Love Stops Rumours {Completed}

By Memo227

427K 63.7K 4.5K

Title : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chap... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
A/N
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
ಥ_ಥ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30

Chapter 4

12.6K 2.1K 173
By Memo227

"ZawGyi"

What to Do, My Enemy Thinks That My Roommate and I Performed <Flight of the Bumblebee> On the Piano

ဒီလိုေျပာၿပီးၾကတဲ့ေနာက္ ေရွာင္းႏ်န္က သူ၏ ဂီတသေကၤတမ်ားကိုသာ ဆက္ၿပီးၾကည့္ေနေလသည္။ အခုေတာ့ ဒီလိုသတင္းမ်ိဳးကို သူက ခံႏိုင္ရည္ရွိသြားသည့္ပံုပင္။ ေရွာင္းႏ်န္က ဒီကိစၥနဲ႕ပတ္သက္ၿပီး တံု႔ျပန္မႈသိပ္မရွိတာကို ေဝ့႐ူစုန္႕ကလည္း သတိထားမိသည္။ သူ႔အေနႏွင့္လည္း ဒီသတင္းက ခနခနေျပာလို႔ေကာင္းသည့္အေၾကာင္းမ်ိဳး မဟုတ္သည္ကို ေတြးမိတာမို႔ ေရွာင္းႏ်န္၏ ဂီတသေကၤတမ်ားကိုသာ ၾကည့္ခ်င္ေယာင္ေဆာင္လိုက္ေတာ့သည္။ သူတို႔ကို ၾကည့္ရသည္မွာ ပဲပင္ေပါက္ေတြ ပုရြက္ဆိတ္ေတြႏွင့္သာ ဆင္တူေနတာမို႔ ေဝ့႐ူစုန္႕တစ္ေယာက္ မေရမရာနဲ႕ပဲ အာေမဍိတ္သံတစ္ခု ထြက္လာေတာ့သည္။

"အိုး ဒါ.... အာ....<Flight of the Bumblebee>...ဝိုး! ငါ ဒီတစ္ပုဒ္ကို ေကာင္းေကာင္းတီးတတ္တယ္"

ေဝ့႐ူစုန္႕၏ပံုစံမွာ ေရွာင္းႏ်န္ သူ႔ကို အထင္ႀကီးေစခ်င္မွန္း သိသာေနသည္။

"ကၽြန္ေတာ္ရဲ႕ Gradeက အျမင့္ဆံုးပဲ" ေရွာင္းႏ်န္က အေရးမႀကီးသည့္ပံုႏွင့္ပင္ ေဝ့႐ူစုန္႕၏ အရည္အေသြးေကာင္းလွသည့္ Puppy eyes ေလးကို ခပ္တည္တည္ျဖင့္ တစ္ခ်က္ၾကည့္လို႔ ေျပာလိုက္သည္။ "ဒါက ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲညအတြက္, ကၽြန္ေတာ္ ဒါကို ၾကည့္ရံုပဲ"

"အာ အင္း အင္း?! အရမ္းမိုက္တာပဲ" ေဝ့႐ူစုန္႕က အံ့ၾသထိတ္လန္႕သြားေလသည္။ "ေအာ္ ဒါနဲ႕, ေကာင္မေလးေတြေျပာၾကတာ မင္းက တူရိယာ ၅ မ်ဳိး တီးႏိုင္တယ္ဆို, ဟုတ္လား?"

"အင္း ဟုတ္မယ္ထင္တယ္" ေရွာင္းႏ်န္က ခနေလာက္ စဥ္းစားလိုက္ၿပီး "စႏၵယား, တေယာ, ဂစ္တာ, တေယာအႀကီးစား(Cello), ဒရမ္, ဆက္ဆိုဖုန္း, အေကာ္ဒီယံ, ကၽြန္ေတာ္သိတာ ဒီေလာက္ပဲ"

"ဒီေလာက္ပဲ?! ဒါက တူရိယာ ခုနစ္မ်ဳိးေတာင္ေလ! မင္းရဲ႕ ဒီလိုဆိုးဝါးတဲ့ အတြက္အခ်က္ကြ်မ္းက်င္မႈနဲ႕ ဘယ္လိုမ်ား ထိပ္ဆံုးကေနေအာင္လာတာလဲ? မ႐ိုးသားဘူး, ဒါလံုးဝ ႐ိုးသားမႈမရွိဘူး" ေဝ့႐ူစုန္႕တစ္ေယာက္ ခန္႕ခန္႕ျငားျငား က်ားႀကီး ျဖစ္ခ်င္ေသာ္ျငား လက္ေတြ႕မွာက Hello Kitty ေၾကာင္႐ုပ္ကေလး ျဖစ္သြားရွာၿပီး ေရွာင္းႏ်န္၏ အမွတ္တမဲ့ အႏိုင္ယူျခင္းကို ခံလိုက္ရေတာ့၏။ သူက ႏႈတ္ခမ္းကို ကၽြမ္းက်င္စြာဆူလိုက္ၿပီး "မင္းက ဘာလို႔ အေနာက္တိုင္းက နာမည္ႀကီးပုဂၢိဳလ္ေတြလို ျဖစ္ေနရတာလဲ? ေသြးေသာက္ရဲေဘာ္ရဲဘက္ေတြလိုမ်ိဳး မင္းရဲ႕ေခါင္းထဲကအျမင္ေတြက တခုခုမ်ား လြဲေနလား"

"Erhu နဲ႕ Hulusi ကိုလည္း ကၽြန္ေတာ္ နည္းနည္းသိတယ္။ ဒါေပမယ့္ ကၽြမ္းကၽြမ္းက်င္က်င္ေတာ့မဟုတ္ဘူး"

# Erhu

# Hulusi

"ကၽြမ္းကၽြမ္းက်င္က်င္မဟုတ္ဘူး?" ေမးမိၿပီးမွ ေဝ့႐ူစုန္႕က ခ်က္ခ်င္းပဲ ေနာင္တရသြားေလသည္။ ေရွာင္းႏ်န္က သူ႔ကိုထပ္ၿပီး ထိတ္လန္႕မႈေတြ ေပးအံုးမွာလားဟု သံသယဝင္သြား၍ပဲ ျဖစ္သည္။ မတတ္ႏိုင္ေတာ့ၿပီမို႔ ဆက္ၿပီးေမးဖို႔ပဲ ရွိေတာ့သည္။ " မကၽြမ္းက်င္ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?"

"ကၽြန္ေတာ္က Grade အျမင့္ဆံုး မေရာက္ေသးဘူးေလ။ အာ" ေရွာင္းႏ်န္က ပံုမွန္ေလသံျဖင့္ပင္ "အျမင့္ဆံုးမရေသးပဲ ဘယ္လိုလုပ္ ေကာင္းေကာင္းတီးႏိုင္တယ္လို႔ ကၽြန္ေတာ္က ေျပာရဲမလဲ?"

ေဝ့႐ူစုန္႕၏ေခါင္းထဲ ေသြးေဆာင့္တက္သြားေတာ့၏။ ဒါက သူ႔မာနကို ႐ိုက္ခ်ိဳးခံလိုက္ရျခင္းပဲျဖစ္ၿပီး ကိုယ့္ဒုကၡကိုယ္ရွာလိုက္မိျခင္းပင္ ျဖစ္ေတာ့သည္။

"အိုေက, ငါ အရႈံးေပးတယ္။ ငါ မင္းကို ဆရာလို႔ ေခၚပါ့မယ္"

ေဝ့႐ူစုန္႕က လက္ေလွ်ာ့လိုက္ေသာ္လည္း သူ၏မ်က္စိထဲတြင္ေတာ့ ေရွာင္းႏ်န္ကို အလြန္ေအးေသာရာသီဥတုမွာ ေရွးေဟာင္းတ႐ုတ္႐ိုးရာဝတ္စံုႀကီးႏွင့္ ေနကာမ်က္မွန္ ဝိုင္းဝိုင္းမည္းမည္းႀကီးတပ္ကာ လူစည္ကားတဲ့လမ္းေပၚမွာထိုင္ရင္း <The Moon Shadow in Er Quan> ကို ေဖ်ာ္ေျဖေနမည့္ပံုႀကီး ျမင္ေယာင္လိုက္မိေတာ့သည္။ ေဝ့႐ူစုန္႕က ေရွာင္းႏ်န္ကို စိုက္ၾကည့္ေနလိုက္မိတာ သူ႔ကိုေပါက္ထြက္သြားလုနီးပါးပင္ ျဖစ္သြားေတာ့၏။ ဒီလို စိတ္ပ်က္စရာေကာင္းသည့္ အေျခအေနမွာ ေဝ့႐ူစုန္႕အတြက္ေတာ့ ေဖာ္ျပရန္ပင္ မစြမ္းသာေတာ့ေပ။

(T/N: <The Moon Shadow in Er Quan> ဆိုတာ Erhu တူရိယာနဲ႕ တီးထားတဲ့ နာမည္ႀကီးသံစဥ္တစ္ခုပဲ ျဖစ္တယ္။ အဲ့ဒီသံစဥ္ကို ေက်းလက္႐ိုးရာဂီတပညာရွင္တစ္ဦးျဖစ္တဲ့ A'Bing က ေရးဖြဲ႕ထားျခင္းျဖစ္ပါတယ္။ သူဟာ Wuxi ဆိုတဲ့ၿမိဳ႕ေလးကျဖစ္ၿပီး အေၾကာင္းအမ်ဳိးမ်ိဳးေၾကာင့္ သူ႔ရဲ႕မ်က္လံုးကြယ္သြားတဲ့အခါ ေန႔တိုင္းရဲ႕ေန႔လည္ခင္းအခ်ိန္ေရာက္ၿပီဆိုရင္ Wuxi ၿမိဳ႕ရဲ႕ ျပည္သူ႔ရင္ျပင္ေပၚမွာ အဲ့ဒီသီခ်င္းကို ေဖ်ာ္ေျဖေလ့ရွိပါတယ္တဲ့။ ဒါေၾကာင့္ပဲ ေဝ့႐ူစုန္႕က မ်က္မွန္အမည္းႀကီးနဲ႕ Erhu တီးေနတဲ့ပံုကို ျမင္ေယာင္လိုက္တာပါ။)

"ဘာလို႔ <Flight of the Bumblebee>နဲ႕ ေဖ်ာ္ေျဖတာလဲ? ၾကည့္ရတာ မင္းက အမိုက္စားေဖ်ာ္ေျဖႏိုင္ဖို႔ ႀကိဳးစားေနသလိုပဲ?"

ေဝ့႐ူူစုန္႕အေနျဖင့္ ေရွာင္းႏ်န္ႏွင့္ ဆက္ဆံေရးေကာင္းမြန္သည္ဟု ဝန္ခံရမည္ပင္။ တကယ္ေတာ့ သူတို႔ႏွစ္ဦးလံုးက ေကာလဟာလသတင္းမ်ား၏ နစ္နာသူမ်ားပင္ ျဖစ္ရာ သူတို႔ႏွစ္ေယာက္က တစ္ဖက္တည္းျဖစ္သည္မွာ ေသခ်ာသည္မို႔ ေဝ့႐ူစုန္႕က မစဥ္းမစားေျပာျခင္းျဖစ္သည္။

"ေက်ာင္းေကာင္စီ အႏုပညာအသင္းရဲ႕ စီနီယာက ကၽြန္ေတာ့ကို ဒီေတးသြားေပးၿပီး ေျပာသြားတယ္။ ဒါကိုပဲ အရင္က တီးတယ္တဲ့"

"ေသာက္ေရးမပါတာ," ေဝ့႐ူစုန္႕က ဆဲေရးလိုက္ေတာ့သည္။ "အရင္တစ္ေခါက္တုန္းက ဂစ္တာဆိုတာ ေသခ်ာတာပဲကို။ မင္း႐ူးေနလား။ သူ မင္းကို အႏိုင္က်င့္ေနတာေလ။ သူက မင္းလက္ေတြ ႂကြက္တက္တဲ့ထိ တီးေစခ်င္ေနတာ။ ဘယ္စီနီယာလဲ? ငါ မင္းကိုကူၿပီး သြား႐ိုက္ေပးမယ္။"

"ဒီတစ္ပုဒ္က ခက္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ ပီယာႏိုခန္းမွာ သြားေလ့က်င့္မယ္လို႔ စီစဥ္ထားတယ္။"

"ဝါး, မင္းက ခိုးလုပ္မလို႔လား?" ေဝ့႐ူစုန္႕က မ်က္လံုးတစ္ဖက္မွိတ္ျပရင္း ေရွာင္းႏ်န္၏ပခံုးကို ပုတ္လိုက္သည္။ "ပီယာႏိုခန္းက ပထမထပ္မွာ ရွိတာဆိုေတာ့ လူေတြအမ်ားႀကီး ျဖတ္သြားေနၾကမွာပဲ။ မိန္းမလွေလးေတြလည္း အဲ့ဒီမွာ ရွိေနမွာပဲဆိုေတာ့ မင္း...."

"ကၽြန္ေတာ္က ညမွသြားမွာ။ အခန္းေသာ့က ကၽြန္ေတာ့ဆီမွာေလ။"

"အဲ ဟဲဟဲ ဟဲဟဲဟဲ" ေဝ့႐ူစုန္႕က မထိန္းႏိုင္မသိမ္းႏိုင္ရယ္လိုက္ၿပီးမွ ႀကိတ္ျပဳံးေလးေပးလိုက္သည္။ "မွန္တယ္။ ေသာ့ရွိတာေကာင္းတာေပါ့။" ေဝ့႐ူစုန္႕က အူျမဴးေနပံုျဖင့္ ေရွာင္းႏ်န္ကို သတိေပးေလသည္ "မင္း သိလား? အဲဒါက နာမည္ေက်ာ္ အေကာင္းဆံုးဖြင့္ေျပာနည္းေလ! မင္းသေဘာက်ေနတဲ့ တစ္ေယာက္ကို အဲဒီေနရာကို ေခၚလာမယ္။ ၿပီးရင္ သူ႔အတြက္ သီခ်င္းေလးတီးျပရင္း ဖြင့္ေျပာလိုက္မယ္။ ဒါဆိုရင္ေတာ့ အဲဒီေနရာမွာပဲ အာလံုးက ေမ်ာပါသြားလိမ့္မယ္။"

"ဒါဆို ကၽြန္ေတာ္တို႔ အတူတူသြားၾကမယ္ေလ"

"အီး မင္းက ဘာလုပ္ခ်င္လို႔လဲ?!" ေဝ့႐ူစုန္႕က ခုန္ထြက္သြားၿပီး မိန္းမေကာင္းေလးပံုစံျပဳလုပ္ကာ လက္ကို ရင္ဘတ္တြင္ယွက္ထားရင္း ေျပာေလေတာ့သည္။ "ငါက ေဂးမဟုတ္ဘူး။ အိုေက။ ငါ့ရဲ႕ ၾကည့္ေကာင္းမႈနဲ႕ ပါရမီေတြက မင္းကိုဆြဲေဆာင္ေနတယ္လို႔ ထင္လိုက္ရင္ မင္းနဲ႕ငါနဲ႕ ဆက္ဆံေရးက အခ်ည္းႏွီး ျဖစ္သြားလိမ့္မယ္။ အာ ကိုယ့္ရဲ႕ ဂ်ဴနီယာေလးကို လမ္းမွားေရာက္ေအာင္ လုပ္လိုက္မိတဲ့ ငါကမေကာင္းတဲ့ေကာင္ပဲ။ အိုး ဘုရားသခင္ ကၽြန္ေတာ္မ်ဳိးရဲ႕ ဒီလို အျပစ္ေတြကို ခြင့္လႊတ္ေပးေတာ္မူပါ....."

"ကၽြန္ေတာ္က စီနီယာကို ကၽြန္ေတာ့အတြက္ ညလယ္စာ ခ်က္ေပးေစခ်င္တာပါ။ အဲဒီမွာ ပလပ္ေပါက္ ရွိေတာ့ စီနီယာရဲ႕ လွ်ပ္စစ္မီးဖိုနဲ႕ ေခါက္ဆြဲျပဳတ္လို႔ရတယ္ေလ။"

"......"

အိုေက အိုေက။ ငါ အေတြးလြန္သြားတယ္။ ေဝ့႐ူစုန္႕ ႏွာကို ဟြန္႕ကနဲ႕ ခပ္ျပင္းျပင္းမႈတ္ထုတ္လိုက္ၿပီး ဂိမ္းပဲ သြားေဆာ့ေနေတာ့သည္။ ထို႔ေၾကာင့္ ေရွာင္းႏ်န္တစ္ေယာက္ သေဘာတက်ႏွင့္ ခပ္ဖြဖြျပံဳးလိုက္သည္ကိုေတာ့ မျမင္လိုက္ေတာ့ေပ။

ေရွာင္းႏ်န္က ညလယ္ပိုင္းမွာေတာ့ တကယ္ပဲ ပီယာနိုခန္းကိုသြား၍ ေလ့က်င့္ေတာ့သည္။ ရက္အနည္းအတြင္းမွာ ျဖစ္လာမည့္ ​ေကာလိပ္ A ၏ လ်ိဳ႕ဝွက္ဆန္းက်ယ္ေသာ ဇာတ္လမ္းေလးကိုေတာ့ သူ ေမွ်ာ္လင့္မထားမိပဲေပါ့ေလ။ တစ္ခါတစ္ရံမွာ ညဥ့္နက္မွ အိမ္ျပန္ေလ့ရွိသည့္ ေက်ာင္းသားမ်ားဟာ ပီယာႏိုခန္းထဲကေနလြင့္ပ်ံလာသည့္ ဂီတသံစဥ္ေတြကို ၾကားခဲ့ဖူးသည့္အျဖစ္မ်ိဳး အရင္က​ရွိခဲ႕ရာ အဲဒါက သူ႔တို႔ေတြကို ေက်ာခ်မ္းေစခဲ့ေလသည္။ အဓိကအခ်က္ကေတာ့ တစ္စံုတစ္ေယာက္က ဝမ္းနည္းစရာေကာင္းသည့္ ဇာတ္လမ္းေလးႏွင့္အတူ ေပၚထြက္လာခဲ့ျခင္း​ေျကာင့္ ​ျဖစ္သည္။ ဇာတ္လမ္းေလးကဒီလို- ဟိုးအရင္ခ်ိန္တုန္းက အလြန္ကိုပါရမီရွိတဲ့ ေက်ာင္းသားစံုတြဲေလးတစ္တြဲရွိခဲ့သည္။ သူတို႔ႏွစ္ေယာက္ကလည္း အရမ္းကိုပဲ ခ်စ္ၾကေလသည္ေပါ့။ ဒီလို အားလံုးက အားက်ရတဲ့ ခ်စ္သူႏွစ္ေယာက္ကို မနာလိုသူတစ္ေယာက္ကလည္း ရွိေနခဲ့ေလသည္။ မိန္းမငယ္ေလးကေတာ့ ပီယာႏိုတီးသည့္ေနရာမွာ အရမ္းကိုထူးခၽြန္ၿပီး အထူးသျဖင့္ <Flight of the Bumblebee> ကို အေကာင္းဆံုးတီးႏိုင္သည္ဟု ဆိုသည္။ ထို႔ေၾကာင့္ပင္ တစ္ခါတစ္ေလမွာ သူမရဲ႕ခ်စ္သူေကာင္ေလးကိုလည္း တီးျပေလ့ရွိတတ္သည္။ သို႔ေသာ္လည္း သူမရဲ႕ခ်စ္သူေကာင္ေလးက ေနာက္ပိုင္းမွာ သူမနဲ႕လမ္းခြဲခဲ့တာေၾကာင့္ ပူေဆြးေသာကေရာက္ၿပီး ပီယာႏိုခန္းထဲမွာပင္ ကိုယ့္ကိုယ္ကို ခ်ိတ္ဆြဲၿပီး အဆံုးစီရင္ခဲ့ေတာ့သည္။ သို႔ရာတြင္ သူမ၏ဝိဉာည္မွာေတာ့ အဲဒီအခန္းထဲမွာပဲ က်န္ရွိေနခဲ့ၿပီး <Flight of the Bumblebee>ကိုတီးလို႔ သူမ၏ခ်စ္သူျပန္အလာကို ေစာင့္ေနခဲ့ေလ၏။

အခုေတာ့ ကၽြန္ေတာ္တို႔ရဲ႕ သနားစရာေကာင္းတဲ့သရဲမေလး ေရွာင္းႏ်န္က ေဝ့႐ူစုန္႕တစ္ေယာက္ သူ႔ကို ဒီလိုဇာတ္လမ္းမ်ိဳးနဲ႕စိတ္ကူးပံုေဖာ္လိုက္သည္ကို နားမလည္ႏိုင္ေလဘူး။ မွ်မွ်တတေျပာရမည္ဆိုရင္ ေဝ့႐ူစုန္႕အတြက္လည္း ဒီကိစၥက ခက္ခဲသည္ဟုဆိုရမည္။ နားလည္ဖို႔ရန္ခက္ခဲလွေသာ အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ ေရွာင္းႏ်န္က အေမွာင္ထဲမွာ အတီးေလ့က်င့္ဖို႔ရန္ လက္မေလွ်ာ့တမ္းေတာင္းဆိုခဲ့ေလရာ ေဝ့႐ူစုန္႕အတြက္ေတာ့ ေကာလိပ္ဝင္ခြင့္ေျဖမည့္ေက်ာင္းသားမ်ား စာေလ့လာႏိုင္ရန္ အေဖာ္လိုက္လုပ္ေပးရသည့္ မိဘမ်ားႏွင့္ပင္ တူေနေလသည္။ ေဘးတြင္ သနားစဖြယ္ငုတ္တုတ္ထိုင္ရင္း ဖုန္းမွလာသည့္ မီးေရာင္ေလးျဖင့္ ေခါက္ဆြဲကိုျပဳတ္လို႔ ေရွာင္းႏ်န္က သူ႔ကို အာရံုမစိုက္သည့္အခ်ိန္မ်ားတြင္ တိတ္တိတ္ေလး ေခါက္ဆြဲျပဳတ္ကိုသာ စားေနရသည့္ အျဖစ္သို႔ေရာက္ေနရွာသည္။

တစ္ခါတစ္ရံ ေရွာင္းႏ်န္မွ ပီယာႏိုကို ရပ္လိုက္သည့္အခ်ိန္မ်ိဳးဆိုလွ်င္ ရႈးကနဲ ဟင္းရည္စုပ္လိုက္သည့္ အသံက်ယ္ႀကီးမွာ တိတ္ဆိတ္ေနေသာ အခန္းထဲတြင္ ပဲ့တင္ထပ္သြားတတ္ေသးသည္။

သို႔မဟုတ္လွ်င္လည္း ေရွာင္းႏ်န္မွ စားဖို႔ရန္ေမ့ၿပီး ပီယာႏိုတီးေနသည့္အခါမ်ိဳးတြင္မူ ေဝ့႐ူစုန္႕တစ္ေယာက္ သူ၏ဆာေလာင္မႈကို မခံစားႏိုင္ေတာ့ပဲ 'ငါတစ္ဇြန္းပဲ စားလိုက္မယ္။ ဒီထက္မပိုဘူး။ တစ္ဇြန္းပဲ။ ဂ်ဴနီယာမေတြ႕ေလာက္ပါဘူး' ဟူ၍ ေတြးရင္း ခိုးစားလိုက္မိေတာ့သည္။ သို႔ေသာ္ ဘယ္သူကမ်ား ထင္မိေလမလဲ? အသင့္စားေခါက္ဆြဲ၏အရသာက ဒီေလာက္ေကာင္းေနမယ္လို႔ေပါ့။ ေဝ့႐ူစုန္႕က တစ္ဇြန္းပဲ စုပ္ေသာက္လိုက္ၿပီး သူ႔လည္ေခ်ာင္းတစ္ေလွ်ာက္ ေလွ်ာဆင္းသြားသည့္အခါမွာေတာ့ ရပ္လို႔မရေအာင္ျဖစ္သြားေတာ့၏။ အဆံုးမွာေတာ့ ေခါက္ဆြဲမ်ားအားလံုးကုန္သည္အထိ စားပစ္လိုက္မိၿပီး ေရွာင္းႏ်န္ဆီကေန ရယ္သြမ္းေသြးသည့္ မွတ္ခ်က္တစ္ခုကို လက္ခံလိုက္ရေတာ့သည္။ "စုပ္တဲ့ေနရာမွာ ေတာ္ေတာ္ ေတာ္တယ္ေနာ္"

ဒီရက္ပိုင္းအတြင္းမွာပဲ ေဝ့႐ူစုန္႕က ေခါက္ဆြဲျပဳတ္သည့္အခ်ိန္မ်ားဆို အဲဒီမွတ္ခ်က္ကို သတိရမိၿပီး ထူးထူးဆန္​းဆန္​း ထင္ေနမိသည္။ ဘာလို႔မ်ား ေရွာင္းႏ်န္က ေနာက္ေျပာင္ေနတဲ့ပံုေပါက္ေနရတာလဲ? သူ ဒါကို ရည္ရြယ္ခ်က္ရွိရွိနဲ႕ ထုတ္ေျပာလိုက္တာမ်ားလား? ေရွာင္းႏ်န္၏ လုပ္႐ိုးလုပ္စဥ္ အျပဳအမူမ်ားကို ျပန္ၿပီးစဥ္းစားၾကည့္မိသည့္အခါ မိန္းကေလးမ်ားအေပၚ ဆက္ဆံသည့္ ေအးစက္စက္အျပဳအမူမ်ားကို သြား၍စဥ္းစားမိၿပီး ယေန႔ေခတ္ႀကီးတြင္ ဘယ္သူကမ်ား 'ခပ္မိုက္မိုက္နတ္ဘုရားေလးနဲ႕ ငါနဲ႕ခ်စ္ရေအာင္' ဆိုတာမ်ိဳး လိုခ်င္ေနေသးတာ ျဖစ္ႏိုင္ပါ့မလား? ေဝ့႐ူစုန္႕ စိတ္ရႈပ္ေထြးစြာပဲ ပီယာႏိုတီးေနသည့္ ေရွာင္းႏ်န္ကို လွမ္းၾကည့္မိသည္။ အေမွာင္ထဲတြင္ျဖစ္ေသာ္ျငား လ၏အလင္းေရာင္က ေရွာင္းႏ်န္၏ကိုယ္ေပၚသို႔ ျဖာက်ေနပံုမွာ ပန္းသရဖူေဆာင္းထားသည့္ အိန္ဂ်ယ္တစ္ေယာက္လိုပင္ ထင္ရသည္။ သူ၏ေခ်ာေမြ႕သြယ္လ်ေသာ လက္ေခ်ာင္းမ်ားမွ ထြက္လာသည့္ သံစဥ္မ်ားကေတာ့ သက္ေတာင့္သက္သာျဖစ္ၿပီး ေႏြးေထြးေစသည္။ အဲဒီေနာက္ေတာ့ ေရွာင္းႏ်န္က <Fur Elise> ကို ေျပာင္းၿပီးတီးလိုက္သည္ကို ေဝ့႐ူစုန္႕က သိလိုက္သည္။

"ဘာလို႔ <Flight of the Bumblebee>ကို ရပ္လိုက္တာလဲ?"

ေဝ့႐ူစုန္႕က စတီးအိုးကို စားပြဲေပၚကို တင္လိုက္ၿပီး ေရွာင္းႏ်န္စားမည္ကို ေစာင့္ေနသည္။ ေရွာင္းႏ်န္က အခုလို ေနာက္က်သည္ထိ ေလ့က်င့္ေနသည္မို႔ သူဆာေနေလာက္ၿပီဟု စိုးရိမ္မိၿပီး ၾကက္ဥႏွင့္ အသားေခ်ာင္းကိုပါ ထပ္ၿပီးထည့္လိုက္သည္။

"ကၽြန္ေတာ္ ေတးသြားႏုတ္စ္ေတြကို မမွတ္မိေတာ့လို႔။"

-ဝိုးးး ဘယ္ေလာက္ေတာင္ တည့္တိုးဆန္လိုက္တဲ့ အေျဖလဲ၊ အရမ္းပဲ ႐ိုးသားၿပီး၊ အရမ္းလည္း ေလးစားစရာေကာင္းေလာက္ေအာင္ တန္ဖိုးရွိတယ္! ေဝ့႐ူစုန္႕က စီနီယာတစ္ေယာက္၏ တည္ၾကည္ေလးနက္ၿပီး အားေပးလိုက္ေလ်ာမႈ အျပည့္ရွိသည့္ပံုစံျဖင့္ပင္ ေရွာင္းႏ်န္၏ ပခံုးကိုပုတ္လိုက္ေတာ့သည္။

"မင္းက <Twinkle Twinkle Little Star> တီးေနရင္ေတာင္ ငါကေတာ့ မင္းရဲ႕ <Flight of the Bumblebee> တီးေနတဲ့ အမိုက္စားပံုရိပ္ေတြကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး"

".....ေက်းဇူးအမ်ားႀကီး တင္ပါတယ္။"

ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲေရာက္ဖို႔ တစ္ရက္ပဲလိုေတာ့သည့္ေန႔တြင္ေတာ့ ေရွာင္းႏ်န္က ပီယာႏိုခန္းထဲတြင္ ညလံုးေပါက္ပုန္း၍ ေလ့က်င့္ေတာ့သည္။ ေခါက္ဆြဲျပဳတ္စားၿပီးသည့္ေနာက္ ပ်င္းရိျခင္းကို ခံစားလာရသည့္ ေဝ့႐ူစုန္႕က အခန္းပတ္ပတ္လည္တစ္ေလွ်ာက္ ပ်င္းရိပ်င္းတြဲျဖင့္ ေလွ်ာက္ၾကည့္ၿပီး သူ၏ထိုင္ခံုသို႔ျပန္ေရာက္သည့္အခါမွာ စတင္ၿပီးေအာ္ဟစ္ေလေတာ့သည္။

"အား အား အား ေရွာင္းႏ်န္အရမ္းမိုက္တယ္!"

"အား အား အား ေရွာင္းႏ်န္က ပါရမီရွင္ႀကီးပဲ!"

"ငါတို႔ ေရွာင္းႏ်န္ကို ထာဝရအားေပးၾကမယ္!"

"စီနီယာ ႐ူးေနတာလား?"

ေရွာင္းႏ်န္၏အသံက အနည္းငယ္ေအးစက္ေနေလရာ ရလဒ္ကေတာ့ ေဝ့႐ူစုန္႕၏အသံမွာ တိကနဲရပ္သြားေလေတာ့သည္။

"မဟုတ္ ငါမဟုတ္ဘူး ငါ ငါက မင္းကို မနက္ျဖန္အတြက္ အေလ့အက်င့္ျဖစ္ေအာင္ လုပ္ေပးတာပါ။ ထိတ္လန္႕ၿပီး သံစဥ္ေတြေမ့မသြားေအာင္လို႔ေလ "

"...."

တကယ္ေတာ့ ေရွာင္းႏ်န္က ေဝ့႐ူစုန္႕ကို အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ လ်စ္လ်ဴရႈေနခဲ့တာေတာ့ မဟုတ္ေလဘူး။ သူက ဘယ္လိုေျပာဆိုဆက္ဆံရမယ္ဆိုတာကို မသိတာပဲ ျဖစ္ေလသည္။

"စိတ္ဆိုးသြားတာလား?"

"မဟုတ္ပါဘူး" ေရွာင္းႏ်န္က ေဝ့႐ူစုန္႕ကို အနည္းငယ္ေတာ့ စိတ္ဆိုးေပမယ့္ သူက ဒါကို မေဖာ္ျပေလဘူး။ " ျပန္ရေအာင္။"

"ဂ်ဴနီယာ, ငါမင္းအတြက္ သီခ်င္းတစ္ပုဒ္ ဆိုျပမယ္"

"ဆို"

"မင္းရဲ႕အျပံဳးေတြကို လြမ္းတယ္၊ မင္းရဲ႕ကုတ္အကႌ်ေလးကို လြမ္းတယ္၊ မင္းရဲ႕ေျခအိတ္အျဖဴေလးနဲ႕ မင္းရဲ႕အန႔ံေတြကို လြမ္းတယ္၊ ငါမင္းရဲ႕ အနမ္းေတြကိုလည္း လြမ္း...."

"ရႈး!"

ေရွာင္းႏ်န္က ေဝ့႐ူစုန႔္ကို အေပၚကေနအုပ္မိုးၿပီး ေဆာင့္ဆြဲလိုက္သည္။ ေဝ့႐ူစုန္႕ကေတာ့ ေၾကာက္ေၾကာက္လန္႕လန္႕ႏွင့္ သူ႔၏ အနမ္းဦးေလးကိုကာကြယ္ဖို႔ရန္ ႏႈတ္ခမ္းေတြကို လက္ျဖင့္ဖံုးအုပ္လိုက္ေတာ့သည္။ မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ေသးဘူးေနာ္။ ငါ တကယ္ မင္းအနမ္းကို မလိုခ်င္ပါဘူးေနာ္! ေရွာင္းႏ်န္က အရပ္ရွည္ေသာ္ျငား အ့ံၾသစရာေကာင္းေအာင္ ေပါ့ပါးဖ်တ္လတ္သည္။ ေဝ့႐ူစုန္႕ကို ပီယာႏိုေနာက္သို႔ပုန္းရန္ ဆြဲေခၚလိုက္ၿပီးေနာက္ တံခါးက ပြင့္သြားၿပီး မီးအလင္းေရာင္တန္းတစ္ခုက ဝင္လာေတာ့သည္။

"ထူးဆန္းတယ္။ ခုနတုန္းက ဒီေထာင့္ကေန လႈပ္လႈပ္ရွားရွားနဲ႕ အသံတစ္ခုၾကားလိုက္ပါတယ္။"

ေက်ာင္းေစာင့္ပင္ ျဖစ္သည္။ သူက ပီယာႏိုခန္းေပါက္ဝတြင္ မတ္တပ္ရပ္ၿပီး ပြစိပြစိေျပာေနျခင္းပင္။

"ဘာအန႔ံက ဒီေလာက္ေမႊးေနတာလဲ? ဟိုနားက ေျပာင္ေျပာင္လက္လက္က ဘာလဲဟ? လွ်ပ္စစ္မီးဖို?! ဘယ္ကေလကေခ်ေလးေတြ ဒီမွာ ေခါက္ဆြဲျပဳတ္သြားတာကို ဖမ္းမိတာလဲကြ? အာ ဒါက အေငြ႕တေထာင္းေထာင္းနဲ႕ပူေနတုန္းပါလား? ေသစမ္း!"

(T/N: ပူလို႔လႊတ္ခ်လိုက္တာပါ)

ေနာက္ဆံုးမွာေတာ့ ေရွာင္းႏ်န္က အားအျပည့္နဲ႕႐ုန္းကန္ေနတဲ့ ေဝ့႐ူစုန္႕ကို ရပ္တန္႕လိုက္ႏိုင္သည္။ ေဝ့႐ူစုန္႕ကေတာ့ ပီယာႏိုခံုႀကီးကို ေကာက္မလို႔ အေစာင့္ႏွင့္ထၿပီး ရန္ျဖစ္ခ်င္ေနသည္။ အေတြးထဲမွာေတာ့ 'အဲ့ဒီမီးဖိုက ငါ ဒီႏွစ္မွ ဝယ္ထားတာကြ! ေရွာင္းႏ်န္အတြက္သံုးတဲ့အႀကိမ္ေရက ငါ့ဘာသာသံုးတဲ့အႀကိမ္ေရထက္ေတာင္ မ်ားေနေသးတယ္! ထြက္သြားလိုက္​စမ္း။ မင္းငါ့ကို ေဒါသထြက္ေအာင္လုပ္ေနတာပဲ အား!'။ ေရွာင္းႏ်န္က ေဝ့႐ူစုန္႕ကို ျမန္ျမန္ပဲတိုးတိုးေလး ေျပာလိုက္သည္။ "ဘဝဆိုတာ ဂိမ္းတစ္ခုလိုပဲ။ ဒီလိုေတြ႕ၾကရတာဟာ ကံၾကမၼာပဲမို႔ အိုမင္းသြားတဲ့အခ်ိန္ထိ အေဖာ္ျပဳေပးဖို႔ဆိုတာ မလြယ္ကူဘူးေလ။ ဒါေၾကာင့္ ပိုၿပီးတန္ဖိုးထားၾကရမယ္။ စီနီယာ,.. ကၽြန္ေတာ္ စီနီယာကို အလိုအေလ်ာက္မီးဖိုတစ္ခု ထပ္ၿပီးဝယ္ေပးပါ့မယ္။"

ထုိသုိ႔ေျပာလုိက္ေတာ့မွပဲ ေဝ့႐ူစုန္႕က လိမ္လိမ္မာမာနဲ႕ အေစာင့္ထြက္သြားတာကို ေစာင့္ၿပီး မတ္တပ္ထရပ္လိုက္ေတာ့သည္။

"ေကာင္းၿပီေလ။ မင္းမို႔လို႔ ငါထည့္မတြက္ေတာ့ဘူး-"

"ေနဦး အခုမရပ္လုိက္နဲ႔ဦး --"

ေရွာင္းႏ်န္က ေဝ့႐ူစုန္႕ကို ၾကမ္းျပင္ေပၚသို႔ ျပန္ၿပီးဆြဲခ်ႏိုင္ရန္အတြက္ ခါးကိုဆြဲလိုက္ျခင္းပင္ ျဖစ္ေသာ္ျငား အားလံုးသိၾကသည့္အတိုင္း ေဝ့႐ူစုန္႕မွာ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ႏွင့္ အမ်ိဳးသားေလး ျဖစ္သည့္အတြက္ မတ္တပ္ရပ္လိုက္သည့္အခါ ေျဖာင့္လြန္းေနၿပီး သူ၏ခႏၶာကိုယ္ရွိ တစ္ခုတည္းေသာ ေကြးရာမွာ ခါးေနရာပင္ ျဖစ္ေလရာ ေရွာင္းႏ်န္အတြက္ေတာ့ သူ႔ကို ၾကမ္းျပင္ေပၚသို႔ဆြဲခ်ႏိုင္ရန္ ဆြဲမိသည့္အရာအားလံုးမွာ ခါးပတ္​ပင္ျဖစ္ေလေတာ့သည္။ အဲဒီေနာက္မွာေတာ့ ေက်ာင္းေစာင့္ႀကီးက တံခါးကို ၾကည့္ရန္ေမ့သြားသည့္အတြက္ ေနာက္တစ္ေခါက္ျပန္၍ ေရာက္လာေလေတာ့၏။

အဲဒီေန႔ညက လမင္းႀကီးက ထိန္ထိန္သာၿပီး ေတာက္ပေနခဲ့သည္။ သို႔ေသာ္ လမင္းႀကီးထက္ပို၍ေတာက္ပေနေသာ အရာမွာေတာ့ ႏွင္းကဲ့သို႔ ဆြတ္ဆြတ္ျဖဴေနသည့္ ေဝ့႐ူစုန္႕၏ တင္ပါးမ်ားပင္ ျဖစ္ေလေတာ့၏။

ဒါက လံုးဝကိုၿပီးျပည့္စံုတဲ့ တင္ပါးအေနအထားပဲ။ ျဖဴလႊတဲ့ အသားအေရရယ္၊ ျပည့္စံုတဲ့ အေဝ့အဝိုက္ေတြရယ္က လက္ႏိုပ္ဓာတ္မီးေရာင္ေအာက္မွာေတာ့ ပန္းပုဆရာတစ္ေယာက္ ထုထားေသာ အေကာင္းဆံုးလက္ရာတစ္ခုလိုပဲ အရမ္းကိုလွပလြန္း​ေနရာ တစ္စံုတစ္ေယာက္ကိုေတာင္ မ်က္ရည္က်ေစေလာက္သည္။

"ဘယ္သူရွိေနတာလဲ!?"

ေဝ့႐ူစုန္႕က ခပ္ျမန္ျမန္ပဲ သူ႔ေခါင္းကို လွည့္ၾကည့္လိုက္ၿပီး ထိတ္ထိတ္ျပာျပာျဖစ္သြားကာ မ်က္ႏွာကိုပဲ ဖံုးရမလား တင္ပါးကိုပဲ ဖံုးရမလားမသိ ျဖစ္သြားေတာ့သည္။ သူ၏ပံုစံက ေနာက္ဆံုးမွာေတာ့ ၾကမ္းျပင္ေပၚတြင္ ဒူးတစ္ဖက္ေထာက္ရင္းထိုင္ေနသည့္ ေရွာင္းႏ်န္ကို လွစ္ဟျပေနသလို ျဖစ္သြားေတာ့သည္။ ေက်ာင္းေစာင့္ႀကီး၏ အသက္အရြယ္အရ သူ၏အျမင္အာရံုမွာ သိပ္ၿပီးမေကာင္းေတာ့ေလရာ သူျမင္လိုက္ရသည္မွာေတာ့ ညလယ္ေခါင္ ပီယာႏိုခန္းထဲတြင္ ေယာက္်ားေလးႏွစ္ေယာက္ရွိေနၿပီး တစ္ေယာက္မွာ ေဘာင္းဘီမကပ္ေလပဲ တစ္ေယာက္ကေတာ့ ဒူးတစ္ဖက္ေထာက္ထားေလရာ သူဘာကိုပဲၾကည့္ေနသည္ျဖစ္ေစ သူဘာေတြပဲေတြးေနသည္ျဖစ္ေစ ဒါက ျပႆနာပဲျဖစ္သည္။ အလြန္ကို ႀကီးမားေသာ ျပႆနာႀကီးပဲ ျဖစ္ေတာ့၏။

အမွန္တကယ္ေတာ့ ေဝ့႐ူစုန္႕က ဒီလိုသတင္းမ်ိဳးကို အက်င့္မေကာင္းစြာျဖင့္ တိတ္တိတ္ေလးေမွ်ာ္လင့္ဖူးသည္။ "ေရွာင္းႏ်န္က ေဝ့႐ူစုန္႕ကို ညလယ္ေခါင္ႀကီး ပီယာႏိုခန္းထဲမွာ blowjob ေပးခဲ့တယ္" ဆိုတာမ်ဳိးေပါ့။ ေဝ့႐ူစုန္႕က ဒီလိုဆႏၵမ်ိဳး အနည္းငယ္ ရွိခဲ့ေသာ္လည္း......

သို႔...ေသာ္လည္း လူထု၏ဖန္တီးႏိုင္စြမ္းကေတာ့ ေဝ့႐ူစုန္႕စိတ္ကူးထားသည္ထက္ အေတာ္ေလး သာလြန္ေလသည္။ ေရွာင္းႏ်န္ စတိတ္စင္ေပၚ မတက္ခင္အခ်ိန္မွာပဲ ေက်ာင္းေကာင္စီ အႏုပညာအသင္း၏စီနီယာ လင္းခိုင္က်ဲ႕က ႐ုတ္တရတ္ႀကီး ေရွာင္းႏ်န္အေပၚမွာ စိတ္ဝင္စားမႈ ျပလာခဲ့သည္။ ေရွာင္းႏ်န္၏ပခံုးကိုပုတ္၍ ပေဟဠိဆန္စြာ ေမးလာေလသည္။

"ေရွာင္းႏ်န္ မင္း ေဝ့႐ူစုန္႕နဲ႕ ပီယာႏိုေပၚမွာ <Flight of the Bumblebee> ကို သ႐ုပ္ေဖာ္ခဲ့ေသးလား"

ေရွာင္းႏ်န္က ျပန္ေျဖရန္ျပင္လိုက္သည့္အခ်ိန္မွာပဲ ဘယ္ကေနေပၚလာမွန္းမသိသည့္ ေဝ့႐ူစုန္႕က လင္းခိုင္က်ဲ႕ကို စတင္ၿပီး ႐ိုက္ႏွက္ေတာ့သည္။ ေဘာပဲ မင္းက ဘယ္လိုမ်ား ငါ့ရဲ႕ဂ်ဴနီယာကို အႏိုင္က်င့္ရဲရတာလဲ? သူ႔ေနာက္မွာ ဘယ္သူရွိလဲဆိုတာ မင္းမသိဘူးလား? ေဝ့႐ူစုန္႕က ေအးစက္စြာ ျပံဳးလိုက္ေတာ့သည္။

"သူ<Flight of the Bumblebee> ကို သ႐ုပ္ေဖာ္ခဲ့လည္း မင္းလို တျခားသူေတြကို အႏိုင္က်င့္ေနတာ မဟုတ္ဘူးကြ။"

စင္ေနာက္ဖက္က လူေတြအကုန္လံုး တိတ္ဆိတ္ျခင္းသို႔ ေရာက္သြားေတာ့သည္။ ေဝ့႐ူစုန္႕၏အေတြးထဲမွာေတာ့ သူေျပာလိုက္တာေတြက အရမ္းမိုက္လြန္း၍ ျဖစ္သြားသည္ဟုပဲ ထင္မွတ္ေနေလ၏။ သူမသိလိုက္သည္ကေတာ့ ေရွာင္းႏ်န္အပါအဝင္ လူတိုင္းက သူပထမဆံုး ေျပာလိုက္သည့္အပိုင္းႀကီးကိုပဲ အာရံုစိုက္လိုက္ၾကသည္ ဆိုတာကိုေပါ့။

____________^မမ္​မို^___________

T/N: စီနီယာ​ေဝ့ခမ်ာ ​ေပးလိုက္​သူအျဖစ္​မွ အ​ေပးခံရသူအျဖစ္​သို႔ ​ေျပာင္​း၍ ဂုဏ္​သိကၡာဆယ္​ခ်င္​​ေသာ္​ျငား ကံၾကမၼာက မ်က္​ႏွာသာမ​ေပး​ေလ႐ွာ 😂

Next: What to do, the Gym teacher thinks that my roommate and I had sex in the equipment room

"Unicode"

What to Do, My Enemy Thinks That My Roommate and I Performed <Flight of the Bumblebee> On the Piano

ဒီလိုပြောပြီးကြတဲ့နောက် ရှောင်းနျန်က သူ၏ ဂီတသငေ်္ကတများကိုသာ ဆက်ပြီးကြည့်နေလေသည်။ အခုတော့ ဒီလိုသတင်းမျိုးကို သူက ခံနိုင်ရည်ရှိသွားသည့်ပုံပင်။ ရှောင်းနျန်က ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုသိပ်မရှိတာကို ဝေ့ရူစုန့်ကလည်း သတိထားမိသည်။ သူ့အနေနှင့်လည်း ဒီသတင်းက ခနခနပြောလို့ကောင်းသည့်အကြောင်းမျိုး မဟုတ်သည်ကို တွေးမိတာမို့ ရှောင်းနျန်၏ ဂီတသငေ်္ကတများကိုသာ ကြည့်ချင်ယောင်ဆောင်လိုက်တော့သည်။ သူတို့ကို ကြည့်ရသည်မှာ ပဲပင်ပေါက်တွေ ပုရွက်ဆိတ်တွေနှင့်သာ ဆင်တူနေတာမို့ ဝေ့ရူစုန့်တစ်ယောက် မရေမရာနဲ့ပဲ အာမေဍိတ်သံတစ်ခု ထွက်လာတော့သည်။

"အိုး ဒါ.... အာ....<Flight of the Bumblebee>...ဝိုး! ငါ ဒီတစ်ပုဒ်ကို ကောင်းကောင်းတီးတတ်တယ်"

ဝေ့ရူစုန့်၏ပုံစံမှာ ရှောင်းနျန် သူ့ကို အထင်ကြီးစေချင်မှန်း သိသာနေသည်။

"ကျွန်တော်ရဲ့ Gradeက အမြင့်ဆုံးပဲ" ရှောင်းနျန်က အရေးမကြီးသည့်ပုံနှင့်ပင် ဝေ့ရူစုန့်၏ အရည်အသွေးကောင်းလှသည့် Puppy eyes လေးကို ခပ်တည်တည်ဖြင့် တစ်ချက်ကြည့်လို့ ပြောလိုက်သည်။ "ဒါက မောင်မယ်သစ်လွင်ကြိုဆိုပွဲညအတွက်, ကျွန်တော် ဒါကို ကြည့်ရုံပဲ"

"အာ အင်း အင်း?! အရမ်းမိုက်တာပဲ" ဝေ့ရူစုန့်က အံ့သြထိတ်လန့်သွားလေသည်။ "အော် ဒါနဲ့, ကောင်မလေးတွေပြောကြတာ မင်းက တူရိယာ ၅ မျိုး တီးနိုင်တယ်ဆို, ဟုတ်လား?"

"အင်း ဟုတ်မယ်ထင်တယ်" ရှောင်းနျန်က ခနလောက် စဉ်းစားလိုက်ပြီး "စန္ဒယား, တယော, ဂစ်တာ, တယောအကြီးစား(Cello), ဒရမ်, ဆက်ဆိုဖုန်း, အကော်ဒီယံ, ကျွန်တော်သိတာ ဒီလောက်ပဲ"

"ဒီလောက်ပဲ?! ဒါက တူရိယာ ခုနစ်မျိုးတောင်လေ! မင်းရဲ့ ဒီလိုဆိုးဝါးတဲ့ အတွက်အချက်ကျွမ်းကျင်မှုနဲ့ ဘယ်လိုများ ထိပ်ဆုံးကနေအောင်လာတာလဲ? မရိုးသားဘူး, ဒါလုံးဝ ရိုးသားမှုမရှိဘူး" ဝေ့ရူစုန့်တစ်ယောက် ခန့်ခန့်ငြားငြား ကျားကြီး ဖြစ်ချင်သော်ငြား လက်တွေ့မှာက Hello Kitty ကြောင်ရုပ်ကလေး ဖြစ်သွားရှာပြီး ရှောင်းနျန်၏ အမှတ်တမဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတော့၏။ သူက နှုတ်ခမ်းကို ကျွမ်းကျင်စွာဆူလိုက်ပြီး "မင်းက ဘာလို့ အနောက်တိုင်းက နာမည်ကြီးပုဂ္ဂိုလ်တွေလို ဖြစ်နေရတာလဲ? သွေးသောက်ရဲဘော်ရဲဘက်တွေလိုမျိုး မင်းရဲ့ခေါင်းထဲကအမြင်တွေက တခုခုများ လွဲနေလား"

"Erhu နဲ့ Hulusi ကိုလည်း ကျွန်တော် နည်းနည်းသိတယ်။ ဒါပေမယ့် ကျွမ်းကျွမ်းကျင်ကျင်တော့မဟုတ်ဘူး"

# Erhu

# Hulusi

"ကျွမ်းကျွမ်းကျင်ကျင်မဟုတ်ဘူး?" မေးမိပြီးမှ ဝေ့ရူစုန့်က ချက်ချင်းပဲ နောင်တရသွားလေသည်။ ရှောင်းနျန်က သူ့ကိုထပ်ပြီး ထိတ်လန့်မှုတွေ ပေးအုံးမှာလားဟု သံသယဝင်သွား၍ပဲ ဖြစ်သည်။ မတတ်နိုင်တော့ပြီမို့ ဆက်ပြီးမေးဖို့ပဲ ရှိတော့သည်။ " မကျွမ်းကျင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?"

"ကျွန်တော်က Grade အမြင့်ဆုံး မရောက်သေးဘူးလေ။ အာ" ရှောင်းနျန်က ပုံမှန်လေသံဖြင့်ပင် "အမြင့်ဆုံးမရသေးပဲ ဘယ်လိုလုပ် ကောင်းကောင်းတီးနိုင်တယ်လို့ ကျွန်တော်က ပြောရဲမလဲ?"

ဝေ့ရူစုန့်၏ခေါင်းထဲ သွေးဆောင့်တက်သွားတော့၏။ ဒါက သူ့မာနကို ရိုက်ချိုးခံလိုက်ရခြင်းပဲဖြစ်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာလိုက်မိခြင်းပင် ဖြစ်တော့သည်။

"အိုကေ, ငါ အရှုံးပေးတယ်။ ငါ မင်းကို ဆရာလို့ ခေါ်ပါ့မယ်"

ဝေ့ရူစုန့်က လက်လျှော့လိုက်သော်လည်း သူ၏မျက်လုံးထဲတွင်တော့ ရှောင်းနျန်ကို အလွန်အေးသောရာသီဥတုမှာ ရှေးဟောင်းတရုတ်ရိုးရာဝတ်စုံကြီးနှင့် နေကာမျက်မှန် ဝိုင်းဝိုင်းမည်းမည်းကြီးတပ်ကာ လူစည်ကားတဲ့လမ်းပေါ်မှာထိုင်ရင်း <The Moon Shadow in Er Quan> ကို ဖျော်ဖြေနေမည့်ပုံကြီး မြင်ယောင်လိုက်မိတော့သည်။ ဝေ့ရူစုန့်က ရှောင်းနျန်ကို စိုက်ကြည့်နေလိုက်မိတာ သူ့ကိုပေါက်ထွက်သွားလုနီးပါးပင် ဖြစ်သွားတော့၏။ ဒီလို စိတ်ပျက်စရာကောင်းသည့် အခြေအနေမှာ ဝေ့ရူစုန့်အတွက်တော့ ဖော်ပြရန်ပင် မစွမ်းသာတော့ပေ။

(T/N: <The Moon Shadow in Er Quan> ဆိုတာ Erhu တူရိယာနဲ့ တီးထားတဲ့ နာမည်ကြီးသံစဉ်တစ်ခုပဲ ဖြစ်တယ်။ အဲ့ဒီသံစဉ်ကို ကျေးလက်ရိုးရာဂီတပညာရှင်တစ်ဦးဖြစ်တဲ့ A'Bing က ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ သူဟာ Wuxi ဆိုတဲ့မြို့လေးကဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့မျက်လုံးကွယ်သွားတဲ့အခါ နေ့တိုင်းရဲ့နေ့လည်ခင်းအချိန်ရောက်ပြီဆိုရင် Wuxi မြို့ရဲ့ ပြည်သူ့ရင်ပြင်ပေါ်မှာ အဲ့ဒီသီချင်းကို ဖျော်ဖြေလေ့ရှိပါတယ်တဲ့။ ဒါကြောင့်ပဲ ဝေ့ရူစုန့်က မျက်မှန်အမည်းကြီးနဲ့ Erhu တီးနေတဲ့ပုံကို မြင်ယောင်လိုက်တာပါ။)

"ဘာလို့ <Flight of the Bumblebee>နဲ့ ဖျော်ဖြေတာလဲ? ကြည့်ရတာ မင်းက အမိုက်စားဖျော်ဖြေနိုင်ဖို့ ကြိုးစားနေသလိုပဲ?"

ဝေ့ရူူစုန့်အနေဖြင့် ရှောင်းနျန်နှင့် ဆက်ဆံရေးကောင်းမွန်သည်ဟု ဝန်ခံရမည်ပင်။ တကယ်တော့ သူတို့နှစ်ဦးလုံးက ကောလဟာလသတင်းများ၏ နစ်နာသူများပင် ဖြစ်ရာ သူတို့နှစ်ယောက်က တစ်ဖက်တည်းဖြစ်သည်မှာ သေချာသည်မို့ ဝေ့ရူစုန့်က မစဉ်းမစားပြောခြင်းဖြစ်သည်။

"ကျောင်းကောင်စီ အနုပညာအသင်းရဲ့ စီနီယာက ကျွန်တော့ကို ဒီတေးသွားပေးပြီး ပြောသွားတယ်။ ဒါကိုပဲ အရင်က တီးတယ်တဲ့"

"သောက်ရေးမပါတာ," ဝေ့ရူစုန့်က ဆဲရေးလိုက်တော့သည်။ "အရင်တစ်ခေါက်တုန်းက ဂစ်တာဆိုတာ သေချာတာပဲကို။ မင်းရူးနေလား။ သူ မင်းကို အနိုင်ကျင့်နေတာလေ။ သူက မင်းလက်တွေ ကြွက်တက်တဲ့ထိ တီးစေချင်နေတာ။ ဘယ်စီနီယာလဲ? ငါ မင်းကိုကူပြီး သွားရိုက်ပေးမယ်။"

"ဒီတစ်ပုဒ်က ခက်တယ်။ ဒါကြောင့် ကျွန်တော် ပီယာနိုခန်းမှာ သွားလေ့ကျင့်မယ်လို့ စီစဉ်ထားတယ်။"

"ဝါး, မင်းက ခိုးလုပ်မလို့လား?" ဝေ့ရူစုန့်က မျက်လုံးတစ်ဖက်မှိတ်ပြရင်း ရှောင်းနျန်၏ပခုံးကို ပုတ်လိုက်သည်။ "ပီယာနိုခန်းက ပထမထပ်မှာ ရှိတာဆိုတော့ လူတွေအများကြီး ဖြတ်သွားနေကြမှာပဲ။ မိန်းမလှလေးတွေလည်း အဲ့ဒီမှာ ရှိနေမှာပဲဆိုတော့ မင်း...."

"ကျွန်တော်က ညမှသွားမှာ။ အခန်းသော့က ကျွန်တော့ဆီမှာလေ။"

"အဲ ဟဲဟဲ ဟဲဟဲဟဲ" ဝေ့ရူစုန့်က မထိန်းနိုင်မသိမ်းနိုင်ရယ်လိုက်ပြီးမှ ကြိတ်ပြုံးလေးပေးလိုက်သည်။ "မှန်တယ်။ သော့ရှိတာကောင်းတာပေါ့။" ဝေ့ရူစုန့်က အူမြူးနေပုံဖြင့် ရှောင်းနျန်ကို သတိပေးလေသည် "မင်း သိလား? အဲဒါက နာမည်ကျော် အကောင်းဆုံးဖွင့်ပြောနည်းလေ! မင်းသဘောကျနေတဲ့ တစ်ယောက်ကို အဲဒီနေရာကို ခေါ်လာမယ်။ ပြီးရင် သူ့အတွက် သီချင်းလေးတီးပြရင်း ဖွင့်ပြောလိုက်မယ်။ ဒါဆိုရင်တော့ အဲဒီနေရာမှာပဲ အာလုံးက မျောပါသွားလိမ့်မယ်။"

"ဒါဆို ကျွန်တော်တို့ အတူတူသွားကြမယ်လေ"

"အီး မင်းက ဘာလုပ်ချင်လို့လဲ?!" ဝေ့ရူစုန့်က ခုန်ထွက်သွားပြီး မိန်းမကောင်းလေးပုံစံပြုလုပ်ကာ လက်ကို ရင်ဘတ်တွင်ယှက်ထားရင်း ပြောလေတော့သည်။ "ငါက ဂေးမဟုတ်ဘူး။ အိုကေ။ ငါ့ရဲ့ ကြည့်ကောင်းမှုနဲ့ ပါရမီတွေက မင်းကိုဆွဲဆောင်နေတယ်လို့ ထင်လိုက်ရင် မင်းနဲ့ငါနဲ့ ဆက်ဆံရေးက အချည်းနှီး ဖြစ်သွားလိမ့်မယ်။ အာ ကိုယ့်ရဲ့ ဂျူနီယာလေးကို လမ်းမှားရောက်အောင် လုပ်လိုက်မိတဲ့ ငါကမကောင်းတဲ့ကောင်ပဲ။ အိုး ဘုရားသခင် ကျွန်တော်မျိုးရဲ့ ဒီလို အပြစ်တွေကို ခွင့်လွှတ်ပေးတော်မူပါ....."

"ကျွန်တော်က စီနီယာကို ကျွန်တော့အတွက် ညလယ်စာ ချက်ပေးစေချင်တာပါ။ အဲဒီမှာ ပလပ်ပေါက် ရှိတော့ စီနီယာရဲ့ လျှပ်စစ်မီးဖိုနဲ့ ခေါက်ဆွဲပြုတ်လို့ရတယ်လေ။"

"......"

အိုကေ အိုကေ။ ငါ အတွေးလွန်သွားတယ်။ ဝေ့ရူစုန့် နှာကို ဟွန့်ကနဲ့ ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး ဂိမ်းပဲ သွားဆော့နေတော့သည်။ ထို့ကြောင့် ရှောင်းနျန်တစ်ယောက် သဘောတကျနှင့် ခပ်ဖွဖွပြုံးလိုက်သည်ကိုတော့ မမြင်လိုက်တော့ပေ။

ရှောင်းနျန်က ညလယ်ပိုင်းမှာတော့ တကယ်ပဲ ပီယာနိုခန်းကိုသွား၍ လေ့ကျင့်တော့သည်။ ရက်အနည်းအတွင်းမှာ ဖြစ်လာမည့် ကောလိပ် A ၏ လျို့ဝှက်ဆန်းကျယ်သော ဇာတ်လမ်းလေးကိုတော့ သူ မျှော်လင့်မထားမိပဲပေါ့လေ။ တစ်ခါတစ်ရံမှာ ညဥ့်နက်မှ အိမ်ပြန်လေ့ရှိသည့် ကျောင်းသားများဟာ ပီယာနိုခန်းထဲကနေလွင့်ပျံလာသည့် ဂီတသံစဉ်တွေကို ကြားခဲ့ဖူးသည့်အဖြစ်မျိုး အရင်ကရှိခဲ့ရာ အဲဒါက သူ့တို့တွေကို ကျောချမ်းစေခဲ့လေသည်။ အဓိကအချက်ကတော့ တစ်စုံတစ်ယောက်က ဝမ်းနည်းစရာကောင်းသည့် ဇာတ်လမ်းလေးနှင့်အတူ ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ဇာတ်လမ်းလေးကဒီလို- ဟိုးအရင်ချိန်တုန်းက အလွန်ကိုပါရမီရှိတဲ့ ကျောင်းသားစုံတွဲလေးတစ်တွဲရှိခဲ့သည်။ သူတို့နှစ်ယောက်ကလည်း အရမ်းကိုပဲ ချစ်ကြလေသည်ပေါ့။ ဒီလို အားလုံးက အားကျရတဲ့ ချစ်သူနှစ်ယောက်ကို မနာလိုသူတစ်ယောက်ကလည်း ရှိနေခဲ့လေသည်။ မိန်းမငယ်လေးကတော့ ပီယာနိုတီးသည့်နေရာမှာ အရမ်းကိုထူးချွန်ပြီး အထူးသဖြင့် <Flight of the Bumblebee> ကို အကောင်းဆုံးတီးနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့်ပင် တစ်ခါတစ်လေမှာ သူမရဲ့ချစ်သူကောင်လေးကိုလည်း တီးပြလေ့ရှိတတ်သည်။ သို့သော်လည်း သူမရဲ့ချစ်သူကောင်လေးက နောက်ပိုင်းမှာ သူမနဲ့လမ်းခွဲခဲ့တာကြောင့် ပူဆွေးသောကရောက်ပြီး ပီယာနိုခန်းထဲမှာပင် ကိုယ့်ကိုယ်ကို ချိတ်ဆွဲပြီး အဆုံးစီရင်ခဲ့တော့သည်။ သို့ရာတွင် သူမ၏ဝိဉာည်မှာတော့ အဲဒီအခန်းထဲမှာပဲ ကျန်ရှိနေခဲ့ပြီး <Flight of the Bumblebee>ကိုတီးလို့ သူမ၏ချစ်သူပြန်အလာကို စောင့်နေခဲ့လေ၏။

အခုတော့ ကျွန်တော်တို့ရဲ့ သနားစရာကောင်းတဲ့သရဲမလေး ရှောင်းနျန်က ဝေ့ရူစုန့်တစ်ယောက် သူ့ကို ဒီလိုဇာတ်လမ်းမျိုးနဲ့စိတ်ကူးပုံဖော်လိုက်သည်ကို နားမလည်နိုင်လေဘူး။ မျှမျှတတပြောရမည်ဆိုရင် ဝေ့ရူစုန့်အတွက်လည်း ဒီကိစ္စက ခက်ခဲသည်ဟုဆိုရမည်။ နားလည်ဖို့ရန်ခက်ခဲလှသော အကြောင်းပြချက်တစ်ချို့ကြောင့် ရှောင်းနျန်က အမှောင်ထဲမှာ အတီးလေ့ကျင့်ဖို့ရန် လက်မလျှော့တမ်းတောင်းဆိုခဲ့လေရာ ဝေ့ရူစုန့်အတွက်တော့ ကောလိပ်ဝင်ခွင့်ဖြေမည့်ကျောင်းသားများ စာလေ့လာနိုင်ရန် အဖော်လိုက်လုပ်ပေးရသည့် မိဘများနှင့်ပင် တူနေလေသည်။ ဘေးတွင် သနားစဖွယ်ငုတ်တုတ်ထိုင်ရင်း ဖုန်းမှလာသည့် မီးရောင်လေးဖြင့် ခေါက်ဆွဲကိုပြုတ်လို့ ရှောင်းနျန်က သူ့ကို အာရုံမစိုက်သည့်အချိန်များတွင် တိတ်တိတ်လေး ခေါက်ဆွဲပြုတ်ကိုသာ စားနေရသည့် အဖြစ်သို့ရောက်နေရှာသည်။

တစ်ခါတစ်ရံ ရှောင်းနျန်မှ ပီယာနိုကို ရပ်လိုက်သည့်အချိန်မျိုးဆိုလျှင် ရှုးကနဲ ဟင်းရည်စုပ်လိုက်သည့် အသံကျယ်ကြီးမှာ တိတ်ဆိတ်နေသော အခန်းထဲတွင် ပဲ့တင်ထပ်သွားတတ်သေးသည်။

သို့မဟုတ်လျှင်လည်း ရှောင်းနျန်မှ စားဖို့ရန်မေ့ပြီး ပီယာနိုတီးနေသည့်အခါမျိုးတွင်မူ ဝေ့ရူစုန့်တစ်ယောက် သူ၏ဆာလောင်မှုကို မခံစားနိုင်တော့ပဲ 'ငါတစ်ဇွန်းပဲ စားလိုက်မယ်။ ဒီထက်မပိုဘူး။ တစ်ဇွန်းပဲ။ ဂျူနီယာမတွေ့လောက်ပါဘူး' ဟူ၍ တွေးရင်း ခိုးစားလိုက်မိတော့သည်။ သို့သော် ဘယ်သူကများ ထင်မိလေမလဲ? အသင့်စားခေါက်ဆွဲ၏အရသာက ဒီလောက်ကောင်းနေမယ်လို့ပေါ့။ ဝေ့ရူစုန့်က တစ်ဇွန်းပဲ စုပ်သောက်လိုက်ပြီး သူ့လည်ချောင်းတစ်လျှောက် လျှောဆင်းသွားသည့်အခါမှာတော့ ရပ်လို့မရအောင်ဖြစ်သွားတော့၏။ အဆုံးမှာတော့ ခေါက်ဆွဲများအားလုံးကုန်သည်အထိ စားပစ်လိုက်မိပြီး ရှောင်းနျန်ဆီကနေ ရယ်သွမ်းသွေးသည့် မှတ်ချက်တစ်ခုကို လက်ခံလိုက်ရတော့သည်။ "စုပ်တဲ့နေရာမှာ တော်တော် တော်တယ်နော်"

ဒီရက်ပိုင်းအတွင်းမှာပဲ ဝေ့ရူစုန့်က ခေါက်ဆွဲပြုတ်သည့်အချိန်များဆို အဲဒီမှတ်ချက်ကို သတိရမိပြီး ထူးထူးဆန်းဆန်း ထင်နေမိသည်။ ဘာလို့များ ရှောင်းနျန်က နောက်ပြောင်နေတဲ့ပုံပေါက်နေရတာလဲ? သူ ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြောလိုက်တာများလား? ရှောင်းနျန်၏ လုပ်ရိုးလုပ်စဉ် အပြုအမူများကို ပြန်ပြီးစဉ်းစားကြည့်မိသည့်အခါ မိန်းကလေးများအပေါ် ဆက်ဆံသည့် အေးစက်စက်အပြုအမူများကို သွား၍စဉ်းစားမိပြီး ယနေ့ခေတ်ကြီးတွင် ဘယ်သူကများ 'ခပ်မိုက်မိုက်နတ်ဘုရားလေးနဲ့ ငါနဲ့ချစ်ရအောင်' ဆိုတာမျိုး လိုချင်နေသေးတာ ဖြစ်နိုင်ပါ့မလား? ဝေ့ရူစုန့် စိတ်ရှုပ်ထွေးစွာပဲ ပီယာနိုတီးနေသည့် ရှောင်းနျန်ကို လှမ်းကြည့်မိသည်။ အမှောင်ထဲတွင်ဖြစ်သော်ငြား လ၏အလင်းရောင်က ရှောင်းနျန်၏ကိုယ်ပေါ်သို့ ဖြာကျနေပုံမှာ ပန်းသရဖူဆောင်းထားသည့် အိန်ဂျယ်တစ်ယောက်လိုပင် ထင်ရသည်။ သူ၏ချောမွေ့သွယ်လျသော လက်ချောင်းများမှ ထွက်လာသည့် သံစဉ်များကတော့ သက်တောင့်သက်သာဖြစ်ပြီး နွေးထွေးစေသည်။ အဲဒီနောက်တော့ ရှောင်းနျန်က <Fur Elise> ကို ပြောင်းပြီးတီးလိုက်သည်ကို ဝေ့ရူစုန့်က သိလိုက်သည်။

"ဘာလို့ <Flight of the Bumblebee>ကို ရပ်လိုက်တာလဲ?"

ဝေ့ရူစုန့်က စတီးအိုးကို စားပွဲပေါ်ကို တင်လိုက်ပြီး ရှောင်းနျန်စားမည်ကို စောင့်နေသည်။ ရှောင်းနျန်က အခုလို နောက်ကျသည်ထိ လေ့ကျင့်နေသည်မို့ သူဆာနေလောက်ပြီဟု စိုးရိမ်မိပြီး ကြက်ဥနှင့် အသားချောင်းကိုပါ ထပ်ပြီးထည့်လိုက်သည်။

"ကျွန်တော် တေးသွားနုတ်စ်တွေကို မမှတ်မိတော့လို့။"

-ဝိုးးး ဘယ်လောက်တောင် တည့်တိုးဆန်လိုက်တဲ့ အဖြေလဲ၊ အရမ်းပဲ ရိုးသားပြီး၊ အရမ်းလည်း လေးစားစရာကောင်းလောက်အောင် တန်ဖိုးရှိတယ်! ဝေ့ရူစုန့်က စီနီယာတစ်ယောက်၏ တည်ကြည်လေးနက်ပြီး အားပေးလိုက်လျောမှု အပြည့်ရှိသည့်ပုံစံဖြင့်ပင် ရှောင်းနျန်၏ ပခုံးကိုပုတ်လိုက်တော့သည်။

"မင်းက <Twinkle Twinkle Little Star> တီးနေရင်တောင် ငါကတော့ မင်းရဲ့ <Flight of the Bumblebee> တီးနေတဲ့ အမိုက်စားပုံရိပ်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

".....ကျေးဇူးအများကြီး တင်ပါတယ်။"

မောင်မယ်သစ်လွင်ကြိုဆိုပွဲရောက်ဖို့ တစ်ရက်ပဲလိုတော့သည့်နေ့တွင်တော့ ရှောင်းနျန်က ပီယာနိုခန်းထဲတွင် ညလုံးပေါက်ပုန်း၍ လေ့ကျင့်တော့သည်။ ခေါက်ဆွဲပြုတ်စားပြီးသည့်နောက် ပျင်းရိခြင်းကို ခံစားလာရသည့် ဝေ့ရူစုန့်က အခန်းပတ်ပတ်လည်တစ်လျှောက် ပျင်းရိပျင်းတွဲဖြင့် လျှောက်ကြည့်ပြီး သူ၏ထိုင်ခုံသို့ပြန်ရောက်သည့်အခါမှာ စတင်ပြီးအော်ဟစ်လေတော့သည်။

"အား အား အား ရှောင်းနျန်အရမ်းမိုက်တယ်!"

"အား အား အား ရှောင်းနျန်က ပါရမီရှင်ကြီးပဲ!"

"ငါတို့ ရှောင်းနျန်ကို ထာဝရအားပေးကြမယ်!"

"စီနီယာ ရူးနေတာလား?"

ရှောင်းနျန်၏အသံက အနည်းငယ်အေးစက်နေလေရာ ရလဒ်ကတော့ ဝေ့ရူစုန့်၏အသံမှာ တိကနဲရပ်သွားလေတော့သည်။

"မဟုတ် ငါမဟုတ်ဘူး ငါ ငါက မင်းကို မနက်ဖြန်အတွက် အလေ့အကျင့်ဖြစ်အောင် လုပ်ပေးတာပါ။ ထိတ်လန့်ပြီး သံစဉ်တွေမေ့မသွားအောင်လို့လေ "

"...."

တကယ်တော့ ရှောင်းနျန်က ဝေ့ရူစုန့်ကို အချိန်တော်တော်များများမှာ လျစ်လျူရှုနေခဲ့တာတော့ မဟုတ်လေဘူး။ သူက ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာကို မသိတာပဲ ဖြစ်လေသည်။

"စိတ်ဆိုးသွားတာလား?"

"မဟုတ်ပါဘူး" ရှောင်းနျန်က ဝေ့ရူစုန့်ကို အနည်းငယ်တော့ စိတ်ဆိုးပေမယ့် သူက ဒါကို မဖော်ပြလေဘူး။ " ပြန်ရအောင်။"

"ဂျူနီယာ, ငါမင်းအတွက် သီချင်းတစ်ပုဒ် ဆိုပြမယ်"

"ဆို"

"မင်းရဲ့အပြုံးတွေကို လွမ်းတယ်၊ မင်းရဲ့ကုတ်အင်္ကျီလေးကို လွမ်းတယ်၊ မင်းရဲ့ခြေအိတ်အဖြူလေးနဲ့ မင်းရဲ့အနံ့တွေကို လွမ်းတယ်၊ ငါမင်းရဲ့ အနမ်းတွေကိုလည်း လွမ်း...."

"ရှုး!"

ရှောင်းနျန်က ဝေ့ရူစုန့်ကို အပေါ်ကနေအုပ်မိုးပြီး ဆောင့်ဆွဲလိုက်သည်။ ဝေ့ရူစုန့်ကတော့ ကြောက်ကြောက်လန့်လန့်နှင့် သူ့၏ အနမ်းဦးလေးကိုကာကွယ်ဖို့ရန် နှုတ်ခမ်းတွေကို လက်ဖြင့်ဖုံးအုပ်လိုက်တော့သည်။ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်သေးဘူးနော်။ ငါ တကယ် မင်းအနမ်းကို မလိုချင်ပါဘူးနော်! ရှောင်းနျန်က အရပ်ရှည်သော်ငြား အံ့သြစရာကောင်းအောင် ပေါ့ပါးဖျတ်လတ်သည်။ ဝေ့ရူစုန့်ကို ပီယာနိုနောက်သို့ပုန်းရန် ဆွဲခေါ်လိုက်ပြီးနောက် တံခါးက ပွင့်သွားပြီး မီးအလင်းရောင်တန်းတစ်ခုက ဝင်လာတော့သည်။

"ထူးဆန်းတယ်။ ခုနတုန်းက ဒီထောင့်ကနေ လှုပ်လှုပ်ရှားရှားနဲ့ အသံတစ်ခုကြားလိုက်ပါတယ်။"

ကျောင်းစောင့်ပင် ဖြစ်သည်။ သူက ပီယာနိုခန်းပေါက်ဝတွင် မတ်တပ်ရပ်ပြီး ပွစိပွစိပြောနေခြင်းပင်။

"ဘာအနံ့က ဒီလောက်မွှေးနေတာလဲ? ဟိုနားက ပြောင်ပြောင်လက်လက်က ဘာလဲဟ? လျှပ်စစ်မီးဖို?! ဘယ်ကလေကချေလေးတွေ ဒီမှာ ခေါက်ဆွဲပြုတ်သွားတာကို ဖမ်းမိတာလဲကွ? အာ ဒါက အငွေ့တထောင်းထောင်းနဲ့ပူနေတုန်းပါလား? သေစမ်း!"

(T/N: ပူလို့လွှတ်ချလိုက်တာပါ)

နောက်ဆုံးမှာတော့ ရှောင်းနျန်က အားအပြည့်နဲ့ရုန်းကန်နေတဲ့ ဝေ့ရူစုန့်ကို ရပ်တန့်လိုက်နိုင်သည်။ ဝေ့ရူစုန့်ကတော့ ပီယာနိုခုံကြီးကို ကောက်မလို့ အစောင့်နှင့်ထပြီး ရန်ဖြစ်ချင်နေသည်။ အတွေးထဲမှာတော့ 'အဲ့ဒီမီးဖိုက ငါ ဒီနှစ်မှ ဝယ်ထားတာကွ! ရှောင်းနျန်အတွက်သုံးတဲ့အကြိမ်ရေက ငါ့ဘာသာသုံးတဲ့အကြိမ်ရေထက်တောင် များနေသေးတယ်! ထွက်သွားလိုက်စမ်း။ မင်းငါ့ကို ဒေါသထွက်အောင်လုပ်နေတာပဲ အား!'။ ရှောင်းနျန်က ဝေ့ရူစုန့်ကို မြန်မြန်ပဲတိုးတိုးလေး ပြောလိုက်သည်။ "ဘဝဆိုတာ ဂိမ်းတစ်ခုလိုပဲ။ ဒီလိုတွေ့ကြရတာဟာ ကံကြမ္မာပဲမို့ အိုမင်းသွားတဲ့အချိန်ထိ အဖော်ပြုပေးဖို့ဆိုတာ မလွယ်ကူဘူးလေ။ ဒါကြောင့် ပိုပြီးတန်ဖိုးထားကြရမယ်။ စီနီယာ,.. ကျွန်တော် စီနီယာကို အလိုအလျောက်မီးဖိုတစ်ခု ထပ်ပြီးဝယ်ပေးပါ့မယ်။"

ထိုသို့ပြောလိုက်တော့မှပဲ ဝေ့ရူစုန့်က လိမ်လိမ်မာမာနဲ့ အစောင့်ထွက်သွားတာကို စောင့်ပြီး မတ်တပ်ထရပ်လိုက်တော့သည်။

"ကောင်းပြီလေ။ မင်းမို့လို့ ငါထည့်မတွက်တော့ဘူး-"

"နေဦး အခုမရပ်လိုက်နဲ့ဦး --"

ရှောင်းနျန်က ဝေ့ရူစုန့်ကို ကြမ်းပြင်ပေါ်သို့ ပြန်ပြီးဆွဲချနိုင်ရန်အတွက် ခါးကိုဆွဲလိုက်ခြင်းပင် ဖြစ်သော်ငြား အားလုံးသိကြသည့်အတိုင်း ဝေ့ရူစုန့်မှာ တောင့်တောင့်ဖြောင့်ဖြောင့်နှင့် အမျိုးသားလေး ဖြစ်သည့်အတွက် မတ်တပ်ရပ်လိုက်သည့်အခါ ဖြောင့်လွန်းနေပြီး သူ၏ခန္ဓာကိုယ်ရှိ တစ်ခုတည်းသော ကွေးရာမှာ ခါးနေရာပင် ဖြစ်လေရာ ရှောင်းနျန်အတွက်တော့ သူ့ကို ကြမ်းပြင်ပေါ်သို့ဆွဲချနိုင်ရန် ဆွဲမိသည့်အရာအားလုံးမှာ ခါးပတ်ပင်ဖြစ်လေတော့သည်။ အဲဒီနောက်မှာတော့ ကျောင်းစောင့်ကြီးက တံခါးကို ကြည့်ရန်မေ့သွားသည့်အတွက် နောက်တစ်ခေါက်ပြန်၍ ရောက်လာလေတော့၏။

အဲဒီနေ့ညက လမင်းကြီးက ထိန်ထိန်သာပြီး တောက်ပနေခဲ့သည်။ သို့သော် လမင်းကြီးထက်ပို၍တောက်ပနေသော အရာမှာတော့ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် ဝေ့ရူစုန့်၏ တင်ပါးများပင် ဖြစ်လေတော့၏။

ဒါက လုံးဝကိုပြီးပြည့်စုံတဲ့ တင်ပါးအနေအထားပဲ။ ဖြူလွှတဲ့ အသားအရေရယ်၊ ပြည့်စုံတဲ့ အဝေ့အဝိုက်တွေရယ်က လက်နိုပ်ဓာတ်မီးရောင်အောက်မှာတော့ ပန်းပုဆရာတစ်ယောက် ထုထားသော အကောင်းဆုံးလက်ရာတစ်ခုလိုပဲ အရမ်းကိုလှပနေလွန်းရာ တစ်စုံတစ်ယောက်ကိုတောင် မျက်ရည်ကျစေလောက်သည်။

"ဘယ်သူရှိနေတာလဲ!?"

ဝေ့ရူစုန့်က ခပ်မြန်မြန်ပဲ သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီး ထိတ်ထိတ်ပြာပြာဖြစ်သွားကာ မျက်နှာကိုပဲ ဖုံးရမလား တင်ပါးကိုပဲ ဖုံးရမလားမသိ ဖြစ်သွားတော့သည်။ သူ၏ပုံစံက နောက်ဆုံးမှာတော့ ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ရင်းထိုင်နေသည့် ရှောင်းနျန်ကို လှစ်ဟပြနေသလို ဖြစ်သွားတော့သည်။ ကျောင်းစောင့်ကြီး၏ အသက်အရွယ်အရ သူ၏အမြင်အာရုံမှာ သိပ်ပြီးမကောင်းတော့လေရာ သူမြင်လိုက်ရသည်မှာတော့ ညလယ်ခေါင် ပီယာနိုခန်းထဲတွင် ယောက်ျားလေးနှစ်ယောက်ရှိနေပြီး တစ်ယောက်မှာ ဘောင်းဘီမကပ်လေပဲ တစ်ယောက်ကတော့ ဒူးတစ်ဖက်ထောက်ထားလေရာ သူဘာကိုပဲကြည့်နေသည်ဖြစ်စေ သူဘာတွေပဲတွေးနေသည်ဖြစ်စေ ဒါက ပြဿနာပဲဖြစ်သည်။ အလွန်ကို ကြီးမားသော ပြဿနာကြီးပဲ ဖြစ်တော့၏။

အမှန်တကယ်တော့ ဝေ့ရူစုန့်က ဒီလိုသတင်းမျိုးကို အကျင့်မကောင်းစွာဖြင့် တိတ်တိတ်လေးမျှော်လင့်ဖူးသည်။ "ရှောင်းနျန်က ဝေ့ရူစုန့်ကို ညလယ်ခေါင်ကြီး ပီယာနိုခန်းထဲမှာ blowjob ပေးခဲ့တယ်" ဆိုတာမျိုးပေါ့။ ဝေ့ရူစုန့်က ဒီလိုဆန္ဒမျိုး အနည်းငယ် ရှိခဲ့သော်လည်း......

သို့.....သော်လည်း လူထု၏ဖန်တီးနိုင်စွမ်းကတော့ ဝေ့ရူစုန့်စိတ်ကူးထားသည်ထက် အတော်လေး သာလွန်လေသည်။ ရှောင်းနျန် စတိတ်စင်ပေါ် မတက်ခင်အချိန်မှာပဲ ကျောင်းကောင်စီ အနုပညာအသင်း၏စီနီယာ လင်းခိုင်ကျဲ့က ရုတ်တရတ်ကြီး ရှောင်းနျန်အပေါ်မှာ စိတ်ဝင်စားမှု ပြလာခဲ့သည်။ ရှောင်းနျန်၏ပခုံးကိုပုတ်၍ ပဟေဠိဆန်စွာ မေးလာလေသည်။

"ရှောင်းနျန် မင်း ဝေ့ရူစုန့်နဲ့ ပီယာနိုပေါ်မှာ <Flight of the Bumblebee> ကို သရုပ်ဖော်ခဲ့သေးလား"

ရှောင်းနျန်က ပြန်ဖြေရန်ပြင်လိုက်သည့်အချိန်မှာပဲ ဘယ်ကနေပေါ်လာမှန်းမသိသည့် ဝေ့ရူစုန့်က လင်းခိုင်ကျဲ့ကို စတင်ပြီး ရိုက်နှက်တော့သည်။ ဘောပဲ မင်းက ဘယ်လိုများ ငါ့ရဲ့ဂျူနီယာကို အနိုင်ကျင့်ရဲရတာလဲ? သူ့နောက်မှာ ဘယ်သူရှိလဲဆိုတာ မင်းမသိဘူးလား? ဝေ့ရူစုန့်က အေးစက်စွာ ပြုံးလိုက်တော့သည်။

"သူ<Flight of the Bumblebee> ကို သရုပ်ဖော်ခဲ့လည်း မင်းလို တခြားသူတွေကို အနိုင်ကျင့်နေတာ မဟုတ်ဘူးကွ။"

စင်နောက်ဖက်က လူတွေအကုန်လုံး တိတ်ဆိတ်ခြင်းသို့ ရောက်သွားတော့သည်။ ဝေ့ရူစုန့်၏အတွေးထဲမှာတော့ သူပြောလိုက်တာတွေက အရမ်းမိုက်လွန်း၍ ဖြစ်သွားသည်ဟုပဲ ထင်မှတ်နေလေ၏။ သူမသိလိုက်သည်ကတော့ ရှောင်းနျန်အပါအဝင် လူတိုင်းက သူပထမဆုံး ပြောလိုက်သည့်အပိုင်းကြီးကိုပဲ အာရုံစိုက်လိုက်ကြသည် ဆိုတာကိုပေါ့။

____________^မမ်မို^___________

T/N: စီနီယာဝေ့ခမျာ ပေးလိုက်သူအဖြစ်မှ အပေးခံရသူအဖြစ်သို့ ပြောင်း၍ ဂုဏ်သိက္ခာဆယ်ချင်သော်ငြား ကံကြမ္မာက မျက်နှာသာမပေးလေရှာ 😂

Next: What to do, the Gym teacher thinks that my roommate and I had sex in the equipment room

Continue Reading

You'll Also Like

301K 53.1K 67
Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတ...
737K 91.8K 195
မူရင်းစာရေးသူ- 大叶 绝色男后 ဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား
269K 21.5K 129
🍀Best Actors Apartment🍀 Original Author: LIBRA/ Jin Jiang Literature Artist: CAST SHARK Script: Xiao Ying Producer: White Dream Club Editor: Yi...
1.8M 274K 171
The Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel