လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသ...

By Tokebloom

77.9K 3.8K 89

(Completed) (Zawgyi + Unicode) #Love story #BL #YBXZFanfiction #ဒီလူသားႏွစ္ဦးကိုခ်စ္လို႔ကိုယ့္စိတ္ကူးနဲ႔ေရးထ... More

လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
ဇာတ္သိမ္း

အပိုင္း(၈)

2.9K 178 2
By Tokebloom

တစ္ပတ္ၾကာၿပီးတဲ့ေနာက္မွာေတာ့ ကၽြန္ေတာ္စံုစမ္းခိုင္းလိုက္တဲ့ ေကာင္ေလးအေၾကာင္း တစ္စြန္းတစ္စ သိရတယ္။

မိခင္ျဖစ္သူဆံုးပါးသြားတဲ့အျပင္ ညီအစ္ကို ေမာင္ႏွမမရွိ ဖခင္၏ ခ်စ္ျမတ္ႏိုးျခင္းကို အျပည့္အဝရရွိထားတဲ့ သားေလးတစ္ေယာက္ ျဖစ္တဲ့အျပင္ ေမြးရပ္ေျမဆီ ျပန္လာၿပီး ေက်ာင္းလာျပန္တက္တာပါ။

ဘယ္မိသားစုကလဲ ဘယ္ေက်ာင္းတက္ေနတာလဲ ဆိုတာေလးပဲ ထပ္စံုစမ္းရေတာ့မွာ၊ ဒီကေလးက ငယ္ငယ္ကတည္းက ႏိုင္ငံရပ္ျခား ေရာက္သြားသူမို႔ သူ႔အခ်က္အလက္ေတြ ဒီဘက္က ရွာရတာ နည္းနည္းခက္ေနတယ္လို႔ အစ္ကို Lu Nyanကေျပာေသးတယ္၊ ထားပါ ေနာက္အပတ္ သိရမွာပဲ။

ေဒါက္ ေဒါက္ ေဒါက္!!!

"ဆရာ လူနာစစ္ေဆးဖို႔ အဆင္သင့္ျဖစ္ပါၿပီ"

ဂ်ဴတီ Coatကို အက်ႌခ်ိတ္စင္ကေန ျဖဳတ္လိုက္ကာ ဝတ္ဆင္လိုက္သည္။

"VIP no_5 က ဘယ္လိုလဲ"

"မနက္က check up လုပ္ၿပီးေတာ့ ႏွလံုးခုန္ႏႈန္းကလည္း ပံုမွန္ပါပဲ ေသြးေပါင္ အတက္အက်ကလည္း ပံုမွန္ပဲဆရာ ခ်ဳပ္႐ိုးလည္းအဆင္ေျပတယ္"

"OK အခုစစ္ၿပီးတာနဲ႔ ေဆးရံုဆင္းဖို႔ စီစဥ္ေပးလိုက္"

အလုပ္သင္ေလး ကမ္းေပးတဲ့ Chartေပၚက မွတ္တမ္းကို ေသခ်ာၾကည့္ေနရင္း မွာၾကားေနေလသည္။

ေနာက္နားကေန ႏွလံုးအထူးကုသေဆာင္ရဲ႕ သက္ဆိုင္ရာ ဆရာဝန္ေတြက ပါရဂူ Bin ေျပာသမွ်ေတြကို အသီးသီး မွတ္သားကာ စီတန္းလိုက္ပါလာေလသည္။

"(၁)နာရီခြဲခန္း ဝင္ရမယ္ဆရာ Caseက Coronary thrombosis
(ႏွလံုးေသြးလႊတ္ေၾကာ ေသြးခဲျခင္း/ေသြးေၾကာပိတ္ျခင္း) ပါ ၊လူနာက အသက္(၄၅)ပဲရွိေသးတယ္၊ ေပါင္ (240) ရွိတယ္ဆရာ၊ ကိုယ္ထဲမွာ အဆီဓါတ္ပိုမ်ားေနတယ္ ဆရာ"

"OK!!ျပင္ထားၿပီးရင္ လာေျပာ"

"ဟုတ္ ဆရာ!!"

အလုပ္သင္ေလး အခန္းထဲက ထြက္သြားမွ ထိုင္ခံုေနာက္မွီေပၚ ဦးေခါင္းကို လွန္ခ်ကာ မ်က္လံုးကို မွိတ္ထားမိသည္။

ပီးေနာက္ တစ္ေနရာကို Ph ေခၚလိုက္ေလသည္။

___________________________________
🍁လြမ္း၍တည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
___________________________________

"သခင္ေလး ၊ သခင္ေလးBin ဆီက"

လက္မွတ္ထိုးၿပီးသား စာခ်ဳပ္ေတြကို အစ္ကိုLu Nyanကို ကမ္းေပးလိုက္ၿပီး Ph ကို လွမ္းယူလိုက္သည္။

"Zhan Zhan ထမင္းစားၿပီးၿပီလား၊မနက္ ေဆးေရာ ေသာက္လား"

"အင္း"

"ငါ ညေနမလာျဖစ္ဘူး ခဏေန ခြဲခန္းဝင္ရမွာမို႔ တစ္ေယာက္ထဲသြားလို႔ရတယ္မွတ္လား"

"အပိုေတြ"

"မပိုပါဘူး Zhan Zhanရ၊ ငါလိုက္မယ္ ေျပာထားၿပီးမွ မအားလို႔ ၊ မင္းကိုလည္း တစ္ေယာက္တည္း စိတ္မခ်ဘူး"

"ငါ့စိတ္မခ်တာနည္းနည္း"

"အဟဲ...Zhan Zhanကလဲ"

"ပ်င္းစရာ"

"ေအးပါကြာ ေအးပါ၊ အစ္ကို Lu Nyanကိုပဲ Phျပန္ေပးလိုက္"

"သခင္ေလး Bin"

"Zhan Zhanမနက္ေဆးေသာက္လား၊ ထမင္းလည္းစားၿပီးၿပီေျပာတယ္"

လြန္ခဲ့တဲ့ မိနစ္ပိုင္းျခားက ေျပာခဲ့တဲ့ ရယ္ေမာသံေတြကင္းျပီး စိုးရိမ္မႈအျပည့္နဲ႔ ေမးေနတဲ့ Yu Bin။

"ေဆးက ကၽြန္ေတာ္ ကိုယ္တိုင္ တိုက္ၿပီးၿပီ စိတ္ခ်ပါ သခင္ေလး Bin၊ ထမင္းကေတာ့ မစားရေသးဘူး ကၽြန္ေတာ္ ခုပဲ ပို႔ေပးဖို႔မွာထားၿပီးၿပီ ၊ သခင္ေလး ထမင္းစားၿပီးမွ ကၽြန္ေတာ္ အျပင္ထြက္မွာပါ"

"အင္း စိတ္ခ်မယ္ေနာ္ အစ္ကိုLu Nyan"

Ph ကိုခ်သြားတဲ့ သခင္ေလးBin နဲ႔ အတိတ္ထဲမွာ တဝဲလည္လည္ ျဖစ္ေနေသးတဲ့ ကၽြန္ေတာ္သခင္ေလးတို႔ ဘယ္ေတာ့မွမ်ား အရင္လို ျပံဳးရႊင္ေနတာမ်ိဳး ျပန္ျဖစ္ေတာ့မလဲ သိခ်င္မိသည္။

အဓိက တရားခံက ကၽြန္ေတာ္မို႔၊ ကၽြန္ေတာ္မေကာင္းလို႔ ခုလို ကံၾကမၼာဆိုးေတြ ျဖစ္ရတာ၊ အဲ့သည္ေန႔ကသာ ကၽြန္ေတာ္ လြတ္ေအာင္ ေမာင္းေျပးႏိုင္ခဲ့ရင္၊ အခုခ်ိန္မွာ သခင္ေလး သံုးေယာက္ရဲ႕ ရယ္ေမာ ေပ်ာ္ရႊင္သံေတြေၾကာင့္ ဒီဝန္းက်င္က ပိုေပ်ာ္ဖို႔ေကာင္းမွာလို႔ အၿမဲ ေတြးေနမိေတာ့တယ္။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"ရိေပၚ ေျဖးေျဖးေမာင္း"

"ဒါအေႏွးဆံုးပဲ"

တဝီဝီ ျမည္တဲ့ထိ ေလတိုးသံေတြက အဆက္မျပတ္၊ ဒါ့အျပင္ ေဘးနားက ပံုရိပ္ငယ္ေတြက ရိပ္ကနဲ ရိပ္ကနဲ၊ ဒါေတာင္ အေႏွးဆံုးပဲဆိုတာ တစ္ျပားမွ မေလ်ာ့ေသး။

"အား Yi Bo...Yi Bo...Wang Yi Bo"

ဒုန္းးးးးးးး!!!ဂ်ိန္းးးးးးးးးး!!!ကၽြီ.........!!!

လမ္းခ်ိဳးထဲက ဝိုက္ထြက္လိုက္ရာ slipျဖစ္ၿပီး မီးပြိဳင့္မိေန၍ ရပ္ထားေသာ ကားအမဲရဲ႕ ေနာက္ဖင္ကို ေဘဘီေလးက ေျပးနမ္းေလေတာ့သည္။

"အားးးးကၽြတ္ ကၽြတ္ ငါေလး အသက္ရွိေသးတယ္ Yi Bo!!!ရလား"

"ေအး!!!"

လမ္းေဘးနားရွိ ျမက္ခင္းစိမ္းေပၚ ပစ္က်ေနတဲ့ ဆိုင္ကယ္ကို အတင္းဆြဲမေနၿပီး မတ္မတ္ရပ္ေနတဲ့ Yi Bo၊ ဒါဆိုအေျခေန ေကာင္းေသးတာပဲ။

"ငါပဲ မွားတာ၊ သြားေနက်အတိုင္း Busပဲစီးလာရင္ ေရာက္ေနျပီ ၊ ခုေတာ့ က်ိဳးမသြားတာ ကံေကာင္း"

"သားတို႔ အဆင္ေျပလား"

ျပစ္ေတာက္ျပစ္ေတာက္ေျပာေနတဲ့ Wang Zhuo Chengတစ္ေယာက္ ေမာ့ၾကည့္လိုက္ေလသည္။

ကမ္းေပးတဲ့ လက္ကို လွမ္းဆြဲကာ ထလိုက္ၿပီး ေဘာင္းဘီကို ဖုတ္ဖပ္ခါလိုက္သည္။

ေက်ာပိုးအိတ္အမဲကိုလည္း လက္နဲ႔ တဖပ္ဖပ္ခါလိုက္ၿပီး ပုခံုးတြင္ခ်ိတ္လိုက္သည္။

"ေျပပါတယ္ ဦးဦး"

ေျဖအၿပီးမွာပဲ တိုက္မိတဲ့ ကားေပၚက လူမွန္းသိလိုက္ရသည္။

ကားကိုၾကည့္လိုက္ေတာ့လည္း အစင္းရာကသိပ္မႀကီးေပမဲ့ BMWမို႔ ေဆးမႈတ္တဲ့စားရိတ္က အေတာ္ပင္ အီစိမ့္ေနေတာ့မဲ့ Yi Boကိုၾကည့္ရင္း ျပံဳးမိကာ ေပးခဲ့တဲ့လိပ္စာကဒ္ကို ယူထားလိုက္သည္။

"Yi Bo ရေသးလား"

"ေအး!!! ေရွ႕နားကလမ္းေထာင့္ေလးမွာ ငါ့အသိဆိုင္ရွိတယ္ ငါ့ကေလးေလးက တြန္းသြားမွ ရေတာ့မယ္"

"ေအးပါကြာ ေအးပါ"

ခုေတာ့ေကာင္းေရာ ေက်ာင္းမေရာက္ေသးတဲ့အျပင္ လမ္းပါ အဆစ္ေလွ်ာက္လိုက္ရေသးတဲ့ Zhuo Chengေရ...ဟူး။

"ဘာေျပာေသးလဲ"

"အင့္"

ဆိုင္ေရာက္ေတာ့မွ ေမးေလတဲ့ Yi Boလက္ထဲ လိပ္စာကဒ္ေလး ထိုးထည့္ေပးလိုက္ကာ စက္ျပင္သမားနားမွာ သြားစပ္စုေနလိုက္သည္။

ကၽြန္ေတာ္တို႔ ႏွစ္ေယာက္က စက္မႈအင္ဂ်င္နီယာေမဂ်ာက ေက်ာင္းသားႏွစ္ေယာက္ပါ၊ Yi Boနဲ႔ သူငယ္ခ်င္း ျဖစ္တာကလဲ ေက်ာင္းစစဖြင့္ခ်င္းကမွ ဆိုေပမဲ့ တစ္ကယ့္ငယ္ေပါင္းႀကီးေဖာ္လို ေျပာမနာ ဆိုမနာ ျဖစ္သြားရသည့္အခ်က္က Yi Boက စကားနည္းတယ္ အားမနာတက္ဘူး Zhuo Cheng က ႐ိုးသားတယ္ စကားမ်ားတယ္ ႏွစ္ေယာက္လံုး တူညီတဲ့အခ်က္က မဟုတ္မခံစိတ္ ရွိၾကတာျခင္းတူတာပင္။

ဒီမနက္လည္း Project လုပ္ရမယ့္အတန္း ရွိေနတာမို႔ တူတူသြားမယ္ျဖစ္ၿပီး ဆိုင္ကယ္ေနာက္က ေခၚလာတဲ့ Yi Bo၊ တစ္ရက္တစ္ေလေလး လိုက္စီးမိပါတယ္ ကံမေကာင္းစြာနဲ႔ပဲ ေက်ာင္းကို နာရီဝက္ေနာက္က်မွ ေရာက္ေလတယ္။

ဒီေန႔ကံမေကာင္းပါလား Wang Zhuo Chengေရ။

(AN:အပ်ိဳႀကီးကံမေကာင္းပါတကား😁)
__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

Meeting ရွိလို႔ ခပ္ေစာေစာေလး ထြက္လာပါတယ္၊ ကံမေကာင္းပံုမ်ား ကိုယ့္ကားကို သူမ်ားက ဝင္တိုက္ရတယ္လို႔။

ဒီေန႔မွ အစ္ကို Lu Nyanက ေနမေကာင္းတာမို႔ တစ္ရက္ေပးနားလိုက္ရသည္။

ေဖ့ေဖ့ ကားသမားကို ေစာေစာလာႀကိဳခိုင္းလိုက္ရေပမဲ့ လမ္းမွာ Small Accident ျဖစ္ရတယ္လို႔၊ အစ္ကို Davidကေတာ့ ပြန္းရံုေလးပဲလို႔ ေျပာေပမဲ့ မနက္ေစာေစာစီးစီး စိတ္မၾကည္ေတာ့ေပ။

ကားအထဲက လွမ္းၾကည့္လိုက္ေတာ့ ဆိုင္ကယ္ဦးထုပ္ကို မခၽြတ္စတမ္း ဝတ္ဆင္ထားတဲ့ ေကာင္ေလးနဲ႔ ျမက္ခင္းေပၚ ပြစိပြစိ ေျပာေနတဲ့ေကာင္ေလးတို႔ေၾကာင့္ ေက်ာင္းသားအရြယ္ေတြဆိုတာ သိလိုက္ရပါတယ္။

ေဒါသေတြထြက္ေနတာနဲ႔ ကိုယ့္ကိုယ္ကိ္ုယ္ သတိမထားမိေပ၊ ၿပီးမွ သိလိုက္တဲ့အခ်ိန္ အေတာ္ေလး အံ့ၾသမိသြားေလတယ္၊ စိတ္ၿငိမ္ေဆး လံုးဝမေသာက္လိုက္ရတာပဲ။

အမွန္ဆို ကၽြန္ေတာ္က ထိတ္လန္႔ေစတဲ့အရာေတြ အသံက်ယ္ေလာင္တဲ့ေနရာေတြကို ေရွာင္ရွားရင္း ေနခဲ့ရတာ (၁၀)ႏွစ္ရွိခဲ့ၿပီ။

ခုက ဒုန္း!ဝုန္း!ဆိုၿပီး ျဖစ္သြားတဲ့ အခိုက္အတန္႔ေလးေတာင္ ကၽြန္ေတာ္ မထိတ္လန္႔ပဲ ေဆးမOnရပဲ ေအးေအးေဆးေဆး ျဖတ္သန္းကာ ေဒါသပင္လွည့္ထြက္ေနေသးတဲ့ လူတစ္ေယာက္အျဖစ္ ပထမဆံုး ျဖတ္သန္းႏိုင္ခဲ့ၿပီ။

ထူဆန္းလိုက္တာ။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

Hello !!ကၽြန္ေတာ္က Wang Yi Bo...😁


Hello !!ကၽြန္ေတာ္က Wang Zhuo Chengပါ...😁

#ဖတ္ေပးက်တဲ့ Readernimတို႔ကို ေက်းဇူးအထူးတင္ရွိပါတယ္😍
692019
12:27AM
_BLOOM_

🍁🍁🍁🍁🍁🍁Unicode🍁🍁🍁🍁🍁🍁

တစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ ကျွန်တော်စုံစမ်းခိုင်းလိုက်တဲ့ ကောင်လေးအကြောင်း တစ်စွန်းတစ်စ သိရတယ်။

မိခင်ဖြစ်သူဆုံးပါးသွားတဲ့အပြင် ညီအစ်ကို မောင်နှမမရှိ ဖခင်၏ ချစ်မြတ်နိုးခြင်းကို အပြည့်အဝရရှိထားတဲ့ သားလေးတစ်ယောက် ဖြစ်တဲ့အပြင် မွေးရပ်မြေဆီ ပြန်လာပြီး ကျောင်းလာပြန်တက်တာပါ။

ဘယ်မိသားစုကလဲ ဘယ်ကျောင်းတက်နေတာလဲ ဆိုတာလေးပဲ ထပ်စုံစမ်းရတော့မှာ၊ ဒီကလေးက ငယ်ငယ်ကတည်းက နိုင်ငံရပ်ခြား ရောက်သွားသူမို့ သူ့အချက်အလက်တွေ ဒီဘက်က ရှာရတာ နည်းနည်းခက်နေတယ်လို့ အစ်ကို Lu Nyanကပြောသေးတယ်၊ ထားပါ နောက်အပတ် သိရမှာပဲ။

ဒေါက် ဒေါက် ဒေါက်!!!

"ဆရာ လူနာစစ်ဆေးဖို့ အဆင်သင့်ဖြစ်ပါပြီ"

ဂျူတီ Coatကို အကျႌချိတ်စင်ကနေ ဖြုတ်လိုက်ကာ ဝတ်ဆင်လိုက်သည်။

"VIP no_5 က ဘယ်လိုလဲ"

"မနက်က check up လုပ်ပြီးတော့ နှလုံးခုန်နှုန်းကလည်း ပုံမှန်ပါပဲ သွေးပေါင် အတက်အကျကလည်း ပုံမှန်ပဲဆရာ ချုပ်ရိုးလည်းအဆင်ပြေတယ်"

"OK အခုစစ်ပြီးတာနဲ့ ဆေးရုံဆင်းဖို့ စီစဉ်ပေးလိုက်"

အလုပ်သင်လေး ကမ်းပေးတဲ့ Chartပေါ်က မှတ်တမ်းကို သေချာကြည့်နေရင်း မှာကြားနေလေသည်။

နောက်နားကနေ နှလုံးအထူးကုသဆောင်ရဲ့ သက်ဆိုင်ရာ ဆရာဝန်တွေက ပါရဂူ Bin ပြောသမျှတွေကို အသီးသီး မှတ်သားကာ စီတန်းလိုက်ပါလာလေသည်။

"(၁)နာရီခွဲခန်း ဝင်ရမယ်ဆရာ Caseက Coronary thrombosis
(နှလုံးသွေးလွှတ်ကြော သွေးခဲခြင်း/သွေးကြောပိတ်ခြင်း) ပါ ၊လူနာက အသက်(၄၅)ပဲရှိသေးတယ်၊ ပေါင် (240) ရှိတယ်ဆရာ၊ ကိုယ်ထဲမှာ အဆီဓါတ်ပိုများနေတယ် ဆရာ"

"OK!!ပြင်ထားပြီးရင် လာပြော"

"ဟုတ် ဆရာ!!"

အလုပ်သင်လေး အခန်းထဲက ထွက်သွားမှ ထိုင်ခုံနောက်မှီပေါ် ဦးခေါင်းကို လှန်ချကာ မျက်လုံးကို မှိတ်ထားမိသည်။

ပီးနောက် တစ်နေရာကို Ph ခေါ်လိုက်လေသည်။

___________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
___________________________________

"သခင်လေး ၊ သခင်လေးBin ဆီက"

လက်မှတ်ထိုးပြီးသား စာချုပ်တွေကို အစ်ကိုLu Nyanကို ကမ်းပေးလိုက်ပြီး Ph ကို လှမ်းယူလိုက်သည်။

"Zhan Zhan ထမင်းစားပြီးပြီလား၊မနက် ဆေးရော သောက်လား"

"အင်း"

"ငါ ညနေမလာဖြစ်ဘူး ခဏနေ ခွဲခန်းဝင်ရမှာမို့ တစ်ယောက်ထဲသွားလို့ရတယ်မှတ်လား"

"အပိုတွေ"

"မပိုပါဘူး Zhan Zhanရ၊ ငါလိုက်မယ် ပြောထားပြီးမှ မအားလို့ ၊ မင်းကိုလည်း တစ်ယောက်တည်း စိတ်မချဘူး"

"ငါ့စိတ်မချတာနည်းနည်း"

"အဟဲ...Zhan Zhanကလဲ"

"ပျင်းစရာ"

"အေးပါကွာ အေးပါ၊ အစ်ကို Lu Nyanကိုပဲ Phပြန်ပေးလိုက်"

"သခင်လေး Bin"

"Zhan Zhanမနက်ဆေးသောက်လား၊ ထမင်းလည်းစားပြီးပြီပြောတယ်"

လွန်ခဲ့တဲ့ မိနစ်ပိုင်းခြားက ပြောခဲ့တဲ့ ရယ်မောသံတွေကင်းပြီး စိုးရိမ်မှုအပြည့်နဲ့ မေးနေတဲ့ Yu Bin။

"ဆေးက ကျွန်တော် ကိုယ်တိုင် တိုက်ပြီးပြီ စိတ်ချပါ သခင်လေး Bin၊ ထမင်းကတော့ မစားရသေးဘူး ကျွန်တော် ခုပဲ ပို့ပေးဖို့မှာထားပြီးပြီ ၊ သခင်လေး ထမင်းစားပြီးမှ ကျွန်တော် အပြင်ထွက်မှာပါ"

"အင်း စိတ်ချမယ်နော် အစ်ကိုLu Nyan"

Ph ကိုချသွားတဲ့ သခင်လေးBin နဲ့ အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေသေးတဲ့ ကျွန်တော်သခင်လေးတို့ ဘယ်တော့မှများ အရင်လို ပြုံးရွှင်နေတာမျိုး ပြန်ဖြစ်တော့မလဲ သိချင်မိသည်။

အဓိက တရားခံက ကျွန်တော်မို့၊ ကျွန်တော်မကောင်းလို့ ခုလို ကံကြမ္မာဆိုးတွေ ဖြစ်ရတာ၊ အဲ့သည်နေ့ကသာ ကျွန်တော် လွတ်အောင် မောင်းပြေးနိုင်ခဲ့ရင်၊ အခုချိန်မှာ သခင်လေး သုံးယောက်ရဲ့ ရယ်မော ပျော်ရွှင်သံတွေကြောင့် ဒီဝန်းကျင်က ပိုပျော်ဖို့ကောင်းမှာလို့ အမြဲ တွေးနေမိတော့တယ်။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"ရိပေါ် ဖြေးဖြေးမောင်း"

"ဒါအနှေးဆုံးပဲ"

တဝီဝီ မြည်တဲ့ထိ လေတိုးသံတွေက အဆက်မပြတ်၊ ဒါ့အပြင် ဘေးနားက ပုံရိပ်ငယ်တွေက ရိပ်ကနဲ ရိပ်ကနဲ၊ ဒါတောင် အနှေးဆုံးပဲဆိုတာ တစ်ပြားမှ မလျော့သေး။

"အား Yi Bo...Yi Bo...Wang Yi Bo"

ဒုန်းးးးးးးး!!!ဂျိန်းးးးးးးးးး!!!ကျွီ.........!!!

လမ်းချိုးထဲက ဝိုက်ထွက်လိုက်ရာ slipဖြစ်ပြီး မီးပွိုင့်မိနေ၍ ရပ်ထားသော ကားအမဲရဲ့ နောက်ဖင်ကို ဘေဘီလေးက ပြေးနမ်းလေတော့သည်။

"အားးးးကျွတ် ကျွတ် ငါလေး အသက်ရှိသေးတယ် Yi Bo!!!ရလား"

"အေး!!!"

လမ်းဘေးနားရှိ မြက်ခင်းစိမ်းပေါ် ပစ်ကျနေတဲ့ ဆိုင်ကယ်ကို အတင်းဆွဲမနေပြီး မတ်မတ်ရပ်နေတဲ့ Yi Bo၊ ဒါဆိုအခြေနေ ကောင်းသေးတာပဲ။

"ငါပဲ မှားတာ၊ သွားနေကျအတိုင်း Busပဲစီးလာရင် ရောက်နေပြီ ၊ ခုတော့ ကျိုးမသွားတာ ကံကောင်း"

"သားတို့ အဆင်ပြေလား"

ပြစ်တောက်ပြစ်တောက်ပြောနေတဲ့ Wang Zhuo Chengတစ်ယောက် မော့ကြည့်လိုက်လေသည်။

ကမ်းပေးတဲ့ လက်ကို လှမ်းဆွဲကာ ထလိုက်ပြီး ဘောင်းဘီကို ဖုတ်ဖပ်ခါလိုက်သည်။

ကျောပိုးအိတ်အမဲကိုလည်း လက်နဲ့ တဖပ်ဖပ်ခါလိုက်ပြီး ပုခုံးတွင်ချိတ်လိုက်သည်။

"ပြေပါတယ် ဦးဦး"

ဖြေအပြီးမှာပဲ တိုက်မိတဲ့ ကားပေါ်က လူမှန်းသိလိုက်ရသည်။

ကားကိုကြည့်လိုက်တော့လည်း အစင်းရာကသိပ်မကြီးပေမဲ့ BMWမို့ ဆေးမှုတ်တဲ့စားရိတ်က အတော်ပင် အီစိမ့်နေတော့မဲ့ Yi Boကိုကြည့်ရင်း ပြုံးမိကာ ပေးခဲ့တဲ့လိပ်စာကဒ်ကို ယူထားလိုက်သည်။

"Yi Bo ရသေးလား"

"အေး!!! ရှေ့နားကလမ်းထောင့်လေးမှာ ငါ့အသိဆိုင်ရှိတယ် ငါ့ကလေးလေးက တွန်းသွားမှ ရတော့မယ်"

"အေးပါကွာ အေးပါ"

ခုတော့ကောင်းရော ကျောင်းမရောက်သေးတဲ့အပြင် လမ်းပါ အဆစ်လျှောက်လိုက်ရသေးတဲ့ Zhuo Chengရေ...ဟူး။

"ဘာပြောသေးလဲ"

"အင့်"

ဆိုင်ရောက်တော့မှ မေးလေတဲ့ Yi Boလက်ထဲ လိပ်စာကဒ်လေး ထိုးထည့်ပေးလိုက်ကာ စက်ပြင်သမားနားမှာ သွားစပ်စုနေလိုက်သည်။

ကျွန်တော်တို့ နှစ်ယောက်က စက်မှုအင်ဂျင်နီယာမေဂျာက ကျောင်းသားနှစ်ယောက်ပါ၊ Yi Boနဲ့ သူငယ်ချင်း ဖြစ်တာကလဲ ကျောင်းစစဖွင့်ချင်းကမှ ဆိုပေမဲ့ တစ်ကယ့်ငယ်ပေါင်းကြီးဖော်လို ပြောမနာ ဆိုမနာ ဖြစ်သွားရသည့်အချက်က Yi Boက စကားနည်းတယ် အားမနာတက်ဘူး Zhuo Cheng က ရိုးသားတယ် စကားများတယ် နှစ်ယောက်လုံး တူညီတဲ့အချက်က မဟုတ်မခံစိတ် ရှိကြတာခြင်းတူတာပင်။

ဒီမနက်လည်း Project လုပ်ရမယ့်အတန်း ရှိနေတာမို့ တူတူသွားမယ်ဖြစ်ပြီး ဆိုင်ကယ်နောက်က ခေါ်လာတဲ့ Yi Bo၊ တစ်ရက်တစ်လေလေး လိုက်စီးမိပါတယ် ကံမကောင်းစွာနဲ့ပဲ ကျောင်းကို နာရီဝက်နောက်ကျမှ ရောက်လေတယ်။

ဒီနေ့ကံမကောင်းပါလား Wang Zhuo Chengရေ။

(AN:အပျိုကြီးကံမကောင်းပါတကား😁)
__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

Meeting ရှိလို့ ခပ်စောစောလေး ထွက်လာပါတယ်၊ ကံမကောင်းပုံများ ကိုယ့်ကားကို သူများက ဝင်တိုက်ရတယ်လို့။

ဒီနေ့မှ အစ်ကို Lu Nyanက နေမကောင်းတာမို့ တစ်ရက်ပေးနားလိုက်ရသည်။

ဖေ့ဖေ့ ကားသမားကို စောစောလာကြိုခိုင်းလိုက်ရပေမဲ့ လမ်းမှာ Small Accident ဖြစ်ရတယ်လို့၊ အစ်ကို Davidကတော့ ပွန်းရုံလေးပဲလို့ ပြောပေမဲ့ မနက်စောစောစီးစီး စိတ်မကြည်တော့ပေ။

ကားအထဲက လှမ်းကြည့်လိုက်တော့ ဆိုင်ကယ်ဦးထုပ်ကို မချွတ်စတမ်း ဝတ်ဆင်ထားတဲ့ ကောင်လေးနဲ့ မြက်ခင်းပေါ် ပွစိပွစိ ပြောနေတဲ့ကောင်လေးတို့ကြောင့် ကျောင်းသားအရွယ်တွေဆိုတာ သိလိုက်ရပါတယ်။

ဒေါသတွေထွက်နေတာနဲ့ ကိုယ့်ကိုယ်ကိ်ုယ် သတိမထားမိပေ၊ ပြီးမှ သိလိုက်တဲ့အချိန် အတော်လေး အံ့သြမိသွားလေတယ်၊ စိတ်ငြိမ်ဆေး လုံးဝမသောက်လိုက်ရတာပဲ။

အမှန်ဆို ကျွန်တော်က ထိတ်လန့်စေတဲ့အရာတွေ အသံကျယ်လောင်တဲ့နေရာတွေကို ရှောင်ရှားရင်း နေခဲ့ရတာ (၁၀)နှစ်ရှိခဲ့ပြီ။

ခုက ဒုန်း!ဝုန်း!ဆိုပြီး ဖြစ်သွားတဲ့ အခိုက်အတန့်လေးတောင် ကျွန်တော် မထိတ်လန့်ပဲ ဆေးမOnရပဲ အေးအေးဆေးဆေး ဖြတ်သန်းကာ ဒေါသပင်လှည့်ထွက်နေသေးတဲ့ လူတစ်ယောက်အဖြစ် ပထမဆုံး ဖြတ်သန်းနိုင်ခဲ့ပြီ။

ထူဆန်းလိုက်တာ။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

Hello !!ကျွန်တော်က Wang Yi Bo...😁


Hello !!ကျွန်တော်က Wang Zhuo Chengပါ...😁

#ဖတ်ပေးကျတဲ့ Readernimတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်😍
692019
12:27AM
_BLOOM_

Continue Reading

You'll Also Like

176K 8.1K 105
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
370K 32.2K 91
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
530K 23.9K 79
Yizhanကိုbromanceအနေနဲ့ရေးမှာပါ။Sweetလည်းsweetပါမယ်။Dramaလည်းချိုးပါမယ်။(Both Unicode and Zawgyi)
159K 11.4K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...