>>>>>Unicode<<<<<
သျှန်နောင်တစ်ယောက် ဆိုင်တွင် စီမံစရာရှိသည်များကို စီမံပြီး၍ ဆေးရုံရောက်တော့ ကျားကြီးကို မမှီတော့ပြီ။
ငိုကြွေးပူဆွေးနေသော ကျားကြီး၏ဇနီးနှင့်သားဖြစ်သူတို့ကို ကြည့်၍သာ သူ့မှာ မချိတင်ကဲဖြစ်ရပါတော့သည်။ ၃၈နှစ်ဆိုသည် ကြွေရန်စောလွန်းသော အရွယ်မဟုတ်ပါလား။ အထူးသဖြင့် လမ်းမှန် ပေါ်သို့ ခက်ခက်ခဲခဲရောက်လာပြီးမှ လှမ်းလျှောက်ရန် ကြံရုံရှိသေးသည် မရဏတရားကား မျက်နှာသာမပေး သက်ညှာခြင်းမရှိ။ ပြန်လမ်းမရှိသော ကမ္ဘာသို့ ခေါ်ငင်သွားချေပြီ။ မတရားလိုက်သည်များ!!
ကျားကြီး မင်္ဂလာဆောင်နေ့က သူ့အား ပြောခဲ့သည်များကို ယခုတိုင် မှတ်မိပါသေး၏။
"ကျွန်တော် မိန်းမရပြီ ဆရာရေ။ မကြာခင် သားသမီးတွေရတော့မယ်။ ဒီလောကက ဝင်ပြီးရင် ထွက်ဖို့မလွယ်ဘူးတဲ့။ ဒါပေမယ့် သူတို့လေးတွေအတွက် ကျွန်တော်လိမ္မာမှ ဖြစ်မယ်။ ကျွန်တော်လျှောက်တဲ့ လမ်းကို သူတို့ကို မလျှောက်စေချင်ဘူး ဆရာရယ်။"
ကျားကြီးသည် ပညာကောင်းစွာ မတတ်သည့်တိုင် ပြောသည့်စကားတစ်ခွန်းကိုတော့ ကောင်းမွန်စွာထိန်းသိမ်းခဲ့ပါသည်။ ဉာဏအားနည်းသော ကျားကြီးသည် ဇနီးနှင့် သားသမီးများကို ကာယအားဖြင့် သမာဇီဝကျကျ ရှာဖွေကျွေးမွေးခဲ့သည်မှာ အားလုံးအသိပင်။ ယခုတော့ ဤသို့သောလူမျိုးကိုမှ...!!
သူ့အား တကြိမ်က ပြောခဲ့ပါသေးသည်။
" ကျွန်တော်ဒီအခြေအနေ ရောက်လာပြီးတော့မှ နောက်ပြန်မဆုတ်ချင်တော့ဘူး ဆရာရယ်။ သေကာမှ သေရော နောက်တစ်ကြိမ်တော့ ထောင်ထဲမဝင်တော့ဘူးဗျာ။"
"ဪ ကျားကြီးရယ် ခင်ဗျား ဒါတွေကို သိလို့များ ပြောခဲ့လားဗျာ။"
သျှန်နောင် ရင်တစ်ခုလုံးမှာ ယူကြုံးမရမှုများဖြင့် ပေါက်ကွဲမတတ် ရှိချေ၏။ ဝေ့တက်လာသော မျက်ရည်တို့ကို အံ့ကြိတ်ကာ အကြိမ်ကြိမ်ပင် တောက်ခေါက်မိပါတော့သည်။
"တောက်! တောက်!"
ထိုစဉ် သူ့ ပုခုံးအား ဆုပ်ကိုင်အားပေးလာသော လက်ကြောင့် မော့ကြည့်မိတော့ သူကဲ့သို့ပင် မျက်ရည်များဝေ့သီနေသော မျက်လုံးများနှင့် ကြည့်လာသော ချူးဝေကို တွေ့လိုက်ရသည်။
"သျှန်နောင်ရာ ငါ့အပြစ်တွေပါကွာ။ ငါသာ စောရောက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။"
" မဟုတ်ပါဘူး ကိုချူးဝေရာ။"
သျှန်နောင် သက်ပြင်းရှိုက်ကာ ထရပ်လိုက်သည်။ ကိုယ်တိုင်က အတန်တည်ငြိမ်ပြီဆိုမှ ကျားကြီး၏ ရုပ်အလောင်းနှင့် မိသားစုများရှိရာ အခန်းသို့ ဝင်သွားပြီး နောက်ဆုံးအနေဖြင့် ကျားကြီးမျက်နှာကို ကြည့်လိုက်သည်။ ထို့နောက် ကျားကြီး၏ ဇနီးသည်ဖြစ်သူ မဆန်းခိုင်ဘက်လှည့်ကာ....
"ကျွန်တော် တောင်းပန်ပါတယ် အစ်မရယ်။ ကျားကြီးရဲ့ ကိစ္စအဝဝကိုရော အစ်မတို့ရဲ့ နောက်ပိုင်း စားဝတ်နေရေးကိုပါ ကျွန်တော် ထောက်ပံ့ပါရစေ။"
"သျှန်နောင်ရယ် အစ်ကို ဒီလိုဖြစ်သွားတယ်ဆိုတာ ငါမယုံနိုင်သေးဘူးဟယ်။ ငါက သူပြန်လာမှာကို စောင့်နေတာဟဲ့။ မနက်ဖြန် သားလေးရဲ့ မွေးနေ့ဆိုတော့ နင့်ဆီက ခွင့်တောင်းပြီး စောစော ပြန်ခဲ့မယ်တဲ့။ သားလေးမွေးနေ့မှာ ဘုန်းကြီးဆွမ်းကပ်မယ်ဆိုပြီး သူက တက်ကြွနေတာဟဲ့။ အခုတော့.... အမေလေး ဘယ်ဘဝ ဝဋ်ကြွေးလဲဟယ်။ ကောင်းမှုလုပ်ဖို့တောင် ကံကြမ္မာက မျက်နှာသာ မပေးပါလားကွယ်။"
မဆန်းခိုင်က ပြောလည်းပြော ငိုလည်းငိုဖြင့် တက်မတတ်ချက်မတတ်ဖြစ်နေရှာသည်။ သျှန်နောင်မှာ မကြည့်ရက်စွာဖြင့် သူမအား ဖေးမကာတွဲလိုက်ပြီး အနီးရှိ ခုံတွင်ထိုင်စေသည်။
"အစ်မ စိတ်လျော့ပါဦး။"
"ဟင့်အင်း ဟင့်အင်း..."
"အစ်မရော့ ရေ...ရေ... သောက်လိုက်"
သျှန်နောင်က ရေကမ်းပေးလျှင် ပုတ်ချကာ....
"ဟင့်အင်း.... ငါ့သောက်လည်း ငါ့ယောက်ျားက ပြန်ရှင်လာမှာ မဟုတ်ဘူး။ ငါ့ယောက်ျားပဲ ပြန်ခေါ်ပေး။"
"အစ်မ... အစ်မ သတိထားဦးလေ။"
"မေမေ...မေမေ.... အီးဟီး...."
သျှန်နောင်ခမျာ အမေတဖက်၊ ငိုနေသော ကလေးငယ်တစ်ဖက်ဖြင့် ဘာလုပ်ရမှန်းမသိ။ ထိုစဥ် ချူးဝေမှာ ငိုသံစူးစူးဝါးဝါးတို့ကြောင့် အခန်းထဲသို့ပြေးဝင်လာကာ...
"မဆန်း.. မဆန်း... ဘယ်လိုဖြစ်တာလဲ။"
"ကိုချူးဝေ Nurse တစ်ယောက်လောက်... မြန်မြန်... "
သျှန်နောင်၏ သြဆော်သံကြောင့် ချူးဝေမှာ အခန်းထဲမှ သုတ်တီးသုတ်ပြာဖြင့် ပြေးထွက်သွားပြီ ချက်ချင်းဆိုသလို သူနာပြုတစ်ဦနှင့် ပြန်လည်ရောက်ရှိလာသည်။ ထို သူနာပြုဆရာမလေးကတဖက်၊ သျှန်နောင်တို့က တစ်ဖက် ဝိုင်းဝန်းကာ နှာနှပ်ယူမှ မဆန်းမှာ သက်သာရာရတော့သည်။ သျှန်နောင်နှင့် ချူးဝေမှာလည်း ထိုအခါမှပင် သက်ပြင်းချနိုင်တော့သည်။
"ကဲ ကိုချူးဝေ ဒီပုံအတိုင်းဆို မဆန်းကို ဒီအတိုင်းထားလို့ မရဘူး။ ကျွန်တော်တို့နဲ့ပဲလည်း မဖြစ်ဘူး။"
သို့သော် ပြဿနာမှာ မဆန်းကော၊ ကိုကျားကြီးကောက တစ်ကောင်ကြွက်များဖြစ်ရာ သျှန်နောင်တို့မှလွဲ၍ သိသောသူမရှိ။ တဖန် သျှန်နောင်တို့လို ယောက်ျားတွေချည်း အဖော်လုပ်ရန်ကလည်း အဆင်မပြေ။ သျှန်နောင်မှာ အကြံအိုက်နေခိုက် ချူးဝေမှာ မမိုးကို သတိရသွားသည်။
"မမိုးကို ခေါ်ကြည့်ရင်ကော သျှန်နောင်။"
"ဟုတ်သားပဲ။ "
သျှန်နောင်မှာ ဝမ်းသာအားရဖြင့် မမိုးကို ဖုန်းခေါ်ကာ အကူအညီတောင်းလျှင် မမိုးက လှိုက်လှိုက်လှဲလှဲပင် လက်ခံရှာသညိ။ ကျားကြီးဆိုသည်မှာ သူတို့အတွက် ဆိုးတူကောင်းဖက် သွေးသောက်ညီအစ်ကိုမောင်နှမများပင် မဟုတ်ပါလား။
"ကဲ ကိုချူးဝေ မမိုးကတော့ ကျားကြီးအလောင်းမြေကျတဲ့အထိ မဆန်းဘေးမှာ ရှိမယ်တဲ့။ ဒီအတောအတွင်း အစ်ကိုက လိုတာမှန်သမျှ အကုန်လုပ်ပေးလိုက်။ လူလိုရင် ဟန်သိုကိုပါခေါ် ပိုက်ဆံလိုရင် ကျွန်တော့်ကိုပြော။ အားလုံး တင့်တင့်တယ်တယ်ဖြစ်ပါစေဗျာ။"
သျှန်နောင် မှာကြားနေပုံကို ကြည့်ကာ ချူးဝေမှာ မျက်မှောင်ကြုတ်မိတော့သည်။ ဆရာသမား၏ လေယူလေသိမ်နှင့် ပြောနေပုံက အခြားအရေးကြီးကိစ္စရှိ၍ သူ့အား တာဝန်လွဲနေသည်နှင့်တူနေသည် မဟုတ်ပါလား။
"မင်းက ဘယ်သွား...။ မဟုတ်ဘူး.... ဘာလုပ်ဦးမှာမို့လဲ။"
"ကျားကြီးအတွက် တရားမျှတမှုဆိုတာတော့ရှိသင့်တယ် မဟုတ်လား။"
"တရားမျှတမှု???"
ချူးဝေမှာ သျှန်နောင်၏ အေးစက်စက်နိုင်လှသော လေသံကြောင့် ဇဝေဇဝါဖြင့် မေးမိတော့သည်။
"မင်းက ကျားကြီးအတွက် တရားတွေဘာတွေများ စွဲမလို့လား။"
သျှန်နောင်က ချူးဝေ၏ စကားကြောင့် ခပ်လှောင်လှောင်ရယ်မိပါတော့သည်။
"ကိုချူးဝေရယ် အမှန်တရားဆိုတာ ပိုက်ဆံနဲ့ ဖန်တီးလို့ရနေတဲ့ ခေတ်ကြီးထဲမှာ ဒီကိစ္စကို ခုံရုံးတင်လိုက်ရင် ကျွန်တော့်ထက်ညံ့တဲ့လူရှိပါဦးမလား။"
"မင်းဆိုလိုချင်တာက...?"
"ကျားကြီးအတွက် တရားမျှတမှုကို ရှာပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လေ။"
"မင်း ဘာတွေလုပ်ဦးမလို့လဲ သျှန်နောင်ရာ။ ကျားကြီးစိတ်မဖြောင့်အောင်တော့ မလုပ်ပါနဲ့ကွာ။"
"စိတ်ချစမ်းပါ ကိုချူးဝေရာ။ ဒီတခါတော့ ဘယ်သူမှ မသေစေရပါဘူး။ ဒါပေမယ့် သွေးထက်သံယိုလေး နည်းနည်းတော့ရှိမှာပေါ့။ တရားမျှတမှုဆိုတာ ကလိထိုးပြီးတော့ ရှာလို့မရဘူးလေ။ ကဲ... ကျွန်တော် အစ်ကိုဟိန်းနဲ့ သွားစကားပြောလိုက်ဦးမယ်။"
ချူးဝေမှာ ခြေလှမ်းမှန်မှန်ဖြင့်ထွက်ခွာသွားသော သျှန်နောင်၏ ကျောပြင်ကိုကြည့်ကာ စိတ်ထဲတွင် သွေးနံ့ကဲ့သို့ရလာသဖြင့် သက်ပြင်းတစ်ခုကို ခက်ခက်ခဲခဲပင် ချလိုက်ပါတော့သည်။
----------------
သျှန်နောင် ဦးဇေဟိန်း၏ စာကြည့်ခန်းထဲဝင်သည်နှင့် သူ့အားစောင့်ကြိုနေသလို ပြုံးပြလာသည်။ သူသိလိုက်ပါပြီ။ ကျားကြီး၏ သတင်းက နေ့မကူးခင် ဤရောက်နေလေပြီ။ သို့သော်လည်း သူ့အနေဖြင့် မအံ့သြပါ။ မျက်စိနှင့် နားဆိုသည်မှာ နေရာတိုင်းတွင် ရှိသည်မဟုတ်ပါလား။
"ထိုင် သျှန်နောင်။ ညကြီးမင်းကြီ။ ကျားကြီးကိစ္စပဲလား။"
သျှန်နောင် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့။"
"အေးကွာ ငါကြားမိလိုက်တယ်။ နိုင်ထူးက အတော်ဆိုးတာကိုးကွ။ ကဲပါ။ ငါတို့တတ်နိုင်သမျှ ကျားကြီးအတွက် လုပ်ပေးရမှာပေါ့။"
သျှန်နောင်မှာ ဦးဇေဟိန်း၏ စကားကြောင့် မျက်မှောင်ကြုတ်မိတော့သည်။ စကားသာဆုံးသွားသည်။ သူမျှော်လင့်သလို ကျားကြီးအတွက် မျှမျှတတဖြစ်စေရမည်ဟူ၍ တစ်လုံးမျှ မပါ။
"ဟုတ်ကဲ့။ ကျားကြီး အသုဘကိစ္စကို ကျွန်တော် စီစဉ်နေပါတယ်။"
"အင်း မင်းစီစဉ်ပြီးပြီဆိုတော့ ငါစိတ်ချရတာပေါ့။ လိုတာရှိရင် ငါကိုပြော။"
သျှန်နောင် ယခုထိ သူလိုချင်သလို တစ်လုံးမှမဟသော ဦးဇေဟိန်းကိုကြည့်ကာ သဘောပေါက်လိုက်ပါသည်။ သူ မပြောလျှင် ဦးဇေဟိန်းက ဒီကိစ္စကို စမည်မဟုတ်။
"ဟုတ်... ဒီတော့ အစ်ကိုဟိန်းက အစ်ကိုတစ်ယောက်အနေနဲ့ နိုင်ထူးရဲ့ ဆရာနဲ့ စကားပြောပြီး ကျားကြီးအတွက် မျှမျှတတဖြစ်အောင်လုပ်ပေးပါ။"
"မင်းက ငါကို လူမိုက်လုပ်ခိုင်းနေတာလား။"
"ကျွန်တော်က အစ်ကို့ကို အစ်ကိုနေရာ နေစေချင်ရုံပါ။"
သျှန်နောင် ခပ်ပြတ်ပြတ်ပင်ပြောချလိုက်သည်။ ဦးဇေဟိန်း စိတ်ဆိုးသွားမည်ကို သိသော်လည်း မတတ်နိုင်ပါ။ ဤသို့မှ မပြောလျှင် ဦးဇေဟိန်းမှာ တုတ်တုတ်မျှ လှုပ်မည်မဟုတ်မှန်း သူသိနေလေသည်။
"မင်း...!!!"
ထင်သည့်အတိုင်းပင် ဦးဇေဟိန်းမှာ ဒေါသကြောင့် ထရပ်မိမတတ်ဖြစ်သွားပြီး ချက်ချင်းဆိုသလို တည်ကြိမ်စွာဖြင့် သူ့ကို သူဆိုခဲ့သော စကားအတွက် ဖြေရှင်းရန် ကြည့်လာသည်။
"အစ်ကိုဟိန်း ကျားကြီးဆိုတာ ကျွန်တော်တို့နဲ့ ရဲဘော်ရဲဘက်တွေ။ အခုဟာက နိုင်ထူးတို့ဘက်က မတရားသဖြင့် ရမ်းကားတဲ့ကိစ္စမှာ ကျားကြီးက မြေစာပင်ဖြစ်ရတာ။ အစ်ကိုဟိန်းက လူကြီးချင်းညှိနှိုင်းပြီး......"
ဦးဇေဟိန်းက လက်ကာပြလာသဖြင့် သျှန်နောင် ပြောလက်စစကားကို ရပ်လိုက်သည်။
"သျှန်နောင် ငါ့တို့လမ်းဟောင်းတွေ စွန့်သင့်ပြီလေ။ ပြီးတာတွေလည်း ပြီးပါစေတော့။"
သျှန်နောင် ဦးဇေဟိန်းကို တခါမှမမြင်ဖူးသူလို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ဦးဇေဟိန်းကလည်း သူ့ကို ပြန်စိုက်ကြည့်လာလျှင် မဲ့ပြုံးတစ်ချက်ပြုံးကာ...
"အစ်ကိုဟိန်းလဲ ပြောင်းလဲသွားပြီပဲ။"
တကယ်ဆိုပါလျှင် တချိန်က မိမိအကျိုးအတွက် အောက်ခြေသိမ်းမှစ၍ အကုန်လုပ်ပေးခဲ့ပါသော လူတစ်ယောက် မတရားခံရသည်ကို "ပြီးတာတွေလည်း ပြီးပါစေတော့" ဟု ဆိုခြင်းသည် အလွန် မျက်နှာလွဲခဲပစ်နိုင်လှသည်ဟု သူ ထင်သည်။
"ကောင်းပြီလေ။ အစ်ကို ဒီကိစ္စမပါချင်မှတော့ ကျွန်တော် မတိုက်တွန်းတော့ပါဘူး။ ခွင့်ပြုပါဦး။"
ဦးဇေဟိန်းမှာ သျှန်နောင်၏ ရုတ်ချည်းအေးစက်သွားသော အသံအနေအသံထားနှင့် အမူအယာကြောင့် စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တမျိုးကို ခံစားလိုက်ရသည်။
သျှန်နောင် ထိုင်ခုံမှ ထလိုက်လျှင် ဦးဇေဟိန်းက....
"သျှန်နောင် ဒီကိစ္စကို မင်း..."
"ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်မှာမို့လို့။ အစ်ကိုဟိန်း စိတ်ချပါ။"
သျှန်နောင်၏ ခပ်ပြတ်ပြတ် ဝန်ခံချက်က ဦးဇေဟိန်းကို ဒေါသဖြင့် ဆွံ့အသွားစေသည်။ ဤမျှ တားမြစ်နေသည့်ကြားမှ သူ၏ စကားကို အံတုဝံ့သော သျှန်နောင်ကို စူးစိုက်ကြည့်လိုက်ပြီး....
"မင်း..!!! ကောင်းပြီလေ။ အစ်ကိုကြီးမေးလာရင် မင်းလုပ်တဲ့ ကိစ္စကို မင်းပဲရှင်းပါ။"
သျှန်နောင် သိလိုက်ပါသည်။ ဦးဇေဟိန်းက အစ်ကိုကြီးနှင့် ထိပ်တိုက်မတွေ့လိုသောကြောင့် လက်ရှောင်နေလေပြီ။ မည်သို့ပင်ဖြစ်စေ ဤသို့ ကိုယ့်သွေးသောက်ညီအစ်ကိုများပေါ်တွင် လျစ်လျူရှုသည်ကတော့ ကျင့်ဝတ်နှင့် မညီသလို ဖြစ်လည်းမဖြစ်သင့်ချေ။
"ကောင်းပါပြီ အစ်ကိုဟိန်း။"
သျှန်နောင်က ခေါင်းကို ကျေနပ်စွာငြိမ့်လိုက်ပြီးလျှင်....
" ကောင်းသောညပါ အစ်ကိုဟိန်း။"
-------------------------------------
August 22, 2019 Thursday
CV လေးအတွက် ကျေးဇူးပါ reta-nan ရေ။ 😘😘😘😘
Edited on – Jan 31, 2021
-------------------------------------
>>>>>ZawGyi<<<<<
သၽွန္ေနာင္တစ္ေယာက္ ဆိုင္တြင္ စီမံစရာရွိသည္မ်ားကို စီမံၿပီး၍ ေဆး႐ုံေရာက္ေတာ့ က်ားႀကီးကို မမွီေတာ့ၿပီ။
ငိုေႂကြးပူေဆြးေနေသာ က်ားႀကီး၏ဇနီးႏွင့္သားျဖစ္သူတို႔ကို ၾကည့္၍သာ သူ႔မွာ မခ်ိတင္ကဲျဖစ္ရပါေတာ့သည္။ ၃၈ႏွစ္ဆိုသည္ ေႂကြရန္ေစာလြန္းေသာ အရြယ္မဟုတ္ပါလား။ အထူးသျဖင့္ လမ္းမွန္ ေပၚသို႔ ခက္ခက္ခဲခဲေရာက္လာၿပီးမွ လွမ္းေလၽွာက္ရန္ ႀကံ႐ုံရွိေသးသည္ မရဏတရားကား မ်က္ႏွာသာမေပး သက္ညႇာျခင္းမရွိ။ ျပန္လမ္းမရွိေသာ ကမၻာသို႔ ေခၚငင္သြားေခ်ၿပီ။ မတရားလိုက္သည္မ်ား!!
က်ားႀကီး မဂၤလာေဆာင္ေန႔က သူ႔အား ေျပာခဲ့သည္မ်ားကို ယခုတိုင္ မွတ္မိပါေသး၏။
"ကၽြန္ေတာ္ မိန္းမရၿပီ ဆရာေရ။ မၾကာခင္ သားသမီးေတြရေတာ့မယ္။ ဒီေလာကက ဝင္ၿပီးရင္ ထြက္ဖို႔မလြယ္ဘူးတဲ့။ ဒါေပမယ့္ သူတို႔ေလးေတြအတြက္ ကၽြန္ေတာ္လိမၼာမွ ျဖစ္မယ္။ ကၽြန္ေတာ္ေလၽွာက္တဲ့ လမ္းကို သူတို႔ကို မေလၽွာက္ေစခ်င္ဘူး ဆရာရယ္။"
က်ားႀကီးသည္ ပညာေကာင္းစြာ မတတ္သည့္တိုင္ ေျပာသည့္စကားတစ္ခြန္းကိုေတာ့ ေကာင္းမြန္စြာထိန္းသိမ္းခဲ့ပါသည္။ ဉာဏအားနည္းေသာ က်ားႀကီးသည္ ဇနီးႏွင့္ သားသမီးမ်ားကို ကာယအားျဖင့္ သမာဇီဝက်က် ရွာေဖြေကၽြးေမြးခဲ့သည္မွာ အားလုံးအသိပင္။ ယခုေတာ့ ဤသို႔ေသာလူမ်ိဳးကိုမွ...!!
သူ႔အား တႀကိမ္က ေျပာခဲ့ပါေသးသည္။
" ကၽြန္ေတာ္ဒီအေျခအေန ေရာက္လာၿပီးေတာ့မွ ေနာက္ျပန္မဆုတ္ခ်င္ေတာ့ဘူး ဆရာရယ္။ ေသကာမွ ေသေရာ ေနာက္တစ္ႀကိမ္ေတာ့ ေထာင္ထဲမဝင္ေတာ့ဘူးဗ်ာ။"
"ဪ က်ားႀကီးရယ္ ခင္ဗ်ား ဒါေတြကို သိလို႔မ်ား ေျပာခဲ့လားဗ်ာ။"
သၽွန္ေနာင္ ရင္တစ္ခုလုံးမွာ ယူၾကဳံးမရမႈမ်ားျဖင့္ ေပါက္ကြဲမတတ္ ရွိေခ်၏။ ေဝ့တက္လာေသာ မ်က္ရည္တို႔ကို အံ့ႀကိတ္ကာ အႀကိမ္ႀကိမ္ပင္ ေတာက္ေခါက္မိပါေတာ့သည္။
"ေတာက္! ေတာက္!"
ထိုစဥ္ သူ႔ ပုခုံးအား ဆုပ္ကိုင္အားေပးလာေသာ လက္ေၾကာင့္ ေမာ့ၾကည့္မိေတာ့ သူကဲ့သို႔ပင္ မ်က္ရည္မ်ားေဝ့သီေနေသာ မ်က္လုံးမ်ားႏွင့္ ၾကည့္လာေသာ ခ်ဴးေဝကို ေတြ႕လိုက္ရသည္။
"သၽွန္ေနာင္ရာ ငါ့အျပစ္ေတြပါကြာ။ ငါသာ ေစာေရာက္ရင္ ဒီလိုျဖစ္မွာ မဟုတ္ဘူး။"
" မဟုတ္ပါဘူး ကိုခ်ဴးေဝရာ။"
သၽွန္ေနာင္ သက္ျပင္းရွိုက္ကာ ထရပ္လိုက္သည္။ ကိုယ္တိုင္က အတန္တည္ၿငိမ္ၿပီဆိုမွ က်ားႀကီး၏ ႐ုပ္အေလာင္းႏွင့္ မိသားစုမ်ားရွိရာ အခန္းသို႔ ဝင္သြားၿပီး ေနာက္ဆုံးအေနျဖင့္ က်ားႀကီးမ်က္ႏွာကို ၾကည့္လိုက္သည္။ ထို႔ေနာက္ က်ားႀကီး၏ ဇနီးသည္ျဖစ္သူ မဆန္းခိုင္ဘက္လွည့္ကာ....
"ကၽြန္ေတာ္ ေတာင္းပန္ပါတယ္ အစ္မရယ္။ က်ားႀကီးရဲ့ ကိစၥအဝဝကိုေရာ အစ္မတို႔ရဲ့ ေနာက္ပိုင္း စားဝတ္ေနေရးကိုပါ ကၽြန္ေတာ္ ေထာက္ပံ့ပါရေစ။"
"သၽွန္ေနာင္ရယ္ အစ္ကို ဒီလိုျဖစ္သြားတယ္ဆိုတာ ငါမယုံနိုင္ေသးဘူးဟယ္။ ငါက သူျပန္လာမွာကို ေစာင့္ေနတာဟဲ့။ မနက္ျဖန္ သားေလးရဲ့ ေမြးေန႔ဆိုေတာ့ နင့္ဆီက ခြင့္ေတာင္းၿပီး ေစာေစာ ျပန္ခဲ့မယ္တဲ့။ သားေလးေမြးေန႔မွာ ဘုန္းႀကီးဆြမ္းကပ္မယ္ဆိုၿပီး သူက တက္ႂကြေနတာဟဲ့။ အခုေတာ့.... အေမေလး ဘယ္ဘဝ ဝဋ္ေႂကြးလဲဟယ္။ ေကာင္းမႈလုပ္ဖို႔ေတာင္ ကံၾကမၼာက မ်က္ႏွာသာ မေပးပါလားကြယ္။"
မဆန္းခိုင္က ေျပာလည္းေျပာ ငိုလည္းငိုျဖင့္ တက္မတတ္ခ်က္မတတ္ျဖစ္ေနရွာသည္။ သၽွန္ေနာင္မွာ မၾကည့္ရက္စြာျဖင့္ သူမအား ေဖးမကာတြဲလိုက္ၿပီး အနီးရွိ ခုံတြင္ထိုင္ေစသည္။
"အစ္မ စိတ္ေလ်ာ့ပါဦး။"
"ဟင့္အင္း ဟင့္အင္း..."
"အစ္မေရာ့ ေရ...ေရ... ေသာက္လိုက္"
သၽွန္ေနာင္က ေရကမ္းေပးလၽွင္ ပုတ္ခ်ကာ....
"ဟင့္အင္း.... ငါ့ေသာက္လည္း ငါ့ေယာက္်ားက ျပန္ရွင္လာမွာ မဟုတ္ဘူး။ ငါ့ေယာက္်ားပဲ ျပန္ေခၚေပး။"
"အစ္မ... အစ္မ သတိထားဦးေလ။"
"ေမေမ...ေမေမ.... အီးဟီး...."
သၽွန္ေနာင္ခမ်ာ အေမတဖက္၊ ငိုေနေသာ ကေလးငယ္တစ္ဖက္ျဖင့္ ဘာလုပ္ရမွန္းမသိ။ ထိုစဥ္ ခ်ဴးေဝမွာ ငိုသံစူးစူးဝါးဝါးတို႔ေၾကာင့္ အခန္းထဲသို႔ေျပးဝင္လာကာ...
"မဆန္း.. မဆန္း... ဘယ္လိုျဖစ္တာလဲ။"
"ကိုခ်ဴးေဝ Nurse တစ္ေယာက္ေလာက္... ျမန္ျမန္... "
သၽွန္ေနာင္၏ ၾသေဆာ္သံေၾကာင့္ ခ်ဴးေဝမွာ အခန္းထဲမွ သုတ္တီးသုတ္ျပာျဖင့္ ေျပးထြက္သြားၿပီ ခ်က္ခ်င္းဆိုသလို သူနာျပဳတစ္ဦႏွင့္ ျပန္လည္ေရာက္ရွိလာသည္။ ထို သူနာျပဳဆရာမေလးကတဖက္၊ သၽွန္ေနာင္တို႔က တစ္ဖက္ ဝိုင္းဝန္းကာ ႏွာႏွပ္ယူမွ မဆန္းမွာ သက္သာရာရေတာ့သည္။ သၽွန္ေနာင္ႏွင့္ ခ်ဴးေဝမွာလည္း ထိုအခါမွပင္ သက္ျပင္းခ်နိုင္ေတာ့သည္။
"ကဲ ကိုခ်ဴးေဝ ဒီပုံအတိုင္းဆို မဆန္းကို ဒီအတိုင္းထားလို႔ မရဘူး။ ကၽြန္ေတာ္တို႔နဲ႔ပဲလည္း မျဖစ္ဘူး။"
သို႔ေသာ္ ျပႆနာမွာ မဆန္းေကာ၊ ကိုက်ားႀကီးေကာက တစ္ေကာင္ႂကြက္မ်ားျဖစ္ရာ သၽွန္ေနာင္တို႔မွလြဲ၍ သိေသာသူမရွိ။ တဖန္ သၽွန္ေနာင္တို႔လို ေယာက္်ားေတြခ်ည္း အေဖာ္လုပ္ရန္ကလည္း အဆင္မေျပ။ သၽွန္ေနာင္မွာ အႀကံအိုက္ေနခိုက္ ခ်ဴးေဝမွာ မမိုးကို သတိရသြားသည္။
"မမိုးကို ေခၚၾကည့္ရင္ေကာ သၽွန္ေနာင္။"
"ဟုတ္သားပဲ။ "
သၽွန္ေနာင္မွာ ဝမ္းသာအားရျဖင့္ မမိုးကို ဖုန္းေခၚကာ အကူအညီေတာင္းလၽွင္ မမိုးက လွိုက္လွိုက္လွဲလွဲပင္ လက္ခံရွာသညိ။ က်ားႀကီးဆိုသည္မွာ သူတို႔အတြက္ ဆိုးတူေကာင္းဖက္ ေသြးေသာက္ညီအစ္ကိုေမာင္ႏွမမ်ားပင္ မဟုတ္ပါလား။
"ကဲ ကိုခ်ဴးေဝ မမိုးကေတာ့ က်ားႀကီးအေလာင္းေျမက်တဲ့အထိ မဆန္းေဘးမွာ ရွိမယ္တဲ့။ ဒီအေတာအတြင္း အစ္ကိုက လိုတာမွန္သမၽွ အကုန္လုပ္ေပးလိုက္။ လူလိုရင္ ဟန္သိုကိုပါေခၚ ပိုက္ဆံလိုရင္ ကၽြန္ေတာ့္ကိုေျပာ။ အားလုံး တင့္တင့္တယ္တယ္ျဖစ္ပါေစဗ်ာ။"
သၽွန္ေနာင္ မွာၾကားေနပုံကို ၾကည့္ကာ ခ်ဴးေဝမွာ မ်က္ေမွာင္ၾကဳတ္မိေတာ့သည္။ ဆရာသမား၏ ေလယူေလသိမ္ႏွင့္ ေျပာေနပုံက အျခားအေရးႀကီးကိစၥရွိ၍ သူ႔အား တာဝန္လြဲေနသည္ႏွင့္တူေနသည္ မဟုတ္ပါလား။
"မင္းက ဘယ္သြား...။ မဟုတ္ဘူး.... ဘာလုပ္ဦးမွာမို႔လဲ။"
"က်ားႀကီးအတြက္ တရားမၽွတမႈဆိုတာေတာ့ရွိသင့္တယ္ မဟုတ္လား။"
"တရားမၽွတမႈ???"
ခ်ဴးေဝမွာ သၽွန္ေနာင္၏ ေအးစက္စက္နိုင္လွေသာ ေလသံေၾကာင့္ ဇေဝဇဝါျဖင့္ ေမးမိေတာ့သည္။
"မင္းက က်ားႀကီးအတြက္ တရားေတြဘာေတြမ်ား စြဲမလို႔လား။"
သၽွန္ေနာင္က ခ်ဴးေဝ၏ စကားေၾကာင့္ ခပ္ေလွာင္ေလွာင္ရယ္မိပါေတာ့သည္။
"ကိုခ်ဴးေဝရယ္ အမွန္တရားဆိုတာ ပိုက္ဆံနဲ႔ ဖန္တီးလို႔ရေနတဲ့ ေခတ္ႀကီးထဲမွာ ဒီကိစၥကို ခုံ႐ုံးတင္လိုက္ရင္ ကၽြန္ေတာ့္ထက္ညံ့တဲ့လူရွိပါဦးမလား။"
"မင္းဆိုလိုခ်င္တာက...?"
"က်ားႀကီးအတြက္ တရားမၽွတမႈကို ရွာေပးဖို႔ ကၽြန္ေတာ့္မွာ တာဝန္ရွိတယ္ေလ။"
"မင္း ဘာေတြလုပ္ဦးမလို႔လဲ သၽွန္ေနာင္ရာ။ က်ားႀကီးစိတ္မေျဖာင့္ေအာင္ေတာ့ မလုပ္ပါနဲ႔ကြာ။"
"စိတ္ခ်စမ္းပါ ကိုခ်ဴးေဝရာ။ ဒီတခါေတာ့ ဘယ္သူမွ မေသေစရပါဘူး။ ဒါေပမယ့္ ေသြးထက္သံယိုေလး နည္းနည္းေတာ့ရွိမွာေပါ့။ တရားမၽွတမႈဆိုတာ ကလိထိုးၿပီးေတာ့ ရွာလို႔မရဘူးေလ။ ကဲ... ကၽြန္ေတာ္ အစ္ကိုဟိန္းနဲ႔ သြားစကားေျပာလိုက္ဦးမယ္။"
ခ်ဴးေဝမွာ ေျခလွမ္းမွန္မွန္ျဖင့္ထြက္ခြာသြားေသာ သၽွန္ေနာင္၏ ေက်ာျပင္ကိုၾကည့္ကာ စိတ္ထဲတြင္ ေသြးနံ့ကဲ့သို႔ရလာသျဖင့္ သက္ျပင္းတစ္ခုကို ခက္ခက္ခဲခဲပင္ ခ်လိုက္ပါေတာ့သည္။
----------------
သၽွန္ေနာင္ ဦးေဇဟိန္း၏ စာၾကည့္ခန္းထဲဝင္သည္ႏွင့္ သူ႔အားေစာင့္ႀကိဳေနသလို ျပဳံးျပလာသည္။ သူသိလိုက္ပါၿပီ။ က်ားႀကီး၏ သတင္းက ေန႔မကူးခင္ ဤေရာက္ေနေလၿပီ။ သို႔ေသာ္လည္း သူ႔အေနျဖင့္ မအံ့ၾသပါ။ မ်က္စိႏွင့္ နားဆိုသည္မွာ ေနရာတိုင္းတြင္ ရွိသည္မဟုတ္ပါလား။
"ထိုင္ သၽွန္ေနာင္။ ညႀကီးမင္းႀကီ။ က်ားႀကီးကိစၥပဲလား။"
သၽွန္ေနာင္ ေခါင္းညိတ္ျပလိုက္သည္။
"ဟုတ္ကဲ့။"
"ေအးကြာ ငါၾကားမိလိုက္တယ္။ နိုင္ထူးက အေတာ္ဆိုးတာကိုးကြ။ ကဲပါ။ ငါတို႔တတ္နိုင္သမၽွ က်ားႀကီးအတြက္ လုပ္ေပးရမွာေပါ့။"
သၽွန္ေနာင္မွာ ဦးေဇဟိန္း၏ စကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္မိေတာ့သည္။ စကားသာဆုံးသြားသည္။ သူေမၽွာ္လင့္သလို က်ားႀကီးအတြက္ မၽွမၽွတတျဖစ္ေစရမည္ဟူ၍ တစ္လုံးမၽွ မပါ။
"ဟုတ္ကဲ့။ က်ားႀကီး အသုဘကိစၥကို ကၽြန္ေတာ္ စီစဥ္ေနပါတယ္။"
"အင္း မင္းစီစဥ္ၿပီးၿပီဆိုေတာ့ ငါစိတ္ခ်ရတာေပါ့။ လိုတာရွိရင္ ငါကိုေျပာ။"
သၽွန္ေနာင္ ယခုထိ သူလိုခ်င္သလို တစ္လုံးမွမဟေသာ ဦးေဇဟိန္းကိုၾကည့္ကာ သေဘာေပါက္လိုက္ပါသည္။ သူ မေျပာလၽွင္ ဦးေဇဟိန္းက ဒီကိစၥကို စမည္မဟုတ္။
"ဟုတ္... ဒီေတာ့ အစ္ကိုဟိန္းက အစ္ကိုတစ္ေယာက္အေနနဲ႔ နိုင္ထူးရဲ့ ဆရာနဲ႔ စကားေျပာၿပီး က်ားႀကီးအတြက္ မၽွမၽွတတျဖစ္ေအာင္လုပ္ေပးပါ။"
"မင္းက ငါကို လူမိုက္လုပ္ခိုင္းေနတာလား။"
"ကၽြန္ေတာ္က အစ္ကို႔ကို အစ္ကိုေနရာ ေနေစခ်င္႐ုံပါ။"
သၽွန္ေနာင္ ခပ္ျပတ္ျပတ္ပင္ေျပာခ်လိုက္သည္။ ဦးေဇဟိန္း စိတ္ဆိုးသြားမည္ကို သိေသာ္လည္း မတတ္နိုင္ပါ။ ဤသို႔မွ မေျပာလၽွင္ ဦးေဇဟိန္းမွာ တုတ္တုတ္မၽွ လႈပ္မည္မဟုတ္မွန္း သူသိေနေလသည္။
"မင္း...!!!"
ထင္သည့္အတိုင္းပင္ ဦးေဇဟိန္းမွာ ေဒါသေၾကာင့္ ထရပ္မိမတတ္ျဖစ္သြားၿပီး ခ်က္ခ်င္းဆိုသလို တည္ႀကိမ္စြာျဖင့္ သူ႔ကို သူဆိုခဲ့ေသာ စကားအတြက္ ေျဖရွင္းရန္ ၾကည့္လာသည္။
"အစ္ကိုဟိန္း က်ားႀကီးဆိုတာ ကၽြန္ေတာ္တို႔နဲ႔ ရဲေဘာ္ရဲဘက္ေတြ။ အခုဟာက နိုင္ထူးတို႔ဘက္က မတရားသျဖင့္ ရမ္းကားတဲ့ကိစၥမွာ က်ားႀကီးက ေျမစာပင္ျဖစ္ရတာ။ အစ္ကိုဟိန္းက လူႀကီးခ်င္းညႇိႏွိုင္းၿပီး..."
ဦးေဇဟိန္းက လက္ကာျပလာသျဖင့္ သၽွန္ေနာင္ ေျပာလက္စစကားကို ရပ္လိုက္သည္။
"သၽွန္ေနာင္ ငါ့တို႔လမ္းေဟာင္းေတြ စြန႔္သင့္ၿပီေလ။ ၿပီးတာေတြလည္း ၿပီးပါေစေတာ့။"
သၽွန္ေနာင္ ဦးေဇဟိန္းကို တခါမွမျမင္ဖူးသူလို စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။ ဦးေဇဟိန္းကလည္း သူ႔ကို ျပန္စိုက္ၾကည့္လာလၽွင္ မဲ့ျပဳံးတစ္ခ်က္ျပဳံးကာ...
"အစ္ကိုဟိန္းလဲ ေျပာင္းလဲသြားၿပီပဲ။"
တကယ္ဆိုပါလၽွင္ တခ်ိန္က မိမိအက်ိဳးအတြက္ ေအာက္ေျခသိမ္းမွစ၍ အကုန္လုပ္ေပးခဲ့ပါေသာ လူတစ္ေယာက္ မတရားခံရသည္ကို "ၿပီးတာေတြလည္း ၿပီးပါေစေတာ့" ဟု ဆိုျခင္းသည္ အလြန္ မ်က္ႏွာလြဲခဲပစ္နိုင္လွသည္ဟု သူ ထင္သည္။
"ေကာင္းၿပီေလ။ အစ္ကို ဒီကိစၥမပါခ်င္မွေတာ့ ကၽြန္ေတာ္ မတိုက္တြန္းေတာ့ပါဘူး။ ခြင့္ျပဳပါဦး။"
ဦးေဇဟိန္းမွာ သၽွန္ေနာင္၏ ႐ုတ္ခ်ည္းေအးစက္သြားေသာ အသံအေနအသံထားႏွင့္ အမူအယာေၾကာင့္ စိတ္ထဲတြင္ မေကာင္းေသာ အေငြ႕အသက္တမ်ိဳးကို ခံစားလိုက္ရသည္။
သၽွန္ေနာင္ ထိုင္ခုံမွ ထလိုက္လၽွင္ ဦးေဇဟိန္းက....
"သၽွန္ေနာင္ ဒီကိစၥကို မင္း..."
"ကၽြန္ေတာ္ကိုယ္တိုင္ ကိုင္တြယ္မွာမို႔လို႔။ အစ္ကိုဟိန္း စိတ္ခ်ပါ။"
သၽွန္ေနာင္၏ ခပ္ျပတ္ျပတ္ ဝန္ခံခ်က္က ဦးေဇဟိန္းကို ေဒါသျဖင့္ ဆြံ့အသြားေစသည္။ ဤမၽွ တားျမစ္ေနသည့္ၾကားမွ သူ၏ စကားကို အံတုဝံ့ေသာ သၽွန္ေနာင္ကို စူးစိုက္ၾကည့္လိုက္ၿပီး....
"မင္း..!!! ေကာင္းၿပီေလ။ အစ္ကိုႀကီးေမးလာရင္ မင္းလုပ္တဲ့ ကိစၥကို မင္းပဲရွင္းပါ။"
သၽွန္ေနာင္ သိလိုက္ပါသည္။ ဦးေဇဟိန္းက အစ္ကိုႀကီးႏွင့္ ထိပ္တိုက္မေတြ႕လိုေသာေၾကာင့္ လက္ေရွာင္ေနေလၿပီ။ မည္သို႔ပင္ျဖစ္ေစ ဤသို႔ ကိုယ့္ေသြးေသာက္ညီအစ္ကိုမ်ားေပၚတြင္ လ်စ္လ်ဴရႈသည္ကေတာ့ က်င့္ဝတ္ႏွင့္ မညီသလို ျဖစ္လည္းမျဖစ္သင့္ေခ်။
"ေကာင္းပါၿပီ အစ္ကိုဟိန္း။"
သၽွန္ေနာင္က ေခါင္းကို ေက်နပ္စြာၿငိမ့္လိုက္ၿပီးလၽွင္....
" ေကာင္းေသာညပါ အစ္ကိုဟိန္း။"
-------------------------------------
August 22, 2019 Thursday
CV ေလးအတြက္ ေက်းဇူးပါ reta-nan ေရ။ 😘😘😘😘
Edited on – Jan 31, 2021
-------------------------------------