လာေသာ လက္ေခ်ာင္းမ်ားေၾကာင့္ ကပ်ာကယာ သတိေပးလိုက္ရသည္။ မေပးလို႔လည္းမရ။ ယခုပင္ တစ္ဦးကိုတစ္ဦး လက္ျဖင့္ေခ်ာ့ျမဴကာ ေဆာ့ကစားၿပီးခါစျဖစ္သည္။ သာယာေက်နပ္မႈတို႔က ခႏၶာကိုယ္တစ္ခုလုံးတြင္ တရွိန္းရွိန္းျဖင့္ စီးေျမာေနဆဲ။

သို႔ေသာ္ ေက်းဇူးရွင္ေလးက သူ႔စကားကို နားေထာင္ရန္ေဝးစြ။ သူ႔အား နံရံရွိရာသို႔ မ်က္ႏွာမူေစၿပီး ေနာက္မွေန၍ ကုပ္ကို ခပ္ဖြဖြနမ္းရွိုက္လိုက္ၿပီး...

"ဘာလဲ? Baby က ၿငိဳျငင္တာလား။"

သူ႔နားကို ကပ္ကာ ေျပာလာေသာ ခ်စ္ရသူ၏ စိတ္ဆႏၵတို႔ ေဝေနသည့္ အသံၾသၾသက သူ႔အား မျငင္းသာေအာင္ ခ်ဳပ္ကိုင္ထားပါ၏။ တခ်ိန္တည္းမွာပင္ လည္တိုင္ေပၚသို႔က်ေရာက္လာေသာ အနမ္းတို႔ေၾကာင့္ သၽွန္ေနာင္မွာ ခံစားခ်က္တို႔ ျပင္းထန္လာေတာ့သည္။

"အင္...."

ခ်စ္သူ၏ ညည္းသံခ်ိဳခ်ိဳက သၽွားအိမ္အတြက္ေတာ့ နတ္တို႔သီက်ဴးေသာ ဂီတသံကဲ့သို႔ ၿငိမ့္ေညာင္းသာယာလွသည္။ တဖက္တြင္လည္း သူ၏ ဆႏၵတို႔ကို ပင္လယ္ရွိလွိုင္းတံပိုးကဲ့သို႔ ဆထက္ထမ္းပိုးတိုးေစျပန္သည္။ ေသာက္ေလေသာက္ေလ ငတ္မေျပဟူသည့္အတိုင္း သူ၏ မြတ္သိပ္မႈတို႔ကား တိုးပြား၍ လာပါသည္။ ခ်စ္သူကို နမ္းရွိုက္႐ုံႏွင့္ မတင္းတိမ္ေတာ့ပါ။ လည္ပင္းမွအစ ပုခုံးအထိ ငုံခဲ၍ ပိုင္ဆိုင္မႈ တံဆိပ္မ်ားခတ္ႏွိပ္ေနမိသည္။ ထိုသို႔ ခပ္ႏွိပ္ေနရင္းမွ ခ်စ္သူ၏ ရင္ဘတ္ရွိ ပြင့္ဖတ္ေလးကို ပတ္သပ္ကာ ကလူၾကည္စယ္လိုက္လၽွင္...

"အာ... ေမာင္..."

သၽွန္ေနာင္မွာ ခ်စ္သူ၏ အထိအေတြ႕တို႔တြင္ က်ရႈံးလၽွက္။ သၽွားအိမ္ကလည္း အခြင့္အေရးကို အဆုံးအရႈံးမခံ။ သၽွန္ေနာင္၏ လက္မ်ားကို ယူ၍ ေရခ်ိဳးခန္းနံရံတြင္ ေထာက္ထားေစသည္။ ထို႔ေနာက္ ခ်စ္သူ၏ အတြင္းပိုင္းကို လက္ေခ်ာင္းမ်ားျဖင့္ အသားက်ေစသည္။

"ေမာင္... အင္း... ကို ေမာင့္ကို လိုအပ္ေနၿပီ"

အလိုဆႏၵတို႔ ျပည္လၽွံေနသည္ ခ်စ္သူ၏ ေတာင္းတမႈက သူ႔အား အဆုံးစြန္ကို တြန္းပို႔မတတ္ သက္ေရာက္မႈအား ျပင္းထန္လွသည္။

"F*** Baby"

သၽွားအိမ္မွာ တစကၠန႔္မၽွအဆိုင္းနိုင္ေတာ့။ ခ်စ္သူႏွင့္အတူ ေလာကစည္းစိမ္းကို ခံစားရန္ ခႏၶာကိုယ္ႏွစ္ခုကို တစ္သားတည္းျဖစ္ေစသည္။

"F*** Baby... s*** ေမာင္ နည္းနည္းျမန္မယ္ေနာ္"

သၽွားအိမ္က သူ၏ အက်င့္အတိုင္း ဆဲဆိုကာ သတိေပးစကားဆိုလိုက္သည္။ သၽွန္ေနာင္ ေခါင္းညိတ္႐ုံၿငိမ့္ကာ သၽွားအိမ္၏ လက္ကို ဆြဲယူကာ သူ၏ ညီဖြားေလးအား ပြတ္သပ္ေစသည္။ သၽွားအိမ္ကလည္း အလိုက္သိစြာ အရွိန္ခ်င္းညႇိကာ ပြတ္သပ္ေပးလိုက္သည္။ သိပ္မၾကာပါ ႏွစ္ဦးသား သာယာမႈ၏ အထြတ္အထိပ္သို႔ေရာက္လာေတာ့သည္။

"ေမာင္... ကို... ၿပီးေတာ့မယ္။"

"အင္း... ေမာင္ေရာပဲ"

သၽွားအိမ္က စကားဆုံးသည္ႏွင့္ ေသြးသားတို႔ကို ခ်စ္သူ၏ ခႏၶာကိုယ္ထဲသို႔ သြန္းထုတ္လိုက္သည္။ သၽွန္ေနာင္မွာလည္း ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို သူ၏ ေသြးသားတို႔ကို သၽွားအိမ္လက္ထဲသို႔ စြန႔္ထုတ္လိုက္ေတာ့သည္။ ၿပီးလၽွင္ သၽွားအိမ္က ခ်စ္သူအား ရင္ခြင္ထဲဆြဲသြင္းကာ ခပ္ျပင္းျပင္းနမ္းရွိုက္လိုက္ေတာ့သည္။

"ဝိုးဟိုး..."

သၽွားအိမ္က ျမဴးႂကြစြာ ေအာ္လိုက္လၽွင္ သၽွန္ေနာင္ သေဘာက်စြာ ရယ္မိေတာ့သည္။ ထို႔ေနာက္ ႏွစ္ဦးသား တစ္ဦးကိုတစ္ဦး ျမတ္နိုးစြာ ၾကည့္လိုက္သည္။

"ခ်စ္တယ္ Baby ရာ။ ေမာင့္ကိုေရာ ခ်စ္ရဲ့လား"

ကေလးတစ္ဦးလို တြတ္တီးတြတ္တာလုပ္ခ်င္ေသာ ခ်စ္သူေၾကာင့္ သၽွန္ေနာင္ ျပဳံးလိုက္ပါသည္။ ထို႔ေနာက္ ပါးတစ္ဖက္ကို ဆြဲညစ္လိုက္ၿပီး....

"ခ်စ္တာေပါ့။ ခ်စ္တာမွ အရမ္း အရမ္း ခ်စ္တာ"

သၽွန္ေနာင္က ပါးစပ္ ေျပာလည္းေျပာ လက္က ညစ္လည္းညစ္လုပ္ေနပါေသာ္လည္း သၽွားအိမ္ကေတာ့ မ႐ုန္းကန္မိ။ မနာလို႔ေတာ့မဟုတ္။ ခ်စ္သူေပးတာဆိုလၽွင္ နာက်င္မႈကိုေတာင္ အမွတ္တရတခုအျဖစ္ အျမတ္တနိုးသိမ္းထားလိုပါသည္။ မည္သို႔ဆိုေစ ခ်စ္သူအား ျပန္လည္ က်ီစယ္လိုသည္ျဖစ္ရာ...

"Baby ေနာ္... ကိုယ့္‌ေယာက္်ားကိုယ္ ရိုရိုေသေသဆက္ဆံပါ။ ပါးဆြဲနားဆြဲနဲ႔ လူကို သူငယ္နာႏွပ္စားေလးလို မဆက္ဆံပါနဲ႔။"

သၽွန္ေနာင္မွာ သူ႔အား ႏႈတ္ခမ္းတလံပန္းတလံပုံမ်ိဳးျဖင့္ ရန္ေတြ႕ေနေသာ ခ်စ္သူေၾကာင့္ ရယ္ခ်င္လာသည္။

"ေ-ာက္က်ိဳးနည္း... ဒါဆိုရင္ ခင္ဗ်ားေလးကလည္း ကိုယ့္ထက္အႀကီးကို အႀကီးလိုဆက္ဆံေလ။"

"ဒါဆိုရင္ အႀကီးလို ခံစားမိေအာင္ေနေလ။"

သၽွားအိမ္က ေျပာေနရင္းျဖင့္ သၽွန္ေနာင္၏ ေရစိုေနေသာ ဆံပင္မ်ားကို ဆြဲဖြလိုက္သည္။ သၽွန္ေနာင္မွာ ထိုအျပဳအမႈေၾကာင့္ သၽွားအိမ္ကို ဘုၾကည့္ၾကည့္လိုက္ၿပီး....

"ကဲ... ေရျမန္ျမန္ၿပီးေအာင္ခ်ိဳး။ ဗိုက္ဆာၿပီ"

တကယ္ကေတာ့ သူ ဗိုက္မဆာေသးပါ။ သူေရွ႕မွ ယုန္သိုးႀကီးကို ေရျမန္ျမန္ခ်ိဳးေစလို၍ ေလာေဆာ္လိုက္ျခင္းသာျဖစ္သည္။

"အင္းပါ။ ဒါနဲ႔ ေရျပန္မခ်ိဳးခင္ အစာေၾကေဆးေလးမ်ား...."

သၽွားအိမ္ကာ ႏႈတ္ခမ္းႀကီးစူကာ သၽွန္ေနာင္ထံ ေျပးဝင္လာေတာ့သည္။ သၽွန္ေနာင္က တြန္းဖယ္လိုက္ကာ....

"ေတာ္ၿပီ"

"ဟာ... ညိဳညင္တာလား။"

"အင္း.... ညိဳညင္တယ္။ မဟုတ္ရင္ က်ဳပ္ ဒီတစ္သက္ ဒီေရခ်ိဳးခန္းထဲမွာပဲ အရိုးထုတ္ရလိမ့္မယ္။"

"Baby ကလည္းကြာ ကပ္ေစးနည္းလိုက္တာ"

သၽွန္ေနာင္ မၾကားဟန္ျပဳကာ ေရအျမန္ခ်ိဳးၿပီး အခန္းထဲသို႔ ျပန္ဝင္ခဲ့သည္။ ဒါေတာင္ ေကာ္လိုကပ္ေနသည့္ သၽွားအိမ္ေၾကာင့္ ထိုေန႔က ညစာကို ညသန္းေခါင္မွ စားျဖစ္ေတာ့သည္။ မစားလို႔လဲမျဖစ္။ ခ်စ္နလံထတာမ်ားသြား၍ ႏွစ္ေယာက္စလုံး အကိုက္အခဲေပ်ာက္ေဆးေသာက္ရန္လိုသည္ မဟုတ္လား။

--------------------------------------

September 10, 2019 Tuesday.

Edited on – Jan 31, 2021

--------------------------------------

Continue Reading

You'll Also Like

76.9K 6.1K 116
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...
65K 8.4K 18
ကမ္းပါးေဘးက က်ူရိုးငယ္၊ေဟမန္ခေသာေနြ တို႔ရဲ့ Side Story ပါ ။ အဓိက ေဟမန္ထဲက ဇဲြနဲ႔ လိႈင္းတို႔အေၾကာင္းေလးကေန က်ူပင္အေၾကာင္းေဘးထပ္ဆက္ေပးမွာ။ ကမ်းပါးဘေးက...
71.1K 8.3K 84
transition novel
1.6K 162 5
"နောင့် နံဘေးက တိုက်ခတ်နေတဲ့ လေတွေထဲမယ် နောင်မသိအောင် ထုပ်ပိုး ပို့လိုက်တဲ့ ကိုယ့်ချစ်ခြင်း မေတ္တာတွေကြောင့် နောင့်ဘဝ လုံခြုံအေးချမ်းပါစေ။ " Cover Ar...