လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသ...

By Tokebloom

77.9K 3.8K 89

(Completed) (Zawgyi + Unicode) #Love story #BL #YBXZFanfiction #ဒီလူသားႏွစ္ဦးကိုခ်စ္လို႔ကိုယ့္စိတ္ကူးနဲ႔ေရးထ... More

လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
ဇာတ္သိမ္း

အပိုင္း(၅)

3.2K 176 8
By Tokebloom

"အစ္ကိုႀကီး"

ရံုးခန္းတံခါးကို ဖြင့္ဝင္လာသူေၾကာင့္ သူေဌးႀကီးXiao မ်က္ခံုးပင့္မိသည္အထိ အ့ံၾသသြားရသည္။

"Xiao Wei"

"ဟုတ္တယ္ ကၽြန္ေတာ္ Xiao Wei အစ္ကိုႀကီး ညီေလးကို မေမ့ေသးဘူး မဟုတ္လား"

"မင္းဘာလို႔ျပန္လာတာလဲ"

"အစ္ကိုႀကီးကို သတိရတယ္လို႔ ေျဖမယ္ထင္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"မေမွ်ာ္လင့္ပါဘူး ေျပာစရာရွိတာေျပာ"

ဒီညီငယ္က ေဖေဖ့ရဲ႕ တရားမဝင္ဇနီးက ေမြးခဲ့ေပမဲ့ ဆိုးေပေတလြန္းသူမို႔ ဇနီးျဖစ္သူဆံုးၿပီးတဲ့ေနာက္ ရပိုင္ခြင့္ကို တရားဝင္ခြဲေဝေပးခဲ့ၿပီး မိသားစုစာရင္း ျဖတ္ထားခဲ့တာပါ။

ေထာင္ထဲကို အိမ္ဦးနဲ႔ၾကမ္းျပင္ ဝင္ထြက္ေနတဲ့ ညီငယ္က တူတူမႀကီးျပင္းၾကတဲ့အျပင္ မ်က္ႏွာခ်င္းဆိုင္ဆံုဖူးသည္ကပင္ ခပ္ရွားရွားရယ္မို႔ ညီအစ္ကို သံေယာဇဥ္ပင္ မျဖစ္မိ။

"မေလာပါနဲ႔ အစ္ကိုႀကီးရဲ႕ ကၽြန္ေတာ္ ေပက်င္းကေနေတာင္ လာရတာ ဒီမွာတစ္ပတ္ေနၿပီးရင္ ျပန္မယ္"

"______"

"ဒီကညီေလးကို ေငြတခ်ိဳ႕လႊဲေပးရင္ရပါၿပီ ေငြရ မရေပၚ မူတည္ၿပီး ျပန္မယ္"

လက္ဆယ္ေခ်ာင္းေထာင္ကာ လိုခ်င္တဲ့ ေငြပမာနကို ျပေလသည္။

မနည္းတဲ့ေငြကို ေပးလည္းဘာမွမျဖစ္သလို မေပးလည္း ဘာမွမျဖစ္ ၊ ဒီထက္ဆိုးလာရင္ တရားဥပေဒနဲ႔ ရွင္းလို႔ရေပမဲ့ ငယ္ကတည္းက အက်င့္ကိုသိလာတာမို႔ သူေတာင္းသေလာက္ေတာ့ ေနာက္ဆံုးအႀကိမ္ ေပးလိုက္မည္၊ မိမိ မိသားစုကို အႏၲရာယ္ေပးႏိုင္သည့္ အေျခအေန ျဖစ္သြားႏိုင္သည္အထိ ဆိုးလွတဲ့ ညီငယ္။

"ဟင္းးးးး ငါလႊဲေပးမယ္"

"ဟ လြယ္လွခ်ည္လား"

"ဘာလဲ မေပ်ာ္ဘူးလား"

"ေတာင္းဆိုခ်က္ကဘာလဲ"

"ေရွ႕ေနနဲ႔သေဘာတူစာခ်ဳပ္မွာ လက္မွတ္ထိုး ဘယ္ေတာ့မွ ဒီကို ျပန္မလာေတာ့ပါဘူးဆိုတဲ့ ကတိပါ ထည့္ေရးေပး"

"ေအာ္ ေဟာ္ OK!!အစ္ကိုႀကီးက ဒီလိုဆိုမွေတာ့ လုပ္ေပးရမွာေပါ့ ဟား ဟား ဟား"

အခန္းတံခါးကို ဒုန္းကနဲျမည္တဲ့ထိ ထီမထင္တဲ့ အျပဳမူမ်ိဳးကို အေသအခ်ာ ျပသြားေသးတဲ့ညီ။

သတိဆိုတာ ပိုတယ္မရွိဘူး။

"Lu Nyan"

"ဟုတ္ ဆရာ"

"မင္းသခင္ေလးကို ေက်ာင္းပို႔ ေက်ာင္းႀကိဳ ဒီေန႔ကစၿပီး မင္းပဲလုပ္ေတာ့ "

"ဟုတ္"

Lu Nyanဆိုတဲ့ ကိုယ္ေရးအရာရွိက သားကို ေစာင့္ေရွာက္ဖို႔ အယံုၾကည္ရဆံုးသူ။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"Wangႀကီး အဆင္သင့္ျဖစ္ၿပီလား"

အိမ္ေရွ႕ကေန ေအာ္ၿပီးဝင္လာတဲ့ Xiao Zhan။

"သား Shinေလး လမ္းမွာ မတည့္စာေတြ မစားနဲ႔ေနာ္"

"အန္တီ စိတ္ခ် ကၽြန္ေတာ္ ဂ႐ုစိုက္လိုက္ပါ့္"

"ေအးပါသားရယ္ အန္တီမပါပဲ တစ္ခါမွ မလႊတ္ဖူးေတာ့ စိတ္ခ်ပါရေစ"

"ဟုတ္ကဲ့ အန္တီ ကၽြန္ေတာ္ ေသခ်ာေစာင့္ေရွာက္ၿပီး ျပန္ေခၚခဲ့ပါ့မယ္"

Luggageေသးေလးကို တြန္းရင္း ကားေနာက္ဖံုးကိုဖြင့္ကာ ထည့္ဘိုက္သည္။

"Shin Shin ငါတို႔ခုသြားမယ့္ Zhan Zhanတို႔ အပန္းေျဖအိမ္က ေတာ္ေတာ္လွတယ္ကြ ဟိုေရာက္ရင္ ငါတို႔ေဂါ့ဖ္႐ိုက္ရေအာင္"

"ငါမ႐ိုက္တက္ဘူး "

"Zhan Zhan သင္ေပးလိမ့္မယ္"

"႐ိုက္တက္တယ္လား"

"ေသခ်ာတာေပါ့ ကိုယ္ပိုင္ေဂါ့ဖ္ကြင္းမို႔ မတက္မခ်င္းသင္ခိုင္း အခ်ိန္ေတြရွိပါတယ္ကြ"

"ေက်းဇူးပဲကြာ"

"မခံယူဝ့ံပါဘူး ခင္ဗ်ာ"

ကားေလးအတြင္း ရယ္ေမာ ေပ်ာ္ရႊင္သံေတြနဲ႔ ျပည့္ႏွက္သြားပါေတာ့တယ္။

"ဝါးးးးးး လွလိုက္တာ"

အမိုးခၽြန္ျမင့္ႀကီးေတြနဲ႔ ေဆာက္ထားၿပီး တံတိုင္းျမင့္ကာရံထားကာ ျခံထဲမွာ သက္တမ္းရွည္ သစ္ပင္ႀကီးေတြေၾကာင့္ အုံ႔အု႔ံဆိုင္းဆိုင္းနဲ႔မို႔ အရိပ္ရကာ ႏွင္းဆီနံ့ေတြကလည္းႀကိဳင္ေနပါသည္။

စိမ္းစိမ္းစိုစိုနဲ႔ အေတာ္ပင္လွတာမို႔ ၿမိဳ႕ျပရဲ႕ ရႈပ္ေထြးတဲ့ လူေနမႈနဲ႔ ေဝးကြာရာမို႔ ျခံထဲကားကို ခ်ိဳးေကြ႕ကတည္းက ေဘးမွန္ကိုခ်ကာ ေလကိုတစ္ဝရွဴလိုက္တယ္။

"Xiao Zhan ႏွင္းဆီန႔ံေတြရတယ္ "

"အင္း ျခံကိုထိန္းသိမ္းတဲ့လူေတြရွိတယ္ အဲ့ဒါေၾကာင့္"

"ဒီထက္လွတာက ျခံေနာက္က ေဂါ့ဖ္ကြင္းပဲ စိမ္းစိုေနတာပဲ မနက္ျဖန္သြားၾကမယ္"

"တက္ႂကြေနတဲ့ Yu ႀကီး"

"အဟီး ဟီး"

တစ္ဦးနဲ႔ တစ္ဦး တြတ္ထိုးကာ Wang Shin အတြက္ေတာ့ အရာရာအထူးအဆန္း ျဖစ္ေနေတာ့တယ္။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"အင့္ ဥနီမ်ားမ်ားစား မင္းၾကည့္ရတာ ျဖဴဖက္ျဖဴေလ်ာ္နဲ႔"

"ငါစားပါတယ္"

"Zhan Zhan ငါ့ကို ၾကက္ေၾကာ္ေလး"

ဟင္းပြဲေတြကို ဆံုလည္စားပြဲမွာတင္ထားတာမို႔ Xiao Zhanက စားပြဲအထပ္သားကိုလွည့္ေစကာ Yu Binဘက္ကို ၾကက္ေၾကာ္ ပန္းကန္လွည့္ေပးလိုက္သည္။

Yu Binမွာေတာ့ သူစား ငါစားနဲ႔ အလုပ္ရႈပ္ေနတဲ့ Zhan Zhanနဲ႔ Shin Shinကို အျမင္ကပ္ေနရသည္။

ဒီႏွစ္ေယာက္ မသကၤာစရာေကာင္းေအာင္ ဘာေတြႀကိတ္လုပ္ေနလဲမသိ၊ ခုတစ္ေလာ အရင္ကထက္ ပိုရင္းနီးလာတာ ေတြ႕ေနရသည္။

"Zhan Zhan!!!"

Xiao Zhanနာမည္ကို တစ္လံုးခ်င္းစီ ေခၚလိုက္တာမို႔ စားေနရင္း လွမ္းၾကည့္လိုက္သည္။

"မနက္ ဘယ္ႏွစ္နာရီ ထျပန္မွာလဲ"

တစ္ပတ္ပင္ျပည့္ေလၿပီ၊ စားလိုက္ ေသာက္လိုက္ ကစားလိုက္ အနီးနားဝန္းက်င္ကို အစ္ကိုLu Nyanကို လိုက္ပို႔ခိုင္းလိုက္နဲ႔ တစ္ပတ္က ခဏေလးလိုပင္။

"မနက္ေစာေစာေပါ့ အိမ္ကိုညလည္ေလာက္ ေရာက္မယ္ထင္တယ္"

"အင္း အင္း သိမ္းစရာရွိတာ သိမ္းထားလိုက္မယ္"

မနက္ေစာေစာ ခရီးထြက္ရမွာမို႔ ေစာေစာ အိပ္ယာ ဝင္ခဲ့ၾကသည္။

တစ္ခန္းထဲမွာ အတူတူစုေနကာ Yu Binက Single Bedကို သပ္သပ္သံုးေလသည္။

King Bed Sizeကိုေတာ့ Wang Shinနဲ႔ Xiao Zhanက ဟိုဘက္ေထာင့္ ဒီဘက္ေထာင့္ ကပ္ကာ တူတူအိပ္ေလသည္။

ညေရာက္ေတာ့ မနက္ျပန္ရမွာမို႔ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ေပ။

ဒီအခ်ိန္ေလးေတြ ေပ်ာ္ရပါတယ္ Zhan။

"Wangႀကီး Wangႀကီး အိပ္ပီလား"

"ဟင့္အင္း"

"မင္းေမြးေန႔ ဘာယူမလဲ"

"စကိတ္ကြင္းလိုက္ပို႔ "

"ေမြးေန႔လက္ေဆာင္!!!"

"စကိတ္ကြင္း လိုက္ပို႔တာကလည္း ေမြးေန႔လက္ေဆာင္ပဲေလ ဘာလဲ မေပ်ာ္ဘူးလား"

"မင္းကေမြးေန႔ရွင္ေလ မင္းေပ်ာ္ရမွာေလ ငါ့ လာေမးရလား"

"သူငယ္ခ်င္းေတြနဲ႔တူတူရွိေနရင္ ငါေပ်ာ္တယ္"

"အဲ့ဒါဆို ေမြးေန႔လက္ေဆာင္က ငါ့ပါးပါးတို႔သြင္းတဲ့ ကားတစ္စီး လက္ေဆာင္ေပးမယ္ ေနာက္ႏွစ္ တကၠသိုလ္ေရာက္ရင္ စီးေပါ့"

"အင္း!!!"

ျငင္းရင္မႀကိဳက္တဲ့ Xiao Zhanေၾကာင့္သာ အင္းလိုက္ရတယ္ ေစ်းႀကီးလြန္းတာႀကီး။

စကိတ္ကြင္း ဘယ္ေတာ့မွ လိုက္မပို႔တဲ့မားေၾကာင့္ စကိတ္စီးခြင့္ရေတာ့မယ့္ ေနာက္အပတ္ေမြးေန႔ကို အျမန္ေရာက္ခ်င္မိ ေနေတာ့သည္။

__________________________________
🍁လြမ္း၍မေျပ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

"သခင္ေလး ေနာက္က ကားတစ္စီး စံအိမ္ကထြက္ကတည္းက လိုက္လာတယ္"

အစ္ကိုLu Nyan ေျပာတာေၾကာင့္ သံုးေယာက္လံုး ေနာက္ကို လွည့္ၾကည့္ေလေတာ့ ကားနက္တစ္စီး။

"ေမွးၿပီးေမာင္းလိုက္ သူတို႔ေက်ာ္သြားပါေစ"

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လာတဲ့ခရီး မွာ ဘာစိတ္အေႏွာက္အယွက္မွ မရွိေစခ်င္တာမို႔ ကားကိုေႏွးေစလိုက္သည္။

ကားကိုေႏွးေစလိုက္တာဟာ ဆံုးျဖတ္ခ်က္အမွားမွန္းသိခဲ့လွ်င္ ကားကိုေႏွးဖို႔မေျပာလိုက္သလို ျမန္ျမန္ေမာင္းေျပးခိုင္းမိမယ္ထင္တယ္။

ကားကိုေႏွးခ်လိုက္ေတာ့ အျမန္ႏႈန္းနဲ႔ေရာက္လာတဲ့ ေနာက္ကကားက Xiao Zhanတို႔ကားကို ဝင္ေဆာင့္ေလသည္။

ဒုန္းးးးးးး!!!!!

ရမ္းခါသြားတဲ့ကားကို က်င္လည္စြာထိန္းၿပီး တည့္မတ္လိုက္ေပမဲ့ လမ္းဆံုဝဲဘက္ျခမ္းက အရွိန္ျပင္းျပင္းေမာင္းလာတဲ့ ကုန္ကားႀကီးက Xiao Zhanတို႔ကားကို ဝင္တိုက္လိုက္တဲ့အခါ။

ဂ်ိန္းးးးးဒိန္းးးးးဒုန္းးးးးးး!!

သံုးေလးပတ္မွ် လိမ့္သြားတဲ့ကားထဲက ျမင္ကြင္း။

ေပ်ာ္ရႊင္မႈေတြ ရပ္တန္႔သြားတယ္။

Wang Shinေပါင္ေပၚ တင္ထားတဲ့ စပ်စ္သီးျခင္းေလး ေခါင္မိုးမမည္တဲ့ ကားလွည့္ပတ္ရာအတိုင္း ေလထဲဝဲပ်ံသြားတယ္။

ကားေဘးတံကားပြင့္ၿပီး Yu Binလြင့္ထြက္သြားတယ္၊ Yu ႀကီး မင္းဘာလို႔ ခါးပတ္မပတ္ထားတာလဲ၊ ေမးလိုက္တယ္ ျပန္ေျဖသံကို မၾကားမိသလို ႏႈတ္ကမထြက္ပဲ မ်က္ဝန္းအၾကည့္နဲ႔။

အနီးဆံုးထိုင္ေနတဲ့ Wang Shinကၽြန္ေတာ္ကို ဖက္ထားတယ္၊ ကၽြန္ေတာ္ လည္းတင္းတင္းက်ပ္က်ပ္ျပန္ဖမ္းဆြဲထားေပမဲ့ ေလထုတစ္ခုကိုပဲ စမ္းမိသလို။

ဒုန္းးးးးဝုန္းးးးးးး!!!

လိမ့္ထြက္သြားတဲ့ကားက ရပ္တန္႔သြားတယ္ ၊ ထိခိုက္ဒဏ္ရာေတြမ်ားေနတဲ့ အစ္ကိုLu Nyanက ေနာက္ခန္းက ကၽြန္ေတာ္ကို အရင္လာဆြဲထုတ္တယ္။

"သခင္ေလး သခင္ေလး သတိထား ရေသးလား"

"အားးးကၽြတ္ "

ေခါင္းကိုခါရမ္းလိုက္ေတာ့ မိုက္ကနဲ ျဖစ္သြားေလသည္။

"Shin Shinေလး"

တြဲထားတဲ့ အစ္ကိုLu Nyanကိုတြန္းတိုက္ကာ ခ်န္ခဲ့ၿပီး ကားစီကို ျပန္ေျပးကာ Shinဆီသို႔။

"Shin Shin!!!Shin သတိထား သတိထားေလ Shin"

ပိတ္က်ေနတဲ့ မ်က္ဝန္းအစံုက လႈပ္ခတ္လာၿပီး အားတင္ကာ ခပ္ေမွးေမွးဖြင့္လာတဲ့ မ်က္ဝန္းအိမ္ေတြထဲထိ စီးက်ေနတဲ့ေသြးေတြ။

ခပ္ယဲ့ယဲ့ေလးျပံဳးမိတယ္၊ Shinတဲ့လား Xiao Zhan၊ Shinလို႔ေခၚတဲ့အသံကို ငါအၾကာႀကီး ၾကားခြင့္ မရေတာ့မွာ ေၾကာက္ေနၿပီ။

"အားတင္းထားေနာ္ ဘာမွမဟုတ္ဘူး နဖူးနည္းနည္းကြဲသြားတာ Shin ဘာမွမျဖစ္ဘူးသိလား လူနာတင္ကားအစ္ကို Lu Nyan လူနာတင္ကားးး"

"Z h a n မင္း ဘယ္ နား ထိ သြား လဲ"

"ငါ ငါ ဘာမွမျဖစ္ဘူး မင္း မင္းသာ စကားမေျပာနဲ႔"

"Z h a n မင္း ငါ့ ကို ခင္ လား"

"ဘာေတြေမးေနလဲ ငါ ခင္တယ္ မင္းကို တစ္ေလာကလံုးမွာ အခင္ဆံုးပဲ"

"ငါ ငါ ေလ မင္း နဲ႔ စ ကိတ္ မ စီး ရ ေတာ့ ဘူး ထင္ တယ္ ငါ!!!"

"မဟုတ္ဘူး ေကာင္းသြားမွာ မင္းငါ့ကို မလွန္႔ပါနဲ႔ ဟီး အီး "

"မင္း ေမြး ေန႔ မွာ ငါ ရွိ ခ်င္ ေသး တာ"

"ရွိရမယ္ ရွိရမွာ Shin ေလး Shinေလး ငါ့ကိုၾကည့္ အားတင္းထားေနာ္ မင္းကို ျပန္ေကာင္းေအာင္ ငါအစြမ္းကုန္ ႀကိဳးစားမယ္ သိလား"

"သခင္ေလး လူနာတင္ကားလာၿပီ"

အေဝးကေျပးလာတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ အေဝးေျပး ကင္းလွည့္ရဲကားေတြေၾကာင့္ လူေတြက တစ္စထက္တစ္စမ်ားလာၿပီး ကၽြန္ေတာ္ေပြ႕ထားတဲ့ ကိုယ္ေငြ႕ေႏြးေလးကို ထမ္းစင္ေပၚေရြ႕ေျပာင္းသြားေလေတာ့ လက္ဖဝါးထဲက်န္ခဲ့တဲ့ Shin ရဲ႕ေသြးေတြက ကၽြန္ေတာ္ကို စိတ္ကစဥ့္ကလ်ား ျဖစ္ေစတဲ့ထိ။

ေနာက္ဆံုးအသိတစ္ခ်က္ လြတ္သြားတယ္၊ ကၽြန္ေတာ္ကမ႓ာႀကီး အေမွာင္က်သြားတယ္။

__________________________________
🍁လြမ္း၍မတည္ အျပံဳး၌ေမြ႕ေလ်ာ္ေသာ🍁
__________________________________

Hi အားလံုးပဲ ကၽြန္ေတာ္ Xiao Zhanပါခင္ဗ်။

#crdpic
______________________________________

Hi ကိုကိုတို႔မမတို႔ ကၽြန္ေတာ္က Wang Shin။

#crdpic
______________________________________
Hi ေကာင္းေသာေန႔ပါ ကၽြန္ေတာ္က Yu Bin။

#crdpic
______________________________________
#ဖတ္ေပးတဲ့ Readernimတို႔ကို ေက်းဇူးအထူးတင္ရွိပါတယ္ဗ်ာ။
9:44PM
192019
_BLOOM_

🍁🍁🍁🍁🍁🍁Unicode🍁🍁🍁🍁🍁🍁

"အစ်ကိုကြီး"

ရုံးခန်းတံခါးကို ဖွင့်ဝင်လာသူကြောင့် သူဌေးကြီးXiao မျက်ခုံးပင့်မိသည်အထိ အ့ံသြသွားရသည်။

"Xiao Wei"

"ဟုတ်တယ် ကျွန်တော် Xiao Wei အစ်ကိုကြီး ညီလေးကို မမေ့သေးဘူး မဟုတ်လား"

"မင်းဘာလို့ပြန်လာတာလဲ"

"အစ်ကိုကြီးကို သတိရတယ်လို့ ဖြေမယ်ထင်နေတာတော့ မဟုတ်ပါဘူးနော်"

"မမျှော်လင့်ပါဘူး ပြောစရာရှိတာပြော"

ဒီညီငယ်က ဖေဖေ့ရဲ့ တရားမဝင်ဇနီးက မွေးခဲ့ပေမဲ့ ဆိုးပေတေလွန်းသူမို့ ဇနီးဖြစ်သူဆုံးပြီးတဲ့နောက် ရပိုင်ခွင့်ကို တရားဝင်ခွဲဝေပေးခဲ့ပြီး မိသားစုစာရင်း ဖြတ်ထားခဲ့တာပါ။

ထောင်ထဲကို အိမ်ဦးနဲ့ကြမ်းပြင် ဝင်ထွက်နေတဲ့ ညီငယ်က တူတူမကြီးပြင်းကြတဲ့အပြင် မျက်နှာချင်းဆိုင်ဆုံဖူးသည်ကပင် ခပ်ရှားရှားရယ်မို့ ညီအစ်ကို သံယောဇဉ်ပင် မဖြစ်မိ။

"မလောပါနဲ့ အစ်ကိုကြီးရဲ့ ကျွန်တော် ပေကျင်းကနေတောင် လာရတာ ဒီမှာတစ်ပတ်နေပြီးရင် ပြန်မယ်"

"______"

"ဒီကညီလေးကို ငွေတချို့လွှဲပေးရင်ရပါပြီ ငွေရ မရပေါ် မူတည်ပြီး ပြန်မယ်"

လက်ဆယ်ချောင်းထောင်ကာ လိုချင်တဲ့ ငွေပမာနကို ပြလေသည်။

မနည်းတဲ့ငွေကို ပေးလည်းဘာမှမဖြစ်သလို မပေးလည်း ဘာမှမဖြစ် ၊ ဒီထက်ဆိုးလာရင် တရားဥပဒေနဲ့ ရှင်းလို့ရပေမဲ့ ငယ်ကတည်းက အကျင့်ကိုသိလာတာမို့ သူတောင်းသလောက်တော့ နောက်ဆုံးအကြိမ် ပေးလိုက်မည်၊ မိမိ မိသားစုကို အန္တရာယ်ပေးနိုင်သည့် အခြေအနေ ဖြစ်သွားနိုင်သည်အထိ ဆိုးလှတဲ့ ညီငယ်။

"ဟင်းးးးး ငါလွှဲပေးမယ်"

"ဟ လွယ်လှချည်လား"

"ဘာလဲ မပျော်ဘူးလား"

"တောင်းဆိုချက်ကဘာလဲ"

"ရှေ့နေနဲ့သဘောတူစာချုပ်မှာ လက်မှတ်ထိုး ဘယ်တော့မှ ဒီကို ပြန်မလာတော့ပါဘူးဆိုတဲ့ ကတိပါ ထည့်ရေးပေး"

"အော် ဟော် OK!!အစ်ကိုကြီးက ဒီလိုဆိုမှတော့ လုပ်ပေးရမှာပေါ့ ဟား ဟား ဟား"

အခန်းတံခါးကို ဒုန်းကနဲမြည်တဲ့ထိ ထီမထင်တဲ့ အပြုမူမျိုးကို အသေအချာ ပြသွားသေးတဲ့ညီ။

သတိဆိုတာ ပိုတယ်မရှိဘူး။

"Lu Nyan"

"ဟုတ် ဆရာ"

"မင်းသခင်လေးကို ကျောင်းပို့ ကျောင်းကြို ဒီနေ့ကစပြီး မင်းပဲလုပ်တော့ "

"ဟုတ်"

Lu Nyanဆိုတဲ့ ကိုယ်ရေးအရာရှိက သားကို စောင့်ရှောက်ဖို့ အယုံကြည်ရဆုံးသူ။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"Wangကြီး အဆင်သင့်ဖြစ်ပြီလား"

အိမ်ရှေ့ကနေ အော်ပြီးဝင်လာတဲ့ Xiao Zhan။

"သား Shinလေး လမ်းမှာ မတည့်စာတွေ မစားနဲ့နော်"

"အန်တီ စိတ်ချ ကျွန်တော် ဂရုစိုက်လိုက်ပါ့်"

"အေးပါသားရယ် အန်တီမပါပဲ တစ်ခါမှ မလွှတ်ဖူးတော့ စိတ်ချပါရစေ"

"ဟုတ်ကဲ့ အန်တီ ကျွန်တော် သေချာစောင့်ရှောက်ပြီး ပြန်ခေါ်ခဲ့ပါ့မယ်"

Luggageသေးလေးကို တွန်းရင်း ကားနောက်ဖုံးကိုဖွင့်ကာ ထည့်ဘိုက်သည်။

"Shin Shin ငါတို့ခုသွားမယ့် Zhan Zhanတို့ အပန်းဖြေအိမ်က တော်တော်လှတယ်ကွ ဟိုရောက်ရင် ငါတို့ဂေါ့ဖ်ရိုက်ရအောင်"

"ငါမရိုက်တက်ဘူး "

"Zhan Zhan သင်ပေးလိမ့်မယ်"

"ရိုက်တက်တယ်လား"

"သေချာတာပေါ့ ကိုယ်ပိုင်ဂေါ့ဖ်ကွင်းမို့ မတက်မချင်းသင်ခိုင်း အချိန်တွေရှိပါတယ်ကွ"

"ကျေးဇူးပဲကွာ"

"မခံယူဝ့ံပါဘူး ခင်ဗျာ"

ကားလေးအတွင်း ရယ်မော ပျော်ရွှင်သံတွေနဲ့ ပြည့်နှက်သွားပါတော့တယ်။

"ဝါးးးးးး လှလိုက်တာ"

အမိုးချွန်မြင့်ကြီးတွေနဲ့ ဆောက်ထားပြီး တံတိုင်းမြင့်ကာရံထားကာ ခြံထဲမှာ သက်တမ်းရှည် သစ်ပင်ကြီးတွေကြောင့် အုံ့အု့ံဆိုင်းဆိုင်းနဲ့မို့ အရိပ်ရကာ နှင်းဆီနံ့တွေကလည်းကြိုင်နေပါသည်။

စိမ်းစိမ်းစိုစိုနဲ့ အတော်ပင်လှတာမို့ မြို့ပြရဲ့ ရှုပ်ထွေတဲ့ လူနေမှုနဲ့ ဝေးကွားရာမို့ ခြံထဲကားကို ချိုးကွေ့ကတည်းက ဘေးမှန်ကိုချကာ လေကိုတစ်ဝရှူလိုက်တယ်။

"Xiao Zhan နှင်းဆီန့ံတွေရတယ် "

"အင်း ခြံကိုထိန်းသိမ်းတဲ့လူတွေရှိတယ် အဲ့ဒါကြောင့်"

"ဒီထက်လှတာက ခြံနောက်က ဂေါ့ဖ်ကွင်းပဲ စိမ်းစိုနေတာပဲ မနက်ဖြန်သွားကြမယ်"

"တက်ကြွနေတဲ့ Yu ကြီး"

"အဟီး ဟီး"

တစ်ဦးနဲ့ တစ်ဦး တွတ်ထိုးကာ Wang Shin အတွက်တော့ အရာရာအထူးအဆန်း ဖြစ်နေတော့တယ်။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

"အင့် ဥနီများများစား မင်းကြည့်ရတာ ဖြူဖက်ဖြူလျော်နဲ့"

"ငါစားပါတယ်"

"Zhan Zhan ငါ့ကို ကြက်ကြော်လေး"

ဟင်းပွဲတွေကို ဆုံလည်စားပွဲမှာတင်ထားတာမို့ Xiao Zhanက စားပွဲအထပ်သားကိုလှည့်စေကာ Yu Binဘက်ကို ကြက်ကြော် ပန်းကန်လှည့်ပေးလိုက်သည်။

Yu Binမှာတော့ သူစား ငါစားနဲ့ အလုပ်ရှုပ်နေတဲ့ Zhan Zhanနဲ့ Shin Shinကို အမြင်ကပ်နေရသည်။

ဒီနှစ်ယောက် မသင်္ကာစရာကောင်းအောင် ဘာတွေကြိတ်လုပ်နေလဲမသိ၊ ခုတစ်လော အရင်ကထက် ပိုရင်းနီးလာတာ တွေ့နေရသည်။

"Zhan Zhan!!!"

Xiao Zhanနာမည်ကို တစ်လုံးချင်းစီ ခေါ်လိုက်တာမို့ စားနေရင်း လှမ်းကြည့်လိုက်သည်။

"မနက် ဘယ်နှစ်နာရီ ထပြန်မှာလဲ"

တစ်ပတ်ပင်ပြည့်လေပြီ၊ စားလိုက် သောက်လိုက် ကစားလိုက် အနီးနားဝန်းကျင်ကို အစ်ကိုLu Nyanကို လိုက်ပို့ခိုင်းလိုက်နဲ့ တစ်ပတ်က ခဏလေးလိုပင်။

"မနက်စောစောပေါ့ အိမ်ကိုညလည်လောက် ရောက်မယ်ထင်တယ်"

"အင်း အင်း သိမ်းစရာရှိတာ သိမ်းထားလိုက်မယ်"

မနက်စောစော ခရီးထွက်ရမှာမို့ စောစော အိပ်ယာ ဝင်ခဲ့ကြသည်။

တစ်ခန်းထဲမှာ အတူတူစုနေကာ Yu Binက Single Bedကို သပ်သပ်သုံးလေသည်။

King Bed Sizeကိုတော့ Wang Shinနဲ့ Xiao Zhanက ဟိုဘက်ထောင့် ဒီဘက်ထောင့် ကပ်ကာ တူတူအိပ်လေသည်။

ညရောက်တော့ မနက်ပြန်ရမှာမို့ တော်တော်နဲ့ အိပ်မပျော်ပေ။

ဒီအချိန်လေးတွေ ပျော်ရပါတယ် Zhan။

"Wangကြီး Wangကြီး အိပ်ပီလား"

"ဟင့်အင်း"

"မင်းမွေးနေ့ ဘာယူမလဲ"

"စကိတ်ကွင်းလိုက်ပို့ "

"မွေးနေ့လက်ဆောင်!!!"

"စကိတ်ကွင်း လိုက်ပို့တာကလည်း မွေးနေ့လက်ဆောင်ပဲလေ ဘာလဲ မပျော်ဘူးလား"

"မင်းကမွေးနေ့ရှင်လေ မင်းပျော်ရမှာလေ ငါ့ လာမေးရလား"

"သူငယ်ချင်းတွေနဲ့တူတူရှိနေရင် ငါပျော်တယ်"

"အဲ့ဒါဆို မွေးနေ့လက်ဆောင်က ငါ့ပါးပါးတို့သွင်းတဲ့ ကားတစ်စီး လက်ဆောင်ပေးမယ် နောက်နှစ် တက္ကသိုလ်ရောက်ရင် စီးပေါ့"

"အင်း!!!"

ငြင်းရင်မကြိုက်တဲ့ Xiao Zhanကြောင့်သာ အင်းလိုက်ရတယ် ဈေးကြီးလွန်းတာကြီး။

စကိတ်ကွင်း ဘယ်တော့မှ လိုက်မပို့တဲ့မားကြောင့် စကိတ်စီးခွင့်ရတော့မယ့် နောက်အပတ်မွေးနေ့ကို အမြန်ရောက်ချင်မိ နေတော့သည်။

__________________________________
🍁လွမ်း၍မပြေ အပြုံး၌မွေ့လျော်သော🍁
__________________________________

"သခင်လေး နောက်က ကားတစ်စီး စံအိမ်ကထွက်ကတည်းက လိုက်လာတယ်"

အစ်ကိုLu Nyan ပြောတာကြောင့် သုံးယောက်လုံး နောက်ကို လှည့်ကြည့်လေတော့ ကားနက်တစ်စီး။

"မှေးပြီးမောင်းလိုက် သူတို့ကျော်သွားပါစေ"

ပျော်ပျော်ရွှင်ရွှင် လာတဲ့ခရီး မှာ ဘာစိတ်အနှောက်အယှက်မှ မရှိစေချင်တာမို့ ကားကိုနှေးစေလိုက်သည်။

ကားကိုနှေးစေလိုက်တာဟာ ဆုံးဖြတ်ချက်အမှားမှန်းသိခဲ့လျှင် ကားကိုနှေးဖို့မပြောလိုက်သလို မြန်မြန်မောင်းပြေးခိုင်းမိမယ်ထင်တယ်။

ကားကိုနှေးချလိုက်တော့ အမြန်နှုန်းနဲ့ရောက်လာတဲ့ နောက်ကကားက Xiao Zhanတို့ကားကို ဝင်ဆောင့်လေသည်။

ဒုန်းးးးးးး!!!!!

ရမ်းခါသွားတဲ့ကားကို ကျင်လည်စွာထိန်းပြီး တည့်မတ်လိုက်ပေမဲ့ လမ်းဆုံဝဲဘက်ခြမ်းက အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကုန်ကားကြီးက Xiao Zhanတို့ကားကို ဝင်တိုက်လိုက်တဲ့အခါ။

ဂျိန်းးးးးဒိန်းးးးးဒုန်းးးးးးး!!

သုံးလေးပတ်မျှ လိမ့်သွားတဲ့ကားထဲက မြင်ကွင်း။

ပျော်ရွှင်မှုတွေ ရပ်တန့်သွားတယ်။

Wang Shinပေါင်ပေါ် တင်ထားတဲ့ စပျစ်သီးခြင်းလေး ခေါင်မိုးမမည်တဲ့ ကားလှည့်ပတ်ရာအတိုင်း လေထဲဝဲပျံသွားတယ်။

ကားဘေးတံကားပွင့်ပြီး Yu Binလွင့်ထွက်သွားတယ်၊ Yu ကြီး မင်းဘာလို့ ခါးပတ်မပတ်ထားတာလဲ၊ မေးလိုက်တယ် ပြန်ဖြေသံကို မကြားမိသလို နှုတ်ကမထွက်ပဲ မျက်ဝန်းအကြည့်နဲ့။

အနီးဆုံးထိုင်နေတဲ့ Wang Shinကျွန်တော်ကို ဖက်ထားတယ်၊ ကျွန်တော် လည်းတင်းတင်းကြပ်ကြပ်ပြန်ဖမ်းဆွဲထားပေမဲ့ လေထုတစ်ခုကိုပဲ စမ်းမိသလို။

ဒုန်းးးးးဝုန်းးးးးးး!!!

လိမ့်ထွက်သွားတဲ့ကားက ရပ်တန့်သွားတယ် ၊ ထိခိုက်ဒဏ်ရာတွေများနေတဲ့ အစ်ကိုLu Nyanက နောက်ခန်းက ကျွန်တော်ကို အရင်လာဆွဲထုတ်တယ်။

"သခင်လေး သခင်လေး သတိထား ရသေးလား"

"အားးးကျွတ် "

ခေါင်းကိုခါရမ်းလိုက်တော့ မိုက်ကနဲ ဖြစ်သွားလေသည်။

"Shin Shinလေး"

တွဲထားတဲ့ အစ်ကိုLu Nyanကိုတွန်းတိုက်ကာ ချန်ခဲ့ပြီး ကားစီကို ပြန်ပြေးကာ Shinဆီသို့။

"Shin Shin!!!Shin သတိထား သတိထားလေ Shin"

ပိတ်ကျနေတဲ့ မျက်ဝန်းအစုံက လှုပ်ခတ်လာပြီး အားတင်ကာ ခပ်မှေးမှေးဖွင့်လာတဲ့ မျက်ဝန်းအိမ်တွေထဲထိ စီးကျနေတဲ့သွေးတွေ။

ခပ်ယဲ့ယဲ့လေးပြုံးမိတယ်၊ Shinတဲ့လား Xiao Zhan၊ Shinလို့ခေါ်တဲ့အသံကို ငါအကြာကြီး ကြားခွင့် မရတော့မှာ ကြောက်နေပြီ။

"အားတင်းထားနော် ဘာမှမဟုတ်ဘူး နဖူးနည်းနည်းကွဲသွားတာ Shin ဘာမှမဖြစ်ဘူးသိလား လူနာတင်ကားအစ်ကို Lu Nyan လူနာတင်ကားးး"

"Z h a n မင်း ဘယ် နား ထိ သွား လဲ"

"ငါ ငါ ဘာမှမဖြစ်ဘူး မင်း မင်းသာ စကားမပြောနဲ့"

"Z h a n မင်း ငါ့ ကို ခင် လား"

"ဘာတွေမေးနေလဲ ငါ ခင်တယ် မင်းကို တစ်လောကလုံးမှာ အခင်ဆုံးပဲ"

"ငါ ငါ လေ မင်း နဲ့ စ ကိတ် မ စီး ရ တော့ ဘူး ထင် တယ် ငါ!!!"

"မဟုတ်ဘူး ကောင်းသွားမှာ မင်းငါ့ကို မလှန့်ပါနဲ့ ဟီး အီး "

"မင်း မွေး နေ့ မှာ ငါ ရှိ ချင် သေး တာ"

"ရှိရမယ် ရှိရမှာ Shin လေး Shinလေး ငါ့ကိုကြည့် အားတင်းထားနော် မင်းကို ပြန်ကောင်းအောင် ငါအစွမ်းကုန် ကြိုးစားမယ် သိလား"

"သခင်လေး လူနာတင်ကားလာပြီ"

အဝေးကပြေးလာတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဝေးပြေး ကင်းလှည့်ရဲကားတွေကြောင့် လူတွေက တစ်စထက်တစ်စများလာပြီး ကျွန်တော်ပွေ့ထားတဲ့ ကိုယ်ငွေ့နွေးလေးကို ထမ်းစင်ပေါ်ရွေ့ပြောင်းသွားလေတော့ လက်ဖဝါးထဲကျန်ခဲ့တဲ့ Shin ရဲ့သွေးတွေက ကျွန်တော်ကို စိတ်ကစဥ့်ကလျား ဖြစ်စေတဲ့ထိ။

နောက်ဆုံးအသိတစ်ချက် လွတ်သွားတယ်၊ ကျွန်တော်ကမ်ဘာကြီး အမှောင်ကျသွားတယ်။

__________________________________
🍁လွမ်း၍မတည် အပြုံး၌မွေ့လျော်သော🍁
__________________________________

Hi အားလုံးပဲ ကျွန်တော် Xiao Zhanပါခင်ဗျ။

#crdpic
______________________________________

Hi ကိုကိုတို့မမတို့ ကျွန်တော်က Wang Shin။

#crdpic
______________________________________
Hi ကောင်းသောနေ့ပါ ကျွန်တော်က Yu Bin။

#crdpic
______________________________________
#ဖတ်ပေးတဲ့ Readernimတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
9:44PM
192019
_BLOOM_

Continue Reading

You'll Also Like

181K 8.3K 105
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
1.7K 82 5
🌹 ကစားပွဲ 🌹 😍 Two Short 😍 🥰 (Sweet) 🥰 {Complete} ေကျာင်းရဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဘီလီယံနာသူေဌး သံုးေယာက်ဟာမျက္မှန်နဲ့ နမော်နမဲ့နိုင...
6.9K 834 20
စီချွမ်မြို့မှာ အချစ်စစ်ကိုရှာတွေ့သွားခဲ့ကြပြီ။
18.5K 2.7K 28
" ငါ ထယ်ရယ့်ကို ကာကွယ်ပေးမှာမလို့ ယုံပေးမလား ငါ့နောက်ကိုလိုက်ခဲ့ပေးမလား? " " ထယ်... ထယ်ရယ် ... ထယ်..ရယ် ဟိုး... တိမ်လေး... တိမ်လေးတွေကို သဘောကျ သလို...