လူဆိုးလေးရဲ့ဒေါက်တာ

By Y_eribebe

448K 35.5K 2.2K

Geက ကျတော့်အပိုင်နော် ဘယ်သူမှမပေးဘူး (Yibo) မင်းသိပ်ဆိုးတာပဲ ဝမ်လေး (Zhan) Wang Yibo & Xiao Zhan More

Intro
🎀1🎀
🎀2🎀
🎀3🎀
🎀4🎀
🎀5🎀
🎀6🎀
🎀7🎀
🎀8🎀
🎀9🎀
🎀10🎀
🎀11🎀
🎀12🎀
🎀14🎀
🎀15🎀
🎀16🎀
🎀17🎀
🎀18🎀
🎀19🎀
🎀20🎀
🎀21🎀
🎀22🎀
🎀23🎀
🎀24🎀
🎀25🎀
🎀26🎀
🎀27🎀
🎀Final🎀

🎀13🎀

12.4K 1K 83
By Y_eribebe

(Zawgyi)


"မင်းဘာလုပ်နေတာလဲ??"



"မင်းကလဲကွာ ငါထိုင်မယ်နော်"

ဘေးကခုံတစ်ခုံမှာ ဝင်ထိုင်ရင်းပြောလိုက်တဲ့ထိုလူကို Yiboမကြည်ကြည့် ကြည့်လိုက်တယ်..

"ထိုင်ပြီးနေပြီပဲကို!"





"အင်းပါကွာ"



Xiao Zhanအိပ်တော့မယ်လိုအားလုံးကိုနှုတ်ဆက်ပြီး Yiboဆီအမြန်သွားလိုက်သည်..

"Wangလေး ဘာလုပ်နေတာလဲ??"



.
.
.
"Zhan Geအိပ်ပြီလား??"


"မအိပ်သေးပါဘူး"


"အင်းပါ.."



"Wang...Wangလေး"




🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀


"အွန်းစုံပြီWangလေး!"






"အွန်း Wangလေး"

















ရောက်ပြီဖြစ်၍ Yibo Xiao Zhanကိုနှိုးလိုက်ရတယ်..

"Zhan Geရောက်ပြီ"







"Hello"


"ကျတော်သိပါတယ်"


"မမေ့ပါဘူး"






🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

TBC>>>>


.....................................................................

(Unicode)

Yiboသူ့အဖွဲ့တွေနဲ့ထိုင်ပြီး ရယ်မောကာစကားပြောနေတဲ့ Xiao Zhanကိုသူတို့တဲနားကခုံလေးမှာထိုင်ကြည့်နေတုန်း ဆေးရုံအုပ်သားအနားရောက်လာပြီး..

"မင်းဘာလုပ်နေတာလဲ??"

"ဘာလုပ်လုပ်ခင်ဗျားနဲ့မဆိုင်ဘူး"

Yiboဘောက်ဆက်ဆက်ပြန်ဖြေလိုက်ပေမဲ့ ထိုလူသားကတော့ဂရုမစိုက်စွာ..

"မင်းကလဲကွာ ငါထိုင််မယ်နော်"

ဘေးကခုံတစ်ခုံမှာ ဝင်ထိုင်ရင်းပြောလိုက်တဲ့ထိုလူက်ို Yiboမကြည်ကြည့် ကြည့်လိုက်တယ်..

"ထိုင်ပြီးနေပြီပဲကို!"

"မင်းကလဲစိတ်ကြည့်ပဲ ငါပြောစရာရှိလို့"

"ပြောစရာရှိတာမြန်မြန်ပြော!"

"ငါအရင်ကတော့Xiao Zhanကိုတကယ်စိတ်ဝင်စားခဲ့တာ ဒါပေမဲ့ မင်းသူ့ကိုအရမ်းချစ်မှန်းဒီတစ်လအတွင်းမှာငါတော်တော်သိလိုက်ရတယ်။အဲ့ကြောင့်  ငါဆုံးဖြတ်လိုက်ပြီ နောက်ခါXiao Zhanကိုလုံးဝမနှောက်ယှက်တော့ဘူးလို့ ကတိပေးတယ်"

"ခင်ဗျား ယောကျာ်းကတိနော်"

"အင်းပါကွာ"

မနက်ဖြန်မနက်ဆိုပြန်ရတော့မှာမလို့ ဒီနေ့ညနှုတ်ဆက်ပွဲလုပ်နေတာကြောင့် Xiao Zhanသူ့အဖွဲ့သားတွေနဲ့စားသောက်ရင်းစကားပြောနေတုန်း Yiboထသွားတာသိပေမဲ့ စကားဖြတ်လို့မရတာကြောင့် လိုက်မသွားဖြစ်ခဲ့..ခုမှသတိရလို့ကြည့်လိုက်တော့ ဆေးရုံအုပ်သားနဲ့စကားပြောနေတဲ့ Yiboကိုတွေ့လိုက်ရ၍ Xiao Zhanလန့်သွားရသည်။

Wangလေးစိတ်ဆိုအောင်တော့သွားမလုပ်လောက်ပါဘူးနော် မဟုတ်ရင်အနည်းဆူံးတော့ ဆေးရုံအုပ်သားခေါင်းကွဲမှာသေချာတယ်..

Xiao Zhanအိပ်တော့မယ်လို်အားလုံးကိုနှုတ်ဆက်ပြီး Yiboဆီအမြန်သွားလိုက်သည်..

"Wangလေး ဘာလုပ်နေတာလဲ??"

Yiboဆေးရုံအုပ်သားနဲ့စကားပြောနေတဲ့အချိန်အနားရောက်လာတဲ့Xiao Zhanကြောင့် ပြုံးပြလိုက်ပြီး..

"ဘာမှမဟုတ်ပါဘူး Zhan Geအိပ်တော့မလို့လား??"

ပြုံးပြီးပြောလာတဲ့Yiboမျက်နှာလေးကိုမြင်ရတော့မှပဲ Xiao Zhanစိတ်အေးရတော့တယ်။ဆေးရုံအုပ်သားကိုစိတ်ပူလို့ မဟုတ်ပါ။သူစိတ်ပူတာ Wangကောင်ဆိုးလေးကိုသာ သူလေးရန်ဖြစ်လို့ဒဏ်ရာရမှာ ကျနော်အမုန်းဆုံးပဲ..
.
.
.
"Zhan Geအိပ်ပြီလား??"

Yiboဂိမ်းဆော့ပြီးလို ့ဘေးစောင်းသူ့ကိုနောက်ကျောပေးကာအိပ်နေတဲ့ Xiao Zhanဘေးလှဲလိုက်ပြီး မေးလိုက်တော့
Xiao Zhanခေါင်းလေးYiboဘက်စောင်းကြည့်လာသည်..

"မအိပ်သေးပါဘူး"

"အဲ့ဆို ကျတော်ဘက်လှည့်အိပ်လေ!"

"အင်းပါ.."

Xiao Zhan Yiboဘက်လှည့်လိုက်တော့ရင်ခွင်ထဲတန်းရောက်သွားသဖြင့် နောက်ဆုတ်ဖို့အလုပ် Xiao Zhanနှုတ်ခမ်းလေးYiboရင်ဘတ်လေးနဲ့ထိသည်အထိ ဆွဲဖက်ခြင်းခံလိုက်ရသည်။

အရမ်းနီးကပ်လွန်းတာကြောင့် Xiao Zhanရင်ခုန်သံတွေမြန်လာ၍ မရဲတရဲလေးYiboကိုခေါ်လိုက်သည်

"Wang...Wangလေး"

"ဘာမှမပြောနဲ့တော့ အိပ်တော့Zhan Geကျတော် ဒီလိုလေးအိပ်ချင်လို့"

ပြောပြီးYiboဆီကအသံမကြားတော့၍ Xiao Zhanလဲမထူးတော့ဘူးဆိုပြီး ရင်ခုန်သံတွေကိုလစ်လှူရှုကာ Yiboကိုပြန်ဖက်အိပ်လိုက်တော့သည်..

အိပ်ပျော်သွားပြီးဖြစ်တဲ့ရင်ခွင်ထဲကXiao ZhanကိုYiboငုံ့ကြည့်ကာငယ်ထိပ်လေးကို အနမ်းလေးပေးရင်ပြုံးလိုက်သည်ကိုတော့ Xiao Zhanမသိလိုက်ပါ။

🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

"ပစ္စည်းတွေစုံပြီနော်Zhan Ge!!"

"အွန်းစုံပြီWangလေး!"

ပြန်တော့မှာမလို့ ကားထဲပစ္စည်းတွေထည့်နေရင်းမေးလာတဲ့Yiboကို Xiao Zhanပြန်ဖြေလိုက်ကာ ပတ်ဝန်းကျင်ကျင် ကိုမျက်လုံးလေးနဲ့လိုက်ကြည့် လိုက်ပြီး ကားပေါ်တက်လိုက်သည်..

"Zhan Geသွားကြမယ်နော် မနားဘူးတန်းမောင်းမှာမလို့ Zhan Geအိပ်လိုက်ခဲ့လေ"

"မအိပ်တော့ပါဘူး.. Wangလေးခဏ! ဟိုမှာ"

ကားစက်နှိုးဖို့ပြင်နေတဲ့Yiboကို Xiaoတားလိုက်ပြီး ဘယ်ဘက်ခြမ်းကနေပြေးလာနေတဲ့ Yichengဆိုတဲ့ကလေးမလေးကို လက်ညိုးလေးထိုးကာ ပြလိုက်သည်..

"အာ..Yiလေး Zhan Geခဏဆင်းရအောင်"

"အွန်း Wangလေး"

Yiboကားပေါ်ကဆင်းကာ ပြေးလာနေတဲ့Yiလေးဆီသွားလိုက်ပြီး..

"ဘာလို့ပြေးလာတာလဲYiလေး မောနေမှာပေါ့"

"ကိုကို..တို့ကပြန်တော့မလို့ဆို အဲ့ကြောင့်လာနှုတ်ဆက်တာ"

ငိုပြီးပြောနေတဲ့Yiလေးကိုကြည့်ပြီး Xiao Zhanမျက်ရည်တွေကျလာသလို Yiboလဲ မျက်ရည်တွေဝဲလာသည်.

"မငိုနဲ့လေ Yiလေးကိုကိုတို့်နောက်လဲလာလည်မယ်လေ"

"တကယ်လာခဲ့နော် ဒေါက်တာကိုကိုကုပေးလို့လေ သမီးရောဂါတွေအကုန်ပျောက်ကုန်ပြီသိလား??"

"အင်းပါ ကိုကိုတို့သွားတော့မယ်နော်"

"သမီးလာလည်မယ်နော် ကြီးလာရင်"

"သမီးလေး ဘာလို့ပြေးသွားရတာလဲ ဒီကဒေါက်တာလေးတို့ကိုအားနာလိုက်တာ ပြန်ခါနီးမှ သမီးကလေ ဒေါက်တာတို့ပြန်ပြီလို့ ကြားတော့အသည်းအသန်ငိုနေပြီး ဒေါက်တာတို့ဆီလိုက်မပို့ရင် ကိုယ့်ဘာသာသွားမယ်ဆိုပြီး ဘယ်ချိန်ထွက်သွားမှန်းမသိလိုက်လို့ပါ "

"ရပါတယ်ဗျာ အဲ့ဆို Yiလေးကိုကိုတို့ပြန်ပြီနော် မငိုနဲ့တော့နော် "

Yibo Yiလေးမျက်ရည်တွေကိုသုတ်ပေးရင်း ပြောလိုက်ပြီး တာ့တာ ပြကာထွက်လာခဲ့လိုက်သည်။Xiao Zhanကတော့ဘယ်ချိန်ကကားပေါ်ပြန်တက်သွားမှန်းတောင်မသိလိုက်ပါ။
ကားပေါ်ရောက်တော့ နှုတ်ခမ်းကိုပြတ်ထွက်မတက်ကိုက်ထားပြီး မျက်ရည်မကျအောင် တင်းခံနေသည့် Xiao ZhanကိုYibo ရင်ခွင်ထဲဆွဲဖက်လိုက်ပြီး..

"ငိုချင်ငိုလိုက်ပါ Zhan Ge Yiလေးကဆေးခန်းပြစရာမရှိရင်တောင် တစ်လ လုံးတစ်ရက်မှမလာတဲ့နေ့မရှိပဲZhan Geဆီရော ကျတော့်ဆီရောတစ်နေကုန်လာခဲ့တဲ့ကလေးမလို့ Zhan Geအရမ်းသံယောဇဉ်ရှိမှန်းကျတော်သိပါတယ် အဲ့ကြောင့် ကျတော်ကိုအားမနာပဲ ငိုချလိုက်ပါZhan Ge။ ကံမကုန်ရင်တော့ပြန်ဆုံချင်သေးတယ်Yiလေး"

ထွက်သွားပြီဖြစ်တဲ့သားအမိနှစ်ယောက်မှာ နောက်ကိုတစ်လှည့်ကြည့်ကြည့်သွားနေတဲ့ YiလေးကိုYiboကားထဲကလှမ်းကြည့်ရင်းပြောလိုက်တဲ့စကားအဆူံး ရင်ခွင်ထဲကငိုသံလေးတွေနဲ့ရှိုက်သံလေးတွေထွက်ပေါ်လာခဲ့လေသည်..

ငိုပြီး ရင်ခွင်ထဲမှာတင်အိပ်ပျော်သွားတဲ့Xiao ZhanကိုYibo ခါးပတ်လေးပတ်ပေးလိုက်ပြီး ကားမောင်းထွက်လာလိုက်သည်..

မအိပ်ဘူးပြောနေပေမဲ့ Zhan Geပင်ပန်းနေတာ ကျတော်သိတာပေါ့ဗျာ..

မနက်ထဲကမောင်းလာတာကြောင့် နေ့လည်မှာပဲ Xiao Zhanတိုက်ခန်းရှေ့ရောက်ခဲ့သည်..

ရောက်ပြီဖြစ်၍ Yibo Xiao Zhanကိုနှ်ိုးလိုက်ရတယ်..

"Zhan Geရောက်ပြီ"

"ဟင် Geအိပ်ပျော်သွားပြန်တာလား??"

"အွန်းဟုတယ် Zhan Geကျတော်ပြန်တော့မယ်နော် Zhan Geလဲနားလိုက်အူံး မနက်ဖြန်မှလာခဲ့တော့မယ်"

"အင်းပါ Wangလေး ပါးပါးနဲ့မားမားကိုလဲ သေချာရှင်းပြလိုက်အုံးနော်"

"ဟုတ် သွားပြီနော် Zhan Ge"

ပစ္စည်းတွေချပေးပြီး နှုတ်ဆက်ကာထွက်သွားတဲ့Yiboကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးမှ Xiao Zhanအထုတ်တွေ သယ်ကာတိုက်ခန်းထဲဝင်လိုက်တော့သည်..

တိုက်ခန်းထဲရောက်လို့ ပစ္စည်းတွေချနေတုန်း ဝင်လာတဲ့phကြောင့် Xiao Zhanဂျင်းဘောင်းဘီအိတ်ကပ်ထဲက ထုတ်ကြည့်လိုက်တော့ ZiYue Daddyဖြစ်နေ၍ သက်ပြင်းချလိုက်ကာ phကိုင်လိုက်သည်။

"Hello"

"မင်းကိုပေးထားတဲ့အချိန်ပြည့်ဖို့ တစ်ပတ်ပဲလိုတော့တာနော်"

"ကျတော်သိပါတယ်"

"အေးသိရင်ပြီးရော မင်းမေ့နေမှာဆိုးလို့"

"မမေ့ပါဘူး"

ZiYue Daddy phချလိုက်ပြီး ဘေးကသမီးဖြစ်သူကိုရယ်ပြလိုက်ကာ ..

"သမီးအတွက်ဖြစ်လာတော့မှာပါ"

"သူကအစောထဲကသမီးအပိုင်လေ သမီးဒီအချိန်ကိုစောင့်နေတာ"

ကောင်လေး မင်းချစ်သူနဲ့ခွဲရမှာစိတ်မကောင်းပါဘူး hkhk

hk Xiao Zhanရှင်ဘာတတ်နိုင်သေးလဲ မကြာခင်ရှင်ကကျမအပိုင်ဖြစ်လာတော့မှာ..

🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

TBC>>>>

ကြာသွားလို့တောင်းပန်ပါတယ်နော်😚

Continue Reading

You'll Also Like

70.7K 4.2K 22
What you know about life? For some people, life is~to make money and success.. For Some~it's complicated.. People waste time to ran behind the things...
1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.3K 77 6
Y/n get's tangled up in Billie's choatic life "You treat me like I'm just some dog running after you but I'm a person with needs and feelings!" -- A...
2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...