အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 240K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 47

40.4K 2.9K 212
By OnyxAriezz

>>>>>Unicode<<<<<

"ဒါက မမေဇူးမောင်ရဲ့ အိမ်လားဟင်"

သျှားအိမ်မှာ ကားပေါ်မှ ဆင်းလာလာချင်း ခြံဝမှ အမျိုးသမီးတဦး၏ အသံကြောင့် လှည့်ကြည့်လိုက်လျှင် မဇူး၏ သူငယ်ချင်း မရတနာကို တွေ့လိုက်ရသည်။ သူမနဘေးတွင်လည်း ငယ်ရွယ်ကာ ချောမောလှပသည့် မိန်းမငယ်တစ်ဦးက အဖော်ပြုလျှက်။

"ဟုတ်ပါတယ် ခင်ဗျာ။ ကြွပါ..."

သျှားအိမ်က ဖော်ရွေပြူငှာလွန်းဟန်ဖြင့် ဆိုလိုက်လျှင်....

"ဪ... သျှားအိမ်... ငါက ဘယ်သူများလဲလို့။"

"အဟဲ... နေကောင်းတယ်နော် အစ်မ။"

သျှားအိမ်က ရယ်ကျဲကျဲနှုတ်ဆက်ရင်းမှ ဘေးက မိန်းမလှလေးကို သေချာကြည့်လိုက်သည်။ ထိုအခါမှ လွန်ခဲ့သော ၄ နှစ်ခန့်က သူစာပြပေးဖူးသည့် ၈ တန်း ကလေးမလေးတစ်ဦးကို မျက်စိထဲမြင်မိသည်။

"ဒါနဲ့ ဒါက ဂွက်ဂွက်မဟုတ်လား။"

"ကိုကြီးနော်... ပုလဲနာမည် ပုလဲကျော့ပါဆိုတယ်။"

ပုလဲကျော့က ချစ်စဖွယ်မူနွဲ့ဟန်ဖြင့်ဆိုလိုက်သည်။

"အေးပါဟာ... နင်က အခုလိုဆိုတော့ ငါက သိပ်မမှတ်မိလို့။ သေချာအောင် အိမ်ခေါ်နာမည် ခေါ်ကြည့်တာပါ။"

ဟုတ်ပါသည်။ ထိုစဉ်က ပါးကွက်ကြားများ ဖွေးနေအောင် ကွက်တတ်သော စာကြမ်းပိုး လေးလုံးမလေးက ယခုတော့ နှုတ်ခမ်းနီးပါနီးတို့ချယ်သထားသော လှကညာတစ်ပါးဖြစ်နေသည်မှာ ထင်မှတ်စရာမရှိ။

"ကဲ... နင်တို့ နှစ်ယောက်စကားပြောချင်ရင် အထဲမှပြော။ အပြင်မှာ ပူလိုက်တာ သေတော့မယ်။"

ရတနာက ဝင်ပြောလိုက်သည်။

"ဟုတ်သား... လာ... အထဲကို လာ။"

ထိုအခါက သျှားအိမ်က ထိုအမျိုးသမီးနှစ်ဦးကို ဦးဆောင်ကာ အိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။ သို့သော် အိမ်ဝတွင် ပက်ပင်းတွေ့ရသော ဖခင်ဖြစ်သူနှင့် မိထွေးတော် ဒေါ်နန္ဒာထိပ်ထားကြောင့် ခြေလှမ်းများတုံ့သွားရသည်။ ကံကောင်းထောက်မသည်ဟု ပြောရမလားမသိ။ မဇူးက တံခါးဝတွင် ရောက်နှင့်နေသည်။

"ဖေဖေတို့ပါလား။ ဟိုဘက်သွား...။ ကိုလွင်ရှိတယ်။ ဪ... နင်တောင် ပြန်လာပြီပဲ သျှားအိမ်"

မေဇူးမောင်က ဦးပဥ္စင်းများကို ကျောင်းတိုက်သို့ပြန်ပို့ပြီး ပြန်လာသော မောင်ဖြစ်သူကို ဆီးကြိုကာမေးလိုက်သည်။ တဆက်တည်းမှာပင် သျှားအိမ်နောက်မှ ပါလာသော ရတနာတို့ ညီအစ်မကို မြင်လျှင်...

" ဟယ်... ရတနာ... လာ... လာ... "

သျှားအိမ်တို့ သားအဖနှစ်ဦးမှာ ဖာသိဖာသာဖြင့် ကိုယ်စီအိမ်ထဲဝင်လိုက်သည်။ မဇူးကတော့ သူငယ်ချင်းဖြစ်သူ ရတနာကို အခြားသူငယ်ချင်းများရှိသော ဝိုင်းသို့ခေါ်ဆောင်သွားတော့သည်။

"ဟယ်... မြတ်ထွေးကြီး... နင့်မိန်းမလား။ လဒ ကလေးမုန့်ပေးကြိုက်ရလား။"

ရတနာက ဝိုင်းတွင်ထိုင်နေသော အသက်ကြီးကြီးအမျိုးသားနှင့် အသက်ငယ်ငယ်အမျိုးသမီးတို့အတွဲကို ကြည့်ပြီးနှက်လိုက်သည်။ ထိုလူ၏ဘေးမှ သူငယ်ချင်းမဖြစ်သူကတော့ ပျာပျာသလဲဖြင့်...

"ဟယ်... ရတနာ... လာလာ... ငါ့ ဘေးလာ။"

"မိနေနေ နင်ကတော့ အရင်ကအတိုင်းပဲ"

ရတနာက ညီမဖြစ်သူနှင့်အတူ ဝင်ထိုင်ရင်း ထိုအမျိုးသမီးကို နှုတ်ဆက်လိုက်သည်။ ထိုအမျိုးသမီးဘေးမှ အမျိုးသမီးက ဝင်ကာ...

"ဒါပေမယ့်... သူက အခုထိလည်း တစ်ယောက်တည်းလေ။"

"အောင်မာ... ဂဏန်းမ... နင်ကရော ဘာထူးလို့လဲ။"

ဂဏန်းမကလည်း အနိုင်မခံအရှုံးမပေး။

"ငါက ဇူးဇူးကို ယောင်းမတော်မို့ စောင့်နေတာ။ ဟုတ်တယ် မဟုတ်လား ယောင်းမ။ ပြောလိုက်စမ်းပါ။"

ဇူးဇူးက အသံတိတ်ကာ မချိုမချဉ်သာ ပြုံးနေလိုက်သည်။

"ဂဏန်းမ... နင်က အိုနေပြီ။ လွင့်လိုက်တော့...။ ဇူးဇူးက သဘောတူမယ့်တူ ငါ့ညီမလေးနဲ့ပဲ တူမှာပေါ့"

ရတနာက ရလျှင်ရသလို ဝင်ထည့်သေး၏။ ပုလဲကတော့ ရှက်သလိုပြုံးကာ မိမိ၏အရှေ့ဝိုင်းတွင် သူငယ်ချင်းကိုသိုက်တို့အတွဲနှင့် စကားလက်ဆုံကျနေသော သျှားအိမ်ကို မသိမသာကြည့်လိုက်သည်။ သူမ ဤကိုကြီးကို စတွေ့ကတည်းက တိတ်တခိုးစွဲလမ်းခဲ့ရဖူးသည် မဟုတ်ပါလား။

"ဒီက ညီမတို့ ဘေးလေးနည်းနည်းလောက်။ ပူမှာစိုးလို့..."

အစောက အသံတဆာဆာနှင့် အုပ်စုမှာ ခပ်သြရှရှအသံနှင့်အတူရောက်လာသည့် ဟင်းရည်လိုက်ပွဲလိုက်ပေးနေသော အမျိုးသားကြောင့် မီးကိုရေနှင့်သတ်လိုက်သလို ရှဲခနဲငြိမ်ကျသွားသည်။ လက်မောင်းအထိ ခေါက်တင်ထားသော အဖြူရောင် လည်ထောင်ရှပ်အင်္ကျီလေးနှင့် အနက်ရောင် ယောလုံချည်ကို ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ထားသော အဆိုပါအမျိုးသားသည် လူတိုင်း၏ စက္ခုအာရုံကို ဖမ်းစားနိုင်သည်အထိ လှပကာ ဆွဲဆောင်အား ကောင်းလွန်းပါသည်။ စားပွဲရှိ လူအားလုံး၏ မျက်လုံးများက ထိုသူ့ထံတွင်သာ ဝဲနေသော်လည်း ထိုသူကတော့ အနှောင့်အယှက်ဖြစ်ဟန် စိုးစင်းမျှပင်မရှိ။ သူလုပ်စရာရှိသည့် ဟင်းရည်ထည့်ခြင်း အလုပ်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်လျှက် အခြားဝိုင်းသို့ ထွက်သွားတော့သည်။

"ဟဲ့... ဇူးဇူး... နင်ကလည်း နေနိုင်လိုက်တာ။ ငါတို့ကို နင့်အမျိုးသားနဲ့တော့ မိတ်ဆက်မပေးဘူး။"

မိနေနေဆိုသော အမျိုးသမီးက မေဇူးမောင်ကို ပြောလျှင် မေဇူးမောင်မှာ သက်ပြင်းချကာ...

"မိတ်ဆက်ပေးရအောင် သူမှမရှိတာ"

တကယ်လည်း အိမ်မှာမရှိ။ မနေ့ကတည်းက အလုပ်ကို အကြောင်းပြသည်လား၊ တကယ်လားမသိ။ အိမ်မပြန်လာ။ ယနေ့ အလှူအမှီလာမည်ဟုတော့ဆိုသည်။ ဦးပဥ္စင်းများကို ပြန်ပို့ပေးသည့် သျှားအိမ်ပင် ပြန်လာပြီ။ ထိုလူကတော့ အရိပ်အယောင်မျှပင် မတွေ့သေး။ မည်သို့ဖြစ်စေ ထိုသူရှိခြင်း၊ မရှိခြင်းသည် သူမအတွက် ပြဿနာမဟုတ်။ မရှိလေ ကောင်းလေပင်။ ထိုသူကလည်း ရန်ကုန်ရောက်ကတည်းက သူမအား ရှောင်ဖယ်ရှောင်ဖယ်ရယ်။ ကြည့်ရသည်မှာ ရည်းစားဟောင်းနှင့် ပြန်ပေါင်းထုတ်နေတာလား မသိ။ ပြန်ပေါင်းထုတ်လည်း သူမ ဂရုမစိုက်ပါ။

"ဟဲ့... အဲ့ဒီ့ တစ်ယောက်က နင့်‌ယောက်ျား မဟုတ်ဘူးလား။"

မေဇူးမောင်မှာ သူငယ်ချင်းမမတို့၏ မေးဆတ်ပြသော လူကို ကြည့်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရပါသည်။ ထိုသူက အစောက ဟင်းရည်လာထည့်ပေးသော သျှန်နောင်!

"ဘုရား... ပေါက်ရလေးဆယ်တွေ။ အဲ့ဒါ ငါ့အမျိုးသားမဟုတ်ဘူး။"

"ဒါဆို ဘယ်သူလဲ..."

အားလုံးက သူမ၏ နှုတ်ဖြားမှ ထွက်လာမည့်အဖြေအား ငံလင့်နေသည့် မျက်လုံးများဖြင့်။

"သူက... ဘယ်လိုပြောရမလဲ.... အဲ....ငါ့ယောက္ခထီးရဲ့ ယောက်ဖ... ငါ့မောင်ရဲ့ အရင်းနှီးဆုံးလူ"

"ဪ...ဪ... ငယ်ငယ်လေးရှိသေးတာပဲ။"

မိနေနေက သျှန်နောင်အားကြည့်ရင်း မှတ်ချက်ပေးလာသည်။

"အေး... ငါတို့နဲ့မှ ရွယ်တူလေ။"

"ဟမ်... တကယ်?"

ဒီတကြိမ်တွင် မိနေနေနှင့် ဂဏန်းမပါမက ရတနာပါ တအံ့တသြဖြင့် ပြိုင်တူလို ပြောလာတော့သည်။ သို့သော် ချက်ချင်းဆိုသလို ဂဏန်းမက အတွေးပေါက်သွားဟန်ဖြင့်...

"ရွယ်တူဆိုတော့ ပိုကောင်းတာပေါ့။ ဒါနဲ့သူ့မှာ ကောင်မလေးတွေ မိန်းမတွေ မရှိဘူးလား။"

"ဟဲ့... ဂဏန်းမ... နင် အစောကပြောတော့ ဇူးဇူးယောင်းမလုပ်မလို့ဆို...။ အခုတော့ ပစ်မှတ်ပြောင်းသွားပြန်ပြီလား။"

ရတနာက ဝင်ထောက်လိုက်လျှင်...

"ရတနာ နင်သိရင် ငြိမ်ငြိမ်နေစမ်း။ ဇူးဇူး ငါမေးတာသာဖြေစမ်းပါ။"

"အင်း.... သူက မိန်းမနဲ့ ပတ်သက်ရင် ကင်းကင်းရှင်းရှင်းပဲ။"

မေဇူးမောင်၏ အဖြေက ဂဏန်းမ၏မျက်လုံးများကို ကျေနပ်မှုဖြင့် အရောင်လဲ့သွားစေသည်။ ကျန်လူအားလုံးကတော့ အစောထဲက ဘရုတ်ကျကာ ရဲရဲတင်းတင်းရှိသော သူမကိုကြည့်ကာ ခေါင်းတခါခါဖြင့်။ မေဇူးမောင်ကတော့ ဂဏန်းမ နားလည်အောင် မည်သို့ရှင်းပြရမလဲသာ စဉ်းစားနေသည်။

သျှန်နောင်မှာမူ ရောက်လာကတည်းက သူ့အား အဖက်မတန်သလိုလုပ်နေသော ဦးခွန်မင်းထိုက်နှင့် မင်းလွင်အား သျှန်နောင် စိတ်ပျက်မိပါသည်။ ယဉ်ကျေးသမှုနှင့် သူချပေးသည့် ဟင်းရည်ထည့်ထားပြီးသာ ပန်းကန်ကို တို့ကနန်းဆိတ်ကနန်းမျှပင် မလုပ်ပဲ မုန့်ပန်းကန်များကို လိုက်လံချပေးနေသော အိမ်အကူကောင်မလေးကို ပန်းကန်အသစ်တောင်းနေလေသည်။ ဤမျှ လူရှေ့တွင်မှာပင် ဟန်မဆောင်နိုင်လောက်အောင် ဖြစ်နေသော ထိုလူများကို မြင်ပြင်းကပ်လာသည်ဖြစ်ရာ အိမ်အကူကောင်မလေးကို မုန့်ဖတ်ထည့်ထားသော ပန်းကန်များကိုသာ ချပေးရန်နှင့် ထိုသူများ ဟင်းရည်တောင်းလျှင် သူသာထည့်ပေးမည်ဖြစ်ကြောင်းပြောကာ ထိုလူများရှေ့မုန့်ပန်းကန်များရောက်လျှင် တမင်ပင် လျစ်လျူရှုထားလိုက်သည်။ ဟင်းရည်မပါသော မုန့်ပွဲကြီးကို တလှည့်ကြည့်ရင်း ဟင်းရည်တောင်းရန် ဟိုဟိုသည်သည် ကြည့်ပါသော်ငြား ဟင်းရည်လိုက်ပေးသော လူမှာ သျှန်နောင်တဦးတည်းသာရှိသည်တွင် အကျပ်ရိုက်နေသော ထိုမျက်နှာများကို ကြည့်ကာ သျှန်နောင် ကြိတ်၍ ပြုံးလိုက်ပါသည်။ စောင့်ပေဦးတော့ မာနရှင်ကြီးတွေရေ။ သူကတော့ ခေါ်လည်း လာ၍ ထည့်ပေးလိမ့်မည်မဟုတ်။

"ဟေ့... Baby... အတော်ပဲ... လာ... ဒီကိုလာ။"

သျှားအိမ်မှာ ကိုသိုက်တို့အတွက် အချိုပွဲယူစဉ် ဟင်းရည်ခတ်ရန် အနောက်သို့ ဝင်လာသော ချစ်သူနှင့် ပက်ပင်းတိုးသဖြင့် လူရှင်းသည့် မီးဖိုချောင်နားမှ စတိုခန်းလေးထဲ ခေါ်သွင်းကာ...

"ပင်ပန်းနေပြီလား Baby။ နဖူးမှာလည်း ချွေးတွေနဲ့..."

သျှားအိမ်က ပြောပြောဆိုဆို သူ့လက်ထဲမှ အချိုပွဲလေးကို ဘေးရှိခုံတစ်လုံးတွင် တင်လိုက်ပြီး ရှပ်အင်္ကျီအိပ်ထောင်ထဲမှ လက်ကိုင်ပဝါလေးကို ယူကာ ချစ်သူ၏ နဖူးရှိ ချွေးများကို ယုယုယယ သုတ်ပေးလိုက်သည်။

"ကျေးဇူး...။ မောင်ရော မောနေပြီလား။"

သျှန်နောင်က အတွင်းသို့ခေါက်ဝင်နေသော ချစ်သူ၏ လည်ထောင်ကော်လာလေးကို အပြင်သို့ ပြန်ထုတ်ပေးလိုက်သည်။ ထို့နောက် ခဲရောင်ယောပုဆိုးဖြင့်တွဲဝတ်ထားသော ထိုအနက်ရောင်လည်ကတုံးရှပ်အင်္ကျီလေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးရင်းမှ မြင်ရခဲလှသည့် ချစ်သူ၏ မြန်မာဆန်ဆန် ခန့်ညားမှုကို တနင့်တပိုး ခံစားနေမိသည်။

"မမောပါဘူး။ မောမယ့်မော မဇူးပဲ မောမှာ။ မောင့်ချစ်သူသာမပါရင် သူ ဗျာများတော့မှာ"

ဟုတ်တော့လည်း ဟုတ်သည်။ မဇူးက အချက်အပြုတ်ကို နိုင်နင်းသော်လည်း ဧည့်ခံရမည့်ကိစ္စကို မေ့လျော့သွားဟန်တူသည်။ အလှူလုပ်တာ သူမနှင့် အိမ်အကူများပေါင်းမှ လူက ငါးယောက်။ အစကထင်သည်မှာ ဈာန်လင်းခန့်ရှိလိမ့်မည်ဖြစ်ရာ သိပ်တော့ပူဖို့မလို။ သို့သော် မနေ့က ဖုန်းဆက်၍ ဘုန်းကြီးများကို ပင့်ပေးရန် ပြောလာ၍ မေးကြည့်လိုက်တော့မှ အိမ်အကူလေး လေးယောက်သာရှိသည်တဲ့။ ဧည့်သည်က ဘယ်နှစ်ယောက်လဲဆိုတော့.... ခြောက်ဆယ်တဲ့။ အားလုံးကို ၈ နာရီကနေ ၁၂ နာရီကြားလာရန်ပြောထားသည်တဲ့။ ထိုကတည်းက သျှားအိမ် သိလိုက်သည်။ ဧည်သည်တွေသာ တပြုံကြီးလာလို့ကတော့ ကသောင်းကနင်းဖြစ်တော့မည်။ ထို့ကြောင့် နောက်ဆုံးမလိုက်ပါဟု အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်နေသော ချစ်သူကို ချောဆွဲရတော့သည်။ ထင်သည့်အတိုင်းပင် ဧည့်သည်များက ဘုန်းကြီးများကို ပြန်ပို့တုန်းရှိသေး တဖွဲဖွဲရောက်လာတော့သည်။

"အင်း... ကိုယ့်ဂုဏ်ကိုယ်ဖော်တာမဟုတ်ပေမယ့် လိုက်လာမိတာ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ခင်ဗျားလေးအစ်မတော့ စောစောစီးစီး ကလေးထွက်ကိန်းမြင်နေတယ်။"

သျှန်နောင်မှာ ဦးပဥ္စင်းများပြန်ကြွသွားလျှင် ကိုယ်ဝန်ကြီးဖြင့် ဟင်းရည်ချိုင့်ကြီးမကာ အိမ်ရှေ့သို့ထွက်လာသော မေဇူးမောင်ကြောင့် မျက်လုံးပြူးသွားတော့သည်။ ကလေးအဖေအရင်းကတော့ တွေ့လျှင်မည်သို့နေမည်မသိသော်လည်း သျှန်နောင်မှာတော့ ရင်တွေပင်တုန်သွားရကာ ကပျာကယာပင် ဟင်းရည်ချိုင့်ကြီးကို ဆွဲယူလိုက်ပြီး မေဇူးမောင်ကို ဧည့်ခံရန်သာ တောင်းပန်ရတော့သည်။

"ဟုတ်တယ်... ဟုတ်တယ်...။ ဒါကြောင့် Baby ကို အနမ်းနဲ့ ဆုချရမယ်။"

သျှားအိမ်က သျှန်နောင်၏ နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။ သျှန်နောင်ကတော့ တွေး၍မရ...

"ဘာဆိုင်လို့တုန်း"

"မဆိုင်ဆိုင်၊ ဆိုင်ဆိုင် နမ်းချင်လို့နမ်းတယ်ကွာ...။ ကဲ... ထပ်နမ်းတယ်ကွာ...။"

သျှားအိမ်က ချစ်သူ၏ ပါးနှစ်ဖက်ကာ အားမနာတမ်းနမ်းနေပြန်သည်။ ထိုစဉ် တံခါးဝနားမှ အမျိုးသမီးသံတစ်ခုက...

"ဟင်းရည်လိုက်ပွဲ လိုက်ပေးတဲ့တစ်ယောက် ဘယ်ရောက်သွားလဲမသိ။"

သျှန်နောင်မှာ ချစ်သူ့အနမ်းကို ကြည်နူးမလို့ကြံရုံရှိသေးသည်။ အဖျက်က ဝင်လာသဖြင့် သက်ပြင်းချကာ...

"လာပြီ... လာပြီ...."

အပြင်မှ တစ်ယောက်ကို အသံပေးပြီးသည်နှင့် အလျှင်အမြန်ခြေဖျားထောက်ကာ သျှားအိမ်၏ နဖူးကိုနမ်းလိုက်ပြီး...

"သွားတော့မယ်"

"အင်း"

ဂဏန်းမက စတိုခန်းလိုအခန်းထဲမှ ဟင်းရည်ချိုင့်ကြီးကိုင်ကာ ထွက်လာသော ထိုလူချောကို ကြည့်ကာ ပြုံးလိုက်သည်။

"ဟင်းရည်လေးလိုချင်လို့ ဒီက အစ်ကို့ကိုလိုက်ရှာနေတာ။"

"ဪ... ဟုတ်...။"

သျှန်နောင်မှာ ထိုမိန်းမချော၏ ရင်နှီးကျွမ်းဝင်နေဟန် အပြုံးကို လူမှုရေးဆန်ဆန် အပြုံးတခုနှင့် သာမာန်ကာရှံကာပင် တုံ့ပြန်လိုက်ပါသည်။ သို့သော် ထိုအမျိုးသမီးက အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏ လက်မောင်းတစ်ဖက်ကို ကိုင်ဆွဲကာ သူမ၏ စားပွဲသို့ ခေါ်ဆောင်ရန် ခြေလှမ်းပြင်လိုက်ချိန်တွင်....

"ကိုသျှန်နောင်..."

ချစ်သူ၏အသံ ချိုချိုသြသြနှင့်အတူ လက်ကောက်ဝတ်၌ရစ်ပတ်လာသော သံမဏိကဲ့သို့ မြဲမြံလှသည့် လက်ချောင်းသွယ်သွယ်တို့ကြောင့် ခြေလှမ်းတို့မှာ တိခနဲရပ်သွားရသည်။

"ဟင်?"

သူ့အား ယောင်နနနှင့် ကြည့်နေသော သျှန်နောင်ကို ပြုံးပြလိုက်ပြီး လက်ထဲမှ ဟင်းရည်ချိုင့်ကို ဆွဲယူကာ ထိုလစ်ဟာသွားသော လက်ချောင်းနုနုလေးများထဲသို့ သူလက်ထဲမှ အချိုပွဲပန်းကန်ကို ထိုးထည့်ပေးလိုက်ပြီး....

"ဒီအချိုပွဲကို ကိုသိုက်တို့ဝိုင်းကို သွားချပေးလိုက်...။ ကိုယ်တလှည့် ဟင်းရည်လိုက်ပေးလိုက်ဦးမယ်။"

"......"

"လာ.... အစ်မ"

သျှားအိမ်က နားမလည်သလို မျက်နှာဖြင့် သူ့အားကြည့်နေသော သျှန်နောင်အား ထားရစ်ကာ ဂဏန်းမနှင့်အတူ မဇူး၏ သူငယ်ချင်းများရှိရာဝိုင်းသို့ မြန်မြန်ဆန်ဆန် ထွက်လာခဲ့သည်။ အစောကတော့ ကိုသိုက်တို့ပြန်မှ ဟင်းရည်လိုက်ခြင်းအလုပ်ကို လူလဲမလို့ပင်။ သို့သော် အခန်းထဲမှထွက်ထွက်ခြင်းတွေ့လိုက်ရသည့် ထိုအမျိုးသမီးကြောင့် အစီအစဉ်ပြောင်းလိုက်ခြင်းဖြစ်သည်။ ထိုလူ့ကို ဂဏန်းမဆိုသည့် အမျိုးသမီးနားထား၍ မဖြစ်။ မဇူတို့ဝိုင်းက ပြောနေသည်များကို သူကြားပါသည်။ ဂဏန်းမဆိုသည့် အမျိုးသမီးက သူ့ချစ်သူကို မျက်စိကျနေကြောင်းလည်း သိလိုက်ရပါ၏။ ကိုယ့်ချစ်သူကိုယ် မယုံ၍ မဟုတ်သော်ငြား တဖက်လူကို စိတ်မချ။ အခုတောင်မှ ထိုအမျိုးသမီးက လက်ရဲဇက်ရဲ... သူ့ချစ်သူကို ထိလားကိုင်လားနှင့်။

ဂဏန်းမမှာ သူမ၏ တိုက်စစ်ပျက်သွားသဖြင့် စိတ်ထဲတော့ ကသိကအောက်ဖြစ်မိသည်။ သို့သော် ထိုအမျိုးသားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေသော အကြည့်တို့က သူမစိတ်ထဲတွင် တမျိုးကြီးပင်။ ထို့ပြင် ထိုသူနှစ်ဦးကြားတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန်ဆွဲငင်နေသော သံလိုက်စက်ကွင်းတခုခုပဲရှိနေသလိုလို။ မဟုတ်မှလွဲရော....!

ဂဏန်းမက အတွေးကမ္ဘာထဲတွင် တဝဲလည်လည်ရှိစဉ် ပုလဲကျော့ကတော့.....

"ကိုကြီး ပုလဲကိုပါ ဟင်းရည်နည်းနည်းလောက်"

"ရော့ပါဗျာ"

"အာ... များသွားပြီ"

"စားစမ်းပါ... ဂွက်ဂွက်ရာ..."

"ကိုကြီး... ပုလဲကို အဲ့ဒီလို မခေါ်ပါနဲ့ဆို!"

ပုလဲကျော့က သူမထံဝင်လာသည့်အခွင့်အရေးကို လက်လွတ်မခံ။ သျှားအိမ်ကို မျက်စောင်းလှလှလေးတခု ပစ်သွင်းကာ စိတ်ဆိုးဟန်ပြုလိုက်သည်။ စိတ်ကတော့... 'E major မှ Queen ကို မှမကြွေလျှင် ဘယ်လိုလူကိုကြွေမှာလဲ ရှင်ကြီးရဲ့ 'ဟုသာ မေးလိုက်ချင်သည်။

"sorry ပါကွာ"

သျှားအိမ်က ရယ်ရယ်မောမောပင် တောင်းပန်လိုက်သည်။ ပုလဲကျော့မှာ သျှားအိမ်၏ ရယ်မောသံချိုချိုကို ယစ်မူးနေ၍ မျက်နှာချင်းဆိုင်ရှိဝိုင်းမှ အကြည့်စူးစူးတို့ကို မမြင်သော်ငြား ဂဏန်းမကတော့ မြင်ဖြစ်အောင်မြင်လိုက်သည်။

"ဘုရား..."

သူမ၏ နှုတ်ဖျားမှ လျှံကြလာသော အာမေဋိတ်အသံကြောင့် မိနေနေနှင့် ရတနာက ကြည့်ကာ ပြိုင်တူပင်...

"ဘာဖြစ်တာလဲ"

ဂဏန်းမ ခေါင်းသာခါပြလိုက်သည်။ စိတ်ထဲကတော့ သူမအဖြစ်ကိုသူမတွေးကာ ရယ်ရမလား ငိုရမလား မသိတော့။

သျှန်နောင်မှာ ချစ်သူမှာသည့်အတိုင်း အချိုပွဲပန်းကန်ကို ချပေးရင်း အရှေ့ဝိုင်းတွင် အသားဖြူဖြူနှင့် မိန်းကလေးကို ရယ်လားမောလားဖြင့် ဟင်းရည်ထည့်ပေးနေသော ချစ်သူ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်သည်။ သေချာသည်ကတော့ ထိုမိန်းမငယ်လေးက သူ့ချစ်သူအား တိမ်းညွှန်နေဟန်အထင်းသား။ စိတ်ထဲတွင် တင်းခနဲ ခံစားချက်နှင့်အတူ ချစ်သူ၏ အမူအယာတို့ကို အသေးစိတ်လိုက်ကြည့်နေမိသည်။ သျှားအိမ်သည် ထိုမိန်းကလေးကို စိတ်ဝင်စားဟန်မရှိကြောင်း သေချာတော့မှ သူစိတ်အေးသွားရသည်။

"ဟင်းရည်လိုက်ပွဲဆရာကြီး... ဒီဘက်ဝိုင်းကိုလည်း ဟင်းရည်လေး နည်းနည်းလောက်"

ကိုသိုက်က ဟင်းရည်ချိုင့်တခုနှင့် လက်မလည်အောင်ရှိသော သျှားအိမ်ကို ခပ်နောက်နောက်ဖြင့် လှမ်းခေါ်လိုက်သည်။

"ဟုတ်ကဲ့ လာပါပြီ ခင်ဗျာ"

သျှားအိမ်ကလည်း ကိုသိုက်၏ လေသံကို တုပကာ ဖြေကြားရင်းမှ ကိုသိုက်နှင့် ယုယတို့ရှိရာဝိုင်းသို့ ဟင်းရည်ချိုင့်တစ်လုံးဖြင့် ရောက်လာတော့သည်။

"ကျေးဇူးပါပဲ ခင်ဗျာ"

ကိုသိုက်က ဟင်းရည်ထည့်ပေးသော သျှားအိမ်အား ကျေးဇူးတင်ကြောင်း ပြောပြီးလျှင် အသာအနားကပ်ကာ...

"ဟေ့ကောင် ကြည့်နေကြည့်ထိုင်နော်။ မင်းရဲ့ ကလေးကြီးက မင်းရှေ့ရှိတာလည်း သတိရဦး။"

ကိုသိုက်မှာ သျှားအိမ်၏ ကိုယ်ရေးကိုယ်တာကို မစွက်လိုပါသော်လည်း သတိပေးမှ ဖြစ်မည်မို့ သတိပေးလိုက်ရပါသည်။

"ဟ... ငါက ဘာလုပ်နေလို့လဲ။"

"မင်း အဲ့ဒီ့ကောင်မလေးနဲ့ ရယ်လားမောလားလုပ်နေတာကို မင်းကလေးကြီးက သေချာကြည့်သွားတာနော်။ ငါတောင် ကြက်သီးထတယ်။"

ကိုသိုက် တကယ်လည်း ကြက်သီးထမိပါသည်။ သျှန်နောင်လို အေးဆေးသိမ်မွေ့သူ တစ်ဦးထံတွင် ဤသို့ ကြက်သီးထဖို့ကောင်းသည့် အကြည့်မျိုးရှိလိမ့်မည်ဟု တခါမျှမထင်ခဲ့ဘူးပေ။ သူကသာ သတိပေးနေတာ သျှားအိမ်ကတော့ မကျေနပ်သလိုလို လအော့လအယ် မျက်နှာဘေးဖြင့်။ ဒီကောင် ရူးနေလားမသိ။

"အေးပါကွာ။"

သျှားအိမ်က ကိုသိုက်၏ သတိပေးချက်ကို အသိအမှတ်ပြုသည့်အနေဖြင့်သာ ပြန်ဖြေလိုက်သည်။ သူ့ရင်ထဲတွင်တော့ မကျေနပ်။ ချစ်သူ၏ သဝန်တိုနေသော မျက်နှာလေးကို မမြင်လိုက်ရဘူးမဟုတ်လား။ စိတ်ထဲကတော့ မှန်းဆမိပါသည်။ တော်တော်တော့ ချစ်စရာကောင်းမည်ဆိုသည်ကို။

"မော....အဲ...အဲ... ကိုသျှားအိမ်"

သျှန်နောင်မှာ ထိုနှုတ်ကျိုးနေသော နာမည်ကိုခေါ်မည့်မလိုဖြစ်သွားသည့် ပါးစပ်ကို မနည်း ဘရိတ်အုပ်လိုက်ရသည်။

"ပြော...."

သူ့အကြောင်း ပြောတုန်းရှိသေးသည် သူ့နားရောက်လာသော ချစ်သူကို ကြည့်လိုက်သည်။ ဒီလူ အသက်တော့ ရှည်ဦးမည်။ မည်သို့ဖြစ်စေ ကြည်ကြည်လင်လင်ရှိသော အကြည့်များကြောင့် ကိုသိုက်တစ်ယောက်များ နောက်ပြောနေသည်လားဟုပင် တွေးထင်လိုက်မိသည်။

"ကိတ်မုန့်ဘူးတွေ ကားထဲမှာ ရှိသေးလား။"

ထိုအခါကျမှပင် မုန့်ဘူးများချရန် မေ့လျော့သွားသောအဖြစ်ကို သတိရတော့သည်။

"အာ... ဟုတ်တယ်။ ရှိတယ်။ ကိုယ်ချဖို့မေ့သွားတယ်။"

သျှန်နောင်က "ဖြစ်ရမယ်"ဆိုသည့် မျက်လုံးဖြင့် ခပ်ပြုံးပြုံးပင်...

"ဒါဆို သော့ ခဏလောက်"

သျှားအိမ်က ခါးတွင်ချိတ်ထားသော သော့ကို ပေးလိုက်သည်။

"ရော့"

သျှန်နောင်က ကမ်းပေးသော သော့ကိုယူကာ ခြံထဲတွင် ရပ်ထားသော ကားနောက်ဖုံးထဲမှ ကိတ်မုန့်ဘူးများကို နိုင်သလောက်ထပ်၍ မလိုက်သည်။ ထို့နောက် ကားနောက်ဖုံးကို ပိတ်၍ လှည့်အတွက် အနောက်တွင် ရှိနေသော လူတစ်ဦးနှင့် တိုက်မိကာ...

"အိုး..."

သျှန်နောင်မှာ ကိတ်မုန့်ဘူးများမကျအောင် မနည်းဟန်ချက်ထိန်းလိုက်ရသည်။ ချစ်သူ တပင်တပန်းလုပ်ထားသော မုန့်များကို အလဟသတ်မဖြစ်စေလိုပါ။

"အာ... sorry.. sorry ... ငယ်။"

ဈာန်လင်းခန့်ကပါ မုန့်ဘူးများကို ဝိုင်းထိန်းပေးရင်း သျှန်နောင်ကို တောင်းပန်လိုက်သည်။ တချိန်တည်းမှာပင် အသံမပေးပဲ အနားသွားကပ်မိသော မိမိကိုယ်မိမိသာ စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။

"ငယ်... ဘာဖြစ်သွားသေးလဲ။"

ဈာန်လင်းခန့်က စိုးရိမ်တကြီးဖြင့် မေးလိုက်ပါသော်လည်း သျှန်နောင်ကတော့ သူ့အား လမ်းတွင်တိုက်မိသော သူစိမ်းတစ်ယောက်ကို ပြောဆိုဆက်ဆံသော လေသံဖြင့်...

"ရပါတယ်"

"ကို ကူသယ်ပေးမယ်လေ။"

"ရတယ်။ ကျွန်တော် နိုင်တယ်။"

သျှန်နောင်က ငြင်းဆန်ကာ လှည့်ထွက်သွားရန် ပြင်လိုက်ပါသော်လည်း ဈာန်လင်းခန့်က သျှန်နောင်ထံမှ မုန့်ဘူးတချို့ကို အတင်းယူကာ...

"ပေးစမ်းပါ"

လူအများရှေ့တွင် ကိုယ့်သိက္ခာကိုယ် ထောက်ညှာ၍ ဘာမှမပြောတော့။ ထို့ပြင် မဇူး မျက်နှာလည်း ထောက်သင့်သည်မဟုတ်လား။ နောက်ဖုံးထဲတွင် ကျန်ရှိနေသေးသော မုန့်ဘူးများကို ယူကာ အိမ်ထဲသို့ ဦးဆောင်ကာ ဝင်ခဲ့ပါသည်။

သျှားအိမ်မှာ မဇူး၏ ယောက္ခထီးနှင့် ဇနီးဖြစ်သူအား ဟင်းရည်ထည့်ပေးနေရင်းမှ မျက်စိရှေ့တွင် မုန့်ဘူးများနှင့် ဖြတ်လျှောက်သွားသော လူနှစ်ယောက်ကြောင့် မျက်မှောင်ကြုတ်မိတော့သည်။ အဓိကကတော့ ချစ်သူနောက်မှ ထပ်ချပ်မကွာလိုက်သွားသော ယောက်ဖတော်ကြောင့်ဖြစ်သည်။

"ဟွန်း... မရှက်တတ်ဘူးနဲ့ တူတယ်။"

နန်းနောင်က ခင်ပွန်းဖြစ်သူ ကြားအောင် မကြားတကြားပြောလိုက်သော်လည်း ဦးဇေဟိန်းက မကြားသလိုလုပ်နေလိုက်သည်။ သျှားအိမ်မှာ နန်းနောင်ကို တွေ့သမျှအကြိမ်တိုင်း ကန့်လန့်ချည်းကြားနေရသမျှ ဒီတကြိမ်ကတော့ ချွင်းချက်ဟုဆိုရပေမည်။ မေဇူးမောင်ကတော့ နန်းနောင်ပြောသည်ကို နားမလည်သော်ငြား အရေးအရာလုပ်မနေ။ ယောက္ခထီးနှင့် တစ်ဝိုင်းတည်းထိုင်နေသော သူမ၏ ဖခင်နှင့် မောင်ကိုသာ...

"အဖေနဲ့ ကိုလွင် ခဏနေဦး ဇူး... အချိုပွဲ သွားယူလိုက်ဦးမယ်။" ဟုဆိုကာ အချိုပွဲများထားသည့်အခန်းသို့ထွက်ခဲ့သည်။ သို့သော်....

သျှန်နောင်က ကိတ်မုန့်များကို အချိုပွဲပြင်သည့် စားပွဲဘေးတွင် ဦးစွာချလိုက်ပြီး ဈာန်လင်းခန့်ထံမှ မုန့်ဘူးများကို လှမ်းယူလိုက်သည်။

"နေပါစေ ငယ်"

ဈာန်လင်းခန့်က မုန့်ဘူးများကို သျှန်နောင်ချထားသော ဘူးများဘေးတွင် ချလိုက်သည်။ သူ့အား အံ့ကြိတ်ကာ ကြည့်နေသော သျှန်နောင်ကိုလည်း မမြင်သလို။ သူတို့နောက်မှ ကပ်ပါလာသော မေဇူးမောင်ကိုလည်း နှစ်ဦးစလုံး သတိမထားမိကြ။ မေဇူးမောင်မှာ "ငယ်" ဟူသော ခေါ်သံကြောင့် အခန်းထဲသို့ ဝင်ခါနီး ခြေလှမ်းများတုံ့ခနဲဖြစ်သွားကာ ကပျာကယာ အခန်းဝနံရံတွင် ကိုယ်ကို ပြေးကပ်ကာ ပုန်းနေလိုက်သည်။

"ကိုဈာန်လင်းခန့် .... ခင်ဗျားကို ကျွန်တော်ပြောပေါင်းလည်းများပြီ။ ကျွန်တော့်ကို "ငယ်"လို့ မခေါ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ။ ကျွန်တော် မကြိုက်ဘူး။"

"Sorry ပါကွာ။ ကိုယ် နှုတ်ကျိုးနေလို့ပါ။ ဒီနာမည်တောင်မဟုတ်ဘူး ကိုယ်နှလုံးသားတောင် မင်းအပေါ်ထားတဲ့ အချစ်တွေနဲ့ ခေါက်ရိုးကျိုးနေတယ်လေ။"

"ကိုဈာန်လင်းခန့်! ခင်ဗျား မရှက်ဘူးလား။"

"ကိုက ဘာကို ရှက်ရမှာလဲ။ ကိုချစ်ခဲ့တဲ့... ကိုချစ်နေသေးတဲ့ လူအပေါ် ချစ်တယ်ပြောတာ ဘာကို ရှက်ရမှာလဲ။ အချစ်သစ်ပေါ်လာလို့ အချစ်ဟောင်းကို ပစ်ပစ်ခါခါဖြစ်နေတာမှ မဟုတ်ဘဲ။"

"ခင်ဗျား!"

ဈာန်လင်းခန့်မှာ သူ့အား စိတ်ပျက်ခြင်းတစ်ဝက် ဒေါသထွက်ခြင်းတဝက်ဖြင့် ကြည့်နေသော သျှန်နောင်ကို ခနဲ့တဲ့တဲ့ပြုံးကာ...

"ဘာလဲ ငယ်။ ကိုပြောတာတွေ မှားနေလို့လား။"

သျှန်နောင် ဒေါသတကြီးဖြင့် ထိုလူအားကြည့်လိုက်ပါသည်။ တချိန်က တည်ကြည်လေးနက်ပါသည်ဟု ထင်ခဲ့ပါသော ထိုလူသည် ယခုကဲ့သို့ ဘလောင်းဘလဲနှင့် အပြောင်းအလဲများသောလူ ဖြစ်မှန်း မတွေးခဲ့မိပါ။ တချိန်က မြတ်နိုးကြင်နာရပါသော ထိုလူသည် ဤမျှ ရွံမုန်းစရာကောင်းသော ‌ယောက်ျားတစ်ဦးဖြစ်လာလိမ့်မည်ဟုလည်း မထင်ခဲ့မိပါ။ တချိန်က သာယာနာပျော်ဖွယ်ရာ ထိုစကားလုံးတို့သည်လည်း ယခုတော့ နားထဲသို့ သံရည်ပူပူတို့ သွန်းလောင်းလိုက်သည်နှယ် နားဝင်ဆိုးလှပါ၏။

"ကိုဈာန်လင်းခန့် ခင်ဗျားကို အခုလောက် မျက်နှာပြောင်တိုက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ခင်ဗျားမှာ စောင့်ထိန်းရမယ့် သိက္ခာဆိုတာ မရှိရင်လည်း ကိုယ့်အမျိုးသမီးကိုကိုယ် နည်းနည်းတော့ အားနာဦး။ သူခမျာ ခင်ဗျားသွေးသားကို လွယ်ထားရတာ။ ဒီလိုအချိန်မှာ ခင်ဗျားမို့ ဒီစကားတွေ ပြောလို့ထွက်တယ်။"

"ဟ... ဘာဆိုင်လို့လဲ။ သူဟာသူ ဗိုက်ကြီးတာက ကြီးတာ။ ငါ မင်းကို ချစ်တာက ချစ်တာပဲ။"

"ခင်ဗျားဟာ ဘာစကားကြီးလဲ။"

"ဟုတ်တယ်လေ။ သူ ဗိုက်ကြီးတာနဲ့ မင်းကို မချစ်ရဘူးဆိုတာ ဆိုင်မှ မဆိုင်ပဲ။ သူက ငါ့ကိုယ်ဝန်လွယ်ဖို့ပဲ ယူထားတာ ချစ်လို့ယူထားတာမှ မဟုတ်ဘဲ။ ငါတကယ်ချစ်ပြီး ငါ့နားမှာ ရှိစေချင်တာက မင်းလေ။ ဒါကြောင့် မင်းကို ငါ့နားရအောင် ပြန်ခေါ်မှာ"

"ခင်ဗျား.... ခင်ဗျား...."

သျှန်နောင်မှာ စိတ်ပျက်လွန်း၍ ဘာဆက်ပြောလို့ ပြောရမှန်းမသိတော့ပါ။ ဒီလူပြောနေပုံက သူ့ကို အငယ်အနှောင်းနေရာတွင် ထားရထားရ ထားမည့်ပုံပင်။

"အဟမ်း"

ထိုစဉ်... ချောင်းဟန့်သံနှင့်အတူ အခန်းထဲသို့ ဝင်လာသော မေဇူးမောင်ကြောင့် နှစ်ဦးစလုံး ကိုယ်ရှိန်သတ်ကာ...

"ဘာလိုလဲ ဇူး"

ဈာန်လင်းခန့် တတ်နိုင်သမျှ အသံကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

"အချိုပွဲ"

မေဇူးမောင် ခပ်ပြတ်ပြတ်ပြောကာ ဈာန်လင်းခန့်ကို ရွံရှာဟန်ဖြင့် ကြည့်လိုက်ပါသည်။ ဒီလူ စကားတွေနားထောင်ရသမျှ တစ်ခုမျှ သတီစရာမရှိ။ မယားငုတ်တုပ်ကို အချစ်ဟောင်းနှင့် ပြန်ပေါင်းထုတ်ချင်ရုံမက၊ ထိုအချစ်ဟောင်းက ‌ယောက်ျားတစ်ယောက်ဖြစ်နေသေးသည်။ ဒါတွေထားတော့ သူဟာသူ ဘယ်သူနဲ့ပဲ ချစ်ခန်းကြိုက်ခန်းဖွင့်ဖွင့် သူမ ဂရုမစိုက်။ သို့သော် သူမကို မျိုးပွားရန်အတွက်သာ အသုံးချသော ထိုလူ၏ ရည်ရွယ်ချက်ကို ယခုလို ရှင်းရှင်းလင်းလင်း သိလိုက်ရချိန်တွင် သူမကိုယ်သူမ မသတီသလို ထိုလူကိုလည်း ရွံမုန်းမိပါသည်။

သျှန်နောင်မှာ မေဇူးမောင်၏ တင်းမာခက်ထန်နေသော မျက်နှာကို မြင်လိုက်ကတည်းက သူတို့ပြောသမျှ မေဇူးမောင် ကြားသွားကြောင်း သိလိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ သူအနေနှင့် မေဇူးမောင်ကို မျက်နှာပူတာကော ဈာန်လင်းခန့်နားတွင် မနေလိုတာကော ပေါင်းကာ အခန်းထဲမှထွက်ခဲ့တော့သည်။

ဈာန်လင်းခန့်က မသိလိုက်မသိဖာသာ လုပ်ကာ ကိတ်မုန့်ထည့်ထားသော ပန်းကန်ကို မေဇူးမောင်အား ကမ်းပေးလိုက်သည်။ သို့သော် မေဇူးမောင်က ခပ်ပြတ်ပြတ်အသံဖြင့်...

"ကျွန်မဖာသာ ကျွန်မယူမယ်"

ဈာန်လင်းခန့် ဘာမျှမပြောဘဲ အသာဘေးဖယ်ပေးကာ မေဇူးမောင် လုပ်သမျှကို ကြည့်နေလိုက်သည်။ မေဇူးမောင် သူ့စကားများကို ကြားသွားမှန်း သူလည်းသိပါသည်။ ဒါလည်း ခပ်ကောင်းကောင်း။ တကူးတကပြောစရာမလိုပဲ အကြောင်းသိသွားတာပေါ့။

မေဇူးမောင် မုန့်ပန်းကန်ကို ယူပြီး အိမ်ရှေ့သို့ထွက်ခဲ့သည်။ သို့သော် ဖခင်နှင့် ယောက္ခထီးရှိသော ဝိုင်းသို့မသွားတော့။ ထိုနှစ်ယောက်၏ မျက်နှာကို မမြင်ချင်ရုံမက တတ်နိုင်လျှင် မောင်းတောင်ထုတ်ပစ်လိုက်ချင်သည်။ တစ်ယောက်က ကိုယ်သားအကြောင်း သိသိရက်နှင့် သားသမီးချင်းကိုယ်ချင်းမစာတတ်။ တစ်ယောက် ကိုယ့်သားသမီးကို ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဟင်းရွက်ကန်စွန်းရွက်လို ရှေ့နောက်မကြည့်ပဲ သူတပါးလက်ထဲထိုးထည့်နိုင်သူ။

သျှားအိမ်မှာ အနောက်ထဲမှ မျက်စိပျက်မျက်နှာပျက်ဖြင့် ထွက်လာသော ချစ်သူကို လက်ကုပ်ကာ အပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့သည်။

"ဘာဖြစ်တာလဲ Baby"

"မဇူး... သိသွားတယ်။"

"ဟမ်... ဘာကို သိသွားတာလဲ။"

သျှန်နောင်က အချိုပွဲပြင်သည့်အခန်းထဲတွင် ဖြစ်ပျက်သမျှတို့ကို ပြောပြလိုက်သည်။

".... အဲ့ဒါပဲ မောင်။ မဇူး ဘယ်ကနေစပြီး ကြားသွားလည်းတော့မသိဘူး။"

သျှားအိမ်မှာ ဟိုလူကို ဒေါသတကြီးဖြင့် တောက်ခတ်ကာ...

"တောက်... ဘယ်ကနေ စကြားရမလဲ။ အစကနေ ကြားသွားမှာပေါ့။ မဇူးက Baby တို့ ဝင်ဝင်လာချင်းကို ထလိုက်သွားတာ။"

သျှန်နောင်လည်း ဘာပြောလို့ပြောရမှန်းမသိ။

"နောက်ပြီး Baby ကကော ဘာကိစ္စနဲ့ အဲ့ဒီ့လူကို အရောတဝင် မုန့်ဘူးတွေ ဘာတွေ မ'ခိုင်းပြုခိုင်း လုပ်နေရတာလဲ။ အကူအညီလိုရင် မောင်တစ်ယောက်လုံးရှိတယ်။ ပြောလို့ရတဲ့ဟာကို။"

သျှားအိမ် အစောထဲက ပြောချင်နေသည်ကို ပြောချလိုက်တော့သည်။ စွပ်စွဲသည်မဟုတ်သော်ငြား ဤအချက်ကို မကျေလည်တာတော့အမှန်။

"ကို မခိုင်းပါဘူး။ သူ့ဟာသူ ဘယ်ကရောက်လာမှန်းမသိဘဲ အတင်းကောအဓမ္မကော လာသယ်ပေးတာ။ ကို ပြောပါတယ်။ မလိုဘူးလို့။ ဒါပေမယ့် သူက ကို့ဆီက မုန့်ဘူးတွေ အတင်းယူ...။ လူကြားထဲဆိုတော့ ကို မပြောချင်ဘူးလေ။ အထူးသဖြင့် မဇူးရှိနေလို့ မပြောချင်တာ။ အဲဒါကို သူက အခွင့်ကောင်းယူပြီး ကို့နောက် အတင်းလိုက်လာတော့တာပဲ။"

"နေပါလေ့စေဦး ပွဲပြီးမှ သိမယ်။"

"မောင်... ဘာလုပ်မလို့လဲ။"

"လက်သီးစာကျွေးမလို့။ အခုတောင် ကျွေးချင်နေတာ လူတွေရှိလို့။"

" မောင်ရယ်... ထားလိုက်စမ်းပါ။ အဲ့ဒီလို လူများ ခေါင်းထဲထည့်မနေစမ်းပါနဲ့။"

"ဟ...! မထည့်လို့ရမလား။ သူက ကျုပ်တစ်ယောက်လုံး ငုတ်တုပ်ရှိတာတောင် ခင်ဗျားကို ကြာကူလီရိုက်ဖို့ကြံနေတာလေ။ ကျုပ်က ဒီအတိုင်းကြည့်နေရမှာလား?!"

"မောင်... တိုးတိုး... လူတွေရှိတယ်။ တိုးတိုး။"

တဖြေးဖြေးနှင့် ပို၍ကျယ်လာသော သျှားအိမ်ကို သတိပေးလိုက်ရပါသည်။

"မရဘူး... ဒီတခါတော့ သျှားအိမ်လက်သီးဘယ်လောက်ပြင်းတယ်ဆိုတာ ပြရမယ်။"

လက်သီးလက်မောင်းတန်းကာ ပြောနေသော ချစ်သူကိုကြည့်ကာ သျှန်နောင် သက်ပြင်းချလိုက်ပါတော့သည်။

"မောင်... မောင် သိဖို့က အဲ့ဒီ့လူက ကြောင်ချီး။ တော်ကြာ မောင့်ကို သူ့အဖေရဲ့ လူတွေလွှတ်ပြီး ချောင်းရိုက်ခိုင်းနေမယ်။"

"ဒီတော့ ကျုပ်က ကြောက်နေရမှာလား။"

ပြောလေကဲလေ ဖြစ်သော သျှားအိမ်ကြောင့် သျှန်နောင်မှာ မည်သို့ဖြောင့်ဖျရမှန်း မသိအောင် ရှိသည်။

"မောင်ကို ကြောက်ဖို့ပြောတာ မဟုတ်ဘူး။ မောင် တခုခုဖြစ်သွား စိုးလို့ပြောတာ။ နောက်ပြီး မောင် အဲ့ဒီလို သွားလုပ်ရင် မဇူး ဘယ်လိုလုပ်မလဲ။ ဟိုလူက စောင့်ထိန်းရမှာတွေ ဘာတွေသိတာမဟုတ်ဘူး။ အဆင်မသင့်ရင် လင်မယားကွဲတာတွေ ဘာတွေဖြစ်ကုန်မှဖြင့်..."

"ကွဲတော့လည်း ကွဲပေါ့ကွာ။ ဘာဖြစ်လဲ။ ဘာလဲ ခင်ဗျားက ဟိုလူဘက်က ကာဆီးကာဆီးလုပ်နေတာလား။ အဲ့ဒီ့လူကို ခင်ဗျား စိတ်မကုန်သေးဘူးလား။"

"မောင်!"

သျှန်နောင် ခပ်ကျယ်ကျယ် ခေါ်လိုက်မှ သျှားအိမ်မှာ သူစကားမှားသွားပြီဖြစ်ကြောင်း သတိရသွားကာ...

"sorry Baby. မောင် မှားသွားတယ်။ မောင် ဒေါသအရမ်းထွက်သွားလို့...."

သျှားအိမ်က တောင်းပန်လိုက်ပါသော်လည်း သျှန်နောင်က လျစ်လျူရှုကာ...

"အိမ်ထဲဝင်ကြစို့"

"Baby... မောင်... "

သျှားအိမ်က ထပ်တောင်းပန်ရန် စကားစလိုက်သော်လည်း သျှန်နောင်က ရပ်နေရာမှ ချာခနဲလှည့်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။ သျှားအိမ်မှာ ခေါင်းကို တဗျင်းဗျင်းကုပ်ကာ မိမိကိုယ်ကိုမိမိ ကျိန်ဆဲရင်း ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် ဟိုလူကြောင့်ဖြစ်ရသည်ကို သတိရကာ မိမိကိုယ်မိမိ ကျိန်ဆဲသည်ကို ရပ်ကာ ဟိုလူကြီးကိုပါ မေတ္တာပို့ရသေးသည်။

မည်သို့ပင်ဖြစ်စေ အလှူပွဲက ညနေ ၃ နာရီတွင် အောင်မြင်စွာ ပြီးဆုံးသွားတော့သည်။ မပြီးဆုံးသည်က သူတို့လေးယောက်ကြားမှ "စစ်အေးတိုက်ပွဲ"ခေါ်ရမလား....? မေဇူးမောင်က ဈာန်လင်းခန့်ကို မျက်နှာချင်းမဆိုင်။ အနောက်ဘက်ရှိ မြေကွက်လပ်လေးတွင် ခုံလေးခင်းကာ သူမဟာသူမ လက်ကျန်မုန့်ဟင်းခါးစားနေသည်။ ဈာန်လင်းခန့်မှမဟုတ် ဘယ်သူမှ ဂရုမစိုက်သလို စကားလည်းမပြော။ ဈာန်လင်းခန့်ကလည်း ပစ္စည်းပစ္စယများ သိမ်းပေးနေသော သျှန်နောင်ကို ကူသလိုဖြင့် တစ်ချက်တစ်ချက် မသိမသာ ထိလားတို့လား လုပ်ရန်ကြိုးစားသေး၏။

သျှားအိမ်ကတော့ အံတကြိတ်ကြိတ်ဖြင့် ပစ္စည်းများကို မြန်မြန်ဆန်ဆန် သိမ်းနေသည်။ သိမ်းရင်းမှ ထိုမေတ္တာတုံးကို ကြည့်ရသေးသည်။ သူ့ချစ်သူကို ထိမလိုလုပ်လျှင် မသိမသာ ကာကွယ်ရသေးသည်။ ဥပမာ... သျှန်နောင်ထံမှ ခုံကို ဈာန်လင်းခန့်က ကူသယ်ပေးမလို လုပ်လျှင် ကပျာကယာ လုပ်လက်စကို ချကာ သျှန်နောင်နှင့် လူချင်းလဲကာ ခုံဝိုင်းကူမပေးတာမျိုး။ ခုံသိမ်းရင်းမှ လူချင်းအရမ်းကပ်လာလျှင် လက်ထဲမှာရှိသမျှ ပန်းကန်ရှိရှိ၊ ဘာရှိရှိ သျှန်နောင့်လက်ထဲထိုးထည့်ကာ သွားထားခိုင်းတာမျိုး။

သျှန်နောင်ကတော့ နှစ်ဦးစလုံးကို ဘာတခွန်းမျှမပြော မြန်မြန်ဆန်ဆန် သိမ်းပြီးဖို့သာ အာရုံစိုက်လျှက်။ သုံးဦးသား အိမ်အကူများနှင့် ပေါင်းကာ တက်ညီလက်ညီသိမ်းဆည်းလိုက်လျှင် ၅ နာရီတွင် အားလုံးပြီးဆုံးသွားတော့သည်။ ထိုအခါမှ နှစ်ယောက်သား မည်သူ့ကိုမျှ နှုတ်မဆက်ပဲ အိမ်သို့ထွက်လာခဲ့တော့သည်။

အိမ်ရောက်သည့်တိုင် စကားပြောနိုးနိုးနှင့် စောင့်နေပါသော်ငြား အိမ်ရောက်ရုံမက ရေချိုးပြီးသည်အထိ စကားတစ်ခွန်းမပြောသော သျှန်နောင်ကြောင့် သျှားအိမ်မှာ မနေတတ်တော့။ အင်္ကျီကြယ်သီးများတပ်နေသော သျှန်နောင်၏ ခါးကို နောက်မှ သိုင်းဖက်ကာ ခပ်ချွဲချွဲအသံဖြင့်...

"Baby...."

"ပြော..."

သျှန်နောင် ရယ်ချင်သည်ကို ထိန်းကာ ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။ သျှားအိမ်ခမျာမှာ ချစ်သူစိတ်ဆိုးနေသေးသည် အထင်နှင့် သျှန်နောင်၏ ခါးကို ပို၍တင်းကြပ်အောင်ဖက်ကာ ညဝတ်အင်္ကျီအောက်မှ မခို့တရို့ပေါ်နေသော ကုပ်သားဝင်းဝင်းလေးကို အနမ်းများဖြင့် အရောင်ဆိုးလိုက်သည်။

"မောင့်ကို ချစ်လား။"

"အင်း"

သျှန်နောင်က အင်္ကျီ၏ နောက်ဆုံးကြယ်သီးကိုတပ်ရင်း တမင်ပင် ဝတ်ကျေတန်းကျေ လေသံဖြင့် ပြောလိုက်သည်။

"ဒါဆို စိတ်မကောက်နဲ့တော့"

"ဘာဆိုင်လဲ"

သျှားအိမ်က သျှန်နောင်၏ ပုခုံးကို ဆုပ်ကိုင်ကာ ကိုယ်ကို ညှင်သာစွာ ဆွဲလှည့်လိုက်သည်။ ထို့နောက် သျှန်နောင်၏ မေးကို အသာအယာပင့်လိုက်ပြီး အချိုးကျနသည့် မျက်ခုံးသွယ်သွယ်နှစ်ခုကြားတွင် အနမ်းတပွင့်ကို ပွင့်စေ၏။ ပြီးမှ ချစ်သူကို အပြုံးချိုချိုတခုဖြင့် လာဘ်ထိုးကာ....

"မဆိုင်၊ ဆိုင်ဆိုင် စိတ်မကောက်နဲ့တော့ကွာ။ မောင် မနေတတ်လို့။ "

သျှန်နောင် တမင်ပင် ဂျစ်ကန်ကန်အကြည့်မျိုးဖြင့်ကြည့်ကာ...

"နေပါဦး ဘယ်သူက စိတ်ကောက်နေလို့လဲ"

"ဟော့ဒီက မောင့်ချစ်သူ ကလေးကြီးလေကွာ။"

သျှားအိမ်က သျှန်နောင်၏ မေးဖျားလေးကို လက်ဖြင့် အသာအယာ ထိကိုင်ရင်း ပြောလိုက်သည်။ မရမကချော့နေသော သျှားအိမ်ကို ကြည့်ကာ သျှန်နောင် သက်ပြင်းတစ်ချက်ချမိပါတော့သည်။

"ကိုက စိတ်ကောက်တာ မဟုတ်ဘူး။ စိတ်မကောင်းဖြစ်တာ။ ကိုက ကို့ချစ်သူ ကောင်းရာကောင်းကြောင်းအတွက် ပြောတာကို ကို့ကို အထင်လွဲသွားလို့ စိတ်မကောင်းဖြစ်မိတာ။"

ညိုရီမှိုင်းနေသော ထိုသမင်မျက်ဝန်းများက သူအား ပြစ်မှုကြီးကြီးတစ်ခု ကျူးလွန်မိသော လူတစ်ယောက်လို ခံစားရစေသည်။ တလိပ်လိပ်တက်လာသော နောင်တတရားတို့နှင့်အတူ အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်ပါသည်။ ထို့နောက် ချစ်သူ၏ ပါးနှစ်ဖက်ကို ယုယစွာ အုပ်ကိုင်လိုက်ပြီး ချစ်သူ၏ မျက်နှာကို တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်လိုက်ပါသည်။

"မောင် တကယ်တောင်းပန်ပါတယ် Baby။ အဲ့ဒီတုန်းက မောင် သွေးအရမ်းပူနေတာက တစ်ကြောင်း...။ နောက်.... အဓိကကတော့ Babyအတွက်ရော မဇူးအတွက်ပါ မချင့်မရဲဖြစ်မိလို့ပါ။ ဒါကြောင့် ရင်ထဲက မပါတဲ့ စကားတွေကို ပြောမိတာပါကွာ။ တကယ်ရည်ရွယ်ပြီးပြောတာ မဟုတ်ရပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မောင် မှားသွားတာကို မောင် ဝန်ခံပါတယ်။ မောင့်ကို ခွင့်လွှတ်ပါကွာ.. နော်။ ခွင့်လွတ်မယ်မဟုတ်လားဟင်။"

ချစ်ရသူက ဤကဲ့သို့ တည်တည်ကြည်ကြည်ပင် ကိုယ့်အမှားကိုယ် ဝန်ခံလာတော့ သူ ခွင့်မလွှတ်စရာအကြောင်း မရှိပါ။ အစကတည်းကလည်း ခွင့်လွှတ်ပြီးသားဖြစ်ပါသည်။

"ကို နားလည်ပါတယ် မောင်။ မောင်ကို ခွင့်လွှတ်ပြီးသားပါ။ ဒါပေမယ့် မောင် ကို့အပေါ်မှာ တကယ်သံသယရှင်းရဲ့လား။"

သျှန်နောင်၏ အမေးစကားကြောင့် သျှားအိမ်မှာ စိတ်မကောင်းဖြစ်မိပါသည်။ သူ့စကားက ချစ်ရသူကို ထိုလူနှင့် စွပ်စွဲလိုက်သလိုဖြစ်သွားသည် မဟုတ်ပါလား။ တကယ်တမ်းဆိုလျှင် သူအနေနှင့် ချစ်သူကို ယုံကြည်ကြောင်းမပြသနိုင်တောင် တစ်ဦးအပေါ်တစ်ဦး ထားရှိသည့် အပြန်အလှန်ယုံကြည်မှုကို ထိပါးစေမည့် စကားမျိုးပြောရန် မသင့်ပေ။ သျှားအိမ်မှာ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားသော မိမိကိုယ်မိမိ ထုရိုက်ပစ်လိုက်ချင်ပါတော့သည်။

"မောင် Baby အပေါ်မှာ ဘာသံသယမှကို မရှိတာပါကွာ။ အဲ... ရှိချင်းရှိ.... သဝန်တိုတာပဲရှိလိမ့်မယ်။"

သျှန်နောင်မှာ သျှားအိမ်ဘက်မှ ပွင့်လင်းစွာ ဝန်ခံလာသော စကားကြောင့် ပြုံးစိစိဖြစ်သွားပြီး.....

"မောင်ရယ်.... သူဆိုတာ ကို့ရင်ထဲမှာ မရှိလို့လဲ ခင်ဗျားလေးကို ချစ်နိုင်တာလေ။ မဟုတ်ရင် ခင်ဗျားလေးကို ဘယ်ချစ်နိုင်ပါ့မလဲ။ အဲ့ဒါကြောင့် အဲ့ဒီ့အရှုံးသမားနဲ့ ဖက်ပြိုင်ပြီး သဝန်မတိုနဲ့တော့နော်။ ဟုတ်ပြီလား။"

သျှန်နောင်က သျှားအိမ်၏ နှာခေါင်းကို ချစ်စနိုးဖြင့် လိမ်ဆွဲကာ ပြောလိုက်သည်။

"ဒါဆို တခြားလူနဲ့ သဝန်တိုလို့ရတယ်ပေါ့။"

"တခြားလူ? မောင်ရယ် မနောက်ပါနဲ့။ ကို့လို လူဆိုးလူမိုက်ဟောင်း ဘိုးတော်ကို ဘယ်သူမှ ဒီလို မျက်နှာပြောင်တိုက်ပြီး ရည်းစားစကား မပြောရဲဘူး။"

"ဪ... ဒါဆို မောင်က တော်တော် သတ္တိကောင်းတာပဲနော်။ ဒီက လူဆိုးကြီးကို ရည်းစားတောင်မဖြစ်သေးဘူး အလစ်ချောင်းပြီး နမ်းပစ်လိုက်တယ်လေ။ ပြောရင်းနဲ့တောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်။"

တွေးကြည့်ပါလျှင် အတော့်ကို တင်စီးပါသည်ဟု ယူဆနိုင်သော အဖြစ်အပျက်ကို မြိန်‌ရေရှက်‌ရေလေသံဖြင့် ပြောနေသော သျှားအိမ်ကို ဘုကြည့်တစ်ချက်ကြည့်ကာ....

"ခင်ဗျားလေးနော်... အကောင်းပြောနေတာကို။ ဘာပဲဖြစ်ဖြစ် သဝန်တိုချင့်တို ဟောဒီ့က မောင့်ကိုပဲ သဝန်တိုရမှာ။ ကို့ချစ်သူက ပညာတတ် ဥစ္စာပေါ ရုပ်ချောဆိုတော့ မဆွတ်ခင်ညွတ်နေတဲ့ မိန်းမလှတွေက တပုံကြီး။ ဒီနေ့တောင် တစ်ယောက်တွေ့ခဲ့သေးတယ်မဟုတ်လား။"

ထိုစကားကြောင့် သျှားအိမ်မှာ ဟက်ခနဲရယ်မိတော့သည်။ ကိုသိုက်ပြောသည်မှာ ဖြစ်လောက်သည်။ ယခုတောင်မှ မျက်မှောင်ကြီးကြုတ်လို့။

"Baby က ပုလဲကျော့ဆိုတဲ့ ကောင်မလေးကို ပြောတာလား။"

"ဟုတ်ရင်ဟုတ်မှာ ကိုမှ နာမည်မသိဘဲ။"

"အဖြူရောင်ဝမ်းဆက်လေးနဲ့လေ။"

"အင်း.. ဟုတ်တယ်။ အဲ့ဒီ့ကလေးမပဲ.. မောင့်ကို အတော့်ကို အထာပေးနေတာ ရုပ်ပျက်ဆင်းပျက်ပဲ။"

မနှစ်မြို့သော အရိပ်အယောင်ဖြတ်ပြေးသွားသော ထိုမျက်နှာလှလှလေးကို ကြည့်ကာ သျှားအိမ်မှာ အသည်းတယားယား။

"ဒီတော့ Babyက သဝန်တိုတယ်ပေါ့။"

"အင်း... အဲ့ဒီလိုပြောလို့ရတယ်။ မောင့်ကို မယုံလို့မဟုတ်ပေမယ့် အဲ့ဒီကလေးမရဲ့ အကြည့်တွေကို ကိုမကြိုက်ဘူး။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုလည်းတိုတယ်။"

"စိတ်တိုတယ်? ဘာလို့လဲ?"

"ကို့ ချစ်သူကို ချစ်သူပါလို့ လူကြားထဲ ကြေငြာလို့မရလို့"

သျှားအိမ်မှာ ချစ်သူကို ရင်ခွင်ထဲသို့ဆွဲသွင်းကာ တင်းကျပ်သော အထွေးအပွေ့ဖြင့်သာ အားပေးနှစ်သိမ့်လိုက်ရပါသည်။ သူတို့ မလွတ်တမ်းဆွဲကိုင်မိပါသော ထိုချစ်ခြင်းမေတ္တာက အပယ်ခံချစ်ခြင်းမေတ္တာတခုမဟုတ်ပါလား။

"Babyရာ... မောင်လည်း တခါတလေ အဲ့ဒီ့လိုခံစားမိတယ်။ ဒါပေမယ့် သူတို့ သိမှ... လူကြားထဲချပြနိုင်မှ အချစ်စစ်အချစ်မှန်လို့ ယူဆလို့မရတာ။ သူတို့ လက်မခံနိုင်လို့ မောင်တို့ အချစ်က နိမ့်ကျမှာ မဟုတ်သလို သူတို့လက်ခံမှ မောင်တို့လက်တွဲ မြဲမှာမှ မဟုတ်ဘဲ။ အဓိကကတော့ မောင်တို့ပဲလေ။ ဒီအချစ်ကို ဆုပ်ကိုင်မလား၊ လက်လွှတ်အရှုံးပေးမလားဆိုတာ မောင်တို့လက်ထဲမှာပဲ ရှိတယ်။ မောင်ကတော့ ဒူးထောက်လက်မြှောက်ဖို့ စိတ်ကူးမရှိဘူး။ ဒီအချစ်ကသာ တိုက်ပွဲဆိုရင် မောင်ရဲ့ နောက်ဆုံးထွက်သက်အထိ Babyရဲ့လက်ကို ဆွဲပြီး ဒီတိုက်ပွဲကကို တိုက်သွားချင်တယ် Baby ရယ်"

သျှန်နောင်က ထိုအမျိုးသားငယ်၏ ကြံ့ခိုင်လှသော ပုခုံးပေါ်တွင် ခေါင်းကို မှီလိုက်ပြီး....

"မောင်ရယ် ကိုလည်း အတူတူပါပဲ။ ကို့တို့အချစ်ကို လူတွေ ဘယ်လောက်ပဲ ဝေဖန်ရှုံ့ချကြပါစေ၊ အဖက်မတန်သလို ပြောကြပါစေ ကို ဂရုမစိုက်ဘူး။ ဒီအချစ်က ကိုတို့နှလုံးသားနဲ့ ဖန်တီးထားတဲ့၊ ကိုတို့နှစ်ဦးပဲ မြင်တွေ့ခွင့်ရှိတဲ့ အလှတရားလေ။ ဒီအလှတရားက လူတွေအမြင်မှာ သေးနုပ်ပေမယ့်၊ သဘာဝမကျဘူးလို့ ပြောကြပေမယ့် ကို့ရင်ထဲမှာတော့ သဘာဝတရားဆိုတာထက် ခမ်းနားကြီးကျယ်နေတယ် မောင်။ ဒီအချစ်ကို တိုင်းထွာပြဖို စံနှုန်းမရှိပေမယ့် ကို သေချာပြောနိုင်တာကတော့ ဒီအချစ်မှာ အဆုံးမရှိဘူးဆိုတာပဲ။ ဒီလိုအချစ်မျိုးနဲ့ မောင့်ကို တစ်ဘဝလုံးစာ ရည်ရွယ်ခဲ့မိတာလေ။ ဒါကြောင့်လည်း မောင်နဲ့ပတ်သက်လာရင် အတ္တကြီးနေရတာပေါ့။"

သျှားအိမ်က သျှန်နောင်၏ ဆံပင်လေးများကို ခပ်ဖွဖွလေးပွတ်သပ်ပေးကာ....

"Baby ရယ်... စကားတတ်လိုက်တာကွာ။ ဟောဒီက စကားတောင်စားကြီးတောင် လိုက်မမှီတော့ဘူး။ ဒါပေမယ့်... တကယ်ပြောတာ။ မောင် Baby ဆီက ဒီစကားကြားရလို့ ကျေနပ်တယ်။ Baby ဆီက အချစ်အတွက် ကျေးဇူးလည်းတင်တယ်။"

သျှန်နောင်က ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး သျှားအိမ်ကို မချိုမချဉ်မျက်နှာဖြင့် ကြည့်ကာ...

"ကျေးဇူးတင်ရင် ပြန်ဆပ်လေ။"

"ဘယ်လို ဆပ်ရမှာလဲ။"

သျှားအိမ်ကလည်း သျှန်နောင့်နည်းတူ မချိုမချဉ်အပြုံးဖြင့် ပြန်မေးလိုက်လျှင် သျှန်နောင်က ညှို့မြှူသလိုပြန်ပြုံးပြလိုက်သည်။ ထို့နောက် သျှားအိမ်နှင့် မျက်နှာချင်းထိလုမတတ်ကပ်လာပြီး ရီဝေဝေမျက်လုံးများနှင့်....

"မောင်က ဘယ်လို ဆပ်ချင်လို့လဲ။"

သျှန်နောင်က စကားအဆုံးတွင် နှုတ်ခမ်းတစ်ချက်သပ်လိုက်ကာ သျှားအိမ်အား အနမ်းတို့ဖြင့် ကျိန်စာတိုက်တော့သည်။ ထိုကျိန်စာသည် ချစ်သူက ပေးသည့် သာယာမှုနှင့်သာ ပြေပျောက်နိုင်သည်ဖြစ်ရာ.....။

--------------------------------------

September 8, 2019 Sunday.

Edited on – Jan 31, 2021

--------------------------------------

>>>>>ZawGyi<<<<<

"ဒါက မေမဇူးေမာင္ရဲ့ အိမ္လားဟင္"

သၽွားအိမ္မွာ ကားေပၚမွ ဆင္းလာလာခ်င္း ၿခံဝမွ အမ်ိဳးသမီးတဦး၏ အသံေၾကာင့္ လွည့္ၾကည့္လိုက္လၽွင္ မဇူး၏ သူငယ္ခ်င္း မရတနာကို ေတြ႕လိုက္ရသည္။ သူမနေဘးတြင္လည္း ငယ္ရြယ္ကာ ေခ်ာေမာလွပသည့္ မိန္းမငယ္တစ္ဦးက အေဖာ္ျပဳလၽွက္။

"ဟုတ္ပါတယ္ ခင္ဗ်ာ။ ႂကြပါ..."

သၽွားအိမ္က ေဖာ္ေရြျပဴငွာလြန္းဟန္ျဖင့္ ဆိုလိုက္လၽွင္....

"ဪ... သၽွားအိမ္... ငါက ဘယ္သူမ်ားလဲလို႔။"

"အဟဲ... ေနေကာင္းတယ္ေနာ္ အစ္မ။"

သၽွားအိမ္က ရယ္က်ဲက်ဲႏႈတ္ဆက္ရင္းမွ ေဘးက မိန္းမလွေလးကို ေသခ်ာၾကည့္လိုက္သည္။ ထိုအခါမွ လြန္ခဲ့ေသာ ၄ ႏွစ္ခန႔္က သူစာျပေပးဖူးသည့္ ၈ တန္း ကေလးမေလးတစ္ဦးကို မ်က္စိထဲျမင္မိသည္။

"ဒါနဲ႔ ဒါက ဂြက္ဂြက္မဟုတ္လား။"

"ကိုႀကီးေနာ္... ပုလဲနာမည္ ပုလဲေက်ာ့ပါဆိုတယ္။"

ပုလဲေက်ာ့က ခ်စ္စဖြယ္မူႏြဲ႕ဟန္ျဖင့္ဆိုလိုက္သည္။

"ေအးပါဟာ... နင္က အခုလိုဆိုေတာ့ ငါက သိပ္မမွတ္မိလို႔။ ေသခ်ာေအာင္ အိမ္ေခၚနာမည္ ေခၚၾကည့္တာပါ။"

ဟုတ္ပါသည္။ ထိုစဥ္က ပါးကြက္ၾကားမ်ား ေဖြးေနေအာင္ ကြက္တတ္ေသာ စာၾကမ္းပိုး ေလးလုံးမေလးက ယခုေတာ့ ႏႈတ္ခမ္းနီးပါနီးတို႔ခ်ယ္သထားေသာ လွကညာတစ္ပါးျဖစ္ေနသည္မွာ ထင္မွတ္စရာမရွိ။

"ကဲ... နင္တို႔ ႏွစ္ေယာက္စကားေျပာခ်င္ရင္ အထဲမွေျပာ။ အျပင္မွာ ပူလိုက္တာ ေသေတာ့မယ္။"

ရတနာက ဝင္ေျပာလိုက္သည္။

"ဟုတ္သား... လာ... အထဲကို လာ။"

ထိုအခါက သၽွားအိမ္က ထိုအမ်ိဳးသမီးႏွစ္ဦးကို ဦးေဆာင္ကာ အိမ္ထဲသို႔ ေခၚေဆာင္သြားေတာ့သည္။ သို႔ေသာ္ အိမ္ဝတြင္ ပက္ပင္းေတြ႕ရေသာ ဖခင္ျဖစ္သူႏွင့္ မိေထြးေတာ္ ေဒၚနႏၵာထိပ္ထားေၾကာင့္ ေျခလွမ္းမ်ားတုံ႔သြားရသည္။ ကံေကာင္းေထာက္မသည္ဟု ေျပာရမလားမသိ။ မဇူးက တံခါးဝတြင္ ေရာက္ႏွင့္ေနသည္။

"ေဖေဖတို႔ပါလား။ ဟိုဘက္သြား...။ ကိုလြင္ရွိတယ္။ ဪ... နင္ေတာင္ ျပန္လာၿပီပဲ သၽွားအိမ္"

ေမဇူးေမာင္က ဦးပဥၥင္းမ်ားကို ေက်ာင္းတိုက္သို႔ျပန္ပို႔ၿပီး ျပန္လာေသာ ေမာင္ျဖစ္သူကို ဆီးႀကိဳကာေမးလိုက္သည္။ တဆက္တည္းမွာပင္ သၽွားအိမ္ေနာက္မွ ပါလာေသာ ရတနာတို႔ ညီအစ္မကို ျမင္လၽွင္...

" ဟယ္... ရတနာ... လာ... လာ... "

သၽွားအိမ္တို႔ သားအဖႏွစ္ဦးမွာ ဖာသိဖာသာျဖင့္ ကိုယ္စီအိမ္ထဲဝင္လိုက္သည္။ မဇူးကေတာ့ သူငယ္ခ်င္းျဖစ္သူ ရတနာကို အျခားသူငယ္ခ်င္းမ်ားရွိေသာ ဝိုင္းသို႔ေခၚေဆာင္သြားေတာ့သည္။

"ဟယ္... ျမတ္ေထြးႀကီး... နင့္မိန္းမလား။ လဒ ကေလးမုန႔္ေပးႀကိဳက္ရလား။"

ရတနာက ဝိုင္းတြင္ထိုင္ေနေသာ အသက္ႀကီးႀကီးအမ်ိဳးသားႏွင့္ အသက္ငယ္ငယ္အမ်ိဳးသမီးတို႔အတြဲကို ၾကည့္ၿပီးႏွက္လိုက္သည္။ ထိုလူ၏ေဘးမွ သူငယ္ခ်င္းမျဖစ္သူကေတာ့ ပ်ာပ်ာသလဲျဖင့္...

"ဟယ္... ရတနာ... လာလာ... ငါ့ ေဘးလာ။"

"မိေနေန နင္ကေတာ့ အရင္ကအတိုင္းပဲ"

ရတနာက ညီမျဖစ္သူႏွင့္အတူ ဝင္ထိုင္ရင္း ထိုအမ်ိဳးသမီးကို ႏႈတ္ဆက္လိုက္သည္။ ထိုအမ်ိဳးသမီးေဘးမွ အမ်ိဳးသမီးက ဝင္ကာ...

"ဒါေပမယ့္... သူက အခုထိလည္း တစ္ေယာက္တည္းေလ။"

"ေအာင္မာ... ဂဏန္းမ... နင္ကေရာ ဘာထူးလို႔လဲ။"

ဂဏန္းမကလည္း အနိုင္မခံအရႈံးမေပး။

"ငါက ဇူးဇူးကို ေယာင္းမေတာ္မို႔ ေစာင့္ေနတာ။ ဟုတ္တယ္ မဟုတ္လား ေယာင္းမ။ ေျပာလိုက္စမ္းပါ။"

ဇူးဇူးက အသံတိတ္ကာ မခ်ိဳမခ်ဥ္သာ ျပဳံးေနလိုက္သည္။

"ဂဏန္းမ... နင္က အိုေနၿပီ။ လြင့္လိုက္ေတာ့...။ ဇူးဇူးက သေဘာတူမယ့္တူ ငါ့ညီမေလးနဲ႔ပဲ တူမွာေပါ့"

ရတနာက ရလၽွင္ရသလို ဝင္ထည့္ေသး၏။ ပုလဲကေတာ့ ရွက္သလိုျပဳံးကာ မိမိ၏အေရွ႕ဝိုင္းတြင္ သူငယ္ခ်င္းကိုသိုက္တို႔အတြဲႏွင့္ စကားလက္ဆုံက်ေနေသာ သၽွားအိမ္ကို မသိမသာၾကည့္လိုက္သည္။ သူမ ဤကိုႀကီးကို စေတြ႕ကတည္းက တိတ္တခိုးစြဲလမ္းခဲ့ရဖူးသည္ မဟုတ္ပါလား။

"ဒီက ညီမတို႔ ေဘးေလးနည္းနည္းေလာက္။ ပူမွာစိုးလို႔..."

အေစာက အသံတဆာဆာႏွင့္ အုပ္စုမွာ ခပ္ၾသရွရွအသံႏွင့္အတူေရာက္လာသည့္ ဟင္းရည္လိုက္ပြဲလိုက္ေပးေနေသာ အမ်ိဳးသားေၾကာင့္ မီးကိုေရႏွင့္သတ္လိုက္သလို ရွဲခနဲၿငိမ္က်သြားသည္။ လက္ေမာင္းအထိ ေခါက္တင္ထားေသာ အျဖဴေရာင္ လည္ေထာင္ရွပ္အကၤ်ီေလးႏွင့္ အနက္ေရာင္ ေယာလုံခ်ည္ကို ရိုးရိုးယဥ္ယဥ္ ဝတ္ဆင္ထားေသာ အဆိုပါအမ်ိဳးသားသည္ လူတိုင္း၏ စကၡဳအာ႐ုံကို ဖမ္းစားနိုင္သည္အထိ လွပကာ ဆြဲေဆာင္အား ေကာင္းလြန္းပါသည္။ စားပြဲရွိ လူအားလုံး၏ မ်က္လုံးမ်ားက ထိုသူ႔ထံတြင္သာ ဝဲေနေသာ္လည္း ထိုသူကေတာ့ အေႏွာင့္အယွက္ျဖစ္ဟန္ စိုးစင္းမၽွပင္မရွိ။ သူလုပ္စရာရွိသည့္ ဟင္းရည္ထည့္ျခင္း အလုပ္ကိုသာ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္လၽွက္ အျခားဝိုင္းသို႔ ထြက္သြားေတာ့သည္။

"ဟဲ့... ဇူးဇူး... နင္ကလည္း ေနနိုင္လိုက္တာ။ ငါတို႔ကို နင့္အမ်ိဳးသားနဲ႔ေတာ့ မိတ္ဆက္မေပးဘူး။"

မိေနေနဆိုေသာ အမ်ိဳးသမီးက ေမဇူးေမာင္ကို ေျပာလၽွင္ ေမဇူးေမာင္မွာ သက္ျပင္းခ်ကာ...

"မိတ္ဆက္ေပးရေအာင္ သူမွမရွိတာ"

တကယ္လည္း အိမ္မွာမရွိ။ မေန႔ကတည္းက အလုပ္ကို အေၾကာင္းျပသည္လား၊ တကယ္လားမသိ။ အိမ္မျပန္လာ။ ယေန႔ အလႉအမွီလာမည္ဟုေတာ့ဆိုသည္။ ဦးပဥၥင္းမ်ားကို ျပန္ပို႔ေပးသည့္ သၽွားအိမ္ပင္ ျပန္လာၿပီ။ ထိုလူကေတာ့ အရိပ္အေယာင္မၽွပင္ မေတြ႕ေသး။ မည္သို႔ျဖစ္ေစ ထိုသူရွိျခင္း၊ မရွိျခင္းသည္ သူမအတြက္ ျပႆနာမဟုတ္။ မရွိေလ ေကာင္းေလပင္။ ထိုသူကလည္း ရန္ကုန္ေရာက္ကတည္းက သူမအား ေရွာင္ဖယ္ေရွာင္ဖယ္ရယ္။ ၾကည့္ရသည္မွာ ရည္းစားေဟာင္းႏွင့္ ျပန္ေပါင္းထုတ္ေနတာလား မသိ။ ျပန္ေပါင္းထုတ္လည္း သူမ ဂ႐ုမစိုက္ပါ။

"ဟဲ့... အဲ့ဒီ့ တစ္ေယာက္က နင့္‌ေယာက္်ား မဟုတ္ဘူးလား။"

ေမဇူးေမာင္မွာ သူငယ္ခ်င္းမမတို႔၏ ေမးဆတ္ျပေသာ လူကို ၾကည့္ကာ မ်က္လုံးျပဴးမ်က္ဆံျပဴးျဖစ္သြားရပါသည္။ ထိုသူက အေစာက ဟင္းရည္လာထည့္ေပးေသာ သၽွန္ေနာင္!

"ဘုရား... ေပါက္ရေလးဆယ္ေတြ။ အဲ့ဒါ ငါ့အမ်ိဳးသားမဟုတ္ဘူး။"

"ဒါဆို ဘယ္သူလဲ..."

အားလုံးက သူမ၏ ႏႈတ္ျဖားမွ ထြက္လာမည့္အေျဖအား ငံလင့္ေနသည့္ မ်က္လုံးမ်ားျဖင့္။

"သူက... ဘယ္လိုေျပာရမလဲ.... အဲ....ငါ့ေယာကၡထီးရဲ့ ေယာက္ဖ... ငါ့ေမာင္ရဲ့ အရင္းႏွီးဆုံးလူ"

"ဪ...ဪ... ငယ္ငယ္ေလးရွိေသးတာပဲ။"

မိေနေနက သၽွန္ေနာင္အားၾကည့္ရင္း မွတ္ခ်က္ေပးလာသည္။

"ေအး... ငါတို႔နဲ႔မွ ရြယ္တူေလ။"

"ဟမ္... တကယ္?"

ဒီတႀကိမ္တြင္ မိေနေနႏွင့္ ဂဏန္းမပါမက ရတနာပါ တအံ့တၾသျဖင့္ ၿပိဳင္တူလို ေျပာလာေတာ့သည္။ သို႔ေသာ္ ခ်က္ခ်င္းဆိုသလို ဂဏန္းမက အေတြးေပါက္သြားဟန္ျဖင့္...

"ရြယ္တူဆိုေတာ့ ပိုေကာင္းတာေပါ့။ ဒါနဲ႔သူ႔မွာ ေကာင္မေလးေတြ မိန္းမေတြ မရွိဘူးလား။"

"ဟဲ့... ဂဏန္းမ... နင္ အေစာကေျပာေတာ့ ဇူးဇူးေယာင္းမလုပ္မလို႔ဆို...။ အခုေတာ့ ပစ္မွတ္ေျပာင္းသြားျပန္ၿပီလား။"

ရတနာက ဝင္ေထာက္လိုက္လၽွင္...

"ရတနာ နင္သိရင္ ၿငိမ္ၿငိမ္ေနစမ္း။ ဇူးဇူး ငါေမးတာသာေျဖစမ္းပါ။"

"အင္း.... သူက မိန္းမနဲ႔ ပတ္သက္ရင္ ကင္းကင္းရွင္းရွင္းပဲ။"

ေမဇူးေမာင္၏ အေျဖက ဂဏန္းမ၏မ်က္လုံးမ်ားကို ေက်နပ္မႈျဖင့္ အေရာင္လဲ့သြားေစသည္။ က်န္လူအားလုံးကေတာ့ အေစာထဲက ဘ႐ုတ္က်ကာ ရဲရဲတင္းတင္းရွိေသာ သူမကိုၾကည့္ကာ ေခါင္းတခါခါျဖင့္။ ေမဇူးေမာင္ကေတာ့ ဂဏန္းမ နားလည္ေအာင္ မည္သို႔ရွင္းျပရမလဲသာ စဥ္းစားေနသည္။

သၽွန္ေနာင္မွာမူ ေရာက္လာကတည္းက သူ႔အား အဖက္မတန္သလိုလုပ္ေနေသာ ဦးခြန္မင္းထိုက္ႏွင့္ မင္းလြင္အား သၽွန္ေနာင္ စိတ္ပ်က္မိပါသည္။ ယဥ္ေက်းသမႈႏွင့္ သူခ်ေပးသည့္ ဟင္းရည္ထည့္ထားၿပီးသာ ပန္းကန္ကို တို႔ကနန္းဆိတ္ကနန္းမၽွပင္ မလုပ္ပဲ မုန႔္ပန္းကန္မ်ားကို လိုက္လံခ်ေပးေနေသာ အိမ္အကူေကာင္မေလးကို ပန္းကန္အသစ္ေတာင္းေနေလသည္။ ဤမၽွ လူေရွ႕တြင္မွာပင္ ဟန္မေဆာင္နိုင္ေလာက္ေအာင္ ျဖစ္ေနေသာ ထိုလူမ်ားကို ျမင္ျပင္းကပ္လာသည္ျဖစ္ရာ အိမ္အကူေကာင္မေလးကို မုန႔္ဖတ္ထည့္ထားေသာ ပန္းကန္မ်ားကိုသာ ခ်ေပးရန္ႏွင့္ ထိုသူမ်ား ဟင္းရည္ေတာင္းလၽွင္ သူသာထည့္ေပးမည္ျဖစ္ေၾကာင္းေျပာကာ ထိုလူမ်ားေရွ႕မုန႔္ပန္းကန္မ်ားေရာက္လၽွင္ တမင္ပင္ လ်စ္လ်ဴရႈထားလိုက္သည္။ ဟင္းရည္မပါေသာ မုန႔္ပြဲႀကီးကို တလွည့္ၾကည့္ရင္း ဟင္းရည္ေတာင္းရန္ ဟိုဟိုသည္သည္ ၾကည့္ပါေသာ္ျငား ဟင္းရည္လိုက္ေပးေသာ လူမွာ သၽွန္ေနာင္တဦးတည္းသာရွိသည္တြင္ အက်ပ္ရိုက္ေနေသာ ထိုမ်က္ႏွာမ်ားကို ၾကည့္ကာ သၽွန္ေနာင္ ႀကိတ္၍ ျပဳံးလိုက္ပါသည္။ ေစာင့္ေပဦးေတာ့ မာနရွင္ႀကီးေတြေရ။ သူကေတာ့ ေခၚလည္း လာ၍ ထည့္ေပးလိမ့္မည္မဟုတ္။

"ေဟ့... Baby... အေတာ္ပဲ... လာ... ဒီကိုလာ။"

သၽွားအိမ္မွာ ကိုသိုက္တို႔အတြက္ အခ်ိဳပြဲယူစဥ္ ဟင္းရည္ခတ္ရန္ အေနာက္သို႔ ဝင္လာေသာ ခ်စ္သူႏွင့္ ပက္ပင္းတိုးသျဖင့္ လူရွင္းသည့္ မီးဖိုေခ်ာင္နားမွ စတိုခန္းေလးထဲ ေခၚသြင္းကာ...

"ပင္ပန္းေနၿပီလား Baby။ နဖူးမွာလည္း ေခၽြးေတြနဲ႔..."

သၽွားအိမ္က ေျပာေျပာဆိုဆို သူ႔လက္ထဲမွ အခ်ိဳပြဲေလးကို ေဘးရွိခုံတစ္လုံးတြင္ တင္လိုက္ၿပီး ရွပ္အကၤ်ီအိပ္ေထာင္ထဲမွ လက္ကိုင္ပဝါေလးကို ယူကာ ခ်စ္သူ၏ နဖူးရွိ ေခၽြးမ်ားကို ယုယုယယ သုတ္ေပးလိုက္သည္။

"ေက်းဇူး...။ ေမာင္ေရာ ေမာေနၿပီလား။"

သၽွန္ေနာင္က အတြင္းသို႔ေခါက္ဝင္ေနေသာ ခ်စ္သူ၏ လည္ေထာင္ေကာ္လာေလးကို အျပင္သို႔ ျပန္ထုတ္ေပးလိုက္သည္။ ထို႔ေနာက္ ခဲေရာင္ေယာပုဆိုးျဖင့္တြဲဝတ္ထားေသာ ထိုအနက္ေရာင္လည္ကတုံးရွပ္အကၤ်ီေလးကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပဳျပင္ေပးရင္းမွ ျမင္ရခဲလွသည့္ ခ်စ္သူ၏ ျမန္မာဆန္ဆန္ ခန႔္ညားမႈကို တနင့္တပိုး ခံစားေနမိသည္။

"မေမာပါဘူး။ ေမာမယ့္ေမာ မဇူးပဲ ေမာမွာ။ ေမာင့္ခ်စ္သူသာမပါရင္ သူ ဗ်ာမ်ားေတာ့မွာ"

ဟုတ္ေတာ့လည္း ဟုတ္သည္။ မဇူးက အခ်က္အျပဳတ္ကို နိုင္နင္းေသာ္လည္း ဧည့္ခံရမည့္ကိစၥကို ေမ့ေလ်ာ့သြားဟန္တူသည္။ အလႉလုပ္တာ သူမႏွင့္ အိမ္အကူမ်ားေပါင္းမွ လူက ငါးေယာက္။ အစကထင္သည္မွာ ဈာန္လင္းခန႔္ရွိလိမ့္မည္ျဖစ္ရာ သိပ္ေတာ့ပူဖို႔မလို။ သို႔ေသာ္ မေန႔က ဖုန္းဆက္၍ ဘုန္းႀကီးမ်ားကို ပင့္ေပးရန္ ေျပာလာ၍ ေမးၾကည့္လိုက္ေတာ့မွ အိမ္အကူေလး ေလးေယာက္သာရွိသည္တဲ့။ ဧည့္သည္က ဘယ္ႏွစ္ေယာက္လဲဆိုေတာ့.... ေျခာက္ဆယ္တဲ့။ အားလုံးကို ၈ နာရီကေန ၁၂ နာရီၾကားလာရန္ေျပာထားသည္တဲ့။ ထိုကတည္းက သၽွားအိမ္ သိလိုက္သည္။ ဧည္သည္ေတြသာ တျပဳံႀကီးလာလို႔ကေတာ့ ကေသာင္းကနင္းျဖစ္ေတာ့မည္။ ထို႔ေၾကာင့္ ေနာက္ဆုံးမလိုက္ပါဟု အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ျငင္းဆန္ေနေသာ ခ်စ္သူကို ေခ်ာဆြဲရေတာ့သည္။ ထင္သည့္အတိုင္းပင္ ဧည့္သည္မ်ားက ဘုန္းႀကီးမ်ားကို ျပန္ပို႔တုန္းရွိေသး တဖြဲဖြဲေရာက္လာေတာ့သည္။

"အင္း... ကိုယ့္ဂုဏ္ကိုယ္ေဖာ္တာမဟုတ္ေပမယ့္ လိုက္လာမိတာ ကိုယ့္ကိုယ္ကိုယ္ ေက်းဇူးတင္ရမယ္။ မဟုတ္ရင္ ခင္ဗ်ားေလးအစ္မေတာ့ ေစာေစာစီးစီး ကေလးထြက္ကိန္းျမင္ေနတယ္။"

သၽွန္ေနာင္မွာ ဦးပဥၥင္းမ်ားျပန္ႂကြသြားလၽွင္ ကိုယ္ဝန္ႀကီးျဖင့္ ဟင္းရည္ခ်ိဳင့္ႀကီးမကာ အိမ္ေရွ႕သို႔ထြက္လာေသာ ေမဇူးေမာင္ေၾကာင့္ မ်က္လုံးျပဴးသြားေတာ့သည္။ ကေလးအေဖအရင္းကေတာ့ ေတြ႕လၽွင္မည္သို႔ေနမည္မသိေသာ္လည္း သၽွန္ေနာင္မွာေတာ့ ရင္ေတြပင္တုန္သြားရကာ ကပ်ာကယာပင္ ဟင္းရည္ခ်ိဳင့္ႀကီးကို ဆြဲယူလိုက္ၿပီး ေမဇူးေမာင္ကို ဧည့္ခံရန္သာ ေတာင္းပန္ရေတာ့သည္။

"ဟုတ္တယ္... ဟုတ္တယ္...။ ဒါေၾကာင့္ Baby ကို အနမ္းနဲ႔ ဆုခ်ရမယ္။"

သၽွားအိမ္က သၽွန္ေနာင္၏ နဖူးေလးကို ခပ္ဖြဖြေလးနမ္းလိုက္သည္။ သၽွန္ေနာင္ကေတာ့ ေတြး၍မရ...

"ဘာဆိုင္လို႔တုန္း"

"မဆိုင္ဆိုင္၊ ဆိုင္ဆိုင္ နမ္းခ်င္လို႔နမ္းတယ္ကြာ...။ ကဲ... ထပ္နမ္းတယ္ကြာ...။"

သၽွားအိမ္က ခ်စ္သူ၏ ပါးႏွစ္ဖက္ကာ အားမနာတမ္းနမ္းေနျပန္သည္။ ထိုစဥ္ တံခါးဝနားမွ အမ်ိဳးသမီးသံတစ္ခုက...

"ဟင္းရည္လိုက္ပြဲ လိုက္ေပးတဲ့တစ္ေယာက္ ဘယ္ေရာက္သြားလဲမသိ။"

သၽွန္ေနာင္မွာ ခ်စ္သူ႔အနမ္းကို ၾကည္ႏူးမလို႔ႀကံ႐ုံရွိေသးသည္။ အဖ်က္က ဝင္လာသျဖင့္ သက္ျပင္းခ်ကာ...

"လာၿပီ... လာၿပီ...."

အျပင္မွ တစ္ေယာက္ကို အသံေပးၿပီးသည္ႏွင့္ အလၽွင္အျမန္ေျခဖ်ားေထာက္ကာ သၽွားအိမ္၏ နဖူးကိုနမ္းလိုက္ၿပီး...

"သြားေတာ့မယ္"

"အင္း"

ဂဏန္းမက စတိုခန္းလိုအခန္းထဲမွ ဟင္းရည္ခ်ိဳင့္ႀကီးကိုင္ကာ ထြက္လာေသာ ထိုလူေခ်ာကို ၾကည့္ကာ ျပဳံးလိုက္သည္။

"ဟင္းရည္ေလးလိုခ်င္လို႔ ဒီက အစ္ကို႔ကိုလိုက္ရွာေနတာ။"

"ဪ... ဟုတ္...။"

သၽွန္ေနာင္မွာ ထိုမိန္းမေခ်ာ၏ ရင္ႏွီးကၽြမ္းဝင္ေနဟန္ အျပဳံးကို လူမႈေရးဆန္ဆန္ အျပဳံးတခုႏွင့္ သာမာန္ကာရွံကာပင္ တုံ႔ျပန္လိုက္ပါသည္။ သို႔ေသာ္ ထိုအမ်ိဳးသမီးက အမႈမဲ့အမွတ္မဲ့ျဖင့္ သူ၏ လက္ေမာင္းတစ္ဖက္ကို ကိုင္ဆြဲကာ သူမ၏ စားပြဲသို႔ ေခၚေဆာင္ရန္ ေျခလွမ္းျပင္လိုက္ခ်ိန္တြင္....

"ကိုသၽွန္ေနာင္..."

ခ်စ္သူ၏အသံ ခ်ိဳခ်ိဳၾသၾသႏွင့္အတူ လက္ေကာက္ဝတ္၌ရစ္ပတ္လာေသာ သံမဏိကဲ့သို႔ ျမဲၿမံလွသည့္ လက္ေခ်ာင္းသြယ္သြယ္တို႔ေၾကာင့္ ေျခလွမ္းတို႔မွာ တိခနဲရပ္သြားရသည္။

"ဟင္?"

သူ႔အား ေယာင္နနႏွင့္ ၾကည့္ေနေသာ သၽွန္ေနာင္ကို ျပဳံးျပလိုက္ၿပီး လက္ထဲမွ ဟင္းရည္ခ်ိဳင့္ကို ဆြဲယူကာ ထိုလစ္ဟာသြားေသာ လက္ေခ်ာင္းႏုႏုေလးမ်ားထဲသို႔ သူလက္ထဲမွ အခ်ိဳပြဲပန္းကန္ကို ထိုးထည့္ေပးလိုက္ၿပီး....

"ဒီအခ်ိဳပြဲကို ကိုသိုက္တို႔ဝိုင္းကို သြားခ်ေပးလိုက္...။ ကိုယ္တလွည့္ ဟင္းရည္လိုက္ေပးလိုက္ဦးမယ္။"

"......"

"လာ.... အစ္မ"

သၽွားအိမ္က နားမလည္သလို မ်က္ႏွာျဖင့္ သူ႔အားၾကည့္ေနေသာ သၽွန္ေနာင္အား ထားရစ္ကာ ဂဏန္းမႏွင့္အတူ မဇူး၏ သူငယ္ခ်င္းမ်ားရွိရာဝိုင္းသို႔ ျမန္ျမန္ဆန္ဆန္ ထြက္လာခဲ့သည္။ အေစာကေတာ့ ကိုသိုက္တို႔ျပန္မွ ဟင္းရည္လိုက္ျခင္းအလုပ္ကို လူလဲမလို႔ပင္။ သို႔ေသာ္ အခန္းထဲမွထြက္ထြက္ျခင္းေတြ႕လိုက္ရသည့္ ထိုအမ်ိဳးသမီးေၾကာင့္ အစီအစဥ္ေျပာင္းလိုက္ျခင္းျဖစ္သည္။ ထိုလူ႔ကို ဂဏန္းမဆိုသည့္ အမ်ိဳးသမီးနားထား၍ မျဖစ္။ မဇူတို႔ဝိုင္းက ေျပာေနသည္မ်ားကို သူၾကားပါသည္။ ဂဏန္းမဆိုသည့္ အမ်ိဳးသမီးက သူ႔ခ်စ္သူကို မ်က္စိက်ေနေၾကာင္းလည္း သိလိုက္ရပါ၏။ ကိုယ့္ခ်စ္သူကိုယ္ မယုံ၍ မဟုတ္ေသာ္ျငား တဖက္လူကို စိတ္မခ်။ အခုေတာင္မွ ထိုအမ်ိဳးသမီးက လက္ရဲဇက္ရဲ... သူ႔ခ်စ္သူကို ထိလားကိုင္လားႏွင့္။

ဂဏန္းမမွာ သူမ၏ တိုက္စစ္ပ်က္သြားသျဖင့္ စိတ္ထဲေတာ့ ကသိကေအာက္ျဖစ္မိသည္။ သို႔ေသာ္ ထိုအမ်ိဳးသားႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနေသာ အၾကည့္တို႔က သူမစိတ္ထဲတြင္ တမ်ိဳးႀကီးပင္။ ထို႔ျပင္ ထိုသူႏွစ္ဦးၾကားတြင္ တစ္ဦးကိုတစ္ဦး အျပန္အလွန္ဆြဲငင္ေနေသာ သံလိုက္စက္ကြင္းတခုခုပဲရွိေနသလိုလို။ မဟုတ္မွလြဲေရာ....!

ဂဏန္းမက အေတြးကမၻာထဲတြင္ တဝဲလည္လည္ရွိစဥ္ ပုလဲေက်ာ့ကေတာ့.....

"ကိုႀကီး ပုလဲကိုပါ ဟင္းရည္နည္းနည္းေလာက္"

"ေရာ့ပါဗ်ာ"

"အာ... မ်ားသြားၿပီ"

"စားစမ္းပါ... ဂြက္ဂြက္ရာ..."

"ကိုႀကီး... ပုလဲကို အဲ့ဒီလို မေခၚပါနဲ႔ဆို!"

ပုလဲေက်ာ့က သူမထံဝင္လာသည့္အခြင့္အေရးကို လက္လြတ္မခံ။ သၽွားအိမ္ကို မ်က္ေစာင္းလွလွေလးတခု ပစ္သြင္းကာ စိတ္ဆိုးဟန္ျပဳလိုက္သည္။ စိတ္ကေတာ့... 'E major မွ Queen ကို မွမေႂကြလၽွင္ ဘယ္လိုလူကိုေႂကြမွာလဲ ရွင္ႀကီးရဲ့ 'ဟုသာ ေမးလိုက္ခ်င္သည္။

"sorry ပါကြာ"

သၽွားအိမ္က ရယ္ရယ္ေမာေမာပင္ ေတာင္းပန္လိုက္သည္။ ပုလဲေက်ာ့မွာ သၽွားအိမ္၏ ရယ္ေမာသံခ်ိဳခ်ိဳကို ယစ္မူးေန၍ မ်က္ႏွာခ်င္းဆိုင္ရွိဝိုင္းမွ အၾကည့္စူးစူးတို႔ကို မျမင္ေသာ္ျငား ဂဏန္းမကေတာ့ ျမင္ျဖစ္ေအာင္ျမင္လိုက္သည္။

"ဘုရား..."

သူမ၏ ႏႈတ္ဖ်ားမွ လၽွံၾကလာေသာ အာေမဋိတ္အသံေၾကာင့္ မိေနေနႏွင့္ ရတနာက ၾကည့္ကာ ၿပိဳင္တူပင္...

"ဘာျဖစ္တာလဲ"

ဂဏန္းမ ေခါင္းသာခါျပလိုက္သည္။ စိတ္ထဲကေတာ့ သူမအျဖစ္ကိုသူမေတြးကာ ရယ္ရမလား ငိုရမလား မသိေတာ့။

သၽွန္ေနာင္မွာ ခ်စ္သူမွာသည့္အတိုင္း အခ်ိဳပြဲပန္းကန္ကို ခ်ေပးရင္း အေရွ႕ဝိုင္းတြင္ အသားျဖဴျဖဴႏွင့္ မိန္းကေလးကို ရယ္လားေမာလားျဖင့္ ဟင္းရည္ထည့္ေပးေနေသာ ခ်စ္သူ၏ မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္လိုက္သည္။ ေသခ်ာသည္ကေတာ့ ထိုမိန္းမငယ္ေလးက သူ႔ခ်စ္သူအား တိမ္းညႊန္ေနဟန္အထင္းသား။ စိတ္ထဲတြင္ တင္းခနဲ ခံစားခ်က္ႏွင့္အတူ ခ်စ္သူ၏ အမူအယာတို႔ကို အေသးစိတ္လိုက္ၾကည့္ေနမိသည္။ သၽွားအိမ္သည္ ထိုမိန္းကေလးကို စိတ္ဝင္စားဟန္မရွိေၾကာင္း ေသခ်ာေတာ့မွ သူစိတ္ေအးသြားရသည္။

"ဟင္းရည္လိုက္ပြဲဆရာႀကီး... ဒီဘက္ဝိုင္းကိုလည္း ဟင္းရည္ေလး နည္းနည္းေလာက္"

ကိုသိုက္က ဟင္းရည္ခ်ိဳင့္တခုႏွင့္ လက္မလည္ေအာင္ရွိေသာ သၽွားအိမ္ကို ခပ္ေနာက္ေနာက္ျဖင့္ လွမ္းေခၚလိုက္သည္။

"ဟုတ္ကဲ့ လာပါၿပီ ခင္ဗ်ာ"

သၽွားအိမ္ကလည္း ကိုသိုက္၏ ေလသံကို တုပကာ ေျဖၾကားရင္းမွ ကိုသိုက္ႏွင့္ ယုယတို႔ရွိရာဝိုင္းသို႔ ဟင္းရည္ခ်ိဳင့္တစ္လုံးျဖင့္ ေရာက္လာေတာ့သည္။

"ေက်းဇူးပါပဲ ခင္ဗ်ာ"

ကိုသိုက္က ဟင္းရည္ထည့္ေပးေသာ သၽွားအိမ္အား ေက်းဇူးတင္ေၾကာင္း ေျပာၿပီးလၽွင္ အသာအနားကပ္ကာ...

"ေဟ့ေကာင္ ၾကည့္ေနၾကည့္ထိုင္ေနာ္။ မင္းရဲ့ ကေလးႀကီးက မင္းေရွ႕ရွိတာလည္း သတိရဦး။"

ကိုသိုက္မွာ သၽွားအိမ္၏ ကိုယ္ေရးကိုယ္တာကို မစြက္လိုပါေသာ္လည္း သတိေပးမွ ျဖစ္မည္မို႔ သတိေပးလိုက္ရပါသည္။

"ဟ... ငါက ဘာလုပ္ေနလို႔လဲ။"

"မင္း အဲ့ဒီ့ေကာင္မေလးနဲ႔ ရယ္လားေမာလားလုပ္ေနတာကို မင္းကေလးႀကီးက ေသခ်ာၾကည့္သြားတာေနာ္။ ငါေတာင္ ၾကက္သီးထတယ္။"

ကိုသိုက္ တကယ္လည္း ၾကက္သီးထမိပါသည္။ သၽွန္ေနာင္လို ေအးေဆးသိမ္ေမြ႕သူ တစ္ဦးထံတြင္ ဤသို႔ ၾကက္သီးထဖို႔ေကာင္းသည့္ အၾကည့္မ်ိဳးရွိလိမ့္မည္ဟု တခါမၽွမထင္ခဲ့ဘူးေပ။ သူကသာ သတိေပးေနတာ သၽွားအိမ္ကေတာ့ မေက်နပ္သလိုလို လေအာ့လအယ္ မ်က္ႏွာေဘးျဖင့္။ ဒီေကာင္ ႐ူးေနလားမသိ။

"ေအးပါကြာ။"

သၽွားအိမ္က ကိုသိုက္၏ သတိေပးခ်က္ကို အသိအမွတ္ျပဳသည့္အေနျဖင့္သာ ျပန္ေျဖလိုက္သည္။ သူ႔ရင္ထဲတြင္ေတာ့ မေက်နပ္။ ခ်စ္သူ၏ သဝန္တိုေနေသာ မ်က္ႏွာေလးကို မျမင္လိုက္ရဘူးမဟုတ္လား။ စိတ္ထဲကေတာ့ မွန္းဆမိပါသည္။ ေတာ္ေတာ္ေတာ့ ခ်စ္စရာေကာင္းမည္ဆိုသည္ကို။

"ေမာ....အဲ...အဲ... ကိုသၽွားအိမ္"

သၽွန္ေနာင္မွာ ထိုႏႈတ္က်ိဳးေနေသာ နာမည္ကိုေခၚမည့္မလိုျဖစ္သြားသည့္ ပါးစပ္ကို မနည္း ဘရိတ္အုပ္လိုက္ရသည္။

"ေျပာ...."

သူ႔အေၾကာင္း ေျပာတုန္းရွိေသးသည္ သူ႔နားေရာက္လာေသာ ခ်စ္သူကို ၾကည့္လိုက္သည္။ ဒီလူ အသက္ေတာ့ ရွည္ဦးမည္။ မည္သို႔ျဖစ္ေစ ၾကည္ၾကည္လင္လင္ရွိေသာ အၾကည့္မ်ားေၾကာင့္ ကိုသိုက္တစ္ေယာက္မ်ား ေနာက္ေျပာေနသည္လားဟုပင္ ေတြးထင္လိုက္မိသည္။

"ကိတ္မုန႔္ဘူးေတြ ကားထဲမွာ ရွိေသးလား။"

ထိုအခါက်မွပင္ မုန႔္ဘူးမ်ားခ်ရန္ ေမ့ေလ်ာ့သြားေသာအျဖစ္ကို သတိရေတာ့သည္။

"အာ... ဟုတ္တယ္။ ရွိတယ္။ ကိုယ္ခ်ဖို႔ေမ့သြားတယ္။"

သၽွန္ေနာင္က "ျဖစ္ရမယ္"ဆိုသည့္ မ်က္လုံးျဖင့္ ခပ္ျပဳံးျပဳံးပင္...

"ဒါဆို ေသာ့ ခဏေလာက္"

သၽွားအိမ္က ခါးတြင္ခ်ိတ္ထားေသာ ေသာ့ကို ေပးလိုက္သည္။

"ေရာ့"

သၽွန္ေနာင္က ကမ္းေပးေသာ ေသာ့ကိုယူကာ ၿခံထဲတြင္ ရပ္ထားေသာ ကားေနာက္ဖုံးထဲမွ ကိတ္မုန႔္ဘူးမ်ားကို နိုင္သေလာက္ထပ္၍ မလိုက္သည္။ ထို႔ေနာက္ ကားေနာက္ဖုံးကို ပိတ္၍ လွည့္အတြက္ အေနာက္တြင္ ရွိေနေသာ လူတစ္ဦးႏွင့္ တိုက္မိကာ...

"အိုး..."

သၽွန္ေနာင္မွာ ကိတ္မုန႔္ဘူးမ်ားမက်ေအာင္ မနည္းဟန္ခ်က္ထိန္းလိုက္ရသည္။ ခ်စ္သူ တပင္တပန္းလုပ္ထားေသာ မုန႔္မ်ားကို အလဟသတ္မျဖစ္ေစလိုပါ။

"အာ... sorry.. sorry ... ငယ္။"

ဈာန္လင္းခန႔္ကပါ မုန႔္ဘူးမ်ားကို ဝိုင္းထိန္းေပးရင္း သၽွန္ေနာင္ကို ေတာင္းပန္လိုက္သည္။ တခ်ိန္တည္းမွာပင္ အသံမေပးပဲ အနားသြားကပ္မိေသာ မိမိကိုယ္မိမိသာ စိတ္ထဲမွ က်ိန္ဆဲမိေတာ့သည္။

"ငယ္... ဘာျဖစ္သြားေသးလဲ။"

ဈာန္လင္းခန႔္က စိုးရိမ္တႀကီးျဖင့္ ေမးလိုက္ပါေသာ္လည္း သၽွန္ေနာင္ကေတာ့ သူ႔အား လမ္းတြင္တိုက္မိေသာ သူစိမ္းတစ္ေယာက္ကို ေျပာဆိုဆက္ဆံေသာ ေလသံျဖင့္...

"ရပါတယ္"

"ကို ကူသယ္ေပးမယ္ေလ။"

"ရတယ္။ ကၽြန္ေတာ္ နိုင္တယ္။"

သၽွန္ေနာင္က ျငင္းဆန္ကာ လွည့္ထြက္သြားရန္ ျပင္လိုက္ပါေသာ္လည္း ဈာန္လင္းခန႔္က သၽွန္ေနာင္ထံမွ မုန႔္ဘူးတခ်ိဳ႕ကို အတင္းယူကာ...

"ေပးစမ္းပါ"

လူအမ်ားေရွ႕တြင္ ကိုယ့္သိကၡာကိုယ္ ေထာက္ညႇာ၍ ဘာမွမေျပာေတာ့။ ထို႔ျပင္ မဇူး မ်က္ႏွာလည္း ေထာက္သင့္သည္မဟုတ္လား။ ေနာက္ဖုံးထဲတြင္ က်န္ရွိေနေသးေသာ မုန႔္ဘူးမ်ားကို ယူကာ အိမ္ထဲသို႔ ဦးေဆာင္ကာ ဝင္ခဲ့ပါသည္။

သၽွားအိမ္မွာ မဇူး၏ ေယာကၡထီးႏွင့္ ဇနီးျဖစ္သူအား ဟင္းရည္ထည့္ေပးေနရင္းမွ မ်က္စိေရွ႕တြင္ မုန႔္ဘူးမ်ားႏွင့္ ျဖတ္ေလၽွာက္သြားေသာ လူႏွစ္ေယာက္ေၾကာင့္ မ်က္ေမွာင္ၾကဳတ္မိေတာ့သည္။ အဓိကကေတာ့ ခ်စ္သူေနာက္မွ ထပ္ခ်ပ္မကြာလိုက္သြားေသာ ေယာက္ဖေတာ္ေၾကာင့္ျဖစ္သည္။

"ဟြန္း... မရွက္တတ္ဘူးနဲ႔ တူတယ္။"

နန္းေနာင္က ခင္ပြန္းျဖစ္သူ ၾကားေအာင္ မၾကားတၾကားေျပာလိုက္ေသာ္လည္း ဦးေဇဟိန္းက မၾကားသလိုလုပ္ေနလိုက္သည္။ သၽွားအိမ္မွာ နန္းေနာင္ကို ေတြ႕သမၽွအႀကိမ္တိုင္း ကန႔္လန႔္ခ်ည္းၾကားေနရသမၽွ ဒီတႀကိမ္ကေတာ့ ခၽြင္းခ်က္ဟုဆိုရေပမည္။ ေမဇူးေမာင္ကေတာ့ နန္းေနာင္ေျပာသည္ကို နားမလည္ေသာ္ျငား အေရးအရာလုပ္မေန။ ေယာကၡထီးႏွင့္ တစ္ဝိုင္းတည္းထိုင္ေနေသာ သူမ၏ ဖခင္ႏွင့္ ေမာင္ကိုသာ...

"အေဖနဲ႔ ကိုလြင္ ခဏေနဦး ဇူး... အခ်ိဳပြဲ သြားယူလိုက္ဦးမယ္။" ဟုဆိုကာ အခ်ိဳပြဲမ်ားထားသည့္အခန္းသို႔ထြက္ခဲ့သည္။ သို႔ေသာ္....

သၽွန္ေနာင္က ကိတ္မုန႔္မ်ားကို အခ်ိဳပြဲျပင္သည့္ စားပြဲေဘးတြင္ ဦးစြာခ်လိုက္ၿပီး ဈာန္လင္းခန႔္ထံမွ မုန႔္ဘူးမ်ားကို လွမ္းယူလိုက္သည္။

"ေနပါေစ ငယ္"

ဈာန္လင္းခန႔္က မုန႔္ဘူးမ်ားကို သၽွန္ေနာင္ခ်ထားေသာ ဘူးမ်ားေဘးတြင္ ခ်လိုက္သည္။ သူ႔အား အံ့ႀကိတ္ကာ ၾကည့္ေနေသာ သၽွန္ေနာင္ကိုလည္း မျမင္သလို။ သူတို႔ေနာက္မွ ကပ္ပါလာေသာ ေမဇူးေမာင္ကိုလည္း ႏွစ္ဦးစလုံး သတိမထားမိၾက။ ေမဇူးေမာင္မွာ "ငယ္" ဟူေသာ ေခၚသံေၾကာင့္ အခန္းထဲသို႔ ဝင္ခါနီး ေျခလွမ္းမ်ားတုံ႔ခနဲျဖစ္သြားကာ ကပ်ာကယာ အခန္းဝနံရံတြင္ ကိုယ္ကို ေျပးကပ္ကာ ပုန္းေနလိုက္သည္။

"ကိုဈာန္လင္းခန႔္ .... ခင္ဗ်ားကို ကၽြန္ေတာ္ေျပာေပါင္းလည္းမ်ားၿပီ။ ကၽြန္ေတာ့္ကို "ငယ္"လို႔ မေခၚပါနဲ႔လို႔ ဘယ္ႏွစ္ခါေျပာရမလဲ။ ကၽြန္ေတာ္ မႀကိဳက္ဘူး။"

"Sorry ပါကြာ။ ကိုယ္ ႏႈတ္က်ိဳးေနလို႔ပါ။ ဒီနာမည္ေတာင္မဟုတ္ဘူး ကိုယ္ႏွလုံးသားေတာင္ မင္းအေပၚထားတဲ့ အခ်စ္ေတြနဲ႔ ေခါက္ရိုးက်ိဳးေနတယ္ေလ။"

"ကိုဈာန္လင္းခန႔္! ခင္ဗ်ား မရွက္ဘူးလား။"

"ကိုက ဘာကို ရွက္ရမွာလဲ။ ကိုခ်စ္ခဲ့တဲ့... ကိုခ်စ္ေနေသးတဲ့ လူအေပၚ ခ်စ္တယ္ေျပာတာ ဘာကို ရွက္ရမွာလဲ။ အခ်စ္သစ္ေပၚလာလို႔ အခ်စ္ေဟာင္းကို ပစ္ပစ္ခါခါျဖစ္ေနတာမွ မဟုတ္ဘဲ။"

"ခင္ဗ်ား!"

ဈာန္လင္းခန႔္မွာ သူ႔အား စိတ္ပ်က္ျခင္းတစ္ဝက္ ေဒါသထြက္ျခင္းတဝက္ျဖင့္ ၾကည့္ေနေသာ သၽွန္ေနာင္ကို ခနဲ႔တဲ့တဲ့ျပဳံးကာ...

"ဘာလဲ ငယ္။ ကိုေျပာတာေတြ မွားေနလို႔လား။"

သၽွန္ေနာင္ ေဒါသတႀကီးျဖင့္ ထိုလူအားၾကည့္လိုက္ပါသည္။ တခ်ိန္က တည္ၾကည္ေလးနက္ပါသည္ဟု ထင္ခဲ့ပါေသာ ထိုလူသည္ ယခုကဲ့သို႔ ဘေလာင္းဘလဲႏွင့္ အေျပာင္းအလဲမ်ားေသာလူ ျဖစ္မွန္း မေတြးခဲ့မိပါ။ တခ်ိန္က ျမတ္နိုးၾကင္နာရပါေသာ ထိုလူသည္ ဤမၽွ ရြံမုန္းစရာေကာင္းေသာ ‌ေယာက္်ားတစ္ဦးျဖစ္လာလိမ့္မည္ဟုလည္း မထင္ခဲ့မိပါ။ တခ်ိန္က သာယာနာေပ်ာ္ဖြယ္ရာ ထိုစကားလုံးတို႔သည္လည္း ယခုေတာ့ နားထဲသို႔ သံရည္ပူပူတို႔ သြန္းေလာင္းလိုက္သည္ႏွယ္ နားဝင္ဆိုးလွပါ၏။

"ကိုဈာန္လင္းခန႔္ ခင္ဗ်ားကို အခုေလာက္ မ်က္ႏွာေျပာင္တိုက္နိုင္လိမ့္မယ္လို႔ မထင္ထားဘူး။ ခင္ဗ်ားမွာ ေစာင့္ထိန္းရမယ့္ သိကၡာဆိုတာ မရွိရင္လည္း ကိုယ့္အမ်ိဳးသမီးကိုကိုယ္ နည္းနည္းေတာ့ အားနာဦး။ သူခမ်ာ ခင္ဗ်ားေသြးသားကို လြယ္ထားရတာ။ ဒီလိုအခ်ိန္မွာ ခင္ဗ်ားမို႔ ဒီစကားေတြ ေျပာလို႔ထြက္တယ္။"

"ဟ... ဘာဆိုင္လို႔လဲ။ သူဟာသူ ဗိုက္ႀကီးတာက ႀကီးတာ။ ငါ မင္းကို ခ်စ္တာက ခ်စ္တာပဲ။"

"ခင္ဗ်ားဟာ ဘာစကားႀကီးလဲ။"

"ဟုတ္တယ္ေလ။ သူ ဗိုက္ႀကီးတာနဲ႔ မင္းကို မခ်စ္ရဘူးဆိုတာ ဆိုင္မွ မဆိုင္ပဲ။ သူက ငါ့ကိုယ္ဝန္လြယ္ဖို႔ပဲ ယူထားတာ ခ်စ္လို႔ယူထားတာမွ မဟုတ္ဘဲ။ ငါတကယ္ခ်စ္ၿပီး ငါ့နားမွာ ရွိေစခ်င္တာက မင္းေလ။ ဒါေၾကာင့္ မင္းကို ငါ့နားရေအာင္ ျပန္ေခၚမွာ"

"ခင္ဗ်ား.... ခင္ဗ်ား...."

သၽွန္ေနာင္မွာ စိတ္ပ်က္လြန္း၍ ဘာဆက္ေျပာလို႔ ေျပာရမွန္းမသိေတာ့ပါ။ ဒီလူေျပာေနပုံက သူ႔ကို အငယ္အေႏွာင္းေနရာတြင္ ထားရထားရ ထားမည့္ပုံပင္။

"အဟမ္း"

ထိုစဥ္... ေခ်ာင္းဟန႔္သံႏွင့္အတူ အခန္းထဲသို႔ ဝင္လာေသာ ေမဇူးေမာင္ေၾကာင့္ ႏွစ္ဦးစလုံး ကိုယ္ရွိန္သတ္ကာ...

"ဘာလိုလဲ ဇူး"

ဈာန္လင္းခန႔္ တတ္နိုင္သမၽွ အသံကို တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္လိုက္သည္။

"အခ်ိဳပြဲ"

ေမဇူးေမာင္ ခပ္ျပတ္ျပတ္ေျပာကာ ဈာန္လင္းခန႔္ကို ရြံရွာဟန္ျဖင့္ ၾကည့္လိုက္ပါသည္။ ဒီလူ စကားေတြနားေထာင္ရသမၽွ တစ္ခုမၽွ သတီစရာမရွိ။ မယားငုတ္တုပ္ကို အခ်စ္ေဟာင္းႏွင့္ ျပန္ေပါင္းထုတ္ခ်င္႐ုံမက၊ ထိုအခ်စ္ေဟာင္းက ‌ေယာက္်ားတစ္ေယာက္ျဖစ္ေနေသးသည္။ ဒါေတြထားေတာ့ သူဟာသူ ဘယ္သူနဲ႔ပဲ ခ်စ္ခန္းႀကိဳက္ခန္းဖြင့္ဖြင့္ သူမ ဂ႐ုမစိုက္။ သို႔ေသာ္ သူမကို မ်ိဳးပြားရန္အတြက္သာ အသုံးခ်ေသာ ထိုလူ၏ ရည္ရြယ္ခ်က္ကို ယခုလို ရွင္းရွင္းလင္းလင္း သိလိုက္ရခ်ိန္တြင္ သူမကိုယ္သူမ မသတီသလို ထိုလူကိုလည္း ရြံမုန္းမိပါသည္။

သၽွန္ေနာင္မွာ ေမဇူးေမာင္၏ တင္းမာခက္ထန္ေနေသာ မ်က္ႏွာကို ျမင္လိုက္ကတည္းက သူတို႔ေျပာသမၽွ ေမဇူးေမာင္ ၾကားသြားေၾကာင္း သိလိုက္ပါသည္။ မည္သို႔ပင္ျဖစ္ေစ သူအေနႏွင့္ ေမဇူးေမာင္ကို မ်က္ႏွာပူတာေကာ ဈာန္လင္းခန႔္နားတြင္ မေနလိုတာေကာ ေပါင္းကာ အခန္းထဲမွထြက္ခဲ့ေတာ့သည္။

ဈာန္လင္းခန႔္က မသိလိုက္မသိဖာသာ လုပ္ကာ ကိတ္မုန႔္ထည့္ထားေသာ ပန္းကန္ကို ေမဇူးေမာင္အား ကမ္းေပးလိုက္သည္။ သို႔ေသာ္ ေမဇူးေမာင္က ခပ္ျပတ္ျပတ္အသံျဖင့္...

"ကၽြန္မဖာသာ ကၽြန္မယူမယ္"

ဈာန္လင္းခန႔္ ဘာမၽွမေျပာဘဲ အသာေဘးဖယ္ေပးကာ ေမဇူးေမာင္ လုပ္သမၽွကို ၾကည့္ေနလိုက္သည္။ ေမဇူးေမာင္ သူ႔စကားမ်ားကို ၾကားသြားမွန္း သူလည္းသိပါသည္။ ဒါလည္း ခပ္ေကာင္းေကာင္း။ တကူးတကေျပာစရာမလိုပဲ အေၾကာင္းသိသြားတာေပါ့။

ေမဇူးေမာင္ မုန႔္ပန္းကန္ကို ယူၿပီး အိမ္ေရွ႕သို႔ထြက္ခဲ့သည္။ သို႔ေသာ္ ဖခင္ႏွင့္ ေယာကၡထီးရွိေသာ ဝိုင္းသို႔မသြားေတာ့။ ထိုႏွစ္ေယာက္၏ မ်က္ႏွာကို မျမင္ခ်င္႐ုံမက တတ္နိုင္လၽွင္ ေမာင္းေတာင္ထုတ္ပစ္လိုက္ခ်င္သည္။ တစ္ေယာက္က ကိုယ္သားအေၾကာင္း သိသိရက္ႏွင့္ သားသမီးခ်င္းကိုယ္ခ်င္းမစာတတ္။ တစ္ေယာက္ ကိုယ့္သားသမီးကို ကိုယ့္ကိုယ္က်ိဳးစီးပြားအတြက္ ဟင္းရြက္ကန္စြန္းရြက္လို ေရွ႕ေနာက္မၾကည့္ပဲ သူတပါးလက္ထဲထိုးထည့္နိုင္သူ။

သၽွားအိမ္မွာ အေနာက္ထဲမွ မ်က္စိပ်က္မ်က္ႏွာပ်က္ျဖင့္ ထြက္လာေသာ ခ်စ္သူကို လက္ကုပ္ကာ အျပင္ဘက္သို႔ ေခၚထုတ္လာခဲ့သည္။

"ဘာျဖစ္တာလဲ Baby"

"မဇူး... သိသြားတယ္။"

"ဟမ္... ဘာကို သိသြားတာလဲ။"

သၽွန္ေနာင္က အခ်ိဳပြဲျပင္သည့္အခန္းထဲတြင္ ျဖစ္ပ်က္သမၽွတို႔ကို ေျပာျပလိုက္သည္။

".... အဲ့ဒါပဲ ေမာင္။ မဇူး ဘယ္ကေနစၿပီး ၾကားသြားလည္းေတာ့မသိဘူး။"

သၽွားအိမ္မွာ ဟိုလူကို ေဒါသတႀကီးျဖင့္ ေတာက္ခတ္ကာ...

"ေတာက္... ဘယ္ကေန စၾကားရမလဲ။ အစကေန ၾကားသြားမွာေပါ့။ မဇူးက Baby တို႔ ဝင္ဝင္လာခ်င္းကို ထလိုက္သြားတာ။"

သၽွန္ေနာင္လည္း ဘာေျပာလို႔ေျပာရမွန္းမသိ။

"ေနာက္ၿပီး Baby ကေကာ ဘာကိစၥနဲ႔ အဲ့ဒီ့လူကို အေရာတဝင္ မုန႔္ဘူးေတြ ဘာေတြ မ'ခိုင္းျပဳခိုင္း လုပ္ေနရတာလဲ။ အကူအညီလိုရင္ ေမာင္တစ္ေယာက္လုံးရွိတယ္။ ေျပာလို႔ရတဲ့ဟာကို။"

သၽွားအိမ္ အေစာထဲက ေျပာခ်င္ေနသည္ကို ေျပာခ်လိုက္ေတာ့သည္။ စြပ္စြဲသည္မဟုတ္ေသာ္ျငား ဤအခ်က္ကို မေက်လည္တာေတာ့အမွန္။

"ကို မခိုင္းပါဘူး။ သူ႔ဟာသူ ဘယ္ကေရာက္လာမွန္းမသိဘဲ အတင္းေကာအဓမၼေကာ လာသယ္ေပးတာ။ ကို ေျပာပါတယ္။ မလိုဘူးလို႔။ ဒါေပမယ့္ သူက ကို႔ဆီက မုန႔္ဘူးေတြ အတင္းယူ...။ လူၾကားထဲဆိုေတာ့ ကို မေျပာခ်င္ဘူးေလ။ အထူးသျဖင့္ မဇူးရွိေနလို႔ မေျပာခ်င္တာ။ အဲဒါကို သူက အခြင့္ေကာင္းယူၿပီး ကို႔ေနာက္ အတင္းလိုက္လာေတာ့တာပဲ။"

"ေနပါေလ့ေစဦး ပြဲၿပီးမွ သိမယ္။"

"ေမာင္... ဘာလုပ္မလို႔လဲ။"

"လက္သီးစာေကၽြးမလို႔။ အခုေတာင္ ေကၽြးခ်င္ေနတာ လူေတြရွိလို႔။"

" ေမာင္ရယ္... ထားလိုက္စမ္းပါ။ အဲ့ဒီလို လူမ်ား ေခါင္းထဲထည့္မေနစမ္းပါနဲ႔။"

"ဟ...! မထည့္လို႔ရမလား။ သူက က်ဳပ္တစ္ေယာက္လုံး ငုတ္တုပ္ရွိတာေတာင္ ခင္ဗ်ားကို ၾကာကူလီရိုက္ဖို႔ႀကံေနတာေလ။ က်ဳပ္က ဒီအတိုင္းၾကည့္ေနရမွာလား?!"

"ေမာင္... တိုးတိုး... လူေတြရွိတယ္။ တိုးတိုး။"

တေျဖးေျဖးႏွင့္ ပို၍က်ယ္လာေသာ သၽွားအိမ္ကို သတိေပးလိုက္ရပါသည္။

"မရဘူး... ဒီတခါေတာ့ သၽွားအိမ္လက္သီးဘယ္ေလာက္ျပင္းတယ္ဆိုတာ ျပရမယ္။"

လက္သီးလက္ေမာင္းတန္းကာ ေျပာေနေသာ ခ်စ္သူကိုၾကည့္ကာ သၽွန္ေနာင္ သက္ျပင္းခ်လိုက္ပါေတာ့သည္။

"ေမာင္... ေမာင္ သိဖို႔က အဲ့ဒီ့လူက ေၾကာင္ခ်ီး။ ေတာ္ၾကာ ေမာင့္ကို သူ႔အေဖရဲ့ လူေတြလႊတ္ၿပီး ေခ်ာင္းရိုက္ခိုင္းေနမယ္။"

"ဒီေတာ့ က်ဳပ္က ေၾကာက္ေနရမွာလား။"

ေျပာေလကဲေလ ျဖစ္ေသာ သၽွားအိမ္ေၾကာင့္ သၽွန္ေနာင္မွာ မည္သို႔ေျဖာင့္ဖ်ရမွန္း မသိေအာင္ ရွိသည္။

"ေမာင္ကို ေၾကာက္ဖို႔ေျပာတာ မဟုတ္ဘူး။ ေမာင္ တခုခုျဖစ္သြား စိုးလို႔ေျပာတာ။ ေနာက္ၿပီး ေမာင္ အဲ့ဒီလို သြားလုပ္ရင္ မဇူး ဘယ္လိုလုပ္မလဲ။ ဟိုလူက ေစာင့္ထိန္းရမွာေတြ ဘာေတြသိတာမဟုတ္ဘူး။ အဆင္မသင့္ရင္ လင္မယားကြဲတာေတြ ဘာေတြျဖစ္ကုန္မွျဖင့္..."

"ကြဲေတာ့လည္း ကြဲေပါ့ကြာ။ ဘာျဖစ္လဲ။ ဘာလဲ ခင္ဗ်ားက ဟိုလူဘက္က ကာဆီးကာဆီးလုပ္ေနတာလား။ အဲ့ဒီ့လူကို ခင္ဗ်ား စိတ္မကုန္ေသးဘူးလား။"

"ေမာင္!"

သၽွန္ေနာင္ ခပ္က်ယ္က်ယ္ ေခၚလိုက္မွ သၽွားအိမ္မွာ သူစကားမွားသြားၿပီျဖစ္ေၾကာင္း သတိရသြားကာ...

"sorry Baby. ေမာင္ မွားသြားတယ္။ ေမာင္ ေဒါသအရမ္းထြက္သြားလို႔...."

သၽွားအိမ္က ေတာင္းပန္လိုက္ပါေသာ္လည္း သၽွန္ေနာင္က လ်စ္လ်ဴရႈကာ...

"အိမ္ထဲဝင္ၾကစို႔"

"Baby... ေမာင္... "

သၽွားအိမ္က ထပ္ေတာင္းပန္ရန္ စကားစလိုက္ေသာ္လည္း သၽွန္ေနာင္က ရပ္ေနရာမွ ခ်ာခနဲလွည့္ကာ အိမ္ထဲသို႔ ဝင္သြားေတာ့သည္။ သၽွားအိမ္မွာ ေခါင္းကို တဗ်င္းဗ်င္းကုပ္ကာ မိမိကိုယ္ကိုမိမိ က်ိန္ဆဲရင္း က်န္ရစ္ခဲ့ေတာ့သည္။ ထို႔ေနာက္ ဟိုလူေၾကာင့္ျဖစ္ရသည္ကို သတိရကာ မိမိကိုယ္မိမိ က်ိန္ဆဲသည္ကို ရပ္ကာ ဟိုလူႀကီးကိုပါ ေမတၱာပို႔ရေသးသည္။

မည္သို႔ပင္ျဖစ္ေစ အလႉပြဲက ညေန ၃ နာရီတြင္ ေအာင္ျမင္စြာ ၿပီးဆုံးသြားေတာ့သည္။ မၿပီးဆုံးသည္က သူတို႔ေလးေယာက္ၾကားမွ "စစ္ေအးတိုက္ပြဲ"ေခၚရမလား....? ေမဇူးေမာင္က ဈာန္လင္းခန႔္ကို မ်က္ႏွာခ်င္းမဆိုင္။ အေနာက္ဘက္ရွိ ေျမကြက္လပ္ေလးတြင္ ခုံေလးခင္းကာ သူမဟာသူမ လက္က်န္မုန႔္ဟင္းခါးစားေနသည္။ ဈာန္လင္းခန႔္မွမဟုတ္ ဘယ္သူမွ ဂ႐ုမစိုက္သလို စကားလည္းမေျပာ။ ဈာန္လင္းခန႔္ကလည္း ပစၥည္းပစၥယမ်ား သိမ္းေပးေနေသာ သၽွန္ေနာင္ကို ကူသလိုျဖင့္ တစ္ခ်က္တစ္ခ်က္ မသိမသာ ထိလားတို႔လား လုပ္ရန္ႀကိဳးစားေသး၏။

သၽွားအိမ္ကေတာ့ အံတႀကိတ္ႀကိတ္ျဖင့္ ပစၥည္းမ်ားကို ျမန္ျမန္ဆန္ဆန္ သိမ္းေနသည္။ သိမ္းရင္းမွ ထိုေမတၱာတုံးကို ၾကည့္ရေသးသည္။ သူ႔ခ်စ္သူကို ထိမလိုလုပ္လၽွင္ မသိမသာ ကာကြယ္ရေသးသည္။ ဥပမာ... သၽွန္ေနာင္ထံမွ ခုံကို ဈာန္လင္းခန႔္က ကူသယ္ေပးမလို လုပ္လၽွင္ ကပ်ာကယာ လုပ္လက္စကို ခ်ကာ သၽွန္ေနာင္ႏွင့္ လူခ်င္းလဲကာ ခုံဝိုင္းကူမေပးတာမ်ိဳး။ ခုံသိမ္းရင္းမွ လူခ်င္းအရမ္းကပ္လာလၽွင္ လက္ထဲမွာရွိသမၽွ ပန္းကန္ရွိရွိ၊ ဘာရွိရွိ သၽွန္ေနာင့္လက္ထဲထိုးထည့္ကာ သြားထားခိုင္းတာမ်ိဳး။

သၽွန္ေနာင္ကေတာ့ ႏွစ္ဦးစလုံးကို ဘာတခြန္းမၽွမေျပာ ျမန္ျမန္ဆန္ဆန္ သိမ္းၿပီးဖို႔သာ အာ႐ုံစိုက္လၽွက္။ သုံးဦးသား အိမ္အကူမ်ားႏွင့္ ေပါင္းကာ တက္ညီလက္ညီသိမ္းဆည္းလိုက္လၽွင္ ၅ နာရီတြင္ အားလုံးၿပီးဆုံးသြားေတာ့သည္။ ထိုအခါမွ ႏွစ္ေယာက္သား မည္သူ႔ကိုမၽွ ႏႈတ္မဆက္ပဲ အိမ္သို႔ထြက္လာခဲ့ေတာ့သည္။

အိမ္ေရာက္သည့္တိုင္ စကားေျပာနိုးနိုးႏွင့္ ေစာင့္ေနပါေသာ္ျငား အိမ္ေရာက္႐ုံမက ေရခ်ိဳးၿပီးသည္အထိ စကားတစ္ခြန္းမေျပာေသာ သၽွန္ေနာင္ေၾကာင့္ သၽွားအိမ္မွာ မေနတတ္ေတာ့။ အကၤ်ီၾကယ္သီးမ်ားတပ္ေနေသာ သၽွန္ေနာင္၏ ခါးကို ေနာက္မွ သိုင္းဖက္ကာ ခပ္ခၽြဲခၽြဲအသံျဖင့္...

"Baby...."

"ေျပာ..."

သၽွန္ေနာင္ ရယ္ခ်င္သည္ကို ထိန္းကာ ခပ္တည္တည္ျဖင့္ ျပန္ေျပာလိုက္သည္။ သၽွားအိမ္ခမ်ာမွာ ခ်စ္သူစိတ္ဆိုးေနေသးသည္ အထင္ႏွင့္ သၽွန္ေနာင္၏ ခါးကို ပို၍တင္းၾကပ္ေအာင္ဖက္ကာ ညဝတ္အကၤ်ီေအာက္မွ မခို႔တရို႔ေပၚေနေသာ ကုပ္သားဝင္းဝင္းေလးကို အနမ္းမ်ားျဖင့္ အေရာင္ဆိုးလိုက္သည္။

"ေမာင့္ကို ခ်စ္လား။"

"အင္း"

သၽွန္ေနာင္က အကၤ်ီ၏ ေနာက္ဆုံးၾကယ္သီးကိုတပ္ရင္း တမင္ပင္ ဝတ္ေက်တန္းေက် ေလသံျဖင့္ ေျပာလိုက္သည္။

"ဒါဆို စိတ္မေကာက္နဲ႔ေတာ့"

"ဘာဆိုင္လဲ"

သၽွားအိမ္က သၽွန္ေနာင္၏ ပုခုံးကို ဆုပ္ကိုင္ကာ ကိုယ္ကို ညႇင္သာစြာ ဆြဲလွည့္လိုက္သည္။ ထို႔ေနာက္ သၽွန္ေနာင္၏ ေမးကို အသာအယာပင့္လိုက္ၿပီး အခ်ိဳးက်နသည့္ မ်က္ခုံးသြယ္သြယ္ႏွစ္ခုၾကားတြင္ အနမ္းတပြင့္ကို ပြင့္ေစ၏။ ၿပီးမွ ခ်စ္သူကို အျပဳံးခ်ိဳခ်ိဳတခုျဖင့္ လာဘ္ထိုးကာ....

"မဆိုင္၊ ဆိုင္ဆိုင္ စိတ္မေကာက္နဲ႔ေတာ့ကြာ။ ေမာင္ မေနတတ္လို႔။ "

သၽွန္ေနာင္ တမင္ပင္ ဂ်စ္ကန္ကန္အၾကည့္မ်ိဳးျဖင့္ၾကည့္ကာ...

"ေနပါဦး ဘယ္သူက စိတ္ေကာက္ေနလို႔လဲ"

"ေဟာ့ဒီက ေမာင့္ခ်စ္သူ ကေလးႀကီးေလကြာ။"

သၽွားအိမ္က သၽွန္ေနာင္၏ ေမးဖ်ားေလးကို လက္ျဖင့္ အသာအယာ ထိကိုင္ရင္း ေျပာလိုက္သည္။ မရမကေခ်ာ့ေနေသာ သၽွားအိမ္ကို ၾကည့္ကာ သၽွန္ေနာင္ သက္ျပင္းတစ္ခ်က္ခ်မိပါေတာ့သည္။

"ကိုက စိတ္ေကာက္တာ မဟုတ္ဘူး။ စိတ္မေကာင္းျဖစ္တာ။ ကိုက ကို႔ခ်စ္သူ ေကာင္းရာေကာင္းေၾကာင္းအတြက္ ေျပာတာကို ကို႔ကို အထင္လြဲသြားလို႔ စိတ္မေကာင္းျဖစ္မိတာ။"

ညိဳရီမွိုင္းေနေသာ ထိုသမင္မ်က္ဝန္းမ်ားက သူအား ျပစ္မႈႀကီးႀကီးတစ္ခု က်ဴးလြန္မိေသာ လူတစ္ေယာက္လို ခံစားရေစသည္။ တလိပ္လိပ္တက္လာေသာ ေနာင္တတရားတို႔ႏွင့္အတူ အသက္ျပင္းျပင္းတစ္ခ်က္ရႈထုတ္လိုက္ပါသည္။ ထို႔ေနာက္ ခ်စ္သူ၏ ပါးႏွစ္ဖက္ကို ယုယစြာ အုပ္ကိုင္လိုက္ၿပီး ခ်စ္သူ၏ မ်က္ႏွာကို ေတာင္းပန္တိုးလၽွိုးေသာ အၾကည့္ျဖင့္ ၾကည့္လိုက္ပါသည္။

"ေမာင္ တကယ္ေတာင္းပန္ပါတယ္ Baby။ အဲ့ဒီတုန္းက ေမာင္ ေသြးအရမ္းပူေနတာက တစ္ေၾကာင္း...။ ေနာက္.... အဓိကကေတာ့ Babyအတြက္ေရာ မဇူးအတြက္ပါ မခ်င့္မရဲျဖစ္မိလို႔ပါ။ ဒါေၾကာင့္ ရင္ထဲက မပါတဲ့ စကားေတြကို ေျပာမိတာပါကြာ။ တကယ္ရည္ရြယ္ၿပီးေျပာတာ မဟုတ္ရပါဘူး။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ေမာင္ မွားသြားတာကို ေမာင္ ဝန္ခံပါတယ္။ ေမာင့္ကို ခြင့္လႊတ္ပါကြာ.. ေနာ္။ ခြင့္လြတ္မယ္မဟုတ္လားဟင္။"

ခ်စ္ရသူက ဤကဲ့သို႔ တည္တည္ၾကည္ၾကည္ပင္ ကိုယ့္အမွားကိုယ္ ဝန္ခံလာေတာ့ သူ ခြင့္မလႊတ္စရာအေၾကာင္း မရွိပါ။ အစကတည္းကလည္း ခြင့္လႊတ္ၿပီးသားျဖစ္ပါသည္။

"ကို နားလည္ပါတယ္ ေမာင္။ ေမာင္ကို ခြင့္လႊတ္ၿပီးသားပါ။ ဒါေပမယ့္ ေမာင္ ကို႔အေပၚမွာ တကယ္သံသယရွင္းရဲ့လား။"

သၽွန္ေနာင္၏ အေမးစကားေၾကာင့္ သၽွားအိမ္မွာ စိတ္မေကာင္းျဖစ္မိပါသည္။ သူ႔စကားက ခ်စ္ရသူကို ထိုလူႏွင့္ စြပ္စြဲလိုက္သလိုျဖစ္သြားသည္ မဟုတ္ပါလား။ တကယ္တမ္းဆိုလၽွင္ သူအေနႏွင့္ ခ်စ္သူကို ယုံၾကည္ေၾကာင္းမျပသနိုင္ေတာင္ တစ္ဦးအေပၚတစ္ဦး ထားရွိသည့္ အျပန္အလွန္ယုံၾကည္မႈကို ထိပါးေစမည့္ စကားမ်ိဳးေျပာရန္ မသင့္ေပ။ သၽွားအိမ္မွာ စိတ္လြတ္ကိုယ္လြတ္ျဖစ္သြားေသာ မိမိကိုယ္မိမိ ထုရိုက္ပစ္လိုက္ခ်င္ပါေတာ့သည္။

"ေမာင္ Baby အေပၚမွာ ဘာသံသယမွကို မရွိတာပါကြာ။ အဲ... ရွိခ်င္းရွိ.... သဝန္တိုတာပဲရွိလိမ့္မယ္။"

သၽွန္ေနာင္မွာ သၽွားအိမ္ဘက္မွ ပြင့္လင္းစြာ ဝန္ခံလာေသာ စကားေၾကာင့္ ျပဳံးစိစိျဖစ္သြားၿပီး.....

"ေမာင္ရယ္.... သူဆိုတာ ကို႔ရင္ထဲမွာ မရွိလို႔လဲ ခင္ဗ်ားေလးကို ခ်စ္နိုင္တာေလ။ မဟုတ္ရင္ ခင္ဗ်ားေလးကို ဘယ္ခ်စ္နိုင္ပါ့မလဲ။ အဲ့ဒါေၾကာင့္ အဲ့ဒီ့အရႈံးသမားနဲ႔ ဖက္ၿပိဳင္ၿပီး သဝန္မတိုနဲ႔ေတာ့ေနာ္။ ဟုတ္ၿပီလား။"

သၽွန္ေနာင္က သၽွားအိမ္၏ ႏွာေခါင္းကို ခ်စ္စနိုးျဖင့္ လိမ္ဆြဲကာ ေျပာလိုက္သည္။

"ဒါဆို တျခားလူနဲ႔ သဝန္တိုလို႔ရတယ္ေပါ့။"

"တျခားလူ? ေမာင္ရယ္ မေနာက္ပါနဲ႔။ ကို႔လို လူဆိုးလူမိုက္ေဟာင္း ဘိုးေတာ္ကို ဘယ္သူမွ ဒီလို မ်က္ႏွာေျပာင္တိုက္ၿပီး ရည္းစားစကား မေျပာရဲဘူး။"

"ဪ... ဒါဆို ေမာင္က ေတာ္ေတာ္ သတၱိေကာင္းတာပဲေနာ္။ ဒီက လူဆိုးႀကီးကို ရည္းစားေတာင္မျဖစ္ေသးဘူး အလစ္ေခ်ာင္းၿပီး နမ္းပစ္လိုက္တယ္ေလ။ ေျပာရင္းနဲ႔ေတာင္ ကိုယ့္ကိုယ္ကိုယ္ ဂုဏ္ယူမိတယ္။"

ေတြးၾကည့္ပါလၽွင္ အေတာ့္ကို တင္စီးပါသည္ဟု ယူဆနိုင္ေသာ အျဖစ္အပ်က္ကို ၿမိန္‌ေရရွက္‌ေရေလသံျဖင့္ ေျပာေနေသာ သၽွားအိမ္ကို ဘုၾကည့္တစ္ခ်က္ၾကည့္ကာ....

"ခင္ဗ်ားေလးေနာ္... အေကာင္းေျပာေနတာကို။ ဘာပဲျဖစ္ျဖစ္ သဝန္တိုခ်င့္တို ေဟာဒီ့က ေမာင့္ကိုပဲ သဝန္တိုရမွာ။ ကို႔ခ်စ္သူက ပညာတတ္ ဥစၥာေပါ ႐ုပ္ေခ်ာဆိုေတာ့ မဆြတ္ခင္ညြတ္ေနတဲ့ မိန္းမလွေတြက တပုံႀကီး။ ဒီေန႔ေတာင္ တစ္ေယာက္ေတြ႕ခဲ့ေသးတယ္မဟုတ္လား။"

ထိုစကားေၾကာင့္ သၽွားအိမ္မွာ ဟက္ခနဲရယ္မိေတာ့သည္။ ကိုသိုက္ေျပာသည္မွာ ျဖစ္ေလာက္သည္။ ယခုေတာင္မွ မ်က္ေမွာင္ႀကီးၾကဳတ္လို႔။

"Baby က ပုလဲေက်ာ့ဆိုတဲ့ ေကာင္မေလးကို ေျပာတာလား။"

"ဟုတ္ရင္ဟုတ္မွာ ကိုမွ နာမည္မသိဘဲ။"

"အျဖဴေရာင္ဝမ္းဆက္ေလးနဲ႔ေလ။"

"အင္း.. ဟုတ္တယ္။ အဲ့ဒီ့ကေလးမပဲ.. ေမာင့္ကို အေတာ့္ကို အထာေပးေနတာ ႐ုပ္ပ်က္ဆင္းပ်က္ပဲ။"

မႏွစ္ၿမိဳ႕ေသာ အရိပ္အေယာင္ျဖတ္ေျပးသြားေသာ ထိုမ်က္ႏွာလွလွေလးကို ၾကည့္ကာ သၽွားအိမ္မွာ အသည္းတယားယား။

"ဒီေတာ့ Babyက သဝန္တိုတယ္ေပါ့။"

"အင္း... အဲ့ဒီလိုေျပာလို႔ရတယ္။ ေမာင့္ကို မယုံလို႔မဟုတ္ေပမယ့္ အဲ့ဒီကေလးမရဲ့ အၾကည့္ေတြကို ကိုမႀကိဳက္ဘူး။ ေနာက္ၿပီး ကိုယ့္ကိုယ္ကိုယ္လည္း စိတ္တိုလည္းတိုတယ္။"

"စိတ္တိုတယ္? ဘာလို႔လဲ?"

"ကို႔ ခ်စ္သူကို ခ်စ္သူပါလို႔ လူၾကားထဲ ေၾကျငာလို႔မရလို႔"

သၽွားအိမ္မွာ ခ်စ္သူကို ရင္ခြင္ထဲသို႔ဆြဲသြင္းကာ တင္းက်ပ္ေသာ အေထြးအေပြ႕ျဖင့္သာ အားေပးႏွစ္သိမ့္လိုက္ရပါသည္။ သူတို႔ မလြတ္တမ္းဆြဲကိုင္မိပါေသာ ထိုခ်စ္ျခင္းေမတၱာက အပယ္ခံခ်စ္ျခင္းေမတၱာတခုမဟုတ္ပါလား။

"Babyရာ... ေမာင္လည္း တခါတေလ အဲ့ဒီ့လိုခံစားမိတယ္။ ဒါေပမယ့္ သူတို႔ သိမွ... လူၾကားထဲခ်ျပနိုင္မွ အခ်စ္စစ္အခ်စ္မွန္လို႔ ယူဆလို႔မရတာ။ သူတို႔ လက္မခံနိုင္လို႔ ေမာင္တို႔ အခ်စ္က နိမ့္က်မွာ မဟုတ္သလို သူတို႔လက္ခံမွ ေမာင္တို႔လက္တြဲ ျမဲမွာမွ မဟုတ္ဘဲ။ အဓိကကေတာ့ ေမာင္တို႔ပဲေလ။ ဒီအခ်စ္ကို ဆုပ္ကိုင္မလား၊ လက္လႊတ္အရႈံးေပးမလားဆိုတာ ေမာင္တို႔လက္ထဲမွာပဲ ရွိတယ္။ ေမာင္ကေတာ့ ဒူးေထာက္လက္ေျမႇာက္ဖို႔ စိတ္ကူးမရွိဘူး။ ဒီအခ်စ္ကသာ တိုက္ပြဲဆိုရင္ ေမာင္ရဲ့ ေနာက္ဆုံးထြက္သက္အထိ Babyရဲ့လက္ကို ဆြဲၿပီး ဒီတိုက္ပြဲကကို တိုက္သြားခ်င္တယ္ Baby ရယ္"

သၽွန္ေနာင္က ထိုအမ်ိဳးသားငယ္၏ ႀကံ့ခိုင္လွေသာ ပုခုံးေပၚတြင္ ေခါင္းကို မွီလိုက္ၿပီး....

"ေမာင္ရယ္ ကိုလည္း အတူတူပါပဲ။ ကို႔တို႔အခ်စ္ကို လူေတြ ဘယ္ေလာက္ပဲ ေဝဖန္ရႈံ႔ခ်ၾကပါေစ၊ အဖက္မတန္သလို ေျပာၾကပါေစ ကို ဂ႐ုမစိုက္ဘူး။ ဒီအခ်စ္က ကိုတို႔ႏွလုံးသားနဲ႔ ဖန္တီးထားတဲ့၊ ကိုတို႔ႏွစ္ဦးပဲ ျမင္ေတြ႕ခြင့္ရွိတဲ့ အလွတရားေလ။ ဒီအလွတရားက လူေတြအျမင္မွာ ေသးႏုပ္ေပမယ့္၊ သဘာဝမက်ဘူးလို႔ ေျပာၾကေပမယ့္ ကို႔ရင္ထဲမွာေတာ့ သဘာဝတရားဆိုတာထက္ ခမ္းနားႀကီးက်ယ္ေနတယ္ ေမာင္။ ဒီအခ်စ္ကို တိုင္းထြာျပဖို စံႏႈန္းမရွိေပမယ့္ ကို ေသခ်ာေျပာနိုင္တာကေတာ့ ဒီအခ်စ္မွာ အဆုံးမရွိဘူးဆိုတာပဲ။ ဒီလိုအခ်စ္မ်ိဳးနဲ႔ ေမာင့္ကို တစ္ဘဝလုံးစာ ရည္ရြယ္ခဲ့မိတာေလ။ ဒါေၾကာင့္လည္း ေမာင္နဲ႔ပတ္သက္လာရင္ အတၱႀကီးေနရတာေပါ့။"

သၽွားအိမ္က သၽွန္ေနာင္၏ ဆံပင္ေလးမ်ားကို ခပ္ဖြဖြေလးပြတ္သပ္ေပးကာ....

"Baby ရယ္... စကားတတ္လိုက္တာကြာ။ ေဟာဒီက စကားေတာင္စားႀကီးေတာင္ လိုက္မမွီေတာ့ဘူး။ ဒါေပမယ့္... တကယ္ေျပာတာ။ ေမာင္ Baby ဆီက ဒီစကားၾကားရလို႔ ေက်နပ္တယ္။ Baby ဆီက အခ်စ္အတြက္ ေက်းဇူးလည္းတင္တယ္။"

သၽွန္ေနာင္က ခႏၶာကိုယ္ကို ျပန္မတ္လိုက္ၿပီး သၽွားအိမ္ကို မခ်ိဳမခ်ဥ္မ်က္ႏွာျဖင့္ ၾကည့္ကာ...

"ေက်းဇူးတင္ရင္ ျပန္ဆပ္ေလ။"

"ဘယ္လို ဆပ္ရမွာလဲ။"

သၽွားအိမ္ကလည္း သၽွန္ေနာင့္နည္းတူ မခ်ိဳမခ်ဥ္အျပဳံးျဖင့္ ျပန္ေမးလိုက္လၽွင္ သၽွန္ေနာင္က ညႇို႔ျမႇဴသလိုျပန္ျပဳံးျပလိုက္သည္။ ထို႔ေနာက္ သၽွားအိမ္ႏွင့္ မ်က္ႏွာခ်င္းထိလုမတတ္ကပ္လာၿပီး ရီေဝေဝမ်က္လုံးမ်ားႏွင့္....

"ေမာင္က ဘယ္လို ဆပ္ခ်င္လို႔လဲ။"

သၽွန္ေနာင္က စကားအဆုံးတြင္ ႏႈတ္ခမ္းတစ္ခ်က္သပ္လိုက္ကာ သၽွားအိမ္အား အနမ္းတို႔ျဖင့္ က်ိန္စာတိုက္ေတာ့သည္။ ထိုက်ိန္စာသည္ ခ်စ္သူက ေပးသည့္ သာယာမႈႏွင့္သာ ေျပေပ်ာက္နိုင္သည္ျဖစ္ရာ.....။

--------------------------------------

September 8, 2019 Sunday.

Edited on – Jan 31, 2021

--------------------------------------

Continue Reading

You'll Also Like

75.7K 6.1K 116
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...
1M 87.3K 102
(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..
387K 35.7K 56
ညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတ...
155K 15.8K 19
Boy Love/mini side story (OC) "ရေကြည်အေးမှ မြသားမောင်သို့" ရဲ့ side couple mini story လေးပါ