>>>>>Unicode<<<<<
သျှန်နောင်မှာ မီးပွိုင့်အနီတွင် ရပ်နေစဉ်...
"သတင်းထူးတွေနော်...။ ညက မူးယစ်ရာဇာကြီးကို အထူးရဲတပ်ဖွဲ့တွေက ကလပ်မှာ အထုပ်အထည်နဲ့ မိလို့တဲ့..."
သတင်းစာခေါင်းကြီးပိုင်းတခုကို အော်ဟစ်ရောင်းချနသော ဂျာနယ်သည်ကြောင့် သျှန်နောင် စိတ်ဝင်စားသွားရသည်။
"ဦးကို ခုနက မင်းအော်နေတဲ့ သတင်းပါတဲ့ စာစောင်တစ်စောင်ပေးကွာ။ ဒီမှာ ပိုက်ဆံ..."
ထိုကောင်လေးက ဂျာနယ်လေးအား ပေး၍ ပိုက်ဆံကို ယူလိုက်သည်။
"ပြန်မအမ်းနဲ့တော့။"
"ဟုတ်... ကျေးဇူးပါပဲ ဦး။"
သူပေးသော ပိုက်ဆံက ဂျာနယ်လေး၏ တန်ကြေးထက် နှစ်ဆမက ပိုသည်ဖြစ်ရာ ထိုကောင်လေး၏ ဝမ်းသာစွာဖြင့်ပြောလာသည်။ သူ ကောင်လေးအား ခေါင်းညိတ်ပြကာ စာစောင်လေးကို ဘေးခုံပေါ်သို့ ပစ်တင်လိုက်ပြီး ရွှေနယားဆီသို့ မောင်းထွက်ခဲ့တော့သည်။ ဘာကြောင့်ရယ်မသိ စိတ်ထဲသလို မနှစ်မြို့သလို ခံစားရသည်။ ဒီကြားထဲဆိုင်ရောက်ရောက်ချင်း ကြားလိုက်ရသော နန်းနောင်၏ အသံကြောင့် စိတ်ညစ်ရပါ၏။
"... နင်တို့တွေက ဘာလဲ customer ကိုမလေးစားတာလား။"
"... မဟုတ်ပါဘူး မနန်းရယ်။ ဒီလို အစားအသောက် စိတ်တိုင်းမကျတာ စားဖိုမှုးကို တွေ့စရာမှာ မလိုပဲ။ ကျွန်မကိုသာ ပြောပါ။"
ဤကား မမိုး၏ တုံ့ပြန်စကား။ မည်သူမျှပြောစရာမလိုပဲ သိလိုက်ပါပြီ နန်းနောင် ထုံးစံအတိုင်း ပြဿနာရှာပြန်ပြီဆိုသည်ကို။
"နန်းနောင် နင်ဘာလုပ်နေတာလဲ"
"အဟော်... ဆိုင်ရှင်ကြီးတော့ ရောက်လာပါပြီ။"
"အေး... ပြောစရာရှိရင် အထဲလိုက်ခဲ့။"
သျှန်နောင် ခပ်ပြတ်ပြတ်ပြောပြီး ရုံးခန်းရှိရာသို့ ထွက်လာခဲ့သည်။ သူမလည်းနောက်မှ ထပ်ချပ်မကွာ လိုက်လာသည်။
"ပြော...နင် ပိုက်ဆံပြတ်နေပြန်ပြီ မဟုတ်လား။"
သူက office desk တွင် ဝင်ထိုင်ရင်းမေးလိုက်သည်။
"အေး..."
သူမကလည်း သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာပြောလိုက်သည်။
"နင်ဘာလုပ်မလို့လဲ"
"နင်ကလည်း မေးနေသေးတယ်။ ဖဲဝိုင်းသွားမလို့လေ။"
"နန်းနောင်... နင့်ကို ငါပြောပေါင်းလည်းများလှပြီ။ နင်ဟာလေ သေတာတောင်မှတ်မှာ မဟုတ်ဘူး။"
"အေး... သိရင်လည်း ပြောမနေနဲ့တော့။ ငါ့ကိုသာ ပိုက်ဆံပေး"
သျှန်နောင် စိတ်ပျက်ပျက်ဖြင့် သူ၏ လက်ဆွဲအိတ်ထဲမှ ပိုက်ဆံတစ်ထပ်ကို ထုတ်ပေးလိုက်သည်။ နန်းနောင်က လိုချင်တာရသွားသည့် ကလေးတစ်ဦးလို ကျေကျေနပ်နပ်ပြုံးကာ ပိုက်ဆံကို သူမ၏ LV အိတ်ထဲသို့ ထည့်လိုက်တော့သည်။ ထိုနောက် မောင်ဖြစ်သူကို ခပ်လှောင်လှောင်ကြည့်ရင်း...
"နင် တော်တော် အချိုးတွေပြောင်းသွားတာပဲ။"
သျှန်နောင် သူမကို မျက်ခုံးတဖက်ပင့်၍ ကြည့်လိုက်သည်။ ပါးစပ်ကတော့ ဘာမျှမပြော။
"အရင်ကဆို နင့်ဆီက ပိုက်ဆံတစ်ပြားရဖို့အရေး လျှာတိုအောင်ပြောရတယ်။ နင့်ဆီက lecture ကို နားထဲက အငွေ့ထွက်အောင်နားထောင်ရတယ်။ အခုကြတော့..."
သူမက ပုခုံးကို ဟန်ပါပါတွန့်၍ လက်တစ်ဖက်ကိုပါ ဝေ့ရမ်းကာ ခပ်ဟက်ဟက်တစ်ချက် ရယ်မောလိုက်သည်။
"ဟိုကောင်လေးရဲ့ အစွမ်းကမသေးဘူးပဲ။ အေးလေ... ဒါကြောင့်လည်း နင် အဲ့ဒီကောင်လေး အိမ်က မပြန်နိုင်တာ မဟုတ်လား။"
သျှန်နောင် သူမကို သတိပေးသလို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး....
"နန်းနောင် ငါက နင် လိုချင်တာကို အသာတကြည်ပေးပြန်တော့လည်း မအေးချမ်းဘူးနော်။ ဟိုတခါကလို နင့်ဖဲဝိုင်းအထိ လိုက်ပြီး ပြဿနာရှာစေချင်တာတော့ မဟုတ်ဘူး မဟုတ်လား။"
သျှန်နောင်မှာ နန်းနောင် မျက်နှာမည်းခနဲဖြစ်သွားသည်ကို ကြည့်ကာ ကျိတ်ပြုံးလိုက်သည်။ သူ့ခြိမ်းခြောက်မှုက အောင်မြင်သည် မဟုတ်ပါလား။ သို့သော် သူမက ချက်ချင်းပင် ဣန္ဒြေဆယ်လိုက်ကာ.....
"နင် အဲ့ဒီ့လို လုပ်ရင် ငါကလည်း ဟိုကောင်လေးဆိုင်မှာ ပြဿနာရှာလိုက်ရုံပေါ့။ ဘာခက်လဲ။"
သျှန်နောင်က နှုတ်ခမ်းတဖက်ကွေးကာ ပြုံးလိုက်သည်။
"နင် လုပ်နိုင်မယ်ထင်ရင် လုပ်လိုက်လေ။ ပြီးမှ ကိုယ်ဒေါသနဲ့ ကိုယ် သွေးတက်ပြီး သေရင်တော့ မသိဘူး။ ငါ့ ချစ်သူက နှုတ်သီးကောင်းလျှာပါးရယ်။ နင်လည်း သိမှာပါ။"
နန်းနောင် ပါးစပ်ပိတ်ထားလိုက်ပါတော့သည်။ သို့သော် မျက်စောင်းနှင့်ပတ်သက်၍ အကြောင်းသုံးပါးမရွေးတတ်သူဖြစ်ရာ မောင်ဖြစ်သူကို မျက်စောင်းနာနာထိုးကာ ထိုင်ရာမှ ထလိုက်ပါသည်။
"ငါ သွားတော့မယ်။"
"အေး..."
သျှန်နောင်က အနိုင်ရသူတစ်ဦးလို ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးမှ သတိရသွားဟန်ဖြင့်...
"ဒါနဲ့ နင့် ယောက်ျားနဲ့ အဆင်ရောပြေရဲ့လား။"
"ဒီလိုပါပဲ။ ဘာလဲ? နင်နဲ့ဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ငါ့ဘက်လှည့်ကွိုင်မှာ စိုးလို့လား။ စိတ်မပူနဲ့။ ငါက သူ့မယား။ သူ့ထက်လျှင်လို့ သူ့ကို ယူထားတာ။ ငါ့ကို ပြဿနာရှာရဲ ရှာကြည့်လေ။ ငါအထုတ်ဖြေပြလိုက်လို့ လူလုံးမလှဖြစ်သွားမှာပေါ့။"
"အေးပါ... နင်တို့ချင်း အဆင်ပြေရင်ပြီးတာပဲ"
"အေး... နင်လည်းနော် ဒီလူကြီး ကြိုးဆွဲသမျှကနေတာ အခုမှပဲ ရပ်တော့တယ်။ အမှန်ဆို သူ့သားနဲ့ကိစ္စထဲက ရပ်လိုက်ရမှာ။ တကယ်တည်း နင့်ဦးနှောက်က လင်ရမှပဲ ဖွံ့ဖြိုးလာသလားမသိဘူး။"
ကြုံတုန်း နန်းနောင်တစ်ယောက် စိတ်အချဉ်ပေါက်ပေါက်နှင့် ပြောထည့်လိုက်တော့သည်။ ဦးဇေဟိန်းဆိုသည်က အသာစီးလိုချင်သည့် တကိုယ်ကောင်းသမား။ သူသာ အသာစီးရမည်ဆို မည်သူ့မျက်နှာမျှမငဲ့တတ်။ သူမကြောင့် မောင်ဖြစ်သူမှာ ဤသို့သော လူမျိုးက အသုံးချသမျှ သည်းခံနေသည်ကို သူမ သိပါသည်။ သူမ အတန်တန်တားမြစ်ပါသော်လည်း သူမမျက်နှာကိုငဲ့ကို ယောက်ဖဖြစ်သူ ခိုင်းသမျှ သင့်သင့်၊ မသင့်သင့် မညည်းမညူဆောင်ရွက်ပေးပါသော သျှန်နောင်ကို စိတ်တိုမိသလို အားမလိုအားမရဖြစ်မိသည်။ မည်သို့ဖြစ်စေ ယခုကဲ့သို့ သျှန်နောင်အား ကန်ထုတ်လိုက်ခြင်းကို သူမ ဝမ်းသာမိပါ၏။ သူမမောင်အတွက်တော့ ရလာဒ်က အကောင်းချည်းပဲ မဟုတ်လား။
"တော်ပြီ။ နင်ကို စကားပြောရတာ အချိန်ကုန်တယ်။ ငါသွားတော့မယ်။"
နန်းနောင်က သျှန်နောင် ဘာမှပြန်မပြောနိုင်ခင် အနိုင်နှင့်ပိုင်းကာ ရုံးခန်းထဲမှ ထွက်ခဲ့တော့သည်။ သျှန်နောင်မှာ အစ်မဖြစ်သူထွက်သွားမှ မီးပွိုင့်တွင်ဝယ်လာသော စာစောင်လေးကို ကောက်ကိုင်ကာ ဖတ်လိုက်တော့....
"ဟင်..."
သျှန်နောင်မှာ အသံထွက်သည်အထိ အံ့သြသွားရသည်။ အဘယ်ကြောင့်ဆိုသော် အနှီး မူးယစ်ရာဇာကြီးဆိုသည်မှာ သူရမြတ်စံကို ညွှန်းဆိုခြင်းဖြစ်သည်။ ရေးသူအာဘော်အရဆိုလျှင် သူရမြတ်စံမှာ ရန်ကုန်တတိုင်းလုံး၏ ခေါင်ချုပ် မူးယစ်ရာဇာတစ်ယောက်ဖြစ်ပြီး ယိုးဒယားရွှေတြိဂံဒေသအထိ ပေါက်မြောက်သည်ဟု ဆိုသည်။ ဤသို့သော လူမျိုးကို မူးယစ်ဗဟိုမှ သုံးနှစ်မျှစီမံကိန်းချကာ မည်သို့စုံစမ်းဖော်ထုတ်ခဲ့သည်ကို အားပါးတရရေးထားသေးသည်။ ထို့ပြင် သူရမြတ်စံ၏ အစွယ်အပွားအားလုံးကိုလည်း ကျူပင်ခုတ်ကျူငုတ်မကျန်ရှင်းလင်းကာ အရေးယူသွားမည်ဖြစ်ကြောင်း မူးယစ်ဗဟို၏ တာဝန်ရှိသူက ထုတ်ပြန်ထားသည်ဟုလည်း ဆိုသည်။ တော်တော်တော့ စိတ်ဝင်စားစရာကောင်းသည့်ကိစ္စ။
သူရမြတ်စံကို ဖမ်းမိသောနေရာသည် ဦးမြတ်ဘုန်းလျှံ ရှယ်ရာပါသော... တနည်းအားဖြင့် ဦးမြတ်ဘုန်းလျှံနှင့် သက်ဆိုင်သည်ဟု ပြောနိုင်သော နယ်နိမိတ်အတွင်းတွင် ဖြစ်နေသည်။ သို့တိုင် သတင်းတခုလုံးတွင် ဦးမြတ်ဘုန်းလျှံနှင့် ပတ်သက်ပါကြောင်း သဲလွန်စရေးရေးပင်မပါရုံမျှမက ဖမ်းဆီးမိသူများထဲတွင် ဦးမြတ်ဘုန်းလျှံ၏ လူများကိုပင် မတွေ့မိ။ မဟုတ်မှလွဲရော ဦးမြတ်ဘုန်းလျှံက တစ်ချက်ခုတ်နှစ်ချက်ပြတ်အောင် သူရမြတ်စံကိုများ ရောင်းစားခဲ့လေသလား။ မည်သို့ဖြစ်စေ သူရမြတ်စံမရှိလျှင် ဦးမြတ်ဘုန်းလျှံထင်တိုင်းကြဲနိုင်ဖြစ်ဖြစ်ရာ သိပ်မကြာခင်မှာပင် ကိစ္စများပို ရှုပ်ကုန်တော့မည်။ သူတောင်မှ အဆင်မသင့်လျှင် ပဲလှော်ကြားဆားညှပ်နိုင်သည်ဖြစ်ရာ သူတင်မဟုတ် သူ၏ လုပ်ဖော်ကိုင်ဖက်၊ လက်အောက်ခံများအားလုံး သတိထားနိုင်မှ တော်ရာကြပေလိမ့်မည်။ ထိုအတွေးနှင့်အတူ ချူးဝေထံ ဖုန်းခေါ်လိုက်တော့သည်။
"ဟဲလို... ကိုချူးဝေ...."
.....................
သျှားအိမ်မှာ တစ်ပတ်လုံးလုံးဖုန်းဆက်မရသော အစ်မဖြစ်သူမှာ သူ့ဆိုင်တွင် မုန့်လာဝယ်စားသည် တွေ့မှ စိတ်အေးသွားရသည်။
"မဇူး နင် အဆင်ပြေရဲ့လား။"
သျှားအိမ် မဇူးထိုင်နေသော စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"အေး"
"ငါ နင့်ဆီ တပတ်လုံးဖုန်းခေါ်နေတာ မကိုင်လို့"
"အေး... ငါ ဘယ်သူနဲ့မှ စကားပြောချင်စိတ်မရှိလို့ ဖုန်းပိတ်ထားတာ"
ယခုတောင်မှ သူ့မျက်နှာကို တစ်ချက်မကြည့်ပဲ မပြောချင်သလို ပြောချင်သလိုလုပ်နေသော မဇူးကြောင့် သူစိတ်မကောင်းပါ။ သူ့ကြောင့် အနှောင့်အယှက်မဖြစ်စေလိုခြင်းငှာ ထိုင်ရာမှထရန်ပြင်လိုက်လျှင်....
"နင်ရော ဘယ်တုန်းထဲက သိနေတာလဲ"
မေဇူးမောင်ထံမှ အမေးကြောင့် ပြန်ထိုင်လိုက်ကာ...
"သူနဲ့ ကြိုက်ပြီး သိပ်မကြာဘူး ငါသိတာ"
"နင် ဘာကြောင့် ငါ့ကို မပြောတာလဲ။"
"မဇူးရာ... ပြောရအောင် စိတ်ချမ်းသာစရာမှ မဟုတ်တာ။ နင်မှာလည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့..."
မေဇူးမောင် "ကိုယ်ဝန်"ဆိုသော စကားကြားလျှင် အံကိုတင်းတင်းကြိတ်လိုက်မိသည်။ ထို့နောက် ခါးသက်စွာ အဝေးကို ကြည့်လိုက်ပြီး...
"ငါ ဆရာဝန်ကို ဒီနေ့မေးကြည့်တယ်။ ဒီကိုယ်ဝန်ကို ဖျက်ချရင် မှီသေးလားလို့...."
"မဇူး... နင်... ဘာတွေ လျှောက်ပြီး..."
သျှားအိမ်မှာ အထိတ်တလန့်ဖြင့် မေဇူးမောင်ကို ဖြောင့်ဖျရန် ပါးစပ်ဟလိုက်သော်လည်း မေဇူးမောင်က သူ့စောင်းငဲ့မျှပင် မကြည့်။ သူမပြောလက်စ စကားကိုသာ ဆက်လိုက်သည်။
"ဆရာဝန်က ပြောတယ်။ သိပ်နှောင်းသွားပြီတဲ့။ ဒီတော့ ငါဆုတောင်းတာတခုပဲရှိတယ်။ ဒီကလေး အသက်ရှင်လျှက် မွေးမလာပါစေနဲ့လို့။"
"မဇူးရာ... မဟုတ်တာတွေ..."
"ဘာလို့ မဟုတ်တာတွေရမှာလဲ။ ဒီကလေးဟာ လူ့လောကကို မရောက်သင့်ဘူး။ ဒီကလေးကို ဘယ်သူမှ မလိုချင်ဘူး။ သူ့အဖေကလည်း ဒီကလေးကို မျိုးဆက် တာဝန်တရပ်အနေနဲ့ပဲ ယူချင်တာလေ။ ချစ်လို့ယူချင်တာမှ မဟုတ်ဘဲ။ ငါကရော.... ဒီလိုလူ.. ငါ့ကို မျိုးပွားဖို့လောက်ပဲ သဘောထားတဲ့ လူရဲ့ သွေးကို မွေးပေးစရာလား။ ငါ အဲ့ဒီ့လောက် မနိမ့်ကျဘူး သျှားအိမ်။ ဒါကြောင့် ဒီကလေးကို ငါမမွေးနိုင်ဘူး။"
"မဇူးရယ်။ နင် ဘယ်လောက် စိတ်နာမလဲဆိုတာ ငါနားလည်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါက နင့်ရင်သွေးလေ။ နင်ရဲ့သွေးတဝက်ပါတယ်လေ။"
"သွေးတဝက်ပဲပါပါ အပြည့်ပဲပါပါ။ ဒီကလေးက ငါ့အတွက် အတိတ်ဆိုးတခုပဲ။"
သျှားအိမ်မှာ တကယ့်ကိုပင် တူးတူးခါးခါးဖြစ်နေသော သူမကိုကြည့်ကာ သက်ပြင်းချမိပါတော့သည်။
"မဇူးရယ်... ကိုယ့်သားသမီးကိုယ်မချစ်တဲ့ မိခင်ဆိုတာ မရှိလောက်ပါဘူး။ နင် သွေးပူနေတုန်းမို့နေမှာပါဟာ။ နောက် မွေးပြီးသွားရင် နင် အခု ဘာပြောပြော ကိုယ့်ကလေးကိုယ်ချစ်...."
"အဟားဟား... ငါ့ဗိုက်ထဲမှာ သန္ဓေတည်တာနဲ့ပဲ ဟိုဇကောလောက်တောင် ဇောက်မနက်တဲ့လူရဲ့သွေးသားကို ငါက ချစ်ရမယ်တဲ့လား။ ရယ်စရာမပြောစမ်းပါနဲ့။ ကဲ... ငါပြန်မယ်။"
သျှားအိမ်မှာ ဘာမျှပင်မပြောနိုင်ခင် ထပြန်သွားသော မေဇူးမောင်ကြောင့် စိတ်ညစ်စွာ ခေါင်းကို ကုပ်မိပါတော့သည်။ သူမ ပြောသွားသည်များကို သေချာတွေးကြည့်တော့ သူမ မမှားဟု သူထင်သည်။ သူမအတွက် ထိုလူ၏ သွေးသားကို လွယ်ထားရခြင်းသည် မသတီစရာကောင်းနေပေလိမ့်မည်။ သို့ရာတွင် ဤသို့မသတီစရာကောင်းရုံဖြင့် အပြစ်မဲ့သော အသက်တစ်ချောင်းကို ဖျက်စီးပစ်မည်ဆိုသည်က မဟုတ်သေးချေ။ အစ်မဖြစ်သူဘက်က ကြည့်ပြန်တော့လည်း သူမအား အပြစ်မတင်ရက်။ သျှားအိမ် သက်ပြင်းမောကြီးတခုကုသာ ပီပီပြင်ပြင်ချလိုက်ပါတော့သည်။ ထိုစဉ်...
"ကိုကြီး"
ချိုနွဲ့နွဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ပုလဲကျော့။ ဘေးနားဝဲယာတွင် သူငယ်ချင်းဖြစ်ဟန်တူသော ကောင်မလေး သုံးယောက်နှင့်။ သျှားအိမ် ချက်ချင်းပြင် အပြုံးတုတခုကို ဖန်တီးလိုက်ပြီး...
"ပုလဲကျော့ပါလား။ ဘယ်ကနေ မျက်စိလည် လမ်းမှားလာတာလဲ။"
"ဒီကိုပဲလာခဲ့တာ ကိုကြီး။ ဟိုနေ့က အလှူမှာကျွေးတဲ့ ကိတ်မုန့်စားပြီးကတည်းက ကိုကြီးရဲ့ ကိတ်မုန့်ကို သတိရနေတာ။ တော်သေးတယ်။ မဇူးဆီမှာ ကိုကြီးရဲ့ ဆိုင်လိပ်စာ တောင်းထားလို့။"
ပုလဲကျော့က ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်။ တကယ်ကတော့ ကိတ်မုန့်ဆိုသည်ထက် လူကိုတွေ့ချင်တာဖြစ်ကြောင်းကိုတော့ ပြောမနေတော့ပါ။
"ဟုတ်ပါပြီဗျာ။ အခုလို တကူးတကလာပြီးအားပေးတာကျေးဇူးတင်ပါတယ်။"
"ဒါပေါ့... တကူတကလာအားပေးရုံတောင် မဟုတ်ဘူး customer အသစ်လေးတွေပါ ခေါ်လာတာ ကျော့ကို commission ခ ပေးသင့်တယ်။"
"ရပါတယ်ဗျာ။ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ကော်ဖီ... အအေး ကြိုက်တခု free သုံးဆောင်ကြပါခင်ဗျာ"
"တွေ့တယ် မဟုတ်လား။ ငါ့ကိုကြီးက သဘောကောင်းပါတယ်လို့"
သူမ သူငယ်ချင်းများဘက်လှည့်ကာ ဂုဏ်ယူဟန်ဖြင့်ပြောလိုက်သေးသည်။ သျှားအိမ်ကတော့ မသိသလိုဖြင့်...
"ကဲ... အစ်ကို အနောက်ထဲမှာ အလုပ်ရှိလို့ သွားလိုက်ဦးမယ်။"
"ဪ... ဟုတ်။"
ပုလဲကျော့မှာ စိတ်ပျက်သွားသော မျက်နှာက ဖုံးဖိမရ။ သူမခမျာ ကိုကြီးနှင့် ရင်နှီးမှုပိုရစေရန် စကားပြောဖို့လာပါသည်ဆိုမှ။ မတတ်နိုင်။ ဒီတစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ်ပေါ့။
"ဟဲ့... မိန်းမ နင့်ရဲ့ ကိုကြီးက ချေလိုက်တာဟယ်။ ငါတို့ရဲ့ Queen ကိုတောင် အဖက်မလုပ်ဘူး။"
အားလုံး စားစရာများယူကာ စားပွဲတွင်ထိုင်သည်နှင့် မှုံမှုံက သူမ၏ ထင်မြင်ချက်ကို ဆိုလာတော့သည်။
"မဟုတ်ပါဘူးဟယ်။ သူက အလုပ်များတာကို။ ဒီကော်ဖီဆိုင်တခုလုံး သူအုပ်ချုပ်နေရတာ ဆိုတော့..."
"အေးပါဟယ်။ နင်ဆိုတာကလည်း အသဲအသန်ကို သဘောထားကြီးနေတော့တာပဲ။"
ပုလဲကျော့၏ ချေပချက်ကို အိတုံက ပြန်လည်တုန်ပြန်လိုက်လျှင်..
"ဪ... မကြီးလို့ရမလား။ ပါရမီဖြည့်ဘက်ဆိုတာ ဒါကိုခေါ်တာ။ မသိရင်မှတ်ထား"
"ဟွန်း... အော့အော့တွေ"
"ဝေါ့"
"အာလာလာ နားကန်းပြီလားမသိ"
သူငယ်ချင်းမိန်းကလေးအားလုံးမှာ ပျို့သလိုအန်သလိုလုပ်ပြသည်ကို ကြည့်၍ ရယ်သာနေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါ့ ကိုကြီးက ချောတယ်မဟုတ်လား။ ငါတို့ကျောင်းက ဟို King ကောင်တောင် မယှဉ်နိုင်ဘူးမဟုတ်လား။"
အားလုံးက တမင်ညစ်ကာ မကြားသလိုလုပ်နေသဖြင့် ပုလဲကျော့က မျက်စောင်းကို ဖောဖောသီသီထိုးလိုက်တော့သည်။
"ဟဲ့... မေးနေတာဖြေဦးလေ"
"ကဲ... ယွန်းမီ... နင်ပဲ ကမ္ဘာကြီးကို ကယ်တင်တဲ့အနေနဲ့ အဲ့ဒီ့အရူးမ စိတ်ချမ်းသာအောင် ဖြေလိုက်စမ်းပါဟယ်။"
ယွန်းမီက စိတ်ညစ်ညစ်ဟန်ဖြင့်...
"အေး... ချောတယ်ဟေ့ ချောတယ်။ ချောတာမှ ရေညှိတက်နေတဲ့ ပလပ်စတစ်စကို ဆီလောင်းထားသလားထင်ရတယ်။ ယင်တောင်နားလို့မရဘူး။ ချော်လဲပြီး ခေါင်းကွဲမှာ စိုးလို့။ အဲ့ဒီ့လောက်ကို ချောတာ။ ကဲ... ကျေနပ်ပြီလား။"
ပုလဲကျော့ကတော့ နှုတ်ခမ်းကြီးစူလို့နေသည်။ အိတုံနှင့် မှုံမှုံက လက်ဝါးချင်းရိုက်ကာ အောင်ပွဲခံနေသည်။ ယွန်းမီကတော့ သူမ၏ crushကို ထိပါးလာသော သူမကို လက်စားချေလိုက်ရသဖြင့် အကျေနပ်ကြီး ကျေနပ်နေတော့သည်။
"ေ-ာက်ကောင်မကြီး နင်က နင့်crush ကိုထိလို့ ငါ့ကို ပြောတယ်ပေါ့လေ။ ဟွန်း..."
"အဲတော့်... ငါစကားတွေက ဒီလောက်သိသာသွားလား။"
ယွန်းမီက မထိတထိစနေသေးသည်။ မှုံမှုံနှင့် အိတုံကတော့ ပုလဲကျော့၏ မျက်နှာကို ကြည့်ကာ အားပါးတရရယ်မောနေတော့သည်။ သို့သော် သူတို့၏ ရယ်မောသံများမှာ ဆိုင်ထဲသို့ ဝင်လာသော လူတစ်ယောက်ကြောင့် တိခနဲရပ်သွားတော့သည်။ ပုလဲကျော့မှာ ဘာများလဲဟူသော စူးစမ်းစိတ်ဖြင့် သူမတို့ကြည့်နေသည့်နေရာသို့ နောက်ပြန်လှည့်ကာ ကြည့်လိုက်လျှင် လည်ကတုံးရှပ် ဆင်စွယ်ရောင်နှင့် ခဲရောင်ရင့်ရင့် ယောပုဆိုးကို ရိုးရိုးယဉ်ယဉ်သာ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်... ထိုအမျိုးသားကား အဆင်းသဏ္ဌာန် လှပရုံမက မြင်သူတိုင်းကို မိန်းမောအောင်အထိ ဆွဲဆောင်မှုလည်း ရှိသေး၏။ တစ်ခါမြင်ဖူးရုံနှင့် မမေ့လောက်သော ရုပ်ရည်ကြောင့် သူမ ထိုလူကို ကောင်းစွာမှတ်မိပါသည်။
"ဒီဟင်းရည်လိုက်ပွဲက ဒီကို ဘာလာလုပ်လဲ မသိဘူး။"
ထိုလူ ကောင်တာမှ အမျိုးသမီးနှင့် စကားပြောနေသည်ကို ကြည့်ကာ သူမက တီးတိုးရေရွတ်လိုက်လျှင် မှုံမှုံနှင့် အိတုံမှာ မျက်လုံးအရောင်တောက်သွားပြီး...
"နင် သူ့ကို သိတယ်လား။"
"အေး"
"ဘယ်လိုသိတာလဲ"
"ငါ့ကိုကြီးရဲ့ အလှူမှာ သူလည်းရှိတယ်။ ဟင်းရည်လိုက်ပေးတဲ့တစ်ယောက်ပေါ့။"
"အဟီးဟီး... ငါတော့ ဒီကိုကြီးကို ပိုစိတ်ဝင်စားသား။"
"ဘယ်က ကိုကြီးရမှာလဲ။ သူက ငါအစ်မကြီးနဲ့မှ ရွယ်တူ... ငါတို့ထက် ၁၁ နှစ် ၁၂နှစ် လောက်ကြီးတယ်"
"ဒီတော့ ဦးနဲ့ သမီးပေါ့... ဟီးဟီး..."
အိတုံက စိတ်ကူးကမ္ဘာထဲမှ လှမ်းပြောနေသည်။
"အိတုံမ.. နင်ဟာလေ။ ရှေ့မကြည့်နောက်မကြည့်။ ဟိုက သားကြီးမယားကြီးရှိနေရင် ဘယ်လိုလုပ်မလဲ။"
ယွန်းမီက သတိပေးလိုက်လျှင် ပုလဲကျော့က...
"ငါသိသလောက် အဲ့ဒီလူက မိန်းမကိစ္စကင်းရှင်းတယ်တဲ့။"
အိတုံက တွေ့လားဟူသော ပုံမျိူးဖြင့် ယွန်းမီအား မေးငေါ့ပြလိုက်သည်။ မှုံမှုံက တွေးတွေးဆဆ ဟန်မျိုးဖြင့်...
"ဒါဆို ယောက်ျားကိစ္စကော...?"
အားလုံးမှာ "နင် ရူးများသွားပြီလား" ဟူသော အကြည့်ဖြင့် သူမကို ကြည့်လာလျှင်...
"နင်တို့ပဲ စဉ်းစားကြည့်လေ။ ဒီခေတ်မှာ ဒါမျိုးက ဒီလောက်ပေါတာ။ နောက်ပြီး အဲ့ဒီ့လူက ဒီလောက်ချောတာ...။ သူဘေးမှာ ဆိုင်သူပိုင်သူမရှိတာ တွေးစရာမဟုတ်လား။"
သူမတို့စကားဝိုင်းမှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားတော့သည်။ သိပ်မကြာပါ။ ကိုကြီးက အနောက်ထဲမှထွက်လာပြီး ထိုလူထံသို့ ကြည်သာရွှင်ပြသော မျက်နှာဖြင့် လျှောက်သွားပြီး စကားပြောနေသည်။ စိတ်ကထင်နေလို့ပဲလားတော့မသိ ကိုကြီးနှင့် ထိုလူမှာ သူမအတွက် မျက်စိနောက်စရာကောင်းအောင် အလွန်အကျွံကို ရင်နှီးနေဟန်ပေါက်နေသည်။
"Baby ဒီနေ့ ပြန်လာတာ စောသားပဲ။"
"အင်း... ဘာမှ လုပ်စရာမရှိဘူးလေ။ ထိုင်နေရမှာလည်း ပျင်းတာနဲ့ ပြန်လာတာ။"
"ဒီနေ့ကော ကလပ်သွားဦးမှာလား"
"အင်း... သွားမှာ။ ကို့ အိမ်ပြန်ရေမိုးချိုးပြီးရင် သွားတော့မှာ။ ဒီနေ့မောင်နဲ့ ညစာမစားဖြစ်တော့ မောင့်မျက်နှာ မမြင်လိုက်ရမှာစိုးလို့ မသွားခင် ခဏဝင်ကြည့်တာ။"
"အဟက်... မောင့် Baby တောင် လူကို ခြွေတတ်နေပြီပဲ"
သျှားအိမ် ရယ်ရယ်မောမောဖြင့် သျှန်နောင်၏ ဆံပင်ကို ဆွဲဖွလိုက်သည်။
"ကဲပါ... မောင် လုပ်စရာရှိတာလုပ်တော့ ကို သွားတော့မယ်။"
"အင်းပါ..."
"ဒါနဲ့ မောင့်ရဲ့ ပရိသတ်မလေးက ဒီအထိလာ အားပေးနေပါလား။"
သျှန်နောင်က မျက်လုံးကို ထောင့်ကပ်ကာ ပုလဲကျော့တို့ဝိုင်းကိုညွှန်ပြလိုက်သည်။
"အင်း... မောင့်ကိတ်မုန့် စားချင်လို့တဲ့လေ။"
သျှားအိမ်က ခပ်အေးအေးပင်ဆိုလာသည်။
"ဪ... ဪ.... "
သျှန်နောင်ကလည်း စိတ်မဝင်စားသလို ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်လည်း စိတ်မဝင်စား။ Over confident ပဲဆိုဆို ဒီကလေးမသည် သူနှင့် ပြိုင်ဘက်ဖြစ်မလာနိုင်မှန်း သူသိနေသည်။ အဓိကကတော့ ကိုယ့်ချစ်သူအပေါ်မှာရော၊ ကိုယ့်ချစ်သူက ကိုယ့်အပေါ်တွင်ထားသော ချစ်ခြင်းမေတ္တာ၏ လေးနက်မှုကို ယုံကြည်မှုကြောင့်ဟုဆိုရမည်။
"ကဲ... ကိုသွားတော့မယ်"
"ဟ... ပြန်ပြီ။ ဒီလောက်မြန်တယ်"
"မြန်တယ်။ ဆိုင်မှာ စီစဉ်စရာလေး တချို့ရှိနေလို့။"
"ဒါဆိုလည်း လိုက်ပို့မယ်။"
သျှားအိမ်က ပြောပြောဆိုဆို ရှေ့မှဦးဆောင်ကာ ဆိုင်တံခါးကိုဖွင့်ပေးသည်။ သျှန်နောင်ကတော့ ချစ်ရည်ရွှန်းလဲ့သော အပြုံးတခုဖြင့် သျှားအိမ်၏ အပြုအမှုကို အသိအမှတ်ပြုလိုက်သည်။
"ဟဲ့... ကျော့ကျော့ နင့်ကိုကြီးက ဟုတ်ရောဟုတ်ရဲ့လား။ ဟိုအစ်ကိုကြီးရဲ့ ဆိုင်ရာပိုင်ရာကြီးများလား။"
မှုံမှုံက ထိုအမျိုးသားနှစ်ဦးဆိုင်ထဲမှ ထွက်သွားပုံကြည့်ကာ ပြောလိုက်သည်။ ပုလဲကျော့၏ ကိုကြီးဆိုသူက ဟိုလူ၏ ခါးကိုဖက်သွားပုံမှာ ပိုင်စိုးပိုင်နင်းဆန်လှသည်။
"မဖြစ်နိုင်တာ။ နင် BL ကားတွေ အကြည့်လွန်နေလို့ဖြစ်မှာ။ သူတို့က ဒီအတိုင်းပဲ အရမ်းခင်တာတဲ့။"
"အေးပါဟယ်"
မှုံမှုံမှာ အားနာ၍ အင်းသာလိုက်လိုက်ရသည်။ စိတ်ထဲကတော့ သူမ မမှားဘူးဟု ထင်နေဆဲ။ အိတုံကတော့ မျက်နှာအိုအိုဖြင့် ထိုင်နေပြီး ယွန်းမီကတော့ ပုလဲကျော့၏ ဘူးခံကာ ဟန်ကိုယ့်ဖို့လုပ်နေသော မျက်နှာကို လျစ်လျူရှုကာ....
"ငါတို့ ကြည့်ဖူးသမျှ BL တွေထဲက အတွဲနဲ့မတူဘူးနော်။ နှစ်ယောက်စလုံးက T လိုလို B လိုလိုနဲ့။ ဘာမှန်းကို မသဲကွဲဘူး။"
ပုလဲကျော့၏ မျက်စောင်းက ယွန်းမီထံ ဒိုင်းခနဲရောက်လာသည်။
"ယွန်းမီမနော်..."
"ခိခိ"
ယွန်းမီနှင့် ပုလဲကျော့ဆိုသည်က ဤသို့ပင် ကြွက်နှင့်ကြောင်ဆန်ဆန် မတည့်အတူနေ သူငယ်ချင်းမျိုးဖြစ်သည်။
"ဟဲ့... နင့်ကိုကြီး ပြန်ဝင်လာပြီ"
ပုလဲကျော့က မှုံမှုံ၏ သတိပေးစကားကြောင့် လှည့်ကြည့်လိုက်မိသည်။ သျှားအိမ်မှာ မတော်တဆမျက်လုံးချင်းဆုံသွားလျှင် ပြုံးပြလာသော သူမအား ပြန်လည်ပြုံးပြကာ သူမလေးတို့၏ စားပွဲထံလျှောက်လာခဲ့သည်။ ဒီအတိုင်း မသိသလိုလုပ်နေလျှင် မကောင်းတတ်သလို တချိန်တုန်းက မောင်နှမသဖွယ်ရင်းနှီးခဲ့သည်ကိုလည်း ထောက်ထားသင့်သည် မဟုတ်လား။
"အဆင်ပြေကြရဲ့လား ညီမတို့"
"ဟုတ်"
ပုလဲကျော့က ရောင်လဲ့နေသော မျက်လုံးများဖြင့် ဖြေကြားလိုက်သည်။ သျှားအိမ်ကတော့ မသိကျိုးကျွန်ပြုကာ...
"အေး... အေး... ပြီးတာပါပဲ။ အစ်ကို အလုပ်တန်းလန်းကြီးနဲ့မို့ သွားလိုက်ဦးမယ်။"
ပုလဲကျော့မှာ ဘာမှ ထပ်မပြောနိုင်ခင် သျှားအိမ်လှည့်ထွက်သွားတော့သည်။
"ကျော့ကျော့ရေ... နင် လူကြီးက မလွယ်ကျောကြီးနော်။ ချေတာကလည်း လွန်ရော။ နင်တော့ မစခင်ထဲက လမ်းဆုံးနေပြီနဲ့ တူတယ်။"
မှုံမှုံက သတိပေးရှာပါသည်။ သို့သော် ပုလဲကျော့က...
"အောင်မာ ငါက ပုလဲကျော့ပါ။ ကြည့်နေ။ သိပ်မကြာဘူး ကိုကြီးက ငါမှငါဖြစ်လာမှာ စောင့်ကြည့်နေ။"
သူမက ခေါင်းမော့ရင်ကော့ကာ ပြောလာပါသော်လည်း ကျန်လူများက ခေါင်းတခါခါဖြင့်သာ... ထောက်ခံနေပါတော့သည်။
--------------
"ကိုတေဇ... ကိုသူရ ကိစ္စက ဘာဖြစ်ရတာတုန်း"
သျှန်နောင်မှာ တေဇထိုင်နေသော Bar counter ဘေးတွင် ဝင်ထိုင်ရင်းမေးလိုက်သည်။
"မင်း ဂျာနယ်တွေထဲမှာ မဖတ်ရဘူးလားကွာ။"
"ဖတ်မိလို့ မေးနေတာပေါ့။ စာစောင်ထဲမှာ ပြောပုံအရတော့ ခေါင်ထိသွားတဲ့ပုံပဲ။ ကိုသူရမြတ်စံအကြောင်းသာ ကျွန်တော် ကောင်းကောင်းမသိရင် ယုံချင်စရာကြီး။"
တေဇက ဘာမျှမပြောပဲ ရှေ့မှအရက်ခွက်ကိုသာ ကြည့်နေသည်။
"ကိုတေဇ...။ ခင်ဗျားမဟုတ်တဲ့အတိုင်း ပါးစပ်ကြီးပိတ်မထားစမ်းပါနဲ့။"
ဘေးနားတွင်လာ၍ ဂျီးဂျီးဂျောင်ဂျောင်လုပ်နေသော အမျိုးကောင်းသား သျှန်နောင်ကြောင့် ဒီလူနှင့်တွေ့ရန် ဖန်တီးသော ဆိုးလှသည့် သူ့ကံကိုသာသူ အပြစ်တင်လိုက်ပြီး...
"သျှန်နောင်ရာ မင်းဟာလေ အခြောက်လို့မပြောရဘူး။ တော်တော်ပွစိပွစိလုပ်နိုင်တာပဲ။"
သျှန်နောင်က မကြားဟန်ပြုကာ...
"ပြောစမ်းပါဦး။ ကိုသူရကိစ္စ။ ကျွန်တော်က ဟိုနေ့က ခင်ဗျားတို့လာပြီး မေးလားမြန်းလားလုပ်တော့။ ဒီလိုပဲ Overtin ဖျော်နေတာထင်လို့။ ဘယ်လိုဖြစ်လို့ သူ့ကို ဝင်ဖမ်းတဲ့အဆင့်ရောက်သွားရတာလဲ။"
"ငါပြောရင် မင်းယုံမှာမဟုတ်ဘူး။"
သျှန်နောင်က မေးလေးထောက်ပြီး ခပ်ပြုံးပြုံးဖြင့်....
"ပြောကြည့်လေ။"
တေဇက သက်ပြင်းချလိုက်မိပါသည်။
"အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာဆိုဘာတစ်ခုမှ သေသေချာချာ ငါမသိလိုက်ဘူး။ အားလုံးကို ခွန်တိုက်ဆန်းလုပ်သွားတာ။ ဝင်ဖမ်းမယ့်နေ့မှ ငါဆီရောက်လာပြီး အားလုံးအသင့်ပဲဆိုပြီး ငါ့ကို ကုပ်မဆွဲရုံတမယ်ခေါ်သွားလို့ ပါသွားတာ။ အစက ခွန်တိုက်ဆန်း ပြောတာက ဒီက ခေါင်ချုပ်ကိုဖမ်းမယ် ဘာညာပေါ့။ ငါထင်တာက ဦးမြတ်ဘုန်းလျှံတော့ သွားတော့မယ်ပေါ့။ ပြီးတော့မှ သူရမြတ်စံကို ဘွဲထူးဂုဏ်ထူးနဲ့ခေါင်းစဉ်တပ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်တာ။ အဲဒီတော့မှ ငါလည်း သောက်တလွဲတွေမှန်းသိတာ"
သျှန်နောင်က အတန်ကြာအောင် စိုက်ကြည့်ပြီး ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ...
"ခင်ဗျားပြောတာ မှန်တယ်။ ခင်ဗျားကို မယုံဘူး။"
တေဇက "ငါပြောတယ်မဟုတ်လား" ဆိုသည့်အကြည့်နှင့်ကြည့်လိုက်သည်။
"ဒီကိစ္စနဲ့ ပတ်သက်လို့ ငါသိတာ နှစ်ခုပဲရှိတယ်။ အဲ့ဒီ့ပစ္စည်းတွေက ဦးမြတ်ဘုန်းလျှံရဲ့ ပစ္စည်းတွေမဟုတ်ဘူး။ နောက်ပြီး ဒီခွန်တိုက်ဆန်းဆိုတာ အလကားဒီကို ဆင်းလာတာမဟုတ်ဘူး။ တစ်ယောက်ယောက်ပင့်လိုက်လို့ ဒီရောက်လာတာ"
"ခင်ဗျားပြောချင်တာက သူက တစ်ယောက်ယောက်ရဲ့ လက်ကိုင်တုတ်လို့ ပြောချင်တာလား။"
"အေး..."
"ဒါဆို သူက ဘယ်သူ့လက်ကိုင်တုတ်ဖြစ်မလဲ။"
"မသိဘူး။ သေချာတာတော့ ငါနဲ့ partner မတူဘူး။ ဘယ်သူနဲ့ ပတ်သက်မှန်းလည်း မသိဘူး။"
"အင်း... ဒါဆို စိတ်ဝင်စားစရာပဲ"
--------------------------------------
September 9, 2019 Monday
Edited on – Jan 31, 2021
--------------------------------------
>>>>>ZawGyi<<<<<
သၽွန္ေနာင္မွာ မီးပြိဳင့္အနီတြင္ ရပ္ေနစဥ္...
"သတင္းထူးေတြေနာ္...။ ညက မူးယစ္ရာဇာႀကီးကို အထူးရဲတပ္ဖြဲ႕ေတြက ကလပ္မွာ အထုပ္အထည္နဲ႔ မိလို႔တဲ့..."
သတင္းစာေခါင္းႀကီးပိုင္းတခုကို ေအာ္ဟစ္ေရာင္းခ်နေသာ ဂ်ာနယ္သည္ေၾကာင့္ သၽွန္ေနာင္ စိတ္ဝင္စားသြားရသည္။
"ဦးကို ခုနက မင္းေအာ္ေနတဲ့ သတင္းပါတဲ့ စာေစာင္တစ္ေစာင္ေပးကြာ။ ဒီမွာ ပိုက္ဆံ..."
ထိုေကာင္ေလးက ဂ်ာနယ္ေလးအား ေပး၍ ပိုက္ဆံကို ယူလိုက္သည္။
"ျပန္မအမ္းနဲ႔ေတာ့။"
"ဟုတ္... ေက်းဇူးပါပဲ ဦး။"
သူေပးေသာ ပိုက္ဆံက ဂ်ာနယ္ေလး၏ တန္ေၾကးထက္ ႏွစ္ဆမက ပိုသည္ျဖစ္ရာ ထိုေကာင္ေလး၏ ဝမ္းသာစြာျဖင့္ေျပာလာသည္။ သူ ေကာင္ေလးအား ေခါင္းညိတ္ျပကာ စာေစာင္ေလးကို ေဘးခုံေပၚသို႔ ပစ္တင္လိုက္ၿပီး ေရႊနယားဆီသို႔ ေမာင္းထြက္ခဲ့ေတာ့သည္။ ဘာေၾကာင့္ရယ္မသိ စိတ္ထဲသလို မႏွစ္ၿမိဳ႕သလို ခံစားရသည္။ ဒီၾကားထဲဆိုင္ေရာက္ေရာက္ခ်င္း ၾကားလိုက္ရေသာ နန္းေနာင္၏ အသံေၾကာင့္ စိတ္ညစ္ရပါ၏။
"... နင္တို႔ေတြက ဘာလဲ customer ကိုမေလးစားတာလား။"
"... မဟုတ္ပါဘူး မနန္းရယ္။ ဒီလို အစားအေသာက္ စိတ္တိုင္းမက်တာ စားဖိုမႈးကို ေတြ႕စရာမွာ မလိုပဲ။ ကၽြန္မကိုသာ ေျပာပါ။"
ဤကား မမိုး၏ တုံ႔ျပန္စကား။ မည္သူမၽွေျပာစရာမလိုပဲ သိလိုက္ပါၿပီ နန္းေနာင္ ထုံးစံအတိုင္း ျပႆနာရွာျပန္ၿပီဆိုသည္ကို။
"နန္းေနာင္ နင္ဘာလုပ္ေနတာလဲ"
"အေဟာ္... ဆိုင္ရွင္ႀကီးေတာ့ ေရာက္လာပါၿပီ။"
"ေအး... ေျပာစရာရွိရင္ အထဲလိုက္ခဲ့။"
သၽွန္ေနာင္ ခပ္ျပတ္ျပတ္ေျပာၿပီး ႐ုံးခန္းရွိရာသို႔ ထြက္လာခဲ့သည္။ သူမလည္းေနာက္မွ ထပ္ခ်ပ္မကြာ လိုက္လာသည္။
"ေျပာ...နင္ ပိုက္ဆံျပတ္ေနျပန္ၿပီ မဟုတ္လား။"
သူက office desk တြင္ ဝင္ထိုင္ရင္းေမးလိုက္သည္။
"ေအး..."
သူမကလည္း သူ၏ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္ကာေျပာလိုက္သည္။
"နင္ဘာလုပ္မလို႔လဲ"
"နင္ကလည္း ေမးေနေသးတယ္။ ဖဲဝိုင္းသြားမလို႔ေလ။"
"နန္းေနာင္... နင့္ကို ငါေျပာေပါင္းလည္းမ်ားလွၿပီ။ နင္ဟာေလ ေသတာေတာင္မွတ္မွာ မဟုတ္ဘူး။"
"ေအး... သိရင္လည္း ေျပာမေနနဲ႔ေတာ့။ ငါ့ကိုသာ ပိုက္ဆံေပး"
သၽွန္ေနာင္ စိတ္ပ်က္ပ်က္ျဖင့္ သူ၏ လက္ဆြဲအိတ္ထဲမွ ပိုက္ဆံတစ္ထပ္ကို ထုတ္ေပးလိုက္သည္။ နန္းေနာင္က လိုခ်င္တာရသြားသည့္ ကေလးတစ္ဦးလို ေက်ေက်နပ္နပ္ျပဳံးကာ ပိုက္ဆံကို သူမ၏ LV အိတ္ထဲသို႔ ထည့္လိုက္ေတာ့သည္။ ထိုေနာက္ ေမာင္ျဖစ္သူကို ခပ္ေလွာင္ေလွာင္ၾကည့္ရင္း...
"နင္ ေတာ္ေတာ္ အခ်ိဳးေတြေျပာင္းသြားတာပဲ။"
သၽွန္ေနာင္ သူမကို မ်က္ခုံးတဖက္ပင့္၍ ၾကည့္လိုက္သည္။ ပါးစပ္ကေတာ့ ဘာမၽွမေျပာ။
"အရင္ကဆို နင့္ဆီက ပိုက္ဆံတစ္ျပားရဖို႔အေရး လၽွာတိုေအာင္ေျပာရတယ္။ နင့္ဆီက lecture ကို နားထဲက အေငြ႕ထြက္ေအာင္နားေထာင္ရတယ္။ အခုၾကေတာ့..."
သူမက ပုခုံးကို ဟန္ပါပါတြန႔္၍ လက္တစ္ဖက္ကိုပါ ေဝ့ရမ္းကာ ခပ္ဟက္ဟက္တစ္ခ်က္ ရယ္ေမာလိုက္သည္။
"ဟိုေကာင္ေလးရဲ့ အစြမ္းကမေသးဘူးပဲ။ ေအးေလ... ဒါေၾကာင့္လည္း နင္ အဲ့ဒီေကာင္ေလး အိမ္က မျပန္နိုင္တာ မဟုတ္လား။"
သၽွန္ေနာင္ သူမကို သတိေပးသလို စူးစူးစိုက္စိုက္ ၾကည့္လိုက္ၿပီး....
"နန္းေနာင္ ငါက နင္ လိုခ်င္တာကို အသာတၾကည္ေပးျပန္ေတာ့လည္း မေအးခ်မ္းဘူးေနာ္။ ဟိုတခါကလို နင့္ဖဲဝိုင္းအထိ လိုက္ၿပီး ျပႆနာရွာေစခ်င္တာေတာ့ မဟုတ္ဘူး မဟုတ္လား။"
သၽွန္ေနာင္မွာ နန္းေနာင္ မ်က္ႏွာမည္းခနဲျဖစ္သြားသည္ကို ၾကည့္ကာ က်ိတ္ျပဳံးလိုက္သည္။ သူ႔ၿခိမ္းေျခာက္မႈက ေအာင္ျမင္သည္ မဟုတ္ပါလား။ သို႔ေသာ္ သူမက ခ်က္ခ်င္းပင္ ဣေျႏၵဆယ္လိုက္ကာ.....
"နင္ အဲ့ဒီ့လို လုပ္ရင္ ငါကလည္း ဟိုေကာင္ေလးဆိုင္မွာ ျပႆနာရွာလိုက္႐ုံေပါ့။ ဘာခက္လဲ။"
သၽွန္ေနာင္က ႏႈတ္ခမ္းတဖက္ေကြးကာ ျပဳံးလိုက္သည္။
"နင္ လုပ္နိုင္မယ္ထင္ရင္ လုပ္လိုက္ေလ။ ၿပီးမွ ကိုယ္ေဒါသနဲ႔ ကိုယ္ ေသြးတက္ၿပီး ေသရင္ေတာ့ မသိဘူး။ ငါ့ ခ်စ္သူက ႏႈတ္သီးေကာင္းလၽွာပါးရယ္။ နင္လည္း သိမွာပါ။"
နန္းေနာင္ ပါးစပ္ပိတ္ထားလိုက္ပါေတာ့သည္။ သို႔ေသာ္ မ်က္ေစာင္းႏွင့္ပတ္သက္၍ အေၾကာင္းသုံးပါးမေရြးတတ္သူျဖစ္ရာ ေမာင္ျဖစ္သူကို မ်က္ေစာင္းနာနာထိုးကာ ထိုင္ရာမွ ထလိုက္ပါသည္။
"ငါ သြားေတာ့မယ္။"
"ေအး..."
သၽွန္ေနာင္က အနိုင္ရသူတစ္ဦးလို ခပ္ျပဳံးျပဳံးျဖင့္ ေခါင္းညိတ္လိုက္သည္။ ၿပီးမွ သတိရသြားဟန္ျဖင့္...
"ဒါနဲ႔ နင့္ ေယာက္်ားနဲ႔ အဆင္ေရာေျပရဲ့လား။"
"ဒီလိုပါပဲ။ ဘာလဲ? နင္နဲ႔ျဖစ္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ငါ့ဘက္လွည့္ကြိဳင္မွာ စိုးလို႔လား။ စိတ္မပူနဲ႔။ ငါက သူ႔မယား။ သူ႔ထက္လၽွင္လို႔ သူ႔ကို ယူထားတာ။ ငါ့ကို ျပႆနာရွာရဲ ရွာၾကည့္ေလ။ ငါအထုတ္ေျဖျပလိုက္လို႔ လူလုံးမလွျဖစ္သြားမွာေပါ့။"
"ေအးပါ... နင္တို႔ခ်င္း အဆင္ေျပရင္ၿပီးတာပဲ"
"ေအး... နင္လည္းေနာ္ ဒီလူႀကီး ႀကိဳးဆြဲသမၽွကေနတာ အခုမွပဲ ရပ္ေတာ့တယ္။ အမွန္ဆို သူ႔သားနဲ႔ကိစၥထဲက ရပ္လိုက္ရမွာ။ တကယ္တည္း နင့္ဦးေႏွာက္က လင္ရမွပဲ ဖြံ့ၿဖိဳးလာသလားမသိဘူး။"
ၾကဳံတုန္း နန္းေနာင္တစ္ေယာက္ စိတ္အခ်ဥ္ေပါက္ေပါက္ႏွင့္ ေျပာထည့္လိုက္ေတာ့သည္။ ဦးေဇဟိန္းဆိုသည္က အသာစီးလိုခ်င္သည့္ တကိုယ္ေကာင္းသမား။ သူသာ အသာစီးရမည္ဆို မည္သူ႔မ်က္ႏွာမၽွမငဲ့တတ္။ သူမေၾကာင့္ ေမာင္ျဖစ္သူမွာ ဤသို႔ေသာ လူမ်ိဳးက အသုံးခ်သမၽွ သည္းခံေနသည္ကို သူမ သိပါသည္။ သူမ အတန္တန္တားျမစ္ပါေသာ္လည္း သူမမ်က္ႏွာကိုငဲ့ကို ေယာက္ဖျဖစ္သူ ခိုင္းသမၽွ သင့္သင့္၊ မသင့္သင့္ မညည္းမညဴေဆာင္ရြက္ေပးပါေသာ သၽွန္ေနာင္ကို စိတ္တိုမိသလို အားမလိုအားမရျဖစ္မိသည္။ မည္သို႔ျဖစ္ေစ ယခုကဲ့သို႔ သၽွန္ေနာင္အား ကန္ထုတ္လိုက္ျခင္းကို သူမ ဝမ္းသာမိပါ၏။ သူမေမာင္အတြက္ေတာ့ ရလာဒ္က အေကာင္းခ်ည္းပဲ မဟုတ္လား။
"ေတာ္ၿပီ။ နင္ကို စကားေျပာရတာ အခ်ိန္ကုန္တယ္။ ငါသြားေတာ့မယ္။"
နန္းေနာင္က သၽွန္ေနာင္ ဘာမွျပန္မေျပာနိုင္ခင္ အနိုင္ႏွင့္ပိုင္းကာ ႐ုံးခန္းထဲမွ ထြက္ခဲ့ေတာ့သည္။ သၽွန္ေနာင္မွာ အစ္မျဖစ္သူထြက္သြားမွ မီးပြိဳင့္တြင္ဝယ္လာေသာ စာေစာင္ေလးကို ေကာက္ကိုင္ကာ ဖတ္လိုက္ေတာ့....
"ဟင္..."
သၽွန္ေနာင္မွာ အသံထြက္သည္အထိ အံ့ၾသသြားရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အႏွီး မူးယစ္ရာဇာႀကီးဆိုသည္မွာ သူရျမတ္စံကို ညႊန္းဆိုျခင္းျဖစ္သည္။ ေရးသူအာေဘာ္အရဆိုလၽွင္ သူရျမတ္စံမွာ ရန္ကုန္တတိုင္းလုံး၏ ေခါင္ခ်ဳပ္ မူးယစ္ရာဇာတစ္ေယာက္ျဖစ္ၿပီး ယိုးဒယားေရႊႀတိဂံေဒသအထိ ေပါက္ေျမာက္သည္ဟု ဆိုသည္။ ဤသို႔ေသာ လူမ်ိဳးကို မူးယစ္ဗဟိုမွ သုံးႏွစ္မၽွစီမံကိန္းခ်ကာ မည္သို႔စုံစမ္းေဖာ္ထုတ္ခဲ့သည္ကို အားပါးတရေရးထားေသးသည္။ ထို႔ျပင္ သူရျမတ္စံ၏ အစြယ္အပြားအားလုံးကိုလည္း က်ဴပင္ခုတ္က်ဴငုတ္မက်န္ရွင္းလင္းကာ အေရးယူသြားမည္ျဖစ္ေၾကာင္း မူးယစ္ဗဟို၏ တာဝန္ရွိသူက ထုတ္ျပန္ထားသည္ဟုလည္း ဆိုသည္။ ေတာ္ေတာ္ေတာ့ စိတ္ဝင္စားစရာေကာင္းသည့္ကိစၥ။
သူရျမတ္စံကို ဖမ္းမိေသာေနရာသည္ ဦးျမတ္ဘုန္းလၽွံ ရွယ္ရာပါေသာ... တနည္းအားျဖင့္ ဦးျမတ္ဘုန္းလၽွံႏွင့္ သက္ဆိုင္သည္ဟု ေျပာနိုင္ေသာ နယ္နိမိတ္အတြင္းတြင္ ျဖစ္ေနသည္။ သို႔တိုင္ သတင္းတခုလုံးတြင္ ဦးျမတ္ဘုန္းလၽွံႏွင့္ ပတ္သက္ပါေၾကာင္း သဲလြန္စေရးေရးပင္မပါ႐ုံမၽွမက ဖမ္းဆီးမိသူမ်ားထဲတြင္ ဦးျမတ္ဘုန္းလၽွံ၏ လူမ်ားကိုပင္ မေတြ႕မိ။ မဟုတ္မွလြဲေရာ ဦးျမတ္ဘုန္းလၽွံက တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ေအာင္ သူရျမတ္စံကိုမ်ား ေရာင္းစားခဲ့ေလသလား။ မည္သို႔ျဖစ္ေစ သူရျမတ္စံမရွိလၽွင္ ဦးျမတ္ဘုန္းလၽွံထင္တိုင္းၾကဲနိုင္ျဖစ္ျဖစ္ရာ သိပ္မၾကာခင္မွာပင္ ကိစၥမ်ားပို ရႈပ္ကုန္ေတာ့မည္။ သူေတာင္မွ အဆင္မသင့္လၽွင္ ပဲေလွာ္ၾကားဆားညႇပ္နိုင္သည္ျဖစ္ရာ သူတင္မဟုတ္ သူ၏ လုပ္ေဖာ္ကိုင္ဖက္၊ လက္ေအာက္ခံမ်ားအားလုံး သတိထားနိုင္မွ ေတာ္ရာၾကေပလိမ့္မည္။ ထိုအေတြးႏွင့္အတူ ခ်ဴးေဝထံ ဖုန္းေခၚလိုက္ေတာ့သည္။
"ဟဲလို... ကိုခ်ဴးေဝ...."
.....................
သၽွားအိမ္မွာ တစ္ပတ္လုံးလုံးဖုန္းဆက္မရေသာ အစ္မျဖစ္သူမွာ သူ႔ဆိုင္တြင္ မုန႔္လာဝယ္စားသည္ ေတြ႕မွ စိတ္ေအးသြားရသည္။
"မဇူး နင္ အဆင္ေျပရဲ့လား။"
သၽွားအိမ္ မဇူးထိုင္ေနေသာ စားပြဲတြင္ ဝင္ထိုင္လိုက္သည္။
"ေအး"
"ငါ နင့္ဆီ တပတ္လုံးဖုန္းေခၚေနတာ မကိုင္လို႔"
"ေအး... ငါ ဘယ္သူနဲ႔မွ စကားေျပာခ်င္စိတ္မရွိလို႔ ဖုန္းပိတ္ထားတာ"
ယခုေတာင္မွ သူ႔မ်က္ႏွာကို တစ္ခ်က္မၾကည့္ပဲ မေျပာခ်င္သလို ေျပာခ်င္သလိုလုပ္ေနေသာ မဇူးေၾကာင့္ သူစိတ္မေကာင္းပါ။ သူ႔ေၾကာင့္ အေႏွာင့္အယွက္မျဖစ္ေစလိုျခင္းငွာ ထိုင္ရာမွထရန္ျပင္လိုက္လၽွင္....
"နင္ေရာ ဘယ္တုန္းထဲက သိေနတာလဲ"
ေမဇူးေမာင္ထံမွ အေမးေၾကာင့္ ျပန္ထိုင္လိုက္ကာ...
"သူနဲ႔ ႀကိဳက္ၿပီး သိပ္မၾကာဘူး ငါသိတာ"
"နင္ ဘာေၾကာင့္ ငါ့ကို မေျပာတာလဲ။"
"မဇူးရာ... ေျပာရေအာင္ စိတ္ခ်မ္းသာစရာမွ မဟုတ္တာ။ နင္မွာလည္း ကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့..."
ေမဇူးေမာင္ "ကိုယ္ဝန္"ဆိုေသာ စကားၾကားလၽွင္ အံကိုတင္းတင္းႀကိတ္လိုက္မိသည္။ ထို႔ေနာက္ ခါးသက္စြာ အေဝးကို ၾကည့္လိုက္ၿပီး...
"ငါ ဆရာဝန္ကို ဒီေန႔ေမးၾကည့္တယ္။ ဒီကိုယ္ဝန္ကို ဖ်က္ခ်ရင္ မွီေသးလားလို႔...."
"မဇူး... နင္... ဘာေတြ ေလၽွာက္ၿပီး..."
သၽွားအိမ္မွာ အထိတ္တလန႔္ျဖင့္ ေမဇူးေမာင္ကို ေျဖာင့္ဖ်ရန္ ပါးစပ္ဟလိုက္ေသာ္လည္း ေမဇူးေမာင္က သူ႔ေစာင္းငဲ့မၽွပင္ မၾကည့္။ သူမေျပာလက္စ စကားကိုသာ ဆက္လိုက္သည္။
"ဆရာဝန္က ေျပာတယ္။ သိပ္ေႏွာင္းသြားၿပီတဲ့။ ဒီေတာ့ ငါဆုေတာင္းတာတခုပဲရွိတယ္။ ဒီကေလး အသက္ရွင္လၽွက္ ေမြးမလာပါေစနဲ႔လို႔။"
"မဇူးရာ... မဟုတ္တာေတြ..."
"ဘာလို႔ မဟုတ္တာေတြရမွာလဲ။ ဒီကေလးဟာ လူ႔ေလာကကို မေရာက္သင့္ဘူး။ ဒီကေလးကို ဘယ္သူမွ မလိုခ်င္ဘူး။ သူ႔အေဖကလည္း ဒီကေလးကို မ်ိဳးဆက္ တာဝန္တရပ္အေနနဲ႔ပဲ ယူခ်င္တာေလ။ ခ်စ္လို႔ယူခ်င္တာမွ မဟုတ္ဘဲ။ ငါကေရာ.... ဒီလိုလူ.. ငါ့ကို မ်ိဳးပြားဖို႔ေလာက္ပဲ သေဘာထားတဲ့ လူရဲ့ ေသြးကို ေမြးေပးစရာလား။ ငါ အဲ့ဒီ့ေလာက္ မနိမ့္က်ဘူး သၽွားအိမ္။ ဒါေၾကာင့္ ဒီကေလးကို ငါမေမြးနိုင္ဘူး။"
"မဇူးရယ္။ နင္ ဘယ္ေလာက္ စိတ္နာမလဲဆိုတာ ငါနားလည္ပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ဒါက နင့္ရင္ေသြးေလ။ နင္ရဲ့ေသြးတဝက္ပါတယ္ေလ။"
"ေသြးတဝက္ပဲပါပါ အျပည့္ပဲပါပါ။ ဒီကေလးက ငါ့အတြက္ အတိတ္ဆိုးတခုပဲ။"
သၽွားအိမ္မွာ တကယ့္ကိုပင္ တူးတူးခါးခါးျဖစ္ေနေသာ သူမကိုၾကည့္ကာ သက္ျပင္းခ်မိပါေတာ့သည္။
"မဇူးရယ္... ကိုယ့္သားသမီးကိုယ္မခ်စ္တဲ့ မိခင္ဆိုတာ မရွိေလာက္ပါဘူး။ နင္ ေသြးပူေနတုန္းမို႔ေနမွာပါဟာ။ ေနာက္ ေမြးၿပီးသြားရင္ နင္ အခု ဘာေျပာေျပာ ကိုယ့္ကေလးကိုယ္ခ်စ္...."
"အဟားဟား... ငါ့ဗိုက္ထဲမွာ သေႏၶတည္တာနဲ႔ပဲ ဟိုဇေကာေလာက္ေတာင္ ေဇာက္မနက္တဲ့လူရဲ့ေသြးသားကို ငါက ခ်စ္ရမယ္တဲ့လား။ ရယ္စရာမေျပာစမ္းပါနဲ႔။ ကဲ... ငါျပန္မယ္။"
သၽွားအိမ္မွာ ဘာမၽွပင္မေျပာနိုင္ခင္ ထျပန္သြားေသာ ေမဇူးေမာင္ေၾကာင့္ စိတ္ညစ္စြာ ေခါင္းကို ကုပ္မိပါေတာ့သည္။ သူမ ေျပာသြားသည္မ်ားကို ေသခ်ာေတြးၾကည့္ေတာ့ သူမ မမွားဟု သူထင္သည္။ သူမအတြက္ ထိုလူ၏ ေသြးသားကို လြယ္ထားရျခင္းသည္ မသတီစရာေကာင္းေနေပလိမ့္မည္။ သို႔ရာတြင္ ဤသို႔မသတီစရာေကာင္း႐ုံျဖင့္ အျပစ္မဲ့ေသာ အသက္တစ္ေခ်ာင္းကို ဖ်က္စီးပစ္မည္ဆိုသည္က မဟုတ္ေသးေခ်။ အစ္မျဖစ္သူဘက္က ၾကည့္ျပန္ေတာ့လည္း သူမအား အျပစ္မတင္ရက္။ သၽွားအိမ္ သက္ျပင္းေမာႀကီးတခုကုသာ ပီပီျပင္ျပင္ခ်လိုက္ပါေတာ့သည္။ ထိုစဥ္...
"ကိုႀကီး"
ခ်ိဳႏြဲ႕ႏြဲ႕အသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ပုလဲေက်ာ့။ ေဘးနားဝဲယာတြင္ သူငယ္ခ်င္းျဖစ္ဟန္တူေသာ ေကာင္မေလး သုံးေယာက္ႏွင့္။ သၽွားအိမ္ ခ်က္ခ်င္းျပင္ အျပဳံးတုတခုကို ဖန္တီးလိုက္ၿပီး...
"ပုလဲေက်ာ့ပါလား။ ဘယ္ကေန မ်က္စိလည္ လမ္းမွားလာတာလဲ။"
"ဒီကိုပဲလာခဲ့တာ ကိုႀကီး။ ဟိုေန႔က အလႉမွာေကၽြးတဲ့ ကိတ္မုန႔္စားၿပီးကတည္းက ကိုႀကီးရဲ့ ကိတ္မုန႔္ကို သတိရေနတာ။ ေတာ္ေသးတယ္။ မဇူးဆီမွာ ကိုႀကီးရဲ့ ဆိုင္လိပ္စာ ေတာင္းထားလို႔။"
ပုလဲေက်ာ့က ခပ္သြက္သြက္ပင္ ျပန္ေျဖလိုက္သည္။ တကယ္ကေတာ့ ကိတ္မုန႔္ဆိုသည္ထက္ လူကိုေတြ႕ခ်င္တာျဖစ္ေၾကာင္းကိုေတာ့ ေျပာမေနေတာ့ပါ။
"ဟုတ္ပါၿပီဗ်ာ။ အခုလို တကူးတကလာၿပီးအားေပးတာေက်းဇူးတင္ပါတယ္။"
"ဒါေပါ့... တကူတကလာအားေပး႐ုံေတာင္ မဟုတ္ဘူး customer အသစ္ေလးေတြပါ ေခၚလာတာ ေက်ာ့ကို commission ခ ေပးသင့္တယ္။"
"ရပါတယ္ဗ်ာ။ မိတ္ျဖစ္ေဆြျဖစ္အေနနဲ႔ ေကာ္ဖီ... အေအး ႀကိဳက္တခု free သုံးေဆာင္ၾကပါခင္ဗ်ာ"
"ေတြ႕တယ္ မဟုတ္လား။ ငါ့ကိုႀကီးက သေဘာေကာင္းပါတယ္လို႔"
သူမ သူငယ္ခ်င္းမ်ားဘက္လွည့္ကာ ဂုဏ္ယူဟန္ျဖင့္ေျပာလိုက္ေသးသည္။ သၽွားအိမ္ကေတာ့ မသိသလိုျဖင့္...
"ကဲ... အစ္ကို အေနာက္ထဲမွာ အလုပ္ရွိလို႔ သြားလိုက္ဦးမယ္။"
"ဪ... ဟုတ္။"
ပုလဲေက်ာ့မွာ စိတ္ပ်က္သြားေသာ မ်က္ႏွာက ဖုံးဖိမရ။ သူမခမ်ာ ကိုႀကီးႏွင့္ ရင္ႏွီးမႈပိုရေစရန္ စကားေျပာဖို႔လာပါသည္ဆိုမွ။ မတတ္နိုင္။ ဒီတစ္ႀကိမ္ မေအာင္ျမင္ရင္ ေနာက္တစ္ႀကိမ္ေပါ့။
"ဟဲ့... မိန္းမ နင့္ရဲ့ ကိုႀကီးက ေခ်လိုက္တာဟယ္။ ငါတို႔ရဲ့ Queen ကိုေတာင္ အဖက္မလုပ္ဘူး။"
အားလုံး စားစရာမ်ားယူကာ စားပြဲတြင္ထိုင္သည္ႏွင့္ မႈံမႈံက သူမ၏ ထင္ျမင္ခ်က္ကို ဆိုလာေတာ့သည္။
"မဟုတ္ပါဘူးဟယ္။ သူက အလုပ္မ်ားတာကို။ ဒီေကာ္ဖီဆိုင္တခုလုံး သူအုပ္ခ်ဳပ္ေနရတာ ဆိုေတာ့..."
"ေအးပါဟယ္။ နင္ဆိုတာကလည္း အသဲအသန္ကို သေဘာထားႀကီးေနေတာ့တာပဲ။"
ပုလဲေက်ာ့၏ ေခ်ပခ်က္ကို အိတုံက ျပန္လည္တုန္ျပန္လိုက္လၽွင္..
"ဪ... မႀကီးလို႔ရမလား။ ပါရမီျဖည့္ဘက္ဆိုတာ ဒါကိုေခၚတာ။ မသိရင္မွတ္ထား"
"ဟြန္း... ေအာ့ေအာ့ေတြ"
"ေဝါ့"
"အာလာလာ နားကန္းၿပီလားမသိ"
သူငယ္ခ်င္းမိန္းကေလးအားလုံးမွာ ပ်ိဳ႕သလိုအန္သလိုလုပ္ျပသည္ကို ၾကည့္၍ ရယ္သာေနလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ငါ့ ကိုႀကီးက ေခ်ာတယ္မဟုတ္လား။ ငါတို႔ေက်ာင္းက ဟို King ေကာင္ေတာင္ မယွဥ္နိုင္ဘူးမဟုတ္လား။"
အားလုံးက တမင္ညစ္ကာ မၾကားသလိုလုပ္ေနသျဖင့္ ပုလဲေက်ာ့က မ်က္ေစာင္းကို ေဖာေဖာသီသီထိုးလိုက္ေတာ့သည္။
"ဟဲ့... ေမးေနတာေျဖဦးေလ"
"ကဲ... ယြန္းမီ... နင္ပဲ ကမၻာႀကီးကို ကယ္တင္တဲ့အေနနဲ႔ အဲ့ဒီ့အ႐ူးမ စိတ္ခ်မ္းသာေအာင္ ေျဖလိုက္စမ္းပါဟယ္။"
ယြန္းမီက စိတ္ညစ္ညစ္ဟန္ျဖင့္...
"ေအး... ေခ်ာတယ္ေဟ့ ေခ်ာတယ္။ ေခ်ာတာမွ ေရညႇိတက္ေနတဲ့ ပလပ္စတစ္စကို ဆီေလာင္းထားသလားထင္ရတယ္။ ယင္ေတာင္နားလို႔မရဘူး။ ေခ်ာ္လဲၿပီး ေခါင္းကြဲမွာ စိုးလို႔။ အဲ့ဒီ့ေလာက္ကို ေခ်ာတာ။ ကဲ... ေက်နပ္ၿပီလား။"
ပုလဲေက်ာ့ကေတာ့ ႏႈတ္ခမ္းႀကီးစူလို႔ေနသည္။ အိတုံႏွင့္ မႈံမႈံက လက္ဝါးခ်င္းရိုက္ကာ ေအာင္ပြဲခံေနသည္။ ယြန္းမီကေတာ့ သူမ၏ crushကို ထိပါးလာေသာ သူမကို လက္စားေခ်လိုက္ရသျဖင့္ အေက်နပ္ႀကီး ေက်နပ္ေနေတာ့သည္။
"ေ-ာက္ေကာင္မႀကီး နင္က နင့္crush ကိုထိလို႔ ငါ့ကို ေျပာတယ္ေပါ့ေလ။ ဟြန္း..."
"အဲေတာ့္... ငါစကားေတြက ဒီေလာက္သိသာသြားလား။"
ယြန္းမီက မထိတထိစေနေသးသည္။ မႈံမႈံႏွင့္ အိတုံကေတာ့ ပုလဲေက်ာ့၏ မ်က္ႏွာကို ၾကည့္ကာ အားပါးတရရယ္ေမာေနေတာ့သည္။ သို႔ေသာ္ သူတို႔၏ ရယ္ေမာသံမ်ားမွာ ဆိုင္ထဲသို႔ ဝင္လာေသာ လူတစ္ေယာက္ေၾကာင့္ တိခနဲရပ္သြားေတာ့သည္။ ပုလဲေက်ာ့မွာ ဘာမ်ားလဲဟူေသာ စူးစမ္းစိတ္ျဖင့္ သူမတို႔ၾကည့္ေနသည့္ေနရာသို႔ ေနာက္ျပန္လွည့္ကာ ၾကည့္လိုက္လၽွင္ လည္ကတုံးရွပ္ ဆင္စြယ္ေရာင္ႏွင့္ ခဲေရာင္ရင့္ရင့္ ေယာပုဆိုးကို ရိုးရိုးယဥ္ယဥ္သာ ဝတ္ဆင္ထားေသာ အမ်ိဳးသားတစ္ေယာက္... ထိုအမ်ိဳးသားကား အဆင္းသဏၭာန္ လွပ႐ုံမက ျမင္သူတိုင္းကို မိန္းေမာေအာင္အထိ ဆြဲေဆာင္မႈလည္း ရွိေသး၏။ တစ္ခါျမင္ဖူး႐ုံႏွင့္ မေမ့ေလာက္ေသာ ႐ုပ္ရည္ေၾကာင့္ သူမ ထိုလူကို ေကာင္းစြာမွတ္မိပါသည္။
"ဒီဟင္းရည္လိုက္ပြဲက ဒီကို ဘာလာလုပ္လဲ မသိဘူး။"
ထိုလူ ေကာင္တာမွ အမ်ိဳးသမီးႏွင့္ စကားေျပာေနသည္ကို ၾကည့္ကာ သူမက တီးတိုးေရရြတ္လိုက္လၽွင္ မႈံမႈံႏွင့္ အိတုံမွာ မ်က္လုံးအေရာင္ေတာက္သြားၿပီး...
"နင္ သူ႔ကို သိတယ္လား။"
"ေအး"
"ဘယ္လိုသိတာလဲ"
"ငါ့ကိုႀကီးရဲ့ အလႉမွာ သူလည္းရွိတယ္။ ဟင္းရည္လိုက္ေပးတဲ့တစ္ေယာက္ေပါ့။"
"အဟီးဟီး... ငါေတာ့ ဒီကိုႀကီးကို ပိုစိတ္ဝင္စားသား။"
"ဘယ္က ကိုႀကီးရမွာလဲ။ သူက ငါအစ္မႀကီးနဲ႔မွ ရြယ္တူ... ငါတို႔ထက္ ၁၁ ႏွစ္ ၁၂ႏွစ္ ေလာက္ႀကီးတယ္"
"ဒီေတာ့ ဦးနဲ႔ သမီးေပါ့... ဟီးဟီး..."
အိတုံက စိတ္ကူးကမၻာထဲမွ လွမ္းေျပာေနသည္။
"အိတုံမ.. နင္ဟာေလ။ ေရွ႕မၾကည့္ေနာက္မၾကည့္။ ဟိုက သားႀကီးမယားႀကီးရွိေနရင္ ဘယ္လိုလုပ္မလဲ။"
ယြန္းမီက သတိေပးလိုက္လၽွင္ ပုလဲေက်ာ့က...
"ငါသိသေလာက္ အဲ့ဒီလူက မိန္းမကိစၥကင္းရွင္းတယ္တဲ့။"
အိတုံက ေတြ႕လားဟူေသာ ပုံမ်ိဴးျဖင့္ ယြန္းမီအား ေမးေငါ့ျပလိုက္သည္။ မႈံမႈံက ေတြးေတြးဆဆ ဟန္မ်ိဳးျဖင့္...
"ဒါဆို ေယာက္်ားကိစၥေကာ...?"
အားလုံးမွာ "နင္ ႐ူးမ်ားသြားၿပီလား" ဟူေသာ အၾကည့္ျဖင့္ သူမကို ၾကည့္လာလၽွင္...
"နင္တို႔ပဲ စဥ္းစားၾကည့္ေလ။ ဒီေခတ္မွာ ဒါမ်ိဳးက ဒီေလာက္ေပါတာ။ ေနာက္ၿပီး အဲ့ဒီ့လူက ဒီေလာက္ေခ်ာတာ...။ သူေဘးမွာ ဆိုင္သူပိုင္သူမရွိတာ ေတြးစရာမဟုတ္လား။"
သူမတို႔စကားဝိုင္းမွာ အေတြးကိုယ္စီျဖင့္ ၿငိမ္သက္သြားေတာ့သည္။ သိပ္မၾကာပါ။ ကိုႀကီးက အေနာက္ထဲမွထြက္လာၿပီး ထိုလူထံသို႔ ၾကည္သာရႊင္ျပေသာ မ်က္ႏွာျဖင့္ ေလၽွာက္သြားၿပီး စကားေျပာေနသည္။ စိတ္ကထင္ေနလို႔ပဲလားေတာ့မသိ ကိုႀကီးႏွင့္ ထိုလူမွာ သူမအတြက္ မ်က္စိေနာက္စရာေကာင္းေအာင္ အလြန္အကၽြံကို ရင္ႏွီးေနဟန္ေပါက္ေနသည္။
"Baby ဒီေန႔ ျပန္လာတာ ေစာသားပဲ။"
"အင္း... ဘာမွ လုပ္စရာမရွိဘူးေလ။ ထိုင္ေနရမွာလည္း ပ်င္းတာနဲ႔ ျပန္လာတာ။"
"ဒီေန႔ေကာ ကလပ္သြားဦးမွာလား"
"အင္း... သြားမွာ။ ကို႔ အိမ္ျပန္ေရမိုးခ်ိဳးၿပီးရင္ သြားေတာ့မွာ။ ဒီေန႔ေမာင္နဲ႔ ညစာမစားျဖစ္ေတာ့ ေမာင့္မ်က္ႏွာ မျမင္လိုက္ရမွာစိုးလို႔ မသြားခင္ ခဏဝင္ၾကည့္တာ။"
"အဟက္... ေမာင့္ Baby ေတာင္ လူကို ေႁခြတတ္ေနၿပီပဲ"
သၽွားအိမ္ ရယ္ရယ္ေမာေမာျဖင့္ သၽွန္ေနာင္၏ ဆံပင္ကို ဆြဲဖြလိုက္သည္။
"ကဲပါ... ေမာင္ လုပ္စရာရွိတာလုပ္ေတာ့ ကို သြားေတာ့မယ္။"
"အင္းပါ..."
"ဒါနဲ႔ ေမာင့္ရဲ့ ပရိသတ္မေလးက ဒီအထိလာ အားေပးေနပါလား။"
သၽွန္ေနာင္က မ်က္လုံးကို ေထာင့္ကပ္ကာ ပုလဲေက်ာ့တို႔ဝိုင္းကိုညႊန္ျပလိုက္သည္။
"အင္း... ေမာင့္ကိတ္မုန႔္ စားခ်င္လို႔တဲ့ေလ။"
သၽွားအိမ္က ခပ္ေအးေအးပင္ဆိုလာသည္။
"ဪ... ဪ.... "
သၽွန္ေနာင္ကလည္း စိတ္မဝင္စားသလို ေခါင္းညိတ္လိုက္သည္။ အမွန္တကယ္လည္း စိတ္မဝင္စား။ Over confident ပဲဆိုဆို ဒီကေလးမသည္ သူႏွင့္ ၿပိဳင္ဘက္ျဖစ္မလာနိုင္မွန္း သူသိေနသည္။ အဓိကကေတာ့ ကိုယ့္ခ်စ္သူအေပၚမွာေရာ၊ ကိုယ့္ခ်စ္သူက ကိုယ့္အေပၚတြင္ထားေသာ ခ်စ္ျခင္းေမတၱာ၏ ေလးနက္မႈကို ယုံၾကည္မႈေၾကာင့္ဟုဆိုရမည္။
"ကဲ... ကိုသြားေတာ့မယ္"
"ဟ... ျပန္ၿပီ။ ဒီေလာက္ျမန္တယ္"
"ျမန္တယ္။ ဆိုင္မွာ စီစဥ္စရာေလး တခ်ိဳ႕ရွိေနလို႔။"
"ဒါဆိုလည္း လိုက္ပို႔မယ္။"
သၽွားအိမ္က ေျပာေျပာဆိုဆို ေရွ႕မွဦးေဆာင္ကာ ဆိုင္တံခါးကိုဖြင့္ေပးသည္။ သၽွန္ေနာင္ကေတာ့ ခ်စ္ရည္ရႊန္းလဲ့ေသာ အျပဳံးတခုျဖင့္ သၽွားအိမ္၏ အျပဳအမႈကို အသိအမွတ္ျပဳလိုက္သည္။
"ဟဲ့... ေက်ာ့ေက်ာ့ နင့္ကိုႀကီးက ဟုတ္ေရာဟုတ္ရဲ့လား။ ဟိုအစ္ကိုႀကီးရဲ့ ဆိုင္ရာပိုင္ရာႀကီးမ်ားလား။"
မႈံမႈံက ထိုအမ်ိဳးသားႏွစ္ဦးဆိုင္ထဲမွ ထြက္သြားပုံၾကည့္ကာ ေျပာလိုက္သည္။ ပုလဲေက်ာ့၏ ကိုႀကီးဆိုသူက ဟိုလူ၏ ခါးကိုဖက္သြားပုံမွာ ပိုင္စိုးပိုင္နင္းဆန္လွသည္။
"မျဖစ္နိုင္တာ။ နင္ BL ကားေတြ အၾကည့္လြန္ေနလို႔ျဖစ္မွာ။ သူတို႔က ဒီအတိုင္းပဲ အရမ္းခင္တာတဲ့။"
"ေအးပါဟယ္"
မႈံမႈံမွာ အားနာ၍ အင္းသာလိုက္လိုက္ရသည္။ စိတ္ထဲကေတာ့ သူမ မမွားဘူးဟု ထင္ေနဆဲ။ အိတုံကေတာ့ မ်က္ႏွာအိုအိုျဖင့္ ထိုင္ေနၿပီး ယြန္းမီကေတာ့ ပုလဲေက်ာ့၏ ဘူးခံကာ ဟန္ကိုယ့္ဖို႔လုပ္ေနေသာ မ်က္ႏွာကို လ်စ္လ်ဴရႈကာ....
"ငါတို႔ ၾကည့္ဖူးသမၽွ BL ေတြထဲက အတြဲနဲ႔မတူဘူးေနာ္။ ႏွစ္ေယာက္စလုံးက T လိုလို B လိုလိုနဲ႔။ ဘာမွန္းကို မသဲကြဲဘူး။"
ပုလဲေက်ာ့၏ မ်က္ေစာင္းက ယြန္းမီထံ ဒိုင္းခနဲေရာက္လာသည္။
"ယြန္းမီမေနာ္..."
"ခိခိ"
ယြန္းမီႏွင့္ ပုလဲေက်ာ့ဆိုသည္က ဤသို႔ပင္ ႂကြက္ႏွင့္ေၾကာင္ဆန္ဆန္ မတည့္အတူေန သူငယ္ခ်င္းမ်ိဳးျဖစ္သည္။
"ဟဲ့... နင့္ကိုႀကီး ျပန္ဝင္လာၿပီ"
ပုလဲေက်ာ့က မႈံမႈံ၏ သတိေပးစကားေၾကာင့္ လွည့္ၾကည့္လိုက္မိသည္။ သၽွားအိမ္မွာ မေတာ္တဆမ်က္လုံးခ်င္းဆုံသြားလၽွင္ ျပဳံးျပလာေသာ သူမအား ျပန္လည္ျပဳံးျပကာ သူမေလးတို႔၏ စားပြဲထံေလၽွာက္လာခဲ့သည္။ ဒီအတိုင္း မသိသလိုလုပ္ေနလၽွင္ မေကာင္းတတ္သလို တခ်ိန္တုန္းက ေမာင္ႏွမသဖြယ္ရင္းႏွီးခဲ့သည္ကိုလည္း ေထာက္ထားသင့္သည္ မဟုတ္လား။
"အဆင္ေျပၾကရဲ့လား ညီမတို႔"
"ဟုတ္"
ပုလဲေက်ာ့က ေရာင္လဲ့ေနေသာ မ်က္လုံးမ်ားျဖင့္ ေျဖၾကားလိုက္သည္။ သၽွားအိမ္ကေတာ့ မသိက်ိဳးကၽြန္ျပဳကာ...
"ေအး... ေအး... ၿပီးတာပါပဲ။ အစ္ကို အလုပ္တန္းလန္းႀကီးနဲ႔မို႔ သြားလိုက္ဦးမယ္။"
ပုလဲေက်ာ့မွာ ဘာမွ ထပ္မေျပာနိုင္ခင္ သၽွားအိမ္လွည့္ထြက္သြားေတာ့သည္။
"ေက်ာ့ေက်ာ့ေရ... နင္ လူႀကီးက မလြယ္ေက်ာႀကီးေနာ္။ ေခ်တာကလည္း လြန္ေရာ။ နင္ေတာ့ မစခင္ထဲက လမ္းဆုံးေနၿပီနဲ႔ တူတယ္။"
မႈံမႈံက သတိေပးရွာပါသည္။ သို႔ေသာ္ ပုလဲေက်ာ့က...
"ေအာင္မာ ငါက ပုလဲေက်ာ့ပါ။ ၾကည့္ေန။ သိပ္မၾကာဘူး ကိုႀကီးက ငါမွငါျဖစ္လာမွာ ေစာင့္ၾကည့္ေန။"
သူမက ေခါင္းေမာ့ရင္ေကာ့ကာ ေျပာလာပါေသာ္လည္း က်န္လူမ်ားက ေခါင္းတခါခါျဖင့္သာ... ေထာက္ခံေနပါေတာ့သည္။
--------------
"ကိုေတဇ... ကိုသူရ ကိစၥက ဘာျဖစ္ရတာတုန္း"
သၽွန္ေနာင္မွာ ေတဇထိုင္ေနေသာ Bar counter ေဘးတြင္ ဝင္ထိုင္ရင္းေမးလိုက္သည္။
"မင္း ဂ်ာနယ္ေတြထဲမွာ မဖတ္ရဘူးလားကြာ။"
"ဖတ္မိလို႔ ေမးေနတာေပါ့။ စာေစာင္ထဲမွာ ေျပာပုံအရေတာ့ ေခါင္ထိသြားတဲ့ပုံပဲ။ ကိုသူရျမတ္စံအေၾကာင္းသာ ကၽြန္ေတာ္ ေကာင္းေကာင္းမသိရင္ ယုံခ်င္စရာႀကီး။"
ေတဇက ဘာမၽွမေျပာပဲ ေရွ႕မွအရက္ခြက္ကိုသာ ၾကည့္ေနသည္။
"ကိုေတဇ...။ ခင္ဗ်ားမဟုတ္တဲ့အတိုင္း ပါးစပ္ႀကီးပိတ္မထားစမ္းပါနဲ႔။"
ေဘးနားတြင္လာ၍ ဂ်ီးဂ်ီးေဂ်ာင္ေဂ်ာင္လုပ္ေနေသာ အမ်ိဳးေကာင္းသား သၽွန္ေနာင္ေၾကာင့္ ဒီလူႏွင့္ေတြ႕ရန္ ဖန္တီးေသာ ဆိုးလွသည့္ သူ႔ကံကိုသာသူ အျပစ္တင္လိုက္ၿပီး...
"သၽွန္ေနာင္ရာ မင္းဟာေလ အေျခာက္လို႔မေျပာရဘူး။ ေတာ္ေတာ္ပြစိပြစိလုပ္နိုင္တာပဲ။"
သၽွန္ေနာင္က မၾကားဟန္ျပဳကာ...
"ေျပာစမ္းပါဦး။ ကိုသူရကိစၥ။ ကၽြန္ေတာ္က ဟိုေန႔က ခင္ဗ်ားတို႔လာၿပီး ေမးလားျမန္းလားလုပ္ေတာ့။ ဒီလိုပဲ Overtin ေဖ်ာ္ေနတာထင္လို႔။ ဘယ္လိုျဖစ္လို႔ သူ႔ကို ဝင္ဖမ္းတဲ့အဆင့္ေရာက္သြားရတာလဲ။"
"ငါေျပာရင္ မင္းယုံမွာမဟုတ္ဘူး။"
သၽွန္ေနာင္က ေမးေလးေထာက္ၿပီး ခပ္ျပဳံးျပဳံးျဖင့္....
"ေျပာၾကည့္ေလ။"
ေတဇက သက္ျပင္းခ်လိုက္မိပါသည္။
"အဲ့ဒီ့ကိစၥနဲ႔ ပတ္သက္ၿပီး ဘာဆိုဘာတစ္ခုမွ ေသေသခ်ာခ်ာ ငါမသိလိုက္ဘူး။ အားလုံးကို ခြန္တိုက္ဆန္းလုပ္သြားတာ။ ဝင္ဖမ္းမယ့္ေန႔မွ ငါဆီေရာက္လာၿပီး အားလုံးအသင့္ပဲဆိုၿပီး ငါ့ကို ကုပ္မဆြဲ႐ုံတမယ္ေခၚသြားလို႔ ပါသြားတာ။ အစက ခြန္တိုက္ဆန္း ေျပာတာက ဒီက ေခါင္ခ်ဳပ္ကိုဖမ္းမယ္ ဘာညာေပါ့။ ငါထင္တာက ဦးျမတ္ဘုန္းလၽွံေတာ့ သြားေတာ့မယ္ေပါ့။ ၿပီးေတာ့မွ သူရျမတ္စံကို ဘြဲထူးဂုဏ္ထူးနဲ႔ေခါင္းစဥ္တပ္ၿပီး သတင္းစာရွင္းလင္းပြဲလုပ္တာ။ အဲဒီေတာ့မွ ငါလည္း ေသာက္တလြဲေတြမွန္းသိတာ"
သၽွန္ေနာင္က အတန္ၾကာေအာင္ စိုက္ၾကည့္ၿပီး ေခါင္းကို တဆတ္ဆတ္ၿငိမ့္ကာ...
"ခင္ဗ်ားေျပာတာ မွန္တယ္။ ခင္ဗ်ားကို မယုံဘူး။"
ေတဇက "ငါေျပာတယ္မဟုတ္လား" ဆိုသည့္အၾကည့္ႏွင့္ၾကည့္လိုက္သည္။
"ဒီကိစၥနဲ႔ ပတ္သက္လို႔ ငါသိတာ ႏွစ္ခုပဲရွိတယ္။ အဲ့ဒီ့ပစၥည္းေတြက ဦးျမတ္ဘုန္းလၽွံရဲ့ ပစၥည္းေတြမဟုတ္ဘူး။ ေနာက္ၿပီး ဒီခြန္တိုက္ဆန္းဆိုတာ အလကားဒီကို ဆင္းလာတာမဟုတ္ဘူး။ တစ္ေယာက္ေယာက္ပင့္လိုက္လို႔ ဒီေရာက္လာတာ"
"ခင္ဗ်ားေျပာခ်င္တာက သူက တစ္ေယာက္ေယာက္ရဲ့ လက္ကိုင္တုတ္လို႔ ေျပာခ်င္တာလား။"
"ေအး..."
"ဒါဆို သူက ဘယ္သူ႔လက္ကိုင္တုတ္ျဖစ္မလဲ။"
"မသိဘူး။ ေသခ်ာတာေတာ့ ငါနဲ႔ partner မတူဘူး။ ဘယ္သူနဲ႔ ပတ္သက္မွန္းလည္း မသိဘူး။"
"အင္း... ဒါဆို စိတ္ဝင္စားစရာပဲ"
--------------------------------------
September 9, 2019 Monday
Edited on – Jan 31, 2021
--------------------------------------