အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 241K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 32

62.1K 3.6K 394
By OnyxAriezz

Warning ⚠️:Mature Contents (18+)

>>>>>Unicode<<<<<

ယခုတလော သျှားအိမ်စားရေးသောက်ရေး အဆင်ပြေနေသည်။ မနက်ဆို ဆိုင်လေးဖွင့် ကော်ဖီလေးဖျော်။ ဗူးလေးထဲထည့်ပြီး ချစ်သူအိမ်ကိုသွား။ နှစ်ဦးသား မနက်စာစား။ ပြီးလျှင် သျှားအိမ်က နေ့လယ်စာချိုင့်လေးဆွဲကာ ဆိုင်ကိုပြန်လာ။ လုပ်စရာရှိတာကို လုပ်။ ညနေစောင်းလျှင် တခါပြန်သွား။ ချစ်သူနှင့်အတူ ညစာအတူစား။ ဆေးခန်းရှိသည့်နေ့ဆို စောစောစား။ မရှိသည့်နေ့ဆို ၇ နာရီလောက်မှ စား။ ပြီးလျှင် ချစ်သူနှင့် တီဗီကြည့်လျှင်ကြည့်။ မကြည့်လျှင် စကားစမြည်ပြော။ ၁၀ နာရီဆိုပြန်။ ဟန်ကိုကျလို့။ ဟိုနှစ်ကောင်က ဘီယာဆိုင်သွားရအောင် ခေါ်သည်ကိုတောင် "NO" ဟု ပြတ်ပြတ်သားသားငြင်းခဲ့သည်။

အဲ... ဒီနေ့တော့ ထိုကလေးကြီးက အလုပ်သွားမည်ဟု မနေ့ကတည်းက စစ်ကြေငြာလာသည်။ ထိုသို့ စစ်ကြေငြာနေသည်မှာ သုံးရက်မြောက်ကတည်းက...။ မနည်းပင် ချော့တစ်လှည့်ခြောက်တစ်လှည့် လုပ်ထား၍ တစ်ပတ်၊ခုနှစ်ရက်မျှခံခြင်းဖြစ်သည်။

"ဒါနဲ့ အစ်ကိုသျှန်နောင်တစ်ယောက် သက်သာသွားပြီးလား Boss။"

ဆိုင်တံခါးဝကို မကြာမကြာကြည့်နေသော သျှားအိမ်ကြောင့် နှင်းနှင်း မေးခွန်းထုတ်မိပါတော့သည်။ ယခုတစ်လော Boss တစ်ယောက်ရွှင်လန်းရုံမဟုတ်။ ခေတ်စကားနှင့်ပြောရလျှင် ဖလန်းဖလန်းထနေသည်။ ကြည့်ရသည်မှာ သျှန်နောင်ဆိုသည့် အစ်ကိုကြီးနှင့် အဆင်ပြေသွားသည့်ပုံပင်။ ပြောရမည်ဆိုလျှင် ထိုနှစ်ဦး၏ အကြည့်များကို သူမ အဓိပ္ပာယ်ဖော်ပြီးသွားသည်မှာ ကြာလှပြီဖြစ်သည်။ Boss က Homoမို့ ဘယ်လိုသဘောရလဲ? ဟုတ်လား?? ဒီမေးခွန်းမေးသည့် လူများကို သူမ နားမလည်ပါ။ Boss ၏ ချစ်မှုရေးရာသည် သူမနှင့်မဆိုင်ပါ။ သူမလုပ်ရမည့်အလုပ်ကို အကောင်းဆုံးလုပ်မည်။ အလုပ်အပေါ်ရော၊ အလုပ်ရှင်ပေါ်တွင် သူမ၏ သဘောထားက ပြောင်းလဲခြင်းမရှိပါ။

"အင်း... ဒီနေ့တောင် အလုပ်သွားမယ်ဆိုပဲ။"

ထိုစဉ် မျက်လုံးထောင့်တွင် မြင်လိုက်ရသော ပုံရိပ်ကြောင့် လှည့်ကြည့်လိုက်တော့ သျှန်နောင်။ အနက်ရောင် slim fit shirt နှင့် မီးခိုးရောင် slim fit dress pants ဖြင့် သပ်ရပ်နေသည်။

"ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ်။"

သျှားအိမ်ကခပ်တိုးတိုးရေရွတ်လိုက်သည်။ သျှန်နောင်က အပြုံးနွေးနွေးတစ်ခုဖြင့် သူရှိရာသို့ လျှောက်လာပြီး....

"ကော်ဖီတစ်ခွက်"

"အင်း... သွားထိုင်နှင့်။ မောင်... အဲ... ကျွန်တော်လာခဲ့မယ်။"

သျှားအိမ်မှာ နှင်းနှင်းရှေ့တွင် သတိထားနေသည့်ကြားမှ ထွက်ဖြစ်အောင် ထွက်သွားသေးသည်။ နှင်းနှင်းကတော့ မသိသလိုလုပ်ကာ သျှန်နောင်ကိုသာ ပြုံးပြလိုက်သည်။

"မတွေ့တာကြာပြီနော် အစ်ကို"

"ဟုတ်တယ် နှင်းနှင်း။ တပတ်လောက်တောင်ရှိပြီ"

သျှန်နောင်က နှင်းနှင်းနှင့် ရင်းနှီးနေသည့်အားလျှော်စွာ အာလူးနည်းနည်းဖုတ်ပြီးမှ ခပ်ချောင်ကျကျစားပွဲတွင် ဝင်ထိုင်လိုက်သည်။ သျှားအိမ်ကတော့ မနက်စာအတွက် ပြင်ဆင်ပြီး သျှန်နောင်ရှေ့တွင်ထိုင်ကာ စားစရာများကို ချပေးလိုက်သည်။

သျှန်နောင်က ထုံးစံမပျက် ကော်ဖီနှင့် ခံတွင်းရှင်းပြီးမှ မနက်စာကို စစားသည်။ သျှားအိမ်ကတော့ Tuna Sandwich လေး ကိုက်နေရင်းမှ ဗြောင်ကျကျပင် မျက်လုံးကို အစာကျွေးနေတော့သည်။ သတ္တိရှိခြင်း၏ အကျိုးကျေးဇူးကား ဤသို့ မျက်စိပသာဒဖြစ်ရသော ချစ်သူတစ်ယောက်ရရှိခြင်းအပြင် ကြည်နူးဖွယ်ရာအချိန်များကို ချစ်ရသူနှင့်အတူ ဖြတ်သန်းရခြင်းပင်။

"မောင်... မျက်လုံးကြီးလည်း ကျွတ်သွားဦးမယ်။ ကိုယ်သိက္ခာကိုယ်လည်း ထိန်းဦး။"

"ကိုကလည်းကွာ ကိုယ့်ချစ်သူကိုယ်ကြည့်တာပဲ.... သိက္ခာထိန်းရအောင် ဘုန်းကြီးလည်း မဟုတ်။"

"ဘုန်းကြီးမဟုတ်လို့ပေါ့။ ဟုတ်လို့ကတော့ ကန်တော့ဆွမ်းပဲ။"

"ဘာကို ကန်တော့ဆွမ်းမှာလဲဟင်။"

"သိချင်တယ်လား။"

"အင်း... သိချင်တယ်။"

"ဒါဆို စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်။ ပြန်ရင်သိရမယ်။"

သျှားအိမ် သိလိုက်ပါပြီ။ သူ့၏ မနက်ခင်းအားဆေးအတွက် ကန်တော့ဆွမ်းကပ်ခံထိတော့မည်။

"ကိုနော်... ငရဲကြီးမယ်။"

"ဘာကိစ္စ ငရဲကြီးမှာတုန်း"

"ဪ... မောင်က ကို့ရဲ့အနမ်းနဲ့ ခွန်အားယူနေရတာလေ။ အဲဒီလိုကြီး ကန်တော့ဆွမ်းကပ်ရင် ကို ငရဲကြီးမှာပေါ့။"

"ကြီးပါစေ။ ပြဿနာ မရှိဘူး။"

"မောင်ကတော့ ပြဿနာရှိတယ်။ ကို့ဆီက အနမ်းကိုမရရင် မောင် တစ်နေ့လုံး ညိုးနွမ်းနေတော့မှာ။ ကို မြင်ယောင်ကြည့်စမ်းပါ။ ဘယ်လောက် သနားစရာကောင်းသလဲလို့။"

သျှားအိမ်က သနားဖွယ်ရာ မကောင်း၊ကောင်းအောင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ပြောလာလျှင် သျှန်နောင်မှာ မပြုံးမရယ်ပဲ မနေနိုင်တော့။ ပုလဲကဲ့သို့သော သွားဖြူဖြူလေးများပေါ်သည်အထိ ရယ်မောမိတော့သည်။ သို့သော် ချက်ချင်းဆိုသလို မျက်နှာကို တည်လိုက်ပြီး....

"ကို မြင်ယောင်ကြည့်လို့မရဘူးဖြစ်နေတယ်။ ဒီတော့ သေချာမြင်ရအောင် မပေးဘဲထားရမယ်။"

ဒီလူကြီးဟာလေ။ ဒီလောက်လက်ပေါက်ကပ်လိမ့်မည်ဟု တစ်ခါမျှမထင်ခဲ့။

"ကို...! တောင်းနေတုန်းမှာ အသာတကြည့်ပေးနော်။ နို့မို့ဆို မောင်က လုမှာ။ နောက်မှ မောင်သိပ်ရက်စက်တယ်တွေ ဘာတွေမလုပ်နဲ့။ အလဲ့..."

သျှားအိမ် ကိုယ်အပြောကိုကိုယ် သဘောကျစွာ ရယ်မောလိုက်တော့ သျှန်နောင်ထံမှ ဘုကြည့်တို့က ဒုန်းခနဲရောက်လာသည်။

"လုရဲလုကြည့်ပါလား။ ခင်ဗျားလေးက သျှန်နောင်ကို ဘာများမှတ်လို့လဲ။"

သျှန်နောင်က နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးကာ ပြောလာသည်။ ဒီလူကြီးက ကြောက်အောင်လည်း ခြောက်ချင်သေးသည်။ မခြောက်လည်း မခြောက်တတ်။ သျှားအိမ်မှာ ထိုလူကြီး၏ မျက်နှာကို ကြည့်ကာ အသည်းတယားယား။ ဘယ်သူမှမရှိလျှင် ဒီလူကြီး၏ နှုတ်ခမ်းတွေကို ကောင်းကောင်းကြီးရန်ရှာပစ်လိုက်မည်။

"ကိုရယ် ခြောက်မယ်ဆိုလဲ ကြောက်အောင်ခြောက်စမ်းပါ။ ဒီကောင့်မှာ ခင်ဗျားရုပ်ကိုကြည့်ပြီး ပစ်မှားနေရတာ ငရဲကြီးလွန်းလို့။"

သျှန်နောင် မျက်စောင်းကို အားကုန်သုံးကာ ထိုးပစ်လိုက်ပါတော့သည်။ အဲ့ဒီ ပြောင်ချော်ချော်မျက်နှာက မြင်ပြင်းကပ်စရာကောင်းသလောက် ထိုလူ၏ ဖြစ်တည်မှုက သူ့နှလုံးသားကို အချစ်တို့ဖြင့် ပြည့်လျှံစေသည်မှာ ဆိုးလှသည်။

"ဘာလဲ အရှုံးပေးပြီလား။ ဒါဆို လျော်ကြေးက နှစ်ဆနော်။"

"နိုင်လို့ရှိရင်ကော မောင်က လက်ဗလာနဲ့နေခဲ့မှာကျနေတာပဲ။"

"အဟက်...."

သျှန်နောင် ပြောသည်မှာ အမှန်ဖြစ်၍ သျှားအိမ် ရယ်ကျဲကျဲသာလုပ်နေလိုက်ပါသည်။

"ဒါနဲ့ ညနေအိမ်မှာ ထမင်းလာစားလေ။ မောင့်အကြိုက် ငါးရံ့တုပ်ဟင်းချက်ခိုင်းထားတယ်။ မောင်ကို အပြန်ကျရင် ဝင်ခေါ်မယ်။"

"အင်း... မောင်ကိုယ့်ဖာကိုယ်လာခဲ့မယ်လေ။ မနက်ဖြန် Valentine's Day အတွက် ဆိုင်ကို decoration လုပ်ရဦးမယ်။ ပြီးတော့ ကိတ်မုန့်အော်ဒါတွေလည်းရှိတယ်။ ဒါကြောင့် နည်းနည်းနောက်ကျမှ လာခဲ့မယ်လေ။"

"အာ... မောင်ပြောမှ သတိရတယ်။ ကို့ဆိုင်လည်း မနက်ဖြန်ကျရင် မင်္ဂလာဧည့်ခံပွဲတစ်ခု လက်ခံထားတယ်။ Decoration သမားတွေ ဘယ်အချိန်လာမလဲမသိဘူး။"

"ကိုနော်... မနေ့က မောင့်ပေးထားတဲ့ ကတိကို မေ့မနေနဲ့ဦး။ အလုပ်လုပ်တာတော့လုပ်။ ဒါပေမယ့် decoration တွေ ကိုယ်တိုင်လုပ်မနေနဲ့ဦး။"

"အင်းပါ။ ကဲ... ၈နာရီလည်း ခွဲပြီဆိုတော့ သွားဦးမှ"

သျှန်နောင်က လက်ပတ်နာရီလေးကို ကြည့်ကာ ကော်ဖီကို ကောက်မော့လိုက်သည်။ သျှားအိမ်က ထိုလူ၏ ထူးခြားသော အမူအကျင့်လေးကို သတိမထားပဲမနေနိုင်။ လူတိုင်းလိုလို ဖုန်းကိုင်နိုင်သည့်ခေတ်ထဲတွင် နာရီဆိုသည်မှာ လူအနည်းစုသာ ဝတ်ဆင်ကြပြီး ထိုအနည်းစုထဲမှ အများစုက အလှအပအဆောင်အယောင်တစ်ခုအနေနှင့်သာ ဝတ်ဆင်ကြသည်။ သို့သော် ဒီလူကဲ့သို့ အိမ်မှာနေလျှင်တောင်မှ လက်ပတ်နာရီပတ်ထားတတ်သည့်လူတော့ လူတစ်သိန်းတွင်တောင် တစ်ယောက်ရှိပါ့မလား။

"Mr. Cinderella ရယ် ဖြေးဖြေးလည်းသောက်ပါ။ သီးကုန်ပါမယ်။"

"အဟွတ်ဟွတ်..."

သျှန်နောင်မှာ Mr. Cinderella ဟုသော အမည်ကြောင့် သီးသွားရသည်။

"မောင် ပြောတယ်မဟုတ်လား။ ဖြေးဖြေးသောက်ပါလို့။"

"အဟွတ်ဟွတ်... ဘာကြီး???"

သျှန်နောင်၏ အဆက်စပ်မရှိသော မေးခွန်းကြောင့် သျှားအိမ်မှာ ကြောင်တောင်တောင်ဖြစ်သွားပြီး...

"ဘာကို ဘာကြီးလဲ???"

"Mr... ဘာ???"

"ဪ... Cinderella လေ။ ကိုက မနက်၈နာရီခွဲရင် ဟောဒီက မင်းသားလေးနားက ပြေးဖို့ပဲ တာစူနေလို့လေ။"

"အဟားဟား... သူ့ကိုသူများ မင်းသားလေးတဲ့ မောင်ဟာလေ တော်တော့်ကို မရှက်တတ်တာပဲ။"

"ဒါကတော့ ချစ်သူချင်း ဘာရှက်စရာရှိလဲ။ လင်မယားဖြစ်ရင် ဒီ့ထက်တောင် အရှက်ကုန်မယ့် ကိစ္စတွေတွေ့ရဦးမှာကို...။"

သျှားအိမ်က စပ်ဖြီးဖြီးနှင့်ပြောနိုင်သော်လည်း သျှန်နောင်ကတော့ မျက်နှာပူလွန်းလို့ ဘယ်မှာထားရမှန်းမသိ။ အမျိုးသားတစ်ဦးနှင့် အပျော်အပါးဆက်ဆံရေးသည် ယခင်ကတော့ သာမန်ကာလျှံကာသာ ခံစားရသော်လည်း ဤသို့သော အခြင်းအရာမျိုးကို ချစ်ရသူနှင့်ကျတော့...။ တွေးရင်းတောင် ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်လောက်အောင် ရင်ဖိုမိပါသည်။ သို့သော် ရုပ်ကိုတည်နိုင်သမျှတည်ကာ...

"ဘယ့်နှယ့် လင်မယားလဲ။"

"ဪ... ကိုရယ်... မောင်က ကို့ကို ရည်ရွယ်ထားပါတယ်ဆိုတော့မှ "လင်မယား" ကိစ္စအထိပါတာပေါ့လို့။"

သျှားအိမ်ကတော့ သျှန်နောင်၏ မရမကတည်ထားသော မျက်နှာရဲရဲလေးကိုကြည့်ကာ မိမိရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ချင်စိတ်များကို မနည်းထိန်းနေရသည်။

"မောင်... လူကြားထဲမှာနော်။ တော်ပြီ။ သွားတော့မယ်။"

"ဟေ့... နေပါဦးကွာ။ မောင့်ကို ကြည့်စမ်းပါဦး။"

သျှားအိမ်က ထပြေးရန်ကြံနေသော သျှန်နောင်၏ လက်ကိုဆွဲကာ နေရာမှာပင် ပြန်ထိုင်စေသည်။ ထို့နောက် မျက်လုံးခြင်းဆုံအောင်ကြည့်ကာ တည်ကြည်သော မျက်နှာဖြင့်...

"မောင် ကို့ကို ချစ်တယ်။ အရမ်းချစ်တယ်။ ကိုနဲ့ပဲ တစ်သက်လုံး နေသွားချင်တယ်။ ဒါ မောင့်ရင်ထဲက လာတဲ့ မှန်တဲ့စကားပဲ။ ကို့ကို ဒါလေးပဲ သိစေချင်တာပါ။"

သျှားအိမ် မိမိရင်ထဲမှ ခံစားချက်တို့ကို ချစ်ရသူကို နားညောင်းစေရုံဆန္ဒသာ ရှိပါသည်။ သို့သော် မမျှော်လင့်စွာပင် ထိုသမင်မျက်လုံးများအား မှောင်မိုက်နေသော အရိပ်တခုဖုံးလွှမ်းသွားပြီး...

"အင်း... ကိုလေ... ဒီတခါသာ ထပ်ဖြစ်ရင် ကို တကယ်သေမှာ..."

သက်ပြင်းသံသဲ့သဲ့ကြားမှ ရေရွတ်သံကြောင့် သျှားအိမ် နားမလည်စွာဖြင့် ထိုမျက်ဝန်းအိမ်ထဲတွင် အဖြေရှာနေမိပါသည်။ ကြောက်ရွံမှု၊ နာကျင်မှု၊ မောပန်းနွမ်းနယ်မှု၊ စိတ်ပျက်အားငယ်မှုတို့နှင့် ပြည့်လျှံနေသော ထိုအရိပ်မည်းသည် ချစ်ခြင်းမေတ္တာတည်းဟူသော အလင်းတန်းနှင့် ကြောက်ခမန်းလိလိ အားပြိုင်နေပါပကော။ မဟုတ်သေးပါဘူး။ ဒီအရိပ်မည်းတွေက ဘယ်ကရောက်လာတာလဲ။

"ကို... ကို... မောင့်ကို ကြည့်။ သေချာကြည့်။ မောင့်ကို ချစ်လား။"

သျှန်နောင်၏ လက်များကို ခပ်ဖွဖွနှိပ်နယ်ကာ အာရုံပြောင်းလိုက်ပါသည်။ အောင်မြင်သည်ဟု ပြောရမည်။ ထိုသမင်မျက်ဝန်းများက ကြည်လင်လာပြန်သည်။

"အင်း... ချစ်တယ်။"

"ကို မောင့်ကို တစ်သက်လုံးစာ မစဉ်းစားဖူးလား။"

သျှန်နောင် မေးခွန်း၏ အဓိပ္ပာယ်ကို ဦးနှောက်မှ မတွေးမိခင်မှာပင် နှလုံးသားက အလိုလျှောက်ဖြေကြားလိုက်သည်က...

"စဉ်းစားတာပေါ့....."

ထိုအဖြေက သျှန်နောင်အား ပို၍ခြောက်ခြားစေသည်။

"ဒါပေမယ့်... ကို အင်း... မောင် မသိဘူးနော်။ မောင် သိတဲ့အချိန်ကြရင်... အင်း... ကို တကယ့်ကို မသိတော့ဘူး။"

အထစ်ထစ်အငေါ့ငေါ့ဖြင့် အမြီးအမောက်မတည့်သော စကားနှင့် ပတ်လည်ချာလပတ် ရမ်းနေသော ထိုလူကြောင့် သျှားအိမ်သက်ပြင်းချလိုက်ပါသည်။ ဒီလူတစ်ခုခုတော့ တစ်ခုခုပင်။

"ကို... မောင် ပြောမယ်။ မောင့် ကိုကြည့်...."

သျှားအိမ် သျှန်နောင်၏ လက်တို့ကို တင်းတင်းဆုပ်ကိုင်ကာ အမိန့်ဆန်ဆန်ပြောလိုက်သည်။ ထိုအခါကျမှ သျှန်နောင်၏ အစိုးမရတော့မတတ်ဖြစ်နေသော အကြည့်တို့က ပြန်လည်တည်ငြိမ်လာသည်။

"မောင်တို့ တစ်ဦးကို တစ်ဦးရည်ရွယ်တယ်ဆိုရင် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ပဲ တွေး။ တခြားဘာမှ မတွေးနဲ့။ ဘာဆို ဘာမှမတွေးနဲ့။ ကြားလား။"

သျှန်နောင် ပင်လယ်ပြင်ကို မောပန်းစွာဖြင့် တစ်ကိုယ်တည်းလက်ပစ်ကူးခတ်နေရင်းမှ ကယ်တင်ရှင်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

"မောင် ပြောတာကြားလား။"

"အင်း"

သျှန်နောင်က ပုတ်သင်ညိုလေးလို ခေါင်းညိတ်လိုက်တော့ သျှားအိမ် သဘောကျစွာ ဆံပင်များကို ဆွဲဖွလိုက်သည်။ ဆီမလိမ်းထားသဖြင့် နဂိုကတည်း ခပ်ပွပွဖြစ်နေသော ထိုဆံပင်များသည် ပို၍ပွယောင်းသွားသော်လည်း သူ့အတွက်ကတော့ ဒီလူသည် ဘာဖြစ်ဖြစ် ချစ်စရာကောင်းနေသည်မှာ ခက်လှသည်။

"ကဲ... မောင် လိုက်ပို့ပေးမယ်။"

သျှန်နောင်မှာ လမ်းပြနှင့်တွေ့သည့် လမ်းပျောက်နေသူတစ်ဦးကဲ့သို့ သျှားအိမ် ခေါ်ဆောင်ရာသို့ လိုက်ပါလာတော့သည်။ ကားနားရောက်မှ သူတို့နှစ်ဦး လက်ချင်းတွဲထာသည်ကို သတိရကာ....

"အင်း.... လူတွေတွေ့ကုန်ပြီနဲ့တူတယ်။"

သျှားအိမ် ထိုစကားကြောင့် ပြုံးလိုက်ပြီး....

"တွေ့ပေါ့။ ဘာဖြစ်လဲ။ ဒီလူက ကျွန်တော့်ရဲ့ ချစ်သူလို့တောင် ကြော်ငြာပြီးသားဖြစ်သေး။"

သျှန်နောင်က မျက်မှောင်လေးကြုတ်ကာ ကြည့်နေသဖြင့် သျှားအိမ်ရယ်လိုက်မိသည်။

"တော်ပြီ... တော်ပြီ... သွားတော့မယ်။ မမိုး ကို့ကို မျှော်နေလောက်ပြီ။"

သျှန်နောင်က ပြောပြောဆိုဆို ကားပေါ်တက်သွားတော့သည်။

"ဘာ...သွားတော့မယ်လဲ ကိုယ့်ချစ်သူကို အားဆေးပေးရဦးမယ်လေ။"

သျှားအိမ်က ကားပြတင်းပေါက်မှ ခေါင်းလျိုကာ နှုတ်ခမ်းကြီးထော်ကာ ပြောလိုက်လျှင် သျှန်နောင်က နှုတ်ခမ်းချင်းဖိကပ်လိုက်သည်။

"ကပ်စီးနဲလိုက်တာ... စိတ်ပါလက်ပါပေးစမ်းပါ။"

သျှန်နောင် မကြည်သလို တစ်ချက်ကြည့်လိုက်ပြီး ထို complain တက်နေသော နှုတ်ခမ်းတို့ကို အားပါးတရနမ်းရှိုက်လိုက်ပါသည်။

"ကဲ... ရပြီလား။"

"ဟုတ်ကဲ့ပါ ခင်ဗျာ။ ဖြေးဖြေးမောင်းပါ။"

"အင်း... ညနေတွေ့မယ်နော်။"

"အင်း... တွေ့မယ်။ ချစ်တယ် ချစ်သူ။"

"ချစ်တယ်မောင်။"

သျှားအိမ် သျှန်နောင်၏ ကားနောက်မြီးလေးကို ကြည့်ကာ သက်ပြင်းချမိပါသည်။ တချိန်တည်းမှာပင် သျှန်နောင်သည်လည်း သျှားအိမ်နည်းတူ အသက်ပြင်းပြင်းရှူလိုက်ပါသည်။ ထို့နောက် ဒေါက်တာငြိမ်းဟန်နှင့် စကားပြောရန် လိုအပ်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပါသည်။

သျှန်နောင် ဆိုင်သို့ရောက်လျှင် အားလုံးက သူ့ကို သေရွာကပြန်လာသလို သောင်းသောင်းဖြဖြကြိုဆိုကြသည်။ မမိုးကတော့ သူ့ရုံးခန်းထဲအထိလိုက်ကာ ဖြစ်ပုံအသေးစိတ်ကို မေးပြီး...

"အားချင်းက တကယ်ကြီး အဲ့ဒီလုပ်တယ်" ဟုဆိုကာ အံ့သြနေရှာသည်။

တကယ်တမ်းဆို သူ့ကျေးဇူးက အားချင်းအပေါ်အများကြီးရှိသည် မဟုတ်လား။ ဤသည်ကိုမထောက် သူ့အပေါ်ကျေးစွတ်ရဲသော ထိုသကောင့်သားကား ရဲစွမ်းသတ္တိရှိလှပေစွ။

"ဒါဆို နင့်ကို အစ်ကိုကြီးက ဆုံးမဖို့ စဉ်းစားပုံပဲ။ သတိထားနော် သျှန်နောင် ဒီလူကြီးက တို့အရင်အစ်ကိုကြီးလို စည်းကမ်းတွေ၊ ဝတ္တရားတွေ သိပ်နားလည်တာ မဟုတ်ဘူး။"

"အင်း"

ဦးမြတ်ဘုန်းလျှံ စည်းကမ်းမရှိသည်ကို သူကောင်းကောင်းသိပါသည်။ ထို့‌ကြောင့်လည်း အရင်အစ်ကိုကြီးလက်ထက်က လူကောင်းအားလုံးလိုလို သူရမြတ်စံလက်အောက် ရောက်ကုန်ခြင်းဖြစ်ပါသည်။ ဒါလည်း သူ့အတွက် တမျိုးတစ်ဖုံတော့ကောင်းသည်။

သူ့အပေါ်တွင် တင်ရှိနေသော အသက်ကြွေးကြောင့် သူရမြတ်စံမှာ အသက်ရှင်သမျှကာလပတ်လုံး သူ့အား လုံခြုံမှုပေးမည့်အပြင် လိုအပ်ပါလျှင် ကျောထောက်နောက်ခံပါပေးမည်ဟု ကတိရှိထားသည်။ ထို့ပြင် ဦးမြတ်ဘုန်းလျှံနှင့် ပတ်သက်၍ မကူညီနိုင်လျှင်တောင် အားချင်းလို ပြန်ပုန်ကန်မည့်သူမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဦးမြတ်ဘုန်းလျှံက သူရမြတ်စံကို ခေါင်းပုံဖြတ်တာ များလွန်းနေပြီဖြစ်ပြီး သူရမြတ်စံက အခွင့်ရလျှင် ပြန်ကန်ရန်ချောင်းနေသည်ကို သူ အသိဆုံး။ တဖန် သူရမြတ်စံအား အားချင်းလို ခြိမ်းခြောက်ကြိုးကိုင်ဆိုသည်မှာ မဖြစ်နိုင်။

"ဒါနဲ့ ချူးဝေနဲ့ရောတွေ့သေးလား သျှန်နောင်"

"အင်း.... အားချင်းနဲ့ ကိစ္စပြီးတဲ့ နောက်တစ်နေ့... အိမ်ကို ကားပြန်လာပို့ရင်းနဲ့တွေ့တယ်။ ဘာလို့လဲ?"

"သူ နင့်ကို ဘာပြောသေးလဲ။"

"ဘာကို ဘာပြောရမှာလဲ။"

မမိုး၏ အကြည့်များက ထူးဆန်းနေသည်။ သူ့များ လိမ်နေသလားဟု စူးစမ်းနေသော အကြည့်များနှင့်...

"သူ နင့်ကို ဘာမှမပြောဘူးပေါ့?"

"ဟင့်အင်း... ဘာလို့လဲ။"

"ဘာမှ မဟုတ်ပါဘူး။"

မမိုး တစ်စုံတစ်ရာကို ကွယ်ဝှက်နေသည်မှန်း သူသိပါသည်။

"ဒါဆို ဘာကိစ္စနဲ့ ကျွန်တော့်ကို သိလား ဘာလားတွေမေးနေတာလဲ။ ပြော... ဘာကိစ္စလဲ။"

သျှန်နောင် မျက်မှောင်ကြုတ်၍ ရုပ်တည်ကြီးနှင့်မေးမှ မမိုးက သက်ပြင်းချကာ...

"သျှန်နောင် ဒီကိစ္စ ငါပြောတယ်လို့ မပြောနဲ့နော်။ နောက်ပြီး သူ့ဘက်က မပြောမချင်း မသိသလိုသာနေသိလား။"

"အင်း..."

ဘာကိစ္စမို့ ဒီလိုကတိတောင်းနေသလဲမသိပါ။

"ချူးဝေကလေ ကောင်လေးငယ်ငယ်လေးတစ်ယောက်နဲ့ ငြိနေတယ်တဲ့။ နောက်ပြီး အဲ့ဒီ့ကောင်လေးက သူ့သားလောက်ပဲရှိတယ်။ ဒါပေမယ့် အတည်တဲ့။"

"ဘုရား... ချူးဝေက? တကယ်ကြီး???"

"အင်း..."

မမိုးက မသက်မသာဖြင့် ခေါင်းညိတ်ပြလိုက်လျှင် သျှန်နောင်မှာ သူများ ရူးသွားပြီလားဟု သံသယပင်ဝင်လာသည်။ မဖြစ်... မဖြစ်။ ဒေါက်တာ ငြိမ်းဟန်နှင့် appointment မြန်မြန်လုပ်မှ။ ရူးကြောင်ကြောင်စကားတွေတောင် ကြားနေရသည်။ ချူးဝေဆိုသည် ပွေသည့်ရှုပ်သည့်နေရာတွင် ထိပ်ခေါင်တင်။ မိန်းမလှများဆိုလျှင် သူနှင့် ကင်းလွတ်သူမရှိလောက်အောင် ခြေရှုပ်တတ်သူဖြစ်သည်။ သို့ရာတွင် တခါတရံလည်း ယောက်ျားလေးတချို့နှင့် ရလျှင်ရသလို အပျော်ရှာတတ်သေးသည်။ ယခုတော့ ထိုကဲ့သို့သော လူက ကောင်လေးတစ်ဦးနှင့် အတည်တကျကြီးတွဲနေသည်ဆိုသည်မှာ အနောက်အရပ်မှ နေထွက်သည်ထက်ပင် စိတ်ဝင်စားဖို့ကောင်းလှသည်။

"ဘယ်က ကောင်လေးလဲ။"

"အဲ့ဒါကတော့ သူ နင့်ကို ပြောလာမှပဲကြည့်တော့။"

သျှန်နောင် နားမလည်စွာဖြင့် မမိုးကိုကြည့်လိုက်တော့ မမိုးကား မနက်ဖြန် မင်္ဂလာပွဲအတွက် Dinner room ကို arrange လုပ်ရန်ဟုဆိုကာ ထွက်သွားတော့သည်။

သူလည်း မမိုးအား ဝိုင်းကူပြီးသည်နှင့် ရှင်းစရာရှိသည်ကို ရှင်းရန် ဦးမြတ်ဘုန်းလျှံ၏ လူယုံရှိရာ အနှိပ်ခန်းသို့ ထွက်ခဲ့တော့သည်။ ဟိုရောက်တော့ ရေကန်အသင့်ကြာအသင့် ပြောရမလားမသိ ဆိုင်ဝန်းထဲရှိ ကားပါကင်တွင်ရပ်ထားသော အစ်ကိုကြီး စီးနေကျကားကို တွေ့လိုက်သဖြင့် ခပ်ထေ့ထေ့ပြုံးသည် ထို့နောက် Spa Reign ဟု ဆိုင်ဘုတ်တင်ထားသော ခေတ်မှီ၍ ခမ်းနားစွာ ပြင်ဆင်ထားသော အဆောက်အဦးထဲသို့ ဝင်ခဲ့သည်။

"ဘာကိစ္စရှိလို့လဲ အစ်ကို။ ညီမတို့ ဘယ်လို ဝန်ဆောင်မှုမျိုးပေးရမလဲ။"

အမှောင်ဖုံးသည့် Spa တို့၏ ထုံးစံအတိုင်း reception မှ မိန်းကလေးက ခပ်ငြုငြုလေသံဖြင့် မေးလာသည်။

"ငါ အစ်ကိုကြီးနဲ့ ပြောစရာရှိလို့လာတာ။"

"အစ်ကိုကြီး?"

သူမက အူတူတူငြူတူတူလုပ်နေလျှင် သူ စိတ်မရှည်တော့...

"မင်းရဲ့ ခေါင်းရဲ့ ဆရာ။ အခုလက်ရှိရောက်နေတဲ့လူ။ ကားနံပါတ် xxxxxx နဲ့လာတဲ့လူ။"

သျှန်နောင်၏ အငေါ်တူးသော စကားအဆုံးတွင် သူမ မျက်နှာမှာ ချက်ချင်းပြောင်းသွား သူကို့ မျက်ထောင့်နီဖြင့် ကြည့်ကာ ပမာမခန့် မျက်နှာပေးဖြင့်....

"ဒီတော့ ကျွန်မက ဘာလုပ်ပေးရမှာလဲ။"

"အဲ့ဒီ့လူဆီ ငါ့ကို လိုက်ပို့"

"sorry ပဲ... ကျွန်မတို့က ဘယ်ပေါက်လွတ်ပဲစားကိုမှ အထဲအဝင်မခံဘူးရှင့်။"

သူမက မချေမငံပြောကာ တံခါးဝမှလူကို လှမ်းမျက်ရိပ်ပြလိုက်သည်။ သျှန်နောင်က ခပ်လှောင်လှောင်ပြုံးကာ ကောင်တာပေါ်မှ သူမ၏ လက်ချောင်းများကို ဖမ်းကိုင်လိုက်ပြီး အားဖြင့် နောက်သို့လှန်လိုက်သည်။ ဤတွင် ထိုလက်ချောင်းတို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြောင်းခနဲမည်သံဖြင့်အတူ အသွင်သွင်ကျိုးကုန်တော့သည်။

"ဖြောင်း...!"

"အား..."

ထို့နောက် နာကျင်မှုဖြင့် ရှေ့သို့ငိုက်ကျလာသော သူမကို ကုပ်မှဆွဲကာ counter top နှင့် ဖိကပ်ထားလိုက်သည်။ သျှန်နောင်အား ဖမ်းချုပ်ရန် ကပ်လာသော လုံခြုံရေးများမှာ ဘာလုပ်ရမှန်းမသိဖြစ်ကုန်သည်။

"ဟေ့.. ဟေ့လူ..."

"ဟေ့လူ... ဘာလုပ်တာလဲ။ လွှတ်လိုက်စမ်း။ ကျုပ်တို့ ရဲခေါ်လိုက်ရမလား။"

သျှန်နောင်မှာ ရဲခေါ်လိုက်ရမလားဟူသော စကားကြောင့် ရယ်မောကာ....

"ခေါ်လိုက်လေ။ ခေါ်လိုက်ပေါ့။ ဒါမှ မင်းတို့ -ာတန်းတစ်တန်းလုံး ပိုစည်ကားသွားမှာ... အဟားဟား"

ထိုစဉ် အဖြူရောင် ဟာဝေယံရှပ်နှင့် လူတစ်ဦးရောက်လာပြီး...

"ယက္ခ?"

ထိုသူက သူရှာနေသော ဦးမြတ်ဘုန်းလျှံ၏ လူယုံစနေထွန်း။ ကြည့်ရသည်မှာ ဆူဆူညံညံအသံများကြောင့် လာစူးစမ်းဟန်တူသည်။

"အေး.... အစ်ကိုကြီး ဘယ်မှာလဲ။"

"အထဲမှာ ရှိတယ်။ ဘာကိစ္စလဲ။"

"ဘာကိစ္စရမှာလဲ။ စကားပြောစရာရှိလို့ပေါ့။ ဘာလဲ? ငါ့ပုံက မင်းရဲ့ -ာတန်းက -ာသည်မတွေဆီလာတဲ့ ပုံပေါက်နေလို့လား။"

သျှန်နောင် ရင့်ရင့်သီးသီးပင် ပြောပစ်လိုက်သည်။ နေကပူရသည့်ကြားထဲ ဒီစကားတခွန်းကို ထပ်ခါထပ်ခါပြောနေရသည်။ အလိုလိုနေရင်းက မရှည်သော သူ့စိတ်တို့သည် ဒေါသတို့လွမ်းစပြုလာလေပြီ။ စနေထွန်းကတော့ အေးတိအေးစက်ပင်။ သူ့လက်ထဲမှ receptionist ကိုပင် သတိထားဟန်မတူ။

"ကောင်းပြီလေ။ ငါနောက်လိုက်ခဲ့။"

စနေထွန်းက ခေါင်းတစ်ချက်ငြိမ့်ကာ အတွင်းထဲသို့ဝင်သွားသည်။ သျှန်နောင်လည်း ထို receptionist ကို လွှတ်ကာ စနေထွန်းနောက်သို့ လိုက်ခဲ့ပါသည်။ ထို့နောက် အခန်းတစ်ခုရှေ့တွင်ရပ်ကာ တံခါးဝနားမှ intercom ဖြင့် အထဲသို့ ခေါ်လိုက်သည်။ ခဏကြာလျှင် အထဲမှ အမျိုးသမီးအသံတစ်သံက...

"ဘာကိစ္စလဲ"

"အစ်ကိုကြီးကို ပြောလိုက် ယက္ခရောက်နေတယ်။"

"ယက္ခ?"

သူမက မသိသလို ရေရွတ်လိုက်ပြီး intercom မှ ပျောက်သွားသည်။ စက္ကန့်ပိုင်းမျှ အကြာတွင်...

"ကိုထွန်းရော သူရော ဝင်ခဲ့ပါတဲ့"

ထို့နောက် အတွင်းမှ တံခါးဖွင့်သံနှင့်အတူ တံခါးပွင့်သွားတော့သည်။

"မင်း ရီတီးယားတားလုပ်ဖို့ စိတ်မကူးနဲ့နော် ယက္ခ။ ငါသတိပေးလိုက်ပါရဲ့။"

စနေထွန်း၏ သတိပေးချက်ကြောင့် နှုတ်ခမ်းတစ်ဖက်ကွေးကာ ပြုံးပြလိုက်ပါသည်။ ဤသည်က လုံလောက်သော တုံပြန်မှုတခုသာ။ ဘယ်သူဘာပြောပြော လိုအပ်လာလျှင် မည်သူမဆို အမှုန့်ချေပစ်ရန် ဝန်မလေးသည့် သဘော။

အခန်းထဲရောက်လျှင် ဦးမြတ်ဘုန်းလျှံကား ရေချိုးခန်းသုံးအင်္ကျီတစ်ထည်ကို ကိုယ်တွင်ဝတ်ဆင်ထားပြီး အခန်းထဲရှိ ဆိုဖာပေါ်တွင် ဝိုင်ကို ဇိမ်ယူကာ သောက်နေသည်။ သူ၏ ခြေရင်းတွင်းမိန်းမလှလေး နှစ်ဦးက ခြေထောက်ကို နှိပ်နယ်ပေးနေသည်။

"ထိုင်... သျှန်နောင်"

သျှန်နောင်က ဦးမြတ်ဘုန်းလျှံ ညွှန်ပြသည့်ဆိုဖာတွင် ဝင်ထိုင်လိုက်သလို စနေထွန်းက သူ၏ နောက်တွင် အသင့်အနေအထားဖြင့် မတ်တပ်ရပ်နေသည်။

"ပြော... ဘာကိစ္စလဲ"

ဦးမြတ်ဘုန်းလျှံက မသိသလိုပင် စကားစလိုက်လျှင် သျှန်နောင်က ပုံမှန်လေသံဖြင့်...

"အစ်ကိုကြီးများ အားချင်းအကြောင်းသိမလားလို့။"

"အေး... ကြားတယ်လေ။ မင်းနဲ့ တုတ်တပြက်ဓါးတပြက်ဖြစ်ကြလို့ဆို?"

"ဟုတ်တယ်လေ။ သူပြောတာတော့ အစ်ကိုကြီး ခိုင်းလို့ဆိုပဲ။"

သျှန်နောင် တမင်တကာပင် တည့်တည့်ပင်ပြောလိုက်ပါသည်။

"အာ... ဒီကောင်... ငါပြောတာက မင်းတို့ ရင်းနှီးသူချင်း သတိပေးဖို့ပဲပြောတာ... ဒီကောင် အဓိပ္ပာယ်ကောက်လွဲသွားတာဖြစ်မယ်။ ဖြစ်ရလေ။ တော်တော် တုံးတဲ့ကောင်ပဲ။"

ဦးမြတ်ဘုန်းလျှံက အကယ်ဒမီဆုရှင်များ acting မျိုးဖြင့် ဆိုလာလျှင် သျှန်နောင်ကလည်း အားကျမခံ နားမလည်သလိုပုံဖြင့်...

"သတိပေးဖို့? ဘာကို သတိပေးစရာရှိလို့လဲ အစ်ကိုကြီးရဲ့။"

"ဪ... မင်းရဲ့ နယ်မြေမှာ ပစ္စည်းလာရောင်းတဲ့လူတွေကို ကိုင်တွယ်ရင် သတိထားဖို့။ ငါနေရာ ငါ့စည်းကမ်းလုပ်ရအောင် မင်းက အရင်လိုမှမဟုတ်ဘဲ။ မင်းမှာ ကျောထောက်နောက်ခံမရှိတော့ အကျိုးဆက်မကောင်းတာတွေဖြစ်လာမှာ စိုးလို့ပါကွာ။"

ဦးမြတ်ဘုန်းလျှံက သူ့အား မကောင်းသောအငွေ့အသက်တို့ ပြည့်နေသည့် မျက်လုံးများဖြင့် အေးစက်စက်ကြည့်လာသည်။ သျှန်နောင်က ခပ်ဟက်ဟက်တစ်ချက်ရယ်ကာ...

"အဟဲ.... ဒါများ အစ်ကိုကြီးရယ်။ ကျွန်တော့်နယ်မြေ ကျွန်တော်ပိုင်နက်မှာ လာပြီးလူပါးဝနေတဲ့ ခွေးရူးတွေကို ကြောက်နေရင် ယက္ခဆိုတဲ့နာမည် မြောင်းထဲရောက်သွားမှာပေါ့။ နောက်ပြီး ဒီခွေးတွေရဲ့ ပိုင်ရှင်က တာဝန်ယူတတ်တဲ့ လူတွေမှမဟုတ်တာ။ ဒီတော့ ဒီလို ပေါက်လွတ်ပဲစားပစ်ထားတာတွေကို နာနာဆုံးမနိုင်မှ တော်ရာကျမှာ။"

သျှန်နောင်မှာ ထိုလူကြီး၏ မည်းမှောင်သွားသော မျက်နှာကို အရသာခံကာ ကြည့်နေလိုက်သည်။

"အေးပါ... နောက်မှ အစ်ကိုကြီးရေ ကျွန်တော်မှားပါပြီတော့ မလုပ်နဲ့။ လူရယ်စရာတွေ ဖြစ်မှာစိုးလို့ပြောပါတယ်။"

ဦးမြတ်ဘုန်းလျှံက ပို၍ သိသာစွာပင် ခြိမ်းခြောက်လာတော့ငည်။

"အစ်ကိုကြီး စိတ်မပူပါနဲ့။ ကျွန်တော်က ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့လူဆိုတော့ အမှားဆိုတာရှိမှာမဟုတ်ဘူး။"

သျှန်နောင်က ပြန်လည်ချေပလိုက်လျှင် ဦးမြတ်ဘုန်းလျှံကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်...

"အေးပေါ့... ကိုယ်လမ်းကိုယ်လျှောက်တယ်ဆိုပေမယ့်လည်း ကြည့်လျှောက်ပေါ့ကွာ။ အခုတောင်မှ ကိုယ့်လမ်းကိုယ်လျှောက်ရင်း အငိုက်အတိုက်ခံလိုက်ရတယ်မဟုတ်လား။"

ဦးမြတ်ဘုန်းလျှံကတော့ အကွက်ဝင်သွားပြီဖြစ်ရာ မခံချင်သလို ပြန်ကြည့်လာသော သျှန်နောင်၏ မျက်နှာကို အရသာခံကြည့်ကာ လှောင်ပြုံးကြီးကြီးတခုပြုံး၍....

"ဆိုပါဦး.... တစ်ယောက်တည်းနဲ့ အများဆိုတော့ မင်း တော်တော်လေး အထိနာမှာပဲ။ ဘယ်နားထိသွားသေးလဲ။"

သူ့အား ပျက်ရယ်ပြုမှုတို့ဖြင့် ပြည့်လျှံနေသော အသံနေအသံထားကြောင့် သျှန်နောင် အံတင်းတင်းကြိတ်လိုက်ပါသည်။

"ဒီလောက်ကတော့ ဖြုတ်ကိုက်သလောက်ပဲရှိတာမို့ စိတ်မပူပါနဲ့ အစ်ကိုကြီး။"

"ဪ... ဒါဆိုလည်း ဝမ်းသာပါတယ်ကွာ။"

ပြောလေပိုဆိုးလေဖြင့် လှောင်ပြောင်မှုတို့မလျော့သော လေသံကို လှစ်လျူကာ...

"ဘယ်လိုပဲဖြစ်ဖြစ်ပါ.... လာရင်းကိစ္စပြန်ကောက်ရရင်.... အစ်ကိုကြီးက မလုပ်ဘူးလို့ပြောမှတော့ ကျွန်တော်တို့ကြားမှာ အထင်လွဲတယ်လို့ပဲ မှတ်ယူလိုက်ပါ့မယ်။ ဒီတော့ ကျွန်တော်ပြန်ဦးမယ်။"

သျှန်နောင်က ပြောပြောဆိုဆိုပင် ထိုင်ရာမှ ထကာ တံခါးဆီသို့လျှောက်လာခဲ့သည်။ သူသိပါသည် သူ့အား နောက်မှ ကျေနပ်စွာကြည့်နေမည့် မျက်လုံးတစ်စုံရှိနေလိမ့်မည်ဆိုတာ။ သို့သော် ဥပက္ခါပြု၍သာ နေလိုက်ပါသည်။ ဒီတခါတော့ရှိစေတော့။ ရန်ကိုရန်ချင်း မတုံ့နှင်းလို၍ မဟုတ်သော်လည်း ပြဿနာကို ဇာချဲ့မနေချင်တော့။ တတ်နိုင်လျှင် ဤလောကနှင့် ဝေးနိုင်သမျှဝေးရာတွင် အေးအေးသက်သက်သာစွာ နေလိုပါသည်။ ဆန့်ကျင်ဘက်အားဖြင့်တော့ ချစ်သူနှင့် နီးလေ ကောင်းလေပေါ့။

--------------

သျှားအိမ် ကိတ်မုန့် order အတွက် decoration လုပ်နေရင်းမှ မနက်ဖြန်အတွက် အကြံရသွားသည်။ ဒီအကြံက အလွန်ရိုးရှင်းသော်လည်း မဆိုးဘူးထင်ပါသည်။

လက်ထောက် Pastry Chefလေး ဖြစ်သည့် တိုးငယ်ပင် Decoration တလွဲကြီးလုပ်ကာ ကျေကျေနပ်နပ်ကြီးပြုံးနေသော Boss ဖြစ်သူကြောင့် ဇဝေဇဝါဖြစ်သွားသည်။

"Boss.... frosting အရောင်တွေလွဲနေပြီ ထင်တယ်နော်။"

တိုးငယ်၏ စကားကြောင့် ကြည့်လိုက်တော့ အဖြူရောင်အောက်ခံပေါ်တွင် အနီရောင်အသည်းပုံများအစား အဖြူရောင်အသည်းပုံများကို တွေ့လိုက်ရသည်။

"သေစမ်း...!!"

သျှားအိမ် စိတ်ပျက်လက်ပျက်ဖြင့် ကိုယ့်နဖူးကိုယ်ရိုက်လိုက်တော့သည်။ အမြန်လို အနှေးတွေ့တဲ့။ ပြန်လုပ်ပေဦးတော့ သျှားအိမ်ရေ။

"Boss လည်း ချစ်သူများနေ့နီးလာလို့ ကယောက်ကယက်ဖြစ်တယ် ထင်ပါ့။"

ဒုတိယလက်ထောက်ဖြစ်သော ခေတ်စိုးက ရယ်ကျဲကျဲနှင့်ဆိုလာတော့ သျှားအိမ်ခေါင်းညိတ်လိုက်ပါသည်။

"အေးကွာ.... အဟားဟား.... ငါ့ပုံက တော်တော်သိသာနေတယ်ထင်ပါရဲ့။"

ထိုစဉ် နှင်းနှင်းက ပန်းစည်းကြီးကိုင်ကာ ဇဝေဇဝါမျက်နှာဖြင့် kitchen ထဲ ဝင်လာသောကြောင့် သျှားအိမ်ရော တိုးငယ်နှင့် ခေတ်စိုးကပါ ကြည့်လိုက်ပြီး....

"နှင်းမမတို့တော့ ချစ်သူများနေ့တောင် မရောက်သေးဘူး။ ပန်းစည်းကြီးက ဟီးထလို့...."

ခေတ်စိုးက နှင်းနှင်းကို လှမ်းစလိုက်လျှင် နှင်းနှင်းက....

"ဘဲဥလေးဆိုတာ ဘယ်သူလဲ။ ဘဲဥလေးရဲ့ အမျိုးသားက ဒီပန်းစည်းပေးပေးပါတဲ့။"

"ဗျာ??!!!"

တိုးငယ်မှာ ကြောက်လန့်တကြား ထူးလိုက်ရုံသာမက သေဒဏ်ချမှတ်ခံသူလို မျက်နှာဖြူဖွေးသွားလျှင်....

"အယ်.... နင်က ဘဲဥလေးဆိုတာ..???!!!!"

နှင်းနှင်းမှာ အံ့သြတစ်ကြီးဖြင့် ပန်းစည်းကြီးကို တိုးငယ်လက်ထဲထည့်ပေးလိုက်ကာ....

"WTF...!!!"

ခေတ်စိုးက အလန့်တကြားထအော်လိုက်ပြီး တိုးငယ်ကို ရွံရှာသလိုကြည့်ကာ တစ်ဖက်လှည့်သွားတော့သည်။ ကျန်သော မီးဖိုချောင်ဝန်ထမ်းများကတော့ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။ တိုးငယ်ခမျာ ရှက်လွန်လွန်း၍ မျက်နှာကြီးရဲကာ မျက်ရည်များပင် ဝေ့တက်လာတော့သည်။ နှင်းနှင်းကတော့ တိုးငယ်ကိုကြည့်ကာ ခြေမကိုက်မိလက်မကိုင်မိ။ သူမ အဆင်အခြင်မရှိလို့ဆိုကာ တစ်ဖွဖွတောင်းပန်နေရှာသည်။

"ရပါတယ် နှင်းနှင်းရယ်။ ခင်ဗျားအပြစ်မဟုတ်ပါဘူး။"

တိုးငယ်ခမျာ ပန်းစည်းကြီးကို ကိုင်၍ ငိုင်တိုင်တိုင်ဖြစ်နေရှာသည်။ ထို့နောက် သျှားအိမ်ကို တောင်းပန်တိုးလျှိုးသောအကြည့်ဖြင့်ကြည့်လာသည်။ ကြည့်ရသည်မှာ သျှားအိမ် သူ့ကို အလုပ်ထုတ်ပစ်မည်ကို စိုးရိမ်နေပုံရသည်။ အင်း... အနောက်နိုင်ငံမှာတောင် ဒီလိုကိစ္စတွေကို လက်သင့်မခံနိုင်သောသူများရှိသည် မဟုတ်ပါလား။

သျှားအိမ်လည်း တုန်တုန်ရီရီဖြစ်နေရှာသော တိုးငယ်ကို ဆောက်တည်ရာရစေရန် အလို့ငှာ Break ပေးလိုက်ပါသည်။

"တိုးငယ်... မင်း Break ယူချင် ယူလေ။"

"Boss ဟို... ဟို... ကျွန်တော့်ကို အလုပ်မဖြုတ်ပါနဲ့နော်။"

တိုးငယ်ဆိုသည်မှာ နွဲ့နွဲ့နောင်းနောင်း မဟုတ်သည့်တိုင် ပါးဖောင်းဖောင်းလေးများနှင့် မျက်နှာလေးက ချစ်စဖွယ်ကောင်းလှသည်။ ယခုလို တရှုပ်ရှုပ်နှင့် ငိုနေပြန်တော့ ကလေးတစ်ယောက်နှင့်ပင်တူနေတော့သည်။

"တိုးငယ်... ဘယ်နှယ့် ငိုနေတာတုန်း။"

"ကျွန်... ကျွန်တော်လေ... pastry chef ဖြစ်ချင်ခဲ့တာ...။ ကျွန်တော့်ကို အခြောက်ဆိုပြီး အလုပ်တိုင်းက ကန်ထုတ်ခဲ့တာ...။ အခုလည်း တစ်ခါ... အီး...ဟီး..."

"ေ-ာက်ခြောက် ပါးစပ်ပိတ်ထားစမ်း။ ကျက်သရေတုံးတယ်။"

ခေတ်စိုး၏ အော်ငေါက်သံကို လျစ်လျူရှုကာ သျှားအိမ်က တိုးငယ်၏ ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီး...

"တိုးငယ်... ငါပြောချင်တာက မင်းက ပန်းစည်းကြီးကိုင်ပြီး တုန်တုန်ရီရီဖြစ်နေတော့ မင်းများနားချင်မလားလို့ နားခိုင်းတာပါကွာ။ ငါ မင်းကို ထုတ်ဖို့ အစီအစဉ်မရှိပါဘူး။"

"ဒါပေမယ့် ကျွန်တော်က အခြောက်ဆိုတော့..."

သျှားအိမ်မှာ နေရင်းထိုင်ရင်း သျှန်နောင်ကိုပင် သတိရလာသည်။

"တိုးငယ်... ငါလည်း မင်းလို အခြောက်ပဲဆိုပါတော့ကွာ။"

"ဗျာ..."

"ဟင်..."

"ဟယ်...."

နှင်းနှင်းမှ လွဲ၍အားလုံးမှာ ပါးစပ်အဟောင်းသား။

"ဟုတ်တယ်... ငါ့ချစ်သူက အမျိုးသားတစ်ယောက်ပဲ။"

သျှားအိမ် ခေါင်းမော့ကာ အားလုံးကြားအောင်ပြောလိုက်ပါသည်။ ကိုယ့်ချစ်သူက ကိုယ်နှင့်မျိုးတူဖြစ်တာ ဘာသိမ်ငယ်စရာများရှိလို့လဲ။ သူများ ပစ္စည်းခိုးတာလဲမဟုတ်၊ သူများ သားသမီးဖျက်စီးတာလဲမဟုတ်။

"အဲ... ငါအခြောက်မဟုတ်လည်း မင်းကို အလုပ်ကထုတ်မှာမဟုတ်ဘူး။ လူတစ်ယောက်က ဘယ်သူ၊ ဘယ်ဝါကို ချစ်တယ်ဆိုတာ သူလုပ်နေတဲ့အလုပ်ရဲ့ အရည်အသွေးပေါ် သက်ရောက်မှုမရှိဘူးလို့ ငါထင်တယ်။ ငါ... ငါ့ကိုငါ အခြောက်မှန်းမသိခင်က ကိတ်မုန့်ဖုတ်တယ်။ တခါတလေလည်း အမှားရှိတယ်။ အခု ငါ့ချစ်သူရပြီးတဲ့အချိန်မှာလည်း ကိတ်မုန့်ဖုတ်တယ်။ တခါတလေအမှားရှိတယ်။ အခုအချိန်က အမှားက အရင်တုန်းက အမှားထက်တောင်နည်းသေးတယ်။ တခုတော့ရှိတယ် မင်းသာ မင်းလုပ်နေတဲ့အလုပ်အပေါ်မှာ တာဝန် ကျေပွန်မရှိရင် ငါကတော့ အခြောက်ဖြစ်ဖြစ်၊ straight ပဲဖြစ်ဖြစ် ‌ယောက်ျားမိန်းမမရွေး တစ်ခါတည်းကန်ထုတ်မှာ။"

"စိတ်ချပါ Boss ကျွန်တော့်ဘက်က တာဝန်ကျေအောင် အစွမ်းကုန်ကြိုးစားမှာပါ။"

တိုးငယ်က မျက်လုံးတောက်တောက်လေးနှင့် သူ့ကိုမော့ကြည့်ကာဆိုလာသည်။

"ဝမ်းသာပါတယ်ကွာ။ ကဲ... သွား... သွား... နားချင်ရင်သွားနား"

"ဟုတ်ကဲ့... Boss... ကျွန်တော် ဖုန်းခဏခေါ်ချင်လို့..."

တိုးငယ်က ဝမ်းသာအားရဖြင့် ပြေးထွက်သွားတော့သည်။ ကြည့်ရသည်မှာ သူ့အမျိုးသားကို ဖုန်းခေါ်တာဖြစ်နိုင်သည်။ သျှားအိမ် ကိုယ်လုပ်စရာရှိသည်ကို လုပ်ကာ kitchen ထဲတွင် ရှိသူများကို မသိမသာအကဲခတ်လိုက်တော့ အားလုံးက ကွက်ကြည့်ကွက်ကြည့်နှင့် ခေတ်စိုးကတော့ အလုပ်လုပ်ရင်းမှ သူ့အား မသတီသလိုကြည့်နေသေးသည်။ သျှားအိမ်ကလည်း ပြန်ကြည့်ပေးလိုက်မှ မျက်နှာလွဲသွားသည်။ ဒီကောင်ကြာကြာခံမည်မဟုတ်မှန်းသူသိနေပါသည်။ ထို့ကြောင့် Pastry chef တစ်ယောက်ရှာရန် စိတ်ထဲတေးထားလိုက်သည်။ သျှားအိမ် လုပ်စရာရှိသည်အားလုံးလက်စသတ်၍ အချိန်ကြည့်လိုက်တော့ ည ၈ နာရီထိုးပြီဖြစ်သည်။

"အာလာလာ... ဘယ်လိုလုပ် အချိန်ကုန်သွားတာလဲ။"

သျှားအိမ် ကပျာကယာ ဖုန်းထုတ်ကြည့်လိုက်တော့ Miss call ပေါင်းများစွာနှင့် voice message တခုရှိကြောင်း Notification တွင်တွေ့လိုက်ရသည်။ အားလုံးက ချစ်ရသူ သျှန်နောင်ထံမှ။ သူ voice message ကို ဖွင့်လိုက်လျှင်.....

"ဟဲလို... မောင်... အလုပ်ရှုပ်နေလား။ အေးအေးဆေးဆေးလုပ်။ ကို... ဆိုင် ရှေ့မှာစောင့်နေမယ်။ ချစ်တယ်။"

သျှားအိမ်မှာ "အိ"ခနဲဖြစ်သွားပြီး ဆိုင်ရှေ့ကို ထွက်ခဲ့လျှင် သျှန်နောင်က အလယ်ရှိစားပွဲတစ်လုံးတွင်ထိုင်ကာ ဗိုလ်ရှုသဘင်ခံနေသည်။ လူတိုင်းက ထိုလူကို ကွက်ကြည့်ကွက်ကြည့်နှင့်။ ထိုလူကလည်း ထိုလူ။ sweat pants နှင့် တီရှပ်တစ်ထည်ဖြင့် လူငယ်ဆန်စွာ ကြည့်ကောင်းနေသည်။ သူ့ကိုမြင်တော့ မျက်လုံးများက ဝင်းလဲ့သွားသည်။

"ကို... ဘယ်တုန်းက ရောက်လဲ။"

" ၆နာရီကျော်ကျော်က..."

သျှန်နောင်ကမူ ဂျုံမှုန့်တို့ ကပ်ငြိနေသော apronနှင့် စားဖိုမှုးအင်္ကျီရင်ဖုံးကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်နှင့် Pastry Chef လေးကို မြတ်နိုးစွာကြည့်လိုက်ပါသည်။

"မောင့်ကို ခေါ်ခိုင်းလိုက်တာ မဟုတ်ဘူး။ ဗိုက်ဆာပြီလား။"

"မောင် အလုပ်ရှုပ်နေမှန်းသိလို့ကို မခေါ်ခိုင်းတာ။ ဗိုက်တော့ တော်တော်ဆာနေလို့ အဆာပြေ သံပုရာရည်တစ်ခွက်သောက်ထားတယ်။"

"ကို... ဘယ်နှယ့် ဗိုက်ဆာတာ သံပုရာရည်သောက်ရတာတုန်း။ အစာအိမ်နာတော့မှာပဲ။ နောက်ကို ဆာရင်စားထား။ မောင့်ကို မစောင့်နဲ့"

ထို့နောက် မသိမသာနှုတ်ခမ်းချွန်နေသော သျှန်နောင်ကိုကြည့်ကာ သျှားအိမ် ပြုံးလိုက်မိသည်။

"စပ်ဖြီးဖြီးလုပ်မနေနဲ့ သွားစို့။"

"အာ... မောင် ရေချိုးရဦးမယ်။"

"အိမ်မှာချိုး..."

"အဝတ်ကရော??"

"မောင်နဲ့ ကို size သိပ်ကွာတာမှ မဟုတ်ဘဲ။ ကို့အင်္ကျီကို ဝတ်ပေါ့။"

"ဟုတ်ကဲ့ပါ ခင်ဗျာ။"

"ဒါဆို... သွားစို့။"

"အင်း..."

သို့နှင့် နှစ်ဦးသား ကိုယ့်ကားကိုယ်မောင်းကာ သျှန်နောင်၏ အိမ်သို့ ခြေတက်ခဲ့ကြသည်။ အိမ်ရောက်သည်နှင့် ရေချိုးရန် သျှန်နောင်၏ အခန်းရှိရာ အပေါ်ထပ်သို့ တက်ခဲ့သည်။

သျှန်နောင်၏ အခန်းက master bedroom ဖြစ်သည့်အားလျှော်စွာ အတော် ကျယ်ဝန်းသည်။ ပရိဘောဂအနေဖြင့်က King size bed တခု၊ ၁၅ ပေမျှရှည်မည့် ဘီဒိုတစ်လုံး၊ living room ဆန်ဆန် couch အရှည်တစ်ခု နှင့် တစ်ယောက်ထိုင်sofa နှစ်လုံး၊ စားပွဲတစ်လုံး၊ နံရံတွင် 75" HD Flat TV တစ်လုံး အပြင် တိုလီမုတ်စများ တင်ထားသော စာအုပ်စင်ပေါက်စလေးတစ်ခုနှင် mini fridge တစ်ခု။ သျှန်နောင်က ကုတင်နှင့် မျက်နှာချင်းဆိုင် တံခါးကို ညွှန်ပြကာ...

"မောင်... ရေချိုးခန်းက ဒီဘက်မှာ...။ သဘက်အပိုက ရေချိုးခန်းထဲက cabinet ထဲမှာရှိတယ်။ သွား... သွားချိုးချေ။"

သျှားအိမ်က လိမ်လိမ်မာမာပင် ခေါင်းကလေးငြိမ့်ကာ ရေချိုးခန်းထဲဝင်ခဲ့တော့သည်။ ရေချိုးခန်းကလည်း တော်တော်ကြီးကို ကျယ်ဝန်းကာ Stand shower အပြင် Jacuzzi ပါရှိသေးသည်။

"မောင်... မြန်မြန်ချိုးနော်..."

ရေချိုးခန်းအပြင်မှ အော်နေသော သျှန်နောင်ကို "အင်းပါ" ဟု အကြောင်းပြန်ကာ ရေအမြန်ချိုးလိုက်သည်။ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် couch ပေါ်တွင် ထိုင်ကာ သတင်းကြည့်နေသည့် သျှန်နောင်ကို တွေ့လိုက်ရသည်။ အဝတ်တစ်စုံကတော့ အိပ်ရာပေါ်မှာ။

သျှန်နောင်မှာ နတ်ဘုရားတစ်ပါးလို ခန့်ညားလှပသော ရုပ်သွင်နှင့် လိုက်ဖက်စွာ တောင့်တင်းလှသော ချစ်သူ၏ ခန္ဓာကိုယ်ကို ကြည့်ကာ မျက်နှာလွဲလိုက်ရသည်။ မကြည့်ချင်၍တော့ မဟုတ်၊ ဆက်ကြည့်လျှင် သူ့အတွက် မကောင်း၍ဖြစ်သည်။ ချက်ချင်းပင် ထိုင်နေရာမှ ထကာ...

"မောင် အဝတ်လဲပြီးရင် အောက်ဆင်းခဲ့နော်။ ဪ... နောက်ပြီး... အဲ့ဒီ အတွင်းခံက အသစ်သိလား။"

"ဟေ့... နေပါဦး။"

သျှားအိမ်က အခန်းထဲမှ ထွက်ပြေးရန်ကြံနေသော သျှန်နောင်ကို အသံနှင့် တားမြစ်လိုက်သလို လူကိုယ်တိုင်လည်း သျှန်နောင်သွားမည့်လမ်းကြောင်းတွင်ရပ်ကာ မသိမသာပိတ်ထားလိုက်သည်။

"ဘာလို့လဲ..."

သျှားအိမ်က နှုတ်ခမ်းချွန်ပြကာ...

"ထမင်းမစားခင် အစာကြေဆေးကြိုသောက်ထားဖို့ လိုတယ်လေ။"

"အာ... အင်္ကျီချွတ်ကြီးနဲ့..."

"အင်္ကျီချွတ်နဲ့ မနမ်းရလို့ ဥပဒေရှိလို့လား။"

ပြဿနာပဲ။ နမ်းရုံနဲ့မပြီးရင် ဘယ်လိုလုပ်မလဲ။ မိမိအား အနမ်းတောင်းနေသည့် ထိုအမျိုးသားငယ်၏ ရေစိုနေသော ခန္ဓာကိုယ်ကား ဆွဲဆောင်အားရှိလွန်းလှသလို သူ့ကလည်း သိက္ခာသမာဓိနှင့်ပြည့်စုံသော သူတော်စင်မဟုတ်ပေ။

"မောင်က အင်္ကျီချွတ်နဲ့မို့မနမ်းချင်ရင် အင်္ကျီအပြည့်အစုံ ဝတ်ထားတဲ့ ကို့ကိုနမ်းရမယ်။"

သျှားအိမ် ပြောပြောဆိုဆို သျှန်နောင်၏ ခါးမှဆွဲယူလိုက်ကာ ရင်ချင်းအပ်ထားလိုက်သည်။ ထို့နောက် ထိုနှုတ်ခမ်းဖူးဖူးတို့အထက်အနမ်းတို့ကို ခြွေချမိသည်။ ညှင်သာသော အနမ်းတို့သည်ကား အားကောင်းသော တုန့်ပြန်မှုတို့ကြောင့် မုန်တိုင်းတစ်ခုသဖွယ် ကြမ်းတမ်းခက်ထန်လာတော့သည်။ ထို့ပြင်ကျောပြင်ပေါ်တွင် ပြေးလွှားနေသော ထိုလက်နုနုလေးများကြောင့် စိတ်တို့က အထိန်းအကွပ်မဲ့သွားရသည်။

သျှန်နောင်မှာ သျှားအိမ်၏ ကျောပြင်ကျယ်ရှိ ကြွက်သားတို့ကို ပွတ်သပ်ကာ အနမ်းတို့ကို ပိုမိုနက်နဲလာစေရန် ဖြားယောင်းလိုက်ပါသည်။ လောဘကြီးသည်ပဲဆိုဦးတော့ ချစ်သူထံမှာ အနမ်းတို့ကို အနက်ရှိုင်းဆုံးအထိ ခံစားလိုပါသည်။ နှစ်ဦးသား အနမ်းတို့ဖလှယ်ရင်းက အိပ်ရာပေါ်မည်သို့ရောက်သွားသည်မသိ။

"အာ့....."

"နာသွားလား...??"

ပုခုံးမှ ဒဏ်ရာကြောင့် သတိဝင်လာတော့ သူ၏ ကိုယ်တစ်ပိုင်းက ကုတင်ပေါ်တွင်ရှိပြီး... သျှားအိမ်က သူ့အားအပေါ်မှ မိုးကာ စိုးရိမ်ရိပ်များလွှမ်းနေသော မျက်ဝန်းများနှင့် ကြည့်နေသည်။

"နည်းနည်းပေါ့။"

သျှန်နောင် ထိုအမျိုးသားငယ်၏ ပါးပြင်လေးကို ဖွဖွလေးပွတ်ကာ ပြုံးပြလိုက်သည်။ သျှားအိမ်ကတော့ မပြုံးနိုင်ပါ။ လှုပ်လည်းမလှုပ်ရဲ။ သူ၏ အငယ်ကောင်လေးက တင်းမာနေသည်ကို သိသွားမှာ စိုးရသည်။

"ကဲ... လိုချင်တာရရင် အင်္ကျီဝတ်တော့လေ။ အအေးပတ်မယ်။"

သျှန်နောင်က အချိုသပ်၍ လူချင်းခွါရန် ကြိုးစားလိုက်သည်။ မတော် သူ၏ စိတ်ဆန္ဒများကိုမြင်သွားမှဖြင့်...။ သူအနေဖြင့် မရှက်သော်ငြား ထိုကိစ္စများနှင့် အထိအတွေ့မရှိသော သျှားအိမ်က သူ့ကိုကြည့်ပြီး ရှော့ခ်ရသွားလျှင်။ ထိုမျှသာမက ရှေ့လျှောက် သူ့ကို ရှောင်နေလျှင် ပြဿနာ။

"ကို....."

အံ့ကြိတ်သံကြီးနှင့် ခေါ်လာသော သျှားအိမ်ကြောင့် သျှန်နောင် ထိတ်လန့်သွားသည်။ ဘာလဲ? သူ့ဆန္ဒများကို မြင်သွားလို့များ မသက်မသာဖြစ်နေတာလား။

"ဟင်...."

"မောင်လေ.... "

"အင်း...???"

"ပြဿနာပဲ..."

သျှန်နောင် သျှားအိမ်ကို နားမလည်စွာ ကြည့်ရင်းနှင့်မှ တစုံတခုကို သဘောပေါက်လိုက်ပြီး....

"မောင်ရောပဲလား...???"

"ဟင်????"

သျှားအိမ် သျှန်နောင်ကို မျက်မှောင်ကြုတ် ကြည့်လိုက်မိသည်။ သူ့အား ရီဝေသော မျက်လုံးများဖြင့် ကြည့်လာသော သျှန်နောင်ကြောင့် သူလည်း သဘောပေါက်သွားပြီ ခေါင်းညိတ်လိုက်သည်။

"ကို... ကူပေးမယ်နော်။"

သျှန်နောင် သျှားအိမ်ထံမှ ခွင့်ပြုချက်တောင်းခံလိုက်တော့ သျှားအိမ်က လိုလိုလားလားပင် ခေါင်းညိတ်လာသည်။

"အင်း..."

သျှားအိမ်ထံမှ ခွင့်ပြုချက်ရသည်နှင့် သျှန်နောင်၏ လက်ချောင်းသွယ်သွယ်လေးများက သျှားအိမ်၏ ခါးတွင်ပတ်ထားသော တဘက်ကို လျောချလိုက်သည်။ အေးမြသောလေနှင့်အတူ နူးညံသော လက်ချောင်းတို့၏ အထိအတွေ့တို့က သူ့အားရစ်ပတ်လာချိန်တွင် မျက်စိကိုမှိတ်ကာ သူသာယာစွာ ညည်းညူမိပါသည်။

"အာ...."

သို့သော် ထိုသာယာမူတို့က ခဏတာမျှသာ။ သျှားအိမ်မှာ ပြန်လည်လစ်ဟာသွားသော ခံစားချက်ကြောင့် မျက်စိဖွင့်ကြည့်လိုက်တော့ သျှန်နောင်က မိမိလက်ချောင်းများကို လျှာဖြင့်လျက်လျှက် စိုစွတ်အောင်လုပ်နေကိုတွေ့လိုက်ရသည်။ ထိုသူကြည့်ရသည်မှာ အမွှေးသနေသော ကြောင်ကလေးတစ်ကောင်နှင့်ပင်တူသေးတော့သည်။ သျှားအိမ် မျက်လုံးဖွင့်လာလျှင် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ကာ လက်တစ်ချောင်းချင်းစီကို ပို၍ ဖြေးညှင်းစွာ လျှက်နေသည်။

"မင်း... မောင့်ကို အသေသတ်နေတာလားကွာ"

သျှားအိမ်မှာ ထိုသို့မြူစွယ်ဖြားရောင်းနေသော ကြောင်ကလေးကို ကြည့်မရစွာဖြင့် နမ်းရှိုက်ကာ အပြစ်ပေးလိုက်သည်။ ထိုစဉ် စိုစွတ်နေသော လက်ချောင်းများက သူ့အငယ်ကောင်လေးအား ပွတ်သပ်ချော့မြူလာသည်။ တံတွေးများကြောင့်လားမသိ အကိုင်အတွယ်ကပို၍ ချောမွေ့နေလို ခံစားချက်မှာလည်း ပို၍ ကောင်းမွန်လာသည်။

"ဟား..."

သျှားအိမ် သာယာစွာ ညည်းတွလိုက်ပါသည်။ သျှန်နောင်အတွက်တော့ ထိုညည်းတွသံကား သာယာနာပျော်ဖွယ်ကောင်းလှသည်။ ချစ်သူက ကိုယ့်ကြောင့် သာယာနေသည်မှာ သူ့အတွက် အားဆေးတစ်ခွက်ပင်။

"မောင်... ကိုလည်း မောင့်အငယ်လေးနဲ့ ကစားချင်တယ်..."

"ကို့သဘောပါကွာ..."

သျှားအိမ် သဘောတူညီသည်နှင့် သူ့ဘောင်းဘီကို လျောချလိုက်ပါသည်။ သျှားအိမ်ကလည်း အလိုက်သတိပင် သူ့၏ ခါးကိုနိမ့်ချကာ အငယ်ကောင်လေးချင်း ထိတွေ့ရင်းနှီးစေပါသည်။

"အင်း...."

သျှန်နောင်၏ ညည်းသံနှင့်အတူ တစ်မှုထူခြားသော အထိအတွေ့တို့က သျှားအိမ်ကို ဆာလောင်မှုနှင့် လောင်မြိုက်စေ၏။ ထိုလောင်မြိုက်မှုတို့ကို ငြိမ်းသတ်ရန်အလို့ငှာ သျှန်နောင်၏ အင်္ကျီအောက်သို့ လက်လျိုကာ ပတ်သပ်နေရာမှ အင်္ကျီကို အသာလိပ်တင်လိုက်သည်။ သျှန်နောင်ကလည်း အလိုက်သိစွာ ကိုယ်တစ်ပိုင်းကြွပေးလိုက်လျှင် သျှားအိမ်က သျှန်နောင်၏ ပုခုံးမှဒဏ်ရာကို မထိမိစေရန်သတိထား၍ အင်္ကျီကို ချွတ်လိုက်သည်။ ထို့နောက် သျှန်နောင်၏ ကျစ်လစ်သော ခန္ဓာကိုယ်ကို အငမ်းမရကြည့်နေမိသည်။ ဒီလူသည် သူ့ကိုသို့ပင် ကျားကျားယားယား ယောက်ျားတစ်ဦးဖြစ်သည့်တိုင် စွဲမက်စရာကောင်းလွန်းလှသည်။

"မောင်...."

သျှန်နောင်မှာ သူ့အားစားတော့ဝါးတော့မတတ်ကြည့်နေသော သျှားအိမ်ကို ကြည့်ကာပြုံးလိုက်သည်။ ထို့နောက် သျှားအိမ်၏ မေးကို အသာဆွဲ၍ မျက်လုံးခြင်းဆုံအောင်ကြည့်ကာ....

"ဘာတွေကြည့်နေတာလဲ...."

သျှန်နောင်၏ ရမ္မက်လွှမ်းသော အသံရှရှလေးက မီးလောင်ရာလေပင့်သကဲ့သို့ သူ၏ ဆန္ဒမီးတို့ကို ပို၍တောက်လောင်စေသည်။ အကျိုးဆက်အနေဖြင့် သူ့ အငယ်ကောင်လေးမှာ အရည်ကြည်လေးတချို့ပင် စိမ့်ကျလာတော့သည်။ သျှန်နောင် ဤအခြေအနေကို သဘောကျပါသည်။ သူ့အတွက် ပို၍ပင် အဆင်ပြေသည် မဟုတ်ပါလား။ အောက်ပိုင်းတွင် ချစ်ခြင်းပြိုင်နေသည့် အငယ်နှစ်ကောင်ကို သျှန်နောင်က လက်တစ်ဖက်ဖြင့် ပူးကိုင်ကာ အချင်းချင်း ပွတ်သပ်ဆော့ကစားစေသည်။

"f**k"

သျှားအိမ်မှာ ခံစားချက်ကောင်းလွန်းသဖြင့် ဆဲရေးမိပါတော့သည်။ တစ်ချိန်ထဲမှာ ခါးကို ရှေ့တိုးနောက်ငင်လုပ်ကာ သျှန်နောင်၏ လက်ထဲရှိ အကောင်ငယ်လေးနှစ်ကောင်ကို အပြန်အလှန်ပွတ်သတ်ကာ သာယာမှုအစွန်းကို တက်လှမ်းနေမိပါသည်။

"အား... မောင်... ပြီး...ပြီးတော့မယ်။"

"အင်း... ခဏလေးနော်... ကိုလည်း ပြီးတော့မှာ...."

သျှားအိမ် ချစ်သူအလိုကျခဏမျှတော့တောင့်ထားပါသေးသည်။ သို့သော် သာယာမှုကြောင့် မည်သို့မှ ထိန်းမရနိုင်တော့...

"အား... မောင်မရတော့ဘူး။"

"ကိုရောပဲ... အ... အတူပြီးရအောင်... အင်း..."

နှစ်ဦးသား ဆန္ဒအစွန်ဆုံးကို အတူယှဉ်တွဲကာ လျှောက်လှမ်းလိုက်မိပါသည်။

"ဟား..."

"အား..."

တစ်ဦးချင်းစီ၏ ကိုယ်တွင်မှ နွေးခနဲခံစားချက်နှင့်အတူ နှစ်ဦးစလုံး၏ ဗိုက်ပေါ်တွင် ခပ်နွေးနွေးအရည်များစီးကျလာတော့သည်။ သျှားအိမ်မှာ အမြင့်တစ်ခုကို မနားတမ်းတက်ခဲ့သောသူကဲ့သို့ မောဟိုက်စွာဖြင့် သျှန်နောင်၏ ရင်ခွင်ပေါ်သို့ ပစ်လှဲလိုက်ပါသည်။

"အင့်.."

"အာ... နာသွားလား။ sorry... sorry"

သျှားအိမ်မှာ သျှန်နောင်၏ အော်သံခပ်အုပ်အုပ်ကြောင့် ဒဏ်ရာကို သတိရသွားကာ ကပျာကယာထကာ တောင်းပန်လိုက်သည်။

"ရတယ်မနာဘူး။ မောင့်ရဲ့ မေးက ရင်ဝကို အရှိန်နဲ့စောင့်မိလို့။"

ထိုအခါမှ သျှားအိမ်မှာ စိတ်သက်သာရာရသွားပြီ။

"တော်သေးတာပေါ့။"

သျှန်နောင်၏ ဘယ်ဘက်ဘေးသို့ လိမ့်ချလိုက်ကာ အမောဖြေလိုက်သည်။ အတန်ကြာသောအခါ....

"မောင်... အဆင်ပြေလားဟင်။"

သျှားအိမ်ဘေးသို့စောင်းကာ သျှန်နောင်၏ မျက်နှာကိုကြည့်လိုက်သည်။ ကျေနပ်နှစ်သက်သော အပြုံးတို့က သူ့နှုတ်ခမ်းပေါ်တွင် ဝေ့သီလျှက်....

"ပြေတာမှ တစ်ဖက်ကမ်းလွန်လို့ လူတောင်ပျော့ခွေလာချင်တယ်။ ဟူး... တစ်သက်နဲ့ တစ်ကိုယ် တခါမှ ဒီလို ချစ်ရည်လူးရလိမ့်မယ်လို့ မတွေးဖူးဘူး။"

သျှန်နောင် ခပ်တိုးတိုးလေးရယ်သွမ်းလိုက်ပြီး...

"တော်သေးတာပေါ့။ ဒီလို man to man ကို မောင်များ ရွံသွားရင်လို့တွေးပြီး... ကို့မှာ စိတ်ပူလိုက်ရတာ..."

သျှားအိမ်မှာ သျှန်နောင်၏ ဆံပင်လေးများကို ခပ်ဖွဖွပတ်သပ်ပေးကာ...

"ကိုကလည်း ကြံဖန်အတွေးခေါင်နေပြန်ပြီ။ man to man သာရွံရင် ကို့ကိုတောင် ချစ်မိမှာမဟုတ်ဘူး။"

သျှားအိမ်ပြောသည်မှာ အမှန်ပဲမို့ စောဒကတက်မနေတော့ပါ။

"အခုဟာက အဆင်ပြေရုံတောင်မဟုတ်ဘူး။ ကောင်းပါကောင်းတာ။ ကျေးဇူးပါပဲကွာ။"

သျှားအိမ် စကားကြောင့် သျှန်နောင် ကျေနပ်စွာပြုံးပြလိုက်သည်။ ရင်ထဲတွင် ပီတီလည်းဖြစ်မိသည်။

"ရပါတယ် မောင်။ မောင် သဘောကျရင် ကို စိတ်ချမ်းသာတာပေါ့။"

"ဒါနဲ့ ကိုရော ကောင်းရဲ့လား။"

"ကောင်းတယ်။ ကိုယ်ချစ်တဲ့သူနဲ့ပဲကို.... မကောင်းရှိမလား။"

သျှားအိမ်မှာ သူ့ကို ရွှန်းရွှန်းစားစားကြည့်ကာ ဖြေလာသော သျှန်နောင်ကြောင့် အူယားလာကာ ထိုနှုတ်ခမ်းများကို ငုံ့နမ်းလိုက်ပါသည်။ သျှန်နောင်လည်း အသာတကြည်ပင် လက်ခံကာ ပြန်လည်နမ်းရှိုက်လိုက်ပါသည်။ သို့သော် အစောကလို အနမ်းများ သည်းထန်မလာမှီ နှစ်ဦးသား သတိရှိရှိနှင့် ရပ်လိုက်ကာ....

"ကဲ... မောင်ထ ရေပြန်ချိုး။ ပြီးရင် ထမင်းစားရအောင်...."

"အင်း... ကိုလည်းချိုးလေ။"

"ကိုက ရေချိုးလို့မရသေးဘူး။ ခါးအောက်ပိုင်းကို ရေဆေးပြီး အပေါ်ကို ကိုယ်ပတ်သုတ်ရမှာ။"

"ဒါဆိုလည်းလာ... မောင်လုပ်ပေးမယ်။"

"အာ... နေပါစေ...."

"ဘယ်နှယ့်... နေပါစေလဲ။ ရှက်နေတာလား။"

သျှန်နောင်၏ ပန်းနုရောင်သန်းနေသော မျက်နှာကြောင့် သျှားအိမ် သိလိုက်ပါသည်။ ဒီလူရှက်နေသည်ကို။

"ကိုရယ်... ဒီအခြေအနေရောက်မှတော့ ရှက်မနေပါနဲ့တော့။ လာစမ်းပါ။"

သေးသေးကွေးကွေးလေးဆိုရင်လဲ ပွေ့ချီကာသွားလိုက်ချင်သည်။ သို့သော် ကျေးဇူးရှင်က သူ့လောက်နီးနီးရှိရာ ဘယ်လိုမှ နိုင်မည်မဟုတ်။ ထို့ကြောင့် အသာဆွဲထူလိုက်ကာ ရေချိုးခန်းထဲသို့ တရွတ်တိုက်နီးပါး ဆွဲခေါ်ခဲ့သည်။

"ကိုယ့်ဟာကိုယ် လုပ်ပါမယ်ဆို..."

သူရေဖတ်တိုက်ပေးနေသည်ကို ကလန်ကဆန်လုပ်နေသော ထိုကလေးကြီးကြောင့် ဘုကြည့်ကြည့်ကြည့်ကာ...

"ငြိမ်ငြိမ်နေစမ်းပါကွာ။ မောင်က ကိုမို့လို ဒီလိုလုပ်ပေးတာ တခြားလူဆို လှည့်တောင်မကြည့်ဘူး။"

"မောင် ဒီအပြောနဲ့ မိန်းကလေး ဘယ်နှစ်ယောက်ကို ချုပ်ပြီးပြီလဲ။"

"ဒီအပြောနဲ့သာ ချုပ်လို့ရရင် ဒီကောင်က ခင်ဗျားတစ်ယောက်ထဲကိုသာ ချုပ်ချင်တာပါဗျာ။"

သျှန်နောင် ရယ်မောမိပါသည်။ သူတောင်မှ ကြွေကြလောက်လျှင် ဒီကောင်လေး ဒီအပြောတွေနှင့် မိန်းကလေးအတော်များများကို ခြွေချခဲ့ပြီးပြီမှန်း သူ သဘောပေါက်လိုက်ပါသည်။

"မရယ်နဲ့... အကောင်းပြောနေတာကို.... ဟင်..."

သျှားအိမ် ကိုယ်ဖတ်တိုက်ပေးနေရာမှ ဘယ်ဘက်လက်ကောက်ဝတ်ရှိ နာရီကို ဖယ်လိုက်လျှင်... ကန့်လန့်ဖြတ်အမာရွတ်တစ်ခု။

"ဒါက ဘာဖြစ်တာလဲ။"

သျှန်နောင် မျက်နှာကွက်ခနဲ တစ်ချက်ပျက်သွားကာ ကပျာကယာလက်ရုတ်လိုက်သည်။ ထို့နောက် မျက်နှာတစ်ဖက်သို့လွှဲသွားပြီး...

"မတော်တဆထိမိတာပါ။ ကြာလှပါပြီ... လေးနှစ်တောင်ကျော်ပြီ။"

'လာပြန်ပြီလား လေးနှစ်???'

လေးနှစ်ဟူသော စကားက သျှားအိမ်အတွက်တော့ အချက်ပေးခေါင်းလောင်းသံတခုလိုပင်။ တဆက်တည်းမှာပင် သူ့မွေးနေ့က သျှန်နောင်၏ အစ်မဖြစ်သူ ပြောခဲ့သော စကားတို့ကို သတိရမိတော့သည်။

".....နင့် ကိုလင်းကြောင့် ရူးမလို၊ သေမလိုဖြစ်တုန်းက ငါပဲ နင့်နားနေပေးခဲ့လေ။ မေ့သွားပြီလား။"

သျှားအိမ် ထိုလူ၏ လက်မောင်းမှ ဆွဲကိုင်ကာ သူ့ဘက်ကို အတင်းလှည့်စေသည်။

"ကို... မှန်မှန်ပြောစမ်း ဒီအမာရွတ်က ဘယ်လိုရတာလဲ။"

"မတော်တဆ ဓါးနဲ့လှီးမိသွားတာ။"

မဖြစ်နိုင်သည်မှာ သိသာလွန်းလှ အကြောင်းပြချက်ကြီးကို ခပ်တည်တည်ဖြင့် ပြောနေသော ထိုလူကို စိတ်တိုမိသလို ဂရုဏာလည်းသက်မိပါသည်။

"ကို... ဒါကြောင့် အမြဲတမ်းနာရီနဲ့ ဖုံးထားတာလား။"

"အင်း... အရမ်းကြည့်ရဆိုးတယ်လေ။"

သျှန်နောင် တိုးညှင်းစွာဖြေလိုက်ပါသည်။ တစ်ယောက်တည်းစကားပြောသလို ရေရွတ်နေသော ထိုသူကို ကြည့်ကာ သျှားအိမ် ရင်ထဲတွင် မချိပါ။ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်နေအောင်ဖက်ထားမိပါသည်။ ရင်ထဲတွင် ပလုံစည်နေသော မေးခွန်းများကို မျိုချလိုက်ပါသည်။ သိလျှင်လည်း စိတ်မကောင်းရုံအပြင် ထူးမလာမှတော့ မသိရလည်းကိစ္စမရှိပါ။ ထို့ပြင် ချစ်သူက မပြောလိုသည်ကို အတင်းအကျပ်မမေးချင်ပါ။ ထို့ကြောင့် အသံတိတ်နှုတ်ဆိတ်ကာ သန့်ရှင်းရေးကိုပြီးအောင်လုပ်ပေးလိုက်ပါသည်။

"ကဲ... ပြီးပြီ။ အဝတ်သွား ဝတ်တော့။"

သျှန်နောင် ရေချိုးခန်းထဲမှ ထွက်သွားတော့မှ နောင်ထပ်တစ်ဖန်ရေချိုးကာ ရေချိုးခန်းထဲမှ တိတ်ဆိတ်ပင် ထွက်လာခဲ့ပါသည်။ အခန်းထဲရောက်တော့ သျှန်နောင်က အင်္ကျီဝတ်ပြီးသွား၍ ကုတင်စွန်းတွင်ထိုင်ကာ ကြမ်းပြင်ကို ငုံ့ကြည့်နေသည်။ သူဘာမှ မပြောပဲ ကုတင်ပေါ်တွင် အစောကတည်းက ပုံထားသော အဝတ်အစားများကို ယူဝတ်နေလိုက်သည်။

'ကို သူ့ကိုချစ်ခဲ့ဖူးတယ်။ သူကလည်း ကို့ကို ချစ်လိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ခဲ့ဖူးတယ်။ သူက ကတိအထပ်ထပ်ပေးခဲ့တယ်... " ကိုယ်မင်းနဲ့ ဘယ်တော့မှ မခွဲဘူး။"တဲ့။ ကို အဲ့ဒီ့ကတိကို ကိုးကွယ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ် ဖွင့်ပြောဖို့ ဝန်လေးခဲ့တဲ့ ကိုယ့်ရဲ့အတိတ်ကြောင့် ကိုယ်တို့နှစ်ဦး သဘောတူပြတ်ဆဲကြတယ်။ ကိုယ်တို့ပြတ်ဆဲပြီး သိပ်မကြာခင်မှာပဲ ကို့ဘက်က ပြန်ဆက်ရအောင်လို့ တောင်းပန်ခဲ့ပါသေးတယ်..."

ဟုတ်ပါသည်။ သူတို့ပြတ်ဆဲပြီး တစ်လမျှအကြာတွင် သျှန်နောင်မနေနိုင်စွာ ကိုလင်းရှိသည့် မဟာမြိုင်ခြံသို့ သွားရောက်ကာ တောင်းပန်ခဲ့ပါသည်။ ကိုလင်းမှာ ဧည့်ခန့်တွင်ထိုင်နေန သိသိသာသာပင် ပိန်ကျကာ တော်တော့်ကို ဖရိုဖရဲနိုင်လှသည့် ထိုကောင်လေးကြောင့် မျက်မှောင်ကြုတ်ကာ.....

"မင်း ဘာလာလုပ်တာလဲ ငယ်။"

"ငယ်" ဟူသောသော စကားလုံးကြောင့် မျှော်လင့်ချက်များပြန်လည် ဝေ့သီလာသလို ခံစားလိုက်ရသည်။

"ကိုလင်း... ကိုလင်း... ကျွန်တော့်တို့ ကိစ္စကိုပြန်စဉ်စားပေးပါလားဗျာ။ ကျွန်တော်... ကျွန်တော့်ဘက်က မပြတ်နိုင်သေးလို့ပါ။"

သျှန်နောင် ပြောပြောဆိုဆို ကိုလင်း၏ ရှေ့တွင် ဒူးထောက်ကာ ကိုလင်း၏ ခြေထောက်ကို တွယ်ရာမဲ့သူပမာ အားကိုးတစ်ကြီး ဆုပ်ကိုင်ထားလိုက်သည်။

"ငယ်ရယ် တို့ကိစ္စတွေက လွန်ကုန်ပြီကွ။"

"ကိုလင်းရယ်... ကျွန်တော်တောင်းပန်ပါတယ်နော်။ ကျွန်တော့ကို ဒီတခါတော့ ခွင့်လွှတ်ပေးပါဗျာ။ ကျွန်တော် ကိုလင်းနဲ့ဝေးရရင် သေမယ်ထင်တယ်။ ကျွန်တော့်ကို သနားပါနော်။"

မိမိ၏ ခြေရင်းတွင် ဒူးထောက်ပြီး သူ့ခြေထောက်ကို ဖက်မတတ်တောင်းပန်နေရှာသော ထိုကောင်လေးကို ကြည့်ကာ သူ ရင်နာရပါသည်။ သို့သော် ဒီကောင်လေးကို သနားသဖြင့် ခေါင်းညိတ်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါ။

ဖခင်ဖြစ်သူက သူနှင့် မိန်းကလေးတစ်ဦးကို လက်ထပ်ရန် သူ ပညာသင်မသွားခင်ကတည်းက ကမ်းလှမ်းပြီးဖြစ်သည်။ မိန်းကလေးဘက်ကလည်း ဖခင်ချင်း စီးပွားဖက်မို့ မငြင်း။ သူ့အနေနှင့်က မိန်းကလေးကို ကြိုက်၍ မဟုတ်သော်လည်း မငြင်းခဲ့။ ရင်ခွင်တွင် ဒီကောင်လေးရောက်လာတော့ ထိုမိန်းကလေးအား ငြင်းဆန်၍ ချစ်ရသူကိုသာ ရွေးချယ်ရန် အားမွေးခဲ့ပါသည်။ သို့သော် သူ အားမွေးလို့မှ မပြီးသေး သူချစ်ရသူက သူ့အား မယုံကြည်ခဲ့သည်ကို သိရှိလိုက်ရပါသည်။ ဤအမှန်တရားက သူ့အား အံ့သြစေသလို ငယ့်အား စိတ်ပျက်စေသည်။ ဤတွင် ငယ့်အား သွားခွင့်ပြုလိုက်ရန် သူ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။

တစ်ဦးကိုတစ်ဦး ယုံကြည်မှုမရှိသော လူနှစ်ဦးသည် ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ဟု ခံယူထားသည်။ အိမ်ထောင်ရေးမပြောနှင့် နေ့စဉ်ဘဝမှာပင် ယုံကြည်မှုဆိုတာ အရေးပါသည် မဟုတ်လား။ ဤသို့ အဓိကကျသည့် မဏ္ဍိုင်မရှိပါပဲ ရှေ့ဆက်လျှင် နှစ်ဦးနှစ်ဖက်လုံး အလဲလဲအကွဲကွဲဖြစ်ကုန်တော့မည်။ အထူးသဖြင့် သူ့ဘက်က ပို၍ အထိနာပေလိမ့်မည်။ သူ့အား ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာ ဖခင်ကြီးအား အရှက်မရစေလိုပါ။ တဖန် နှစ်ဦးသားဖြစ်ချင်ရာဖြစ်ဟူပြီး မျက်စိစုံမှိတ်ကာ လက်တွဲသွားပါပြီတဲ့ ဖခင်ကြီးပြောသလို မျိုးဆက်ဆိုတာလဲ ထည့်စဉ်းစားသင့်သည် မဟုတ်လား။

"ငယ် မင်းဖုံးကွယ်ခဲ့တာကို ကိုယ်ခွင့်လွှတ်လို့ရတယ်။ ဒါပေမယ့် ကိုယ်ပြန်စဉ်းစားတယ်။ ကိုယ်တို့က အစောကတည်းက မဖြစ်နိုင်ဘူး ငယ်ရဲ့။ ကိုက မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ပြီးသား။ သူနဲ့ ဒီနှစ်ကုန် နောက်နှစ်ဆို လက်ထပ်တော့မှာ။"

ဈာန်လင်းခန့် စကားကို လှအောင်သာ ကြည့်ပြောလိုက်ပါသည်။

"ဗျာ... ကိုလင်း... ကိုလင်း ဘယ်လိုပြောလိုက်တယ်။"

သျှန်နောင်မှာ မိုးကြိုးအစင်းတစ်ထောင်လောက် တစ်ပြိုင်တည်းပစ်ခံရသူလို့ ထူပူသွားတော့သည်။

"ဟုတ်တယ် ငယ်။ ကို လက်ထပ်တော့မယ် မိန်းကလေးတစ်ယောက်နဲ့။"

"ကိုလင်း... တကယ်ပြောနေတာလား။"

"ကို တကယ်ပြောနေတာ ငယ်။"

သျှန်နောင် ရုတ်တရက် နားထဲမှ လေများထွက်ကာ ပူတက်လာတော့သည်။ ကြည့်ရသည်မှာ အိပ်မရသည့်ညများ၏ ရလာဒ်သာဖြစ်ပေလိမ့်မည်။

"ငယ်ရယ်... ကို တကယ် ငယ့်ကိုပဲ ချစ်တာပါကွာ။ ဒါပေမယ့် ကိုက မျိုးဆက်တော့ လိုချင်တယ် ငယ်ရယ်။ ကိုယ်တို့ ဘယ်လောက်ပဲချစ်ချစ် ... ကိုတို့ မျိုးဆက်က ဘယ်လိုမှ မဖြစ်နိုင်ဘူး မဟုတ်လား။ နောက်ပြီး ကို့အဖေကိုလည်း ငဲ့ရဦးမယ်လေ။"

ကိုလင်းက မျိုးဆက်လိုချင်သည်တဲ့လား။ ဤသည်က သူ့ဘဝတွင် နာကျင်စရာအကောင်းဆုံး ရှုံးနိမ့်မှုပင်။ သူက ဘယ်လိုလုပ်၍ မိန်းမတစ်ယောက်ကို ယှဉ်လို့ ရမှာလဲ။

"ရက်စက်လိုက်တာ ကိုလင်းရယ်။"

"ကို ရက်စက်တာမဟုတ်ပါဘူးကွာ။ ကို လုပ်သင့်လုပ်ထိုက်တာကို လုပ်ရတာပါ။"

သျှန်နောင် မျက်လုံးများပင် ပြာဝေလာသည်အထိ ရင်ထဲက ဝေဒနာက ပြင်းထန်လှပါသည်။

ထိုစဉ် နန်းနောင်နှင့် မိုင်းမိုင်ရောက်ချလာကာ သူ့အား တစ်ဖက်တစ်ချက်ပွေ့လိုက်ပြီး...

"သျှန်နောင်..."

"လေးနောင်.."

"ကိုလင်း... နင် ငါ့မောင်ကို ဘာလုပ်လိုက်လဲ"

"ဘာမှ မလုပ်ရပါဘူးဗျာ။"

"နင် ဘာမှ မလုပ်ဖူးသာပြောတယ်။ ငါ့မောင်ကို ကြည့်စမ်းပါဦး။ သူ့မှာ နင့်ကြောင့် ဘယ်လောက်ခံစားရလဲသိရဲ့လား။"

"ခင်ဗျားကလည်း ဇွတ်ကြီးပဲ။ ကျွန်တော် ခင်ဗျားမောင်ကို ဘာမှ မလုပ်ပါဘူးဆို"

"နင် ယောက်ျားဖြစ်ပြီး တည်တည်တံတံပြောစမ်း"

"တည်တည်တံ့တံ့ပြောနေတာလေ။ ဘာလဲ ခင်ဗျားက ခင်ဗျားတို့လိုမျိုး ဖာမျိုးဖာနွယ်များထင်နေလို့လား။"

ကိုလင်းလည်း မိထွေးဖြစ်သူကို နိုင်လိုဇောနှင့်ပြောလိုက်သည်။ သူပြောသောစကား၏ အဓိပ္ပာယ်ကိုပြန်ကောက်မိချိန်တွင် အာလုံးနောက်ကျသွားခဲ့ပြီ။ ကြမ်းကျွံတာနှုတ်၍ ရသော်လည်း စကားကျွံတာတော့ နှုတ်၍မရတော့။ သျှန်နောင်ကတော့ ထိုနောက်တွင်ကား ဘာဖြစ်လည်း ကြားတစ်ချက်မကြားတစ်ချက်ပင်။

မည်သို့ဖြစ်စေ ထိုအကြောင်းအရာများကို သျှားအိမ်နားလည်လွယ်အောင် ခြုံငုံကာ...

"ကို့ရဲ့အတိတ်က ခွင့်လွှတ်ဖို့မဖြစ်နိုင်ဘူးလေ။ နောက်ပြီး သူ့မျိုးဆက်အတွက် ကိုက ကလေးမွေးမပေးနိုင်ဘူးမဟုတ်လား။ နောက်ဆုံးတော့ မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုသွားတယ်။ အခုဆို ကလေးတောင်ရတော့မယ်။"

သျှားအိမ် အဝတ်ဝတ်ရင်း သျှန်နောင်ပြောသမျှ နားထောင်နေသည်။ ထိုသူ၏ နာကျင်မှုတို့က သူ့ထံကူးစက်လာခဲ့သည်။ သူတောင် ယခုလိုနာကျင်သည်ဆိုလျှင် ထိုအချိန်က ဒီလူဘယ်လိုနေမည်ကို မတွေးဝံ့တော့ပါ။ ဟိုလူကိုသာ စိတ်ထဲက အမှုန့်ကြိတ်ပစ်ချင်လောက်အောင် ဒေါသထွက်မိပါသည်။ ဒါနဲ့ "ထိုခွင့်လွှတ်လို့မရတဲ့ အတိတ်"ဆိုတာကကော ဘာများပါလိမ့်???

"သူ ကို့ကို ထားသွားတဲ့ အချိန်မှာ ကို တော်တော်ကြီးကို ဆောက်တည်ရာမရခဲ့ဘူး။ ကို့ရင်ထဲမှာ နာတယ်။ သိပ်နာတယ်။ နာလွန်းလို့ နောက်ဆုံးတော့ ကို အတွေးတစ်ချက်ဝင်လာတယ်။ ငါ့ကို တကယ်ချစ်တဲ့လူတောင် ငါ့ကိုခွင့်မလွှတ်နိုင်ရင် ငါ့ကိုခွင့်လွှတ်မယ့်သူရှိတော့မှာ မဟုတ်ဘူး။ ငါအသက်ရှင်နေသမျှ ဒီလိုနာဦးမှာပဲ။ ဒီလိုနဲ့ ထွက်ပေါက်ရှာမိခဲ့တယ်။ ဒီအိပ်ရာပေါ်မှာ ဒီမျက်နှာကြက်ကိုကြည့်ပြီး ကို ငြိမ်းချမ်းသွားတော့မယ့်အချိန်ကို စောင့်နေမိတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီ့နေ့က မိုင်းမိုင်က ကျောင်းက စောစောပြန်လာပြီး ကို့ကိုမြင်သွားတယ်။ အဲဒီနောက် ဘာဆက်ဖြစ်သလဲ ကိုလည်း မသိတော့ဘူး။ ကိုယ်သတိဝင်လာတဲ့အချိန်က ကိုယ်နောက်ဆုံးသိခဲ့တဲ့အချိန်နဲ့ သုံးလလောက်ကွာတယ်။ ကို့အစ်မပြောတာတော့ ကိုတော့်တော့်ကို အသိစိတ်လွတ်သွားတယ်လို့ပြောတယ်။"

သျှားအိမ် သက်ပြင်းချလိုက်ပါသည်။ ဒါကြောင့် ဒီလူ၏ အကြည့်တွေထဲမှာ ရံဖန်ရံခါ ကြောက်လန့်မှုတွေပါနေတတ်တာလား။ သျှားအိမ် သျှန်နောင်ရှေ့တွင်ရပ်ကာ ထိုလူ့၏ ခေါင်းကို ညှင်ညှင်သာသာဆွဲဖွကာ.....

"ကို... အဲ့ဒီလူကို အဲ့ဒီလောက်တောင် ချစ်ခဲ့တာလား။"

သျှန်နောင် မဖြေပါ။ မဖြေချင်လို့ဆိုလျှင် ပိုမှန်ပါသည်။ ထိုလူကို မည်မျှချစ်ခဲ့ပါစေ လက်ရှိချစ်သူဖြစ်သော သျှားအိမ်ကို လေးစားသမှုလေးတော့ထားကာ ထိုမေးခွန်းကို မဖြေသင့်ဟုထင်ပါသည်။

"အခုကော ချစ်တုန်းပဲလား။"

"ဟင့်အင်း... ကိုယ့်ကို ပစ်သွားတဲ့လူကို ဆက်ချစ်နေရအောင် ကို အရူးမဟုတ်ဘူး။"

ထိုသူ့ကို မည်မျှချစ်ခဲ့ချစ်ခဲ့ အတိတ်သည်အတိတ်သာ။ ထို့ကြောင့် အတိတ်ကို အတိတ်မှာထား၍ ပစ္စုပ္ပန်သို့ သယ်မလာတာအကောင်းဆုံးဖြစ်သည်။

"မောင့်ကိုရော သူ့လောက်ချစ်ရဲ့လား။"

သျှန်နောင် ဆတ်ခနဲမော့ကြည့်လာသည်။ ဒေါသတို့က ထိုသမင်မျက်လုံးကို တဖြတ်ဖြတ်လဲ့နေစေသည်။ ချစ်ရသူပင်ဖြစ်စေဦးတော့ သူ့အချစ်ကို ထိပါးသည်တော့ မခံနိုင်ပါ။

"မောင်... ဘယ်လိုပြောလိုက်တာလဲ။ ဘာကိစ္စ ဒီလိုလူနဲ့ တန်းညှိနေရတာလဲ။"

သျှားအိမ် ပြုံးလိုက်ပါသည်။ သူလိုချင်တာ ဒါပဲလေ။ ထိုလူမျက်လုံးထဲတွင် ထိုစကားလုံးတို့၏ စစ်မှန်မှုတို့ကို မြင်တွေ့နေရသလို ထိုလူ့နှလုံးသားထဲတွင် သူက အမြင့်တနေရာတွင်ရှိနေသည် မဟုတ်ပါလား။

"မောင်က စတာပါကွာ။ ဒါပေမယ့် မောင့်ကို သူ့ထက်ချစ်မှရမယ်နော်။"

"မောင်ရယ် မနှိုင်းစမ်းပါနဲ့ဆို။ မောင့်ကို ချစ်တဲ့အချစ်က ဘာနဲ့မှ ယှဉ်လို့ကိုမရတာ။"

သျှန်နောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့်ဆိုလိုက်ပါသည်။ မိမိနှလုံးသားကို မိမိသာ အသိဆုံးပင်။

"ချစ်လိုက်တာ ကိုရယ်...."

"ကိုလည်းမောင့်ကို ချစ်တယ်။"

သျှားအိမ် သျှန်နောင်၏ ဘယ်ဘက်လက်ဖဝါးလေးကို ညှင်ညှင်သာသာလေး နမ်းရှိုက်လိုက်သည်။ ရုပ်ဆိုးလွန်းလှသော ထိုအမာရွတ်ကိုကြည့်ကာ ဆူဝေလာသော သူဒေါသများကို မနည်းထိန်းလိုက်ရသည်။

'စိတ်ချ ကို။ ကို ဘယ်တော့မှ ဒီလိုထပ်ပြီး မနာကျင်စေရဘူး။' ဟု စိတ်ထဲတွင် သန္နိဠာန်ချလိုက်သည်။

"ကဲ... မောင်... ၁၀ နာရီရှိပြီ ထမင်းစားမှာလား။ ကိုတော့ အစာခပ်ပျော့ပျော့ပဲစားပြီး အိပ်တော့မယ်။ ဒါပေမယ့် မောင်စားမယ်ဆိုရင် စောင့်ပေးမယ်။"

"မောင်လည်း ကို စားသလိုပဲ စားတော့မယ်"

"ဒါဆို ဟင်းတွေကို မနက်ဖြန်အတွက် ထည့်ပေးလိုက်မယ်။"

"အင်း..."

"ဪ... ဒါနဲ့ မောင်... မနက်ကျရင် ကို လာနိုင်မှာမဟုတ်ဘူး။ အဲ့ဒီအတွက် တောင်းပန်ချင်လို့။ မနက်ဖြန် မင်္ဂလာပွဲအတွက် setup လုပ်ဖို့ စောစောသွားပေးရမယ်။ နောက်ပြီး ဒီပွဲက ကို့ဆိုင်ရဲ့ ပထမဆုံးပွဲလမ်းသဘင်လုပ်တဲ့ ပွဲဆိုတော့ ကို ရှိနေချင်တယ်။ ဒါကြောင့် ကို့ကို ခွင့်လွှတ်ပါနော်။ ဒါပေမယ့် ညနေကျရင် လာခဲ့မယ်လေနော်... နော်။"

"ဪ... ကိုရယ် အလုပ်ရှိလို့ မလာနိုင်တာပဲ။ ဘယ်နှယ့်... ခွင့်လွှတ်ပါတွေ ဘာတွေနဲ့။"

"ကိုပြောချင်တာက... မနက်ဖြန်က ချစ်သူများနေ့မဟုတ်လား။ မောင့်ကို မိုးလင်းလင်းချင်းတောင် တွေ့သင့်တဲ့ဟာကို..."

"မောင် နားလည်ပါတယ်ကွာ။ မောင်လည်းတွေ့ချင်တာပဲ။ တွေ့ချင်တာမှ မနက်ဖြန်တစ်ရက်တည်းမဟုတ်ဘူး။ နေ့တိုင်း၊ အချိန်တိုင်းကိုတွေ့ချင်တာ။ ဒါပေမယ့် အလုပ်ကိုယ်စီနဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အခါလည်းရှိတယ်ဆို မောင်သိပါတယ်။ အရေးကြီးတာက နှလုံးသားချင်း ထပ်တူကျဖို့ မဟုတ်လား။ တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်နေသမျှ ကာလပတ်လုံး နေ့တိုင်းဟာ ချစ်သူများနေ့ပဲ ကို။"

သျှန်နောင်ပြုံးကာ သျှားအိမ်အား လည်ပင်းမှ သိုင်းဖက်ကာ လည်တိုင်ပေါ်တွင် မျက်နှာအပ်လိုက်ပြီး...

"ကျေးဇူးပါ မောင်။"

"ကိုရယ်... ဒါက ချစ်သူတွေကြားမှာ ရှိသင့်တဲ့ နားလည်သိတတ်မှုလေးတစ်ခုလေ။ ကျေးဇူးတင်စရာမဟုတ်ပါဘူးဗျာ။"

သျှန်နောင် ထိုလူကြီးလေးနှင့် ဖက်၍ ငြင်းနေမည့်အစား လည်တိုင်ဖွေးဖွေးအိအိလေးကို ခပ်ဖွဖွနမ်းရှိုက်လိုက်ပါသည်။ သျှားအိမ်ကတော့ ကျေကျေနပ်နပ်ကြီးပြုံးလို့။ အတန်ကြာလျှင် လူချင်းခွာလိုက်ပြီး...

"ကဲ... မောင်... သွားစို့။ ထမင်းစားခန်းထဲကို..."

သို့နှင့် နှစ်ဦးသား မီးဖိုချောင်ရှိရာသို့ ခြေတက်ခဲ့ကြသည်။ ဒေါ်ခူးခမျာမှာ တာဝန်ကျေစွာ သူတို့ကိုစောင့်နေသဖြင့် သျှားအိမ်မျက်နှာပူသွားတော့သည်။ သျှန်နောင်ကတော့ ပေါင်မုန့်မီးကင်နှင့် အသီးအနှံတချို့ချပေးရန်ပြောပြီး ဟင်းများကို ချိုင့်ဖြင့် ထည့်စေသည်။ ထို့နောက် သျှားအိမ် ချိုင့်ဆွဲကာ အိမ်ကို လေးတိလေးကန်ဖြင့် ပြန်ခဲ့တော့သည်။

ဘာရယ်??? မေ့သွားပြီလား? ဟုတ်လား??? ဘယ်မေ့မှာတုန်း။ အဲ့ဒီ့လူကြီးကို တဝကြီးနမ်းခဲ့တာပေါ့။ ဒါမှ အိပ်မက်လှလှမက်နိုင်မှာလေ။

--------------------------------------

September 2, 2019 Monday

Edited on – Jan 31, 2021

--------------------------------------

Warning ⚠️:Mature Contents (18+)

>>>>>ZawGyi<<<<<

ယခုတေလာ သၽွားအိမ္စားေရးေသာက္ေရး အဆင္ေျပေနသည္။ မနက္ဆို ဆိုင္ေလးဖြင့္ ေကာ္ဖီေလးေဖ်ာ္။ ဗူးေလးထဲထည့္ၿပီး ခ်စ္သူအိမ္ကိုသြား။ ႏွစ္ဦးသား မနက္စာစား။ ၿပီးလၽွင္ သၽွားအိမ္က ေန႔လယ္စာခ်ိဳင့္ေလးဆြဲကာ ဆိုင္ကိုျပန္လာ။ လုပ္စရာရွိတာကို လုပ္။ ညေနေစာင္းလၽွင္ တခါျပန္သြား။ ခ်စ္သူႏွင့္အတူ ညစာအတူစား။ ေဆးခန္းရွိသည့္ေန႔ဆို ေစာေစာစား။ မရွိသည့္ေန႔ဆို ၇ နာရီေလာက္မွ စား။ ၿပီးလၽွင္ ခ်စ္သူႏွင့္ တီဗီၾကည့္လၽွင္ၾကည့္။ မၾကည့္လၽွင္ စကားစျမည္ေျပာ။ ၁၀ နာရီဆိုျပန္။ ဟန္ကိုက်လို႔။ ဟိုႏွစ္ေကာင္က ဘီယာဆိုင္သြားရေအာင္ ေခၚသည္ကိုေတာင္ "NO" ဟု ျပတ္ျပတ္သားသားျငင္းခဲ့သည္။

အဲ... ဒီေန႔ေတာ့ ထိုကေလးႀကီးက အလုပ္သြားမည္ဟု မေန႔ကတည္းက စစ္ေၾကျငာလာသည္။ ထိုသို႔ စစ္ေၾကျငာေနသည္မွာ သုံးရက္ေျမာက္ကတည္းက...။ မနည္းပင္ ေခ်ာ့တစ္လွည့္ေျခာက္တစ္လွည့္ လုပ္ထား၍ တစ္ပတ္၊ခုႏွစ္ရက္မၽွခံျခင္းျဖစ္သည္။

"ဒါနဲ႔ အစ္ကိုသၽွန္ေနာင္တစ္ေယာက္ သက္သာသြားၿပီးလား Boss။"

ဆိုင္တံခါးဝကို မၾကာမၾကာၾကည့္ေနေသာ သၽွားအိမ္ေၾကာင့္ ႏွင္းႏွင္း ေမးခြန္းထုတ္မိပါေတာ့သည္။ ယခုတစ္ေလာ Boss တစ္ေယာက္ရႊင္လန္း႐ုံမဟုတ္။ ေခတ္စကားႏွင့္ေျပာရလၽွင္ ဖလန္းဖလန္းထေနသည္။ ၾကည့္ရသည္မွာ သၽွန္ေနာင္ဆိုသည့္ အစ္ကိုႀကီးႏွင့္ အဆင္ေျပသြားသည့္ပုံပင္။ ေျပာရမည္ဆိုလၽွင္ ထိုႏွစ္ဦး၏ အၾကည့္မ်ားကို သူမ အဓိပၸာယ္ေဖာ္ၿပီးသြားသည္မွာ ၾကာလွၿပီျဖစ္သည္။ Boss က Homoမို႔ ဘယ္လိုသေဘာရလဲ? ဟုတ္လား?? ဒီေမးခြန္းေမးသည့္ လူမ်ားကို သူမ နားမလည္ပါ။ Boss ၏ ခ်စ္မႈေရးရာသည္ သူမႏွင့္မဆိုင္ပါ။ သူမလုပ္ရမည့္အလုပ္ကို အေကာင္းဆုံးလုပ္မည္။ အလုပ္အေပၚေရာ၊ အလုပ္ရွင္ေပၚတြင္ သူမ၏ သေဘာထားက ေျပာင္းလဲျခင္းမရွိပါ။

"အင္း... ဒီေန႔ေတာင္ အလုပ္သြားမယ္ဆိုပဲ။"

ထိုစဥ္ မ်က္လုံးေထာင့္တြင္ ျမင္လိုက္ရေသာ ပုံရိပ္ေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ သၽွန္ေနာင္။ အနက္ေရာင္ slim fit shirt ႏွင့္ မီးခိုးေရာင္ slim fit dress pants ျဖင့္ သပ္ရပ္ေနသည္။

"ေျပာရင္းဆိုရင္း အသက္ရွည္ဦးမယ္။"

သၽွားအိမ္ကခပ္တိုးတိုးေရရြတ္လိုက္သည္။ သၽွန္ေနာင္က အျပဳံးေႏြးေႏြးတစ္ခုျဖင့္ သူရွိရာသို႔ ေလၽွာက္လာၿပီး....

"ေကာ္ဖီတစ္ခြက္"

"အင္း... သြားထိုင္ႏွင့္။ ေမာင္... အဲ... ကၽြန္ေတာ္လာခဲ့မယ္။"

သၽွားအိမ္မွာ ႏွင္းႏွင္းေရွ႕တြင္ သတိထားေနသည့္ၾကားမွ ထြက္ျဖစ္ေအာင္ ထြက္သြားေသးသည္။ ႏွင္းႏွင္းကေတာ့ မသိသလိုလုပ္ကာ သၽွန္ေနာင္ကိုသာ ျပဳံးျပလိုက္သည္။

"မေတြ႕တာၾကာၿပီေနာ္ အစ္ကို"

"ဟုတ္တယ္ ႏွင္းႏွင္း။ တပတ္ေလာက္ေတာင္ရွိၿပီ"

သၽွန္ေနာင္က ႏွင္းႏွင္းႏွင့္ ရင္းႏွီးေနသည့္အားေလၽွာ္စြာ အာလူးနည္းနည္းဖုတ္ၿပီးမွ ခပ္ေခ်ာင္က်က်စားပြဲတြင္ ဝင္ထိုင္လိုက္သည္။ သၽွားအိမ္ကေတာ့ မနက္စာအတြက္ ျပင္ဆင္ၿပီး သၽွန္ေနာင္ေရွ႕တြင္ထိုင္ကာ စားစရာမ်ားကို ခ်ေပးလိုက္သည္။

သၽွန္ေနာင္က ထုံးစံမပ်က္ ေကာ္ဖီႏွင့္ ခံတြင္းရွင္းၿပီးမွ မနက္စာကို စစားသည္။ သၽွားအိမ္ကေတာ့ Tuna Sandwich ေလး ကိုက္ေနရင္းမွ ေျဗာင္က်က်ပင္ မ်က္လုံးကို အစာေကၽြးေနေတာ့သည္။ သတၱိရွိျခင္း၏ အက်ိဳးေက်းဇူးကား ဤသို႔ မ်က္စိပသာဒျဖစ္ရေသာ ခ်စ္သူတစ္ေယာက္ရရွိျခင္းအျပင္ ၾကည္ႏူးဖြယ္ရာအခ်ိန္မ်ားကို ခ်စ္ရသူႏွင့္အတူ ျဖတ္သန္းရျခင္းပင္။

"ေမာင္... မ်က္လုံးႀကီးလည္း ကၽြတ္သြားဦးမယ္။ ကိုယ္သိကၡာကိုယ္လည္း ထိန္းဦး။"

"ကိုကလည္းကြာ ကိုယ့္ခ်စ္သူကိုယ္ၾကည့္တာပဲ.... သိကၡာထိန္းရေအာင္ ဘုန္းႀကီးလည္း မဟုတ္။"

"ဘုန္းႀကီးမဟုတ္လို႔ေပါ့။ ဟုတ္လို႔ကေတာ့ ကန္ေတာ့ဆြမ္းပဲ။"

"ဘာကို ကန္ေတာ့ဆြမ္းမွာလဲဟင္။"

"သိခ်င္တယ္လား။"

"အင္း... သိခ်င္တယ္။"

"ဒါဆို စိတ္ရွည္ရွည္ထားၿပီး ေစာင့္ၾကည့္။ ျပန္ရင္သိရမယ္။"

သၽွားအိမ္ သိလိုက္ပါၿပီ။ သူ႔၏ မနက္ခင္းအားေဆးအတြက္ ကန္ေတာ့ဆြမ္းကပ္ခံထိေတာ့မည္။

"ကိုေနာ္... ငရဲႀကီးမယ္။"

"ဘာကိစၥ ငရဲႀကီးမွာတုန္း"

"ဪ... ေမာင္က ကို႔ရဲ့အနမ္းနဲ႔ ခြန္အားယူေနရတာေလ။ အဲဒီလိုႀကီး ကန္ေတာ့ဆြမ္းကပ္ရင္ ကို ငရဲႀကီးမွာေပါ့။"

"ႀကီးပါေစ။ ျပႆနာ မရွိဘူး။"

"ေမာင္ကေတာ့ ျပႆနာရွိတယ္။ ကို႔ဆီက အနမ္းကိုမရရင္ ေမာင္ တစ္ေန႔လုံး ညိဳးႏြမ္းေနေတာ့မွာ။ ကို ျမင္ေယာင္ၾကည့္စမ္းပါ။ ဘယ္ေလာက္ သနားစရာေကာင္းသလဲလို႔။"

သၽွားအိမ္က သနားဖြယ္ရာ မေကာင္း၊ေကာင္းေအာင္ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ႏွင့္ ေျပာလာလၽွင္ သၽွန္ေနာင္မွာ မျပဳံးမရယ္ပဲ မေနနိုင္ေတာ့။ ပုလဲကဲ့သို႔ေသာ သြားျဖဴျဖဴေလးမ်ားေပၚသည္အထိ ရယ္ေမာမိေတာ့သည္။ သို႔ေသာ္ ခ်က္ခ်င္းဆိုသလို မ်က္ႏွာကို တည္လိုက္ၿပီး....

"ကို ျမင္ေယာင္ၾကည့္လို႔မရဘူးျဖစ္ေနတယ္။ ဒီေတာ့ ေသခ်ာျမင္ရေအာင္ မေပးဘဲထားရမယ္။"

ဒီလူႀကီးဟာေလ။ ဒီေလာက္လက္ေပါက္ကပ္လိမ့္မည္ဟု တစ္ခါမၽွမထင္ခဲ့။

"ကို...! ေတာင္းေနတုန္းမွာ အသာတၾကည့္ေပးေနာ္။ နို႔မို႔ဆို ေမာင္က လုမွာ။ ေနာက္မွ ေမာင္သိပ္ရက္စက္တယ္ေတြ ဘာေတြမလုပ္နဲ႔။ အလဲ့..."

သၽွားအိမ္ ကိုယ္အေျပာကိုကိုယ္ သေဘာက်စြာ ရယ္ေမာလိုက္ေတာ့ သၽွန္ေနာင္ထံမွ ဘုၾကည့္တို႔က ဒုန္းခနဲေရာက္လာသည္။

"လုရဲလုၾကည့္ပါလား။ ခင္ဗ်ားေလးက သၽွန္ေနာင္ကို ဘာမ်ားမွတ္လို႔လဲ။"

သၽွန္ေနာင္က ႏႈတ္ခမ္းတစ္ဖက္တြန႔္႐ုံျပဳံးကာ ေျပာလာသည္။ ဒီလူႀကီးက ေၾကာက္ေအာင္လည္း ေျခာက္ခ်င္ေသးသည္။ မေျခာက္လည္း မေျခာက္တတ္။ သၽွားအိမ္မွာ ထိုလူႀကီး၏ မ်က္ႏွာကို ၾကည့္ကာ အသည္းတယားယား။ ဘယ္သူမွမရွိလၽွင္ ဒီလူႀကီး၏ ႏႈတ္ခမ္းေတြကို ေကာင္းေကာင္းႀကီးရန္ရွာပစ္လိုက္မည္။

"ကိုရယ္ ေျခာက္မယ္ဆိုလဲ ေၾကာက္ေအာင္ေျခာက္စမ္းပါ။ ဒီေကာင့္မွာ ခင္ဗ်ား႐ုပ္ကိုၾကည့္ၿပီး ပစ္မွားေနရတာ ငရဲႀကီးလြန္းလို႔။"

သၽွန္ေနာင္ မ်က္ေစာင္းကို အားကုန္သုံးကာ ထိုးပစ္လိုက္ပါေတာ့သည္။ အဲ့ဒီ ေျပာင္ေခ်ာ္ေခ်ာ္မ်က္ႏွာက ျမင္ျပင္းကပ္စရာေကာင္းသေလာက္ ထိုလူ၏ ျဖစ္တည္မႈက သူ႔ႏွလုံးသားကို အခ်စ္တို႔ျဖင့္ ျပည့္လၽွံေစသည္မွာ ဆိုးလွသည္။

"ဘာလဲ အရႈံးေပးၿပီလား။ ဒါဆို ေလ်ာ္ေၾကးက ႏွစ္ဆေနာ္။"

"နိုင္လို႔ရွိရင္ေကာ ေမာင္က လက္ဗလာနဲ႔ေနခဲ့မွာက်ေနတာပဲ။"

"အဟက္...."

သၽွန္ေနာင္ ေျပာသည္မွာ အမွန္ျဖစ္၍ သၽွားအိမ္ ရယ္က်ဲက်ဲသာလုပ္ေနလိုက္ပါသည္။

"ဒါနဲ႔ ညေနအိမ္မွာ ထမင္းလာစားေလ။ ေမာင့္အႀကိဳက္ ငါးရံ့တုပ္ဟင္းခ်က္ခိုင္းထားတယ္။ ေမာင္ကို အျပန္က်ရင္ ဝင္ေခၚမယ္။"

"အင္း... ေမာင္ကိုယ့္ဖာကိုယ္လာခဲ့မယ္ေလ။ မနက္ျဖန္ Valentine's Day အတြက္ ဆိုင္ကို decoration လုပ္ရဦးမယ္။ ၿပီးေတာ့ ကိတ္မုန႔္ေအာ္ဒါေတြလည္းရွိတယ္။ ဒါေၾကာင့္ နည္းနည္းေနာက္က်မွ လာခဲ့မယ္ေလ။"

"အာ... ေမာင္ေျပာမွ သတိရတယ္။ ကို႔ဆိုင္လည္း မနက္ျဖန္က်ရင္ မဂၤလာဧည့္ခံပြဲတစ္ခု လက္ခံထားတယ္။ Decoration သမားေတြ ဘယ္အခ်ိန္လာမလဲမသိဘူး။"

"ကိုေနာ္... မေန႔က ေမာင့္ေပးထားတဲ့ ကတိကို ေမ့မေနနဲ႔ဦး။ အလုပ္လုပ္တာေတာ့လုပ္။ ဒါေပမယ့္ decoration ေတြ ကိုယ္တိုင္လုပ္မေနနဲ႔ဦး။"

"အင္းပါ။ ကဲ... ၈နာရီလည္း ခြဲၿပီဆိုေတာ့ သြားဦးမွ"

သၽွန္ေနာင္က လက္ပတ္နာရီေလးကို ၾကည့္ကာ ေကာ္ဖီကို ေကာက္ေမာ့လိုက္သည္။ သၽွားအိမ္က ထိုလူ၏ ထူးျခားေသာ အမူအက်င့္ေလးကို သတိမထားပဲမေနနိုင္။ လူတိုင္းလိုလို ဖုန္းကိုင္နိုင္သည့္ေခတ္ထဲတြင္ နာရီဆိုသည္မွာ လူအနည္းစုသာ ဝတ္ဆင္ၾကၿပီး ထိုအနည္းစုထဲမွ အမ်ားစုက အလွအပအေဆာင္အေယာင္တစ္ခုအေနႏွင့္သာ ဝတ္ဆင္ၾကသည္။ သို႔ေသာ္ ဒီလူကဲ့သို႔ အိမ္မွာေနလၽွင္ေတာင္မွ လက္ပတ္နာရီပတ္ထားတတ္သည့္လူေတာ့ လူတစ္သိန္းတြင္ေတာင္ တစ္ေယာက္ရွိပါ့မလား။

"Mr. Cinderella ရယ္ ေျဖးေျဖးလည္းေသာက္ပါ။ သီးကုန္ပါမယ္။"

"အဟြတ္ဟြတ္..."

သၽွန္ေနာင္မွာ Mr. Cinderella ဟုေသာ အမည္ေၾကာင့္ သီးသြားရသည္။

"ေမာင္ ေျပာတယ္မဟုတ္လား။ ေျဖးေျဖးေသာက္ပါလို႔။"

"အဟြတ္ဟြတ္... ဘာႀကီး???"

သၽွန္ေနာင္၏ အဆက္စပ္မရွိေသာ ေမးခြန္းေၾကာင့္ သၽွားအိမ္မွာ ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီး...

"ဘာကို ဘာႀကီးလဲ???"

"Mr... ဘာ???"

"ဪ... Cinderella ေလ။ ကိုက မနက္၈နာရီခြဲရင္ ေဟာဒီက မင္းသားေလးနားက ေျပးဖို႔ပဲ တာစူေနလို႔ေလ။"

"အဟားဟား... သူ႔ကိုသူမ်ား မင္းသားေလးတဲ့ ေမာင္ဟာေလ ေတာ္ေတာ့္ကို မရွက္တတ္တာပဲ။"

"ဒါကေတာ့ ခ်စ္သူခ်င္း ဘာရွက္စရာရွိလဲ။ လင္မယားျဖစ္ရင္ ဒီ့ထက္ေတာင္ အရွက္ကုန္မယ့္ ကိစၥေတြေတြ႕ရဦးမွာကို...။"

သၽွားအိမ္က စပ္ၿဖီးၿဖီးႏွင့္ေျပာနိုင္ေသာ္လည္း သၽွန္ေနာင္ကေတာ့ မ်က္ႏွာပူလြန္းလို႔ ဘယ္မွာထားရမွန္းမသိ။ အမ်ိဳးသားတစ္ဦးႏွင့္ အေပ်ာ္အပါးဆက္ဆံေရးသည္ ယခင္ကေတာ့ သာမန္ကာလၽွံကာသာ ခံစားရေသာ္လည္း ဤသို႔ေသာ အျခင္းအရာမ်ိဳးကို ခ်စ္ရသူႏွင့္က်ေတာ့...။ ေတြးရင္းေတာင္ ကိုယ့္ကိုယ္ကိုယ္ အံ့အားသင့္ေလာက္ေအာင္ ရင္ဖိုမိပါသည္။ သို႔ေသာ္ ႐ုပ္ကိုတည္နိုင္သမၽွတည္ကာ...

"ဘယ့္ႏွယ့္ လင္မယားလဲ။"

"ဪ... ကိုရယ္... ေမာင္က ကို႔ကို ရည္ရြယ္ထားပါတယ္ဆိုေတာ့မွ "လင္မယား" ကိစၥအထိပါတာေပါ့လို႔။"

သၽွားအိမ္ကေတာ့ သၽွန္ေနာင္၏ မရမကတည္ထားေသာ မ်က္ႏွာရဲရဲေလးကိုၾကည့္ကာ မိမိရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္ခ်င္စိတ္မ်ားကို မနည္းထိန္းေနရသည္။

"ေမာင္... လူၾကားထဲမွာေနာ္။ ေတာ္ၿပီ။ သြားေတာ့မယ္။"

"ေဟ့... ေနပါဦးကြာ။ ေမာင့္ကို ၾကည့္စမ္းပါဦး။"

သၽွားအိမ္က ထေျပးရန္ႀကံေနေသာ သၽွန္ေနာင္၏ လက္ကိုဆြဲကာ ေနရာမွာပင္ ျပန္ထိုင္ေစသည္။ ထို႔ေနာက္ မ်က္လုံးျခင္းဆုံေအာင္ၾကည့္ကာ တည္ၾကည္ေသာ မ်က္ႏွာျဖင့္...

"ေမာင္ ကို႔ကို ခ်စ္တယ္။ အရမ္းခ်စ္တယ္။ ကိုနဲ႔ပဲ တစ္သက္လုံး ေနသြားခ်င္တယ္။ ဒါ ေမာင့္ရင္ထဲက လာတဲ့ မွန္တဲ့စကားပဲ။ ကို႔ကို ဒါေလးပဲ သိေစခ်င္တာပါ။"

သၽွားအိမ္ မိမိရင္ထဲမွ ခံစားခ်က္တို႔ကို ခ်စ္ရသူကို နားေညာင္းေစ႐ုံဆႏၵသာ ရွိပါသည္။ သို႔ေသာ္ မေမၽွာ္လင့္စြာပင္ ထိုသမင္မ်က္လုံးမ်ားအား ေမွာင္မိုက္ေနေသာ အရိပ္တခုဖုံးလႊမ္းသြားၿပီး...

"အင္း... ကိုေလ... ဒီတခါသာ ထပ္ျဖစ္ရင္ ကို တကယ္ေသမွာ..."

သက္ျပင္းသံသဲ့သဲ့ၾကားမွ ေရရြတ္သံေၾကာင့္ သၽွားအိမ္ နားမလည္စြာျဖင့္ ထိုမ်က္ဝန္းအိမ္ထဲတြင္ အေျဖရွာေနမိပါသည္။ ေၾကာက္ရြံမႈ၊ နာက်င္မႈ၊ ေမာပန္းႏြမ္းနယ္မႈ၊ စိတ္ပ်က္အားငယ္မႈတို႔ႏွင့္ ျပည့္လၽွံေနေသာ ထိုအရိပ္မည္းသည္ ခ်စ္ျခင္းေမတၱာတည္းဟူေသာ အလင္းတန္းႏွင့္ ေၾကာက္ခမန္းလိလိ အားၿပိဳင္ေနပါပေကာ။ မဟုတ္ေသးပါဘူး။ ဒီအရိပ္မည္းေတြက ဘယ္ကေရာက္လာတာလဲ။

"ကို... ကို... ေမာင့္ကို ၾကည့္။ ေသခ်ာၾကည့္။ ေမာင့္ကို ခ်စ္လား။"

သၽွန္ေနာင္၏ လက္မ်ားကို ခပ္ဖြဖြႏွိပ္နယ္ကာ အာ႐ုံေျပာင္းလိုက္ပါသည္။ ေအာင္ျမင္သည္ဟု ေျပာရမည္။ ထိုသမင္မ်က္ဝန္းမ်ားက ၾကည္လင္လာျပန္သည္။

"အင္း... ခ်စ္တယ္။"

"ကို ေမာင့္ကို တစ္သက္လုံးစာ မစဥ္းစားဖူးလား။"

သၽွန္ေနာင္ ေမးခြန္း၏ အဓိပၸာယ္ကို ဦးေႏွာက္မွ မေတြးမိခင္မွာပင္ ႏွလုံးသားက အလိုေလၽွာက္ေျဖၾကားလိုက္သည္က...

"စဥ္းစားတာေပါ့....."

ထိုအေျဖက သၽွန္ေနာင္အား ပို၍ေျခာက္ျခားေစသည္။

"ဒါေပမယ့္... ကို အင္း... ေမာင္ မသိဘူးေနာ္။ ေမာင္ သိတဲ့အခ်ိန္ၾကရင္... အင္း... ကို တကယ့္ကို မသိေတာ့ဘူး။"

အထစ္ထစ္အေငါ့ေငါ့ျဖင့္ အၿမီးအေမာက္မတည့္ေသာ စကားႏွင့္ ပတ္လည္ခ်ာလပတ္ ရမ္းေနေသာ ထိုလူေၾကာင့္ သၽွားအိမ္သက္ျပင္းခ်လိုက္ပါသည္။ ဒီလူတစ္ခုခုေတာ့ တစ္ခုခုပင္။

"ကို... ေမာင္ ေျပာမယ္။ ေမာင့္ ကိုၾကည့္...."

သၽွားအိမ္ သၽွန္ေနာင္၏ လက္တို႔ကို တင္းတင္းဆုပ္ကိုင္ကာ အမိန႔္ဆန္ဆန္ေျပာလိုက္သည္။ ထိုအခါက်မွ သၽွန္ေနာင္၏ အစိုးမရေတာ့မတတ္ျဖစ္ေနေသာ အၾကည့္တို႔က ျပန္လည္တည္ၿငိမ္လာသည္။

"ေမာင္တို႔ တစ္ဦးကို တစ္ဦးရည္ရြယ္တယ္ဆိုရင္ ရည္ရြယ္ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ပဲ ေတြး။ တျခားဘာမွ မေတြးနဲ႔။ ဘာဆို ဘာမွမေတြးနဲ႔။ ၾကားလား။"

သၽွန္ေနာင္ ပင္လယ္ျပင္ကို ေမာပန္းစြာျဖင့္ တစ္ကိုယ္တည္းလက္ပစ္ကူးခတ္ေနရင္းမွ ကယ္တင္ရွင္ေပၚလာသကဲ့သို႔ ခံစားလိုက္ရသည္။

"ေမာင္ ေျပာတာၾကားလား။"

"အင္း"

သၽွန္ေနာင္က ပုတ္သင္ညိဳေလးလို ေခါင္းညိတ္လိုက္ေတာ့ သၽွားအိမ္ သေဘာက်စြာ ဆံပင္မ်ားကို ဆြဲဖြလိုက္သည္။ ဆီမလိမ္းထားသျဖင့္ နဂိုကတည္း ခပ္ပြပြျဖစ္ေနေသာ ထိုဆံပင္မ်ားသည္ ပို၍ပြေယာင္းသြားေသာ္လည္း သူ႔အတြက္ကေတာ့ ဒီလူသည္ ဘာျဖစ္ျဖစ္ ခ်စ္စရာေကာင္းေနသည္မွာ ခက္လွသည္။

"ကဲ... ေမာင္ လိုက္ပို႔ေပးမယ္။"

သၽွန္ေနာင္မွာ လမ္းျပႏွင့္ေတြ႕သည့္ လမ္းေပ်ာက္ေနသူတစ္ဦးကဲ့သို႔ သၽွားအိမ္ ေခၚေဆာင္ရာသို႔ လိုက္ပါလာေတာ့သည္။ ကားနားေရာက္မွ သူတို႔ႏွစ္ဦး လက္ခ်င္းတြဲထာသည္ကို သတိရကာ....

"အင္း.... လူေတြေတြ႕ကုန္ၿပီနဲ႔တူတယ္။"

သၽွားအိမ္ ထိုစကားေၾကာင့္ ျပဳံးလိုက္ၿပီး....

"ေတြ႕ေပါ့။ ဘာျဖစ္လဲ။ ဒီလူက ကၽြန္ေတာ့္ရဲ့ ခ်စ္သူလို႔ေတာင္ ေၾကာ္ျငာၿပီးသားျဖစ္ေသး။"

သၽွန္ေနာင္က မ်က္ေမွာင္ေလးၾကဳတ္ကာ ၾကည့္ေနသျဖင့္ သၽွားအိမ္ရယ္လိုက္မိသည္။

"ေတာ္ၿပီ... ေတာ္ၿပီ... သြားေတာ့မယ္။ မမိုး ကို႔ကို ေမၽွာ္ေနေလာက္ၿပီ။"

သၽွန္ေနာင္က ေျပာေျပာဆိုဆို ကားေပၚတက္သြားေတာ့သည္။

"ဘာ...သြားေတာ့မယ္လဲ ကိုယ့္ခ်စ္သူကို အားေဆးေပးရဦးမယ္ေလ။"

သၽွားအိမ္က ကားျပတင္းေပါက္မွ ေခါင္းလ်ိဳကာ ႏႈတ္ခမ္းႀကီးေထာ္ကာ ေျပာလိုက္လၽွင္ သၽွန္ေနာင္က ႏႈတ္ခမ္းခ်င္းဖိကပ္လိုက္သည္။

"ကပ္စီးနဲလိုက္တာ... စိတ္ပါလက္ပါေပးစမ္းပါ။"

သၽွန္ေနာင္ မၾကည္သလို တစ္ခ်က္ၾကည့္လိုက္ၿပီး ထို complain တက္ေနေသာ ႏႈတ္ခမ္းတို႔ကို အားပါးတရနမ္းရွိုက္လိုက္ပါသည္။

"ကဲ... ရၿပီလား။"

"ဟုတ္ကဲ့ပါ ခင္ဗ်ာ။ ေျဖးေျဖးေမာင္းပါ။"

"အင္း... ညေနေတြ႕မယ္ေနာ္။"

"အင္း... ေတြ႕မယ္။ ခ်စ္တယ္ ခ်စ္သူ။"

"ခ်စ္တယ္ေမာင္။"

သၽွားအိမ္ သၽွန္ေနာင္၏ ကားေနာက္ၿမီးေလးကို ၾကည့္ကာ သက္ျပင္းခ်မိပါသည္။ တခ်ိန္တည္းမွာပင္ သၽွန္ေနာင္သည္လည္း သၽွားအိမ္နည္းတူ အသက္ျပင္းျပင္းရႉလိုက္ပါသည္။ ထို႔ေနာက္ ေဒါက္တာၿငိမ္းဟန္ႏွင့္ စကားေျပာရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း သေဘာေပါက္လိုက္ပါသည္။

သၽွန္ေနာင္ ဆိုင္သို႔ေရာက္လၽွင္ အားလုံးက သူ႔ကို ေသရြာကျပန္လာသလို ေသာင္းေသာင္းျဖျဖႀကိဳဆိုၾကသည္။ မမိုးကေတာ့ သူ႔႐ုံးခန္းထဲအထိလိုက္ကာ ျဖစ္ပုံအေသးစိတ္ကို ေမးၿပီး...

"အားခ်င္းက တကယ္ႀကီး အဲ့ဒီလုပ္တယ္" ဟုဆိုကာ အံ့ၾသေနရွာသည္။

တကယ္တမ္းဆို သူ႔ေက်းဇူးက အားခ်င္းအေပၚအမ်ားႀကီးရွိသည္ မဟုတ္လား။ ဤသည္ကိုမေထာက္ သူ႔အေပၚေက်းစြတ္ရဲေသာ ထိုသေကာင့္သားကား ရဲစြမ္းသတၱိရွိလွေပစြ။

"ဒါဆို နင့္ကို အစ္ကိုႀကီးက ဆုံးမဖို႔ စဥ္းစားပုံပဲ။ သတိထားေနာ္ သၽွန္ေနာင္ ဒီလူႀကီးက တို႔အရင္အစ္ကိုႀကီးလို စည္းကမ္းေတြ၊ ဝတၱရားေတြ သိပ္နားလည္တာ မဟုတ္ဘူး။"

"အင္း"

ဦးျမတ္ဘုန္းလၽွံ စည္းကမ္းမရွိသည္ကို သူေကာင္းေကာင္းသိပါသည္။ ထို႔‌ေၾကာင့္လည္း အရင္အစ္ကိုႀကီးလက္ထက္က လူေကာင္းအားလုံးလိုလို သူရျမတ္စံလက္ေအာက္ ေရာက္ကုန္ျခင္းျဖစ္ပါသည္။ ဒါလည္း သူ႔အတြက္ တမ်ိဳးတစ္ဖုံေတာ့ေကာင္းသည္။

သူ႔အေပၚတြင္ တင္ရွိေနေသာ အသက္ေႂကြးေၾကာင့္ သူရျမတ္စံမွာ အသက္ရွင္သမၽွကာလပတ္လုံး သူ႔အား လုံျခဳံမႈေပးမည့္အျပင္ လိုအပ္ပါလၽွင္ ေက်ာေထာက္ေနာက္ခံပါေပးမည္ဟု ကတိရွိထားသည္။ ထို႔ျပင္ ဦးျမတ္ဘုန္းလၽွံႏွင့္ ပတ္သက္၍ မကူညီနိုင္လၽွင္ေတာင္ အားခ်င္းလို ျပန္ပုန္ကန္မည့္သူမဟုတ္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ဦးျမတ္ဘုန္းလၽွံက သူရျမတ္စံကို ေခါင္းပုံျဖတ္တာ မ်ားလြန္းေနၿပီျဖစ္ၿပီး သူရျမတ္စံက အခြင့္ရလၽွင္ ျပန္ကန္ရန္ေခ်ာင္းေနသည္ကို သူ အသိဆုံး။ တဖန္ သူရျမတ္စံအား အားခ်င္းလို ၿခိမ္းေျခာက္ႀကိဳးကိုင္ဆိုသည္မွာ မျဖစ္နိုင္။

"ဒါနဲ႔ ခ်ဴးေဝနဲ႔ေရာေတြ႕ေသးလား သၽွန္ေနာင္"

"အင္း.... အားခ်င္းနဲ႔ ကိစၥၿပီးတဲ့ ေနာက္တစ္ေန႔... အိမ္ကို ကားျပန္လာပို႔ရင္းနဲ႔ေတြ႕တယ္။ ဘာလို႔လဲ?"

"သူ နင့္ကို ဘာေျပာေသးလဲ။"

"ဘာကို ဘာေျပာရမွာလဲ။"

မမိုး၏ အၾကည့္မ်ားက ထူးဆန္းေနသည္။ သူ႔မ်ား လိမ္ေနသလားဟု စူးစမ္းေနေသာ အၾကည့္မ်ားႏွင့္...

"သူ နင့္ကို ဘာမွမေျပာဘူးေပါ့?"

"ဟင့္အင္း... ဘာလို႔လဲ။"

"ဘာမွ မဟုတ္ပါဘူး။"

မမိုး တစ္စုံတစ္ရာကို ကြယ္ဝွက္ေနသည္မွန္း သူသိပါသည္။

"ဒါဆို ဘာကိစၥနဲ႔ ကၽြန္ေတာ့္ကို သိလား ဘာလားေတြေမးေနတာလဲ။ ေျပာ... ဘာကိစၥလဲ။"

သၽွန္ေနာင္ မ်က္ေမွာင္ၾကဳတ္၍ ႐ုပ္တည္ႀကီးႏွင့္ေမးမွ မမိုးက သက္ျပင္းခ်ကာ...

"သၽွန္ေနာင္ ဒီကိစၥ ငါေျပာတယ္လို႔ မေျပာနဲ႔ေနာ္။ ေနာက္ၿပီး သူ႔ဘက္က မေျပာမခ်င္း မသိသလိုသာေနသိလား။"

"အင္း..."

ဘာကိစၥမို႔ ဒီလိုကတိေတာင္းေနသလဲမသိပါ။

"ခ်ဴးေဝကေလ ေကာင္ေလးငယ္ငယ္ေလးတစ္ေယာက္နဲ႔ ၿငိေနတယ္တဲ့။ ေနာက္ၿပီး အဲ့ဒီ့ေကာင္ေလးက သူ႔သားေလာက္ပဲရွိတယ္။ ဒါေပမယ့္ အတည္တဲ့။"

"ဘုရား... ခ်ဴးေဝက? တကယ္ႀကီး???"

"အင္း..."

မမိုးက မသက္မသာျဖင့္ ေခါင္းညိတ္ျပလိုက္လၽွင္ သၽွန္ေနာင္မွာ သူမ်ား ႐ူးသြားၿပီလားဟု သံသယပင္ဝင္လာသည္။ မျဖစ္... မျဖစ္။ ေဒါက္တာ ၿငိမ္းဟန္ႏွင့္ appointment ျမန္ျမန္လုပ္မွ။ ႐ူးေၾကာင္ေၾကာင္စကားေတြေတာင္ ၾကားေနရသည္။ ခ်ဴးေဝဆိုသည္ ေပြသည့္ရႈပ္သည့္ေနရာတြင္ ထိပ္ေခါင္တင္။ မိန္းမလွမ်ားဆိုလၽွင္ သူႏွင့္ ကင္းလြတ္သူမရွိေလာက္ေအာင္ ေျခရႈပ္တတ္သူျဖစ္သည္။ သို႔ရာတြင္ တခါတရံလည္း ေယာက္်ားေလးတခ်ိဳ႕ႏွင့္ ရလၽွင္ရသလို အေပ်ာ္ရွာတတ္ေသးသည္။ ယခုေတာ့ ထိုကဲ့သို႔ေသာ လူက ေကာင္ေလးတစ္ဦးႏွင့္ အတည္တက်ႀကီးတြဲေနသည္ဆိုသည္မွာ အေနာက္အရပ္မွ ေနထြက္သည္ထက္ပင္ စိတ္ဝင္စားဖို႔ေကာင္းလွသည္။

"ဘယ္က ေကာင္ေလးလဲ။"

"အဲ့ဒါကေတာ့ သူ နင့္ကို ေျပာလာမွပဲၾကည့္ေတာ့။"

သၽွန္ေနာင္ နားမလည္စြာျဖင့္ မမိုးကိုၾကည့္လိုက္ေတာ့ မမိုးကား မနက္ျဖန္ မဂၤလာပြဲအတြက္ Dinner room ကို arrange လုပ္ရန္ဟုဆိုကာ ထြက္သြားေတာ့သည္။

သူလည္း မမိုးအား ဝိုင္းကူၿပီးသည္ႏွင့္ ရွင္းစရာရွိသည္ကို ရွင္းရန္ ဦးျမတ္ဘုန္းလၽွံ၏ လူယုံရွိရာ အႏွိပ္ခန္းသို႔ ထြက္ခဲ့ေတာ့သည္။ ဟိုေရာက္ေတာ့ ေရကန္အသင့္ၾကာအသင့္ ေျပာရမလားမသိ ဆိုင္ဝန္းထဲရွိ ကားပါကင္တြင္ရပ္ထားေသာ အစ္ကိုႀကီး စီးေနက်ကားကို ေတြ႕လိုက္သျဖင့္ ခပ္ေထ့ေထ့ျပဳံးသည္ ထို႔ေနာက္ Spa Reign ဟု ဆိုင္ဘုတ္တင္ထားေသာ ေခတ္မွီ၍ ခမ္းနားစြာ ျပင္ဆင္ထားေသာ အေဆာက္အဦးထဲသို႔ ဝင္ခဲ့သည္။

"ဘာကိစၥရွိလို႔လဲ အစ္ကို။ ညီမတို႔ ဘယ္လို ဝန္ေဆာင္မႈမ်ိဳးေပးရမလဲ။"

အေမွာင္ဖုံးသည့္ Spa တို႔၏ ထုံးစံအတိုင္း reception မွ မိန္းကေလးက ခပ္ျငဳျငဳေလသံျဖင့္ ေမးလာသည္။

"ငါ အစ္ကိုႀကီးနဲ႔ ေျပာစရာရွိလို႔လာတာ။"

"အစ္ကိုႀကီး?"

သူမက အူတူတူျငဴတူတူလုပ္ေနလၽွင္ သူ စိတ္မရွည္ေတာ့...

"မင္းရဲ့ ေခါင္းရဲ့ ဆရာ။ အခုလက္ရွိေရာက္ေနတဲ့လူ။ ကားနံပါတ္ xxxxxx နဲ႔လာတဲ့လူ။"

သၽွန္ေနာင္၏ အေငၚတူးေသာ စကားအဆုံးတြင္ သူမ မ်က္ႏွာမွာ ခ်က္ခ်င္းေျပာင္းသြား သူကို႔ မ်က္ေထာင့္နီျဖင့္ ၾကည့္ကာ ပမာမခန႔္ မ်က္ႏွာေပးျဖင့္....

"ဒီေတာ့ ကၽြန္မက ဘာလုပ္ေပးရမွာလဲ။"

"အဲ့ဒီ့လူဆီ ငါ့ကို လိုက္ပို႔"

"sorry ပဲ... ကၽြန္မတို႔က ဘယ္ေပါက္လြတ္ပဲစားကိုမွ အထဲအဝင္မခံဘူးရွင့္။"

သူမက မေခ်မငံေျပာကာ တံခါးဝမွလူကို လွမ္းမ်က္ရိပ္ျပလိုက္သည္။ သၽွန္ေနာင္က ခပ္ေလွာင္ေလွာင္ျပဳံးကာ ေကာင္တာေပၚမွ သူမ၏ လက္ေခ်ာင္းမ်ားကို ဖမ္းကိုင္လိုက္ၿပီး အားျဖင့္ ေနာက္သို႔လွန္လိုက္သည္။ ဤတြင္ ထိုလက္ေခ်ာင္းတို႔မွာ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ေျဖာင္းခနဲမည္သံျဖင့္အတူ အသြင္သြင္က်ိဳးကုန္ေတာ့သည္။

"ေျဖာင္း...!"

"အား..."

ထို႔ေနာက္ နာက်င္မႈျဖင့္ ေရွ႕သို႔ငိုက္က်လာေသာ သူမကို ကုပ္မွဆြဲကာ counter top ႏွင့္ ဖိကပ္ထားလိုက္သည္။ သၽွန္ေနာင္အား ဖမ္းခ်ဳပ္ရန္ ကပ္လာေသာ လုံျခဳံေရးမ်ားမွာ ဘာလုပ္ရမွန္းမသိျဖစ္ကုန္သည္။

"ေဟ့.. ေဟ့လူ..."

"ေဟ့လူ... ဘာလုပ္တာလဲ။ လႊတ္လိုက္စမ္း။ က်ဳပ္တို႔ ရဲေခၚလိုက္ရမလား။"

သၽွန္ေနာင္မွာ ရဲေခၚလိုက္ရမလားဟူေသာ စကားေၾကာင့္ ရယ္ေမာကာ....

"ေခၚလိုက္ေလ။ ေခၚလိုက္ေပါ့။ ဒါမွ မင္းတို႔ -ာတန္းတစ္တန္းလုံး ပိုစည္ကားသြားမွာ... အဟားဟား"

ထိုစဥ္ အျဖဴေရာင္ ဟာေဝယံရွပ္ႏွင့္ လူတစ္ဦးေရာက္လာၿပီး...

"ယကၡ?"

ထိုသူက သူရွာေနေသာ ဦးျမတ္ဘုန္းလၽွံ၏ လူယုံစေနထြန္း။ ၾကည့္ရသည္မွာ ဆူဆူညံညံအသံမ်ားေၾကာင့္ လာစူးစမ္းဟန္တူသည္။

"ေအး.... အစ္ကိုႀကီး ဘယ္မွာလဲ။"

"အထဲမွာ ရွိတယ္။ ဘာကိစၥလဲ။"

"ဘာကိစၥရမွာလဲ။ စကားေျပာစရာရွိလို႔ေပါ့။ ဘာလဲ? ငါ့ပုံက မင္းရဲ့ -ာတန္းက -ာသည္မေတြဆီလာတဲ့ ပုံေပါက္ေနလို႔လား။"

သၽွန္ေနာင္ ရင့္ရင့္သီးသီးပင္ ေျပာပစ္လိုက္သည္။ ေနကပူရသည့္ၾကားထဲ ဒီစကားတခြန္းကို ထပ္ခါထပ္ခါေျပာေနရသည္။ အလိုလိုေနရင္းက မရွည္ေသာ သူ႔စိတ္တို႔သည္ ေဒါသတို႔လြမ္းစျပဳလာေလၿပီ။ စေနထြန္းကေတာ့ ေအးတိေအးစက္ပင္။ သူ႔လက္ထဲမွ receptionist ကိုပင္ သတိထားဟန္မတူ။

"ေကာင္းၿပီေလ။ ငါေနာက္လိုက္ခဲ့။"

စေနထြန္းက ေခါင္းတစ္ခ်က္ၿငိမ့္ကာ အတြင္းထဲသို႔ဝင္သြားသည္။ သၽွန္ေနာင္လည္း ထို receptionist ကို လႊတ္ကာ စေနထြန္းေနာက္သို႔ လိုက္ခဲ့ပါသည္။ ထို႔ေနာက္ အခန္းတစ္ခုေရွ႕တြင္ရပ္ကာ တံခါးဝနားမွ intercom ျဖင့္ အထဲသို႔ ေခၚလိုက္သည္။ ခဏၾကာလၽွင္ အထဲမွ အမ်ိဳးသမီးအသံတစ္သံက...

"ဘာကိစၥလဲ"

"အစ္ကိုႀကီးကို ေျပာလိုက္ ယကၡေရာက္ေနတယ္။"

"ယကၡ?"

သူမက မသိသလို ေရရြတ္လိုက္ၿပီး intercom မွ ေပ်ာက္သြားသည္။ စကၠန႔္ပိုင္းမၽွ အၾကာတြင္...

"ကိုထြန္းေရာ သူေရာ ဝင္ခဲ့ပါတဲ့"

ထို႔ေနာက္ အတြင္းမွ တံခါးဖြင့္သံႏွင့္အတူ တံခါးပြင့္သြားေတာ့သည္။

"မင္း ရီတီးယားတားလုပ္ဖို႔ စိတ္မကူးနဲ႔ေနာ္ ယကၡ။ ငါသတိေပးလိုက္ပါရဲ့။"

စေနထြန္း၏ သတိေပးခ်က္ေၾကာင့္ ႏႈတ္ခမ္းတစ္ဖက္ေကြးကာ ျပဳံးျပလိုက္ပါသည္။ ဤသည္က လုံေလာက္ေသာ တုံျပန္မႈတခုသာ။ ဘယ္သူဘာေျပာေျပာ လိုအပ္လာလၽွင္ မည္သူမဆို အမႈန႔္ေခ်ပစ္ရန္ ဝန္မေလးသည့္ သေဘာ။

အခန္းထဲေရာက္လၽွင္ ဦးျမတ္ဘုန္းလၽွံကား ေရခ်ိဳးခန္းသုံးအကၤ်ီတစ္ထည္ကို ကိုယ္တြင္ဝတ္ဆင္ထားၿပီး အခန္းထဲရွိ ဆိုဖာေပၚတြင္ ဝိုင္ကို ဇိမ္ယူကာ ေသာက္ေနသည္။ သူ၏ ေျခရင္းတြင္းမိန္းမလွေလး ႏွစ္ဦးက ေျခေထာက္ကို ႏွိပ္နယ္ေပးေနသည္။

"ထိုင္... သၽွန္ေနာင္"

သၽွန္ေနာင္က ဦးျမတ္ဘုန္းလၽွံ ညႊန္ျပသည့္ဆိုဖာတြင္ ဝင္ထိုင္လိုက္သလို စေနထြန္းက သူ၏ ေနာက္တြင္ အသင့္အေနအထားျဖင့္ မတ္တပ္ရပ္ေနသည္။

"ေျပာ... ဘာကိစၥလဲ"

ဦးျမတ္ဘုန္းလၽွံက မသိသလိုပင္ စကားစလိုက္လၽွင္ သၽွန္ေနာင္က ပုံမွန္ေလသံျဖင့္...

"အစ္ကိုႀကီးမ်ား အားခ်င္းအေၾကာင္းသိမလားလို႔။"

"ေအး... ၾကားတယ္ေလ။ မင္းနဲ႔ တုတ္တျပက္ဓါးတျပက္ျဖစ္ၾကလို႔ဆို?"

"ဟုတ္တယ္ေလ။ သူေျပာတာေတာ့ အစ္ကိုႀကီး ခိုင္းလို႔ဆိုပဲ။"

သၽွန္ေနာင္ တမင္တကာပင္ တည့္တည့္ပင္ေျပာလိုက္ပါသည္။

"အာ... ဒီေကာင္... ငါေျပာတာက မင္းတို႔ ရင္းႏွီးသူခ်င္း သတိေပးဖို႔ပဲေျပာတာ... ဒီေကာင္ အဓိပၸာယ္ေကာက္လြဲသြားတာျဖစ္မယ္။ ျဖစ္ရေလ။ ေတာ္ေတာ္ တုံးတဲ့ေကာင္ပဲ။"

ဦးျမတ္ဘုန္းလၽွံက အကယ္ဒမီဆုရွင္မ်ား acting မ်ိဳးျဖင့္ ဆိုလာလၽွင္ သၽွန္ေနာင္ကလည္း အားက်မခံ နားမလည္သလိုပုံျဖင့္...

"သတိေပးဖို႔? ဘာကို သတိေပးစရာရွိလို႔လဲ အစ္ကိုႀကီးရဲ့။"

"ဪ... မင္းရဲ့ နယ္ေျမမွာ ပစၥည္းလာေရာင္းတဲ့လူေတြကို ကိုင္တြယ္ရင္ သတိထားဖို႔။ ငါေနရာ ငါ့စည္းကမ္းလုပ္ရေအာင္ မင္းက အရင္လိုမွမဟုတ္ဘဲ။ မင္းမွာ ေက်ာေထာက္ေနာက္ခံမရွိေတာ့ အက်ိဳးဆက္မေကာင္းတာေတြျဖစ္လာမွာ စိုးလို႔ပါကြာ။"

ဦးျမတ္ဘုန္းလၽွံက သူ႔အား မေကာင္းေသာအေငြ႕အသက္တို႔ ျပည့္ေနသည့္ မ်က္လုံးမ်ားျဖင့္ ေအးစက္စက္ၾကည့္လာသည္။ သၽွန္ေနာင္က ခပ္ဟက္ဟက္တစ္ခ်က္ရယ္ကာ...

"အဟဲ.... ဒါမ်ား အစ္ကိုႀကီးရယ္။ ကၽြန္ေတာ့္နယ္ေၿမ ကၽြန္ေတာ္ပိုင္နက္မွာ လာၿပီးလူပါးဝေနတဲ့ ေခြး႐ူးေတြကို ေၾကာက္ေနရင္ ယကၡဆိုတဲ့နာမည္ ေျမာင္းထဲေရာက္သြားမွာေပါ့။ ေနာက္ၿပီး ဒီေခြးေတြရဲ့ ပိုင္ရွင္က တာဝန္ယူတတ္တဲ့ လူေတြမွမဟုတ္တာ။ ဒီေတာ့ ဒီလို ေပါက္လြတ္ပဲစားပစ္ထားတာေတြကို နာနာဆုံးမနိုင္မွ ေတာ္ရာက်မွာ။"

သၽွန္ေနာင္မွာ ထိုလူႀကီး၏ မည္းေမွာင္သြားေသာ မ်က္ႏွာကို အရသာခံကာ ၾကည့္ေနလိုက္သည္။

"ေအးပါ... ေနာက္မွ အစ္ကိုႀကီးေရ ကၽြန္ေတာ္မွားပါၿပီေတာ့ မလုပ္နဲ႔။ လူရယ္စရာေတြ ျဖစ္မွာစိုးလို႔ေျပာပါတယ္။"

ဦးျမတ္ဘုန္းလၽွံက ပို၍ သိသာစြာပင္ ၿခိမ္းေျခာက္လာေတာ့ငည္။

"အစ္ကိုႀကီး စိတ္မပူပါနဲ႔။ ကၽြန္ေတာ္က ကိုယ့္လမ္းကိုယ္ေလၽွာက္ေနတဲ့လူဆိုေတာ့ အမွားဆိုတာရွိမွာမဟုတ္ဘူး။"

သၽွန္ေနာင္က ျပန္လည္ေခ်ပလိုက္လၽွင္ ဦးျမတ္ဘုန္းလၽွံကာ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္...

"ေအးေပါ့... ကိုယ္လမ္းကိုယ္ေလၽွာက္တယ္ဆိုေပမယ့္လည္း ၾကည့္ေလၽွာက္ေပါ့ကြာ။ အခုေတာင္မွ ကိုယ့္လမ္းကိုယ္ေလၽွာက္ရင္း အငိုက္အတိုက္ခံလိုက္ရတယ္မဟုတ္လား။"

ဦးျမတ္ဘုန္းလၽွံကေတာ့ အကြက္ဝင္သြားၿပီျဖစ္ရာ မခံခ်င္သလို ျပန္ၾကည့္လာေသာ သၽွန္ေနာင္၏ မ်က္ႏွာကို အရသာခံၾကည့္ကာ ေလွာင္ျပဳံးႀကီးႀကီးတခုျပဳံး၍....

"ဆိုပါဦး.... တစ္ေယာက္တည္းနဲ႔ အမ်ားဆိုေတာ့ မင္း ေတာ္ေတာ္ေလး အထိနာမွာပဲ။ ဘယ္နားထိသြားေသးလဲ။"

သူ႔အား ပ်က္ရယ္ျပဳမႈတို႔ျဖင့္ ျပည့္လၽွံေနေသာ အသံေနအသံထားေၾကာင့္ သၽွန္ေနာင္ အံတင္းတင္းႀကိတ္လိုက္ပါသည္။

"ဒီေလာက္ကေတာ့ ျဖဳတ္ကိုက္သေလာက္ပဲရွိတာမို႔ စိတ္မပူပါနဲ႔ အစ္ကိုႀကီး။"

"ဪ... ဒါဆိုလည္း ဝမ္းသာပါတယ္ကြာ။"

ေျပာေလပိုဆိုးေလျဖင့္ ေလွာင္ေျပာင္မႈတို႔မေလ်ာ့ေသာ ေလသံကို လွစ္လ်ဴကာ...

"ဘယ္လိုပဲျဖစ္ျဖစ္ပါ.... လာရင္းကိစၥျပန္ေကာက္ရရင္.... အစ္ကိုႀကီးက မလုပ္ဘူးလို႔ေျပာမွေတာ့ ကၽြန္ေတာ္တို႔ၾကားမွာ အထင္လြဲတယ္လို႔ပဲ မွတ္ယူလိုက္ပါ့မယ္။ ဒီေတာ့ ကၽြန္ေတာ္ျပန္ဦးမယ္။"

သၽွန္ေနာင္က ေျပာေျပာဆိုဆိုပင္ ထိုင္ရာမွ ထကာ တံခါးဆီသို႔ေလၽွာက္လာခဲ့သည္။ သူသိပါသည္ သူ႔အား ေနာက္မွ ေက်နပ္စြာၾကည့္ေနမည့္ မ်က္လုံးတစ္စုံရွိေနလိမ့္မည္ဆိုတာ။ သို႔ေသာ္ ဥပကၡါျပဳ၍သာ ေနလိုက္ပါသည္။ ဒီတခါေတာ့ရွိေစေတာ့။ ရန္ကိုရန္ခ်င္း မတုံ႔ႏွင္းလို၍ မဟုတ္ေသာ္လည္း ျပႆနာကို ဇာခ်ဲ႕မေနခ်င္ေတာ့။ တတ္နိုင္လၽွင္ ဤေလာကႏွင့္ ေဝးနိုင္သမၽွေဝးရာတြင္ ေအးေအးသက္သက္သာစြာ ေနလိုပါသည္။ ဆန႔္က်င္ဘက္အားျဖင့္ေတာ့ ခ်စ္သူႏွင့္ နီးေလ ေကာင္းေလေပါ့။

--------------

သၽွားအိမ္ ကိတ္မုန႔္ order အတြက္ decoration လုပ္ေနရင္းမွ မနက္ျဖန္အတြက္ အႀကံရသြားသည္။ ဒီအႀကံက အလြန္ရိုးရွင္းေသာ္လည္း မဆိုးဘူးထင္ပါသည္။

လက္ေထာက္ Pastry Chefေလး ျဖစ္သည့္ တိုးငယ္ပင္ Decoration တလြဲႀကီးလုပ္ကာ ေက်ေက်နပ္နပ္ႀကီးျပဳံးေနေသာ Boss ျဖစ္သူေၾကာင့္ ဇေဝဇဝါျဖစ္သြားသည္။

"Boss.... frosting အေရာင္ေတြလြဲေနၿပီ ထင္တယ္ေနာ္။"

တိုးငယ္၏ စကားေၾကာင့္ ၾကည့္လိုက္ေတာ့ အျဖဴေရာင္ေအာက္ခံေပၚတြင္ အနီေရာင္အသည္းပုံမ်ားအစား အျဖဴေရာင္အသည္းပုံမ်ားကို ေတြ႕လိုက္ရသည္။

"ေသစမ္း...!!"

သၽွားအိမ္ စိတ္ပ်က္လက္ပ်က္ျဖင့္ ကိုယ့္နဖူးကိုယ္ရိုက္လိုက္ေတာ့သည္။ အျမန္လို အေႏွးေတြ႕တဲ့။ ျပန္လုပ္ေပဦးေတာ့ သၽွားအိမ္ေရ။

"Boss လည္း ခ်စ္သူမ်ားေန႔နီးလာလို႔ ကေယာက္ကယက္ျဖစ္တယ္ ထင္ပါ့။"

ဒုတိယလက္ေထာက္ျဖစ္ေသာ ေခတ္စိုးက ရယ္က်ဲက်ဲႏွင့္ဆိုလာေတာ့ သၽွားအိမ္ေခါင္းညိတ္လိုက္ပါသည္။

"ေအးကြာ.... အဟားဟား.... ငါ့ပုံက ေတာ္ေတာ္သိသာေနတယ္ထင္ပါရဲ့။"

ထိုစဥ္ ႏွင္းႏွင္းက ပန္းစည္းႀကီးကိုင္ကာ ဇေဝဇဝါမ်က္ႏွာျဖင့္ kitchen ထဲ ဝင္လာေသာေၾကာင့္ သၽွားအိမ္ေရာ တိုးငယ္ႏွင့္ ေခတ္စိုးကပါ ၾကည့္လိုက္ၿပီး....

"ႏွင္းမမတို႔ေတာ့ ခ်စ္သူမ်ားေန႔ေတာင္ မေရာက္ေသးဘူး။ ပန္းစည္းႀကီးက ဟီးထလို႔...."

ေခတ္စိုးက ႏွင္းႏွင္းကို လွမ္းစလိုက္လၽွင္ ႏွင္းႏွင္းက....

"ဘဲဥေလးဆိုတာ ဘယ္သူလဲ။ ဘဲဥေလးရဲ့ အမ်ိဳးသားက ဒီပန္းစည္းေပးေပးပါတဲ့။"

"ဗ်ာ??!!!"

တိုးငယ္မွာ ေၾကာက္လန႔္တၾကား ထူးလိုက္႐ုံသာမက ေသဒဏ္ခ်မွတ္ခံသူလို မ်က္ႏွာျဖဴေဖြးသြားလၽွင္....

"အယ္.... နင္က ဘဲဥေလးဆိုတာ..???!!!!"

ႏွင္းႏွင္းမွာ အံ့ၾသတစ္ႀကီးျဖင့္ ပန္းစည္းႀကီးကို တိုးငယ္လက္ထဲထည့္ေပးလိုက္ကာ....

"WTF...!!!"

ေခတ္စိုးက အလန႔္တၾကားထေအာ္လိုက္ၿပီး တိုးငယ္ကို ရြံရွာသလိုၾကည့္ကာ တစ္ဖက္လွည့္သြားေတာ့သည္။ က်န္ေသာ မီးဖိုေခ်ာင္ဝန္ထမ္းမ်ားကေတာ့ ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနသည္။ တိုးငယ္ခမ်ာ ရွက္လြန္လြန္း၍ မ်က္ႏွာႀကီးရဲကာ မ်က္ရည္မ်ားပင္ ေဝ့တက္လာေတာ့သည္။ ႏွင္းႏွင္းကေတာ့ တိုးငယ္ကိုၾကည့္ကာ ေျခမကိုက္မိလက္မကိုင္မိ။ သူမ အဆင္အျခင္မရွိလို႔ဆိုကာ တစ္ဖြဖြေတာင္းပန္ေနရွာသည္။

"ရပါတယ္ ႏွင္းႏွင္းရယ္။ ခင္ဗ်ားအျပစ္မဟုတ္ပါဘူး။"

တိုးငယ္ခမ်ာ ပန္းစည္းႀကီးကို ကိုင္၍ ငိုင္တိုင္တိုင္ျဖစ္ေနရွာသည္။ ထို႔ေနာက္ သၽွားအိမ္ကို ေတာင္းပန္တိုးလၽွိုးေသာအၾကည့္ျဖင့္ၾကည့္လာသည္။ ၾကည့္ရသည္မွာ သၽွားအိမ္ သူ႔ကို အလုပ္ထုတ္ပစ္မည္ကို စိုးရိမ္ေနပုံရသည္။ အင္း... အေနာက္နိုင္ငံမွာေတာင္ ဒီလိုကိစၥေတြကို လက္သင့္မခံနိုင္ေသာသူမ်ားရွိသည္ မဟုတ္ပါလား။

သၽွားအိမ္လည္း တုန္တုန္ရီရီျဖစ္ေနရွာေသာ တိုးငယ္ကို ေဆာက္တည္ရာရေစရန္ အလို႔ငွာ Break ေပးလိုက္ပါသည္။

"တိုးငယ္... မင္း Break ယူခ်င္ ယူေလ။"

"Boss ဟို... ဟို... ကၽြန္ေတာ့္ကို အလုပ္မျဖဳတ္ပါနဲ႔ေနာ္။"

တိုးငယ္ဆိုသည္မွာ ႏြဲ႕ႏြဲ႕ေနာင္းေနာင္း မဟုတ္သည့္တိုင္ ပါးေဖာင္းေဖာင္းေလးမ်ားႏွင့္ မ်က္ႏွာေလးက ခ်စ္စဖြယ္ေကာင္းလွသည္။ ယခုလို တရႈပ္ရႈပ္ႏွင့္ ငိုေနျပန္ေတာ့ ကေလးတစ္ေယာက္ႏွင့္ပင္တူေနေတာ့သည္။

"တိုးငယ္... ဘယ္ႏွယ့္ ငိုေနတာတုန္း။"

"ကၽြန္... ကၽြန္ေတာ္ေလ... pastry chef ျဖစ္ခ်င္ခဲ့တာ...။ ကၽြန္ေတာ့္ကို အေျခာက္ဆိုၿပီး အလုပ္တိုင္းက ကန္ထုတ္ခဲ့တာ...။ အခုလည္း တစ္ခါ... အီး...ဟီး..."

"ေ-ာက္ေျခာက္ ပါးစပ္ပိတ္ထားစမ္း။ က်က္သေရတုံးတယ္။"

ေခတ္စိုး၏ ေအာ္ေငါက္သံကို လ်စ္လ်ဴရႈကာ သၽွားအိမ္က တိုးငယ္၏ ပုခုံးကို ခပ္ဖြဖြပုတ္လိုက္ၿပီး...

"တိုးငယ္... ငါေျပာခ်င္တာက မင္းက ပန္းစည္းႀကီးကိုင္ၿပီး တုန္တုန္ရီရီျဖစ္ေနေတာ့ မင္းမ်ားနားခ်င္မလားလို႔ နားခိုင္းတာပါကြာ။ ငါ မင္းကို ထုတ္ဖို႔ အစီအစဥ္မရွိပါဘူး။"

"ဒါေပမယ့္ ကၽြန္ေတာ္က အေျခာက္ဆိုေတာ့..."

သၽွားအိမ္မွာ ေနရင္းထိုင္ရင္း သၽွန္ေနာင္ကိုပင္ သတိရလာသည္။

"တိုးငယ္... ငါလည္း မင္းလို အေျခာက္ပဲဆိုပါေတာ့ကြာ။"

"ဗ်ာ..."

"ဟင္..."

"ဟယ္...."

ႏွင္းႏွင္းမွ လြဲ၍အားလုံးမွာ ပါးစပ္အေဟာင္းသား။

"ဟုတ္တယ္... ငါ့ခ်စ္သူက အမ်ိဳးသားတစ္ေယာက္ပဲ။"

သၽွားအိမ္ ေခါင္းေမာ့ကာ အားလုံးၾကားေအာင္ေျပာလိုက္ပါသည္။ ကိုယ့္ခ်စ္သူက ကိုယ္ႏွင့္မ်ိဳးတူျဖစ္တာ ဘာသိမ္ငယ္စရာမ်ားရွိလို႔လဲ။ သူမ်ား ပစၥည္းခိုးတာလဲမဟုတ္၊ သူမ်ား သားသမီးဖ်က္စီးတာလဲမဟုတ္။

"အဲ... ငါအေျခာက္မဟုတ္လည္း မင္းကို အလုပ္ကထုတ္မွာမဟုတ္ဘူး။ လူတစ္ေယာက္က ဘယ္သူ၊ ဘယ္ဝါကို ခ်စ္တယ္ဆိုတာ သူလုပ္ေနတဲ့အလုပ္ရဲ့ အရည္အေသြးေပၚ သက္ေရာက္မႈမရွိဘူးလို႔ ငါထင္တယ္။ ငါ... ငါ့ကိုငါ အေျခာက္မွန္းမသိခင္က ကိတ္မုန႔္ဖုတ္တယ္။ တခါတေလလည္း အမွားရွိတယ္။ အခု ငါ့ခ်စ္သူရၿပီးတဲ့အခ်ိန္မွာလည္း ကိတ္မုန႔္ဖုတ္တယ္။ တခါတေလအမွားရွိတယ္။ အခုအခ်ိန္က အမွားက အရင္တုန္းက အမွားထက္ေတာင္နည္းေသးတယ္။ တခုေတာ့ရွိတယ္ မင္းသာ မင္းလုပ္ေနတဲ့အလုပ္အေပၚမွာ တာဝန္ ေက်ပြန္မရွိရင္ ငါကေတာ့ အေျခာက္ျဖစ္ျဖစ္၊ straight ပဲျဖစ္ျဖစ္ ‌ေယာက္်ားမိန္းမမေရြး တစ္ခါတည္းကန္ထုတ္မွာ။"

"စိတ္ခ်ပါ Boss ကၽြန္ေတာ့္ဘက္က တာဝန္ေက်ေအာင္ အစြမ္းကုန္ႀကိဳးစားမွာပါ။"

တိုးငယ္က မ်က္လုံးေတာက္ေတာက္ေလးႏွင့္ သူ႔ကိုေမာ့ၾကည့္ကာဆိုလာသည္။

"ဝမ္းသာပါတယ္ကြာ။ ကဲ... သြား... သြား... နားခ်င္ရင္သြားနား"

"ဟုတ္ကဲ့... Boss... ကၽြန္ေတာ္ ဖုန္းခဏေခၚခ်င္လို႔..."

တိုးငယ္က ဝမ္းသာအားရျဖင့္ ေျပးထြက္သြားေတာ့သည္။ ၾကည့္ရသည္မွာ သူ႔အမ်ိဳးသားကို ဖုန္းေခၚတာျဖစ္နိုင္သည္။ သၽွားအိမ္ ကိုယ္လုပ္စရာရွိသည္ကို လုပ္ကာ kitchen ထဲတြင္ ရွိသူမ်ားကို မသိမသာအကဲခတ္လိုက္ေတာ့ အားလုံးက ကြက္ၾကည့္ကြက္ၾကည့္ႏွင့္ ေခတ္စိုးကေတာ့ အလုပ္လုပ္ရင္းမွ သူ႔အား မသတီသလိုၾကည့္ေနေသးသည္။ သၽွားအိမ္ကလည္း ျပန္ၾကည့္ေပးလိုက္မွ မ်က္ႏွာလြဲသြားသည္။ ဒီေကာင္ၾကာၾကာခံမည္မဟုတ္မွန္းသူသိေနပါသည္။ ထို႔ေၾကာင့္ Pastry chef တစ္ေယာက္ရွာရန္ စိတ္ထဲေတးထားလိုက္သည္။ သၽွားအိမ္ လုပ္စရာရွိသည္အားလုံးလက္စသတ္၍ အခ်ိန္ၾကည့္လိုက္ေတာ့ ည ၈ နာရီထိုးၿပီျဖစ္သည္။

"အာလာလာ... ဘယ္လိုလုပ္ အခ်ိန္ကုန္သြားတာလဲ။"

သၽွားအိမ္ ကပ်ာကယာ ဖုန္းထုတ္ၾကည့္လိုက္ေတာ့ Miss call ေပါင္းမ်ားစြာႏွင့္ voice message တခုရွိေၾကာင္း Notification တြင္ေတြ႕လိုက္ရသည္။ အားလုံးက ခ်စ္ရသူ သၽွန္ေနာင္ထံမွ။ သူ voice message ကို ဖြင့္လိုက္လၽွင္.....

"ဟဲလို... ေမာင္... အလုပ္ရႈပ္ေနလား။ ေအးေအးေဆးေဆးလုပ္။ ကို... ဆိုင္ ေရွ႕မွာေစာင့္ေနမယ္။ ခ်စ္တယ္။"

သၽွားအိမ္မွာ "အိ"ခနဲျဖစ္သြားၿပီး ဆိုင္ေရွ႕ကို ထြက္ခဲ့လၽွင္ သၽွန္ေနာင္က အလယ္ရွိစားပြဲတစ္လုံးတြင္ထိုင္ကာ ဗိုလ္ရႈသဘင္ခံေနသည္။ လူတိုင္းက ထိုလူကို ကြက္ၾကည့္ကြက္ၾကည့္ႏွင့္။ ထိုလူကလည္း ထိုလူ။ sweat pants ႏွင့္ တီရွပ္တစ္ထည္ျဖင့္ လူငယ္ဆန္စြာ ၾကည့္ေကာင္းေနသည္။ သူ႔ကိုျမင္ေတာ့ မ်က္လုံးမ်ားက ဝင္းလဲ့သြားသည္။

"ကို... ဘယ္တုန္းက ေရာက္လဲ။"

" ၆နာရီေက်ာ္ေက်ာ္က..."

သၽွန္ေနာင္ကမူ ဂ်ဳံမႈန႔္တို႔ ကပ္ၿငိေနေသာ apronႏွင့္ စားဖိုမႈးအကၤ်ီရင္ဖုံးကို ဝတ္ဆင္ထားသည့္ အရပ္ျမင့္ျမင့္ႏွင့္ Pastry Chef ေလးကို ျမတ္နိုးစြာၾကည့္လိုက္ပါသည္။

"ေမာင့္ကို ေခၚခိုင္းလိုက္တာ မဟုတ္ဘူး။ ဗိုက္ဆာၿပီလား။"

"ေမာင္ အလုပ္ရႈပ္ေနမွန္းသိလို႔ကို မေခၚခိုင္းတာ။ ဗိုက္ေတာ့ ေတာ္ေတာ္ဆာေနလို႔ အဆာေၿပ သံပုရာရည္တစ္ခြက္ေသာက္ထားတယ္။"

"ကို... ဘယ္ႏွယ့္ ဗိုက္ဆာတာ သံပုရာရည္ေသာက္ရတာတုန္း။ အစာအိမ္နာေတာ့မွာပဲ။ ေနာက္ကို ဆာရင္စားထား။ ေမာင့္ကို မေစာင့္နဲ႔"

ထို႔ေနာက္ မသိမသာႏႈတ္ခမ္းခၽြန္ေနေသာ သၽွန္ေနာင္ကိုၾကည့္ကာ သၽွားအိမ္ ျပဳံးလိုက္မိသည္။

"စပ္ၿဖီးၿဖီးလုပ္မေနနဲ႔ သြားစို႔။"

"အာ... ေမာင္ ေရခ်ိဳးရဦးမယ္။"

"အိမ္မွာခ်ိဳး..."

"အဝတ္ကေရာ??"

"ေမာင္နဲ႔ ကို size သိပ္ကြာတာမွ မဟုတ္ဘဲ။ ကို႔အကၤ်ီကို ဝတ္ေပါ့။"

"ဟုတ္ကဲ့ပါ ခင္ဗ်ာ။"

"ဒါဆို... သြားစို႔။"

"အင္း..."

သို႔ႏွင့္ ႏွစ္ဦးသား ကိုယ့္ကားကိုယ္ေမာင္းကာ သၽွန္ေနာင္၏ အိမ္သို႔ ေျခတက္ခဲ့ၾကသည္။ အိမ္ေရာက္သည္ႏွင့္ ေရခ်ိဳးရန္ သၽွန္ေနာင္၏ အခန္းရွိရာ အေပၚထပ္သို႔ တက္ခဲ့သည္။

သၽွန္ေနာင္၏ အခန္းက master bedroom ျဖစ္သည့္အားေလၽွာ္စြာ အေတာ္ က်ယ္ဝန္းသည္။ ပရိေဘာဂအေနျဖင့္က King size bed တခု၊ ၁၅ ေပမၽွရွည္မည့္ ဘီဒိုတစ္လုံး၊ living room ဆန္ဆန္ couch အရွည္တစ္ခု ႏွင့္ တစ္ေယာက္ထိုင္sofa ႏွစ္လုံး၊ စားပြဲတစ္လုံး၊ နံရံတြင္ 75" HD Flat TV တစ္လုံး အျပင္ တိုလီမုတ္စမ်ား တင္ထားေသာ စာအုပ္စင္ေပါက္စေလးတစ္ခုႏွင္ mini fridge တစ္ခု။ သၽွန္ေနာင္က ကုတင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ တံခါးကို ညႊန္ျပကာ...

"ေမာင္... ေရခ်ိဳးခန္းက ဒီဘက္မွာ...။ သဘက္အပိုက ေရခ်ိဳးခန္းထဲက cabinet ထဲမွာရွိတယ္။ သြား... သြားခ်ိဳးေခ်။"

သၽွားအိမ္က လိမ္လိမ္မာမာပင္ ေခါင္းကေလးၿငိမ့္ကာ ေရခ်ိဳးခန္းထဲဝင္ခဲ့ေတာ့သည္။ ေရခ်ိဳးခန္းကလည္း ေတာ္ေတာ္ႀကီးကို က်ယ္ဝန္းကာ Stand shower အျပင္ Jacuzzi ပါရွိေသးသည္။

"ေမာင္... ျမန္ျမန္ခ်ိဳးေနာ္..."

ေရခ်ိဳးခန္းအျပင္မွ ေအာ္ေနေသာ သၽွန္ေနာင္ကို "အင္းပါ" ဟု အေၾကာင္းျပန္ကာ ေရအျမန္ခ်ိဳးလိုက္သည္။ ေရခ်ိဳးခန္းထဲမွ ထြက္လာခ်ိန္တြင္ couch ေပၚတြင္ ထိုင္ကာ သတင္းၾကည့္ေနသည့္ သၽွန္ေနာင္ကို ေတြ႕လိုက္ရသည္။ အဝတ္တစ္စုံကေတာ့ အိပ္ရာေပၚမွာ။

သၽွန္ေနာင္မွာ နတ္ဘုရားတစ္ပါးလို ခန႔္ညားလွပေသာ ႐ုပ္သြင္ႏွင့္ လိုက္ဖက္စြာ ေတာင့္တင္းလွေသာ ခ်စ္သူ၏ ခႏၶာကိုယ္ကို ၾကည့္ကာ မ်က္ႏွာလြဲလိုက္ရသည္။ မၾကည့္ခ်င္၍ေတာ့ မဟုတ္၊ ဆက္ၾကည့္လၽွင္ သူ႔အတြက္ မေကာင္း၍ျဖစ္သည္။ ခ်က္ခ်င္းပင္ ထိုင္ေနရာမွ ထကာ...

"ေမာင္ အဝတ္လဲၿပီးရင္ ေအာက္ဆင္းခဲ့ေနာ္။ ဪ... ေနာက္ၿပီး... အဲ့ဒီ အတြင္းခံက အသစ္သိလား။"

"ေဟ့... ေနပါဦး။"

သၽွားအိမ္က အခန္းထဲမွ ထြက္ေျပးရန္ႀကံေနေသာ သၽွန္ေနာင္ကို အသံႏွင့္ တားျမစ္လိုက္သလို လူကိုယ္တိုင္လည္း သၽွန္ေနာင္သြားမည့္လမ္းေၾကာင္းတြင္ရပ္ကာ မသိမသာပိတ္ထားလိုက္သည္။

"ဘာလို႔လဲ..."

သၽွားအိမ္က ႏႈတ္ခမ္းခၽြန္ျပကာ...

"ထမင္းမစားခင္ အစာေၾကေဆးႀကိဳေသာက္ထားဖို႔ လိုတယ္ေလ။"

"အာ... အကၤ်ီခၽြတ္ႀကီးနဲ႔..."

"အကၤ်ီခၽြတ္နဲ႔ မနမ္းရလို႔ ဥပေဒရွိလို႔လား။"

ျပႆနာပဲ။ နမ္း႐ုံနဲ႔မၿပီးရင္ ဘယ္လိုလုပ္မလဲ။ မိမိအား အနမ္းေတာင္းေနသည့္ ထိုအမ်ိဳးသားငယ္၏ ေရစိုေနေသာ ခႏၶာကိုယ္ကား ဆြဲေဆာင္အားရွိလြန္းလွသလို သူ႔ကလည္း သိကၡာသမာဓိႏွင့္ျပည့္စုံေသာ သူေတာ္စင္မဟုတ္ေပ။

"ေမာင္က အကၤ်ီခၽြတ္နဲ႔မို႔မနမ္းခ်င္ရင္ အကၤ်ီအျပည့္အစုံ ဝတ္ထားတဲ့ ကို႔ကိုနမ္းရမယ္။"

သၽွားအိမ္ ေျပာေျပာဆိုဆို သၽွန္ေနာင္၏ ခါးမွဆြဲယူလိုက္ကာ ရင္ခ်င္းအပ္ထားလိုက္သည္။ ထို႔ေနာက္ ထိုႏႈတ္ခမ္းဖူးဖူးတို႔အထက္အနမ္းတို႔ကို ေႁခြခ်မိသည္။ ညႇင္သာေသာ အနမ္းတို႔သည္ကား အားေကာင္းေသာ တုန႔္ျပန္မႈတို႔ေၾကာင့္ မုန္တိုင္းတစ္ခုသဖြယ္ ၾကမ္းတမ္းခက္ထန္လာေတာ့သည္။ ထို႔ျပင္ေက်ာျပင္ေပၚတြင္ ေျပးလႊားေနေသာ ထိုလက္ႏုႏုေလးမ်ားေၾကာင့္ စိတ္တို႔က အထိန္းအကြပ္မဲ့သြားရသည္။

သၽွန္ေနာင္မွာ သၽွားအိမ္၏ ေက်ာျပင္က်ယ္ရွိ ႂကြက္သားတို႔ကို ပြတ္သပ္ကာ အနမ္းတို႔ကို ပိုမိုနက္နဲလာေစရန္ ျဖားေယာင္းလိုက္ပါသည္။ ေလာဘႀကီးသည္ပဲဆိုဦးေတာ့ ခ်စ္သူထံမွာ အနမ္းတို႔ကို အနက္ရွိုင္းဆုံးအထိ ခံစားလိုပါသည္။ ႏွစ္ဦးသား အနမ္းတို႔ဖလွယ္ရင္းက အိပ္ရာေပၚမည္သို႔ေရာက္သြားသည္မသိ။

"အာ့....."

"နာသြားလား...??"

ပုခုံးမွ ဒဏ္ရာေၾကာင့္ သတိဝင္လာေတာ့ သူ၏ ကိုယ္တစ္ပိုင္းက ကုတင္ေပၚတြင္ရွိၿပီး... သၽွားအိမ္က သူ႔အားအေပၚမွ မိုးကာ စိုးရိမ္ရိပ္မ်ားလႊမ္းေနေသာ မ်က္ဝန္းမ်ားႏွင့္ ၾကည့္ေနသည္။

"နည္းနည္းေပါ့။"

သၽွန္ေနာင္ ထိုအမ်ိဳးသားငယ္၏ ပါးျပင္ေလးကို ဖြဖြေလးပြတ္ကာ ျပဳံးျပလိုက္သည္။ သၽွားအိမ္ကေတာ့ မျပဳံးနိုင္ပါ။ လႈပ္လည္းမလႈပ္ရဲ။ သူ၏ အငယ္ေကာင္ေလးက တင္းမာေနသည္ကို သိသြားမွာ စိုးရသည္။

"ကဲ... လိုခ်င္တာရရင္ အကၤ်ီဝတ္ေတာ့ေလ။ အေအးပတ္မယ္။"

သၽွန္ေနာင္က အခ်ိဳသပ္၍ လူခ်င္းခြါရန္ ႀကိဳးစားလိုက္သည္။ မေတာ္ သူ၏ စိတ္ဆႏၵမ်ားကိုျမင္သြားမွျဖင့္...။ သူအေနျဖင့္ မရွက္ေသာ္ျငား ထိုကိစၥမ်ားႏွင့္ အထိအေတြ႕မရွိေသာ သၽွားအိမ္က သူ႔ကိုၾကည့္ၿပီး ေရွာ့ခ္ရသြားလၽွင္။ ထိုမၽွသာမက ေရွ႕ေလၽွာက္ သူ႔ကို ေရွာင္ေနလၽွင္ ျပႆနာ။

"ကို....."

အံ့ႀကိတ္သံႀကီးႏွင့္ ေခၚလာေသာ သၽွားအိမ္ေၾကာင့္ သၽွန္ေနာင္ ထိတ္လန႔္သြားသည္။ ဘာလဲ? သူ႔ဆႏၵမ်ားကို ျမင္သြားလို႔မ်ား မသက္မသာျဖစ္ေနတာလား။

"ဟင္...."

"ေမာင္ေလ.... "

"အင္း...???"

"ျပႆနာပဲ..."

သၽွန္ေနာင္ သၽွားအိမ္ကို နားမလည္စြာ ၾကည့္ရင္းႏွင့္မွ တစုံတခုကို သေဘာေပါက္လိုက္ၿပီး....

"ေမာင္ေရာပဲလား...???"

"ဟင္????"

သၽွားအိမ္ သၽွန္ေနာင္ကို မ်က္ေမွာင္ၾကဳတ္ ၾကည့္လိုက္မိသည္။ သူ႔အား ရီေဝေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လာေသာ သၽွန္ေနာင္ေၾကာင့္ သူလည္း သေဘာေပါက္သြားၿပီ ေခါင္းညိတ္လိုက္သည္။

"ကို... ကူေပးမယ္ေနာ္။"

သၽွန္ေနာင္ သၽွားအိမ္ထံမွ ခြင့္ျပဳခ်က္ေတာင္းခံလိုက္ေတာ့ သၽွားအိမ္က လိုလိုလားလားပင္ ေခါင္းညိတ္လာသည္။

"အင္း..."

သၽွားအိမ္ထံမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ သၽွန္ေနာင္၏ လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက သၽွားအိမ္၏ ခါးတြင္ပတ္ထားေသာ တဘက္ကို ေလ်ာခ်လိုက္သည္။ ေအးျမေသာေလႏွင့္အတူ ႏူးညံေသာ လက္ေခ်ာင္းတို႔၏ အထိအေတြ႕တို႔က သူ႔အားရစ္ပတ္လာခ်ိန္တြင္ မ်က္စိကိုမွိတ္ကာ သူသာယာစြာ ညည္းညဴမိပါသည္။

"အာ...."

သို႔ေသာ္ ထိုသာယာမူတို႔က ခဏတာမၽွသာ။ သၽွားအိမ္မွာ ျပန္လည္လစ္ဟာသြားေသာ ခံစားခ်က္ေၾကာင့္ မ်က္စိဖြင့္ၾကည့္လိုက္ေတာ့ သၽွန္ေနာင္က မိမိလက္ေခ်ာင္းမ်ားကို လၽွာျဖင့္လ်က္လၽွက္ စိုစြတ္ေအာင္လုပ္ေနကိုေတြ႕လိုက္ရသည္။ ထိုသူၾကည့္ရသည္မွာ အေမႊးသေနေသာ ေၾကာင္ကေလးတစ္ေကာင္ႏွင့္ပင္တူေသးေတာ့သည္။ သၽွားအိမ္ မ်က္လုံးဖြင့္လာလၽွင္ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္ကာ လက္တစ္ေခ်ာင္းခ်င္းစီကို ပို၍ ေျဖးညႇင္းစြာ လၽွက္ေနသည္။

"မင္း... ေမာင့္ကို အေသသတ္ေနတာလားကြာ"

သၽွားအိမ္မွာ ထိုသို႔ျမဴစြယ္ျဖားေရာင္းေနေသာ ေၾကာင္ကေလးကို ၾကည့္မရစြာျဖင့္ နမ္းရွိုက္ကာ အျပစ္ေပးလိုက္သည္။ ထိုစဥ္ စိုစြတ္ေနေသာ လက္ေခ်ာင္းမ်ားက သူ႔အငယ္ေကာင္ေလးအား ပြတ္သပ္ေခ်ာ့ျမဴလာသည္။ တံေတြးမ်ားေၾကာင့္လားမသိ အကိုင္အတြယ္ကပို၍ ေခ်ာေမြ႕ေနလို ခံစားခ်က္မွာလည္း ပို၍ ေကာင္းမြန္လာသည္။

"ဟား..."

သၽွားအိမ္ သာယာစြာ ညည္းတြလိုက္ပါသည္။ သၽွန္ေနာင္အတြက္ေတာ့ ထိုညည္းတြသံကား သာယာနာေပ်ာ္ဖြယ္ေကာင္းလွသည္။ ခ်စ္သူက ကိုယ့္ေၾကာင့္ သာယာေနသည္မွာ သူ႔အတြက္ အားေဆးတစ္ခြက္ပင္။

"ေမာင္... ကိုလည္း ေမာင့္အငယ္ေလးနဲ႔ ကစားခ်င္တယ္..."

"ကို႔သေဘာပါကြာ..."

သၽွားအိမ္ သေဘာတူညီသည္ႏွင့္ သူ႔ေဘာင္းဘီကို ေလ်ာခ်လိုက္ပါသည္။ သၽွားအိမ္ကလည္း အလိုက္သတိပင္ သူ႔၏ ခါးကိုနိမ့္ခ်ကာ အငယ္ေကာင္ေလးခ်င္း ထိေတြ႕ရင္းႏွီးေစပါသည္။

"အင္း...."

သၽွန္ေနာင္၏ ညည္းသံႏွင့္အတူ တစ္မႈထူျခားေသာ အထိအေတြ႕တို႔က သၽွားအိမ္ကို ဆာေလာင္မႈႏွင့္ ေလာင္ၿမိဳက္ေစ၏။ ထိုေလာင္ၿမိဳက္မႈတို႔ကို ၿငိမ္းသတ္ရန္အလို႔ငွာ သၽွန္ေနာင္၏ အကၤ်ီေအာက္သို႔ လက္လ်ိဳကာ ပတ္သပ္ေနရာမွ အကၤ်ီကို အသာလိပ္တင္လိုက္သည္။ သၽွန္ေနာင္ကလည္း အလိုက္သိစြာ ကိုယ္တစ္ပိုင္းႂကြေပးလိုက္လၽွင္ သၽွားအိမ္က သၽွန္ေနာင္၏ ပုခုံးမွဒဏ္ရာကို မထိမိေစရန္သတိထား၍ အကၤ်ီကို ခၽြတ္လိုက္သည္။ ထို႔ေနာက္ သၽွန္ေနာင္၏ က်စ္လစ္ေသာ ခႏၶာကိုယ္ကို အငမ္းမရၾကည့္ေနမိသည္။ ဒီလူသည္ သူ႔ကိုသို႔ပင္ က်ားက်ားယားယား ေယာက္်ားတစ္ဦးျဖစ္သည့္တိုင္ စြဲမက္စရာေကာင္းလြန္းလွသည္။

"ေမာင္...."

သၽွန္ေနာင္မွာ သူ႔အားစားေတာ့ဝါးေတာ့မတတ္ၾကည့္ေနေသာ သၽွားအိမ္ကို ၾကည့္ကာျပဳံးလိုက္သည္။ ထို႔ေနာက္ သၽွားအိမ္၏ ေမးကို အသာဆြဲ၍ မ်က္လုံးျခင္းဆုံေအာင္ၾကည့္ကာ....

"ဘာေတြၾကည့္ေနတာလဲ...."

သၽွန္ေနာင္၏ ရမၼက္လႊမ္းေသာ အသံရွရွေလးက မီးေလာင္ရာေလပင့္သကဲ့သို႔ သူ၏ ဆႏၵမီးတို႔ကို ပို၍ေတာက္ေလာင္ေစသည္။ အက်ိဳးဆက္အေနျဖင့္ သူ႔ အငယ္ေကာင္ေလးမွာ အရည္ၾကည္ေလးတခ်ိဳ႕ပင္ စိမ့္က်လာေတာ့သည္။ သၽွန္ေနာင္ ဤအေျခအေနကို သေဘာက်ပါသည္။ သူ႔အတြက္ ပို၍ပင္ အဆင္ေျပသည္ မဟုတ္ပါလား။ ေအာက္ပိုင္းတြင္ ခ်စ္ျခင္းၿပိဳင္ေနသည့္ အငယ္ႏွစ္ေကာင္ကို သၽွန္ေနာင္က လက္တစ္ဖက္ျဖင့္ ပူးကိုင္ကာ အခ်င္းခ်င္း ပြတ္သပ္ေဆာ့ကစားေစသည္။

"f**k"

သၽွားအိမ္မွာ ခံစားခ်က္ေကာင္းလြန္းသျဖင့္ ဆဲေရးမိပါေတာ့သည္။ တစ္ခ်ိန္ထဲမွာ ခါးကို ေရွ႕တိုးေနာက္ငင္လုပ္ကာ သၽွန္ေနာင္၏ လက္ထဲရွိ အေကာင္ငယ္ေလးႏွစ္ေကာင္ကို အျပန္အလွန္ပြတ္သတ္ကာ သာယာမႈအစြန္းကို တက္လွမ္းေနမိပါသည္။

"အား... ေမာင္... ၿပီး...ၿပီးေတာ့မယ္။"

"အင္း... ခဏေလးေနာ္... ကိုလည္း ၿပီးေတာ့မွာ...."

သၽွားအိမ္ ခ်စ္သူအလိုက်ခဏမၽွေတာ့ေတာင့္ထားပါေသးသည္။ သို႔ေသာ္ သာယာမႈေၾကာင့္ မည္သို႔မွ ထိန္းမရနိုင္ေတာ့...

"အား... ေမာင္မရေတာ့ဘူး။"

"ကိုေရာပဲ... အ... အတူၿပီးရေအာင္... အင္း..."

ႏွစ္ဦးသား ဆႏၵအစြန္ဆုံးကို အတူယွဥ္တြဲကာ ေလၽွာက္လွမ္းလိုက္မိပါသည္။

"ဟား..."

"အား..."

တစ္ဦးခ်င္းစီ၏ ကိုယ္တြင္မွ ေႏြးခနဲခံစားခ်က္ႏွင့္အတူ ႏွစ္ဦးစလုံး၏ ဗိုက္ေပၚတြင္ ခပ္ေႏြးေႏြးအရည္မ်ားစီးက်လာေတာ့သည္။ သၽွားအိမ္မွာ အျမင့္တစ္ခုကို မနားတမ္းတက္ခဲ့ေသာသူကဲ့သို႔ ေမာဟိုက္စြာျဖင့္ သၽွန္ေနာင္၏ ရင္ခြင္ေပၚသို႔ ပစ္လွဲလိုက္ပါသည္။

"အင့္.."

"အာ... နာသြားလား။ sorry... sorry"

သၽွားအိမ္မွာ သၽွန္ေနာင္၏ ေအာ္သံခပ္အုပ္အုပ္ေၾကာင့္ ဒဏ္ရာကို သတိရသြားကာ ကပ်ာကယာထကာ ေတာင္းပန္လိုက္သည္။

"ရတယ္မနာဘူး။ ေမာင့္ရဲ့ ေမးက ရင္ဝကို အရွိန္နဲ႔ေစာင့္မိလို႔။"

ထိုအခါမွ သၽွားအိမ္မွာ စိတ္သက္သာရာရသြားၿပီ။

"ေတာ္ေသးတာေပါ့။"

သၽွန္ေနာင္၏ ဘယ္ဘက္ေဘးသို႔ လိမ့္ခ်လိုက္ကာ အေမာေျဖလိုက္သည္။ အတန္ၾကာေသာအခါ....

"ေမာင္... အဆင္ေျပလားဟင္။"

သၽွားအိမ္ေဘးသို႔ေစာင္းကာ သၽွန္ေနာင္၏ မ်က္ႏွာကိုၾကည့္လိုက္သည္။ ေက်နပ္ႏွစ္သက္ေသာ အျပဳံးတို႔က သူ႔ႏႈတ္ခမ္းေပၚတြင္ ေဝ့သီလၽွက္....

"ေျပတာမွ တစ္ဖက္ကမ္းလြန္လို႔ လူေတာင္ေပ်ာ့ေခြလာခ်င္တယ္။ ဟူး... တစ္သက္နဲ႔ တစ္ကိုယ္ တခါမွ ဒီလို ခ်စ္ရည္လူးရလိမ့္မယ္လို႔ မေတြးဖူးဘူး။"

သၽွန္ေနာင္ ခပ္တိုးတိုးေလးရယ္သြမ္းလိုက္ၿပီး...

"ေတာ္ေသးတာေပါ့။ ဒီလို man to man ကို ေမာင္မ်ား ရြံသြားရင္လို႔ေတြးၿပီး... ကို႔မွာ စိတ္ပူလိုက္ရတာ..."

သၽွားအိမ္မွာ သၽွန္ေနာင္၏ ဆံပင္ေလးမ်ားကို ခပ္ဖြဖြပတ္သပ္ေပးကာ...

"ကိုကလည္း ႀကံဖန္အေတြးေခါင္ေနျပန္ၿပီ။ man to man သာရြံရင္ ကို႔ကိုေတာင္ ခ်စ္မိမွာမဟုတ္ဘူး။"

သၽွားအိမ္ေျပာသည္မွာ အမွန္ပဲမို႔ ေစာဒကတက္မေနေတာ့ပါ။

"အခုဟာက အဆင္ေျပ႐ုံေတာင္မဟုတ္ဘူး။ ေကာင္းပါေကာင္းတာ။ ေက်းဇူးပါပဲကြာ။"

သၽွားအိမ္ စကားေၾကာင့္ သၽွန္ေနာင္ ေက်နပ္စြာျပဳံးျပလိုက္သည္။ ရင္ထဲတြင္ ပီတီလည္းျဖစ္မိသည္။

"ရပါတယ္ ေမာင္။ ေမာင္ သေဘာက်ရင္ ကို စိတ္ခ်မ္းသာတာေပါ့။"

"ဒါနဲ႔ ကိုေရာ ေကာင္းရဲ့လား။"

"ေကာင္းတယ္။ ကိုယ္ခ်စ္တဲ့သူနဲ႔ပဲကို.... မေကာင္းရွိမလား။"

သၽွားအိမ္မွာ သူ႔ကို ရႊန္းရႊန္းစားစားၾကည့္ကာ ေျဖလာေသာ သၽွန္ေနာင္ေၾကာင့္ အူယားလာကာ ထိုႏႈတ္ခမ္းမ်ားကို ငုံ႔နမ္းလိုက္ပါသည္။ သၽွန္ေနာင္လည္း အသာတၾကည္ပင္ လက္ခံကာ ျပန္လည္နမ္းရွိုက္လိုက္ပါသည္။ သို႔ေသာ္ အေစာကလို အနမ္းမ်ား သည္းထန္မလာမွီ ႏွစ္ဦးသား သတိရွိရွိႏွင့္ ရပ္လိုက္ကာ....

"ကဲ... ေမာင္ထ ေရျပန္ခ်ိဳး။ ၿပီးရင္ ထမင္းစားရေအာင္...."

"အင္း... ကိုလည္းခ်ိဳးေလ။"

"ကိုက ေရခ်ိဳးလို႔မရေသးဘူး။ ခါးေအာက္ပိုင္းကို ေရေဆးၿပီး အေပၚကို ကိုယ္ပတ္သုတ္ရမွာ။"

"ဒါဆိုလည္းလာ... ေမာင္လုပ္ေပးမယ္။"

"အာ... ေနပါေစ...."

"ဘယ္ႏွယ့္... ေနပါေစလဲ။ ရွက္ေနတာလား။"

သၽွန္ေနာင္၏ ပန္းႏုေရာင္သန္းေနေသာ မ်က္ႏွာေၾကာင့္ သၽွားအိမ္ သိလိုက္ပါသည္။ ဒီလူရွက္ေနသည္ကို။

"ကိုရယ္... ဒီအေျခအေနေရာက္မွေတာ့ ရွက္မေနပါနဲ႔ေတာ့။ လာစမ္းပါ။"

ေသးေသးေကြးေကြးေလးဆိုရင္လဲ ေပြ႕ခ်ီကာသြားလိုက္ခ်င္သည္။ သို႔ေသာ္ ေက်းဇူးရွင္က သူ႔ေလာက္နီးနီးရွိရာ ဘယ္လိုမွ နိုင္မည္မဟုတ္။ ထို႔ေၾကာင့္ အသာဆြဲထူလိုက္ကာ ေရခ်ိဳးခန္းထဲသို႔ တရြတ္တိုက္နီးပါး ဆြဲေခၚခဲ့သည္။

"ကိုယ့္ဟာကိုယ္ လုပ္ပါမယ္ဆို..."

သူေရဖတ္တိုက္ေပးေနသည္ကို ကလန္ကဆန္လုပ္ေနေသာ ထိုကေလးႀကီးေၾကာင့္ ဘုၾကည့္ၾကည့္ၾကည့္ကာ...

"ၿငိမ္ၿငိမ္ေနစမ္းပါကြာ။ ေမာင္က ကိုမို႔လို ဒီလိုလုပ္ေပးတာ တျခားလူဆို လွည့္ေတာင္မၾကည့္ဘူး။"

"ေမာင္ ဒီအေျပာနဲ႔ မိန္းကေလး ဘယ္ႏွစ္ေယာက္ကို ခ်ဳပ္ၿပီးၿပီလဲ။"

"ဒီအေျပာနဲ႔သာ ခ်ဳပ္လို႔ရရင္ ဒီေကာင္က ခင္ဗ်ားတစ္ေယာက္ထဲကိုသာ ခ်ဳပ္ခ်င္တာပါဗ်ာ။"

သၽွန္ေနာင္ ရယ္ေမာမိပါသည္။ သူေတာင္မွ ေႂကြၾကေလာက္လၽွင္ ဒီေကာင္ေလး ဒီအေျပာေတြႏွင့္ မိန္းကေလးအေတာ္မ်ားမ်ားကို ေႁခြခ်ခဲ့ၿပီးၿပီမွန္း သူ သေဘာေပါက္လိုက္ပါသည္။

"မရယ္နဲ႔... အေကာင္းေျပာေနတာကို.... ဟင္..."

သၽွားအိမ္ ကိုယ္ဖတ္တိုက္ေပးေနရာမွ ဘယ္ဘက္လက္ေကာက္ဝတ္ရွိ နာရီကို ဖယ္လိုက္လၽွင္... ကန႔္လန႔္ျဖတ္အမာရြတ္တစ္ခု။

"ဒါက ဘာျဖစ္တာလဲ။"

သၽွန္ေနာင္ မ်က္ႏွာကြက္ခနဲ တစ္ခ်က္ပ်က္သြားကာ ကပ်ာကယာလက္႐ုတ္လိုက္သည္။ ထို႔ေနာက္ မ်က္ႏွာတစ္ဖက္သို႔လႊဲသြားၿပီး...

"မေတာ္တဆထိမိတာပါ။ ၾကာလွပါၿပီ... ေလးႏွစ္ေတာင္ေက်ာ္ၿပီ။"

'လာျပန္ၿပီလား ေလးႏွစ္???'

ေလးႏွစ္ဟူေသာ စကားက သၽွားအိမ္အတြက္ေတာ့ အခ်က္ေပးေခါင္းေလာင္းသံတခုလိုပင္။ တဆက္တည္းမွာပင္ သူ႔ေမြးေန႔က သၽွန္ေနာင္၏ အစ္မျဖစ္သူ ေျပာခဲ့ေသာ စကားတို႔ကို သတိရမိေတာ့သည္။

".....နင့္ ကိုလင္းေၾကာင့္ ႐ူးမလို၊ ေသမလိုျဖစ္တုန္းက ငါပဲ နင့္နားေနေပးခဲ့ေလ။ ေမ့သြားၿပီလား။"

သၽွားအိမ္ ထိုလူ၏ လက္ေမာင္းမွ ဆြဲကိုင္ကာ သူ႔ဘက္ကို အတင္းလွည့္ေစသည္။

"ကို... မွန္မွန္ေျပာစမ္း ဒီအမာရြတ္က ဘယ္လိုရတာလဲ။"

"မေတာ္တဆ ဓါးနဲ႔လွီးမိသြားတာ။"

မျဖစ္နိုင္သည္မွာ သိသာလြန္းလွ အေၾကာင္းျပခ်က္ႀကီးကို ခပ္တည္တည္ျဖင့္ ေျပာေနေသာ ထိုလူကို စိတ္တိုမိသလို ဂ႐ုဏာလည္းသက္မိပါသည္။

"ကို... ဒါေၾကာင့္ အျမဲတမ္းနာရီနဲ႔ ဖုံးထားတာလား။"

"အင္း... အရမ္းၾကည့္ရဆိုးတယ္ေလ။"

သၽွန္ေနာင္ တိုးညႇင္းစြာေျဖလိုက္ပါသည္။ တစ္ေယာက္တည္းစကားေျပာသလို ေရရြတ္ေနေသာ ထိုသူကို ၾကည့္ကာ သၽွားအိမ္ ရင္ထဲတြင္ မခ်ိပါ။ သူ႔ရင္ခြင္ထဲသို႔ ဆြဲသြင္းကာ တင္းက်ပ္ေနေအာင္ဖက္ထားမိပါသည္။ ရင္ထဲတြင္ ပလုံစည္ေနေသာ ေမးခြန္းမ်ားကို မ်ိဳခ်လိုက္ပါသည္။ သိလၽွင္လည္း စိတ္မေကာင္း႐ုံအျပင္ ထူးမလာမွေတာ့ မသိရလည္းကိစၥမရွိပါ။ ထို႔ျပင္ ခ်စ္သူက မေျပာလိုသည္ကို အတင္းအက်ပ္မေမးခ်င္ပါ။ ထို႔ေၾကာင့္ အသံတိတ္ႏႈတ္ဆိတ္ကာ သန႔္ရွင္းေရးကိုၿပီးေအာင္လုပ္ေပးလိုက္ပါသည္။

"ကဲ... ၿပီးၿပီ။ အဝတ္သြား ဝတ္ေတာ့။"

သၽွန္ေနာင္ ေရခ်ိဳးခန္းထဲမွ ထြက္သြားေတာ့မွ ေနာင္ထပ္တစ္ဖန္ေရခ်ိဳးကာ ေရခ်ိဳးခန္းထဲမွ တိတ္ဆိတ္ပင္ ထြက္လာခဲ့ပါသည္။ အခန္းထဲေရာက္ေတာ့ သၽွန္ေနာင္က အကၤ်ီဝတ္ၿပီးသြား၍ ကုတင္စြန္းတြင္ထိုင္ကာ ၾကမ္းျပင္ကို ငုံ႔ၾကည့္ေနသည္။ သူဘာမွ မေျပာပဲ ကုတင္ေပၚတြင္ အေစာကတည္းက ပုံထားေသာ အဝတ္အစားမ်ားကို ယူဝတ္ေနလိုက္သည္။

'ကို သူ႔ကိုခ်စ္ခဲ့ဖူးတယ္။ သူကလည္း ကို႔ကို ခ်စ္လိမ့္မယ္လို႔ အႂကြင္းမဲ့ ယုံၾကည္ခဲ့ဖူးတယ္။ သူက ကတိအထပ္ထပ္ေပးခဲ့တယ္... " ကိုယ္မင္းနဲ႔ ဘယ္ေတာ့မွ မခြဲဘူး။"တဲ့။ ကို အဲ့ဒီ့ကတိကို ကိုးကြယ္ခဲ့ဖူးတယ္။ ဒါေပမယ့္ ကိုယ္ ဖြင့္ေျပာဖို႔ ဝန္ေလးခဲ့တဲ့ ကိုယ့္ရဲ့အတိတ္ေၾကာင့္ ကိုယ္တို႔ႏွစ္ဦး သေဘာတူျပတ္ဆဲၾကတယ္။ ကိုယ္တို႔ျပတ္ဆဲၿပီး သိပ္မၾကာခင္မွာပဲ ကို႔ဘက္က ျပန္ဆက္ရေအာင္လို႔ ေတာင္းပန္ခဲ့ပါေသးတယ္..."

ဟုတ္ပါသည္။ သူတို႔ျပတ္ဆဲၿပီး တစ္လမၽွအၾကာတြင္ သၽွန္ေနာင္မေနနိုင္စြာ ကိုလင္းရွိသည့္ မဟာၿမိဳင္ၿခံသို႔ သြားေရာက္ကာ ေတာင္းပန္ခဲ့ပါသည္။ ကိုလင္းမွာ ဧည့္ခန႔္တြင္ထိုင္ေနန သိသိသာသာပင္ ပိန္က်ကာ ေတာ္ေတာ့္ကို ဖရိုဖရဲနိုင္လွသည့္ ထိုေကာင္ေလးေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာ.....

"မင္း ဘာလာလုပ္တာလဲ ငယ္။"

"ငယ္" ဟူေသာေသာ စကားလုံးေၾကာင့္ ေမၽွာ္လင့္ခ်က္မ်ားျပန္လည္ ေဝ့သီလာသလို ခံစားလိုက္ရသည္။

"ကိုလင္း... ကိုလင္း... ကၽြန္ေတာ့္တို႔ ကိစၥကိုျပန္စဥ္စားေပးပါလားဗ်ာ။ ကၽြန္ေတာ္... ကၽြန္ေတာ့္ဘက္က မျပတ္နိုင္ေသးလို႔ပါ။"

သၽွန္ေနာင္ ေျပာေျပာဆိုဆို ကိုလင္း၏ ေရွ႕တြင္ ဒူးေထာက္ကာ ကိုလင္း၏ ေျခေထာက္ကို တြယ္ရာမဲ့သူပမာ အားကိုးတစ္ႀကီး ဆုပ္ကိုင္ထားလိုက္သည္။

"ငယ္ရယ္ တို႔ကိစၥေတြက လြန္ကုန္ၿပီကြ။"

"ကိုလင္းရယ္... ကၽြန္ေတာ္ေတာင္းပန္ပါတယ္ေနာ္။ ကၽြန္ေတာ့ကို ဒီတခါေတာ့ ခြင့္လႊတ္ေပးပါဗ်ာ။ ကၽြန္ေတာ္ ကိုလင္းနဲ႔ေဝးရရင္ ေသမယ္ထင္တယ္။ ကၽြန္ေတာ့္ကို သနားပါေနာ္။"

မိမိ၏ ေျခရင္းတြင္ ဒူးေထာက္ၿပီး သူ႔ေျခေထာက္ကို ဖက္မတတ္ေတာင္းပန္ေနရွာေသာ ထိုေကာင္ေလးကို ၾကည့္ကာ သူ ရင္နာရပါသည္။ သို႔ေသာ္ ဒီေကာင္ေလးကို သနားသျဖင့္ ေခါင္းညိတ္ဖို႔ဆိုသည္မွာ လုံးဝမျဖစ္နိုင္ပါ။

ဖခင္ျဖစ္သူက သူႏွင့္ မိန္းကေလးတစ္ဦးကို လက္ထပ္ရန္ သူ ပညာသင္မသြားခင္ကတည္းက ကမ္းလွမ္းၿပီးျဖစ္သည္။ မိန္းကေလးဘက္ကလည္း ဖခင္ခ်င္း စီးပြားဖက္မို႔ မျငင္း။ သူ႔အေနႏွင့္က မိန္းကေလးကို ႀကိဳက္၍ မဟုတ္ေသာ္လည္း မျငင္းခဲ့။ ရင္ခြင္တြင္ ဒီေကာင္ေလးေရာက္လာေတာ့ ထိုမိန္းကေလးအား ျငင္းဆန္၍ ခ်စ္ရသူကိုသာ ေရြးခ်ယ္ရန္ အားေမြးခဲ့ပါသည္။ သို႔ေသာ္ သူ အားေမြးလို႔မွ မၿပီးေသး သူခ်စ္ရသူက သူ႔အား မယုံၾကည္ခဲ့သည္ကို သိရွိလိုက္ရပါသည္။ ဤအမွန္တရားက သူ႔အား အံ့ၾသေစသလို ငယ့္အား စိတ္ပ်က္ေစသည္။ ဤတြင္ ငယ့္အား သြားခြင့္ျပဳလိုက္ရန္ သူ ဆုံးျဖတ္ခ်က္ခ်လိုက္ပါေတာ့သည္။

တစ္ဦးကိုတစ္ဦး ယုံၾကည္မႈမရွိေသာ လူႏွစ္ဦးသည္ ေရရွည္လက္တြဲဖို႔ဆိုတာ မျဖစ္နိုင္ဟု ခံယူထားသည္။ အိမ္ေထာင္ေရးမေျပာႏွင့္ ေန႔စဥ္ဘဝမွာပင္ ယုံၾကည္မႈဆိုတာ အေရးပါသည္ မဟုတ္လား။ ဤသို႔ အဓိကက်သည့္ မ႑ိဳင္မရွိပါပဲ ေရွ႕ဆက္လၽွင္ ႏွစ္ဦးႏွစ္ဖက္လုံး အလဲလဲအကြဲကြဲျဖစ္ကုန္ေတာ့မည္။ အထူးသျဖင့္ သူ႔ဘက္က ပို၍ အထိနာေပလိမ့္မည္။ သူ႔အား ငယ္စဥ္ကတည္းက ျပဳစုပ်ိဳးေထာင္လာ ဖခင္ႀကီးအား အရွက္မရေစလိုပါ။ တဖန္ ႏွစ္ဦးသားျဖစ္ခ်င္ရာျဖစ္ဟူၿပီး မ်က္စိစုံမွိတ္ကာ လက္တြဲသြားပါၿပီတဲ့ ဖခင္ႀကီးေျပာသလို မ်ိဳးဆက္ဆိုတာလဲ ထည့္စဥ္းစားသင့္သည္ မဟုတ္လား။

"ငယ္ မင္းဖုံးကြယ္ခဲ့တာကို ကိုယ္ခြင့္လႊတ္လို႔ရတယ္။ ဒါေပမယ့္ ကိုယ္ျပန္စဥ္းစားတယ္။ ကိုယ္တို႔က အေစာကတည္းက မျဖစ္နိုင္ဘူး ငယ္ရဲ့။ ကိုက မိန္းကေလးတစ္ေယာက္နဲ႔ ေစ့စပ္ၿပီးသား။ သူနဲ႔ ဒီႏွစ္ကုန္ ေနာက္ႏွစ္ဆို လက္ထပ္ေတာ့မွာ။"

ဈာန္လင္းခန႔္ စကားကို လွေအာင္သာ ၾကည့္ေျပာလိုက္ပါသည္။

"ဗ်ာ... ကိုလင္း... ကိုလင္း ဘယ္လိုေျပာလိုက္တယ္။"

သၽွန္ေနာင္မွာ မိုးႀကိဳးအစင္းတစ္ေထာင္ေလာက္ တစ္ၿပိဳင္တည္းပစ္ခံရသူလို႔ ထူပူသြားေတာ့သည္။

"ဟုတ္တယ္ ငယ္။ ကို လက္ထပ္ေတာ့မယ္ မိန္းကေလးတစ္ေယာက္နဲ႔။"

"ကိုလင္း... တကယ္ေျပာေနတာလား။"

"ကို တကယ္ေျပာေနတာ ငယ္။"

သၽွန္ေနာင္ ႐ုတ္တရက္ နားထဲမွ ေလမ်ားထြက္ကာ ပူတက္လာေတာ့သည္။ ၾကည့္ရသည္မွာ အိပ္မရသည့္ညမ်ား၏ ရလာဒ္သာျဖစ္ေပလိမ့္မည္။

"ငယ္ရယ္... ကို တကယ္ ငယ့္ကိုပဲ ခ်စ္တာပါကြာ။ ဒါေပမယ့္ ကိုက မ်ိဳးဆက္ေတာ့ လိုခ်င္တယ္ ငယ္ရယ္။ ကိုယ္တို႔ ဘယ္ေလာက္ပဲခ်စ္ခ်စ္ ... ကိုတို႔ မ်ိဳးဆက္က ဘယ္လိုမွ မျဖစ္နိုင္ဘူး မဟုတ္လား။ ေနာက္ၿပီး ကို႔အေဖကိုလည္း ငဲ့ရဦးမယ္ေလ။"

ကိုလင္းက မ်ိဳးဆက္လိုခ်င္သည္တဲ့လား။ ဤသည္က သူ႔ဘဝတြင္ နာက်င္စရာအေကာင္းဆုံး ရႈံးနိမ့္မႈပင္။ သူက ဘယ္လိုလုပ္၍ မိန္းမတစ္ေယာက္ကို ယွဥ္လို႔ ရမွာလဲ။

"ရက္စက္လိုက္တာ ကိုလင္းရယ္။"

"ကို ရက္စက္တာမဟုတ္ပါဘူးကြာ။ ကို လုပ္သင့္လုပ္ထိုက္တာကို လုပ္ရတာပါ။"

သၽွန္ေနာင္ မ်က္လုံးမ်ားပင္ ျပာေဝလာသည္အထိ ရင္ထဲက ေဝဒနာက ျပင္းထန္လွပါသည္။

ထိုစဥ္ နန္းေနာင္ႏွင့္ မိုင္းမိုင္ေရာက္ခ်လာကာ သူ႔အား တစ္ဖက္တစ္ခ်က္ေပြ႕လိုက္ၿပီး...

"သၽွန္ေနာင္..."

"ေလးေနာင္.."

"ကိုလင္း... နင္ ငါ့ေမာင္ကို ဘာလုပ္လိုက္လဲ"

"ဘာမွ မလုပ္ရပါဘူးဗ်ာ။"

"နင္ ဘာမွ မလုပ္ဖူးသာေျပာတယ္။ ငါ့ေမာင္ကို ၾကည့္စမ္းပါဦး။ သူ႔မွာ နင့္ေၾကာင့္ ဘယ္ေလာက္ခံစားရလဲသိရဲ့လား။"

"ခင္ဗ်ားကလည္း ဇြတ္ႀကီးပဲ။ ကၽြန္ေတာ္ ခင္ဗ်ားေမာင္ကို ဘာမွ မလုပ္ပါဘူးဆို"

"နင္ ေယာက္်ားျဖစ္ၿပီး တည္တည္တံတံေျပာစမ္း"

"တည္တည္တံ့တံ့ေျပာေနတာေလ။ ဘာလဲ ခင္ဗ်ားက ခင္ဗ်ားတို႔လိုမ်ိဳး ဖာမ်ိဳးဖာႏြယ္မ်ားထင္ေနလို႔လား။"

ကိုလင္းလည္း မိေထြးျဖစ္သူကို နိုင္လိုေဇာႏွင့္ေျပာလိုက္သည္။ သူေျပာေသာစကား၏ အဓိပၸာယ္ကိုျပန္ေကာက္မိခ်ိန္တြင္ အာလုံးေနာက္က်သြားခဲ့ၿပီ။ ၾကမ္းကၽြံတာႏႈတ္၍ ရေသာ္လည္း စကားကၽြံတာေတာ့ ႏႈတ္၍မရေတာ့။ သၽွန္ေနာင္ကေတာ့ ထိုေနာက္တြင္ကား ဘာျဖစ္လည္း ၾကားတစ္ခ်က္မၾကားတစ္ခ်က္ပင္။

မည္သို႔ျဖစ္ေစ ထိုအေၾကာင္းအရာမ်ားကို သၽွားအိမ္နားလည္လြယ္ေအာင္ ျခဳံငုံကာ...

"ကို႔ရဲ့အတိတ္က ခြင့္လႊတ္ဖို႔မျဖစ္နိုင္ဘူးေလ။ ေနာက္ၿပီး သူ႔မ်ိဳးဆက္အတြက္ ကိုက ကေလးေမြးမေပးနိုင္ဘူးမဟုတ္လား။ ေနာက္ဆုံးေတာ့ မိန္းကေလးတစ္ေယာက္နဲ႔ အိမ္ေထာင္ျပဳသြားတယ္။ အခုဆို ကေလးေတာင္ရေတာ့မယ္။"

သၽွားအိမ္ အဝတ္ဝတ္ရင္း သၽွန္ေနာင္ေျပာသမၽွ နားေထာင္ေနသည္။ ထိုသူ၏ နာက်င္မႈတို႔က သူ႔ထံကူးစက္လာခဲ့သည္။ သူေတာင္ ယခုလိုနာက်င္သည္ဆိုလၽွင္ ထိုအခ်ိန္က ဒီလူဘယ္လိုေနမည္ကို မေတြးဝံ့ေတာ့ပါ။ ဟိုလူကိုသာ စိတ္ထဲက အမႈန္႔ႀကိတ္ပစ္ခ်င္ေလာက္ေအာင္ ေဒါသထြက္မိပါသည္။ ဒါနဲ႔ "ထိုခြင့္လႊတ္လို႔မရတဲ့ အတိတ္"ဆိုတာကေကာ ဘာမ်ားပါလိမ့္???

"သူ ကို႔ကို ထားသြားတဲ့ အခ်ိန္မွာ ကို ေတာ္ေတာ္ႀကီးကို ေဆာက္တည္ရာမရခဲ့ဘူး။ ကို႔ရင္ထဲမွာ နာတယ္။ သိပ္နာတယ္။ နာလြန္းလို႔ ေနာက္ဆုံးေတာ့ ကို အေတြးတစ္ခ်က္ဝင္လာတယ္။ ငါ့ကို တကယ္ခ်စ္တဲ့လူေတာင္ ငါ့ကိုခြင့္မလႊတ္နိုင္ရင္ ငါ့ကိုခြင့္လႊတ္မယ့္သူရွိေတာ့မွာ မဟုတ္ဘူး။ ငါအသက္ရွင္ေနသမၽွ ဒီလိုနာဦးမွာပဲ။ ဒီလိုနဲ႔ ထြက္ေပါက္ရွာမိခဲ့တယ္။ ဒီအိပ္ရာေပၚမွာ ဒီမ်က္ႏွာၾကက္ကိုၾကည့္ၿပီး ကို ၿငိမ္းခ်မ္းသြားေတာ့မယ့္အခ်ိန္ကို ေစာင့္ေနမိတယ္။ ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ အဲ့ဒီ့ေန႔က မိုင္းမိုင္က ေက်ာင္းက ေစာေစာျပန္လာၿပီး ကို႔ကိုျမင္သြားတယ္။ အဲဒီေနာက္ ဘာဆက္ျဖစ္သလဲ ကိုလည္း မသိေတာ့ဘူး။ ကိုယ္သတိဝင္လာတဲ့အခ်ိန္က ကိုယ္ေနာက္ဆုံးသိခဲ့တဲ့အခ်ိန္နဲ႔ သုံးလေလာက္ကြာတယ္။ ကို႔အစ္မေျပာတာေတာ့ ကိုေတာ့္ေတာ့္ကို အသိစိတ္လြတ္သြားတယ္လို႔ေျပာတယ္။"

သၽွားအိမ္ သက္ျပင္းခ်လိုက္ပါသည္။ ဒါေၾကာင့္ ဒီလူ၏ အၾကည့္ေတြထဲမွာ ရံဖန္ရံခါ ေၾကာက္လန႔္မႈေတြပါေနတတ္တာလား။ သၽွားအိမ္ သၽွန္ေနာင္ေရွ႕တြင္ရပ္ကာ ထိုလူ႔၏ ေခါင္းကို ညႇင္ညႇင္သာသာဆြဲဖြကာ.....

"ကို... အဲ့ဒီလူကို အဲ့ဒီေလာက္ေတာင္ ခ်စ္ခဲ့တာလား။"

သၽွန္ေနာင္ မေျဖပါ။ မေျဖခ်င္လို႔ဆိုလၽွင္ ပိုမွန္ပါသည္။ ထိုလူကို မည္မၽွခ်စ္ခဲ့ပါေစ လက္ရွိခ်စ္သူျဖစ္ေသာ သၽွားအိမ္ကို ေလးစားသမႈေလးေတာ့ထားကာ ထိုေမးခြန္းကို မေျဖသင့္ဟုထင္ပါသည္။

"အခုေကာ ခ်စ္တုန္းပဲလား။"

"ဟင့္အင္း... ကိုယ့္ကို ပစ္သြားတဲ့လူကို ဆက္ခ်စ္ေနရေအာင္ ကို အ႐ူးမဟုတ္ဘူး။"

ထိုသူ႔ကို မည္မၽွခ်စ္ခဲ့ခ်စ္ခဲ့ အတိတ္သည္အတိတ္သာ။ ထို႔ေၾကာင့္ အတိတ္ကို အတိတ္မွာထား၍ ပစၥဳပၸန္သို႔ သယ္မလာတာအေကာင္းဆုံးျဖစ္သည္။

"ေမာင့္ကိုေရာ သူ႔ေလာက္ခ်စ္ရဲ့လား။"

သၽွန္ေနာင္ ဆတ္ခနဲေမာ့ၾကည့္လာသည္။ ေဒါသတို႔က ထိုသမင္မ်က္လုံးကို တျဖတ္ျဖတ္လဲ့ေနေစသည္။ ခ်စ္ရသူပင္ျဖစ္ေစဦးေတာ့ သူ႔အခ်စ္ကို ထိပါးသည္ေတာ့ မခံနိုင္ပါ။

"ေမာင္... ဘယ္လိုေျပာလိုက္တာလဲ။ ဘာကိစၥ ဒီလိုလူနဲ႔ တန္းညႇိေနရတာလဲ။"

သၽွားအိမ္ ျပဳံးလိုက္ပါသည္။ သူလိုခ်င္တာ ဒါပဲေလ။ ထိုလူမ်က္လုံးထဲတြင္ ထိုစကားလုံးတို႔၏ စစ္မွန္မႈတို႔ကို ျမင္ေတြ႕ေနရသလို ထိုလူ႔ႏွလုံးသားထဲတြင္ သူက အျမင့္တေနရာတြင္ရွိေနသည္ မဟုတ္ပါလား။

"ေမာင္က စတာပါကြာ။ ဒါေပမယ့္ ေမာင့္ကို သူ႔ထက္ခ်စ္မွရမယ္ေနာ္။"

"ေမာင္ရယ္ မႏွိုင္းစမ္းပါနဲ႔ဆို။ ေမာင့္ကို ခ်စ္တဲ့အခ်စ္က ဘာနဲ႔မွ ယွဥ္လို႔ကိုမရတာ။"

သၽွန္ေနာင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္ျဖင့္ဆိုလိုက္ပါသည္။ မိမိႏွလုံးသားကို မိမိသာ အသိဆုံးပင္။

"ခ်စ္လိုက္တာ ကိုရယ္...."

"ကိုလည္းေမာင့္ကို ခ်စ္တယ္။"

သၽွားအိမ္ သၽွန္ေနာင္၏ ဘယ္ဘက္လက္ဖဝါးေလးကို ညႇင္ညႇင္သာသာေလး နမ္းရွိုက္လိုက္သည္။ ႐ုပ္ဆိုးလြန္းလွေသာ ထိုအမာရြတ္ကိုၾကည့္ကာ ဆူေဝလာေသာ သူေဒါသမ်ားကို မနည္းထိန္းလိုက္ရသည္။

'စိတ္ခ် ကို။ ကို ဘယ္ေတာ့မွ ဒီလိုထပ္ၿပီး မနာက်င္ေစရဘူး။' ဟု စိတ္ထဲတြင္ သႏၷိဠာန္ခ်လိုက္သည္။

"ကဲ... ေမာင္... ၁၀ နာရီရွိၿပီ ထမင္းစားမွာလား။ ကိုေတာ့ အစာခပ္ေပ်ာ့ေပ်ာ့ပဲစားၿပီး အိပ္ေတာ့မယ္။ ဒါေပမယ့္ ေမာင္စားမယ္ဆိုရင္ ေစာင့္ေပးမယ္။"

"ေမာင္လည္း ကို စားသလိုပဲ စားေတာ့မယ္"

"ဒါဆို ဟင္းေတြကို မနက္ျဖန္အတြက္ ထည့္ေပးလိုက္မယ္။"

"အင္း..."

"ဪ... ဒါနဲ႔ ေမာင္... မနက္က်ရင္ ကို လာနိုင္မွာမဟုတ္ဘူး။ အဲ့ဒီအတြက္ ေတာင္းပန္ခ်င္လို႔။ မနက္ျဖန္ မဂၤလာပြဲအတြက္ setup လုပ္ဖို႔ ေစာေစာသြားေပးရမယ္။ ေနာက္ၿပီး ဒီပြဲက ကို႔ဆိုင္ရဲ့ ပထမဆုံးပြဲလမ္းသဘင္လုပ္တဲ့ ပြဲဆိုေတာ့ ကို ရွိေနခ်င္တယ္။ ဒါေၾကာင့္ ကို႔ကို ခြင့္လႊတ္ပါေနာ္။ ဒါေပမယ့္ ညေနက်ရင္ လာခဲ့မယ္ေလေနာ္... ေနာ္။"

"ဪ... ကိုရယ္ အလုပ္ရွိလို႔ မလာနိုင္တာပဲ။ ဘယ္ႏွယ့္... ခြင့္လႊတ္ပါေတြ ဘာေတြနဲ႔။"

"ကိုေျပာခ်င္တာက... မနက္ျဖန္က ခ်စ္သူမ်ားေန႔မဟုတ္လား။ ေမာင့္ကို မိုးလင္းလင္းခ်င္းေတာင္ ေတြ႕သင့္တဲ့ဟာကို..."

"ေမာင္ နားလည္ပါတယ္ကြာ။ ေမာင္လည္းေတြ႕ခ်င္တာပဲ။ ေတြ႕ခ်င္တာမွ မနက္ျဖန္တစ္ရက္တည္းမဟုတ္ဘူး။ ေန႔တိုင္း၊ အခ်ိန္တိုင္းကိုေတြ႕ခ်င္တာ။ ဒါေပမယ့္ အလုပ္ကိုယ္စီနဲ႔ စိတ္သြားတိုင္း ကိုယ္မပါနိုင္တဲ့ အခါလည္းရွိတယ္ဆို ေမာင္သိပါတယ္။ အေရးႀကီးတာက ႏွလုံးသားခ်င္း ထပ္တူက်ဖို႔ မဟုတ္လား။ တို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ တကယ္ခ်စ္ေနသမၽွ ကာလပတ္လုံး ေန႔တိုင္းဟာ ခ်စ္သူမ်ားေန႔ပဲ ကို။"

သၽွန္ေနာင္ျပဳံးကာ သၽွားအိမ္အား လည္ပင္းမွ သိုင္းဖက္ကာ လည္တိုင္ေပၚတြင္ မ်က္ႏွာအပ္လိုက္ၿပီး...

"ေက်းဇူးပါ ေမာင္။"

"ကိုရယ္... ဒါက ခ်စ္သူေတြၾကားမွာ ရွိသင့္တဲ့ နားလည္သိတတ္မႈေလးတစ္ခုေလ။ ေက်းဇူးတင္စရာမဟုတ္ပါဘူးဗ်ာ။"

သၽွန္ေနာင္ ထိုလူႀကီးေလးႏွင့္ ဖက္၍ ျငင္းေနမည့္အစား လည္တိုင္ေဖြးေဖြးအိအိေလးကို ခပ္ဖြဖြနမ္းရွိုက္လိုက္ပါသည္။ သၽွားအိမ္ကေတာ့ ေက်ေက်နပ္နပ္ႀကီးျပဳံးလို႔။ အတန္ၾကာလၽွင္ လူခ်င္းခြာလိုက္ၿပီး...

"ကဲ... ေမာင္... သြားစို႔။ ထမင္းစားခန္းထဲကို..."

သို႔ႏွင့္ ႏွစ္ဦးသား မီးဖိုေခ်ာင္ရွိရာသို႔ ေျခတက္ခဲ့ၾကသည္။ ေဒၚခူးခမ်ာမွာ တာဝန္ေက်စြာ သူတို႔ကိုေစာင့္ေနသျဖင့္ သၽွားအိမ္မ်က္ႏွာပူသြားေတာ့သည္။ သၽွန္ေနာင္ကေတာ့ ေပါင္မုန႔္မီးကင္ႏွင့္ အသီးအႏွံတခ်ိဳ႕ခ်ေပးရန္ေျပာၿပီး ဟင္းမ်ားကို ခ်ိဳင့္ျဖင့္ ထည့္ေစသည္။ ထို႔ေနာက္ သၽွားအိမ္ ခ်ိဳင့္ဆြဲကာ အိမ္ကို ေလးတိေလးကန္ျဖင့္ ျပန္ခဲ့ေတာ့သည္။

ဘာရယ္??? ေမ့သြားၿပီလား? ဟုတ္လား??? ဘယ္ေမ့မွာတုန္း။ အဲ့ဒီ့လူႀကီးကို တဝႀကီးနမ္းခဲ့တာေပါ့။ ဒါမွ အိပ္မက္လွလွမက္နိုင္မွာေလ။

--------------------------------------

September 2, 2019 Monday

Edited on – Jan 31, 2021

--------------------------------------

Continue Reading

You'll Also Like

387K 35.7K 56
ညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတ...
127K 7.5K 62
အာဏာရွင္=မင္းနဲ႔တူတဲ႔သူေတြ ေထာင္ေပါင္းမ်ားစြာရွိပါေစ ငါ့ရင္ခုန္သံက မင္းအနားမွာပဲႀကားရတယ္ ္ေႏြဦးသခင္=ညီညီ္ ကိုသာျပန္ေတြ႔ခဲ႔ရင္ အရာရာအားနာေနရမွာ ပိုင္...
253K 17.6K 63
"ငါက ဘာမှမဟုတ်ပါဘူးယံယံ.....ဘာမှမဟုတ်ပါဘူး...ဒီအတိုင်း....မင်းမျက်နှာပေါ်ကိုကျနေတဲ့နေရောင်ခြည်လေးတွေကအစ မင်းကိုင်သောက်တဲ့ဝက်ဝံရုပ်ရေသန့်ဘူးလေးအထိ မနာ...
150K 13.4K 40
UNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြာပန်းယူလာရင်နှစ်ပွင့်ဖြစ်စရာမလိုတော့ဘူး...