လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသ...

By Tokebloom

76.9K 3.7K 89

(Completed) (Zawgyi + Unicode) #Love story #BL #YBXZFanfiction #ဒီလူသားႏွစ္ဦးကိုခ်စ္လို႔ကိုယ့္စိတ္ကူးနဲ႔ေရးထ... More

လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
ဇာတ္သိမ္း

အပိုင္း(၆)

2.9K 187 0
By Tokebloom

"Shinnnnnn!!!"

ဆုပ္ကိုင္ထားတဲ့လက္ေတြ လြတ္ထြက္သြားတာမို႔ အလန္႔တၾကား ေအာ္လိုက္မိတယ္။

"သခင္ေလး သတိရလာၿပီ"

မ်က္လႊာလို႔ ေျဖးေျဖးခ်င္း ပြင့္လာခဲ့ၿပီးေနာက္ အျပာေရာင္ မ်က္ႏွာက်က္ကို ဦးစြာျမင္ရတယ္။

ၿပီးေနာက္ အၾကည့္တို႔ ေဘးဘက္ကို ေရြ႕လိုက္ေတာ့ စိုးရိမ္တႀကီး ၾကည့္ေနတဲ့ ပါး နဲ႔ အိမ္ေတာ္ထိန္း အျပင္ မသိတဲ့သူေတြပါ ရွိေနတယ္။

"ပါး "

"ေနသာလားသား ဘယ္နားနာေနလဲ"

"Shinnn Shinေကာ Yu Bin သူတို့ေကာ အားး"

"သား သား အရမ္းမထနဲ႔ နံ႐ိုး အ႐ိုးအက္သြားလို႔ သားၿငိမ္ၿငိမ္ေလး လွဲေန သားသူငယ္ခ်င္းေတြ တျခား အခန္းမွာရွိတယ္ ေနေကာင္းရင္ သူတို႔နဲ႔သြားေတြ႕ ဟုတ္ၿပီလား"

ခႏၶာကိုယ္ကို အိပ္ယာထက္ အသာလွဲေစၿပီး ပါးက အခန္းျပင္ ထြက္သြားေလသည္။

အခန္းထဲမွာ အိမ္ေတာ္ထိန္း ဘဘကလြဲၿပီး ဘယ္သူမွမက်န္ေတာ့တဲ့ေနာက္ ကၽြန္ေတာ္လည္း မ်က္လံုးေတြ ေမွးက်လာကာ အိပ္ေပ်ာ္ျခင္းကို ေရာက္သြားေလေတာ့သည္။

ေနာက္တစ္ေန႔ မနက္ေရာက္တဲ့အခါမွာေတာ့ အရာအားလံုးက ေနာက္က်သြားၿပီ ျဖစ္ေလသည္။

"Zhan Zhan !!Zhan Zhan!! "

မနက္ေစာေစာ အခန္းထဲကို အသံက်ယ္က်ယ္ေလာင္ေလာင္ျဖင့္ ေရာက္လာတဲ့ Yu Bin။

ဂ်ိဳင္းေထာက္နဲ႔မို႔ ခုန္ခုန္ၿပီး ေထာက္လာပံုက အေရးႀကီးေနပံုရပါသည္။

"Yu Bin သက္သာၿပီလား"

"မင္း အခုထလို႔ မေသေသးဘူးဆိုရင္ ငါနဲ႔လိုက္ခဲ့ "

ကုတင္ေပၚက ဆြဲခ်မတက္ ေဘးနားကေနလာေျပာေနတာမို႔ ေျဖးၫွင္းစြာ ထထိုင္လိုက္ၿပီး ဒရစ္ပုလင္းခ်ိတ္ထားတဲ့ တိုင္ေလးကိုတြန္းကာ Yu Binေခၚရာေနာက္ လိုက္ခဲ့ေလသည္။

"Binႀကီး ငါတို႔ ဘယ္သြားေနတာလဲ ေဝးလား "

ရင္ဘတ္ကိုဖြဖြ ဖိထားရင္း ေနာက္ကေနေမးေတာ့ Yu Bin ေျခလွမ္း တုံ႔သြားသည္။

"ဒါမွမဟုတ္ Shin Shin တစ္ခုခုျဖစ္လို႔လား"

ျပန္ေျဖျခင္းမရွိပဲ ေရွ႕ကို လွမ္းသြားတဲ့ Yu Binေနာက္ သြက္သြက္ လိုက္ရပါေတာ့သည္။

"ေျဖေလ Bin Bin!!!"

အေမးတို႔ ရပ္တန္႔သြားသည္၊ ခ်ိဳးေကြ႕ဝင္လိုက္တဲ့ အေဆာက္အဦးမွာ သြားလာေနၾကတဲ့သူေတြက အမ်ိဳးမ်ိဳးေသာ ပူေဆြးမႈေတြကို ပံုေဖာ္ကာ ငိုေႂကြးေနၾကတဲ့သူေတြ ၊ အမဲေရာင္ အေပၚေအာက္ ဝတ္စံုေတြ။

"ဒါ ဒါ ..."

"Z h a n ရ Shin Shin အု မရွိေတာ့ဘူးကြ အီးဟီး"

ေျပာရင္း ငိုခ်လိုက္ေသာ Yu Binကိုေတာင္ လွည့္မၾကည့္အား၊ လက္က ေဆးထိုးအပ္ကို ဆြဲျဖဳတ္လိုက္ေတာ့ ဒုန္းကနဲ ေအာက္က်သြားတဲ့ ေဆးခ်ိတ္တိုင္ေလး၊ လက္ဖမိုးေပၚက ျဖာဆင္းသြားတဲ့ ေသြးစက္ေတြ၊ဘာကိုမွ ကၽြန္ေတာ္ မျမင္ေတာ့ဘူး၊ ေရွ႕တည့္တည့္မွာ ျပံဳးျပေနတဲ့ ဓါတ္ပံု မွန္ေဘာင္ထဲက Shin၊ ပန္းရန႔ံေတြဆို ႀကိဳက္ပါတယ္လို႔ေျပာတဲ့ Shinက ယခုေတာ့

"ဒါ ဒါ ဘယ္လိုျဖစ္တာလဲ အန္တီ ကၽြန္ေတာ္ကို ေျပာပါအုန္း"

"သား Zhan သားသူငယ္ခ်င္းက အန္တီတို႔ကို ထားသြားၿပီ"

"ကၽြန္ ကၽြန္ေတာ္ မယံုဘူး"

ကိုယ္ခႏၶာက ၿပိဳလဲကာ ဒူးၫြတ္က်သြားတဲ့ေနာက္ အျဖစ္အပ်က္တို႔ကို အစ အလယ္ အဆံုး ေတြးၾကည့္သည္၊ အဲ့သည္ေန႔က ႐ိုး႐ိုး ကား Accidentမွ ဟုတ္ရဲ႕လား။

"သား သား Zhan ခုလိုမေနပါနဲ႔ကြယ္ ငိုခ်င္ ငိုခ်လိုက္ သားသူငယ္ခ်င္းေတြ႕ရင္ စိတ္မေကာင္းျဖစ္ေနပါ့မယ္ သားရယ္"

ခပ္ဖြဖြ ဖက္လိုက္တဲ့ အန္တီရဲ႕ ေႏြးေထြးမႈက လက္တေလာအပူကို ၿငိမ္းေစသည္။

ေအးေအးခ်မ္းခ်မ္း အျပံဳးေလးနဲ႔ Shinမ်က္ႏွာေလးကို မ်က္လံုးထဲစြဲေနေအာင္ ၾကည့္လိုက္ၿပီး လွည့္မၾကည့္မစမ္း ေျပးထြက္လာခဲ့ေတာ့ ေနာက္နားက ေအာ္ေခၚသံေတြက ကပ္ပါလာေတာ့သည္။

ဝုန္းးးးးးး!!!!

ရံုးခန္းတံခါးကို ဖြင့္ၿပီးဝင္ေတာ့ ပါးကမအ့ံၾသသလိုၾကည့္ေလသည္၊ ကၽြန္ေတာ္ သိတာနဲ႔ ေရာက္လာမယ္ဆိုတာ ပါးသိႏွင့္ေနၿပီးသားပဲ။

"အစ္ကို Lu Nyan အခုကိစၥက ဘာျဖစ္တာလဲ ေျပာ၊ အစ္ကိုက ကားAccidentမွာ ရွိခဲ့တဲ့ မ်က္ျမင္သက္ေသပဲ ေျပာေလ ေျပာ"

ဆယ္ေက်ာ္သက္ေပမဲ့ (၆)ေပနီးနီး အရပ္ေၾကာင့္ Lu Nyanထက္ပင္ အရပ္ကေက်ာ္ခ်င္ေနေလသည္။

ကိုယ္ေရးအရာရွိတစ္ေယာက္ကို လည္ပင္းေကာ္လံစဆြဲကာ ႐ိုင္းျပေနတာမို႔ ဟန္႔တားလိုက္ရသည္။

"သား စကားနဲ႔ပဲေျပာ"

ေကာ္လံစကိုလႊတ္ကာ ပုခံုးႏွစ္ဖက္နားကို သပ္ခ်ေပးရင္း ခနဲ႔တဲ့တဲ့အျပံဳးရင့္တို႔က ဖခင္ျဖစ္သူနဲ႔ မ်က္ႏွာခ်င္းဆိုင္တဲ့ထိ မ်က္ႏွာမွာ ျဖစ္တည္ေနဆဲပင္။

"ပါးကို ေမးမွ ပိုတိက်မွာေပါ့ မဟုတ္ဘူးလား ပါးးး"

"ေျပာ သားက ဘယ္ကစသိခ်င္တာလဲ"

"ခုကိစၥက ေသြး႐ိုးသား႐ိုး မဟုတ္ဘူးမွတ္လား၊ ဒါေပမဲ့ အန္တီက မသိသလိုပဲ"

"ဟုတ္တယ္ သား ကားကို ထိန္းမရေအာင္ လမ္းလႊဲၿပီး ေနာက္တစ္စီးနဲ႔ ၫွပ္တိုက္တာ"

"ဘယ္သူလဲ"

အံကိုႀကိတ္ကာ ေမးေၾကာမ်ား ေထာင္ထလာတဲ့ထိ တည္တင္းေနတဲ့ ပကတိမ်က္ႏွာက အခုပင္ တရားခံကို သိရပါက ကိုယ္တိုင္သြားသတ္မယ္ ဆိုတာ ေျမႀကီးလက္ခတ္ရင္ေတာင္ လြဲမယ္ ဒီအရာကေတာ့ အမွန္တရားပင္။

"Xiao wei သားရဲ႕ေလးေလး ပါးရဲ႕ညီ"

"ဟင္????"

ဇာတ္ေၾကာင္းစံု သိလိုက္ရၿပီးတဲ့ေနာက္ ေသြးသားေတာ္စပ္မႈေၾကာင့္ လက္စားမေခ်ရဘူးလို႔ ဘယ္ဥပေဒကမွ မထုတ္ထားသလို ခြင့္လႊတ္ေပးရမယ္လို႔လည္း ဘယ္တရားေရးကမွ မသတ္မွတ္ထားေပ။ကုန္ကားသမားကိုေတာ့ အမႈဖြင့္ၿပီး တရားဥပေဒအရ ပါးက ဒီအပတ္မွာပဲ လုပ္ေဆာင္ထားၿပီးေပမဲ့ အဓိကတရားခံျဖစ္တဲ့ ဦးေလးျဖစ္သူ Xiai Weiကေတာ့ အဲ့သည္ေန႔ကတည္းက ဒီႏိုင္ငံက ထြက္ခြာသြားၿပီ ျဖစ္ေလသည္မို႔ ဘဲဥအစရွာမရသလို ျဖစ္ေနပါေတာ့သည္။

အခ်ိန္ၾကာလာတာနဲ႔အမွ် မေက်လည္မႈေတြက အစိုင္အခဲအျဖစ္ တည္ရွိကာ ရယ္ေမာျခင္းေတြ ေပ်ာက္ဆံုးလာသည္။

ဆယ္ေက်ာ္သက္အရြယ္ ေပ်ာ္ရႊင္မႈေတြ ရပ္တန္႔သြားသည္။

အရင္က ခပ္မိုက္မိုက္ ေပၚျပဴလာျဖစ္တဲ့ ေက်ာင္းသားေလး Xiai Zhanက အရာအားလံုးရဲ႕အေဝးမွာ တိတ္တဆိတ္ ေနရတာ အသားက်လာသည္။

အဲ့သည္ႏွစ္က ေက်ာင္းမွာ Yu Bin တစ္ေယာက္တည္း ၿပီးေအာင္ ေက်ာင္းဆက္တက္ခဲ့ေပမဲ့ Xiao Zhanကေတာ့ ေပၚမလာေတာ့ေပ။

Xiao Zhan...သူ ဘယ္ေရာက္သြားတာလဲ????

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"အားယား သခင္ေလး ကၽြန္ေတာ္ မအားလို႔ပါဗ်"

"....................."

တူ တူ တူ ....!

ခ်သြားတဲ့phကို နားေထာင္ရင္း မ်က္ေမွာင္ႀကီးကုတ္ကာ ေနလိုက္ၿပီးမွ တစ္ေနရာကို အေျပးသြားေလေတာ့သည္။

ေဒါက္ ေဒါက္ ေဒါက္!!!

"ဝင္ခဲ့"

"အဟီး မမငယ္ "

"ေဆးရံုမွာ မမငယ္လို႔ ေခၚကတည္းက ဘာကိစၥရွိၿပီလဲ Binေလး"

"ကၽြန္ေတာ္ ခြင့္တစ္ပတ္ေလာက္ ယူခ်င္လို႔"

"တစ္ပတ္???သြားရမယ့္ရက္က မေရာက္ေသးဘူးေလ ယူေနက်က (၃)ရက္မဟုတ္ဘူးလား"

"အဲ့ဒါေျပာတာေလ ကၽြန္ေတာ္က ရက္မေရာက္ေသးလို႔ ခြင့္မတင္ေသးတာ မအားရင္ မလိုက္နဲ႔လို႔ ေအာ္ဟစ္ေနတဲ့ တစ္ေယာက္ရွိလို႔"

"ဟုတ္ပါၿပီ မမ စာတင္ေပးမယ္ ေျဖာင့္ေျဖာင့္တန္းတန္းသာသြား ဟုတ္ၿပီလား"

"ေရးးး မမငယ္ကို အဲ့ဒါေတြေၾကာင့္ ခ်စ္တာ မြ!!!"

စားပြဲနားထိ အေျပးလာကာ ပါးကိုရြတ္ကနဲ နမ္းလိုက္စဥ္ တံခါးေခါက္သံထြက္လာၿပီး ဆရာဝန္ တစ္ေယာက္ ဝင္လာေတာ့သည္။

"ဂ်ဴတီကုတ္ႀကီးဝတ္ၿပီး အစ္မကို ခၽြဲေနတာလား"

"ေယာက္ဖ မဂၤလာပါ မမငယ္ ကၽြန္ေတာ္ သြားၿပီေနာ္ တာ့တာ"

ဂ်ဴတီကုတ္ႀကီးတကားကားနဲ႔ ခပ္သုတ္သုတ္ ထြက္ခြာသြားေလတဲ့ ေမာင္အငယ္ဆံုးက သူမ်ားေတြအျမင္မွာ အသက္ငယ္ငယ္နဲ႔ ပါေမာကၡ ရာထူးကို ရထားေပမဲ့ သူငယ္ခ်င္း မိသားစုေတြေရွ႕က်ရင္ လူငယ္ေလးတစ္ေယာက္လို ျပဳမူတက္ေလသည္။

"ညေန ဂ်ဴတီမရွိဘူး ညရႉခင္းၾကည့္ဖို႔ ခ်စ္ဇနီးေလးကို လာဒိတ္တာပါဗ်ာ"

"ေကာင္းပါၿပီတဲ့ရွင္"

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"ကိုကို၊မား ကၽြန္ေတာ္ ဒီကို အပီးျပန္လာတာ၊ အရင္က တစ္ႏွစ္တစ္ခါပဲ လာရလို႔ အားနာေနတာ၊ အခု ကိုကို႔ကို မၾကာမၾကာ အေဖာ္လာလုပ္ေပးမယ္ ေနာ္၊ ဒီႏွစ္ေတြမွာ ပါးနဲ႔ တူတူေနခဲ့ေပမဲ့ ဒီႏွစ္ေတာ့ ပါးက ကၽြန္ေတာ္ကို ဒီမွာေနခြင့္ျပဳလိုက္ၿပီ၊ ကိုကို ေနခဲ့တဲ့ ပတ္ဝန္းက်င္က ဘယ္လိုမ်ိဳးလဲ ဆိုတာ ကၽြန္ေတာ္ သိခ်င္တယ္၊ ကိုကိုတက္ခဲ့တဲ့ ေက်ာင္းႀကီးက ေပ်ာ္စရာေတြကို ကၽြန္ေတာ္ ထိေတြ႕ခ်င္တယ္၊ ကိုကိုလို အခ်စ္ဆံုးသူငယ္ခ်င္းေတြရွာၿပီး မိတ္ေဆြဖြဲ႕ခ်င္ေသးတယ္၊ ကၽြန္ေတာ္ လုပ္မဲ့အရာေတြ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ သူငယ္ခ်င္းေတြ ရွိလာမယ္လို႔ ယံုတယ္၊ ကိုကိုေရာ ဘယ္လိုထင္လဲ"

ယွဥ္တြဲၿပီး ရွိေနတဲ့ အုတ္ဂူႏွစ္ခုေပၚက ျပံဳးရႊင္ေနတဲ့ မ်က္ႏွာေလးေတြက နံရံျမဳပ္ ဓါတ္ပံုထဲမွာ ၿငိမ္းခ်မ္းေနေလသည္။

မား၊ ကိုကိုဆံုးၿပီး (၂)ႏွစ္ အၾကာမွာ ဆံုးပါးခဲ့ၿပီး ခ်စ္တဲ့သားႀကီးေနာက္ လိုက္သြားေလသည္။

Wang Shin
အသက္(၁၈)ႏွစ္
၁၉၉၀ -၂၀၀၈

အုတ္ဂူေပၚကေဖာင္းႂကြစာလံုးေလးကို ဖြဖြထိရင္း ဓါတ္ပံုေနရာကို ပြတ္သုတ္ေပးမိသည္။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

#ဖတ္ေပးက်တဲ့ Readernimတို႔ေရ ေက်းဇူးတင္ပါတယ္ေနာ္!
12:43PM
392019
_BLOOM_

🍁🍁🍁🍁🍁🍁Unicode🍁🍁🍁🍁🍁🍁

"Shinnnnnn!!!"

ဆုပ်ကိုင်ထားတဲ့လက်တွေ လွတ်ထွက်သွားတာမို့ အလန့်တကြား အော်လိုက်မိတယ်။

"သခင်လေး သတိရလာပြီ"

မျက်လွှာလို့ ဖြေးဖြေးချင်း ပွင့်လာခဲ့ပြီးနောက် အပြာရောင် မျက်နှာကျက်ကို ဦးစွာမြင်ရတယ်။

ပြီးနောက် အကြည့်တို့ ဘေးဘက်ကို ရွေ့လိုက်တော့ စိုးရိမ်တကြီး ကြည့်နေတဲ့ ပါး နဲ့ အိမ်တော်ထိန်း အပြင် မသိတဲ့သူတွေပါ ရှိနေတယ်။

"ပါး "

"နေသာလားသား ဘယ်နားနာနေလဲ"

"Shinnn Shinကော Yu Bin သူတို့ကော အားး"

"သား သား အရမ်းမထနဲ့ နံရိုး အရိုးအက်သွားလို့ သားငြိမ်ငြိမ်လေး လှဲနေ သားသူငယ်ချင်းတွေ တခြား အခန်းမှာရှိတယ် နေကောင်းရင် သူတို့နဲ့သွားတွေ့ ဟုတ်ပြီလား"

ခန္ဓာကိုယ်ကို အိပ်ယာထက် အသာလှဲစေပြီး ပါးက အခန်းပြင် ထွက်သွားလေသည်။

အခန်းထဲမှာ အိမ်တော်ထိန်း ဘဘကလွဲပြီး ဘယ်သူမှမကျန်တော့တဲ့နောက် ကျွန်တော်လည်း မျက်လုံးတွေ မှေးကျလာကာ အိပ်ပျော်ခြင်းကို ရောက်သွားလေတော့သည်။

နောက်တစ်နေ့ မနက်ရောက်တဲ့အခါမှာတော့ အရာအားလုံးက နောက်ကျသွားပြီ ဖြစ်လေသည်။

"Zhan Zhan !!Zhan Zhan!! "

မနက်စောစော အခန်းထဲကို အသံကျယ်ကျယ်လောင်လောင်ဖြင့် ရောက်လာတဲ့ Yu Bin။

ဂျိုင်းထောက်နဲ့မို့ ခုန်ခုန်ပြီး ထောက်လာပုံက အရေးကြီးနေပုံရပါသည်။

"Yu Bin သက်သာပြီလား"

"မင်း အခုထလို့ မသေသေးဘူးဆိုရင် ငါနဲ့လိုက်ခဲ့ "

ကုတင်ပေါ်က ဆွဲချမတက် ဘေးနားကနေလာပြောနေတာမို့ ဖြေးညှင်းစွာ ထထိုင်လိုက်ပြီး ဒရစ်ပုလင်းချိတ်ထားတဲ့ တိုင်လေးကိုတွန်းကာ Yu Binခေါ်ရာနောက် လိုက်ခဲ့လေသည်။

"Binကြီး ငါတို့ ဘယ်သွားနေတာလဲ ဝေးလား "

ရင်ဘတ်ကိုဖွဖွ ဖိထားရင်း နောက်ကနေမေးတော့ Yu Bin ခြေလှမ်း တုံ့သွားသည်။

"ဒါမှမဟုတ် Shin Shin တစ်ခုခုဖြစ်လို့လား"

ပြန်ဖြေခြင်းမရှိပဲ ရှေ့ကို လှမ်းသွားတဲ့ Yu Binနောက် သွက်သွက် လိုက်ရပါတော့သည်။

"ဖြေလေ Bin Bin!!!"

အမေးတို့ ရပ်တန့်သွားသည်၊ ချိုးကွေ့ဝင်လိုက်တဲ့ အဆောက်အဦးမှာ သွားလာနေကြတဲ့သူတွေက အမျိုးမျိုးသော ပူဆွေးမှုတွေကို ပုံဖော်ကာ ငိုကြွေးနေကြတဲ့သူတွေ ၊ အမဲရောင် အပေါ်အောက် ဝတ်စုံတွေ။

"ဒါ ဒါ ..."

"Z h a n ရ Shin Shin အု မရှိတော့ဘူးကွ အီးဟီး"

ပြောရင်း ငိုချလိုက်သော Yu Binကိုတောင် လှည့်မကြည့်အား၊ လက်က ဆေးထိုးအပ်ကို ဆွဲဖြုတ်လိုက်တော့ ဒုန်းကနဲ အောက်ကျသွားတဲ့ ဆေးချိတ်တိုင်လေး၊ လက်ဖမိုးပေါ်က ဖြာဆင်းသွားတဲ့ သွေးစက်တွေ၊ဘာကိုမှ ကျွန်တော် မမြင်တော့ဘူး၊ ရှေ့တည့်တည့်မှာ ပြုံးပြနေတဲ့ ဓါတ်ပုံ မှန်ဘောင်ထဲက Shin၊ ပန်းရန့ံတွေဆို ကြိုက်ပါတယ်လို့ပြောတဲ့ Shinက ယခုတော့

"ဒါ ဒါ ဘယ်လိုဖြစ်တာလဲ အန်တီ ကျွန်တော်ကို ပြောပါအုန်း"

"သား Zhan သားသူငယ်ချင်းက အန်တီတို့ကို ထားသွားပြီ"

"ကျွန် ကျွန်တော် မယုံဘူး"

ကိုယ်ခန္ဓာက ပြိုလဲကာ ဒူးညွတ်ကျသွားတဲ့နောက် အဖြစ်အပျက်တို့ကို အစ အလယ် အဆုံး တွေးကြည့်သည်၊ အဲ့သည်နေ့က ရိုးရိုး ကား Accidentမှ ဟုတ်ရဲ့လား။

"သား သား Zhan ခုလိုမနေပါနဲ့ကွယ် ငိုချင် ငိုချလိုက် သားသူငယ်ချင်းတွေ့ရင် စိတ်မကောင်းဖြစ်နေပါ့မယ် သားရယ်"

ခပ်ဖွဖွ ဖက်လိုက်တဲ့ အန်တီရဲ့ နွေးထွေးမှုက လက်တလောအပူကို ငြိမ်းစေသည်။

အေးအေးချမ်းချမ်း အပြုံးလေးနဲ့ Shinမျက်နှာလေးကို မျက်လုံးထဲစွဲနေအောင် ကြည့်လိုက်ပြီး လှည့်မကြည့်မစမ်း ပြေးထွက်လာခဲ့တော့ နောက်နားက အော်ခေါ်သံတွေက ကပ်ပါလာတော့သည်။

ဝုန်းးးးးးး!!!!

ရုံးခန်းတံခါးကို ဖွင့်ပြီးဝင်တော့ ပါးကမအ့ံသြသလိုကြည့်လေသည်၊ ကျွန်တော် သိတာနဲ့ ရောက်လာမယ်ဆိုတာ ပါးသိနှင့်နေပြီးသားပဲ။

"အစ်ကို Lu Nyan အခုကိစ္စက ဘာဖြစ်တာလဲ ပြော၊ အစ်ကိုက ကားAccidentမှာ ရှိခဲ့တဲ့ မျက်မြင်သက်သေပဲ ပြောလေ ပြော"

ဆယ်ကျော်သက်ပေမဲ့ (၆)ပေနီးနီး အရပ်ကြောင့် Lu Nyanထက်ပင် အရပ်ကကျော်ချင်နေလေသည်။

ကိုယ်ရေးအရာရှိတစ်ယောက်ကို လည်ပင်းကော်လံစဆွဲကာ ရိုင်းပြနေတာမို့ ဟန့်တားလိုက်ရသည်။

"သား စကားနဲ့ပဲပြော"

ကော်လံစကိုလွှတ်ကာ ပုခုံးနှစ်ဖက်နားကို သပ်ချပေးရင်း ခနဲ့တဲ့တဲ့အပြုံးရင့်တို့က ဖခင်ဖြစ်သူနဲ့ မျက်နှာချင်းဆိုင်တဲ့ထိ မျက်နှာမှာ ဖြစ်တည်နေဆဲပင်။

"ပါးကို မေးမှ ပိုတိကျမှာပေါ့ မဟုတ်ဘူးလား ပါးးး"

"ပြော သားက ဘယ်ကစသိချင်တာလဲ"

"ခုကိစ္စက သွေးရိုးသားရိုး မဟုတ်ဘူးမှတ်လား၊ ဒါပေမဲ့ အန်တီက မသိသလိုပဲ"

"ဟုတ်တယ် သား ကားကို ထိန်းမရအောင် လမ်းလွှဲပြီး နောက်တစ်စီးနဲ့ ညှပ်တိုက်တာ"

"ဘယ်သူလဲ"

အံကိုကြိတ်ကာ မေးကြောများ ထောင်ထလာတဲ့ထိ တည်တင်းနေတဲ့ ပကတိမျက်နှာက အခုပင် တရားခံကို သိရပါက ကိုယ်တိုင်သွားသတ်မယ် ဆိုတာ မြေကြီးလက်ခတ်ရင်တောင် လွဲမယ် ဒီအရာကတော့ အမှန်တရားပင်။

"Xiao wei သားရဲ့လေးလေး ပါးရဲ့ညီ"

"ဟင်????"

ဇာတ်ကြောင်းစုံ သိလိုက်ရပြီးတဲ့နောက် သွေးသားတော်စပ်မှုကြောင့် လက်စားမချေရဘူးလို့ ဘယ်ဥပဒေကမှ မထုတ်ထားသလို ခွင့်လွှတ်ပေးရမယ်လို့လည်း ဘယ်တရားရေးကမှ မသတ်မှတ်ထားပေ။ကုန်ကားသမားကိုတော့ အမှုဖွင့်ပြီး တရားဥပဒေအရ ပါးက ဒီအပတ်မှာပဲ လုပ်ဆောင်ထားပြီးပေမဲ့ အဓိကတရားခံဖြစ်တဲ့ ဦးလေးဖြစ်သူ Xiai Weiကတော့ အဲ့သည်နေ့ကတည်းက ဒီနိုင်ငံက ထွက်ခွာသွားပြီ ဖြစ်လေသည်မို့ ဘဲဥအစရှာမရသလို ဖြစ်နေပါတော့သည်။

အချိန်ကြာလာတာနဲ့အမျှ မကျေလည်မှုတွေက အစိုင်အခဲအဖြစ် တည်ရှိကာ ရယ်မောခြင်းတွေ ပျောက်ဆုံးလာသည်။

ဆယ်ကျော်သက်အရွယ် ပျော်ရွှင်မှုတွေ ရပ်တန့်သွားသည်။

အရင်က ခပ်မိုက်မိုက် ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသားလေး Xiai Zhanက အရာအားလုံးရဲ့အဝေးမှာ တိတ်တဆိတ် နေရတာ အသားကျလာသည်။

အဲ့သည်နှစ်က ကျောင်းမှာ Yu Bin တစ်ယောက်တည်း ပြီးအောင် ကျောင်းဆက်တက်ခဲ့ပေမဲ့ Xiao Zhanကတော့ ပေါ်မလာတော့ပေ။

Xiao Zhan...သူ ဘယ်ရောက်သွားတာလဲ????

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"အားယား သခင်လေး ကျွန်တော် မအားလို့ပါဗျ"

"....................."

တူ တူ တူ ....!

ချသွားတဲ့phကို နားထောင်ရင်း မျက်မှောင်ကြီးကုတ်ကာ နေလိုက်ပြီးမှ တစ်နေရာကို အပြေးသွားလေတော့သည်။

ဒေါက် ဒေါက် ဒေါက်!!!

"ဝင်ခဲ့"

"အဟီး မမငယ် "

"ဆေးရုံမှာ မမငယ်လို့ ခေါ်ကတည်းက ဘာကိစ္စရှိပြီလဲ Binလေး"

"ကျွန်တော် ခွင့်တစ်ပတ်လောက် ယူချင်လို့"

"တစ်ပတ်???သွားရမယ့်ရက်က မရောက်သေးဘူးလေ ယူနေကျက (၃)ရက်မဟုတ်ဘူးလား"

"အဲ့ဒါပြောတာလေ ကျွန်တော်က ရက်မရောက်သေးလို့ ခွင့်မတင်သေးတာ မအားရင် မလိုက်နဲ့လို့ အော်ဟစ်နေတဲ့ တစ်ယောက်ရှိလို့"

"ဟုတ်ပါပြီ မမ စာတင်ပေးမယ် ဖြောင့်ဖြောင့်တန်းတန်းသာသွား ဟုတ်ပြီလား"

"ရေးးး မမငယ်ကို အဲ့ဒါတွေကြောင့် ချစ်တာ မွ!!!"

စားပွဲနားထိ အပြေးလာကာ ပါးကိုရွတ်ကနဲ နမ်းလိုက်စဉ် တံခါးခေါက်သံထွက်လာပြီး ဆရာဝန် တစ်ယောက် ဝင်လာတော့သည်။

"ဂျူတီကုတ်ကြီးဝတ်ပြီး အစ်မကို ချွဲနေတာလား"

"ယောက်ဖ မင်္ဂလာပါ မမငယ် ကျွန်တော် သွားပြီနော် တာ့တာ"

ဂျူတီကုတ်ကြီးတကားကားနဲ့ ခပ်သုတ်သုတ် ထွက်ခွာသွားလေတဲ့ မောင်အငယ်ဆုံးက သူများတွေအမြင်မှာ အသက်ငယ်ငယ်နဲ့ ပါမောက္ခ ရာထူးကို ရထားပေမဲ့ သူငယ်ချင်း မိသားစုတွေရှေ့ကျရင် လူငယ်လေးတစ်ယောက်လို ပြုမူတက်လေသည်။

"ညနေ ဂျူတီမရှိဘူး ညရှူခင်းကြည့်ဖို့ ချစ်ဇနီးလေးကို လာဒိတ်တာပါဗျာ"

"ကောင်းပါပြီတဲ့ရှင်"

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"ကိုကို၊မား ကျွန်တော် ဒီကို အပီးပြန်လာတာ၊ အရင်က တစ်နှစ်တစ်ခါပဲ လာရလို့ အားနာနေတာ၊ အခု ကိုကို့ကို မကြာမကြာ အဖော်လာလုပ်ပေးမယ် နော်၊ ဒီနှစ်တွေမှာ ပါးနဲ့ တူတူနေခဲ့ပေမဲ့ ဒီနှစ်တော့ ပါးက ကျွန်တော်ကို ဒီမှာနေခွင့်ပြုလိုက်ပြီ၊ ကိုကို နေခဲ့တဲ့ ပတ်ဝန်းကျင်က ဘယ်လိုမျိုးလဲ ဆိုတာ ကျွန်တော် သိချင်တယ်၊ ကိုကိုတက်ခဲ့တဲ့ ကျောင်းကြီးက ပျော်စရာတွေကို ကျွန်တော် ထိတွေ့ချင်တယ်၊ ကိုကိုလို အချစ်ဆုံးသူငယ်ချင်းတွေရှာပြီး မိတ်ဆွေဖွဲ့ချင်သေးတယ်၊ ကျွန်တော် လုပ်မဲ့အရာတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းတွေ ရှိလာမယ်လို့ ယုံတယ်၊ ကိုကိုရော ဘယ်လိုထင်လဲ"

ယှဉ်တွဲပြီး ရှိနေတဲ့ အုတ်ဂူနှစ်ခုပေါ်က ပြုံးရွှင်နေတဲ့ မျက်နှာလေးတွေက နံရံမြုပ် ဓါတ်ပုံထဲမှာ ငြိမ်းချမ်းနေလေသည်။

မား၊ ကိုကိုဆုံးပြီး (၂)နှစ် အကြာမှာ ဆုံးပါးခဲ့ပြီး ချစ်တဲ့သားကြီးနောက် လိုက်သွားလေသည်။

Wang Shin
အသက်(၁၈)နှစ်
၁၉၉၀ -၂၀၀၈

အုတ်ဂူပေါ်ကဖောင်းကြွစာလုံးလေးကို ဖွဖွထိရင်း ဓါတ်ပုံနေရာကို ပွတ်သုတ်ပေးမိသည်။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

#ဖတ်ပေးကျတဲ့ Readernimတို့ရေ ကျေးဇူးတင်ပါတယ်နော်!
12:43PM
392019
_BLOOM_

Continue Reading

You'll Also Like

154K 3.7K 31
Tris Pedrad the legendary 'six'. Tris lives in Chicago with her twin brother Uriah and older brother zeke. They go to divergent high. Them and the ga...
582K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.4K 197 7
ဒေါ်လေးနဲ့ အီဟယ်ချန်းက စတာခံရပြီးတိုင်း "မုန်းတယ်" လို့ ခနခနရေရွတ်ဖြစ်တယ် ဒေါ်လေးကို မုန်းတာလည်း မဟုတ်သလို အီဟယ်ချန်းလေးကို မုန်းတာလည်း မဟုတ်တာ သူသိ...
48.8K 1.9K 22
Kokichi Ouma is the leader of one of the most wanted organizations in Tokyo known as D.I.C.E; Shuichi Saihara is a young, but very successful detecti...