Oh !

ChanMyae288

2M 49.5K 1.3K

××× Еще

××××
1×!(Zawgyi&Unicode)
2x!(Zawgyi&Unicode)
3x!(Zawgyi&Unicode)
4x!(Zawgyi&Unicode)
5x(Zawgyi&Unicode)
ခရစ္စမတ္ ပလဲဆန္႔ 🎁(Zawgyi&Unicode)
Hi 👋
6x(Zawgyi&Unicode)
7x(Zawgyi&Unicode)
8x(Zawgyi&Unicode)
Warning🚨🚨(Zawgyi&Unicode)
9x
10x(Zawgyi&Unicode)
11x(Zawgyi&Unicode)
12x(Zawgyi&Unicode)
13x(Zawgyi&Unicode)
14x(Zawgyi&Unicode)
အဟမ္း
15x(dancing car)(Zawgyi&Unicode)
အားနာေနၿပီ-အားနာနေပြီ(Zawgyi&Unicode)
16x(Double plus)(Zawgyi&Unicode)
17x(Zawgyi&Unicode)
18x(Zawgyi&Unicode)
19x(Zawgyi&Unicode)
21x(Zawgyi&Unicode)
22x(Zawgyi&Unicode)
23x(Zawgyi&Unicode)
24x(unicode)
24x (zawgyi)
25x(Zawgyi & Unicode)
26x(Zawgyi&Unicode)
27x(Zawgyi&Unicode)
28x(Zawgyi&Unicode)
29x (Zawgyi&Unicode)
30x (Zawgyi&Unicode)
31x(Zawgyi&Unicode)
32x(Zawgyi&Unicode)
33x(Zawgyi&Unicode)
34x(Zawgyi&Unicode)

20x(Zawgyi&Unicode)

33.1K 1K 20
ChanMyae288

"ေသလိုက္ေတာ့ မင္းက ဒီလိုအသက္ရွင္သင့္တဲ့ေကာင္မဟုတ္ဘူး
ေသလိုက္ေတာ့"

လမ္းမေပၚမွာေသြးအလိမ္းလိမ္းနဲ႔လဲက်ေနတဲ့သူ႔ကိုငံု႔ၾကည့္ကာ သူေသဖို႔က်ိန္စာတိုက္ေနတဲ့အမ်ိဳးသမီး

တခြန္းျပန္ေျပာဖို႔ႀကိဳးစားလိုက္တိုင္း ေသြးတခ်က္အန္ေနရတဲ့သူ႔အျဖစ္ကို ေက်ေက်နပ္္နပ္နဲ႔ၾကည့္ေနရင္း ျပံဳးေပ်ာ္ေနတဲ့ အမ်ိဳးသမီး

ၾကည့္ရင္းႏွင့္ပင္ အျမင္အာရံုေတြေ၀၀ါးလာကာ အေမွာင္ထုထဲေရာက္သြားေတာ့သည္

"သစ္ ... မင္းျမန္ျမန္ျပန္ႏိုးလာပါေတာ့ကြာ"

အေမွာင္ထုထဲမွာ သူေယာင္ခ်ာခ်ာျဖစ္ေနတုန္း အသံတခုကိုၾကားလိုက္ရတာ အဲ့ဒီ့အသံကလည္း သူ႔ကိုတမ္းတေနတဲ့အသံ

အသံၾကားရာေနာက္ကို သူေျပးလိုက္ေနမိသည္ သို႔ေသာ္ သူေျပးလိုက္ေလ အသံကပိုေ၀းကြာသြားေလ

"သားေလး ေမေမ့သားေလး အရမ္းပင္ပန္းေနၿပီလား? ေမေမနဲ႔လိုက္ခဲ့မလား သားေလး"

ဆန္႔က်င္ဖက္အရပ္မွထြက္ေပၚလာေသာ အသံ .. ေႏြးေထြးကာ ႏွစ္လိုဖြယ္ေကာင္းတယ္

"ေမေမ့သားေလး ေမေမနဲ႔လိုက္ခဲ့ေတာ့ေနာ္"

အသံရဲ႕ေခၚေဆာင္ရာေနာက္ကို သူေျခႏွစ္လွမ္းခန္႔ပင္လိုက္ရေသးသည္

"သစ္ ကိုယ္တို႔မခြဲဘူးေလကြာ မင္းဘာလို႔မႏိုးေသးရတာလဲ ကိုယ္အရမ္းလြမ္းေနၿပီကြ"

ထပ္ထြက္လာေသာ သူ႔ကိုလႈပ္ႏိွူးေနတဲ့အသံ
သူ သမင္လည္ျပန္ၾကည့္ေနစဥ္

"သား ျပန္မသြားပါနဲ႔ေတာ့ ေမေမ့သားေလးအနားယူဖို႔အခ်ိန္ေရာက္ၿပီေလ သားေလးရဲ႕ ေမေမ့ဆီလာေနာ္"

ဆန္႔က်င္ဘက္အရပ္မွေျပာလာျပန္သည္

"သစ္ ကိုယ္ေတာင္းပန္ပါတယ္ကြာ မင္းႏိုးလာပါေတာ့"

"ဟင့္အင္း သားေလးျပန္မသြားရဘူးေနာ္"

စကားသံေတြက ပဲ့တင္ရိုက္ကာ ပိုမိုက်ယ္ေလာင္လာတာမို႔ နားႏွစ္ဖက္ကို ပိတ္ကာ သူအက်ယ္ႀကီးငိုေႂကြးလို္က္မိေတာ့သည္

"သစ္ .. ဘာလို႔ငိုေနတာလဲကေလး ဘာျဖစ္လို႔လဲ ကိုယ့္ကိုမ်က္လံုးဖြင့္ၾကည့္ပါဦးကြာ သစ္"

ေခ်ာ့ျမဴေနတဲ့စိုးရိမ္တႀကီးအသံေၾကာင့္ သူ႔မ်က္လံုးေတြကို ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္ခ်ိန္မွာေတာ့

သူဟာအေမွာင္ထုထဲမွာ မဟုတ္ပဲ သတိုးရင္ခြင္ထဲမွာျဖစ္ေနခဲ့သည္

တဖက္တြင္လည္း ရိပ္

"ဦးျမတ္ .. "

သတိုးရင္ခြင္ထဲကိုတိုး၀င္ကာ ငိုေနတဲ့ သစ္ကို ရိပ္က ေက်ာျပင္ေလးအားပြတ္ေပးကာ

"မငိုပါနဲ႔ေတာ့ကြာ ကိုယ္တို႔ရွိပါတယ္ မင္းငိုရင္ ရင္နာတယ္ကြ "

အတန္ၾကာေခ်ာ့ေမာ့ၿပီးေတာ့မွ သစ္ကတိတ္သြားကာ

"သစ္ေလ အေမွာင္ထုထဲေရာက္ေနတာ
သစ္ကို ဦးတို႔ကလည္းေခၚေနတယ္
ၿပီးေတာ့ မိန္းမတေယာက္ကလည္းေခၚတယ္"

"ဟမ္ .. ကိုယ္တို႔ ဘယ္မိန္းမမွမေခၚထားပါဘူး"

ရိပ္က နားမလည္ႏိုင္စြာ ထေျပာေတာ့

"အင္းဟုတ္တယ္ ဦးတို႔ဘက္ကမဟုတ္ဘူး တျခားတဖက္က ၿပီးေတာ့ သူကသူ႔ကိုယ္သူ ေမေမတဲ့ "

သစ္ကိုၾကည့္ၿပီး သတိုးတို႔ ဟိုDrေျပာသြားတာကို ျပန္ၾကားေယာင္မိကာ

သစ္ကို မ်က္ၾကည္လႊာလွဴသြားတဲ့တေယာက္အေၾကာင္း စံုစမ္းဖို႔ေတာ့လိုၿပီးလို႔ ေတြးမိေတာ့သည္

သို႔ေပမယ့္လည္း အခုခ်ိန္မွာ သစ္ကိုအားေပးႏိုင္ဖို႔က အရမ္းအေရးႀကီးတာမို႔ သစ္ကိုသာ အာရံုစိုက္ၿပီးမွ က်န္တာကို ေနာက္မွေျဖရွင္းရမည္ေလ

"သစ္ ဘာစားခ်င္တာရွိလဲ ငိုေနရေတာ့ေမာမွာေပါ့ ခဏျပန္အိပ္ဦးမလား"

အိပ္လိုက္တာနဲ႔အိပ္မက္ဆိုးေတြမက္ေနတာမို႔ သစ္က ေၾကာက္ကာ အိပ္ဖို႔ကိုေခါင္းခါသည္

"သစ္လန္႔ေနေသးတယ္ထင္တယ္ ကိုကို
ေရမိုးခ်ိဳးေပးလိုက္ပါလား ရိပ္ တခုခုျပင္ထားေပးမယ္ေလ ၿပီးေတာ့မွ က်န္တာ စဥ္းစားၾကတာေပါ့ "

"အင္း အဲ့တာေကာင္းတယ္
လာ သစ္ ဦးျမတ္ ေရခ်ိဳးေပးမယ္"

ရွိုက္ေနေသးတဲ့ သစ္ကို အသာေလးေပြ႕လိုက္ကာ ေရမိုးခ်ိဳးဖို႔ေခၚသြားလိုက္သည္

🌱

ေရမိုးခ်ိဳးစားေသာက္ၿပီးေတာ့ သစ္ကို ခဏတျဖဳတ္နားေစကာ သတိုးတို႔ ညီအကိုႏွစ္ေယာက္ သစ္အေၾကာင္းေဆြးေႏြးျဖစ္ၾကသည္

"ကိုကို ဒီကိစၥကို ရိပ္စံုစမ္းလိုက္မွာမို႔လို႔ ကိုကိုကသစ္ကိုပဲ အာရံုစိုက္ထားလိုက္ပါ
ၿပီးေတာ့ Modelအလုပ္ကိုလည္း ကြ်န္ေတာ္ပဲေျပာထားလိုက္မယ္"

"အင္း အဲ့လိုလုပ္မလား
အဲ့တာဆို ရိပ္ကိုအပ္လိုက္မယ္ေနာ္
ကိုကို သစ္ကို ေတာ္ေတာ္စိတ္ပူေနၿပီ"

"အင္း ရိပ္ေရာပဲ"

သူတို႔ႏွစ္ေယာက္ေျပာေနတဲ့စကား၀ိုင္းဆီ သစ္ေရာက္လာတာမို႔ စကားစျဖတ္ကာ သစ္ကိုၾကည့္လိုက္ေတာ့

"သစ္ေရ မင္းကေတာ့ ျမဴဆြယ္ျပန္ၿပီလားကြာ"

သတိလက္လြတ္ေျပာလိုက္တဲ့ရိပ္ႏွင့္

"ေနမေကာင္းတာေတာင္ မင္းကမနားခ်င္ဘူးထင္ပ"

ခပ္ရိရိေျပာလိုက္တဲ့ သတိုး

ထိုသို႔အေျပာခံရတာေတာင္ အသစ္၀ယ္လာတဲ့Underwearေလးပဲ၀တ္ၿပီး က်န္တဲ့အ၀တ္ တစေတာင္ ကိုယ္မွာမရွိတဲ့ သစ္က ခပ္တည္တည္နဲ႔ရယ္ျပေနေလသည္

🌱🌱🌱

ေဟာ Updateမွန္ျပန္ၿပီ😌
ဒီ ငယ္နဲ႔ေတာ့ ခက္ေနပါၿပီ
Readerေလးေတြက Updateျမန္တာ မႀကိဳက္ပါဘူးဆို 🙄

Unicode

"သေလိုက်တော့ မင်းက ဒီလိုအသက်ရှင်သင့်တဲ့ကောင်မဟုတ်ဘူး
သေလိုက်တော့"

လမ်းမပေါ်မှာသွေးအလိမ်းလိမ်းနဲ့လဲကျနေတဲ့သူ့ကိုငုံ့ကြည့်ကာ သူသေဖို့ကျိန်စာတိုက်နေတဲ့အမျိုးသမီး

တခွန်းပြန်ပြောဖို့ကြိုးစားလိုက်တိုင်း သွေးတချက်အန်နေရတဲ့သူ့အဖြစ်ကို ကျေကျေနပ််နပ်နဲ့ကြည့်နေရင်း ပြုံးပျော်နေတဲ့ အမျိုးသမီး

ကြည့်ရင်းနှင့်ပင် အမြင်အာရုံတွေေ၀ဝါးလာကာ အမှောင်ထုထဲရောက်သွားတော့သည်

"သစ် ... မင်းမြန်မြန်ပြန်နိုးလာပါတော့ကွာ"

အမှောင်ထုထဲမှာ သူယောင်ချာချာဖြစ်နေတုန်း အသံတခုကိုကြားလိုက်ရတာ အဲ့ဒီ့အသံကလည်း သူ့ကိုတမ်းတနေတဲ့အသံ

အသံကြားရာနောက်ကို သူပြေးလိုက်နေမိသည် သို့သော် သူပြေးလိုက်လေ အသံကပိုေ၀းကွာသွားလေ

"သားလေး မေမေ့သားလေး အရမ်းပင်ပန်းနေပြီလား? မေမေနဲ့လိုက်ခဲ့မလား သားလေး"

ဆန့်ကျင်ဖက်အရပ်မှထွက်ပေါ်လာသော အသံ .. နွေးထွေးကာ နှစ်လိုဖွယ်ကောင်းတယ်

"မေမေ့သားလေး မေမေနဲ့လိုက်ခဲ့တော့နော်"

အသံရဲ့ခေါ်ဆောင်ရာနောက်ကို သူခြေနှစ်လှမ်းခန့်ပင်လိုက်ရသေးသည်

"သစ် ကိုယ်တို့မခွဲဘူးလေကွာ မင်းဘာလို့မနိုးသေးရတာလဲ ကိုယ်အရမ်းလွမ်းနေပြီကွ"

ထပ်ထွက်လာသော သူ့ကိုလှုပ်နှိူးနေတဲ့အသံ
သူ သမင်လည်ပြန်ကြည့်နေစဉ်

"သား ပြန်မသွားပါနဲ့တော့ မေမေ့သားလေးအနားယူဖို့အချိန်ရောက်ပြီလေ သားလေးရဲ့ မေမေ့ဆီလာနော်"

ဆန့်ကျင်ဘက်အရပ်မှပြောလာပြန်သည်

"သစ် ကိုယ်တောင်းပန်ပါတယ်ကွာ မင်းနိုးလာပါတော့"

"ဟင့်အင်း သားလေးပြန်မသွားရဘူးနော်"

စကားသံတွေက ပဲ့တင်ရိုက်ကာ ပိုမိုကျယ်လောင်လာတာမို့ နားနှစ်ဖက်ကို ပိတ်ကာ သူအကျယ်ကြီးငိုကြွေးလို်က်မိတော့သည်

"သစ် .. ဘာလို့ငိုနေတာလဲကလေး ဘာဖြစ်လို့လဲ ကိုယ့်ကိုမျက်လုံးဖွင့်ကြည့်ပါဦးကွာ သစ်"

ချော့မြူနေတဲ့စိုးရိမ်တကြီးအသံကြောင့် သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ချိန်မှာတော့

သူဟာအမှောင်ထုထဲမှာ မဟုတ်ပဲ သတိုးရင်ခွင်ထဲမှာဖြစ်နေခဲ့သည်

တဖက်တွင်လည်း ရိပ်

"ဦးမြတ် .. "

သတိုးရင်ခွင်ထဲကိုတိုး၀င်ကာ ငိုနေတဲ့ သစ်ကို ရိပ်က ကျောပြင်လေးအားပွတ်ပေးကာ

"မငိုပါနဲ့တော့ကွာ ကိုယ်တို့ရှိပါတယ် မင်းငိုရင် ရင်နာတယ်ကွ "

အတန်ကြာချော့မော့ပြီးတော့မှ သစ်ကတိတ်သွားကာ

"သစ်လေ အမှောင်ထုထဲရောက်နေတာ
သစ်ကို ဦးတို့ကလည်းခေါ်နေတယ်
ပြီးတော့ မိန်းမတယောက်ကလည်းခေါ်တယ်"

"ဟမ် .. ကိုယ်တို့ ဘယ်မိန်းမမှမခေါ်ထားပါဘူး"

ရိပ်က နားမလည်နိုင်စွာ ထပြောတော့

"အင်းဟုတ်တယ် ဦးတို့ဘက်ကမဟုတ်ဘူး တခြားတဖက်က ပြီးတော့ သူကသူ့ကိုယ်သူ မေမေတဲ့ "

သစ်ကိုကြည့်ပြီး သတိုးတို့ ဟိုDrပြောသွားတာကို ပြန်ကြားယောင်မိကာ

သစ်ကို မျက်ကြည်လွှာလှူသွားတဲ့တယောက်အကြောင်း စုံစမ်းဖို့တော့လိုပြီးလို့ တွေးမိတော့သည်

သို့ပေမယ့်လည်း အခုချိန်မှာ သစ်ကိုအားပေးနိုင်ဖို့က အရမ်းအရေးကြီးတာမို့ သစ်ကိုသာ အာရုံစိုက်ပြီးမှ ကျန်တာကို နောက်မှဖြေရှင်းရမည်လေ

"သစ် ဘာစားချင်တာရှိလဲ ငိုနေရတော့မောမှာပေါ့ ခဏပြန်အိပ်ဦးမလား"

အိပ်လိုက်တာနဲ့အိပ်မက်ဆိုးတွေမက်နေတာမို့ သစ်က ကြောက်ကာ အိပ်ဖို့ကိုခေါင်းခါသည်

"သစ်လန့်နေသေးတယ်ထင်တယ် ကိုကို
ရေမိုးချိုးပေးလိုက်ပါလား ရိပ် တခုခုပြင်ထားပေးမယ်လေ ပြီးတော့မှ ကျန်တာ စဉ်းစားကြတာပေါ့ "

"အင်း အဲ့တာကောင်းတယ်
လာ သစ် ဦးမြတ် ရေချိုးပေးမယ်"

ရှိုက်နေသေးတဲ့ သစ်ကို အသာလေးပွေ့လိုက်ကာ ရေမိုးချိုးဖို့ခေါ်သွားလိုက်သည်

🌱

ရေမိုးချိုးစားသောက်ပြီးတော့ သစ်ကို ခဏတဖြုတ်နားစေကာ သတိုးတို့ ညီအကိုနှစ်ယောက် သစ်အကြောင်းဆွေးနွေးဖြစ်ကြသည်

"ကိုကို ဒီကိစ္စကို ရိပ်စုံစမ်းလိုက်မှာမို့လို့ ကိုကိုကသစ်ကိုပဲ အာရုံစိုက်ထားလိုက်ပါ
ပြီးတော့ Modelအလုပ်ကိုလည်း ကျွန်တော်ပဲပြောထားလိုက်မယ်"

"အင်း အဲ့လိုလုပ်မလား
အဲ့တာဆို ရိပ်ကိုအပ်လိုက်မယ်နော်
ကိုကို သစ်ကို တော်တော်စိတ်ပူနေပြီ"

"အင်း ရိပ်ရောပဲ"

သူတို့နှစ်ယောက်ပြောနေတဲ့စကား၀ိုင်းဆီ သစ်ရောက်လာတာမို့ စကားစဖြတ်ကာ သစ်ကိုကြည့်လိုက်တော့

"သစ်ရေ မင်းကတော့ မြူဆွယ်ပြန်ပြီလားကွာ"

သတိလက်လွတ်ပြောလိုက်တဲ့ရိပ်နှင့်

"နေမကောင်းတာတောင် မင်းကမနားချင်ဘူးထင်ပ"

ခပ်ရိရိပြောလိုက်တဲ့ သတိုး

ထိုသို့အပြောခံရတာတောင် အသစ်၀ယ်လာတဲ့Underwearလေးပဲ၀တ်ပြီး ကျန်တဲ့အ၀တ် တစတောင် ကိုယ်မှာမရှိတဲ့ သစ်က ခပ်တည်တည်နဲ့ရယ်ပြနေလေသည်

🌱🌱🌱

ဟော Updateမှန်ပြန်ပြီ😌
ဒီ ငယ်နဲ့တော့ ခက်နေပါပြီ
Readerလေးတွေက Updateမြန်တာ မကြိုက်ပါဘူးဆို 🙄

Продолжить чтение

Вам также понравится

283K 7.5K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
⚜️Nay Tin's Love Story⚜️ Yue Lynn

Любовные романы

1.5M 61.9K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.6M 69.1K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...