>>>>>Unicode<<<<<
မနက်ကတည်းက ဘာဖြစ်နေမှန်းမသိ။ သျှန်နောင်မှာ ပြဿနာက သူ့နောက် တောက်လျှောက်လိုက်နေသလို ခံစားရသည်။ ပြောရမည်ဆိုလျှင် သျှားအိမ်၏ ဆိုင်ကို ရောက်ကတည်းက စသည်။ ဆိုင်အဝင်ဝရှိ ခေါက်တံခါးကို ပုံမှန်ဖွင့်နေကြအတိုင်း ဖွင့်လိုက်ပါသည်။ တံခါးက အချပ်လိုက် ပတ္တာမှပြုတ်ထွက်သွားသည်။ ကိုယ့်ချစ်သူဆိုင်မို့သာ တော်တော့သည်။
တဖန် ရေသောက်နေရင်းမှ အကြောင်းမရှိ ရေနင်သည်။ ဒါပဲလားဆို့တော့...။ မဟုတ်။ ကားရှိရာဆီသို့အလာ မြေပြောင်ပြောင်တွင် ခလုတ်တိုက်ကာ ဖိနပ်ပျက်သွားသည်။ ဒါက အသေးအမွှား။
ဆိုင်ရောက်ပြန်တော့ တစ်နေ့လုံးနီးပါး ကကျိုးကကြောင် customer များ၏ ပြဿနာကို ဖြေရှင်းနေရသည်။ တစ်ဦးက ငါးချိုချဉ်မှာပြီး အစပ်မပါလို့ဆိုပြီး ပြဿနာရှာသည်။ တစ်ဦးက ထမင်းကြော်က ဆီများလွန်းသည်ဟုဆို၍ ကြည့်မိတော့ လေတိုက်လျှင်တောင် လွင့်မှာကြောက်ရသည့်အနေ။ တစ်ဦးက တုံယမ်းဟင်းကို ချဉ်သည်စပ်သည်ဟု ပြောပြန်သည်။ ထို့ကြောင့် အစပ်သိပ်မစားသော မမိုးမြည်းခိုင်းတော့ customer က သူ့ကိုမယုံရကောင်း ဘာညာဆိုကာ သောင်းကျန်းသဖြင့် မနည်းတောင်းပန်ရသည်။ ယခုလည်း သူ့ကားရှေ့တွင် တုတ်ကိုယ်စီဖြင့် ရပ်ကာ သူ့အား ကားပေါ်မှ ဆင်းလာရန်ခေါ်နေသော အနှီးဆိုက်ကားသမားများကို စိတ်ပျက်စွာဖြင့် ကြည့်နေမိပါတော့သည်။
"ဟေ့လူ... ခင်ဗျား လူလိုသိ"
"ကြာတယ်ကွာ။ ဝိုင်းရိုက်ကွာ..."
"ကိုယ်ပိုင်ကား စီးတယ်ဆိုပြီး လူပါးဝတာ..."
စသည်ဖြင့် တစ်ယောက်တစ်ပေါက်ပြောနေသည့်လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်ပါသည်။ ဖြစ်ပုံမှာ တစ်လမ်းမောင်းသာသာရှိသော လမ်းကို လမ်းလုံးပြည့်မောင်းနေသော ဆိုက်ကားသမားကို ဘေးချမောင်းရန် ဟွန်းတီးရာမှ စသည်ပြောရမည်။ သူက ဟွန်းတီးလျှင် ထိုလူက ဘေးချပေးသလိုနှင့် ဘေးကို အသာကပ်လိုက်ပြီး သူက ဖြတ်ကျော်လိုက်လျှင် သူ့ကားက ပွတ်မိဟန်ဖြင့် ဆိုက်ကားကို မှောက်ချလိုက်သည်။ ထိုအချိန်တွင် ဘယ်ကတည်းက စောင့်နေမှန်းမသိသော လူတစ်စုက သူ့အားတား၍ အခြေအနေကို ရပ်ကြည့်နေခြင်းဖြစ်သည်။
"ဟေ့လူ... ဆင်းဆိုဆင်းလေ။"
လူတစ်ယောက်က ကားဘောနက်အဖုံးကို ထုကာပြောလာသည်။
"ကြာတယ်ကွာ... မဆင်းရင် ကားမှန်ကို ရိုက်ခွဲပစ်..."
"ဒုတ်"
ပြောပြောဆို နောက်တစ်ယောက်က ကားရှေ့မှန်ကို တုတ်ဖြင့်ရိုက်လာသဖြင့် သျှန်နောင် စိတ်ကို တတ်နိုင်သမျှလျော့ကာ ကားပေါ်မှ ဆင်းလိုက်သည်။ ဘေးတွင် ဝိုင်းကြည့်နေသော လူများက တစ်ပုံကြီး။
"ခင်ဗျား လူလိုမသိဘူးလား။ ဒီမှာ လူတစ်ယောက်နာသွားတာ ဒီအတိုင်းပဲ ကြည့်နေရလား။"
ဆိုက်ကားပိ၍ ခြေထောက်နာသွားဟန်ရှိသော အနှီးဆိုက်ကားသမားကို တွဲထားသော လူက လက်သီးလက်မောင်းတန်းကာ ကြိမ်းမောင်းနေသည်။
"ဟုတ်တယ်။ တော်တော် လူစိတ်မရှိတဲ့လူ။"
"ခင်ဗျား တာဝန်ရမယ်။ မဟုတ်လို့ကတော့ ကျုပ်တို့ အကြောင်းသိမယ်။"
လက်နှက်ကိုယ်စီ ကိုင်ဆွဲထားသော လူငါးယောက်ကပါ ဝိုင်းကာ သူအား တစ်ယောက်တစ်ပေါက်ပြောလာသည်။
"ဒါ ငါလုပ်တာမဟုတ်ဘူး။ ဒါကြောင့် မင်းတို့ ငါ့ကားရှေ့က ဖယ်ပါ။"
သျှန်နောင်က ရှေ့ဆုံးမှ ခေါင်းဆောင်ဖြစ်ဟန်တူသူကို သတိပေးသော လေသံဖြင့် ပြောလိုက်သည်။
"ဟ... မင်း လူစိတ်မရှိဘူးလား။ မင်းကြောင့် လူတစ်ယောက် ဒဏ်ရာရသွားတာလေ။"
ထိုလူက သျှန်နောင်၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်သော်လည်း သူသာ ပြန်ယိုင်သွားသဖြင့် သူ့အား မျက်မှောင်ကြုတ်ကာ ပြန်ကြည့်လိုက်သည်။
"ဒီမှာ မင်းစကားပြောရင် ဆင်ဆင်ခြင်ခြင်ပြော။ ဒီလူက ငါ့ကားကို ဝင်တိုက်တာ။ ပြီးတော့ သူ့ဟာသူလဲသွားတာ။ ငါနဲ့ ဘာဆိုင်လို့လဲ။"
သျှန်နောင်ကလည်း ပြန်၍ မာမာတင်းတင်းပင် ပြောလိုက်ပါသည်။
"ဟ... ဒီမျက်လုံးနဲ့ မြင်တာတောင် မင်းက မုန်လာဥလုပ်ချင်တာလား။"
ထိုလူက သူ့အား တွန်း၍ မရ၍ သူ့အင်္ကျီရင်ဘတ်မှ ဆွဲကာ ဟန်ပါဖြင့် မျက်လုံးကြီး ပြူးကြည့်နေသေးသည်။ သျှန်နောင်မှာ မကြောက်သည်ကို ဖြဲခြောက်နေသော ထိုလူကြောင့် စိတ်ညစ်သည်ထက် ညစ်လာပါတော့သည်။
"ဒါဆို မင်း မျက်လုံးက မကောင်းလို့ဖြစ်မယ်။ ဖောက်သာ ထုတ်လိုက်တော့။"
"ဘာပြောတယ်"
"ဪ... မင်းက နားပါကန်းနေတာလား။ ဒါဆိုလည်း တခြားနည်းနဲ့ ပြောင်းပြီးလုပ်စား။ ဒီနားက ဈေးမှာ ခွက်ထိုင်ခေါက်နေရင် ဒီထက်မက ရလိမ့်မယ်။"
ထိုလူမှာ သူအားပြန်ဖြဲနေသည့် သျှန်နောင်ကြောင့် ဒေါသအမျက် ချောင်းချောင်းထွက်လာတော့သည်။
"မင်း..! မင်း ဘာစကားပြောတာလဲ ဟေ့ကောင်။ မင်းကလည်း လွန်သေးတယ်..."
"ငါလွန်တယ်? ဘာလွန်တာလဲ? မင်းရဲ့ လူက ငါ့ကားကို တိုက်ပြီး ခွင်ဆင်တာ ငါ မသိဘူးများ မှတ်နေလား။ ကလေးကလား အကွက်တွေ။"
"ဟေ့ကောင်... မင်း တာဝန်ယူရမှာစိုးလို့ အရူးချေးပန်းလျှောက်မပြောမနေနဲ့။"
"တာဝန်ယူရမယ်? ဘာတာဝန်ယူရမှာလဲ? တကယ်တမ်းဆို မင်းတို့က လျော်ပေးရဦးမယ်။ ဟိုမှာတွေ့လား မင်းလူ ဟိုဆိုက်ကားသမားလုပ်လို့ ငါ့ကား အစင်းရာကြီးထင်သွားပြီ။"
သျှန်နောင်က ကားဘေးမှ အစင်းကြောင်းကြီးကို လက်ညှိးထိုးပြလိုက်သည်။ တဖန် ကားဘောနက်အဖုံးကို လက်ညိုးထိုးကာ...
"ဒီမှာလည်း ချိုင့်သွားတယ်။ ဒါကော မင်းတို့ဘယ်လို တာဝန်ယူမလဲ။"
"ငါတို့က ဘာကိစ္စတာဝန်ယူရမှာလည်း"
ဒီတခါတော့ ထိုလူက အကြောက်အကန်ငြင်းတော့သည်။
"ဟ... မင်းတို့လုပ်လို့ ငါ့ကား ထိခိုက်သွားတာလေ။"
ထိုလူမှာ စကားရှာမရသဖြင့် ခဏမျှ ဆွံ့အသွားလျှင် တချိန်လုံးငြိမ်နေသော ဆိုက်ကားဆရာက...
"တော်ပါပြီဗျာ... ကျွန်တော် အလျော်လည်းမလိုချင်တော့ပါဘူး။ ဆရာလေး သွားစရာရှိတာသာ သွားပါတော့။"
သျှန်နောင် လှောင်ပြုံးပြုံးလိုက်ပါသည်။ ဒီလူတွေ လည်ပုံများ အခြေအနေမလှလို့ ဆုတ်ခွါရမည်တောက်မှ မျက်ရည်ချူနေသေး။
"ဟ... ဖိုးခွေရ... မင်းကလည်း သိပ်အလျော့ပေးတတ်ရန်ကော။ မင်းဆိုက်ကားက ဘီးခွင်သွားတာလေ။ ဒါမရှိရင် မင်း ဘာနဲ့ လုပ်စားမလဲ။ အခုတောင် မင်း ဈေးဦးတောင် ပေါက်သေးလို့လား။"
ထိုလူက စကားကျောင်းပေးလိုက်သည်။
"ရပါတယ်ဗျာ။ ကျွန်တော့် ကံနဲ့ ကျွန်တော်ပေါ့။"
ထိုဖိုးခွေဟူသော ငနဲက မျက်လွှာလေးချကာပြောနေပုံမှာ မသိလျှင် သနားစရာကောင်းသော်လည်း သျှန်နောင်ကတော့ နားရင်းချည်းသာ လိမ့်၍ အုပ်ပစ်လိုက်ချင်တော့သည်။
"ဟ... ဖိုးခွေ... မင်းကလည်း အားငယ်ရန်ကော"
"အေးလေ... အားမငယ်နဲ့။ ငါတို့ရအောင် တောင်းပေးမယ်၊"
"ဟေ့လူ... ခင်ဗျားနော်။ ကျုပ်တို့ သူငယ်ချင်းက အားနာတတ်တာကို အခွင့်ကောင်းယူပြီး ပြေးဖို့မစဉ်းစားနဲ့။"
ထိုကဲ့သို့ အပြီအပြင်ဝန်းရံနေသော လူများနှင့် တကယ့်ကို အကယ်ဒမီရှော့အကွက်တွေ ချိုးနေသော ဖိုးခွေကို ကြည့်ကာ သျှန်နောင် လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး....
"ဪ... ဪ... မင်းက ဒီလောက် သနားစရာကောင်းမှတော့ ငါ စိတ်ပြောင်းသွားပြီ။ မင်းကို ငါကိုယ်တိုင် ဆေးခန်းပို့ပေးရမှာပေါ့။"
သျှန်နောင် တကယ်လည်း စိတ်ပြောင်းသွားပါသည်။ အစက အားလုံးရှေ့တွင် တောင်းပန်ရုံနှင့် ကျေအေးရန်ဖြစ်သော်လည်း ယခုတော့ ဒီပြဿနာကောင်ကို ရန်ကုန်မြစ်ထဲ ကန်ချရန်ဆုံးဖြတ်လိုက်ပါသည်။
"ရပါတယ် ဆရာလေးရယ်။ ကျွန်တော်တို့ ဖာသာ ကျွန်တော်တို့ သွားပါ့မယ်။ ဆေးဖိုးလေးသာပေးပါ။"
"အားနာမနေစမ်းပါနဲ့။ လာပါ၊"
သျှန်နောင်က ထိုဆိုက်ကားသမားကို လက်မောင်းမှ ခပ်ကြမ်းကြမ်းဆွဲလိုက်လျှင်...
"ဟင့်အင်း... ရပါတယ်။ ဆေးဖိုးရရင်ပဲ ကျေနပ်ပါပြီ။"
"မဟုတ်တာ။ အားမနာပါနဲ့ဆို"
ဖိုးခွေက ရုန်းကန်နေပါသော်လည်း လူနှင့် မလိုက်ဖက်အောင် သန်မာသော သျှန်နောင်၏ လက်ချောင်းများမှ ရုန်းထွက်၍မရ။ ဒီကြားထဲ ဆင်ကြံကြံနေဟန်ရှိသော အကြည့်များကြောင့် အထိတ်တလန့်ဖြင့် သူ့လူများကို အားကိုးတကြီးကြည့်လိုက်သည်။ ဤသည်ကို မြင်တွေ့သွားသော လက်နှက်ကိုင်အုပ်စုထဲမှ တစ်ယောက်က....
"ဟေ့လူ... ဘာလို့အတင်းခေါ်နေတာလဲ။"
"မင်းသူငယ်ချင်းကို ငါကိုယ်တိုင်ဆေးကုပေးမလို့လေ။"
"သူက ဆေးဖိုးပဲတောင်းတာလေ။"
"အေးလေ... ဆေးဖိုးရရင် ဆေးခန်းသွားရမှာပဲ မဟုတ်လား။ ဒီတော့ ငါတခါတည်း ဝင်ပို့ပေးမှာပေါ့။ တော်ကြာ လူလိုမသိဘူးဖြစ်နေဦးမယ်။ ကဲပါ.... လာစမ်းပါ။"
သျှန်နောင်က ဖိုးခွေကို ကားနောက်ခန်းဆီသို့ အတင်းဆွဲခေါ်သွားသည်။
"မဟုတ်ဘူးလေ"
"ဟုတ်တယ်လေ။"
ရုပ်ပျက်ဆင်းပျက်ဖြင့် ပါလာသော ဖိုးခွေကို ကားထဲသို့ အတင်းထိုးထည့်လိုက်လျှင် အစောက ခေါင်းဆောင်ကပင်...
"မင်း ဘာလုပ်တာလဲ။"
"ရင်ခွဲရုံ... အဲ... ဆေးရုံပို့ပေးမလို့လေ။"
"အဲ့ဒီလို ရမလား။ သူတစ်ယောက်တည်း ငါလည်းလိုက်မယ်။"
ဒီယုန်မြင်လို့ ဒီခြုံထွင်နေပါသော ထိုလူကြောင့် သျှန်နောင် ကျိတ်ပြုံးပြုံးလိုက်ပါသည်။ ဒီလူတွေလိုက်လာပြီး လမ်းတွင် သူ့အား ဓါးပြတိုက်တော့မည်ဆိုသည်ကို သူကြိုတွက်ပြီးသားပင်။
"ရတယ်လေ။ ဟိုလူပါခေါ်ခဲ့"
သျှန်နောင်က ကားမှန်ကို တုတ်နှင့်ရိုက်သောလူနှင့် ကားဘောနက်ကိုရိုက်သော လူကိုပါ လက်ညွှန်းထိုးကာ ပြောလိုက်သည်။
"ကောင်းပြီလေ။"
ထိုလူနှစ်ယောက်က ပြောပြောဆိုဆို ကိုက်လက်စ တုတ်များကိုင်ကာ ကားပေါ်တက်သွားတော့သည်။ သျှန်နောင်လည်း ဘာမျှမပြောပဲ။ အနောက်ဖုံးထဲမှ ဝက်အူလှည့်ဂွရှည်တစ်လက်ကို ယူလိုက်ပြီး ကားပေါ်သို့ ပြန်တက်ခဲ့ပြီး သူ့အတွက်အဆင်ပြေမည့်နေရာတစ်ခုသို့ မောင်းခဲ့တော့သည်။ မောင်းနေရင်းဖြင့် အနောက်မှ လူများ၏ အခြေအနေကို နောက်ကြည့်မှန်မှတဆင့် မသိမသာအကဲခတ်လိုက်သည်။ ထိုလူများမှာလည်း သူ့အား ကျားချောင်းချောင်းနေဟန်ရှိသည်။ တစ်ချက်မျှ အလွတ်မခံ။ သျှန်နောင် နှုတ်ခမ်းထောင့်လေးတစ်ဖက်ကို မသိမသာကွေးကာပြုံးလိုက်ပါသည်။ အတန်ကြာမောင်း၍ လူပြတ်သော မြစ်ကမ်းပါးဘေးရောက်သောအခါ ရတ်တရကိ ကားကို ရပ်လိုက်လျှင် သူဘေးတွင်ထိုင်နေသော လူက သူ့အား နားမလည်ဖြင့်ကြည့်ကာ...
"ဟေ့လူ... ကားကို ဘာလို့...."
"ခွပ်"
သျှန်နောင်က ဘာမပြောညာမပြောဖြင့် ဘေးတွင် အရံသင့်ထားသော ဝက်အူခွရှည်ဖြင့် အရှေ့တွင်ထိုင်နေသာ လူ၏ မျက်နှာကို အားပါပါဖြင့် ထုချလိုက်သည်။ ထိုလူမှာ "အ" ခနဲအော်သံနှင့်အတူ နှာခေါင်းကို အုပ်ကိုင်ကာ ညည်းတွနေတော့သည်။ နှာနုရိုးကို ထိသွားသည်ဖြစ်ရာ တော်တော်လေးနာလိမ့်မည်မှာ ပြောဖို့ပင်မလို။
အနောက်ဘက်မှ လူများမှာ ထိုအခါမှ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသော်လည်း ယောက်ျားသုံးဦးနှင့် ပြည့်နေသော အနောက်ခန်းသည် သူတို့ လျှင်မြန်စွာ လှုပ်ရှားနိုင်ခြင်း မရှိအောင် ကန့်သတ်ထားသကဲ့သို့ဖြစ်နေသည်။ မည်သို့ဖြစ်စေ သျှန်နောင်ကတော့ ကြိုတင်စီစဉ်ထားသည်အတိုင်း ကားပေါ်မှ လျှင်မြန်စွာဆင်းလိုက်ပြီး ပုဆိုးကို တိုတိုနှင့် မြဲနိုင်သမျှမြဲအောင် ဝတ်လိုက်သည်။ ဤသို့သောအရေးအခင်းမျိုးကို တခါမျှ ပုဆိုးကြီးတကားကားဖြင့် ရင်မဆိုင်ဖူးသော်ငြား ယခုတော့ ရွေးချယ်စရာမရှိ။ ထို့နောက် သူ့ဘက်အခြမ်းရှိ တံခါးမှ ဝရုန်းသုံးကားနှင့် ထွက်လာသော လူ၏ ခေါင်းကို ရိုက်ခွဲလိုက်ပြီး မြေပေါ်သို့ ခွေကျသွားစေသည်။
"ခွပ်"
"အင့်"
ဒုတိယတစ်ယောက်ခမျာ သူခြေချမည့်နေရာတွင် ပထမတစ်ယောက်က ကန့်လန့်ခံနေသဖြင့် ခြေချ၍မရပဲ ရှေ့တိုးရကောင်းနိုး နောက်ဆုတ်ရကောင်းနိုးဖြင့် ဝေဝေဝါးဝါးဖြစ်နေရှာသည်။ သျှန်နောင်က လက်မြန်ခြေမြန်ပင် ပထမလူ၏ ရင်ဝကို နင်းကာ ဒုတိယလူကို၏ အင်္ကျီမှဆွဲ၍ ကားပေါ်မှ ဆွဲချလိုက်သည်။ ထို့နောက် ထိုလူ၏ မျက်နှာကို ခွနှင့် အားကုန်နှစ်ချက်မျှဆင့်ကာ လွှဲရိုက်လိုက်လျှင် ထိုလူမှလဲ နှာခေါင်းမှ သွေးများထွက်လာပြီး မြေပေါ်ဒူးထောက်ကျသွားသည်။
"ခွပ်... ခွပ်"
"အ"
ထိုအချိန်တွင် တတိယလူနှင့် ဖိုးခွေမှာ အနီးသို့ရောက်ရှိလာပြီဖြစ်ရာ သျှန်နောင်က ဖိုးခွေ၏ ရင်ဝကိုဆီး၍ ကန်လိုက်သည်။ ဖိုးခွေခမျာမှာ နာမည်နှင့်လိုက်အောင် ခွေခွေလေးလဲကျကာ အခြားလူများနည်းတူ အော်ဟစ်ညည်းညူနေတော့သည်။
"အား... သေပါပြီ"
"ဖိုးခွေ! မင်း သေပေတော့...!!"
တတိယလူက ဖိုးခွေလဲသွားသည်နှင့် သူ့၏ တုတ်ဖြင့် သျှန်နောင်အား မနားတမ်းလွှဲရိုက်လိုက်သည်။ သျှန်နောင်မှာ ထိုလူ၏ တုတ်ချက်များကို ရှောင်ရင်း အကွက်ရသည်နှင့် ထိုလူ၏ နံကြားကို ဂွဖြင့် သိမ်းရိုက်ချလိုက်သည်။
"ဒုတ်"
"အာ့"
သို့သော် ကံမကောင်းစွာပင်ထိုလူ၏ တုတ်က သျှန်နောင်၏ လက်ပြင်သို့ ထိဖြစ်အောင်ထိသွားသေးသည်။ မည်သို့ဖြစ်စေ လူအားလုံးမှာအလဲလဲအကွဲကွဲဖြင့် မြေပေါ်မှောက်နေပြီဖြစ်ရာ ကားရှေ့ခန်းတွင် ထိုင်ကာ ငုတ်တုတ်မေ့နေဟန်ရှိသော လူဆီပြန်သွားကာ ခပ်လှမ်းလှမ်းမှနေ၍...
"အထဲက ကောင်ထွက်ခဲ့စမ်း"
သျှန်နောင်၏ ခပ်ကြမ်းကြမ်းလေသံကြောင့် ထိုလူမှာ တုန်တုန်ရီရီဖြင့် လက်ကလေးမြှောက်ကာ ကားပေါ်မှဆင်းလာတော့သည်။
"ဆရာ... ဆရာ... ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျွန်တော်တောင်းပန်ပါတယ်။"
သူ့အား လက်အုပ်လေးချီကာ တောင်းပန်နေသော ထိုလူကို အေးစက်စက်ကြည့်လိုက်ပြီး....
"အေး... မင်းတို့ကို သနားသဖြင့် လွှတ်ပေးလိုက်မယ်။ နောက်တခါဆို ကောက်စရာ အလောင်းတောင်မရှိဘူးဖြစ်သွားမယ်။ ထွီ!"
သျှန်နောင် ထိုလူကို စိတ်ရှိလက်ရှိ ကြိမ်းမောင်းကာ ကားပေါ်တက်ကာ ချစ်သူရှိရာဆီသို့ ထွက်ခဲ့တော့။ မြန်မြန် ချစ်သူနှင့်တွေ့မှ ဖြစ်မည်။ မဟုတ်လျှင် စိတ်တိုရတာနှင့် သေဖို့ရန်သာရှိသည်။
-------------
"နောက်ကို ရှေ့နောက်မကြည့်ပဲ ကြပ်ကြပ်လုပ် ကြားလား။ ဒါမှ ကျုပ် မုဆိုးဖိုဖြစ်မှာ..."
သျှားအိမ်မှာ အပေါ်ပိုင်းဗလာကျင်းနေသော ချစ်သူ၏ လက်ပြင်ကို ဆေးလိမ်းပေးရင်း ပြောလိုက်သည်။
"အာ.... "
သျှန်နောင်မှာ နာကျင်မှုကြောင့် တွန့်သွားတော့သည်။ သျှားအိမ်ကတော့ ချစ်သူ၏ ဖြူဝင်းနေသော အသားအရေနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကာ ညိုမည်းနေသော ဒဏ်ရာကိုကြည့်ကာ ထိုလူများကို အမှုန့်ကြိတ်လိုသည့် စိတ်များ ကြီးစိုး၍သာနေသည်။
"မောင်ရယ်.... ကို့အတွက် ဒီလောက်ကတော့ ထမင်းစားရေသောက်ပါ။"
သျှန်နောင်မှာ ချစ်သူ ဒေါသထွက်နေသည်ကို သိသည့်အားလျှော်စွာ ကြိုးစားနှစ်သိမ့်လိုက်ပါသည်။
သျှားအိမ်မှာ ဘာမျှမပြောသော်ငြား စိတ်ထဲမှ ဒေါသတို့က မငြိမ်းနိုင်။ သျှန်နောင်ပြောသလို ဤမျှသည်အသေးအဖွဲဆိုသည်မှာ ပြောဖို့ပင်မလိုပါ။ ချစ်သူ၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များက သက်သေပင်။ သို့သော် ကိုယ့်ချစ်သူကို မနာကျင်စေလိုသည်မှာလည်း ချစ်ခြင်းမေတ္တာနှင့်အတူ တွဲလျှက်ရှိသည့် အတ္တတစ်မျိုးပင်ဖြစ်ရာ ယခုလို ဒေါသထွက်ခြင်းသည် မလွန်ဟု သျှားအိမ် ထင်ပါသည်။
"အင်္ကျီဝတ်.... "
သျှားအိမ်က ဆေးပြီးသည်နှင့် အနားရှိ ညအိပ်အင်္ကျီကို သျှန်နောင်အားပေးလိုက်ကာ ရေချိုးခန်းထဲဝင်ခဲ့တော့သည်။ လက်ဆေးသွားတိုက်ပြီး၍ အခန်းထဲသို့ ပြန်ဝင်လျှင် သျှန်နောင်က မျက်စိပျက်မျက်နှာပျက်ဖြင့် သူ့အား ဖုန်းကို ကမ်းပေးသည်။
"ဘာဖြစ်လို့လဲ Baby?"
"......."
ဘာမျှ ပြန်မပြောသော ချစ်သူကြောင့် ဖုန်းကို ယူကာ ကိုင်လိုက်သည်။
"ကိုသျှားအိမ်လား မသိဘူး"
တဖက်မှမရင်းနှီးသော အမျိုးသမီးသံ ခပ်ချိုချိုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ဘာကြောင့်မှန်းမသိ။ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များရနေသည်။
"ဟုတ်ပါတယ် ခင်ဗျာ"
"ကျွန်မက xxxxအမျိုးသမီးဆေးရုံကပါ။ မမေဇူးမောင် အရေးပေါ်ရောက်နေလို့..."
"ဗျာ?!"
"သူ့အမျိုးသားကို ဆက်တာမရလို့ ကိုသျှားအိမ်ရဲ့ နံပါတ်ကိုတွေ့လို့ ခေါ်လိုက်တာပါ။ တစ်ချက်လောက်လာပေးလို့ရမလား။"
"ဪ... ဟုတ်... ဟုတ်... အခုပဲ လာခဲ့ပါမယ်"
သျှားအိမ်မှာ ချက်ချင်းဖုန်းချကာ...
"မဇူး အရေးပေါ်မှတဲ့။ မောင်သွားလိုက်ဦးမယ်။"
"ကိုလိုက်ပို့မယ်"
"Baby ရဲ့ ဒဏ်ရာနဲ့..."
"ရတယ်။ ပြဿနာမရှိဘူး။ ကဲ အင်္ကျီလဲ"
သို့နှင့် နှစ်ဦးသား အဝတ်အစားလဲကာ ဆေးရုံသို့ ထွက်ခဲ့တော့သည်။ ဟိုရောက်တော့ မေဇူးမောင်၏ အိမ်အကူအမျိုးသမီးလေးထံမှ ကြားလိုက်ရသည့်အကြောင်းက ရင်စို့စရာ။ မေဇူးမောင်က သူ့လက်ကောက်ဝတ်ကို သူလှီးကာ သေကြောင်းကြံခြင်းဖြစ်သည်။ သျှားအိမ်ကတော့ တောက်တခေါက်ခေါက်။ သူအား မနေ့ကတင် သူမ၏ ခံစားချက်များကို ပြောပြခဲ့သည်။ သူသာ သေချာအရေးတယူနှင့် ဖြောင့်ဖျလျှင် ဤသို့ မဖြစ်တန်ရာဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၍ မဆုံးတော့။
သျှန်နောင်မှာ ခွဲခန်းရှေ့ရှိခုံရှည်ပေါ်တွင် ထိုင်ကာ ခေါင်းကြီးငိုက်စိုက်ကျနေသော ချစ်သူကို မြင်ရသည်မှာ ရင်ထဲမကောင်းလှ။ ထို့ကြောင့် ချစ်သူ ရှေ့ရှိ ကြမ်းပြင်တွင် ဒူးထောက်ထိုင်ကာ တခုခုကိုတင်းကျပ်စွာ ယှက်နွယ်နေသော ထိုလက်ချောင်းဖြူဖြူသွယ်သွယ်လေးများကို ဆုပ်ကိုင်ကာ အားပေးလိုက်ပါသည်။ သို့သော် စိုးရိမ်ဝမ်းနည်းမှုတို့ဖြင့် ပြည့်နေသည့် မျက်ဝန်းအစုံက သူ့အား ကြည့်လာလျှင် သျှန်နောင်မှာ ချစ်သူ၏ လက်ကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်မိပါသည်။ ထို့နောက် သူ့ ရင်ထဲသို့တိုင် ကူးစက်လာသော ထိုစိုးရိမ်ဝမ်းနည်းမှုတို့ကို လျစ်လျူရှုကာ ခပ်ဖွဖွပြုံးလိုက်ပါသည်။ ထိုအပြုံးတို့ကြောင့် ချစ်သူငြိမ်းချမ်းပါစေသား။ ထိုဆုတောင်းသည် အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုရမည်။ ထိုအပြုံး၏ တန်ခိုးအာနုဘော်ကြောင့် သျှားအိမ်၏ ပူပန်သောကတို့မှာ အတိုင်းအတာတော်တော်များများအထိ လျော့ပါးသက်သာသွားရသည်။
"မမေဇူးမောင်ရဲ့ အိမ်က..."
ခွဲခန်းထဲမှထွက်လာသော ခွဲစိတ်ဝတ်စုံဝတ်ဆင်ထားသော ဆရာဝန်မလေး၏ ခေါ်သံကြောင့် သျှားအိမ် ကပျာကယာပင်ထကာ အနားကပ်သွားပြီ....
"ဟုတ်ကဲ့... ကျွန်တော် မေဇူးမောင်ရဲ့ မောင်ပါ ဒေါက်တာ။ လူနာရဲ့ အခြေအနေလေး"
သျှားအိမ်မှာ ခွဲခန်းထဲမှထွက်လာသော ဆရာဝန်အား အားကိုးတကြီးဖြင့် မေးလိုက်ပါသည်။
"အခုတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒီ့ထက် ၅ မိနစ်သာ နောက်ကျလို့ကတော့ သိကြားမင်းတောင် ကယ်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုဖြစ်လို့ သူ ဒီလိုလုပ်ရတာလဲ။"
"အင်း... အဲ့ဒါက...."
သျှားအိမ်မှာ မည်သို့ပြောရပါမည်နည်းကို စဉ်းစားလို့မရ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းသည် ဥပဒေအရ အမှုဖွင့်နိုင်သည်ဖြစ်ရာ အမှန်အတိုင်းပြောလို့လည်း မဖြစ်။ ထိုစဉ် သျှန်နောင်က....
"လူနာက ခြေချော်ရာကနေ ဆွဲမိဆွဲရာဆွဲရင်းနဲ့ မတော်တဆ ဓါးနဲ့ထိသွားတာပါ။"
ယုတ္တိရှိတာမရှိတာအသာထား။ ပါးစပ်ထဲရှိရာခုကို ပြောချလိုက်တော့သည်။ ဤသည်ကို ထိုဆရာဝန်မလေးလည်း ရိပ်မိဟန်တော့ရပါသည်။ သို့သော် သူမလည်း ဥပဒေအကြောင်း အနည်းအကျဉ်းသိထားသည်ဖြစ်ရာ လူနာကို ထောက်ညှာသောအားဖြင့် သျှန်နောင်ပြောသလိုသာ သူမလက်ထဲမှ စာရွက်ပေါ်ချရေးကာ ထွက်သွားတော့သည်။ သိပ်မကြာလိုက် အစ်ကိုဖြစ်သူ မင်းလွင်မှာ အမောသောကောဖြင့် ရောက်လာကာ...
"ဘာဖြစ်တာလဲ သျှားအိမ်။ မဇူး ဘာဖြစ်တာလဲ။"
"ဘာဖြစ်ရမလဲ ကိုလွင်ရာ ဟိုခွေးမသားပေါ့။ သူ့ကြောင့် မဇူး ဒီလိုဖြစ်ရတာ။"
"ဘယ်သူလဲ?"
မင်းလွင်မှာ မေးနေတုန်းသာရှိသေးသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ဈာန်လင်းခန့်မှာ သူတို့အနီး ခပ်မှန်မှန်ခြေလှမ်းများနှင့် လျှောက်လာတော့သည်။ မျက်လုံးများက တစ်လောကလုံးတွင် သျှန်နောင်သာ ကြည့်စရာရှိသလိုလို။ ဘေးတွင်လည်း ကိုယ်ရံတော်တစ်ယောက်နှင့်။ သျှားအိမ်မှာ ချက်ချင်းပင် ဒေါသများဆူဝေလာကာ ထိုလူရှိရာဆီသို့ တစ်ရှိန်တိုးပြေးသွားပြီး အင်္ကျီရင်ဘတ်မှ ဆောင့်ဆွဲလိုက်သည်။
"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ... ခင်ဗျား သောက်ရှက်မရှိဘူးလား..."
"ဟေ့... လွှတ်..."
သျှားအိမ်မှာ ဈာန်လင်းခန့်၏ စကားမဆုံးခင်မှာပင် မျက်နှာကို လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းလိုက်တော့သည်။
"ဟာ... ဟေ့"
"ဟေ့"
"လုပ်ကြပါဦး"
"ရပ်...!!!"
"ရပ်လိုက်!!!"
ဘေးမှ အခြားလူနာစောင့်များက ဝိုင်းကာအော်ဟစ်တားမြစ်နေသော်လည်း သျှားအိမ်က မရပ်။ ဈာန်လင်းခန့်၏ ကိုယ်ရံတော်ဖြစ်သူက ဝင်ရောက်ကာ ဖြေဖြန်သော်လည်းမရ။ သျှားအိမ်က ဝင်ဆွဲသော လူကိုပါ ထိုးထည့်လိုက်သည်။ ထိုကိုယ်ရံတော်ခမျာ ပြန်ထိုးဖို့နေနေသာသာ ဆရာဖြစ်သူကို အထိုးမခံရအောင် ကာကွယ်နေရသဖြင့် သျှားအိမ်၏ လက်သီးချက်အတော်များများက ထိုလူထံတွင်သာ။
"မောင်... မောင်.... တော်တော့"
သျှန်နောင်မှာလည်း ထိုကိုယ်ရံတော်နှင့်အပြိုင် သျှားအိမ်ကို ခါးမှ သိုင်းချုပ်ကာ လူချင်းခွါရန်ကြိုးပမ်းပါသော်လည်း မအောင်မြင်။ ထို့ကြောင့် ခွဲစိတ်ခန်းအဝတွင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ အော်သံဟစ်သံတို့ဖြင့် ငရဲပွက်သလို ကျွတ်ကျွတ်ညံနေတော့သည်။ ထိုစဉ် ဆေးရုံလုံခြုံရေးများရောက်လာပြီး ဝင်ဆွဲမှ လူချင်းကွဲသွားတော့သည်။ ဒါတောင်ဝူးဝူးဝါးဝါးလုပ်နေသော သျှားအိမ်ကြောင့် သျှန်နောင်မှာ လုံခြုံရေးများကို မနည်းတောင်းပန်ကာ ခွဲစိတ်ဆောင်ထဲမှ အပြင်သို့ ဆွဲခေါ်လာခဲ့ရသည်။
"တောက်... ခွေးမသား... အသေကို သတ်ပစ်ရမှာ"
"ကဲ... တော်ပါတော့ မောင်ရယ်။ လာ... ကားဆီသွားရအောင်။"
သျှန်နောင်က ပြောပြောဆိုဆို ကားရှိရာဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။ ကားပေါ်သို့ နှစ်ဦးစလုံးရောက်သည်နှင့်...
"အခုဘာလုပ်မလဲ မောင်။ ပြန်ကြမလား၊ ဆက်ပြီးစောင့်ဦးမလား။"
သျှန်နောင်က ကား dashboard ပေါ်မှ နာရီကို ကြည့်ကာမေးလိုက်သည်။ အချိန်အားဖြင့် ည ၁၁ နာရီရှိပြီဖြစ်သည်။
"အင်း... မဇူးအခန်းရတဲ့အထိစောင့်ချင်သေးတယ်။ Baby ပြန်နားချင်ရင်နားလေ။ မောင် ပြီးမှ Taxi နဲ့ ပြန်ခဲ့မယ်။
"ဟင့်အင်း... ကိုက ရပါတယ်"
တကယ်ကတော့ ချစ်သူကို စိတ်မချသောကြောင့် ဖြစ်သည်။ ဈာန်လင်းခန့်နှင့် ထပ်တွေ့၍ ပြန်သတ်နေကြမှဖြင့်။
"ဘာလဲ... Baby က မောင် ဟိုလူနဲ့ ထပ်ပြီး သတ်မှာစိုးလို့လား။"
သျှားအိမ်က သူတွေးနေသည်နှင့် ကွက်တိပင် မေးလာသဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ချစ်သူ၏ မျက်နှာချောချောကို ကြည့်လိုက်သည်။
"ကိုက မောင့်အတွက် စိုးရိမ်တာပါ။ ဟိုတခါကို ပြောခဲ့သလို သူ့လူတွေလွှတ်ပြီး မောင့်ကို တခုခုလုပ်ခိုင်းရင်..."
"ဒါများ လာစမ်းပါစေ။ သျှားအိမ်အကြောင်း ကောင်းကောင်းသိသွားရမယ်။"
သျှားအိမ်က အံကြိတ်သံနှင့် ကြိမ်းဝါးလိုက်သည်။ သျှန်နောင်ခမျာ ဖြောင့်ဖျဖို့လုပ်ခါမှ ပို၍ ဆိုးလာသောအနေအထားကြောင့် ကိုယ်ကိုကိုယ်သာ အသံတိတ် အပြစ်ဖို့မိတော့သည်။
"အင်းပါ။ ဒါပေမယ့် အခုတော့ လူတွေကြားမှ စိတ်လျော့။ ဟုတ်ပြီလား။"
သျှားအိမ်မှာ သူ့အား ကလေးချော့သလို ချော့နေသော ချစ်သူကြောင့် သက်ပြင်းချကာ စိတ်ကိုပါလျော့ချလိုက်ပါသည်။
"အင်း... "
"လိမ္မာလိုက်တာ"
သျှန်နောင်က အာရုံပြောင်းသည့်အနေဖြင့် ပါးတဖက်ကို ဆွဲလိမ်လိုက်သည်။ သျှားအိမ်က ပြုံးရုံသာပြုံးလိုက်ပြီး ချစ်သူကို ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်သည်။ သျှန်နောင်လည်း အလိုက်သင့်ပင် ချစ်သူရင်ခွင်ထဲတွင် ငြိမ်နေလိုက်ပါသည်။ ချစ်သူ့ကိုယ်မှ အနွေးဓါတ်နှင့် ကိုယ်သင်းနံ့က သျှားအိမ်အား စိတ်သက်သာရာရစေသည်။
"မောင်တွေးနေမိတယ်...."
သျှားအိမ်က သျှန်နောင်၏ ဆံပင်လေးများကို လက်ဖြင့် သပ်ရင်းက ပြောလာသည်။ မွန်းကျပ်မှုများပြည့်နေသော ချစ်သူ၏ လေသံကြောင့် သျှန်နောင်မှာ ရင်ခွင်ထဲမှနေ၍ သျှားအိမ်၏ မျက်နှာကိုမော့ကြည့်လိုက်သည်။
"အင်း..."
သျှန်နောင်က ချစ်သူ၏ ပါးကို ခပ်ဖွဖွလေးပွတ်သပ်ပေးရင်း စကားထောက်ပေးလိုက်သည်။
"မောင်သာ သူ့ကို သေချာဖြောင့်ဖျခဲ့ရင် ဒါမှမဟုတ် သူ့ကိုပေးမပြန်ခဲ့ရင် ဒီကိစ္စဖြစ်မလာလောက်ဘူးလို့ ထင်တယ်။"
သျှားအိမ်က ပြောနေရင်းမှ သက်ပြင်းရှိုက်လိုက်ပြီး...
"မနေ့က မဇူး ဆိုင်ကိုလာတယ်။ မောင့်ကို ဒီကလေးကို မမွေးချင်ဘူးလို့ပြောတယ်။ တော်တော်ကြီး ခါးခါးသီးသီးဖြစ်နေတာ။ တကယ်ဆို သူ ဒီလို လုပ်မယ်ဆိုတာ မောင် တွက်မိသင့်တယ်။ မောင် ညံ့တယ်။ မောင် အရမ်းညံ့သွားတယ်ကွာ။"
ချစ်သူက မေဇူးမောင်အတွက် ကိုယ်ကိုကိုယ်အပြစ်ရှိသလို ခံစားနေရသည်မှန်း သျှန်နောင် သိလိုက်ပါသည်။
"မောင်ရယ်... မဇူးဇူးက ဒီလိုလုပ်လိမ့်မယ်လို့ မောင် ဘယ်လိုသိနိုင်မှာလဲ။ မောင်က ဘုရားမှ မဟုတ်တာ။ နောက်ပြီး ဒီအခြေအနေရောက်အောင် မောင်တွန်းပို့ခဲ့တာမှ မဟုတ်ဘဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ အခုအခြေအနေမှာ မောင့်အနေနဲ့ မဇူးကို ဘယ်လိုကူညီနိုင်မလဲဆိုတာပဲ အာရုံစိုက်ပါ။"
"အင်း"
သျှားအိမ်က ခေါင်းကို လေးတွဲစွာ ငြိမ့်လိုက်ပါသည်။ ထို့နောက်...
"ကဲ.... အထဲပြန်သွားရအောက် မဇူးအခန်းထဲရောက်လောက်ရောပေါ့။"
"အင်း"
သို့နှင့် နှစ်ဦးသား ဆေးရုံထဲ ပြန်ဝင်ခဲ့ပြီး ကောင်တာတွင် စုံစမ်းကာ မဇူးအားထားသည့်အခန်းဆီသို့ လျှောက်လာခဲ့သည်။ အခန်းထဲရောက်သောအခါ ဈာန်လင်းခန့်နှင့် ကိုယ်ရံတော်က သူနာပြုဆရာမလေးနှင့် စကားပြောနေပြီး မင်းလွင်ကတော့ ဘေးတွင် နားထောင်ရုံသာနားထောင်နေသည်။ သို့သော် သျှားအိမ်ကို တွေ့သည်နှင့် မင်းလွင်က သျှားအိမ်ဆီလျှောက်လာကာ အခန်းအပြင်ဘက်သို့ ခေါ်ထုတ်သွားတော့သည်။ ကြည့်ရသည်မှာ မေဇူးမောင် ဘာကိစ္စနှင့် ဤသို့ ဖြစ်ရသည်ကို သျှားအိမ်အား မေးမြန်းရန်နှင့် တူသည်။
ထိုညီအစ်ကိုနှစ်ဦး ထွက်သွားသည်နှင့် သူနာပြုဆရာမလေးကလည်း လုပ်စရာရှိသည်ကို လုပ်ရန် အခန်းအပြင်သို့ထွက်သွားတော့သည်။ အခန်းထဲတွင် ဈာန်လင်းခန့်နှင့် သူ၏ ကိုယ်ရံတော်သာ ရှိသည်ကို သတိထားမိအားလျှော်စွာ သျှန်နောင်လည်း အခန်းအပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။
"နေပါဦး ငယ်"
သျှန်နောင်က စျာန်လင်းခန့်၏ တားဆီးမှုကို ဂရုမစိုက်။ ခြေလှမ်းများကို တံခါးဆီသို့ ဦးတည်လိုက်သည်။ သို့သော် ဈာန်လင်းခန့်က လျှင်မြန်စွာပင် သျှန်နောင်နား ကပ်လာပြီး သျှန်နောင်၏ လက်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ကိုယ်ရံတော်အား အခန်းထဲမှ ထွက်သွားရန်နှင့် အခန်းအပြင်မှ စောင့်နေရန် စေလွှတ်လိုက်သည်။
"ကျွန်တော့် လက်ကို လွှတ်ပါ ကိုဈာန်လင်းခန့်"
သျှန်နောင်က ဈာန်လင်းခန့်ကို ခပ်တင်းတင်း ကြည့်ကာ ပြောလိုက်တော့မှ ဈာန်လင်းခန့်က သျှန်နောင်၏လက်အား လွှတ်ပေးလိုက်ပြီး...
"ကို ဘယ်လိုနေသေးလဲလို့ မမေးတော့ဘူးလား ငယ်။ အရင်ကဆို ကို ညောင်းညာရင်တောင် နှိပ်ပေးနေကြ။ အဲ့ဒါတွေ ကို အခုထိ သတိရနေတုန်းပဲ သိလား။"
သျှန်နောင် ထိုလူ၏ ညိုမည်းဖူးရောင်နေသော မျက်နှာကိုကြည့်ကာ အေးစက်မာကျောစော လေသံဖြင့်...
"ကျွန်တော်ကတော့ မေ့သွားပြီ။"
"ဒါပေါ့ အစောထဲက မင်းက ကိုယ့်ကို အလေးအနက်မထားခဲ့တာပဲဟာ။ ဒါကြောင့် မင်းရဲ့ အကြောင်းတွေကို ကို့ကို ယုံယုံကြည်ကြည်နဲ့ မပြောခဲ့တာပေါ့။"
သျှန်နောင်မှာ ချီးခြောက်ရေနူးနေသော ထိုသူကြောင့် စိတ်အပျက်ကြီး ပျက်မိတော့သည်။
"ဒီမှာ ကိုဈာန်လင်းခန့်.... ခင်ဗျား ကြိုက်သလို စွပ်စွဲလို့ရတယ်။ ကိုယ့်စိတ်နဲ့နှိုင်းရင် ဘယ်ရိုင်းလိမ့်မလဲ။ ကျွန်တော့် ဘက်ကတော့ ခင်ဗျားဟာခင်ဗျား ဘာပဲထင်ထင် ဂရုစိုက်မှာ မဟုတ်ဘူး။"
"ဟုတ်ပါပြီကွာ။ ကို စိတ်ထဲမှာ အဲ့ဒီကိစ္စအတွက် မင်းများ ရှင်းပြချင်မလို့ စကားစမိတာပါ။"
သျှန်နောင်မှာ ထိုစကားကြောင့် ဟက်ခနဲတစ်ချက်ရယ်လိုက်မိသည်။
"အဟင်း... ခင်ဗျား ဒီစကားကိုပြောဖို့ လေးနှစ်လောက်အချိန်ယူလိုက်ရတာပဲ။ စိတ်တော့ မကောင်းပါဘူးဗျာ။ ခင်ဗျား နောက်ကျသွားတယ်။ အရမ်းနောက်ကျသွားတယ်။"
သျှန်နောင် ကုတင်ပေါ်တွင် အရုပ်တခုလို လဲလျောင်းနေသော မေဇူးမောင်ကို ဟန်ပါပါ တစ်ချက်ကြည့်လိုက်ပြီး....
"ခင်ဗျားလဲ ခင်ဗျားအမျိုးသမီးကို ဂရုစိုက်ရဦးမှာ ဆိုတော့... ခွင့်ပြုပါဦး။ ကျွန်တော်လည်း ကျွန်တော့်အမျိုးသားကို သွားရှာလိုက်ဦးမယ်။"
"ငယ်... မင်း...!"
သျှန်နောင် ဈာန်လင်းခန့်ကို လျစ်လျူရှုကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်လျှင် တိုက်တိုက်ဆိုင်ဆိုင်ပင် မင်းလွင်မှာ အခန်းထဲသို့ ဝင်လာပြီး ဈာန်လင်းခန့်အား လက်သီးဖြင့် ထိုးလိုက်တော့သည်။ ကိုယ်ရံတော်ဖြစ်သူမှာ နောက်မှလိုက်ကာဆွဲသဖြင့် တစ်ချက်တည်းသာ ထိုးမိသွားသည်။ မဟုတ်လျှင် မလွယ်။
"ခွေးမသား... မင်း လူစိတ်မရှိဘူးလား။ ကိုယ့်မိန်းမတစ်ယောက်လုံး ကိုယ်ဝန်ရှိနေတာတောင် ဖောက်ပြန်ဖို့ ကြံသေးတယ်။"
ထိုစဉ် တာဝန်ကျ သူနာပြုဆရာမလေးမှာ အခန်းထဲသို့ရောက်လာပြီး အခန်းထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်များကို မြင်လျှင် ပြန်ပြေးထွက်သွားတော့သည်။ ခဏကြာမှ တာဝန်ကျ ဆရာဝန်များနှင့် ပြန်ပြေးလာပြီး ရန်ပွဲကို ဖြေဖြန်တော့သည်။ သျှန်နောင်ကတော့ ရန်ပွဲစကတည်းက အခန်းပြင်ကိုထွက်ကာ အခန်းဝတွင် ရပ်နေသော သျှားအိမ်နှင့်အတူ ဘေးချင်းယှဉ်ကာ ရပ်နေလိုက်သည်။
"မောင် သွားပြောလိုက်တာလား။"
"အင်း"
သျှားအိမ်က အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြလိုက်သည်။ သျှန်နောင်က ဝင်မဆွဲတော့ဘူးလားဟူသော သဘောဖြင့် အခန်းတွင်းသို့ လက်ဝှေ့ယမ်းပြလိုက် သျှားအိမ်က ခေါင်းခါပြကာ...
"သူလည်း သူ့အစ်မပဲလေ။"
သျှန်နောင်လည်း ဘာမျှမပြောပဲ နံရံကိုသာ မှီ၍ ရပ်နေလိုက်သည်။ အထဲမှ တွန်းလားဆွဲလားအသံများနှင့်အတူ ဈာန်လင်းခန့်၏ ကြိမ်းဝါးသံက အပြင်သို့လျှံထွက်လာတော့သည်။
"ခွေးသား မင်းကို ငါသတ်မယ်။"
"တော်ကြပါတော့!!!"
"ဟ... ဆွဲပါဟ။"
"အေး.... မင်း ငါ့ကို မသတ်ခင် မင်းတို့အရင်သေမှာ။ မင်းရော၊ မင်းညီပါ ထမင်းဝအောင်စားထား!"
"မင်းကများ လူပါးဝလို့။ သတ္တိရှိရင် အခုလာလေ... လာစမ်းပါ။"
သိပ်မကြာပါ ဈာန်လင်းခန့်မှာ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့် အခန်းထဲမှ ဆောင့်အောင့်ကာ ထွက်သွားတော့သည်။ ထိုအခါမှ သျှားအိမ်နှင့် သျှန်နောင်မှာ အခန်းထဲသို့ ဝင်ခဲ့တော့သည်။ သိပ်တော့ကြာကြာမနေလိုက်ပါ။ မဇူးမှာ အိပ်ပျော်နေသေးသည်ကတစ်ကြောင်း အမျိုးသမီးလူနာဖြစ်သည်က တစ်ကြောင်းကြောင့် သူတို့လည်း သူနာပြုဆရာမလေးအား မှာစရာရှိသည်ကို မှာ၊ မင်းလွင်နှင့် ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် အိမ်ပြန်ခဲ့တော့သည်။
အိမ်ရောက်သည်နှင့် သျှန်နောင်မှာ သျှားအိမ်၏ လက်ကို ဆေးလိမ်းပေးရသေးသည်။ အကြောင်းမှာ ဟိုမအေပေးကို ထိုးလိုက်၍ လက်နာသွားသောကြောင့်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သျှားအိမ်ကတော့ တန်သည်ဟု ထင်သည်။ ထို့ပြင် ဆန္ဒများပြည့်ဝသွားသဖြင့် ကျေနပ်နေမိသည်။ ဤသို့ ထိုးပစ်ချင်သည်မှာ ကြာပြီမဟုတ်ပါလား။ သျှန်နောင်ကတော့ မြန်မြန်အိပ်ရန်သာ စိတ်စောလျှက်။ မဟုတ်လျှင် မနက်ကတည်းက သူ့အား ရှာနေသော ပြဿနာက နောက်တစ်နေ့အထိပါ သူ့နောက်လိုက်လာလိမ့်မည်ဟု ထင်နေမိသည်။ နောက်ထပ်ပါ ဤကဲ့သို့ မိုးလင်းကမိုးချုပ် ပြဿနာ ရှင်းရလျှင်...။ မဖြစ်... မဖြစ်။ စဉ်းတောင် မစဉ်းစားချင်တော့။ အိပ်တာပဲကောင်းလိမ့်မည်။ ထို့ကြောင့် အိပ်ရာပေါ်ပြေးတက်ကာ ထုံးစံမပျက် ချစ်သူနှင့် အနမ်းချင်းဖလှယ်လိုက်သည်။
"ကောင်းသော ညပါ မောင်။ ချစ်တယ်။"
"ကောင်းသောညပါ Baby။ အရမ်း ချစ်တယ်။"
နှစ်ဦးသား အိမ်မက်ကမ္ဘာထဲသို့ ဒိုင်ဗင်ပစ်ချလိုက်တော့သည်။
--------------------------------------
September 9, 2019 Monday
Edited on – Jan 31, 2021
--------------------------------------
>>>>>ZawGyi<<<<<
မနက္ကတည္းက ဘာျဖစ္ေနမွန္းမသိ။ သၽွန္ေနာင္မွာ ျပႆနာက သူ႔ေနာက္ ေတာက္ေလၽွာက္လိုက္ေနသလို ခံစားရသည္။ ေျပာရမည္ဆိုလၽွင္ သၽွားအိမ္၏ ဆိုင္ကို ေရာက္ကတည္းက စသည္။ ဆိုင္အဝင္ဝရွိ ေခါက္တံခါးကို ပုံမွန္ဖြင့္ေနၾကအတိုင္း ဖြင့္လိုက္ပါသည္။ တံခါးက အခ်ပ္လိုက္ ပတၱာမွျပဳတ္ထြက္သြားသည္။ ကိုယ့္ခ်စ္သူဆိုင္မို႔သာ ေတာ္ေတာ့သည္။
တဖန္ ေရေသာက္ေနရင္းမွ အေၾကာင္းမရွိ ေရနင္သည္။ ဒါပဲလားဆို႔ေတာ့...။ မဟုတ္။ ကားရွိရာဆီသို႔အလာ ေျမေျပာင္ေျပာင္တြင္ ခလုတ္တိုက္ကာ ဖိနပ္ပ်က္သြားသည္။ ဒါက အေသးအမႊား။
ဆိုင္ေရာက္ျပန္ေတာ့ တစ္ေန႔လုံးနီးပါး ကက်ိဳးကေၾကာင္ customer မ်ား၏ ျပႆနာကို ေျဖရွင္းေနရသည္။ တစ္ဦးက ငါးခ်ိဳခ်ဥ္မွာၿပီး အစပ္မပါလို႔ဆိုၿပီး ျပႆနာရွာသည္။ တစ္ဦးက ထမင္းေၾကာ္က ဆီမ်ားလြန္းသည္ဟုဆို၍ ၾကည့္မိေတာ့ ေလတိုက္လၽွင္ေတာင္ လြင့္မွာေၾကာက္ရသည့္အေန။ တစ္ဦးက တုံယမ္းဟင္းကို ခ်ဥ္သည္စပ္သည္ဟု ေျပာျပန္သည္။ ထို႔ေၾကာင့္ အစပ္သိပ္မစားေသာ မမိုးျမည္းခိုင္းေတာ့ customer က သူ႔ကိုမယုံရေကာင္း ဘာညာဆိုကာ ေသာင္းက်န္းသျဖင့္ မနည္းေတာင္းပန္ရသည္။ ယခုလည္း သူ႔ကားေရွ႕တြင္ တုတ္ကိုယ္စီျဖင့္ ရပ္ကာ သူ႔အား ကားေပၚမွ ဆင္းလာရန္ေခၚေနေသာ အႏွီးဆိုက္ကားသမားမ်ားကို စိတ္ပ်က္စြာျဖင့္ ၾကည့္ေနမိပါေတာ့သည္။
"ေဟ့လူ... ခင္ဗ်ား လူလိုသိ"
"ၾကာတယ္ကြာ။ ဝိုင္းရိုက္ကြာ..."
"ကိုယ္ပိုင္ကား စီးတယ္ဆိုၿပီး လူပါးဝတာ..."
စသည္ျဖင့္ တစ္ေယာက္တစ္ေပါက္ေျပာေနသည့္လူအုပ္ႀကီးကို ၾကည့္ကာ သက္ျပင္းခ်လိုက္ပါသည္။ ျဖစ္ပုံမွာ တစ္လမ္းေမာင္းသာသာရွိေသာ လမ္းကို လမ္းလုံးျပည့္ေမာင္းေနေသာ ဆိုက္ကားသမားကို ေဘးခ်ေမာင္းရန္ ဟြန္းတီးရာမွ စသည္ေျပာရမည္။ သူက ဟြန္းတီးလၽွင္ ထိုလူက ေဘးခ်ေပးသလိုႏွင့္ ေဘးကို အသာကပ္လိုက္ၿပီး သူက ျဖတ္ေက်ာ္လိုက္လၽွင္ သူ႔ကားက ပြတ္မိဟန္ျဖင့္ ဆိုက္ကားကို ေမွာက္ခ်လိုက္သည္။ ထိုအခ်ိန္တြင္ ဘယ္ကတည္းက ေစာင့္ေနမွန္းမသိေသာ လူတစ္စုက သူ႔အားတား၍ အေျခအေနကို ရပ္ၾကည့္ေနျခင္းျဖစ္သည္။
"ေဟ့လူ... ဆင္းဆိုဆင္းေလ။"
လူတစ္ေယာက္က ကားေဘာနက္အဖုံးကို ထုကာေျပာလာသည္။
"ၾကာတယ္ကြာ... မဆင္းရင္ ကားမွန္ကို ရိုက္ခြဲပစ္..."
"ဒုတ္"
ေျပာေျပာဆို ေနာက္တစ္ေယာက္က ကားေရွ႕မွန္ကို တုတ္ျဖင့္ရိုက္လာသျဖင့္ သၽွန္ေနာင္ စိတ္ကို တတ္နိုင္သမၽွေလ်ာ့ကာ ကားေပၚမွ ဆင္းလိုက္သည္။ ေဘးတြင္ ဝိုင္းၾကည့္ေနေသာ လူမ်ားက တစ္ပုံႀကီး။
"ခင္ဗ်ား လူလိုမသိဘူးလား။ ဒီမွာ လူတစ္ေယာက္နာသြားတာ ဒီအတိုင္းပဲ ၾကည့္ေနရလား။"
ဆိုက္ကားပိ၍ ေျခေထာက္နာသြားဟန္ရွိေသာ အႏွီးဆိုက္ကားသမားကို တြဲထားေသာ လူက လက္သီးလက္ေမာင္းတန္းကာ ႀကိမ္းေမာင္းေနသည္။
"ဟုတ္တယ္။ ေတာ္ေတာ္ လူစိတ္မရွိတဲ့လူ။"
"ခင္ဗ်ား တာဝန္ရမယ္။ မဟုတ္လို႔ကေတာ့ က်ဳပ္တို႔ အေၾကာင္းသိမယ္။"
လက္ႏွက္ကိုယ္စီ ကိုင္ဆြဲထားေသာ လူငါးေယာက္ကပါ ဝိုင္းကာ သူအား တစ္ေယာက္တစ္ေပါက္ေျပာလာသည္။
"ဒါ ငါလုပ္တာမဟုတ္ဘူး။ ဒါေၾကာင့္ မင္းတို႔ ငါ့ကားေရွ႕က ဖယ္ပါ။"
သၽွန္ေနာင္က ေရွ႕ဆုံးမွ ေခါင္းေဆာင္ျဖစ္ဟန္တူသူကို သတိေပးေသာ ေလသံျဖင့္ ေျပာလိုက္သည္။
"ဟ... မင္း လူစိတ္မရွိဘူးလား။ မင္းေၾကာင့္ လူတစ္ေယာက္ ဒဏ္ရာရသြားတာေလ။"
ထိုလူက သၽွန္ေနာင္၏ ရင္ဘတ္ကို ေဆာင့္တြန္းလိုက္ေသာ္လည္း သူသာ ျပန္ယိုင္သြားသျဖင့္ သူ႔အား မ်က္ေမွာင္ၾကဳတ္ကာ ျပန္ၾကည့္လိုက္သည္။
"ဒီမွာ မင္းစကားေျပာရင္ ဆင္ဆင္ျခင္ျခင္ေျပာ။ ဒီလူက ငါ့ကားကို ဝင္တိုက္တာ။ ၿပီးေတာ့ သူ႔ဟာသူလဲသြားတာ။ ငါနဲ႔ ဘာဆိုင္လို႔လဲ။"
သၽွန္ေနာင္ကလည္း ျပန္၍ မာမာတင္းတင္းပင္ ေျပာလိုက္ပါသည္။
"ဟ... ဒီမ်က္လုံးနဲ႔ ျမင္တာေတာင္ မင္းက မုန္လာဥလုပ္ခ်င္တာလား။"
ထိုလူက သူ႔အား တြန္း၍ မရ၍ သူ႔အကၤ်ီရင္ဘတ္မွ ဆြဲကာ ဟန္ပါျဖင့္ မ်က္လုံးႀကီး ျပဴးၾကည့္ေနေသးသည္။ သၽွန္ေနာင္မွာ မေၾကာက္သည္ကို ျဖဲေျခာက္ေနေသာ ထိုလူေၾကာင့္ စိတ္ညစ္သည္ထက္ ညစ္လာပါေတာ့သည္။
"ဒါဆို မင္း မ်က္လုံးက မေကာင္းလို႔ျဖစ္မယ္။ ေဖာက္သာ ထုတ္လိုက္ေတာ့။"
"ဘာေျပာတယ္"
"ဪ... မင္းက နားပါကန္းေနတာလား။ ဒါဆိုလည္း တျခားနည္းနဲ႔ ေျပာင္းၿပီးလုပ္စား။ ဒီနားက ေဈးမွာ ခြက္ထိုင္ေခါက္ေနရင္ ဒီထက္မက ရလိမ့္မယ္။"
ထိုလူမွာ သူအားျပန္ျဖဲေနသည့္ သၽွန္ေနာင္ေၾကာင့္ ေဒါသအမ်က္ ေခ်ာင္းေခ်ာင္းထြက္လာေတာ့သည္။
"မင္း..! မင္း ဘာစကားေျပာတာလဲ ေဟ့ေကာင္။ မင္းကလည္း လြန္ေသးတယ္..."
"ငါလြန္တယ္? ဘာလြန္တာလဲ? မင္းရဲ့ လူက ငါ့ကားကို တိုက္ၿပီး ခြင္ဆင္တာ ငါ မသိဘူးမ်ား မွတ္ေနလား။ ကေလးကလား အကြက္ေတြ။"
"ေဟ့ေကာင္... မင္း တာဝန္ယူရမွာစိုးလို႔ အ႐ူးေခ်းပန္းေလၽွာက္မေျပာမေနနဲ႔။"
"တာဝန္ယူရမယ္? ဘာတာဝန္ယူရမွာလဲ? တကယ္တမ္းဆို မင္းတို႔က ေလ်ာ္ေပးရဦးမယ္။ ဟိုမွာေတြ႕လား မင္းလူ ဟိုဆိုက္ကားသမားလုပ္လို႔ ငါ့ကား အစင္းရာႀကီးထင္သြားၿပီ။"
သၽွန္ေနာင္က ကားေဘးမွ အစင္းေၾကာင္းႀကီးကို လက္ညႇိးထိုးျပလိုက္သည္။ တဖန္ ကားေဘာနက္အဖုံးကို လက္ညိဳးထိုးကာ...
"ဒီမွာလည္း ခ်ိဳင့္သြားတယ္။ ဒါေကာ မင္းတို႔ဘယ္လို တာဝန္ယူမလဲ။"
"ငါတို႔က ဘာကိစၥတာဝန္ယူရမွာလည္း"
ဒီတခါေတာ့ ထိုလူက အေၾကာက္အကန္ျငင္းေတာ့သည္။
"ဟ... မင္းတို႔လုပ္လို႔ ငါ့ကား ထိခိုက္သြားတာေလ။"
ထိုလူမွာ စကားရွာမရသျဖင့္ ခဏမၽွ ဆြံ့အသြားလၽွင္ တခ်ိန္လုံးၿငိမ္ေနေသာ ဆိုက္ကားဆရာက...
"ေတာ္ပါၿပီဗ်ာ... ကၽြန္ေတာ္ အေလ်ာ္လည္းမလိုခ်င္ေတာ့ပါဘူး။ ဆရာေလး သြားစရာရွိတာသာ သြားပါေတာ့။"
သၽွန္ေနာင္ ေလွာင္ျပဳံးျပဳံးလိုက္ပါသည္။ ဒီလူေတြ လည္ပုံမ်ား အေျခအေနမလွလို႔ ဆုတ္ခြါရမည္ေတာက္မွ မ်က္ရည္ခ်ဴေနေသး။
"ဟ... ဖိုးေခြရ... မင္းကလည္း သိပ္အေလ်ာ့ေပးတတ္ရန္ေကာ။ မင္းဆိုက္ကားက ဘီးခြင္သြားတာေလ။ ဒါမရွိရင္ မင္း ဘာနဲ႔ လုပ္စားမလဲ။ အခုေတာင္ မင္း ေဈးဦးေတာင္ ေပါက္ေသးလို႔လား။"
ထိုလူက စကားေက်ာင္းေပးလိုက္သည္။
"ရပါတယ္ဗ်ာ။ ကၽြန္ေတာ့္ ကံနဲ႔ ကၽြန္ေတာ္ေပါ့။"
ထိုဖိုးေခြဟူေသာ ငနဲက မ်က္လႊာေလးခ်ကာေျပာေနပုံမွာ မသိလၽွင္ သနားစရာေကာင္းေသာ္လည္း သၽွန္ေနာင္ကေတာ့ နားရင္းခ်ည္းသာ လိမ့္၍ အုပ္ပစ္လိုက္ခ်င္ေတာ့သည္။
"ဟ... ဖိုးေခြ... မင္းကလည္း အားငယ္ရန္ေကာ"
"ေအးေလ... အားမငယ္နဲ႔။ ငါတို႔ရေအာင္ ေတာင္းေပးမယ္၊"
"ေဟ့လူ... ခင္ဗ်ားေနာ္။ က်ဳပ္တို႔ သူငယ္ခ်င္းက အားနာတတ္တာကို အခြင့္ေကာင္းယူၿပီး ေျပးဖို႔မစဥ္းစားနဲ႔။"
ထိုကဲ့သို႔ အၿပီအျပင္ဝန္းရံေနေသာ လူမ်ားႏွင့္ တကယ့္ကို အကယ္ဒမီေရွာ့အကြက္ေတြ ခ်ိဳးေနေသာ ဖိုးေခြကို ၾကည့္ကာ သၽွန္ေနာင္ ေလွာင္ျပဳံးတစ္ခ်က္ျပဳံးလိုက္ၿပီး....
"ဪ... ဪ... မင္းက ဒီေလာက္ သနားစရာေကာင္းမွေတာ့ ငါ စိတ္ေျပာင္းသြားၿပီ။ မင္းကို ငါကိုယ္တိုင္ ေဆးခန္းပို႔ေပးရမွာေပါ့။"
သၽွန္ေနာင္ တကယ္လည္း စိတ္ေျပာင္းသြားပါသည္။ အစက အားလုံးေရွ႕တြင္ ေတာင္းပန္႐ုံႏွင့္ ေက်ေအးရန္ျဖစ္ေသာ္လည္း ယခုေတာ့ ဒီျပႆနာေကာင္ကို ရန္ကုန္ျမစ္ထဲ ကန္ခ်ရန္ဆုံးျဖတ္လိုက္ပါသည္။
"ရပါတယ္ ဆရာေလးရယ္။ ကၽြန္ေတာ္တို႔ ဖာသာ ကၽြန္ေတာ္တို႔ သြားပါ့မယ္။ ေဆးဖိုးေလးသာေပးပါ။"
"အားနာမေနစမ္းပါနဲ႔။ လာပါ၊"
သၽွန္ေနာင္က ထိုဆိုက္ကားသမားကို လက္ေမာင္းမွ ခပ္ၾကမ္းၾကမ္းဆြဲလိုက္လၽွင္...
"ဟင့္အင္း... ရပါတယ္။ ေဆးဖိုးရရင္ပဲ ေက်နပ္ပါၿပီ။"
"မဟုတ္တာ။ အားမနာပါနဲ႔ဆို"
ဖိုးေခြက ႐ုန္းကန္ေနပါေသာ္လည္း လူႏွင့္ မလိုက္ဖက္ေအာင္ သန္မာေသာ သၽွန္ေနာင္၏ လက္ေခ်ာင္းမ်ားမွ ႐ုန္းထြက္၍မရ။ ဒီၾကားထဲ ဆင္ႀကံႀကံေနဟန္ရွိေသာ အၾကည့္မ်ားေၾကာင့္ အထိတ္တလန႔္ျဖင့္ သူ႔လူမ်ားကို အားကိုးတႀကီးၾကည့္လိုက္သည္။ ဤသည္ကို ျမင္ေတြ႕သြားေသာ လက္ႏွက္ကိုင္အုပ္စုထဲမွ တစ္ေယာက္က....
"ေဟ့လူ... ဘာလို႔အတင္းေခၚေနတာလဲ။"
"မင္းသူငယ္ခ်င္းကို ငါကိုယ္တိုင္ေဆးကုေပးမလို႔ေလ။"
"သူက ေဆးဖိုးပဲေတာင္းတာေလ။"
"ေအးေလ... ေဆးဖိုးရရင္ ေဆးခန္းသြားရမွာပဲ မဟုတ္လား။ ဒီေတာ့ ငါတခါတည္း ဝင္ပို႔ေပးမွာေပါ့။ ေတာ္ၾကာ လူလိုမသိဘူးျဖစ္ေနဦးမယ္။ ကဲပါ.... လာစမ္းပါ။"
သၽွန္ေနာင္က ဖိုးေခြကို ကားေနာက္ခန္းဆီသို႔ အတင္းဆြဲေခၚသြားသည္။
"မဟုတ္ဘူးေလ"
"ဟုတ္တယ္ေလ။"
႐ုပ္ပ်က္ဆင္းပ်က္ျဖင့္ ပါလာေသာ ဖိုးေခြကို ကားထဲသို႔ အတင္းထိုးထည့္လိုက္လၽွင္ အေစာက ေခါင္းေဆာင္ကပင္...
"မင္း ဘာလုပ္တာလဲ။"
"ရင္ခြဲ႐ုံ... အဲ... ေဆး႐ုံပို႔ေပးမလို႔ေလ။"
"အဲ့ဒီလို ရမလား။ သူတစ္ေယာက္တည္း ငါလည္းလိုက္မယ္။"
ဒီယုန္ျမင္လို႔ ဒီျခဳံထြင္ေနပါေသာ ထိုလူေၾကာင့္ သၽွန္ေနာင္ က်ိတ္ျပဳံးျပဳံးလိုက္ပါသည္။ ဒီလူေတြလိုက္လာၿပီး လမ္းတြင္ သူ႔အား ဓါးျပတိုက္ေတာ့မည္ဆိုသည္ကို သူႀကိဳတြက္ၿပီးသားပင္။
"ရတယ္ေလ။ ဟိုလူပါေခၚခဲ့"
သၽွန္ေနာင္က ကားမွန္ကို တုတ္ႏွင့္ရိုက္ေသာလူႏွင့္ ကားေဘာနက္ကိုရိုက္ေသာ လူကိုပါ လက္ညႊန္းထိုးကာ ေျပာလိုက္သည္။
"ေကာင္းၿပီေလ။"
ထိုလူႏွစ္ေယာက္က ေျပာေျပာဆိုဆို ကိုက္လက္စ တုတ္မ်ားကိုင္ကာ ကားေပၚတက္သြားေတာ့သည္။ သၽွန္ေနာင္လည္း ဘာမၽွမေျပာပဲ။ အေနာက္ဖုံးထဲမွ ဝက္အူလွည့္ဂြရွည္တစ္လက္ကို ယူလိုက္ၿပီး ကားေပၚသို႔ ျပန္တက္ခဲ့ၿပီး သူ႔အတြက္အဆင္ေျပမည့္ေနရာတစ္ခုသို႔ ေမာင္းခဲ့ေတာ့သည္။ ေမာင္းေနရင္းျဖင့္ အေနာက္မွ လူမ်ား၏ အေျခအေနကို ေနာက္ၾကည့္မွန္မွတဆင့္ မသိမသာအကဲခတ္လိုက္သည္။ ထိုလူမ်ားမွာလည္း သူ႔အား က်ားေခ်ာင္းေခ်ာင္းေနဟန္ရွိသည္။ တစ္ခ်က္မၽွ အလြတ္မခံ။ သၽွန္ေနာင္ ႏႈတ္ခမ္းေထာင့္ေလးတစ္ဖက္ကို မသိမသာေကြးကာျပဳံးလိုက္ပါသည္။ အတန္ၾကာေမာင္း၍ လူျပတ္ေသာ ျမစ္ကမ္းပါးေဘးေရာက္ေသာအခါ ရတ္တရကိ ကားကို ရပ္လိုက္လၽွင္ သူေဘးတြင္ထိုင္ေနေသာ လူက သူ႔အား နားမလည္ျဖင့္ၾကည့္ကာ...
"ေဟ့လူ... ကားကို ဘာလို႔...."
"ခြပ္"
သၽွန္ေနာင္က ဘာမေျပာညာမေျပာျဖင့္ ေဘးတြင္ အရံသင့္ထားေသာ ဝက္အူခြရွည္ျဖင့္ အေရွ႕တြင္ထိုင္ေနသာ လူ၏ မ်က္ႏွာကို အားပါပါျဖင့္ ထုခ်လိုက္သည္။ ထိုလူမွာ "အ" ခနဲေအာ္သံႏွင့္အတူ ႏွာေခါင္းကို အုပ္ကိုင္ကာ ညည္းတြေနေတာ့သည္။ ႏွာႏုရိုးကို ထိသြားသည္ျဖစ္ရာ ေတာ္ေတာ္ေလးနာလိမ့္မည္မွာ ေျပာဖို႔ပင္မလို။
အေနာက္ဘက္မွ လူမ်ားမွာ ထိုအခါမွ လႈပ္လႈပ္ရွားရွားျဖစ္ကုန္ၾကေသာ္လည္း ေယာက္်ားသုံးဦးႏွင့္ ျပည့္ေနေသာ အေနာက္ခန္းသည္ သူတို႔ လၽွင္ျမန္စြာ လႈပ္ရွားနိုင္ျခင္း မရွိေအာင္ ကန႔္သတ္ထားသကဲ့သို႔ျဖစ္ေနသည္။ မည္သို႔ျဖစ္ေစ သၽွန္ေနာင္ကေတာ့ ႀကိဳတင္စီစဥ္ထားသည္အတိုင္း ကားေပၚမွ လၽွင္ျမန္စြာဆင္းလိုက္ၿပီး ပုဆိုးကို တိုတိုႏွင့္ ျမဲနိုင္သမၽွျမဲေအာင္ ဝတ္လိုက္သည္။ ဤသို႔ေသာအေရးအခင္းမ်ိဳးကို တခါမၽွ ပုဆိုးႀကီးတကားကားျဖင့္ ရင္မဆိုင္ဖူးေသာ္ျငား ယခုေတာ့ ေရြးခ်ယ္စရာမရွိ။ ထို႔ေနာက္ သူ႔ဘက္အျခမ္းရွိ တံခါးမွ ဝ႐ုန္းသုံးကားႏွင့္ ထြက္လာေသာ လူ၏ ေခါင္းကို ရိုက္ခြဲလိုက္ၿပီး ေျမေပၚသို႔ ေခြက်သြားေစသည္။
"ခြပ္"
"အင့္"
ဒုတိယတစ္ေယာက္ခမ်ာ သူေျခခ်မည့္ေနရာတြင္ ပထမတစ္ေယာက္က ကန႔္လန႔္ခံေနသျဖင့္ ေျခခ်၍မရပဲ ေရွ႕တိုးရေကာင္းနိုး ေနာက္ဆုတ္ရေကာင္းနိုးျဖင့္ ေဝေဝဝါးဝါးျဖစ္ေနရွာသည္။ သၽွန္ေနာင္က လက္ျမန္ေျချမန္ပင္ ပထမလူ၏ ရင္ဝကို နင္းကာ ဒုတိယလူကို၏ အကၤ်ီမွဆြဲ၍ ကားေပၚမွ ဆြဲခ်လိုက္သည္။ ထို႔ေနာက္ ထိုလူ၏ မ်က္ႏွာကို ခြႏွင့္ အားကုန္ႏွစ္ခ်က္မၽွဆင့္ကာ လႊဲရိုက္လိုက္လၽွင္ ထိုလူမွလဲ ႏွာေခါင္းမွ ေသြးမ်ားထြက္လာၿပီး ေျမေပၚဒူးေထာက္က်သြားသည္။
"ခြပ္... ခြပ္"
"အ"
ထိုအခ်ိန္တြင္ တတိယလူႏွင့္ ဖိုးေခြမွာ အနီးသို႔ေရာက္ရွိလာၿပီျဖစ္ရာ သၽွန္ေနာင္က ဖိုးေခြ၏ ရင္ဝကိုဆီး၍ ကန္လိုက္သည္။ ဖိုးေခြခမ်ာမွာ နာမည္ႏွင့္လိုက္ေအာင္ ေခြေခြေလးလဲက်ကာ အျခားလူမ်ားနည္းတူ ေအာ္ဟစ္ညည္းညဴေနေတာ့သည္။
"အား... ေသပါၿပီ"
"ဖိုးေခြ! မင္း ေသေပေတာ့...!!"
တတိယလူက ဖိုးေခြလဲသြားသည္ႏွင့္ သူ႔၏ တုတ္ျဖင့္ သၽွန္ေနာင္အား မနားတမ္းလႊဲရိုက္လိုက္သည္။ သၽွန္ေနာင္မွာ ထိုလူ၏ တုတ္ခ်က္မ်ားကို ေရွာင္ရင္း အကြက္ရသည္ႏွင့္ ထိုလူ၏ နံၾကားကို ဂြျဖင့္ သိမ္းရိုက္ခ်လိုက္သည္။
"ဒုတ္"
"အာ့"
သို႔ေသာ္ ကံမေကာင္းစြာပင္ထိုလူ၏ တုတ္က သၽွန္ေနာင္၏ လက္ျပင္သို႔ ထိျဖစ္ေအာင္ထိသြားေသးသည္။ မည္သို႔ျဖစ္ေစ လူအားလုံးမွာအလဲလဲအကြဲကြဲျဖင့္ ေျမေပၚေမွာက္ေနၿပီျဖစ္ရာ ကားေရွ႕ခန္းတြင္ ထိုင္ကာ ငုတ္တုတ္ေမ့ေနဟန္ရွိေသာ လူဆီျပန္သြားကာ ခပ္လွမ္းလွမ္းမွေန၍...
"အထဲက ေကာင္ထြက္ခဲ့စမ္း"
သၽွန္ေနာင္၏ ခပ္ၾကမ္းၾကမ္းေလသံေၾကာင့္ ထိုလူမွာ တုန္တုန္ရီရီျဖင့္ လက္ကေလးေျမႇာက္ကာ ကားေပၚမွဆင္းလာေတာ့သည္။
"ဆရာ... ဆရာ... ကၽြန္ေတာ့္ကို ခ်မ္းသာေပးပါ။ ကၽြန္ေတာ္ေတာင္းပန္ပါတယ္။"
သူ႔အား လက္အုပ္ေလးခ်ီကာ ေတာင္းပန္ေနေသာ ထိုလူကို ေအးစက္စက္ၾကည့္လိုက္ၿပီး....
"ေအး... မင္းတို႔ကို သနားသျဖင့္ လႊတ္ေပးလိုက္မယ္။ ေနာက္တခါဆို ေကာက္စရာ အေလာင္းေတာင္မရွိဘူးျဖစ္သြားမယ္။ ထြီ!"
သၽွန္ေနာင္ ထိုလူကို စိတ္ရွိလက္ရွိ ႀကိမ္းေမာင္းကာ ကားေပၚတက္ကာ ခ်စ္သူရွိရာဆီသို႔ ထြက္ခဲ့ေတာ့။ ျမန္ျမန္ ခ်စ္သူႏွင့္ေတြ႕မွ ျဖစ္မည္။ မဟုတ္လၽွင္ စိတ္တိုရတာႏွင့္ ေသဖို႔ရန္သာရွိသည္။
-------------
"ေနာက္ကို ေရွ႕ေနာက္မၾကည့္ပဲ ၾကပ္ၾကပ္လုပ္ ၾကားလား။ ဒါမွ က်ဳပ္ မုဆိုးဖိုျဖစ္မွာ..."
သၽွားအိမ္မွာ အေပၚပိုင္းဗလာက်င္းေနေသာ ခ်စ္သူ၏ လက္ျပင္ကို ေဆးလိမ္းေပးရင္း ေျပာလိုက္သည္။
"အာ.... "
သၽွန္ေနာင္မွာ နာက်င္မႈေၾကာင့္ တြန႔္သြားေတာ့သည္။ သၽွားအိမ္ကေတာ့ ခ်စ္သူ၏ ျဖဴဝင္းေနေသာ အသားအေရႏွင့္ ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္ကာ ညိဳမည္းေနေသာ ဒဏ္ရာကိုၾကည့္ကာ ထိုလူမ်ားကို အမႈန႔္ႀကိတ္လိုသည့္ စိတ္မ်ား ႀကီးစိုး၍သာေနသည္။
"ေမာင္ရယ္.... ကို႔အတြက္ ဒီေလာက္ကေတာ့ ထမင္းစားေရေသာက္ပါ။"
သၽွန္ေနာင္မွာ ခ်စ္သူ ေဒါသထြက္ေနသည္ကို သိသည့္အားေလၽွာ္စြာ ႀကိဳးစားႏွစ္သိမ့္လိုက္ပါသည္။
သၽွားအိမ္မွာ ဘာမၽွမေျပာေသာ္ျငား စိတ္ထဲမွ ေဒါသတို႔က မၿငိမ္းနိုင္။ သၽွန္ေနာင္ေျပာသလို ဤမၽွသည္အေသးအဖြဲဆိုသည္မွာ ေျပာဖို႔ပင္မလိုပါ။ ခ်စ္သူ၏ ခႏၶာကိုယ္ေပၚမွ အမာရြတ္မ်ားက သက္ေသပင္။ သို႔ေသာ္ ကိုယ့္ခ်စ္သူကို မနာက်င္ေစလိုသည္မွာလည္း ခ်စ္ျခင္းေမတၱာႏွင့္အတူ တြဲလၽွက္ရွိသည့္ အတၱတစ္မ်ိဳးပင္ျဖစ္ရာ ယခုလို ေဒါသထြက္ျခင္းသည္ မလြန္ဟု သၽွားအိမ္ ထင္ပါသည္။
"အကၤ်ီဝတ္.... "
သၽွားအိမ္က ေဆးၿပီးသည္ႏွင့္ အနားရွိ ညအိပ္အကၤ်ီကို သၽွန္ေနာင္အားေပးလိုက္ကာ ေရခ်ိဳးခန္းထဲဝင္ခဲ့ေတာ့သည္။ လက္ေဆးသြားတိုက္ၿပီး၍ အခန္းထဲသို႔ ျပန္ဝင္လၽွင္ သၽွန္ေနာင္က မ်က္စိပ်က္မ်က္ႏွာပ်က္ျဖင့္ သူ႔အား ဖုန္းကို ကမ္းေပးသည္။
"ဘာျဖစ္လို႔လဲ Baby?"
"......."
ဘာမၽွ ျပန္မေျပာေသာ ခ်စ္သူေၾကာင့္ ဖုန္းကို ယူကာ ကိုင္လိုက္သည္။
"ကိုသၽွားအိမ္လား မသိဘူး"
တဖက္မွမရင္းႏွီးေသာ အမ်ိဳးသမီးသံ ခပ္ခ်ိဳခ်ိဳေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဘာေၾကာင့္မွန္းမသိ။ စိတ္ထဲတြင္ မေကာင္းေသာ အေငြ႕အသက္မ်ားရေနသည္။
"ဟုတ္ပါတယ္ ခင္ဗ်ာ"
"ကၽြန္မက xxxxအမ်ိဳးသမီးေဆး႐ုံကပါ။ မေမဇူးေမာင္ အေရးေပၚေရာက္ေနလို႔..."
"ဗ်ာ?!"
"သူ႔အမ်ိဳးသားကို ဆက္တာမရလို႔ ကိုသၽွားအိမ္ရဲ့ နံပါတ္ကိုေတြ႕လို႔ ေခၚလိုက္တာပါ။ တစ္ခ်က္ေလာက္လာေပးလို႔ရမလား။"
"ဪ... ဟုတ္... ဟုတ္... အခုပဲ လာခဲ့ပါမယ္"
သၽွားအိမ္မွာ ခ်က္ခ်င္းဖုန္းခ်ကာ...
"မဇူး အေရးေပၚမွတဲ့။ ေမာင္သြားလိုက္ဦးမယ္။"
"ကိုလိုက္ပို႔မယ္"
"Baby ရဲ့ ဒဏ္ရာနဲ႔..."
"ရတယ္။ ျပႆနာမရွိဘူး။ ကဲ အကၤ်ီလဲ"
သို႔ႏွင့္ ႏွစ္ဦးသား အဝတ္အစားလဲကာ ေဆး႐ုံသို႔ ထြက္ခဲ့ေတာ့သည္။ ဟိုေရာက္ေတာ့ ေမဇူးေမာင္၏ အိမ္အကူအမ်ိဳးသမီးေလးထံမွ ၾကားလိုက္ရသည့္အေၾကာင္းက ရင္စို႔စရာ။ ေမဇူးေမာင္က သူ႔လက္ေကာက္ဝတ္ကို သူလွီးကာ ေသေၾကာင္းႀကံျခင္းျဖစ္သည္။ သၽွားအိမ္ကေတာ့ ေတာက္တေခါက္ေခါက္။ သူအား မေန႔ကတင္ သူမ၏ ခံစားခ်က္မ်ားကို ေျပာျပခဲ့သည္။ သူသာ ေသခ်ာအေရးတယူႏွင့္ ေျဖာင့္ဖ်လၽွင္ ဤသို႔ မျဖစ္တန္ရာဟု ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္၍ မဆုံးေတာ့။
သၽွန္ေနာင္မွာ ခြဲခန္းေရွ႕ရွိခုံရွည္ေပၚတြင္ ထိုင္ကာ ေခါင္းႀကီးငိုက္စိုက္က်ေနေသာ ခ်စ္သူကို ျမင္ရသည္မွာ ရင္ထဲမေကာင္းလွ။ ထို႔ေၾကာင့္ ခ်စ္သူ ေရွ႕ရွိ ၾကမ္းျပင္တြင္ ဒူးေထာက္ထိုင္ကာ တခုခုကိုတင္းက်ပ္စြာ ယွက္ႏြယ္ေနေသာ ထိုလက္ေခ်ာင္းျဖဴျဖဴသြယ္သြယ္ေလးမ်ားကို ဆုပ္ကိုင္ကာ အားေပးလိုက္ပါသည္။ သို႔ေသာ္ စိုးရိမ္ဝမ္းနည္းမႈတို႔ျဖင့္ ျပည့္ေနသည့္ မ်က္ဝန္းအစုံက သူ႔အား ၾကည့္လာလၽွင္ သၽွန္ေနာင္မွာ ခ်စ္သူ၏ လက္ကို ပို၍တင္းၾကပ္စြာ ဆုပ္ကိုင္မိပါသည္။ ထို႔ေနာက္ သူ႔ ရင္ထဲသို႔တိုင္ ကူးစက္လာေသာ ထိုစိုးရိမ္ဝမ္းနည္းမႈတို႔ကို လ်စ္လ်ဴရႈကာ ခပ္ဖြဖြျပဳံးလိုက္ပါသည္။ ထိုအျပဳံးတို႔ေၾကာင့္ ခ်စ္သူၿငိမ္းခ်မ္းပါေစသား။ ထိုဆုေတာင္းသည္ အက်ိဳးသက္ေရာက္မႈရွိသည္ဟု ဆိုရမည္။ ထိုအျပဳံး၏ တန္ခိုးအာႏုေဘာ္ေၾကာင့္ သၽွားအိမ္၏ ပူပန္ေသာကတို႔မွာ အတိုင္းအတာေတာ္ေတာ္မ်ားမ်ားအထိ ေလ်ာ့ပါးသက္သာသြားရသည္။
"မေမဇူးေမာင္ရဲ့ အိမ္က..."
ခြဲခန္းထဲမွထြက္လာေသာ ခြဲစိတ္ဝတ္စုံဝတ္ဆင္ထားေသာ ဆရာဝန္မေလး၏ ေခၚသံေၾကာင့္ သၽွားအိမ္ ကပ်ာကယာပင္ထကာ အနားကပ္သြားၿပီ....
"ဟုတ္ကဲ့... ကၽြန္ေတာ္ ေမဇူးေမာင္ရဲ့ ေမာင္ပါ ေဒါက္တာ။ လူနာရဲ့ အေျခအေနေလး"
သၽွားအိမ္မွာ ခြဲခန္းထဲမွထြက္လာေသာ ဆရာဝန္အား အားကိုးတႀကီးျဖင့္ ေမးလိုက္ပါသည္။
"အခုေတာ့ တည္တည္ၿငိမ္ၿငိမ္ပါပဲ။ ဒီ့ထက္ ၅ မိနစ္သာ ေနာက္က်လို႔ကေတာ့ သိၾကားမင္းေတာင္ ကယ္နိုင္မွာ မဟုတ္ဘူး။ ဘယ္လိုျဖစ္လို႔ သူ ဒီလိုလုပ္ရတာလဲ။"
"အင္း... အဲ့ဒါက...."
သၽွားအိမ္မွာ မည္သို႔ေျပာရပါမည္နည္းကို စဥ္းစားလို႔မရ။ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံျခင္းသည္ ဥပေဒအရ အမႈဖြင့္နိုင္သည္ျဖစ္ရာ အမွန္အတိုင္းေျပာလို႔လည္း မျဖစ္။ ထိုစဥ္ သၽွန္ေနာင္က....
"လူနာက ေျခေခ်ာ္ရာကေန ဆြဲမိဆြဲရာဆြဲရင္းနဲ႔ မေတာ္တဆ ဓါးနဲ႔ထိသြားတာပါ။"
ယုတၱိရွိတာမရွိတာအသာထား။ ပါးစပ္ထဲရွိရာခုကို ေျပာခ်လိုက္ေတာ့သည္။ ဤသည္ကို ထိုဆရာဝန္မေလးလည္း ရိပ္မိဟန္ေတာ့ရပါသည္။ သို႔ေသာ္ သူမလည္း ဥပေဒအေၾကာင္း အနည္းအက်ဥ္းသိထားသည္ျဖစ္ရာ လူနာကို ေထာက္ညႇာေသာအားျဖင့္ သၽွန္ေနာင္ေျပာသလိုသာ သူမလက္ထဲမွ စာရြက္ေပၚခ်ေရးကာ ထြက္သြားေတာ့သည္။ သိပ္မၾကာလိုက္ အစ္ကိုျဖစ္သူ မင္းလြင္မွာ အေမာေသာေကာျဖင့္ ေရာက္လာကာ...
"ဘာျဖစ္တာလဲ သၽွားအိမ္။ မဇူး ဘာျဖစ္တာလဲ။"
"ဘာျဖစ္ရမလဲ ကိုလြင္ရာ ဟိုေခြးမသားေပါ့။ သူ႔ေၾကာင့္ မဇူး ဒီလိုျဖစ္ရတာ။"
"ဘယ္သူလဲ?"
မင္းလြင္မွာ ေမးေနတုန္းသာရွိေသးသည္ တိုက္တိုက္ဆိုင္ဆိုင္ပင္ ဈာန္လင္းခန႔္မွာ သူတို႔အနီး ခပ္မွန္မွန္ေျခလွမ္းမ်ားႏွင့္ ေလၽွာက္လာေတာ့သည္။ မ်က္လုံးမ်ားက တစ္ေလာကလုံးတြင္ သၽွန္ေနာင္သာ ၾကည့္စရာရွိသလိုလို။ ေဘးတြင္လည္း ကိုယ္ရံေတာ္တစ္ေယာက္ႏွင့္။ သၽွားအိမ္မွာ ခ်က္ခ်င္းပင္ ေဒါသမ်ားဆူေဝလာကာ ထိုလူရွိရာဆီသို႔ တစ္ရွိန္တိုးေျပးသြားၿပီး အကၤ်ီရင္ဘတ္မွ ေဆာင့္ဆြဲလိုက္သည္။
"ခင္ဗ်ား ဒီကို ဘာလာလုပ္တာလဲ... ခင္ဗ်ား ေသာက္ရွက္မရွိဘူးလား..."
"ေဟ့... လႊတ္..."
သၽွားအိမ္မွာ ဈာန္လင္းခန႔္၏ စကားမဆုံးခင္မွာပင္ မ်က္ႏွာကို လက္သီးတစ္လုံးၿပီးတစ္လုံး ပစ္သြင္းလိုက္ေတာ့သည္။
"ဟာ... ေဟ့"
"ေဟ့"
"လုပ္ၾကပါဦး"
"ရပ္...!!!"
"ရပ္လိုက္!!!"
ေဘးမွ အျခားလူနာေစာင့္မ်ားက ဝိုင္းကာေအာ္ဟစ္တားျမစ္ေနေသာ္လည္း သၽွားအိမ္က မရပ္။ ဈာန္လင္းခန႔္၏ ကိုယ္ရံေတာ္ျဖစ္သူက ဝင္ေရာက္ကာ ေျဖျဖန္ေသာ္လည္းမရ။ သၽွားအိမ္က ဝင္ဆြဲေသာ လူကိုပါ ထိုးထည့္လိုက္သည္။ ထိုကိုယ္ရံေတာ္ခမ်ာ ျပန္ထိုးဖို႔ေနေနသာသာ ဆရာျဖစ္သူကို အထိုးမခံရေအာင္ ကာကြယ္ေနရသျဖင့္ သၽွားအိမ္၏ လက္သီးခ်က္အေတာ္မ်ားမ်ားက ထိုလူထံတြင္သာ။
"ေမာင္... ေမာင္.... ေတာ္ေတာ့"
သၽွန္ေနာင္မွာလည္း ထိုကိုယ္ရံေတာ္ႏွင့္အၿပိဳင္ သၽွားအိမ္ကို ခါးမွ သိုင္းခ်ဳပ္ကာ လူခ်င္းခြါရန္ႀကိဳးပမ္းပါေသာ္လည္း မေအာင္ျမင္။ ထို႔ေၾကာင့္ ခြဲစိတ္ခန္းအဝတြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ကာ ေအာ္သံဟစ္သံတို႔ျဖင့္ ငရဲပြက္သလို ကၽြတ္ကၽြတ္ညံေနေတာ့သည္။ ထိုစဥ္ ေဆး႐ုံလုံျခဳံေရးမ်ားေရာက္လာၿပီး ဝင္ဆြဲမွ လူခ်င္းကြဲသြားေတာ့သည္။ ဒါေတာင္ဝူးဝူးဝါးဝါးလုပ္ေနေသာ သၽွားအိမ္ေၾကာင့္ သၽွန္ေနာင္မွာ လုံျခဳံေရးမ်ားကို မနည္းေတာင္းပန္ကာ ခြဲစိတ္ေဆာင္ထဲမွ အျပင္သို႔ ဆြဲေခၚလာခဲ့ရသည္။
"ေတာက္... ေခြးမသား... အေသကို သတ္ပစ္ရမွာ"
"ကဲ... ေတာ္ပါေတာ့ ေမာင္ရယ္။ လာ... ကားဆီသြားရေအာင္။"
သၽွန္ေနာင္က ေျပာေျပာဆိုဆို ကားရွိရာဆီသို႔ ဦးေဆာင္ေခၚသြားေတာ့သည္။ ကားေပၚသို႔ ႏွစ္ဦးစလုံးေရာက္သည္ႏွင့္...
"အခုဘာလုပ္မလဲ ေမာင္။ ျပန္ၾကမလား၊ ဆက္ၿပီးေစာင့္ဦးမလား။"
သၽွန္ေနာင္က ကား dashboard ေပၚမွ နာရီကို ၾကည့္ကာေမးလိုက္သည္။ အခ်ိန္အားျဖင့္ ည ၁၁ နာရီရွိၿပီျဖစ္သည္။
"အင္း... မဇူးအခန္းရတဲ့အထိေစာင့္ခ်င္ေသးတယ္။ Baby ျပန္နားခ်င္ရင္နားေလ။ ေမာင္ ၿပီးမွ Taxi နဲ႔ ျပန္ခဲ့မယ္။
"ဟင့္အင္း... ကိုက ရပါတယ္"
တကယ္ကေတာ့ ခ်စ္သူကို စိတ္မခ်ေသာေၾကာင့္ ျဖစ္သည္။ ဈာန္လင္းခန႔္ႏွင့္ ထပ္ေတြ႕၍ ျပန္သတ္ေနၾကမွျဖင့္။
"ဘာလဲ... Baby က ေမာင္ ဟိုလူနဲ႔ ထပ္ၿပီး သတ္မွာစိုးလို႔လား။"
သၽွားအိမ္က သူေတြးေနသည္ႏွင့္ ကြက္တိပင္ ေမးလာသျဖင့္ သက္ျပင္းတစ္ခ်က္ရွိုက္ကာ ခ်စ္သူ၏ မ်က္ႏွာေခ်ာေခ်ာကို ၾကည့္လိုက္သည္။
"ကိုက ေမာင့္အတြက္ စိုးရိမ္တာပါ။ ဟိုတခါကို ေျပာခဲ့သလို သူ႔လူေတြလႊတ္ၿပီး ေမာင့္ကို တခုခုလုပ္ခိုင္းရင္..."
"ဒါမ်ား လာစမ္းပါေစ။ သၽွားအိမ္အေၾကာင္း ေကာင္းေကာင္းသိသြားရမယ္။"
သၽွားအိမ္က အံႀကိတ္သံႏွင့္ ႀကိမ္းဝါးလိုက္သည္။ သၽွန္ေနာင္ခမ်ာ ေျဖာင့္ဖ်ဖို႔လုပ္ခါမွ ပို၍ ဆိုးလာေသာအေနအထားေၾကာင့္ ကိုယ္ကိုကိုယ္သာ အသံတိတ္ အျပစ္ဖို႔မိေတာ့သည္။
"အင္းပါ။ ဒါေပမယ့္ အခုေတာ့ လူေတြၾကားမွ စိတ္ေလ်ာ့။ ဟုတ္ၿပီလား။"
သၽွားအိမ္မွာ သူ႔အား ကေလးေခ်ာ့သလို ေခ်ာ့ေနေသာ ခ်စ္သူေၾကာင့္ သက္ျပင္းခ်ကာ စိတ္ကိုပါေလ်ာ့ခ်လိုက္ပါသည္။
"အင္း... "
"လိမၼာလိုက္တာ"
သၽွန္ေနာင္က အာ႐ုံေျပာင္းသည့္အေနျဖင့္ ပါးတဖက္ကို ဆြဲလိမ္လိုက္သည္။ သၽွားအိမ္က ျပဳံး႐ုံသာျပဳံးလိုက္ၿပီး ခ်စ္သူကို ရင္ခြင္ထဲဆြဲသြင္းကာ ေပြ႕ဖက္ထားလိုက္သည္။ သၽွန္ေနာင္လည္း အလိုက္သင့္ပင္ ခ်စ္သူရင္ခြင္ထဲတြင္ ၿငိမ္ေနလိုက္ပါသည္။ ခ်စ္သူ႔ကိုယ္မွ အေႏြးဓါတ္ႏွင့္ ကိုယ္သင္းနံ့က သၽွားအိမ္အား စိတ္သက္သာရာရေစသည္။
"ေမာင္ေတြးေနမိတယ္...."
သၽွားအိမ္က သၽွန္ေနာင္၏ ဆံပင္ေလးမ်ားကို လက္ျဖင့္ သပ္ရင္းက ေျပာလာသည္။ မြန္းက်ပ္မႈမ်ားျပည့္ေနေသာ ခ်စ္သူ၏ ေလသံေၾကာင့္ သၽွန္ေနာင္မွာ ရင္ခြင္ထဲမွေန၍ သၽွားအိမ္၏ မ်က္ႏွာကိုေမာ့ၾကည့္လိုက္သည္။
"အင္း..."
သၽွန္ေနာင္က ခ်စ္သူ၏ ပါးကို ခပ္ဖြဖြေလးပြတ္သပ္ေပးရင္း စကားေထာက္ေပးလိုက္သည္။
"ေမာင္သာ သူ႔ကို ေသခ်ာေျဖာင့္ဖ်ခဲ့ရင္ ဒါမွမဟုတ္ သူ႔ကိုေပးမျပန္ခဲ့ရင္ ဒီကိစၥျဖစ္မလာေလာက္ဘူးလို႔ ထင္တယ္။"
သၽွားအိမ္က ေျပာေနရင္းမွ သက္ျပင္းရွိုက္လိုက္ၿပီး...
"မေန႔က မဇူး ဆိုင္ကိုလာတယ္။ ေမာင့္ကို ဒီကေလးကို မေမြးခ်င္ဘူးလို႔ေျပာတယ္။ ေတာ္ေတာ္ႀကီး ခါးခါးသီးသီးျဖစ္ေနတာ။ တကယ္ဆို သူ ဒီလို လုပ္မယ္ဆိုတာ ေမာင္ တြက္မိသင့္တယ္။ ေမာင္ ညံ့တယ္။ ေမာင္ အရမ္းညံ့သြားတယ္ကြာ။"
ခ်စ္သူက ေမဇူးေမာင္အတြက္ ကိုယ္ကိုကိုယ္အျပစ္ရွိသလို ခံစားေနရသည္မွန္း သၽွန္ေနာင္ သိလိုက္ပါသည္။
"ေမာင္ရယ္... မဇူးဇူးက ဒီလိုလုပ္လိမ့္မယ္လို႔ ေမာင္ ဘယ္လိုသိနိုင္မွာလဲ။ ေမာင္က ဘုရားမွ မဟုတ္တာ။ ေနာက္ၿပီး ဒီအေျခအေနေရာက္ေအာင္ ေမာင္တြန္းပို႔ခဲ့တာမွ မဟုတ္ဘဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္အျပစ္မတင္ပါနဲ႔။ အခုအေျခအေနမွာ ေမာင့္အေနနဲ႔ မဇူးကို ဘယ္လိုကူညီနိုင္မလဲဆိုတာပဲ အာ႐ုံစိုက္ပါ။"
"အင္း"
သၽွားအိမ္က ေခါင္းကို ေလးတြဲစြာ ၿငိမ့္လိုက္ပါသည္။ ထို႔ေနာက္...
"ကဲ.... အထဲျပန္သြားရေအာက္ မဇူးအခန္းထဲေရာက္ေလာက္ေရာေပါ့။"
"အင္း"
သို႔ႏွင့္ ႏွစ္ဦးသား ေဆး႐ုံထဲ ျပန္ဝင္ခဲ့ၿပီး ေကာင္တာတြင္ စုံစမ္းကာ မဇူးအားထားသည့္အခန္းဆီသို႔ ေလၽွာက္လာခဲ့သည္။ အခန္းထဲေရာက္ေသာအခါ ဈာန္လင္းခန႔္ႏွင့္ ကိုယ္ရံေတာ္က သူနာျပဳဆရာမေလးႏွင့္ စကားေျပာေနၿပီး မင္းလြင္ကေတာ့ ေဘးတြင္ နားေထာင္႐ုံသာနားေထာင္ေနသည္။ သို႔ေသာ္ သၽွားအိမ္ကို ေတြ႕သည္ႏွင့္ မင္းလြင္က သၽွားအိမ္ဆီေလၽွာက္လာကာ အခန္းအျပင္ဘက္သို႔ ေခၚထုတ္သြားေတာ့သည္။ ၾကည့္ရသည္မွာ ေမဇူးေမာင္ ဘာကိစၥႏွင့္ ဤသို႔ ျဖစ္ရသည္ကို သၽွားအိမ္အား ေမးျမန္းရန္ႏွင့္ တူသည္။
ထိုညီအစ္ကိုႏွစ္ဦး ထြက္သြားသည္ႏွင့္ သူနာျပဳဆရာမေလးကလည္း လုပ္စရာရွိသည္ကို လုပ္ရန္ အခန္းအျပင္သို႔ထြက္သြားေတာ့သည္။ အခန္းထဲတြင္ ဈာန္လင္းခန႔္ႏွင့္ သူ၏ ကိုယ္ရံေတာ္သာ ရွိသည္ကို သတိထားမိအားေလၽွာ္စြာ သၽွန္ေနာင္လည္း အခန္းအျပင္သို႔ ထြက္ရန္ ဟန္ျပင္လိုက္သည္။
"ေနပါဦး ငယ္"
သၽွန္ေနာင္က စ်ာန္လင္းခန႔္၏ တားဆီးမႈကို ဂ႐ုမစိုက္။ ေျခလွမ္းမ်ားကို တံခါးဆီသို႔ ဦးတည္လိုက္သည္။ သို႔ေသာ္ ဈာန္လင္းခန႔္က လၽွင္ျမန္စြာပင္ သၽွန္ေနာင္နား ကပ္လာၿပီး သၽွန္ေနာင္၏ လက္ကို လွမ္းဆြဲလိုက္သည္။ ထို႔ေနာက္ ကိုယ္ရံေတာ္အား အခန္းထဲမွ ထြက္သြားရန္ႏွင့္ အခန္းအျပင္မွ ေစာင့္ေနရန္ ေစလႊတ္လိုက္သည္။
"ကၽြန္ေတာ့္ လက္ကို လႊတ္ပါ ကိုဈာန္လင္းခန႔္"
သၽွန္ေနာင္က ဈာန္လင္းခန႔္ကို ခပ္တင္းတင္း ၾကည့္ကာ ေျပာလိုက္ေတာ့မွ ဈာန္လင္းခန႔္က သၽွန္ေနာင္၏လက္အား လႊတ္ေပးလိုက္ၿပီး...
"ကို ဘယ္လိုေနေသးလဲလို႔ မေမးေတာ့ဘူးလား ငယ္။ အရင္ကဆို ကို ေညာင္းညာရင္ေတာင္ ႏွိပ္ေပးေနၾက။ အဲ့ဒါေတြ ကို အခုထိ သတိရေနတုန္းပဲ သိလား။"
သၽွန္ေနာင္ ထိုလူ၏ ညိဳမည္းဖူးေရာင္ေနေသာ မ်က္ႏွာကိုၾကည့္ကာ ေအးစက္မာေက်ာေစာ ေလသံျဖင့္...
"ကၽြန္ေတာ္ကေတာ့ ေမ့သြားၿပီ။"
"ဒါေပါ့ အေစာထဲက မင္းက ကိုယ့္ကို အေလးအနက္မထားခဲ့တာပဲဟာ။ ဒါေၾကာင့္ မင္းရဲ့ အေၾကာင္းေတြကို ကို႔ကို ယုံယုံၾကည္ၾကည္နဲ႔ မေျပာခဲ့တာေပါ့။"
သၽွန္ေနာင္မွာ ခ်ီးေျခာက္ေရႏူးေနေသာ ထိုသူေၾကာင့္ စိတ္အပ်က္ႀကီး ပ်က္မိေတာ့သည္။
"ဒီမွာ ကိုဈာန္လင္းခန႔္.... ခင္ဗ်ား ႀကိဳက္သလို စြပ္စြဲလို႔ရတယ္။ ကိုယ့္စိတ္နဲ႔ႏွိုင္းရင္ ဘယ္ရိုင္းလိမ့္မလဲ။ ကၽြန္ေတာ့္ ဘက္ကေတာ့ ခင္ဗ်ားဟာခင္ဗ်ား ဘာပဲထင္ထင္ ဂ႐ုစိုက္မွာ မဟုတ္ဘူး။"
"ဟုတ္ပါၿပီကြာ။ ကို စိတ္ထဲမွာ အဲ့ဒီကိစၥအတြက္ မင္းမ်ား ရွင္းျပခ်င္မလို႔ စကားစမိတာပါ။"
သၽွန္ေနာင္မွာ ထိုစကားေၾကာင့္ ဟက္ခနဲတစ္ခ်က္ရယ္လိုက္မိသည္။
"အဟင္း... ခင္ဗ်ား ဒီစကားကိုေျပာဖို႔ ေလးႏွစ္ေလာက္အခ်ိန္ယူလိုက္ရတာပဲ။ စိတ္ေတာ့ မေကာင္းပါဘူးဗ်ာ။ ခင္ဗ်ား ေနာက္က်သြားတယ္။ အရမ္းေနာက္က်သြားတယ္။"
သၽွန္ေနာင္ ကုတင္ေပၚတြင္ အ႐ုပ္တခုလို လဲေလ်ာင္းေနေသာ ေမဇူးေမာင္ကို ဟန္ပါပါ တစ္ခ်က္ၾကည့္လိုက္ၿပီး....
"ခင္ဗ်ားလဲ ခင္ဗ်ားအမ်ိဳးသမီးကို ဂ႐ုစိုက္ရဦးမွာ ဆိုေတာ့... ခြင့္ျပဳပါဦး။ ကၽြန္ေတာ္လည္း ကၽြန္ေတာ့္အမ်ိဳးသားကို သြားရွာလိုက္ဦးမယ္။"
"ငယ္... မင္း...!"
သၽွန္ေနာင္ ဈာန္လင္းခန႔္ကို လ်စ္လ်ဴရႈကာ အခန္းတံခါးကို ဆြဲဖြင့္လိုက္လၽွင္ တိုက္တိုက္ဆိုင္ဆိုင္ပင္ မင္းလြင္မွာ အခန္းထဲသို႔ ဝင္လာၿပီး ဈာန္လင္းခန႔္အား လက္သီးျဖင့္ ထိုးလိုက္ေတာ့သည္။ ကိုယ္ရံေတာ္ျဖစ္သူမွာ ေနာက္မွလိုက္ကာဆြဲသျဖင့္ တစ္ခ်က္တည္းသာ ထိုးမိသြားသည္။ မဟုတ္လၽွင္ မလြယ္။
"ေခြးမသား... မင္း လူစိတ္မရွိဘူးလား။ ကိုယ့္မိန္းမတစ္ေယာက္လုံး ကိုယ္ဝန္ရွိေနတာေတာင္ ေဖာက္ျပန္ဖို႔ ႀကံေသးတယ္။"
ထိုစဥ္ တာဝန္က် သူနာျပဳဆရာမေလးမွာ အခန္းထဲသို႔ေရာက္လာၿပီး အခန္းထဲမွ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည္မ်ားကို ျမင္လၽွင္ ျပန္ေျပးထြက္သြားေတာ့သည္။ ခဏၾကာမွ တာဝန္က် ဆရာဝန္မ်ားႏွင့္ ျပန္ေျပးလာၿပီး ရန္ပြဲကို ေျဖျဖန္ေတာ့သည္။ သၽွန္ေနာင္ကေတာ့ ရန္ပြဲစကတည္းက အခန္းျပင္ကိုထြက္ကာ အခန္းဝတြင္ ရပ္ေနေသာ သၽွားအိမ္ႏွင့္အတူ ေဘးခ်င္းယွဥ္ကာ ရပ္ေနလိုက္သည္။
"ေမာင္ သြားေျပာလိုက္တာလား။"
"အင္း"
သၽွားအိမ္က ေအးေအးေဆးေဆးပင္ ေခါင္းညိတ္ျပလိုက္သည္။ သၽွန္ေနာင္က ဝင္မဆြဲေတာ့ဘူးလားဟူေသာ သေဘာျဖင့္ အခန္းတြင္းသို႔ လက္ေဝွ႕ယမ္းျပလိုက္ သၽွားအိမ္က ေခါင္းခါျပကာ...
"သူလည္း သူ႔အစ္မပဲေလ။"
သၽွန္ေနာင္လည္း ဘာမၽွမေျပာပဲ နံရံကိုသာ မွီ၍ ရပ္ေနလိုက္သည္။ အထဲမွ တြန္းလားဆြဲလားအသံမ်ားႏွင့္အတူ ဈာန္လင္းခန႔္၏ ႀကိမ္းဝါးသံက အျပင္သို႔လၽွံထြက္လာေတာ့သည္။
"ေခြးသား မင္းကို ငါသတ္မယ္။"
"ေတာ္ၾကပါေတာ့!!!"
"ဟ... ဆြဲပါဟ။"
"ေအး.... မင္း ငါ့ကို မသတ္ခင္ မင္းတို႔အရင္ေသမွာ။ မင္းေရာ၊ မင္းညီပါ ထမင္းဝေအာင္စားထား!"
"မင္းကမ်ား လူပါးဝလို႔။ သတၱိရွိရင္ အခုလာေလ... လာစမ္းပါ။"
သိပ္မၾကာပါ ဈာန္လင္းခန႔္မွာ မ်က္ႏွာတြင္ ဒဏ္ရာဒဏ္ခ်က္မ်ားျဖင့္ အခန္းထဲမွ ေဆာင့္ေအာင့္ကာ ထြက္သြားေတာ့သည္။ ထိုအခါမွ သၽွားအိမ္ႏွင့္ သၽွန္ေနာင္မွာ အခန္းထဲသို႔ ဝင္ခဲ့ေတာ့သည္။ သိပ္ေတာ့ၾကာၾကာမေနလိုက္ပါ။ မဇူးမွာ အိပ္ေပ်ာ္ေနေသးသည္ကတစ္ေၾကာင္း အမ်ိဳးသမီးလူနာျဖစ္သည္က တစ္ေၾကာင္းေၾကာင့္ သူတို႔လည္း သူနာျပဳဆရာမေလးအား မွာစရာရွိသည္ကို မွာ၊ မင္းလြင္ႏွင့္ ေျပာစရာရွိသည္ကို ေျပာၿပီးသည္ႏွင့္ အိမ္ျပန္ခဲ့ေတာ့သည္။
အိမ္ေရာက္သည္ႏွင့္ သၽွန္ေနာင္မွာ သၽွားအိမ္၏ လက္ကို ေဆးလိမ္းေပးရေသးသည္။ အေၾကာင္းမွာ ဟိုမေအေပးကို ထိုးလိုက္၍ လက္နာသြားေသာေၾကာင့္ျဖစ္သည္။ ဘာပဲျဖစ္ျဖစ္ သၽွားအိမ္ကေတာ့ တန္သည္ဟု ထင္သည္။ ထို႔ျပင္ ဆႏၵမ်ားျပည့္ဝသြားသျဖင့္ ေက်နပ္ေနမိသည္။ ဤသို႔ ထိုးပစ္ခ်င္သည္မွာ ၾကာၿပီမဟုတ္ပါလား။ သၽွန္ေနာင္ကေတာ့ ျမန္ျမန္အိပ္ရန္သာ စိတ္ေစာလၽွက္။ မဟုတ္လၽွင္ မနက္ကတည္းက သူ႔အား ရွာေနေသာ ျပႆနာက ေနာက္တစ္ေန႔အထိပါ သူ႔ေနာက္လိုက္လာလိမ့္မည္ဟု ထင္ေနမိသည္။ ေနာက္ထပ္ပါ ဤကဲ့သို႔ မိုးလင္းကမိုးခ်ဳပ္ ျပႆနာ ရွင္းရလၽွင္...။ မျဖစ္... မျဖစ္။ စဥ္းေတာင္ မစဥ္းစားခ်င္ေတာ့။ အိပ္တာပဲေကာင္းလိမ့္မည္။ ထို႔ေၾကာင့္ အိပ္ရာေပၚေျပးတက္ကာ ထုံးစံမပ်က္ ခ်စ္သူႏွင့္ အနမ္းခ်င္းဖလွယ္လိုက္သည္။
"ေကာင္းေသာ ညပါ ေမာင္။ ခ်စ္တယ္။"
"ေကာင္းေသာညပါ Baby။ အရမ္း ခ်စ္တယ္။"
ႏွစ္ဦးသား အိမ္မက္ကမၻာထဲသို႔ ဒိုင္ဗင္ပစ္ခ်လိုက္ေတာ့သည္။
--------------------------------------
September 9, 2019 Monday
Edited on – Jan 31, 2021
--------------------------------------