ကိုကို့အရှင်သခင်
By Natpankalay
774K 62.8K 2.5K
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။ More
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-14
Chapter -15
Chapter -16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter -31
Chapter-32 Final Part
Chapter-13
18.9K 1.9K 53
By Natpankalay
Chapter-13
“ဒါကဘယ်လဲ”
“ဒီပုံစံနဲ့လား”
“ဟုတ်။ခါတိုင်းဝတ်နေကျပါပဲ”
“အင်း-”
“ဟင်းချက်တတ်တာလား။”
“ဟေ့ မင်း-”
“ဘာ--ဒါ ငါ ဘာလို့မသိတာလဲ”
“ကိုကို-”
ပြောတော့ မချစ်ဘူးတဲ့။
**************
# With Heart
Just A Dreamer.
Unicode
Chapter-13
“ဒါကဘယ်လဲ”
Chanyeol မျက်ခုံးတွေတွန့်ချိူးလျက် BaekHyun ကိုခြေဆုံးခေါင်းဆုံးကြည့်သည်။ဒူးတွင်မက ပေါင်ထိပ်ထိပါ ဖြဲထားသည့် ဂျင်းသားပျော့ပျော့က အသားတွင်ကပ်လျက် ဖြူဝင်းနေသည့်အသားအရည်သည် အထင်းသား။ ဝတ်ထားသည့် ခပ်ရိုးရိုးစပို့ရှပ် အနက်ကလည်း လည်ပင်းသားအနည်းငယ်ကျယ်သည်ကြောင့် လည်တိုင်ခပ်ကျော့ကျော့ကလည်း ရှင်းရှင်းလင်းလင်း။ သူ ကြည့်နေမှန်းသိတော့ အစွမ်းကုန်ပြုံးရယ်ပြလာသည့် မျက်နှာရယ်ပေါင်းလိုက်တော့ Chanyeol ရူး ချင်သွားသည်။
“Yura နဲ့ စာအုပ်နည်းနည်းသွားဝယ်မလို့ ချိန်းထားတာ  ကိုကို။”
“ဒီပုံစံနဲ့လား”
“ဟုတ်။ခါတိုင်းဝတ်နေကျပါပဲ”
Chanyeol ကျစ်ခနဲစုတ်သပ်ကာ ဘီးတပ်ကုလားထိုင်ကို ဧည့်ခန်းထဲထိရွေ့စေလိုက်သည်။ BaekHyun က အပြေးလေးလိုက်လာရင်း အနားက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ညိုမှောင်နေသည့်သူ့မျက်နှာကိုလည်း အကဲခတ်သေး ကာ-
“ဘာဖြစ်လို့လဲ ကိုကို။တစ်နေရာရာက နေမကောင်းလို့လား”
“မင်းနဲ့ အဲ့ဒီ Yuraနဲ့က ဘာလဲ”
“ကျွန်တော့် အခင်ဆုံးသူငယ်ချင်းလေ။ Yura က သိပ်ပြီးစိတ်ထားတတ်တာ.။”
“ရိုးရောရိုးရဲ့လား မင်းတို့နှစ်ယောက်”
ပြုံးရင်းပြောနေသည့် BaekHyun တန့်သွားရသည်။ဘယ်လိုကြီးမေးလိုက်တာပါလိမ့်.။စွပ်စွဲသည်ဟု ပဲသတ်မှတ်ရ မလား။သဝန်တိုနေသည်ဟုပဲသတ်မှတ်ရမလား။
“မင်း အိမ်ထောင်သည်ဖြစ်နေပြီ BaekHyun . အစစ အရာရာဆင်ခြင်ရမယ်။ ငါ့ ဂုဏ်သိက္ခာကိုမထိပါးစေနဲ့.။Park Chanyeol ရဲ့ ခင်ပွန်းက အပြင်မှာ မိန်းကလေးတစ်ယောက်နဲ့တပူးပူးတတွဲတွဲဆိုတာ ငါ မကြားချင်ဘူး။”
မျှော်လင့်နေမိသည့်စိတ်ဓါတ်ကလေးထိုးကျသွားရသည်။အင်းပေါ့.။သတိမမေ့ခင်ကတောင် BaekHyun ကိုကြည်ဖြူခဲ့တာမှမဟုတ်ဘဲ.။သတိမေ့နေလည်း စိတ်က လွယ်လွယ်ပြောင်းလာနိုင်စရာမရှိဘူးပေါ့.။ဒါပေမယ့် သူ ကတော့ တစ်စုံတစ်ရာကိုမျှော်လင့်နေမိသေးသည့်သူ-
“လတ်စသတ်တော့ ကိုကို က ဂုဏ်သိက္ခာကိုစိုးရိမ်နေတာပဲ.။ကျွန်တော်က ကျွန်တော့်ကိုသဝန်တိုတယ်လို့ထင်နေတာ.။ထားပါကျွန်တော် မသွားတော့ပါဘူး။ညနေကျမှ ကိုယ့်ဘာသာပဲ သွားဝယ်လိုက်ပါ့မယ်။နေ့လည်စာ စားတော့မလား ကိုကို ဗိုက်ဆာပြီလား။”
“အင်း-”
အမှန်တော့ Chanyeol ဗိုက်မဆာသေးပေမယ့် မျက်နှာမကောင်းသည့် သူ့ကိုကြည့်ကာ စိတ်ထဲတစ်မျိူးခံစားရသည်မို့ ခေါင်းညိတ်ပြလိုက်သည်။ဒီနေ့က ဒေါ်လေးကလည်း နယ်ဘက်ခဏဆင်းသည်မို့အိမ်တွင်မရှိ။မနက်မိုးလင်းကတည်းက BaekHyun မီးဖိုချောင်ထဲ တစ်ယောက်တည်းအလုပ်ရှုပ်နေသည်ကိုတော့မြင်မိလိုက်သေးသည်။ Aeri ကိုထမင်းဘူးလေး ထည့်ပေးလိုက်တာကိုလည်းတွေ့လိုက်သည်။
“ဒါဆို သွားစို့ ကိုကို ။ခဏလေးပြန်နွှေးလိုက်ရင်ရပြီ။အားလုံးအဆင်သင့်ပဲ”
BaekHyun က Chanyeol ၏ဘီးတပ်ကုလားထိုင်ကို နောက်ကနေတွန်းလျက် ထမင်းစားခန်းထဲခေါ်လာသည်။ ပြီးတော့ အေပရွန်ဝတ်ကာ ဟိုလုပ်သည်လုပ် လုပ်နေသည်ကိုမျက်တောင်မခတ်လိုက်ကြည့်နေမိသည်။
“ဟင်းချက်တတ်တာလား။”
“ဟုတ်.။မေမေ က တစ်ခါတစ်လေ မအားတော့ ကျွန်တော် လုပ်ကျွေးရင်းလုပ်ကျွေးရင်းနဲ့ ချက်တတ်သွားတာ.။ခု အတော်ပဲဖြစ်သွားတာပေါ့.။”
စားပွဲထက် ဟင်းပန်းကန်တွေတစ်ခုပြီးတစ်ခုချရင်း BaekHyun ကဆိုသည်။ Chanyeol မသိလိုက်စွာ ပြုံးမိလိုက်ရင်း မရည်ရွယ်ပါဘဲ ထိုမိန်းမကိုဖြတ်ခနဲတွေးမိသွားသေးသည်။ လှလှပပ နေတတ်ပြီးထက်မြက်တာကလွဲရင် အိမ်မှုကိစ္စလည်း ဘာမှမလုပ်တတ်။နာကျင်မှုတွေသာ ပေးတတ်သည့်ထိုအမျိူးသမီးကို သူ ဘာကြောင့်များချစ်ခဲ့မိသလဲ တွေးတောင်မတွေးတတ် တော့။
“ရပြီ ကိုကို ။အဆင်ပြေမယ်ထင်တာလေးတွေချက်ထားတယ်။ဒေါ်လေးမရှိတဲ့ရက်တွေအတွင်း အိမ်ရဲ့စားသောက်ရေးကိုဒီက Byun BaekHyun အဲ့ မဟုတ်ပါဘူး Park BaekHyun က တာဝန်ယူပါမယ်ခင်ဗျာ”
လက်လေးနှစ်ဖက်နောက်ပစ်လျက် ဟိုတယ်ဝန်ထမ်းတွေလို ခေါင်းညွှတ်ကာ ပြောလာသူကို Chanyeol ပါးချိူင့်တွေခွက်အောင် ပြုံးမိသည်။ ဒီလို လည်း ဒင်းလေးက နောက်ပြောင်တတ်တာပဲ။
“အယ် ကိုကို သဘောကျနေတယ်။”
“စကားမများနဲ့ လာ ထိုင်စား-”
လက်ဆုံစားသည့် ထမင်းဝိုင်းငယ်က စိတ်ကျေနပ်စရာကောင်းမှန်း Chanyeol မသိခဲ့.။ကျောင်းက အကြောင်းတွေပြောလိုက် သူ့ကုမ္ပဏီအကြောင်းပြောလိုက် ငယ်တုန်းကအကြောင်းပြောလိုက်နှင့် BaekHyun အသံတွေချည်းပင်ဖြစ်သည်။ဆန်းကြယ်စွာ ပဲ သူ ဆူညံသည်ဟုမထင်ဘဲ နားထောင်ကောင်းသည်ဟု ထင်မိသည်မှာ တစ်ခုခုများ မှားနေပြီလား။ခါတိုင်း ထမင်းစားနည်း သည့် Chanyeol က အရသာရှိလှသည့် ထမင်းဝိုင်းကြောင့် ဒီနေ့ နည်းနည်းများသွားခဲ့သည်။
“BaekHyun. ညနေကျ စာအုပ်သွားဝယ်ရင် ငါ လိုက်ပေးရမလား။”
ပန်းကန်တွေတော့ အကူကောင်မလေးတွေဆေးပေးမှာမို့ ဘေစင်ထဲထည့်နေရင်း BaekHyun အံ့အားတသင့်လှည့်ကြည့်လာသည်။သူ၏ တွေဝေသွားမှုကိုကြည့်ရင်း Chanyeol နောင်တရသွားသည်။
“အာ ဆောရီး ငါ က လမ်းမှမလျှောက်နိုင်တာ။သက်သက်မဲ့ မင်းကိုဒုက္ခပေးသလိုဖြစ်နေ-”
Chanyeol စကားမဆက်လိုက်ရပါ။ နူးနူးညံ့ညံ့နှုတ်ခမ်းပါးလေးတစ်စုံက Chanyeol နှုတ်ခမ်းထက် ဖြတ်ခနဲလာနမ်းသည်။ BaekHyun သည်ခါတိုင်းလိုပင် Chanyeol ၏ ဘီးတပ်ကုလားထိုင်ရှေ့ငုတ်တုပ်လေးထိုင်လျက် Chanyeol လက်တွေကို ဆုပ်ကိုင်သည်။
“ကျွန်တော်ပျော်လွန်းလို့ အံ့သြသွားတာ.။ကိုကို လိုက်ပေးမယ်ဆိုတော့ ဘယ်လိုတောင် ပျော်မိသွားမှန်း ကိုကိုသိမှာမဟုတ်ပါဘူးဗျာ.။ကိုကို လမ်းမလျှောက်နိုင်တာ ဘာဖြစ်လဲ။Wheel Chair ရှိတယ်။ သွားလို့ရတယ်။ဒါမှ မဟုတ် ကျွန်တော် ပိုးသွားနိုင်--အဲ့-- ဒါတော့ သိပ်မသေချာဘူး။ ကိုကိုက ရှည်ပြီးလေးတော့”
“ဟေ့ မင်း-”
“ဘာလဲ ကျွန်တော်က ကိုကို့အရပ်ကိုပြောတာ.။ကိုကို က ဘာတွေထင်နေတာလဲ.။”
ညစ်ကျယ်ကျယ်မျက်နှာဖြင့်စကားတတ်နေသည့် BaekHyun ကို သူ မနိုင်တော့ပါ။ သူ စိတ်ပြေစေရန် ဒီကောင်လေး လုပ်လည်း လုပ်တတ်လွန်းသည်။ရက်ပိုင်းအတွင်းမှာကို အမျိူးစုံပြုစားနိုင်သည့် ကဝေလေးကို သူ ဒါကြောင့်များ ချစ်များချစ်ခဲ့လေသလား။
“အဟွန်း--မစတော့ပါဘူး ။ ညနေကျ တကယ်လိုက်ပေးရမှာနော်.။Aeri က ညကျ အကို KyungSoo က စားချင်တာလိုက်ကျွေးမယ်တဲ့ နောက်ကျလည်း အိမ်မှာပဲခေါ်သိပ်လိုက်မယ်ပြောတယ်။”
“ဘာ--ဒါ ငါ ဘာလို့မသိတာလဲ”
“မသိဘူးလေ.အကိုKyungSoo က ကျွန်တော့်ကိုဖုန်းဆက်ပြီးပြောတာ.မနက်ကတည်းက”
“ဒီကောင်တွေ အုပ်ထိန်းသူမှားနေပြီထင်တယ်။အံ့သြပါရဲ့”
BaekHyun က ရယ်သည်။ သို့ပေမယ့် ခဏသာဖြစ်သည်။မျက်နှာသည်ချက်ချင်းညှို့မှိုင်းသွားရပြန်ကာ-
“ကျွန်တော်က ကိုကိုနဲ့လက်ထပ်ထားတာပဲ.။ဟို--- Aeri အုပ်ထိန်းသူအဖြစ်ကျွန်တော့်ကိုလက်မခံချင်ဘူးလားဟင်.”
ဒါတော့ သူ တကယ်စိတ်မကောင်းခြင်း ကြီးစွာဖြစ်သည်။ Aeri ကို Chanyeol သမီးမို့ နီးစပ်မှုရှိခဲ့တာဖြစ်သည်။သို့ပေမယ့် Aeri အပေါ်ထားသည့်ချစ်ခြင်းမေတ္တာသည် Chanyeol နှင့်လားလားမျှ မသက်ဆိုင်။Chanyeol ၏သွေးသားမို့ချစ်သည်။ Aeri က Aeri ပဲမို့ပိုချစ်သည်။
“ပြောမိလို့လား။ ဘာတွေတွေးပြီးဝမ်းနည်းပြန်ပြီလဲ။မင်း--မင်း လည်း Aeri အုပ်ထိန်းသူပါပဲ.”
ပြောပြီးမျက်နှာလွှဲနေသည့် Chanyeol ကြောင့် BaekHyun ပျော်သွားသည်။သူ ကရှက်နေပြန်ပါပြီ။ BaekHyun အသည်းယားစွာဖြင့် မတ်တပ်ရပ်လိုက်ရင်း ကိုယ်လေးကိုင်းလျက် Chanyeol ကိုနောက်တစ်ဖန်အနမ်းပေးလိုက်ပြန်သည်။
“ဒါဆို ထိုင်ဦးနော်.။ရေခဲသေတ္တာထဲမှ ကျွန်တော်အသီးဖျော်ရည်လုပ်ထားတာရှိတယ်။သွားယူပေးမယ် ခဏလေး-အဲ့-”
လှစ်ခနဲလှည့်ထွက်လိုက်သော်ငြား BaekHyun ၏လက်သည် ဆွဲယူခြင်းခံရပြီး Chanyeol ပေါင်ပေါ်ထိုင်လျက်သား ကျသွားရသည်။ သူ ယောင်ပြီးချက်ချင်းပြန်ထမည်ကြံတော့ Chanyeol က ခါးကိုတင်းနေအောင်ဖက်ထားသည်။
“ကိုကို-”
“အင်း ငါက စတော်ဘယ်ရီပဲစားချင်တာ.”
“ဟင် --ကိုကိုက ပြောမှမပြောဘဲ.။ပန်းသီးပဲဖျော်ထားလိုက်တာ။ညနေကျမှ ဝယ်ခဲ့မယ်လေနော့။အိမ်မှာမရှိဘူးလေ”
“ရှိပါတယ်။ငါ့ မျက်စိရှေ့မှာတင်ကို။အဲ့ စတော်ဘယ်ရီက သူ့ကိုစားပါဆိုပြီး ခဏခဏ ဖြားယောင်းနေတာ။”
ကြောင်အနေသည့် BaekHyun ၏လည်တိုင်ကို လက်တစ်ဖက်က ဆွဲယူငုံ့စေသည်။ မျက်နှာချင်းနီးကပ်သွားမှ BaekHyun အသိဝင်သည်။မက်မက်မောမောနမ်းနေတာမို့ သူ့ပေါင်ပေါ်ထိုင်နေရသည့် BaekHyun က ခြေတောင်မခိုင်ချင်တော့.။ အနမ်းပိုင်းကျွမ်းကျင်နေသည့် ဒီလူကြီးက သူ့ဇနီးဖြစ်ခဲ့ဖူးသူကိုလည်းဒီလိုနမ်းခဲ့ဖူးမှာပဲ တွေးမိတော့ မနာလိုစိတ်ကလေး ကဖြစ်မိလာသေးသည်။
“Chanyeol  မင်းစီစဉ်ခိုင်းထားတဲ့ ကိစ္စက-။ဟာ---ဒီကောင်--  ကလေးကို-”
ရုတ်တရက် ဝင်လာသည့် Chen ခမျာ မျက်စိရှက်သွားရပြီး ချက်ချင်းပြန်ထွက်လာရသည်။ လက်လန်ပါရဲ့ Park Chanyeol ရယ်။ ပြောတော့ ငါက ဘာလို့ချစ်ရမှာလဲ.။ငါ မချစ်ဘူးလေး ဘာလေးနဲ့။ နမ်းနေတာများ ခဏလေးတွေ့မိတာတောင် သရဲမရဲစီးသလို။
ပြောတော့ မချစ်ဘူးတဲ့။
**************
# With Heart
Just A Dreamer.
Continue Reading
You'll Also Like
357K 30.8K 25
သူ ကျွန်​တော့ကို မူးယစ်​ဆေး​တွေ မသုံးဖို့ မှာတယ်။ ခက်တာက ကျွန်​တော်က ဖြတ်မရတဲ့ မူးယစ်​ဆေး စွဲနေပြီ။ ဒါနဲ့....... " ကျွန်​တော့်ရဲ့ မူးယစ်ဆေးနာမည်က "ဦ...
1.4M 176K 76
crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူကလည်းယောက်ျားလေး ဖြစ်နေရင်ပေါ့.... crush...
19.9K 1.6K 5
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) 'ရှားရှားပါးပါး'ကို အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါ။ ရည်းစားရှုပ်တဲ့ 'ဝသန်'နဲ့ လူရိုးလူအေး 'အေးချမ်း'ရဲ့အလွဲလေးတွေအကြောင်းပေါ့...
267K 19.2K 24
ChanBaek ( yaoi ) Chan × Baek ♡♡♡