>>>>>Unicode<<<<<
"ဟုတ်ကဲ့... ကျွန်တော် သိပ်တော့ အာမမခံနိုင်ပေမယ့် တတ်နိုင်သမျှတော့ ကြည့်ထားပါ့မယ်။ အဲ့ဒါဆို ဒါပဲနော်။"
သျှန်နောင် ဖုန်းချပြီးသည်နှင့် မမိုးတို့၏ အခြေအနေကို စနည်းနာရန် သီးသန့်အခန်းထဲသို့ ဝင်လာခဲ့သည်။
ပိုးတိမ်လွှာက သွန်းဆက်၏ ကွဲသွားသော နှုတ်ခမ်းကို ရေခဲအုံပေးနေပြီး မမိုးက ဆေးသတ္တာတစ်ခုဖြင့် အလုပ်ရှုပ်နေသည်။ မည်သို့ဆိုစေ မိန်းကလေးနှစ်ဦးမှာ သူ မျှော်လင့်သလို အတော်အတန် တည်ငြိမ်သွားပြီဖြစ်သည်။
"ညီမတို့ အဆင်ပြေလား။ ဘယ်လိုနေသေးလဲ။"
"ဟုတ်ကဲ့။ ဘာမှမလိုပါဘူး အစ်ကို။ ကျေးဇူးတင်ပါတယ်။"
"ညီမလည်း ကျေးဇူးတင်ပါတယ်။"
မိန်းကလေးနှစ်ဦးစလုံးက ကျေးဇူးတင်စကားဆိုလာတော့ သျှန်နောင် ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
"ရပါတယ် ညီမတို့ရယ်။ ဒါနဲ့ ညီမတို့ ပြန်မယ်ဆို ညီမအဖေရဲ့ သက်တော်စောင့် တစ်ယောက်လောက်ကို ဖုန်းခေါ်လိုက်တာ ပိုကောင်းမယ်ထင်တယ်၊"
သျှန်နောင်က တွေးတွေးဆဆဖြင့် ပိုးတိမ်လွှာအား ပြောလိုက်သည်။ ဟုတ်သည်လေ။ သူမလေးတို့နှင့် ပြဿနာတက်သော ထိုအမျိုးသားငယ်သည် လူကြီးပိုင်းမှ လူတစ်ဦး၏ သားအငယ်ဆုံးဖြစ်ကာ အခြားသော လူကြီးသားသမီးများနှင့် ဂိုဏ်းဂဏဖွဲ့၍ ဖခင်၏ အရိုန်အဝါဖြင့် ဆိုးချင်တိုင်းဆိုးနေသော လူငယ်လည်းဖြစ်သည်။ ထိုသို့သော လူမျိုးသည် ဤမိန်းကလေးများကို လွယ်လွယ်နှင့်လွှတ်ပေးလိမ့်မည်မဟုတ်။ သျှန်နောင်မှာ မိမိနှင့်မဆိုင်သလိုနေလို့ရသော်လည်း မျက်နှာလွဲခဲပစ်တော့ မလုပ်လိုပါ။
အထူးသဖြင့် ဤမိန်းကလေးများ အိမ်မရောက်မှီ တစုံတခုဖြစ်သွားမည်ကိုတော့ မလိုလားပါချေ။ ထို့ပြင် သဘာဝဟူသော သတ်မှတ်ချက်ကြီးနှင့် စံတိုက်၍မရသည့် ချစ်ခြင်းမေတ္တာတို့ဖြင့် နှောင်တည်းထားပါသော အတွဲမို့လည်း တတ်နိုင်သမျှ ကာကွယ်ပေးလိုခြင်းဖြစ်သည်။
"ဟင်.... အစ်ကိုက ဖေဖေ့ကို သိတယ်။"
ပိုးတိမ်လွှာမှာ တအံတသြနှင့် မေးလာသည်။ သူမသည်လည်း လူကြီးသားသမီးတစ်ဦးဖြစ်သည်။ သို့သော် ထိုသန့်ဇော်ဟူသော အမျိုးသားငယ်နှင့် ဆန့်ကျင်စွာ တည်ငြိမ်အေးဆေးမှုဖြင့် ကျော်ဇောသူဖြစ်သည်။
"တွေ့ဖူးရုံပါ ညီမရယ်။"
"ဪ။"
ပိုးတိမ်လွှာ စိတ်ထဲတွင် ဤသူသည် သာမာန်ဆိုင်တာဝန်ခံတော့ မဖြစ်နိုင်မှန်း သဘောပေါက်လိုက်သည်။
"အင်း...ဒါပေမယ့်... ဖေဖေက ဖုန်းမကိုင်လောက်ဘူးထင်တယ်။"
သျှန်နောင်မှာ သူ့ကို မျက်ရည်လေးဝဲစွာ ဆိုလာသော သူမကြောင့် မျက်ခုံးကို ပင့်ကာကြည့်လိုက်သည်။
"ကိစ္စမရှိဘူး အစ်ကို။ စိတ်မပူနဲ့။ ဒင်းလောက်ကတော့ သွန်းဆက်ဆွန်းတို့က မမှုဘူး။ ဒီတခါ မျက်စိရှေ့ပေါ်ရဲ ပေါ်လာကြည့်စမ်း။"
သျှန်နောင်မှာ လက်သီးလက်မောင်းတန်းကာ ဓါးကျိန်းကျိန်းသော မိန်းကလေးကို ကြည့်ကာ ရယ်ချင်လာသည်။ လတ်လတ်လောလောတော့ ခံလိုက်ရသူက သူမ မဟုတ်ပါလား။
"ဘာပဲဖြစ်ဖြစ်ပေါ့ ညီမတို့ရယ်။ အစ်ကိုက ညီမတို့ လုံခြုံရေးအတွက် အကြံပေးတာပါ။ တခုခုဆို ညီမတို့အတွက် မကောင်းသလို အစ်ကိုလည်း မကောင်းဘူးဖြစ်တာပေါ့။ ဟိုညီလေးအကြောင်း... အထူးသဖြင့် ညီမက ပိုသိမှာပေါ့။"
သျှန်နောင်က ပိုးတိမ်လွှာဘက်လှည့်ကာပြောလိုက်လျှင် သူမလေးက ထောက်ခံစွာဖြင့် ခေါင်းညိတ်လာသည်။ သွန်းဆက်မှာလည်း ထိုအခါမှပင် အားနာပါးနာဖြင့် ခေါင်းညိတ်တော့သည်။ ဟုတ်တော့လည်း ဟုတ်သည်။ တခုခုဆို ဤလူ၏ ခေါင်းပေါ်ကျမည်မှာ မြေကြီးခတ်မလွဲ။ ဒီကြားထဲ သူမအဖေ၏ စိတ်နှင့်ဆိုမလွယ်။ ဤလူခမျာ ကူလဲကူညီရသေးသည် ပြဿနာလည်းရှင်းရဦးမည်။
"ကောင်းပြီလေ ဆက် အိမ်ကိုခေါ်လိုက်ပါ့မယ့်။ နောက်ပြီး လျော်စရာရှိရင်လည်း ညီမပဲ တာဝန်ယူပါရစေ။"
သျှန်နောင်က သွန်းဆက်ကို လက်ကာပြလိုက်သည်။
"ညီမအမှားမှ မဟုတ်တာ ဘာလို့တာဝန်ယူရမှာလဲ။ ဒီကိစ္စကို ခေါင်းထဲ မထည့်ပါနဲ့။"
"အဲ့ဒါဆို ကျေးဇူးပါ အစ်ကိုရယ်။"
"ရပါတယ်။ ကဲ ဒါဆို အစ်ကို့ကို ခွင့်ပြုဦး။ ကဲ မမိုး ကူညီလက်စနဲ့ ဒီညီမတွေ လိုအပ်တာရှိရင် ဆက်ပြီးကူညီလိုက်ပါဦး။"
"ရပါတယ် အစ်ကို။ အစ်မ လုပ်စရာရှိတာ လုပ်ပါစေ။ ညီမတို့က အိမ်ကိုဖုန်းခေါ်ပြီးရင် ပြန်တော့မှာဆိုတော့ ကိစ္စမရှိပါဘူး။"
သွန်းဆက်က သွက်လက်စွာ ဆိုလာတော့ သျှန်နောင် ခေါင်းညိတ်လိုက်ပါသည်။
"ကောင်းပြီလေ။ ဒါဆို အစ်ကိုတို့ကို ခွင့်ပြုပါဦး။"
"ဟုတ်ကဲ့။ ကျေးဇူးပါ အစ်ကို။"
သျှန်နောင် မမိုးကိုခေါ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ မမိုးခမျာ အပြင်ရောက်မှ သက်ပြင်းချနိုင်တော့သည်။
"သျှန်နောင်ရယ်။ ငါ ခေါင်းတွေတောင်ကိုက်လာပြီ။ ဘယ်နှယ့် ဗြဟ္မာခေါင်းတွေ...။ ပြဿနာတက်စရာရှားလို့ ငါတို့ဆိုင်ကိုမှ မျက်စိကျရသလားဟယ်။ ကြည့်လုပ်နော်။ ပဲလှော်ကြား ဆားညှပ်ဦးမယ်။ ဟိုကောင်လေး ကြည့်ရတာ မလွယ်ကြောလေး။"
"စိတ်မပူပါနဲ့ မမိုးရယ်။ ကဲ မမိုးလုပ်စရာရှိတာသာသွားလုပ်ချေ။"
မမိုးက ခေါင်းညိတ်ကာ ဆိုင်ရှေ့သို့ ဦးတည်သွားသည်။ သျှန်နောင်လည်း ရုံးခန်းရှိရာသို့ လျှောက်လာခဲ့သည်။
"ငါက မင်းတို့ဆရာလာစောင့်ရအောင် မင်းတို့ဆရာက ဘာကောင်မို့လို့လဲ။"
သျှန်နောင် အခန်းထဲသို့ မဝင်ခင်ကပင် ကြားနေလိုက်ရသော ထိုလူငယ်၏ အသံစူးစူးကြောင့် ခေါင်းကို ခါရမ်းလိုက်တော့သည်။ ထို့နောက် တံခါးဖွင့်လိုက်လျှင် စားပွဲပေါ်ခြေထောက်တင်ကာ လုံခြုံရေးတာဝန်ခံ ကိုဟိန်းကို အော်ငေါက်နေသည့် ကိုယ်တော်လေးကို တွေ့ရပါတော့သည်။ သို့သော် ဒင်းရှိသည့်ကိုပင် မသိသည့်ဟန်ဖြင့် ခုံတွင် ဝင်ထိုင်လိုက်သည်။
သန့်ဇော်ကလည်း သူ့ရှေ့တွင် ထိုင်နေသော ထိုလူကို မကြည်မလင်ဖြင့် သေချာ စိုက်ကြည့်လိုက်သည်။ ပြီးပြည့်စုံသည်ဟုဆိုရလောက်သည့် ထိုသူ၏ အလှကား တလိပ်လိပ်ထနေသော ဒေါသများကြားမှပင် သတိမထားပဲမနေနိုင်။
"ခင်ဗျား တော်တော်သတ္တိရှိတာပဲ။ ဘာလို့ကျုပ်ကို ခေါ်ထားလဲ။"
သန့်ဇော်ထံမှ ခြိမ်းခြောက်သလို လေသံက သျှန်နောင်အား ပြုံးမိစေသည်။ ဒီလေသံလောက်ကို သူက ဖြုံမယ်လို့များ ဒီချာတိတ်က ထင်နေတာလား။
"ခင်ဗျား ဘာရယ်တာလဲ။"
"ဪ ညီ့ရဲ့ ချီးကျူးစကားလေးကို သဘောကျလို့ပါ။"
သျှန်နောင်၏ တုန့်ပြန်စကားကြောင့် သန့်ဇော်မှာ ရှူးရှူးရှားရှားဖြစ်သွားပြီး သူ့အား မျက်ထောင့်နီဖြင့် ကြည့်လာသည်။
"ဒီမှာ ခင်ဗျား မိန်းမလို မိန်းမရပြောတာကို နားထောင်ဖို့ အချိန်မရှိဘူး။"
"အေးပါကွာ။ အဲဒါဆိုလည်း မပြောတော့ပါဘူး။ မင်းအမေလာမှာကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စောင့်ပေါ့။"
"ဘယ်လို! ခင်ဗျားက ဘယ်လိုလုပ်ပြီး...."
သန့်ဇော်မှာ တအံတသြဖြင့်မေးလာလျှင် သျှန်နောင့် နှုတ်ခမ်းထက်မှ အပြုံးတို့သည် လှောင်ပြုံးတစ်ခုအဖြစ်သို့ တိတိပပပြောင်းလဲသွားတော့သည်။
"ကမ္ဘာဆိုတာသိပ်မကျယ်ဘူး ညီရဲ့။ ဒီတော့ တို့တတွေ တစ်ယောက်နဲ့တစ်ယောက် သိနေတာ ဆန်းမှမဆန်းပဲ။"
ထိုစဉ် တံခါးခေါက်သံနှင့်အတူ အသက်ငါးဆယ်ခန့်ရှိမည့် အမျိုးသမီးတစ်ဦး ဝင်လာတော့သည်။
"ဟင်...မေမေ!"
"အစ်မပါလား။ ထိုင်ပါ ခင်ဗျာ။"
ထိုအမျိုးသမီးမှာ သန့်ဇော်၏မိခင် ဒေါ်သန်းသန်းစု ဖြစ်သည်။ သူမက သားဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးမှ သျှန်နောင် နေရာချပေးသော ခုံတွင် ဝင်ထိုင်လိုက်သည်။
"အစ်မ ဘာသောက်မလဲ။ အပူလား။ အအေးလား။"
"ရေအေးအေးလေး တစ်ခွက်ပဲပေးစမ်းပါ။ ငါပူလို့သေတော့မယ်။"
"ရစေရမယ် အစ်မရေ။"
သျှန်နောင်က အခန်းထောင့်ရှိ ရေခဲသေတ္တာထဲမှ ရေသန့်ဘူးနှင့် အနီးရှိစင်ပေါ်မှ ဖန်ခွက်တစ်ခုကိုယူလာကာ ဒေါ်သန်းသန်းစု ရှိရာသို့ ပြန်လျှောက်လာခဲ့သည်။ ထို့နောက် ရေဘူးကို ဖွင့်ကာ ကိုယ်တိုင်ကိုယ်ကျ ရေငဲ့ပေးလိုက်သည်။
သန့်ဇော်မှာ မိခင်နှင့် ထိုလူတို့၏ ရင်းနှီးဟန်ရှိသော အပြောအဆိုကြောင့် မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။ မိခင်ကြီးကမူ ရေတခွက်ကို အလုအယက်သောက်နေသည်မှာ သူ့ကိုရှိသည်ဟုပင်မထင်ပုံမရ။
"သျှန်နောင်ရယ် ငါ့သားတစ်ယောက်နဲ့ မင်းကို အားနာတာပဲကွယ်။"
"ကျွန်တော်က ဒီလူကို ဘာလုပ်လို့ မေမေက အားနာရမှာလဲ။"
ဒေါ်သန်းသန်းစုက သန့်ဇော်ကို ဒုတိယအကြိမ် မျက်စောင်းထိုးလိုက်ပြန်သည်။
"မင်း သူ့ဆိုင်မှာ သောင်းကျန်းတာ သူ့ကိုအားနာရမှာပေါ့။"
သန့်ဇော် စိတ်ပျက်စွာဖြင့် ပါးစပ်ပိတ်ပြီး၍သာ ကြည့်နေလိုက်သည်။ တနေ့တနေ့ အလှအပနှင့် အပျော်အပါးမှလွဲလျှင် အခြားဘာမျှ စိတ်မဝင်စားသော မိခင်ကြီးသည် ယခုတော့ သူ့အတွက် ကိုယ်တိုင်ကိုယ်ကျလာရောက်တောင်းပန်နေသည်မှာ အံသြစရာကောင်းလှသည်။ ဒီလူသည် တစ်ခုခုတော့ တစ်ခုခုပင်။
"ရပါတယ် အစ်မရယ်။ သိပ်လည်း အပျက်အစီးရှိတာမှာ မဟုတ်ပဲ။"
"အေးကွယ် အစ်မသားကြောင့်ဆိုတော့ အစ်မတာဝန်ယူရမှာပေါ့။"
"ရပါတယ် အစ်မရယ်။ ဒီတစ်ခေါက်တည်းပဲဟာ။ ရှိပါစေတော့။"
သျှန်နောင်က ဒေါ်သန်းသန်းစုနှင့် သန့်ဇော်ကို သတိပေးသလို တစ်ချက်ကြည့်ကာ တစ်ကြိမ်သာ ခွင့်လွှတ်မည့်အကြောင်းကို သွယ်ဝိုက်ကာပြောလိုက်သည်။
ထိုစဉ် တံခါးခေါက်သံတချို့နှင့်အတူ လူတစ်ဦးက ဝင်ခွင့်တောင်းခံလာသည်။
"လေးနောင် ကျွန်တော် မိုင်းမိုင်ပါ။"
"အေး... ဝင်လာခဲ့"
သျှန်နောင်၏ စကားအဆုံးတွင် အသက် နှစ်ဆယ်ဝန်းကျင်ခန့် ရှိမည့် လူငယ်တစ်ဦး ဝင်လာသည်။ ထိုလူငယ်မှာ အရပ်ရှည်ရှည်နှင့် ချောမောလှပကာ သူနှင့်ပင် ရုပ်ရည်အတန်ဆင်တူသေး၏။
"မင်း... မြန်လိုက်တာ။ ဆိုင်ကယ်နဲ့ လာတာလား။"
"အင်း...။ ဒီမှာ လေးနောင်မှာတဲ့ အထုပ်။"
မိုင်းမိုင်က သျှန်နောင်၏ အမေးကို ခေါင်းညိတ်ကာ ဖြေလိုက်ပြီး သယ်လာသော ပိုက်ဆံထုပ်ကို စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် အခန်းထဲရှိ ဧည့်သည်များ စူးစမ်းသလိုမျက်လုံးများဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ကဲ မင်းလည်းလုပ်စရာရှိတာ လုပ်လိုက်ဦး။ အစ်မတို့လည်း ပြန်တော့မယ် သျှန်နောင်ရေ။"
"ဪ ဟုတ်ကဲ့ အစ်မ။"
သျှန်နောင်က လိုက်ပို့ရန်ထလိုက်လျှင် ဒေါ်သန်းသန်းစုက လက်ကာပြပြီး တားမြစ်လိုက်သည်။ မိုင်းမိုင်ကမူ ထိုသားအမိ အခန်းထဲမှ ထွက်သွားသည်အထိ စောင့်ဆိုင်းကာ သူ သိလိုသည်ကို စတင်မေးပါတော့သည်။
"လေးနောင် ဟိုကောင်က သန့်ဇော်ဆိုတာ မဟုတ်လား။"
"အင်း"
သျှန်နောင်က ပိုက်ဆံများထုတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
မိုင်းမိုင်ကမူ ဒုတိယမေးခွန်းမမေးမှီ စားပွဲရှေ့တွင် သေသေချာချာ နေရာယူလိုက်သေးသည်။ ထို့နောက် ပိုက်ဆံများဖြင့် အလုပ်ရှုပ်နေသော သျှန်နောင်ကို သေသေချာချာကြည့်ကာ...
"လေးနောင်ကို ဘာလုပ်သွားသေးလဲ။"
သျှန်နောင်က ဘာကိုဆိုလိုသနည်းဆိုသော အကြည့်နှင့်ကြည့်လာသောအခါ မိုင်းမိုင်က တွေးတွေးဆဆဟန်ဖြင့်...
"သူ့ဘက်က အမေကြီးတောင် လိုက်လာတယ်ဆိုတော့လေ။ ဟိုတခါတုန်းကလည်း လူတစ်ယောက် လေးနောင်ကို ယီးတီးယာတားလုပ်လို့..."
"ကောင်လေး.... မင်းပေါက်ကတွေ တွေးမနေနဲ့။ မင်း ဦးလေးလို ဘိုးတော်အရွယ်ကို မင်းတို့ အရွယ်လောက်တွေက စိတ်မဝင်စားဘူး။"
"လေးနောင်ကလည်း ဘယ်ကဘိုးတော်မှာကလဲ။ ကျွန်တော့် ကျောင်းကလူတွေဆို လေးနောင်ကို တွေ့ပြီးထဲက "ကိုကြီး၊ ကိုကြီး" နဲ့ ဖြစ်နေတာ တူဖြစ်တဲ့ ကျွန်တော့်တောင် အားမနာဘူး။"
ဟုတ်ပါသည်။ သျှန်နောင်သည် မိုင်းမိုင်ထက် ၁၃ နှစ်မျှကြီးသော်လည်း မသိသူများက ညီအစ်ကိုထင်ရအောင် ရုပ်ရည်က နုနယ်လွန်းသည်။ ထို့ကြောင့် မိုင်းမိုင်ခမျာ မိန်းကလေးများထံမှ "မောင်လေး" ဟူသော အသုံးအနှုန်းနှင့်လည်းကောင်း၊ ယောက်ျားလေးများထံမှ "ယောက်ဖ"ဟူသော အသုံးအနှုန်းနှင့်လည်းကောင်း အသားကျခဲ့ရတော့သည်။
သျှန်နောင် စိတ်မဝင်စားဟန်ဖြင့် ခေါင်းခါလိုက်သည်။ ဒီခေတ်ကလေးများသည် အလွန်ရဲတင်းလှသည့်အပြင် ရိုသေသမှုလည်း မရှိတတ်ပါချေ။
"ကဲပါ မင်းဟာမင်း သွားစရာရှိတာသာ ဖြောင့်ဖြောင့်တန်းတန်းသွားပြီး ဖြောင့်ဖြောင့်တန်းတန်းပြန်လာခဲ့။"
မိုင်းမိုင်မှာ သူ့အား နှင်ချေပြီကို သိသည့်အားလျှော်စွာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
"သွားပါ့မယ်ဗျာ။ ဒါပေမယ့် မသွားခင် ခြေကြွခလေးများ မစရင် သိပ်ကျေးဇူးတင်မှာပဲ ကိုကိုနောင်ရယ်။"
သျှန်နောင်မှာ 'ကိုကိုနောင်' ဟူသော အခေါ်အဝေါ်ကြောင့် ယားကျိကျိဖြစ်သွားပြီး ပိုက်ဆံတစ်ထပ်ကို ကမ်းပေးလိုက်သည်။
"ဟေ့ကောင်! ရော့... ရော့။ သွား..သွား။"
"လေးနောင်ကလည်းဗျာ။ ကိုယ်တူလေးကိုယ် မုန့်ဖိုးပေးတာ မသထာသလိုနဲ့။"
"သထာပါတယ်ဗျာ။ ယူပါ။ ကျွန်တော့် ပိုက်ဆံတွေကို ခင်ဗျားတို့ကလွဲလို့ သုံးမယ့်သူလည်း မရှိပါဘူးဗျာ။ ဒါကြောင့် သထာပါတယ်ဗျာ။"
"အဲဒါကြောင့် လေးနောင်ကို ပြောတာ အိမ်ထောင်ပြုပါလို့။"
"ဘာဆိုင်လို့လဲ။ ငါ အိမ်ထောင်ပြုရင် မင်းတို့က ငါ့ဆီက ပိုက်ဆံမတောင်းပဲနေမှာမှ မဟုတ်ဘဲ။ ငါ့မှာ ရှာကျွေးရတဲ့သူ တစ်ယောက်တောင်ပိုလာဦးမယ်။ ငါဟာငါ အေးအေးနေပါရစေကွာ။"
"ရှာမကျွေးချင်ရင် ကိုယ့်ကိုရှာကျွေးမယ့် ယောက်ျားယူလေ။ လေးနောင်မှာ ဝိုင်းဝိုင်းလည်နေတာပဲ မဟုတ်လား။ သင့်တော်တဲ့လူရှိရင် ဆွဲသာထားလိုက်။ ကားတင်ပြေးမယ်ဆိုလည်းပြော။ ကျွန်တော်ကူညီမယ်။"
မိုင်းမိုင်က ဦးလေးဖြစ်သူ သျှန်နောင်၏ သူမတူသောအချက်ကို သိသည့်အားလျော်စွာ တိုက်တွန်းလိုက်သည်။ သူရယ်စရာအဖြစ်ပြောနေသော်လည်း ဦးလေးဖြစ်သူကို အမှန်ပင် ဘဝလက်တွဲဖော်ဖြင့် ပျော်ရွင်စေလိုပါသည်။
"ကောင်လေး ပေါက်တတ်ကရတွေပြောမနေနဲ့။ မင်းဟာမင်း သွားစရာရှိတာ သွားစမ်းပါ။"
ထိုအခါမှ မိုင်းမိုင်မှာ အောင်နိုင်သူလို ရယ်မောလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားတော့သည်။
အခန်းထဲဝယ် မည်သူမျှမရှိသောအခါမှ သျှန်နောင် ထိုင်ခုံကို ခြေပစ်လက်ပစ်ပင် မှီချလိုက်သည်။ ထို့နောက် အတန်ကြာအောင် မျက်နှာကြက်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေရာမှ သက်ပြင်းခပ်လေးလေးတစ်ခု ရှိုက်လိုက်ပါတော့သည်။
ဘယ်သင့်တင့်သော ယောက်ျားကမှ သူ့လက်ကိုမြဲမြဲမြန်မြန်ကိုင်ဆွဲ၍ 'သဘာဝလွန်' ဟူသော ပတ်ဝန်းကျင်၏ ပညတ်ချက်ကို ရင်ဆိုင်ရန် သတ္တိမရှိဘူး မဟုတ်ပါလား။
--------------------------------------
August 21, 2019 Wednesday
Edited on – Jan 31, 2021
--------------------------------------
>>>>>ZawGyi<<<<<
"ဟုတ္ကဲ့... ကၽြန္ေတာ္ သိပ္ေတာ့ အာမမခံနိုင္ေပမယ့္ တတ္နိုင္သမၽွေတာ့ ၾကည့္ထားပါ့မယ္။ အဲ့ဒါဆို ဒါပဲေနာ္။"
သၽွန္ေနာင္ ဖုန္းခ်ၿပီးသည္ႏွင့္ မမိုးတို႔၏ အေျခအေနကို စနည္းနာရန္ သီးသန႔္အခန္းထဲသို႔ ဝင္လာခဲ့သည္။
ပိုးတိမ္လႊာက သြန္းဆက္၏ ကြဲသြားေသာ ႏႈတ္ခမ္းကို ေရခဲအုံေပးေနၿပီး မမိုးက ေဆးသတၱာတစ္ခုျဖင့္ အလုပ္ရႈပ္ေနသည္။ မည္သို႔ဆိုေစ မိန္းကေလးႏွစ္ဦးမွာ သူ ေမၽွာ္လင့္သလို အေတာ္အတန္ တည္ၿငိမ္သြားၿပီျဖစ္သည္။
"ညီမတို႔ အဆင္ေျပလား။ ဘယ္လိုေနေသးလဲ။"
"ဟုတ္ကဲ့။ ဘာမွမလိုပါဘူး အစ္ကို။ ေက်းဇူးတင္ပါတယ္။"
"ညီမလည္း ေက်းဇူးတင္ပါတယ္။"
မိန္းကေလးႏွစ္ဦးစလုံးက ေက်းဇူးတင္စကားဆိုလာေတာ့ သၽွန္ေနာင္ ေခါင္းညိတ္ကာ ျပဳံးျပလိုက္သည္။
"ရပါတယ္ ညီမတို႔ရယ္။ ဒါနဲ႔ ညီမတို႔ ျပန္မယ္ဆို ညီမအေဖရဲ့ သက္ေတာ္ေစာင့္ တစ္ေယာက္ေလာက္ကို ဖုန္းေခၚလိုက္တာ ပိုေကာင္းမယ္ထင္တယ္၊"
သၽွန္ေနာင္က ေတြးေတြးဆဆျဖင့္ ပိုးတိမ္လႊာအား ေျပာလိုက္သည္။ ဟုတ္သည္ေလ။ သူမေလးတို႔ႏွင့္ ျပႆနာတက္ေသာ ထိုအမ်ိဳးသားငယ္သည္ လူႀကီးပိုင္းမွ လူတစ္ဦး၏ သားအငယ္ဆုံးျဖစ္ကာ အျခားေသာ လူႀကီးသားသမီးမ်ားႏွင့္ ဂိုဏ္းဂဏဖြဲ႕၍ ဖခင္၏ အရိုန္အဝါျဖင့္ ဆိုးခ်င္တိုင္းဆိုးေနေသာ လူငယ္လည္းျဖစ္သည္။ ထိုသို႔ေသာ လူမ်ိဳးသည္ ဤမိန္းကေလးမ်ားကို လြယ္လြယ္ႏွင့္လႊတ္ေပးလိမ့္မည္မဟုတ္။ သၽွန္ေနာင္မွာ မိမိႏွင့္မဆိုင္သလိုေနလို႔ရေသာ္လည္း မ်က္ႏွာလြဲခဲပစ္ေတာ့ မလုပ္လိုပါ။
အထူးသျဖင့္ ဤမိန္းကေလးမ်ား အိမ္မေရာက္မွီ တစုံတခုျဖစ္သြားမည္ကိုေတာ့ မလိုလားပါေခ်။ ထို႔ျပင္ သဘာဝဟူေသာ သတ္မွတ္ခ်က္ႀကီးႏွင့္ စံတိုက္၍မရသည့္ ခ်စ္ျခင္းေမတၱာတို႔ျဖင့္ ေႏွာင္တည္းထားပါေသာ အတြဲမို႔လည္း တတ္နိုင္သမၽွ ကာကြယ္ေပးလိုျခင္းျဖစ္သည္။
"ဟင္.... အစ္ကိုက ေဖေဖ့ကို သိတယ္။"
ပိုးတိမ္လႊာမွာ တအံတၾသႏွင့္ ေမးလာသည္။ သူမသည္လည္း လူႀကီးသားသမီးတစ္ဦးျဖစ္သည္။ သို႔ေသာ္ ထိုသန႔္ေဇာ္ဟူေသာ အမ်ိဳးသားငယ္ႏွင့္ ဆန႔္က်င္စြာ တည္ၿငိမ္ေအးေဆးမႈျဖင့္ ေက်ာ္ေဇာသူျဖစ္သည္။
"ေတြ႕ဖူး႐ုံပါ ညီမရယ္။"
"ဪ။"
ပိုးတိမ္လႊာ စိတ္ထဲတြင္ ဤသူသည္ သာမာန္ဆိုင္တာဝန္ခံေတာ့ မျဖစ္နိုင္မွန္း သေဘာေပါက္လိုက္သည္။
"အင္း...ဒါေပမယ့္... ေဖေဖက ဖုန္းမကိုင္ေလာက္ဘူးထင္တယ္။"
သၽွန္ေနာင္မွာ သူ႔ကို မ်က္ရည္ေလးဝဲစြာ ဆိုလာေသာ သူမေၾကာင့္ မ်က္ခုံးကို ပင့္ကာၾကည့္လိုက္သည္။
"ကိစၥမရွိဘူး အစ္ကို။ စိတ္မပူနဲ႔။ ဒင္းေလာက္ကေတာ့ သြန္းဆက္ဆြန္းတို႔က မမႈဘူး။ ဒီတခါ မ်က္စိေရွ႕ေပၚရဲ ေပၚလာၾကည့္စမ္း။"
သၽွန္ေနာင္မွာ လက္သီးလက္ေမာင္းတန္းကာ ဓါးက်ိန္းက်ိန္းေသာ မိန္းကေလးကို ၾကည့္ကာ ရယ္ခ်င္လာသည္။ လတ္လတ္ေလာေလာေတာ့ ခံလိုက္ရသူက သူမ မဟုတ္ပါလား။
"ဘာပဲျဖစ္ျဖစ္ေပါ့ ညီမတို႔ရယ္။ အစ္ကိုက ညီမတို႔ လုံျခဳံေရးအတြက္ အႀကံေပးတာပါ။ တခုခုဆို ညီမတို႔အတြက္ မေကာင္းသလို အစ္ကိုလည္း မေကာင္းဘူးျဖစ္တာေပါ့။ ဟိုညီေလးအေၾကာင္း... အထူးသျဖင့္ ညီမက ပိုသိမွာေပါ့။"
သၽွန္ေနာင္က ပိုးတိမ္လႊာဘက္လွည့္ကာေျပာလိုက္လၽွင္ သူမေလးက ေထာက္ခံစြာျဖင့္ ေခါင္းညိတ္လာသည္။ သြန္းဆက္မွာလည္း ထိုအခါမွပင္ အားနာပါးနာျဖင့္ ေခါင္းညိတ္ေတာ့သည္။ ဟုတ္ေတာ့လည္း ဟုတ္သည္။ တခုခုဆို ဤလူ၏ ေခါင္းေပၚက်မည္မွာ ေျမႀကီးခတ္မလြဲ။ ဒီၾကားထဲ သူမအေဖ၏ စိတ္ႏွင့္ဆိုမလြယ္။ ဤလူခမ်ာ ကူလဲကူညီရေသးသည္ ျပႆနာလည္းရွင္းရဦးမည္။
"ေကာင္းၿပီေလ ဆက္ အိမ္ကိုေခၚလိုက္ပါ့မယ့္။ ေနာက္ၿပီး ေလ်ာ္စရာရွိရင္လည္း ညီမပဲ တာဝန္ယူပါရေစ။"
သၽွန္ေနာင္က သြန္းဆက္ကို လက္ကာျပလိုက္သည္။
"ညီမအမွားမွ မဟုတ္တာ ဘာလို႔တာဝန္ယူရမွာလဲ။ ဒီကိစၥကို ေခါင္းထဲ မထည့္ပါနဲ႔။"
"အဲ့ဒါဆို ေက်းဇူးပါ အစ္ကိုရယ္။"
"ရပါတယ္။ ကဲ ဒါဆို အစ္ကို႔ကို ခြင့္ျပဳဦး။ ကဲ မမိုး ကူညီလက္စနဲ႔ ဒီညီမေတြ လိုအပ္တာရွိရင္ ဆက္ၿပီးကူညီလိုက္ပါဦး။"
"ရပါတယ္ အစ္ကို။ အစ္မ လုပ္စရာရွိတာ လုပ္ပါေစ။ ညီမတို႔က အိမ္ကိုဖုန္းေခၚၿပီးရင္ ျပန္ေတာ့မွာဆိုေတာ့ ကိစၥမရွိပါဘူး။"
သြန္းဆက္က သြက္လက္စြာ ဆိုလာေတာ့ သၽွန္ေနာင္ ေခါင္းညိတ္လိုက္ပါသည္။
"ေကာင္းၿပီေလ။ ဒါဆို အစ္ကိုတို႔ကို ခြင့္ျပဳပါဦး။"
"ဟုတ္ကဲ့။ ေက်းဇူးပါ အစ္ကို။"
သၽွန္ေနာင္ မမိုးကိုေခၚကာ အခန္းထဲမွ ထြက္လာခဲ့သည္။ မမိုးခမ်ာ အျပင္ေရာက္မွ သက္ျပင္းခ်နိုင္ေတာ့သည္။
"သၽွန္ေနာင္ရယ္။ ငါ ေခါင္းေတြေတာင္ကိုက္လာၿပီ။ ဘယ္ႏွယ့္ ျဗဟၼာေခါင္းေတြ...။ ျပႆနာတက္စရာရွားလို႔ ငါတို႔ဆိုင္ကိုမွ မ်က္စိက်ရသလားဟယ္။ ၾကည့္လုပ္ေနာ္။ ပဲေလွာ္ၾကား ဆားညႇပ္ဦးမယ္။ ဟိုေကာင္ေလး ၾကည့္ရတာ မလြယ္ေၾကာေလး။"
"စိတ္မပူပါနဲ႔ မမိုးရယ္။ ကဲ မမိုးလုပ္စရာရွိတာသာသြားလုပ္ေခ်။"
မမိုးက ေခါင္းညိတ္ကာ ဆိုင္ေရွ႕သို႔ ဦးတည္သြားသည္။ သၽွန္ေနာင္လည္း ႐ုံးခန္းရွိရာသို႔ ေလၽွာက္လာခဲ့သည္။
"ငါက မင္းတို႔ဆရာလာေစာင့္ရေအာင္ မင္းတို႔ဆရာက ဘာေကာင္မို႔လို႔လဲ။"
သၽွန္ေနာင္ အခန္းထဲသို႔ မဝင္ခင္ကပင္ ၾကားေနလိုက္ရေသာ ထိုလူငယ္၏ အသံစူးစူးေၾကာင့္ ေခါင္းကို ခါရမ္းလိုက္ေတာ့သည္။ ထို႔ေနာက္ တံခါးဖြင့္လိုက္လၽွင္ စားပြဲေပၚေျခေထာက္တင္ကာ လုံျခဳံေရးတာဝန္ခံ ကိုဟိန္းကို ေအာ္ေငါက္ေနသည့္ ကိုယ္ေတာ္ေလးကို ေတြ႕ရပါေတာ့သည္။ သို႔ေသာ္ ဒင္းရွိသည့္ကိုပင္ မသိသည့္ဟန္ျဖင့္ ခုံတြင္ ဝင္ထိုင္လိုက္သည္။
သန႔္ေဇာ္ကလည္း သူ႔ေရွ႕တြင္ ထိုင္ေနေသာ ထိုလူကို မၾကည္မလင္ျဖင့္ ေသခ်ာ စိုက္ၾကည့္လိုက္သည္။ ၿပီးျပည့္စုံသည္ဟုဆိုရေလာက္သည့္ ထိုသူ၏ အလွကား တလိပ္လိပ္ထေနေသာ ေဒါသမ်ားၾကားမွပင္ သတိမထားပဲမေနနိုင္။
"ခင္ဗ်ား ေတာ္ေတာ္သတၱိရွိတာပဲ။ ဘာလို႔က်ဳပ္ကို ေခၚထားလဲ။"
သန႔္ေဇာ္ထံမွ ၿခိမ္းေျခာက္သလို ေလသံက သၽွန္ေနာင္အား ျပဳံးမိေစသည္။ ဒီေလသံေလာက္ကို သူက ျဖဳံမယ္လို႔မ်ား ဒီခ်ာတိတ္က ထင္ေနတာလား။
"ခင္ဗ်ား ဘာရယ္တာလဲ။"
"ဪ ညီ့ရဲ့ ခ်ီးက်ဴးစကားေလးကို သေဘာက်လို႔ပါ။"
သၽွန္ေနာင္၏ တုန႔္ျပန္စကားေၾကာင့္ သန႔္ေဇာ္မွာ ရႉးရႉးရွားရွားျဖစ္သြားၿပီး သူ႔အား မ်က္ေထာင့္နီျဖင့္ ၾကည့္လာသည္။
"ဒီမွာ ခင္ဗ်ား မိန္းမလို မိန္းမရေျပာတာကို နားေထာင္ဖို႔ အခ်ိန္မရွိဘူး။"
"ေအးပါကြာ။ အဲဒါဆိုလည္း မေျပာေတာ့ပါဘူး။ မင္းအေမလာမွာကို တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ေစာင့္ေပါ့။"
"ဘယ္လို! ခင္ဗ်ားက ဘယ္လိုလုပ္ၿပီး...."
သန႔္ေဇာ္မွာ တအံတၾသျဖင့္ေမးလာလၽွင္ သၽွန္ေနာင့္ ႏႈတ္ခမ္းထက္မွ အျပဳံးတို႔သည္ ေလွာင္ျပဳံးတစ္ခုအျဖစ္သို႔ တိတိပပေျပာင္းလဲသြားေတာ့သည္။
"ကမၻာဆိုတာသိပ္မက်ယ္ဘူး ညီရဲ့။ ဒီေတာ့ တို႔တေတြ တစ္ေယာက္နဲ႔တစ္ေယာက္ သိေနတာ ဆန္းမွမဆန္းပဲ။"
ထိုစဥ္ တံခါးေခါက္သံႏွင့္အတူ အသက္ငါးဆယ္ခန႔္ရွိမည့္ အမ်ိဳးသမီးတစ္ဦး ဝင္လာေတာ့သည္။
"ဟင္...ေမေမ!"
"အစ္မပါလား။ ထိုင္ပါ ခင္ဗ်ာ။"
ထိုအမ်ိဳးသမီးမွာ သန႔္ေဇာ္၏မိခင္ ေဒၚသန္းသန္းစု ျဖစ္သည္။ သူမက သားျဖစ္သူကို မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီးမွ သၽွန္ေနာင္ ေနရာခ်ေပးေသာ ခုံတြင္ ဝင္ထိုင္လိုက္သည္။
"အစ္မ ဘာေသာက္မလဲ။ အပူလား။ အေအးလား။"
"ေရေအးေအးေလး တစ္ခြက္ပဲေပးစမ္းပါ။ ငါပူလို႔ေသေတာ့မယ္။"
"ရေစရမယ္ အစ္မေရ။"
သၽွန္ေနာင္က အခန္းေထာင့္ရွိ ေရခဲေသတၱာထဲမွ ေရသန႔္ဘူးႏွင့္ အနီးရွိစင္ေပၚမွ ဖန္ခြက္တစ္ခုကိုယူလာကာ ေဒၚသန္းသန္းစု ရွိရာသို႔ ျပန္ေလၽွာက္လာခဲ့သည္။ ထို႔ေနာက္ ေရဘူးကို ဖြင့္ကာ ကိုယ္တိုင္ကိုယ္က် ေရငဲ့ေပးလိုက္သည္။
သန႔္ေဇာ္မွာ မိခင္ႏွင့္ ထိုလူတို႔၏ ရင္းႏွီးဟန္ရွိေသာ အေျပာအဆိုေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနမိသည္။ မိခင္ႀကီးကမူ ေရတခြက္ကို အလုအယက္ေသာက္ေနသည္မွာ သူ႔ကိုရွိသည္ဟုပင္မထင္ပုံမရ။
"သၽွန္ေနာင္ရယ္ ငါ့သားတစ္ေယာက္နဲ႔ မင္းကို အားနာတာပဲကြယ္။"
"ကၽြန္ေတာ္က ဒီလူကို ဘာလုပ္လို႔ ေမေမက အားနာရမွာလဲ။"
ေဒၚသန္းသန္းစုက သန႔္ေဇာ္ကို ဒုတိယအႀကိမ္ မ်က္ေစာင္းထိုးလိုက္ျပန္သည္။
"မင္း သူ႔ဆိုင္မွာ ေသာင္းက်န္းတာ သူ႔ကိုအားနာရမွာေပါ့။"
သန႔္ေဇာ္ စိတ္ပ်က္စြာျဖင့္ ပါးစပ္ပိတ္ၿပီး၍သာ ၾကည့္ေနလိုက္သည္။ တေန႔တေန႔ အလွအပႏွင့္ အေပ်ာ္အပါးမွလြဲလၽွင္ အျခားဘာမၽွ စိတ္မဝင္စားေသာ မိခင္ႀကီးသည္ ယခုေတာ့ သူ႔အတြက္ ကိုယ္တိုင္ကိုယ္က်လာေရာက္ေတာင္းပန္ေနသည္မွာ အံၾသစရာေကာင္းလွသည္။ ဒီလူသည္ တစ္ခုခုေတာ့ တစ္ခုခုပင္။
"ရပါတယ္ အစ္မရယ္။ သိပ္လည္း အပ်က္အစီးရွိတာမွာ မဟုတ္ပဲ။"
"ေအးကြယ္ အစ္မသားေၾကာင့္ဆိုေတာ့ အစ္မတာဝန္ယူရမွာေပါ့။"
"ရပါတယ္ အစ္မရယ္။ ဒီတစ္ေခါက္တည္းပဲဟာ။ ရွိပါေစေတာ့။"
သၽွန္ေနာင္က ေဒၚသန္းသန္းစုႏွင့္ သန႔္ေဇာ္ကို သတိေပးသလို တစ္ခ်က္ၾကည့္ကာ တစ္ႀကိမ္သာ ခြင့္လႊတ္မည့္အေၾကာင္းကို သြယ္ဝိုက္ကာေျပာလိုက္သည္။
ထိုစဥ္ တံခါးေခါက္သံတခ်ိဳ႕ႏွင့္အတူ လူတစ္ဦးက ဝင္ခြင့္ေတာင္းခံလာသည္။
"ေလးေနာင္ ကၽြန္ေတာ္ မိုင္းမိုင္ပါ။"
"ေအး... ဝင္လာခဲ့"
သၽွန္ေနာင္၏ စကားအဆုံးတြင္ အသက္ ႏွစ္ဆယ္ဝန္းက်င္ခန႔္ ရွိမည့္ လူငယ္တစ္ဦး ဝင္လာသည္။ ထိုလူငယ္မွာ အရပ္ရွည္ရွည္ႏွင့္ ေခ်ာေမာလွပကာ သူႏွင့္ပင္ ႐ုပ္ရည္အတန္ဆင္တူေသး၏။
"မင္း... ျမန္လိုက္တာ။ ဆိုင္ကယ္နဲ႔ လာတာလား။"
"အင္း...။ ဒီမွာ ေလးေနာင္မွာတဲ့ အထုပ္။"
မိုင္းမိုင္က သၽွန္ေနာင္၏ အေမးကို ေခါင္းညိတ္ကာ ေျဖလိုက္ၿပီး သယ္လာေသာ ပိုက္ဆံထုပ္ကို စားပြဲေပၚတြင္ တင္လိုက္သည္။ ထို႔ေနာက္ အခန္းထဲရွိ ဧည့္သည္မ်ား စူးစမ္းသလိုမ်က္လုံးမ်ားျဖင့္ တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။
"ကဲ မင္းလည္းလုပ္စရာရွိတာ လုပ္လိုက္ဦး။ အစ္မတို႔လည္း ျပန္ေတာ့မယ္ သၽွန္ေနာင္ေရ။"
"ဪ ဟုတ္ကဲ့ အစ္မ။"
သၽွန္ေနာင္က လိုက္ပို႔ရန္ထလိုက္လၽွင္ ေဒၚသန္းသန္းစုက လက္ကာျပၿပီး တားျမစ္လိုက္သည္။ မိုင္းမိုင္ကမူ ထိုသားအမိ အခန္းထဲမွ ထြက္သြားသည္အထိ ေစာင့္ဆိုင္းကာ သူ သိလိုသည္ကို စတင္ေမးပါေတာ့သည္။
"ေလးေနာင္ ဟိုေကာင္က သန႔္ေဇာ္ဆိုတာ မဟုတ္လား။"
"အင္း"
သၽွန္ေနာင္က ပိုက္ဆံမ်ားထုတ္ရင္း ေခါင္းညိတ္ျပလိုက္သည္။
မိုင္းမိုင္ကမူ ဒုတိယေမးခြန္းမေမးမွီ စားပြဲေရွ႕တြင္ ေသေသခ်ာခ်ာ ေနရာယူလိုက္ေသးသည္။ ထို႔ေနာက္ ပိုက္ဆံမ်ားျဖင့္ အလုပ္ရႈပ္ေနေသာ သၽွန္ေနာင္ကို ေသေသခ်ာခ်ာၾကည့္ကာ...
"ေလးေနာင္ကို ဘာလုပ္သြားေသးလဲ။"
သၽွန္ေနာင္က ဘာကိုဆိုလိုသနည္းဆိုေသာ အၾကည့္ႏွင့္ၾကည့္လာေသာအခါ မိုင္းမိုင္က ေတြးေတြးဆဆဟန္ျဖင့္...
"သူ႔ဘက္က အေမႀကီးေတာင္ လိုက္လာတယ္ဆိုေတာ့ေလ။ ဟိုတခါတုန္းကလည္း လူတစ္ေယာက္ ေလးေနာင္ကို ယီးတီးယာတားလုပ္လို႔..."
"ေကာင္ေလး.... မင္းေပါက္ကေတြ ေတြးမေနနဲ႔။ မင္း ဦးေလးလို ဘိုးေတာ္အရြယ္ကို မင္းတို႔ အရြယ္ေလာက္ေတြက စိတ္မဝင္စားဘူး။"
"ေလးေနာင္ကလည္း ဘယ္ကဘိုးေတာ္မွာကလဲ။ ကၽြန္ေတာ့္ ေက်ာင္းကလူေတြဆို ေလးေနာင္ကို ေတြ႕ၿပီးထဲက "ကိုႀကီး၊ ကိုႀကီး" နဲ႔ ျဖစ္ေနတာ တူျဖစ္တဲ့ ကၽြန္ေတာ့္ေတာင္ အားမနာဘူး။"
ဟုတ္ပါသည္။ သၽွန္ေနာင္သည္ မိုင္းမိုင္ထက္ ၁၃ ႏွစ္မၽွႀကီးေသာ္လည္း မသိသူမ်ားက ညီအစ္ကိုထင္ရေအာင္ ႐ုပ္ရည္က ႏုနယ္လြန္းသည္။ ထို႔ေၾကာင့္ မိုင္းမိုင္ခမ်ာ မိန္းကေလးမ်ားထံမွ "ေမာင္ေလး" ဟူေသာ အသုံးအႏႈန္းႏွင့္လည္းေကာင္း၊ ေယာက္်ားေလးမ်ားထံမွ "ေယာက္ဖ"ဟူေသာ အသုံးအႏႈန္းႏွင့္လည္းေကာင္း အသားက်ခဲ့ရေတာ့သည္။
သၽွန္ေနာင္ စိတ္မဝင္စားဟန္ျဖင့္ ေခါင္းခါလိုက္သည္။ ဒီေခတ္ကေလးမ်ားသည္ အလြန္ရဲတင္းလွသည့္အျပင္ ရိုေသသမႈလည္း မရွိတတ္ပါေခ်။
"ကဲပါ မင္းဟာမင္း သြားစရာရွိတာသာ ေျဖာင့္ေျဖာင့္တန္းတန္းသြားၿပီး ေျဖာင့္ေျဖာင့္တန္းတန္းျပန္လာခဲ့။"
မိုင္းမိုင္မွာ သူ႔အား ႏွင္ေခ်ၿပီကို သိသည့္အားေလၽွာ္စြာ ညစ္က်ယ္က်ယ္ျပဳံးလိုက္သည္။
"သြားပါ့မယ္ဗ်ာ။ ဒါေပမယ့္ မသြားခင္ ေျခႂကြခေလးမ်ား မစရင္ သိပ္ေက်းဇူးတင္မွာပဲ ကိုကိုေနာင္ရယ္။"
သၽွန္ေနာင္မွာ 'ကိုကိုေနာင္' ဟူေသာ အေခၚအေဝၚေၾကာင့္ ယားက်ိက်ိျဖစ္သြားၿပီး ပိုက္ဆံတစ္ထပ္ကို ကမ္းေပးလိုက္သည္။
"ေဟ့ေကာင္! ေရာ့... ေရာ့။ သြား..သြား။"
"ေလးေနာင္ကလည္းဗ်ာ။ ကိုယ္တူေလးကိုယ္ မုန႔္ဖိုးေပးတာ မသထာသလိုနဲ႔။"
"သထာပါတယ္ဗ်ာ။ ယူပါ။ ကၽြန္ေတာ့္ ပိုက္ဆံေတြကို ခင္ဗ်ားတို႔ကလြဲလို႔ သုံးမယ့္သူလည္း မရွိပါဘူးဗ်ာ။ ဒါေၾကာင့္ သထာပါတယ္ဗ်ာ။"
"အဲဒါေၾကာင့္ ေလးေနာင္ကို ေျပာတာ အိမ္ေထာင္ျပဳပါလို႔။"
"ဘာဆိုင္လို႔လဲ။ ငါ အိမ္ေထာင္ျပဳရင္ မင္းတို႔က ငါ့ဆီက ပိုက္ဆံမေတာင္းပဲေနမွာမွ မဟုတ္ဘဲ။ ငါ့မွာ ရွာေကၽြးရတဲ့သူ တစ္ေယာက္ေတာင္ပိုလာဦးမယ္။ ငါဟာငါ ေအးေအးေနပါရေစကြာ။"
"ရွာမေကၽြးခ်င္ရင္ ကိုယ့္ကိုရွာေကၽြးမယ့္ ေယာက္်ားယူေလ။ ေလးေနာင္မွာ ဝိုင္းဝိုင္းလည္ေနတာပဲ မဟုတ္လား။ သင့္ေတာ္တဲ့လူရွိရင္ ဆြဲသာထားလိုက္။ ကားတင္ေျပးမယ္ဆိုလည္းေျပာ။ ကၽြန္ေတာ္ကူညီမယ္။"
မိုင္းမိုင္က ဦးေလးျဖစ္သူ သၽွန္ေနာင္၏ သူမတူေသာအခ်က္ကို သိသည့္အားေလ်ာ္စြာ တိုက္တြန္းလိုက္သည္။ သူရယ္စရာအျဖစ္ေျပာေနေသာ္လည္း ဦးေလးျဖစ္သူကို အမွန္ပင္ ဘဝလက္တြဲေဖာ္ျဖင့္ ေပ်ာ္ရြင္ေစလိုပါသည္။
"ေကာင္ေလး ေပါက္တတ္ကရေတြေျပာမေနနဲ႔။ မင္းဟာမင္း သြားစရာရွိတာ သြားစမ္းပါ။"
ထိုအခါမွ မိုင္းမိုင္မွာ ေအာင္နိုင္သူလို ရယ္ေမာလိုက္ၿပီး အခန္းထဲမွ ထြက္ခြာသြားေတာ့သည္။
အခန္းထဲဝယ္ မည္သူမၽွမရွိေသာအခါမွ သၽွန္ေနာင္ ထိုင္ခုံကို ေျခပစ္လက္ပစ္ပင္ မွီခ်လိုက္သည္။ ထို႔ေနာက္ အတန္ၾကာေအာင္ မ်က္ႏွာၾကက္ကို အဓိပၸာယ္မဲ့ ေငးၾကည့္ေနရာမွ သက္ျပင္းခပ္ေလးေလးတစ္ခု ရွိုက္လိုက္ပါေတာ့သည္။
ဘယ္သင့္တင့္ေသာ ေယာက္်ားကမွ သူ႔လက္ကိုျမဲျမဲျမန္ျမန္ကိုင္ဆြဲ၍ 'သဘာဝလြန္' ဟူေသာ ပတ္ဝန္းက်င္၏ ပညတ္ခ်က္ကို ရင္ဆိုင္ရန္ သတၱိမရွိဘူး မဟုတ္ပါလား။
--------------------------------------
August 21, 2019 Wednesday
Edited on – Jan 31, 2021
--------------------------------------