"ဒီေန႔ ဘာစားမလဲ၊ ဦးဝတုတ္ဆီမွာ ဝက္နံ႐ိုးတဲ့"
"ေအး သြားမယ္"
PJၿပီးသြားတာနဲ႔ ထမင္းစားရန္ Canteen ဘက္က ဟင္းေကာင္းတဲ့ဆိုင္ကို ထြက္လာခဲ့ေလသည္။
ဝက္နံ႐ိုးဟင္းခ်င္းအတူတူ ဦးဝတုတ္ဆိုင္က နံ႐ိုးဟင္းအမယ္က အရသာအေကာင္းဆံုးမို႔ လူပါးတုန္း အေျပးအလႊား သြားလိုက္ပါေတာ့တယ္။
"သား Zhuo Chengတို႔ ဒီေန႔ တယ္ေစာပါလား၊ Yi Boေလးေရာ ပါလာတာလား"
"ဟုတ္ကဲ့ ဦးဝတုတ္ ၊ ဟင္းပိုထည့္ေပးေနာ္"
"ေအး ေအး နံ႐ိုးဟင္း ပိုထည့္ေပးလိုက္တယ္ေနာ္"
"ေက်းဇူးတင္ပါတယ္ဗ်"
ႏွစ္ေယာက္သား ထမင္းဗန္းကိုမကာ ေနရာေကာင္းရွာၿပီး ထိုင္လိုက္ေလသည္။
"ေကာင္းတယ္ကြ၊ မဟုတ္ရင္ အန္တီလ်ဲဆိုင္က အမဲသားနဲ႔ပဲ တိုးေနမွာ"
ဟုတ္ပါတယ္၊ အရင္ရက္က ေနာက္က်မွ Canteenလာမိတိုင္း ဦးဝတုတ္ဟင္းေတြနဲ႔ လြဲကာ က်န္ဆိုင္ထဲမွ အေကာင္းဆံုးက အန္တီလ်ဲဆိုင္။
ဒါေပမဲ့ အန္တီလ်ဲကလည္း ဘယ္လိုလုပ္ ေက်ာင္းCanteenမွာ ေလလံရသြားလည္းမသိေတာ့ပါဘူး၊ ဟင္းခ်က္လက္ရာလည္း သူမ်ား႐ိုး႐ိုးခ်က္တာေတြေလာက္ေတာင္ မေကာင္း၊ ဒါေတာင္ အမဲႏွပ္ေလးက နည္းနည္းပါးပါး စားလို႔ေသာက္လို႔ရေသးတဲ့အဆင့္ ျဖစ္ေနလို႔။
"အစ္ကိုတို႔ ဒီမွာထိုင္လို႔ရလား"
ေလးေယာက္ထိုင္ ေလးေထာင့္ထမင္းစားပြဲမို႔ ႏွစ္ခံုက လြတ္ေနေသးသည္။
လာေမးတဲ့ေကာင္မေလးကို ၾကည့္လိုက္ေတာ့လည္း သိတဲ့အထဲမပါ၊ Yi Boကို ၾကည့္လိုက္ေတာ့လည္း ဟိုက ထမင္းပဲ ငုံ႔စားေနတာ တစ္ခ်က္ပင္ေမာ္မၾကည့္သည္မို႔၊ ေကာင္မေလးထိုင္မယ္ေျပာၿပီး ရပ္ေနတဲ့နားက ခံုအလြတ္ေပၚ လြယ္အိတ္ကို ပစ္တင္လိုက္ကာ။
"အခုမအားေတာ့ဘူး Sorry!!"
ပုခံုးႏွစ္ဖက္ကိုတြန္႔ကာ ခပ္ျပံဳးျပံဳး မ်က္ႏွာေပးနဲ႔ ေျပာလိုက္ေလေတာ့မွ မဒီေလးက မေက်မလည္ပံုနဲ႔ ထြက္သြားေလေတာ့သည္။
"ဆိုေတာ့ကာ ညေနငါနဲ႔လိုက္ခဲ့"
"မအားဘူး!!!"
"အစ္ကိုေလးခင္ဗ် ေစာေစာက မဒီေလးလက္ထဲက ကယ္တင္ထားတဲ့ ကၽြန္ေတာ္မ်ိဳးကို တစ္ခါေလာက္ေတာ့ မ်က္ႏွာသာေပးပါ"
"မလိုက္ဘူး"
"ငါ ဘယ္သြားမလဲ မင္းမသိပဲ ဘာလို႔ျငင္း"
"ဆိုင္ကယ္သြားစီးမွာ မင္းလိုက္မလား"
"မလိုက္ဘူး!!"
အသဲအသန္ျငင္းေနတာကကိုယ္ ၊သူ႔လိုက္မလားေမးေတာ့ အသည္းသန္ျပန္ျငင္းေလေသာ Zhuo Chengေၾကာင့္ ရယ္မိေလေတာ့တယ္။
"ဟဲ့ ဟိုဘက္ဝိုင္းက ႏွစ္ေယာက္ကိုေတြ႕လား"
"ေအး ရယ္ေနတာေလးေတြ႕ရတာေတာင္ ငါ့မွာ တစ္ေလာကလံုး အပိုင္စားရလိုက္သလိုပဲ ေအးခ်မ္းလိုက္တာ"
"ေအး နင္ကသာ ေအးခ်မ္းေန ေစာေစာက စီးပြါးေရးေမဂ်ာက Queen သြားထိုင္တာေတာင္ ေမာင္းထုတ္လိုက္တာေနာ္ မ်က္ေတာင္တစ္ခ်က္မခတ္ဘူး ဟဲ့"
"အမယ္ အဲ့ဒါ ငါတို႔ေမဂ်ာရဲ႕ ဂုဏ္ကိုထိန္းတယ္လို႔ေခၚတယ္ဟဲ့ သူမ်ားေမဂ်ာ Queenက လာေရာတိုင္း ငါတို႔ေမဂ်ာက အေခ်ာေလးေတြက အဖက္လုပ္ရမွာလား ဟြန္း"
ဝုန္းးးးးး!!
ဖင္ထိုင္ခံုကို ဝုန္းကနဲ ျမည္ေအာင္ ထရပ္လိုက္ၿပီး ဆတ္ေတာက္ ဆတ္ေတာက္နဲ႔ ထြက္သြားတဲ့ စီးပြါးေရးေမဂ်ာ Queen ေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ လက္တို႔ရင္း ခိုးခိုးခစ္ခစ္ ရယ္ေလေတာ့သည္။
"ဟူးးးးတစ္ေန႔ တစ္ေန႔ ဒီက အစ္ကိုေလး Wang Yi Boေၾကာင့္ မိန္းခေလးေတြ နယ္ေျမလုေနတာ ျမင္မေကာင္းဘူး၊ ငါတို႔ အစ္ကိုေလးကေတာ့ မရယ္ မျပံဳးနဲ႔ ေနႏိုင္လိုက္တာ"
"........"
"ဒါေတာင္ ငါတို႔အစ္ကိုေလးက ေမဂ်ာ King အေရြးမခံပဲ ေနေနလို႔ ေမဂ်ာKingထက္ေတာင္ ပိုခန္႔ေသး ေနာ့"
"Zhuo Cheng နားညည္းတာကြာ"
"ေအးပါ ေအးပါ"
ခ်ီးမြန္းလို့ နည္းနည္းမွ မေကာင္းတဲ့ေကာင္၊ ဒီပံုနဲ႔မ်ား ဘယ္ေကာင္မေလးက မင္းရည္းစား ျဖစ္မလဲ ငါသိခ်င္ေသးတယ္။
__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________
"သခင္ေလး ေန႔လည္စာ အတူစားဖို႔ CEO Yu နဲ႔ ခ်ိန္းထားတာရွိပါတယ္ခင္ဗ်"
"အင္း ၿပီးရင္ေရာ"
"ညေန Shopping Mall ေဆာက္မယ့္ ေျမေနရာကိစၥ လက္မွတ္ထိုးဖို႔ ရွိတယ္၊ ၿပီးရင္ေတာ့ ညစာအတူစားဖို႔ သခင္ႀကီးက Xiai Hotel VIP roomကို လာခဲ့ဖို႔ ေျပာထားတယ္"
"အင္း လုပ္စရာရွိတာ သြားလုပ္ေတာ့"
"ဟုတ္"
"ေအာ္ မနက္ကကားကိစၥ"
"အာ workshopက လာယူသြားၿပီ သခင္ေလး၊ ျဖတ္ပိုင္းရရင္ အစ္ကို Lu Nyanဆီပို႔ေပးမယ္လို႔ ဆိုင္က ေျပာပါတယ္"
"အစ္ကို Lu Nyanဆီမပို႔ခိုင္းနဲ႔ေတာ့ ဒီကိုပဲ လာခိုင္းလိုက္ အေလ်ာ္ေတာင္းဖို႔လဲ ဒီကပဲ စာပို႔လိုက္မယ္"
"ဟုတ္"
လက္ကို ေဝွ႕ယမ္းလိုက္ေလေတာ့ အျပင္ကို ထြက္သြားေလတဲ့ အတြင္းေရးမႉးရံုးခန္းက တစ္ေယာက္။
ဘာလို႔မ်ား ဒီကေလးေတြအေၾကာင္း ေခါင္းထဲ ဝင္လာပါလိမ့္။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"သား ခုတစ္ေလာ အဆင္ေျပလား"
"ဟုတ္ကဲ့ ပါး တင္ဒါကိစၥေတြလည္း အဆင္ေျပတယ္၊ ေျမကိစၥ ဒီေန႔ပဲ အၿပီးသတ္ခဲ့ၿပီ၊ၿပီးေတာ့ သခင္ႀကီး Yuနဲ႔လည္း ဒီေန႔ ေတြ႕ျဖစ္ေသးတယ္"
"အင္း တစ္ခုခုဆို ပါးကိုေျပာ ဟုတ္လား"
ပါးစိတ္ပူေနတာ ကၽြန္ေတာ္ သိလိုက္ပါတယ္၊ ဒီရက္ ဒီလေတြမွာ အရမ္းကို ဂ႐ုစိုက္တက္တဲ့ပါးက ခုလည္း မပ်က္မကြက္ ဂ႐ုစိုက္ၿမဲပါပဲ၊ဒီအခ်ိန္ဆို ဘယ္မွမသြား ဘာမွမလုပ္တက္တဲ့ ကၽြန္ေတာ္က ခုဆို အလုပ္လည္း ပံုမွန္သြားတဲ့အျပင္ ထူထူေထာင္ေထာင္လည္း ရွိေနတာမို႔ ကိုယ့္ကိ္ုယ္ကိုယ္ နည္းနည္း ေျပာင္းလဲလာမွန္း ရိပ္စားမိပါတယ္။
ကၽြန္ေတာ္ သူ႔ကို ေမ့ႏိုင္သြားတာလား?
အေျဖက...မေမ့ဘူး လို႔ပဲ ထြက္ပါတယ္။
ကၽြန္ေတာ္ မေမ့ဘူး၊ ဘယ္ေတာ့မွလည္း ေမ့မွာ မဟုတ္ဘူး။
"ပါး ကၽြန္ေတာ္ အရင္ထႏွင့္ၿပီ"
ထမင္းဝိုင္းက ထထြက္လာေတာ့ ပါးမ်က္ႏွာ မေကာင္းမွန္းလဲ ကၽြန္ေတာ္သိပါတယ္၊ ဒါေပမဲ့ ပါးးးး သတိရတိုင္း မ်က္ရည္လည္တဲ့ထိ ျဖစ္ေနတဲ့ ကၽြန္ေတာ္ကိုယ္ ကၽြန္ေတာ္လည္း မသိေတာ့ဘူးပါး။
ေဟာ ဟိုမွာ Shinပါလား၊ Shin Shin...Shinေလးေရ ဘယ္ထိသြားေနတာလဲ၊ ဒီမွာ ႏွင္းဆီအိုးေတြ အမ်ားႀကီးပဲေလ၊ ေတာထဲ ဘာသြားလုပ္တာလဲ၊ Shin ....ရယ္ေနတာ လွလိုက္တာ၊ ခပ္ေဝးေဝးက လမ္းကို တေရြ႕ေရြ႕ ႏွင္ေလတဲ့ Shin...၊ ျပန္လာပါ Shinnnn!!!
"Shinnnnn!!!! ဟူး ဟူး ဟင္း ဟင္း Shiiii"
ဝုန္းကနဲ ထအထိုင္ ၊ လူက ေခၽြးေတာထဲ နစ္ဝင္ေနၿပီး ရင္ဘက္တစ္ခုလံုး နိမ့္ခ်ည္ ျမင့္ခ်ည္နဲ႔ မလူးသာ မလိမ့္သာ။
အိပ္မက္...!!ငါ ငါ အိပ္မက္ မျဖစ္ခ်င္ဘူး Shin။
နာရီၾကည့္ေတာ့ မနက္(၄)ခ်က္တီး။
__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________
"ႀကီးႀကီးေရ ကၽြန္ေတာ္ ယူသြားမယ့္အိတ္ အဆင္သင့္ျဖစ္ၿပီလား"
"ျဖစ္ျပီ Yi Boေလးေရ ေအာက္ထပ္မွာ အကုန္ထုတ္ထားၿပီးၿပီ မနက္စာ စားဖို႔ပဲ ဆင္းလာခဲ့ေတာ့"
"လာၿပီ လာၿပီ"
စကိတ္ဘုတ္ျပားကို လက္ကကိုင္ကာ တဒုန္းဒုန္း ေျပးဆင္းေလေတာ့ ပါးရဲ႕ ေတာ္ေတာ္ေသြးေဝးတဲ့ အစ္မဝမ္းကြဲ ကၽြန္ေတာ္ရဲ႕ ႀကီးႀကီးမွာ ရင္ဘက္ဖိရင္း စိုးရိမ္တစ္ႀကီး ၾကည့္ေနေလသည္။
"ေျဖးေျဖးဆင္းပါသားရယ္ နာကုန္မွျဖင့္၊ ဒါနဲ႔ ဒါႀကီးက"
လက္ထဲက စကိတ္ကို ၫႊန္ျပရင္း ေမးေလေတာ့
"ကၽြန္ေတာ္စီးမွာ ေနာက္အပတ္ၿပိဳင္ပြဲရွိလို႔ ေက်ာင္းမွာ ေလ့က်င့္မလို႔ ယူသြားတာ"
"သားရယ္ အရင္က တစ္ခါမွ မစီးပဲနဲ႔ ခုမွကြယ္"
"အာ စိတ္မပူနဲ႔ ႀကီးႀကီး ကၽြန္ေတာ္က စကၽြမ္းပါ"
ရင္ဘက္ကို လက္မနဲ႔ ကိုယ့္ကိုယ္ကိုယ္ ၫႊန္ျပကာ စိတ္ႀကီးဝင္ေလဟန္ လုပ္ေလေတာ့ ႀကီးႀကီးမွာ သက္ျပင္းေမာကို ခ်ကာ ထမင္းဝိုင္းျပင္ေပးေလေတာ့သည္။
က်ိန္းေသပါတယ္ ပါးကို ခဏေန လွမ္းေျပာေတာ့မယ္ဆိုတာ။
စားေသာက္ၿပီး ဆိုင္ကယ္ေသာ့ တစ္ယမ္းယမ္းနဲ႔ ေက်ာင္းသြားဖို႔ရာ ထြက္လာလိုက္ေတာ့သည္။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"ဟ ဘာႀကီးတုန္း"
ဆိုင္ကယ္ရပ္ထားရာ ေက်ာင္းparking တြင္ ကိုယ့္ဆိုင္ကယ္ေရွ႕ ပိတ္ရပ္ထားတဲ့ ကားနက္ႀကီးေၾကာင့္ Yi Boမွာ စိတ္ေလသြားပါေတာ့သည္။
လူမ်ား မ်က္စိေနာက္လို႔ Parkingေတာင္ အတြင္းဘက္အက်ဆံုး ေက်ာင္းကဆရာမ်ားသာ ကားရပ္ေလ့ရွိတဲ့နား ရပ္ထားပါတယ္၊ ဘယ္က ဉာဏ္ႀကီးရွင္က ငါ့ကေလးေလးေရွ႕ ပိတ္ရပ္သြား
တာတုန္း။
ကားႀကီးက BMW အမ်ိဳးအစား ျဖစ္တဲ့အျပင္ ဆရာေတြမွန္သမွ်ကားေတြကိုလည္း မ်က္မွန္းတန္းမိေနတာမို႔ ဒါ တျခားကကားမွန္းသိလိုက္ေလသည္။
နည္းနည္းေတာ့ ပညာေပးရမယ္လို႔ေတြးလိုက္ကာ ဆိုင္ကယ္ဦးထုပ္ကို ေခါင္းတြင္ေစာင္းလိုက္ၿပီး စကိတ္ဘုတ္ျပားကို ေနာက္က ရႈံ႕အိတ္အမ်ိဳးအစား ေက်ာပိုးအိတ္ထဲ ထည့္လြယ္လိုက္သည္။
ကားႀကီးက ႀကီးလြန္း၍ မ...ၿပီးဖယ္လို႔ရတဲ့ ကိစၥမဟုတ္၊ ၿပီးေတာ့ နံရံေထာင့္ျဖစ္ေနတဲ့အတြက္ ဆိုင္ကယ္က တြန္းထုတ္လို႔မရ၊ ဟူးးးး Yi Bo ဒီေန႔ ကံမေကာင္းပါလား။
"ဒီကညီေလး ကားနားမွာ ဘာလိုလို႔လဲ မသိဘူး"
ေအာင္မာ!!!
ကားနားပတ္ၾကည့္ၿပီး အၾကံထုတ္ေနတုန္းမွာပဲ အသံေအးေအးေလးေပမဲ့ စြမ္းအင္ တစ္ခုခု လႊမ္းမိုးေနသလိုခံစားရေစတဲ့ထိ ၾသဇာေညာင္းတဲ့ အသံေၾကာင့္ အေနာက္ကို အလန္႔လန္႔ အျဖန္႔ျဖန္႔ လွည့္ၾကည့္လိုက္သည္။
"အမ္ ကိုကို အဲ"
"ဘာရွာေနလဲညီ"
ကိုယ္က ခ်က္ခ်င္း မွတ္မိေပမဲ့ ၊
ဒီလူ သတိေမ့ေနတုန္းကဆိုေတာ့ ငါ့ကိုယ္ငါ မိတ္ဆက္လည္း သူမသိႏိုင္ဘူး၊ ထားလိုက္ပါေလ ။
"အာ ကၽြန္ေတာ္ ကေလးေလး အထဲမွာ ပိတ္မိေနလို႔"
"အမ္'
"ဆိုင္ကယ္၊ ဆိုင္ကယ္ကိုေျပာတာ"
"ေရြ႕ေပးလိုက္ "
ရံုးကေန ပါလာတဲ့ကားသမားက ကားကိုေရႊ႕ေပးလိုက္မွ နံရံေထာင့္နား ကပ္ေနတဲ့ ဆိုင္ကယ္ကို ေတြ႕လိုက္ရေလသည္။
Memoryေတြက တဒိုင္းဒိုင္း တက္လာကာ ဆိုင္ကယ္ကို မွတ္မိလိုက္ေလသည္။
ဟိုေန႔က မီးပြိဳင့္မွာ ကားရပ္တုန္း ေနာက္ကဝင္တိုက္တဲ့ ဆိုင္ကယ္၊ ၿပီးေတာ့ အခုလိုပဲ မခၽြတ္တမ္း ဝတ္ထားတဲ့ ဆိုင္ကယ္ဦးထုပ္ နဲ႔ ေက်ာပိုးအိတ္ ႀကီးလြယ္ထားတဲ့ပံုက အာ့ကေလးမွ အာ့ကေလး။
"ညီ အစ္ကိုတို႔ စကားေျပာဖို႔လိုၿပီ"
ဆိုင္ကယ္ကို တြန္းကာ ေဘးနားက ျဖတ္ေလတဲ့ ေကာင္ေလးလက္ကို ခပ္တင္းတင္း ဆုပ္ကိုင္ၿပီး စကားစလိုက္ေလေတာ့ ေျခလွမ္းတို႔ တု႔ံဆိုင္းသြားတဲ့ ေကာင္ေလး...။
__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________
(Yi Bo:ဟိုေန႔က ကၽြန္ေတာ္ ကိုကို႔ကို ေက်ာပိုးၿပီး သယ္ထားေပးတယ္ေနာ္!)
(A: အင္း အင္း😁)
(Xiao Zhan: Ge Geကားကို ဝင္တိုက္သြားတယ္ေလ အေလ်ာ္ေတာင္းရမွာေပါ့)
(A:ဟုတ္ကဲ့ပါ Geရယ္😁)
(AN:အမေလးေနာ္ တစ္ေယာက္ကလည္း သတိလစ္တုန္းက ကယ္ထားတယ္ဆိုၿပီး ေအာ္ဟစ္ေန၊ တစ္ေယာက္ကလည္း မွန္အမဲေတြ အျပည့္တင္ထားတဲ့ ကားထဲကေန ဆိုင္ကယ္ဦးထုပ္ႀကီးနဲ႔ ဆိုင္ကယ္ကိုပဲ မွတ္ထားၿပီး အတင္းကို အေလ်ာ္ေတာင္းမယ္ လုပ္ေနေတာ့တာပဲ😒 မ်က္ႏွာခ်င္းဆိုင္ ေတြ႕ၿပီး ရွင္းလိုက္ၾကပါ ေရွာင္ေကာေကာတို႔ရယ္😁😁)
__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________
#ဖတ္ေပးက်တဲ့ readernim တို႔ တစ္ဦးခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္။
12:05AM
792019
_BLOOM_
🍁🍁🍁🍁🍁🍁Unicode🍁🍁🍁🍁🍁🍁
"ဒီနေ့ ဘာစားမလဲ၊ ဦးဝတုတ်ဆီမှာ ဝက်နံရိုးတဲ့"
"အေး သွားမယ်"
PJပြီးသွားတာနဲ့ ထမင်းစားရန် Canteen ဘက်က ဟင်းကောင်းတဲ့ဆိုင်ကို ထွက်လာခဲ့လေသည်။
ဝက်နံရိုးဟင်းချင်းအတူတူ ဦးဝတုတ်ဆိုင်က နံရိုးဟင်းအမယ်က အရသာအကောင်းဆုံးမို့ လူပါးတုန်း အပြေးအလွှား သွားလိုက်ပါတော့တယ်။
"သား Zhuo Chengတို့ ဒီနေ့ တယ်စောပါလား၊ Yi Boလေးရော ပါလာတာလား"
"ဟုတ်ကဲ့ ဦးဝတုတ် ၊ ဟင်းပိုထည့်ပေးနော်"
"အေး အေး နံရိုးဟင်း ပိုထည့်ပေးလိုက်တယ်နော်"
"ကျေးဇူးတင်ပါတယ်ဗျ"
နှစ်ယောက်သား ထမင်းဗန်းကိုမကာ နေရာကောင်းရှာပြီး ထိုင်လိုက်လေသည်။
"ကောင်းတယ်ကွ၊ မဟုတ်ရင် အန်တီလျဲဆိုင်က အမဲသားနဲ့ပဲ တိုးနေမှာ"
ဟုတ်ပါတယ်၊ အရင်ရက်က နောက်ကျမှ Canteenလာမိတိုင်း ဦးဝတုတ်ဟင်းတွေနဲ့ လွဲကာ ကျန်ဆိုင်ထဲမှ အကောင်းဆုံးက အန်တီလျဲဆိုင်။
ဒါပေမဲ့ အန်တီလျဲကလည်း ဘယ်လိုလုပ် ကျောင်းCanteenမှာ လေလံရသွားလည်းမသိတော့ပါဘူး၊ ဟင်းချက်လက်ရာလည်း သူများရိုးရိုးချက်တာတွေလောက်တောင် မကောင်း၊ ဒါတောင် အမဲနှပ်လေးက နည်းနည်းပါးပါး စားလို့သောက်လို့ရသေးတဲ့အဆင့် ဖြစ်နေလို့။
"အစ်ကိုတို့ ဒီမှာထိုင်လို့ရလား"
လေးယောက်ထိုင် လေးထောင့်ထမင်းစားပွဲမို့ နှစ်ခုံက လွတ်နေသေးသည်။
လာမေးတဲ့ကောင်မလေးကို ကြည့်လိုက်တော့လည်း သိတဲ့အထဲမပါ၊ Yi Boကို ကြည့်လိုက်တော့လည်း ဟိုက ထမင်းပဲ ငုံ့စားနေတာ တစ်ချက်ပင်မော်မကြည့်သည်မို့၊ ကောင်မလေးထိုင်မယ်ပြောပြီး ရပ်နေတဲ့နားက ခုံအလွတ်ပေါ် လွယ်အိတ်ကို ပစ်တင်လိုက်ကာ။
"အခုမအားတော့ဘူး Sorry!!"
ပုခုံးနှစ်ဖက်ကိုတွန့်ကာ ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ ပြောလိုက်လေတော့မှ မဒီလေးက မကျေမလည်ပုံနဲ့ ထွက်သွားလေတော့သည်။
"ဆိုတော့ကာ ညနေငါနဲ့လိုက်ခဲ့"
"မအားဘူး!!!"
"အစ်ကိုလေးခင်ဗျ စောစောက မဒီလေးလက်ထဲက ကယ်တင်ထားတဲ့ ကျွန်တော်မျိုးကို တစ်ခါလောက်တော့ မျက်နှာသာပေးပါ"
"မလိုက်ဘူး"
"ငါ ဘယ်သွားမလဲ မင်းမသိပဲ ဘာလို့ငြင်း"
"ဆိုင်ကယ်သွားစီးမှာ မင်းလိုက်မလား"
"မလိုက်ဘူး!!"
အသဲအသန်ငြင်းနေတာကကိုယ် ၊သူ့လိုက်မလားမေးတော့ အသည်းသန်ပြန်ငြင်းလေသော Zhuo Chengကြောင့် ရယ်မိလေတော့တယ်။
"ဟဲ့ ဟိုဘက်ဝိုင်းက နှစ်ယောက်ကိုတွေ့လား"
"အေး ရယ်နေတာလေးတွေ့ရတာတောင် ငါ့မှာ တစ်လောကလုံး အပိုင်စားရလိုက်သလိုပဲ အေးချမ်းလိုက်တာ"
"အေး နင်ကသာ အေးချမ်းနေ စောစောက စီးပွါးရေးမေဂျာက Queen သွားထိုင်တာတောင် မောင်းထုတ်လိုက်တာနော် မျက်တောင်တစ်ချက်မခတ်ဘူး ဟဲ့"
"အမယ် အဲ့ဒါ ငါတို့မေဂျာရဲ့ ဂုဏ်ကိုထိန်းတယ်လို့ခေါ်တယ်ဟဲ့ သူများမေဂျာ Queenက လာရောတိုင်း ငါတို့မေဂျာက အချောလေးတွေက အဖက်လုပ်ရမှာလား ဟွန်း"
ဝုန်းးးးးး!!
ဖင်ထိုင်ခုံကို ဝုန်းကနဲ မြည်အောင် ထရပ်လိုက်ပြီး ဆတ်တောက် ဆတ်တောက်နဲ့ ထွက်သွားတဲ့ စီးပွါးရေးမေဂျာ Queen ကြောင့် တစ်ယောက်နဲ့ တစ်ယောက် လက်တို့ရင်း ခိုးခိုးခစ်ခစ် ရယ်လေတော့သည်။
"ဟူးးးးတစ်နေ့ တစ်နေ့ ဒီက အစ်ကိုလေး Wang Yi Boကြောင့် မိန်းခလေးတွေ နယ်မြေလုနေတာ မြင်မကောင်းဘူး၊ ငါတို့ အစ်ကိုလေးကတော့ မရယ် မပြုံးနဲ့ နေနိုင်လိုက်တာ"
"........"
"ဒါတောင် ငါတို့အစ်ကိုလေးက မေဂျာ King အရွေးမခံပဲ နေနေလို့ မေဂျာKingထက်တောင် ပိုခန့်သေး နော့"
"Zhuo Cheng နားညည်းတာကွာ"
"အေးပါ အေးပါ"
ချီးမွန်းလို့ နည်းနည်းမှ မကောင်းတဲ့ကောင်၊ ဒီပုံနဲ့များ ဘယ်ကောင်မလေးက မင်းရည်းစား ဖြစ်မလဲ ငါသိချင်သေးတယ်။
__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________
"သခင်လေး နေ့လည်စာ အတူစားဖို့ CEO Yu နဲ့ ချိန်းထားတာရှိပါတယ်ခင်ဗျ"
"အင်း ပြီးရင်ရော"
"ညနေ Shopping Mall ဆောက်မယ့် မြေနေရာကိစ္စ လက်မှတ်ထိုးဖို့ ရှိတယ်၊ ပြီးရင်တော့ ညစာအတူစားဖို့ သခင်ကြီးက Xiai Hotel VIP roomကို လာခဲ့ဖို့ ပြောထားတယ်"
"အင်း လုပ်စရာရှိတာ သွားလုပ်တော့"
"ဟုတ်"
"အော် မနက်ကကားကိစ္စ"
"အာ workshopက လာယူသွားပြီ သခင်လေး၊ ဖြတ်ပိုင်းရရင် အစ်ကို Lu Nyanဆီပို့ပေးမယ်လို့ ဆိုင်က ပြောပါတယ်"
"အစ်ကို Lu Nyanဆီမပို့ခိုင်းနဲ့တော့ ဒီကိုပဲ လာခိုင်းလိုက် အလျော်တောင်းဖို့လဲ ဒီကပဲ စာပို့လိုက်မယ်"
"ဟုတ်"
လက်ကို ဝှေ့ယမ်းလိုက်လေတော့ အပြင်ကို ထွက်သွားလေတဲ့ အတွင်းရေးမှူးရုံးခန်းက တစ်ယောက်။
ဘာလို့များ ဒီကလေးတွေအကြောင်း ခေါင်းထဲ ဝင်လာပါလိမ့်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"သား ခုတစ်လော အဆင်ပြေလား"
"ဟုတ်ကဲ့ ပါး တင်ဒါကိစ္စတွေလည်း အဆင်ပြေတယ်၊ မြေကိစ္စ ဒီနေ့ပဲ အပြီးသတ်ခဲ့ပြီ၊ပြီးတော့ သခင်ကြီး Yuနဲ့လည်း ဒီနေ့ တွေ့ဖြစ်သေးတယ်"
"အင်း တစ်ခုခုဆို ပါးကိုပြော ဟုတ်လား"
ပါးစိတ်ပူနေတာ ကျွန်တော် သိလိုက်ပါတယ်၊ ဒီရက် ဒီလတွေမှာ အရမ်းကို ဂရုစိုက်တက်တဲ့ပါးက ခုလည်း မပျက်မကွက် ဂရုစိုက်မြဲပါပဲ၊ဒီအချိန်ဆို ဘယ်မှမသွား ဘာမှမလုပ်တက်တဲ့ ကျွန်တော်က ခုဆို အလုပ်လည်း ပုံမှန်သွားတဲ့အပြင် ထူထူထောင်ထောင်လည်း ရှိနေတာမို့ ကိုယ့်ကိ်ုယ်ကိုယ် နည်းနည်း ပြောင်းလဲလာမှန်း ရိပ်စားမိပါတယ်။
ကျွန်တော် သူ့ကို မေ့နိုင်သွားတာလား?
အဖြေက...မမေ့ဘူး လို့ပဲ ထွက်ပါတယ်။
ကျွန်တော် မမေ့ဘူး၊ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ဘူး။
"ပါး ကျွန်တော် အရင်ထနှင့်ပြီ"
ထမင်းဝိုင်းက ထထွက်လာတော့ ပါးမျက်နှာ မကောင်းမှန်းလဲ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ပါးးးး သတိရတိုင်း မျက်ရည်လည်တဲ့ထိ ဖြစ်နေတဲ့ ကျွန်တော်ကိုယ် ကျွန်တော်လည်း မသိတော့ဘူးပါး။
ဟော ဟိုမှာ Shinပါလား၊ Shin Shin...Shinလေးရေ ဘယ်ထိသွားနေတာလဲ၊ ဒီမှာ နှင်းဆီအိုးတွေ အများကြီးပဲလေ၊ တောထဲ ဘာသွားလုပ်တာလဲ၊ Shin ....ရယ်နေတာ လှလိုက်တာ၊ ခပ်ဝေးဝေးက လမ်းကို တရွေ့ရွေ့ နှင်လေတဲ့ Shin...၊ ပြန်လာပါ Shinnnn!!!
"Shinnnnn!!!! ဟူး ဟူး ဟင်း ဟင်း Shiiii"
ဝုန်းကနဲ ထအထိုင် ၊ လူက ချေွးတောထဲ နစ်ဝင်နေပြီး ရင်ဘက်တစ်ခုလုံး နိမ့်ချည် မြင့်ချည်နဲ့ မလူးသာ မလိမ့်သာ။
အိပ်မက်...!!ငါ ငါ အိပ်မက် မဖြစ်ချင်ဘူး Shin။
နာရီကြည့်တော့ မနက်(၄)ချက်တီး။
__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________
"ကြီးကြီးရေ ကျွန်တော် ယူသွားမယ့်အိတ် အဆင်သင့်ဖြစ်ပြီလား"
"ဖြစ်ပြီ Yi Boလေးရေ အောက်ထပ်မှာ အကုန်ထုတ်ထားပြီးပြီ မနက်စာ စားဖို့ပဲ ဆင်းလာခဲ့တော့"
"လာပြီ လာပြီ"
စကိတ်ဘုတ်ပြားကို လက်ကကိုင်ကာ တဒုန်းဒုန်း ပြေးဆင်းလေတော့ ပါးရဲ့ တော်တော်သွေးဝေးတဲ့ အစ်မဝမ်းကွဲ ကျွန်တော်ရဲ့ ကြီးကြီးမှာ ရင်ဘက်ဖိရင်း စိုးရိမ်တစ်ကြီး ကြည့်နေလေသည်။
"ဖြေးဖြေးဆင်းပါသားရယ် နာကုန်မှဖြင့်၊ ဒါနဲ့ ဒါကြီးက"
လက်ထဲက စကိတ်ကို ညွှန်ပြရင်း မေးလေတော့
"ကျွန်တော်စီးမှာ နောက်အပတ်ပြိုင်ပွဲရှိလို့ ကျောင်းမှာ လေ့ကျင့်မလို့ ယူသွားတာ"
"သားရယ် အရင်က တစ်ခါမှ မစီးပဲနဲ့ ခုမှကွယ်"
"အာ စိတ်မပူနဲ့ ကြီးကြီး ကျွန်တော်က စကျွမ်းပါ"
ရင်ဘက်ကို လက်မနဲ့ ကိုယ့်ကိုယ်ကိုယ် ညွှန်ပြကာ စိတ်ကြီးဝင်လေဟန် လုပ်လေတော့ ကြီးကြီးမှာ သက်ပြင်းမောကို ချကာ ထမင်းဝိုင်းပြင်ပေးလေတော့သည်။
ကျိန်းသေပါတယ် ပါးကို ခဏနေ လှမ်းပြောတော့မယ်ဆိုတာ။
စားသောက်ပြီး ဆိုင်ကယ်သော့ တစ်ယမ်းယမ်းနဲ့ ကျောင်းသွားဖို့ရာ ထွက်လာလိုက်တော့သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"ဟ ဘာကြီးတုန်း"
ဆိုင်ကယ်ရပ်ထားရာ ကျောင်းparking တွင် ကိုယ့်ဆိုင်ကယ်ရှေ့ ပိတ်ရပ်ထားတဲ့ ကားနက်ကြီးကြောင့် Yi Boမှာ စိတ်လေသွားပါတော့သည်။
လူများ မျက်စိနောက်လို့ Parkingတောင် အတွင်းဘက်အကျဆုံး ကျောင်းကဆရာများသာ ကားရပ်လေ့ရှိတဲ့နား ရပ်ထားပါတယ်၊ ဘယ်က ဉာဏ်ကြီးရှင်က ငါ့ကလေးလေးရှေ့ ပိတ်ရပ်သွား
တာတုန်း။
ကားကြီးက BMW အမျိုးအစား ဖြစ်တဲ့အပြင် ဆရာတွေမှန်သမျှကားတွေကိုလည်း မျက်မှန်းတန်းမိနေတာမို့ ဒါ တခြားကကားမှန်းသိလိုက်လေသည်။
နည်းနည်းတော့ ပညာပေးရမယ်လို့တွေးလိုက်ကာ ဆိုင်ကယ်ဦးထုပ်ကို ခေါင်းတွင်စောင်းလိုက်ပြီး စကိတ်ဘုတ်ပြားကို နောက်က ရှုံ့အိတ်အမျိုးအစား ကျောပိုးအိတ်ထဲ ထည့်လွယ်လိုက်သည်။
ကားကြီးက ကြီးလွန်း၍ မ...ပြီးဖယ်လို့ရတဲ့ ကိစ္စမဟုတ်၊ ပြီးတော့ နံရံထောင့်ဖြစ်နေတဲ့အတွက် ဆိုင်ကယ်က တွန်းထုတ်လို့မရ၊ ဟူးးးး Yi Bo ဒီနေ့ ကံမကောင်းပါလား။
"ဒီကညီလေး ကားနားမှာ ဘာလိုလို့လဲ မသိဘူး"
အောင်မာ!!!
ကားနားပတ်ကြည့်ပြီး အကြံထုတ်နေတုန်းမှာပဲ အသံအေးအေးလေးပေမဲ့ စွမ်းအင် တစ်ခုခု လွှမ်းမိုးနေသလိုခံစားရစေတဲ့ထိ သြဇာညောင်းတဲ့ အသံကြောင့် အနောက်ကို အလန့်လန့် အဖြန့်ဖြန့် လှည့်ကြည့်လိုက်သည်။
"အမ် ကိုကို အဲ"
"ဘာရှာနေလဲညီ"
ကိုယ်က ချက်ချင်း မှတ်မိပေမဲ့ ၊
ဒီလူ သတိမေ့နေတုန်းကဆိုတော့ ငါ့ကိုယ်ငါ မိတ်ဆက်လည်း သူမသိနိုင်ဘူး၊ ထားလိုက်ပါလေ ။
"အာ ကျွန်တော် ကလေးလေး အထဲမှာ ပိတ်မိနေလို့"
"အမ်'
"ဆိုင်ကယ်၊ ဆိုင်ကယ်ကိုပြောတာ"
"ရွေ့ပေးလိုက် "
ရုံးကနေ ပါလာတဲ့ကားသမားက ကားကိုရွှေ့ပေးလိုက်မှ နံရံထောင့်နား ကပ်နေတဲ့ ဆိုင်ကယ်ကို တွေ့လိုက်ရလေသည်။
Memoryတွေက တဒိုင်းဒိုင်း တက်လာကာ ဆိုင်ကယ်ကို မှတ်မိလိုက်လေသည်။
ဟိုနေ့က မီးပွိုင့်မှာ ကားရပ်တုန်း နောက်ကဝင်တိုက်တဲ့ ဆိုင်ကယ်၊ ပြီးတော့ အခုလိုပဲ မချွတ်တမ်း ဝတ်ထားတဲ့ ဆိုင်ကယ်ဦးထုပ် နဲ့ ကျောပိုးအိတ် ကြီးလွယ်ထားတဲ့ပုံက အာ့ကလေးမှ အာ့ကလေး။
"ညီ အစ်ကိုတို့ စကားပြောဖို့လိုပြီ"
ဆိုင်ကယ်ကို တွန်းကာ ဘေးနားက ဖြတ်လေတဲ့ ကောင်လေးလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး စကားစလိုက်လေတော့ ခြေလှမ်းတို့ တု့ံဆိုင်းသွားတဲ့ ကောင်လေး...။
__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________
(Yi Bo:ဟိုနေ့က ကျွန်တော် ကိုကို့ကို ကျောပိုးပြီး သယ်ထားပေးတယ်နော်!)
(A: အင်း အင်း😁)
(Xiao Zhan: Ge Geကားကို ဝင်တိုက်သွားတယ်လေ အလျော်တောင်းရမှာပေါ့)
(A:ဟုတ်ကဲ့ပါ Geရယ်😁)
(AN:အမလေးနော် တစ်ယောက်ကလည်း သတိလစ်တုန်းက ကယ်ထားတယ်ဆိုပြီး အော်ဟစ်နေ၊ တစ်ယောက်ကလည်း မှန်အမဲတွေ အပြည့်တင်ထားတဲ့ ကားထဲကနေ ဆိုင်ကယ်ဦးထုပ်ကြီးနဲ့ ဆိုင်ကယ်ကိုပဲ မှတ်ထားပြီး အတင်းကို အလျော်တောင်းမယ် လုပ်နေတော့တာပဲ😒 မျက်နှာချင်းဆိုင် တွေ့ပြီး ရှင်းလိုက်ကြပါ ရှောင်ကောကောတို့ရယ်😁😁)
__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________
#ဖတ်ပေးကျတဲ့ readernim တို့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။
12:05AM
792019
_BLOOM_