Love Stops Rumours {Completed}

By Memo227

432K 64.1K 4.5K

Title : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chap... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
A/N
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
ಥ_ಥ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30

Chapter 5

12.2K 2K 167
By Memo227

"ZawGyi"

What to Do, the Gym Teacher Thinks that My Roommate and I Had Sex In the Equipment Room

ေဝ့႐ူစုန္႕က ေရွာင္းႏ်န္အား သူ႔ကို အႏိုင္က်င့္သည့္စီနီယာအေၾကာင္းကို တစ္ခါကေမးဖူးေသာ္လည္း ေရွာင္းႏ်န္က ျပန္ေျဖျခင္းမရွိခဲ့ေပ။ ေဝ့႐ူစုန္႕က ထပ္ၿပီးမေမးေသာ္ျငား သူက ေမ့သြားသည္ေတာ့ မဟုတ္ခဲ့။ အဲဒီေန႔က လင္းခိုင္က်ဲ႕၏ဆိုးဝါးေသာမ်က္ႏွာႀကီးကို ႐ုတ္တရတ္ျမင္လိုက္ရမယ္လို႔ ဘယ္သူသိမလဲ? ေဝ့႐ူစုန္႕၏ ေဒါသက ပြက္ပြက္ဆူလာၿပီး ကမႈးရႈးထိုးျဖင့္ လင္းခိုင္က်ဲ႕အား ႐ိုက္ႏွက္လိုက္တာေၾကာင့္ တျခားသူေတြအျမင္မွာ ဒါက လွ်ိဳ႕ဝွက္ခ်က္မ်ားရွိေနသည္ဟု ထင္မွတ္မွားသြားေစေတာ့သည္။

အရင္ခ်ိန္ေတြတုန္းကေတာ့ လင္းခိုင္က်ဲ႕က ခ်မ္ရႊမ္ရႊမ္ကို လိုက္ခဲ့ဖူးသည္မို႔ အားေကာင္းသည့္ ၿပိဳင္ဘက္တစ္ေယာက္အျဖစ္ စဥ္းစားႏိုင္သည္။ ဒီလူက အနည္းငယ္ၾကည့္ေကာင္းၿပီး ပီယာႏိုလည္း တီးႏိုင္သည့္အျပင္ ေက်ာင္းေကာင္စီ၏ စာေပအႏုပညာအသင္းဝင္တစ္ေယာက္လည္း ျဖစ္ေနေသးသည္။ ဒါ့အျပင္ ခ်မ္ရႊမ္ရႊမ္ေၾကာင့္လည္း ေဝ့႐ူစုန္႕ကို အႀကိမ္ေရေတာ္ေတာ္မ်ားမ်ား ဖ်က္လို႔ဖ်က္စီးလုပ္ရန္ ႀကိဳးစားခဲ့ဖူးသည္။ ေဝ့႐ူစုန္႕က သမာသမတ္ရွိသည့္သူမ်ိဳးျဖစ္သည္မို႔ လင္းခိုင္က်ဲ႕ႏွင့္အဆင့္တူျဖစ္သြားဖို႔ရန္ သူ႔ကိုယ္သူမလုပ္ခဲ့ေလဘူး။ ထိုကဲ့သို႔ "မင္း ခ်ီးထုပ္အလုပ္ေတြ လုပ္ေနတာကို ငါဂ႐ုမစိုက္ဘူး" ဆိုသည့္ သေဘာထားႀကီးမႈႏွင့္အတူ ႂကြက္သားအျပည့္ျဖင့္ အမွီအခိုကင္းလွသည့္ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္အမ်ိဳးသားေလး ဟူသည့္ ပံုရိပ္ေၾကာင့္ပဲ ခ်မ္ရႊမ္ရႊမ္၏ ႏွလံုးသားကို သိမ္းပိုက္လိုက္ႏိုင္ျခင္းျဖစ္သည္။

ကံတရားက လူအမ်ားကို က်ီစားလိုက္သည့္အခါမွာေတာ့ ေဝ့႐ူစုန္႕တစ္ေယာက္ ခ်မ္ရႊမ္ရႊမ္နဲ႕ လအနည္းငယ္ေလာက္သာ တြဲလိုက္ရၿပီး ျပတ္သြားခဲ့ေလသည္။ ခ်မ္ရႊမ္ရႊမ္ကေတာ့ သစၥာရွိစြာေစာင့္ဆိုင္းေနခဲ့သည့္ လင္းခိုင္က်ဲ႕ဆီသို႔ ခ်က္ခ်င္းပဲ ေရာက္သြားခဲ့ၿပီး ေဝ့႐ူစုန္႕ကေတာ့ ေဂးဟူ၍ အမည္တပ္ခံလိုက္ရေတာ့သည္။ ဒီေနာက္မွာေတာ့ မၾကာခန ပ်ံ႕နံွ႕လာသည့္ မႏွစ္ၿမိဳ႕စရာသတင္းမ်ားႏွင့္ပတ္သက္၍ အျပင္လူမ်ား၏ ခ်ဲ႕ကားေျပာဆိုၾကသည့္ ေကာလဟာလမ်ားကိုေမ့ကာ ေဝ့႐ူစုန႔္ကိုယ္တိုင္ေတာင္ သတိမထားမိပဲ မီးေလာင္ရာေလပင့္လိုက္မိေတာ့၏။ ဒီလိုပံုမ်ိဳးႏွင့္ေတာ့ ေဝ့႐ူစုန္႕ႏွင့္ေရွာင္းႏ်န္အတြက္ ဒီအထင္လြဲမွားမႈႀကီးကို ရွင္းလင္းဖို႔ရန္ နည္းလမ္းမရွိေတာ့သည့္ပံုပင္။ အကယ္၍ ေဝ့႐ူစုန္႕ႏွင့္ ေရွာင္းႏ်န္တို႔ႏွစ္ေယာက္ ဒီလိုနားလည္မႈလြဲမွားျခင္းႀကီးကို ေဆးေၾကာပစ္ရန္ ျမစ္ဝါျမစ္ထဲသို႔ ခုန္ဆင္းၾကမည္ဆိုရင္ေတာင္မွ တျခားသူေတြက ဤကဲ့သို႔ေျပာၾကအံုးမည္ပင္- ေဝ့႐ူစုန္႕နဲ႕ေရွာင္းႏ်န္တို႔မွာ လူအမ်ား၏အၾကည့္ဒဏ္ကို မခံႏိုင္ေသာေၾကာင့္ ျမစ္ထဲကို ခုန္ခ်ၿပီးသက္ေသရန္ ဆံုးျဖတ္ခဲ့ေလသည္ဟူ၍။ ေဝ့႐ူစုန္႕သည္လည္း အနည္းငယ္ေခါင္းမာသူ ျဖစ္ေလရာ သူႏွင့္ေရွာင္းႏ်န္မွာ အမွန္တကယ္ပဲ ႐ိုးသားၾကသည္ဟု ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ထားေလတာေတာင္ အေၾကာင္းအရာတစ္ခ်ိဳ႕ကို ၾကားသည့္အခ်ိန္မွာေတာ့ ကိုယ့္ကိုယ္ကို မကာကြယ္ႏိုင္ေတာ့ေလပဲ ပို၍အထင္အျမင္လြဲရန္သာ လုပ္လိုက္မိေတာ့သည္။

အခုခ်ိန္မွာေတာ့ ေရွာင္းႏ်န္ဆီကေန "အဲဒီ ေသာက္ပါးစပ္ကို ပိတ္ထားလိုက္" ဟု အဓိပၸာယ္ရသည့္ အၾကည့္စူးစူးတစ္ခ်က္က ပစ္လႊတ္လာသည့္အခါမွပဲ ေဝ့႐ူစုန္႕က ေရွာင္းႏ်န္လည္း ပါဝင္ပတ္သက္ေနသည္ကို သတိရေတာ့သည္။ စကားမစပ္, ေရွာင္းႏ်န္က တကယ္ကိုပဲ ေခ်ာေမာၾကည့္ေကာင္းေနေလသည္။ အျဖဴေရာင္ရွပ္ႏွင့္ အနက္ေရာင္ ႐ိုး႐ိုးေဘာင္းဘီရွည္ကိုသာ ဝတ္ထားေသာ္လည္း ခန္႕ျငားထည္ဝါမႈကို ခံစားရေစၿပီး သူ၏ ညွိုဳ႕ဓာတ္အျပည့္ႏွင့္ မ်က္ဝန္းမ်ားက သူ႔အား ဖက္ရွင္မဂၢဇင္းအတြက္ ကိုယ္ဟန္ျပေနသည့္သူႏွင့္ပင္ တူေနသည္။

"ဒါ မင္းအလွည့္ပဲ။ ျမန္ျမန္ စင္ေပၚတက္ေတာ့။"

ေရွာင္းႏ်န္က စကားတစ္ခြန္းမဆိုေလပဲ စတိတ္စင္ေပၚသို႔ တက္သြားေတာ့သည္။ ေအာ္ဟစ္သံမ်ားႏွင့္ လက္ခုပ္တီး၍ အားေပးသံမ်ားက လိုက္ကာအထူႀကီးကိုေတာင္ ျဖတ္၍ သူၾကားေနရ၏။ မေန႔ညက သူအတုခိုး၍ ေအာ္ျပသည္ႏွင့္ေတာ့ မတူေလဘူးေပါ့။ ေဝ့႐ူစုန္႕က လင္းခိုင္က်ဲ႕ကို ခပ္ၾကမ္းၾကမ္းပဲ ေျမျပင္ေပၚသို႔ ဆြဲေခၚလိုက္သည္။ ေဝ့႐ူစုန္႕ကို ပေဟဠိဆန္ဆန္ ေတြးၾကည့္မည္ဆိုလွ်င္ သူ၏ဖခင္မွာ ေဝ့မ်ိဳးႏြယ္ ဝမ့္ဖာလက္သီး(Wei's Wang Ba Fist)၏ (၁၈)ေယာက္ေျမာက္ ဆက္ခံသူျဖစ္သည့္အတြက္ ေသခ်ာသည္မွာ သူက (၁၉)ေယာက္ေျမာက္ ဆက္ခံသူပင္ ျဖစ္ေလရာ အတိုက္အခိုက္ပညာရွင္တစ္ေယာက္အျဖစ္ စဥ္းစားႏိုင္သည္။ အနည္းငယ္မွ် တိုက္ခိုက္ျခင္းႏွင့္ ျငင္းခံုရန္ျဖစ္ျခင္းေလာက္မွာ သူ႔အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာပင္ မလိုေပ။ ေဝ့႐ူစုန္႕ကေတာ့ သူ၏ ဗာဒံေစ့သ႑ာန္မ်က္ဝန္းမ်ားကို ေမွးစင္းၿပီး အႏၲရာယ္ရွိေသာ အၾကည့္တစ္ခ်က္ကို လင္းခိုင္က်ဲ႕အေပၚသို႔ ပစ္ထုတ္လိုက္၏။

"ေရွာင္းႏ်န္နဲ႕ငါနဲ႕က အၿမဲတမ္း ႐ိုး႐ိုးသားသားပဲ။ မင္း ဂ်ဴနီယာကို သြားၿပီးအႏိုင္မက်င့္နဲ႕။ အကယ္၍ ေျပာစရာရွိရင္ ငါ့ကိုပဲ တိုက္႐ိုက္ေျပာ။"

ေဝ့႐ူစုန္႕က ၾကည့္ေကာင္းသူတစ္ေယာက္ ျဖစ္ေလရာ ယခုကဲ့သို႔စကားမ်ိဳးကို ထပ္ၿပီးေျပာလိုက္ျခင္းက သူ႔အား ပို၍ၾကည့္ေကာင္းေစသည္။ အဓိကအခ်က္ကေတာ့ သူက တိတ္တိတ္ေလး ႀကိတ္ေပ်ာ္ေနျခင္းေၾကာင့္ပဲ ျဖစ္၏။ -- ဟိဟိ ဇာတ္ေဆာင္မင္းသားေတြ ေျပာေလ့ရွိတဲ့ စကားေျပာႀကီးကို ေျပာဖို႔အခြင့္အေရးကို ငါတကယ္ပဲ ရလိုက္တယ္ကြ! လင္းခိုင္က်ဲ႕ကေတာ့ သူ၏ဖူးေယာင္ေနသည့္ မ်က္ႏွာကိုကိုင္ၾကည့္ရင္း မယံုၾကည္ႏိုင္ပံုျဖင့္ ေမးေတာ့သည္။

"တကယ္ပဲ မင္းနဲ႕ေရွာင္းႏ်န္ရဲ႕ၾကားမွာ ဘာကိစၥမွမရွိဘူးေပါ့?"

"ဘာလို႔ မင္းတို႔ေတြအားလံုးက ငါတို႔ႏွစ္ေယာက္ၾကား တစ္ခုခုရွိမယ္လို႔ပဲ ေတြးေနၾကတာလဲ?"

ေဝ့႐ူစုန္႕က လိုက္ကာစကို အသာဆြဲလိုက္ၿပီး မီးေရာင္ေအာက္မွာ ရွိေနသည့္ ေရွာင္းႏ်န္ကို လင္းခိုင္က်ဲ႕ျမင္ေအာင္ ျပလိုက္သည္။ အထီးက်န္ေနတဲ့ မင္းသားေလးက ေရွးေဟာင္းနန္းေတာ္ႀကီးထဲမွာ ေရွးေဟာင္းစႏၲယားႀကီးကို တီးေနပံုႏွင့္ပင္တူလွသည္။ သူ၏အႀကိဳက္ဆံုးျဖစ္သည့္ ႏွင္းဆီမ်ားကို လက္ေဆာင္ေပးေနၾကေလသည္။ ေရွာင္းႏ်န္၏ လက္ေခ်ာင္းမ်ားမွာ သူ၏မ်က္ႏွာကဲ့သို႔ပင္ လွပၿပီး မီးေရာင္ေအာက္တြင္ ေတာက္ပေနေလ၏။ ပီယာနိုမွ ထြက္ေပၚေနေသာ ၿငိမ့္ေညာင္းလွသည့္ သံစဥ္မ်ားမွာလည္း သူ၏ခ်စ္သူကို ခ်စ္စကားဆိုေနသကဲ့သို႔ စိတ္ကူးယဥ္ဆန္လွေပသည္။

"မင္းတို႔ေကာင္ေတြက ငါက ေရွာင္းႏ်န္နဲ႔ တန္တယ္လို႔ ထင္ေနတာလား?" ေဝ့႐ူစုန္႕က သူ႔ဘာသာ ခပ္ေလွာင္ေလွာင္ျပံဳးလိုက္ရင္း "မင္းတို႔ ငါ့ကို တကယ္ပဲ အထင္ႀကီးလြန္းတယ္"

အကယ္၍ ေရွာင္းႏ်န္အား စတိတ္စင္ေပၚတြင္ အမ်ား၏အား​ေပးခ်ီးေႁမွာက္​ျခင္းကို ခံရသည့္ ႏွစ္လိုဖြယ္အျပည့္ႏွင့္ ေတာက္ပေသာ မင္းသားေလးအျဖစ္ တင္စားမည္ဆိုလွ်င္ ေဝ့႐ူစုန္႕ကေတာ့ လိုက္ကာေနာက္တြင္ ပုန္းကြယ္ေနရသည့္ သာမန္စင္ဒရဲလားေလးသာ ျဖစ္လိမ့္မည္။ ေရွာင္းႏ်န္၏ ၾကည့္ေကာင္းမႈ၊ ေနာက္ခံအသိုင္းအဝိုင္း၊ စြမ္းေဆာင္ရည္ေတြကို ၾကည့္မည္ဆိုရင္ သူက ေတာက္ပၿပီး ထက္ျမက္ေသာ မင္းသမီးေလးႏွင့္သာ ယွဥ္တြဲႏိုင္မည္ျဖစ္ၿပီး ေဝ့႐ူစုန္႕ကဲ့သို႔ စင္ဒရဲလားေလးမွာေတာ့ မင္းသမီးေလး၏ စကတ္ကို ကူၿပီးကိုင္ေပးရမည့္သူသာ ျဖစ္ႏိုင္သည္။----ေနပါအံုး၊ ဒီဥပမာႀကီးက သိပ္ေတာ့မမွန္သလိုပဲ။ ငါ အရမ္းပဲ ဒရမ္မာဆန္သြားသလား?

ဘယ္လိုပဲျဖစ္ျဖစ္ ႏွစ္ေယာက္အတူရွိခဲ့တာ အခ်ိန္ၾကာလာၿပီမို႔ ေဝ့႐ူစုန္႕ကေတာ့ ေရွာင္းႏ်န္က ကိုယ့္လိပ္ျပာကိုယ္လံုေသာေၾကာင့္ ေကာလဟာလမ်ားကို စိတ္ထဲမထားေလဘူးဆိုတာ နားလည္သည္။ ေဝ့႐ူစုန္႕သည္လည္း ကိုယ့္လိပ္ျပာကိုယ္ လံုသင့္သည္!

ေမာင္မယ္သစ္လြင္ ႀကိဳဆိုညစာစားပြဲ ၿပီးသြားသည့္ေနာက္ တစ္စံုတစ္ေယာက္က ေရွာင္းႏ်န္ ပီယာႏိုတီးေနသည့္ video ကို တင္လိုက္ေလသည္။ အင္တာနက္အသံုးျပဳသူမ်ား၏ မွတ္ခ်က္မ်ားႏွင့္ အေတာ္အသင့္ အာရံုစိုက္ခံလိုက္ရၿပီး လႈပ္လႈပ္ရွားရွားျဖစ္သြားျခင္းႏွင့္အတူ ေနာက္ဆံုးမွာ မွတ္ခ်က္(comment)တစ္ခုက ေပၚထြက္လာသည္။

- စြန္႕လႊတ္လိုက္ေတာ့။ သူ႔မွာ ေကာင္ေလးရွိၿပီးသား။ @BrotherSongisbetterlookingthanTakeshiKaneshiro

ဟုတ္ပါသည္။ ေဝ့႐ူစုန္႕၏ Weibo အေကာင့္နာမည္ကို မင္းျမင္လိုက္သည္နဲ႕ ေဝ့႐ူစုန္႕မွာ ႂကြက္သားအျပည့္ႏွင့္ ေယာက္်ားစစ္စစ္(အေျဖာင့္ေကာင္)မွန္း သိႏိုင္သည္။ အင္တာနက္အသံုးျပဳသူမ်ားကေတာ့ သူ၏ Weibo ေပၚရွိ ႏွစ္ခုတည္းေသာ ပို႔စ္ကို ၾကည့္ၿပီးေနာက္ မွတ္ခ်က္မ်ား(comments) အလ်င္အျမန္ ခ်န္ထားခဲ့ေတာ့သည္။

တစ္ႏွစ္အၾကာ: Weibo ကို စတင္အသံုးျပဳ~~~~~~[cool]

ေလးလအၾကာ: ေဝ့႐ူစုန္႕ႏွင့္ ခ်မ္ရႊမ္ရႊမ္၏ sweet Selfie

(T/N:ေဝ့႐ူစုန္႕ တင္ထားေသာ ပို႔စ္ႏွစ္ခုပါ)

အေကာင့္နာမည္သာမက ေဝ့႐ူစုန္႕၏ Selfie ဆြဲသည့္ စတိုင္မွာလည္း ဆိုးရြားလွသည္။ ၾကည့္ရသည္မွာ ဖုန္းအား အေပၚသို႔ႁမွင့္၍ ေအာက္သို႔ လွမ္း႐ိုက္ထားပံုရၿပီး ခ်မ္ရႊမ္ရႊမ္မွာ ေဝ့႐ူစုန႔္၏ ရင္ခြင္ထဲတြင္ ယဥ္ေက်းသိမ္ေမြ႕စြာျဖင့္ ထိုင္ေနေလသည္။ သို႔ေသာ္လည္း ႐ိုက္သည့္ရႈေထာင့္မွာေတာ့ စိတ္ကုန္စရာေကာင္းေအာင္ ဆိုးရြားေလရာ ေဝ့႐ူစုန္႕ႏွင့္ခ်မ္ရႊမ္ရႊမ္၏ မ်က္ႏွာမွာ ႀကီးလြန္းေနၿပီး ေျခေထာက္မ်ားကေတာ့ တိုေနေလသည့္အျပင္ ႏွစ္ေယာက္လံုးက မဲေနျခင္းပင္ ျဖစ္ေတာ့သည္။

- အခ်စ္မ်ားကို ျပသျခင္း <3 <3 [ဓာတ္ပံုကို ၾကည့္ရန္]

(T/N: ေဝ့႐ူစုန္႕ရဲ႕ Caption ပါ)

မွတ္ခ်က္မ်ားက ေထာင္းေထာင္းထသြားေတာ့သည္။

- ၾကားတာေတာ့ နင္က မစ္စတာ.ပီယာႏိုရဲ႕ ေကာင္ေလးဆို။ နင္က ဘာလို႔ ဒီေလာက္ေတာင္ ႐ုပ္ဆိုးေနရတာလဲ? [ေအာ့အန္]

- ဒီေတာ့ နင္က အေျဖာင့္ႀကီးေပါ့? မစ္စတာ.ပီယာႏိုက အရမ္းကိုဆြဲေဆာင္မႈရွိလြန္းလို႔ ဒီလို အေျဖာင့္ေကာင္ကိုေတာင္ ေကြးသြားေစတာလား? [သံသယရွိ]

- ေပ်ာ္ရႊင္ပါေစ ေပ်ာ္ရႊင္ပါေစ~! က်ိန္းေသတာေပါ့ ဒါက မင္းနဲ႔ မစ္စတာပီယာႏို ေပ်ာ္ရႊင္ဖို႔ဆုေတာင္းေပးတာပါ~ <3<3<3

- ဒါက သက္သက္ နာမည္ႀကီးခ်င္တာမလား? ငါ မစ္စတာ.ပီယာႏိုရဲ႕ Weibo အေကာင့္ လိုခ်င္တယ္!!! [ႀကိမ္းေမာင္း]

ေဝ့႐ူစုန္႕ကို အားေပးသူမ်ားကေတာ့ ေပါက္ကြဲေနၾကေပမယ့္ သူကေတာ့ Weibo ကိုမသံုးျဖစ္သည့္အတြက္ သတိမထားမိေလဘူး။ အေကာင့္ဖြင့္ၿပီးသည့္အခ်ိန္မွစ၍ ပစ္ထားခဲ့ျခင္းပင္ ျဖစ္ေလသည္။ ဒုတိယေန႔တြင္ တင္ထားခဲ့သည့္ပို႔စ္မွာလည္း ခ်မ္ရႊမ္ရႊမ္မွ ေတာင္းဆိုေသာေၾကာင့္ ျဖစ္ေလရာ အခုခ်ိန္တြင္ သူတို႔ႏွစ္ေယာက္မွာ ျပတ္သြားၿပီ ျဖစ္ေသာေၾကာင့္ သူ႔အတြက္ စိတ္ခ်မ္းသာစရာမရွိေသာ ဤ Weibo အေကာင့္ကို သတိရဖို႔ရန္ မရွိေတာ့ေပ။

ကိုယ္တိုင္ကိုယ္က် ပါဝင္ေနသည့္ ေရွာင္းႏ်န္ကေတာ့ Weibo တြင္ လိုရင္းတိုရွင္းျဖင့္ ေရးသားလိုက္သည္။

Phone User 54987547: video ထဲမွာ ပါတဲ့တစ္ေယာက္က ငါပဲ။ ငါ့မွာ ခ်စ္သူမရွိဘူး။

ရလဒ္ကေတာ့ အဲဒီ Weibo အေကာင့္ခမ်ာ ဇြန္ဘီးအေကာင္ေရ ေသာင္းေက်ာ္ႏွင့္တူေသာ Friends မ်ား၏ မွတ္ခ်က္မ်ားေအာက္တြင္ နစ္ျမဳပ္သြားေလေတာ့သည္။

- အား အား အား အား အား အား အကိုေလးေရ ငါနင့္ကို အရမ္းႀကိဳက္တယ္။ နင့္ရဲ႕ Yamaha ေလးျဖစ္ခ်င္တယ္ <3 [အျပင္းအထန္ေဝ့ရမ္း] [တပ္မက္မႈအျပည့္]

- ေက်းဇူးျပဳၿပီး selfie ပံုေလးပို႔ အားးးးးး ေက်းဇူးျပဳေပး selfie ပံုေလးပို႔ေပး!!! ေက်းဇူးျပဳေပး မင္းရဲ႕အလွေတြကို ငါတို႔လို သာမန္လူေတြဆီကို လက္ေဆာင္ေပး!

- ငါၾကားတာေတာ့ မင္းက ေရွာင္းဝမ္းဝူနဲ႕ ဖုန္းေဖွးရွ တို႔ရဲ႕ သားဆို။ တကယ္ပဲလား?

- ဒါက နာမည္ႀကီးခ်င္တာဆိုလည္း ငါကေတာ့ အညံ့ခံလိုက္ၿပီ ႏွစ္ေလးေထာင္-အလွေလးေရ~ [မြ မြ] [ခ်စ္တယ္]

- အရမ္းေကာင္းတာပဲ!!! ခ်စ္သူမရွိဘူးတဲ့!!! ငါ့မွာအခြင့္အေရးရွိၿပီ!!! ေရး!!! ငါမင္းရဲ႕ပီယာႏိုေလး ျဖစ္ခ်င္တယ္။ ငါ့ကို ေန႔တိုင္းတီးပါ!!!!!

- အဲဒီက အကိုေလးတီးတာ ခံခ်င္ေနတဲ့တစ္ေယာက္! အဲဒီေလာက္ လိုအပ္ေနရင္လည္း မင္းရဲ႕ဦးေႏွာက္ကိုသာ ေန႔တိုင္းတီးလိုက္ေတာ့။ တစ္ပတ္အတြင္း မင္း႐ူးသြားလိမ့္မယ္!

ေရွာင္းႏ်န္က အဲ့ဒီမွတ္ခ်က္ေတြကို စိတ္အေႏွာင့္အယွက္မျဖစ္ပဲ ၾကည့္ေနေလသည္။ သူ၏ video ဂိမ္းကိုသာ အာရံုစိုက္ေနသည့္ ေဝ့႐ူစုန္႕ကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး လက္ရွိအခ်ိန္မွာ ထိုသူ၏သေဘာထားက တစ္မ်ိဳးတစ္မည္ျဖစ္ေနသည္ဟု ခံစားေနရသည္။ ထင္ရသည္မွာေတာ့ သူတို႔ႏွစ္ေယာက္၏ၾကားတြင္ သင့္ေတာ္ေသာအကြာအေဝးတစ္ခုကို ထားေနသလိုပင္။ ဒီလိုစဥ္းစားၿပီးတဲ့ေနာက္ ေနာက္တစ္ေန႔မွာပဲ ေရွာင္းႏ်န္က သူ၏အေကာင့္နာမည္ကို Mr. SHaw ဟုေျပာင္းၿပီး Weibo တြင္ တင္လိုက္ေတာ့သည္။

- @BrotherSongisbetterlookingthan TakeshiKaneshiro က ငါ့ရဲ႕အခန္းေဖာ္ စီနီယာပဲ [ပံုကိုၾကည့္ရန္]

ေရွာင္းႏ်န္က သူ၏မ်က္ႏွာတစ္ဝက္ကိုသာ ပံုတြင္ျပထားၿပီး ေနာက္ဘက္တြင္ေတာ့ ေဝ့႐ူစုန္႕၏ဦးေခါင္းကို ျမင္သာရန္ ျပထားေလသည္။

ေရွာင္းႏ်န္က ပံုကိုတင္လိုက္ၿပီးမွ နည္းနည္းေပါေၾကာင္ေၾကာင္ႏိုင္သည္ဟု ခံစားရေသာ္လည္း မွတ္ခ်က္မ်ားကိုေတာ့ အခုခ်ိန္ထိ စိတ္အေႏွာင့္အယွက္ မျဖစ္ေသးေလဘူး။ အခုေတာ့ သူလုပ္ရမည့္အေရးႀကီးသည့္အလုပ္မွာ ေဝ့႐ူစုန္႕ကို စကားေျပာရန္သာ ျဖစ္သည္။

ေရွာင္းႏ်န္ႏွင့္ ေဝ့႐ူစုန္႕မွာ ႏွစ္မတူေသာ္လည္း အားကစားခန္းမကေတာ့ ေမဂ်ာတစ္ခုလံုး အတူတူတက္ရျခင္းျဖစ္သည္။ ေကာင္းသည္မွာေတာ့ သူတို႔ႏွစ္ေယာက္လံုးက Sanda(တ႐ုတ္႐ိုးရာလက္ေဝ့) သင္တန္းကိုပဲ တက္ဖို႔ရန္ စာရင္းေပးထားသည္မို႔ ဗုဒၶဟူးေန႔မနက္ခင္းတိုင္းမွာ တစ္ေယာက္ရဲ႕အတန္းကို ေနာက္တစ္ေယာက္ကလိုက္လာၿပီး တိတ္တိတ္ေလး မနက္စာကို ဝယ္လို႔ အားကစားခန္းမထဲမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ေပးၾကေလရာ နာမည္ႀကီး အိုင္ေဒါမ်ား၏ ဖုံးကြယ္ထားသည့္ လ်ိဳ႕ဝွက္ဆက္ဆံေရးမ်ားကဲ့သို႔ပင္ ျဖစ္ေနတတ္သည္။

"စီနီယာ, ကြ်န္ေတာ္ ဆင္းဒဝစ္နဲ႕ ႏို႔ စီနီယာအတြက္ ဝယ္လာတယ္။"

"အိုး အို, ေကာင္းတယ္" ေဝ့႐ူစုန္႕က တည့္တည့္မၾကည့္ပဲ အၾကည့္ကို ေရွာင္လိုက္ၿပီး မနက္စာကိုပဲ မ်က္ေတာင္မခတ္ ၾကည့္၍ လက္ခံလိုက္သည္။ "ငါက ေပါင္မုန္႕နဲ႕ ပဲႏို႔ကို ပိုႀကိဳက္တာကို"

"ကၽြန္ေတာ္ ေနာက္တစ္ခါ အဲဒါကို ဝယ္လာေပးမယ္"

"ေနာက္တစ္ခါ ေနာက္တစ္ခါ ေနာက္တစ္ခါ" ေဝ့႐ူစုန္႕က မေပ်ာ္မရႊင္နဲ႕ ႏႈတ္ခမ္းစူလိုက္သည္။ "မင္းအၿမဲတမ္း ေနာက္တစ္ခါလို႔ေျပာေနတာပဲ။ ဒါေပမယ့္ ေနာက္ဆံုးေတာ့ ႏို႔နဲ႕ ဆင္းဒဝစ္ပဲ ငါ့ကို ဝယ္လာေပးတာမလား?"

"ေဆာရီး"

ထံုးစံအတိုင္း သူတို႔ႏွစ္ေယာက္ အားကစားခန္းမအတြင္းရွိ ကစားသမားသံုးဖ်ာ(gym mat)ေပၚတြင္ ထိုင္ၿပီး အစားအေသာက္မ်ားကို ျမန္ျမန္သြက္သြက္ပဲ စားလိုက္ၾကသည္။ သို႔ေသာ္လည္း ေလထုကေတာ့ အရင္လို သက္ေတာင့္သက္သာမျဖစ္ပဲ ကြဲျပားျခားနားေနသည္ကို ခံစားရသည္။ အဲဒါက နည္းနည္းလည္း အေနရခက္တယ္၊ နည္းနည္းလည္း ရွက္ရြံ႕မိေနတယ္၊ နည္းနည္းလည္း---- ေကာင္းၿပီ တကယ္ေတာ့ ဘာခံစားခ်က္မွ ေပၚလာစရာအေၾကာင္းမရွိဘူး။

*Gym mats*

"စီနီယာ, ကၽြန္ေတာ္ တစ္ခုခုမ်ား အမွားလုပ္မိသလား?"

"အာ?" ေဝ့႐ူစုန္႕က ပါးစပ္ထဲတြင္ ႏို႔အျပည့္ေသာက္ေနရင္း "မဟုတ္ဘူး မင္း မလုပ္ခဲ့...."

"ႀကိဳဆြဲပြဲညတည္းက စီနီယာ ကၽြန္ေတာ့ကို ေရွာင္ေနခဲ့တာ။"

ေရွာင္းႏ်န္က သူ၏ႏႈတ္ခမ္းကို လက္ညွိဳးထိုးျပလိုက္သည္။ ေဝ့႐ူစုန႔္က သူ၏ ႏႈတ္ခမ္းေမႊးသ႑ာန္ႏို႔မ်ားကို လွ်က္ဖို႔ရန္ ပန္းေရာင္သန္းေနသာ ႏူးည့ံသည့္လွ်ာေလးကို လ်င္လ်င္ျမန္ျမန္ပဲ ထုတ္လိုက္ေလသည္။

အျပစ္မကင္းသည့္ အျပံဳးျဖင့္ "မဟုတ္ဘူး။ အဲလို မရွိပါဘူး။"

"ကၽြန္ေတာ္တို႔က သူငယ္ခ်င္းေတြေတာင္ ျဖစ္လို႔မရဘူးလား?"

"မဟုတ္ဘူး။ အဲဒီလိုမ်ိဳး မဟုတ္ဘူး!" ေဝ့႐ူစုန္႕က လက္ေတြကို ေဝ့ယမ္းၿပီး ကသိကေအာက္ျဖစ္စြာပဲ သူ႔ေခါင္းကို ပြတ္ေနရင္း "မင္းက အရမ္းပဲထူးခၽြန္ေျပာင္ေျမာက္တဲ့ လူတစ္ေယာက္ဆိုေတာ့ ငါနဲ႕ ဒီလိုအဓိပၸာယ္မရွိတဲ့ သတင္းမ်ိဳးထြက္တာက မင္းကို တကယ္ပဲ အက်ိဳးယုတ္ေစမွာကို ငါက နစ္နာသူတစ္ေယာက္လို ျပဳမူေနတာက သိပ္ၿပီးရွက္စရာေကာင္းတယ္လို႔ ခံစားမိလို႔ပါ။"

"မဟုတ္ဘူး။ ဒါက မျဖစ္ႏိုင္တာ" ေရွာင္းႏ်န္က ေသခ်ာေပါက္ ဂ်ဴနီယာတစ္ေယာက္ျဖစ္ေသာ္ျငား ေဝ့႐ူစုန္႕၏ စိတ္ဓာတ္က်ေနေသာ ပံုေလးကို ၾကည့္ရင္း သူ၏စိတ္ထဲ ၾကင္နာသနားစိတ္ေတြ ယိုဖိတ္လာေတာ့သည္။ သူ၏ ဘုရားေပးေသာအရပ္ကို အခြင့္ေကာင္းယူလို႔ ေဝ့႐ူစုန္႕၏ ေခါင္းေလးကို ပြတ္သပ္လိုက္ေလေတာ့၏။ "စီနီယာကလည္း ထူးကဲတဲ့လူတစ္ေယာက္ပါပဲ။ စီနီယာလိုလူမ်ိဳးနဲ႕ အခန္းေဖာ္ျဖစ္ရတာ ကြ်န္ေတာ္ဘယ္ေလာက္ကံေကာင္းလိုက္လဲ? အဲဒီေကာလဟာလေတြကို စိတ္ထဲမထားပါနဲ႕။ ကၽြန္ေတာ္တို႔ေတြ အတူတူရင္ဆိုင္ၾကတာေပါ့။ ဟုတ္ၿပီလား?"

"မင္း!" ေဝ့႐ူစုန္႕က မာန္ဖီေနတဲ့ ေၾကာင္လိုပဲ ခုန္ထြက္သြားၿပီး ႏို႔ေတြက ဖ်ာေပၚကို ဖိတ္က်ကုန္ေတာ့သည္။ သူ၏ မ်က္ႏွာႏွင့္မ်က္လံုးမ်ားကေတာ့ ခ်က္ခ်င္းပဲ ရဲေတာက္လာၿပီး "မင္း, မင္း, မင္း, မင္း!"

"ကၽြန္ေတာ္?"

"႐ိုင္းစိုင္းလွခ်ည္လား" ေဝ့႐ူစုန္႕က ဆင္းဒဝစ္ကို ပါးစပ္ထဲသြပ္ထည့္ျပီး ေရွာင္းႏ်န္ဆီသို႔ ခုန္အုပ္လိုက္ေလရာ ႏွစ္ေယာက္သား ဖ်ာေပၚတြင္ လံုးေထြးရင္း လိမ့္သြားေတာ့သည္။ "ငါမင္းကို ႐ိုက္မယ္, ငါမင္းကို ႐ိုက္မယ္, ငါ ဒီေကာင္စုတ္ကို ႐ိုက္မယ္!"

ေသခ်ာတာကေတာ့ ေဝ့႐ူစုန္႕က သူ႔ကိုတကယ္ႀကီး ႐ိုက္ေနတာ မဟုတ္ေလရာ ၾကည့္ရသည္မွာ ပေရာပရည္လုပ္ေနၾကသည္ဟု အနည္းငယ္ ထင္ရေလသည္။ ေရွာင္းႏ်န္က ေဝ့႐ူစုန္႕၏ခႏၶာကိုယ္ ျပဳတ္က်လာမည္ကို စိုး၍ ေဝ့႐ူစုန္႕၏ခါးအား ဆုပ္ကိုင္ၿပီးထိန္းထားေလသည္။ ဒီအခ်ိန္မွာပဲ ပထမဆုံးအႀကိမ္အျဖစ္ သူသိလိုက္သည္က ေဝ့႐ူစုန္႕၏ခါးေလးမွာ တကယ္ကိုပဲ ေသးသြယ္လွသည္ကိုေပါ့။

"တည္ၿငိမ္တဲ့ပံု လုပ္ေနေသးတယ္။ အခု မင္းၾကည့္ရတာ တည္ၿငိမ္ေနပံုပဲ" ေဝ့႐ူစုန္႕က ေရွာင္းႏ်န္၏ခါးေပၚသို႔ ခြထိုင္လိုက္ၿပီး မ်က္ႏွာကို မဲ့ရြဲ႕ကာ သူ႔ကိုေျခာက္လွန္႕ေလသည္။ "ငါ မင္းကို ရန္မစရဲဘူးလို႔ မင္းထင္ေနတယ္ေပါ့ ဟုတ္လား? ဟမ္? ဟမ္?" ေဝ့႐ူစုန္႕က မရပ္တန္႕ႏိုင္ေတာ့ဘူး။ သို႔ေသာ္လည္း သူ၏တင္ပါးမ်ားက ေရွာင္းႏ်န္၏ ေဘာင္းဘီခြၾကားႏွင့္ အနည္းငယ္ထိသြားခ်ိန္မွာေတာ့ "ဘာလို႔ ဒါက စိုေနတာလဲ?"

"စီနီယာဖိတ္က်သြားတဲ့ႏို႔ေတြက ကၽြန္ေတာ့ ေဘာင္းဘီေပၚမွာ အကုန္စင္ကုန္ၿပီေလ"

"ဘာ?!"

ေဝ့႐ူစုန္႕ မထလိုက္ႏိုင္ခင္မွာပဲ အားကစားခန္းမ၏ တံခါးက ေဆာင့္ဆြဲခံရၿပီး ပြင့္သြားေတာ့သည္။ အရပ္ရွည္၍ ထြားႀကိဳင္းၿပီး ေယာက္်ားပီသလွေသာ အားကစားဆရာက တကယ္ႀကီး ေအာ္လိုက္ေတာ့သည္။

"အီးးး ယား--- မင္းတို႔ေကာင္ေတြ ဘာလုပ္ေနၾကတာတုန္း?!"

"မဟုတ္ဘူး, ဆရာ, ခင္ဗ်ား-"

"ဒုန္း-" Sanda နည္းျပက အခန္းျပင္တြင္ ေဒါသူပုန္ထေတာ့သည္။ "ေဘာင္းဘီေတြဝတ္ၿပီး အျပင္ကို ထြက္ခဲ့စမ္း"

ေရွာင္းႏ်န္ႏွင့္ ေဝ့႐ူစုန္႕တို႔ ျမန္ျမန္ထြက္လိုက္ၿပီး Sanda နည္းျပ၏ေရွ႕တြင္ သတိအေနအထားျဖင့္ရပ္ရင္း သူ၏ အၾကည့္စူးစူးမ်ားကို လက္ခံရေတာ့သည္။

လက္ရွိအေျခအေနမွာ အလြန္ကိုျပင္းထန္လွသည္။ ေရွာင္းႏ်န္၏ ခြၾကားမွာလည္း စိုေနၿပီး ေဝ့႐ူစုန္႕၏ တင္ပါးမ်ားမွာလည္း စိုေနေလသည္။ Sanda နည္းျပမွာ ႏွလံုးထေဖာက္ေတာ့မည့္ အႏၲရာယ္ကို ၾကံ့ၾကံ့ခံရင္း သူတို႔ႏွစ္ေယာက္၏ မတိုင္မီက အေနအထားကို ျပန္စဥ္းေနရသည္။ သို႔ေသာ္လည္း အဆံုးမွာေတာ့ မ်က္ႏွာက နီရဲလာေတာ့သည္။ ရွင္သန္လာခဲ့သည့္ ႏွစ္ ၄၀ သက္တမ္းအတြင္း သူ႔ဇနီးႏွင့္ ဒါမ်ိဴးလုပ္ခဲ့ေသာ္လည္း သူသည္ သာမန္အေနအထားကိုသာ အသံုးျပဳခဲ့သည္။ ယေန႔ေခတ္လူငယ္မ်ားမွာ အမွန္တကယ္ကို အလြန္အက်ဴး စည္းလြတ္ေဘာင္လြတ္ ျဖစ္ေနၾကေလၿပီ!

"မင္းတို႔ႏွစ္ေယာက္! ဒီလို ျမင့္ျမတ္​​​တဲ့အားကစားခန္းမထဲမွာ မသင့္ေလ်ာ္တဲ့အရာေတြကို တကယ္ပဲ လုပ္ေနၾကတယ္!" Sanda နည္းျပက ပညာရွင္တစ္ေယာက္ကဲ့သို႔ သမာသမတ္က်က်ျဖင့္ စိတ္ဆိုးမာန္ဆိုး သင္ခန္းစာေပးေလေတာ့သည္။ "အားကစားခန္းမထဲက ဖ်ာကို သြားၿပီးေလွ်ာ္ခဲ့ၾကစမ္း!"

"မဟုတ္ဘူး ဆရာ ကၽြန္ေတာ္ ရွင္းျပပါရေစ! အဲဒါ ႏို႔ေတြ! ႏို႔! ကၽြန္ေတာ္ မေတာ္တဆ ဖိတ္က်သြားတာပါ!"

"ဒါဆို ဘာလို႔ မင္းတို့ေဘာင္းဘီ​ေတြမွာ တစ္​​ေယာက္​က ေရွ႕ပိုင္းမွာ စိုေနၿပီး ​ေနာက္​တစ္ေယာက္က ေနာက္ပိုင္းမွာ စိုေနရတာလဲ? ႏို႔ေတြက မင္းဖင္ေပၚ ဖိတ္က်သြားလို႔လား"

"မဟုတ္ဘူး....ကၽြန္ေတာ္...."

ေရွာင္းႏ်န္က ဒီေနရာတြင္ သူရွိမေနသည့္ပံုျဖင့္ ဟန္ေဆာင္ေနခ်ိန္တြင္ ေဝ့႐ူစုန္႕မွာေတာ့ မ်က္ရည္မထြက္ပဲ ငိုရံုသာရွိေတာ့သည္။ Sanda နည္းျပ၏ သင္ခန္းစာမွာ Sanda သင္တန္းတစ္ခုလံုး၏ အာရံုကို ဆြဲေဆာင္လိုက္ေလေတာ့၏။ ေယာက္်ားေလးႏွစ္ေယာက္၏ ေဘာင္းဘီေပၚရွိ စိုေနေသာ အကြက္မ်ား၏ေနရာကို ျမင္လိုက္သူမ်ားကေတာ့ ထိန္းမထားႏိုင္ေတာ့ပဲ ခပ္ညစ္ညစ္အေတြးမ်ားျဖင့္ ျပံဳးကုန္ၾကေတာ့သည္။

သူတို႔၏ ေဘာင္းဘီမ်ားကိုလဲရန္ အေဆာင္သို႔ ျပန္သည့္လမ္းတြင္ေတာ့ ေကာလဟာလအသစ္တစ္ခုက ပ်ံ႕ႏွံ႕ေနေလၿပီ : အားကစားခန္းမထဲတြင္ ေရွာင္းႏ်န္ႏွင့္ ေဝ့႐ူစုန္႕တို႔က ေကာင္းဘြိဳင္ အေနအထား(Cowboy position)ျဖင့္ လုပ္ေနၾကသည္ ဟူ၍။

_____________^မမ္​မို^____________

Next: what to do, in front of my roommate, my love rival confessed to me

"Unicode"

What to Do, the Gym Teacher Thinks that My Roommate and I Had Sex In the Equipment Room

ဝေ့ရူစုန့်က ရှောင်းနျန်အား သူ့ကို အနိုင်ကျင့်သည့်စီနီယာအကြောင်းကို တစ်ခါကမေးဖူးသော်လည်း ရှောင်းနျန်က ပြန်ဖြေခြင်းမရှိခဲ့ပေ။ ဝေ့ရူစုန့်က ထပ်ပြီးမမေးသော်ငြား သူက မေ့သွားသည်တော့ မဟုတ်ခဲ့။ အဲဒီနေ့က လင်းခိုင်ကျဲ့၏ဆိုးဝါးသောမျက်နှာကြီးကို ရုတ်တရတ်မြင်လိုက်ရမယ်လို့ ဘယ်သူသိမလဲ? ဝေ့ရူစုန့်၏ ဒေါသက ပွက်ပွက်ဆူလာပြီး ကမှုးရှုးထိုးဖြင့် လင်းခိုင်ကျဲ့အား ရိုက်နှက်လိုက်တာကြောင့် တခြားသူတွေအမြင်မှာ ဒါက လျှို့ဝှက်ချက်များရှိနေသည်ဟု ထင်မှတ်မှားသွားစေတော့သည်။

အရင်ချိန်တွေတုန်းကတော့ လင်းခိုင်ကျဲ့က ချမ်ရွှမ်ရွှမ်ကို လိုက်ခဲ့ဖူးသည်မို့ အားကောင်းသည့် ပြိုင်ဘက်တစ်ယောက်အဖြစ် စဉ်းစားနိုင်သည်။ ဒီလူက အနည်းငယ်ကြည့်ကောင်းပြီး ပီယာနိုလည်း တီးနိုင်သည့်အပြင် ကျောင်းကောင်စီ၏ စာပေအနုပညာအသင်းဝင်တစ်ယောက်လည်း ဖြစ်နေသေးသည်။ ဒါ့အပြင် ချမ်ရွှမ်ရွှမ်ကြောင့်လည်း ဝေ့ရူစုန့်ကို အကြိမ်ရေတော်တော်များများ ဖျက်လို့ဖျက်စီးလုပ်ရန် ကြိုးစားခဲ့ဖူးသည်။ ဝေ့ရူစုန့်က သမာသမတ်ရှိသည့်သူမျိုးဖြစ်သည်မို့ လင်းခိုင်ကျဲ့နှင့်အဆင့်တူဖြစ်သွားဖို့ရန် သူ့ကိုယ်သူမလုပ်ခဲ့လေဘူး။ ထိုကဲ့သို့ "မင်း ချီးထုပ်အလုပ်တွေ လုပ်နေတာကို ငါဂရုမစိုက်ဘူး" ဆိုသည့် သဘောထားကြီးမှုနှင့်အတူ ကြွက်သားအပြည့်ဖြင့် အမှီအခိုကင်းလှသည့် တောင့်တောင့်ဖြောင့်ဖြောင့်အမျိုးသားလေး ဟူသည့် ပုံရိပ်ကြောင့်ပဲ ချမ်ရွှမ်ရွှမ်၏ နှလုံးသားကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

ကံတရားက လူအများကို ကျီစားလိုက်သည့်အခါမှာတော့ ဝေ့ရူစုန့်တစ်ယောက် ချမ်ရွှမ်ရွှမ်နဲ့ လအနည်းငယ်လောက်သာ တွဲလိုက်ရပြီး ပြတ်သွားခဲ့လေသည်။ ချမ်ရွှမ်ရွှမ်ကတော့ သစ္စာရှိစွာစောင့်ဆိုင်းနေခဲ့သည့် လင်းခိုင်ကျဲ့ဆီသို့ ချက်ချင်းပဲ ရောက်သွားခဲ့ပြီး ဝေ့ရူစုန့်ကတော့ ဂေးဟူ၍ အမည်တပ်ခံလိုက်ရတော့သည်။ ဒီနောက်မှာတော့ မကြာခန ပျံ့နံှ့လာသည့် မနှစ်မြို့စရာသတင်းများနှင့်ပတ်သက်၍ အပြင်လူများ၏ ချဲ့ကားပြောဆိုကြသည့် ကောလဟာလများကိုမေ့ကာ ဝေ့ရူစုန့်ကိုယ်တိုင်တောင် သတိမထားမိပဲ မီးလောင်ရာလေပင့်လိုက်မိတော့၏။ ဒီလိုပုံမျိုးနှင့်တော့ ဝေ့ရူစုန့်နှင့်ရှောင်းနျန်အတွက် ဒီအထင်လွဲမှားမှုကြီးကို ရှင်းလင်းဖို့ရန် နည်းလမ်းမရှိတော့သည့်ပုံပင်။ အကယ်၍ ဝေ့ရူစုန့်နှင့် ရှောင်းနျန်တို့နှစ်ယောက် ဒီလိုနားလည်မှုလွဲမှားခြင်းကြီးကို ဆေးကြောပစ်ရန် မြစ်ဝါမြစ်ထဲသို့ ခုန်ဆင်းကြမည်ဆိုရင်တောင်မှ တခြားသူတွေက ဤကဲ့သို့ပြောကြအုံးမည်ပင်- ဝေ့ရူစုန့်နဲ့ရှောင်းနျန်တို့မှာ လူအများ၏အကြည့်ဒဏ်ကို မခံနိုင်သောကြောင့် မြစ်ထဲကို ခုန်ချပြီးသက်သေရန် ဆုံးဖြတ်ခဲ့လေသည်ဟူ၍။ ဝေ့ရူစုန့်သည်လည်း အနည်းငယ်ခေါင်းမာသူ ဖြစ်လေရာ သူနှင့်ရှောင်းနျန်မှာ အမှန်တကယ်ပဲ ရိုးသားကြသည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ထားလေတာတောင် အကြောင်းအရာတစ်ချို့ကို ကြားသည့်အချိန်မှာတော့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တော့လေပဲ ပို၍အထင်အမြင်လွဲရန်သာ လုပ်လိုက်မိတော့သည်။

အခုချိန်မှာတော့ ရှောင်းနျန်ဆီကနေ "အဲဒီ သောက်ပါးစပ်ကို ပိတ်ထားလိုက်" ဟု အဓိပ္ပာယ်ရသည့် အကြည့်စူးစူးတစ်ချက်က ပစ်လွှတ်လာသည့်အခါမှပဲ ဝေ့ရူစုန့်က ရှောင်းနျန်လည်း ပါဝင်ပတ်သက်နေသည်ကို သတိရတော့သည်။ စကားမစပ်, ရှောင်းနျန်က တကယ်ကိုပဲ ချောမောကြည့်ကောင်းနေလေသည်။ အဖြူရောင်ရှပ်နှင့် အနက်ရောင် ရိုးရိုးဘောင်းဘီရှည်ကိုသာ ဝတ်ထားသော်လည်း ခန့်ငြားထည်ဝါမှုကို ခံစားရစေပြီး သူ၏ ညှို့ဓာတ်အပြည့်နှင့် မျက်ဝန်းများက သူ့အား ဖက်ရှင်မဂ္ဂဇင်းအတွက် ကိုယ်ဟန်ပြနေသည့်သူနှင့်ပင် တူနေသည်။

"ဒါ မင်းအလှည့်ပဲ။ မြန်မြန် စင်ပေါ်တက်တော့။"

ရှောင်းနျန်က စကားတစ်ခွန်းမဆိုလေပဲ စတိတ်စင်ပေါ်သို့ တက်သွားတော့သည်။ အော်ဟစ်သံများနှင့် လက်ခုပ်တီး၍ အားပေးသံများက လိုက်ကာအထူကြီးကိုတောင် ဖြတ်၍ သူကြားနေရ၏။ မနေ့ညက သူအတုခိုး၍ အော်ပြသည်နှင့်တော့ မတူလေဘူးပေါ့။ ဝေ့ရူစုန့်က လင်းခိုင်ကျဲ့ကို ခပ်ကြမ်းကြမ်းပဲ မြေပြင်ပေါ်သို့ ဆွဲခေါ်လိုက်သည်။ ဝေ့ရူစုန့်ကို ပဟေဠိဆန်ဆန် တွေးကြည့်မည်ဆိုလျှင် သူ၏ဖခင်မှာ ဝေ့မျိုးနွယ် ဝမ့်ဖာလက်သီး(Wei's Wang Ba Fist)၏ (၁၈)ယောက်မြောက် ဆက်ခံသူဖြစ်သည့်အတွက် သေချာသည်မှာ သူက (၁၉)ယောက်မြောက် ဆက်ခံသူပင် ဖြစ်လေရာ အတိုက်အခိုက်ပညာရှင်တစ်ယောက်အဖြစ် စဉ်းစားနိုင်သည်။ အနည်းငယ်မျှ တိုက်ခိုက်ခြင်းနှင့် ငြင်းခုံရန်ဖြစ်ခြင်းလောက်မှာ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပင် မလိုပေ။ ဝေ့ရူစုန့်ကတော့ သူ၏ ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းများကို မှေးစင်းပြီး အန္တရာယ်ရှိသော အကြည့်တစ်ချက်ကို လင်းခိုင်ကျဲ့အပေါ်သို့ ပစ်ထုတ်လိုက်၏။

"ရှောင်းနျန်နဲ့ငါနဲ့က အမြဲတမ်း ရိုးရိုးသားသားပဲ။ မင်း ဂျူနီယာကို သွားပြီးအနိုင်မကျင့်နဲ့။ အကယ်၍ ပြောစရာရှိရင် ငါ့ကိုပဲ တိုက်ရိုက်ပြော။"

ဝေ့ရူစုန့်က ကြည့်ကောင်းသူတစ်ယောက် ဖြစ်လေရာ ယခုကဲ့သို့စကားမျိုးကို ထပ်ပြီးပြောလိုက်ခြင်းက သူ့အား ပို၍ကြည့်ကောင်းစေသည်။ အဓိကအချက်ကတော့ သူက တိတ်တိတ်လေး ကြိတ်ပျော်နေခြင်းကြောင့်ပဲ ဖြစ်၏။ -- ဟိဟိ ဇာတ်ဆောင်မင်းသားတွေ ပြောလေ့ရှိတဲ့ စကားပြောကြီးကို ပြောဖို့အခွင့်အရေးကို ငါတကယ်ပဲ ရလိုက်တယ်ကွ! လင်းခိုင်ကျဲ့ကတော့ သူ၏ဖူးယောင်နေသည့် မျက်နှာကိုကိုင်ကြည့်ရင်း မယုံကြည်နိုင်ပုံဖြင့် မေးတော့သည်။

"တကယ်ပဲ မင်းနဲ့ရှောင်းနျန်ရဲ့ကြားမှာ ဘာကိစ္စမှမရှိဘူးပေါ့?"

"ဘာလို့ မင်းတို့တွေအားလုံးက ငါတို့နှစ်ယောက်ကြား တစ်ခုခုရှိမယ်လို့ပဲ တွေးနေကြတာလဲ?"

ဝေ့ရူစုန့်က လိုက်ကာစကို အသာဆွဲလိုက်ပြီး မီးရောင်အောက်မှာ ရှိနေသည့် ရှောင်းနျန်ကို လင်းခိုင်ကျဲ့မြင်အောင် ပြလိုက်သည်။ အထီးကျန်နေတဲ့ မင်းသားလေးက ရှေးဟောင်းနန်းတော်ကြီးထဲမှာ ရှေးဟောင်းစန္တယားကြီးကို တီးနေပုံနှင့်ပင်တူလှသည်။ သူ၏အကြိုက်ဆုံးဖြစ်သည့် နှင်းဆီများကို လက်ဆောင်ပေးနေကြလေသည်။ ရှောင်းနျန်၏ လက်ချောင်းများမှာ သူ၏မျက်နှာကဲ့သို့ပင် လှပပြီး မီးရောင်အောက်တွင် တောက်ပနေလေ၏။ ပီယာနိုမှ ထွက်ပေါ်နေသော ငြိမ့်ညောင်းလှသည့် သံစဉ်များမှာလည်း သူ၏ချစ်သူကို ချစ်စကားဆိုနေသကဲ့သို့ စိတ်ကူးယဉ်ဆန်လှပေသည်။

"မင်းတို့ကောင်တွေက ငါက ရှောင်းနျန်နဲ့ တန်တယ်လို့ ထင်နေတာလား?" ဝေ့ရူစုန့်က သူ့ဘာသာ ခပ်လှောင်လှောင်ပြုံးလိုက်ရင်း "မင်းတို့ ငါ့ကို တကယ်ပဲ အထင်ကြီးလွန်းတယ်"

အကယ်၍ ရှောင်းနျန်အား စတိတ်စင်ပေါ်တွင် အများ၏အားပေးချီးမြှောက်ခြင်းကို ခံရသည့် နှစ်လိုဖွယ်အပြည့်နှင့် တောက်ပသော မင်းသားလေးအဖြစ် တင်စားမည်ဆိုလျှင် ဝေ့ရူစုန့်ကတော့ လိုက်ကာနောက်တွင် ပုန်းကွယ်နေရသည့် သာမန်စင်ဒရဲလားလေးသာ ဖြစ်လိမ့်မည်။ ရှောင်းနျန်၏ ကြည့်ကောင်းမှု၊ နောက်ခံအသိုင်းအဝိုင်း၊ စွမ်းဆောင်ရည်တွေကို ကြည့်မည်ဆိုရင် သူက တောက်ပပြီး ထက်မြက်သော မင်းသမီးလေးနှင့်သာ ယှဉ်တွဲနိုင်မည်ဖြစ်ပြီး ဝေ့ရူစုန့်ကဲ့သို့ စင်ဒရဲလားလေးမှာတော့ မင်းသမီးလေး၏ စကတ်ကို ကူပြီးကိုင်ပေးရမည့်သူသာ ဖြစ်နိုင်သည်။----နေပါအုံး၊ ဒီဥပမာကြီးက သိပ်တော့မမှန်သလိုပဲ။ ငါ အရမ်းပဲ ဒရမ်မာဆန်သွားသလား?

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်အတူရှိခဲ့တာ အချိန်ကြာလာပြီမို့ ဝေ့ရူစုန့်ကတော့ ရှောင်းနျန်က ကိုယ့်လိပ်ပြာကိုယ်လုံသောကြောင့် ကောလဟာလများကို စိတ်ထဲမထားလေဘူးဆိုတာ နားလည်သည်။ ဝေ့ရူစုန့်သည်လည်း ကိုယ့်လိပ်ပြာကိုယ် လုံသင့်သည်!

မောင်မယ်သစ်လွင် ကြိုဆိုညစာစားပွဲ ပြီးသွားသည့်နောက် တစ်စုံတစ်ယောက်က ရှောင်းနျန် ပီယာနိုတီးနေသည့် video ကို တင်လိုက်လေသည်။ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များနှင့် အတော်အသင့် အာရုံစိုက်ခံလိုက်ရပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားခြင်းနှင့်အတူ နောက်ဆုံးမှာ မှတ်ချက်(comment)တစ်ခုက ပေါ်ထွက်လာသည်။

- စွန့်လွှတ်လိုက်တော့။ သူ့မှာ ကောင်လေးရှိပြီးသား။ @BrotherSongisbetterlookingthan TakeshiKaneshiro

ဟုတ်ပါသည်။ ဝေ့ရူစုန့်၏ Weibo အကောင့်နာမည်ကို မင်းမြင်လိုက်သည်နဲ့ ဝေ့ရူစုန့်မှာ ကြွက်သားအပြည့်နှင့် ယောက်ျားစစ်စစ်(အဖြောင့်ကောင်)မှန်း သိနိုင်သည်။ အင်တာနက်အသုံးပြုသူများကတော့ သူ၏ Weibo ပေါ်ရှိ နှစ်ခုတည်းသော ပို့စ်ကို ကြည့်ပြီးနောက် မှတ်ချက်များ(comments) အလျင်အမြန် ချန်ထားခဲ့တော့သည်။

တစ်နှစ်အကြာ: Weibo ကို စတင်အသုံးပြု~~~~~~[cool]

လေးလအကြာ: ဝေ့ရူစုန့်နှင့် ချမ်ရွှမ်ရွှမ်၏ sweet Selfie

(T/N:ဝေ့ရူစုန့် တင်ထားသော ပို့စ်နှစ်ခုပါ)

အကောင့်နာမည်သာမက ဝေ့ရူစုန့်၏ Selfie ဆွဲသည့် စတိုင်မှာလည်း ဆိုးရွားလှသည်။ ကြည့်ရသည်မှာ ဖုန်းအား အပေါ်သို့မြှင့်၍ အောက်သို့ လှမ်းရိုက်ထားပုံရပြီး ချမ်ရွှမ်ရွှမ်မှာ ဝေ့ရူစုန့်၏ ရင်ခွင်ထဲတွင် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ထိုင်နေလေသည်။ သို့သော်လည်း ရိုက်သည့်ရှုထောင့်မှာတော့ စိတ်ကုန်စရာကောင်းအောင် ဆိုးရွားလေရာ ဝေ့ရူစုန့်နှင့်ချမ်ရွှမ်ရွှမ်၏ မျက်နှာမှာ ကြီးလွန်းနေပြီး ခြေထောက်များကတော့ တိုနေလေသည့်အပြင် နှစ်ယောက်လုံးက မဲနေခြင်းပင် ဖြစ်တော့သည်။

- အချစ်များကို ပြသခြင်း <3 <3 [ဓာတ်ပုံကို ကြည့်ရန်]

(T/N: ဝေ့ရူစုန့်ရဲ့ Caption ပါ)

မှတ်ချက်များက ထောင်းထောင်းထသွားတော့သည်။

- ကြားတာတော့ နင်က မစ်စတာ.ပီယာနိုရဲ့ ကောင်လေးဆို။ နင်က ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ? [အော့အန်]

- ဒီတော့ နင်က အဖြောင့်ကြီးပေါ့? မစ်စတာ.ပီယာနိုက အရမ်းကိုဆွဲဆောင်မှုရှိလွန်းလို့ ဒီလို အဖြောင့်ကောင်ကိုတောင် ကွေးသွားစေတာလား? [သံသယရှိ]

- ပျော်ရွှင်ပါစေ ပျော်ရွှင်ပါစေ~! ကျိန်းသေတာပေါ့ ဒါက မင်းနဲ့ မစ်စတာပီယာနို ပျော်ရွှင်ဖို့ဆုတောင်းပေးတာပါ~ <3<3<3

- ဒါက သက်သက် နာမည်ကြီးချင်တာမလား? ငါ မစ်စတာ.ပီယာနိုရဲ့ Weibo အကောင့် လိုချင်တယ်!!! [ကြိမ်းမောင်း]

ဝေ့ရူစုန့်ကို အားပေးသူများကတော့ ပေါက်ကွဲနေကြပေမယ့် သူကတော့ Weibo ကိုမသုံးဖြစ်သည့်အတွက် သတိမထားမိလေဘူး။ အကောင့်ဖွင့်ပြီးသည့်အချိန်မှစ၍ ပစ်ထားခဲ့ခြင်းပင် ဖြစ်လေသည်။ ဒုတိယနေ့တွင် တင်ထားခဲ့သည့်ပို့စ်မှာလည်း ချမ်ရွှမ်ရွှမ်မှ တောင်းဆိုသောကြောင့် ဖြစ်လေရာ အခုချိန်တွင် သူတို့နှစ်ယောက်မှာ ပြတ်သွားပြီ ဖြစ်သောကြောင့် သူ့အတွက် စိတ်ချမ်းသာစရာမရှိသော ဤ Weibo အကောင့်ကို သတိရဖို့ရန် မရှိတော့ပေ။

ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသည့် ရှောင်းနျန်ကတော့ Weibo တွင် လိုရင်းတိုရှင်းဖြင့် ရေးသားလိုက်သည်။

Phone User 54987547: video ထဲမှာ ပါတဲ့တစ်ယောက်က ငါပဲ။ ငါ့မှာ ချစ်သူမရှိဘူး။

ရလဒ်ကတော့ အဲဒီ Weibo အကောင့်ခမျာ ဇွန်ဘီးအကောင်ရေ သောင်းကျော်နှင့်တူသော Friends များ၏ မှတ်ချက်များအောက်တွင် နစ်မြုပ်သွားလေတော့သည်။

- အား အား အား အား အား အား အကိုလေးရေ ငါနင့်ကို အရမ်းကြိုက်တယ်။ နင့်ရဲ့ Yamaha လေးဖြစ်ချင်တယ် <3 [အပြင်းအထန်ဝေ့ရမ်း] [တပ်မက်မှုအပြည့်]

- ကျေးဇူးပြုပြီး selfie ပုံလေးပို့ အားးးးးး ကျေးဇူးပြုပေး selfie ပုံလေးပို့ပေး!!! ကျေးဇူးပြုပေး မင်းရဲ့အလှတွေကို ငါတို့လို သာမန်လူတွေဆီကို လက်ဆောင်ပေး!

- ငါကြားတာတော့ မင်းက ရှောင်းဝမ်းဝူနဲ့ ဖုန်းဖှေးရှ တို့ရဲ့ သားဆို။ တကယ်ပဲလား?

- ဒါက နာမည်ကြီးချင်တာဆိုလည်း ငါကတော့ အညံ့ခံလိုက်ပြီ နှစ်လေးထောင်-အလှလေးရေ~ [မွ မွ] [ချစ်တယ်]

- အရမ်းကောင်းတာပဲ!!! ချစ်သူမရှိဘူးတဲ့!!! ငါ့မှာအခွင့်အရေးရှိပြီ!!! ရေး!!! ငါမင်းရဲ့ပီယာနိုလေး ဖြစ်ချင်တယ်။ ငါ့ကို နေ့တိုင်းတီးပါ!!!!!

- အဲဒီက အကိုလေးတီးတာ ခံချင်နေတဲ့တစ်ယောက်! အဲဒီလောက် လိုအပ်နေရင်လည်း မင်းရဲ့ဦးနှောက်ကိုသာ နေ့တိုင်းတီးလိုက်တော့။ တစ်ပတ်အတွင်း မင်းရူးသွားလိမ့်မယ်!

ရှောင်းနျန်က အဲ့ဒီမှတ်ချက်တွေကို စိတ်အနှောင့်အယှက်မဖြစ်ပဲ ကြည့်နေလေသည်။ သူ၏ video ဂိမ်းကိုသာ အာရုံစိုက်နေသည့် ဝေ့ရူစုန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လက်ရှိအချိန်မှာ ထိုသူ၏သဘောထားက တစ်မျိုးတစ်မည်ဖြစ်နေသည်ဟု ခံစားနေရသည်။ ထင်ရသည်မှာတော့ သူတို့နှစ်ယောက်၏ကြားတွင် သင့်တော်သောအကွာအဝေးတစ်ခုကို ထားနေသလိုပင်။ ဒီလိုစဉ်းစားပြီးတဲ့နောက် နောက်တစ်နေ့မှာပဲ ရှောင်းနျန်က သူ၏အကောင့်နာမည်ကို Mr. SHaw ဟုပြောင်းပြီး Weibo တွင် တင်လိုက်တော့သည်။

- @BrotherSongisbetterlookingthanTakeshiKaneshiro က ငါ့ရဲ့အခန်းဖော် စီနီယာပဲ [ပုံကိုကြည့်ရန်]

ရှောင်းနျန်က သူ၏မျက်နှာတစ်ဝက်ကိုသာ ပုံတွင်ပြထားပြီး နောက်ဘက်တွင်တော့ ဝေ့ရူစုန့်၏ဦးခေါင်းကို မြင်သာရန် ပြထားလေသည်။

ရှောင်းနျန်က ပုံကိုတင်လိုက်ပြီးမှ နည်းနည်းပေါကြောင်ကြောင်နိုင်သည်ဟု ခံစားရသော်လည်း မှတ်ချက်များကိုတော့ အခုချိန်ထိ စိတ်အနှောင့်အယှက် မဖြစ်သေးလေဘူး။ အခုတော့ သူလုပ်ရမည့်အရေးကြီးသည့်အလုပ်မှာ ဝေ့ရူစုန့်ကို စကားပြောရန်သာ ဖြစ်သည်။

ရှောင်းနျန်နှင့် ဝေ့ရူစုန့်မှာ နှစ်မတူသော်လည်း အားကစားခန်းမကတော့ မေဂျာတစ်ခုလုံး အတူတူတက်ရခြင်းဖြစ်သည်။ ကောင်းသည်မှာတော့ သူတို့နှစ်ယောက်လုံးက Sanda(တရုတ်ရိုးရာလက်ဝေ့) သင်တန်းကိုပဲ တက်ဖို့ရန် စာရင်းပေးထားသည်မို့ ဗုဒ္ဓဟူးနေ့မနက်ခင်းတိုင်းမှာ တစ်ယောက်ရဲ့အတန်းကို နောက်တစ်ယောက်ကလိုက်လာပြီး တိတ်တိတ်လေး မနက်စာကို ဝယ်လို့ အားကစားခန်းမထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပေးကြလေရာ နာမည်ကြီး အိုင်ဒေါများ၏ ဖုံးကွယ်ထားသည့် လျို့ဝှက်ဆက်ဆံရေးများကဲ့သို့ပင် ဖြစ်နေတတ်သည်။

"စီနီယာ, ကျွန်တော် ဆင်းဒဝစ်နဲ့ နို့ စီနီယာအတွက် ဝယ်လာတယ်။"

"အိုး အို, ကောင်းတယ်" ဝေ့ရူစုန့်က တည့်တည့်မကြည့်ပဲ အကြည့်ကို ရှောင်လိုက်ပြီး မနက်စာကိုပဲ မျက်တောင်မခတ် ကြည့်၍ လက်ခံလိုက်သည်။ "ငါက ပေါင်မုန့်နဲ့ ပဲနို့ကို ပိုကြိုက်တာကို"

"ကျွန်တော် နောက်တစ်ခါ အဲဒါကို ဝယ်လာပေးမယ်"

"နောက်တစ်ခါ နောက်တစ်ခါ နောက်တစ်ခါ" ဝေ့ရူစုန့်က မပျော်မရွှင်နဲ့ နှုတ်ခမ်းစူလိုက်သည်။ "မင်းအမြဲတမ်း နောက်တစ်ခါလို့ပြောနေတာပဲ။ ဒါပေမယ့် နောက်ဆုံးတော့ နို့နဲ့ ဆင်းဒဝစ်ပဲ ငါ့ကို ဝယ်လာပေးတာမလား?"

"ဆောရီး"

ထုံးစံအတိုင်း သူတို့နှစ်ယောက် အားကစားခန်းမအတွင်းရှိ ကစားသမားသုံးဖျာ(gym mat)ပေါ်တွင် ထိုင်ပြီး အစားအသောက်များကို မြန်မြန်သွက်သွက်ပဲ စားလိုက်ကြသည်။ သို့သော်လည်း လေထုကတော့ အရင်လို သက်တောင့်သက်သာမဖြစ်ပဲ ကွဲပြားခြားနားနေသည်ကို ခံစားရသည်။ အဲဒါက နည်းနည်းလည်း အနေရခက်တယ်၊ နည်းနည်းလည်း ရှက်ရွံ့မိနေတယ်၊ နည်းနည်းလည်း---- ကောင်းပြီ တကယ်တော့ ဘာခံစားချက်မှ ပေါ်လာစရာအကြောင်းမရှိဘူး။

*Gym mats*

"စီနီယာ, ကျွန်တော် တစ်ခုခုများ အမှားလုပ်မိသလား?"

"အာ?" ဝေ့ရူစုန့်က ပါးစပ်ထဲတွင် နို့အပြည့်သောက်နေရင်း "မဟုတ်ဘူး မင်း မလုပ်ခဲ့...."

"ကြိုဆွဲပွဲညတည်းက စီနီယာ ကျွန်တော့ကို ရှောင်နေခဲ့တာ။"

ရှောင်းနျန်က သူ၏နှုတ်ခမ်းကို လက်ညှိုးထိုးပြလိုက်သည်။ ဝေ့ရူစုန့်က သူ၏ နှုတ်ခမ်းမွှေးသဏ္ဍာန်နို့များကို လျှက်ဖို့ရန် ပန်းရောင်သန်းနေသာ နူးညံ့သည့်လျှာလေးကို လျင်လျင်မြန်မြန်ပဲ ထုတ်လိုက်လေသည်။

အပြစ်မကင်းသည့် အပြုံးဖြင့် "မဟုတ်ဘူး။ အဲလို မရှိပါဘူး။"

"ကျွန်တော်တို့က သူငယ်ချင်းတွေတောင် ဖြစ်လို့မရဘူးလား?"

"မဟုတ်ဘူး။ အဲဒီလိုမျိုး မဟုတ်ဘူး!" ဝေ့ရူစုန့်က လက်တွေကို ဝေ့ယမ်းပြီး ကသိကအောက်ဖြစ်စွာပဲ သူ့ခေါင်းကို ပွတ်နေရင်း "မင်းက အရမ်းပဲထူးချွန်ပြောင်မြောက်တဲ့ လူတစ်ယောက်ဆိုတော့ ငါနဲ့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ သတင်းမျိုးထွက်တာက မင်းကို တကယ်ပဲ အကျိုးယုတ်စေမှာကို ငါက နစ်နာသူတစ်ယောက်လို ပြုမူနေတာက သိပ်ပြီးရှက်စရာကောင်းတယ်လို့ ခံစားမိလို့ပါ။"

"မဟုတ်ဘူး။ ဒါက မဖြစ်နိုင်တာ" ရှောင်းနျန်က သေချာပေါက် ဂျူနီယာတစ်ယောက်ဖြစ်သော်ငြား ဝေ့ရူစုန့်၏ စိတ်ဓာတ်ကျနေသော ပုံလေးကို ကြည့်ရင်း သူ၏စိတ်ထဲ ကြင်နာသနားစိတ်တွေ ယိုဖိတ်လာတော့သည်။ သူ၏ ဘုရားပေးသောအရပ်ကို အခွင့်ကောင်းယူလို့ ဝေ့ရူစုန့်၏ ခေါင်းလေးကို ပွတ်သပ်လိုက်လေတော့၏။ "စီနီယာကလည်း ထူးကဲတဲ့လူတစ်ယောက်ပါပဲ။ စီနီယာလိုလူမျိုးနဲ့ အခန်းဖော်ဖြစ်ရတာ ကျွန်တော်ဘယ်လောက်ကံကောင်းလိုက်လဲ? အဲဒီကောလဟာလတွေကို စိတ်ထဲမထားပါနဲ့။ ကျွန်တော်တို့တွေ အတူတူရင်ဆိုင်ကြတာပေါ့။ ဟုတ်ပြီလား?"

"မင်း!" ဝေ့ရူစုန့်က မာန်ဖီနေတဲ့ ကြောင်လိုပဲ ခုန်ထွက်သွားပြီး နို့တွေက ဖျာပေါ်ကို ဖိတ်ကျကုန်တော့သည်။ သူ၏ မျက်နှာနှင့်မျက်လုံးများကတော့ ချက်ချင်းပဲ ရဲတောက်လာပြီး "မင်း, မင်း, မင်း, မင်း!"

"ကျွန်တော်?"

"ရိုင်းစိုင်းလှချည်လား" ဝေ့ရူစုန့်က ဆင်းဒဝစ်ကို ပါးစပ်ထဲသွပ်ထည့်ပြီး ရှောင်းနျန်ဆီသို့ ခုန်အုပ်လိုက်လေရာ နှစ်ယောက်သား ဖျာပေါ်တွင် လုံးထွေးရင်း လိမ့်သွားတော့သည်။ "ငါမင်းကို ရိုက်မယ်, ငါမင်းကို ရိုက်မယ်, ငါ ဒီကောင်စုတ်ကို ရိုက်မယ်!"

သေချာတာကတော့ ဝေ့ရူစုန့်က သူ့ကိုတကယ်ကြီး ရိုက်နေတာ မဟုတ်လေရာ ကြည့်ရသည်မှာ ပရောပရည်လုပ်နေကြသည်ဟု အနည်းငယ် ထင်ရလေသည်။ ရှောင်းနျန်က ဝေ့ရူစုန့်၏ခန္ဓာကိုယ် ပြုတ်ကျလာမည်ကို စိုး၍ ဝေ့ရူစုန့်၏ခါးအား ဆုပ်ကိုင်ပြီးထိန်းထားလေသည်။ ဒီအချိန်မှာပဲ ပထမဆုံးအကြိမ်အဖြစ် သူသိလိုက်သည်က ဝေ့ရူစုန့်၏ခါးလေးမှာ တကယ်ကိုပဲ သေးသွယ်လှသည်ကိုပေါ့။

"တည်ငြိမ်တဲ့ပုံ လုပ်နေသေးတယ်။ အခု မင်းကြည့်ရတာ တည်ငြိမ်နေပုံပဲ" ဝေ့ရူစုန့်က ရှောင်းနျန်၏ခါးပေါ်သို့ ခွထိုင်လိုက်ပြီး မျက်နှာကို မဲ့ရွဲ့ကာ သူ့ကိုခြောက်လှန့်လေသည်။ "ငါ မင်းကို ရန်မစရဲဘူးလို့ မင်းထင်နေတယ်ပေါ့ ဟုတ်လား? ဟမ်? ဟမ်?" ဝေ့ရူစုန့်က မရပ်တန့်နိုင်တော့ဘူး။ သို့သော်လည်း သူ၏တင်ပါးများက ရှောင်းနျန်၏ ဘောင်းဘီခွကြားနှင့် အနည်းငယ်ထိသွားချိန်မှာတော့ "ဘာလို့ ဒါက စိုနေတာလဲ?"

"စီနီယာဖိတ်ကျသွားတဲ့နို့တွေက ကျွန်တော့ ဘောင်းဘီပေါ်မှာ အကုန်စင်ကုန်ပြီလေ"

"ဘာ?!"

ဝေ့ရူစုန့် မထလိုက်နိုင်ခင်မှာပဲ အားကစားခန်းမ၏ တံခါးက ဆောင့်ဆွဲခံရပြီး ပွင့်သွားတော့သည်။ အရပ်ရှည်၍ ထွားကြိုင်းပြီး ယောက်ျားပီသလှသော အားကစားဆရာက တကယ်ကြီး အော်လိုက်တော့သည်။

"အီးးး ယား--- မင်းတို့ကောင်တွေ ဘာလုပ်နေကြတာတုန်း?!"

"မဟုတ်ဘူး, ဆရာ, ခင်ဗျား-"

"ဒုန်း-" Sanda နည်းပြက အခန်းပြင်တွင် ဒေါသူပုန်ထတော့သည်။ "ဘောင်းဘီတွေဝတ်ပြီး အပြင်ကို ထွက်ခဲ့စမ်း"

ရှောင်းနျန်နှင့် ဝေ့ရူစုန့်တို့ မြန်မြန်ထွက်လိုက်ပြီး Sanda နည်းပြ၏ရှေ့တွင် သတိအနေအထားဖြင့်ရပ်ရင်း သူ၏ အကြည့်စူးစူးများကို လက်ခံရတော့သည်။

လက်ရှိအခြေအနေမှာ အလွန်ကိုပြင်းထန်လှသည်။ ရှောင်းနျန်၏ ခွကြားမှာလည်း စိုနေပြီး ဝေ့ရူစုန့်၏ တင်ပါးများမှာလည်း စိုနေလေသည်။ Sanda နည်းပြမှာ နှလုံးထဖောက်တော့မည့် အန္တရာယ်ကို ကြံ့ကြံ့ခံရင်း သူတို့နှစ်ယောက်၏ မတိုင်မီက အနေအထားကို ပြန်စဉ်းနေရသည်။ သို့သော်လည်း အဆုံးမှာတော့ မျက်နှာက နီရဲလာတော့သည်။ ရှင်သန်လာခဲ့သည့် နှစ် ၄၀ သက်တမ်းအတွင်း သူ့ဇနီးနှင့် ဒါမျိူးလုပ်ခဲ့သော်လည်း သူသည် သာမန်အနေအထားကိုသာ အသုံးပြုခဲ့သည်။ ယနေ့ခေတ်လူငယ်များမှာ အမှန်တကယ်ကို အလွန်အကျူး စည်းလွတ်ဘောင်လွတ် ဖြစ်နေကြလေပြီ!

"မင်းတို့နှစ်ယောက်! ဒီလို မြင့်မြတ်တဲ့အားကစားခန်းမထဲမှာ မသင့်လျော်တဲ့အရာတွေကို တကယ်ပဲ လုပ်နေကြတယ်!" Sanda နည်းပြက ပညာရှင်တစ်ယောက်ကဲ့သို့ သမာသမတ်ကျကျဖြင့် စိတ်ဆိုးမာန်ဆိုး သင်ခန်းစာပေးလေတော့သည်။ "အားကစားခန်းမထဲက ဖျာကို သွားပြီးလျှော်ခဲ့ကြစမ်း!"

"မဟုတ်ဘူး ဆရာ ကျွန်တော် ရှင်းပြပါရစေ! အဲဒါ နို့တွေ! နို့! ကျွန်တော် မတော်တဆ ဖိတ်ကျသွားတာပါ!"

"ဒါဆို ဘာလို့ မင်းတို့ဘောင်းဘီတွေမှာ တစ်ယောက်က ရှေ့ပိုင်းမှာ စိုနေပြီး နောက်တစ်ယောက်က နောက်ပိုင်းမှာ စိုနေရတာလဲ? နို့တွေက မင်းဖင်ပေါ် ဖိတ်ကျသွားလို့လား"

"မဟုတ်ဘူး....ကျွန်တော်...."

ရှောင်းနျန်က ဒီနေရာတွင် သူရှိမနေသည့်ပုံဖြင့် ဟန်ဆောင်နေချိန်တွင် ဝေ့ရူစုန့်မှာတော့ မျက်ရည်မထွက်ပဲ ငိုရုံသာရှိတော့သည်။ Sanda နည်းပြ၏ သင်ခန်းစာမှာ Sanda သင်တန်းတစ်ခုလုံး၏ အာရုံကို ဆွဲဆောင်လိုက်လေတော့၏။ ယောက်ျားလေးနှစ်ယောက်၏ ဘောင်းဘီပေါ်ရှိ စိုနေသော အကွက်များ၏နေရာကို မြင်လိုက်သူများကတော့ ထိန်းမထားနိုင်တော့ပဲ ခပ်ညစ်ညစ်အတွေးများဖြင့် ပြုံးကုန်ကြတော့သည်။

သူတို့၏ ဘောင်းဘီများကိုလဲရန် အဆောင်သို့ ပြန်သည့်လမ်းတွင်တော့ ကောလဟာလအသစ်တစ်ခုက ပျံ့နှံ့နေလေပြီ : အားကစားခန်းမထဲတွင် ရှောင်းနျန်နှင့် ဝေ့ရူစုန့်တို့က ကောင်းဘွိုင် အနေအထား(Cowboy position)ဖြင့် လုပ်နေကြသည် ဟူ၍။

_____________^မမ်မို^____________

Next: what to do, in front of my roommate, my love rival confessed to me

Continue Reading

You'll Also Like

28.6K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
310K 47.5K 35
Title: Social Temperature (社交温度) Author: Not!Pikachu / Ka Bi Qiu (卡比丘) Status: Completed with 33 Chapters Source: https://www.zhenhunxiaoshuo.com/she...
261K 22.3K 72
Unicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်...
47.6K 5.2K 12
Titel-《終雨之城》 Original Author-朱莉 Total chapters- 11 Type-Web novel Genre-Mystery,Psychological,Yaoi,Supernatural, Tragedy