အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 241K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 42

43.7K 3K 162
By OnyxAriezz

>>>>>Unicode<<<<<

ဒီမနက်ကတော့ မနေ့ကလို မဟုတ်။ ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသော မနက်ခင်းဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် သူမျက်လုံးဖွင့်ဖွင့်ခြင်း ပုံဆိုးပန်းဆိုးဖြင့် အိပ်ပျော်နေသော ချစ်သူ၏ မျက်နှာကို မြင်ရသောကြောင့်ဖြစ်သည်။ အိပ်နေလိုက်တာများ ပါးစပ်ကြီးဟလို့။ ဒီကြားထဲ မြွေတစ်ကောင်ကဲ့သို့ တရှုးရှုးအသံပေးကာ အိပ်မောကျနေသေးသည်။ အချိန်ကြည့်တော့ မနက် ၆ နာရီခွဲ။ အင်းပေါ့လေ။ မနေ့ညက ၂ နာရီထိုးမှ ပြန်ရောက်သည်ဖြစ်ရာ ဒီအချိန်သည် သျှန်နောင်အတွက် အိပ်ကောင်းဆဲအချိန်မဟုတ်လား။

သူအိပ်ရာပေါ်မှဆင်းရန်ပြင်လိုက်လျှင် အင့်ခနဲအသံနှင့်အတူ အနည်းငယ် လွန့်လူးလာသဖြင့် သျှန်နောင်၏ နားသယ်စရှိဆံနွယ်လေးများကို ပွတ်သပ်ကာ တိုးညှင်းသော လေသံဖြင့်...

"ရှုး...ရှုး.... နိုးသွားလား။ sorry... ပြန်အိပ်ဦးနော်။ စောသေးတယ်။"

သျှန်နောင်က မျက်လုံးမဖွင့်သော်ငြား ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တစ်အိအိအသံပြုကာ သူ့ရင်ခွင်ထဲခေါင်းတိုးကာ ပြန်၍အိပ်မောကျနေသည်။ သျှားအိမ်မှာ ချစ်သူ၏ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မျက်နှာကို ကြည့်ကာ ကြည်နူးစွာပြုံးလိုက်မိပါသည်။ ဒီလူကြီးဟာ စုန်းထီးလေးလားမသိ။ ကြည့်လေကြည့်လေ ချစ်မိလေဖြစ်အောင် ဒီကောင်ကို ပြုစားထားပုံရသည်။ သူ့မှာ ဒီလူကြီး၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ ချစ်စိတ်တွေ တိုးပြီးရင်းတိုးရင်းဖြင့် အချစ်ဝင်္ကပါထဲတွင် ချာချာလည်နေတော့သည်။ တစ်သက်နှင့်တကိုယ် ယောက်ျားတစ်ယောက်ကို ဤသို့ ချစ်ခင်စုံမက်မိလိမ့်မည်ဟု ထင်မထားမိ။ ကြည့်ရသည်မှာ လူတွေ ပြောပြောနေသည့် ဖူးစာဆိုတာ ဒါပဲဖြစ်မည်ထင်သည်။

"အင်... မောင်?"

သူမည်မျှ အတွေးလွန်နေသည်မသိ။ ရင်ခွင်ထဲမှ ချစ်သူက အိပ်ချင်စုံမွှားဖြင့် ခေါ်လိုက်တော့မှ သတိဝင်လာတော့သည်။

"နိုးပြီလား Baby...."

ညှင်သာလှသော အသံသြသြနှင့်အတူ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသော ချိုမြန်လှသည့် နှုတ်ခွန်းဆက်အနမ်းကြောင့် သျှန်နောင် ပြုံးလိုက်တော့သည်။

"အင်း... ဘယ်အချိန်ရှိပြီလဲ။"

သျှားအိမ်မှာ ထိုအခါကျမှ ၇ နာရီခွဲလုလုနာရီကို မြင်ကာ...

"Holy moly.... s***"

မနက်စောစောစီးစီး ဆဲဆိုကာ အိပ်ရာပေါ်မှ ခုန်ပေါက်ပြေးဆင်းပြီး ရေချိုးခန်းထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသော ချစ်သူကြောင့် သျှန်နောင် အားပါးတရရယ်ပြုံးကာ လဲလျောင်းနေရာမှ ထလိုက်ပါသည်။ ထို့နောက် ချစ်သူရှိရာရေချိုးခန်းထဲသို့ ဝင်လိုက်လျှင် ချစ်သူမှာ Stand shower ထဲတွင် သွားတိုက်ရင်းနှင့် ရေချိုးနေလေသည်။ သို့သော် လက်ဆေးကန်ပေါ်တွင် အရံသင့်တင်ထားပေးသော သွားတိုက်တံပေါ်မှ သွားတိုက်ဆေးကြောင့် သူ ဒုတိယအကြိမ်ပြုံးလိုက်မိပြန်သည်။ ချစ်သူနှင့် နိုးထခြင်းသည် မင်္ဂလာတပါးပါလား။

သျှားအိမ် ရေချိုးပြီး၍ အခန်းထဲသို့ဝင်သွားပြီး အင်္ကျီဝတ်နေတုန်းရှိသေးသည် ဟိုလူကြီးက ရေချိုးခန်းထဲမှ ရေစက်လက်ဖြင့် ထွက်လာတော့သည်။

"Baby....!!! ဟာ... ဘယ်နှယ့်..! အဟွတ်ဟွတ်..."

သျှားအိမ်မှာ ချစ်သူ၏ မိမွေးတိုင်းဖမွေးတိုင်း အလှကြောင့် တံတွေးများပင် သီးသွားရသည်။ ဒီလူဟာလေ အနေမတတ်အထိုင်မတတ်။ မနက်စောစောစီးစီ လူကို မြူစွမ်တွေ အတုံးလိုက်အတစ်လိုက်တိုက်ကာ နှာခေါင်းသွေးလျှံပြီးသေအောင်များ လုပ်နေတာလားမသိ။

"Sorry မောင်။ ကို့ကို တဘက်ကလေးတခုလောက်ပေးပါ။ ပြီးရင် ကြမ်းတွေကို ကို ပြန်သုတ်ပေးပါ့မယ်။ စိတ်မပူပါနဲ့။ ချက်ချင်းသုတ်ရင် အကွက်မထပါဘူး။"

"ဘယ်သူက ကြမ်းကို ဂရုစိုက်နေလို့လဲ။"

"ဟင်.... ဒါဆို ဘာလို့ခုနက ကို့ကို အော်တာလဲ?"

သျှန်နောင်၏ တကယ့်ကို မသိသော မျက်နှာပေးကြောင့် သျှားအိမ် သက်ပြင်းချလိုက်သည်။ ထို့နောက် ခေါင်းခါခါခြေခါခါဖြင့် ဗီရိုထဲမှ တံဘက်တစ်ခုထုတ်ကာ ချစ်သူကို ခေါင်းအစခြေအဆုံးရေသုတ်ပေးလိုက်သည်။

"Baby လုပ်နေပုံကို ကြည့်အုံးလေ။ နှစ်ယောက်လုံး ဒီအခန်းထဲကနေ ဘယ်မှရောက်မှာ မဟုတ်တော့ဘူး။"

တဖြစ်တောက်တောက်ပြောကာ ရေသုတ်ပေးနေသော သျှားအိမ်၏ စကားကြောင့် သျှန်နောင်မှာ သဘောပေါက်သွားကာ ရယ်ချင်လာသည်။ အထူးသဖြင့် ထိုမရမကတည်ထားဟန်ရှိသော ချစ်သူ၏ မျက်နှာချောချောလေးက သူ့အသည်းကို မထိတထိကလိနေတော့သည်။ ဒီကြားထဲ ချစ်သူကိုယ်ပေါ်တွင် စွဲကျန်နေသေးသော ဆပ်ပြာနံ့သဲ့သဲ့က သူစိတ်များကို ကလူ၏သို့ မြှူ၏သို့နယ်ပင်။ မတတ်နိုင်ပါဘူး။ ဒီအချိန် သီလသမာဓိဆိုတာဘေးချိတ်၍ ချစ်သူနှင့် မျက်နှာချင်းနီးနေသည်ကို အခွင့်ကောင်းယူရဖို့သာ ရှိတော့သည်။

သျှန်နောင်က ရုတ်တရက် သျှားအိမ်၏ အင်္ကျီလည်ပင်းမှ ဖမ်းဆွဲပြီး ထိုထော်နေသော နှုတ်ခမ်းများကို ကျူးကျော်စစ်ဆင်လိုက်သည်။ သို့သော် တဖက်မှ တန်ပြန်စစ်ဆင်ရေး ဆင်လာချိန်တွင်တော့ ခံစစ်ကိုသာ အရောင်ပြကစားကာ သူ၏ နှုတ်ခမ်းတခုလုံးကို ပြင်းထန်လှသော အနမ်းလက်နက်ဖြင့် သိမ်းပိုက်စေသည်။

"တီးတောင်..."

နှစ်ဦးသား အနမ်းစီးချင်းထိုးနေရာမှ အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံကြောင့် သတိဝင်သွားပြီး လူချင်းခွါလိုက်သည်။

"ဘယ်သူလဲမသိဘူး။ မောင် သွားကြည့်လိုက်ဦးမယ်။"

"အင်း"

သျှားအိမ် ချစ်သူကို အခန်းထဲတွင် ထားခဲ့ကာ တံခါးရှိရာသို့ လျှောက်လာခဲ့သည်။ ထို့နောက် ချောင်းကြည့်ပေါက်မှ ဘယ်သူလဲကြည့်လိုက်လျှင် အဖြူရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင် style pants ကို အချိုးကျနစွာဝတ်စားထားသော ရုပ်ရည်ခံ့ညားသည့် လူကြီးတစ်ဦးရပ်နေသည်ကို တွေ့လိုက်ရသည်။

"ဖေဖေ???"

သူ မျက်မှောင်ကြုတ်ကာ တံခါးကို ဖွင့်ပေးလိုက်လျှင်....

"မင်း အလုပ်မရောက်သေးဘူးဆိုလို့ အိမ်ကို လိုက်လာတာ။"

ဦးခွန်မင်းထိုက် သူ့အား လှိုက်လှိုက်လှဲလှဲမရှိသည့် သားဖြစ်သူကို ပြောကာ အခန်းထဲသို့ ဝင်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ ဖေဖေ"

"နေစမ်းပါဦး။ ငါ ထိုင်ပါရစေဦး။"

သျှားအိမ် ဘာမှမပြောပဲ နှင်းနှင်းကို ဖုန်းခေါ်ကာ အရေးတကြီးကိစ္စတခုပေါ်လာ၍ နောက်ကျမည်ဖြစ်ကြောင်းသာ အသိပေးလိုက်သည်။ ထို့နောက် ဖခင်ထိုင်နေသော နှစ်ယောက်ထိုင်ဆိုဖာရှေ့ရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

"ငါ ဘာကြောင့်လာတယ်လို့ မင်းထင်သလဲ။"

"ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ ကိစ္စပဲမဟုတ်လား။"

"အေး..."

ထိုစဉ် ဧည့်ခန်းထဲသို့ ဝင်လာသည့် အနက်ရောင်လည်ကတုံးရှပ်အင်္ကျီနှင့် ခဲရောင်ပြေးနေသည် slim fit pantကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို မြင်လျှင် ဦးခွန်မင်းထိုက် မျက်မှောင်ကြုတ်မိပါတော့သည်။

"မင်း ချစ်သူဆိုတာ သူလား သျှားအိမ်"

သျှားအိမ် မဆိုင်းမတွပင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ဖေဖေ။ သူက ကျွန်တော့်ချစ်သူ..."

ပြီးလျှင် သျှန်နောင်အား သမင်လည်ပြန်ကြည့်လိုက်ပြီး...

"အဆင်သင့်ဖြစ်ရင် သွားနှင့် Baby။ ။ မောင်တို့သားအဖ အေးအေးဆေးဆေး စကားပြောချင်လို့။ ပြီးမှလာခဲ့မယ်။"

သျှန်နောင်မှာ တင်းမာခက်ထန်စွာကြည့်နေသော ချစ်သူ၏ ဖခင်ကြောင့် ခြေလှမ်းများတုံ့ခနဲဖြစ်သွားရသည်။ ကြောက်လို့တော့မဟုတ်။ ထိုသူ၏ အထက်စီးဆန်သည့် အကြည့်များက သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေ၍ ဖြစ်သည်။ သို့သော် ချက်ချင်းပင် သူ့အကြည့်များကို ချစ်သူ၏ မြတ်နိုးဖွယ်ရာကောင်းသော မျက်လေးထံလွှဲလိုက်ကာ အပြုံးတစ်ခုကို ဆင်ယင်လိုက်သည်။

"မောင်... သေချာလား။ ကို စောင့်ပေးနိုင်ပါတယ်။"

ချစ်ရသူအတွက် စိတ်မဖြောင့်စွာ ပြောလိုက်သည်။ အခုလိုအချိန်တွင် ချစ်သူနားမှာ မခွါလိုပါ။ သျှားအိမ်က ငြင်းပယ်မည်ဟု ပါးစပ်ဟရုံရှိသေးသည် ဦးခွန်မင်းထိုက်က....

"မင်း နေပေးနိုင်ရင် ပိုကောင်းတာပေါ့။ ဒါမှ ငါ့စကားကို ပိုထိထိရောက်ရောက် ပြောလို့ရတာပေါ့။"

သျှန်နောင် ဘာမျှမပြောဘဲ သျှားအိမ် နဘေးရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်ပါသည်။

"ငါ အဖေတစ်ယောက်အနေနဲ့ ရှင်းရှင်းပဲပြောမယ်။ ဒါကိစ္စကို ငါလုံးဝ လက်မခံနိုင်ဘူး။ ဒီတော့ မင်းတို့နှစ်ယောက်ကိစ္စ ဒီနေ့ဒီအချိန် ဒီမှာပဲရပ်ပါ။"

"ကျွန်တော် မလုပ်နိုင်ဘူး ဖေဖေ။"

သျှားအိမ်က တစ်စက္ကန့်မဆိုင်းဘဲ သူ့သဘောကို ပြန်ပြောလိုက်တော့သည်။

"ဟ.... ဘာလို့မလုပ်နိုင်ရမှာလဲ။"

"ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ကို ချစ်ခဲ့တာ လမ်းခွဲဖို့မဟုတ်ဘူးဖေဖေ။ ဒါကြောင့် လမ်းမခွဲနိုင်ဘူး။"

"မရဘူး သျှားအိမ်။ မင်း လမ်းခွဲကိုခွဲရမယ်။ မင်းကြောင့်.... မင်း ဒီလိုကောင်နဲ့ တွဲလို့ ငါ ဘယ်လောက်အရှက်ရရသလဲ သိလား။ အခုဆို ငါ့ကို လူတွေက အခြောက်ကို လင်လုပ်နေတဲ့ကောင်ရဲ့ အဖေဆိုပြီး ကွယ်ရာမှာ ဟားနေတာကွ။ မင်းတို့မရှက်ရင်တောင် ငါရှက်တယ်။ ပြီးတော့..."

ဦးခွန်မင်းထိုက်က ပြောရင်းမှ သျှန်နောင်ကို လက်ညိုးထိုးလိုက်ပြီး....

"ဟိုကောင်.... မင်းကိုမင်းလုံလှပြီ မထင်နဲ့။ မင်း ကလောမှာ ဖာသည်ဆိုပြီး နာမည်ကြီးတဲ့အကြောင်းတွေ ငါ ကြားပြီးသား။ မင်း အသက်ကို နှမြောရင် ငါ့သားကို ရှက်မရှိ ဖြားယောင်းနေတာ ရပ်တန်းက ရပ်ပါ။ မဟုတ်ရင် ငါ့ အဆိုးမဆိုနဲ့။"

သျှန်နောင် ဘာမှတော့ ပြန်မပြောပါ။ သို့သော် နောက်ဆုံးစကားကြီးက သူ့အား စိတ်ပျက်စေပါသည်။ ဘယ်နှယ့်ကြောင့် တွေ့တွေ့ချင်း လာခြိမ်းခြောက်နေရမှန်းမသိ။ သို့သော် သျှားအိမ်ကတော့ ငြိမ်မနေနိုင်။ သူ ပါးစပ်ယားနေတာကြာပြီမဟုတ်လား။

" ဖေဖေက ဒီလိုမဆီမဆိုင်၊ မဟုတ်ကဟုတ်ကတွေကျတော့ ရှက်တတ်တယ်ပေါ့။ ဒါဆို ဖေဖေ တွေ့ကရ မိန်းမတွေ အိမ်ခေါ်လာတာကျတော့ မရှက်ဘူးလား။ ကိုယ့်ကို ဒီလောက်သည်းခံတဲ့ မေ့မေ့ကို လူကြားသူကြားမရှောင် နိုင်ထက်စီးနင်းလုပ်တာ လူရာမသွင်းတာကကော မရှက်တတ်ဘူးလား။ မေမေ သက်ရှိထင်ရှားရှိနေတာတောင် ဟိုမိန်းမကို အိမ်ပေါ်ခေါ်တာလာတာကရော မရှက်ဘူးလား။ နောက်ပြီး အဲဒီမိန်းမကို လူမြင်မကောင်းအောင် ခယနေတာကကော မရှက်ဘူးလား။"

"ဟေ့ကောင်... မင်းအဖေကို ပြန်ပြောစရာမလိုဘူး!"

"ကောင်းပြီလေ။ ဒါဆို မပြောတော့ဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ သူနဲ့ ဘယ်လိုဖြစ်ဖြစ် လမ်းခွဲဖို့ အစီအစဉ်မရှိဘူး။"

သျှားအိမ်က ပြတ်သားစွာပြောလိုက်လျှင်....

"သျှားအိမ် ငါပြောနေတယ်လေ။!!"

ဦးခွန်မင်းထိုက်မှာ ရှူးရှူးရှားရှားဖြင့် အော်ဟစ်လိုက်တော့သည်။

"မင်း ဒီလောက်ကြိုက်စရာရှားလို့ ဒီလို မျိုးနဲ့ရိုးနဲ့ဖာခံစားလာတဲ့ကောင်ကို ကြိုက်ရလား။ မင်း မရှက်ဖူးလားကွ? ဟင်?!! ဒီလို ကလောတခွင်မှာ နာမည်ကြီးနေတဲ့ ဖာသည် အခြောက်တစ်ကောင်ရဲ့ လင်လုပ်နေတာ မင်း မရှက်ပေမယ့် ငါရှက်တယ်ကွ!!!"

မည်မျှပင် အကြိမ်များစွာ ကြားရပါသော်ငြား မရိုးနိုင်ပါသော ထိုစကားသည် နာကျင်မှု၊ မခံချည်းမခံသာဖြစ်မှုနှင့် ဒေါသထွက်မှုတို့ ရောထွေးယှက်နွယ်ကာ သူအား မပျက်မကွက် စိတ်အနှောင့်အယှက်ပြုမြဲပင်။ သျှန်နောင် အံကိုတင်းတင်းကြိတ်ကာ ဦးခွန်မင်းထိုက်ကို စူးစူးစိုက်စိုက်ကြည့်လိုက်လျှင်...

"ဟေ့ကောင် မင်းက ဘာကိစ္စနဲ့ ငါ့ကို မိုက်ကြည့်ကြည့်နေတာလဲ။ ‌ယောက်ျားလုပ်ပြီး ဖာခံစားတဲ့ကောင်ကများ...."

ကိုခွန်းမင်းထိုက်၏ ရင့်သီးသောစကားလုံးများကြောင့် သျှန်နောင် လက်သီးကို တင်းတင်းဆုပ်ထားမိပါသည်။ တခြားလူဆိုပါလျှင် နေရာတွင် ပွဲချင်းပြီးသွားနိုင်သော်လည်း ချစ်သူ၏ ဖခင်ဖြစ်သည်ဟု နှလုံးသွင်းကာ ပေါက်ကွဲလုလုဒေါသများကို ခက်ခဲစွာ ထိန်းချုပ်လိုက်ရပါသည်။ သို့သော် သျှားအိမ်ကတော့ မခံမရပ်နိုင်စွာ...

"ဖေဖေ...!! ကျွန်တော့် ချစ်သူကို ဒီလို မပြောပါနဲ့!"

"ဟ...! ဖာမို့လို့ ဖာလို့ပြောတာ မင်းက ကြားထဲက ဘာနာနေတာလဲ?!"

"ဖေဖေ!!!"

သျှားအိမ်က ဒေါသတကြီးအော်ကာ ထိုင်ရာမှ ထလိုက်သည်။ ချစ်သူ၏ အတိတ်က ဘာဖြစ်ဖြစ် အမှန်တရားဆိုတိုင်း ယခုလို အစော်ကားနေသည်ကို ငြိမ်ခံစရာမလိုဟု သူထင်ပါသည်။ အထူးသဖြင့် သူ့ရှေ့တွင် သူ့ကြောင့် အောက်ဖဲတွေလှန်ကာ ချစ်သူကို သိက္ခာချနေသည်ကို ဒီအတိုင်းကြည့်မနေနိုင်ပါ။ ဦးခွန်မင်းထိုက်ကတော့ ဒေါသတကြီးဖြင့် ထိုင်ရာမှ ထကာ...

"မင်း အဖေကို ဒီလို အော်စရာမလိုဘူး!!"

"ဖေဖေလည်း ကျွန်တော့်ချစ်သူကို "ဖာ" လို့မပြောနဲ့လေ!!"

သျှားအိမ်က အသံမလျော့ပါ။ လျော့ရန်လည်း စိတ်ကူးမရှိ။ တော်ကြာ လေသံလျော့သွားလို့ တဖက်က ဖခင်ကို ပို၍နိုင်ထက်စီးနင်းပြောဖို့ စိတ်ပိုင်းဆိုင်ရာအရ အပေးအားမြှောက်ပြုသလိုဖြစ်သွားဦးမည်။

သျှန်နောင်လည်း မနေသာတော့ပါ။ သျှားအိမ်၏ နဘေးတွင်ရပ်ကာ ချစ်သူ၏ လက်မောင်းကို ဆွဲကာ ရပ်ရန်အချက်ပေးလိုက်သည်။ မည်သို့ပင် သူ့အား စော်ကားနေပါစေ သူ့ကြောင့် သားအဖတွေ ဤသို့ စကားများရသည်ကိုတော့ မဖြစ်စေလိုပါ။ သို့သော်လည်း သူ၏ ကြိုးစားအားထုတ်မှုက အရာမထင်ပါချေ။

"ပြောတော့ ဘာဖြစ်လဲကွာ။ မှန်တာပြောတာပဲ။"

"ဪ... ဒါဆို ဖေဖေ့ရဲ့ မိန်းမကြတော့ကော? ဘာလို့ ဖာသည်မလို့ မခေါ်သလဲ။ ဟင်?!!! ဘာလို့ ပိုင်းလုံးမလို့မခေါ်သလဲ။"

"ခွေမသား...!!! မင်းက အခြောက်လင်လုပ်ပြီး ငါ့ကို အာခံနေတယ်ပေါ့လေ!!!"

ဦးခွန်းမင်းထိုက် ဒေါသမထိန်းနိုင်စွာ သျှားအိမ်ကို ထိုးချလိုက်ပါသည်။ သျှားအိမ်မှာ ရှောင်တိမ်းလျှင် ရပါသော်ငြား ရှောင်လိုက်ပါလျှင် ဒီထက်မက ဆိုးလာနိုင်သော ဖခင်ကြောင့် ရှောင်တိမ်းမနေတော့ပါ။ သူ့အသားနာသည်က အကြောင်းမဟုတ်သော်ငြား ချစ်သူအား ဒီထက်ပို၍ စော်ကားမော်ကားနိုင်သော စကားလုံးကြမ်းကြမ်းများဖြင့် အထိုးနှက်မခံနိုင်တော့ပါ။ တဖန် သူမျက်နှာဖြင့် သည်းခံနေရသည့် ချစ်သူကိုလည်း မျက်နှာပူလှပါ၏။ ထို့ကြောင့် မျက်စိစုံမှိတ်ကာ ဖခင်ဖြစ်သူ၏ လက်သီးကျရောက်လာမည့် အချိန်ကို စောင့်မျှော်နေလိုက်သည်။ သို့သော် နာကျင်မှုက မရောက်လာ။ ဘာများဖြစ်လို့လဲဟူ၍ မျက်စိဖွင့်ကာ ကြည့်လိုက်တော့ ဖခင်၏ လက်သီးကို လက်ဖြင့်ဖမ်းထိန်းကာ သူ့ကို ကာကွယ်ပေးထားသော ချစ်သူကို မြင်လိုက်ရလေသည်။

"ဟေ့ကောင်.... လွှတ်စမ်း။ ငါ့သားငါထိုးတာ မင်းနဲ့ ဘာဆိုင်လဲ။"

သျှန်နောင်က ဦးခွန်မင်းထိုက်၏ လက်ကောက်ဝတ်ကို တစ်ချက်ဖျစ်ညှစ်လိုက်သည်။ ဦးခွန်မင်းထိုက်မှာ သျှန်နောင်၏ လက်ချက်ဖြင့် ထုံကျင်သွားရတော့သည်။

"အား.... မင်း... မင်း...."

သူ့လက်ကိုသူအုပ်ကိုင်ကာ တညည်းညည်းတညူညူဖြင့် ဖြစ်နေသော ဦးခွန်မင်းထိုက်အား သျှန်နောင် အေးတိအေးစက်ဖြင့် ကြည့်လိုက်ပါသည်။

"ဘာဆိုင်လို့လဲဆိုတော့ ခင်ဗျားသားဆိုတာက ကျွန်တော့်ချစ်သူလေ။ ကျွန်တော်က ကျွန်တော့်ချစ်သူကို တခြားလူတစ်ယောက်က လက်သီးနဲ့ထိုးဖို့မပြောနဲ့ စော်ကားမော်ကားပြောတာတောင် ကြိုက်တာ မဟုတ်ဘူး။ အဲ့... ခင်ဗျားလဲ အပါအဝင်ပေါ့။ ကိုယ့်သားသမီးကိုယ် ဆုံးမချင်ရင် ကောင်းကောင်းမွန်မွန် လူကြီးပီပီသသဆုံးမပါ။ မဟုတ်ရင် ကျွန်တော့်အဆိုးမဆိုပါနဲ့။"

ကြားသုံးကြားမဝင်ကောင်းမှန်း သူသိပါသည်။ ယခုက သူ့ချစ်သူအား သူ့ရှေ့တွင် မိဘဟူသော ဂုဏ်ပုဒ်ကြီးကို ဒိုင်းသဖွယ်အကာအကွယ်ယူကာ အကြမ်းဖက်နေသည်ဖြစ်ရာ ဒီအတိုင်း လက်ပိုက်၍ ကြည့်မနေနိုင်ပါ။ ထို့ပြင် ဦးခွန်မင်းထိုက်၏ မိသားစုပေါ်တွင် အလုပ်မဟုတ်သည့်အကြောင်းများကိုလည်း အစောကတည်းက တီးမိသည်ခေါက်မိသည်ရှိရာ သူ့ ပါးစပ်က နေ၍ မရတော့ပေ။ "ဖခင်"နေရာကို ယူထားပြီး ဖခင်တာဝန်မကျေသူများကို သူ အင်မတန်မှ မုန်းပါသည်။ ဒီကြားထဲ "ငါ မင်းအဖေကွ" ဟု အရှက်မရှိ ကြွေးကျော်ရဲသူများဆိုလျှင် ပိုဆိုး။

"နောက်ပြီး ခင်ဗျားကို လူ့ကျင့်ဝတ်အကြောင်းပြောရဦးမယ်။ ကိုယ်က ကိုယ့်သားသမီးကို ဆုံးမမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က စံပြဖြစ်အောင်နေရတယ် ဦးခွန်မင်းထိုက်ရဲ့။"

ထိုစကား သွေးထွက်အောင်မှန်လှရကား ဦးခွန်မင်းထိုက်တစ်ယောက် မိမိရှေ့တွင်ရပ်ကာ မိမိအားပြန်၍ ဆုံးမသြဝါဒချွေနေသောကောင်လေးအား အရည်ကျိုပစ်ချင်လောက်အောင် ဒေါသထွက်သွားတော့သည်။

"တောက်...!! ထွီ....!! မင်းလိုကောင်ကများ ငါ့ကို တရားလာပြနေတယ်! မင်းကိုမင်း ဘာထင်နေလို့လဲ။"

သျှန်နောင်က ဘာမှမဖြစ်သလို ပေါ့ပျက်ပျက် ဟန်ဖြင့်...

"ကျွန်တော်လား...? ကျွန်တော့်ကိုကျွန်တော် ဘာရယ်လို့တော့ ထွေလီကာလီလုပ်ပြီး မထင်မိပါဘူး။ အဲ.... ဒါပေမယ့် ကျွန်တော့်ကို လူတချို့ကတော့ ဘီလူးတစ်ကောင်လို့ ထင်လိုလားမသိဘူး။ ယက္ခလို့ခေါ်ကြတယ်ဗျ။"

သျှားအိမ်မှာ ချစ်ရသူ၏ မထင်မှတ်သော အပြုအမူများကို အံသြလွန်း၍ ပါးစပ်စေ့၍ပင်မရ။ ဒီလူကြီးက ဒီလိုလည်း ပြန်ပက်တတ်သည်လား။ မသိပါဘူး။ ဇာတ်လမ်းတွေထဲကလို သူ့ဖခင်ပြောသမျှကို မျက်ရည်လေးဝိုင်းကာ မျက်နှာငယ်လေးဖြင့် နားထောင်လိမ့်မည်ဟု ထင်ထားမိသောကြောင့် ချစ်သူအား ဤစကားဝိုင်းတွင်မရှိစေရန် အစောက ပထုတ်မိခြင်းဖြစ်ပါသည်။ အခုတော့ ထင်ထားသမျှ တက်တက်စင်အောင်လွဲသွားပါတော့သည်။ ဒါလည်း ခပ်ကောင်းကောင်း။ အနည်းဆုံးတော့ ခေါင်းငုံခံပါလျှင် ပို၍ ဖြဲခြောက်တတ်သောအကျင့်ရှိသည့် ဖခင်နှင့် ကွက်တိပင်။

ဦးခွန်မင်းထိုက်ကတော့ "ယက္ခ"ဟူသော အမည်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူကြားမိသလောက် ယက္ခဟူသည် ယခင်က မြေအောက်ရာဇာ ဦးလျှမ်းမြတ်စံ၏ လက်ရုန်းတဆူဖြစ်သည်။ ကြမ်းကြုတ်ရက်စက်သည့်နေရာတွင် နှစ်ယောက်မရှိဟု နာမည်ကြီးသူ။ သို့သော် မိမိရှေ့မှ ဤကောင်လေးသည် "ယက္ခ" ဖြစ်ရန်အတွက် သိမ်မွေ့ရုံမက နုနယ်ဟန်ပင်ပေါက်၍ ငယ်ရွယ်လွန်းပေရာ ဟာသတစ်ခုကို ကြားရသလို သူ အူလှိုက်အသည်းလှိုက်ရယ်မောလိုက်မိတော့သည်။

"အဟားဟား.... ကောင်လေး... နောက်ကို မင်းကိုယ်မင်း အရင်ကြည့်ပြီးမှ အဲ့ဒီ့နာမည်ခေါ်။ မင်းလို အခြောက်တစ်ကောင်က ယက္ခဆိုတာနဲ့ ဘယ်လိုမှကို မအပ်စပ်တာ"

သျှန်နောင်ကလည်း ဦးခွန်မင်းထိုက်ထက်မလျော့သော မခိုးမခန့်ရယ်နည်းဖြင့် ပြန်လည်ကာ လှောင်ပြောင်လိုက်ပါ၏။

"အဟင်းဟင်း.... တချို့ကိစ္စတွေက အမြင်နဲ့ မဆုံးဖြတ်ရဘူးဗျ။ ကဲပါ.... ထားပါ။ ခင်ဗျားအခုလာရင်း ကိစ္စက ခင်ဗျားရဲ့ သဘောထားကို ပြောဖို့ပဲ မဟုတ်လား။"

"အေး... ဟုတ်တယ်။ ငါ့သားကို မင်းလို အဖယ်ဆယ်မရတဲ့ ဖာသည်အခြောက်တစ်ယောက်နဲ့ လမ်းခွဲဖို့ ပြောဖို့လာတာ။"

သျှားအိမ်က ပြန်ပြောရန် ပါးစပ်ပြင်လိုက်လျှင် သျှန်နောင်က လက်ကာပြလိုက်ပြီး မျက်နှာရိပ်မျက်နှာကဲဖြင့် ငြိမ်ငြိမ်နေရန် သတိပေးလိုက်သည်။

"ဒီက လူကြီးမင်း တခြားပြောစရာမရှိတော့ရင် ကျွန်တော်တို့ သွားတော့မယ်။ ခွင့်ပြုပါဦး။"

သျှန်နောင်က သျှားအိမ်ဘက်လှည့်ကာ...

"သွားစို့ မောင်။ အလုပ်နောက်ကျနေပြီ။"

သျှားအိမ်လည်း ခေါင်းညိတ်ကာ ဖခင်ကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော် သွားပြီ ဖေဖေ။"

ထိုနောက် သျှန်နောင်နှင့်အတူ တံခါးဝဆီသို့ ဦးတည်လိုက်သည်။ ဦးခွန်းမင်းထိုက်ကတော့ ထိုနှစ်ယောက်ကိုကြည့်ကာ ဒေါသများပင် ပိုထွက်လာသည်။

"အေး.... ငါပြောတယ်နော် သျှားအိမ်။ ဒီကောင်နဲ့ တွဲနေတာ ရပ်တန်းကရပ်လို့။ ငါ့ အကြောင်းသိတယ် မဟုတ်လား။"

သူ၏ ကျောဘက်မှ ထွက်ပေါ်လာသော စကားများကြောင့် သျှားအိမ် ခြေလှမ်းများက တုံ့ခနဲဖြစ်သွားရပါသည်။

"ဘာလို့လဲ မောင်"

သျှန်နောင် ထိတ်ခနဲဖြစ်ကာ ချစ်သူကို ကြည့်လိုက်မိသည်။ ဖခင်ဖြစ်သူ၏ စကားများကြောင့် သူ့အား ထားခဲ့တော့မှာလား။

'ဟင့်အင်း.... မရဘူးနော်။ ခင်ဗျားလေး ပြောတုန်းက ကို့ကို ဘယ်တော့မှထားမသွားဘူးဆို။ ဒီလို အနှစ်မပါတဲ့စကားလုံးတွေအောက်မှာ ဒူးထောက်အရှုံးပေးပြီး လမ်းခွဲတော့မှာလား။ ဟင့်အင်း... ခင်ဗျားလေးထားသွားရင် ကို့ကမ္ဘာ တကယ်ပြိုမှာ....'

သူ ထိတ်လန့်တုန်လှုပ်စွာ ပလုံးပထွေးဖြင့် ရင်ထဲတွင် ရေရွတ်နေမိသည်။

သျှားအိမ် ချစ်ရသူ၏ တုန်လှုပ်သွားနေသော မျက်ဝန်းများမှ တဆင့် နှလုံးသားချင်း လှမ်းဖတ်လိုက်မိပါသည်။ မဟုတ်တာတွေကို တွေးပြီးကြောက်နေရတယ်လို့။ သို့သော် ချစ်သူ၏ စိုးရိမ်မှုများ သက်သာရန်အလို့ငှာ နှစ်ခြိုက်စွာပြုံးလိုက်ပြီး ချစ်သူ၏ လက်နုနုလေးကို မြတ်နိုးစွာ ဆုပ်ကိုင်လိုက်ပါသည်။ ချစ်ခြင်းမေတ္တာဖြင့်အတိပြီးသော ထိုအနွေးဓါတ်သည် လက်ဖဝါးပြင်မှတဆင့် နှလုံးသားတစ်စုံသို့တိုင် ဖြာစီး၍ နှစ်ဦးစလုံး ခွန်အားသတိနှင့် လုံခြုံမှုတို့ကို ပေးစွမ်းပါ၏။

"ဘာမှမကြောက်နဲ့ Baby။ မောင် Baby ဘေးမှာ တစ်သက်လုံးရှိမှာ။"

သျှန်နောင် ချစ်ရသူကို ရွှန်းရွှန်းစားစားကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး...

"မောင်သာ ဘေးမှာရှိရင် ကို ဘာမှမကြောက်ဘူး။ မောင်နဲ့အတူ ဘာမဆို ရင်ဆိုင်မှာ။ ကို ကတိပေးတယ်။"

သူတို့နှစ်ဦး၏ စကားလုံးများက ဦးခွန်မင်းထိုက်အား အလိုမကျမှုဖြင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားစေသည်။

"တောက်...!! သိပ်သတ္တိရှိနေကြတယ်ပေါ့လေ။ ကြည့်ကြသေးတာပေါ့။ သျှားအိမ် ဒီနေ့ကစပြီး မင်းက ငါ့သားမဟုတ်တော့ဘူး။ ငါ့ကို ဖေဖေလို့ ဘယ်တော့မှ မခေါ်နဲ့။"

သျှားအိမ် မျက်နှာမပျက်ပင် ခေါင်းညိတ်လိုက်ကာ...

"ကောင်းပါပြီ။"

နောက်ဆုံး မခံချိမခံသာဖြစ်ရသူက ဦးခွန်မင်းထိုက်သာ...

"ခွေးမသား.... ထွက်သွားစမ်း။ မင်းမျက်နှာ ငါမကြည့်ချင်ဘူး။"

"စိတ်ချပါ ကျွန်တော် သွားမှာပါ။ ဒါပေမယ့် အခန်းတခါးလေး လော့ချခဲ့ဖို့တော့ မှာပါရစေ။"

သျှားအိမ် ထိုတခွန်းသာပြောပြီး အခန်းထဲမှ ထွက်ခဲ့တော့သည်။ ဆိုင်သို့သွားသည့် လမ်းတလျှောက်လုံးလည်း စကားတခွန်းမျှမဆို နောက်ဆုံးမနက်စာစားပြီးသည်အထိ စကားမပြောသော သျှားအိမ်ကြောင့် သျှန်နောင်မှာ မနေနိုင်တော့။ မိမိ၏ ဘေးတွင် ကပ်လျှက် စားခုံပေါ်တင်ထားသော ချစ်သူ၏ လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ကာ....

"မောင်... အဆင်ပြေရဲ့လား။"

ထိုအခါမှ သျှားအိမ် သက်ပြင်းရှည်ကြီးတစ်ချက်ဆွဲလိုက်ပြီး ခေါင်းကိုလေးတွဲတွဲနှင့် ညိတ်လိုက်သည်။ အစောကတည်းက ဒီလိုမျိုးဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပြီးသားဖြစ်သော်လည်း တကယ်တမ်းကြုံလာရသောအခါတွင်ကား နောင်တမရသော်လည်း စိတ်ထဲမကောင်းပါ။ ရင်ထဲတွင် တခုခုလှစ်ဟာသွားသလို ခံစားချက်နှင့်အတူ ဝမ်းနည်းမိပါသည်။ ထို့‌အပြင် " တုနှိုင်းခြင်းကင်းပါသော အကြွင်းမဲ့ မေတ္တာ"ဟူ၍ လူတိုင်းက လက်ခံထားပါသော ထို ၅၂၈မေတ္တာတွင်လည်း ချွင်းချက်တွေရှိတာပဲဟု သဘောပေါက်လိုက်ပါသည်။

"သွေးပူတုန်းမို့ပါ မောင်ရယ်။"

သျှားအိမ် ချစ်သူအား ပထမဆုံးအကြိမ်အဖြစ် စိတ်မပါစွာ ပြုံးပြလိုက်ပြီး...

"Baby လည်း အလုပ်နောက်ကျနေပြီ။ သွားတော့လေ။"

သူ့အား ချစ်ရသူက အားပေးနှစ်သိမ့်ရန် ကြိုးစားနေသည်ကို သိပါသော်လည်း ယခုအချိန်တွင် တစ်ယောက်တည်းသာနေလိုပါသည်။ ဤသည်ကို သဘောပေါက်စွာဖြင့် သျှန်နောင် အပြုံးတစ်ခုဖြင့် နှစ်သိမ့်လိုက်ပါသည်။

"အင်း... ဒါဆို ကိုသွားလိုက်ဦးမယ်။ လိုက်မပို့နဲ့တော့။"

သျှန်နောင် ထရပ်ကာ တံခါးပေါက်ဆီသို့ မျက်နှာမူလိုက်လျှင် သျှားအိမ်က သူ့၏ လက်ကို လှမ်းဆွဲလိုက်သည်။ သျှန်နောင်ကဘာများလဲဟု ပြန်ကြည့်လိုက်လျှင်...

"sorry Baby... နောက်ပြီး မောင့်အနားမှာရှိနေပေးတဲ့အတွက် ကျေးဇူးပါ။"

သျှန်နောင် ချစ်ရသူ၏ မျက်နှာချောချောကို မြတ်နိုးစွာ ကြည့်လိုက်ပြီး....

"ကိုကသာ ကျေးဇူးတင်ရမှာပါ။ ကို့ရဲ့ လက်ကိုအခုလိုတွဲထားတဲ့အတွက်..."

သျှန်နောင် ခါးကို သိမ့်မွေ့စွာကိုင်းလိုက်ပြီး သျှားအိမ်၏ ပါးတဖက်ကို အနမ်းတစ်ခုဖြင့် ချစ်ခွန်းခြွေလိုက်ပါသည်။ စိတ်ညစ်မှုတွေအားလုံး အဝေးသို့ လွင့်ပါးပျောက်ကွယ်သွားပါစေသား။

"ချစ်တယ် မောင်။ သွားပြီနော်။"

သျှားအိမ်မှာ အံ့သြမင်သက်စွာဖြင့် ချက်ချင်းစကားမပြန်နိုင်ပါ။ လူတွေကို ဂရုစိုက်လွန်းသော ချစ်သူက ယခုတော့ လူကြားထဲတွင် အကြင်နာတွေ ပေးသည်တဲ့လား။ ဟုတ်သားပဲ။ သူ့ဘေးတွင် သူက ချစ်ခင်စုံမက်ပါသော၊ သူကိုလည်း ချစ်ခင်စုံမက်ပါသော ချစ်သူရှိတာပဲ။ ဖခင်နှင့်သားသမီး ကြားတွင်ရှိသော ဆက်နွယ်မှုကို ဖခင်ဖက်မှ ဖြတ်တောက်လိုက်ပြီ ဖြစ်ပါသော်ငြား လူသားတိုင်းတောင့်တသည့် အချစ်စစ်နှင့် အပြန်အလှန် ချစ်ကြင်နိုင်မည့် ကြင်ဖက်ချစ်သူရှိသေးသားပဲ။ သူက ဘာကိစ္စနှင့် အဖတ်ဆယ်မရသည့် အရှုံးသမားလို လုပ်နေရမှာလဲ။ ထိုအတွေးတို့နှင့်အတူ အစောက နောက်ကျိနေသော စိတ်များ အတော်ပင် ကြည်လင်လာတော့သည်။

"အင်း.... ချစ်တယ်။" ဟု ရေရွတ်သလို ပြောလိုက်ကာ ချစ်ရသူ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ မျက်စိတစ်ဆုံးငေးကြည့်နေမိပါတော့သည်။

ထိုနေ့တစ်လုံးအလုပ်တွင် မနည်းအာရုံစိုက်ထားရပါသည်။ ဒါတောင် တစ်ချက်တစ်ချက် အမှားလုပ်ချင်သေးသည်။ ခခ၊ တိုးငယ်နှင့် နှင်းနှင်းက သူ့အရိပ်အခြေကို ကြည့်ကာ တခုခုဖြစ်နေမှန်းသိသဖြင့် ဘေးမှနေ၍ သူလုပ်သမျှ အမှားများကို မသိမသာပြင်ပေးရှာပါသည်။ ထိုသုံးယောက်ရှိနေ၍သာ တနေ့လုံး ချောချောမောမောဖြစ်နေသည်မှန်း သိပါသည်။

တကုပ်ကုပ်ဖြင့် လုပ်ရင်းမှ အချိန်ကြည့်လိုက်တော့ ညနေ ၅ နာရီပင်ခွဲနေပြီဖြစ်သည်။ ထိုအခါမှ "ဟိုက်"ခနဲဖြစ်သွားကာ ပျာတိပျာယာဖြင့်အလုပ်အားလုံးကို လက်စသတ်ပြီး အရှေ့ဘက်ထွက်လာခဲ့သည်။ သူထင်သည့်အတိုင်း သျှန်နောင် ရောက်နေနှင့်လေပြီ။ သူ့ကို မြင်လျှင် အပြုံးတောက်တောက်တခုနှင့် ပြုံးပြလာသည်။

"Sorry Baby... နှင်းနှင်းကလည်း Baby ရောက်နေတာမပြောဘူး"

သူပြောရင်းမှ သျှန်နောင်ထိုင်နေသော စားပွဲတွင် ဝင်ထိုင်လိုက်သည်။

"ကို တမင်မပြောခိုင်းလိုက်တာ။ မောင် အလုပ်ရှုပ်နေမှန်းသိလို့။ ဒါနဲ့ နေ့လယ်စာကော စားရဲ့လား။"

နေ့လယ်က Message ပို့သည်ကို မတွေ့သဖြင့် သျှန်နောင်မေးလိုက်ပါသည်။

"ဟင့်အင်း... မောင် သိပ်လည်းမဆာလို့ပါ။"

တကယ်လည်း ရင်ခံနေသဖြင့်ဘာမှမစားနိုင်။

"မောင်ရယ် ဘာဖြစ်ဖြစ် ကိုယ်ကိုကိုယ်တော့ ဂရုစိုက်မှပေါ့။"

"အင်းပါ"

"အခုကော... ဗိုက်ဆာပြီ မဟုတ်လား။"

"အင်း..."

"ဒါဆို သွားကြစို့။"

သို့နှင့် နှစ်ဦးသား မနေ့ကလို သျှန်နောင်၏ အိမ်သို့ပြန်ကာ ညနေစာစားကြသည်။ အစာစားပြီးသည်နှင့် သျှန်နောင်က ‌ရေချိုးသည်။ သျှားအိမ်ကတော့ ဆိုင်ကိုပြန်ရဦးမည်ဖြစ်ရာ ဆိုင်သိမ်း၍ သူ့အခန်းသူပြန်မှ ရေချိုးတော့မည်။ ယခုတော့ သျှန်နောင်၏ အခန်းထဲရှိ couch ပေါ်လှဲလှောင်းကာ တီဗီဖွင့်ထားလိုက်သည်။ သို့သော် စိတ်ကတော့မနက်က ကိစ္စတွင်သာ တဝဲလည်လည်နှင့်။ ယခုအထိ စိတ်မကောင်းဖြစ်နေဆဲဖြစ်သော်လည်း ဖြစ်ဖြစ်ချင်းကလောက်တော့ မပြင်းထန်တော့ချေ။ ထိုစဉ် သျှန်နောင်က ရေချိုးခန်းထဲမှထွက်လာပြီး ဗီရိုရှေ့တွင် ရပ်ကာ ရေသုတ်နေလေသည်။ သူ့အား မြင်လျှင် နှစ်လိုဖွယ်ရာပြုံးပြလိုက်သေးသည်။ သူကတော့ ခပ်တည်တည်ဖြင့် သူ့ရှေ့မှ စက္ခုပသာဒရှိလှသော မြင်ကွင်းကို တွေတွေကြီးငေးကြည့်နေပါသည်။

သျှန်နောင်မှာ ချစ်သူ၏ မရယ်မပြုံးမျက်နှာကြောင့် ရင်ထဲမကောင်းပါ။ အင်းလေ။ အဖေတစ်ယောက်လုံးက ဆွေခန်းမျိုးခန်းဖြတ်မှတော့ ဘယ်သူက ပြုံးပျော်နေနိုင်ပါမည်နည်း။ သူ အဝတ်အစားအမြန်ဝတ်ကာ ချစ်သူထိုင်နေသည့် ဘေးတွင် ဝင်ထိုင်ပြီးလျှင် သျှားအိမ်၏ နဖူးကို ဖွဖွလေးနမ်းရှိုက်လိုက်ပါသည်။ ထို့နောက် ဆံပင်နက်နက်လေးများကို ညှင်သာစွာထိုးဖွလိုက်ပြီး...

"အဆင်ပြေရဲ့လား မောင်။ တခုခုပြောချင်ရင် ကို နားထောင်ပေးနိုင်ပါတယ်။"

သျှားအိမ် သက်ပြင်းကို လေးတွဲစွာ ရှိုက်လိုက်ပါသည်။ သူ့အား အလိုက်သတိဖြင့် ရင်ဖွင့်ရန် ဆိုလာသော ချစ်သူကို ကျေးဇူးတင်သော မျက်လုံးများနှင့် ကြည့်လိုက်ပြီး...

"အင်း... မောင် ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် မနက်ကကိစ္စကို လုံးဝ စိတ်မကောင်းဘူး။ မောင် အစောကတည်းက ဒီမျိုးဖြစ်မယ်ဆိုတာ သိပြီးသား... ဒါပေမယ့် စိတ်မကောင်းဘူး။ မောင်နဲ့ မောင့်ဖေဖေဆိုတာ ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်လို့ရတာ မဟုတ်ဘူး။ မနက်ကလို သူတစ်ခွန်းကိုယ်တစ်ခွန်းပြောတယ်ဆိုတာ ထမင်းစားရေသောက်။ တခါတလေများဆို ဒီထက်တောင် ဆိုးသေးတယ်။ တခါကဆို ဖေဖေထိုးလိုက်လို့ ဆေးရုံတက်ရတဲ့အထိပဲ။ ပြောရမယ်ဆို မောင်တို့က အဖေနဲ့သားဆိုတာ နာမည်ပဲရှိတာ။ သူ မောင့်ကို မနက်ကလိုပြောတာ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့် ဒီနေ့က... စိတ်ထဲမှာ နေလို့မကောင်းဘူး။ ကြည့်ရတာ ဒီတကြိမ်တော့ မောင်တို့တတွေ တကယ် ဆွေခန်းမျိုးခန်းပြတ်ပြီနဲ့ တူပါတယ်။"

သျှားအိမ် သက်ပြင်းချကာ ချစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပါသည်။ သျှန်နောင်လည်း အလိုက်သင့်ပင် ချစ်သူ၏ ခန္ဓာကိုယ်ကို ရင်ခွင်ထဲတွင် ထွေးပွေ့လိုက်ပါသည်။

"ဖေဖေက ပြောရမယ်ဆိုရင် အိမ်ထောင့်တာဝန်ကို တစက်မှကျေတဲ့ လူမဟုတ်ဘူး။ မောင့် ဖွားဖွားပြောပြဖူးတာရှိတယ်။ မေမေက မဇူးတို့ကို မွေးပြီးနောက်တရက်မှာ ဖေဖေက ဖာတန်းရောက်နေပြီတဲ့။ မောင်တို့ကို ကျွေးမွေးပြုစုဖို့နေနေသာသာ မေမေပိုင်သမျှကို အလောင်းကစားတလှည့် မယားငယ်တွေပေးတာတလှည့်နဲ့ ဖြုန်းပစ်တာ တော်တော်များတယ်။ မောင်လူမှန်းသိတတ်တဲ့ အချိန်မှာ ဖေဖေ့ကြောင့် မေမေနေ့တိုင်းငိုခဲ့ရတာ။ အဓိကကတော့ မိန်းမကိစ္စပေါ့။ မေမေက ကလေးတွေ မျက်နှာထောက်ဖို့ပြောရင် ဖေဖေက အမြဲပြောနေကြ တခွန်းရှိတယ်။ "မင်းကို ငါ ချစ်လွန်းလို့ ယူတာမဟုတ်ဘူး။ ဒီနေ့အထိ မကွာရှင်းတာ ကျေးဇူးတင်တဲ့" တကယ်လည်း ဖေဖေက မေမေ့ကို ချမ်းသာလို့ အပိုင်ကြံခဲ့တာ။ မေမေ့ကို တစက်မှမချစ်ခဲ့ဖူး။ နောက်ပြီး လူကြားထဲ အခိုင်းအစေလို ဆက်ဆံရုံလိုမကဘူး မထင်ရင်မထင်သလို ရိုက်နှက်တတ်သေးတယ်။ ဒီကြားထဲ ဖအေ၊အစ်ကိုမကလို့ အိမ်စေ၊ ဒရိုက်ဘာနဲ့ သမုတ်သေးတာ။ သူကတော့ မိန်းမပေါင်းစုံ အိမ်ခေါ်ပြီး မေမေ့ရှေ့မရှောင် ပျော်ကျူးနေတာမျိုး။ ကိုယ်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ်ယူထားတဲ့မိန်းမကို ဒီလိုဆက်ဆံတာ မလွန်လွန်းဘူးလား။"

သျှားအိမ် ပြောရင်းမှ ဒေါသအလျှောက် အသံမာလာပါတော့သည်။ သျှန်နောင်ကတော့ ချစ်သူကို ပို၍ တင်းကျပ်အောင် ထွေးပွေ့ထားလိုက်ပါသည်။

"မောင်အရွယ်ရောက်တော့ ဖေဖေနဲ့ အဲ့ဒါကြောင့်ပဲ အဆင်မပြေဘူး။ ပြောရင် ငရဲကြီးလိမ့်မယ်။ မောင်လေ မောင့်ဖေဖေကို လေးစားဖို့နေနေသာသာ ရွံမုန်းမိတယ်။ မောင်တင်မဟုတ်ဘူး မောင့်မောင်နှမအားလုံး အတူတူပဲ။ မဇူးကတော့ မေမေနဲ့တူလို့လား မသိဘူး။ ဖေဖေ့အပေါ်မှာ အလိုက်အထိုက်နဲ့ သားသမီးတာဝန်ကျေရှာပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဖေဖေက သူ့အကျိုးအတွက် ကိုဈာန်လင်းခန့်နဲ့ ပေးစားခဲ့တာပေါ့။ ဒါကြောင့်လည်း မဇူးမှာ သူ့လို ‌ယောက်ျားမပီသတဲ့လူနဲ့ အိမ်ထောင်ကျခဲ့တာလေ။ သိပ်တော့လည်း မထူးဆန်းပါဘူး။"

သျှားအိမ် အစ်မဖြစ်သူ၏ အိမ်ထောင်ရေးအကြောင်းကို သတိရသွားကာ သက်ပြင်းချလိုက်ပါသည်။

"မောင် အရွယ်ရောက်ကတည်းက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့တယ်။ တနေ့ ငါ အိမ်ထောင်ပြုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်နိုင်တဲ့ မိန်းကလေးကိုပဲယူမယ်။ ငါယူတဲ့ မိန်းကလေးက လှဖို့မလိုဘူး၊ ပညာတွေအရမ်းကြီးတတ်ဖို့မလိုဘူး။ ဒါပေမယ့် ငါ့အပေါ်သစ္စာရှိရမယ်၊ ငါ့အပေါ်မှာ သည်းခံစိတ်ရှည်ပြီး ငါကလည်း သည်းခံနိုင်တဲ့လူဖြစ်ရမယ်။ ပြီးရင် ငါနဲ့ ဒိုးတူးပေါင်ဖက် အိမ်ထောင်ကို ထိန်းသိမ်းနိုင်တဲ့ ထက်မြက်တဲ့ မိန်းကလေးမျိုးဖြစ်ရမယ်လို့ မျှော်မှန်းခဲ့ဖူးတယ်။"

သျှားအိမ်ပြောရင်းမှ သျှန်နောင်၏ မျက်နှာကို မော့ကြည့်ကာ ပါးတစ်ဖက်ကို နူးညံ့စွာ ပွတ်သပ်လိုက်ရင်း...

"တွေ့တော့တွေ့ပါရဲ့။ မိန်းကလေးမဟုတ်တာလေး တစ်ခုပဲ။ ဒါပေမယ့် မောင် ကျေနပ်တယ် Baby။ မောင် ပျော်တယ်။ မောင် ရွေးချယ်တဲ့လမ်းက မမှားဘူးလို့လဲ မောင်ယုံကြည်တယ်။"

သျှန်နောင် သူ့ပါးပေါ်မှ လက်ကို အသာအယာဆွဲယူကာ မြတ်နိုးစွာ နမ်းရှိုက်လိုက်ပါသည်။

"စိတ်ချပါ မောင်ရယ်။ ကိုက မောင်နဲ့ လူသိရှင်ကြား မင်္ဂလာဆောင်လို့မရပေမယ့်။ သာယာတဲ့ အိမ်ထောင်ရေးဖြစ်အောင် ကို အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ မောင်တစ်ယောက်တည်းကိုပဲ ကို့ရဲ့ နောက်ဆုံးထွက်သက်ထိ ချစ်သွားမှာပါ။ နောက်ပြီး မောင့် အဖေကို အစားထိုးဖို့ မဖြစ်နိုင်ပေမယ့် မောင့်ကို တစ်သက်လုံး စောင့်ရှောက်သွားမှာပါ။"

သျှန်နောင် သူ၏ ကတိစကားကို ချစ်သူထံမှ အနမ်းတို့ဖြင့် စည်းတံဆိပ် ခတ်လိုက်ပါသည်။ ထို့နောက် နှစ်ဦးသား ပြင်းထန်လှသော အနမ်းမုန်တိုင်းများကြားတွင် လွင့်မျောနေမိပါသည်။ အတန်ကြာမှ လူချင်းခွါလိုက်ပြီး တစ်ဦးကိုတစ်ဦး ပြုံးလိုက်ပါသည်။ ကြည့်ရသည်မှာ သျှားအိမ်ရင်ထဲမှ ဝမ်းနည်းမှုတို့မှာ အစောက အနမ်းမုန်တိုင်းကြောင့် လွင့်ပြယ်သွားပုံရသည်။ ရင်ထဲပေါ့ပါးသွားသလို မျက်နှာမှာ ပြန်၍ ကြည်လင်လာတော့သည်။ သျှန်နောင်က ချစ်သူ၏ ပြန်လည်လန်းဆန်းလာသော အသွင်ကြောင့် ပြုံးလိုက်မိပါသည်။

"ဪ... ဒါနဲ့ မောင်... တဘက်ခါကျရင် မောင်လိုက်မယ်လို့ပြောတဲ့ ပွဲရှိတယ်။ မနက်ကတော့ စာနယ်ဇင်းနဲ့ မီဒီယာတွေနဲ့ formal ဆန်ဆန်လုပ်ထားတယ်တဲ့။ ညပိုင်းdinnerကတော့ အဲ့ဒီလောက် formal မကျပေမယ့် suit တွေ ဘာတွေနဲ့ တက်ရမှာ။ မောင် အားရဲ့လား။ နောက်တခုရှိတာက မောင့်ဖေဖေလည်း လာမှာလို့ ကြားတယ်။"

သျှားအိမ် တွေခနဲဖြစ်သွားပြီးမှ...

"ကိစ္စမရှိဘူး။ မောင် လိုက်ခဲ့မယ်။ ဒါပေမယ့် မနက်တော့ရမှာမဟုတ်ဘူး။ dinner ပဲလိုက်ခဲ့မယ်။"

"ဒါဆို မောင့်မှာ suit ရှိလား။ မရှိရင် ကို အခု စီစဉ်လိုက်မယ်။"

"ရတယ် Baby။ မောင့်မှာ Suitက ready ရှိပြီးသား။ နည်းနည်း သန့်ရှင်းရေးလုပ် မီးပူတိုက်လိုက်ရင် ရပြီ။"

"ဒါဆို ကိုနဲ့ပေးလိုက်။ ကို့ရဲ့ suit လည်း သန့်ရှင်းရေးလုပ်ရဦးမှာ။ ကို့ suitကို ပင်မင်းအပ်ရင်း တခါတည်းအပ်ပေးမယ်။ ကားကတော့ ကို့လက်ထောက်လေးတစ်ယောက်ကို စီစဉ်ခိုင်းလိုက်မယ်။"

"အင်း..."

"ဒါဆို ကိုတို့သွားတော့မလား။"

သျှားအိမ် နာရီကြည့်လိုက်တော့ ၇ နာရီခွဲပြီးပြီဖြစ်သည်။

"အင်း"

"ဒါဆို ခဏ...."

သျှန်နောင်က ထိုင်ရာမှ ထကာ အိတ်ငယ်လေးတခုအတွင်းသို့ နောက်တနေ့အတွက် အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းတချို့ကို ထည့်လိုက်သည်။ ပြီးလျှင် နှစ်ဦးသား ကားပေါ်သို့ တက်ခဲ့တော့သည်။ ဘယ်လောက်ပဲ ကြမ်းတမ်းခက်ခဲသော ပြဿနာတို့နှင့် ကြုံရသည်ဖြစ်စေ ချစ်သူအနားရှိလျှင် ထိုအခက်အခဲ ရင်ဆိုင်ဖြတ်ကျာ်ရန် သတ္တိခွန်အားတို့က နှလုံးသားထဲတွင် အလိုလျှောက်ဖြစ်တည်တတ်ပါ၏။

--------------------------------------

September 6, 2019 Friday.

Edited on – Jan 31, 2021

--------------------------------------

>>>>>ZawGyi<<<<<

ဒီမနက္ကေတာ့ မေန႔ကလို မဟုတ္။ က်က္သေရအျဖာျဖာႏွင့္ ျပည့္စုံေသာ မနက္ခင္းဟု ဆိုရေပမည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူမ်က္လုံးဖြင့္ဖြင့္ျခင္း ပုံဆိုးပန္းဆိုးျဖင့္ အိပ္ေပ်ာ္ေနေသာ ခ်စ္သူ၏ မ်က္ႏွာကို ျမင္ရေသာေၾကာင့္ျဖစ္သည္။ အိပ္ေနလိုက္တာမ်ား ပါးစပ္ႀကီးဟလို႔။ ဒီၾကားထဲ ေႁမြတစ္ေကာင္ကဲ့သို႔ တရႈးရႈးအသံေပးကာ အိပ္ေမာက်ေနေသးသည္။ အခ်ိန္ၾကည့္ေတာ့ မနက္ ၆ နာရီခြဲ။ အင္းေပါ့ေလ။ မေန႔ညက ၂ နာရီထိုးမွ ျပန္ေရာက္သည္ျဖစ္ရာ ဒီအခ်ိန္သည္ သၽွန္ေနာင္အတြက္ အိပ္ေကာင္းဆဲအခ်ိန္မဟုတ္လား။

သူအိပ္ရာေပၚမွဆင္းရန္ျပင္လိုက္လၽွင္ အင့္ခနဲအသံႏွင့္အတူ အနည္းငယ္ လြန႔္လူးလာသျဖင့္ သၽွန္ေနာင္၏ နားသယ္စရွိဆံႏြယ္ေလးမ်ားကို ပြတ္သပ္ကာ တိုးညႇင္းေသာ ေလသံျဖင့္...

"ရႈး...ရႈး.... နိုးသြားလား။ sorry... ျပန္အိပ္ဦးေနာ္။ ေစာေသးတယ္။"

သၽွန္ေနာင္က မ်က္လုံးမဖြင့္ေသာ္ျငား ေခြးေပါက္ေလးတစ္ေကာင္ကဲ့သို႔ တစ္အိအိအသံျပဳကာ သူ႔ရင္ခြင္ထဲေခါင္းတိုးကာ ျပန္၍အိပ္ေမာက်ေနသည္။ သၽွားအိမ္မွာ ခ်စ္သူ၏ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ မ်က္ႏွာကို ၾကည့္ကာ ၾကည္ႏူးစြာျပဳံးလိုက္မိပါသည္။ ဒီလူႀကီးဟာ စုန္းထီးေလးလားမသိ။ ၾကည့္ေလၾကည့္ေလ ခ်စ္မိေလျဖစ္ေအာင္ ဒီေကာင္ကို ျပဳစားထားပုံရသည္။ သူ႔မွာ ဒီလူႀကီး၏ မ်က္ႏွာကို တစိမ့္စိမ့္ၾကည့္ကာ ခ်စ္စိတ္ေတြ တိုးၿပီးရင္းတိုးရင္းျဖင့္ အခ်စ္ဝကၤပါထဲတြင္ ခ်ာခ်ာလည္ေနေတာ့သည္။ တစ္သက္ႏွင့္တကိုယ္ ေယာက္်ားတစ္ေယာက္ကို ဤသို႔ ခ်စ္ခင္စုံမက္မိလိမ့္မည္ဟု ထင္မထားမိ။ ၾကည့္ရသည္မွာ လူေတြ ေျပာေျပာေနသည့္ ဖူးစာဆိုတာ ဒါပဲျဖစ္မည္ထင္သည္။

"အင္... ေမာင္?"

သူမည္မၽွ အေတြးလြန္ေနသည္မသိ။ ရင္ခြင္ထဲမွ ခ်စ္သူက အိပ္ခ်င္စုံမႊားျဖင့္ ေခၚလိုက္ေတာ့မွ သတိဝင္လာေတာ့သည္။

"နိုးၿပီလား Baby...."

ညႇင္သာလွေသာ အသံၾသၾသႏွင့္အတူ ႏႈတ္ခမ္းေပၚသို႔ က်ေရာက္လာေသာ ခ်ိဳျမန္လွသည့္ ႏႈတ္ခြန္းဆက္အနမ္းေၾကာင့္ သၽွန္ေနာင္ ျပဳံးလိုက္ေတာ့သည္။

"အင္း... ဘယ္အခ်ိန္ရွိၿပီလဲ။"

သၽွားအိမ္မွာ ထိုအခါက်မွ ၇ နာရီခြဲလုလုနာရီကို ျမင္ကာ...

"Holy moly.... s***"

မနက္ေစာေစာစီးစီး ဆဲဆိုကာ အိပ္ရာေပၚမွ ခုန္ေပါက္ေျပးဆင္းၿပီး ေရခ်ိဳးခန္းထဲသို႔ ေျပးဝင္ေပ်ာက္ကြယ္သြားေသာ ခ်စ္သူေၾကာင့္ သၽွန္ေနာင္ အားပါးတရရယ္ျပဳံးကာ လဲေလ်ာင္းေနရာမွ ထလိုက္ပါသည္။ ထို႔ေနာက္ ခ်စ္သူရွိရာေရခ်ိဳးခန္းထဲသို႔ ဝင္လိုက္လၽွင္ ခ်စ္သူမွာ Stand shower ထဲတြင္ သြားတိုက္ရင္းႏွင့္ ေရခ်ိဳးေနေလသည္။ သို႔ေသာ္ လက္ေဆးကန္ေပၚတြင္ အရံသင့္တင္ထားေပးေသာ သြားတိုက္တံေပၚမွ သြားတိုက္ေဆးေၾကာင့္ သူ ဒုတိယအႀကိမ္ျပဳံးလိုက္မိျပန္သည္။ ခ်စ္သူႏွင့္ နိုးထျခင္းသည္ မဂၤလာတပါးပါလား။

သၽွားအိမ္ ေရခ်ိဳးၿပီး၍ အခန္းထဲသို႔ဝင္သြားၿပီး အကၤ်ီဝတ္ေနတုန္းရွိေသးသည္ ဟိုလူႀကီးက ေရခ်ိဳးခန္းထဲမွ ေရစက္လက္ျဖင့္ ထြက္လာေတာ့သည္။

"Baby....!!! ဟာ... ဘယ္ႏွယ့္..! အဟြတ္ဟြတ္..."

သၽွားအိမ္မွာ ခ်စ္သူ၏ မိေမြးတိုင္းဖေမြးတိုင္း အလွေၾကာင့္ တံေတြးမ်ားပင္ သီးသြားရသည္။ ဒီလူဟာေလ အေနမတတ္အထိုင္မတတ္။ မနက္ေစာေစာစီးစီ လူကို ျမဴစြမ္ေတြ အတုံးလိုက္အတစ္လိုက္တိုက္ကာ ႏွာေခါင္းေသြးလၽွံၿပီးေသေအာင္မ်ား လုပ္ေနတာလားမသိ။

"Sorry ေမာင္။ ကို႔ကို တဘက္ကေလးတခုေလာက္ေပးပါ။ ၿပီးရင္ ၾကမ္းေတြကို ကို ျပန္သုတ္ေပးပါ့မယ္။ စိတ္မပူပါနဲ႔။ ခ်က္ခ်င္းသုတ္ရင္ အကြက္မထပါဘူး။"

"ဘယ္သူက ၾကမ္းကို ဂ႐ုစိုက္ေနလို႔လဲ။"

"ဟင္.... ဒါဆို ဘာလို႔ခုနက ကို႔ကို ေအာ္တာလဲ?"

သၽွန္ေနာင္၏ တကယ့္ကို မသိေသာ မ်က္ႏွာေပးေၾကာင့္ သၽွားအိမ္ သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္ ေခါင္းခါခါေျခခါခါျဖင့္ ဗီရိုထဲမွ တံဘက္တစ္ခုထုတ္ကာ ခ်စ္သူကို ေခါင္းအစေျခအဆုံးေရသုတ္ေပးလိုက္သည္။

"Baby လုပ္ေနပုံကို ၾကည့္အုံးေလ။ ႏွစ္ေယာက္လုံး ဒီအခန္းထဲကေန ဘယ္မွေရာက္မွာ မဟုတ္ေတာ့ဘူး။"

တျဖစ္ေတာက္ေတာက္ေျပာကာ ေရသုတ္ေပးေနေသာ သၽွားအိမ္၏ စကားေၾကာင့္ သၽွန္ေနာင္မွာ သေဘာေပါက္သြားကာ ရယ္ခ်င္လာသည္။ အထူးသျဖင့္ ထိုမရမကတည္ထားဟန္ရွိေသာ ခ်စ္သူ၏ မ်က္ႏွာေခ်ာေခ်ာေလးက သူ႔အသည္းကို မထိတထိကလိေနေတာ့သည္။ ဒီၾကားထဲ ခ်စ္သူကိုယ္ေပၚတြင္ စြဲက်န္ေနေသးေသာ ဆပ္ျပာနံ့သဲ့သဲ့က သူစိတ္မ်ားကို ကလူ၏သို႔ ျမႇဴ၏သို႔နယ္ပင္။ မတတ္နိုင္ပါဘူး။ ဒီအခ်ိန္ သီလသမာဓိဆိုတာေဘးခ်ိတ္၍ ခ်စ္သူႏွင့္ မ်က္ႏွာခ်င္းနီးေနသည္ကို အခြင့္ေကာင္းယူရဖို႔သာ ရွိေတာ့သည္။

သၽွန္ေနာင္က ႐ုတ္တရက္ သၽွားအိမ္၏ အကၤ်ီလည္ပင္းမွ ဖမ္းဆြဲၿပီး ထိုေထာ္ေနေသာ ႏႈတ္ခမ္းမ်ားကို က်ဴးေက်ာ္စစ္ဆင္လိုက္သည္။ သို႔ေသာ္ တဖက္မွ တန္ျပန္စစ္ဆင္ေရး ဆင္လာခ်ိန္တြင္ေတာ့ ခံစစ္ကိုသာ အေရာင္ျပကစားကာ သူ၏ ႏႈတ္ခမ္းတခုလုံးကို ျပင္းထန္လွေသာ အနမ္းလက္နက္ျဖင့္ သိမ္းပိုက္ေစသည္။

"တီးေတာင္..."

ႏွစ္ဦးသား အနမ္းစီးခ်င္းထိုးေနရာမွ အိမ္ေရွ႕မွ လူေခၚေခါင္းေလာင္းသံေၾကာင့္ သတိဝင္သြားၿပီး လူခ်င္းခြါလိုက္သည္။

"ဘယ္သူလဲမသိဘူး။ ေမာင္ သြားၾကည့္လိုက္ဦးမယ္။"

"အင္း"

သၽွားအိမ္ ခ်စ္သူကို အခန္းထဲတြင္ ထားခဲ့ကာ တံခါးရွိရာသို႔ ေလၽွာက္လာခဲ့သည္။ ထို႔ေနာက္ ေခ်ာင္းၾကည့္ေပါက္မွ ဘယ္သူလဲၾကည့္လိုက္လၽွင္ အျဖဴေရာင္ရွပ္အကၤ်ီႏွင့္ မီးခိုးေရာင္ style pants ကို အခ်ိဳးက်နစြာဝတ္စားထားေသာ ႐ုပ္ရည္ခံ့ညားသည့္ လူႀကီးတစ္ဦးရပ္ေနသည္ကို ေတြ႕လိုက္ရသည္။

"ေဖေဖ???"

သူ မ်က္ေမွာင္ၾကဳတ္ကာ တံခါးကို ဖြင့္ေပးလိုက္လၽွင္....

"မင္း အလုပ္မေရာက္ေသးဘူးဆိုလို႔ အိမ္ကို လိုက္လာတာ။"

ဦးခြန္မင္းထိုက္ သူ႔အား လွိုက္လွိုက္လွဲလွဲမရွိသည့္ သားျဖစ္သူကို ေျပာကာ အခန္းထဲသို႔ ဝင္လိုက္သည္။

"ဘာကိစၥရွိလို႔လဲ ေဖေဖ"

"ေနစမ္းပါဦး။ ငါ ထိုင္ပါရေစဦး။"

သၽွားအိမ္ ဘာမွမေျပာပဲ ႏွင္းႏွင္းကို ဖုန္းေခၚကာ အေရးတႀကီးကိစၥတခုေပၚလာ၍ ေနာက္က်မည္ျဖစ္ေၾကာင္းသာ အသိေပးလိုက္သည္။ ထို႔ေနာက္ ဖခင္ထိုင္ေနေသာ ႏွစ္ေယာက္ထိုင္ဆိုဖာေရွ႕ရွိ ဆိုဖာေပၚတြင္ ဝင္ထိုင္လိုက္သည္။

"ငါ ဘာေၾကာင့္လာတယ္လို႔ မင္းထင္သလဲ။"

"ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ခ်စ္သူ ကိစၥပဲမဟုတ္လား။"

"ေအး..."

ထိုစဥ္ ဧည့္ခန္းထဲသို႔ ဝင္လာသည့္ အနက္ေရာင္လည္ကတုံးရွပ္အကၤ်ီႏွင့္ ခဲေရာင္ေျပးေနသည္ slim fit pantကို ဝတ္ဆင္ထားေသာ အမ်ိဳးသားတစ္ဦးကို ျမင္လၽွင္ ဦးခြန္မင္းထိုက္ မ်က္ေမွာင္ၾကဳတ္မိပါေတာ့သည္။

"မင္း ခ်စ္သူဆိုတာ သူလား သၽွားအိမ္"

သၽွားအိမ္ မဆိုင္းမတြပင္ ေခါင္းညိတ္လိုက္သည္။

"ဟုတ္တယ္ ေဖေဖ။ သူက ကၽြန္ေတာ့္ခ်စ္သူ..."

ၿပီးလၽွင္ သၽွန္ေနာင္အား သမင္လည္ျပန္ၾကည့္လိုက္ၿပီး...

"အဆင္သင့္ျဖစ္ရင္ သြားႏွင့္ Baby။ ။ ေမာင္တို႔သားအဖ ေအးေအးေဆးေဆး စကားေျပာခ်င္လို႔။ ၿပီးမွလာခဲ့မယ္။"

သၽွန္ေနာင္မွာ တင္းမာခက္ထန္စြာၾကည့္ေနေသာ ခ်စ္သူ၏ ဖခင္ေၾကာင့္ ေျခလွမ္းမ်ားတုံ႔ခနဲျဖစ္သြားရသည္။ ေၾကာက္လို႔ေတာ့မဟုတ္။ ထိုသူ၏ အထက္စီးဆန္သည့္ အၾကည့္မ်ားက သူ႔အား စိတ္အေႏွာင့္အယွက္ျဖစ္ေစ၍ ျဖစ္သည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ သူ႔အၾကည့္မ်ားကို ခ်စ္သူ၏ ျမတ္နိုးဖြယ္ရာေကာင္းေသာ မ်က္ေလးထံလႊဲလိုက္ကာ အျပဳံးတစ္ခုကို ဆင္ယင္လိုက္သည္။

"ေမာင္... ေသခ်ာလား။ ကို ေစာင့္ေပးနိုင္ပါတယ္။"

ခ်စ္ရသူအတြက္ စိတ္မေျဖာင့္စြာ ေျပာလိုက္သည္။ အခုလိုအခ်ိန္တြင္ ခ်စ္သူနားမွာ မခြါလိုပါ။ သၽွားအိမ္က ျငင္းပယ္မည္ဟု ပါးစပ္ဟ႐ုံရွိေသးသည္ ဦးခြန္မင္းထိုက္က....

"မင္း ေနေပးနိုင္ရင္ ပိုေကာင္းတာေပါ့။ ဒါမွ ငါ့စကားကို ပိုထိထိေရာက္ေရာက္ ေျပာလို႔ရတာေပါ့။"

သၽွန္ေနာင္ ဘာမၽွမေျပာဘဲ သၽွားအိမ္ နေဘးရွိ ဆိုဖာတြင္ ဝင္ထိုင္လိုက္ပါသည္။

"ငါ အေဖတစ္ေယာက္အေနနဲ႔ ရွင္းရွင္းပဲေျပာမယ္။ ဒါကိစၥကို ငါလုံးဝ လက္မခံနိုင္ဘူး။ ဒီေတာ့ မင္းတို႔ႏွစ္ေယာက္ကိစၥ ဒီေန႔ဒီအခ်ိန္ ဒီမွာပဲရပ္ပါ။"

"ကၽြန္ေတာ္ မလုပ္နိုင္ဘူး ေဖေဖ။"

သၽွားအိမ္က တစ္စကၠန႔္မဆိုင္းဘဲ သူ႔သေဘာကို ျပန္ေျပာလိုက္ေတာ့သည္။

"ဟ.... ဘာလို႔မလုပ္နိုင္ရမွာလဲ။"

"ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ သူ႔ကို ခ်စ္ခဲ့တာ လမ္းခြဲဖို႔မဟုတ္ဘူးေဖေဖ။ ဒါေၾကာင့္ လမ္းမခြဲနိုင္ဘူး။"

"မရဘူး သၽွားအိမ္။ မင္း လမ္းခြဲကိုခြဲရမယ္။ မင္းေၾကာင့္.... မင္း ဒီလိုေကာင္နဲ႔ တြဲလို႔ ငါ ဘယ္ေလာက္အရွက္ရရသလဲ သိလား။ အခုဆို ငါ့ကို လူေတြက အေျခာက္ကို လင္လုပ္ေနတဲ့ေကာင္ရဲ့ အေဖဆိုၿပီး ကြယ္ရာမွာ ဟားေနတာကြ။ မင္းတို႔မရွက္ရင္ေတာင္ ငါရွက္တယ္။ ၿပီးေတာ့..."

ဦးခြန္မင္းထိုက္က ေျပာရင္းမွ သၽွန္ေနာင္ကို လက္ညိဳးထိုးလိုက္ၿပီး....

"ဟိုေကာင္.... မင္းကိုမင္းလုံလွၿပီ မထင္နဲ႔။ မင္း ကေလာမွာ ဖာသည္ဆိုၿပီး နာမည္ႀကီးတဲ့အေၾကာင္းေတြ ငါ ၾကားၿပီးသား။ မင္း အသက္ကို ႏွေျမာရင္ ငါ့သားကို ရွက္မရွိ ျဖားေယာင္းေနတာ ရပ္တန္းက ရပ္ပါ။ မဟုတ္ရင္ ငါ့ အဆိုးမဆိုနဲ႔။"

သၽွန္ေနာင္ ဘာမွေတာ့ ျပန္မေျပာပါ။ သို႔ေသာ္ ေနာက္ဆုံးစကားႀကီးက သူ႔အား စိတ္ပ်က္ေစပါသည္။ ဘယ္ႏွယ့္ေၾကာင့္ ေတြ႕ေတြ႕ခ်င္း လာၿခိမ္းေျခာက္ေနရမွန္းမသိ။ သို႔ေသာ္ သၽွားအိမ္ကေတာ့ ၿငိမ္မေနနိုင္။ သူ ပါးစပ္ယားေနတာၾကာၿပီမဟုတ္လား။

" ေဖေဖက ဒီလိုမဆီမဆိုင္၊ မဟုတ္ကဟုတ္ကေတြက်ေတာ့ ရွက္တတ္တယ္ေပါ့။ ဒါဆို ေဖေဖ ေတြ႕ကရ မိန္းမေတြ အိမ္ေခၚလာတာက်ေတာ့ မရွက္ဘူးလား။ ကိုယ့္ကို ဒီေလာက္သည္းခံတဲ့ ေမ့ေမ့ကို လူၾကားသူၾကားမေရွာင္ နိုင္ထက္စီးနင္းလုပ္တာ လူရာမသြင္းတာကေကာ မရွက္တတ္ဘူးလား။ ေမေမ သက္ရွိထင္ရွားရွိေနတာေတာင္ ဟိုမိန္းမကို အိမ္ေပၚေခၚတာလာတာကေရာ မရွက္ဘူးလား။ ေနာက္ၿပီး အဲဒီမိန္းမကို လူျမင္မေကာင္းေအာင္ ခယေနတာကေကာ မရွက္ဘူးလား။"

"ေဟ့ေကာင္... မင္းအေဖကို ျပန္ေျပာစရာမလိုဘူး!"

"ေကာင္းၿပီေလ။ ဒါဆို မေျပာေတာ့ဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ သူနဲ႔ ဘယ္လိုျဖစ္ျဖစ္ လမ္းခြဲဖို႔ အစီအစဥ္မရွိဘူး။"

သၽွားအိမ္က ျပတ္သားစြာေျပာလိုက္လၽွင္....

"သၽွားအိမ္ ငါေျပာေနတယ္ေလ။!!"

ဦးခြန္မင္းထိုက္မွာ ရႉးရႉးရွားရွားျဖင့္ ေအာ္ဟစ္လိုက္ေတာ့သည္။

"မင္း ဒီေလာက္ႀကိဳက္စရာရွားလို႔ ဒီလို မ်ိဳးနဲ႔ရိုးနဲ႔ဖာခံစားလာတဲ့ေကာင္ကို ႀကိဳက္ရလား။ မင္း မရွက္ဖူးလားကြ? ဟင္?!! ဒီလို ကေလာတခြင္မွာ နာမည္ႀကီးေနတဲ့ ဖာသည္ အေျခာက္တစ္ေကာင္ရဲ့ လင္လုပ္ေနတာ မင္း မရွက္ေပမယ့္ ငါရွက္တယ္ကြ!!!"

မည္မၽွပင္ အႀကိမ္မ်ားစြာ ၾကားရပါေသာ္ျငား မရိုးနိုင္ပါေသာ ထိုစကားသည္ နာက်င္မႈ၊ မခံခ်ည္းမခံသာျဖစ္မႈႏွင့္ ေဒါသထြက္မႈတို႔ ေရာေထြးယွက္ႏြယ္ကာ သူအား မပ်က္မကြက္ စိတ္အေႏွာင့္အယွက္ျပဳျမဲပင္။ သၽွန္ေနာင္ အံကိုတင္းတင္းႀကိတ္ကာ ဦးခြန္မင္းထိုက္ကို စူးစူးစိုက္စိုက္ၾကည့္လိုက္လၽွင္...

"ေဟ့ေကာင္ မင္းက ဘာကိစၥနဲ႔ ငါ့ကို မိုက္ၾကည့္ၾကည့္ေနတာလဲ။ ‌ေယာက္်ားလုပ္ၿပီး ဖာခံစားတဲ့ေကာင္ကမ်ား...."

ကိုခြန္းမင္းထိုက္၏ ရင့္သီးေသာစကားလုံးမ်ားေၾကာင့္ သၽွန္ေနာင္ လက္သီးကို တင္းတင္းဆုပ္ထားမိပါသည္။ တျခားလူဆိုပါလၽွင္ ေနရာတြင္ ပြဲခ်င္းၿပီးသြားနိုင္ေသာ္လည္း ခ်စ္သူ၏ ဖခင္ျဖစ္သည္ဟု ႏွလုံးသြင္းကာ ေပါက္ကြဲလုလုေဒါသမ်ားကို ခက္ခဲစြာ ထိန္းခ်ဳပ္လိုက္ရပါသည္။ သို႔ေသာ္ သၽွားအိမ္ကေတာ့ မခံမရပ္နိုင္စြာ...

"ေဖေဖ...!! ကၽြန္ေတာ့္ ခ်စ္သူကို ဒီလို မေျပာပါနဲ႔!"

"ဟ...! ဖာမို႔လို႔ ဖာလို႔ေျပာတာ မင္းက ၾကားထဲက ဘာနာေနတာလဲ?!"

"ေဖေဖ!!!"

သၽွားအိမ္က ေဒါသတႀကီးေအာ္ကာ ထိုင္ရာမွ ထလိုက္သည္။ ခ်စ္သူ၏ အတိတ္က ဘာျဖစ္ျဖစ္ အမွန္တရားဆိုတိုင္း ယခုလို အေစာ္ကားေနသည္ကို ၿငိမ္ခံစရာမလိုဟု သူထင္ပါသည္။ အထူးသျဖင့္ သူ႔ေရွ႕တြင္ သူ႔ေၾကာင့္ ေအာက္ဖဲေတြလွန္ကာ ခ်စ္သူကို သိကၡာခ်ေနသည္ကို ဒီအတိုင္းၾကည့္မေနနိုင္ပါ။ ဦးခြန္မင္းထိုက္ကေတာ့ ေဒါသတႀကီးျဖင့္ ထိုင္ရာမွ ထကာ...

"မင္း အေဖကို ဒီလို ေအာ္စရာမလိုဘူး!!"

"ေဖေဖလည္း ကၽြန္ေတာ့္ခ်စ္သူကို "ဖာ" လို႔မေျပာနဲ႔ေလ!!"

သၽွားအိမ္က အသံမေလ်ာ့ပါ။ ေလ်ာ့ရန္လည္း စိတ္ကူးမရွိ။ ေတာ္ၾကာ ေလသံေလ်ာ့သြားလို႔ တဖက္က ဖခင္ကို ပို၍နိုင္ထက္စီးနင္းေျပာဖို႔ စိတ္ပိုင္းဆိုင္ရာအရ အေပးအားေျမႇာက္ျပဳသလိုျဖစ္သြားဦးမည္။

သၽွန္ေနာင္လည္း မေနသာေတာ့ပါ။ သၽွားအိမ္၏ နေဘးတြင္ရပ္ကာ ခ်စ္သူ၏ လက္ေမာင္းကို ဆြဲကာ ရပ္ရန္အခ်က္ေပးလိုက္သည္။ မည္သို႔ပင္ သူ႔အား ေစာ္ကားေနပါေစ သူ႔ေၾကာင့္ သားအဖေတြ ဤသို႔ စကားမ်ားရသည္ကိုေတာ့ မျဖစ္ေစလိုပါ။ သို႔ေသာ္လည္း သူ၏ ႀကိဳးစားအားထုတ္မႈက အရာမထင္ပါေခ်။

"ေျပာေတာ့ ဘာျဖစ္လဲကြာ။ မွန္တာေျပာတာပဲ။"

"ဪ... ဒါဆို ေဖေဖ့ရဲ့ မိန္းမၾကေတာ့ေကာ? ဘာလို႔ ဖာသည္မလို႔ မေခၚသလဲ။ ဟင္?!!! ဘာလို႔ ပိုင္းလုံးမလို႔မေခၚသလဲ။"

"ေခြမသား...!!! မင္းက အေျခာက္လင္လုပ္ၿပီး ငါ့ကို အာခံေနတယ္ေပါ့ေလ!!!"

ဦးခြန္းမင္းထိုက္ ေဒါသမထိန္းနိုင္စြာ သၽွားအိမ္ကို ထိုးခ်လိုက္ပါသည္။ သၽွားအိမ္မွာ ေရွာင္တိမ္းလၽွင္ ရပါေသာ္ျငား ေရွာင္လိုက္ပါလၽွင္ ဒီထက္မက ဆိုးလာနိုင္ေသာ ဖခင္ေၾကာင့္ ေရွာင္တိမ္းမေနေတာ့ပါ။ သူ႔အသားနာသည္က အေၾကာင္းမဟုတ္ေသာ္ျငား ခ်စ္သူအား ဒီထက္ပို၍ ေစာ္ကားေမာ္ကားနိုင္ေသာ စကားလုံးၾကမ္းၾကမ္းမ်ားျဖင့္ အထိုးႏွက္မခံနိုင္ေတာ့ပါ။ တဖန္ သူမ်က္ႏွာျဖင့္ သည္းခံေနရသည့္ ခ်စ္သူကိုလည္း မ်က္ႏွာပူလွပါ၏။ ထို႔ေၾကာင့္ မ်က္စိစုံမွိတ္ကာ ဖခင္ျဖစ္သူ၏ လက္သီးက်ေရာက္လာမည့္ အခ်ိန္ကို ေစာင့္ေမၽွာ္ေနလိုက္သည္။ သို႔ေသာ္ နာက်င္မႈက မေရာက္လာ။ ဘာမ်ားျဖစ္လို႔လဲဟူ၍ မ်က္စိဖြင့္ကာ ၾကည့္လိုက္ေတာ့ ဖခင္၏ လက္သီးကို လက္ျဖင့္ဖမ္းထိန္းကာ သူ႔ကို ကာကြယ္ေပးထားေသာ ခ်စ္သူကို ျမင္လိုက္ရေလသည္။

"ေဟ့ေကာင္.... လႊတ္စမ္း။ ငါ့သားငါထိုးတာ မင္းနဲ႔ ဘာဆိုင္လဲ။"

သၽွန္ေနာင္က ဦးခြန္မင္းထိုက္၏ လက္ေကာက္ဝတ္ကို တစ္ခ်က္ဖ်စ္ညႇစ္လိုက္သည္။ ဦးခြန္မင္းထိုက္မွာ သၽွန္ေနာင္၏ လက္ခ်က္ျဖင့္ ထုံက်င္သြားရေတာ့သည္။

"အား.... မင္း... မင္း...."

သူ႔လက္ကိုသူအုပ္ကိုင္ကာ တညည္းညည္းတညဴညဴျဖင့္ ျဖစ္ေနေသာ ဦးခြန္မင္းထိုက္အား သၽွန္ေနာင္ ေအးတိေအးစက္ျဖင့္ ၾကည့္လိုက္ပါသည္။

"ဘာဆိုင္လို႔လဲဆိုေတာ့ ခင္ဗ်ားသားဆိုတာက ကၽြန္ေတာ့္ခ်စ္သူေလ။ ကၽြန္ေတာ္က ကၽြန္ေတာ့္ခ်စ္သူကို တျခားလူတစ္ေယာက္က လက္သီးနဲ႔ထိုးဖို႔မေျပာနဲ႔ ေစာ္ကားေမာ္ကားေျပာတာေတာင္ ႀကိဳက္တာ မဟုတ္ဘူး။ အဲ့... ခင္ဗ်ားလဲ အပါအဝင္ေပါ့။ ကိုယ့္သားသမီးကိုယ္ ဆုံးမခ်င္ရင္ ေကာင္းေကာင္းမြန္မြန္ လူႀကီးပီပီသသဆုံးမပါ။ မဟုတ္ရင္ ကၽြန္ေတာ့္အဆိုးမဆိုပါနဲ႔။"

ၾကားသုံးၾကားမဝင္ေကာင္းမွန္း သူသိပါသည္။ ယခုက သူ႔ခ်စ္သူအား သူ႔ေရွ႕တြင္ မိဘဟူေသာ ဂုဏ္ပုဒ္ႀကီးကို ဒိုင္းသဖြယ္အကာအကြယ္ယူကာ အၾကမ္းဖက္ေနသည္ျဖစ္ရာ ဒီအတိုင္း လက္ပိုက္၍ ၾကည့္မေနနိုင္ပါ။ ထို႔ျပင္ ဦးခြန္မင္းထိုက္၏ မိသားစုေပၚတြင္ အလုပ္မဟုတ္သည့္အေၾကာင္းမ်ားကိုလည္း အေစာကတည္းက တီးမိသည္ေခါက္မိသည္ရွိရာ သူ႔ ပါးစပ္က ေန၍ မရေတာ့ေပ။ "ဖခင္"ေနရာကို ယူထားၿပီး ဖခင္တာဝန္မေက်သူမ်ားကို သူ အင္မတန္မွ မုန္းပါသည္။ ဒီၾကားထဲ "ငါ မင္းအေဖကြ" ဟု အရွက္မရွိ ေႂကြးေက်ာ္ရဲသူမ်ားဆိုလၽွင္ ပိုဆိုး။

"ေနာက္ၿပီး ခင္ဗ်ားကို လူ႔က်င့္ဝတ္အေၾကာင္းေျပာရဦးမယ္။ ကိုယ္က ကိုယ့္သားသမီးကို ဆုံးမမယ္ဆိုရင္ ကိုယ္ကိုယ္တိုင္က စံျပျဖစ္ေအာင္ေနရတယ္ ဦးခြန္မင္းထိုက္ရဲ့။"

ထိုစကား ေသြးထြက္ေအာင္မွန္လွရကား ဦးခြန္မင္းထိုက္တစ္ေယာက္ မိမိေရွ႕တြင္ရပ္ကာ မိမိအားျပန္၍ ဆုံးမၾသဝါဒေခၽြေနေသာေကာင္ေလးအား အရည္က်ိဳပစ္ခ်င္ေလာက္ေအာင္ ေဒါသထြက္သြားေတာ့သည္။

"ေတာက္...!! ထြီ....!! မင္းလိုေကာင္ကမ်ား ငါ့ကို တရားလာျပေနတယ္! မင္းကိုမင္း ဘာထင္ေနလို႔လဲ။"

သၽွန္ေနာင္က ဘာမွမျဖစ္သလို ေပါ့ပ်က္ပ်က္ ဟန္ျဖင့္...

"ကၽြန္ေတာ္လား...? ကၽြန္ေတာ့္ကိုကၽြန္ေတာ္ ဘာရယ္လို႔ေတာ့ ေထြလီကာလီလုပ္ၿပီး မထင္မိပါဘူး။ အဲ.... ဒါေပမယ့္ ကၽြန္ေတာ့္ကို လူတခ်ိဳ႕ကေတာ့ ဘီလူးတစ္ေကာင္လို႔ ထင္လိုလားမသိဘူး။ ယကၡလို႔ေခၚၾကတယ္ဗ်။"

သၽွားအိမ္မွာ ခ်စ္ရသူ၏ မထင္မွတ္ေသာ အျပဳအမူမ်ားကို အံၾသလြန္း၍ ပါးစပ္ေစ့၍ပင္မရ။ ဒီလူႀကီးက ဒီလိုလည္း ျပန္ပက္တတ္သည္လား။ မသိပါဘူး။ ဇာတ္လမ္းေတြထဲကလို သူ႔ဖခင္ေျပာသမၽွကို မ်က္ရည္ေလးဝိုင္းကာ မ်က္ႏွာငယ္ေလးျဖင့္ နားေထာင္လိမ့္မည္ဟု ထင္ထားမိေသာေၾကာင့္ ခ်စ္သူအား ဤစကားဝိုင္းတြင္မရွိေစရန္ အေစာက ပထုတ္မိျခင္းျဖစ္ပါသည္။ အခုေတာ့ ထင္ထားသမၽွ တက္တက္စင္ေအာင္လြဲသြားပါေတာ့သည္။ ဒါလည္း ခပ္ေကာင္းေကာင္း။ အနည္းဆုံးေတာ့ ေခါင္းငုံခံပါလၽွင္ ပို၍ ျဖဲေျခာက္တတ္ေသာအက်င့္ရွိသည့္ ဖခင္ႏွင့္ ကြက္တိပင္။

ဦးခြန္မင္းထိုက္ကေတာ့ "ယကၡ"ဟူေသာ အမည္ေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူၾကားမိသေလာက္ ယကၡဟူသည္ ယခင္က ေျမေအာက္ရာဇာ ဦးလၽွမ္းျမတ္စံ၏ လက္႐ုန္းတဆူျဖစ္သည္။ ၾကမ္းၾကဳတ္ရက္စက္သည့္ေနရာတြင္ ႏွစ္ေယာက္မရွိဟု နာမည္ႀကီးသူ။ သို႔ေသာ္ မိမိေရွ႕မွ ဤေကာင္ေလးသည္ "ယကၡ" ျဖစ္ရန္အတြက္ သိမ္ေမြ႕႐ုံမက ႏုနယ္ဟန္ပင္ေပါက္၍ ငယ္ရြယ္လြန္းေပရာ ဟာသတစ္ခုကို ၾကားရသလို သူ အူလွိုက္အသည္းလွိုက္ရယ္ေမာလိုက္မိေတာ့သည္။

"အဟားဟား.... ေကာင္ေလး... ေနာက္ကို မင္းကိုယ္မင္း အရင္ၾကည့္ၿပီးမွ အဲ့ဒီ့နာမည္ေခၚ။ မင္းလို အေျခာက္တစ္ေကာင္က ယကၡဆိုတာနဲ႔ ဘယ္လိုမွကို မအပ္စပ္တာ"

သၽွန္ေနာင္ကလည္း ဦးခြန္မင္းထိုက္ထက္မေလ်ာ့ေသာ မခိုးမခန႔္ရယ္နည္းျဖင့္ ျပန္လည္ကာ ေလွာင္ေျပာင္လိုက္ပါ၏။

"အဟင္းဟင္း.... တခ်ိဳ႕ကိစၥေတြက အျမင္နဲ႔ မဆုံးျဖတ္ရဘူးဗ်။ ကဲပါ.... ထားပါ။ ခင္ဗ်ားအခုလာရင္း ကိစၥက ခင္ဗ်ားရဲ့ သေဘာထားကို ေျပာဖို႔ပဲ မဟုတ္လား။"

"ေအး... ဟုတ္တယ္။ ငါ့သားကို မင္းလို အဖယ္ဆယ္မရတဲ့ ဖာသည္အေျခာက္တစ္ေယာက္နဲ႔ လမ္းခြဲဖို႔ ေျပာဖို႔လာတာ။"

သၽွားအိမ္က ျပန္ေျပာရန္ ပါးစပ္ျပင္လိုက္လၽွင္ သၽွန္ေနာင္က လက္ကာျပလိုက္ၿပီး မ်က္ႏွာရိပ္မ်က္ႏွာကဲျဖင့္ ၿငိမ္ၿငိမ္ေနရန္ သတိေပးလိုက္သည္။

"ဒီက လူႀကီးမင္း တျခားေျပာစရာမရွိေတာ့ရင္ ကၽြန္ေတာ္တို႔ သြားေတာ့မယ္။ ခြင့္ျပဳပါဦး။"

သၽွန္ေနာင္က သၽွားအိမ္ဘက္လွည့္ကာ...

"သြားစို႔ ေမာင္။ အလုပ္ေနာက္က်ေနၿပီ။"

သၽွားအိမ္လည္း ေခါင္းညိတ္ကာ ဖခင္ကို ႏႈတ္ဆက္လိုက္သည္။

"ကၽြန္ေတာ္ သြားၿပီ ေဖေဖ။"

ထိုေနာက္ သၽွန္ေနာင္ႏွင့္အတူ တံခါးဝဆီသို႔ ဦးတည္လိုက္သည္။ ဦးခြန္းမင္းထိုက္ကေတာ့ ထိုႏွစ္ေယာက္ကိုၾကည့္ကာ ေဒါသမ်ားပင္ ပိုထြက္လာသည္။

"ေအး.... ငါေျပာတယ္ေနာ္ သၽွားအိမ္။ ဒီေကာင္နဲ႔ တြဲေနတာ ရပ္တန္းကရပ္လို႔။ ငါ့ အေၾကာင္းသိတယ္ မဟုတ္လား။"

သူ၏ ေက်ာဘက္မွ ထြက္ေပၚလာေသာ စကားမ်ားေၾကာင့္ သၽွားအိမ္ ေျခလွမ္းမ်ားက တုံ႔ခနဲျဖစ္သြားရပါသည္။

"ဘာလို႔လဲ ေမာင္"

သၽွန္ေနာင္ ထိတ္ခနဲျဖစ္ကာ ခ်စ္သူကို ၾကည့္လိုက္မိသည္။ ဖခင္ျဖစ္သူ၏ စကားမ်ားေၾကာင့္ သူ႔အား ထားခဲ့ေတာ့မွာလား။

'ဟင့္အင္း.... မရဘူးေနာ္။ ခင္ဗ်ားေလး ေျပာတုန္းက ကို႔ကို ဘယ္ေတာ့မွထားမသြားဘူးဆို။ ဒီလို အႏွစ္မပါတဲ့စကားလုံးေတြေအာက္မွာ ဒူးေထာက္အရႈံးေပးၿပီး လမ္းခြဲေတာ့မွာလား။ ဟင့္အင္း... ခင္ဗ်ားေလးထားသြားရင္ ကို႔ကမၻာ တကယ္ၿပိဳမွာ....'

သူ ထိတ္လန႔္တုန္လႈပ္စြာ ပလုံးပေထြးျဖင့္ ရင္ထဲတြင္ ေရရြတ္ေနမိသည္။

သၽွားအိမ္ ခ်စ္ရသူ၏ တုန္လႈပ္သြားေနေသာ မ်က္ဝန္းမ်ားမွ တဆင့္ ႏွလုံးသားခ်င္း လွမ္းဖတ္လိုက္မိပါသည္။ မဟုတ္တာေတြကို ေတြးၿပီးေၾကာက္ေနရတယ္လို႔။ သို႔ေသာ္ ခ်စ္သူ၏ စိုးရိမ္မႈမ်ား သက္သာရန္အလို႔ငွာ ႏွစ္ၿခိဳက္စြာျပဳံးလိုက္ၿပီး ခ်စ္သူ၏ လက္ႏုႏုေလးကို ျမတ္နိုးစြာ ဆုပ္ကိုင္လိုက္ပါသည္။ ခ်စ္ျခင္းေမတၱာျဖင့္အတိၿပီးေသာ ထိုအေႏြးဓါတ္သည္ လက္ဖဝါးျပင္မွတဆင့္ ႏွလုံးသားတစ္စုံသို႔တိုင္ ျဖာစီး၍ ႏွစ္ဦးစလုံး ခြန္အားသတိႏွင့္ လုံျခဳံမႈတို႔ကို ေပးစြမ္းပါ၏။

"ဘာမွမေၾကာက္နဲ႔ Baby။ ေမာင္ Baby ေဘးမွာ တစ္သက္လုံးရွိမွာ။"

သၽွန္ေနာင္ ခ်စ္ရသူကို ရႊန္းရႊန္းစားစားၾကည့္ကာ ေခါင္းတစ္ခ်က္ၿငိမ့္လိုက္ၿပီး...

"ေမာင္သာ ေဘးမွာရွိရင္ ကို ဘာမွမေၾကာက္ဘူး။ ေမာင္နဲ႔အတူ ဘာမဆို ရင္ဆိုင္မွာ။ ကို ကတိေပးတယ္။"

သူတို႔ႏွစ္ဦး၏ စကားလုံးမ်ားက ဦးခြန္မင္းထိုက္အား အလိုမက်မႈျဖင့္ မ်က္ႏွာတစ္ခုလုံး မည္းေမွာင္သြားေစသည္။

"ေတာက္...!! သိပ္သတၱိရွိေနၾကတယ္ေပါ့ေလ။ ၾကည့္ၾကေသးတာေပါ့။ သၽွားအိမ္ ဒီေန႔ကစၿပီး မင္းက ငါ့သားမဟုတ္ေတာ့ဘူး။ ငါ့ကို ေဖေဖလို႔ ဘယ္ေတာ့မွ မေခၚနဲ႔။"

သၽွားအိမ္ မ်က္ႏွာမပ်က္ပင္ ေခါင္းညိတ္လိုက္ကာ...

"ေကာင္းပါၿပီ။"

ေနာက္ဆုံး မခံခ်ိမခံသာျဖစ္ရသူက ဦးခြန္မင္းထိုက္သာ...

"ေခြးမသား.... ထြက္သြားစမ္း။ မင္းမ်က္ႏွာ ငါမၾကည့္ခ်င္ဘူး။"

"စိတ္ခ်ပါ ကၽြန္ေတာ္ သြားမွာပါ။ ဒါေပမယ့္ အခန္းတခါးေလး ေလာ့ခ်ခဲ့ဖို႔ေတာ့ မွာပါရေစ။"

သၽွားအိမ္ ထိုတခြန္းသာေျပာၿပီး အခန္းထဲမွ ထြက္ခဲ့ေတာ့သည္။ ဆိုင္သို႔သြားသည့္ လမ္းတေလၽွာက္လုံးလည္း စကားတခြန္းမၽွမဆို ေနာက္ဆုံးမနက္စာစားၿပီးသည္အထိ စကားမေျပာေသာ သၽွားအိမ္ေၾကာင့္ သၽွန္ေနာင္မွာ မေနနိုင္ေတာ့။ မိမိ၏ ေဘးတြင္ ကပ္လၽွက္ စားခုံေပၚတင္ထားေသာ ခ်စ္သူ၏ လက္ကို ခပ္ဖြဖြဆုပ္ကိုင္လိုက္ကာ....

"ေမာင္... အဆင္ေျပရဲ့လား။"

ထိုအခါမွ သၽွားအိမ္ သက္ျပင္းရွည္ႀကီးတစ္ခ်က္ဆြဲလိုက္ၿပီး ေခါင္းကိုေလးတြဲတြဲႏွင့္ ညိတ္လိုက္သည္။ အေစာကတည္းက ဒီလိုမ်ိဳးျဖစ္လာလိမ့္မည္ဟု ေမၽွာ္လင့္ၿပီးသားျဖစ္ေသာ္လည္း တကယ္တမ္းၾကဳံလာရေသာအခါတြင္ကား ေနာင္တမရေသာ္လည္း စိတ္ထဲမေကာင္းပါ။ ရင္ထဲတြင္ တခုခုလွစ္ဟာသြားသလို ခံစားခ်က္ႏွင့္အတူ ဝမ္းနည္းမိပါသည္။ ထို႔‌အျပင္ " တုႏွိုင္းျခင္းကင္းပါေသာ အႂကြင္းမဲ့ ေမတၱာ"ဟူ၍ လူတိုင္းက လက္ခံထားပါေသာ ထို ၅၂၈ေမတၱာတြင္လည္း ခၽြင္းခ်က္ေတြရွိတာပဲဟု သေဘာေပါက္လိုက္ပါသည္။

"ေသြးပူတုန္းမို႔ပါ ေမာင္ရယ္။"

သၽွားအိမ္ ခ်စ္သူအား ပထမဆုံးအႀကိမ္အျဖစ္ စိတ္မပါစြာ ျပဳံးျပလိုက္ၿပီး...

"Baby လည္း အလုပ္ေနာက္က်ေနၿပီ။ သြားေတာ့ေလ။"

သူ႔အား ခ်စ္ရသူက အားေပးႏွစ္သိမ့္ရန္ ႀကိဳးစားေနသည္ကို သိပါေသာ္လည္း ယခုအခ်ိန္တြင္ တစ္ေယာက္တည္းသာေနလိုပါသည္။ ဤသည္ကို သေဘာေပါက္စြာျဖင့္ သၽွန္ေနာင္ အျပဳံးတစ္ခုျဖင့္ ႏွစ္သိမ့္လိုက္ပါသည္။

"အင္း... ဒါဆို ကိုသြားလိုက္ဦးမယ္။ လိုက္မပို႔နဲ႔ေတာ့။"

သၽွန္ေနာင္ ထရပ္ကာ တံခါးေပါက္ဆီသို႔ မ်က္ႏွာမူလိုက္လၽွင္ သၽွားအိမ္က သူ႔၏ လက္ကို လွမ္းဆြဲလိုက္သည္။ သၽွန္ေနာင္ကဘာမ်ားလဲဟု ျပန္ၾကည့္လိုက္လၽွင္...

"sorry Baby... ေနာက္ၿပီး ေမာင့္အနားမွာရွိေနေပးတဲ့အတြက္ ေက်းဇူးပါ။"

သၽွန္ေနာင္ ခ်စ္ရသူ၏ မ်က္ႏွာေခ်ာေခ်ာကို ျမတ္နိုးစြာ ၾကည့္လိုက္ၿပီး....

"ကိုကသာ ေက်းဇူးတင္ရမွာပါ။ ကို႔ရဲ့ လက္ကိုအခုလိုတြဲထားတဲ့အတြက္..."

သၽွန္ေနာင္ ခါးကို သိမ့္ေမြ႕စြာကိုင္းလိုက္ၿပီး သၽွားအိမ္၏ ပါးတဖက္ကို အနမ္းတစ္ခုျဖင့္ ခ်စ္ခြန္းေႁခြလိုက္ပါသည္။ စိတ္ညစ္မႈေတြအားလုံး အေဝးသို႔ လြင့္ပါးေပ်ာက္ကြယ္သြားပါေစသား။

"ခ်စ္တယ္ ေမာင္။ သြားၿပီေနာ္။"

သၽွားအိမ္မွာ အံ့ၾသမင္သက္စြာျဖင့္ ခ်က္ခ်င္းစကားမျပန္နိုင္ပါ။ လူေတြကို ဂ႐ုစိုက္လြန္းေသာ ခ်စ္သူက ယခုေတာ့ လူၾကားထဲတြင္ အၾကင္နာေတြ ေပးသည္တဲ့လား။ ဟုတ္သားပဲ။ သူ႔ေဘးတြင္ သူက ခ်စ္ခင္စုံမက္ပါေသာ၊ သူကိုလည္း ခ်စ္ခင္စုံမက္ပါေသာ ခ်စ္သူရွိတာပဲ။ ဖခင္ႏွင့္သားသမီး ၾကားတြင္ရွိေသာ ဆက္ႏြယ္မႈကို ဖခင္ဖက္မွ ျဖတ္ေတာက္လိုက္ၿပီ ျဖစ္ပါေသာ္ျငား လူသားတိုင္းေတာင့္တသည့္ အခ်စ္စစ္ႏွင့္ အျပန္အလွန္ ခ်စ္ၾကင္နိုင္မည့္ ၾကင္ဖက္ခ်စ္သူရွိေသးသားပဲ။ သူက ဘာကိစၥႏွင့္ အဖတ္ဆယ္မရသည့္ အရႈံးသမားလို လုပ္ေနရမွာလဲ။ ထိုအေတြးတို႔ႏွင့္အတူ အေစာက ေနာက္က်ိေနေသာ စိတ္မ်ား အေတာ္ပင္ ၾကည္လင္လာေတာ့သည္။

"အင္း.... ခ်စ္တယ္။" ဟု ေရရြတ္သလို ေျပာလိုက္ကာ ခ်စ္ရသူ ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားသည္အထိ မ်က္စိတစ္ဆုံးေငးၾကည့္ေနမိပါေတာ့သည္။

ထိုေန႔တစ္လုံးအလုပ္တြင္ မနည္းအာ႐ုံစိုက္ထားရပါသည္။ ဒါေတာင္ တစ္ခ်က္တစ္ခ်က္ အမွားလုပ္ခ်င္ေသးသည္။ ခခ၊ တိုးငယ္ႏွင့္ ႏွင္းႏွင္းက သူ႔အရိပ္အေျခကို ၾကည့္ကာ တခုခုျဖစ္ေနမွန္းသိသျဖင့္ ေဘးမွေန၍ သူလုပ္သမၽွ အမွားမ်ားကို မသိမသာျပင္ေပးရွာပါသည္။ ထိုသုံးေယာက္ရွိေန၍သာ တေန႔လုံး ေခ်ာေခ်ာေမာေမာျဖစ္ေနသည္မွန္း သိပါသည္။

တကုပ္ကုပ္ျဖင့္ လုပ္ရင္းမွ အခ်ိန္ၾကည့္လိုက္ေတာ့ ညေန ၅ နာရီပင္ခြဲေနၿပီျဖစ္သည္။ ထိုအခါမွ "ဟိုက္"ခနဲျဖစ္သြားကာ ပ်ာတိပ်ာယာျဖင့္အလုပ္အားလုံးကို လက္စသတ္ၿပီး အေရွ႕ဘက္ထြက္လာခဲ့သည္။ သူထင္သည့္အတိုင္း သၽွန္ေနာင္ ေရာက္ေနႏွင့္ေလၿပီ။ သူ႔ကို ျမင္လၽွင္ အျပဳံးေတာက္ေတာက္တခုႏွင့္ ျပဳံးျပလာသည္။

"Sorry Baby... ႏွင္းႏွင္းကလည္း Baby ေရာက္ေနတာမေျပာဘူး"

သူေျပာရင္းမွ သၽွန္ေနာင္ထိုင္ေနေသာ စားပြဲတြင္ ဝင္ထိုင္လိုက္သည္။

"ကို တမင္မေျပာခိုင္းလိုက္တာ။ ေမာင္ အလုပ္ရႈပ္ေနမွန္းသိလို႔။ ဒါနဲ႔ ေန႔လယ္စာေကာ စားရဲ့လား။"

ေန႔လယ္က Message ပို႔သည္ကို မေတြ႕သျဖင့္ သၽွန္ေနာင္ေမးလိုက္ပါသည္။

"ဟင့္အင္း... ေမာင္ သိပ္လည္းမဆာလို႔ပါ။"

တကယ္လည္း ရင္ခံေနသျဖင့္ဘာမွမစားနိုင္။

"ေမာင္ရယ္ ဘာျဖစ္ျဖစ္ ကိုယ္ကိုကိုယ္ေတာ့ ဂ႐ုစိုက္မွေပါ့။"

"အင္းပါ"

"အခုေကာ... ဗိုက္ဆာၿပီ မဟုတ္လား။"

"အင္း..."

"ဒါဆို သြားၾကစို႔။"

သို႔ႏွင့္ ႏွစ္ဦးသား မေန႔ကလို သၽွန္ေနာင္၏ အိမ္သို႔ျပန္ကာ ညေနစာစားၾကသည္။ အစာစားၿပီးသည္ႏွင့္ သၽွန္ေနာင္က ‌ေရခ်ိဳးသည္။ သၽွားအိမ္ကေတာ့ ဆိုင္ကိုျပန္ရဦးမည္ျဖစ္ရာ ဆိုင္သိမ္း၍ သူ႔အခန္းသူျပန္မွ ေရခ်ိဳးေတာ့မည္။ ယခုေတာ့ သၽွန္ေနာင္၏ အခန္းထဲရွိ couch ေပၚလွဲေလွာင္းကာ တီဗီဖြင့္ထားလိုက္သည္။ သို႔ေသာ္ စိတ္ကေတာ့မနက္က ကိစၥတြင္သာ တဝဲလည္လည္ႏွင့္။ ယခုအထိ စိတ္မေကာင္းျဖစ္ေနဆဲျဖစ္ေသာ္လည္း ျဖစ္ျဖစ္ခ်င္းကေလာက္ေတာ့ မျပင္းထန္ေတာ့ေခ်။ ထိုစဥ္ သၽွန္ေနာင္က ေရခ်ိဳးခန္းထဲမွထြက္လာၿပီး ဗီရိုေရွ႕တြင္ ရပ္ကာ ေရသုတ္ေနေလသည္။ သူ႔အား ျမင္လၽွင္ ႏွစ္လိုဖြယ္ရာျပဳံးျပလိုက္ေသးသည္။ သူကေတာ့ ခပ္တည္တည္ျဖင့္ သူ႔ေရွ႕မွ စကၡဳပသာဒရွိလွေသာ ျမင္ကြင္းကို ေတြေတြႀကီးေငးၾကည့္ေနပါသည္။

သၽွန္ေနာင္မွာ ခ်စ္သူ၏ မရယ္မျပဳံးမ်က္ႏွာေၾကာင့္ ရင္ထဲမေကာင္းပါ။ အင္းေလ။ အေဖတစ္ေယာက္လုံးက ေဆြခန္းမ်ိဳးခန္းျဖတ္မွေတာ့ ဘယ္သူက ျပဳံးေပ်ာ္ေနနိုင္ပါမည္နည္း။ သူ အဝတ္အစားအျမန္ဝတ္ကာ ခ်စ္သူထိုင္ေနသည့္ ေဘးတြင္ ဝင္ထိုင္ၿပီးလၽွင္ သၽွားအိမ္၏ နဖူးကို ဖြဖြေလးနမ္းရွိုက္လိုက္ပါသည္။ ထို႔ေနာက္ ဆံပင္နက္နက္ေလးမ်ားကို ညႇင္သာစြာထိုးဖြလိုက္ၿပီး...

"အဆင္ေျပရဲ့လား ေမာင္။ တခုခုေျပာခ်င္ရင္ ကို နားေထာင္ေပးနိုင္ပါတယ္။"

သၽွားအိမ္ သက္ျပင္းကို ေလးတြဲစြာ ရွိုက္လိုက္ပါသည္။ သူ႔အား အလိုက္သတိျဖင့္ ရင္ဖြင့္ရန္ ဆိုလာေသာ ခ်စ္သူကို ေက်းဇူးတင္ေသာ မ်က္လုံးမ်ားႏွင့္ ၾကည့္လိုက္ၿပီး...

"အင္း... ေမာင္ ပြင့္ပြင့္လင္းလင္း ဝန္ခံရရင္ မနက္ကကိစၥကို လုံးဝ စိတ္မေကာင္းဘူး။ ေမာင္ အေစာကတည္းက ဒီမ်ိဳးျဖစ္မယ္ဆိုတာ သိၿပီးသား... ဒါေပမယ့္ စိတ္မေကာင္းဘူး။ ေမာင္နဲ႔ ေမာင့္ေဖေဖဆိုတာ ဘယ္တုန္းကမွ မ်က္ႏွာခ်င္းဆိုင္လို႔ရတာ မဟုတ္ဘူး။ မနက္ကလို သူတစ္ခြန္းကိုယ္တစ္ခြန္းေျပာတယ္ဆိုတာ ထမင္းစားေရေသာက္။ တခါတေလမ်ားဆို ဒီထက္ေတာင္ ဆိုးေသးတယ္။ တခါကဆို ေဖေဖထိုးလိုက္လို႔ ေဆး႐ုံတက္ရတဲ့အထိပဲ။ ေျပာရမယ္ဆို ေမာင္တို႔က အေဖနဲ႔သားဆိုတာ နာမည္ပဲရွိတာ။ သူ ေမာင့္ကို မနက္ကလိုေျပာတာ အႀကိမ္ႀကိမ္ပဲ။ ဒါေပမယ့္ ဒီေန႔က... စိတ္ထဲမွာ ေနလို႔မေကာင္းဘူး။ ၾကည့္ရတာ ဒီတႀကိမ္ေတာ့ ေမာင္တို႔တေတြ တကယ္ ေဆြခန္းမ်ိဳးခန္းျပတ္ၿပီနဲ႔ တူပါတယ္။"

သၽွားအိမ္ သက္ျပင္းခ်ကာ ခ်စ္သူ၏ ရင္ခြင္ထဲသို႔ တိုးဝင္လိုက္ပါသည္။ သၽွန္ေနာင္လည္း အလိုက္သင့္ပင္ ခ်စ္သူ၏ ခႏၶာကိုယ္ကို ရင္ခြင္ထဲတြင္ ေထြးေပြ႕လိုက္ပါသည္။

"ေဖေဖက ေျပာရမယ္ဆိုရင္ အိမ္ေထာင့္တာဝန္ကို တစက္မွေက်တဲ့ လူမဟုတ္ဘူး။ ေမာင့္ ဖြားဖြားေျပာျပဖူးတာရွိတယ္။ ေမေမက မဇူးတို႔ကို ေမြးၿပီးေနာက္တရက္မွာ ေဖေဖက ဖာတန္းေရာက္ေနၿပီတဲ့။ ေမာင္တို႔ကို ေကၽြးေမြးျပဳစုဖို႔ေနေနသာသာ ေမေမပိုင္သမၽွကို အေလာင္းကစားတလွည့္ မယားငယ္ေတြေပးတာတလွည့္နဲ႔ ျဖဳန္းပစ္တာ ေတာ္ေတာ္မ်ားတယ္။ ေမာင္လူမွန္းသိတတ္တဲ့ အခ်ိန္မွာ ေဖေဖ့ေၾကာင့္ ေမေမေန႔တိုင္းငိုခဲ့ရတာ။ အဓိကကေတာ့ မိန္းမကိစၥေပါ့။ ေမေမက ကေလးေတြ မ်က္ႏွာေထာက္ဖို႔ေျပာရင္ ေဖေဖက အျမဲေျပာေနၾက တခြန္းရွိတယ္။ "မင္းကို ငါ ခ်စ္လြန္းလို႔ ယူတာမဟုတ္ဘူး။ ဒီေန႔အထိ မကြာရွင္းတာ ေက်းဇူးတင္တဲ့" တကယ္လည္း ေဖေဖက ေမေမ့ကို ခ်မ္းသာလို႔ အပိုင္ႀကံခဲ့တာ။ ေမေမ့ကို တစက္မွမခ်စ္ခဲ့ဖူး။ ေနာက္ၿပီး လူၾကားထဲ အခိုင္းအေစလို ဆက္ဆံ႐ုံလိုမကဘူး မထင္ရင္မထင္သလို ရိုက္ႏွက္တတ္ေသးတယ္။ ဒီၾကားထဲ ဖေအ၊အစ္ကိုမကလို႔ အိမ္ေစ၊ ဒရိုက္ဘာနဲ႔ သမုတ္ေသးတာ။ သူကေတာ့ မိန္းမေပါင္းစုံ အိမ္ေခၚၿပီး ေမေမ့ေရွ႕မေရွာင္ ေပ်ာ္က်ဴးေနတာမ်ိဳး။ ကိုယ္ခ်စ္သည္ျဖစ္ေစ၊ မခ်စ္သည္ျဖစ္ေစ ကိုယ္ယူထားတဲ့မိန္းမကို ဒီလိုဆက္ဆံတာ မလြန္လြန္းဘူးလား။"

သၽွားအိမ္ ေျပာရင္းမွ ေဒါသအေလၽွာက္ အသံမာလာပါေတာ့သည္။ သၽွန္ေနာင္ကေတာ့ ခ်စ္သူကို ပို၍ တင္းက်ပ္ေအာင္ ေထြးေပြ႕ထားလိုက္ပါသည္။

"ေမာင္အရြယ္ေရာက္ေတာ့ ေဖေဖနဲ႔ အဲ့ဒါေၾကာင့္ပဲ အဆင္မေျပဘူး။ ေျပာရင္ ငရဲႀကီးလိမ့္မယ္။ ေမာင္ေလ ေမာင့္ေဖေဖကို ေလးစားဖို႔ေနေနသာသာ ရြံမုန္းမိတယ္။ ေမာင္တင္မဟုတ္ဘူး ေမာင့္ေမာင္ႏွမအားလုံး အတူတူပဲ။ မဇူးကေတာ့ ေမေမနဲ႔တူလို႔လား မသိဘူး။ ေဖေဖ့အေပၚမွာ အလိုက္အထိုက္နဲ႔ သားသမီးတာဝန္ေက်ရွာပါတယ္။ ဒါကိုအခြင့္ေကာင္းယူၿပီး ေဖေဖက သူ႔အက်ိဳးအတြက္ ကိုဈာန္လင္းခန႔္နဲ႔ ေပးစားခဲ့တာေပါ့။ ဒါေၾကာင့္လည္း မဇူးမွာ သူ႔လို ‌ေယာက္်ားမပီသတဲ့လူနဲ႔ အိမ္ေထာင္က်ခဲ့တာေလ။ သိပ္ေတာ့လည္း မထူးဆန္းပါဘူး။"

သၽွားအိမ္ အစ္မျဖစ္သူ၏ အိမ္ေထာင္ေရးအေၾကာင္းကို သတိရသြားကာ သက္ျပင္းခ်လိုက္ပါသည္။

"ေမာင္ အရြယ္ေရာက္ကတည္းက အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ တေန႔ ငါ အိမ္ေထာင္ျပဳရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ခ်စ္နိုင္တဲ့ မိန္းကေလးကိုပဲယူမယ္။ ငါယူတဲ့ မိန္းကေလးက လွဖို႔မလိုဘူး၊ ပညာေတြအရမ္းႀကီးတတ္ဖို႔မလိုဘူး။ ဒါေပမယ့္ ငါ့အေပၚသစၥာရွိရမယ္၊ ငါ့အေပၚမွာ သည္းခံစိတ္ရွည္ၿပီး ငါကလည္း သည္းခံနိုင္တဲ့လူျဖစ္ရမယ္။ ၿပီးရင္ ငါနဲ႔ ဒိုးတူးေပါင္ဖက္ အိမ္ေထာင္ကို ထိန္းသိမ္းနိုင္တဲ့ ထက္ျမက္တဲ့ မိန္းကေလးမ်ိဳးျဖစ္ရမယ္လို႔ ေမၽွာ္မွန္းခဲ့ဖူးတယ္။"

သၽွားအိမ္ေျပာရင္းမွ သၽွန္ေနာင္၏ မ်က္ႏွာကို ေမာ့ၾကည့္ကာ ပါးတစ္ဖက္ကို ႏူးညံ့စြာ ပြတ္သပ္လိုက္ရင္း...

"ေတြ႕ေတာ့ေတြ႕ပါရဲ့။ မိန္းကေလးမဟုတ္တာေလး တစ္ခုပဲ။ ဒါေပမယ့္ ေမာင္ ေက်နပ္တယ္ Baby။ ေမာင္ ေပ်ာ္တယ္။ ေမာင္ ေရြးခ်ယ္တဲ့လမ္းက မမွားဘူးလို႔လဲ ေမာင္ယုံၾကည္တယ္။"

သၽွန္ေနာင္ သူ႔ပါးေပၚမွ လက္ကို အသာအယာဆြဲယူကာ ျမတ္နိုးစြာ နမ္းရွိုက္လိုက္ပါသည္။

"စိတ္ခ်ပါ ေမာင္ရယ္။ ကိုက ေမာင္နဲ႔ လူသိရွင္ၾကား မဂၤလာေဆာင္လို႔မရေပမယ့္။ သာယာတဲ့ အိမ္ေထာင္ေရးျဖစ္ေအာင္ ကို အတတ္နိုင္ဆုံး ႀကိဳးစားသြားမွာပါ။ ေမာင္တစ္ေယာက္တည္းကိုပဲ ကို႔ရဲ့ ေနာက္ဆုံးထြက္သက္ထိ ခ်စ္သြားမွာပါ။ ေနာက္ၿပီး ေမာင့္ အေဖကို အစားထိုးဖို႔ မျဖစ္နိုင္ေပမယ့္ ေမာင့္ကို တစ္သက္လုံး ေစာင့္ေရွာက္သြားမွာပါ။"

သၽွန္ေနာင္ သူ၏ ကတိစကားကို ခ်စ္သူထံမွ အနမ္းတို႔ျဖင့္ စည္းတံဆိပ္ ခတ္လိုက္ပါသည္။ ထို႔ေနာက္ ႏွစ္ဦးသား ျပင္းထန္လွေသာ အနမ္းမုန္တိုင္းမ်ားၾကားတြင္ လြင့္ေမ်ာေနမိပါသည္။ အတန္ၾကာမွ လူခ်င္းခြါလိုက္ၿပီး တစ္ဦးကိုတစ္ဦး ျပဳံးလိုက္ပါသည္။ ၾကည့္ရသည္မွာ သၽွားအိမ္ရင္ထဲမွ ဝမ္းနည္းမႈတို႔မွာ အေစာက အနမ္းမုန္တိုင္းေၾကာင့္ လြင့္ျပယ္သြားပုံရသည္။ ရင္ထဲေပါ့ပါးသြားသလို မ်က္ႏွာမွာ ျပန္၍ ၾကည္လင္လာေတာ့သည္။ သၽွန္ေနာင္က ခ်စ္သူ၏ ျပန္လည္လန္းဆန္းလာေသာ အသြင္ေၾကာင့္ ျပဳံးလိုက္မိပါသည္။

"ဪ... ဒါနဲ႔ ေမာင္... တဘက္ခါက်ရင္ ေမာင္လိုက္မယ္လို႔ေျပာတဲ့ ပြဲရွိတယ္။ မနက္ကေတာ့ စာနယ္ဇင္းနဲ႔ မီဒီယာေတြနဲ႔ formal ဆန္ဆန္လုပ္ထားတယ္တဲ့။ ညပိုင္းdinnerကေတာ့ အဲ့ဒီေလာက္ formal မက်ေပမယ့္ suit ေတြ ဘာေတြနဲ႔ တက္ရမွာ။ ေမာင္ အားရဲ့လား။ ေနာက္တခုရွိတာက ေမာင့္ေဖေဖလည္း လာမွာလို႔ ၾကားတယ္။"

သၽွားအိမ္ ေတြခနဲျဖစ္သြားၿပီးမွ...

"ကိစၥမရွိဘူး။ ေမာင္ လိုက္ခဲ့မယ္။ ဒါေပမယ့္ မနက္ေတာ့ရမွာမဟုတ္ဘူး။ dinner ပဲလိုက္ခဲ့မယ္။"

"ဒါဆို ေမာင့္မွာ suit ရွိလား။ မရွိရင္ ကို အခု စီစဥ္လိုက္မယ္။"

"ရတယ္ Baby။ ေမာင့္မွာ Suitက ready ရွိၿပီးသား။ နည္းနည္း သန႔္ရွင္းေရးလုပ္ မီးပူတိုက္လိုက္ရင္ ရၿပီ။"

"ဒါဆို ကိုနဲ႔ေပးလိုက္။ ကို႔ရဲ့ suit လည္း သန႔္ရွင္းေရးလုပ္ရဦးမွာ။ ကို႔ suitကို ပင္မင္းအပ္ရင္း တခါတည္းအပ္ေပးမယ္။ ကားကေတာ့ ကို႔လက္ေထာက္ေလးတစ္ေယာက္ကို စီစဥ္ခိုင္းလိုက္မယ္။"

"အင္း..."

"ဒါဆို ကိုတို႔သြားေတာ့မလား။"

သၽွားအိမ္ နာရီၾကည့္လိုက္ေတာ့ ၇ နာရီခြဲၿပီးၿပီျဖစ္သည္။

"အင္း"

"ဒါဆို ခဏ...."

သၽွန္ေနာင္က ထိုင္ရာမွ ထကာ အိတ္ငယ္ေလးတခုအတြင္းသို႔ ေနာက္တေန႔အတြက္ အဝတ္အစားမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းတခ်ိဳ႕ကို ထည့္လိုက္သည္။ ၿပီးလၽွင္ ႏွစ္ဦးသား ကားေပၚသို႔ တက္ခဲ့ေတာ့သည္။ ဘယ္ေလာက္ပဲ ၾကမ္းတမ္းခက္ခဲေသာ ျပႆနာတို႔ႏွင့္ ၾကဳံရသည္ျဖစ္ေစ ခ်စ္သူအနားရွိလၽွင္ ထိုအခက္အခဲ ရင္ဆိုင္ျဖတ္က်ာ္ရန္ သတၱိခြန္အားတို႔က ႏွလုံးသားထဲတြင္ အလိုေလၽွာက္ျဖစ္တည္တတ္ပါ၏။

--------------------------------------

September 6, 2019 Friday.

Edited on – Jan 31, 2021

--------------------------------------

Continue Reading

You'll Also Like

102K 11.6K 107
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
1.1M 81.2K 54
​ကျေးဇူးပြုပြီး အဆုံးထိစီး​မျော​ပေးပါ လူသားဆန်မှု၊တစ်ဦးအ​​ပေါ်တစ်ဦး ​လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရား​တွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သ​ဘောကျနှစ်...
19K 838 24
unicode လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်တော်သိခဲ့တာ ဒါပေမဲ့ သူကတော့ ကြယ်လေးတွေရဲ့ပုံပြင်တွေကို ပုံစံတစ်မျိုးလ...
79K 7.5K 39
Unicode🖋️ "P pha....အချစ်​ဆိုတာဘာလဲ..." "Yo အချစ်​ဆိုတာဘာလဲကိုယ်​လဲ​သေချာမသိဘူး..ဒါပင်​မယ့်​...မင်း​ဘေးမှာကိုယ်​အမြဲရှိ​နေချင်​တယ်​..." "P pha...ကျွ...