အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 241K 20.8K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 24

45.1K 3.5K 534
By OnyxAriezz

>>>>>Unicode<<<<<

ယနေ့ ရုပ်ရှင်အဖွဲ့သားများ မနက်အစောလာမည်ဖြစ်ရာ သျှားအိမ် စောစောထကာ ပြင်စရာရှိသည်များကို ပြင်ဆင်ရတော့သည်။ အဓိကကတော့ ဆိုင်သန့်ရှင်းရေးဖြစ်သည်။ သို့သော် Cashier နှင်းနှင်းနှင့် လက်ထောက် Pastry Chef တိုးငယ်တို့ကလည်း အလိုက်တသိဖြင့် စောစောလာပေးသဖြင့် အဆင်ပြေသွားသည်။ သုံးဦးသား လုပ်စရာရှိသည်များကို အားလုံးအစီအစဥ်တကျဖြင့် လုပ်ကိုင်ကာ မြန်မြန်ဆန်ဆန် ဆိုင်ဖွင့်လိုက်ပါသည်။

ဆိုင်ဖွင့်ပြီး သိပ်မကြာပါ။ ရိုက်ကွင်းတာဝန်ခံ ကိုအုန်းညိုရောက်လာပြီး ယနေ့ရိုက်မည့် ဇာတ်ကွက်ကိုရှင်းပြလာသည်။ ထိုရှင်းပြချက်အရဆိုလျှင် ပထမဆုံးရိုက်ကူးမည့် ဇာတ်ဝင်ခန်းမှာ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သော သူသူနှင့် ဆိုင်တွင် စားပွဲထိုးအဖြစ်လုပ်ကိုင်နေသော အဓိကဇာတ်ဆောင်မင်းသားနှင့် တွေ့ဆုံမည့်အခန်းဖြစ်သည်။ ထို့ကြောင့် ဆိုင်မှ ပန်းကန်ခွက်ယောက်တချို့ သုံးလိုကြောင်း တောင်းဆိုလာလျှင် သျှားအိမ် ခေါင်းညိတ်လိုက်ပါသည်။ ထို့နောက် မင်းသမီးနှင့် ဇာတ်ရံမင်းသားတို့ စကားပြောသည့်အခန်းကို ရိုက်ကူးမည်ဖြစ်ကြောင်းပါ အသိပေးလာသည်။

ကိုအုန်းညိုနှင့် ပြောစရာရှိသည်များပြောဆိုပြီးလျှင် သူသူ ရောက်ချလာတော့သည်။

"Morning ကိုသျှား။"

"morning မသူသူ"

"ကိုသျှားတော့မသိဘူး။ သူသူတော့ စိတ်တွေလှုပ်ရှားနေတယ်။"

"ဘာလို့လဲ။"

သူသူက သူမကို နှစ်သိမ့်စေရန်အလို့ငှါ စကားခေါ်လိုက်သော်လည်း သျှားအိမ်၏ တုံးတိတိတုန့်ပြန်မှုကြောင့် နင်ပင်သွားတော့သည်။

"ဪ... ကိုသျှားရှေ့မှာ သရုပ်ဆောင်ရမှာဆိုတော့... စိတ်လှုပ်ရှားတာပေါ့။ သူသူက တခါမှ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ လူတစ်ယောက်ရဲ့ရှေ့မှာ သရုပ်မဆောင်ဖူးဘူးလေ။"

သူသူက "ရင်းနှီးကျွမ်းဝင်တဲ့လူတစ်ယောက်" ဟူသောနေရာတွင် တမင်ပင် အသံကိုဖိကာပြောလိုက်သည်။

"ဒီတော့လည်း ကျွန်တော့်ကို တခြားလူတွေလိုသဘောထားလိုက်ပေါ့ဗျာ။"

"အို... ကိုသျှားကလည်း သူသူက ကိုသျှားကို ဘယ်လိုလုပ်ပြီး တခြားလူလို သဘောထားလို့ရမှာလဲ။"

သူသူက ရွှန်းလဲ့သော မျက်လုံးများဖြင့် ဆိုလာလျှင် သျှားအိမ်သက်ပြင်းချမိပါသည်။ သူသူတစ်ယောက် ရေလာမြောင်းပေးလုပ်ကာ သူ့ကို မရမကကုပ်တွယ်ရန် ကြိုးစားနေသည်ကို သူ သိပါသည်။ သို့သော် သူနှလုံးသားက သျှန်နောင်ဟူသော လူသားကိုသာ တောင့်တနေမိသည်မှာ နတ်ရေစင်ဖြန်းလျှင်တောင် ယခင်လို အကောင်းပကတိမဖြစ်နိုင်ပါ။

တခါတရံတွင် သူ့နှလုံးသား၏ ဆန္ဒကို သူမနှင့် ဖုံးဖိရန် စဉ်းစားမိပြန်ပါသည်။ သို့သော် တချိန်တည်းမှာပင် ထိုမျှလောက် အောက်တန်းကျသော အပြုအမူကို တွေးတောမိသော ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြခြင်းတစ်ဝက်နှင့် ရွံရှာစက်ဆုပ်မိပါသည်။ ဟုတ်ပါသည်။ မိမိ ချစ်ခြင်းမေတ္တာကို ဖုံးကွယ်ထားချင်းကိုပင် သူရဲဘောကြောင်သည်ဟု ခံစားရသော သူ့အတွက် ထိုသို့ မိန်းကလေးတစ်ဦးကို cover အဖြစ်တွဲဖို့ဆိုသည်မှာ ငကြောက်ဘွဲ့ကို နှစ်ထပ်ကွမ်းခံယူကာ တဖက်မှ ထိုမိန်းကလေးကို လိမ်ညာစော်ကားလိုက်သလိုပင်။

"သူသူရေ... စရအောင်လေ။"

"အင်း... လာပြီ။"

သူသူ သူ့ရှေ့မှာ လှည့်ထွက်သွားလျှင် သျှားအိမ်လည်း ထုံးစံအတိုင်း မနက်စာအတွက် ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်နေလိုက်သည်။

တဖက်တွင်လည်း ရုပ်ရှင်အဖွဲ့သားများက ရိုက်ကူးရေးစပြီဖြစ်သည်။ ပထမ scenes တွင် သူသူ ဆိုင်ထဲသို့ ဝင်လာသောအခန်းမှ စမည်ဖြစ်ရာ ကင်မရာဆရာမှာ ကင်မရာကို ဆိုင်တံခါးဝသို့ လှည့်ပြီး အဆင်သင့်ပြင်ထားပြီဖြစ်သည်။ ဒါရိုက်တာမှ စရန်အချက်ပြလိုက်သည်နှင့် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သူ သူသူက စတိုင်အပြည့်ဖြင့် ဆိုင်ထဲသို့လှမ်းဝင်လာတော့သည်။ သူမ၏ ခြေလှမ်းတိုင်းက မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသော ဇာတ်ကောင်၏ စရိုက်ကို ပေါ်လွင်အောင် ဖော်ကျူးနေသည်။

ထိုစဉ် တံခါးခေါင်းလောင်းသံ တိုးတိုးညှင်းညှင်းနှင့်အတူ အမျိုးသားတစ်ဦး သူသူ့ နောက်မှ ကပ်လျှက် ဆိုင်ထဲသို့ ဝင်လာသည်။ ကြက်သွေးရောင်ရင့်ရင့် လည်ကတုံးရှပ်လက်ရှည်နှင့် အနက်ရောင် ယောပုဆိုးတို့ကို ဝတ်ဆင်ထားသော ထိုလူသည် နတ်သားတပါးအပူဇော်ခံရန် ကြွချီလာသည့်နှယ် တောက်ပလှသော ကိုယ်ရောင်ကိုယ်ဝါတို့က မြင်သူတိုင်းကို ငေးမောစေတော့သည်။ သျှားအိမ်မှာမူ ထိုအမျိုးသားကြောင့် ရင်ထဲမောဟိုက်လာသည်။

သျှန်နောင်မှာ parking lotတွင် ရပ်ထားသော ကားကြီးကားငယ်အသွယ်သွယ်ကြောင့် အံ့သြစွာဖြင့် ဆိုင်ထဲဝင်လာခဲ့သည်။ အမြဲလိုလို ဒီလိုအချိန်ဆို သူကားတစ်စီးသာ ရှိတတ်သည်မဟုတ်လား။ သို့သော် ဝင်ဝင်လာချင်းတွေ့လိုက်ရသော ကင်မရာနှင့် လူတစ်စုကြောင့် ရုပ်ရှင်ရိုက်နေမှန်း သဘောပေါက်သွားတော့သည်။ မည်သို့ဖြစ်စေ သူနှင့်မဆိုင်သောကိစ္စဖြစ်သဖြင့် ကင်မရာကို ကြည့်နေမိသည်မှ မျက်နှာလွှဲလိုက်ပြီး ကောင်တာသို့လျှောက်လာခဲ့သည်။ သူ‌ရောက်ပြီးဖြစ်ကြောင်း နှင်းနှင်းမှတဆင့် သျှားအိမ်အား အမှာပါးရမည်။

ဖြစ်ချင်တော့ ကောင်တာတွင်လည်း အမျိုးသမီးတစ်ဦးရှိနေနှင့်သဖြင့် သူမနောက်မှ ခပ်ခွာခွာရပ်ကာ သူ့အလှည့်ကိုစောင့်ဆိုင်းနေလိုက်သည်။ အချိန်ကိုက်ပင် သျှားအိမ်က kitchen ကောင်တာအကွယ်မှ ထွက်လာပြီး သျှန်နောင်အား ထိုင်နေကြစားပွဲတွင် ထိုင်နေရန် ခြေဟန်လက်ဟန်ဖြင့် ပြောလာသည်။ သျှန်နောင်က သဘောပေါက်ကြောင်း ပြန်လည်ခေါင်းညိတ်ပြလိုက်သည်။ ထိုစဥ် သူ့ရှေ့မှ အမျိုးသမီးက ချာခနဲပြန်လှည့်ထွက်လာသည်တွင် လူချင်းတိုက်မိကုန်တော့သည်။

"အင့်...!"

"အယ်...???"

သူသူ့မှာ တိုက်မိသည့်အရှိန်ဖြင့် ခြေထောက်ခေါက်ကာ နောက်ပြန်လန် လဲကျသွားတော့သည်။ သို့သော် သန်မာသော လက်တစ်စုံက သူမအား ပုခုံးမှ ဖမ်းကာ ပွေ့ထိန်းလိုက်သောကြောင့် လဲကျမည့်ဘေးမှ လွတ်ကင်းသွားတော့သည်။

"စိတ်မရှိပါနဲ့ဗျာ။"

ထိုသူက တောင်းတောင်းပန်ပန်ဖြင့် ဆိုလာတော့မှ ထိုသူမျက်နှာ သေချာကြည့်မိလျှင် ဘုရားတချင်သွားတော့သည်။ ဘယ်နှယ့် ယောက်ျားတစ်ယောက်လုပ်ပြီးတော့များ....။

သျှန်နောင်မှာ သူဖမ်းထိန်းပေးလိုက်သော ထိုမိန်းကလေး၏ ချောမောသော မျက်နှာလေးကို အနီးကပ်ရှုစားကာ သူမ၏ အလှကို ပန်းတစ်ပွင့်နှင့် နှိုင်းယှဉ်ကာ ရင်ထဲတွင် အသိအမှတ်ပြုလိုက်ပါသည်။

"ကတ်...!"

ဒါရိုက်တာက ရပ်ရန်ဆော်သြသံနှင့်အတူ သူမကို ထိန်းပွေ့ထားသော ထိုလူကို တွန်းထုတ်လိုက်သည်။

သူမက အမျိုးသမီးမို့ အမျိုးသားတစ်ဦး၏ ယခုလို အထိအကိုင်ကို သ‌ဘောမတွေ့သဖြင့် တွန်းထုတ်သည်ကို သျှန်နောင် နားလည်ပါသည်။ သို့သော်လည်း သူကတော့ သူမ၏ ပုခုံးသားများကို ဆုပ်ကိုင်ကာ လွတ်ထွက်မသွားစေရန် ပွေ့ကာထိန်းပေးထားမြဲ။ တော်ကြာလွှတ်လိုက်လို့ သူမခမျာ ခေါင်းနှင့်ပါ ထပ်ကျနေမည်။ ထို့‌ကြောင့် သူမဟာသူမ မတ်တပ်ရပ်ရန် အဆင်ပြေသည့် အနေအထားရောက်သည်အထိ ထိန်းကိုင်ပေးလိုက်သည်။

သူသူ့အနေဖြင့် သရုပ်ဆောင်သည်လည်း မဟုတ်ပါပဲ အများရှေ့ဝယ် အမျိုးသားတစ်ဦး၏ ရင်ခွင်ထဲမှ ယခုလိုအနေအထားသည် ကသိကအောက်ဖြစ်စရာ ကောင်းလှသည်။ ထို့ကြောင့် မရမကပင် ရုန်းကန်ကာ သူမခြေထောက်ပေါ်တွင် ရပ်မိရန် ကြိုးစားလိုက်ပါသည်။ သို့ပါသော်လည်း ထိုသူက သူမကို မလွတ်တမ်း ဖမ်းကိုင်ထားသည်။ မဟုတ်မှာလွဲရော။ ဒီလူ သူမကို အသားယူနေတာများလား။ မည်သို့ဆိုစေ နောက်ဆုံးတွင် သူမခမျာ ရုပ်ပျက်ဆင်းပျက်ဖြင့် ထရပ်လိုက်နိုင်ပါသည်။ ထိုအခါမှ ထိုလူမှာ ဖမ်းကိုင်ထားသည်ကို အသာအယာ ဖြေလျော့လိုပါသည်။ သို့သော် ခြေကျင်းဝတ်က နာလွန်းသဖြင့် ကောင်းကောင်းမရပ်နိုင်။ ဒီကြားထဲ ဒေါက်မြင့်ဖိနပ်ကလည်း စီးထားသေးသည်ဖြစ်ရာ မိမိခြေထောက်ပေါ်ရပ်ရန် ကြိုးစားလေ ပိုယိမ်းယိုင်လေ ဖြစ်နေရှာတော့သည်။

သျှန်နောင်မှာလည်း သူမကို ကြည့်ကာ ဒီအတိုင်း မနေနိုင်။ အနီးရှိခုံတစ်ခု ဆွဲယူကာ သူမကို ထိုင်စေသည်။ ပြီးလျှင် သူက သူမရှေ့တွင် ထိုင်ချလိုက်ပြီး သူမ၏ ခြေကျင်းဝတ်အခြေအနေကို စစ်ဆေးလိုက်သည်။ သို့သော် သူမက သူ့လက်များကို ကန်ထုတ်လိုက်ပြီး....

"ရှင် မထိပါနဲ့!"

"ဪ... တောင်းပန်ပါတယ်ဗျာ။"

သျှန်နောင်က သူမ၏ အော်ငေါက်သံကြောင့် လက်ကိုရုတ်ကာ မတ်တပ်ရပ်လိုက်ပါသည်။ ကြည့်ရသည်မှာ သူ့က သူမကို အသားယူသည်ဟု ထင်သွားပုံပင်။

သျှားအိမ်မှာ ရုပ်ရှင်ဆန်လှသော မြင်ကွင်းကြောင့် အံ့သြမင်သက်နေရာမှ သတိဝင်လာပြီး သျှန်နောင်နှင့် သူသူတို့နှစ်ဦးနားသို့ အပြေးတစ်ပိုင်းနှင့် လျှောက်လာခဲ့သည်။ ထိုအတူ သူသူ၏ မန်နေဂျာနှင့် ရိုက်ကွင်းတာဝန်ခံတို့ပါ ရောက်လာသည်။

"ဘာဖြစ်သွားလဲ မသူသူ။"

"ခြေထောက်နည်းနည်းနာသွားတယ်။"

သူသူက ငိုမဲ့မဲ့ဖြင့် သျှားအိမ်၏ အမေးကို ဖြေလာလျှင် သျှန်နောင်မှာ စိတ်မကောင်း။ သူမ နောက်သို့ယိုင်သွားချိန်၌ ခြေကျင်းဝတ်လည်သွားဟန်ရှိသည်။

"တောင်းပန်ပါတယ်ဗျာ။ မတော်လို့ပါ။"

"ရှင် တောင်းပန်ရုံနဲ့ ပြီးရောလားရှင့်။ ဒီမှာ လူတစ်ယောက်လုံး နာသွားတဲ့ကိစ္စကို"

မန်နေဂျာမမက ဝင်ဟောက်လိုက်သေးသည်။ သျှန်နောင်ခမျာ မျက်နှာငယ်လေးဖြင့်..

"အဲ့ဒါဆို ကျွန်တော် ဆေးရုံလိုက်ပို့ပေးပါရစေ။"

"ပြောမှသိတော့ ဘာလုပ်ရမှာလဲ။"

သျှားအိမ်မှာ ဘလိုင်းကြီး ထဟောက်နေသော မန်နေဂျာမမကို ကြည့်ကာ မေတ္တာခမ်းလာသဖြင့်....

"ဒါဆိုလဲ ပြီးရောလေ။ ကျွန်တော့် မိတ်ဆွေက ခင်ဗျားတို့ကို တာဝန်ယူမယ်လို့ ပြောတယ်နော်။ ခင်ဗျားဖာသာငြင်းတာ။ မသူသူကိုတော့ အားနာပါရဲ့။"

သျှားအိမ်က သျှန်နောင်လက်ကို ဆွဲကိုင်လိုက်ပြီး...

"လာ သွားမယ် ကိုသျှန်နောင်။"

"ဘာ...? ဒီလို လက်လွတ်စပယ်လုပ်လို့ရမလား။"

"ခင်ဗျားပဲ ဘာလုပ်ရမှာလဲဆို??"

ထိုမန်နေဂျာမမ၏ စကားကို သျှားအိမ် မြင်ပြင်းကပ်စွာဖြင့် ပြန်ပက်လိုက်ပါသည်။

သျှန်နောင်လည်း ဘာမှမပြောပဲ သျှားအိမ်ဆွဲခေါ်ရာနောက်သို့လိုက်ပါလာခဲ့သည်။ သျှားအိမ်က သျှန်နောင်၏ ကားရှိရာဆီခေါ်လာခဲ့ပြီး...

"ကိုသျှန်နောင် ခင်ဗျားကို ကျွန်တော် အံ့သြတယ်။ ခင်ဗျား အမှားလည်း မဟုတ်ဘူး။ ဒီလိုကြီး အထက်စီးက ဆက်ဆံနေတာ ခင်ဗျားမို့... ဟင်း..."

"သူတို့က အမျိုးသမီးတွေလေဗျာ။ နောက်ပြီး လူကြားသူကြားထဲ..."

"ဒါတော့ ဒါပေါ့။ ဒါပေမယ့်... ဟင်း...!!!"

သျှားအိမ် အတော့်ကို စိတ်လျော့ထားလိုက်ရပါသည်။ ဤလူကို တပါးသူက ယခုကဲ့သို့ သူ့မျက်စိရှေ့တွင် မတရားသဖြင့် အနိုင်အထက်ပြောသည်ကို နည်းနည်းမျှပင် မကြိုက်ပါ။

"ကဲပါ ကိုသျှားအိမ်ရယ်... ထားလိုက်ပါတော့။"

" ခင်ဗျားပြောလို့နော်..."

သျှားအိမ်၏ သုန်မှုန်နေသော မျက်နှာချောချောကို ကြည့်ကာ သျှန်နောင် ကိုယ့်ကိုယ်ကိုယ် စမ်းစစ်မိသည်။ ဒီလူ သူ့အတွက် ဒေါသထွက်နေသည့်ပုံမှာ သူ့၏ ရင်ကို ကြည်နူးမှုဖြင့် ညံ့သက်စွာ လှိုက်ခုန်စေသည်။ ထိုရင်ခုန်သံ ငြိမ့်ငြိမ့်လေးက နှစ်လိုဖွယ်ကောင်းသည်ကို မငြင်းနိုင်သော်လည်း လျစ်လျူရှုရန်သာရှိသည်။ ထိုသို့သော ရင်ခုန်သံမျိုးနှင့်အတူ ကပ်ပါလာမည့် အိမ်မက်ဆိုးများကို သူ မလိုချင်ပါ။

"အဲ့ဒါဆို ကျွန်တော်ပြန်ဦးမယ်။"

သျှားအိမ်၏ ဆိုင်ထဲပြန်ဝင်ရန် မဖြစ်နိုင်သည့်အတူ သူ့ဆိုင်ကို စောစောသွားရန် ဆုံးဖြတ်ကာ ကားပေါ်တက်လိုက်ပါသည်။

"ဪ... ကိုသျှန်နောင် ခဏ..."

သျှားအိမ်မှာ သူပြင်ပြီးစ မနက်စာနှင့် ကော်ဖီကို သတိရကာ သျှန်နောင်ကို တားမြစ်လိုက်သည်။ ထိုနောက် ဆိုင်ဖုန်းကို လှမ်းဆက်ကာ ထိုပြင်ပြီးသား အစားအစာများကို ဖော့ဗူးများနှင့် ထည့်ပြီးယူလာရန် မှာကြားပြီး ဖုန်းချလိုက်သည်။

"ကျွန်တော် ခင်ဗျားအတွက် လုပ်ထားတဲ့ မနက်စာလေးပေးလိုက်ချင်လို့။"

သျှန်နောင်၏ "ဘာလဲဟင်" ဆိုသောအကြည့်ကြောင့် ပြန်ဖြေရှင်းလိုက်သည်။ ရှေ့မနှောင်းမှီမှာပင် ဆိုင်ဝန်ထမ်းကိုစိုး ရောက်လာသည်။ လက်ထဲတွင်လည်း စားစရာဗူးများနှင့်။

"ဆရာ မှာတဲ့ဟာ။"

"အေးကွာ ကျေးဇူးပဲ။ ဒါနဲ့ ဟိုအုပ်စုတွေ ဘာဖြစ်ကုန်ပြီလဲ။"

"မင်းသမီးရဲ့ မန်နေဂျာမမပေါ့... တာဝန်ရှိသူ ဘယ်မှာလဲ တရားစွဲမယ် ဘာမယ် လုပ်နေတယ်။"

"ဒါဆို ငါလာခဲ့မယ်။"

ထို့နောက် သျှန်နောင်ဘက်လှည့်ကာ စားစာရာအထုပ်ကို ပေးလိုက်ပြီး...

"ကိုသျှန်နောင်ရေ မနက်ဖြန်ကျမှပဲ အေးအေးဆေးဆေးစကားပြောတာပေါ့။"

"ခင်ဗျားကို အားနာ..."

သျှန်နောင်မှာ သူ့ကြောင့် သျှားအိမ် အလုပ်ရှုပ်ရသည်ကို မြင်တော့ အားနာမိသည်။

"ခင်ဗျားကလည်းဗျာ။ ကျွန်တော်တို့က အားနာရမယ့်လူမှ မဟုတ်တာ။ ကဲ... ကဲ... ခင်ဗျား သွားစရာရှိတာသာသွား။ မနက်ဖြန်မှတွေ့မယ်။"

"အင်း... ကောင်းသောနေ့ပါ ကိုသျှားအိမ်"

"ကောင်းသောနေ့ပါ ကိုသျှန်‌နောင်။"

သျှန်နောင် လေးပင်စွာဖြင့် ကားကို မောင်းထွက်လာခဲ့သည်။ နောက်ကြည့်မှန်ထဲမှ တဖြည်းဖြည်းဝေးကွာလာသော ထိုသူ၏ ပုံရိပ်ကြောင့် သက်ပြင်းချလိုက်သည်။

သူ့ မြင်ကွင်းမှ ပျောက်ကွယ်သွားသော ထိုကားလေးကို ကြည့်ကာ စိတ်တိုမိပါသည်။ တစ်နေ့လုံးမှ တစ်နာရီသာ တွေ့ရသည်ကို တိုတောင်းလွန်းပေစွာဟု အားမလိုအားမရဖြစ်ရသည့်အထဲတွင် ယခုတော့ 15 မိနစ်ခန့်သာ တွေ့လိုက်ရသည်။ ဒီကြားထဲ သူ့ပိုင်နက်တွင်လာ၍ သူမြတ်နိုးရသောလူကို ဟောက်စားလုပ်လိုက်သေးသည်။ သိမယ်။ သျှားအိမ်အကြောင်း ကောင်းကောင်းကြီး သိစေရမယ်။ သူ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ဆိုင်ထဲသို့ပြန်ဝင်လာခဲ့သည်။

"...ရေခဲလိုတာ မင်းမသိဘူးလား။ မင်းတို့က Boss က ဘယ်လိုဦးနှောက်နဲ့ မင်းလို မိန်းကလေးမျိုးကို ခန့်ထားတာလဲ။"

နှင်းနှင်းခမျာ ဘာမဆိုင်ညာမဆိုင် အပြောခံလိုက်ရသဖြင့် ခံပြင်းလွန်းလှသည်။ သို့ရာတွင် သူများအမှားကို ကိုယ့်အမှားတော့ အဖြစ်မခံပါ။

သျှားအိမ်ကတော့ ပြန်ဝင်ဝင်လာချင်း ကြားကြားလိုက်ရသော ထိုမန်နေဂျာမမအသံကြောင့် ဒေါသထောင်းခနဲဖြစ်သွားရသည်။ ဒီမိန်းမက သူ့ကိုယ်သူ ဘာထင်လို့ သူများသားသမီးကို အလကားနေ ငေါက်ငမ်းနေရသနည်း။

"နှင်းနှင်း ဘာဖြစ်တာလဲ။"

"ကျွန်မက ဒီကအစ်မရဲ့ ခြေထောက်အတွက် ဘာများလိုမလဲလို့ မေးတာပါ Boss။"

"ဟေ့... ဒီမှာ ရေခဲလိုပါတယ်ဆိုတာ... ဘာလျှာရှည်နေတာလဲ။ မြန်မြန်လုပ်ပါလား။ ဒီမှာ ခြေထောက်ရောင်လာတော့မယ်။"

နှင်းနှင်းက အောင့်သက်သက်မျက်နှာဖြင့် အနောက်ထဲ ဝင်သွားတော့သည်။

"မသူသူ ဘယ်လိုနေလဲ။"

တရှုံရှုံ လုပ်နေသော သူသူကို မနေနိုင်စွာ မေးလိုက်ပါသည်။

"နာတယ်..."

သူသူက မျက်ရည်များကြားမှ အသံတိုးတိုးလေးဖြင့် ဖြေလာသဖြင့် သျှားအိမ် သူမခြေထောက် အခြေအနေကို ကြည့်လိုက်ပါသည်။ အမြင်အရတော့ ထင်သလောက် ဆိုးပုံမပေါ်ပေ။ သို့တိုင်အောင် မန်နေဂျာမမက ပွစိစိဖြင့်...

"နေပါဦး မင်းက ဒီဆိုင်ပိုင်ရှင်လား။"

"ဟုတ်တယ်။"

"ဒါ..ဒီကိစ္စက မင်းရဲ့ ပိုင်နက်မှာ ဖြစ်တာ မင်းမှာ တာဝန်ရှိတယ်။ မင်းတို့အမှားအတွက် တာဝန်ယူရင်ယူ။ မယူရင် ငါ့အကြောင်းသိမယ်။"

သူ့အား ခြိမ်းခြောက်သလိုဆိုလာသော ထိုမန်နေဂျာမမကြောင့် မျက်ခုံးတစ်ဖက် ပင့်ကြည့်လိုက်သည်။

"နေပါဦး။ ကျွန်တော် ဒီကိစ္စကို တာဝန်မယူနိုင်လို့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါ ကျွန်တော့်တို့ အမှားမဟုတ်ဘူးလေ။"

"မင်းမိတ်ဆွေဆိုတဲ့ ဟိုကောင်နဲ့ တိုက်မိလို့ဖြစ်တဲ့ ကိစ္စလေ။ အဲဒါ မင်းတို့ အမှားမဟုတ်လို့ဘာလဲ။"

သျှားအိမ် ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့သည်။ ဘယ်နှယ့် သူ့ နှလုံးသား အရှင်သခင်ကိုများ ရိုင်းရိုင်းစိုင်းစိုင်း "ဟိုကောင်"တဲ့။

"ဒီမှာ ခင်ဗျ။ ဒီကိစ္စဟာ မတော်တဆဆိုတာ မျက်စိပါတဲ့လူတိုင်းမြင်ပါတယ်။ ဦးနှောက်ပါတဲ့လူတိုင်း သိပါတယ်။ ဒါကြောင့် ကျွန်တော့်တို့... အထူးသဖြင့်... ကျွန်တော့် မိတ်ဆွေရဲ့ အမှား လုံးဝမဟုတ်ပါဘူး။"

"မင်း ဘာပြောတယ်။"

"အင်း... နားပါ ပါတဲ့လူကတော့ ကျွန်တော်ပြောတာကို ထပ်မေးမှာမဟုတ်ပါဘူး။"

"မင်း... မင်း... စကားကို တည်တည်တံတံပြောစမ်း။ ယောက်ျားမဟုတ်ဘူး။"

"ရော်... ခင်ဗျားနှယ်။ ဘယ်လိုလုပ်ပြီး ကျွန်တော် ယောက်ျားဟုတ်၊ မဟုတ်ဆိုတာကို စိတ်ဝင်စားသွားလဲ။"

သျှားအိမ် ပြည်တည်တည်ဖြင့် ဆိုလိုက်လျှင် မြင်သူတိုင်း ပြုံးစေ့စေ့ဖြစ်နေတော့သည်။ ယောက်ျားကောင်းတစ်ဦးသည် မိန်းမတစ်ဦးဖြင့် ယခုကဲ့သို့ ဖက်ကာ ရန်မဖြစ်သင့်ဆိုတာ မှန်သော်လည် သူ့ကိုယ်သူ ယောက်ျားကောင်းဟု မသတ်မှတ်ထားသလို၊ သူနှင့် ဆိုင်သည့် လူများကို ထိပါးလာလျှင်လည်း မိန်းမဖြစ်၍ ငြိမ်ခံနေမည်မဟုတ်ပါ။

"ဘာ...!!! မင်း...မင်း... လူပါးဝလို့။"

သျှားအိမ်က အသည်းယားစဖွယ်ပြုံးလိုက်ပြီး...

"အဟော်... ကျွန်တော့်ဆိုင်မှာ ကျွန်တော့်မိတ်ဆွေနဲ့ ကျွန်တော့်ဝန်ထမ်းကို ဘလိုင်းကြီး အော်လာငေါက်လားလုပ်တာလည်း ခံရသေးတယ် ကျွန်တော်ကပဲ လူပါးဝတယ်..??? အဟားဟား... သောက်ကျိုးနည်း စကားကြီးပါဗျာ။"

"မင်း..!!"

မန်နေဂျာမမမှာ ဒေါသထွက်လွန်း၍ ခုန်ဆွခုန်ဆွဖြစ်မတတ် ဖြစ်နေရှာသည်ကို အရသာခံကြည့်နေလိုက်သည်။

"မင်း... မင်း... တော်တော် အောက်တန်းကျတဲ့ကောင်..."

ဒီမိန်းမကြီး စိတ်မမှန်ဘူးနှင့်တူသည်။ ဘယ်နှယ့် ငါးစိမ်းသည်လို ရန်တွေ့နေတာက သူ...။ အောက်တန်းစားအခေါ်ခံရတာက ကိုယ်ဆိုတော့...။

"ဟုတ်ကဲ့ အထက်တန်းစား အစ်မကြီးခဗျ။ ခင်ဗျားပြောတော့လဲ ခင်ဗျားစကားပေါ့။ အခုတော့ ဟောဒီက အောက်တန်းစားလို့ ခင်ဗျားသတ်မှတ်ထားတဲ့ကောင်က လူကြီးလူကောင်းတွေနဲ့ စကားပြောစရာရှိလို့ ခွင့်ပြုပါဦး။"

"ကိုသျှား သူသူ ဒေါ်လေးအစားတောင်းပန်..."

ထိုအချိန်ကျမှ တစ်ချိန်လုံး တစ်ခွန်းမှဝင်မပြောသော သူသူက တောင်းပန်လာတော့သည်။ သူ စိတ်ပျက်စွာဖြင့် သူသူ့ကို ကြည့်လိုက်ပြီး...

"ဪ... ခင်ဗျားတို့က တူဝရီးတွေလား။ ဒါကြောင့် professional မဆန်တာကိုး။"

ဟုတ်သည်လေ။ တကယ်ဆို ယခုဖြစ်သည့်ကိစ္စ သူမအသိဆုံး။ သူမက ဝင်၍ ဖြန်ဖြေပေးရမည်။ ယခုတော့ သူမ အဒေါ်က စွတ်ဟောက်နေသည်ကို မျက်စိပိတ်နားပိတ်လုပ်နေသေးသည်။ နာသည်ကို အကြောင်းပြကာ တရှုပ်ရှုပ်လုပ်နေရအောင် ကလေးလည်း မဟုတ်။

ဘာဖြစ်ဖြစ် သူမတို့နှစ်ဦးစလုံးကို လျစ်လျူရှုကာ ဒါရိုက်တာအပါအဝင် ရိုက်ကွင်းတာဝန်ခံတို့နှင့် ဆွေးနွေးရတော့သည်။ အဓိကကတော့ ယနေ့ရိုက်ကူးရေးနှင့် ပတ်သက်၍ ဆိုင်နေရာကို ဆက်လက် ငှားရမ်းရန် သင့်၊မသင့်။ ဦးမျိုးဆက်ကနှင့် ကိုအုန်းညိုတို့က ဆက်လက်၍ သျှားအိမ်ဆိုင်တွင် ရိုက်ကူးလိုသည်။ သျှားအိမ်ဘက်က ပြဿနာမရှိသော်လည်း နောက်နောင် ဤသို့သောကိစ္စရပ်များ ထပ်မံပေါ်‌ပေါက်လာလျှင် သူဘက်က နေရာမငှားနိုင်တော့ကြောင်းနှင့် ယခုကိစ္စမှာလည်း သူတို့ဘက်က ပယောဂတစ်ခုမပါကြောင်းကို ရှင်းပြလျှင် ဦးမျိုးဆက်ရော၊ ကိုအုန်းညိုတို့ကပါ နားလည်စွာ ထောက်ခံလာသည်။ ကြည့်ရသည်မှာ ထိုမန်နေဂျာမမ၏ ဒရမ်မာအချိုးတော်သည့်အကြောင်း လူတိုင်းသိပုံရသည်။ မည်သို့ဆိုစေ သုံးဦးသား schedule အသစ်ဆွဲဖို့ ဖြစ်လာတော့သည်။ ထိုသို့ မဆွဲမှီ သျှားအိမ်က သူသူအတွက် လူနာတင်ယာဉ် ခေါ်ပေးလိုက်ပါသည်။ သူမနှင့် မန်နေဂျာမမထွက်သွားသည်နှင့် သျှားအိမ်နှင့် ဦးမျိုးဆက်တို့က schedule အသစ်ဆွဲကြသည်။ ပြီးမှ ကျန်ရှိသည့်ရုပ်ရှင်အဖွဲ့သားများကလည်း ကျန်ဇာတ်ဝင်ခန်းများထဲမှ သူသူမပါသည့် ဇာတ်ဝင်ခန်းတချို့ကို ရိုက်ကူးတော့သည်။

နှင်းနှင်းနှင့် တိုးငယ်ကတော့ ထိုမန်နေဂျာမမထွက်သွားမှ သက်ပြင်းချနိုင်သည်။ သျှားအိမ်ကတော့ ခပ်အေးအေးပင် သူလုပ်စရာရှိသည်များကို လုပ်နေသော်လည်း တနေ့လုံး စိတ်မကြည်ချင်။ တော်သေးသည်။ ဘာပြဿနာမှ ထပ်မတက်လို့။

-----------

သျှန်နောင်မှာ ကားမောင်းနေရင်း မြည်လာသောဖုန်းကြောင့် caller ID ကို ကြည့်လိုက်တော့ သူမသိသော နံပါတ်တစ်ခု။

"ဟဲလို.."

"ဟဲလို.. ကိုသျှန်နောင် ရှိပါသလား။"

အသံက ခပ်သြသြနှင့် လူငယ်တစ်ယောက်၏ အသံမျိုး။

"ဟုတ်ကဲ့ ပြောနေပါတယ်။"

"အင်း... ခင်ဗျား အသွားအလာ သတိထား။ ခင်ဗျားကို ပြဿနာရှာမယ့် လူတွေရှိတယ်။ အခုတောင် ရောက်နေပြီလားမသိ။"

ထိုလူ၏ အသံနားထောင်ရသည်မှာ တကယ်ပဲ အတည်ပြောနေဟန်ရှိသည်။ သို့သော် သူသိသည့်သူတော့ မဟုတ်နိုင်ပါ။

"ခင်ဗျား ဘယ်သူ..."

"ဒါပဲနော်..."

သူ့အမေး မဆုံးမှီမှာပင် တစ်ဘက်လူက ဖုန်းချသွားတော့သည်။ သျှန်နောင် ယုံရခက်ခက်ဖြင့် ဖုန်းကို ဘေးသို့ချပြီး ကားကို ဆက်မောင်းလိုက်သည်။ ၁၅ မိနစ်ခန့်အကြာတွင် ကလပ်ရှိရာ ခြံဝန်းထဲသို့ ချိုးကွေ့လိုက်တော့သည်။

ကားကို ကလပ်နောက်ရှိ သူအတွက် သီးသန့်ထားသော နေရာတွင်ရပ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ ထိုစဉ် နောက်မှာ လေတိုးသံပြင်းပြင်းကို ကြားလိုက်ရသဖြင့် သျှန်နောင် ကိုယ်ကိုယို့ကာရှောင်လိုက်သည်။ သံတုတ်တစ်ချောင်းက သူ့နောက်စေ့နားမှ ဖြတ်ကျော်သွားကာ ကားမှန်ကို အရှိန်ပြင်းစွာဖြင့် ရိုက်မိသွားပြီး ကားမှန်ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေသည်။

သျှန်နောင်ကလည်း တစ်စက္ကန့်မျှမဆိုင်း တိုက်ကွက်ဆင်ပါတော့သည်။ ထိုလူ၏ နံရိုးကြားကို တံတောင်ဖြင့် နောက်ပြန်တွတ်လိုက်သည်။ နောက်ပြန်ဖြစ်သည့်တိုင် ချက်ကောင်းမိသည်တွင် ထိုလူထံမှ "အူး"ခနဲအသံထွက်လာတော့သည်။ သျှန်နောင်ကမူ တုတ်ကိုင်ထားသော လက်ကို ဖြတ်ခနဲဖမ်းချုပ်လိုက်ပြီး ဒင်းကို လက်ပြန်လိမ်ချိုးကာ ကိုယ်ဖြင့်ဖိကပ် ချုပ်ထားလိုက်သည်။

"မင်း ဘယ်သူလဲ။ ဘာလိုချင်လို့လဲ။"

ထိုလူ မဖြေနိုင်ခင်တွင် နောက်ဘက်မှ ပြေးလာသောခြေသံကြောင့် သျှန်နောင် ကိုယ်ကိုတစ်ပတ်လှည့်ကာ မိမိ၏ကျောကို ကားဖြင့်ဖိကပ်လိုက်ပြီး ဖမ်းမိထားသော သကောင့်သားကို မိမိရှေ့တွင် ဒိုင်းသဖွယ်ကာလိုက်သည်။

"စွပ်.."

"အ..!!!"

သူ့နောက်မှ ပြေးလာသူ၏ ဓါးက သူ့လက်ထဲမှ လူ၏ ရင်ဝသို့ စိုက်ဝင်သွားသည်။ ဒုတိယလူများ ရုတ်တရက်ဖြစ်ပျက်သွားသော အဖြစ်အပျက်များကြောင့် မင်သက်နေသွားသည်။ ဤသည်ကို အခွင့်ကောင်းယူကာ ထိုသူထံ လက်ထဲမှလူကို ပစ်ထည့်ပေးလိုက်ပြီး၊ ထိုလူ၏ မျက်နှာတည့်တည့်ကို လက်သီးနှစ်လုံးကို ဆက်တိုက် ပစ်သွင်းပေးလိုက်သည်။

ထိုစဉ် မိမိ အရှေ့ရှိ ကားပေါ်မှ လူသုံးယောက်ခန့် တုတ်ဓါးများကိုယ်စီကိုင်ကာ ဆင်းလာသည်။ ထိုထဲမှ ကိုယ်လုံးကိုယ်ထည်ခပ်ထွားထွား တစ်ယောက်ကို သူမှတ်မိပါသည်။

"အောင်ထူး...?"

"ဟုတ်ပါတယ်ဗျာ။ နိုင်ထူးရဲ့ ညီ အောင်ထူးပါဗျာ။"

သျှန်နောင် ခပ်လှောင်လှောင်ပြုံးနေသော ထိုကောင်လေး၏ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်လိုက်ပါသည်။

"ဘယ်လိုလဲ ခင်ဗျားကြောက်နေပြီလား။"

"ငါက ဘာကိစ္စကြောက်ရမှာလဲ။"

"ဒါဆို ခင်ဗျားကြောက်သင့်တယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျား အခု သေတော့မှာလေ။"

"ဟေ့ကောင် မင်း သောက်စကား သိပ်မများနဲ့ကွာ။ ငါ အဲ့ဒီလောက် အချိန်မရှိဘူး။"

"ဒီတော့လည်း... ဟေ့ကောင်တွေ... တက်ကြစမ်းကွာ။"

အောင်ထူး၏ စကားအဆုံးတွင် လူနှစ်ယောက် ဓါးကိုယ်စီဖြင့် ပြေးလာတော့သည်။ သူ့အတွက်တော့ ထိုနှစ်ကောင်သည် မှု့စရာမဟုတ်ပေ။ ပထမတစ်ကောင်ထံ ဦးအောင်ပြေးသွားကာ ဓါးကိုင်ထားသော လက်ကိုဆွဲ၍ ဓါးကိုလုယူလိုက်ပြီး လူကို မြေပေါ်သို့ ကိုင်ပေါက်ချလိုက်သည်။ ပြီးလျှင် ထိုဓါးဖြင့်ပင် ဒုတိယတစ်ယောက်ကိုထံ ပြေးဝင်ကာ တိုက်စစ်ဆင်လိုက်လျှင် ထိုသူမှာ ပြူးပြူးပျာပျာဖြင့် ခုခံကာကွယ်ရရှာတော့သည်။ သိပ်မကြာပါ။ သျှန်နောင်လက်ထဲမှ ဓါးက ထိုသူ၏ လက်မောင်းကို ထိုးစိုက်သွားပြီး ရှုံးနိမ့်သွားတော့သည်။

အောင်ထူးမှာ သူ့လူများ၏ မရှုမလှအဖြစ်ကိုကြည့်ကာ တောက်တစ်ချက်ခတ်လိုက်ပြီး သူ့လူများကိုတွဲကာ ကားပေါ်သို့တက်သွားတော့သည်။

သျှန်နောင်မှာ စိတ်ထဲ ညစ်ညူးစွာဖြင့် ကလပ်လုံခြုံရေးကင်းတဲထံ လျှောက်လာကာ စနည်းနာရန် အထဲကိုကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် လုံခြုံရေးနှစ်ယောက်စလုံးကို တိပ်များဖြင့် တုပ်နှောင်ထားပြီး တစ်ဦးကတော့ သတိလစ်လျှက်ရှိသည်။ သျှန်နောင်က သတိနေသေးသူကို ဦးစွာကြိုးဖြေပေးလိုက်ကာ...

"ခိုင်မိုး... ခိုင်မိုး..."

သျှန်နောင်မှာ ဒုတိယတစ်ယောက်ကို ကြိုးဖြေပေးရင်း ခေါ်နိုးကြည့်သည်။

"ဟေ့ကောင် ခိုင်မိုး..ဟေ့ကောင်...ခိုင်မိုး... ဒုက္ခပဲ။"

လုံခြုံရေး ကိုဇေယျကလည်း လုံခြုံရေး ခိုင်မိုးကို စိုးရိမ်တကြီးဖြင့် ခေါ်ကြည့်သည်။ သို့သော် သတိရမလာပါ။

"ပြဿနာပဲ။ ဆေးရုံပို့မှနဲ့တူတယ် ဆရာ။"

"အေး... မင်း ဒီမှာနေခဲ့ဦး။ ငါ ကားသွားယူခဲ့မယ်။"

"ဟုတ်.."

သျှန်နောင် ကားကို ရပ်ထားသည့်နေရာမှ ပြန်မောင်းယူလာပြီး လုံခြုံရေး ကင်းတဲလေးနားတွင် ရပ်လိုက်သည်။ ထို့နောက် ခိုင်မိုးကိုတင်ကာ ဇေယျနှင့်အတူ နီးစပ်ရာ ဆေးရုံသို့ တရစပ်မောင်းလာခဲ့တော့သည်။ ၅ မိနစ်ခန့်အကြာတွင် ဆေးရုံဝင်းထဲသို့ ရောက်ရှိသွားပြီး အရေးပေါ်ဌာနရှေ့တွင်ရပ်ကာ ဇေယျကို ဌာနထဲဝင်၍ အကြောင်းကြားစေသည်။ ချက်ချင်းဆိုသလိုပင် uniform နှင့် လူတစ်စု လူနာတင်သည့် ခုတင်နှင့် ရောက်လာကာ ခိုင်မိုးကို သယ်ချသွားတော့သည်။ ဇေယျက ထိုလူစုနှင့်အတူပါသွားပြီး သျှန်နောင်ကတော့ ကားပါကင်ထိုးပြီးမှ လိုက်သွားရသည်။

သျှန်နောင်ရောက်တော့ ဇေယျက ခိုင်မိုးမိသားစုကို ဖုန်းဆက်ခေါ်ပြီးဖြစ်သည်။ သိပ်မကြာပါ။ ခိုင်မိုး၏ ဇနီးဖြစ်သူ ရောက်လာပြီး သျှန်နောင်ကို အကြောင်းစုံ မေးကာ၊ စိုးရိမ်လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေရှာသည်။

"အောင်ထူး... မင်းအစ်ကိုလို ချိုကြွနေတယ်ပေါ့လေ။ ငါ့လူတွေသာ တစ်ခုခုဖြစ်လို့ကတော့ ကြွနေတဲ့ချို တောင်မဟုတ်ဘူး တစ်ကိုယ်လုံးမှာ ရှိသမျှ နံရုံးတွေ အကုန်ချိုးပစ်မယ်။"

သျှန်နောင်က ခိုင်မိုး၏ ဇနီးသည်ကို ကြည့်ကာ ကြုံးဝါးလိုက်သည်။ အတန်ကြာလျှင် ခွဲစိတ်ခန်းထဲမှ ဆရာဝန်ထွက်လာပြီး အခြေအနေကောင်းကြောင်း ငါးချက်မျှ ချုပ်လိုက်ရကြောင်း၊ ဒီထက်နောက်ကျပါက တစ်သက်လုံး ဒုက္ခိတပင် ဖြစ်နိုင်ကြောင်းပြောပြသည်။ ထိုကျမှ အားလုံး သက်ပြင်းချနိုင်တော့သည်။

သျှန်နောင်လည်း ခိုင်မိုး၏ ဇနီးအား အားမငယ်ရန် နှစ်သိမ့်ပြီး၊ အကူအညီလိုလျှင် ဖုန်းခေါ်ရန် ဖုန်းနံပါတ်နှင့် ဆေးဖိုးအဖြစ် အိတ်ထဲတွင်ပါလာသော ငွေသုံးသိန်းကို ပေးလိုက်သည်။ ထို့ပြင် နားနားနေနေနေ၍ နေပြန်ကောင်းပြီဆိုမှ အလုပ်ဆင်းရန် မှာကြားကာ ဇေယျနှင့်အတူ ကလပ်သို့ ပြန်ခဲ့သည်။

ကလပ်ထဲရောက်ရောက်ချင်းမှာပင် ဧည့်သည်တစ်ယောက်စောင့်နေသသည် ဆိုသောကြောင့် ရုံးခန်းဆီသို့ ဦးတည်ခဲ့တော့သည်။ သူ တံခါးဖွင့်ဖွင့်ခြင်းမှာပင် သူ၏ စားပွဲပေါ်တွင် ခြေထောက်တင်ကာ ခုံပေါ်၌ လေးတွဲစွာထိုင်ရင်း ဖုန်းပွတ်နေသော လူငယ်တစ်ဦးကိုမြင်လိုက်ရလေသည်။ ထိုကောင်လေးမှာ အပေါက်အပြဲများပါသော ဂျင်းဘောင်းဘီနှင့် တီရှပ်ကိုယ်ကျပ်ကို ဝတ်ဆင်ထားကာ မျက်နှာပေါ်တွင် ညိုမည်းဒဏ်ရာများက အထင်းသား။

"မင်း ဘာလာလုပ်တာလဲ။"

သျှန်နောင် စိတ်ပျက်ပျက်ဖြင့် ထိုကောင်လေးကို မေးကာ အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ထိုကောင်လေးက သူဝင်လာသည်နှင့် သူလုပ်သမျှကို မျက်တောင်မခတ်ကြည့်နေသည်။

ခဲရောင်ရင့်ရင့် dress pants နှင့် အဖြူရောင်လည်ကတုံးရှပ်ကို လက်ခေါက်ကာ ဝတ်ဆင်ထားသော ထိုလူကြီးသည် gentleman ဆန်လှသလို Style လည်းကျလှသည်။

"ခင်ဗျား ဘာမှ မဖြစ်ဘူးမဟုတ်လား။"

သျှန်နောင် ထိုကောင်လေးအမေးကြောင့် ကလပ်မရောက်ခင် ခေါ်လာသော ဖုန်းကို သတိရလိုက်ပြီး...

"နေပါဦး ငါ့ကို ခေါ်တာ မင်းလား။"

"နေပါဦး ခင်ဗျားကို ကျွန်တော့်နာမည် မပြောမိဘူးလား။"

ကောင်လေးက စဉ်းစားဟန်ပြုနေစဉ် သျှန်နောင်က ခေါင်းညိတ်လိုက်ပြီး...

"အင်း... မင်း မပြောဘူး။ နောက်ပြီး ငါ့ဖုန်းနံပါတ်ကို မင်းဘယ်လိုရလဲ။"

"နံပါတ်လောက်က မင်းသုသျှင်အတွက် စာမဖွဲ့လောက်ပါဘူး။ ခင်ဗျား ဆိုင်ကို ဖုန်းဆက်ပြီး ခင်ဗျားနဲ့ အရေးတကြီးပြောဖို့ရှိလို့ဆိုပြီး တောင်းလိုက်တာပေါ့။"

မင်းသုသျှင်က ခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။

"ဟုတ်ပါပြီ ဒါဆို အောင်ထူးကိစ္စ ဘယ်လိုသိပြီး၊ ဘယ်လိုသဒ္ဒါပေါက်ပြီး ငါ့ဖုန်းဆက်ရတာတုန်း။"

"အင်း... အဲ့ဒါက ခင်ဗျား ကျွန်တော့်ကို မထိုးဘူးလို့ ကတိပေးရမယ်။"

မင်းသုသျှင်က မေးစေ့ကို လက်ဖြင့်ပွတ်ကာ တွေးတွေးဆဆဖြင့် ပြောလာတော့ သျှန်နောင် မျက်ခုံးတစ်ဖက်ကို ပင့်ကြည့်မိပါသည်။ ဒီကောင်လေး အမှတ်သည်းခြေ ရှိပုံပေါ်သည်။

"ဒါတော့ မင်း ငါ့ကို ကိုယ်ထိလက်ရောက် မလုပ်ရင် ငါမင်းကို လက်ဖျားနဲ့တောင် မတို့ဘူး။"

"ခင်ဗျားကလည်း ကျွန်တော်က ခင်ဗျားကို ထပ်နမ်းမလို့ ချောင်းနေတဲ့ဟာကို..."

မင်းသုသျှင်က ကလေးတစ်ဦးပမာ နှုတ်ခမ်းလေးကို မသိမသာ ထော်ကာ ပြောရင်းဖြင့် သူ့နှုတ်ခမ်းတို့ကို တပ်မက်စွာ ကြည့်လာလျှင် သျှန်နောင်မှာ ကြက်သီးများပင် ထလာတော့သည်။ မည်သို့ပင်ဆိုစေ ဟန်ကိုယ့်ဖို့ဆိုသည့်အတိုင် မင်းသုသျှင်ကို ပြန်စိုက်ကြည့်လိုက်ပြီး....

"ကဲပါ... ငါမေးတာသာ ဖြေစမ်းပါ။"

"ခင်ဗျားကလည်း ဦးမြတ်ဘုန်းလျှံက ကျွန်တော့်ရဲ့ သကြားဖေဖေဆိုမှတော့ ဒီကိစ္စမသိပဲနေမလား။ အောင်ထူးက သူ့အစ်ကို ဆုံးသွားတာမကျေနပ်လို့..."

"နိုင်ထူး ဆုံးသွားပြီ...?"

"ဟုတ်တယ်လေ... ခင်ဗျားမသိဘူးလား။ အချုပ်ထဲမှာ အသတ်ခံလိုက်ရတာတဲ့။"

"ဟင့်အင်း... ငါလုံးဝမသိဘူး။"

"ဒါပေမယ့် အောင်ထူးက ခင်ဗျားလက်ချက်ထင်ပြီး ဝူးဝူးဝါးဝါးနဲ့ ပေါက်ကွဲနေတာ။ ခင်ဗျားကို သတ်မယ်ဖြတ်မယ်လို့ ကြိမ်းဝါးနေတာကို မကြားချင်မှအဆုံး။"

သျှန်နောင် မျက်မှောင်ကြုတ်လိုက်ပါသည်။ နိုင်ထူးက ဘာကိစ္စနဲ့ လုပ်ကြံခံရပါသနည်း၊ ဘယ်လိုပဲဖြစ်ဖြစ် အောင်ထူးအနေဖြင့် အခြေအမြစ်မရှိသော ယူဆချက်တစ်ခုဖြင့် လူတစ်ယောက်ကို သတ်ဖို့ကြီုးစားခြင်းသည် တော်တော်လက်လွတ်စပယ်နိုင်လှသည်။

"မင်း အဘိုးကြီးကကော မတားဘူးလား။"

"ဘိုးတော်က ယိုးဒယားမှာ။ အလုပ်ကိစ္စလို့တော့ ပြောတာပဲ"

အဲ့ဒါမှ အေးရော။ ဒီတခါလည်း သူ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရတော့မည် ထင်ပါရဲ့။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်က ခင်ဗျားကို ရအောင်စားဖို့ ရည်ရွယ်ထားပြီးသား။ ဒီတော့ ကျွန်တော် မစားရသေးပဲ ခင်ဗျားကို မသေမခံနိုင်ဘူး။"

မင်းသုသျှင် ဆက်ပြောလိုက်သော စကားကြောင့် သျှန်နောင်မှာ သွေးပင်တက်ချင်သွားသည်။ ဘယ်နှယ့်....။ ဒီကောင်လေး လူကြီးကို လူကြီးမှန်းမသိ။

"မင်းသုသျှင်... ငါကလေ မင်းအဖေလောက်ရှိတယ် ဆိုတာ မမေ့ပါနဲ့။"

"ကျွန်တော့်လက်ရှိ official ဘဲကြီးကလည်း ခင်ဗျား အဖေလောက်ရှိတာကို ခင်ဗျားလည်း မမေ့ပါနဲ့။"

သျှန်နောင်မှာ အခြိမ်းခြောက်ခံ သူ့ဘဝကြီးကို စိတ်ကုန်လာတော့သည်။ ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင့် တွေ့သမျှလူတိုင်းက သူ့ကို ခြိမ်းခြောက် နေမှန်းမသိ။

"ကဲပါလေ... မင်း ငါ့ကို သတင်းပေးတာ ကျေးဇူးပဲ..."

ဘယ်လိုပဲဖြစ်ဖြစ် စကားမြန်မြန်ဖြတ်ကာ ထိုကျေးဇူးရှင်လေးကို ပထုတ်ရန် ကြံရွယ်လိုက်သည်။

"ဒါဆို ကျေးဇူးဆပ်လေ။"

သျှန်နောင်၏ စကားမဆုံးမှီမှာပင် ထိုကောင်လေးက ဝိုင်းစက်လှပသော မျက်လုံးများဖြင့် သူ့ကို ရွှန်းရွှန်းစားစားကြည့်ကာ ပြောလာပုံက အခြားလူဆို ကြွေကျမြောပါသွားနိုင်သော်လည်း သျှန်နောင်ကတော့ သတိတစ်ချက် အလွတ်မခံနိုင်ပါ။ ထိုအပြစ်ကင်းစင်ဟန်ရှိသော မျက်လုံးများ၏ နောက်တွင် ဉာဏ်ရောင်စုံကွန့်မြူးကာ သူ့ကို ကျားချောင်းချောင်းနေသည်ကို သူ့ရင်ထဲ၊ အသည်းထဲက သိနေလေသည်။

"ဘယ်လို ကျေးဇူးဆပ်ရမလဲပြော"

"တကယ်...?"

"အင်း... အိပ်ရာပေါ်က ကိစ္စတွေကလွဲရင်"

ထိုကောင်လေး၏ အကြည့်က သားကောင်တွေ့သော သားရဲတိရိစ္ဆာန်လို ပို၍ စူးရှလာသဖြင့် ကန့်သတ်ချက်ကို မြန်မြန်ပြောလိုက်ရသည်။ နို့မို့ဆို ကျေးဇူးရှင်လေးက သူ့ကို စိတ်တို အောင်လုပ်တော့မည်မှန်း သူသိနေသည်။

"ကိစ္စမရှိပါဘူး။ အိပ်ရာပေါ်မှာ မဟုတ်လဲ ဒီရုံးခန်းထဲက အဲ့ဒီ့ဆိုဖာပေါ် မှာလဲဖြစ်ပါတယ်။"

မင်းသုသျှင်က သူထိုင်နေသော ဆိုဖာကို ညွှန်ပြကာပြောလာသည်။ တွေ့တယ် မဟုတ်လား။ ပြောရင်းဆိုရင်းဖြင့် ဇာတ်လမ်းစလာပြီ။ သျှန်နောင် စိတ်ပျက်စွာဖြင့် စိုက်ကြည့်လိုက်လျှင်...

"ဘာလဲ.... office sex မကြိုက်ဘူးလား။ ဒါဆိုရင် ဟော်တယ်သွားမယ်လေ။"

""မင်းသုသျှင်... မင်း ငါ့ကို ဘာမှတ်နေလို့လဲ။"

သျှန်နောင်မှ တစ်သက်နှင့်တစ်ကိုယ် "‌ေ-ာက်ခြောက်"ဟု အခေါ်ခံရသည်တောင် တစ်ခါမှ ဤမျှလောက် စိတ်အနှောင့်အယှက်မဖြစ်ဘူးပါ။

"ကျွန်တော် လုပ်ရမယ့်လူလေ။"

"ဘာ?!!!"

လူကြည့်တော့ နို့နံ့ပင်စင်ပုံမရသေးသော ကောင်လေးကများ စော်စော်ကားကား....

"ဘာလဲ။ ခင်ဗျားက လုပ်ချင်တာလား။ ဒါဆိုလည်း တစ်ယောက်တစ်လှည့်လေ။"

သျှန်နောင် ပွင့်အန်လုလု ဒေါသများကို ပြန်မျိုချလိုက်ကာ...

" မင်းဒီလောက် မနေနိုင်မထိုင်နိုင်ဖြစ်နေရင် မင်း အဘိုးကြီးကို သွားလုပ်ပါလား။"

"လုပ်သားပဲ...။ အာသာမပြေလို့။"

သျှန်နောင်မှာ တကယ့်ကို ဘာဆိုဘာပြောရမှန်းမသိတာ့ပါ။ စိတ်တွေလည်း ညစ်လွန်းလို့ ဒေါသထွက်နေတာပင် ဘယ်ရောက်သွားမှန်းမသိတော့။

"ဘာလဲ ခင်ဗျားက ကျွန်တော့်လို ငယ်ငယ်ချောချောလေးက ညှိနှိုင်းနေလို့ ဈေးကိုင်နေတာလား။"

ရာသီချိန်ရောက်နေသည့် ယုန်ကောင်လို ဦးနှောက်ထဲတွင် ကိစ္စတစ်ခုတည်းသာရှိသော ဤကောင်လေးကြောင့် သူ ရူးချင်သလိုပင် ဖြစ်လာသည်။

"ကိုမင်းသုသျှင်ရယ်... ကျွန်တော် တောင်းပန်ပါရဲ့။ ခင်ဗျား ဒီက ကြွပါတော့ဗျာ။"

"ဘာလဲ... ခင်ဗျား သဘောတူပြီလား။"

"ဘာကိစ္စနဲ့ တူရမှာလဲ။"

"ခင်ဗျားကျွန်တော့်ကို ကျေးဇူးတင်တဲ့ ကိစ္စနဲ့လေ။

"မင်းသုသျှင်... မင်း ဒီအတိုင်းဆက်ပြောနေရင် အစောကပေးထားတဲ့ ကတိကို ပြန်ရုတ်သိမ်းပြီး မင်းကို ငါလက်သီးနဲ့ ထိုးမိတော့မယ်။"

သျှန်နောင် ခံစစ်ကစားနေရာမှ ပြန်၍ တိုက်စစ်ဆင်ကာ ခြိမ်းခြောက်လိုက်သည်။

"ခင်ဗျားကလည်း စိတ်ချည်းပဲ။"

မင်းသုသျှင်က ပါးလေးကို ပွတ်ကာ မျက်နှာငယ်လေးဖြင့် ဆိုလာသည်။ သို့သော် သျှန်နောင် မသနားပါ။ ဒီလိုဟာလေးကို သနားနေလျှင် နေရင်းထိုင်ရင်းဖြင့် အစ်ကိုကြီးနှင့် ထိပ်တိုက်တွေ့ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

"ကောင်းပြီလေ... ဒီလိုဆို... ကျွန်တော်တောင်းဆိုတာ တကယ်လက်ခံမှာလား။"

မင်းသုသျှင် သက်ပြင်းချကာ ထိုင်နေရာမှ ထ၍ ထိုလူကြီးရှိရာသို့ လျှောက်သွားလျှင် ထိုလူကြီးက သတိအနေအထားဖြင့် သူ့ကိုကြည့်နေသည်။ သူမှာ ထိုလူကြီးကို ကြည့်ကာ ရယ်ချင်လာသည်။ လူကသာ ဘာမှမဖြစ်သလို အေးတိအေးစက်မျက်နှာပေးဖြင့် ထိုင်နေသော်လည်း ခန္ဓာကိုယ်က ပစ်မှတ်ကို ပစ်ခွင်းတော့မည့် မြှားတစ်စင်းနယ်။ အင်း... ဒီလူကြီး သတိရှိနေတာလည်း မှားတော့မမှားပါဘူးလေ။

မင်းသုသျှင်က သျှန်နောင်ထိုင်နေသော ဆိုဖာရှေ့သို့ရောက်လျှင် ဖြေးညှင်းစွာဖြင့် ခါးကိုကိုင်းလိုက်ပြီး ဆိုဖာ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လက်ကိုထောက်သည်။ ထို့နောက် သူ့ကို စူးစူးရဲရဲကြည့်နေသော ထိုလူကြီး၏ မျက်နှာလှလှလေးကို အပေါ်မှ စီး၍ကြည့်မိသည်။ ဤသည်က သူအမှား...

"မင်းနော် မင်း.."

သူ့မျက်နှာနှင့် စင်တီမီတာ လေးငါးစိတ်မျှသာ ကွာသည်အထိ ကပ်လာသော မင်းသုသျှင်၏ မျက်နှာကြောင့် သတိပေးလိုက်ပါသည်။

"ခင်ဗျားကလည်း ကျွန်တော် ခင်ဗျားကို မထိသေးဘူးလေ။"

မထိဘူးဟုသာပြောတာ သျှန်နောင်သာ တစ်ခုခုပြောမိပါလျှင် သေချာပေါက် နှုတ်ခမ်းချင်းထိတော့မည်။ ယခုတောင်မှ ထွက်သက်ဝင်သက်ခြင်း ဖယ်လှယ်နေရသည်။ ဤသည်က မင်းသုသျှင်၏ ရင်ကို လှိုက်ခုန်မောစေသည်။ ထိုသမင်မျက်လုံးများကို ခွင့်တောင်းသလို ကြည့်လိုက်သော်လည်း ထိုမျက်လုံးများက ဇက်ကောင်းလို့ ဓါးတောင်းတာလားဟူသော အကြည့်တို့ဖြင့် တုံ့ပြန်လာသည်။ မတတ်နိုင် နောင်ခါလာနောင်ဈေးပေါ့။ ပထမအဆင့်အနေဖြင့် ထိုသူ၏ လက်များကို လျှင်မြန်စွာ ချုပ်ကိုင်လိုက်သည်။ သို့သော် သျှန်နောင်က သူ့ထက်ပို၍ လျှင်သည်။ သူလက်များကို ကိုင်လိုက်သည်နှင့် သျှန်နောင်က ခေါင်းကို နောက်သို့ ယို့လိုက်ပြီး အားကုန်သုံးကာ မင်းသုသျှင်နှင့် နဖူးချင်းတိုက်လိုက်တော့သည်။

"ခွပ်...!"

"အားလာလာ...!!!"

သျှန်နောင်က နဖူးအနည်းငယ်နာသွားသော်လည်း မင်းသုသျှင်ခမျာ ကြယ်နှင့်လသာမက ဂြိုလ်ကိုးလုံးကိုပါ ထင်ထင်ရှားရှားမြင်လိုက်ရလေတော့သည်။

"ဟေ့လူကြီး... ခင်ဗျား ဘာလုပ်တာလဲဗျ။ ဒီမှာနာသွားပြီ။"

မင်းသုသျှင်မှာ နဖူးလေးကို ပွတ်ကာ ငိုမဲ့မဲ့ဖြင့်ဆိုလာတော့သည်။ သောက်ကျိုးနည်း... ဒီလူကြီးဟာလေ ရုပ်ကလေးနဲ့မှ မလိုက်... သူများသားသမီးကို သောက်ရမ်းသောက်ရမ်းလုပ်ရတယ်လို့။

"ဘာလုပ်ရမှာလဲ။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာလေ။"

"ခုခံကာကွယ်ရအောင် ကျွန်တော်က ဘာလုပ်နေလို့လဲ။"

မင်းသုသျှင် မျက်နှာပြောင်တိုက်ကာ ဗြောင်ငြင်းလိုက်ပါသည်။ ဟုတ်သည်လေ။ ဒီလူကြီးက ဘယ်က သက်သေရှိလို့ သူနှင့်ပြိုင်ငြင်းပါမည်နည်း။

"မင်း ပြောင်လိမ်ပြောင်စားမလုပ်နဲ့။ မင်း ဘယ်အကွက်တွေ ရွှေ့နေတာလဲဆိုတာ ငါသိတယ်။"

"ကျွန်တော်က ဘာလုပ်နေလို့လဲ။"

"ဪ... ဒါဆို ငါလက်ကို ချုပ်ပြီး မင်းက ဘာလုပ်မလို့လဲဆိုတာ တစ်ဆိတ်လောက် ရှင်းပြစမ်းပါဦး။"

"ခင်ဗျားကလည်း လက်ကလေးကိုင်တာပဲ တွန့်တိုလိုက်တာ။"

"မင်းက လက်ကိုင်ရုံနဲ့ ပြီးမှာမှ မဟုတ်တာ။"

"အဟော်...ဟော်... အဲ့ဒါဆို ခင်ဗျားက ဘာကို မျှော်လင့်နေတာလဲ"

ထိုကောင်လေး၏ ပြည်တည်တည်မျက်နှာပေးကြောင့် သျှန်နောင် စိတ်ပျက်ပျက်ဖြင့် ခေါင်းကိုခါလိုက်ပြီး။

"ကဲ... ကိုမင်းသုသျှင်... ခင်ဗျားနဲ့ စကားနိုင်လုဖို့ ကျွန်တော့်မှ အချိန်မရှိဘူး။ ဒီတော့ ခင်ဗျားပြောစရာမရှိရင် ပြန်တော့။"

"ဒါဆို... ကျွန်တော် ခင်ဗျားကို တောင်းဆိုစရာရှိတယ်။"

"ပြော"

"ဒီကလပ်ကို ကျွန်တော်မလာရဘူးလို့ တားမြစ်ထားတာ ပြန်ရုတ်သိမ်းပေးရမယ်။"

"ဖြစ်တယ်။"

"ဒီကလပ်ရောက်ရင် ကျွန်တော့်အတွက် VIP private room ကို FOC (Free of Charge) အနေနဲ့ပေးရမယ်။ နောက်ပြီး Beer အလကားတိုက်ရမယ်။"

"အကန့်အသတ်တော့ရှိတယ်။ ပထမအချက်အနေနဲ့ Basic Private Room ယူရင် ပထမ နှစ်နာရီကို Free ပေးမယ်။ Karaoke နဲ့ Pool Table ပါတဲ့ Private room တွေ Free မရဘူး။ အဲ့ဒီအခန်းထဲမှာ စားသောက်သမျှ Free မရဘူး။ နှစ်အချက် Beer ကို ခွက်ကြီး နှစ်ခွက် သို့မဟုတ် ဘူးနဲ့ဆို နှစ်ဗူး ပုလင်းနဲ့ဆို နှစ်ပုလင်းပဲရမယ်။ Beer ဆို Beer ပဲ။ သူနဲ့ တန်ဖိုးတူ အခြားသောက်စရာမရဘူး။"

ဒီလူက ဒီလိုကျတော့ အလာကြီးပဲဟု မင်းသုသျှင်တွေးကာ ခေါင်းညိတ်လိုက်ပါသည်။

"ကောင်းပြီလေ။ နောက်တစ်ချက်ရှိသေးလား။"

"အစ်ကိုကြီးက ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှာလာရင် မင်းဖြေရှင်းပေးရမယ်။"

"သိပ်ရတာပေါ့။"

မင်းသုသျှင်က လက်ဆန့်တန်းပေးလိုက်လျှင် သျှန်နောင်က...

" ကောင်းပြီ။ ငါ သဘောတူတယ်။"

မင်းသုသျှင်၏ လက်ကိုဆွဲကိုက်ကာ လက်ဆွဲနှုတ်တက်လိုက်လေလျှင် မင်းသုသျှင်က သျှန်နောင်၏ လက်ကို ဆွဲယူကာ လက်ဖမိုးကို သူ့ပါးနှင့် အသာဖိကပ်လိုက်ပြီး နှုတ်ခမ်းစွန်းလေးဖြင့် မသိအသာ နမ်းရှိုက်လိုက်သည်။

"မင်း...!"

မင်းသုသျှင်က ချက်ချင်းပင် လွှတ်ပေးလိုက်ပြီး...

"ကဲ... ကျွန်တော် သွားတော့မယ်။ ကောင်းသောညပါဗျာ။"

မင်းသုသျှင်က လိုချင်တာရသော ကလေးတစ်ဦးပမာ ပျော်မြူးစွာ အခန်းထဲမှ ထွက်သွားတော့သည်။ သျှန်နောင်ကတော့ ထိုကောင်လေး၏ ကျောကိုငေးကြည့်ကာ သက်ပြင်းချလိုက်တော့သည်။

"သျှန်နောင်ရေ... မင်းကို ပြဿနာက လာရှာပြီနဲ့တူတယ်ဟ။"

--------------------------------------

August 29, 2019 Thursday.

Edited on – Jan 31, 2021

--------------------------------------

>>>>>ZawGyi<<<<<

ယေန႔ ႐ုပ္ရွင္အဖြဲ႕သားမ်ား မနက္အေစာလာမည္ျဖစ္ရာ သၽွားအိမ္ ေစာေစာထကာ ျပင္စရာရွိသည္မ်ားကို ျပင္ဆင္ရေတာ့သည္။ အဓိကကေတာ့ ဆိုင္သန႔္ရွင္းေရးျဖစ္သည္။ သို႔ေသာ္ Cashier ႏွင္းႏွင္းႏွင့္ လက္ေထာက္ Pastry Chef တိုးငယ္တို႔ကလည္း အလိုက္တသိျဖင့္ ေစာေစာလာေပးသျဖင့္ အဆင္ေျပသြားသည္။ သုံးဦးသား လုပ္စရာရွိသည္မ်ားကို အားလုံးအစီအစဥ္တက်ျဖင့္ လုပ္ကိုင္ကာ ျမန္ျမန္ဆန္ဆန္ ဆိုင္ဖြင့္လိုက္ပါသည္။

ဆိုင္ဖြင့္ၿပီး သိပ္မၾကာပါ။ ရိုက္ကြင္းတာဝန္ခံ ကိုအုန္းညိဳေရာက္လာၿပီး ယေန႔ရိုက္မည့္ ဇာတ္ကြက္ကိုရွင္းျပလာသည္။ ထိုရွင္းျပခ်က္အရဆိုလၽွင္ ပထမဆုံးရိုက္ကူးမည့္ ဇာတ္ဝင္ခန္းမွာ အဓိကဇာတ္ေဆာင္မင္းသမီးျဖစ္ေသာ သူသူႏွင့္ ဆိုင္တြင္ စားပြဲထိုးအျဖစ္လုပ္ကိုင္ေနေသာ အဓိကဇာတ္ေဆာင္မင္းသားႏွင့္ ေတြ႕ဆုံမည့္အခန္းျဖစ္သည္။ ထို႔ေၾကာင့္ ဆိုင္မွ ပန္းကန္ခြက္ေယာက္တခ်ိဳ႕ သုံးလိုေၾကာင္း ေတာင္းဆိုလာလၽွင္ သၽွားအိမ္ ေခါင္းညိတ္လိုက္ပါသည္။ ထို႔ေနာက္ မင္းသမီးႏွင့္ ဇာတ္ရံမင္းသားတို႔ စကားေျပာသည့္အခန္းကို ရိုက္ကူးမည္ျဖစ္ေၾကာင္းပါ အသိေပးလာသည္။

ကိုအုန္းညိဳႏွင့္ ေျပာစရာရွိသည္မ်ားေျပာဆိုၿပီးလၽွင္ သူသူ ေရာက္ခ်လာေတာ့သည္။

"Morning ကိုသၽွား။"

"morning မသူသူ"

"ကိုသၽွားေတာ့မသိဘူး။ သူသူေတာ့ စိတ္ေတြလႈပ္ရွားေနတယ္။"

"ဘာလို႔လဲ။"

သူသူက သူမကို ႏွစ္သိမ့္ေစရန္အလို႔ငွါ စကားေခၚလိုက္ေသာ္လည္း သၽွားအိမ္၏ တုံးတိတိတုန႔္ျပန္မႈေၾကာင့္ နင္ပင္သြားေတာ့သည္။

"ဪ... ကိုသၽွားေရွ႕မွာ သ႐ုပ္ေဆာင္ရမွာဆိုေတာ့... စိတ္လႈပ္ရွားတာေပါ့။ သူသူက တခါမွ ကိုယ္နဲ႔ရင္းႏွီးကၽြမ္းဝင္တဲ့ လူတစ္ေယာက္ရဲ့ေရွ႕မွာ သ႐ုပ္မေဆာင္ဖူးဘူးေလ။"

သူသူက "ရင္းႏွီးကၽြမ္းဝင္တဲ့လူတစ္ေယာက္" ဟူေသာေနရာတြင္ တမင္ပင္ အသံကိုဖိကာေျပာလိုက္သည္။

"ဒီေတာ့လည္း ကၽြန္ေတာ့္ကို တျခားလူေတြလိုသေဘာထားလိုက္ေပါ့ဗ်ာ။"

"အို... ကိုသၽွားကလည္း သူသူက ကိုသၽွားကို ဘယ္လိုလုပ္ၿပီး တျခားလူလို သေဘာထားလို႔ရမွာလဲ။"

သူသူက ရႊန္းလဲ့ေသာ မ်က္လုံးမ်ားျဖင့္ ဆိုလာလၽွင္ သၽွားအိမ္သက္ျပင္းခ်မိပါသည္။ သူသူတစ္ေယာက္ ေရလာေျမာင္းေပးလုပ္ကာ သူ႔ကို မရမကကုပ္တြယ္ရန္ ႀကိဳးစားေနသည္ကို သူ သိပါသည္။ သို႔ေသာ္ သူႏွလုံးသားက သၽွန္ေနာင္ဟူေသာ လူသားကိုသာ ေတာင့္တေနမိသည္မွာ နတ္ေရစင္ျဖန္းလၽွင္ေတာင္ ယခင္လို အေကာင္းပကတိမျဖစ္နိုင္ပါ။

တခါတရံတြင္ သူ႔ႏွလုံးသား၏ ဆႏၵကို သူမႏွင့္ ဖုံးဖိရန္ စဥ္းစားမိျပန္ပါသည္။ သို႔ေသာ္ တခ်ိန္တည္းမွာပင္ ထိုမၽွေလာက္ ေအာက္တန္းက်ေသာ အျပဳအမူကို ေတြးေတာမိေသာ ကိုယ့္ကိုယ္ကိုယ္လည္း အံ့ၾသျခင္းတစ္ဝက္ႏွင့္ ရြံရွာစက္ဆုပ္မိပါသည္။ ဟုတ္ပါသည္။ မိမိ ခ်စ္ျခင္းေမတၱာကို ဖုံးကြယ္ထားခ်င္းကိုပင္ သူရဲေဘာေၾကာင္သည္ဟု ခံစားရေသာ သူ႔အတြက္ ထိုသို႔ မိန္းကေလးတစ္ဦးကို cover အျဖစ္တြဲဖို႔ဆိုသည္မွာ ငေၾကာက္ဘြဲ႕ကို ႏွစ္ထပ္ကြမ္းခံယူကာ တဖက္မွ ထိုမိန္းကေလးကို လိမ္ညာေစာ္ကားလိုက္သလိုပင္။

"သူသူေရ... စရေအာင္ေလ။"

"အင္း... လာၿပီ။"

သူသူ သူ႔ေရွ႕မွာ လွည့္ထြက္သြားလၽွင္ သၽွားအိမ္လည္း ထုံးစံအတိုင္း မနက္စာအတြက္ ျပင္ဆင္စရာရွိသည္ကို ျပင္ဆင္ေနလိုက္သည္။

တဖက္တြင္လည္း ႐ုပ္ရွင္အဖြဲ႕သားမ်ားက ရိုက္ကူးေရးစၿပီျဖစ္သည္။ ပထမ scenes တြင္ သူသူ ဆိုင္ထဲသို႔ ဝင္လာေသာအခန္းမွ စမည္ျဖစ္ရာ ကင္မရာဆရာမွာ ကင္မရာကို ဆိုင္တံခါးဝသို႔ လွည့္ၿပီး အဆင္သင့္ျပင္ထားၿပီျဖစ္သည္။ ဒါရိုက္တာမွ စရန္အခ်က္ျပလိုက္သည္ႏွင့္ အဓိကဇာတ္ေဆာင္မင္းသမီးျဖစ္သူ သူသူက စတိုင္အျပည့္ျဖင့္ ဆိုင္ထဲသို႔လွမ္းဝင္လာေတာ့သည္။ သူမ၏ ေျခလွမ္းတိုင္းက မိမိကိုယ္ကို ယုံၾကည္မႈအျပည့္ရွိေသာ ဇာတ္ေကာင္၏ စရိုက္ကို ေပၚလြင္ေအာင္ ေဖာ္က်ဴးေနသည္။

ထိုစဥ္ တံခါးေခါင္းေလာင္းသံ တိုးတိုးညႇင္းညႇင္းႏွင့္အတူ အမ်ိဳးသားတစ္ဦး သူသူ႔ ေနာက္မွ ကပ္လၽွက္ ဆိုင္ထဲသို႔ ဝင္လာသည္။ ၾကက္ေသြးေရာင္ရင့္ရင့္ လည္ကတုံးရွပ္လက္ရွည္ႏွင့္ အနက္ေရာင္ ေယာပုဆိုးတို႔ကို ဝတ္ဆင္ထားေသာ ထိုလူသည္ နတ္သားတပါးအပူေဇာ္ခံရန္ ႂကြခ်ီလာသည့္ႏွယ္ ေတာက္ပလွေသာ ကိုယ္ေရာင္ကိုယ္ဝါတို႔က ျမင္သူတိုင္းကို ေငးေမာေစေတာ့သည္။ သၽွားအိမ္မွာမူ ထိုအမ်ိဳးသားေၾကာင့္ ရင္ထဲေမာဟိုက္လာသည္။

သၽွန္ေနာင္မွာ parking lotတြင္ ရပ္ထားေသာ ကားႀကီးကားငယ္အသြယ္သြယ္ေၾကာင့္ အံ့ၾသစြာျဖင့္ ဆိုင္ထဲဝင္လာခဲ့သည္။ အျမဲလိုလို ဒီလိုအခ်ိန္ဆို သူကားတစ္စီးသာ ရွိတတ္သည္မဟုတ္လား။ သို႔ေသာ္ ဝင္ဝင္လာခ်င္းေတြ႕လိုက္ရေသာ ကင္မရာႏွင့္ လူတစ္စုေၾကာင့္ ႐ုပ္ရွင္ရိုက္ေနမွန္း သေဘာေပါက္သြားေတာ့သည္။ မည္သို႔ျဖစ္ေစ သူႏွင့္မဆိုင္ေသာကိစၥျဖစ္သျဖင့္ ကင္မရာကို ၾကည့္ေနမိသည္မွ မ်က္ႏွာလႊဲလိုက္ၿပီး ေကာင္တာသို႔ေလၽွာက္လာခဲ့သည္။ သူ‌ေရာက္ၿပီးျဖစ္ေၾကာင္း ႏွင္းႏွင္းမွတဆင့္ သၽွားအိမ္အား အမွာပါးရမည္။

ျဖစ္ခ်င္ေတာ့ ေကာင္တာတြင္လည္း အမ်ိဳးသမီးတစ္ဦးရွိေနႏွင့္သျဖင့္ သူမေနာက္မွ ခပ္ခြာခြာရပ္ကာ သူ႔အလွည့္ကိုေစာင့္ဆိုင္းေနလိုက္သည္။ အခ်ိန္ကိုက္ပင္ သၽွားအိမ္က kitchen ေကာင္တာအကြယ္မွ ထြက္လာၿပီး သၽွန္ေနာင္အား ထိုင္ေနၾကစားပြဲတြင္ ထိုင္ေနရန္ ေျခဟန္လက္ဟန္ျဖင့္ ေျပာလာသည္။ သၽွန္ေနာင္က သေဘာေပါက္ေၾကာင္း ျပန္လည္ေခါင္းညိတ္ျပလိုက္သည္။ ထိုစဥ္ သူ႔ေရွ႕မွ အမ်ိဳးသမီးက ခ်ာခနဲျပန္လွည့္ထြက္လာသည္တြင္ လူခ်င္းတိုက္မိကုန္ေတာ့သည္။

"အင့္...!"

"အယ္...???"

သူသူ႔မွာ တိုက္မိသည့္အရွိန္ျဖင့္ ေျခေထာက္ေခါက္ကာ ေနာက္ျပန္လန္ လဲက်သြားေတာ့သည္။ သို႔ေသာ္ သန္မာေသာ လက္တစ္စုံက သူမအား ပုခုံးမွ ဖမ္းကာ ေပြ႕ထိန္းလိုက္ေသာေၾကာင့္ လဲက်မည့္ေဘးမွ လြတ္ကင္းသြားေတာ့သည္။

"စိတ္မရွိပါနဲ႔ဗ်ာ။"

ထိုသူက ေတာင္းေတာင္းပန္ပန္ျဖင့္ ဆိုလာေတာ့မွ ထိုသူမ်က္ႏွာ ေသခ်ာၾကည့္မိလၽွင္ ဘုရားတခ်င္သြားေတာ့သည္။ ဘယ္ႏွယ့္ ေယာက္်ားတစ္ေယာက္လုပ္ၿပီးေတာ့မ်ား....။

သၽွန္ေနာင္မွာ သူဖမ္းထိန္းေပးလိုက္ေသာ ထိုမိန္းကေလး၏ ေခ်ာေမာေသာ မ်က္ႏွာေလးကို အနီးကပ္ရႈစားကာ သူမ၏ အလွကို ပန္းတစ္ပြင့္ႏွင့္ ႏွိုင္းယွဥ္ကာ ရင္ထဲတြင္ အသိအမွတ္ျပဳလိုက္ပါသည္။

"ကတ္...!"

ဒါရိုက္တာက ရပ္ရန္ေဆာ္ၾသသံႏွင့္အတူ သူမကို ထိန္းေပြ႕ထားေသာ ထိုလူကို တြန္းထုတ္လိုက္သည္။

သူမက အမ်ိဳးသမီးမို႔ အမ်ိဳးသားတစ္ဦး၏ ယခုလို အထိအကိုင္ကို သ‌ေဘာမေတြ႕သျဖင့္ တြန္းထုတ္သည္ကို သၽွန္ေနာင္ နားလည္ပါသည္။ သို႔ေသာ္လည္း သူကေတာ့ သူမ၏ ပုခုံးသားမ်ားကို ဆုပ္ကိုင္ကာ လြတ္ထြက္မသြားေစရန္ ေပြ႕ကာထိန္းေပးထားျမဲ။ ေတာ္ၾကာလႊတ္လိုက္လို႔ သူမခမ်ာ ေခါင္းႏွင့္ပါ ထပ္က်ေနမည္။ ထို႔‌ေၾကာင့္ သူမဟာသူမ မတ္တပ္ရပ္ရန္ အဆင္ေျပသည့္ အေနအထားေရာက္သည္အထိ ထိန္းကိုင္ေပးလိုက္သည္။

သူသူ႔အေနျဖင့္ သ႐ုပ္ေဆာင္သည္လည္း မဟုတ္ပါပဲ အမ်ားေရွ႕ဝယ္ အမ်ိဳးသားတစ္ဦး၏ ရင္ခြင္ထဲမွ ယခုလိုအေနအထားသည္ ကသိကေအာက္ျဖစ္စရာ ေကာင္းလွသည္။ ထို႔ေၾကာင့္ မရမကပင္ ႐ုန္းကန္ကာ သူမေျခေထာက္ေပၚတြင္ ရပ္မိရန္ ႀကိဳးစားလိုက္ပါသည္။ သို႔ပါေသာ္လည္း ထိုသူက သူမကို မလြတ္တမ္း ဖမ္းကိုင္ထားသည္။ မဟုတ္မွာလြဲေရာ။ ဒီလူ သူမကို အသားယူေနတာမ်ားလား။ မည္သို႔ဆိုေစ ေနာက္ဆုံးတြင္ သူမခမ်ာ ႐ုပ္ပ်က္ဆင္းပ်က္ျဖင့္ ထရပ္လိုက္နိုင္ပါသည္။ ထိုအခါမွ ထိုလူမွာ ဖမ္းကိုင္ထားသည္ကို အသာအယာ ေျဖေလ်ာ့လိုပါသည္။ သို႔ေသာ္ ေျခက်င္းဝတ္က နာလြန္းသျဖင့္ ေကာင္းေကာင္းမရပ္နိုင္။ ဒီၾကားထဲ ေဒါက္ျမင့္ဖိနပ္ကလည္း စီးထားေသးသည္ျဖစ္ရာ မိမိေျခေထာက္ေပၚရပ္ရန္ ႀကိဳးစားေလ ပိုယိမ္းယိုင္ေလ ျဖစ္ေနရွာေတာ့သည္။

သၽွန္ေနာင္မွာလည္း သူမကို ၾကည့္ကာ ဒီအတိုင္း မေနနိုင္။ အနီးရွိခုံတစ္ခု ဆြဲယူကာ သူမကို ထိုင္ေစသည္။ ၿပီးလၽွင္ သူက သူမေရွ႕တြင္ ထိုင္ခ်လိုက္ၿပီး သူမ၏ ေျခက်င္းဝတ္အေျခအေနကို စစ္ေဆးလိုက္သည္။ သို႔ေသာ္ သူမက သူ႔လက္မ်ားကို ကန္ထုတ္လိုက္ၿပီး....

"ရွင္ မထိပါနဲ႔!"

"ဪ... ေတာင္းပန္ပါတယ္ဗ်ာ။"

သၽွန္ေနာင္က သူမ၏ ေအာ္ေငါက္သံေၾကာင့္ လက္ကို႐ုတ္ကာ မတ္တပ္ရပ္လိုက္ပါသည္။ ၾကည့္ရသည္မွာ သူ႔က သူမကို အသားယူသည္ဟု ထင္သြားပုံပင္။

သၽွားအိမ္မွာ ႐ုပ္ရွင္ဆန္လွေသာ ျမင္ကြင္းေၾကာင့္ အံ့ၾသမင္သက္ေနရာမွ သတိဝင္လာၿပီး သၽွန္ေနာင္ႏွင့္ သူသူတို႔ႏွစ္ဦးနားသို႔ အေျပးတစ္ပိုင္းႏွင့္ ေလၽွာက္လာခဲ့သည္။ ထိုအတူ သူသူ၏ မန္ေနဂ်ာႏွင့္ ရိုက္ကြင္းတာဝန္ခံတို႔ပါ ေရာက္လာသည္။

"ဘာျဖစ္သြားလဲ မသူသူ။"

"ေျခေထာက္နည္းနည္းနာသြားတယ္။"

သူသူက ငိုမဲ့မဲ့ျဖင့္ သၽွားအိမ္၏ အေမးကို ေျဖလာလၽွင္ သၽွန္ေနာင္မွာ စိတ္မေကာင္း။ သူမ ေနာက္သို႔ယိုင္သြားခ်ိန္၌ ေျခက်င္းဝတ္လည္သြားဟန္ရွိသည္။

"ေတာင္းပန္ပါတယ္ဗ်ာ။ မေတာ္လို႔ပါ။"

"ရွင္ ေတာင္းပန္႐ုံနဲ႔ ၿပီးေရာလားရွင့္။ ဒီမွာ လူတစ္ေယာက္လုံး နာသြားတဲ့ကိစၥကို"

မန္ေနဂ်ာမမက ဝင္ေဟာက္လိုက္ေသးသည္။ သၽွန္ေနာင္ခမ်ာ မ်က္ႏွာငယ္ေလးျဖင့္..

"အဲ့ဒါဆို ကၽြန္ေတာ္ ေဆး႐ုံလိုက္ပို႔ေပးပါရေစ။"

"ေျပာမွသိေတာ့ ဘာလုပ္ရမွာလဲ။"

သၽွားအိမ္မွာ ဘလိုင္းႀကီး ထေဟာက္ေနေသာ မန္ေနဂ်ာမမကို ၾကည့္ကာ ေမတၱာခမ္းလာသျဖင့္....

"ဒါဆိုလဲ ၿပီးေရာေလ။ ကၽြန္ေတာ့္ မိတ္ေဆြက ခင္ဗ်ားတို႔ကို တာဝန္ယူမယ္လို႔ ေျပာတယ္ေနာ္။ ခင္ဗ်ားဖာသာျငင္းတာ။ မသူသူကိုေတာ့ အားနာပါရဲ့။"

သၽွားအိမ္က သၽွန္ေနာင္လက္ကို ဆြဲကိုင္လိုက္ၿပီး...

"လာ သြားမယ္ ကိုသၽွန္ေနာင္။"

"ဘာ...? ဒီလို လက္လြတ္စပယ္လုပ္လို႔ရမလား။"

"ခင္ဗ်ားပဲ ဘာလုပ္ရမွာလဲဆို??"

ထိုမန္ေနဂ်ာမမ၏ စကားကို သၽွားအိမ္ ျမင္ျပင္းကပ္စြာျဖင့္ ျပန္ပက္လိုက္ပါသည္။

သၽွန္ေနာင္လည္း ဘာမွမေျပာပဲ သၽွားအိမ္ဆြဲေခၚရာေနာက္သို႔လိုက္ပါလာခဲ့သည္။ သၽွားအိမ္က သၽွန္ေနာင္၏ ကားရွိရာဆီေခၚလာခဲ့ၿပီး...

"ကိုသၽွန္ေနာင္ ခင္ဗ်ားကို ကၽြန္ေတာ္ အံ့ၾသတယ္။ ခင္ဗ်ား အမွားလည္း မဟုတ္ဘူး။ ဒီလိုႀကီး အထက္စီးက ဆက္ဆံေနတာ ခင္ဗ်ားမို႔... ဟင္း..."

"သူတို႔က အမ်ိဳးသမီးေတြေလဗ်ာ။ ေနာက္ၿပီး လူၾကားသူၾကားထဲ..."

"ဒါေတာ့ ဒါေပါ့။ ဒါေပမယ့္... ဟင္း...!!!"

သၽွားအိမ္ အေတာ့္ကို စိတ္ေလ်ာ့ထားလိုက္ရပါသည္။ ဤလူကို တပါးသူက ယခုကဲ့သို႔ သူ႔မ်က္စိေရွ႕တြင္ မတရားသျဖင့္ အနိုင္အထက္ေျပာသည္ကို နည္းနည္းမၽွပင္ မႀကိဳက္ပါ။

"ကဲပါ ကိုသၽွားအိမ္ရယ္... ထားလိုက္ပါေတာ့။"

" ခင္ဗ်ားေျပာလို႔ေနာ္..."

သၽွားအိမ္၏ သုန္မႈန္ေနေသာ မ်က္ႏွာေခ်ာေခ်ာကို ၾကည့္ကာ သၽွန္ေနာင္ ကိုယ့္ကိုယ္ကိုယ္ စမ္းစစ္မိသည္။ ဒီလူ သူ႔အတြက္ ေဒါသထြက္ေနသည့္ပုံမွာ သူ႔၏ ရင္ကို ၾကည္ႏူးမႈျဖင့္ ညံ့သက္စြာ လွိုက္ခုန္ေစသည္။ ထိုရင္ခုန္သံ ၿငိမ့္ၿငိမ့္ေလးက ႏွစ္လိုဖြယ္ေကာင္းသည္ကို မျငင္းနိုင္ေသာ္လည္း လ်စ္လ်ဴရႈရန္သာရွိသည္။ ထိုသို႔ေသာ ရင္ခုန္သံမ်ိဳးႏွင့္အတူ ကပ္ပါလာမည့္ အိမ္မက္ဆိုးမ်ားကို သူ မလိုခ်င္ပါ။

"အဲ့ဒါဆို ကၽြန္ေတာ္ျပန္ဦးမယ္။"

သၽွားအိမ္၏ ဆိုင္ထဲျပန္ဝင္ရန္ မျဖစ္နိုင္သည့္အတူ သူ႔ဆိုင္ကို ေစာေစာသြားရန္ ဆုံးျဖတ္ကာ ကားေပၚတက္လိုက္ပါသည္။

"ဪ... ကိုသၽွန္ေနာင္ ခဏ..."

သၽွားအိမ္မွာ သူျပင္ၿပီးစ မနက္စာႏွင့္ ေကာ္ဖီကို သတိရကာ သၽွန္ေနာင္ကို တားျမစ္လိုက္သည္။ ထိုေနာက္ ဆိုင္ဖုန္းကို လွမ္းဆက္ကာ ထိုျပင္ၿပီးသား အစားအစာမ်ားကို ေဖာ့ဗူးမ်ားႏွင့္ ထည့္ၿပီးယူလာရန္ မွာၾကားၿပီး ဖုန္းခ်လိုက္သည္။

"ကၽြန္ေတာ္ ခင္ဗ်ားအတြက္ လုပ္ထားတဲ့ မနက္စာေလးေပးလိုက္ခ်င္လို႔။"

သၽွန္ေနာင္၏ "ဘာလဲဟင္" ဆိုေသာအၾကည့္ေၾကာင့္ ျပန္ေျဖရွင္းလိုက္သည္။ ေရွ႕မေႏွာင္းမွီမွာပင္ ဆိုင္ဝန္ထမ္းကိုစိုး ေရာက္လာသည္။ လက္ထဲတြင္လည္း စားစရာဗူးမ်ားႏွင့္။

"ဆရာ မွာတဲ့ဟာ။"

"ေအးကြာ ေက်းဇူးပဲ။ ဒါနဲ႔ ဟိုအုပ္စုေတြ ဘာျဖစ္ကုန္ၿပီလဲ။"

"မင္းသမီးရဲ့ မန္ေနဂ်ာမမေပါ့... တာဝန္ရွိသူ ဘယ္မွာလဲ တရားစြဲမယ္ ဘာမယ္ လုပ္ေနတယ္။"

"ဒါဆို ငါလာခဲ့မယ္။"

ထို႔ေနာက္ သၽွန္ေနာင္ဘက္လွည့္ကာ စားစာရာအထုပ္ကို ေပးလိုက္ၿပီး...

"ကိုသၽွန္ေနာင္ေရ မနက္ျဖန္က်မွပဲ ေအးေအးေဆးေဆးစကားေျပာတာေပါ့။"

"ခင္ဗ်ားကို အားနာ..."

သၽွန္ေနာင္မွာ သူ႔ေၾကာင့္ သၽွားအိမ္ အလုပ္ရႈပ္ရသည္ကို ျမင္ေတာ့ အားနာမိသည္။

"ခင္ဗ်ားကလည္းဗ်ာ။ ကၽြန္ေတာ္တို႔က အားနာရမယ့္လူမွ မဟုတ္တာ။ ကဲ... ကဲ... ခင္ဗ်ား သြားစရာရွိတာသာသြား။ မနက္ျဖန္မွေတြ႕မယ္။"

"အင္း... ေကာင္းေသာေန႔ပါ ကိုသၽွားအိမ္"

"ေကာင္းေသာေန႔ပါ ကိုသၽွန္‌ေနာင္။"

သၽွန္ေနာင္ ေလးပင္စြာျဖင့္ ကားကို ေမာင္းထြက္လာခဲ့သည္။ ေနာက္ၾကည့္မွန္ထဲမွ တျဖည္းျဖည္းေဝးကြာလာေသာ ထိုသူ၏ ပုံရိပ္ေၾကာင့္ သက္ျပင္းခ်လိုက္သည္။

သူ႔ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားေသာ ထိုကားေလးကို ၾကည့္ကာ စိတ္တိုမိပါသည္။ တစ္ေန႔လုံးမွ တစ္နာရီသာ ေတြ႕ရသည္ကို တိုေတာင္းလြန္းေပစြာဟု အားမလိုအားမရျဖစ္ရသည့္အထဲတြင္ ယခုေတာ့ 15 မိနစ္ခန႔္သာ ေတြ႕လိုက္ရသည္။ ဒီၾကားထဲ သူ႔ပိုင္နက္တြင္လာ၍ သူျမတ္နိုးရေသာလူကို ေဟာက္စားလုပ္လိုက္ေသးသည္။ သိမယ္။ သၽွားအိမ္အေၾကာင္း ေကာင္းေကာင္းႀကီး သိေစရမယ္။ သူ အကၤ်ီလက္ကို ပင့္တင္လိုက္ၿပီး ဆိုင္ထဲသို႔ျပန္ဝင္လာခဲ့သည္။

"...ေရခဲလိုတာ မင္းမသိဘူးလား။ မင္းတို႔က Boss က ဘယ္လိုဦးေႏွာက္နဲ႔ မင္းလို မိန္းကေလးမ်ိဳးကို ခန႔္ထားတာလဲ။"

ႏွင္းႏွင္းခမ်ာ ဘာမဆိုင္ညာမဆိုင္ အေျပာခံလိုက္ရသျဖင့္ ခံျပင္းလြန္းလွသည္။ သို႔ရာတြင္ သူမ်ားအမွားကို ကိုယ့္အမွားေတာ့ အျဖစ္မခံပါ။

သၽွားအိမ္ကေတာ့ ျပန္ဝင္ဝင္လာခ်င္း ၾကားၾကားလိုက္ရေသာ ထိုမန္ေနဂ်ာမမအသံေၾကာင့္ ေဒါသေထာင္းခနဲျဖစ္သြားရသည္။ ဒီမိန္းမက သူ႔ကိုယ္သူ ဘာထင္လို႔ သူမ်ားသားသမီးကို အလကားေန ေငါက္ငမ္းေနရသနည္း။

"ႏွင္းႏွင္း ဘာျဖစ္တာလဲ။"

"ကၽြန္မက ဒီကအစ္မရဲ့ ေျခေထာက္အတြက္ ဘာမ်ားလိုမလဲလို႔ ေမးတာပါ Boss။"

"ေဟ့... ဒီမွာ ေရခဲလိုပါတယ္ဆိုတာ... ဘာလၽွာရွည္ေနတာလဲ။ ျမန္ျမန္လုပ္ပါလား။ ဒီမွာ ေျခေထာက္ေရာင္လာေတာ့မယ္။"

ႏွင္းႏွင္းက ေအာင့္သက္သက္မ်က္ႏွာျဖင့္ အေနာက္ထဲ ဝင္သြားေတာ့သည္။

"မသူသူ ဘယ္လိုေနလဲ။"

တရႈံရႈံ လုပ္ေနေသာ သူသူကို မေနနိုင္စြာ ေမးလိုက္ပါသည္။

"နာတယ္..."

သူသူက မ်က္ရည္မ်ားၾကားမွ အသံတိုးတိုးေလးျဖင့္ ေျဖလာသျဖင့္ သၽွားအိမ္ သူမေျခေထာက္ အေျခအေနကို ၾကည့္လိုက္ပါသည္။ အျမင္အရေတာ့ ထင္သေလာက္ ဆိုးပုံမေပၚေပ။ သို႔တိုင္ေအာင္ မန္ေနဂ်ာမမက ပြစိစိျဖင့္...

"ေနပါဦး မင္းက ဒီဆိုင္ပိုင္ရွင္လား။"

"ဟုတ္တယ္။"

"ဒါ..ဒီကိစၥက မင္းရဲ့ ပိုင္နက္မွာ ျဖစ္တာ မင္းမွာ တာဝန္ရွိတယ္။ မင္းတို႔အမွားအတြက္ တာဝန္ယူရင္ယူ။ မယူရင္ ငါ့အေၾကာင္းသိမယ္။"

သူ႔အား ၿခိမ္းေျခာက္သလိုဆိုလာေသာ ထိုမန္ေနဂ်ာမမေၾကာင့္ မ်က္ခုံးတစ္ဖက္ ပင့္ၾကည့္လိုက္သည္။

"ေနပါဦး။ ကၽြန္ေတာ္ ဒီကိစၥကို တာဝန္မယူနိုင္လို႔မဟုတ္ပါဘူး။ ဒါေပမယ့္ ဒါ ကၽြန္ေတာ့္တို႔ အမွားမဟုတ္ဘူးေလ။"

"မင္းမိတ္ေဆြဆိုတဲ့ ဟိုေကာင္နဲ႔ တိုက္မိလို႔ျဖစ္တဲ့ ကိစၥေလ။ အဲဒါ မင္းတို႔ အမွားမဟုတ္လို႔ဘာလဲ။"

သၽွားအိမ္ ေဒါသအမ်က္ေခ်ာင္းေခ်ာင္း ထြက္သြားေတာ့သည္။ ဘယ္ႏွယ့္ သူ႔ ႏွလုံးသား အရွင္သခင္ကိုမ်ား ရိုင္းရိုင္းစိုင္းစိုင္း "ဟိုေကာင္"တဲ့။

"ဒီမွာ ခင္ဗ်။ ဒီကိစၥဟာ မေတာ္တဆဆိုတာ မ်က္စိပါတဲ့လူတိုင္းျမင္ပါတယ္။ ဦးေႏွာက္ပါတဲ့လူတိုင္း သိပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္တို႔... အထူးသျဖင့္... ကၽြန္ေတာ့္ မိတ္ေဆြရဲ့ အမွား လုံးဝမဟုတ္ပါဘူး။"

"မင္း ဘာေျပာတယ္။"

"အင္း... နားပါ ပါတဲ့လူကေတာ့ ကၽြန္ေတာ္ေျပာတာကို ထပ္ေမးမွာမဟုတ္ပါဘူး။"

"မင္း... မင္း... စကားကို တည္တည္တံတံေျပာစမ္း။ ေယာက္်ားမဟုတ္ဘူး။"

"ေရာ္... ခင္ဗ်ားႏွယ္။ ဘယ္လိုလုပ္ၿပီး ကၽြန္ေတာ္ ေယာက္်ားဟုတ္၊ မဟုတ္ဆိုတာကို စိတ္ဝင္စားသြားလဲ။"

သၽွားအိမ္ ျပည္တည္တည္ျဖင့္ ဆိုလိုက္လၽွင္ ျမင္သူတိုင္း ျပဳံးေစ့ေစ့ျဖစ္ေနေတာ့သည္။ ေယာက္်ားေကာင္းတစ္ဦးသည္ မိန္းမတစ္ဦးျဖင့္ ယခုကဲ့သို႔ ဖက္ကာ ရန္မျဖစ္သင့္ဆိုတာ မွန္ေသာ္လည္ သူ႔ကိုယ္သူ ေယာက္်ားေကာင္းဟု မသတ္မွတ္ထားသလို၊ သူႏွင့္ ဆိုင္သည့္ လူမ်ားကို ထိပါးလာလၽွင္လည္း မိန္းမျဖစ္၍ ၿငိမ္ခံေနမည္မဟုတ္ပါ။

"ဘာ...!!! မင္း...မင္း... လူပါးဝလို႔။"

သၽွားအိမ္က အသည္းယားစဖြယ္ျပဳံးလိုက္ၿပီး...

"အေဟာ္... ကၽြန္ေတာ့္ဆိုင္မွာ ကၽြန္ေတာ့္မိတ္ေဆြနဲ႔ ကၽြန္ေတာ့္ဝန္ထမ္းကို ဘလိုင္းႀကီး ေအာ္လာေငါက္လားလုပ္တာလည္း ခံရေသးတယ္ ကၽြန္ေတာ္ကပဲ လူပါးဝတယ္..??? အဟားဟား... ေသာက္က်ိဳးနည္း စကားႀကီးပါဗ်ာ။"

"မင္း..!!"

မန္ေနဂ်ာမမမွာ ေဒါသထြက္လြန္း၍ ခုန္ဆြခုန္ဆြျဖစ္မတတ္ ျဖစ္ေနရွာသည္ကို အရသာခံၾကည့္ေနလိုက္သည္။

"မင္း... မင္း... ေတာ္ေတာ္ ေအာက္တန္းက်တဲ့ေကာင္..."

ဒီမိန္းမႀကီး စိတ္မမွန္ဘူးႏွင့္တူသည္။ ဘယ္ႏွယ့္ ငါးစိမ္းသည္လို ရန္ေတြ႕ေနတာက သူ...။ ေအာက္တန္းစားအေခၚခံရတာက ကိုယ္ဆိုေတာ့...။

"ဟုတ္ကဲ့ အထက္တန္းစား အစ္မႀကီးခဗ်။ ခင္ဗ်ားေျပာေတာ့လဲ ခင္ဗ်ားစကားေပါ့။ အခုေတာ့ ေဟာဒီက ေအာက္တန္းစားလို႔ ခင္ဗ်ားသတ္မွတ္ထားတဲ့ေကာင္က လူႀကီးလူေကာင္းေတြနဲ႔ စကားေျပာစရာရွိလို႔ ခြင့္ျပဳပါဦး။"

"ကိုသၽွား သူသူ ေဒၚေလးအစားေတာင္းပန္..."

ထိုအခ်ိန္က်မွ တစ္ခ်ိန္လုံး တစ္ခြန္းမွဝင္မေျပာေသာ သူသူက ေတာင္းပန္လာေတာ့သည္။ သူ စိတ္ပ်က္စြာျဖင့္ သူသူ႔ကို ၾကည့္လိုက္ၿပီး...

"ဪ... ခင္ဗ်ားတို႔က တူဝရီးေတြလား။ ဒါေၾကာင့္ professional မဆန္တာကိုး။"

ဟုတ္သည္ေလ။ တကယ္ဆို ယခုျဖစ္သည့္ကိစၥ သူမအသိဆုံး။ သူမက ဝင္၍ ျဖန္ေျဖေပးရမည္။ ယခုေတာ့ သူမ အေဒၚက စြတ္ေဟာက္ေနသည္ကို မ်က္စိပိတ္နားပိတ္လုပ္ေနေသးသည္။ နာသည္ကို အေၾကာင္းျပကာ တရႈပ္ရႈပ္လုပ္ေနရေအာင္ ကေလးလည္း မဟုတ္။

ဘာျဖစ္ျဖစ္ သူမတို႔ႏွစ္ဦးစလုံးကို လ်စ္လ်ဴရႈကာ ဒါရိုက္တာအပါအဝင္ ရိုက္ကြင္းတာဝန္ခံတို႔ႏွင့္ ေဆြးေႏြးရေတာ့သည္။ အဓိကကေတာ့ ယေန႔ရိုက္ကူးေရးႏွင့္ ပတ္သက္၍ ဆိုင္ေနရာကို ဆက္လက္ ငွားရမ္းရန္ သင့္၊မသင့္။ ဦးမ်ိဳးဆက္ကႏွင့္ ကိုအုန္းညိဳတို႔က ဆက္လက္၍ သၽွားအိမ္ဆိုင္တြင္ ရိုက္ကူးလိုသည္။ သၽွားအိမ္ဘက္က ျပႆနာမရွိေသာ္လည္း ေနာက္ေနာင္ ဤသို႔ေသာကိစၥရပ္မ်ား ထပ္မံေပၚ‌ေပါက္လာလၽွင္ သူဘက္က ေနရာမငွားနိုင္ေတာ့ေၾကာင္းႏွင့္ ယခုကိစၥမွာလည္း သူတို႔ဘက္က ပေယာဂတစ္ခုမပါေၾကာင္းကို ရွင္းျပလၽွင္ ဦးမ်ိဳးဆက္ေရာ၊ ကိုအုန္းညိဳတို႔ကပါ နားလည္စြာ ေထာက္ခံလာသည္။ ၾကည့္ရသည္မွာ ထိုမန္ေနဂ်ာမမ၏ ဒရမ္မာအခ်ိဳးေတာ္သည့္အေၾကာင္း လူတိုင္းသိပုံရသည္။ မည္သို႔ဆိုေစ သုံးဦးသား schedule အသစ္ဆြဲဖို႔ ျဖစ္လာေတာ့သည္။ ထိုသို႔ မဆြဲမွီ သၽွားအိမ္က သူသူအတြက္ လူနာတင္ယာဥ္ ေခၚေပးလိုက္ပါသည္။ သူမႏွင့္ မန္ေနဂ်ာမမထြက္သြားသည္ႏွင့္ သၽွားအိမ္ႏွင့္ ဦးမ်ိဳးဆက္တို႔က schedule အသစ္ဆြဲၾကသည္။ ၿပီးမွ က်န္ရွိသည့္႐ုပ္ရွင္အဖြဲ႕သားမ်ားကလည္း က်န္ဇာတ္ဝင္ခန္းမ်ားထဲမွ သူသူမပါသည့္ ဇာတ္ဝင္ခန္းတခ်ိဳ႕ကို ရိုက္ကူးေတာ့သည္။

ႏွင္းႏွင္းႏွင့္ တိုးငယ္ကေတာ့ ထိုမန္ေနဂ်ာမမထြက္သြားမွ သက္ျပင္းခ်နိုင္သည္။ သၽွားအိမ္ကေတာ့ ခပ္ေအးေအးပင္ သူလုပ္စရာရွိသည္မ်ားကို လုပ္ေနေသာ္လည္း တေန႔လုံး စိတ္မၾကည္ခ်င္။ ေတာ္ေသးသည္။ ဘာျပႆနာမွ ထပ္မတက္လို႔။

-----------

သၽွန္ေနာင္မွာ ကားေမာင္းေနရင္း ျမည္လာေသာဖုန္းေၾကာင့္ caller ID ကို ၾကည့္လိုက္ေတာ့ သူမသိေသာ နံပါတ္တစ္ခု။

"ဟဲလို.."

"ဟဲလို.. ကိုသၽွန္ေနာင္ ရွိပါသလား။"

အသံက ခပ္ၾသၾသႏွင့္ လူငယ္တစ္ေယာက္၏ အသံမ်ိဳး။

"ဟုတ္ကဲ့ ေျပာေနပါတယ္။"

"အင္း... ခင္ဗ်ား အသြားအလာ သတိထား။ ခင္ဗ်ားကို ျပႆနာရွာမယ့္ လူေတြရွိတယ္။ အခုေတာင္ ေရာက္ေနၿပီလားမသိ။"

ထိုလူ၏ အသံနားေထာင္ရသည္မွာ တကယ္ပဲ အတည္ေျပာေနဟန္ရွိသည္။ သို႔ေသာ္ သူသိသည့္သူေတာ့ မဟုတ္နိုင္ပါ။

"ခင္ဗ်ား ဘယ္သူ..."

"ဒါပဲေနာ္..."

သူ႔အေမး မဆုံးမွီမွာပင္ တစ္ဘက္လူက ဖုန္းခ်သြားေတာ့သည္။ သၽွန္ေနာင္ ယုံရခက္ခက္ျဖင့္ ဖုန္းကို ေဘးသို႔ခ်ၿပီး ကားကို ဆက္ေမာင္းလိုက္သည္။ ၁၅ မိနစ္ခန႔္အၾကာတြင္ ကလပ္ရွိရာ ၿခံဝန္းထဲသို႔ ခ်ိဳးေကြ႕လိုက္ေတာ့သည္။

ကားကို ကလပ္ေနာက္ရွိ သူအတြက္ သီးသန႔္ထားေသာ ေနရာတြင္ရပ္ကာ ကားေပၚမွ ဆင္းလိုက္သည္။ ထိုစဥ္ ေနာက္မွာ ေလတိုးသံျပင္းျပင္းကို ၾကားလိုက္ရသျဖင့္ သၽွန္ေနာင္ ကိုယ္ကိုယို႔ကာေရွာင္လိုက္သည္။ သံတုတ္တစ္ေခ်ာင္းက သူ႔ေနာက္ေစ့နားမွ ျဖတ္ေက်ာ္သြားကာ ကားမွန္ကို အရွိန္ျပင္းစြာျဖင့္ ရိုက္မိသြားၿပီး ကားမွန္ကို အစိတ္စိတ္အမႊာမႊာျဖစ္သြားေစသည္။

သၽွန္ေနာင္ကလည္း တစ္စကၠန႔္မၽွမဆိုင္း တိုက္ကြက္ဆင္ပါေတာ့သည္။ ထိုလူ၏ နံရိုးၾကားကို တံေတာင္ျဖင့္ ေနာက္ျပန္တြတ္လိုက္သည္။ ေနာက္ျပန္ျဖစ္သည့္တိုင္ ခ်က္ေကာင္းမိသည္တြင္ ထိုလူထံမွ "အူး"ခနဲအသံထြက္လာေတာ့သည္။ သၽွန္ေနာင္ကမူ တုတ္ကိုင္ထားေသာ လက္ကို ျဖတ္ခနဲဖမ္းခ်ဳပ္လိုက္ၿပီး ဒင္းကို လက္ျပန္လိမ္ခ်ိဳးကာ ကိုယ္ျဖင့္ဖိကပ္ ခ်ဳပ္ထားလိုက္သည္။

"မင္း ဘယ္သူလဲ။ ဘာလိုခ်င္လို႔လဲ။"

ထိုလူ မေျဖနိုင္ခင္တြင္ ေနာက္ဘက္မွ ေျပးလာေသာေျခသံေၾကာင့္ သၽွန္ေနာင္ ကိုယ္ကိုတစ္ပတ္လွည့္ကာ မိမိ၏ေက်ာကို ကားျဖင့္ဖိကပ္လိုက္ၿပီး ဖမ္းမိထားေသာ သေကာင့္သားကို မိမိေရွ႕တြင္ ဒိုင္းသဖြယ္ကာလိုက္သည္။

"စြပ္.."

"အ..!!!"

သူ႔ေနာက္မွ ေျပးလာသူ၏ ဓါးက သူ႔လက္ထဲမွ လူ၏ ရင္ဝသို႔ စိုက္ဝင္သြားသည္။ ဒုတိယလူမ်ား ႐ုတ္တရက္ျဖစ္ပ်က္သြားေသာ အျဖစ္အပ်က္မ်ားေၾကာင့္ မင္သက္ေနသြားသည္။ ဤသည္ကို အခြင့္ေကာင္းယူကာ ထိုသူထံ လက္ထဲမွလူကို ပစ္ထည့္ေပးလိုက္ၿပီး၊ ထိုလူ၏ မ်က္ႏွာတည့္တည့္ကို လက္သီးႏွစ္လုံးကို ဆက္တိုက္ ပစ္သြင္းေပးလိုက္သည္။

ထိုစဥ္ မိမိ အေရွ႕ရွိ ကားေပၚမွ လူသုံးေယာက္ခန႔္ တုတ္ဓါးမ်ားကိုယ္စီကိုင္ကာ ဆင္းလာသည္။ ထိုထဲမွ ကိုယ္လုံးကိုယ္ထည္ခပ္ထြားထြား တစ္ေယာက္ကို သူမွတ္မိပါသည္။

"ေအာင္ထူး...?"

"ဟုတ္ပါတယ္ဗ်ာ။ နိုင္ထူးရဲ့ ညီ ေအာင္ထူးပါဗ်ာ။"

သၽွန္ေနာင္ ခပ္ေလွာင္ေလွာင္ျပဳံးေနေသာ ထိုေကာင္ေလး၏ မ်က္ႏွာကို စူးစူးစိုက္စိုက္ၾကည့္လိုက္ပါသည္။

"ဘယ္လိုလဲ ခင္ဗ်ားေၾကာက္ေနၿပီလား။"

"ငါက ဘာကိစၥေၾကာက္ရမွာလဲ။"

"ဒါဆို ခင္ဗ်ားေၾကာက္သင့္တယ္။ ဘာလို႔လည္းဆိုေတာ့ ခင္ဗ်ား အခု ေသေတာ့မွာေလ။"

"ေဟ့ေကာင္ မင္း ေသာက္စကား သိပ္မမ်ားနဲ႔ကြာ။ ငါ အဲ့ဒီေလာက္ အခ်ိန္မရွိဘူး။"

"ဒီေတာ့လည္း... ေဟ့ေကာင္ေတြ... တက္ၾကစမ္းကြာ။"

ေအာင္ထူး၏ စကားအဆုံးတြင္ လူႏွစ္ေယာက္ ဓါးကိုယ္စီျဖင့္ ေျပးလာေတာ့သည္။ သူ႔အတြက္ေတာ့ ထိုႏွစ္ေကာင္သည္ မႈ႔စရာမဟုတ္ေပ။ ပထမတစ္ေကာင္ထံ ဦးေအာင္ေျပးသြားကာ ဓါးကိုင္ထားေသာ လက္ကိုဆြဲ၍ ဓါးကိုလုယူလိုက္ၿပီး လူကို ေျမေပၚသို႔ ကိုင္ေပါက္ခ်လိုက္သည္။ ၿပီးလၽွင္ ထိုဓါးျဖင့္ပင္ ဒုတိယတစ္ေယာက္ကိုထံ ေျပးဝင္ကာ တိုက္စစ္ဆင္လိုက္လၽွင္ ထိုသူမွာ ျပဴးျပဴးပ်ာပ်ာျဖင့္ ခုခံကာကြယ္ရရွာေတာ့သည္။ သိပ္မၾကာပါ။ သၽွန္ေနာင္လက္ထဲမွ ဓါးက ထိုသူ၏ လက္ေမာင္းကို ထိုးစိုက္သြားၿပီး ရႈံးနိမ့္သြားေတာ့သည္။

ေအာင္ထူးမွာ သူ႔လူမ်ား၏ မရႈမလွအျဖစ္ကိုၾကည့္ကာ ေတာက္တစ္ခ်က္ခတ္လိုက္ၿပီး သူ႔လူမ်ားကိုတြဲကာ ကားေပၚသို႔တက္သြားေတာ့သည္။

သၽွန္ေနာင္မွာ စိတ္ထဲ ညစ္ညဴးစြာျဖင့္ ကလပ္လုံျခဳံေရးကင္းတဲထံ ေလၽွာက္လာကာ စနည္းနာရန္ အထဲကိုၾကည့္လိုက္သည္။ ထင္သည့္အတိုင္းပင္ လုံျခဳံေရးႏွစ္ေယာက္စလုံးကို တိပ္မ်ားျဖင့္ တုပ္ေႏွာင္ထားၿပီး တစ္ဦးကေတာ့ သတိလစ္လၽွက္ရွိသည္။ သၽွန္ေနာင္က သတိေနေသးသူကို ဦးစြာႀကိဳးေျဖေပးလိုက္ကာ...

"ခိုင္မိုး... ခိုင္မိုး..."

သၽွန္ေနာင္မွာ ဒုတိယတစ္ေယာက္ကို ႀကိဳးေျဖေပးရင္း ေခၚနိုးၾကည့္သည္။

"ေဟ့ေကာင္ ခိုင္မိုး..ေဟ့ေကာင္...ခိုင္မိုး... ဒုကၡပဲ။"

လုံျခဳံေရး ကိုေဇယ်ကလည္း လုံျခဳံေရး ခိုင္မိုးကို စိုးရိမ္တႀကီးျဖင့္ ေခၚၾကည့္သည္။ သို႔ေသာ္ သတိရမလာပါ။

"ျပႆနာပဲ။ ေဆး႐ုံပို႔မွနဲ႔တူတယ္ ဆရာ။"

"ေအး... မင္း ဒီမွာေနခဲ့ဦး။ ငါ ကားသြားယူခဲ့မယ္။"

"ဟုတ္.."

သၽွန္ေနာင္ ကားကို ရပ္ထားသည့္ေနရာမွ ျပန္ေမာင္းယူလာၿပီး လုံျခဳံေရး ကင္းတဲေလးနားတြင္ ရပ္လိုက္သည္။ ထို႔ေနာက္ ခိုင္မိုးကိုတင္ကာ ေဇယ်ႏွင့္အတူ နီးစပ္ရာ ေဆး႐ုံသို႔ တရစပ္ေမာင္းလာခဲ့ေတာ့သည္။ ၅ မိနစ္ခန႔္အၾကာတြင္ ေဆး႐ုံဝင္းထဲသို႔ ေရာက္ရွိသြားၿပီး အေရးေပၚဌာနေရွ႕တြင္ရပ္ကာ ေဇယ်ကို ဌာနထဲဝင္၍ အေၾကာင္းၾကားေစသည္။ ခ်က္ခ်င္းဆိုသလိုပင္ uniform ႏွင့္ လူတစ္စု လူနာတင္သည့္ ခုတင္ႏွင့္ ေရာက္လာကာ ခိုင္မိုးကို သယ္ခ်သြားေတာ့သည္။ ေဇယ်က ထိုလူစုႏွင့္အတူပါသြားၿပီး သၽွန္ေနာင္ကေတာ့ ကားပါကင္ထိုးၿပီးမွ လိုက္သြားရသည္။

သၽွန္ေနာင္ေရာက္ေတာ့ ေဇယ်က ခိုင္မိုးမိသားစုကို ဖုန္းဆက္ေခၚၿပီးျဖစ္သည္။ သိပ္မၾကာပါ။ ခိုင္မိုး၏ ဇနီးျဖစ္သူ ေရာက္လာၿပီး သၽွန္ေနာင္ကို အေၾကာင္းစုံ ေမးကာ၊ စိုးရိမ္လြန္း၍ တစ္ကိုယ္လုံး တုန္ရီေနရွာသည္။

"ေအာင္ထူး... မင္းအစ္ကိုလို ခ်ိဳႂကြေနတယ္ေပါ့ေလ။ ငါ့လူေတြသာ တစ္ခုခုျဖစ္လို႔ကေတာ့ ႂကြေနတဲ့ခ်ိဳ ေတာင္မဟုတ္ဘူး တစ္ကိုယ္လုံးမွာ ရွိသမၽွ နံ႐ုံးေတြ အကုန္ခ်ိဳးပစ္မယ္။"

သၽွန္ေနာင္က ခိုင္မိုး၏ ဇနီးသည္ကို ၾကည့္ကာ ၾကဳံးဝါးလိုက္သည္။ အတန္ၾကာလၽွင္ ခြဲစိတ္ခန္းထဲမွ ဆရာဝန္ထြက္လာၿပီး အေျခအေနေကာင္းေၾကာင္း ငါးခ်က္မၽွ ခ်ဳပ္လိုက္ရေၾကာင္း၊ ဒီထက္ေနာက္က်ပါက တစ္သက္လုံး ဒုကၡိတပင္ ျဖစ္နိုင္ေၾကာင္းေျပာျပသည္။ ထိုက်မွ အားလုံး သက္ျပင္းခ်နိုင္ေတာ့သည္။

သၽွန္ေနာင္လည္း ခိုင္မိုး၏ ဇနီးအား အားမငယ္ရန္ ႏွစ္သိမ့္ၿပီး၊ အကူအညီလိုလၽွင္ ဖုန္းေခၚရန္ ဖုန္းနံပါတ္ႏွင့္ ေဆးဖိုးအျဖစ္ အိတ္ထဲတြင္ပါလာေသာ ေငြသုံးသိန္းကို ေပးလိုက္သည္။ ထို႔ျပင္ နားနားေနေနေန၍ ေနျပန္ေကာင္းၿပီဆိုမွ အလုပ္ဆင္းရန္ မွာၾကားကာ ေဇယ်ႏွင့္အတူ ကလပ္သို႔ ျပန္ခဲ့သည္။

ကလပ္ထဲေရာက္ေရာက္ခ်င္းမွာပင္ ဧည့္သည္တစ္ေယာက္ေစာင့္ေနသသည္ ဆိုေသာေၾကာင့္ ႐ုံးခန္းဆီသို႔ ဦးတည္ခဲ့ေတာ့သည္။ သူ တံခါးဖြင့္ဖြင့္ျခင္းမွာပင္ သူ၏ စားပြဲေပၚတြင္ ေျခေထာက္တင္ကာ ခုံေပၚ၌ ေလးတြဲစြာထိုင္ရင္း ဖုန္းပြတ္ေနေသာ လူငယ္တစ္ဦးကိုျမင္လိုက္ရေလသည္။ ထိုေကာင္ေလးမွာ အေပါက္အျပဲမ်ားပါေသာ ဂ်င္းေဘာင္းဘီႏွင့္ တီရွပ္ကိုယ္က်ပ္ကို ဝတ္ဆင္ထားကာ မ်က္ႏွာေပၚတြင္ ညိဳမည္းဒဏ္ရာမ်ားက အထင္းသား။

"မင္း ဘာလာလုပ္တာလဲ။"

သၽွန္ေနာင္ စိတ္ပ်က္ပ်က္ျဖင့္ ထိုေကာင္ေလးကို ေမးကာ အခန္းထဲရွိ ဆိုဖာေပၚတြင္ ထိုင္လိုက္သည္။ ထိုေကာင္ေလးက သူဝင္လာသည္ႏွင့္ သူလုပ္သမၽွကို မ်က္ေတာင္မခတ္ၾကည့္ေနသည္။

ခဲေရာင္ရင့္ရင့္ dress pants ႏွင့္ အျဖဴေရာင္လည္ကတုံးရွပ္ကို လက္ေခါက္ကာ ဝတ္ဆင္ထားေသာ ထိုလူႀကီးသည္ gentleman ဆန္လွသလို Style လည္းက်လွသည္။

"ခင္ဗ်ား ဘာမွ မျဖစ္ဘူးမဟုတ္လား။"

သၽွန္ေနာင္ ထိုေကာင္ေလးအေမးေၾကာင့္ ကလပ္မေရာက္ခင္ ေခၚလာေသာ ဖုန္းကို သတိရလိုက္ၿပီး...

"ေနပါဦး ငါ့ကို ေခၚတာ မင္းလား။"

"ေနပါဦး ခင္ဗ်ားကို ကၽြန္ေတာ့္နာမည္ မေျပာမိဘူးလား။"

ေကာင္ေလးက စဥ္းစားဟန္ျပဳေနစဥ္ သၽွန္ေနာင္က ေခါင္းညိတ္လိုက္ၿပီး...

"အင္း... မင္း မေျပာဘူး။ ေနာက္ၿပီး ငါ့ဖုန္းနံပါတ္ကို မင္းဘယ္လိုရလဲ။"

"နံပါတ္ေလာက္က မင္းသုသၽွင္အတြက္ စာမဖြဲ႕ေလာက္ပါဘူး။ ခင္ဗ်ား ဆိုင္ကို ဖုန္းဆက္ၿပီး ခင္ဗ်ားနဲ႔ အေရးတႀကီးေျပာဖို႔ရွိလို႔ဆိုၿပီး ေတာင္းလိုက္တာေပါ့။"

မင္းသုသၽွင္က ခပ္ေပါ့ေပါ့ပင္ေျပာလိုက္သည္။

"ဟုတ္ပါၿပီ ဒါဆို ေအာင္ထူးကိစၥ ဘယ္လိုသိၿပီး၊ ဘယ္လိုသဒၵါေပါက္ၿပီး ငါ့ဖုန္းဆက္ရတာတုန္း။"

"အင္း... အဲ့ဒါက ခင္ဗ်ား ကၽြန္ေတာ့္ကို မထိုးဘူးလို႔ ကတိေပးရမယ္။"

မင္းသုသၽွင္က ေမးေစ့ကို လက္ျဖင့္ပြတ္ကာ ေတြးေတြးဆဆျဖင့္ ေျပာလာေတာ့ သၽွန္ေနာင္ မ်က္ခုံးတစ္ဖက္ကို ပင့္ၾကည့္မိပါသည္။ ဒီေကာင္ေလး အမွတ္သည္းေၿခ ရွိပုံေပၚသည္။

"ဒါေတာ့ မင္း ငါ့ကို ကိုယ္ထိလက္ေရာက္ မလုပ္ရင္ ငါမင္းကို လက္ဖ်ားနဲ႔ေတာင္ မတို႔ဘူး။"

"ခင္ဗ်ားကလည္း ကၽြန္ေတာ္က ခင္ဗ်ားကို ထပ္နမ္းမလို႔ ေခ်ာင္းေနတဲ့ဟာကို..."

မင္းသုသၽွင္က ကေလးတစ္ဦးပမာ ႏႈတ္ခမ္းေလးကို မသိမသာ ေထာ္ကာ ေျပာရင္းျဖင့္ သူ႔ႏႈတ္ခမ္းတို႔ကို တပ္မက္စြာ ၾကည့္လာလၽွင္ သၽွန္ေနာင္မွာ ၾကက္သီးမ်ားပင္ ထလာေတာ့သည္။ မည္သို႔ပင္ဆိုေစ ဟန္ကိုယ့္ဖို႔ဆိုသည့္အတိုင္ မင္းသုသၽွင္ကို ျပန္စိုက္ၾကည့္လိုက္ၿပီး....

"ကဲပါ... ငါေမးတာသာ ေျဖစမ္းပါ။"

"ခင္ဗ်ားကလည္း ဦးျမတ္ဘုန္းလၽွံက ကၽြန္ေတာ့္ရဲ့ သၾကားေဖေဖဆိုမွေတာ့ ဒီကိစၥမသိပဲေနမလား။ ေအာင္ထူးက သူ႔အစ္ကို ဆုံးသြားတာမေက်နပ္လို႔..."

"နိုင္ထူး ဆုံးသြားၿပီ...?"

"ဟုတ္တယ္ေလ... ခင္ဗ်ားမသိဘူးလား။ အခ်ဳပ္ထဲမွာ အသတ္ခံလိုက္ရတာတဲ့။"

"ဟင့္အင္း... ငါလုံးဝမသိဘူး။"

"ဒါေပမယ့္ ေအာင္ထူးက ခင္ဗ်ားလက္ခ်က္ထင္ၿပီး ဝူးဝူးဝါးဝါးနဲ႔ ေပါက္ကြဲေနတာ။ ခင္ဗ်ားကို သတ္မယ္ျဖတ္မယ္လို႔ ႀကိမ္းဝါးေနတာကို မၾကားခ်င္မွအဆုံး။"

သၽွန္ေနာင္ မ်က္ေမွာင္ၾကဳတ္လိုက္ပါသည္။ နိုင္ထူးက ဘာကိစၥနဲ႔ လုပ္ႀကံခံရပါသနည္း၊ ဘယ္လိုပဲျဖစ္ျဖစ္ ေအာင္ထူးအေနျဖင့္ အေျခအျမစ္မရွိေသာ ယူဆခ်က္တစ္ခုျဖင့္ လူတစ္ေယာက္ကို သတ္ဖို႔ႀကီုးစားျခင္းသည္ ေတာ္ေတာ္လက္လြတ္စပယ္နိုင္လွသည္။

"မင္း အဘိုးႀကီးကေကာ မတားဘူးလား။"

"ဘိုးေတာ္က ယိုးဒယားမွာ။ အလုပ္ကိစၥလို႔ေတာ့ ေျပာတာပဲ"

အဲ့ဒါမွ ေအးေရာ။ ဒီတခါလည္း သူ ကိုယ္တိုင္ ကိုင္တြယ္ေျဖရွင္းရေတာ့မည္ ထင္ပါရဲ့။

"ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္က ခင္ဗ်ားကို ရေအာင္စားဖို႔ ရည္ရြယ္ထားၿပီးသား။ ဒီေတာ့ ကၽြန္ေတာ္ မစားရေသးပဲ ခင္ဗ်ားကို မေသမခံနိုင္ဘူး။"

မင္းသုသၽွင္ ဆက္ေျပာလိုက္ေသာ စကားေၾကာင့္ သၽွန္ေနာင္မွာ ေသြးပင္တက္ခ်င္သြားသည္။ ဘယ္ႏွယ့္....။ ဒီေကာင္ေလး လူႀကီးကို လူႀကီးမွန္းမသိ။

"မင္းသုသၽွင္... ငါကေလ မင္းအေဖေလာက္ရွိတယ္ ဆိုတာ မေမ့ပါနဲ႔။"

"ကၽြန္ေတာ့္လက္ရွိ official ဘဲႀကီးကလည္း ခင္ဗ်ား အေဖေလာက္ရွိတာကို ခင္ဗ်ားလည္း မေမ့ပါနဲ႔။"

သၽွန္ေနာင္မွာ အၿခိမ္းေျခာက္ခံ သူ႔ဘဝႀကီးကို စိတ္ကုန္လာေတာ့သည္။ ဘယ္ဘဝက ဝဋ္ေႂကြးေတြေၾကာင့္ ေတြ႕သမၽွလူတိုင္းက သူ႔ကို ၿခိမ္းေျခာက္ ေနမွန္းမသိ။

"ကဲပါေလ... မင္း ငါ့ကို သတင္းေပးတာ ေက်းဇူးပဲ..."

ဘယ္လိုပဲျဖစ္ျဖစ္ စကားျမန္ျမန္ျဖတ္ကာ ထိုေက်းဇူးရွင္ေလးကို ပထုတ္ရန္ ႀကံရြယ္လိုက္သည္။

"ဒါဆို ေက်းဇူးဆပ္ေလ။"

သၽွန္ေနာင္၏ စကားမဆုံးမွီမွာပင္ ထိုေကာင္ေလးက ဝိုင္းစက္လွပေသာ မ်က္လုံးမ်ားျဖင့္ သူ႔ကို ရႊန္းရႊန္းစားစားၾကည့္ကာ ေျပာလာပုံက အျခားလူဆို ေႂကြက်ေျမာပါသြားနိုင္ေသာ္လည္း သၽွန္ေနာင္ကေတာ့ သတိတစ္ခ်က္ အလြတ္မခံနိုင္ပါ။ ထိုအျပစ္ကင္းစင္ဟန္ရွိေသာ မ်က္လုံးမ်ား၏ ေနာက္တြင္ ဉာဏ္ေရာင္စုံကြန႔္ျမဴးကာ သူ႔ကို က်ားေခ်ာင္းေခ်ာင္းေနသည္ကို သူ႔ရင္ထဲ၊ အသည္းထဲက သိေနေလသည္။

"ဘယ္လို ေက်းဇူးဆပ္ရမလဲေျပာ"

"တကယ္...?"

"အင္း... အိပ္ရာေပၚက ကိစၥေတြကလြဲရင္"

ထိုေကာင္ေလး၏ အၾကည့္က သားေကာင္ေတြ႕ေသာ သားရဲတိရိစၧာန္လို ပို၍ စူးရွလာသျဖင့္ ကန႔္သတ္ခ်က္ကို ျမန္ျမန္ေျပာလိုက္ရသည္။ နို႔မို႔ဆို ေက်းဇူးရွင္ေလးက သူ႔ကို စိတ္တို ေအာင္လုပ္ေတာ့မည္မွန္း သူသိေနသည္။

"ကိစၥမရွိပါဘူး။ အိပ္ရာေပၚမွာ မဟုတ္လဲ ဒီ႐ုံးခန္းထဲက အဲ့ဒီ့ဆိုဖာေပၚ မွာလဲျဖစ္ပါတယ္။"

မင္းသုသၽွင္က သူထိုင္ေနေသာ ဆိုဖာကို ညႊန္ျပကာေျပာလာသည္။ ေတြ႕တယ္ မဟုတ္လား။ ေျပာရင္းဆိုရင္းျဖင့္ ဇာတ္လမ္းစလာၿပီ။ သၽွန္ေနာင္ စိတ္ပ်က္စြာျဖင့္ စိုက္ၾကည့္လိုက္လၽွင္...

"ဘာလဲ.... office sex မႀကိဳက္ဘူးလား။ ဒါဆိုရင္ ေဟာ္တယ္သြားမယ္ေလ။"

""မင္းသုသၽွင္... မင္း ငါ့ကို ဘာမွတ္ေနလို႔လဲ။"

သၽွန္ေနာင္မွ တစ္သက္ႏွင့္တစ္ကိုယ္ "‌ေ-ာက္ေျခာက္"ဟု အေခၚခံရသည္ေတာင္ တစ္ခါမွ ဤမၽွေလာက္ စိတ္အေႏွာင့္အယွက္မျဖစ္ဘူးပါ။

"ကၽြန္ေတာ္ လုပ္ရမယ့္လူေလ။"

"ဘာ?!!!"

လူၾကည့္ေတာ့ နို႔နံ့ပင္စင္ပုံမရေသးေသာ ေကာင္ေလးကမ်ား ေစာ္ေစာ္ကားကား....

"ဘာလဲ။ ခင္ဗ်ားက လုပ္ခ်င္တာလား။ ဒါဆိုလည္း တစ္ေယာက္တစ္လွည့္ေလ။"

သၽွန္ေနာင္ ပြင့္အန္လုလု ေဒါသမ်ားကို ျပန္မ်ိဳခ်လိုက္ကာ...

" မင္းဒီေလာက္ မေနနိုင္မထိုင္နိုင္ျဖစ္ေနရင္ မင္း အဘိုးႀကီးကို သြားလုပ္ပါလား။"

"လုပ္သားပဲ...။ အာသာမေျပလို႔။"

သၽွန္ေနာင္မွာ တကယ့္ကို ဘာဆိုဘာေျပာရမွန္းမသိတာ့ပါ။ စိတ္ေတြလည္း ညစ္လြန္းလို႔ ေဒါသထြက္ေနတာပင္ ဘယ္ေရာက္သြားမွန္းမသိေတာ့။

"ဘာလဲ ခင္ဗ်ားက ကၽြန္ေတာ့္လို ငယ္ငယ္ေခ်ာေခ်ာေလးက ညႇိႏွိုင္းေနလို႔ ေဈးကိုင္ေနတာလား။"

ရာသီခ်ိန္ေရာက္ေနသည့္ ယုန္ေကာင္လို ဦးေႏွာက္ထဲတြင္ ကိစၥတစ္ခုတည္းသာရွိေသာ ဤေကာင္ေလးေၾကာင့္ သူ ႐ူးခ်င္သလိုပင္ ျဖစ္လာသည္။

"ကိုမင္းသုသၽွင္ရယ္... ကၽြန္ေတာ္ ေတာင္းပန္ပါရဲ့။ ခင္ဗ်ား ဒီက ႂကြပါေတာ့ဗ်ာ။"

"ဘာလဲ... ခင္ဗ်ား သေဘာတူၿပီလား။"

"ဘာကိစၥနဲ႔ တူရမွာလဲ။"

"ခင္ဗ်ားကၽြန္ေတာ့္ကို ေက်းဇူးတင္တဲ့ ကိစၥနဲ႔ေလ။

"မင္းသုသၽွင္... မင္း ဒီအတိုင္းဆက္ေျပာေနရင္ အေစာကေပးထားတဲ့ ကတိကို ျပန္႐ုတ္သိမ္းၿပီး မင္းကို ငါလက္သီးနဲ႔ ထိုးမိေတာ့မယ္။"

သၽွန္ေနာင္ ခံစစ္ကစားေနရာမွ ျပန္၍ တိုက္စစ္ဆင္ကာ ၿခိမ္းေျခာက္လိုက္သည္။

"ခင္ဗ်ားကလည္း စိတ္ခ်ည္းပဲ။"

မင္းသုသၽွင္က ပါးေလးကို ပြတ္ကာ မ်က္ႏွာငယ္ေလးျဖင့္ ဆိုလာသည္။ သို႔ေသာ္ သၽွန္ေနာင္ မသနားပါ။ ဒီလိုဟာေလးကို သနားေနလၽွင္ ေနရင္းထိုင္ရင္းျဖင့္ အစ္ကိုႀကီးႏွင့္ ထိပ္တိုက္ေတြ႕ဖို႔ အခြင့္အေရးေပးလိုက္သလို ျဖစ္သြားေပလိမ့္မည္။

"ေကာင္းၿပီေလ... ဒီလိုဆို... ကၽြန္ေတာ္ေတာင္းဆိုတာ တကယ္လက္ခံမွာလား။"

မင္းသုသၽွင္ သက္ျပင္းခ်ကာ ထိုင္ေနရာမွ ထ၍ ထိုလူႀကီးရွိရာသို႔ ေလၽွာက္သြားလၽွင္ ထိုလူႀကီးက သတိအေနအထားျဖင့္ သူ႔ကိုၾကည့္ေနသည္။ သူမွာ ထိုလူႀကီးကို ၾကည့္ကာ ရယ္ခ်င္လာသည္။ လူကသာ ဘာမွမျဖစ္သလို ေအးတိေအးစက္မ်က္ႏွာေပးျဖင့္ ထိုင္ေနေသာ္လည္း ခႏၶာကိုယ္က ပစ္မွတ္ကို ပစ္ခြင္းေတာ့မည့္ ျမႇားတစ္စင္းနယ္။ အင္း... ဒီလူႀကီး သတိရွိေနတာလည္း မွားေတာ့မမွားပါဘူးေလ။

မင္းသုသၽွင္က သၽွန္ေနာင္ထိုင္ေနေသာ ဆိုဖာေရွ႕သို႔ေရာက္လၽွင္ ေျဖးညႇင္းစြာျဖင့္ ခါးကိုကိုင္းလိုက္ၿပီး ဆိုဖာ၏ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ လက္ကိုေထာက္သည္။ ထို႔ေနာက္ သူ႔ကို စူးစူးရဲရဲၾကည့္ေနေသာ ထိုလူႀကီး၏ မ်က္ႏွာလွလွေလးကို အေပၚမွ စီး၍ၾကည့္မိသည္။ ဤသည္က သူအမွား...

"မင္းေနာ္ မင္း.."

သူ႔မ်က္ႏွာႏွင့္ စင္တီမီတာ ေလးငါးစိတ္မၽွသာ ကြာသည္အထိ ကပ္လာေသာ မင္းသုသၽွင္၏ မ်က္ႏွာေၾကာင့္ သတိေပးလိုက္ပါသည္။

"ခင္ဗ်ားကလည္း ကၽြန္ေတာ္ ခင္ဗ်ားကို မထိေသးဘူးေလ။"

မထိဘူးဟုသာေျပာတာ သၽွန္ေနာင္သာ တစ္ခုခုေျပာမိပါလၽွင္ ေသခ်ာေပါက္ ႏႈတ္ခမ္းခ်င္းထိေတာ့မည္။ ယခုေတာင္မွ ထြက္သက္ဝင္သက္ျခင္း ဖယ္လွယ္ေနရသည္။ ဤသည္က မင္းသုသၽွင္၏ ရင္ကို လွိုက္ခုန္ေမာေစသည္။ ထိုသမင္မ်က္လုံးမ်ားကို ခြင့္ေတာင္းသလို ၾကည့္လိုက္ေသာ္လည္း ထိုမ်က္လုံးမ်ားက ဇက္ေကာင္းလို႔ ဓါးေတာင္းတာလားဟူေသာ အၾကည့္တို႔ျဖင့္ တုံ႔ျပန္လာသည္။ မတတ္နိုင္ ေနာင္ခါလာေနာင္ေဈးေပါ့။ ပထမအဆင့္အေနျဖင့္ ထိုသူ၏ လက္မ်ားကို လၽွင္ျမန္စြာ ခ်ဳပ္ကိုင္လိုက္သည္။ သို႔ေသာ္ သၽွန္ေနာင္က သူ႔ထက္ပို၍ လၽွင္သည္။ သူလက္မ်ားကို ကိုင္လိုက္သည္ႏွင့္ သၽွန္ေနာင္က ေခါင္းကို ေနာက္သို႔ ယို႔လိုက္ၿပီး အားကုန္သုံးကာ မင္းသုသၽွင္ႏွင့္ နဖူးခ်င္းတိုက္လိုက္ေတာ့သည္။

"ခြပ္...!"

"အားလာလာ...!!!"

သၽွန္ေနာင္က နဖူးအနည္းငယ္နာသြားေသာ္လည္း မင္းသုသၽွင္ခမ်ာ ၾကယ္ႏွင့္လသာမက ၿဂိဳလ္ကိုးလုံးကိုပါ ထင္ထင္ရွားရွားျမင္လိုက္ရေလေတာ့သည္။

"ေဟ့လူႀကီး... ခင္ဗ်ား ဘာလုပ္တာလဲဗ်။ ဒီမွာနာသြားၿပီ။"

မင္းသုသၽွင္မွာ နဖူးေလးကို ပြတ္ကာ ငိုမဲ့မဲ့ျဖင့္ဆိုလာေတာ့သည္။ ေသာက္က်ိဳးနည္း... ဒီလူႀကီးဟာေလ ႐ုပ္ကေလးနဲ႔မွ မလိုက္... သူမ်ားသားသမီးကို ေသာက္ရမ္းေသာက္ရမ္းလုပ္ရတယ္လို႔။

"ဘာလုပ္ရမွာလဲ။ ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္တာေလ။"

"ခုခံကာကြယ္ရေအာင္ ကၽြန္ေတာ္က ဘာလုပ္ေနလို႔လဲ။"

မင္းသုသၽွင္ မ်က္ႏွာေျပာင္တိုက္ကာ ေျဗာင္ျငင္းလိုက္ပါသည္။ ဟုတ္သည္ေလ။ ဒီလူႀကီးက ဘယ္က သက္ေသရွိလို႔ သူႏွင့္ၿပိဳင္ျငင္းပါမည္နည္း။

"မင္း ေျပာင္လိမ္ေျပာင္စားမလုပ္နဲ႔။ မင္း ဘယ္အကြက္ေတြ ေရႊ႕ေနတာလဲဆိုတာ ငါသိတယ္။"

"ကၽြန္ေတာ္က ဘာလုပ္ေနလို႔လဲ။"

"ဪ... ဒါဆို ငါလက္ကို ခ်ဳပ္ၿပီး မင္းက ဘာလုပ္မလို႔လဲဆိုတာ တစ္ဆိတ္ေလာက္ ရွင္းျပစမ္းပါဦး။"

"ခင္ဗ်ားကလည္း လက္ကေလးကိုင္တာပဲ တြန႔္တိုလိုက္တာ။"

"မင္းက လက္ကိုင္႐ုံနဲ႔ ၿပီးမွာမွ မဟုတ္တာ။"

"အေဟာ္...ေဟာ္... အဲ့ဒါဆို ခင္ဗ်ားက ဘာကို ေမၽွာ္လင့္ေနတာလဲ"

ထိုေကာင္ေလး၏ ျပည္တည္တည္မ်က္ႏွာေပးေၾကာင့္ သၽွန္ေနာင္ စိတ္ပ်က္ပ်က္ျဖင့္ ေခါင္းကိုခါလိုက္ၿပီး။

"ကဲ... ကိုမင္းသုသၽွင္... ခင္ဗ်ားနဲ႔ စကားနိုင္လုဖို႔ ကၽြန္ေတာ့္မွ အခ်ိန္မရွိဘူး။ ဒီေတာ့ ခင္ဗ်ားေျပာစရာမရွိရင္ ျပန္ေတာ့။"

"ဒါဆို... ကၽြန္ေတာ္ ခင္ဗ်ားကို ေတာင္းဆိုစရာရွိတယ္။"

"ေျပာ"

"ဒီကလပ္ကို ကၽြန္ေတာ္မလာရဘူးလို႔ တားျမစ္ထားတာ ျပန္႐ုတ္သိမ္းေပးရမယ္။"

"ျဖစ္တယ္။"

"ဒီကလပ္ေရာက္ရင္ ကၽြန္ေတာ့္အတြက္ VIP private room ကို FOC (Free of Charge) အေနနဲ႔ေပးရမယ္။ ေနာက္ၿပီး Beer အလကားတိုက္ရမယ္။"

"အကန႔္အသတ္ေတာ့ရွိတယ္။ ပထမအခ်က္အေနနဲ႔ Basic Private Room ယူရင္ ပထမ ႏွစ္နာရီကို Free ေပးမယ္။ Karaoke နဲ႔ Pool Table ပါတဲ့ Private room ေတြ Free မရဘူး။ အဲ့ဒီအခန္းထဲမွာ စားေသာက္သမၽွ Free မရဘူး။ ႏွစ္အခ်က္ Beer ကို ခြက္ႀကီး ႏွစ္ခြက္ သို႔မဟုတ္ ဘူးနဲ႔ဆို ႏွစ္ဗူး ပုလင္းနဲ႔ဆို ႏွစ္ပုလင္းပဲရမယ္။ Beer ဆို Beer ပဲ။ သူနဲ႔ တန္ဖိုးတူ အျခားေသာက္စရာမရဘူး။"

ဒီလူက ဒီလိုက်ေတာ့ အလာႀကီးပဲဟု မင္းသုသၽွင္ေတြးကာ ေခါင္းညိတ္လိုက္ပါသည္။

"ေကာင္းၿပီေလ။ ေနာက္တစ္ခ်က္ရွိေသးလား။"

"အစ္ကိုႀကီးက ဒီကိစၥနဲ႔ပတ္သက္ၿပီး ျပႆနာရွာလာရင္ မင္းေျဖရွင္းေပးရမယ္။"

"သိပ္ရတာေပါ့။"

မင္းသုသၽွင္က လက္ဆန႔္တန္းေပးလိုက္လၽွင္ သၽွန္ေနာင္က...

" ေကာင္းၿပီ။ ငါ သေဘာတူတယ္။"

မင္းသုသၽွင္၏ လက္ကိုဆြဲကိုက္ကာ လက္ဆြဲႏႈတ္တက္လိုက္ေလလၽွင္ မင္းသုသၽွင္က သၽွန္ေနာင္၏ လက္ကို ဆြဲယူကာ လက္ဖမိုးကို သူ႔ပါးႏွင့္ အသာဖိကပ္လိုက္ၿပီး ႏႈတ္ခမ္းစြန္းေလးျဖင့္ မသိအသာ နမ္းရွိုက္လိုက္သည္။

"မင္း...!"

မင္းသုသၽွင္က ခ်က္ခ်င္းပင္ လႊတ္ေပးလိုက္ၿပီး...

"ကဲ... ကၽြန္ေတာ္ သြားေတာ့မယ္။ ေကာင္းေသာညပါဗ်ာ။"

မင္းသုသၽွင္က လိုခ်င္တာရေသာ ကေလးတစ္ဦးပမာ ေပ်ာ္ျမဴးစြာ အခန္းထဲမွ ထြက္သြားေတာ့သည္။ သၽွန္ေနာင္ကေတာ့ ထိုေကာင္ေလး၏ ေက်ာကိုေငးၾကည့္ကာ သက္ျပင္းခ်လိုက္ေတာ့သည္။

"သၽွန္ေနာင္ေရ... မင္းကို ျပႆနာက လာရွာၿပီနဲ႔တူတယ္ဟ။"

--------------------------------------

August 29, 2019 Thursday.

Edited on – Jan 31, 2021

--------------------------------------

Continue Reading

You'll Also Like

5.2K 542 19
Unicode အချိန်ရာသီတွေအလီလီပြောင်းလဲ၍ ဥဩငှက် တို့ ၏လွမ်းဆွေးဖွယ် တွန်မြူးသံကိုကြားရသည့် နွေဦး ပင်ပြန်လည်ရောက်လာလေပြီဖြစ်သည်။ သို့သော်ငြား "ခရေပန်းတ...
163K 16.3K 19
Boy Love/mini side story (OC) "ရေကြည်အေးမှ မြသားမောင်သို့" ရဲ့ side couple mini story လေးပါ
227K 17.2K 15
ပေးဆပ်ခြင်းဆိုတဲ့ အရာကို ငါက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတုန်းမှာ မင်းကတော့ ရယူခြင်းရဲ့ ဝေးရာကို ဆက်တိုက်သွားနေခဲ့တယ်... ဒါ့ကြောင့် ထင်ပါရဲ့.. တို့န...
21K 1.5K 28
Zawgyi ငယ္ေပါင္း သူငယ္ခ်င္းကေန အဆင့္တက္သြားၾကမယ့္ ကေ းႏွစ္ေယာက္ပံုစံ ေပါ့ေပါ့ပါးပါးေလးပါ ကိုယ့္ရပ္ ကိုယ့္နယ္ ကကိုယ္သိတဲ့ကေလးႏွစ္ေယာက္ကို ပံုေဖာ္သြားမ...