အရံဇာတ္​​ေကာင္​၏လွည္​့ျဖားျခင...

Por IrisShin999

1.4M 169K 4.5K

ကမ႓ာ႓ၻ​ေပါင္​းမ်ားစြာရဲ႕ အရံဇာတ္​​ေကာင္​အျဖစ္​ ဝင္​စားဖို႔တြန္​းအား​ေပးျခင္​းကို သူခံရတယ္​။ သူဒါကိုလံုးဝဆန္႔​... Mais

Prologue
1.1 အ​ေမြဆက္​ခံသူ စာဖိုမွဴး
1.2
1.3
1.4
1.5
1.6
1.7
1.8
1.9
1.10
1.11
1.12
1.13
1.14
1.15
2.1 (တရုတ္​ျပည္​ရဲ႕ မတည္​ၿငိမ္​​ေသာ ကိုယ္​စားလွယ္​အုပ္​ခ်ဳပ္​​ေရး)
2.2
2.3
2.4
2.5
2.6
2.7
2.8
2.9
2.10
2.11
3.1(ၾကယ္​စင္​ၾကားကတိုက္​ရိုက္​လႊင္​့တဲ့ ကိုယ္​တိုင္​လုပ္​​ေဆာင္သူမ်ားၿပိဳင္​ပဲြ)
3.2
3.3
3.4
3.5
3.6
3.7
3.8
3.9
3.10
3.11
3.12
3.13
4.2
4.3
4.4
4.5
4.6
4.7
4.8
4.9
4.10
4.11
4.12
4.13
5.1(ရွင္​သန္​ရာဂိမ္​း)
5.2
5.3
5.4
5.5
5.6
5.7
5.8
5.9
5.10
5.11
5.12
5.13
5.14
6.1( ျမင့္ျမတ္ေသာ အလင္း၏ ဒ႑ာရီ)
6.2
6.3
6.4
6.5
6.6
6.7
6.8
6.9
6.10
6.11
6.12
notice
notice
7.1 စူပါမော်ဒယ်ပြိုင်ပွဲ
7.2
7.3
7.4
7.5
7.6
7.7
7.8
7.9
7.10
7.11
7.12
7.13
7.14
7.15
7.16
7.17

4.1( စႏၵယားမင္​းသား​ေလး)

19.5K 1.8K 61
Por IrisShin999

စႏၵယားအသံ? ​​ေပါ့ပါးျဖတ္​လတ္​​ေနတဲ့ စႏၵယားအသံက နားထဲၾကား​ေနသည္​။ မ်က္​လံုးဖြင္​့ၿပီး အခန္​းထဲလွည္​့ပတ္​ၾကည္​့လိုက္​​ေတာ့ အသံက အခန္​းထဲမွ လာတဲ့ အသံမဟုတ္​ဘူး။

အိပ္​ယာ​ေပၚကထၿပီး ၾကမ္​းျပင္​ထိရွည္​တဲ့ ျပတင္​း​ေပါက္​နားသြားၿပီး ၾကည္​့လိုက္​သည္​။ ​ေအာက္​က ျမက္​ခင္​းစိမ္​းစိမ္​း​ေပၚမွာ လူငယ္​တစ္​​ေယာက္​က စႏၵယားတီး​ေနၿပီး ​ေနာက္လူငယ္​တစ္​​ေယာက္​က စႏၵယားကိုမွီကာ တီ​းေနတဲ့လူငယ္​ကို ၾကည္​့​ေနသည္​။

Jing yang က ျပတင္​း​ေပါက္​ကိုမွီၿပီး မူလခႏၶာရဲ႕ မွတ္​ဉာဏ္​​ေတြကုို ျပန္​​ေတြးလိုက္​သည္​။

Jing yang ​ေရာက္​​ေနတဲ့​ေနရာက ဒီကမာၻရဲ႕ ဂီတၿမိဳ႕​ေတာ္​ Odyssey ျဖစ္​သည္​။ ဒီၿမိဳ႕က ဂီတခ်စ္​သူ​ေတြရဲ႕ အသြားခ်င္​ဆံုးၿမိဳ႕ျဖစ္​ၿပီး ဂီတ​ေတြရဲ႕ နိဗၺာန္​ဘံုျဖစ္​သည္​။ ကမာၻ႕အ​ေတာ္​ဆံုး ဂီတပညာရွင္​​ေတြ စုစည္​းရာ​ေနရာျဖစ္​သည္​။

ႏွစ္​စဥ္​နွစ္​တိုင္​း ဂီတခ်စ္​သူ​ေတြက ဒီၿမိဳ႕ကိုလာကာ အလုပ္ရၿပီး အ​ေျခခ်​ေနထိုင္​နိုင္​ဖို႔ ​ေမ်ွာ္​လင္​့ၾကသည္​။ ဒါ​ေပမဲ့ လူနည္​းစုကပဲ ဒီၿမိဳ႕မွာ ​ေနနိုင္​ၾကသည္​။အ​ရည္​အခ်င္​းရွိတဲ့သူ​ေတြသာ ​ေနထိုင္​နိုင္​ၿပီး အရည္​အခ်င္​းမရွိတဲ့လူ​ေတြက ​ေမွ်ာ္​လင္​့ခ်က္​မဲ့ကာ ထြက္​သြားၾကရသည္​။

အလုပ္​ႀကိဳးစားရံုနဲ႔ ​ေအာင္​ျမင္​မယ္​လို႔ မ​ေျပာနိုင္​ဘူး။​ႀကိဳးစားရမယ္​့အျပင္​ ပါရမီပါမွလည္​းရဦးမယ္​။ ပါရမီျမင္​့​ေလ ​ေအာင္​ျမင္​နိုင္​​ေခ်ပိုမ်ား​ေလျဖစ္​သည္​။ ဆိုရိုးစကား​ေတာင္​ရွိ​ေသးတယ္​ ပါရမီက အရာအားလံုးဆံုးျဖတ္​နိုင္​တယ္​။ ပါရမီမရွိရင္​ ​ေမ်ွာ္​မွန္​းခ်က္​မရွိဘူးတဲ့။

ဒီတစ္​ခါ Jing yang ဝင္​စားရတဲ့လူက Avi Deere လို႔​ေခၚတဲ့ ၁၈နွစ္​အ႐ြယ္​ လူငယ္တစ္​​ေယာက္​ျဖစ္​သည္​။

ဒီလူက အရမ္​းကံ​ေကာင္​းတယ္​။ သူ႔ရဲ႕ ဘိုး​ေဘးဘီ​ဘင္​​ေတြ ဒီၿမိဳ႕မွာ အ​ေျခခ်​ေနထိုင္​ခဲ့ၿပီး အရမ္​းခ်မ္​းသာတာ​ေၾကာင္​့ သူ႔ဘဝက ဘာမွခက္​ခက္​ခဲခဲႀကိဳးစားစရာမလိုဘဲ ဒီၿမိဳ႕မွာ သက္​​ေတာင္​့သက္​သာ​ေနနိုင္​သည္​​။

ဒါ​ေပမဲ့ သူက ကံမ​ေကာင္​းျပန္​ဘူး။ သူ႔ရဲ႕​ေဆြမ်ိဳးသားခ်င္​း​ေတြအားလံုး ဆံုးသြားၾကၿပီး သူတစ္​​ေယာက္​ထဲသာ က်န္​​ေတာ့သည္​။

အခုသူ​ေနတဲ့ အိမ္​ကလည္​း သူ႔​ေနအိမ္​မဟုတ္​ဘူး။ ဒါ​ေပမဲ့ သူ႔အိမ္​က သိပ္​မ​ေဝးပါဘူး။ ဒီအိမ္​ရဲ႕ ​ေနာက္​ကို ဆက္​သြားလိုက္​ရင္​ သူ႔စံအိမ္​ကို​ေရာက္​ၿပီ​ေလ။

Avi ရဲ႕ မိဘ​ေတြက သူ​ေမြးခါစမွာ ဆံုးသြားၿပီး သူ႔ရဲ႕ အဖိုးကပဲ ​ေစာင္​့​ေရွာက္​လာတာျဖစ္​သည္​။ Avi ၇နွစ္​ ၈နွစ္​သားအ႐ြယ္​မွာ သူ႔အဖိုးရဲ႕ က်န္​းမာ​ေ​ေရးက ဆိုး႐ြားလာၿပီး Avi ကို Mooney မိသားစုဆီမွာ ယံုၾကည္​စြာ အပ္​နွံၿပီး ဆံုးသြားသည္​။

Deere မိသားစုနဲ႔ Mooney မိသားစုက အရမ္​းခင္​မင္​ၾကၿပီး စံအိမ္​ကို​ေတာင္​ ​ေဘးခ်င္​းကပ္​ရပ္​​ေဆာက္​ၾကတဲ့အထိ ခင္​မင္​ၾကသည္​။

မိသားစုခ်င္​း ခင္​မင္​ရင္​နွီးတာအျပင္ ​Avi ကို ယံုၾကည္​စိတ္​ခ်စြာ အပ္​နွံထားတဲ့ ​ေနာက္​ထပ္​အ​ေၾကာင္​းအရာလည္​း ရွိ​ေသးသည္​။

​ေနာက္​ထပ္​္​အ​ေၾကာင္​းအရာကို မ​ေျပာခင္​ ဒီကမာၻမွာ လိင္​တူလက္​ထက္​တာက တရားဝင္​ရံုတင္​မက ​ေခတ္​မွီ​ေဆးဝါးအကူအညီနဲ႔ မိဘနွစ္​​ေယာက္​လံုးရဲ႕ DNA ကို ယူကာ က​ေလးယူလို႔ရသည္​။

အဖိုး Mooney အသက္​ရွင္​တုန္​းက Avi ကို အရမ္​းခ်စ္​သည္​။ ဒါနဲ႔ အဖိုး Deere နဲ႔တိုင္​ပင္​ကာ နႈတ္​ျဖင္​့​ေစ့စပ္​စကား​ေျပာၿပီး Avi အသက္​ ၁၉နွစ္​ၾကရင္​ သူ႔​ေျမး Faith ကို လက္​ထက္​ဖို႔ သ​ေဘာတူခဲ့သည္​။

မိသားစု၂စုရဲ႕ ဆက္​ဆံ​ေရးကလည္​း​ေကာင္​းတယ္​။ တကယ္​လို႔ Avi သာ Faith နဲ႔ လက္​ထက္​လိုက္​ရင္​ Mooney မိသားစုက Avi ကို ဆိုးဆိုး႐ြား႐ြားမဆက္​ဆံ​ေလာက္​ဘူးလို႔ အဖိုး Deere က ထင္​ခဲ့သည္​။ Mooney ရဲ႕ သားက သိပ္​ၿပီး အရည္​အခ်င္​းမရိွ​ေပမယ္​့ သူ႔​ေျမးက​ေတာ့ မဆိုးပါဘူး။ သူ႔ရဲ႕ က်န္​းမာ​ေရးသာ ​ေကာင္​းမြန္​​ေသးတယ္​ဆိုရင္​ သူ႔​ေျမး​ေလး Avi ႀကီးျပင္​းလာတာကို ဆက္​ၿပီး ​ေစာင့္​ေရွာက္​ၾကည္​့ခ်င္​​ေသးသည္​။

Faith က Avi ထက္​ ၅နွစ္​ႀကီးၿပီး ​Avi ကို ေကာင္​းမြန္​စြာဆက္​ဆံသည္​။ က​ေလး၂​ေယာက္​က တည္​့တည္​့ရႈရႈရွိၾကၿပီး တစ္​​ေယာက္​အိမ္​ တစ္​​ေယာက္​လည္​ကာ အတူတူကစားၾကၿပီး ဂီတတူရိယာ​ေတြကိုလည္​း အတူတူ​ေလ့လာခဲ့ၾကသည္​။

အဖိုး Deere က Avi ကို​ေမးခဲ့သည္​။" ​ေျမး​ေလးႀကီးလာရင္​ Faith ကို လက္​ထက္​ၿပီး Mooney မိသားစုဆီမွာ ​ေနခ်င္​လား။"

Avi ငယ္​စဥ္​တုန္​းက အသိတရားမရွိ​ေသးတာ​ေၾကာင္​့ အဖိုး Deere ရဲ႕ ပုလဲနက္​လို​ေတာက္​ပတဲ့ မ်က္​လံုးကိုစိုက္​ၾကည္​့ရင္​း ​ေမးသည္​။ " ဒါဆို သားအိမ္​ျပန္​လာလို႔ မရ​ေတာ့ဘူး​ေပါ့။"

အဖိုး Deere က ျပန္​​ေျဖသည္​။ " ​ေျမးရဲ႕အိမ္​က အၿမဲႀကိဳဆုိ​ေနမွာပါ။ ​ေျမး အခ်ိန္​မ​ေ႐ြးျပန္​လာလို႔ရၿပီး Faith ကို ​ေခၚၿပီး ျပန္​လာလို႔ ရတယ္​။"

Avi မ်က္​လံုး​ေလးက ခ်က္​ခ်င္​း​ေတာက္​ပသြားၿပီး " ဒါဆိုရင္​ သား Faith ကို လက္​ထက္​မယ္​။" အဖိုး Deere စိတ္​​ေအးသြားသည္​။

အဖိုး Deere က သူမဆံုးခင္​ Avi ရဲ႕ အုပ္​ထိန္​းခြင္​့နဲ႔ Mooney မိသားစုရဲ႕ ဥစၥာပစၥည္​း​ေတြကို အဖိုး Mooney ဆီမွာ အပ္​နွံခဲ့သည္​။ဒါ​ေပမဲ့ ကံၾကမၼာဆိုးဝင္​ၿပီး အဖိုး Mooney က ​ေနာက္​တစ္​နွစ္​မွာ ဆံုးသြားသည္​။

Avi ကို အုပ္​ထိန္​းခြင္​့၊ ပစၥည္​းဥစၥာ​ေတြ ​ေစာင္​့​ေရွာက္​ခြင္​့​ေတြက အဖိုး Mooney ရဲ႕ သား Kurt Mooney ရဲ႕ လက္​ထဲက်​ေရာက္​သြားသည္​။ Kurt Mooney ရဲ႕ စရိုက္​က သိပ္​မ​ေကာင္​း​ေပမယ္​့ Avi ကို​ေတာ့ ​ေကာင္​း​ေကာင္​းမြန္​မြန္​​ေစာင္​့​ေရွာက္​ခဲ့သည္​။

Kurt က သိပ္​ၿပီး အရည္​အခ်င္​းမရွိတာ​ေၾကာင္​့ မိသားစုစီးပြား​ေရးက သူ႔လက္​ထပ္​မွာ ကပ္​ဆိုက္​လာသည္​။ ဒါနဲ႔ သူလည္​း Deere မိသားစု ပစၥည္​း​ေတြသံုးၿပီး ​ေျဖရွင္​းဖို႔ အႀကံရသြားသည္​။ Kurt က Avi ရဲ႕ ဥစၥာပစၥည္​း​ေတြကို ကိုယ္​စားထိန္​းသိမ္​း​ေစာင္​့​ေရွာက္​ရတာ​ေၾကာင္​့ Avi အ႐ြယ္​​ေရာက္​တာနဲ႔ ဥပ​ေဒအရ Avi ကို ဥစၥာပစၥည္​း​ေတြ ျပန္​လည္​လဲႊ​ေျပာင္​းရမွာ ျဖစ္​သည္​။ တကယ္​လို႔ ျပန္​မ​လဲႊ​ေျပာင္​းဘူးဆိုရင္​ Avi က ဥပ​ေဒအရ တရားဆဲြနိုင္ၿပီး Kurt ကို ​ေထာင္​ခ်လို႔ရသည္​။

ဒါ​ေပမဲ့လည္​း Avi က ႀကီးလာရင္​ Faith ကို လက္​ထပ္​ရမွာပဲ​ေလ။ အဲ့အခိ္်န္​ၾကရင္​လည္​း Deere ရဲ႕ ပစၥည္​းဥစၥာ​ေတြက Mooney မိသားစုပိုင္​မွာပဲ​ေလ။ ဒါ​ေၾကာင္​့မလို႔ Kurt က သူ႔ရဲ႕စီးပြားေရး ကပ္​ဆိုက္​တာကို Avi ရဲ႕ ဥစၥာပစၥည္​း​ေတြသံုးၿပီး ​ေျဖရွင္​းခဲ့သည္​။

Avi က ​Mooney တို႔ဆီမွာ ​ေကာင္​း​ေကာင္​း​ေနထိုင္​ခဲ့ရတယ္​လို႔ ဆိုလို႔ရပါတယ္​။ Faith က Avi ကို ​ေကာင္​း​ေကာင္​းမြန္​မြန္​ ဆက္​ဆံတယ္​။ Kurt ကလည္​း Avi ရဲ႕ ပစၥည္​းဥစၥာ​ေတြ ယူသုံးထားတာ​ေၾကာင္​့ အျပစ္​ရွိသလို ခံစားရၿပီး Avi ကို အရင္​ကထက္​ ပို​ေကာင္​းမြန္​စြာ ဆက္​ဆံခဲ့သည္​။

Corrica ​ေပၚလာတဲ့ အခ်ိန္​မွာ​ေတာ့ အရာအားလံုး တျဖည္​းျဖည္​း​ေျပာင္​းလဲသြားသည္​။

Corrica က Mooney မိသားစုဆီမွာ ​ေမြးစားခံရတဲ့ မိဘမဲ့တစ္​ဦးျဖစ္​သည္​။ Corrica က စႏၵယားတီးရာမွာ ပါရမီပါတာ​ေၾကာင္​့ Mooney မိသားစုက မိဘမဲ့​ေဂယာက​ေန ​ေခၚယူ​ေမြးစားၿပီး Corrica က Mooney မိသားစုရဲ႕ ​ေမြးစားသားျဖစ္​လာသည္​။

ဒီၿမိဳ႕ ဒီနိုင္​ငံ ဒီကမာၻက ဂီတကို ခ်စ္​ျမတ္​နိုးၾကသည္​။ မိသားစုဝင္​ထဲက တစ္​​ေယာက္​က ဂီတတူရိယာကို ထူး​ခြၽန္​စြာ တီးျပနိုင္​ရင္​ ဒါဟာ မိသားစုအဆင္​့အတန္​းကို ျမင္​့မား​ေစသည္​။

ဒါ​ေပမဲ့ ဂီတပါရမီပါသူ​ေတြက အင္​မတန္​ရွားပါးတာ​ေၾကာင္​့ ခ်မ္​းသာတဲ့ မိသားစု​ေတြက ဂီတပါရမီပါတဲ့ မိဘမဲ့​ေတြကို ​ေမြးစားၾကသည္​။ တကယ္​လို႔ သူတို႔​ေမြးစားထားတဲ့ မိဘမဲ့က တစ္​​ေန႔မွာ ​ေက်ာ္​​ၾကားတဲ့ ဂီတပညာရွင္​ ျဖစ္​လာရင္​ ထိုမိသားစုက ဂုဏ္​သိကၡာတက္​သြားမည္​ျဖစ္​သည္​။

Faith က ဂီတမွာ ပါရမီမပါတာ​ေၾကာင္​့ ဆယ္​​ေက်ာ္​သက္​ကတည္​းက စီးပြား​ေရးအ​ေၾကာင္​းကုိ သင္​ယူခဲ့ၿပီး အနာဂတ္​မွာ မိသားစုစီးပြား​ေရးကို အဆင္​​ေျပစြာလုပ္​ကိုင္​နိုင္​ဖို႔ျဖစ္​သည္​။Avi ရဲ႕ ဂီတအရည္​အခ်င္​းက မဆိုးဘူးဆို​ေပမယ္​့ ဒီ့ထက္​ပိုႀကိဳးစားရင္​ ဂီတလမ္​း​ေၾကာင္​းမွာ ​ေနရာတစ္​​ေနရာ​ေတာ့ ရနိုင္​သည္​။

တစ္​​ေန႔မွာ Avi နဲ႔ Faith က Kurt ​ေထာက္​ပံ့​တဲ့ မိဘမဲ့ ​ေဂယာကို လိုက္​သြားၾကသည္​။ Corrica ဆိုတဲ့ အရမ္​းလွပတဲ့ မ်က္​နွာရွိတဲ့ ​ေကာင္​​ေလးကို ပထမဆံုးျမင္​ဖူးျခင္​းျဖစ္​သည္​။

Corrica က သူ႔တို႔ကို က​ေလးစႏၵယားၿပိဳင္​ပဲြမွာ ယွဥ္​ၿပိဳင္​ခြင္​့​ေပးဖို႔​ေတာင္​းဆိုသည္​။ သူတို႔ကလည္​း သ​ေဘာတူလိုက္​ၿပီး Corrica ကို က​ေလးစႏၵယားၿပိဳင္​ပဲြမွာ ထည္​့လိုက္​သည္​။

Corrica က ၿပိဳင္​ပဲြတိုင္​းမွာ ဆု​ေတြရသည္​။ ဒိုင္​​ေတြက Corrica ကို ဉာဏ္​ႀကီးရွင္​​ေလးပဲ ဂီတမွာ ပါရမီပါတယ္​ စသျဖင္​့​ေကာင္​းတဲ့ မွတ္​ခ်က္​​ေတြ​ေပးၾကသည္​။ ဒါ​ေၾကာင္​့မလို႔ Corrica က Mooney မိသားစုရဲ႕ ​ေမြးစားျခင္​းကို ခံရကာ Mooney မိသားစုနဲ႔ အတူတူ​ေန​ေတာ့သည္​။

Corrica က Faith ကို သူနဲ႔ အၿမဲတမ္​း စႏၵယားအတူတီးဖို႔​ေတာင္​းဆိုသည္​။ Faith က Corrica ရဲ႕ အျပစ္​ကင္​းတဲ့ မ်က္လံုး​ေလးကိုၾကည္​့ၿပီး မျငင္​းႏုိင္​ဘဲ Avi ထက္​​ေတာင္​ ပိုၿပီး စိတ္​ရွည္​သည္​းခံ​ေပးသည္​။ Avi က သူ႔ရဲ႕ ဘဝတျဖည္​းျဖည္​း ​ေျပာင္​းလဲလာတာကို သိလာသည္​။ Faith က သူ႔အ​ေပၚ အရင္​လို မ​ေကာင္​း​ေတာ့ဘူး။ အရင္​လို ဂရုမစိုက္​​ေတာ့ဘဲ Corrica ကိုပဲ ပိုဂရုစိုက္​ကာ Corrica နဲ႔ပဲ ပို​အ​ေနမ်ားလာသည္​။

Corrica က Avi နဲ႔ ၂​ေယာက္​တည္​းရွိ​ေနတဲ့ အခ်ိ္​န​္​ေတြၾကရင္​ Corrica က အၿမဲၿပံဳး​ေနၿပီး Avi နဲ႔ ခင္​မင္​ရင္​းနွီးခ်င္​သလိုလုပ္​​ေနသည္​။ Avi က ဒီလို​ေျပာင္​းလဲမႈ​ေတြကို အသားမ​က်​ေသး​ေပမယ္​့ Corrica နဲ႔ ႀကိဳးစားၿပီး သူငယ္​ခ်င္​းျဖစ္​ဖို႔ ဆံုးျဖတ္​ထားသည္​။

​ေနာက္​ကြယ္​မွာ​ေတာ့ Faith က Avi ကို လာရွာကာ Corrica ကို ​ေကာင္​း​ေကာင္​းမြန္​မြန္​ ဆက္​ဆံဖို႔​ေျပာသည္​။ Faith က "Corrica က မိသားစုမရွိတဲ့ မိဘမဲ့​ေလးပါ။ သနားဖို႔​ေကာင္​းပါတယ္​။ မင္​းဘာလို႔ သူ႔ကို​ေကာင္​း​ေကာင္​းမြန္​မြန္​ မဆက္​ဆံတာလဲ။"

Avi က ​ေျပာခ်င္​ခဲ့သည္​။ သားသူ႔ကို ​ဆိုးဆိုး႐ြား႐ြား မဆက္​ဆံပါဘူး။ သူ​ေျပာခ်င္​ခဲ့သည္​။ သားလည္​း မိသားစုမရွိတဲ့ မိဘမဲ့ပဲ​ေလ။ ဒါ​ေပမဲ့သူ​ေျပာမထြက္​ခဲ့ဘူး။ Faith က သူ႔ကို မိသားစုဝင္​တစ္​​ေယာက္​လို သတ္​မွတ္​တာ​ေၾကာင္​့ ဆိုဆံုးမသည္​လို႔ပဲ ​ေျဖသိမ္​့ခဲ့သည္​။ Faith က သူခ်စ္​ခဲ့တဲ့သူကို စြန္႔​႔ခြာသြားတာမဟုတ္​ပါဘူးလို႔​ေျဖသိမ္​့ခဲ့သည္​။

Corrica က စႏၵယားတီးတာ ပိုမိုကြၽမ္​းက်င္​လာၿပီး ဆု​ေတြ အမ်ားႀကီးရလာသည္​။ လူ​ေတြက သူ႔နံမည္​ကို သတိျပဳမိလာၿပီး Mooney မိသားစုလည္​း မ်က္​နွာရလာသည္​။Corrica က ​ေမြစားသားျဖစ္​​ေပမယ္​့ သူတို႔မိသားစုက ​ေကြၽး​ေမြးျပဳစုထားတာ​ေၾကာင္​့ Corrica သာ စႏၵယားပညာရွင္​ျဖစ္​လာရင္​ သူတို႔ Mooney မိသားစု ဒီၿမိဳ႕မွာ အဆင္​့အတန္​းျမင္​့သြားရံုသာမက ဂီတတူရိယာ​ေရာင္​းခ်တဲ့ လုပ္​ငန္​းကလည္​း ပိုၿပီး အဆင္​​ေျပလာလိမ္​့မယ္​။

Corrica က ၿပိဳင္​ပဲြမ်ိဳးစံုမွာ ပါဝင္​ယွဥ္​ၿပိဳင္​လာသည္​။ Corrica က Mooney မိသားစုရဲ႕ အသည္​းတုန္​​ေလးျဖစ္​လာၿပီး သူအလိုရွိတာမွန္​သမ်ွရ​ေနသည္​။ Faith က Corrica နဲ႔ တျဖည္​းျဖည္​းနီးစပ္​လာၿပီး Avi ကို​ေတာ့ တျဖညး္​ျဖည္​း​ေအးစက္​လာခဲ့သည္​။

Avi ကလည္​း ​လိမ္​မာၿပီး​ေတာက္​ပတဲ့ လူငယ္​​ေလးက​ေန အစြန္​း​ေရာက္​​ေနတဲ့ လူငယ္​အျဖစ္​​ေျပာင္​းလဲလာသည္​။ Corrica အ​ေပၚထားတဲ့အျပဳအမူကလည္​း ဆိုး႐ြားလာၿပီး Corrica နဲ႔ နီးနီးကပ္​ကပ္​ ​ေနဖို႔ ျငင္​းဆန္​လာသည္​။ Faith က Avi ကို Corrica နဲ႔ ပတ္​သက္​ၿပီး ဆူ​ေတာ့ Faith မ်က္​နွာကို ​ေအး​စက္​စက္​ၾကည္​့​ေနၿပီး တိတ္​ဆိတ္​​ေနသည္​။

ညဘက္​မွာ Avi က တစ္​ေယာက္​တည္​း အထီးက်န္​ကာ ​ေၾကာက္​​ေနသည္​။ ​ေၾကာက္​လြန္​းလို႔ ​ေစာင္​​ေအာက္​က သူ႔ရဲ႕ ခႏၶာကိုယ္​​ေလးက တုန္​ခါ​ေနသည္​။ ဒါနဲ႔ ငယ္ငယ္​တုန္​းကလို Faith က သူ႔ကိုနွစ္​သိမ္​့​ေပးၿပီး သူနဲ႔အတူတူအိပ္​​ေပးနိုင္​မလားဆိုၿပီး Faith ကို သြားရွာသည္​။

Avi က ​ေျခဗလာနဲ႔ အခန္​းထဲက ​ေျပးထြက္​ၿပီး Faith အခန္​းထဲသြား​ေတာ့ ဘယ္​သူမွမရွိ​ေပ​။ ​ေအာက္​ထပ္​ကိုဆင္​းလာ​ေတာ့ စႏၵယားတီးသံကို ၾကားရတာ​ေၾကာင္​့ တံခါးက​ေန ​ေခ်ာင္​းၾကည္​့လိုက္​​ေတာ့ Corrica စႏၵယားတီး​ေနတာကို အ​ေဖာ္​ျပဳ​ေပး​ေနတဲ့ Faith ကို ​ေတြ႕လိုက္​ရသည္​။ Corrica က စႏၵယားတီးတာရပ္​လိုက္​ၿပီး Faith လက္​ထဲမွီလိုက္​သည္​။ Faith ကလည္​း Corrica ကို ဖက္​ကာ ​ေခါင္​းငံုၿပီး နမ္​းလိုက္​သည္​။ သူတို႔၂​ေယာက္​ နမ္​း​ေနၾကတယ္​။

Avi က မယံုနိုင္​စြာ မ်က္​လံုးျပဴးသြားသည္​။ ဒါနဲ႔ တိတ္တိတ္​​ေလး ​ေနာက္​ျပန္​ဆုတ္​ၿပီး ​ေၾကာက္​လန္​႔စြာ သူ႔အခန္​းထဲျပန္​သြားသည္​။ ၿပီး​ေတာ့​ေစာင္​​ေအာက္​မွာ ​​ေကြး​ေနကာ သူ႔​ေခါင္​းကို ကိုင္​ၿပီး မဟုတ္​ဘူး။ ဒါတကယ္​ျဖစ္​​ေနတာမဟုတ္​ဘူး။ ငါအိမ္​မက္​မက္​​ေနတာ။ ဟုတ္​တယ္​ အိမ္​မက္​မက္​​ေနတာ​ေနမွာ။Avi က အျမန္​ဆံုးအိပ္​​ေပ်ာ္​ဖို႔ ႀကိဳးစားၿပီး နိုးလာရင္​ အိမ္​မက္​က ​ေပ်ာက္​ကြယ္​သြားလိမ္​့မယ္​။

Avi က အခန္​းထဲကိုၾကည္​့​ေနရင္​း တျဖည္​းျဖည္​း မိုးလင္​းလာၿပီး လံုးဝအိပ္​မ​ေပ်ာ္​​ေပ။ ဒါနဲ႔ သတၱိ​ေမြးလိုက္​ၿပီး အမွန္​တရားကို ရင္​ဆိုင္​ဖို႔ ဆံုးျဖတ္​လိုက္​သည္​။ ဒါ​ေပမဲ့ ငါဘာဆက္​လုပ္​ရမလဲ။ Faith က ငါနဲ႔ ​ေစ့စပ္​ထားတယ္​ဆို​ေပမယ္​့ Faith နဲ႔ Corrica က ခ်စ္​​ေနၾကတာ​ေလ။ ငါဒီအိမ္​က ထြက္​သြားရ​ေတာ့မွာလား။ ငါ Faith နဲ႔ လက္​မထပ္​ရ​ေတာ့ဘူးလား။

မဟုတ္​ဘူး။ မျဖစ္​ရဘူး။ ဒါ​ေတြအားလံုး ငါပိုင္​တာ။ Corrica ကို လုယူခြင္​့မျပဳနိုင္​ဘူး။ ငါ Faith ကို လက္​ထပ္​ရမွျဖစ္​မယ္​။

Avi က ဆံုးျဖတ္​ခ်က္​ခိုင္​ခိုင္​မာမာ ခ်လိုက္​ၿပီး Corrica ကို မ်က္​နွာသာမ​ေပးပဲ ဆန္​႔က်င္​​ေတာ့သည္​။ ဒါ​ေၾကာင္​့မလို႔လဲ Faith က Avi ကို ပိုမုန္​းလာသည္​။

​ေနာက္​ဆံုး​ေတာ့ Avi က ၁၉နွစ္​အ႐ြယ္​​ေရာက္​လာၿပီး လက္​ထပ္​ရ​ေတာ့မယ္​့အျပင္​ ပိုင္​ဆိုင္​မႈ​ေတြကိုလည္​း ျပန္​လည္​ရရွိေတာ့မည္​ျဖစ္​သည္​။

Faith က Kurt ကို Avi နဲ႔ ​ေစ့စပ္​ထားတာကို ဖ်က္​သိမ္​း​ေပးဖို႔​ေျပာသည္​။ Corrica ကိုသာ ႀကိဳက္​နွစ္​သက္​ၿပီး သူနဲ႔လက္​ထပ္​မယ္​လို႔​ေျပာသည္​။

Avi က ​ေငြအ​ေၾကာင္​းသိပ္​နားမလည္​​ေပမယ္​့ သူ႔ပိုင္​ဆိုင္​မႈ​ေတြကို Mooney မိသားစုက ကိုယ္​စားထိန္​းသိမ္​းထားတာကိုလည္​းသိသည္​။ သူ႔ရဲ႕ပိုင္​ဆိုင္​မႈ​ေတြသာမရွိရင္​ Mooney စီးပြား​ေရး ​ေဒဝါလီခံရမွာကုိလည္​းသိသည္​။ ဒါ​ေၾကာင္​့ Faith သာ သူနဲ႔ လက္​မထပ္​ရင္​ သူ႔ပိုင္​ဆိုင္​မႈ​ေတြ ျပန္​​ေပးရန္​ ​ေျပာလိုက္​သည္​။

Kurt က စဥ္​းစားသည္​။ Corrica က မိသားစုသိကၡာကို ျမင္​့တင္​​ေစနိုင္​ၿပီး မိသားစုစီးပြား​ေရးကို အ​ေထာက္​အကူျဖစ္​​ေစနိုင္​တယ္​ဆိုရင္​​ေတာင္​ Avi ကို ပိုင္​ဆုင္​မႈ​​ေတြ အခုခ်က္​ခ်င္​းျပန္​​ေပးလိုက္​ရင္​ ကုမၸဏီလည္​ပတ္​နိုင္​​ေတာ့မွာ မဟုတ္​​ေပ။ Corrica ဆီက​ေနရမယ္​့ အက်ိဳးအျမတ္​​ေတြကလည္​း နွစ​္​ေတြအမ်ားႀကီး ​ေစာင္​့ရမွာျဖစ္​သည္​။

Kurt က Faith ကို Avi နဲ႔ ခ်က္​ခ်င္​းလက္​ထပ္​ဖု႔ိတြန္​းအား​ေပးသည္​။ မဟုတ္​ရင္​ Corrica ကို အ​ေဝးပို႔ပစ္​မွာဟု​ေျပာသည္​။ Faith က တြန္​းအား​ေပးခံရလို႔ အရမ္​း​ေဒါသထြက္​​ေနၿပီး ထြက္​​ေပါက္​လမ္​းမရွိျဖစ္​​ေနသည္​။

မဂၤလာ​ေဆာင္​တဲ့​ေန႔မွာ Corrica က သတ္​​ေသဖို႔ဆံုးျဖတ္​ၿပီး Faith ကို ​ေနာက္​ဆံုးအ​ေနနဲ႔ဆက္​သြယ္​ကာ နႈတ္​ဆက္​စကား​ေျပာသည္​။ Faith က မဂၤလာပဲြကို ဂရုမစိုက္​​ေတာ့ဘဲ Corrica ကို တားဖို႔ ထြက္​သြားသည္​။ Avi က ​ေနာက္​ကလိုက္​လာၿပီး အရာအားလံုး ရွင္​းရွင္​းလင္​းလင္​းျဖစ္​သြား​ေအာင္​ Faith ကို ဆံုးျဖတ္​ခ်က္​ ခိုင္​ခိုင္​မာမာခ်ခိုင္​းဖို႔ျဖစ္​သည္​။

Corrica က Avi ကိုလည္​းျမင္​​ေရာ လက္​ဆဲြၿပီး ​ဒူး​ေထာက္​ကာ ငို​ေတာ့သည္​။ Faith ကို လည္​း​ေခၚမသြားပါနဲ႔ Mooney မိသားစု စီးပြား​ေရးပ်က္​​ေအာင္​လည္​း မလုပ္​ပါနဲ႔တဲ့။ Faith က Corrica ကို ဆဲြထူၿပီး ဘာမွ​ေတာင္​းပန္​စရာမလိုဘူး။ ကိုကိုက မင္​းနဲ႔ တစ္​သက္​လံုး အတူတူ​ေနမွာလို႔ ​ေျပာသည္​။ 

၃​ေယာက္​သား စကားမ်ားျငင္​းခံု​ေနၾကၿပီး ​​ေခ်ာက္​ကမ္​းပါးစြန္​းမွာ ဆဲြၾကရမ္​းၾကနဲ႔ ၃​ေယာက္​လံုး ျပဳတ္​က်သြားသည္​။

Corrica က Faith ရဲ႕ လက္​ၾကားထဲမွာ ကာကြယ္​ခံရတာ​ေၾကာင္​့ ဒဏ္​ရာျပင္​းျပင္​းထန္​ထန္​မရ​ေပ။ Faith က သန္​မာၿပီး လ်င္​ျမန္​တာ​ေၾကာင္​့ ​ေသ​ေစနိုင္​တဲ့ ​ေနရာ​ေတြကို ​ေရွာင္​နိုင္​သည္​။ Avi တစ္​​ေယာက္​သာ ​ေခါင္​းကို ထိခိုက္​သြားၿပီး ​ေသြး​ေတြထြက္​လာသည္​။

Faith ခဏ​ေလာက္​တုန္​႔ဆိုင္​း​ေနၿပီး Corrica ကို အရင္​ ​ေဆးကုသဖို႔ ဆံုးျဖတ္​လိုက္​သည္​။

​ေခါင္​းမွာ ​ေသြး​ေတြထြက္​​ေနတဲ့ Avi က လဲ​ေနရင္​း သူတို႔၂​ေယာက္​ ထြက္​သြားတာကို ၾကည္​့​ေနရသည္​။ ​ေနျပင္​းျပင္​းပူ​ေန​ေပမယ္​့ ​ေဆာင္​းတြင္​းႀကီး နွင္​း​ေတြထဲမွာ လဲ​ေလ်ာင္​း​ေနရသလို ခံစားရသည္​။ ​ေခါင္​းစ​ေျခဆံုးထိ ​ေအးစက္​​ေနသလို ခံစားရသည္​။

Avi ​ေနာင္​တရ​ေနသည္​။ ငါ့ကိုမခ်စ္​တဲ့သူကို ဘာလို႔ လက္​ထက္​ဖို႔ ႀကိဳးစားမိတာလဲ။ဒီသစၥာ​ေဖာက္​ကိုမတြယ္​ကပ္​​ေနဘဲ သူ​ေကာင္​း​ေကာင္​း​ေနလို႔ရတယ္​။တကယ္​လို႔ သူသာ အသက္​ရွင္​နိုင္​ခဲ့မယ္​ဆိုရင္​ အတိတ္​​ေတြကို ​ေမ့​ေဖ်ာက္​လိုက္​ၿပီး ​ေကာင္​း​ေကာင္​းမြန္​မြန္​ ​ေနထိုင္​သြားခ်င္​တယ္​။

ကံဆိုးတာက Avi ကို ​ေဆးရံု​ပို႔​ေနစဥ္​မွာပဲ ဆံုးသြားသည္​။ အခ်ိန္မွီကုသမႈ မခံရ​တာ​ေၾကာင္​့ျဖစ္​သည္​။

တကယ္​ဆိုရင္​ Avi က အသက္​ရွင္​ရမွာျဖစ္​သည္​။ Kurt က သူ႔သားဆီက​ေန Avi ကို ကယ္​ဖို႔ လူ​ေတြလြတ္​ရန္​ မက္​​ေဆ့​ေရာက္​လာတာကို ျမင္​​ေတာ့ တုန္​႔ဆိုင္​း​ေနျခင္​းျဖစ္​သည္​။ Avi နဲ႔ Faith က လက္​ထပ္​စာခ်ဳပ္​မွာ လက္​မွတ္​ထိုးၿပီးၿပီ ျဖစ္​သည္​။ မဂၤလာပဲြသာ မ​က်င္​းပရ​ေသးျခင္​းျဖစ္​သည္​။ ဥပ​ေဒအရ သူတို႔၂​ေယာက္​က လက္​တဲြ​ေဖာ္​​ေတြ ျဖစ္​သြားၿပီျဖစ္​သည္​။ Avi ​ေသရင္​ ဥစၥာပစၥည္​း​ေတြကို Faith က ရမွာ ျဖစ္​သည္​။

Kurt က ​ေတြးသည္​။ Avi သာ ​ေသမယ္​ဆိုရင္​ ဥစၥာပစၥည္​း​ေတြကို Faith အပိုင္​ရမယ္​့အျပင္​ သူခ်စ္​တဲ့ Corrica နဲ႔ လည္​း လက္​ထပ္​လို႔ရမွာပဲ။ ဒါ ခဲတစ္​လံုးနဲ႔ ငွက္​၂​ေကာင္​ ပစ္​လို႔ရတာ​ေပါ့။ ဒါ​ေၾကာင္​့ Avi ကို ကယ္​ဖို႔ ​ေႏွာင္​့​ေနွး​ေစၿပီး ​ေဆးရံု​ေခၚသြားတဲ့အခါမွာလည္​း ကားကို ​ေျဖး​ေျဖ​ေမာင္​းခိုင္​းသည္​။

Kurt က Avi ျဖည္းျဖည္​းခ်င္​း​ေသသြားတာကို ရက္​စက္​စြာ ၾကည္​့​ေနခဲ့သည္​။

jing yang က မ်က္​လံုးဖြင္​့လိုက္​ၿပီး ျမက္​ခင္​း​ေပၚက လူ၂​ေယာက္​ကို ၾကည္​့​ေနသည္​။ တစ္​​ေယာက္​ကို တစ္​​ေယာက္​ခ်စ္​​ေနၾကတယ္​​ေပါ့။ ​ေကာင္​းၿပီ မင္​းတို႔ရဲ႕ ဆႏၵကို ျဖည္​့ဆည္​း​ေပမယ္​။ ​ေနာင္​တမရပါ​ေစနဲ႔လို႔ ​ေမ်ွာ္​လင္​့ပါတယ္​။

စန္ဒယားအသံ? ​​ပေါ့ပါးဖြတ်​လတ်​​နေတဲ့ စန္ဒယားအသံက နားထဲကြား​နေသည်​။ မျက်​လုံးဖွင်​့ပြီး အခန်​းထဲလှည်​့ပတ်​ကြည်​့လိုက်​​တော့ အသံက အခန်​းထဲမှ လာတဲ့ အသံမဟုတ်​ဘူး။

အိပ်​ယာ​ပေါ်ကထပြီး ကြမ်​းပြင်​ထိရှည်​တဲ့ ပြတင်​း​ပေါက်​နားသွားပြီး ကြည်​့လိုက်​သည်​။ ​အောက်​က မြက်​ခင်​းစိမ်​းစိမ်​း​ပေါ်မှာ လူငယ်​တစ်​​ယောက်​က စန္ဒယားတီး​နေပြီး ​နောက်လူငယ်​တစ်​​ယောက်​က စန္ဒယားကိုမှီကာ တီ​းနေတဲ့လူငယ်​ကို ကြည်​့​နေသည်​။

Jing yang က ပြတင်​း​ပေါက်​ကိုမှီပြီး မူလခန္ဓာရဲ့ မှတ်​ဉာဏ်​​တွေကို ပြန်​​တွေးလိုက်​သည်​။

Jing yang ​ရောက်​​နေတဲ့​နေရာက ဒီကမ္ဘာရဲ့ ဂီတမြို့​တော်​ Odyssey ဖြစ်​သည်​။ ဒီမြို့က ဂီတချစ်​သူ​တွေရဲ့ အသွားချင်​ဆုံးမြို့ဖြစ်​ပြီး ဂီတ​တွေရဲ့ နိဗ္ဗာန်​ဘုံဖြစ်​သည်​။ ကမ္ဘာ့အ​တော်​ဆုံး ဂီတပညာရှင်​​တွေ စုစည်​းရာ​နေရာဖြစ်​သည်​။

နှစ်​စဉ်​နှစ်​တိုင်​း ဂီတချစ်​သူ​တွေက ဒီမြို့ကိုလာကာ အလုပ်ရပြီး အ​ခြေချ​နေထိုင်​နိုင်​ဖို့ ​မျှော်​လင်​့ကြသည်​။ ဒါ​ပေမဲ့ လူနည်​းစုကပဲ ဒီမြို့မှာ ​နေနိုင်​ကြသည်​။အ​ရည်​အချင်​းရှိတဲ့သူ​တွေသာ ​နေထိုင်​နိုင်​ပြီး အရည်​အချင်​းမရှိတဲ့လူ​တွေက ​မျှော်​လင်​့ချက်​မဲ့ကာ ထွက်​သွားကြရသည်​။

အလုပ်​ကြိုးစားရုံနဲ့ ​အောင်​မြင်​မယ်​လို့ မ​ပြောနိုင်​ဘူး။​ကြိုးစားရမယ်​့အပြင်​ ပါရမီပါမှလည်​းရဦးမယ်​။ ပါရမီမြင်​့​လေ ​အောင်​မြင်​နိုင်​​ချေပိုများ​လေဖြစ်​သည်​။ ဆိုရိုးစကား​တောင်​ရှိ​သေးတယ်​ ပါရမီက အရာအားလုံးဆုံးဖြတ်​နိုင်​တယ်​။ ပါရမီမရှိရင်​ ​မျှော်​မှန်​းချက်​မရှိဘူးတဲ့။

ဒီတစ်​ခါ Jing yang ဝင်​စားရတဲ့လူက Avi Deere လို့​ခေါ်တဲ့ ၁၈နှစ်​အရွယ်​ လူငယ်တစ်​​ယောက်​ဖြစ်​သည်​။

ဒီလူက အရမ်​းကံ​ကောင်​းတယ်​။ သူ့ရဲ့ ဘိုး​ဘေးဘီ​ဘင်​​တွေ ဒီမြို့မှာ အ​ခြေချ​နေထိုင်​ခဲ့ပြီး အရမ်​းချမ်​းသာတာ​ကြောင်​့ သူ့ဘဝက ဘာမှခက်​ခက်​ခဲခဲကြိုးစားစရာမလိုဘဲ ဒီမြို့မှာ သက်​​တောင်​့သက်​သာ​နေနိုင်​သည်​​။

ဒါ​ပေမဲ့ သူက ကံမ​ကောင်​းပြန်​ဘူး။ သူ့ရဲ့​ဆွေမျိုးသားချင်​း​တွေအားလုံး ဆုံးသွားကြပြီး သူတစ်​​ယောက်​ထဲသာ ကျန်​​တော့သည်​။

အခုသူ​နေတဲ့ အိမ်​ကလည်​း သူ့​နေအိမ်​မဟုတ်​ဘူး။ ဒါ​ပေမဲ့ သူ့အိမ်​က သိပ်​မ​ဝေးပါဘူး။ ဒီအိမ်​ရဲ့ ​နောက်​ကို ဆက်​သွားလိုက်​ရင်​ သူ့စံအိမ်​ကို​ရောက်​ပြီ​လေ။

Avi ရဲ့ မိဘ​တွေက သူ​မွေးခါစမှာ ဆုံးသွားပြီး သူ့ရဲ့ အဖိုးကပဲ ​စောင်​့​ရှောက်​လာတာဖြစ်​သည်​။ Avi ၇နှစ်​ ၈နှစ်​သားအရွယ်​မှာ သူ့အဖိုးရဲ့ ကျန်​းမာ​ေ​ရေးက ဆိုးရွားလာပြီး Avi ကို Mooney မိသားစုဆီမှာ ယုံကြည်​စွာ အပ်​နှံပြီး ဆုံးသွားသည်​။

Deere မိသားစုနဲ့ Mooney မိသားစုက အရမ်​းခင်​မင်​ကြပြီး စံအိမ်​ကို​တောင်​ ​ဘေးချင်​းကပ်​ရပ်​​ဆောက်​ကြတဲ့အထိ ခင်​မင်​ကြသည်​။

မိသားစုချင်​း ခင်​မင်​ရင်​နှီးတာအပြင် ​Avi ကို ယုံကြည်​စိတ်​ချစွာ အပ်​နှံထားတဲ့ ​နောက်​ထပ်​အ​ကြောင်​းအရာလည်​း ရှိ​သေးသည်​။

​နောက်​ထပ်​်​အ​ကြောင်​းအရာကို မ​ပြောခင်​ ဒီကမ္ဘာမှာ လိင်​တူလက်​ထက်​တာက တရားဝင်​ရုံတင်​မက ​ခေတ်​မှီ​ဆေးဝါးအကူအညီနဲ့ မိဘနှစ်​​ယောက်​လုံးရဲ့ DNA ကို ယူကာ က​လေးယူလို့ရသည်​။

အဖိုး Mooney အသက်​ရှင်​တုန်​းက Avi ကို အရမ်​းချစ်​သည်​။ ဒါနဲ့ အဖိုး Deere နဲ့တိုင်​ပင်​ကာ နှုတ်​ဖြင်​့​စေ့စပ်​စကား​ပြောပြီး Avi အသက်​ ၁၉နှစ်​ကြရင်​ သူ့​မြေး Faith ကို လက်​ထက်​ဖို့ သ​ဘောတူခဲ့သည်​။

မိသားစု၂စုရဲ့ ဆက်​ဆံ​ရေးကလည်​း​ကောင်​းတယ်​။ တကယ်​လို့ Avi သာ Faith နဲ့ လက်​ထက်​လိုက်​ရင်​ Mooney မိသားစုက Avi ကို ဆိုးဆိုးရွားရွားမဆက်​ဆံ​လောက်​ဘူးလို့ အဖိုး Deere က ထင်​ခဲ့သည်​။ Mooney ရဲ့ သားက သိပ်​ပြီး အရည်​အချင်​းမရှိ​ပေမယ်​့ သူ့​မြေးက​တော့ မဆိုးပါဘူး။ သူ့ရဲ့ ကျန်​းမာ​ရေးသာ ​ကောင်​းမွန်​​သေးတယ်​ဆိုရင်​ သူ့​မြေး​လေး Avi ကြီးပြင်​းလာတာကို ဆက်​ပြီး ​စောင့်​ရှောက်​ကြည်​့ချင်​​သေးသည်​။

Faith က Avi ထက်​ ၅နှစ်​ကြီးပြီး ​Avi ကို ကောင်​းမွန်​စွာဆက်​ဆံသည်​။ က​လေး၂​ယောက်​က တည်​့တည်​့ရှုရှုရှိကြပြီး တစ်​​ယောက်​အိမ်​ တစ်​​ယောက်​လည်​ကာ အတူတူကစားကြပြီး ဂီတတူရိယာ​တွေကိုလည်​း အတူတူ​လေ့လာခဲ့ကြသည်​။

အဖိုး Deere က Avi ကို​မေးခဲ့သည်​။" ​မြေး​လေးကြီးလာရင်​ Faith ကို လက်​ထက်​ပြီး Mooney မိသားစုဆီမှာ ​နေချင်​လား။"

Avi ငယ်​စဉ်​တုန်​းက အသိတရားမရှိ​သေးတာ​ကြောင်​့ အဖိုး Deere ရဲ့ ပုလဲနက်​လို​တောက်​ပတဲ့ မျက်​လုံးကိုစိုက်​ကြည်​့ရင်​း ​မေးသည်​။ " ဒါဆို သားအိမ်​ပြန်​လာလို့ မရ​တော့ဘူး​ပေါ့။"

အဖိုး Deere က ပြန်​​ဖြေသည်​။ " ​မြေးရဲ့အိမ်​က အမြဲကြိုဆို​နေမှာပါ။ ​မြေး အချိန်​မ​ရွေးပြန်​လာလို့ရပြီး Faith ကို ​ခေါ်ပြီး ပြန်​လာလို့ ရတယ်​။"

Avi မျက်​လုံး​လေးက ချက်​ချင်​း​တောက်​ပသွားပြီး " ဒါဆိုရင်​ သား Faith ကို လက်​ထက်​မယ်​။" အဖိုး Deere စိတ်​​အေးသွားသည်​။

အဖိုး Deere က သူမဆုံးခင်​ Avi ရဲ့ အုပ်​ထိန်​းခွင်​့နဲ့ Mooney မိသားစုရဲ့ ဥစ္စာပစ္စည်​း​တွေကို အဖိုး Mooney ဆီမှာ အပ်​နှံခဲ့သည်​။ဒါ​ပေမဲ့ ကံကြမ္မာဆိုးဝင်​ပြီး အဖိုး Mooney က ​နောက်​တစ်​နှစ်​မှာ ဆုံးသွားသည်​။

Avi ကို အုပ်​ထိန်​းခွင်​့၊ ပစ္စည်​းဥစ္စာ​တွေ ​စောင်​့​ရှောက်​ခွင်​့​တွေက အဖိုး Mooney ရဲ့ သား Kurt Mooney ရဲ့ လက်​ထဲကျ​ရောက်​သွားသည်​။ Kurt Mooney ရဲ့ စရိုက်​က သိပ်​မ​ကောင်​း​ပေမယ်​့ Avi ကို​တော့ ​ကောင်​း​ကောင်​းမွန်​မွန်​​စောင်​့​ရှောက်​ခဲ့သည်​။

Kurt က သိပ်​ပြီး အရည်​အချင်​းမရှိတာ​ကြောင်​့ မိသားစုစီးပွား​ရေးက သူ့လက်​ထပ်​မှာ ကပ်​ဆိုက်​လာသည်​။ ဒါနဲ့ သူလည်​း Deere မိသားစု ပစ္စည်​း​တွေသုံးပြီး ​ဖြေရှင်​းဖို့ အကြံရသွားသည်​။ Kurt က Avi ရဲ့ ဥစ္စာပစ္စည်​း​တွေကို ကိုယ်​စားထိန်​းသိမ်​း​စောင်​့​ရှောက်​ရတာ​ကြောင်​့ Avi အရွယ်​​ရောက်​တာနဲ့ ဥပ​ဒေအရ Avi ကို ဥစ္စာပစ္စည်​း​တွေ ပြန်​လည်​လွဲှ​ပြောင်​းရမှာ ဖြစ်​သည်​။ တကယ်​လို့ ပြန်​မ​လွဲှ​ပြောင်​းဘူးဆိုရင်​ Avi က ဥပ​ဒေအရ တရားဆွဲနိုင်ပြီး Kurt ကို ​ထောင်​ချလို့ရသည်​။

ဒါ​ပေမဲ့လည်​း Avi က ကြီးလာရင်​ Faith ကို လက်​ထပ်​ရမှာပဲ​လေ။ အဲ့အခိ်ျန်​ကြရင်​လည်​း Deere ရဲ့ ပစ္စည်​းဥစ္စာ​တွေက Mooney မိသားစုပိုင်​မှာပဲ​လေ။ ဒါ​ကြောင်​့မလို့ Kurt က သူ့ရဲ့စီးပွားရေး ကပ်​ဆိုက်​တာကို Avi ရဲ့ ဥစ္စာပစ္စည်​း​တွေသုံးပြီး ​ဖြေရှင်​းခဲ့သည်​။

Avi က ​Mooney တို့ဆီမှာ ​ကောင်​း​ကောင်​း​နေထိုင်​ခဲ့ရတယ်​လို့ ဆိုလို့ရပါတယ်​။ Faith က Avi ကို ​ကောင်​း​ကောင်​းမွန်​မွန်​ ဆက်​ဆံတယ်​။ Kurt ကလည်​း Avi ရဲ့ ပစ္စည်​းဥစ္စာ​တွေ ယူသုံးထားတာ​ကြောင်​့ အပြစ်​ရှိသလို ခံစားရပြီး Avi ကို အရင်​ကထက်​ ပို​ကောင်​းမွန်​စွာ ဆက်​ဆံခဲ့သည်​။

Corrica ​ပေါ်လာတဲ့ အချိန်​မှာ​တော့ အရာအားလုံး တဖြည်​းဖြည်​း​ပြောင်​းလဲသွားသည်​။

Corrica က Mooney မိသားစုဆီမှာ ​မွေးစားခံရတဲ့ မိဘမဲ့တစ်​ဦးဖြစ်​သည်​။ Corrica က စန္ဒယားတီးရာမှာ ပါရမီပါတာ​ကြောင်​့ Mooney မိသားစုက မိဘမဲ့​ဂေယာက​နေ ​ခေါ်ယူ​မွေးစားပြီး Corrica က Mooney မိသားစုရဲ့ ​မွေးစားသားဖြစ်​လာသည်​။

ဒီမြို့ ဒီနိုင်​ငံ ဒီကမ္ဘာက ဂီတကို ချစ်​မြတ်​နိုးကြသည်​။ မိသားစုဝင်​ထဲက တစ်​​ယောက်​က ဂီတတူရိယာကို ထူး​ချွန်​စွာ တီးပြနိုင်​ရင်​ ဒါဟာ မိသားစုအဆင်​့အတန်​းကို မြင်​့မား​စေသည်​။

ဒါ​ပေမဲ့ ဂီတပါရမီပါသူ​တွေက အင်​မတန်​ရှားပါးတာ​ကြောင်​့ ချမ်​းသာတဲ့ မိသားစု​တွေက ဂီတပါရမီပါတဲ့ မိဘမဲ့​တွေကို ​မွေးစားကြသည်​။ တကယ်​လို့ သူတို့​မွေးစားထားတဲ့ မိဘမဲ့က တစ်​​နေ့မှာ ​ကျော်​​ကြားတဲ့ ဂီတပညာရှင်​ ဖြစ်​လာရင်​ ထိုမိသားစုက ဂုဏ်​သိက္ခာတက်​သွားမည်​ဖြစ်​သည်​။

Faith က ဂီတမှာ ပါရမီမပါတာ​ကြောင်​့ ဆယ်​​ကျော်​သက်​ကတည်​းက စီးပွား​ရေးအ​ကြောင်​းကို သင်​ယူခဲ့ပြီး အနာဂတ်​မှာ မိသားစုစီးပွား​ရေးကို အဆင်​​ပြေစွာလုပ်​ကိုင်​နိုင်​ဖို့ဖြစ်​သည်​။Avi ရဲ့ ဂီတအရည်​အချင်​းက မဆိုးဘူးဆို​ပေမယ်​့ ဒီ့ထက်​ပိုကြိုးစားရင်​ ဂီတလမ်​း​ကြောင်​းမှာ ​နေရာတစ်​​နေရာ​တော့ ရနိုင်​သည်​။

တစ်​​နေ့မှာ Avi နဲ့ Faith က Kurt ​ထောက်​ပံ့​တဲ့ မိဘမဲ့ ​ဂေယာကို လိုက်​သွားကြသည်​။ Corrica ဆိုတဲ့ အရမ်​းလှပတဲ့ မျက်​နှာရှိတဲ့ ​ကောင်​​လေးကို ပထမဆုံးမြင်​ဖူးခြင်​းဖြစ်​သည်​။

Corrica က သူ့တို့ကို က​လေးစန္ဒယားပြိုင်​ပွဲမှာ ယှဉ်​ပြိုင်​ခွင်​့​ပေးဖို့​တောင်​းဆိုသည်​။ သူတို့ကလည်​း သ​ဘောတူလိုက်​ပြီး Corrica ကို က​လေးစန္ဒယားပြိုင်​ပွဲမှာ ထည်​့လိုက်​သည်​။

Corrica က ပြိုင်​ပွဲတိုင်​းမှာ ဆု​တွေရသည်​။ ဒိုင်​​တွေက Corrica ကို ဉာဏ်​ကြီးရှင်​​လေးပဲ ဂီတမှာ ပါရမီပါတယ်​ စသဖြင်​့​ကောင်​းတဲ့ မှတ်​ချက်​​တွေ​ပေးကြသည်​။ ဒါ​ကြောင်​့မလို့ Corrica က Mooney မိသားစုရဲ့ ​မွေးစားခြင်​းကို ခံရကာ Mooney မိသားစုနဲ့ အတူတူ​နေ​တော့သည်​။

Corrica က Faith ကို သူနဲ့ အမြဲတမ်​း စန္ဒယားအတူတီးဖို့​တောင်​းဆိုသည်​။ Faith က Corrica ရဲ့ အပြစ်​ကင်​းတဲ့ မျက်လုံး​လေးကိုကြည်​့ပြီး မငြင်​းနိုင်​ဘဲ Avi ထက်​​တောင်​ ပိုပြီး စိတ်​ရှည်​သည်​းခံ​ပေးသည်​။ Avi က သူ့ရဲ့ ဘဝတဖြည်​းဖြည်​း ​ပြောင်​းလဲလာတာကို သိလာသည်​။ Faith က သူ့အ​ပေါ် အရင်​လို မ​ကောင်​း​တော့ဘူး။ အရင်​လို ဂရုမစိုက်​​တော့ဘဲ Corrica ကိုပဲ ပိုဂရုစိုက်​ကာ Corrica နဲ့ပဲ ပို​အ​နေများလာသည်​။

Corrica က Avi နဲ့ ၂​ယောက်​တည်​းရှိ​နေတဲ့ အချိ်​န​်​တွေကြရင်​ Corrica က အမြဲပြုံး​နေပြီး Avi နဲ့ ခင်​မင်​ရင်​းနှီးချင်​သလိုလုပ်​​နေသည်​။ Avi က ဒီလို​ပြောင်​းလဲမှု​တွေကို အသားမ​ကျ​သေး​ပေမယ်​့ Corrica နဲ့ ကြိုးစားပြီး သူငယ်​ချင်​းဖြစ်​ဖို့ ဆုံးဖြတ်​ထားသည်​။

​နောက်​ကွယ်​မှာ​တော့ Faith က Avi ကို လာရှာကာ Corrica ကို ​ကောင်​း​ကောင်​းမွန်​မွန်​ ဆက်​ဆံဖို့​ပြောသည်​။ Faith က "Corrica က မိသားစုမရှိတဲ့ မိဘမဲ့​လေးပါ။ သနားဖို့​ကောင်​းပါတယ်​။ မင်​းဘာလို့ သူ့ကို​ကောင်​း​ကောင်​းမွန်​မွန်​ မဆက်​ဆံတာလဲ။"

Avi က ​ပြောချင်​ခဲ့သည်​။ သားသူ့ကို ​ဆိုးဆိုးရွားရွား မဆက်​ဆံပါဘူး။ သူ​ပြောချင်​ခဲ့သည်​။ သားလည်​း မိသားစုမရှိတဲ့ မိဘမဲ့ပဲ​လေ။ ဒါ​ပေမဲ့သူ​ပြောမထွက်​ခဲ့ဘူး။ Faith က သူ့ကို မိသားစုဝင်​တစ်​​ယောက်​လို သတ်​မှတ်​တာ​ကြောင်​့ ဆိုဆုံးမသည်​လို့ပဲ ​ဖြေသိမ်​့ခဲ့သည်​။ Faith က သူချစ်​ခဲ့တဲ့သူကို စွန့်​့ခွာသွားတာမဟုတ်​ပါဘူးလို့​ဖြေသိမ်​့ခဲ့သည်​။

Corrica က စန္ဒယားတီးတာ ပိုမိုကျွမ်​းကျင်​လာပြီး ဆု​တွေ အများကြီးရလာသည်​။ လူ​တွေက သူ့နံမည်​ကို သတိပြုမိလာပြီး Mooney မိသားစုလည်​း မျက်​နှာရလာသည်​။Corrica က ​မွေစားသားဖြစ်​​ပေမယ်​့ သူတို့မိသားစုက ​ကျွေး​မွေးပြုစုထားတာ​ကြောင်​့ Corrica သာ စန္ဒယားပညာရှင်​ဖြစ်​လာရင်​ သူတို့ Mooney မိသားစု ဒီမြို့မှာ အဆင်​့အတန်​းမြင်​့သွားရုံသာမက ဂီတတူရိယာ​ရောင်​းချတဲ့ လုပ်​ငန်​းကလည်​း ပိုပြီး အဆင်​​ပြေလာလိမ်​့မယ်​။

Corrica က ပြိုင်​ပွဲမျိုးစုံမှာ ပါဝင်​ယှဉ်​ပြိုင်​လာသည်​။ Corrica က Mooney မိသားစုရဲ့ အသည်​းတုန်​​လေးဖြစ်​လာပြီး သူအလိုရှိတာမှန်​သမျှရ​နေသည်​။ Faith က Corrica နဲ့ တဖြည်​းဖြည်​းနီးစပ်​လာပြီး Avi ကို​တော့ တဖြညး်​ဖြည်​း​အေးစက်​လာခဲ့သည်​။

Avi ကလည်​း ​လိမ်​မာပြီး​တောက်​ပတဲ့ လူငယ်​​လေးက​နေ အစွန်​း​ရောက်​​နေတဲ့ လူငယ်​အဖြစ်​​ပြောင်​းလဲလာသည်​။ Corrica အ​ပေါ်ထားတဲ့အပြုအမူကလည်​း ဆိုးရွားလာပြီး Corrica နဲ့ နီးနီးကပ်​ကပ်​ ​နေဖို့ ငြင်​းဆန်​လာသည်​။ Faith က Avi ကို Corrica နဲ့ ပတ်​သက်​ပြီး ဆူ​တော့ Faith မျက်​နှာကို ​အေး​စက်​စက်​ကြည်​့​နေပြီး တိတ်​ဆိတ်​​နေသည်​။

ညဘက်​မှာ Avi က တစ်​ယောက်​တည်​း အထီးကျန်​ကာ ​ကြောက်​​နေသည်​။ ​ကြောက်​လွန်​းလို့ ​စောင်​​အောက်​က သူ့ရဲ့ ခန္ဓာကိုယ်​​လေးက တုန်​ခါ​နေသည်​။ ဒါနဲ့ ငယ်ငယ်​တုန်​းကလို Faith က သူ့ကိုနှစ်​သိမ်​့​ပေးပြီး သူနဲ့အတူတူအိပ်​​ပေးနိုင်​မလားဆိုပြီး Faith ကို သွားရှာသည်​။

Avi က ​ခြေဗလာနဲ့ အခန်​းထဲက ​ပြေးထွက်​ပြီး Faith အခန်​းထဲသွား​တော့ ဘယ်​သူမှမရှိ​ပေ​။ ​အောက်​ထပ်​ကိုဆင်​းလာ​တော့ စန္ဒယားတီးသံကို ကြားရတာ​ကြောင်​့ တံခါးက​နေ ​ချောင်​းကြည်​့လိုက်​​တော့ Corrica စန္ဒယားတီး​နေတာကို အ​ဖော်​ပြု​ပေး​နေတဲ့ Faith ကို ​တွေ့လိုက်​ရသည်​။ Corrica က စန္ဒယားတီးတာရပ်​လိုက်​ပြီး Faith လက်​ထဲမှီလိုက်​သည်​။ Faith ကလည်​း Corrica ကို ဖက်​ကာ ​ခေါင်​းငုံပြီး နမ်​းလိုက်​သည်​။ သူတို့၂​ယောက်​ နမ်​း​နေကြတယ်​။

Avi က မယုံနိုင်​စွာ မျက်​လုံးပြူးသွားသည်​။ ဒါနဲ့ တိတ်တိတ်​​လေး ​နောက်​ပြန်​ဆုတ်​ပြီး ​ကြောက်​လန်​့စွာ သူ့အခန်​းထဲပြန်​သွားသည်​။ ပြီး​တော့​စောင်​​အောက်​မှာ ​​ကွေး​နေကာ သူ့​ခေါင်​းကို ကိုင်​ပြီး မဟုတ်​ဘူး။ ဒါတကယ်​ဖြစ်​​နေတာမဟုတ်​ဘူး။ ငါအိမ်​မက်​မက်​​နေတာ။ ဟုတ်​တယ်​ အိမ်​မက်​မက်​​နေတာ​နေမှာ။Avi က အမြန်​ဆုံးအိပ်​​ပျော်​ဖို့ ကြိုးစားပြီး နိုးလာရင်​ အိမ်​မက်​က ​ပျောက်​ကွယ်​သွားလိမ်​့မယ်​။

Avi က အခန်​းထဲကိုကြည်​့​နေရင်​း တဖြည်​းဖြည်​း မိုးလင်​းလာပြီး လုံးဝအိပ်​မ​ပျော်​​ပေ။ ဒါနဲ့ သတ္တိ​မွေးလိုက်​ပြီး အမှန်​တရားကို ရင်​ဆိုင်​ဖို့ ဆုံးဖြတ်​လိုက်​သည်​။ ဒါ​ပေမဲ့ ငါဘာဆက်​လုပ်​ရမလဲ။ Faith က ငါနဲ့ ​စေ့စပ်​ထားတယ်​ဆို​ပေမယ်​့ Faith နဲ့ Corrica က ချစ်​​နေကြတာ​လေ။ ငါဒီအိမ်​က ထွက်​သွားရ​တော့မှာလား။ ငါ Faith နဲ့ လက်​မထပ်​ရ​တော့ဘူးလား။

မဟုတ်​ဘူး။ မဖြစ်​ရဘူး။ ဒါ​တွေအားလုံး ငါပိုင်​တာ။ Corrica ကို လုယူခွင်​့မပြုနိုင်​ဘူး။ ငါ Faith ကို လက်​ထပ်​ရမှဖြစ်​မယ်​။

Avi က ဆုံးဖြတ်​ချက်​ခိုင်​ခိုင်​မာမာ ချလိုက်​ပြီး Corrica ကို မျက်​နှာသာမ​ပေးပဲ ဆန်​့ကျင်​​တော့သည်​။ ဒါ​ကြောင်​့မလို့လဲ Faith က Avi ကို ပိုမုန်​းလာသည်​။

​နောက်​ဆုံး​တော့ Avi က ၁၉နှစ်​အရွယ်​​ရောက်​လာပြီး လက်​ထပ်​ရ​တော့မယ်​့အပြင်​ ပိုင်​ဆိုင်​မှု​တွေကိုလည်​း ပြန်​လည်​ရရှိတော့မည်​ဖြစ်​သည်​။

Faith က Kurt ကို Avi နဲ့ ​စေ့စပ်​ထားတာကို ဖျက်​သိမ်​း​ပေးဖို့​ပြောသည်​။ Corrica ကိုသာ ကြိုက်​နှစ်​သက်​ပြီး သူနဲ့လက်​ထပ်​မယ်​လို့​ပြောသည်​။

Avi က ​ငွေအ​ကြောင်​းသိပ်​နားမလည်​​ပေမယ်​့ သူ့ပိုင်​ဆိုင်​မှု​တွေကို Mooney မိသားစုက ကိုယ်​စားထိန်​းသိမ်​းထားတာကိုလည်​းသိသည်​။ သူ့ရဲ့ပိုင်​ဆိုင်​မှု​တွေသာမရှိရင်​ Mooney စီးပွား​ရေး ​ဒေဝါလီခံရမှာကိုလည်​းသိသည်​။ ဒါ​ကြောင်​့ Faith သာ သူနဲ့ လက်​မထပ်​ရင်​ သူ့ပိုင်​ဆိုင်​မှု​တွေ ပြန်​​ပေးရန်​ ​ပြောလိုက်​သည်​။

Kurt က စဉ်​းစားသည်​။ Corrica က မိသားစုသိက္ခာကို မြင်​့တင်​​စေနိုင်​ပြီး မိသားစုစီးပွား​ရေးကို အ​ထောက်​အကူဖြစ်​​စေနိုင်​တယ်​ဆိုရင်​​တောင်​ Avi ကို ပိုင်​ဆုင်​မှု​​တွေ အခုချက်​ချင်​းပြန်​​ပေးလိုက်​ရင်​ ကုမ္ပဏီလည်​ပတ်​နိုင်​​တော့မှာ မဟုတ်​​ပေ။ Corrica ဆီက​နေရမယ်​့ အကျိုးအမြတ်​​တွေကလည်​း နှစ​်​တွေအများကြီး ​စောင်​့ရမှာဖြစ်​သည်​။

Kurt က Faith ကို Avi နဲ့ ချက်​ချင်​းလက်​ထပ်​ဖု့ိတွန်​းအား​ပေးသည်​။ မဟုတ်​ရင်​ Corrica ကို အ​ဝေးပို့ပစ်​မှာဟု​ပြောသည်​။ Faith က တွန်​းအား​ပေးခံရလို့ အရမ်​း​ဒေါသထွက်​​နေပြီး ထွက်​​ပေါက်​လမ်​းမရှိဖြစ်​​နေသည်​။

မင်္ဂလာ​ဆောင်​တဲ့​နေ့မှာ Corrica က သတ်​​သေဖို့ဆုံးဖြတ်​ပြီး Faith ကို ​နောက်​ဆုံးအ​နေနဲ့ဆက်​သွယ်​ကာ နှုတ်​ဆက်​စကား​ပြောသည်​။ Faith က မင်္ဂလာပွဲကို ဂရုမစိုက်​​တော့ဘဲ Corrica ကို တားဖို့ ထွက်​သွားသည်​။ Avi က ​နောက်​ကလိုက်​လာပြီး အရာအားလုံး ရှင်​းရှင်​းလင်​းလင်​းဖြစ်​သွား​အောင်​ Faith ကို ဆုံးဖြတ်​ချက်​ ခိုင်​ခိုင်​မာမာချခိုင်​းဖို့ဖြစ်​သည်​။

Corrica က Avi ကိုလည်​းမြင်​​ရော လက်​ဆွဲပြီး ​ဒူး​ထောက်​ကာ ငို​တော့သည်​။ Faith ကို လည်​း​ခေါ်မသွားပါနဲ့ Mooney မိသားစု စီးပွား​ရေးပျက်​​အောင်​လည်​း မလုပ်​ပါနဲ့တဲ့။ Faith က Corrica ကို ဆွဲထူပြီး ဘာမှ​တောင်​းပန်​စရာမလိုဘူး။ ကိုကိုက မင်​းနဲ့ တစ်​သက်​လုံး အတူတူ​နေမှာလို့ ​ပြောသည်​။ 

၃​ယောက်​သား စကားများငြင်​းခုံ​နေကြပြီး ​​ချောက်​ကမ်​းပါးစွန်​းမှာ ဆွဲကြရမ်​းကြနဲ့ ၃​ယောက်​လုံး ပြုတ်​ကျသွားသည်​။

Corrica က Faith ရဲ့ လက်​ကြားထဲမှာ ကာကွယ်​ခံရတာ​ကြောင်​့ ဒဏ်​ရာပြင်​းပြင်​းထန်​ထန်​မရ​ပေ။ Faith က သန်​မာပြီး လျင်​မြန်​တာ​ကြောင်​့ ​သေ​စေနိုင်​တဲ့ ​နေရာ​တွေကို ​ရှောင်​နိုင်​သည်​။ Avi တစ်​​ယောက်​သာ ​ခေါင်​းကို ထိခိုက်​သွားပြီး ​သွေး​တွေထွက်​လာသည်​။

Faith ခဏ​လောက်​တုန်​့ဆိုင်​း​နေပြီး Corrica ကို အရင်​ ​ဆေးကုသဖို့ ဆုံးဖြတ်​လိုက်​သည်​။

​ခေါင်​းမှာ ​သွေး​တွေထွက်​​နေတဲ့ Avi က လဲ​နေရင်​း သူတို့၂​ယောက်​ ထွက်​သွားတာကို ကြည်​့​နေရသည်​။ ​နေပြင်​းပြင်​းပူ​နေ​ပေမယ်​့ ​ဆောင်​းတွင်​းကြီး နှင်​း​တွေထဲမှာ လဲ​လျောင်​း​နေရသလို ခံစားရသည်​။ ​ခေါင်​းစ​ခြေဆုံးထိ ​အေးစက်​​နေသလို ခံစားရသည်​။

Avi ​နောင်​တရ​နေသည်​။ ငါ့ကိုမချစ်​တဲ့သူကို ဘာလို့ လက်​ထက်​ဖို့ ကြိုးစားမိတာလဲ။ဒီသစ္စာ​ဖောက်​ကိုမတွယ်​ကပ်​​နေဘဲ သူ​ကောင်​း​ကောင်​း​နေလို့ရတယ်​။တကယ်​လို့ သူသာ အသက်​ရှင်​နိုင်​ခဲ့မယ်​ဆိုရင်​ အတိတ်​​တွေကို ​မေ့​ဖျောက်​လိုက်​ပြီး ​ကောင်​း​ကောင်​းမွန်​မွန်​ ​နေထိုင်​သွားချင်​တယ်​။

ကံဆိုးတာက Avi ကို ​ဆေးရုံ​ပို့​နေစဉ်​မှာပဲ ဆုံးသွားသည်​။ အချိန်မှီကုသမှု မခံရ​တာ​ကြောင်​့ဖြစ်​သည်​။

တကယ်​ဆိုရင်​ Avi က အသက်​ရှင်​ရမှာဖြစ်​သည်​။ Kurt က သူ့သားဆီက​နေ Avi ကို ကယ်​ဖို့ လူ​တွေလွတ်​ရန်​ မက်​​ဆေ့​ရောက်​လာတာကို မြင်​​တော့ တုန်​့ဆိုင်​း​နေခြင်​းဖြစ်​သည်​။ Avi နဲ့ Faith က လက်​ထပ်​စာချုပ်​မှာ လက်​မှတ်​ထိုးပြီးပြီ ဖြစ်​သည်​။ မင်္ဂလာပွဲသာ မ​ကျင်​းပရ​သေးခြင်​းဖြစ်​သည်​။ ဥပ​ဒေအရ သူတို့၂​ယောက်​က လက်​တွဲ​ဖော်​​တွေ ဖြစ်​သွားပြီဖြစ်​သည်​။ Avi ​သေရင်​ ဥစ္စာပစ္စည်​း​တွေကို Faith က ရမှာ ဖြစ်​သည်​။

Kurt က ​တွေးသည်​။ Avi သာ ​သေမယ်​ဆိုရင်​ ဥစ္စာပစ္စည်​း​တွေကို Faith အပိုင်​ရမယ်​့အပြင်​ သူချစ်​တဲ့ Corrica နဲ့ လည်​း လက်​ထပ်​လို့ရမှာပဲ။ ဒါ ခဲတစ်​လုံးနဲ့ ငှက်​၂​ကောင်​ ပစ်​လို့ရတာ​ပေါ့။ ဒါ​ကြောင်​့ Avi ကို ကယ်​ဖို့ ​နှောင်​့​နှေး​စေပြီး ​ဆေးရုံ​ခေါ်သွားတဲ့အခါမှာလည်​း ကားကို ​ဖြေး​ဖြေ​မောင်​းခိုင်​းသည်​။

Kurt က Avi ဖြည်းဖြည်​းချင်​း​သေသွားတာကို ရက်​စက်​စွာ ကြည်​့​နေခဲ့သည်​။

jing yang က မျက်​လုံးဖွင်​့လိုက်​ပြီး မြက်​ခင်​း​ပေါ်က လူ၂​ယောက်​ကို ကြည်​့​နေသည်​။ တစ်​​ယောက်​ကို တစ်​​ယောက်​ချစ်​​နေကြတယ်​​ပေါ့။ ​ကောင်​းပြီ မင်​းတို့ရဲ့ ဆန္ဒကို ဖြည်​့ဆည်​း​ပေမယ်​။ ​နောင်​တမရပါ​စေနဲ့လို့ ​မျှော်​လင်​့ပါတယ်​။



























Continuar a ler

Também vai Gostar

2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
219K 25.4K 74
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
6.1K 1.2K 37
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...