Mo Dao Zu Shi extra chapters...

De jeonvrose

103K 5.6K 325

I'll translate extra parts and extensions of some chapters from novel and audio drama in mm language. I hope... Mais

Intro
ယြင္မုန္႔ၿမိဳ႕ (အပိုင္း ၁ - ၾကက္ေတာင္)
ယြင္မုန္႔ၿမိဳ႕ (အပိုင္း - ၃ ကြင္းပစ္ကစားနည္း)
ယြင္မုန္႔ၿမိဳ႕ - အပိုင္း (၄ - ေလွ)
Taiwan extra part-1 (ထိုင္ဝမ္အခ်ပ္ပို အပိုင္း၁)
Taiwan extra part-2 (ထိုင္ဝမ္အခ်ပ္ပိုအပိုင္း - ၂)
Accompanying you to sleep - Wei Wu Xian
Notice
Note (8.2.2021)

ယြင္မုန္႔ၿမိဳ႕ (အပိုင္း ၂ - စားေသာက္ဆိုင္)

10.4K 697 40
De jeonvrose

Zawgyi version

ဟိုးငယ္ရြယ္စဥ္ကတည္းကပင္ ေဝ့ဝူရွန္႔ဟာ ယြင္မုန္႔ၿမိဳ႕ေစ်းတန္းမွာေလွ်ာက္လည္ရင္း ေျပးလႊားကစားရျခင္းကို ေပ်ာ္ပိုက္သူ တစ္ေယာက္ျဖစ္သည္။ ေစ်းတန္းတစ္ေလွ်ာက္ဟိုဟိုဒီဒီေလွ်ာက္ေျပးရင္း အရာရာကိုေငးရၾကည့္ရသည္ကိုႏွစ္သက္ေပ၏။ ေသးငယ္ေသာပစၥည္းေလး မ်ားကိုေတြ႕လွ်င္ ကိုင္ၾကည့္တတ္သည္။ လမ္းတစ္ဖက္ျခမ္းမွ ေမႊးႀကိဳင္ေသာရနံ႔ကိုရလွ်င္ သြားေရာက္ျမည္းစမ္းၾကည့္ရန္ ဝန္မေလးေခ်။ သူ၏ အလိုဆႏၵအတိုင္း လန္ဝမ့္က်ီး မွာ သူ႔ဘဝ တစ္ေလွ်က္တြင္ တစ္ခါမွ မျမည္းစမ္းဖူးေသာ မုန္႔ပဲသေရစာတို႔ကို လိုက္လံျမည္းစမ္းရေပသည္။ မုန္႔တစ္ခုခု ကိုျမည္းစမ္းၿပီးတိုင္း ေဝ့ဝူရွန္႔က "ဘယ္လိုေနလဲ ဘယ္လိုအရသာရွိလဲ" ဟုေမးတတ္၏။ တစ္ခါတစ္ရံမွာ လန္ဝမ့္က်ီးဟာ "မဆိုးပါဘူး" ဟုေျဖသည္ တစ္ခါတစ္ေလမွာေတာ့ "အရမ္းေကာင္းတယ္" ဟုေျဖတတ္သည္ သို႔ေသာ္ မၾကာခဏ "ထူူးဆန္းတယ္" ဟုေျဖေသာအခါ ေဝ့ဝူရွန္႔ဟာ ေပ်ာ္ရႊင္ျမဴးတူးစြာေအာ္ရယ္ တတ္ၿပီး မုန္႔ပဲသေရစာတို႔ကိုျပန္လုကာ သူ႔အားျမည္းစမ္းခြင့္ မေပးေတာ့ေခ်။

တကယ္တမ္းမွာေတာ့ သူတို႔ဟာ ေန႔လည္စာ စားရန္ စားေသာက္ဆိုင္ေကာင္းေကာင္း တစ္ခုကို လိုက္ရွာေနၾကျခင္း ျဖစ္ေသာ္လည္း ေဝ့ဝူရွန္႔ဟာလမ္းတစ္ေလ်ာက္ မုန္႔ပဲသေရစာမ်ားကိုလိုက္လံ ျမည္းစမ္းရင္း ဗိုက္ျဖည့္ၿပီးျဖစ္သည္။ သူတို႔ႏွစ္ဦးဟာ ေအးေဆးတည္ၿငိမ္စြာလမ္းေလွ်ာက္လာရင္း အဆံုးမွာေတာ့ သပ္ရပ္ ၿပီး ခမ္းနားလွေသာ စားေသာက္ဆိုင္တစ္ခုကိုရွာေတြ႕ေလသည္။ သူတို႔ဟာစားပြဲတစ္ခုမွာ ထိုင္လိုက္ၾကၿပီး စြပ္ျပဳတ္တစ္ခြက္ကိုမွာယူလိုက္သည္။

ေဝ့ဝူရွန္႔ဟာ မွာယူထားေသာၾကာစြယ္ဝက္နံ႐ိုးစြပ္ျပဳတ္ကို ေစာင့္ဆိုင္းေနရင္း တူတစ္စံုကိုကိုင္ကာ မုန္လာဥျဖဴတစ္ဖတ္ကို ၫွပ္၍ေဆာ့ကစားေနသည္။ ႐ုတ္တရက္လန္ဝမ့္က်ီး ထိုင္ေနရာမွထသြားဟန္ျပဳသည္ကို ျမင္ေသာအခါ အလန္႔တၾကားျဖင့္ "မင္းဘယ္ကိုသြားမလို႔လဲ" ဟုေမးလိုက္သည္။

လန္ဝမ့္က်ီးကျပန္ေျဖသည္ "ခဏေစာင့္ ငါခဏေနရင္ျပန္လာခဲ့မယ္" သူ႔စကားအတိုင္းလန္ဝမ့္က်ီးဟာ ခဏအၾကာတြင္ ျပန္လာခဲ့သည္။ တစ္ခ်ိန္တည္းမွာပဲ မွာယူထားေသာ ၾကာစြယ္ဝက္နံ႐ိုးစြပ္ျပဳတ္ လည္းေရာက္လာသည္။ ေဝ့ဝူရွန္႔ဟာ စြပ္ျပဳတ္ကို တစ္ဇြန္းအရင္ျမည္းစမ္းၾကည့္ၿပီး စားပြဲထိုးထြက္အသြားကိုေစာင့္ေနသည္။ ၿပီးေနာက္ လန္ဝမ့္က်ီးအနားကပ္ကာ တိုးတိုးေလးေျပာလိုက္သည္ "အရသာ မေကာင္းဘူး"

လန္ဝမ့္က်ီးက စြပ္ျပဳတ္တစ္ဇြန္းကိုခပ္ၿပီး ျမည္းၾကည့္သည္ "ဘယ္ဟာက မေကာင္းတာလဲ" ဟုေမးလိုက္သည္။

ေဝ့ဝူရွန္႔က စြပ္ျပဳတ္ကိုဇြန္းနဲ႔ေမႊရင္း ျပန္ေျဖသည္ "ၾကာစြယ္ ဆိုတာရင့္မွ ခူူးရင္မေကာင္းဘူူး ျဖဴျဖဴႏုႏုေလးေတြ ကိုခူူးမွေကာင္းတာ ဒီစားေသာက္ဆိုင္က အရမ္းကပ္စီးနဲတဲ့အျပင္ သူတို႔ရဲ႕ဟင္းအမယ္ေတြကလည္းေသခ်ာမက်က္သလို အရသာလည္းမရွိဘူူး ငါ့ဆရာတူအစ္မ ခ်က္ေကၽြးတာနဲ႔တျခားစီဘဲ ဘယ္လိုမွယွဥ္လို႔မရဘူး"

ေဝ့ဝူရွန္႔ဟာ ဒီအတိုင္းမစဥ္းစားဘဲ ေျပာလိုက္ျခင္းသာျဖစ္သည္ လန္ဝမ့္က်ီးဆီမွ "အင္း" ဆိုေသာစကားတစ္လံုးမွလြဲလွ်င္ ဘာမွမေမွ်ာ္လင့္ထားေပ။ သို႔ေသာ္လည္း လန္ဝမ့္က်ီးဆီမွ မေမွ်ာ္လင့္ထားေသာ တံု႔ျပန္မႈအေနျဖင့္ ေမးခြန္းတစ္ခုကိုေမးခံ လိုက္ရသည္ "ဒါဆို ဟင္းအမယ္ေတြကိုဘယ္လို ေရြးရမလဲ ဘယ္လိုအရသာေကာင္းေအာင္ခ်က္ရမလဲ"

ေဝ့ဝူရွန္႔ဟာ႐ုတ္တရက္ေတြေဝသြားၿပီး လန္ဝမ့္က်ီးအား တအံ့တၾသျဖင့္ေမးလိုက္သည္ "ဟန္ကြမ္ကၽြင္း မင္းငါ့ကို ၾကာစြယ္ဝက္႐ိုးစြပ္ျပဳတ္ ခ်က္ေကၽြးမလို႔ ေမးေနတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္။ ဟုတ္တယ္မလား မင္းခုနက ထသြားတာ စြပ္ျပဳတ္ဘယ္လိုခ်က္လဲ သြားၾကည့္တာလားဟင္"

လန္ဝမ့္က်ီးဟာသူ႔အေမးကိုျပန္မေျဖႏိုင္ခင္မွာ ေဝ့ဝူရွန္႔က စေနာက္သလိုျဖင့္ေျပာလိုက္သည္ "ဟားဟား ဟန္ကြမ္ကၽြင္း 
ငါမင္းကိုအထင္ေသးလို႔ ေျပာတာေတာ့မဟုတ္ဘူးေနာ္ မင္းတို႔ လန္ဂိုဏ္းကလူေတြက ဒီလိုဘဝ ကိုျဖတ္သန္းခဲ့ရတာ မို႔လို႔ပါ။ မင္းတို႔ကအရသာသိပ္မရွိတဲ့ဟာေတြကိုစားၿပီး ႀကီးျပင္းခဲ့ရေတာ့ ဒီလိုအရသာမ်ိဳးကိုအကၽြမ္းတဝင္ရွိေနတာမဆန္းပါဘူး။ ငါေတာ့ မင္းတစ္ခုခုခ်က္မယ္ဆိုရင္ စားလို႔ေတာင္မရေလာက္ဘူူး လို႔ထင္တယ္"

လန္ဝမ့္က်ီးဟာ စြပ္ျပဳတ္ေနာက္တစ္ဇြန္း ေသာက္ရင္း ဘာမွျပန္မေျဖေတာ့ေခ်။ ေဝ့ဝူရွန္႔ဟာ သူ႔ဆီကအေျဖကိုေစာင့္ေနေပမဲ့ လန္ဝမ့္က်ီးဟာ အုတ္ဂူတမွ် ၿငိမ္သက္တိတ္ဆိတ္ေနေပသည္။ ေဝ့ဝူရွန္႔ဟာ ထပ္ၿပီးသည္းမခံႏိုင္ေတာ့ေပ။

သူထပ္ၿပီးေမးလိုက္သည္ "လန္က်န္႔ မင္းတကယ္ဘဲ ငါ့ကို ဟင္းခ်က္ေကၽြးမလို႔လား"

လန္ဝမ့္က်ီးဟာ ဝန္လဲမခံ ျငင္းလဲမျငင္းဘဲ ဆိတ္ဆိတ္ ေနေလသည္။

ေဝ့ဝူရွန္႔ဟာ အနည္းငယ္စိတ္လႈပ္ရွားေသာေၾကာင့္ ခ်က္ခ်င္းမတ္တပ္ထရပ္ကာ စားပြဲေပၚတြင္တက္ထိုင္ၿပီးေျပာလိုက္သည္ " ဟမ္ လို႔ေျပာကြာ"

လန္ဝမ့္က်ီး "ဟမ္"

ေဝ့ဝူရွန္႔ကဆက္သည္ "အဲ့ေတာ့ အဲ့ဒါဟုတ္လား မဟုတ္ဘူးလား ေကာင္းလိုက္တဲ့ လန္က်န္႔ ငါခုနက ေျပာတာက မင္းကိုသက္သက္စေနတာ။ တကယ္လို႔မင္း ဟင္းခ်က္ရင္း ဒယ္အိုးႀကီး မီးေလာင္ၿပီးအေပါက္ႀကီး ျဖစ္သြားရင္ေတာင္ ငါစားရဲတယ္ ဆိုတာမင္းကိုျပမယ္"

"..."

လန္ဝမ့္က်ီး "ငါအဲ့ဒီလိုေတာ့ မျဖစ္ေစရပါဘူး"

ေဝ့ဝူရွန္႔ဟာေနရာမွာ ခုန္ေပါက္ရင္း ထပ္တလဲလဲေမးေနသည္ "အဲ့ေတာ့ မင္းငါ့ကို ခ်က္ေကၽြးမွာလား မခ်က္ေကၽြးဘူးလားလို႔? ခ်က္ေကၽြးပါကြာ ခ်က္ေကၽြးပါဟန္ကြမ္ကၽြင္းရယ္ ငါစားပါ့မယ္"

လန္ဝမ့္က်ီးရဲ႕အမူအရာဟာတုန္လႈပ္ျခင္းမရွိဘဲ ေဝ့ဝူရွန္႔ရဲ႕ခါးကိုဆြဲကိုင္လိုက္ကာ သူ႔ကိုၿငိမ္ေအာင္ျပဳလုပ္ရင္းေျပာလိုက္သည္ "အျပဳအမူဆင္ျခင္"

ေဝ့ဝူရွန္႔ကျပန္ေျပာသည္ "ကိုကိုေလး မင္းငါ့ကို အဲ့လိုမဆက္ဆံနဲ႔ေနာ္"

အဆံုးမွာေတာ့လန္ဝမ့္က်ီးဟာ သူ႔လက္ေမာင္းမ်ားျဖင့္ေဝ့ဝူရွန္႔ကို သိုင္းဖက္လိုက္ၿပီး ေနရာမွာထိုင္ေစသည္ ထို႔ေနာက္ ေဝ့ဝူရွန္႔ရဲ႕ လက္တစ္ဖက္ကိုဆုပ္ကိုင္ကာ ဆိုလိုက္သည္ "ငါ မင္း ကို ခ်က္ေကၽြးၿပီးသြားၿပီ"

"အဲ?" ေဝ့ဝူရွန္႔ဟာ နားမလည္ေသာအၾကည့္တို႔ျဖင့္ သူ႔ကိုစိုက္ၾကည့္ေနေလသည္ "မင္းငါ့ကိုအရင္တုန္းက ခ်က္ေကၽြးၿပီးၿပီ? ဘယ္တုန္းကလဲ? ဘာခ်က္ေကၽြးတာလဲ? ဘယ္လိုျဖစ္ၿပီး ငါဘာမွမမွတ္မိရတာလဲ?"

လန္ဝမ့္က်ီး "မိသားစုစားပြဲ တုန္းက"

"..." ေဝ့ဝူရွန္႔ကဆိုသည္ "အဲ့ဒီညေနတုန္းက ငါထင္တာမင္း ခ်ိဳက္ယီၿမိဳ႕ ဟူနန္ စားေသာက္ဆိုင္က ဟင္းေတြဝယ္လာတယ္ထင္တာ တကယ္ကမင္း ခ်က္ခဲ့တာလား?"

လန္ဝမ့္က်ီး "အင္း"

ေဝ့ဝူရွန္႔ "တကယ္ဘဲ မင္းလက္ရာေပါ့? တိမ္လႊာနန္းၿမိဳင္မွာ မီးဖိုေခ်ာင္ေရာ ရွိလို႔လား?"

"... ဒါေပါ့ ရွိတာေပါ့"

"ဒါဆို မင္းကိုယ္တိုင္ ဟင္းသီးဟင္းရြက္ေတြကိုေဆးေၾကာလွီးခၽြတ္ခဲ့တာေပါ့? ဒယ္အိုးထဲကိုလည္းဆီကိုယ္တိုင္ေလာင္းထည့္ခဲ့တာလား? ဟင္းခတ္အေမႊးအႀကိဳင္ေတြေရာ ထည့္ခဲ့တာေပါ့?"

"အင္း"

"မင္း... မင္း..."

ေဝ့ဝူရွန္႔ ဟာဝမ္းသာတုန္လႈပ္မဆံုးျဖစ္ၿပီးေနာက္ သူ၏လက္တစ္ဖက္ျဖင့္ လန္ဝမ့္က်ီး၏ ေကာ္လံကို ဆြဲကိုင္ကာ ေနာက္လက္တစ္ဖက္ျဖင့္ သူ၏လည္ပင္း ကိုသိုင္းဖက္ကာ ႐ုတ္ခ်ည္းဆိုသလို သူ႔ႏႈတ္ခမ္းဖ်ားကို နမ္းလိုက္၏။

ကံေကာင္းေထာက္မစြာဘဲ သူတို႔ႏွစ္ဦးရဲ႕စားပြဲဟာ စားေသာက္ဆိုင္ရဲ႕ အတြင္းအက်ဆံုး ေထာင့္တစ္ေထာင့္ရွိ နံရံ နားမွာတည္ရွိ ေလသည္။ လန္ဝမ့္က်ီးဟာ ေဝ့ဝူရွန္႔ကို ဖက္ထားရင္း တစ္ဖက္သို႔လွည့္လိုက္ေသာေၾကာင့္ အျခားသူမ်ားသည္သူ၏ေနာက္ေက်ာျပင္ႏွင့္ သူ႔လည္ပင္းကိုသ္ိုင္းဖက္ထားေသာ ေဝ့ဝူရွန္႔၏လက္တစ္စံုကိုသာ ျမင္ႏိုင္ေပသည္။

လန္ဝမ့္က်ီးသည္ရွက္ေသြးျဖာျခင္း အသက္ရွဴမဝျခင္းတို႔ မရွိသည္ကို သတိထားမိေသာအခါ ေဝ့ဝူရွန္႔က သူ၏လက္တစ္ဖက္ကို လန္ဝမ့္က်ီး၏ ပါးျပင္ထက္သို႔တင္ကာ ပူေႏြးျခင္းရွိမရွိစမ္းလိုက္သည္။ လန္ဝမ့္က်ီးသည္သူ၏ပါးျပင္ထက္မွ ေဝ့ဝူရွန္႔၏လက္ကို ဖမ္းဆုပ္ကာ သတိေပးသံျဖင့္ေျပာလိုက္သည္ "ေဝ့ရင္း"

ေဝ့ဝူရွန္႔ "ငါမင္းရဲ႕ေျခေထာက္အထက္ကိုစမ္းေနတာမွ မဟုတ္တာ မင္းငါ့ကိုဘာလို႔ဆူေနတာလဲ"

"..."

ေဝ့ဝူရွန္႔က ေလးေလးနက္နက္ေျပာလိုက္သည္ "ေတာင္းပန္ပါတယ္ ငါခုနကအရမ္းဝမ္းသာသြားလို႔ပါ။ လန္က်န္႔ မင္းကဘာလို႔ဘာလုပ္လုပ္ ဒီေလာက္ေတာ္ေနရတာလဲ? မင္းရဲ႕ ဟင္းခ်က္လက္ရာကလည္း အရမ္းေကာင္းတာပဲ!"

လန္ဝမ့္က်ီးရဲ႕ ဘဝတစ္ေလွ်ာက္လံုး မေရမတြက္ႏိုင္ေသာခ်ီးက်ဴးမႈေတြ ကိုခံခဲ့ရေသာ္လည္း ေဝ့ဝူရွန္႔၏ရင္ထဲမွ လႈိက္လႈိက္လွဲလွဲခ်ီးက်ဴးမႈကိုေတာ့ ဘာနဲ႔မွမယွဥ္ႏိုင္ေခ်။ မည္ကဲ့သို႔ေသာခ်ီးက်ဴးမႈမ်ိဳး ကသူ႔အေပၚသက္ေရာက္မႈမရွိခဲ့ေသာ္လည္း ယခုတြင္မူသူ႔ႏႈတ္ခမ္းတို႔ ျပံဳးမသြားေစဖို႔ထိန္းခ်ဳပ္ႏိုင္ရန္ခက္ခဲလွသည္။ သူသည္ စိတ္လႈပ္ရွားမႈတို႔ကိုထိန္းခ်ဳပ္ရင္း ေျပာလိုက္သည္ "အဲ့ဒါကမခက္ခဲပါဘူး"

ေဝ့ဝူရွန္႔ကျငင္းသည္ "မဟုတ္ဘူး အဲ့ဒါကတကယ္ေတာ့အရမ္းခက္တယ္ မင္းမသိပါဘူူး ငါငယ္ငယ္တုန္းက မီးဖိုေခ်ာင္ထဲကေနဘယ္ႏွႀကိမ္ေလာက္ ေမာင္းထုတ္ခံရလဲဆိုတာ"

"..." လန္ဝမ့္က်ီးကဆိုသည္ "မင္းဒယ္အိုးကိုမီးေလာင္ၿပီးအေပါက္ျဖစ္ေအာင္လုပ္လိုက္တာလား?"

ေဝ့ဝူရွန္႔ "တစ္ခါတည္းပါ။ ငါေရထည့္ဖို႔ေမ့သြားတာနဲ႔ ဒယ္အိုးကမီးထေလာင္ေတာ့တာ။ ငါ့ကိုအဲ့လိုမၾကည့္ပါနဲ႔ အဲ့ဒီတစ္ခါထဲပါ"

လန္ဝမ့္က်ီး "မင္းဒယ္အိုးထဲကို ဘာထည့္လိုက္လို႔လဲ"

ေဝ့ဝူရွန္႔ဟာခဏတာမွ်စဥ္စားၿပီးေနာက္ ျပံဳးကာေျဖလိုက္ေလသည္ "အဲ့ဒါျဖစ္ခဲ့တာ ႏွစ္ေတြလည္းေတာ္ေတာ္ၾကာၿပီဆိုေတာ့ငါလည္း ေသခ်ာ မမွတ္မိေတာ့ဘူး။ ဒီကိစၥကို ထပ္မေျပာေတာ့တာဘဲ ေကာင္းပါတယ္။"

လန္ဝမ့္က်ီးဟာဘာမွဝင္မေျပာေတာ့ပင္မဲ့ သူ႔ရဲ႕မ်က္ခံုးအစံုကေတာ့ အနည္းငယ္လႈပ္ခတ္သြားသည္။ ေဝ့ဝူရွန္႔ဟာ လန္႔ဝမ့္က်ီးရဲ႕အမူအရာကိုသတိမထားခ်င္ေယာင္ေဆာင္ေန လိုက္သည္။ ထို႔ေနာက္သူ႔ရဲ႕လက္တို႔ကို ေအာက္ခ်လိုက္ၿပီး စိတ္မေကာင္းစြာျဖင့္ေျပာသည္ "မင္းငါ့ကိုဘာလို႔ အဲ့ဒါမင္းခ်က္ေကၽြးတာဆိုတာ ေစာေစာထဲ မေျပာတာလဲ? အ လိုက္တဲ့ငါဘဲ အဲ့ဒီညေနက ဘာမွေတာင္သိပ္မစားလိုက္ႏိုင္ဘူး"

လန္ဝမ့္က်ီး "ကိစၥမရွိပါဘူး ငါတို႔ျပန္ေရာက္ရင္ မင္းကိုငါထပ္ခ်က္ေကၽြးမယ္"

သူ႔ကိုခ်က္ေကၽြးရန္ ထပ္တလဲလဲေတာင္းဆိုၿပီးေနာက္ လန္ဝမ့္က်ီးရဲ႕စကားေၾကာင့္ ေဝ့ဝူရွန္႔ဟာ ေက်နပ္အားရစြာျပံဳးလိုက္သည္။ အရသာမရွိေသာစြပ္ျပဳတ္သည္ပင္ ခုနကေလာက္အရသာမဆိုးေတာ့ေခ်။

______________ˏ₍•ɞ•₎ˎ ˎ₍•ʚ•₎ˏ______________

စကားခ်ပ္

အရမ္းမွ ro ပါရဲ႕လား 😅 ကိုယ္ကေတာ့ဘာသာျပန္ရင္းကိုေစာင္ကိုက္ေနရၿပီ ဟန္ကြမ္ကၽြင္းရဲ႕ ဟင္းခ်က္စေကးကေတာ့ ေတာ္ေတာ္လာမဲ့ပံုပါပဲ ကိုယ္ေတြရဲ႕ ရီလင္းေလာင္ဇူစပ္စလူးေလးကေတာ့ ဒယ္အိုးပါေပါက္ေအာင္ခ်က္တတ္တာေနာ္ 😂

မိသားစုစားပြဲဆိုတာကလည္း မူရင္းဝတၳဳရဲ႕အခ်ပ္ပိုေတြထဲကတစ္ခုပါ။ ေတာ္ေတာ္မ်ားမ်ားေတာ့ ဖတ္ဖူးမယ္ထင္ပါတယ္။ ဘာသာျပန္ေတာ္ေတာ္မ်ားမ်ားကိုေတြ႕ဖူးလို႔ပါ။ ဒီယြင္မုန္႔ၿမိဳ႕ ဆိုတာလည္းအခ်ပ္ပိုေတြထဲကတစ္ခုပါ။ ဒါေပမဲ့ယြင္မုန္႔က ဘာသဘာျပန္ထားတာ သိပ္မေတြ႕ဖူူးတာကတစ္ေၾကာင္း ကိုယ္အႀကိဳက္ဆံုး အခ်ပ္ပိုေလးျဖစ္ေနတာက တစ္ျကာင္းမို႔လို႔ ဘာသာျပန္ေပးရျခင္းပါ။ မိသားစုစားပြဲမွာ ေဝ့ရင္းက ကူးစူးလန္က ဟင္းေတြကိုမစားႏိုင္တာေၾကာင့္ လန္က်န္႔က ညေနမွာသူ႔ကို အရသာရွိတဲ့ ဟင္းပြဲေတြယူလာၿပီးေကၽြးပါေတာ့တယ္။ အဲဒါကို ေဝ့ငတံုး က ဝယ္လာတယ္လို႔ဘဲတစ္ခ်ိန္လံုးထင္ေနခဲ့တာ ခုမွလန္က်န္႔ကိုယ္တိုင္ခ်က္မွန္းသိလိုက္ရတာ။ မိသားစုစားပြဲကိုဘာသာျပန္ရွာမေတြ႕လို႔ဖတ္ခ်င္တယ္ဆိုရင္ မန္႔မွာဝင္ေျပာလို႔ရပါတယ္။ ဒီယြင္မုန္႔အပိုင္းေလးေတြနဲ႔ က်န္တဲ့အပိုင္းေလးတစ္ခုၿပီးရင္ဘာသာျပန္ေပးပါ့မယ္။



စကားမစပ္ကိုယ္ေတြကေတာ့ ဒီအခ်ပ္ပိုမွာ ေပၚႀကီးကိုဟန္ကြမ္ကၽြင္းအျဖစ္ေတြးၾကည့္ရင္းနဲ႔ ေပၚႀကီးရဲ႕သခြားသီးခုတ္စေကးေတြဘဲ မ်က္လံုးထဲေပၚေပၚလာတယ္ 🤣


Unicode version

ဟိုးငယ်ရွယ်စဉ်ကတည်းကပင် ဝေ့ဝူရှန့်ဟာ ယွင်မုန့်မြို့ဈေးတန်းမှာလျှောက်လည်ရင်း ပြေးလွှားကစားရခြင်းကို ပျော်ပိုက်သူ တစ်ယောက်ဖြစ်သည်။ ဈေးတန်းတစ်လျှောက်ဟိုဟိုဒီဒီလျှောက်ပြေးရင်း အရာရာကိုငေးရကြည့်ရသည်ကိုနှစ်သက်ပေ၏။ သေးငယ်သောပစ္စည်းလေး များကိုတွေ့လျှင် ကိုင်ကြည့်တတ်သည်။ လမ်းတစ်ဖက်ခြမ်းမှ မွှေးကြိုင်သောရနံ့ကိုရလျှင် သွားရောက်မြည်းစမ်းကြည့်ရန် ဝန်မလေးချေ။ သူ၏ အလိုဆန္ဒအတိုင်း လန်ဝမ့်ကျီး မှာ သူ့ဘဝ တစ်လျှေက်တွင် တစ်ခါမှ မမြည်းစမ်းဖူးသော မုန့်ပဲသရေစာတို့ကို လိုက်လံမြည်းစမ်းရပေသည်။ မုန့်တစ်ခုခု ကိုမြည်းစမ်းပြီးတိုင်း ဝေ့ဝူရှန့်က "ဘယ်လိုနေလဲ ဘယ်လိုအရသာရှိလဲ" ဟုမေးတတ်၏။ တစ်ခါတစ်ရံမှာ လန်ဝမ့်ကျီးဟာ "မဆိုးပါဘူး" ဟုဖြေသည် တစ်ခါတစ်လေမှာတော့ "အရမ်းကောင်းတယ်" ဟုဖြေတတ်သည် သို့သော် မကြာခဏ "ထူူးဆန်းတယ်" ဟုဖြေသောအခါ ဝေ့ဝူရှန့်ဟာ ပျော်ရွှင်မြူးတူးစွာအော်ရယ် တတ်ပြီး မုန့်ပဲသရေစာတို့ကိုပြန်လုကာ သူ့အားမြည်းစမ်းခွင့် မပေးတော့ချေ။

တကယ်တမ်းမှာတော့ သူတို့ဟာ နေ့လည်စာ စားရန် စားသောက်ဆိုင်ကောင်းကောင်း တစ်ခုကို လိုက်ရှာနေကြခြင်း ဖြစ်သော်လည်း ဝေ့ဝူရှန့်ဟာလမ်းတစ်လျောက် မုန့်ပဲသရေစာများကိုလိုက်လံ မြည်းစမ်းရင်း ဗိုက်ဖြည့်ပြီးဖြစ်သည်။ သူတို့နှစ်ဦးဟာ အေးဆေးတည်ငြိမ်စွာလမ်းလျှောက်လာရင်း အဆုံးမှာတော့ သပ်ရပ် ပြီး ခမ်းနားလှသော စားသောက်ဆိုင်တစ်ခုကိုရှာတွေ့လေသည်။ သူတို့ဟာစားပွဲတစ်ခုမှာ ထိုင်လိုက်ကြပြီး စွပ်ပြုတ်တစ်ခွက်ကိုမှာယူလိုက်သည်။

ဝေ့ဝူရှန့်ဟာ မှာယူထားသောကြာစွယ်ဝက်နံရိုးစွပ်ပြုတ်ကို စောင့်ဆိုင်းနေရင်း တူတစ်စုံကိုကိုင်ကာ မုန်လာဥဖြူတစ်ဖတ်ကို ညှပ်၍ဆော့ကစားနေသည်။ ရုတ်တရက်လန်ဝမ့်ကျီး ထိုင်နေရာမှထသွားဟန်ပြုသည်ကို မြင်သောအခါ အလန့်တကြားဖြင့် "မင်းဘယ်ကိုသွားမလို့လဲ" ဟုမေးလိုက်သည်။

လန်ဝမ့်ကျီးကပြန်ဖြေသည် "ခဏစောင့် ငါခဏနေရင်ပြန်လာခဲ့မယ်" သူ့စကားအတိုင်းလန်ဝမ့်ကျီးဟာ ခဏအကြာတွင် ပြန်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ မှာယူထားသော ကြာစွယ်ဝက်နံရိုးစွပ်ပြုတ် လည်းရောက်လာသည်။ ဝေ့ဝူရှန့်ဟာ စွပ်ပြုတ်ကို တစ်ဇွန်းအရင်မြည်းစမ်းကြည့်ပြီး စားပွဲထိုးထွက်အသွားကိုစောင့်နေသည်။ ပြီးနောက် လန်ဝမ့်ကျီးအနားကပ်ကာ တိုးတိုးလေးပြောလိုက်သည် "အရသာ မကောင်းဘူး"

လန်ဝမ့်ကျီးက စွပ်ပြုတ်တစ်ဇွန်းကိုခပ်ပြီး မြည်းကြည့်သည် "ဘယ်ဟာက မကောင်းတာလဲ" ဟုမေးလိုက်သည်။

ဝေ့ဝူရှန့်က စွပ်ပြုတ်ကိုဇွန်းနဲ့မွှေရင်း ပြန်ဖြေသည် "ကြာစွယ် ဆိုတာရင့်မှ ခူူးရင်မကောင်းဘူူး ဖြူဖြူနုနုလေးတွေ ကိုခူူးမှကောင်းတာ ဒီစားသောက်ဆိုင်က အရမ်းကပ်စီးနဲတဲ့အပြင် သူတို့ရဲ့ဟင်းအမယ်တွေကလည်းသေချာမကျက်သလို အရသာလည်းမရှိဘူူး ငါ့ဆရာတူအစ်မ ချက်ကျွေးတာနဲ့တခြားစီဘဲ ဘယ်လိုမှယှဉ်လို့မရဘူး"

ဝေ့ဝူရှန့်ဟာ ဒီအတိုင်းမစဉ်းစားဘဲ ပြောလိုက်ခြင်းသာဖြစ်သည် လန်ဝမ့်ကျီးဆီမှ "အင်း" ဆိုသောစကားတစ်လုံးမှလွဲလျှင် ဘာမှမမျှော်လင့်ထားပေ။ သို့သော်လည်း လန်ဝမ့်ကျီးဆီမှ မမျှော်လင့်ထားသော တုံ့ပြန်မှုအနေဖြင့် မေးခွန်းတစ်ခုကိုမေးခံ လိုက်ရသည် "ဒါဆို ဟင်းအမယ်တွေကိုဘယ်လို ရွေးရမလဲ ဘယ်လိုအရသာကောင်းအောင်ချက်ရမလဲ"

ဝေ့ဝူရှန့်ဟာရုတ်တရက်တွေဝေသွားပြီး လန်ဝမ့်ကျီးအား တအံ့တသြဖြင့်မေးလိုက်သည် "ဟန်ကွမ်ကျွင်း မင်းငါ့ကို ကြာစွယ်ဝက်ရိုးစွပ်ပြုတ် ချက်ကျွေးမလို့ မေးနေတာတော့မဟုတ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား မင်းခုနက ထသွားတာ စွပ်ပြုတ်ဘယ်လိုချက်လဲ သွားကြည့်တာလားဟင်"

လန်ဝမ့်ကျီးဟာသူ့အမေးကိုပြန်မဖြေနိုင်ခင်မှာ ဝေ့ဝူရှန့်က စနောက်သလိုဖြင့်ပြောလိုက်သည် "ဟားဟား ဟန်ကွမ်ကျွင်း 
ငါမင်းကိုအထင်သေးလို့ ပြောတာတော့မဟုတ်ဘူးနော် မင်းတို့ လန်ဂိုဏ်းကလူတွေက ဒီလိုဘဝ ကိုဖြတ်သန်းခဲ့ရတာ မို့လို့ပါ။ မင်းတို့ကအရသာသိပ်မရှိတဲ့ဟာတွေကိုစားပြီး ကြီးပြင်းခဲ့ရတော့ ဒီလိုအရသာမျိုးကိုအကျွမ်းတဝင်ရှိနေတာမဆန်းပါဘူး။ ငါတော့ မင်းတစ်ခုခုချက်မယ်ဆိုရင် စားလို့တောင်မရလောက်ဘူူး လို့ထင်တယ်"

လန်ဝမ့်ကျီးဟာ စွပ်ပြုတ်နောက်တစ်ဇွန်း သောက်ရင်း ဘာမှပြန်မဖြေတော့ချေ။ ဝေ့ဝူရှန့်ဟာ သူ့ဆီကအဖြေကိုစောင့်နေပေမဲ့ လန်ဝမ့်ကျီးဟာ အုတ်ဂူတမျှ ငြိမ်သက်တိတ်ဆိတ်နေပေသည်။ ဝေ့ဝူရှန့်ဟာ ထပ်ပြီးသည်းမခံနိုင်တော့ပေ။

သူထပ်ပြီးမေးလိုက်သည် "လန်ကျန့် မင်းတကယ်ဘဲ ငါ့ကို ဟင်းချက်ကျွေးမလို့လား"

လန်ဝမ့်ကျီးဟာ ဝန်လဲမခံ ငြင်းလဲမငြင်းဘဲ ဆိတ်ဆိတ် နေလေသည်။

ဝေ့ဝူရှန့်ဟာ အနည်းငယ်စိတ်လှုပ်ရှားသောကြောင့် ချက်ချင်းမတ်တပ်ထရပ်ကာ စားပွဲပေါ်တွင်တက်ထိုင်ပြီးပြောလိုက်သည် " ဟမ် လို့ပြောကွာ"

လန်ဝမ့်ကျီး "ဟမ်"

ဝေ့ဝူရှန့်ကဆက်သည် "အဲ့တော့ အဲ့ဒါဟုတ်လား မဟုတ်ဘူးလား ကောင်းလိုက်တဲ့ လန်ကျန့် ငါခုနက ပြောတာက မင်းကိုသက်သက်စနေတာ။ တကယ်လို့မင်း ဟင်းချက်ရင်း ဒယ်အိုးကြီး မီးလောင်ပြီးအပေါက်ကြီး ဖြစ်သွားရင်တောင် ငါစားရဲတယ် ဆိုတာမင်းကိုပြမယ်"

"..."

လန်ဝမ့်ကျီး "ငါအဲ့ဒီလိုတော့ မဖြစ်စေရပါဘူး"

ဝေ့ဝူရှန့်ဟာနေရာမှာ ခုန်ပေါက်ရင်း ထပ်တလဲလဲမေးနေသည် "အဲ့တော့ မင်းငါ့ကို ချက်ကျွေးမှာလား မချက်ကျွေးဘူးလားလို့? ချက်ကျွေးပါကွာ ချက်ကျွေးပါဟန်ကွမ်ကျွင်းရယ် ငါစားပါ့မယ်"

လန်ဝမ့်ကျီးရဲ့အမူအရာဟာတုန်လှုပ်ခြင်းမရှိဘဲ ဝေ့ဝူရှန့်ရဲ့ခါးကိုဆွဲကိုင်လိုက်ကာ သူ့ကိုငြိမ်အောင်ပြုလုပ်ရင်းပြောလိုက်သည် "အပြုအမူဆင်ခြင်"

ဝေ့ဝူရှန့်ကပြန်ပြောသည် "ကိုကိုလေး မင်းငါ့ကို အဲ့လိုမဆက်ဆံနဲ့နော်"

အဆုံးမှာတော့လန်ဝမ့်ကျီးဟာ သူ့လက်မောင်းများဖြင့်ဝေ့ဝူရှန့်ကို သိုင်းဖက်လိုက်ပြီး နေရာမှာထိုင်စေသည် ထို့နောက် ဝေ့ဝူရှန့်ရဲ့ လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ ဆိုလိုက်သည် "ငါ မင်း ကို ချက်ကျွေးပြီးသွားပြီ"

"အဲ?" ဝေ့ဝူရှန့်ဟာ နားမလည်သောအကြည့်တို့ဖြင့် သူ့ကိုစိုက်ကြည့်နေလေသည် "မင်းငါ့ကိုအရင်တုန်းက ချက်ကျွေးပြီးပြီ? ဘယ်တုန်းကလဲ? ဘာချက်ကျွေးတာလဲ? ဘယ်လိုဖြစ်ပြီး ငါဘာမှမမှတ်မိရတာလဲ?"

လန်ဝမ့်ကျီး "မိသားစုစားပွဲ တုန်းက"

"..." ဝေ့ဝူရှန့်ကဆိုသည် "အဲ့ဒီညနေတုန်းက ငါထင်တာမင်း ချိုက်ယီမြို့ ဟူနန် စားသောက်ဆိုင်က ဟင်းတွေဝယ်လာတယ်ထင်တာ တကယ်ကမင်း ချက်ခဲ့တာလား?"

လန်ဝမ့်ကျီး "အင်း"

ဝေ့ဝူရှန့် "တကယ်ဘဲ မင်းလက်ရာပေါ့? တိမ်လွှာနန်းမြိုင်မှာ မီးဖိုချောင်ရော ရှိလို့လား?"

"... ဒါပေါ့ ရှိတာပေါ့"

"ဒါဆို မင်းကိုယ်တိုင် ဟင်းသီးဟင်းရွက်တွေကိုဆေးကြောလှီးချွတ်ခဲ့တာပေါ့? ဒယ်အိုးထဲကိုလည်းဆီကိုယ်တိုင်လောင်းထည့်ခဲ့တာလား? ဟင်းခတ်အမွှေးအကြိုင်တွေရော ထည့်ခဲ့တာပေါ့?"

"အင်း"

"မင်း... မင်း..."

ဝေ့ဝူရှန့် ဟာဝမ်းသာတုန်လှုပ်မဆုံးဖြစ်ပြီးနောက် သူ၏လက်တစ်ဖက်ဖြင့် လန်ဝမ့်ကျီး၏ ကော်လံကို ဆွဲကိုင်ကာ နောက်လက်တစ်ဖက်ဖြင့် သူ၏လည်ပင်း ကိုသိုင်းဖက်ကာ ရုတ်ချည်းဆိုသလို သူ့နှုတ်ခမ်းဖျားကို နမ်းလိုက်၏။

ကံကောင်းထောက်မစွာဘဲ သူတို့နှစ်ဦးရဲ့စားပွဲဟာ စားသောက်ဆိုင်ရဲ့ အတွင်းအကျဆုံး ထောင့်တစ်ထောင့်ရှိ နံရံ နားမှာတည်ရှိ လေသည်။ လန်ဝမ့်ကျီးဟာ ဝေ့ဝူရှန့်ကို ဖက်ထားရင်း တစ်ဖက်သို့လှည့်လိုက်သောကြောင့် အခြားသူများသည်သူ၏နောက်ကျောပြင်နှင့် သူ့လည်ပင်းကိုသိုင်းဖက်ထားသော ဝေ့ဝူရှန့်၏လက်တစ်စုံကိုသာ မြင်နိုင်ပေသည်။

လန်ဝမ့်ကျီးသည်ရှက်သွေးဖြာခြင်း အသက်ရှူမဝခြင်းတို့ မရှိသည်ကို သတိထားမိသောအခါ ဝေ့ဝူရှန့်က သူ၏လက်တစ်ဖက်ကို လန်ဝမ့်ကျီး၏ ပါးပြင်ထက်သို့တင်ကာ ပူနွေးခြင်းရှိမရှိစမ်းလိုက်သည်။ လန်ဝမ့်ကျီးသည်သူ၏ပါးပြင်ထက်မှ ဝေ့ဝူရှန့်၏လက်ကို ဖမ်းဆုပ်ကာ သတိပေးသံဖြင့်ပြောလိုက်သည် "ဝေ့ရင်း"

ဝေ့ဝူရှန့် "ငါမင်းရဲ့ခြေထောက်အထက်ကိုစမ်းနေတာမှ မဟုတ်တာ မင်းငါ့ကိုဘာလို့ဆူနေတာလဲ"

"..."

ဝေ့ဝူရှန့်က လေးလေးနက်နက်ပြောလိုက်သည် "တောင်းပန်ပါတယ် ငါခုနကအရမ်းဝမ်းသာသွားလို့ပါ။ လန်ကျန့် မင်းကဘာလို့ဘာလုပ်လုပ် ဒီလောက်တော်နေရတာလဲ? မင်းရဲ့ ဟင်းချက်လက်ရာကလည်း အရမ်းကောင်းတာပဲ!"

လန်ဝမ့်ကျီးရဲ့ ဘဝတစ်လျှောက်လုံး မရေမတွက်နိုင်သောချီးကျူးမှုတွေ ကိုခံခဲ့ရသော်လည်း ဝေ့ဝူရှန့်၏ရင်ထဲမှ လှိုက်လှိုက်လှဲလှဲချီးကျူးမှုကိုတော့ ဘာနဲ့မှမယှဉ်နိုင်ချေ။ မည်ကဲ့သို့သောချီးကျူးမှုမျိုး ကသူ့အပေါ်သက်ရောက်မှုမရှိခဲ့သော်လည်း ယခုတွင်မူသူ့နှုတ်ခမ်းတို့ ပြုံးမသွားစေဖို့ထိန်းချုပ်နိုင်ရန်ခက်ခဲလှသည်။ သူသည် စိတ်လှုပ်ရှားမှုတို့ကိုထိန်းချုပ်ရင်း ပြောလိုက်သည် "အဲ့ဒါကမခက်ခဲပါဘူး"

ဝေ့ဝူရှန့်ကငြင်းသည် "မဟုတ်ဘူး အဲ့ဒါကတကယ်တော့အရမ်းခက်တယ် မင်းမသိပါဘူူး ငါငယ်ငယ်တုန်းက မီးဖိုချောင်ထဲကနေဘယ်နှကြိမ်လောက် မောင်းထုတ်ခံရလဲဆိုတာ"

"..." လန်ဝမ့်ကျီးကဆိုသည် "မင်းဒယ်အိုးကိုမီးလောင်ပြီးအပေါက်ဖြစ်အောင်လုပ်လိုက်တာလား?"

ဝေ့ဝူရှန့် "တစ်ခါတည်းပါ။ ငါရေထည့်ဖို့မေ့သွားတာနဲ့ ဒယ်အိုးကမီးထလောင်တော့တာ။ ငါ့ကိုအဲ့လိုမကြည့်ပါနဲ့ အဲ့ဒီတစ်ခါထဲပါ"

လန်ဝမ့်ကျီး "မင်းဒယ်အိုးထဲကို ဘာထည့်လိုက်လို့လဲ"

ဝေ့ဝူရှန့်ဟာခဏတာမျှစဉ်စားပြီးနောက် ပြုံးကာဖြေလိုက်လေသည် "အဲ့ဒါဖြစ်ခဲ့တာ နှစ်တွေလည်းတော်တော်ကြာပြီဆိုတော့ငါလည်း သေချာ မမှတ်မိတော့ဘူး။ ဒီကိစ္စကို ထပ်မပြောတော့တာဘဲ ကောင်းပါတယ်။"

လန်ဝမ့်ကျီးဟာဘာမှဝင်မပြောတော့ပင်မဲ့ သူ့ရဲ့မျက်ခုံးအစုံကတော့ အနည်းငယ်လှုပ်ခတ်သွားသည်။ ဝေ့ဝူရှန့်ဟာ လန့်ဝမ့်ကျီးရဲ့အမူအရာကိုသတိမထားချင်ယောင်ဆောင်နေ လိုက်သည်။ ထို့နောက်သူ့ရဲ့လက်တို့ကို အောက်ချလိုက်ပြီး စိတ်မကောင်းစွာဖြင့်ပြောသည် "မင်းငါ့ကိုဘာလို့ အဲ့ဒါမင်းချက်ကျွေးတာဆိုတာ စောစောထဲ မပြောတာလဲ? အ လိုက်တဲ့ငါဘဲ အဲ့ဒီညနေက ဘာမှတောင်သိပ်မစားလိုက်နိုင်ဘူး"

လန်ဝမ့်ကျီး "ကိစ္စမရှိပါဘူး ငါတို့ပြန်ရောက်ရင် မင်းကိုငါထပ်ချက်ကျွေးမယ်"

သူ့ကိုချက်ကျွေးရန် ထပ်တလဲလဲတောင်းဆိုပြီးနောက် လန်ဝမ့်ကျီးရဲ့စကားကြောင့် ဝေ့ဝူရှန့်ဟာ ကျေနပ်အားရစွာပြုံးလိုက်သည်။ အရသာမရှိသောစွပ်ပြုတ်သည်ပင် ခုနကလောက်အရသာမဆိုးတော့ချေ။

______________ˏ₍•ɞ•₎ˎ ˎ₍•ʚ•₎ˏ______________

စကားချပ်

အရမ်းမှ ro ပါရဲ့လား 😅 ကိုယ်ကတော့ဘာသာပြန်ရင်းကိုစောင်ကိုက်နေရပြီ ဟန်ကွမ်ကျွင်းရဲ့ ဟင်းချက်စကေးကတော့ တော်တော်လာမဲ့ပုံပါပဲ ကိုယ်တွေရဲ့ ရီလင်းလောင်ဇူစပ်စလူးလေးကတော့ ဒယ်အိုးပါပေါက်အောင်ချက်တတ်တာနော် 😂

မိသားစုစားပွဲဆိုတာကလည်း မူရင်းဝတ္ထုရဲ့အချပ်ပိုတွေထဲကတစ်ခုပါ။ တော်တော်များများတော့ ဖတ်ဖူးမယ်ထင်ပါတယ်။ ဘာသာပြန်တော်တော်များများကိုတွေ့ဖူးလို့ပါ။ ဒီယွင်မုန့်မြို့ ဆိုတာလည်းအချပ်ပိုတွေထဲကတစ်ခုပါ။ ဒါပေမဲ့ယွင်မုန့်က ဘာသဘာပြန်ထားတာ သိပ်မတွေ့ဖူူးတာကတစ်ကြောင်း ကိုယ်အကြိုက်ဆုံး အချပ်ပိုလေးဖြစ်နေတာက တစ်ကြာင်းမို့လို့ ဘာသာပြန်ပေးရခြင်းပါ။ မိသားစုစားပွဲမှာ ဝေ့ရင်းက ကူးစူးလန်က ဟင်းတွေကိုမစားနိုင်တာကြောင့် လန်ကျန့်က ညနေမှာသူ့ကို အရသာရှိတဲ့ ဟင်းပွဲတွေယူလာပြီးကျွေးပါတော့တယ်။ အဲဒါကို ဝေ့ငတုံး က ဝယ်လာတယ်လို့ဘဲတစ်ချိန်လုံးထင်နေခဲ့တာ ခုမှလန်ကျန့်ကိုယ်တိုင်ချက်မှန်းသိလိုက်ရတာ။ မိသားစုစားပွဲကိုဘာသာပြန်ရှာမတွေ့လို့ဖတ်ချင်တယ်ဆိုရင် မန့်မှာဝင်ပြောလို့ရပါတယ်။ ဒီယွင်မုန့်အပိုင်းလေးတွေနဲ့ ကျန်တဲ့အပိုင်းလေးတစ်ခုပြီးရင်ဘာသာပြန်ပေးပါ့မယ်။

စကားမစပ်ကိုယ်တွေကတော့ ဒီအချပ်ပိုမှာ ပေါ်ကြီးကိုဟန်ကွမ်ကျွင်းအဖြစ်တွေးကြည့်ရင်းနဲ့ ပေါ်ကြီးရဲ့သခွားသီးခုတ်စကေးတွေဘဲ မျက်လုံးထဲပေါ်ပေါ်လာတယ် 🤣

Continue lendo

Você também vai gostar

172K 24.5K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
1.5M 226K 163
Both Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Comple...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
41.2K 3K 25
ʙᴏᴏɴ ᴛʜᴀᴛ ᴄʜᴀɴɢᴇꜱ ᴇᴠᴇʀʏᴛʜɪɴɢ ᴏʀ ᴡɪʟʟ ɪᴛ? ɪꜱ ɪᴛ ᴀ ʙᴏᴏɴ ᴏʀ ᴡɪʟʟ ɪᴛ ʙᴇᴄᴏᴍᴇ ᴀ ᴄᴜʀꜱᴇ? ᴡᴏᴜʟᴅ ᴛʜᴇ ᴄʜᴀɴɢᴇ ʙᴇ ɢᴏᴏᴅ ᴏʀ ɴᴏᴛ? ᴡɪʟʟ ᴛʜᴇ ᴛʜɪʀꜱᴛ ᴏꜰ ᴛʜᴇ ᴀɢᴏɴʏ ᴏꜰ ᴀ ᴍ...