အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 241K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 51

35.1K 2.7K 115
By OnyxAriezz

>>>>>Unicode<<<<<

သျှန်နောင်မှာ အခန်းတံခါးခေါက်ပါသော်လည်း မည်သည့်တုံ့ပြန်သံမျှ မကြားသည့်အဆုံး တံခါးသော့ကို ကပျာကယာပြေးရှာကာ တံခါးကို ဖွင့်လိုက်ရသည်။ အမှောင်ထဲတွင် ဖုန်းScreen ကို ကြည့်ကာ ငေးငေးငိုင်ငိုင်နှင့် ထိုင်နေသော မိုင်းမိုင်ကိုမြင်မှ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် နံရံရှိ မီးခလုတ်ကိုနှိပ်ကာ မီးဖွင့်လိုက်ပြီး မိုင်းမိုင်ရှိရာဆီသို့ လျှောက်လာခဲ့သည်။

"မိုင်းမိုင်.... မင်း ဘာမှမစားဘူးလား။"

"အင်း... မဆာလို့"

မိုင်းမိုင်က ဖုန်းမျက်နှာပြင်မှ မခွါပြန်ပြောလာသည်။ သျှန်နောင်မှာ ဖုန်းမျက်နှာပြင်ကို မသိမသာ ခိုးကြည့်ကာ သက်ပြင်းချလိုက်သည်။

"အဲ့ဒါဆိုလည်း အနားယူလေ။ မနက်ဖြန် စီစဉ်စရာရှိတာ စီစဉ်ရဦးမယ့်ဟာ။"

သျှန်နောင်က ချူးဝေ၏ အသုဘအတွက် ရည်ရွယ်ကာ ပြောလိုက်သည်။ ချူးဝေမှာ တစ်ကောင်ကြွက်ဖြစ်ရာ ချူးဝေ၏ နောက်ဆုံးခရီးနှင့်ဆိုင်သည့် ကိစ္စအဝဝတို့သည် သူလက်ထဲသို့ အလိုလိုရောက်လာသလို ချူးဝေ ပိုင်ဆိုင်သမျှ စည်းစိမ်အားလုံးတို့သည်ကား မိုင်းမိုင်ထံရောက်ရှိလာတော့သည်။

ချူးဝေကား မိုင်းမိုင်နှင့် ပက်သက်၍ သူ့ထံမှ ခွင့်ပြုချက်ရပြီးကတည်းက သူ၏ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာအားလုံး၏ စာချုပ်စာတမ်းမှန်သမျှတွင် မိုင်းမိုင်အမည်နှင့် တွဲထားသည်ဖြစ်ရာ ယခုတော့ ချူးဝေပိုင်ဆိုင်သမျှတို့သည် မိုင်းမိုင်လက်ထဲသို့ အလိုလျှောက် ရောက်ရှိလာတော့သည်။

"အင်း"

မိုင်းမိုင်က စက်ရုပ်တစ်ရုပ်လို ခေါင်းညိတ်လာသည်။ သျှန်နောင်က မိုင်းမိုင်၏ လက်မောင်းကို ခပ်ဖွဖွပုတ်ကာ အခန်းထဲမှ ထွက်ခဲ့တော့သည်။ ထို့နောက် အောက်ထပ်တွင် ရှိနေသော အသုဘသတင်းမေးရန်လာသည့် တပည့်များ၊ မိတ်ဆွေများကို ဆင်းမတွေ့မှီ ချစ်သူအား သတိရမိသည်တွင် သူယာယီတည်းခိုသော အခန်းထဲသို့ဝင်ကာ ဖုန်းခေါ်လိုက်သည်။

"ဟဲလို... Baby?"

"ဟဲလို မောင်... ဘာရယ်မဟုတ်ဘူး။ နည်းနည်းလေး အချိန်ရလို့ ဆက်လိုက်တာ။ မဇူးဇူးတစ်ယောက် အဆင်ပြေရဲ့လား မောင်။ nurse ကော ငှားလို့ရပြီလား။"

သျှန်နောင် ဖုန်းလိုင်း၏ တစ်ဖက်တွင်ရှိနေသော ချစ်သူကို မေးလိုက်သည်။ ချူးဝေ ဆုံးသည့်နေ့ကတည်းက ချစ်သူထံ ခြေဦးမလှည့်နိုင်။ တူဖြစ်သူ မိုင်းမိုင်နှင့်အတူ ချူးဝေအိမ်တွင် အသုဘကိစ္စအတွက် စီစဉ်ဆောင်ရွက်နေရသည်ဖြစ်ရာ ဒီရက်ပိုင်း ကိုယ့်အိမ်မှာပင်မရှိ။ တဖက်ကတွေးကြည့်ပြန်တော့လည်း ဒါလည်း ခပ်ကောင်းကောင်း။ သျှားအိမ်ကလည်း အစ်မဖြစ်သူကို အိမ်သို့ခေါ်ထားသည်ဖြစ်ရာ မျက်နှာပူသက်သာလှ၏။

"ပြေပါတယ်။ အင်း... ရပြီ။ မနက်ဖြန်စလာမယ်။ ဒီတော့မှ မောင်လည်း အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်မှာ။ ဒါနဲ့ မိုင်းမိုင်တစ်ယောက်ကော ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။"

သျှန်နောင်မှာ သက်ပြင်းချလိုက်ကာ...

"မပြေဘူး မောင်။ တစ်နေ့လုံး အစာလည်း မစား။ စကားလည်း မပြော။ အိပ်လည်း မအိပ်ဘူး။ ချူးဝေရဲ့အခန်းထဲမှာ တနေကုန်ထိုင်နေတယ်။ ပြီးတော့ သူ့ဖုန်းထဲက ချူးဝေရဲ့ အရင် messageလေးတွေဖတ်လိုက် ဓါတ်ပုံလေးတွေ ကြည့်လိုက်၊ ဗီဒီယိုလေးတွေ ကြည့်လိုက်နဲ့... အဲ့ဒါပဲလုပ်နေတယ်။ ကိုလည်း ဒီအတိုင်း လွှတ်ထားရတယ်။ ခဏလောက်တော့ သူ ဒီအတိုင်းဖြစ်နေဦးမှာ။"

"အင်းပေါ့... သူတော်တော်ခံစားရမှရကို။"

သျှားအိမ်က ထောက်ခံလိုက်သည်။ ထို့နောက်အတန်ကြာ တိတ်ဆိတ်သွားသော သျှန်နောင်ကြောင့် သျှားအိမ် မျက်မှောင်ကြုတ်လိုက်မိသည်။

"Baby... ဘာတွေတွေးနေတာလဲ။"

"ကို မောင့်ကို ပေးထားတဲ့ ကတိကို ဖျက်ဖို့ဖြစ်လာပြီနဲ့တူတယ် မောင်"

"Baby ဘာကို ပြောချင်တာလဲ။"

"တခါပြောဖူးတယ် မဟုတ်လား။ ကိုနဲ့ Godfather ကြီး ကွိုင်ပူးတဲ့ကိစ္စ။ ချူးဝေအခုလိုဖြစ်ရတာ သူ စနက်ပဲမောင်။ သူ သက်သက်လာ ရန်စတာ။ ကို ငြိမ်နေရင် ဒီထက်ဆိုးဖို့ပဲရှိတယ် မောင်။ ကို အငြိမ်မနေပြန်ရင်လည်း သူနဲ့ ထိပ်တိုက်တိုးတော့မှာ..."

သျှန်နောင် စကားရပ်ကာ သက်ပြင်းချလိုက်ပြန်သည်။ နှစ်ဦးသား အချိန်ကြာအောင် တိတ်ဆိတ်နေပြီးမှ....

"Baby... မောင်ကတော့ ဒီကိစ္စကို ရှေ့ဆက်တိုးဖို့ အားမပေးချင်ဘူး။ အဓိကကတော့ Baby တခုခုဖြစ်မှာကို စိုးရိမ်တာ။ မောင် ဒီလိုဂိုဏ်းဂဏကိစ္စတွေနဲ့ မရင်းနှီးပေမယ့်။ သူက Baby ထက်တော့ အင်အားကြီးမှာပဲ မဟုတ်လား။"

"မောင် စိုးရိမ်တာကို နားလည်ပါတယ်။ သူက အင်အားများတယ်ဆိုပေမယ့် တကယ်တမ်း ယှဉ်လာရင် ကို့လူတွေကို မမှီပါဘူး။"

တကယ်လည်း မမှီနိုင်။ အကယ်၍သာ ထိပ်တိုက်တွေ့လာလျှင် ဦးမြတ်ဘုန်းလျှံတွင် လက်ရှိ အားကိုးနိုင်သူဟူ၍ လူငါးယောက်ထက်မပို။ ထိုလူထဲမှ နှစ်ယောက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားလို့ရသည်ဖြစ်ရာ သိပ်တော့ မှုစရာမရှိ။

"ဘာပဲဖြစ်ဖြစ် Baby ရာ ရှောင်လို့ရသမျှတော့ ရှောင်ပါကွာ။"

"အင်း.... ကို ကြိုးစားပါ့မယ်။"

ထိုစဉ် တိန်းတောင်ဟူသော လူခေါ်ခေါင်းလောင်းသံကြောင့်...

"Baby ခဏလေးနော်။ ဒီအချိန်ကြီး ဘယ်သူလဲ မသိဘူး။"

သျှားအိမ် ချောင်းကြည့်ပေါက်မှ ကြည့်လိုက်တော့ တခါမျှ မမြင်ဖူးသော လူရွယ် နှစ်ယောက်ရပ်နေသည်။ ဝတ်ထားသည်က အိမ်နေရင်းအင်္ကျီလို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်ဖြစ်ရာ တစ်နေ့ကပြောင်းလာသော အခန်းနီးချင်းအသစ်များလားဟု တွေးမိပြီး တံခါးဖွင့် ပေးလိုက်သည်။ သို့သော် သူ ထင်သည်မှာ တက်တက်စင်းအောင် လွဲသွားတော့သည်။ တံခါးဖွင့်လိုက်သည်နှင့် ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က သျှားအိမ်၏ အရှိုက်ကိုထိုးလိုက်သည်။ သျှားအိမ်မှာ မထင်မှတ်ပဲ အငိုက်မိသွားကာ လက်မှဖုန်းလည်း လွတ်ကျသွားတော့သည်။

"အ..."

"ဖုံး..."

"အင့်..."

သျှန်နောင်မှာ တစ်ဖက်မှ ထိုးကြိတ်သံနှင့် နာကျင်စွာ ညည်းတွသံကြောင့် စိုးရိမ်သွားရသည်။

"မောင်..."

"မောင်...!!"

သူမည်မျှပင် စိုးရိမ်တကြီး အော်ဟစ်အော်ခေါ်နေပါသော်လည်း ပြန်မဖြေသဖြင့် ပို၍ စိုးရိမ်လာသည်။ ဒီကြားထဲတစ်ဖက်မှ ရုန်းရင်းဆန်ခတ်အသံများက ရပ်မသွားသည့်အပြင် ပို၍ကျယ်လောင်လာသည်။

သျှားအိမ်မှာ သူ့အား ချုပ်ကိုင်ကြိုးစားနေသော သူ၏ ရင်ဝကို ဆောင့်ကန်လိုက်ကာ လဲကျနေရမှထပြီး ဒုတိယတစ်ယောက်၏ ခြေထောက်များကို သိမ်းကန်လိုက်သည်။ ထိုစဉ် အခန်းထဲမှ ပြေးထွက်လာသော အစ်မဖြစ်သူကို အခန်းထဲဝင်ရန် သတိပေးလိုက်ရသေးသည်။

"မဇူး... သွား... အခန်းထဲပြန်ဝင်...."

သျှားအိမ်၏ အာရုံမှာ မေဇူးမောင်ဆီ စက္ကန့်ပိုင်းမျှ ရောက်သွားသည်ကို အခွင့်ကောင်းယူကာ နှစ်ယောက်သား ပြိုင်တူပြေးဝင်လာတော့သည်။ တစ်ယောက်က သူ၏ရင်ဝကို ချိန်ရွယ်ကာ ကန်လိုက်ပြီး ကျန်တစ်ယောက်က သူ၏ ဘယ်ဘက်နံကြားကို ချိန်ရွယ်ကာ ကန်လိုက်သည်။ သျှားအိမ်က လျှင်မြန်စွာဖြင့် ညာဘက်သို့လှည့်ကာ တိမ်းရှောင်လိုက်သော်လည်း အနည်းငယ်နောက်ကျသွားခဲ့သည်။ ကန်ချက်များက ဦးတည်ရာချက်ကောင်းများကို မထိသော်လည်း မသက်သာပါ။ သူ၏ ဘက်ဝမ်းဗိုက်မှ နာကျင်မှုနှင့်အတူ အနီးရှိ kitchen countertop ပေါ်သို့ ကျောနှင့် အပ်ကာလဲကျသွားတော့သည်။

"အွတ်"

သျှားအိမ်မှာ ဗိုက်နှင့် ရင်ဘတ်မှ နာကျင်မှုကို ဂရုမစိုက်အား ထိုလူများ၏ ကန်ချက်များ သူ့ကိုယ်ပေါ်သို့မကျရောက်ရန် ကပျာကယာတိမ်းရှောင်ကာ ဧည့်ခန်းဆီသို့ မျှားခေါ်သွားလိုက်သည်။ ထိုလူနှစ်ယောက်ကလည်း သူ့နောက်မှ သဲသဲမဲမဲလိုက်ကာ တိုက်ခိုက်နေသည်။ ထိုလူများ၏ တိုက်ခိုက်ပုံကိုကြည့်ကာ အဆင့်မြင့် တိုက်ခိုက်ရေးသမားများဖြစ်ကြောင်း သျှားအိမ် သိလိုက်ပါသည်။ သို့သော် ဧည့်ခန်းထဲရှိ ပရိဘောဂများကြောင့် ဒီလူများ စိတ်တိုင်းကျ တိုက်ခိုက်၍ မရတော့။ အချိန်အတန်ကြာအောင် တိုက်ခိုက်ပြီးသွားသောအခါ အရပ်ပိုမြင့်သော လူမှာ စိတ်ရှည်ဟန်မတူ အင်္ကျီထဲမှာ ဓါးကို ထုတ်ယူပြီး သျှားအိမ်ထံ ပြေးလာတော့သည်။ ကျန်တစ်ယောက်ကလည်း အတိုင်အဖောက်ညီစွာ သူ့အားပို၍ ဖိတိုက်တော့သည်။ သျှားအိမ်မှာ ကျန်လူ၏ ထိုးနှက်ချက်များထက် ပထမလူ၏ ဓါးချက်ကို ပို၍ ဂရုစိုက်ကာ ရှောင်တိမ်းရင်း နံရံတွင် အလှချိတ်ဆွဲထားသော ကင်ဒိုဓါးရှိရာဆီသို့ ကပ်သွားကာ ဓါးကို ဆွဲယူလိုက်တော့သည်။ ထိုဓါးမှာ အလှထားသော ဓါးသာဖြစ်၍ အသွားမထက်သော်ငြား သံဖြင့်ပြုလုပ်ထားပြီး တကယ့်ဓါးကဲ့သို့ပင် အလေးချိန်စီးကာ ယခုလို အခြေအနေတွင်တော့ ကောင်းစွာ အသုံးဝင်လှသည်။

သျှားအိမ်က ဓါးကို ဓါးအိမ်ထဲမှ ဆွဲထုတ်ကာ ပထမလူ၏ လက်ကို လွှဲကာ ရိုက်ချလိုက်လျှင် ထိုလူမှာ နာကျင်စွာ အော်ဟစ်ပြီး လက်ထဲမှ ဓါးလွတ်ကျသွားတော့သည်။ အကယ်ရ၍ သူ့လက်ထဲမှ ဓါးသည်သာ တကယ့်ဓါးအစစ်ဖြစ်ပါလျှင် ထိုလူ၏ လက်မှာ တိခနဲပြတ်သွားဖို့သာရှိသည်။ ထို့နောက် သူ့အား ဝင်လုံးကာ အနီးကပ်တိုက်ခိုက်နေသော ဒုတိယလူနှင့် လူချင်းအနည်းငယ်ခွါလိုက်ပြီး ထိုလူ၏ လည်ပင်းကို ဓါးဖြင့်လွှဲကာ ရိုက်ချလိုက်သည်။ ထို့နောက် သူ့နောက်မှ တိုက်ခိုက်ရန် ပြင်နေသော လူ၏ မျက်နှာကို နောက်ပြန်ကန်ကာ ပွဲသိမ်းလိုက်တော့သည်။ တချိန်ထဲမှာပင် အချိန်းအချက်များပြုထားသလားထင်ရအောင် ပြည်သူ့ရဲများလည်း ရောက်ရှိလာတော့သည်။ ကြည့်ရသည်မှာ မေဇူးမောင် ခေါ်လိုက်သည်နှင့်တူသည်။ ထို့နောက် ရဲများက သူ့အား ထုံးစံအတိုင်း မေးခွန်းတချို့မေးမြန်းတော့သည်။

-----------

သျှန်နောင်မှာ ဖုန်းထဲမှ အသံများကြားသည်နှင့် ကားကို အမြန်နှုန်းနှင့် မောင်းကာ ချစ်သူရှိရာဆီသို့ ပြေးလာခြင်းဖြစ်သည်။ အခန်းဝတွင် ဝိုင်းအုံကြည့်ရှုနေသော လူအချို့နှင့် ရဲအချို့ကြောင့် သူမှာ စိုးရိမ်သည်ထက်စိုးရိမ်လာတော့သည်။

"ဟေ့... ဒါက အခင်းဖြစ်တဲ့နေရာ။ ဝင်လို့မရဘူး။"

အခန်းထဲသို့ ဝင်ရန်ပြင်နေသော သူ့အား တံခါးဝမှ ရဲများက ဖမ်းတားကာ မေးလိုက်သည်။

"ကျွန်တော် ဒီအခန်းကပါ။ ဒီအခန်းပိုင်ရှင်ရဲ့ အမျိုးသားပါ။ သူများ တခုခုဖြစ်သွားသေးလားဟင်။"

သျှန်နောင်မှာ စိုးရိမ်တကြီးမေးလိုက်လျှင် ရဲများက သူတို့အား ဖုန်းဆက်ခေါ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ပတ်သက်သူဟု အထင်ရောက်သွားရာ...

"ဪ... ဒါဆို ဝင်ပါ။ ခင်ဗျား အမျိုးသမီးက အန္တရာယ်ကင်းကင်းပါပဲ။"

သျှန်နောင် ထိုရဲများကို ဖြေရှင်းမနေတော့ဘဲ အထဲသို့ အပြေးတစ်ပိုင်းဖြင့် ဝင်လာခဲ့ပါတော့သည်။ ထိုစဉ် လက်ထိတ်တန်းလန်းဖြင့် ထွက်လာသော လူနှစ်ဦးကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူများကလည်း သူ့အားကြည့်ကာ အံ့သြခြင်းတဝက်၊ နားမလည်ခြင်းတဝက်ဖြင့်ကြည့်နေသည်။ သို့သော် သူ့ မျက်နှာထားမှာ ဒေါသနှင့် တင်းမာသွားချိန်တွင်တော့ ထိုလူနှစ်ယောက်မှာ မျက်နှာအပျက်ပျက်အယွင်းယွင်းနှင့် ရဲနောက်သို့ပါသွားတော့သည်။ ဒါလည်း ခပ်ကောင်းကောင်းမဟုတ်လျှင် ဒီမျိုးမစစ်နှစ်ကောင်ကို နေရာမှာပင် အရေခွံဆုပ်ပစ်မိလိမ့်မည်။

သူဧည့်ခန်းသို့ ဝင်လာတော့ သျှားအိမ်က ရဲအုပ်တစ်ယောက်နှင့် စကားပြောနေသည်။ ဘေးတွင်လည်း မဇူးမောင်ကို ရဲမေတစ်ဦးက ပုခုံးကို ဆုပ်နယ်ကာ နှစ်သိမ့်ပေးနေသည်။ သူမ ကြည့်ရသည်မှာ တော်တော်ကြီး shock ရသွားဟန်ရှိသည်။ မျက်နှာမှာ သွေးမရှိသလို ဖြူဖြူစွတ်နေသည်။

"ကိုသျှားအိမ်နဲ့ ဒီလူတွေနဲ့ ရန်ငြိုးရှိလား"

"ဟင့်အင်း... ဒီလူတွေကို တခါမှတောင် မမြင်ဖူးဘူး။"

"တခြားလူတွေနဲ့ရော ရန်ငြိုးရန်စရှိလား"

သျှားအိမ် ဈာန်လင်းခန့်၏ မျက်နှာကို ပြေးမြင်လိုက်မိသည်။ သို့သော် ခေါင်းတစ်ချက်ခါပြလိုက်သည်။ ထိုစဉ် သျှန်နောင်မှာ ပျာတီပျာယာဖြင့် သူ့နားတွင် ဝင်ထိုင်ရင်း....

"ဘာဖြစ်သွားသေးလဲ"

သူ့အား သေချာစွာ လှည့်ပတ်ကြည့်နေသော သျှန်နောင်ကြောင့် သူပြုံးပြကာ....

"နည်းနည်းပဲ ထိမိတာပါကွာ။"

"တော်သေးတာပေါ့။"

ရဲအရာရှိမှာ ယခုရောက်လာသော အမျိုးသားကို မြင်လျှင် ဇဝေဇဝါဖြစ်သွားရသည်။ ဒီအမျိုးသားကား ဒုစရိုက်လောကတွင် နာမည်ကြီးလှသည့် "ယက္ခ"မဟုတ်လား။ ယခင် Godfather ဦးလျှမ်းမြတ်စံ၏ လက်ထောက်တစ်ဦးဖြစ်ပြီး၊ လက်ရှိနာမည်ကြီးနေသော မြေအောက်ရာဇာများဖြစ်သည့် ဇေယသွေး၊ သူရမြတ်စံ၊ မင်းဝဠာ တို့နှင့်လည်း သွေးသောက်ဖွဲ့ထားသည်ဟူ၏။ သို့သော်လည်း ဒီလူနှင့် ပတ်သက်အမှုအခင်း ဟူ၍ ဘာမှတ်တမ်းမှ မရှိသည့်အပြင် ထိပ်သီးပိုင်းမှ အစိုးရအရာရှိတို့အထိ ပေါက်မြောက်သူဖြစ်ရာ ဒီလူအား လူဆိုးစာရင်းသို့သွင်း၍ မရ။ မည်သို့ဖြစ်စေ ယခုလို လူကိုယ်တိုင် အနီးကပ်ကြီးတွေ့ရသောအခါ သူကြားခဲ့သည်များမှာ ဟုတ်မှဟုတ်ပါရဲ့လားဟုပင် သံသယဖြစ်မိသည်။ ထိုလူကြည့်ရသည်မှာ လွန်စွာသိမ်မွေ့သည့် လူကြီးလူကောင်းပုံပေါက်နေသည် မဟုတ်ပါလား။ ပို၍ အံ့သြဖိုကောင်းသည်က သူနှင့် စကားပြောနေသော အမျိုးသားနှင့် အလွန်အမင်းပင် ရင်းနှီးလွန်းနေသည်။ မဟုတ်မှလွဲရော....

"အဟမ်း..."

ရဲအရာရှိက ချောင်းဟန့်လိုက်မှ သဖန်းပိုးနှစ်ကောင်မှာ အားတုံ့အားနာဟန်ဖြင့် လှည့်လာတော့သည်။

"ကျွန်တော် ဒီကိစ္စကို ကောက်ချက်ဆွဲမိတာကတော့။ ရန်ငြိုးကြောင့် ဖြစ်နိုင်တယ်။ ခင်ဗျားနဲ့ တိုက်ရိုက်မဟုတ်လည်း ခင်ဗျားရဲ့ ချစ်သူရည်စားကို အငြိုးထားပြီး ခင်ဗျားကို အခုလိုလုပ်တာလည်းဖြစ်နိုင်တယ်။ နောက်ဆို လူစိမ်းဆိုရင် တံခါးဖွင့်မပေးနဲ့ပေါ့ဗျာ။"

ထိုရဲအရာရှိက "ချစ်သူရည်းစား"ဟူသော စကားလုံကို ဖိပြောရုံသာမဟုတ် ထိုစကားကိုပြောနေချိန်တွင် သျှန်နောင်ကိုပါ အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက်သေး၏။

"ကဲ... ကျွန်တော့်ကို ခွင့်ပြုပါဦး။ နောက်ထပ်အကြောင်းရင်း တစ်စုံတရာရှိရင် ကျွန်တော်ပေးထားတဲ့ နံပါတ်ကို ဆက်သွယ်လိုက်ပါ။ သွားလိုက်ပါဦးမယ်။"

"ဟုတ်ကဲ့"

ရဲအရာရှိနှင့် နောက်လိုက်များအား မေဇူးမောင်နှင့်အတူ အခန်းတံခါးဝသို့ ပို့ဆောင်ပေးပြီးသည်နှင့် သျှန်နောင်က...

"ကဲ... မောင်... မောင်ရော၊ မဇူးဇူးရော အဝတ်တွေထည့်ပြီး ကို့အိမ်ကိုသာ လိုက်ခဲ့တော့။"

"ဟင်... ဘာလို့လဲ။"

"ခင်ဗျားလေး ဒီမှာနေရင် မလုံခြုံဘူးလေ။ ဒီလူတွေ ထပ်လာဦးမှာ။ မယုံမရှိနဲ့။ အခုနှစ်ယောက်နဲ့ မအောင်မြင်ရင် သုံးယောက်လာလိမ့်မယ်။ နောက်တစ်ခါဆိုရင် မကောင်းတော့ဘူး။"

သျှန်နောင်က မေဇူးမောင်ကို ကြည့်ကာ ပြောလိုက်သည်။ သူမခမျာ ကြောက်လန့်လွန်း၍ ယခုထက်ထိပင် ကတုန်ကယင်ဖြစ်နေသေးသည် မဟုတ်လား။

"ဒါပေမယ့်... ဒီလူတွေက Baby အိမ်အထိပါလိုက်လာရင်ကော..."

"ကောင်းတာပေါ့။ ကို လိုက်ရှာစရာမလိုတော့ဘူးပေါ့။"

သျှားအိမ် ရုတ်တရက် ဘာပြောရမှန်းမသိတော့။ မလိုက်ချင်၍တော့ မဟုတ်။ သူကတော့ ချစ်သူမကရင်းနှီးသောသူ၏ အိမ်လိုက်နေတာ ပြဿနာမရှိ။ သို့သော် အစ်မဖြစ်သူအတွက် အဆင်ပြေပါ့မလား။ သျှန်နောင်နှင့် မေဇူးမောင်ဆိုသည်မှာ သေချာတွေးကြည့်လျှင် ဈာန်လင်းခန့်နှင့်ပတ်သက်၍ မအပ်စပ်သူများဖြစ်သည်။

သျှန်နောင်က သျှားအိမ်တွေးနေသည်ကို ကျက်မိသည့်အားလျှော်စွာ မေဇူးမောင်ရှေ့တွင် ရို့ရို့လေးရပ်လိုက်သည်။ ထို့နောက် မျက်လွှာချကာ...

"အလှူနေ့က ကိစ္စနဲ့ပတ်သက်ပြီး မဇူးဇူးကို ကျွန်တော် အားလည်းနာသလို မျက်နှာလည်း ပူမိပါတယ်။ အဲ့ဒီကိစ္စတွေက မတော်တဆဖြစ်သွားတာပါ။ မဇူးဇူးသိအောင် တမင်ရည်ရွယ်တာ မဟုတ်ရပါဘူး။ ပုတ်သိုးဆွေးမြေ့နေတဲ့အတိတ်က အကြောင်းတွေကို အထုတ်ဖြေပြပြီး သူတပါးအိမ်ထောင်ကို ဖျက်လိုဖျက်စီးလုပ်လိုတဲ့ စိတ် ကျွန်တော့မှာ လုံးဝမရှိပါဘူး။ ဒါက မှန်သောစကားပါ မဇူးဇူး။"

မေဇူးမောင်က မျက်နှာကို တဖက်သို့လွှဲကာ အင်းမလုပ်အဲမလုပ်။

"မဇူးဇူးအနေနဲ့ ကျွန်တော့်ကို အပြစ်တင်ရင်လည်းရပါတယ်။ နောက်ပြီး ကျွန်တော့်မျက်နှာကို မမြင်ချင်ဘူးဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အခုတော့ မဇူးဇူးတို့ မောင်နှမရဲ့ လုံခြုံရေးအတွက် ကျွန်တော့် အိမ်မှာ လိုက်နေပေးပါ။ မဇူးဇူးရဲ့ ဝေယျာဝစ္စတွေအားလုံးရော၊ နေရေးထိုင်ရေးပါ မဇူးဇူး စိတ်တိုင်းကျဖြစ်ဖို့ ကျွန်တော် တာဝန်ယူပါတယ်။"

"ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး ကိုသျှန်နောင်။ ရှင့်မျက်နှာကို မမြင်ချင်လို့လည်း မဟုတ်ပါဘူး။ ရှင်နဲ့ မျက်နှာချင်းမဆိုင်ချင်ရုံပါ။ ဒါပေမယ့် ရှင့်ကို မုန်းလို့တော့ မဟုတ်ပါဘူး။"

သူမက ထိုမျှသာပြောပြီး သူမအခန်းထဲဝင်သွားတော့သည်။ ထိုအခါကျမှ သျှားအိမ်ရော သျှန်နောင်ပါ နားလည်လိုက်ပါသည်။ လက်စသတ်တော့ သူမနှင့် သျှန်နောင်မှာ တစ်ကိုတစ်ဦး မျက်နှာ ပူနေကြတာကိုး။

သို့နှင့် မောင်နှမနှစ်ဦး သိမ်းစရာရှိသည်များကို သိမ်းပြီး၍ သျှန်နောင်၏ အိမ်ရောက်တော့ အတော်ကိုညဥ့်နက်နေပြီဖြစ်သည်။ သို့သော် အသုဘမေးရန်လာသော လူများရှိသေးသည်ဖြစ်ရာ ချူးဝေ၏ အိမ်သို့ ခဏတော့ ပြန်ရ ပေဦးမည်။

"မောင်... ကို ချူးဝေအိမ် ခဏသွားလိုက်ဦးမယ်။ ဟိုဘက်တစ်လမ်းကျော်လေးတင်ရယ်။ သိပ်မဝေးပါဘူး။"

"အင်း... Baby လုပ်စရာရှိတာသာ လုပ်ပါ။ မောင်က ဒီအိမ်က လူတွေနဲ့မှ မစိမ်းတာ"

တကယ်လည်း ဒီအိမ်က သျှားအိမ်အတွက် အစိမ်းမဟုတ်။ ဒီအိမ်ကို နေ့စဉ် ဝင်ထွက်စားသောက်နေရုံမက ချစ်သူနှင့်အတူ ညတာကုန်ဆုံးတတ်သည်ဖြစ်ရာ သူ၏ ဒုတိယအိမ်ဟုပင် ပြော၍ ရသည်။ ကုန်ကုန်ပြောရလျှင် ဒေါ်ခူးနှင့် ဦးကောင်းကပင် သူအား အိမ်သားစာရင်းထဲ သွင်းထားလေသည်။

"ကျေးဇူးပါ မောင်။ ကဲ... နားလိုက်ကြဦး။ ဒေါ်ခူးရေ..."

သျှန်နောင်က ဒေါ်ခူးအား ခေါ်လိုက်ပြီး မေဇူးမောင်အတွက် အခန်းတစ်ခုပြင်စေသည်။ သျှားအိမ်ကတော့ ပြောနေဖို့မလို သူအခန်းထဲတွင် နေလိမ့်မည်။

"သွားလိုက်ဦးမယ် မောင်။ အိပ်ချင်ရင် အိပ်နှင့်"

သျှားအိမ်က ဘာမျှမပြော။ ကားအထိလိုက်ပို့ပေးမည်ဆိုကာ လူလစ်သည်နှင့် အနမ်းချွေပြီး အိမ်ပေါ်သို့ ပြန်တက်သွားတော့သည်။ သျှန်နောင်မှာ ဧည့်သည်များကို ဧည့်ခံရန်ရှိသေးသည်ဖြစ်ရာ ချူးဝေ၏ အိမ်သို့ ပြန်လာခဲ့သည်။ ဧည့်သည် အားလုံးလိုလိုမှာ ချူးဝေ၏ လုပ်ဖော်ကိုင်ဘက်ဟောင်းဖြစ်သည့်အပြင် သူ၏ တပည့်ဟောင်းများဖြစ်ရာ ချူးဝေကိစ္စနှင့် ပတ်သက်၍မကျေနပ်ချက်များကို ပွင့်ပွင့်လင်းလင်းပင် ရင်ဖွင့်လာသည်။

"ဆရာယက္ခ... ဒီကိစ္စကို ပေါ့ပေါ့တန်တန် မထားသင့်ဘူးနော်။"

"ဆရာသာ ထပ်ပြီးသည်းခံလိုက်ရင် ဒီလူ ထပ်အနိုင်ကျင့်မှာ။ ဒီလူက ဆရာ ဒီလောကက မထွက်သွားခင်က ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့ကို ကြည်တာမဟုတ်ဘူး။ အဘရဲ့စကားရှိနေလို့သာ။"

"ဒါတော့ မှန်တယ် သျှန်နောင် ဦးမြတ်ဘုန်းလျှံက မင်းကို မေမီထွန်းရဲ့ ကိစ္စနဲ့ ကျေတာမဟုတ်ဘူး။ အခုနေ အဘသာ တခုခုဖြစ်ကြည့် မင်းတော့မလွယ်ဘူး။"

မင်းဝဋ္ဌာက သူ၏ ငယ်သားဖြစ်သူ၏ စကားကို ထောက်ခံလိုက်သည်။

"မေမီထွန်း..."

သျှန်နောင် ထိုအမည်ကို ရေရွတ်ကာ ခပ်လှောင်လှောင်ပြုံးလိုက်သည်။ မေမီထွန်းဆိုသည်မှာ လွန်ခဲ့သော ခြောက်နှစ်ခန့်က နာမည်ကြီးသော ရုပ်ရှင်မင်းသမီးဖြစ်ပြီး ဦးမြတ်ဘုန်းလျှံ၏ နှလုံးသည်းညှာရှင်ဖြစ်သည်။ သူမသည် လှပသော်လည်း အဆိပ်ပြင်းသည်။ သူတို့ ဂိုဏ်း၏ အတွင်းရေးကိစ္စများကို သူမ၏ချစ်သူ ဦးမြတ်ဘုန်းလျှံထံမှ သတင်းယူကာ ပြိုင်ဘက်ဂိုဏ်းများထံ ရောင်းစားနေသော မိန်းမလည်။ သူမကြောင့် ဂိုဏ်းများကြားတွင် မကြာခဏခိုက်ရန်ဖြစ်ပွားပြီး သူတို့ဂိုဏ်းမှာ အတော်ကို အထိနာခဲ့ရသည်။ ထို့ပြင် သူမစနက်ကြောင့် သူ၏ ရဲဘော်ရဲဘက်ပေါင်းများစွာ ကျဆုံးခဲ့ရသည်။ ထိုစဉ်က ဘယ်သူမှန်းမသိခဲ့။ သူ အသည်းအသန်စုံစမ်းတော့မှ လက်သည်တရားခံမှာ နောက်တက်မည့် ဂိုဏ်းချုပ်လောင်း၏ ချစ်သူဖြစ်နေသည်မှန်းသိရသည်။

သျှန်နောင်မှာ သူမကြောင့် လက်အောက်ငယ်သားများ၊ လုပ်ဖော်ကိုင်ဖက်များ ဆုံးရှုံးရသည်တွင် လုံးလုံးလျားလျားသည်းမခံနိုင်တော့။ ဤကိစ္စနှင့်ပတ်သက်၍ ကိုင်တွယ်ရန် ဦးမြတ်ဘုန်းလျှံအား တောင်းဆိုသည်။ သို့သော် ဦးမြတ်ဘုန်းလျှံကား ချစ်ဆိပ်တက်ရုံမက ချစ်သူယုံ၍ စုံလုံးကန်းနေပြီဖြစ်သည်။ သူပြောသည်ကို လက်မခံသည့်အပြင် သူကိုပင် နှုတ်ပိတ်ရန် ကြိုးစားလာသည်။ နောက်ဆုံးတွင်တော့ ထိုကိစ္စသည် ဦးလျှမ်းမြတ်စံထံသာမက ဦးလျှမ်းမြတ်စံနှင့် ဦးမြတ်ဘုန်းလျှံတို့၏ ဖခင် ယခင်ဂိုဏ်းချုပ်အဟောင်း ဦးမြတ်သူ ထံရောက်ရှိသွားတော့သည်။

ထိုအခါ ဦးလျှမ်းမြတ်စံက လူလွှတ်ကာ မေမီထွန်းအား လုပ်ကြံသတ်ဖြတ်စေသည်။ ဤသည်တွင် ဦးမြတ်ဘုန်းလျှံနှင့် ဦးလျှမ်းမြတ်စံတို့ အကြီးအကျယ်စကားများကာ တုတ်ဆွဲဓါးဆွဲအခြေအနေဖြစ်ကုန်တော့သည်။ ထို့ပြင် သျှန်နောင်ကိုပါ လူသတ်သမားဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်ရန် အစီအစဉ်ဆွဲတော့သည်။ အကယ်၍ ဇေယသွေးသာ ဤအကြံအစည်ကို မတော်တဆသာ မကြားခဲ့လျှင် ယခုဆို သူ အရိုးဆွေးလောက်ပြီဖြစ်သည်။ နောက်ဆုံးတွင် ဦးမြတ်သူမှာ မနေသာတော့ သားနှစ်ဦးဝင်ရောက် ဖြန်ဖြေပေရုံသာမက သျှန်နောင့်ကိုပါ အကာအကွယ် ပေးလာတော့သည်။

"....ဒီကောင်လေးက သစ္စာစောင့်တယ်။ ဒီကောင်လေးကို မြှောက်စားသင့်တာကို မင်းက သတ်ပစ်ဖို့ ကြံတယ် ဟုတ်လား ငဘုန်း! မင်း ဒီပုံနဲ့ ဘယ်လိုလုပ်ပြီး မင်းအစ်ကိုနေရာ ဆက်ခံမလဲ။ အေး... ဒီကိစ္စဒီမှာ ပြီးပါစေ။ မဟုတ်လို့ကတော့ ငါနဲ့ အတွေ့ပဲ။ နောက်ပြီး အဲ့ဒီ့အပျက်မနဲ့ ပတ်သက်ပြီး ဒီကောင်လေးကို ထိလို့ကတော့ ငါ့ အဆိုးမဆိုနဲ့။"

ဟု ရာဇသံပေးလိုက်မှ ငြိမ်သက်သွားတော့သည်။ သူလည်း ထိုကိစ္စအားလုံးအပြီးတွင် အမှောင်လောကမှ စွန့်ခွါခဲ့တော့သည်။သူဆက်ရှိနေလျှင် ဦးမြတ်ဘုန်းလျှံသာ ခေါင်းဆောင်နေရာ ဆက်ခံသည့်အချိန်တွင် သူအခက်တွေ့တော့မည်ဖြစ်သည်။ ဦးမြတ်ဘုန်းလျှံက သူ့အား မည်သို့မျှ အခဲမကျေမည်မဟုတ်။ ဤသည်ကို သဘောပေါက်သော ဦးမြတ်သူနှင့် ဦးလျှမ်းမြတ်စံတို့က သူအနားယူမည့် ကိစ္စကို သဘောတူ ကြည်ဖြူစွာ ခွင့်ပြုလိုက်တော့သည်။

မည်သို့ဖြစ်စေ ယခုအချိန်တွင် စဉ်းစားရမည့်အချက်မှာ ဦးမြတ်ဘုန်းလျှံအား တားစည်းပေးမည့် ဦးလျှမ်းမြတ်စံမရှိတော့သည့်အပြင် ဦးမြတ်သူမှာလည်း ကျန်းမာရေးအခြေအနေက ယိုယွင်းနေပြီဖြစ်သည်။ မင်းဝဋ္ဌာပြောသလို အကယ်၍ ဦးမြတ်သူသာ မရှိတော့ဘူးဆိုလျှင် သူ့အတွက် သိပ်မလွယ်လှ။ ဟိုလူက ဤလောက၏ စည်းကမ်းကို ဂရုစိုက်တာမဟုတ်။

"မင်းသာ သူနဲ့ ထိပ်တိုက်တွေ့ရင် သူ့ဘက်က နေမယ့်သူတွေကို မှုစရာမလိုဘူး သျှန်နောင်။"

ဇေယသွေးကပါ ဝင်ပြောလာသည်။

"တကယ်တမ်းဖြစ်လာပြီဟေ့ဆိုရင် ငါနဲ့ ဇေယသွေးကတော့ မင်းဘက်က တစ်သက်လုံးရှိမှာ။ ဒါကို မင်းမမေ့ပါနဲ့"

မင်းဝဋ္ဌာက သူ့ပုခုံးကို ပုတ်ကာ အာမခံသော လေသံဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်။

"ဒါတောင် သူရမရှိလို့။ မဟုတ်ရင် သူလည်း နေမှာမဟုတ်ဘူး။"

"အင်း... ကျွန်တော် ယုံပါတယ်ဗျာ။"

သူတို့ သုံးဦးသား အတန်ကြာအောင် စကားစမြည်ပြောဖြစ်ကြသည်။ ထို့နောက် လက်ထောက်ဟန်သိုအား အစောကတွေ့ခဲ့သည့် တိရစ္ဆာန်နှစ်ကောင်ကို အာမခံဖြင့် အချုပ်ထဲမှ သွားထုတ်ရန် မှာကြားလိုက်သည်။

သိပ်မကြာလိုက်ပါ။ ဧည့်သည်အားလုံးမှာ သူအား နှုတ်ဆက်ပြီးသည်နှင့် အလျိုလျိုပြန်သွားတော့သည်။ သူလည်း ဧည့်သည်များပြန်သည်နှင့် အိမ်သို့ မိုင်းမိုင်နှင့်အတူ ပြန်ခဲ့တော့သည်။ အခန်းထဲရောက်လျှင် သျှားအိမ်မှာ ကုတင်ပေါ်တွင် နဖူးပေါ်လက်တင်ပြီး ဆန့်ဆန့်ကြီး လဲလျောင်း၍နေသည်။ သျှန်နောင်မှာ သျှားအိမ်၏ စဉ်းစားခန်းဖွင့်နေပုံကိုကြည့်ကာ ပြုံးလိုက်ပြီး ဗီရိုထဲမှ pajama တစ်ထည်ကို ထုတ်ယူကာ လဲလှယ်လိုက်သည်။ ထို့နောက် သျှားအိမ်၏ ဘေးတွင် အသာအယာဝင်ရောက်ကာ ကိုယ်တစ်စောင်း လဲလျောင်းရင်းမှ ချစ်သူကိုကြည့်ကာ ပြုံးလိုက်သည်။

"ဘာတွေ တွေးနေတာလဲ ဆရာကြီးရဲ့"

"ခုနက လူတွေရဲ့အကြောင်းလေ။ ဒီလူတွေကို ဟိုလူပဲလွှတ်လိုက်တာဖြစ်မှာ"

"ဒီတော့ မောင် ဘယ်လိုဖြစ်ချင်လဲ"

"အဲ့ဒီ့လူတွေရော ဟိုလူရောကိုပါ ကျောင်းမှန်းကန်မှန်းသိအောင် လုပ်သင့်တယ် မဟုတ်လား။"

သျှန်နောင် ဘာမျှမပြော။ ချစ်သူ၏ မျက်နှာချောချောကိုသာ ညှင်သာစွာ ပွတ်သပ်ကိုင်တွယ်နေမိသည်။ ထူထဲသော မျက်ခုံးတန်းများ၊ လွန်းအိမ်ကဲ့သို့သော လှပသည့် မျက်ဝန်း၊ နှာတံမြင့်မြင့်၊ လေးကိုင်းပုံ နှုတ်ခမ်းအိအိ..... ဤအမျိုးသားငယ်၏ အစိတ်အပိုင်းတခုချင်းစီသည် လှပသည်ထက် မြတ်နိုးစရာကောင်းလှပါဘိ။

"Baby?"

သူ့အား ရီဝေဝေဖြင့်ကြည့်နေသော ချစ်သူကြောင့် သျှားအိမ် မနေတတ်သလိုပင်ဖြစ်လာသည်။

"ဟင်?"

"ဘယ်နှယ့်ကြောင့် လူကို ဒီလိုကြီးကြည့်နေတာလဲ။"

"ချစ်လို့။ မြတ်နိုးလို့"

ဒီလူတစ်ယောက်နဲ့ တော်တော်တော့ခက်သည်။ ဒီကောင်က အစောကတည်းက ကြွေကျမြေခနေပါသည်ဆိုမှ။ နေစရာမရှိအောင် ခြွေနေပြန်ပါပြီ။ သျှားအိမ်မှာ အသည်းယားစွာဖြင့် ချစ်သူကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"ချစ်လိုက်တာ Baby ရာ"

သျှန်နောင်ကတော့ ထိုစကားလုံးများတွင် ပျော်ဝင်ကာ ကျေနပ်မြူးတူးနေတော့သည်။

"ကို့လောက် ချစ်နိုင်ပါ့မလား။"

သျှန်နောင်က စိန်ခေါ်ခြင်းလည်းမမည် ကလူ၏မြှူ၏သို့လည်း မမြောက်သော အကြည့်တို့ဖြင့်ဆိုလာသည်။ ဒီလူ သူ့ နှလုံးသားကို သက်ညှာဖို့ စိတ်ကူးမရှိမှန်း သျှားအိမ် သဘောပေါက်ချိန်သည် အတော်နှောင်းသွားပေပြီ။ ထိုအကြည့်တို့ ထိမှန်သွားသော ဝဲဘက်ရင်အုံသည် ချစ်ဆိပ်တက်ကာ ပူနွေးမှုဖြင့် လှိုက်ခုန်လာသည်။ သို့သော် သူ နောင်တမရပါ။ ဤအဆိပ်မျိုးကို ဖြေဆေးရှိလျှင်တောင် ထိုဖြေဆေးကို သောက်လိမ့်မည်မဟုတ်။ ထိုအစား အချစ်ဟူသော အဆိပ်ကိုသာလျှင် သူ့တစ်သက်တာလုံး ခုံမင်နှစ်ခြိုက်စွာ သောက်သုံးသွားပေလိမ့်မည်။

"မယုံရင် စောင့်ကြည့်လိုက်လေ။ မောင်က Baby ထက်တောင် ပိုချစ်သေးတယ်။"

"ဘယ်လောက်အထိ စောင့်ကြည့်ရမှာလဲ။"

သျှန်နောင်က သျှားအိမ်၏ နှုတ်ခမ်းများကို လက်ချောင်းများဖြင့် ထိတိုကစားရင်း မေးလိုက်သည်။ သျှားအိမ်ကလည်း ထိုလက်ချောင်းတို့ကို ဆုပ်ကိုင်ကာ လက်ချောင်းထိပ်တို့ကို မြတ်နိုးစွာ နမ်းရှိုက်ရင်းဖြေလိုက်ပါသည်။

"ဘဝအဆက်ဆက်ပေါ့"

သျှန်နောင်မှာ ချိုမြိန်လှသော စကားတို့၏ မြစ်ဖြားခံရာ ချစ်သူ့ နှုတ်ခမ်းတို့ပေါ်သို့ အနမ်းတို့ကျဲချလိုက်သည်။ သျှားအိမ်ကတော့ ချစ်သူက ပေးသနားသော အနမ်းတို့ဖြင့် တင်းတိမ်မရောင့်ရဲနိုင်ပါ။ လောဘဇောတက်သည်ပဲပြောပြော။ ထိုနှုတ်ခမ်းဖူးဖူးတို့ မရုတ်သိမ်းမှီ ချစ်သူအား အိပ်ရာပေါ်သို့ တွန်းလှဲလိုက်ပြီး အတက်စီးမှနေ၍ အနမ်းဓါးပြတိုက်နေမိပါသည်။ ကိုယ့်အတတ်ကိုယ်စူးပဲပြောရမလားမသိ။ ထိုအနမ်းတို့က သောက်လေသောက်လေ ငတ်မပြေဖြစ်ရုံမက စိတ်ဆန္ဒတို့ကိုပါ ရမက်လှိုင်းထန်လာစေသည်။ သျှန်နောင်မှာ ချစ်သူ၏ လိုအင်ဆန္ဒများကို သတိထားမိလျှင် ကျိတ်ပြုံးပြုံးကာ ခါးအောက်ပိုင်းကို အသာယာပင့်၍ သျှားအိမ်နှင့် ထိတွေ့စေကာ....

"ကိုလည်း မောင့်ကို လွမ်းနေတာ"

တိုးညှင်းလှသော အသံသြရှရှက သျှားအိမ်၏ နားမှ ရင်ထဲသို့တိုင် စီးဆင်းသွားပြီး သူ့အား ထူးဆန်းလှသော သာယာမှုနှင့်အတူ လိုအပ်တို့ဖြင့် ပူလောင်စေသည်။

"F*** Baby... မင်း မောင့်ကို ပြုစားနေတာလား။"

ချစ်သူသည် ဤသို့လည်း တတ်နိုင်လွန်းပါ၏။ မတတ်နိုင်သူကတော့ သူပဲဖြစ်မည်နှင့်တူသည်။ သျှားအိမ်ခမျာမှာ ချစ်သူ၏ မှော်ဆန်လှသော အပြုအစုအောက်တွင် ပြားပြားဝပ်သာယာရသည်ကတဖုံ၊ ချစ်သူ စေစားရာနောက်သို့ လိုက်ပါကာ ချစ်သူကို အစွမ်းကုန်ထွေးပွေ့မိသည်ကတလှည့်ဖြင့် တစ်ညတာကို ဂန္ဓဝင်ချစ်ခြင်းတို့ဖြင့် ဆင်ယင်ကာ လှပစေ၏။

--------------------------------------

September 10, 2019 Tuesday.

Edited on – Jan 31, 2021

--------------------------------------

>>>>>ZawGyi<<<<<

သၽွန္ေနာင္မွာ အခန္းတံခါးေခါက္ပါေသာ္လည္း မည္သည့္တုံ႔ျပန္သံမၽွ မၾကားသည့္အဆုံး တံခါးေသာ့ကို ကပ်ာကယာေျပးရွာကာ တံခါးကို ဖြင့္လိုက္ရသည္။ အေမွာင္ထဲတြင္ ဖုန္းScreen ကို ၾကည့္ကာ ေငးေငးငိုင္ငိုင္ႏွင့္ ထိုင္ေနေသာ မိုင္းမိုင္ကိုျမင္မွ သက္ျပင္းခ်နိုင္ေတာ့သည္။ ထို႔ေနာက္ နံရံရွိ မီးခလုတ္ကိုႏွိပ္ကာ မီးဖြင့္လိုက္ၿပီး မိုင္းမိုင္ရွိရာဆီသို႔ ေလၽွာက္လာခဲ့သည္။

"မိုင္းမိုင္.... မင္း ဘာမွမစားဘူးလား။"

"အင္း... မဆာလို႔"

မိုင္းမိုင္က ဖုန္းမ်က္ႏွာျပင္မွ မခြါျပန္ေျပာလာသည္။ သၽွန္ေနာင္မွာ ဖုန္းမ်က္ႏွာျပင္ကို မသိမသာ ခိုးၾကည့္ကာ သက္ျပင္းခ်လိုက္သည္။

"အဲ့ဒါဆိုလည္း အနားယူေလ။ မနက္ျဖန္ စီစဥ္စရာရွိတာ စီစဥ္ရဦးမယ့္ဟာ။"

သၽွန္ေနာင္က ခ်ဴးေဝ၏ အသုဘအတြက္ ရည္ရြယ္ကာ ေျပာလိုက္သည္။ ခ်ဴးေဝမွာ တစ္ေကာင္ႂကြက္ျဖစ္ရာ ခ်ဴးေဝ၏ ေနာက္ဆုံးခရီးႏွင့္ဆိုင္သည့္ ကိစၥအဝဝတို႔သည္ သူလက္ထဲသို႔ အလိုလိုေရာက္လာသလို ခ်ဴးေဝ ပိုင္ဆိုင္သမၽွ စည္းစိမ္အားလုံးတို႔သည္ကား မိုင္းမိုင္ထံေရာက္ရွိလာေတာ့သည္။

ခ်ဴးေဝကား မိုင္းမိုင္ႏွင့္ ပက္သက္၍ သူ႔ထံမွ ခြင့္ျပဳခ်က္ရၿပီးကတည္းက သူ၏ ပိုင္ဆိုင္သမၽွ ပစၥည္းဥစၥာအားလုံး၏ စာခ်ဳပ္စာတမ္းမွန္သမၽွတြင္ မိုင္းမိုင္အမည္ႏွင့္ တြဲထားသည္ျဖစ္ရာ ယခုေတာ့ ခ်ဴးေဝပိုင္ဆိုင္သမၽွတို႔သည္ မိုင္းမိုင္လက္ထဲသို႔ အလိုေလၽွာက္ ေရာက္ရွိလာေတာ့သည္။

"အင္း"

မိုင္းမိုင္က စက္႐ုပ္တစ္႐ုပ္လို ေခါင္းညိတ္လာသည္။ သၽွန္ေနာင္က မိုင္းမိုင္၏ လက္ေမာင္းကို ခပ္ဖြဖြပုတ္ကာ အခန္းထဲမွ ထြက္ခဲ့ေတာ့သည္။ ထို႔ေနာက္ ေအာက္ထပ္တြင္ ရွိေနေသာ အသုဘသတင္းေမးရန္လာသည့္ တပည့္မ်ား၊ မိတ္ေဆြမ်ားကို ဆင္းမေတြ႕မွီ ခ်စ္သူအား သတိရမိသည္တြင္ သူယာယီတည္းခိုေသာ အခန္းထဲသို႔ဝင္ကာ ဖုန္းေခၚလိုက္သည္။

"ဟဲလို... Baby?"

"ဟဲလို ေမာင္... ဘာရယ္မဟုတ္ဘူး။ နည္းနည္းေလး အခ်ိန္ရလို႔ ဆက္လိုက္တာ။ မဇူးဇူးတစ္ေယာက္ အဆင္ေျပရဲ့လား ေမာင္။ nurse ေကာ ငွားလို႔ရၿပီလား။"

သၽွန္ေနာင္ ဖုန္းလိုင္း၏ တစ္ဖက္တြင္ရွိေနေသာ ခ်စ္သူကို ေမးလိုက္သည္။ ခ်ဴးေဝ ဆုံးသည့္ေန႔ကတည္းက ခ်စ္သူထံ ေျခဦးမလွည့္နိုင္။ တူျဖစ္သူ မိုင္းမိုင္ႏွင့္အတူ ခ်ဴးေဝအိမ္တြင္ အသုဘကိစၥအတြက္ စီစဥ္ေဆာင္ရြက္ေနရသည္ျဖစ္ရာ ဒီရက္ပိုင္း ကိုယ့္အိမ္မွာပင္မရွိ။ တဖက္ကေတြးၾကည့္ျပန္ေတာ့လည္း ဒါလည္း ခပ္ေကာင္းေကာင္း။ သၽွားအိမ္ကလည္း အစ္မျဖစ္သူကို အိမ္သို႔ေခၚထားသည္ျဖစ္ရာ မ်က္ႏွာပူသက္သာလွ၏။

"ေျပပါတယ္။ အင္း... ရၿပီ။ မနက္ျဖန္စလာမယ္။ ဒီေတာ့မွ ေမာင္လည္း အလုပ္ေျဖာင့္ေျဖာင့္လုပ္နိုင္မွာ။ ဒါနဲ႔ မိုင္းမိုင္တစ္ေယာက္ေကာ ဘယ္လိုေနလဲ။ အဆင္ေျပရဲ့လား။"

သၽွန္ေနာင္မွာ သက္ျပင္းခ်လိုက္ကာ...

"မေျပဘူး ေမာင္။ တစ္ေန႔လုံး အစာလည္း မစား။ စကားလည္း မေျပာ။ အိပ္လည္း မအိပ္ဘူး။ ခ်ဴးေဝရဲ့အခန္းထဲမွာ တေနကုန္ထိုင္ေနတယ္။ ၿပီးေတာ့ သူ႔ဖုန္းထဲက ခ်ဴးေဝရဲ့ အရင္ messageေလးေတြဖတ္လိုက္ ဓါတ္ပုံေလးေတြ ၾကည့္လိုက္၊ ဗီဒီယိုေလးေတြ ၾကည့္လိုက္နဲ႔... အဲ့ဒါပဲလုပ္ေနတယ္။ ကိုလည္း ဒီအတိုင္း လႊတ္ထားရတယ္။ ခဏေလာက္ေတာ့ သူ ဒီအတိုင္းျဖစ္ေနဦးမွာ။"

"အင္းေပါ့... သူေတာ္ေတာ္ခံစားရမွရကို။"

သၽွားအိမ္က ေထာက္ခံလိုက္သည္။ ထို႔ေနာက္အတန္ၾကာ တိတ္ဆိတ္သြားေသာ သၽွန္ေနာင္ေၾကာင့္ သၽွားအိမ္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

"Baby... ဘာေတြေတြးေနတာလဲ။"

"ကို ေမာင့္ကို ေပးထားတဲ့ ကတိကို ဖ်က္ဖို႔ျဖစ္လာၿပီနဲ႔တူတယ္ ေမာင္"

"Baby ဘာကို ေျပာခ်င္တာလဲ။"

"တခါေျပာဖူးတယ္ မဟုတ္လား။ ကိုနဲ႔ Godfather ႀကီး ကြိဳင္ပူးတဲ့ကိစၥ။ ခ်ဴးေဝအခုလိုျဖစ္ရတာ သူ စနက္ပဲေမာင္။ သူ သက္သက္လာ ရန္စတာ။ ကို ၿငိမ္ေနရင္ ဒီထက္ဆိုးဖို႔ပဲရွိတယ္ ေမာင္။ ကို အၿငိမ္မေနျပန္ရင္လည္း သူနဲ႔ ထိပ္တိုက္တိုးေတာ့မွာ..."

သၽွန္ေနာင္ စကားရပ္ကာ သက္ျပင္းခ်လိုက္ျပန္သည္။ ႏွစ္ဦးသား အခ်ိန္ၾကာေအာင္ တိတ္ဆိတ္ေနၿပီးမွ....

"Baby... ေမာင္ကေတာ့ ဒီကိစၥကို ေရွ႕ဆက္တိုးဖို႔ အားမေပးခ်င္ဘူး။ အဓိကကေတာ့ Baby တခုခုျဖစ္မွာကို စိုးရိမ္တာ။ ေမာင္ ဒီလိုဂိုဏ္းဂဏကိစၥေတြနဲ႔ မရင္းႏွီးေပမယ့္။ သူက Baby ထက္ေတာ့ အင္အားႀကီးမွာပဲ မဟုတ္လား။"

"ေမာင္ စိုးရိမ္တာကို နားလည္ပါတယ္။ သူက အင္အားမ်ားတယ္ဆိုေပမယ့္ တကယ္တမ္း ယွဥ္လာရင္ ကို႔လူေတြကို မမွီပါဘူး။"

တကယ္လည္း မမွီနိုင္။ အကယ္၍သာ ထိပ္တိုက္ေတြ႕လာလၽွင္ ဦးျမတ္ဘုန္းလၽွံတြင္ လက္ရွိ အားကိုးနိုင္သူဟူ၍ လူငါးေယာက္ထက္မပို။ ထိုလူထဲမွ ႏွစ္ေယာက္ကို မလႈပ္နိုင္ေအာင္ ခ်ဳပ္ကိုင္ထားလို႔ရသည္ျဖစ္ရာ သိပ္ေတာ့ မႈစရာမရွိ။

"ဘာပဲျဖစ္ျဖစ္ Baby ရာ ေရွာင္လို႔ရသမၽွေတာ့ ေရွာင္ပါကြာ။"

"အင္း.... ကို ႀကိဳးစားပါ့မယ္။"

ထိုစဥ္ တိန္းေတာင္ဟူေသာ လူေခၚေခါင္းေလာင္းသံေၾကာင့္...

"Baby ခဏေလးေနာ္။ ဒီအခ်ိန္ႀကီး ဘယ္သူလဲ မသိဘူး။"

သၽွားအိမ္ ေခ်ာင္းၾကည့္ေပါက္မွ ၾကည့္လိုက္ေတာ့ တခါမၽွ မျမင္ဖူးေသာ လူရြယ္ ႏွစ္ေယာက္ရပ္ေနသည္။ ဝတ္ထားသည္က အိမ္ေနရင္းအကၤ်ီလို ေပါ့ေပါ့ပါးပါး ဝတ္ဆင္ထားသည္ျဖစ္ရာ တစ္ေန႔ကေျပာင္းလာေသာ အခန္းနီးခ်င္းအသစ္မ်ားလားဟု ေတြးမိၿပီး တံခါးဖြင့္ ေပးလိုက္သည္။ သို႔ေသာ္ သူ ထင္သည္မွာ တက္တက္စင္းေအာင္ လြဲသြားေတာ့သည္။ တံခါးဖြင့္လိုက္သည္ႏွင့္ ထိုလူႏွစ္ေယာက္ထဲမွ တစ္ေယာက္က သၽွားအိမ္၏ အရွိုက္ကိုထိုးလိုက္သည္။ သၽွားအိမ္မွာ မထင္မွတ္ပဲ အငိုက္မိသြားကာ လက္မွဖုန္းလည္း လြတ္က်သြားေတာ့သည္။

"အ..."

"ဖုံး..."

"အင့္..."

သၽွန္ေနာင္မွာ တစ္ဖက္မွ ထိုးႀကိတ္သံႏွင့္ နာက်င္စြာ ညည္းတြသံေၾကာင့္ စိုးရိမ္သြားရသည္။

"ေမာင္..."

"ေမာင္...!!"

သူမည္မၽွပင္ စိုးရိမ္တႀကီး ေအာ္ဟစ္ေအာ္ေခၚေနပါေသာ္လည္း ျပန္မေျဖသျဖင့္ ပို၍ စိုးရိမ္လာသည္။ ဒီၾကားထဲတစ္ဖက္မွ ႐ုန္းရင္းဆန္ခတ္အသံမ်ားက ရပ္မသြားသည့္အျပင္ ပို၍က်ယ္ေလာင္လာသည္။

သၽွားအိမ္မွာ သူ႔အား ခ်ဳပ္ကိုင္ႀကိဳးစားေနေသာ သူ၏ ရင္ဝကို ေဆာင့္ကန္လိုက္ကာ လဲက်ေနရမွထၿပီး ဒုတိယတစ္ေယာက္၏ ေျခေထာက္မ်ားကို သိမ္းကန္လိုက္သည္။ ထိုစဥ္ အခန္းထဲမွ ေျပးထြက္လာေသာ အစ္မျဖစ္သူကို အခန္းထဲဝင္ရန္ သတိေပးလိုက္ရေသးသည္။

"မဇူး... သြား... အခန္းထဲျပန္ဝင္...."

သၽွားအိမ္၏ အာ႐ုံမွာ ေမဇူးေမာင္ဆီ စကၠန႔္ပိုင္းမၽွ ေရာက္သြားသည္ကို အခြင့္ေကာင္းယူကာ ႏွစ္ေယာက္သား ၿပိဳင္တူေျပးဝင္လာေတာ့သည္။ တစ္ေယာက္က သူ၏ရင္ဝကို ခ်ိန္ရြယ္ကာ ကန္လိုက္ၿပီး က်န္တစ္ေယာက္က သူ၏ ဘယ္ဘက္နံၾကားကို ခ်ိန္ရြယ္ကာ ကန္လိုက္သည္။ သၽွားအိမ္က လၽွင္ျမန္စြာျဖင့္ ညာဘက္သို႔လွည့္ကာ တိမ္းေရွာင္လိုက္ေသာ္လည္း အနည္းငယ္ေနာက္က်သြားခဲ့သည္။ ကန္ခ်က္မ်ားက ဦးတည္ရာခ်က္ေကာင္းမ်ားကို မထိေသာ္လည္း မသက္သာပါ။ သူ၏ ဘက္ဝမ္းဗိုက္မွ နာက်င္မႈႏွင့္အတူ အနီးရွိ kitchen countertop ေပၚသို႔ ေက်ာႏွင့္ အပ္ကာလဲက်သြားေတာ့သည္။

"အြတ္"

သၽွားအိမ္မွာ ဗိုက္ႏွင့္ ရင္ဘတ္မွ နာက်င္မႈကို ဂ႐ုမစိုက္အား ထိုလူမ်ား၏ ကန္ခ်က္မ်ား သူ႔ကိုယ္ေပၚသို႔မက်ေရာက္ရန္ ကပ်ာကယာတိမ္းေရွာင္ကာ ဧည့္ခန္းဆီသို႔ မၽွားေခၚသြားလိုက္သည္။ ထိုလူႏွစ္ေယာက္ကလည္း သူ႔ေနာက္မွ သဲသဲမဲမဲလိုက္ကာ တိုက္ခိုက္ေနသည္။ ထိုလူမ်ား၏ တိုက္ခိုက္ပုံကိုၾကည့္ကာ အဆင့္ျမင့္ တိုက္ခိုက္ေရးသမားမ်ားျဖစ္ေၾကာင္း သၽွားအိမ္ သိလိုက္ပါသည္။ သို႔ေသာ္ ဧည့္ခန္းထဲရွိ ပရိေဘာဂမ်ားေၾကာင့္ ဒီလူမ်ား စိတ္တိုင္းက် တိုက္ခိုက္၍ မရေတာ့။ အခ်ိန္အတန္ၾကာေအာင္ တိုက္ခိုက္ၿပီးသြားေသာအခါ အရပ္ပိုျမင့္ေသာ လူမွာ စိတ္ရွည္ဟန္မတူ အကၤ်ီထဲမွာ ဓါးကို ထုတ္ယူၿပီး သၽွားအိမ္ထံ ေျပးလာေတာ့သည္။ က်န္တစ္ေယာက္ကလည္း အတိုင္အေဖာက္ညီစြာ သူ႔အားပို၍ ဖိတိုက္ေတာ့သည္။ သၽွားအိမ္မွာ က်န္လူ၏ ထိုးႏွက္ခ်က္မ်ားထက္ ပထမလူ၏ ဓါးခ်က္ကို ပို၍ ဂ႐ုစိုက္ကာ ေရွာင္တိမ္းရင္း နံရံတြင္ အလွခ်ိတ္ဆြဲထားေသာ ကင္ဒိုဓါးရွိရာဆီသို႔ ကပ္သြားကာ ဓါးကို ဆြဲယူလိုက္ေတာ့သည္။ ထိုဓါးမွာ အလွထားေသာ ဓါးသာျဖစ္၍ အသြားမထက္ေသာ္ျငား သံျဖင့္ျပဳလုပ္ထားၿပီး တကယ့္ဓါးကဲ့သို႔ပင္ အေလးခ်ိန္စီးကာ ယခုလို အေျခအေနတြင္ေတာ့ ေကာင္းစြာ အသုံးဝင္လွသည္။

သၽွားအိမ္က ဓါးကို ဓါးအိမ္ထဲမွ ဆြဲထုတ္ကာ ပထမလူ၏ လက္ကို လႊဲကာ ရိုက္ခ်လိုက္လၽွင္ ထိုလူမွာ နာက်င္စြာ ေအာ္ဟစ္ၿပီး လက္ထဲမွ ဓါးလြတ္က်သြားေတာ့သည္။ အကယ္ရ၍ သူ႔လက္ထဲမွ ဓါးသည္သာ တကယ့္ဓါးအစစ္ျဖစ္ပါလၽွင္ ထိုလူ၏ လက္မွာ တိခနဲျပတ္သြားဖို႔သာရွိသည္။ ထို႔ေနာက္ သူ႔အား ဝင္လုံးကာ အနီးကပ္တိုက္ခိုက္ေနေသာ ဒုတိယလူႏွင့္ လူခ်င္းအနည္းငယ္ခြါလိုက္ၿပီး ထိုလူ၏ လည္ပင္းကို ဓါးျဖင့္လႊဲကာ ရိုက္ခ်လိုက္သည္။ ထို႔ေနာက္ သူ႔ေနာက္မွ တိုက္ခိုက္ရန္ ျပင္ေနေသာ လူ၏ မ်က္ႏွာကို ေနာက္ျပန္ကန္ကာ ပြဲသိမ္းလိုက္ေတာ့သည္။ တခ်ိန္ထဲမွာပင္ အခ်ိန္းအခ်က္မ်ားျပဳထားသလားထင္ရေအာင္ ျပည္သူ႔ရဲမ်ားလည္း ေရာက္ရွိလာေတာ့သည္။ ၾကည့္ရသည္မွာ ေမဇူးေမာင္ ေခၚလိုက္သည္ႏွင့္တူသည္။ ထို႔ေနာက္ ရဲမ်ားက သူ႔အား ထုံးစံအတိုင္း ေမးခြန္းတခ်ိဳ႕ေမးျမန္းေတာ့သည္။

-----------

သၽွန္ေနာင္မွာ ဖုန္းထဲမွ အသံမ်ားၾကားသည္ႏွင့္ ကားကို အျမန္ႏႈန္းႏွင့္ ေမာင္းကာ ခ်စ္သူရွိရာဆီသို႔ ေျပးလာျခင္းျဖစ္သည္။ အခန္းဝတြင္ ဝိုင္းအုံၾကည့္ရႈေနေသာ လူအခ်ိဳ႕ႏွင့္ ရဲအခ်ိဳ႕ေၾကာင့္ သူမွာ စိုးရိမ္သည္ထက္စိုးရိမ္လာေတာ့သည္။

"ေဟ့... ဒါက အခင္းျဖစ္တဲ့ေနရာ။ ဝင္လို႔မရဘူး။"

အခန္းထဲသို႔ ဝင္ရန္ျပင္ေနေသာ သူ႔အား တံခါးဝမွ ရဲမ်ားက ဖမ္းတားကာ ေမးလိုက္သည္။

"ကၽြန္ေတာ္ ဒီအခန္းကပါ။ ဒီအခန္းပိုင္ရွင္ရဲ့ အမ်ိဳးသားပါ။ သူမ်ား တခုခုျဖစ္သြားေသးလားဟင္။"

သၽွန္ေနာင္မွာ စိုးရိမ္တႀကီးေမးလိုက္လၽွင္ ရဲမ်ားက သူတို႔အား ဖုန္းဆက္ေခၚေသာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးႏွင့္ ပတ္သက္သူဟု အထင္ေရာက္သြားရာ...

"ဪ... ဒါဆို ဝင္ပါ။ ခင္ဗ်ား အမ်ိဳးသမီးက အႏၲရာယ္ကင္းကင္းပါပဲ။"

သၽွန္ေနာင္ ထိုရဲမ်ားကို ေျဖရွင္းမေနေတာ့ဘဲ အထဲသို႔ အေျပးတစ္ပိုင္းျဖင့္ ဝင္လာခဲ့ပါေတာ့သည္။ ထိုစဥ္ လက္ထိတ္တန္းလန္းျဖင့္ ထြက္လာေသာ လူႏွစ္ဦးေၾကာင့္ သူ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ထိုလူမ်ားကလည္း သူ႔အားၾကည့္ကာ အံ့ၾသျခင္းတဝက္၊ နားမလည္ျခင္းတဝက္ျဖင့္ၾကည့္ေနသည္။ သို႔ေသာ္ သူ႔ မ်က္ႏွာထားမွာ ေဒါသႏွင့္ တင္းမာသြားခ်ိန္တြင္ေတာ့ ထိုလူႏွစ္ေယာက္မွာ မ်က္ႏွာအပ်က္ပ်က္အယြင္းယြင္းႏွင့္ ရဲေနာက္သို႔ပါသြားေတာ့သည္။ ဒါလည္း ခပ္ေကာင္းေကာင္းမဟုတ္လၽွင္ ဒီမ်ိဳးမစစ္ႏွစ္ေကာင္ကို ေနရာမွာပင္ အေရခြံဆုပ္ပစ္မိလိမ့္မည္။

သူဧည့္ခန္းသို႔ ဝင္လာေတာ့ သၽွားအိမ္က ရဲအုပ္တစ္ေယာက္ႏွင့္ စကားေျပာေနသည္။ ေဘးတြင္လည္း မဇူးေမာင္ကို ရဲေမတစ္ဦးက ပုခုံးကို ဆုပ္နယ္ကာ ႏွစ္သိမ့္ေပးေနသည္။ သူမ ၾကည့္ရသည္မွာ ေတာ္ေတာ္ႀကီး shock ရသြားဟန္ရွိသည္။ မ်က္ႏွာမွာ ေသြးမရွိသလို ျဖဴျဖဴစြတ္ေနသည္။

"ကိုသၽွားအိမ္နဲ႔ ဒီလူေတြနဲ႔ ရန္ၿငိဳးရွိလား"

"ဟင့္အင္း... ဒီလူေတြကို တခါမွေတာင္ မျမင္ဖူးဘူး။"

"တျခားလူေတြနဲ႔ေရာ ရန္ၿငိဳးရန္စရွိလား"

သၽွားအိမ္ ဈာန္လင္းခန႔္၏ မ်က္ႏွာကို ေျပးျမင္လိုက္မိသည္။ သို႔ေသာ္ ေခါင္းတစ္ခ်က္ခါျပလိုက္သည္။ ထိုစဥ္ သၽွန္ေနာင္မွာ ပ်ာတီပ်ာယာျဖင့္ သူ႔နားတြင္ ဝင္ထိုင္ရင္း....

"ဘာျဖစ္သြားေသးလဲ"

သူ႔အား ေသခ်ာစြာ လွည့္ပတ္ၾကည့္ေနေသာ သၽွန္ေနာင္ေၾကာင့္ သူျပဳံးျပကာ....

"နည္းနည္းပဲ ထိမိတာပါကြာ။"

"ေတာ္ေသးတာေပါ့။"

ရဲအရာရွိမွာ ယခုေရာက္လာေသာ အမ်ိဳးသားကို ျမင္လၽွင္ ဇေဝဇဝါျဖစ္သြားရသည္။ ဒီအမ်ိဳးသားကား ဒုစရိုက္ေလာကတြင္ နာမည္ႀကီးလွသည့္ "ယကၡ"မဟုတ္လား။ ယခင္ Godfather ဦးလၽွမ္းျမတ္စံ၏ လက္ေထာက္တစ္ဦးျဖစ္ၿပီး၊ လက္ရွိနာမည္ႀကီးေနေသာ ေျမေအာက္ရာဇာမ်ားျဖစ္သည့္ ေဇယေသြး၊ သူရျမတ္စံ၊ မင္းဝဠာ တို႔ႏွင့္လည္း ေသြးေသာက္ဖြဲ႕ထားသည္ဟူ၏။ သို႔ေသာ္လည္း ဒီလူႏွင့္ ပတ္သက္အမႈအခင္း ဟူ၍ ဘာမွတ္တမ္းမွ မရွိသည့္အျပင္ ထိပ္သီးပိုင္းမွ အစိုးရအရာရွိတို႔အထိ ေပါက္ေျမာက္သူျဖစ္ရာ ဒီလူအား လူဆိုးစာရင္းသို႔သြင္း၍ မရ။ မည္သို႔ျဖစ္ေစ ယခုလို လူကိုယ္တိုင္ အနီးကပ္ႀကီးေတြ႕ရေသာအခါ သူၾကားခဲ့သည္မ်ားမွာ ဟုတ္မွဟုတ္ပါရဲ့လားဟုပင္ သံသယျဖစ္မိသည္။ ထိုလူၾကည့္ရသည္မွာ လြန္စြာသိမ္ေမြ႕သည့္ လူႀကီးလူေကာင္းပုံေပါက္ေနသည္ မဟုတ္ပါလား။ ပို၍ အံ့ၾသဖိုေကာင္းသည္က သူႏွင့္ စကားေျပာေနေသာ အမ်ိဳးသားႏွင့္ အလြန္အမင္းပင္ ရင္းႏွီးလြန္းေနသည္။ မဟုတ္မွလြဲေရာ....

"အဟမ္း..."

ရဲအရာရွိက ေခ်ာင္းဟန႔္လိုက္မွ သဖန္းပိုးႏွစ္ေကာင္မွာ အားတုံ႔အားနာဟန္ျဖင့္ လွည့္လာေတာ့သည္။

"ကၽြန္ေတာ္ ဒီကိစၥကို ေကာက္ခ်က္ဆြဲမိတာကေတာ့။ ရန္ၿငိဳးေၾကာင့္ ျဖစ္နိုင္တယ္။ ခင္ဗ်ားနဲ႔ တိုက္ရိုက္မဟုတ္လည္း ခင္ဗ်ားရဲ့ ခ်စ္သူရည္စားကို အၿငိဳးထားၿပီး ခင္ဗ်ားကို အခုလိုလုပ္တာလည္းျဖစ္နိုင္တယ္။ ေနာက္ဆို လူစိမ္းဆိုရင္ တံခါးဖြင့္မေပးနဲ႔ေပါ့ဗ်ာ။"

ထိုရဲအရာရွိက "ခ်စ္သူရည္းစား"ဟူေသာ စကားလုံကို ဖိေျပာ႐ုံသာမဟုတ္ ထိုစကားကိုေျပာေနခ်ိန္တြင္ သၽွန္ေနာင္ကိုပါ အဓိပၸာယ္ပါပါျဖင့္ ၾကည့္လိုက္ေသး၏။

"ကဲ... ကၽြန္ေတာ့္ကို ခြင့္ျပဳပါဦး။ ေနာက္ထပ္အေၾကာင္းရင္း တစ္စုံတရာရွိရင္ ကၽြန္ေတာ္ေပးထားတဲ့ နံပါတ္ကို ဆက္သြယ္လိုက္ပါ။ သြားလိုက္ပါဦးမယ္။"

"ဟုတ္ကဲ့"

ရဲအရာရွိႏွင့္ ေနာက္လိုက္မ်ားအား ေမဇူးေမာင္ႏွင့္အတူ အခန္းတံခါးဝသို႔ ပို႔ေဆာင္ေပးၿပီးသည္ႏွင့္ သၽွန္ေနာင္က...

"ကဲ... ေမာင္... ေမာင္ေရာ၊ မဇူးဇူးေရာ အဝတ္ေတြထည့္ၿပီး ကို႔အိမ္ကိုသာ လိုက္ခဲ့ေတာ့။"

"ဟင္... ဘာလို႔လဲ။"

"ခင္ဗ်ားေလး ဒီမွာေနရင္ မလုံျခဳံဘူးေလ။ ဒီလူေတြ ထပ္လာဦးမွာ။ မယုံမရွိနဲ႔။ အခုႏွစ္ေယာက္နဲ႔ မေအာင္ျမင္ရင္ သုံးေယာက္လာလိမ့္မယ္။ ေနာက္တစ္ခါဆိုရင္ မေကာင္းေတာ့ဘူး။"

သၽွန္ေနာင္က ေမဇူးေမာင္ကို ၾကည့္ကာ ေျပာလိုက္သည္။ သူမခမ်ာ ေၾကာက္လန႔္လြန္း၍ ယခုထက္ထိပင္ ကတုန္ကယင္ျဖစ္ေနေသးသည္ မဟုတ္လား။

"ဒါေပမယ့္... ဒီလူေတြက Baby အိမ္အထိပါလိုက္လာရင္ေကာ..."

"ေကာင္းတာေပါ့။ ကို လိုက္ရွာစရာမလိုေတာ့ဘူးေပါ့။"

သၽွားအိမ္ ႐ုတ္တရက္ ဘာေျပာရမွန္းမသိေတာ့။ မလိုက္ခ်င္၍ေတာ့ မဟုတ္။ သူကေတာ့ ခ်စ္သူမကရင္းႏွီးေသာသူ၏ အိမ္လိုက္ေနတာ ျပႆနာမရွိ။ သို႔ေသာ္ အစ္မျဖစ္သူအတြက္ အဆင္ေျပပါ့မလား။ သၽွန္ေနာင္ႏွင့္ ေမဇူးေမာင္ဆိုသည္မွာ ေသခ်ာေတြးၾကည့္လၽွင္ ဈာန္လင္းခန႔္ႏွင့္ပတ္သက္၍ မအပ္စပ္သူမ်ားျဖစ္သည္။

သၽွန္ေနာင္က သၽွားအိမ္ေတြးေနသည္ကို က်က္မိသည့္အားေလၽွာ္စြာ ေမဇူးေမာင္ေရွ႕တြင္ ရို႔ရို႔ေလးရပ္လိုက္သည္။ ထို႔ေနာက္ မ်က္လႊာခ်ကာ...

"အလႉေန႔က ကိစၥနဲ႔ပတ္သက္ၿပီး မဇူးဇူးကို ကၽြန္ေတာ္ အားလည္းနာသလို မ်က္ႏွာလည္း ပူမိပါတယ္။ အဲ့ဒီကိစၥေတြက မေတာ္တဆျဖစ္သြားတာပါ။ မဇူးဇူးသိေအာင္ တမင္ရည္ရြယ္တာ မဟုတ္ရပါဘူး။ ပုတ္သိုးေဆြးေျမ့ေနတဲ့အတိတ္က အေၾကာင္းေတြကို အထုတ္ေျဖျပၿပီး သူတပါးအိမ္ေထာင္ကို ဖ်က္လိုဖ်က္စီးလုပ္လိုတဲ့ စိတ္ ကၽြန္ေတာ့မွာ လုံးဝမရွိပါဘူး။ ဒါက မွန္ေသာစကားပါ မဇူးဇူး။"

ေမဇူးေမာင္က မ်က္ႏွာကို တဖက္သို႔လႊဲကာ အင္းမလုပ္အဲမလုပ္။

"မဇူးဇူးအေနနဲ႔ ကၽြန္ေတာ့္ကို အျပစ္တင္ရင္လည္းရပါတယ္။ ေနာက္ၿပီး ကၽြန္ေတာ့္မ်က္ႏွာကို မျမင္ခ်င္ဘူးဆိုတာလည္း သိပါတယ္။ ဒါေပမယ့္ အခုေတာ့ မဇူးဇူးတို႔ ေမာင္ႏွမရဲ့ လုံျခဳံေရးအတြက္ ကၽြန္ေတာ့္ အိမ္မွာ လိုက္ေနေပးပါ။ မဇူးဇူးရဲ့ ေဝယ်ာဝစၥေတြအားလုံးေရာ၊ ေနေရးထိုင္ေရးပါ မဇူးဇူး စိတ္တိုင္းက်ျဖစ္ဖို႔ ကၽြန္ေတာ္ တာဝန္ယူပါတယ္။"

"ကၽြန္မ ရွင့္ကို အျပစ္မတင္ပါဘူး ကိုသၽွန္ေနာင္။ ရွင့္မ်က္ႏွာကို မျမင္ခ်င္လို႔လည္း မဟုတ္ပါဘူး။ ရွင္နဲ႔ မ်က္ႏွာခ်င္းမဆိုင္ခ်င္႐ုံပါ။ ဒါေပမယ့္ ရွင့္ကို မုန္းလို႔ေတာ့ မဟုတ္ပါဘူး။"

သူမက ထိုမၽွသာေျပာၿပီး သူမအခန္းထဲဝင္သြားေတာ့သည္။ ထိုအခါက်မွ သၽွားအိမ္ေရာ သၽွန္ေနာင္ပါ နားလည္လိုက္ပါသည္။ လက္စသတ္ေတာ့ သူမႏွင့္ သၽွန္ေနာင္မွာ တစ္ကိုတစ္ဦး မ်က္ႏွာ ပူေနၾကတာကိုး။

သို႔ႏွင့္ ေမာင္ႏွမႏွစ္ဦး သိမ္းစရာရွိသည္မ်ားကို သိမ္းၿပီး၍ သၽွန္ေနာင္၏ အိမ္ေရာက္ေတာ့ အေတာ္ကိုညဥ့္နက္ေနၿပီျဖစ္သည္။ သို႔ေသာ္ အသုဘေမးရန္လာေသာ လူမ်ားရွိေသးသည္ျဖစ္ရာ ခ်ဴးေဝ၏ အိမ္သို႔ ခဏေတာ့ ျပန္ရ ေပဦးမည္။

"ေမာင္... ကို ခ်ဴးေဝအိမ္ ခဏသြားလိုက္ဦးမယ္။ ဟိုဘက္တစ္လမ္းေက်ာ္ေလးတင္ရယ္။ သိပ္မေဝးပါဘူး။"

"အင္း... Baby လုပ္စရာရွိတာသာ လုပ္ပါ။ ေမာင္က ဒီအိမ္က လူေတြနဲ႔မွ မစိမ္းတာ"

တကယ္လည္း ဒီအိမ္က သၽွားအိမ္အတြက္ အစိမ္းမဟုတ္။ ဒီအိမ္ကို ေန႔စဥ္ ဝင္ထြက္စားေသာက္ေန႐ုံမက ခ်စ္သူႏွင့္အတူ ညတာကုန္ဆုံးတတ္သည္ျဖစ္ရာ သူ၏ ဒုတိယအိမ္ဟုပင္ ေျပာ၍ ရသည္။ ကုန္ကုန္ေျပာရလၽွင္ ေဒၚခူးႏွင့္ ဦးေကာင္းကပင္ သူအား အိမ္သားစာရင္းထဲ သြင္းထားေလသည္။

"ေက်းဇူးပါ ေမာင္။ ကဲ... နားလိုက္ၾကဦး။ ေဒၚခူးေရ..."

သၽွန္ေနာင္က ေဒၚခူးအား ေခၚလိုက္ၿပီး ေမဇူးေမာင္အတြက္ အခန္းတစ္ခုျပင္ေစသည္။ သၽွားအိမ္ကေတာ့ ေျပာေနဖို႔မလို သူအခန္းထဲတြင္ ေနလိမ့္မည္။

"သြားလိုက္ဦးမယ္ ေမာင္။ အိပ္ခ်င္ရင္ အိပ္ႏွင့္"

သၽွားအိမ္က ဘာမၽွမေျပာ။ ကားအထိလိုက္ပို႔ေပးမည္ဆိုကာ လူလစ္သည္ႏွင့္ အနမ္းေခၽြၿပီး အိမ္ေပၚသို႔ ျပန္တက္သြားေတာ့သည္။ သၽွန္ေနာင္မွာ ဧည့္သည္မ်ားကို ဧည့္ခံရန္ရွိေသးသည္ျဖစ္ရာ ခ်ဴးေဝ၏ အိမ္သို႔ ျပန္လာခဲ့သည္။ ဧည့္သည္ အားလုံးလိုလိုမွာ ခ်ဴးေဝ၏ လုပ္ေဖာ္ကိုင္ဘက္ေဟာင္းျဖစ္သည့္အျပင္ သူ၏ တပည့္ေဟာင္းမ်ားျဖစ္ရာ ခ်ဴးေဝကိစၥႏွင့္ ပတ္သက္၍မေက်နပ္ခ်က္မ်ားကို ပြင့္ပြင့္လင္းလင္းပင္ ရင္ဖြင့္လာသည္။

"ဆရာယကၡ... ဒီကိစၥကို ေပါ့ေပါ့တန္တန္ မထားသင့္ဘူးေနာ္။"

"ဆရာသာ ထပ္ၿပီးသည္းခံလိုက္ရင္ ဒီလူ ထပ္အနိုင္က်င့္မွာ။ ဒီလူက ဆရာ ဒီေလာကက မထြက္သြားခင္က ျဖစ္တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဆရာ့ကို ၾကည္တာမဟုတ္ဘူး။ အဘရဲ့စကားရွိေနလို႔သာ။"

"ဒါေတာ့ မွန္တယ္ သၽွန္ေနာင္ ဦးျမတ္ဘုန္းလၽွံက မင္းကို ေမမီထြန္းရဲ့ ကိစၥနဲ႔ ေက်တာမဟုတ္ဘူး။ အခုေန အဘသာ တခုခုျဖစ္ၾကည့္ မင္းေတာ့မလြယ္ဘူး။"

မင္းဝ႒ာက သူ၏ ငယ္သားျဖစ္သူ၏ စကားကို ေထာက္ခံလိုက္သည္။

"ေမမီထြန္း..."

သၽွန္ေနာင္ ထိုအမည္ကို ေရရြတ္ကာ ခပ္ေလွာင္ေလွာင္ျပဳံးလိုက္သည္။ ေမမီထြန္းဆိုသည္မွာ လြန္ခဲ့ေသာ ေျခာက္ႏွစ္ခန႔္က နာမည္ႀကီးေသာ ႐ုပ္ရွင္မင္းသမီးျဖစ္ၿပီး ဦးျမတ္ဘုန္းလၽွံ၏ ႏွလုံးသည္းညႇာရွင္ျဖစ္သည္။ သူမသည္ လွပေသာ္လည္း အဆိပ္ျပင္းသည္။ သူတို႔ ဂိုဏ္း၏ အတြင္းေရးကိစၥမ်ားကို သူမ၏ခ်စ္သူ ဦးျမတ္ဘုန္းလၽွံထံမွ သတင္းယူကာ ၿပိဳင္ဘက္ဂိုဏ္းမ်ားထံ ေရာင္းစားေနေသာ မိန္းမလည္။ သူမေၾကာင့္ ဂိုဏ္းမ်ားၾကားတြင္ မၾကာခဏခိုက္ရန္ျဖစ္ပြားၿပီး သူတို႔ဂိုဏ္းမွာ အေတာ္ကို အထိနာခဲ့ရသည္။ ထို႔ျပင္ သူမစနက္ေၾကာင့္ သူ၏ ရဲေဘာ္ရဲဘက္ေပါင္းမ်ားစြာ က်ဆုံးခဲ့ရသည္။ ထိုစဥ္က ဘယ္သူမွန္းမသိခဲ့။ သူ အသည္းအသန္စုံစမ္းေတာ့မွ လက္သည္တရားခံမွာ ေနာက္တက္မည့္ ဂိုဏ္းခ်ဳပ္ေလာင္း၏ ခ်စ္သူျဖစ္ေနသည္မွန္းသိရသည္။

သၽွန္ေနာင္မွာ သူမေၾကာင့္ လက္ေအာက္ငယ္သားမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ား ဆုံးရႈံးရသည္တြင္ လုံးလုံးလ်ားလ်ားသည္းမခံနိုင္ေတာ့။ ဤကိစၥႏွင့္ပတ္သက္၍ ကိုင္တြယ္ရန္ ဦးျမတ္ဘုန္းလၽွံအား ေတာင္းဆိုသည္။ သို႔ေသာ္ ဦးျမတ္ဘုန္းလၽွံကား ခ်စ္ဆိပ္တက္႐ုံမက ခ်စ္သူယုံ၍ စုံလုံးကန္းေနၿပီျဖစ္သည္။ သူေျပာသည္ကို လက္မခံသည့္အျပင္ သူကိုပင္ ႏႈတ္ပိတ္ရန္ ႀကိဳးစားလာသည္။ ေနာက္ဆုံးတြင္ေတာ့ ထိုကိစၥသည္ ဦးလၽွမ္းျမတ္စံထံသာမက ဦးလၽွမ္းျမတ္စံႏွင့္ ဦးျမတ္ဘုန္းလၽွံတို႔၏ ဖခင္ ယခင္ဂိုဏ္းခ်ဳပ္အေဟာင္း ဦးျမတ္သူ ထံေရာက္ရွိသြားေတာ့သည္။

ထိုအခါ ဦးလၽွမ္းျမတ္စံက လူလႊတ္ကာ ေမမီထြန္းအား လုပ္ႀကံသတ္ျဖတ္ေစသည္။ ဤသည္တြင္ ဦးျမတ္ဘုန္းလၽွံႏွင့္ ဦးလၽွမ္းျမတ္စံတို႔ အႀကီးအက်ယ္စကားမ်ားကာ တုတ္ဆြဲဓါးဆြဲအေျခအေနျဖစ္ကုန္ေတာ့သည္။ ထို႔ျပင္ သၽွန္ေနာင္ကိုပါ လူသတ္သမားဟု စြပ္စြဲကာ ဖမ္းဆီးႏွိပ္စက္၍ သတ္ျဖတ္ရန္ အစီအစဥ္ဆြဲေတာ့သည္။ အကယ္၍ ေဇယေသြးသာ ဤအႀကံအစည္ကို မေတာ္တဆသာ မၾကားခဲ့လၽွင္ ယခုဆို သူ အရိုးေဆြးေလာက္ၿပီျဖစ္သည္။ ေနာက္ဆုံးတြင္ ဦးျမတ္သူမွာ မေနသာေတာ့ သားႏွစ္ဦးဝင္ေရာက္ ျဖန္ေျဖေပ႐ုံသာမက သၽွန္ေနာင့္ကိုပါ အကာအကြယ္ ေပးလာေတာ့သည္။

"....ဒီေကာင္ေလးက သစၥာေစာင့္တယ္။ ဒီေကာင္ေလးကို ေျမႇာက္စားသင့္တာကို မင္းက သတ္ပစ္ဖို႔ ႀကံတယ္ ဟုတ္လား ငဘုန္း! မင္း ဒီပုံနဲ႔ ဘယ္လိုလုပ္ၿပီး မင္းအစ္ကိုေနရာ ဆက္ခံမလဲ။ ေအး... ဒီကိစၥဒီမွာ ၿပီးပါေစ။ မဟုတ္လို႔ကေတာ့ ငါနဲ႔ အေတြ႕ပဲ။ ေနာက္ၿပီး အဲ့ဒီ့အပ်က္မနဲ႔ ပတ္သက္ၿပီး ဒီေကာင္ေလးကို ထိလို႔ကေတာ့ ငါ့ အဆိုးမဆိုနဲ႔။"

ဟု ရာဇသံေပးလိုက္မွ ၿငိမ္သက္သြားေတာ့သည္။ သူလည္း ထိုကိစၥအားလုံးအၿပီးတြင္ အေမွာင္ေလာကမွ စြန႔္ခြါခဲ့ေတာ့သည္။သူဆက္ရွိေနလၽွင္ ဦးျမတ္ဘုန္းလၽွံသာ ေခါင္းေဆာင္ေနရာ ဆက္ခံသည့္အခ်ိန္တြင္ သူအခက္ေတြ႕ေတာ့မည္ျဖစ္သည္။ ဦးျမတ္ဘုန္းလၽွံက သူ႔အား မည္သို႔မၽွ အခဲမေက်မည္မဟုတ္။ ဤသည္ကို သေဘာေပါက္ေသာ ဦးျမတ္သူႏွင့္ ဦးလၽွမ္းျမတ္စံတို႔က သူအနားယူမည့္ ကိစၥကို သေဘာတူ ၾကည္ျဖဴစြာ ခြင့္ျပဳလိုက္ေတာ့သည္။

မည္သို႔ျဖစ္ေစ ယခုအခ်ိန္တြင္ စဥ္းစားရမည့္အခ်က္မွာ ဦးျမတ္ဘုန္းလၽွံအား တားစည္းေပးမည့္ ဦးလၽွမ္းျမတ္စံမရွိေတာ့သည့္အျပင္ ဦးျမတ္သူမွာလည္း က်န္းမာေရးအေျခအေနက ယိုယြင္းေနၿပီျဖစ္သည္။ မင္းဝ႒ာေျပာသလို အကယ္၍ ဦးျမတ္သူသာ မရွိေတာ့ဘူးဆိုလၽွင္ သူ႔အတြက္ သိပ္မလြယ္လွ။ ဟိုလူက ဤေလာက၏ စည္းကမ္းကို ဂ႐ုစိုက္တာမဟုတ္။

"မင္းသာ သူနဲ႔ ထိပ္တိုက္ေတြ႕ရင္ သူ႔ဘက္က ေနမယ့္သူေတြကို မႈစရာမလိုဘူး သၽွန္ေနာင္။"

ေဇယေသြးကပါ ဝင္ေျပာလာသည္။

"တကယ္တမ္းျဖစ္လာၿပီေဟ့ဆိုရင္ ငါနဲ႔ ေဇယေသြးကေတာ့ မင္းဘက္က တစ္သက္လုံးရွိမွာ။ ဒါကို မင္းမေမ့ပါနဲ႔"

မင္းဝ႒ာက သူ႔ပုခုံးကို ပုတ္ကာ အာမခံေသာ ေလသံျဖင့္ ျပတ္ျပတ္သားသားေျပာလိုက္သည္။

"ဒါေတာင္ သူရမရွိလို႔။ မဟုတ္ရင္ သူလည္း ေနမွာမဟုတ္ဘူး။"

"အင္း... ကၽြန္ေတာ္ ယုံပါတယ္ဗ်ာ။"

သူတို႔ သုံးဦးသား အတန္ၾကာေအာင္ စကားစျမည္ေျပာျဖစ္ၾကသည္။ ထို႔ေနာက္ လက္ေထာက္ဟန္သိုအား အေစာကေတြ႕ခဲ့သည့္ တိရစၧာန္ႏွစ္ေကာင္ကို အာမခံျဖင့္ အခ်ဳပ္ထဲမွ သြားထုတ္ရန္ မွာၾကားလိုက္သည္။

သိပ္မၾကာလိုက္ပါ။ ဧည့္သည္အားလုံးမွာ သူအား ႏႈတ္ဆက္ၿပီးသည္ႏွင့္ အလ်ိဳလ်ိဳျပန္သြားေတာ့သည္။ သူလည္း ဧည့္သည္မ်ားျပန္သည္ႏွင့္ အိမ္သို႔ မိုင္းမိုင္ႏွင့္အတူ ျပန္ခဲ့ေတာ့သည္။ အခန္းထဲေရာက္လၽွင္ သၽွားအိမ္မွာ ကုတင္ေပၚတြင္ နဖူးေပၚလက္တင္ၿပီး ဆန႔္ဆန႔္ႀကီး လဲေလ်ာင္း၍ေနသည္။ သၽွန္ေနာင္မွာ သၽွားအိမ္၏ စဥ္းစားခန္းဖြင့္ေနပုံကိုၾကည့္ကာ ျပဳံးလိုက္ၿပီး ဗီရိုထဲမွ pajama တစ္ထည္ကို ထုတ္ယူကာ လဲလွယ္လိုက္သည္။ ထို႔ေနာက္ သၽွားအိမ္၏ ေဘးတြင္ အသာအယာဝင္ေရာက္ကာ ကိုယ္တစ္ေစာင္း လဲေလ်ာင္းရင္းမွ ခ်စ္သူကိုၾကည့္ကာ ျပဳံးလိုက္သည္။

"ဘာေတြ ေတြးေနတာလဲ ဆရာႀကီးရဲ့"

"ခုနက လူေတြရဲ့အေၾကာင္းေလ။ ဒီလူေတြကို ဟိုလူပဲလႊတ္လိုက္တာျဖစ္မွာ"

"ဒီေတာ့ ေမာင္ ဘယ္လိုျဖစ္ခ်င္လဲ"

"အဲ့ဒီ့လူေတြေရာ ဟိုလူေရာကိုပါ ေက်ာင္းမွန္းကန္မွန္းသိေအာင္ လုပ္သင့္တယ္ မဟုတ္လား။"

သၽွန္ေနာင္ ဘာမၽွမေျပာ။ ခ်စ္သူ၏ မ်က္ႏွာေခ်ာေခ်ာကိုသာ ညႇင္သာစြာ ပြတ္သပ္ကိုင္တြယ္ေနမိသည္။ ထူထဲေသာ မ်က္ခုံးတန္းမ်ား၊ လြန္းအိမ္ကဲ့သို႔ေသာ လွပသည့္ မ်က္ဝန္း၊ ႏွာတံျမင့္ျမင့္၊ ေလးကိုင္းပုံ ႏႈတ္ခမ္းအိအိ..... ဤအမ်ိဳးသားငယ္၏ အစိတ္အပိုင္းတခုခ်င္းစီသည္ လွပသည္ထက္ ျမတ္နိုးစရာေကာင္းလွပါဘိ။

"Baby?"

သူ႔အား ရီေဝေဝျဖင့္ၾကည့္ေနေသာ ခ်စ္သူေၾကာင့္ သၽွားအိမ္ မေနတတ္သလိုပင္ျဖစ္လာသည္။

"ဟင္?"

"ဘယ္ႏွယ့္ေၾကာင့္ လူကို ဒီလိုႀကီးၾကည့္ေနတာလဲ။"

"ခ်စ္လို႔။ ျမတ္နိုးလို႔"

ဒီလူတစ္ေယာက္နဲ႔ ေတာ္ေတာ္ေတာ့ခက္သည္။ ဒီေကာင္က အေစာကတည္းက ေႂကြက်ေျမခေနပါသည္ဆိုမွ။ ေနစရာမရွိေအာင္ ေႁခြေနျပန္ပါၿပီ။ သၽွားအိမ္မွာ အသည္းယားစြာျဖင့္ ခ်စ္သူကို ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။

"ခ်စ္လိုက္တာ Baby ရာ"

သၽွန္ေနာင္ကေတာ့ ထိုစကားလုံးမ်ားတြင္ ေပ်ာ္ဝင္ကာ ေက်နပ္ျမဴးတူးေနေတာ့သည္။

"ကို႔ေလာက္ ခ်စ္နိုင္ပါ့မလား။"

သၽွန္ေနာင္က စိန္ေခၚျခင္းလည္းမမည္ ကလူ၏ျမႇဴ၏သို႔လည္း မေျမာက္ေသာ အၾကည့္တို႔ျဖင့္ဆိုလာသည္။ ဒီလူ သူ႔ ႏွလုံးသားကို သက္ညႇာဖို႔ စိတ္ကူးမရွိမွန္း သၽွားအိမ္ သေဘာေပါက္ခ်ိန္သည္ အေတာ္ေႏွာင္းသြားေပၿပီ။ ထိုအၾကည့္တို႔ ထိမွန္သြားေသာ ဝဲဘက္ရင္အုံသည္ ခ်စ္ဆိပ္တက္ကာ ပူေႏြးမႈျဖင့္ လွိုက္ခုန္လာသည္။ သို႔ေသာ္ သူ ေနာင္တမရပါ။ ဤအဆိပ္မ်ိဳးကို ေျဖေဆးရွိလၽွင္ေတာင္ ထိုေျဖေဆးကို ေသာက္လိမ့္မည္မဟုတ္။ ထိုအစား အခ်စ္ဟူေသာ အဆိပ္ကိုသာလၽွင္ သူ႔တစ္သက္တာလုံး ခုံမင္ႏွစ္ၿခိဳက္စြာ ေသာက္သုံးသြားေပလိမ့္မည္။

"မယုံရင္ ေစာင့္ၾကည့္လိုက္ေလ။ ေမာင္က Baby ထက္ေတာင္ ပိုခ်စ္ေသးတယ္။"

"ဘယ္ေလာက္အထိ ေစာင့္ၾကည့္ရမွာလဲ။"

သၽွန္ေနာင္က သၽွားအိမ္၏ ႏႈတ္ခမ္းမ်ားကို လက္ေခ်ာင္းမ်ားျဖင့္ ထိတိုကစားရင္း ေမးလိုက္သည္။ သၽွားအိမ္ကလည္း ထိုလက္ေခ်ာင္းတို႔ကို ဆုပ္ကိုင္ကာ လက္ေခ်ာင္းထိပ္တို႔ကို ျမတ္နိုးစြာ နမ္းရွိုက္ရင္းေျဖလိုက္ပါသည္။

"ဘဝအဆက္ဆက္ေပါ့"

သၽွန္ေနာင္မွာ ခ်ိဳၿမိန္လွေသာ စကားတို႔၏ ျမစ္ျဖားခံရာ ခ်စ္သူ႔ ႏႈတ္ခမ္းတို႔ေပၚသို႔ အနမ္းတို႔က်ဲခ်လိုက္သည္။ သၽွားအိမ္ကေတာ့ ခ်စ္သူက ေပးသနားေသာ အနမ္းတို႔ျဖင့္ တင္းတိမ္မေရာင့္ရဲနိုင္ပါ။ ေလာဘေဇာတက္သည္ပဲေျပာေျပာ။ ထိုႏႈတ္ခမ္းဖူးဖူးတို႔ မ႐ုတ္သိမ္းမွီ ခ်စ္သူအား အိပ္ရာေပၚသို႔ တြန္းလွဲလိုက္ၿပီး အတက္စီးမွေန၍ အနမ္းဓါးျပတိုက္ေနမိပါသည္။ ကိုယ့္အတတ္ကိုယ္စူးပဲေျပာရမလားမသိ။ ထိုအနမ္းတို႔က ေသာက္ေလေသာက္ေလ ငတ္မေျပျဖစ္႐ုံမက စိတ္ဆႏၵတို႔ကိုပါ ရမက္လွိုင္းထန္လာေစသည္။ သၽွန္ေနာင္မွာ ခ်စ္သူ၏ လိုအင္ဆႏၵမ်ားကို သတိထားမိလၽွင္ က်ိတ္ျပဳံးျပဳံးကာ ခါးေအာက္ပိုင္းကို အသာယာပင့္၍ သၽွားအိမ္ႏွင့္ ထိေတြ႕ေစကာ....

"ကိုလည္း ေမာင့္ကို လြမ္းေနတာ"

တိုးညႇင္းလွေသာ အသံၾသရွရွက သၽွားအိမ္၏ နားမွ ရင္ထဲသို႔တိုင္ စီးဆင္းသြားၿပီး သူ႔အား ထူးဆန္းလွေသာ သာယာမႈႏွင့္အတူ လိုအပ္တို႔ျဖင့္ ပူေလာင္ေစသည္။

"F*** Baby... မင္း ေမာင့္ကို ျပဳစားေနတာလား။"

ခ်စ္သူသည္ ဤသို႔လည္း တတ္နိုင္လြန္းပါ၏။ မတတ္နိုင္သူကေတာ့ သူပဲျဖစ္မည္ႏွင့္တူသည္။ သၽွားအိမ္ခမ်ာမွာ ခ်စ္သူ၏ ေမွာ္ဆန္လွေသာ အျပဳအစုေအာက္တြင္ ျပားျပားဝပ္သာယာရသည္ကတဖုံ၊ ခ်စ္သူ ေစစားရာေနာက္သို႔ လိုက္ပါကာ ခ်စ္သူကို အစြမ္းကုန္ေထြးေပြ႕မိသည္ကတလွည့္ျဖင့္ တစ္ညတာကို ဂႏၶဝင္ခ်စ္ျခင္းတို႔ျဖင့္ ဆင္ယင္ကာ လွပေစ၏။

--------------------------------------

September 10, 2019 Tuesday.

Edited on – Jan 31, 2021

--------------------------------------

Continue Reading

You'll Also Like

182K 9.1K 89
Boy×Boy (OC) သူခံစားနေရတာတွေကို ကူညီဖြေဖျောက်ပေးနိုင်ဖို့ ကျနော်သူ့ရဲ့ ကိုယ်ပိုင် painkillerဖြစ်ချင်တယ်.. ...
29.8K 3.6K 16
[ ခေါင်းစဉ်လေးအတိုင်း ဂျစ်ပစီတစ်ယောက်ရဲ့ လွင့်မြောနေတဲ့ အတွေးစတွေပါပေါ့ စီးကရက်တစ်ရှိုက်ဖွာတိုင်း... မိုးဖွဲတစ်ခါကျတိုင်း တစ်ယောက်တစ်ယောက််ကိုမှန်းပြ...
127K 7.5K 62
အာဏာရွင္=မင္းနဲ႔တူတဲ႔သူေတြ ေထာင္ေပါင္းမ်ားစြာရွိပါေစ ငါ့ရင္ခုန္သံက မင္းအနားမွာပဲႀကားရတယ္ ္ေႏြဦးသခင္=ညီညီ္ ကိုသာျပန္ေတြ႔ခဲ႔ရင္ အရာရာအားနာေနရမွာ ပိုင္...
820K 15.1K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...