သစ္ ေျပးေနရတာလဲ ေမာလွၿပီ အေနာက္ကလိုက္ေနတဲ့အန္တီႀကီးကလည္း လိုက္ျမဲလိုက္ဆဲ သစ္ဘာေၾကာင့္ေျပးေနရမွန္းလဲမသိ
အဲ့အန္တီႀကီးကိုလည္း သစ္မသိ
ဒါေပမယ့္ သစ္ထြက္ေျပးေနရသည္
အေရွ႕ကေန အရွိန္နဲ႔ေျပး၀င္လာတဲ့ကားတစီးေၾကာင့္ ေၾကာက္လန္႔တၾကားနဲ႔ မ်က္ႏွာကိုလက္နဲ႔ကြယ္ကာ ေအာ္လိုက္မိေတာ့သည္
"အားးးးးး"
"သစ္ ... ဘာျဖစ္တာလဲ ... သစ္"
ၾကားရတဲ့အသံေတြကလည္းနီးတခ်က္ေ၀းတခ်က္ႏွင့္ ျမင္ရတဲ့ပံုရိပ္ေတြကလည္းေ၀ေ၀၀ါး၀ါးရယ္
ပိုၿပီးအျမင္ရွင္းေစရန္ မ်က္ေမွာင္ကုတ္ၿပီးၾကည့္လိုက္ေသာ္လည္း
ပံုရိပ္ေတြက ေ၀၀ါးေနဆဲ
ပါးျပင္ေပၚကစိုစြတ္စြတ္အရာေတြကို လက္နဲ႔စမ္းမိေတာ့
*မ်က္ရည္ေတြမ်ားလား?*
ဟုတ္ပါတယ္ သစ္တကယ္ကိုမ်က္ရည္ေတြက်ေနကာ အသံေတြကနီးလာလိုက္ေ၀းသြားလိုက္
ပံုရိပ္ေတြကလည္း ေ၀၀ါးေနေရာ
"ဦး..ျမတ္"
"ဦးျမတ္ ဒီမွာေလ ကေလး"
လူအရိပ္ႏွစ္ခုကိုပဲေ၀၀ါးစြာျမင္ေနရတာမို႔ ဘယ္သူျပန္ေျဖေနမွွန္းသစ္မသိ
"သစ္ကို လက္ေလးယမ္းျပေပးပါလားဟင္ ဦးျမတ္"
ဘယ္ဘက္ျခမ္းက အရိပ္ကလက္ယမ္းျပလာတာမို႔
"ဦးျမတ္က ဘယ္ဘက္ကလား"
"ဟုတ္တယ္ကေလး"
"သစ္ဖုန္းကိုယူလိုက္ပါ Family Drလို႔မွတ္ထားတာရွိတယ္ အဲ့လူကိုသြားေခၚေပးပါေနာ္ ဦးရိပ္"
ညာဘက္ျခမ္းက အရိ္ပ္လႈပ္ရွားသြားတာကိုေတြ႕ေတာ့မွ
"ဦးျမတ္ .. သစ္ ဘာမွမျမင္ရဘူး"
ေျပာရင္းနဲ႔မ်က္ရည္ေတြေ၀့လာကာ မ်က္ႏွာေပၚလက္ကေလးအုပ္ရင္းငိုေနတဲ့သစ္ကို
"မဟုတ္တာ ကေလးရယ္ ခဏတျဖဳတ္ျဖစ္တာပါ မငိုပါနဲ႔ကြာ မ်က္လံုးေတြေအာင့္ကုန္မယ္ကြ လိမ္မာပါတယ္ကြာ"
ငိုေနတဲ့ကေလးကို ထူကာ ရင္ခြင္ထဲထည့္ထားလိုက္ၿပီး သတိုးေခ်ာ့ေနမိရင္း နာရီၾကည့္လိုက္ေတာ့
မနက္ ၃နာရီ
*အင္း Drလာပါ့မလား*
မလာမွာစိုးရိမ္ေနစဥ္
ရိပ္ အခန္းထဲျပန္၀င္လာကာ
"ကိုကို Drက သူ႔ေဆးရံုကိုလာေခၚေပးပါတဲ့ အဲ့တာ ကြ်န္ေတာ္သြားေခၚလိုက္မယ္ လိပ္စာလည္း ပို႔ထားတယ္ ကြ်န္ေတာ္သြားေတာ့မယ္ သစ္ကို ေသခ်ာၾကည့္ထားလိုက္ေနာ္"
ကားေသာ့ဆြဲကာ အ၀တ္အစားပင္မလဲႏိုင္ပဲ ထြက္သြားတဲ့ရိပ္ကိုၾကည့္ကာ
"ဘာမွစိတ္မပူနဲ႔ေတာ့ေနာ္ သစ္
ရိပ္ကDrသြားေခၚေနၿပီသိလား မငိုနဲ႔ေတာ့ေနာ္ ကေလးေလးကလိမ္မာတယ္ တိတ္ေနာ္ လိမ္မာပါတယ္ သတိၱခဲေလး"
တအိအိငိုေနတဲ့ကေလးကို ေက်ာေလးပြတ္ကာေခ်ာ့ေနေပမယ့္ သစ္ကပိုတိုးငိုေလ သတိုးစိတ္ပိုမေကာင္းျဖစ္ရေလပါပဲ
သတိုးပါ စိတ္ညစ္ေနတာကို သစ္သိသြားရင္ စိတ္ပိုမေကာင္းျဖစ္သြားမွာစိုးလို႔ သစ္ကိုေခ်ာ့ရင္းနဲ႔Drျမန္ျမန္ေရာက္လာပါေစသာ တိုးတိုးေလးႀကိတ္ဆုေတာင္းေနမိေတာ့သည္
45မိနစ္ေက်ာ္ေက်ာ္ေလာက္ၾကာေတာ့
ရိပ္ျပန္ေရာက္လာကာ ငယ္ေသးပံုေပၚမယ့္ ဂ်ဴတီကုတ္နဲ႔ေကာင္ေလးတေယာက္ပါလာေလသည္
ေကာင္ေလးမ်က္ႏွာကလည္း ေတာ္ေတာ္ပင္ပန္းေနပံုေပါက္ေပမယ့္
မ်က္ႏွာခ်ိဳေနဆဲ
တအိအိငိုေနတဲ့သစ္ကိုၾကည့္ကာ အနားမွာလာထိုင္ၿပီး သစ္ပခံုးေလးကိုကိုင္ရင္း
"ကဲ သစ္ .. မင္းထပ္ျဖစ္ျပန္ၿပီလား"
အဲ့ေကာင္ေလးအသံၾကားတာနဲ႔ သစ္က သတိုးရင္ခြင္ထဲကထြက္ကာ ေကာင္ေလးရဲ႕ရင္ခြင္ထဲတိုး၀င္ၿပီး ပိုတိုးငိုေတာ့သည္
ငိုတာေတာ္ေတာ္ၾကာသြားမွ ေမာၿပီးအိပ္ေပ်ာ္သြားတဲ့သစ္ကို ကုတင္ေပၚမွာ ေသခ်ာလွဲေစၿပီးမွ
"ကြ်န္ေတာ္က သစ္ရဲ႕အကိုတစ္၀မ္းကြဲပါ
သစ္ရဲ႕ပင္တုိင္Dr လို႔လည္းသိထားလို႔ရပါတယ္"
Drကိုဘာမွျပန္မေျပာႏိုင္ေလာက္ေအာင္ ညီအကိုႏွစ္ေယာက္လံုးစိတ္ပူေနၾကတာမို႔
ျပန္လည္းမႏႈတ္ဆက္ႏိုင္ၾက
သတိုးကသာ
"သစ္ကဘာျဖစ္တာလဲ"
ဒီေတာ့မွ Drက သစ္နဖူးေပၚကဆံစေလးေတြကိုသပ္တင္ေပးရင္းႏွင့္
"သစ္က မ်က္ၾကည္လႊာအစားထိုးထားတာေလ
ငယ္ငယ္တုန္းက အပူအရမ္းႀကီးလို႔
မ်က္လံုးေတြလံုး၀မျမင္ရေတာ့လို႔
ကေလးက အရမ္းလန္႔ၿပီး သူ႔ကိုယ္သူသတ္ေသမလို႔ေတာင္လုပ္ခဲ့တာ
အဲ့တာနဲ႔ကြ်န္ေတာ္တို႔ေတြလည္း မ်က္ၾကည္လႊာအျမန္ရွာၾကတာ ကံေကာင္းခ်င္ေတာ့ သစ္ကိုတင္ထားတဲ့ေဆးရံုကို ကားတိုက္ခံရတဲ့လူနာတေယာက္ေရာက္လာတယ္ေလ
အဲ့လူက မေသခင္မွာ သူ႔ခႏၶာကိုယ္ကိုလွဴသြားလို႔
သစ္ကိုမ်က္ၾကည္လႊာအစားထိုးထားတာ
ကံဆိုးတာကေတာ့ဗ်ာ အဲ့လူက မေသခင္ ဘာေတြၾကံဳခဲ့မွန္းကြ်န္ေတာ္တို႔မသိဘူးဗ်
သူ႔မ်က္လံုးထဲလည္း ဘာေတြစြဲေနမွန္းမသိဘူး
ကေလးက ငယ္ငယ္ထဲက အိပ္မက္ေတြမက္ၿပီး လန္႔လန္႔ႏိုးတာ
တခါတေလ အရမ္းဆိုးတဲ့အိပ္မက္ေတြမက္ၿပီးတဲ့အခါဆို
ေ၀ေ၀၀ါး၀ါးပဲျမင္ရတတ္ေတာ့တယ္ "
Drေျပာျပမွသိရတဲ့အေၾကာင္းေတြမို႔ သတိုးတို႔ ဘာမွခြန္းတုန္႔မျပန္ႏိုင္ခဲ့
သစ္ကလည္းဘာမွမေျပာျပခဲ့ဘူးမွတ္လား
အခုေတာ့လည္း ဘာတတ္ႏိုင္မွာလဲ သစ္ကိုျပန္ေကာင္းေအာင္ဘယ္လိုလုပ္ေပးရမလဲေမးရံုပဲရွိမွာေပါ့
"သစ္ကို အခုဘယ္လိုလုပ္ေပးရမလဲ"
စိတ္ျမန္တဲ့ရိပ္ကဖ်တ္ခနဲထေမးေတာ့ Drကသူ႔အိတ္ထဲက မ်က္စဥ္းေဆးဗူးေလးကိုထုတ္ကာ
"ေရာ့ ဒါသူခပ္ေနၾကမ်က္စဥ္းေဆး .. တေန႔ ႏွစ္ႀကိမ္ခပ္ေပး .. သူေဆးကုန္သြားၿပီလို႔ေျပာၿပီး လာမယူလို႔ကြ်န္ေတာ္စိတ္ပူေနတာ ကြ်န္ေတာ္တို႔လာေခၚမွပဲအေတာ္ျဖစ္သြားေတာ့တယ္ . ကဲ ေနာက္က်ေနၿပီဆိုေတာ့ ကြ်န္ေတာ္ျပန္လိုက္ဦးမယ္"
ရိပ္ကလိုက္ပို႔ေပးမယ္ဆိုၿပီးအထ Drက ျပာျပာသလဲတားကာ
"ေနပါေစဗ်ာ ကြ်န္ေတာ္ Taxiငွားသြားလိုက္ပါ့မယ္ သစ္ကိုသာ ေကာင္းေကာင္းေစာင့္ေရွာက္ထားေပးပါ"
ႏႈတ္ဆက္ၿပီးျပန္သြားတဲ့Drကိုလည္းလိုက္မပို႔အား .. ညီအကိုႏွစ္ေယာက္လံုး သစ္အနားမွာၿငိမ္ၿငိမ္ေလးသာေနေနမိေတာ့သည္
"အရြယ္နဲ႔မလိုက္ေအာင္ အရမ္းactiveအျဖစ္လြန္ေနတာ
ငယ္ငယ္တုန္းက ေၾကာက္စရာေတြေပါခဲ့လို႔တဲ့လားကြာ"
ရိပ္က သစ္လက္ကေလးကိုကိုင္ကာ ခပ္ဖြဖြေလးညည္းေတာ့ သတိုးလည္း သစ္ကိုၾကည့္ကာ စိတ္မေကာင္းရွာေပ
🌱🌱🌱
အမယ္ေလးအခုမွပဲ ဇာတ္လမ္းကိုအစခ်ီရေတာ့တယ္ 😆
အခုမွလိုခ်င္တဲ့ဆီေရာက္ေတာ့တယ္
Unicode
သစ် ပြေးနေရတာလဲ မောလှပြီ အနောက်ကလိုက်နေတဲ့အန်တီကြီးကလည်း လိုက်မြဲလိုက်ဆဲ သစ်ဘာကြောင့်ပြေးနေရမှန်းလဲမသိ
အဲ့အန်တီကြီးကိုလည်း သစ်မသိ
ဒါပေမယ့် သစ်ထွက်ပြေးနေရသည်
အရှေ့ကနေ အရှိန်နဲ့ပြေး၀င်လာတဲ့ကားတစီးကြောင့် ကြောက်လန့်တကြားနဲ့ မျက်နှာကိုလက်နဲ့ကွယ်ကာ အော်လိုက်မိတော့သည်
"အားးးးးး"
"သစ် ... ဘာဖြစ်တာလဲ ... သစ်"
ကြားရတဲ့အသံတွေကလည်းနီးတချက်ေ၀းတချက်နှင့် မြင်ရတဲ့ပုံရိပ်တွေကလည်းေ၀ေ၀ဝါးဝါးရယ်
ပိုပြီးအမြင်ရှင်းစေရန် မျက်မှောင်ကုတ်ပြီးကြည့်လိုက်သော်လည်း
ပုံရိပ်တွေက ေ၀ဝါးနေဆဲ
ပါးပြင်ပေါ်ကစိုစွတ်စွတ်အရာတွေကို လက်နဲ့စမ်းမိတော့
*မျက်ရည်တွေများလား?*
ဟုတ်ပါတယ် သစ်တကယ်ကိုမျက်ရည်တွေကျနေကာ အသံတွေကနီးလာလိုက်ေ၀းသွားလိုက်
ပုံရိပ်တွေကလည်း ေ၀ဝါးနေရော
"ဦး..မြတ်"
"ဦးမြတ် ဒီမှာလေ ကလေး"
လူအရိပ်နှစ်ခုကိုပဲေ၀ဝါးစွာမြင်နေရတာမို့ ဘယ်သူပြန်ဖြေနေမှှန်းသစ်မသိ
"သစ်ကို လက်လေးယမ်းပြပေးပါလားဟင် ဦးမြတ်"
ဘယ်ဘက်ခြမ်းက အရိပ်ကလက်ယမ်းပြလာတာမို့
"ဦးမြတ်က ဘယ်ဘက်ကလား"
"ဟုတ်တယ်ကလေး"
"သစ်ဖုန်းကိုယူလိုက်ပါ Family Drလို့မှတ်ထားတာရှိတယ် အဲ့လူကိုသွားခေါ်ပေးပါနော် ဦးရိပ်"
ညာဘက်ခြမ်းက အရိ်ပ်လှုပ်ရှားသွားတာကိုတွေ့တော့မှ
"ဦးမြတ် .. သစ် ဘာမှမမြင်ရဘူး"
ပြောရင်းနဲ့မျက်ရည်တွေေ၀့လာကာ မျက်နှာပေါ်လက်ကလေးအုပ်ရင်းငိုနေတဲ့သစ်ကို
"မဟုတ်တာ ကလေးရယ် ခဏတဖြုတ်ဖြစ်တာပါ မငိုပါနဲ့ကွာ မျက်လုံးတွေအောင့်ကုန်မယ်ကွ လိမ်မာပါတယ်ကွာ"
ငိုနေတဲ့ကလေးကို ထူကာ ရင်ခွင်ထဲထည့်ထားလိုက်ပြီး သတိုးချော့နေမိရင်း နာရီကြည့်လိုက်တော့
မနက် ၃နာရီ
*အင်း Drလာပါ့မလား*
မလာမှာစိုးရိမ်နေစဉ်
ရိပ် အခန်းထဲပြန်၀င်လာကာ
"ကိုကို Drက သူ့ဆေးရုံကိုလာခေါ်ပေးပါတဲ့ အဲ့တာ ကျွန်တော်သွားခေါ်လိုက်မယ် လိပ်စာလည်း ပို့ထားတယ် ကျွန်တော်သွားတော့မယ် သစ်ကို သေချာကြည့်ထားလိုက်နော်"
ကားသော့ဆွဲကာ အ၀တ်အစားပင်မလဲနိုင်ပဲ ထွက်သွားတဲ့ရိပ်ကိုကြည့်ကာ
"ဘာမှစိတ်မပူနဲ့တော့နော် သစ်
ရိပ်ကDrသွားခေါ်နေပြီသိလား မငိုနဲ့တော့နော် ကလေးလေးကလိမ်မာတယ် တိတ်နော် လိမ်မာပါတယ် သတိ္တခဲလေး"
တအိအိငိုနေတဲ့ကလေးကို ကျောလေးပွတ်ကာချော့နေပေမယ့် သစ်ကပိုတိုးငိုလေ သတိုးစိတ်ပိုမကောင်းဖြစ်ရလေပါပဲ
သတိုးပါ စိတ်ညစ်နေတာကို သစ်သိသွားရင် စိတ်ပိုမကောင်းဖြစ်သွားမှာစိုးလို့ သစ်ကိုချော့ရင်းနဲ့Drမြန်မြန်ရောက်လာပါစေသာ တိုးတိုးလေးကြိတ်ဆုတောင်းနေမိတော့သည်
45မိနစ်ကျော်ကျော်လောက်ကြာတော့
ရိပ်ပြန်ရောက်လာကာ ငယ်သေးပုံပေါ်မယ့် ဂျူတီကုတ်နဲ့ကောင်လေးတယောက်ပါလာလေသည်
ကောင်လေးမျက်နှာကလည်း တော်တော်ပင်ပန်းနေပုံပေါက်ပေမယ့်
မျက်နှာချိုနေဆဲ
တအိအိငိုနေတဲ့သစ်ကိုကြည့်ကာ အနားမှာလာထိုင်ပြီး သစ်ပခုံးလေးကိုကိုင်ရင်း
"ကဲ သစ် .. မင်းထပ်ဖြစ်ပြန်ပြီလား"
အဲ့ကောင်လေးအသံကြားတာနဲ့ သစ်က သတိုးရင်ခွင်ထဲကထွက်ကာ ကောင်လေးရဲ့ရင်ခွင်ထဲတိုး၀င်ပြီး ပိုတိုးငိုတော့သည်
ငိုတာတော်တော်ကြာသွားမှ မောပြီးအိပ်ပျော်သွားတဲ့သစ်ကို ကုတင်ပေါ်မှာ သေချာလှဲစေပြီးမှ
"ကျွန်တော်က သစ်ရဲ့အကိုတစ်၀မ်းကွဲပါ
သစ်ရဲ့ပင်တိုင်Dr လို့လည်းသိထားလို့ရပါတယ်"
Drကိုဘာမှပြန်မပြောနိုင်လောက်အောင် ညီအကိုနှစ်ယောက်လုံးစိတ်ပူနေကြတာမို့
ပြန်လည်းမနှုတ်ဆက်နိုင်ကြ
သတိုးကသာ
"သစ်ကဘာဖြစ်တာလဲ"
ဒီတော့မှ Drက သစ်နဖူးပေါ်ကဆံစလေးတွေကိုသပ်တင်ပေးရင်းနှင့်
"သစ်က မျက်ကြည်လွှာအစားထိုးထားတာလေ
ငယ်ငယ်တုန်းက အပူအရမ်းကြီးလို့
မျက်လုံးတွေလုံး၀မမြင်ရတော့လို့
ကလေးက အရမ်းလန့်ပြီး သူ့ကိုယ်သူသတ်သေမလို့တောင်လုပ်ခဲ့တာ
အဲ့တာနဲ့ကျွန်တော်တို့တွေလည်း မျက်ကြည်လွှာအမြန်ရှာကြတာ ကံကောင်းချင်တော့ သစ်ကိုတင်ထားတဲ့ဆေးရုံကို ကားတိုက်ခံရတဲ့လူနာတယောက်ရောက်လာတယ်လေ
အဲ့လူက မသေခင်မှာ သူ့ခန္ဓာကိုယ်ကိုလှူသွားလို့
သစ်ကိုမျက်ကြည်လွှာအစားထိုးထားတာ
ကံဆိုးတာကတော့ဗျာ အဲ့လူက မသေခင် ဘာတွေကြုံခဲ့မှန်းကျွန်တော်တို့မသိဘူးဗျ
သူ့မျက်လုံးထဲလည်း ဘာတွေစွဲနေမှန်းမသိဘူး
ကလေးက ငယ်ငယ်ထဲက အိပ်မက်တွေမက်ပြီး လန့်လန့်နိုးတာ
တခါတလေ အရမ်းဆိုးတဲ့အိပ်မက်တွေမက်ပြီးတဲ့အခါဆို
ေ၀ေ၀ဝါးဝါးပဲမြင်ရတတ်တော့တယ် "
Drပြောပြမှသိရတဲ့အကြောင်းတွေမို့ သတိုးတို့ ဘာမှခွန်းတုန့်မပြန်နိုင်ခဲ့
သစ်ကလည်းဘာမှမပြောပြခဲ့ဘူးမှတ်လား
အခုတော့လည်း ဘာတတ်နိုင်မှာလဲ သစ်ကိုပြန်ကောင်းအောင်ဘယ်လိုလုပ်ပေးရမလဲမေးရုံပဲရှိမှာပေါ့
"သစ်ကို အခုဘယ်လိုလုပ်ပေးရမလဲ"
စိတ်မြန်တဲ့ရိပ်ကဖျတ်ခနဲထမေးတော့ Drကသူ့အိတ်ထဲက မျက်စဉ်းဆေးဗူးလေးကိုထုတ်ကာ
"ရော့ ဒါသူခပ်နေကြမျက်စဉ်းဆေး .. တနေ့ နှစ်ကြိမ်ခပ်ပေး .. သူဆေးကုန်သွားပြီလို့ပြောပြီး လာမယူလို့ကျွန်တော်စိတ်ပူနေတာ ကျွန်တော်တို့လာခေါ်မှပဲအတော်ဖြစ်သွားတော့တယ် . ကဲ နောက်ကျနေပြီဆိုတော့ ကျွန်တော်ပြန်လိုက်ဦးမယ်"
ရိပ်ကလိုက်ပို့ပေးမယ်ဆိုပြီးအထ Drက ပြာပြာသလဲတားကာ
"နေပါစေဗျာ ကျွန်တော် Taxiငှားသွားလိုက်ပါ့မယ် သစ်ကိုသာ ကောင်းကောင်းစောင့်ရှောက်ထားပေးပါ"
နှုတ်ဆက်ပြီးပြန်သွားတဲ့Drကိုလည်းလိုက်မပို့အား .. ညီအကိုနှစ်ယောက်လုံး သစ်အနားမှာငြိမ်ငြိမ်လေးသာနေနေမိတော့သည်
"အရွယ်နဲ့မလိုက်အောင် အရမ်းactiveအဖြစ်လွန်နေတာ
ငယ်ငယ်တုန်းက ကြောက်စရာတွေပေါခဲ့လို့တဲ့လားကွာ"
ရိပ်က သစ်လက်ကလေးကိုကိုင်ကာ ခပ်ဖွဖွလေးညည်းတော့ သတိုးလည်း သစ်ကိုကြည့်ကာ စိတ်မကောင်းရှာပေ
🌱🌱🌱
အမယ်လေးအခုမှပဲ ဇာတ်လမ်းကိုအစချီရတော့တယ် 😆
အခုမှလိုချင်တဲ့ဆီရောက်တော့တယ်