"ေကာင္ေလး! ဒီအိမ္ကိုဝယ္မွာေသခ်ာလား?"
အိမ္ပြဲစားအေဒၚႀကီးကေမးသည္။
"ေသခ်ာပါတယ္။"
လက္သီးကိုတင္းၾကပ္စြာဆုပ္ထား၍ သူျပန္ေျဖလိုက္ေလသည္။ သူသိခ်င္ေနတဲ့အရာေတြ ဒီအိမ္ႀကီးထဲမွာမ်ား႐ွိေနေလမလား သူအနည္းငယ္ေတာ့ေမၽွာ္လင့္ခ်င္သည္။
သူသိခ်င္ေနတဲ့အရာေတြကိုသိလာရင္ေရာ သူေနာင္တရမွာလား? သူေတြးမိျပန္သည္။အိမ္အိုႀကီးကိုၾကည့္လိုက္မိေလေတာ့ ျပဴတင္းေပါက္တစ္ခုမွ မ်က္လံုးတစ္စံုကိုလွစ္ခနဲ ျမင္လိုက္ရေလသည္။ သူေက်ာခ်မ္းသြားမိသည္။ သူအျမင္မွားတာ ျဖစ္မွာပါေလ။
စာခ်ဳပ္ကိစၥအဝ,ဝ ေဆာင္႐ြက္ၿပီးသည္ႏွင့္တစ္ပါတည္းသယ္လာသည့္ပစၥည္းမ်ားကိုအိမ္ထဲသို႔ေ႐ႊ႕သည္။
"အိ...မထိနဲ႔...ကိုယ့္ဘာကိုယ္သယ္မယ္"
ေမာင္းသူေဘးခံုတြင္ခ်ထားေသာ အညိဳေရာင္ပလက္စတစ္ဗူးေလးအား သူအသာမရင္းသာ အိမ္ထဲသို႔တစ္လွမ္းခ်င္းဝင္ခဲ့လိုက္ေတာ့သည္။ထိုဗူးေလးအား မည္သူမွ်ထိသည္ကိုမႀကိဳက္ပါေလ။
"ကိုကို ဒီမွာတစ္ေယာက္တည္းေနလို႔ အဆင္ေျပပါ့မလား"
ပစၥည္းကူေ႐ႊ႕ေပးရန္လိုက္လာေသာညီမျဖစ္သူကအိမ္အတြင္းသို႔တစ္ခ်က္ေဝွ႕ၾကည့္ရင္းစိတ္မခ်ဟန္ေမးသည္။အိမ္ႀက္ီးသည္ ေရနံႀကီးဝကာ မိႈင္းညိဳ႕ေန၏။ႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီးတြင္ လူမေနသည္မွာၾကာသည့္ဟန္ အိုေဟာင္း၍လြမ္းေဆြးဖြယ္လည္းေကာင္းေနျပန္၏။
"တစ္ခုခုမွတ္မိလား ကိုကို"
ဒီအိမ္ႀကီးတြင္ႀကီးႀကီးမားမားအျဖစ္အပ်က္တစ္ခုခုေတာ့ျဖစ္ပ်က္ခဲ့လိမ့္မည္။သို႔ေသာ္လည္း သူမမွတ္မိပါ။
"ဒီပတ္ဝန္းက်င္မွာဆိုရင္ေတာ့ ျပန္မွတ္မိေလာက္ပါတယ္။ကဲ အိ္...နင္လည္းျပန္ေတာ့။ေမေမတို႔ကိုလည္းစိတ္မပူဖို႔ေျပာထား"
ညီမေလးကို ျခံဝဆီျပန္ပို႔ၿပီး သူအေပၚထပ္သို႔သာတက္လာခဲ့လိုက္ေတာ့သည္။
ရန္ကုန္-ျပင္ဦးလြင္လမ္းအားမနားတမ္းေမာင္းႏွင္ခဲ့သျဖင့္လူကနံုးခ်င္ခ်င္ျဖစ္ေနေတာ့သည္။ေလးတိုင္ကုတင္ေပၚလွဲခ်ရန္ျပင္မိေတာ့အခါခါဖြင့္ၾကည့္ေနက် ဤဗူးေလးက သူကိုညိဳ႕ယူေနျပန္သည္။
လြန္ခဲ့ေသာ ႐ွစ္ႏွစ္။ သူပင္ ၂၀ ေက်ာ္အ႐ြယ္ေလာက္႐ွိဦးမည္။ ေမေမတို႔ေျပာပံုအရ သူအိမ္ကေန သံုးႏွစ္ေလာက္ေပ်ာက္သြားခဲ့သည္။တိုက္ဆိုင္စြာကားအက္ဆ္ိးဒင့္တြင္ သူ႔အားျပန္လည္ေတြ႕႐ွိခဲ့သည္။ကံဆိုးမႈတို႔ဆက္တိုက္ၾကံဳခဲ့ရေသာသူသည္ ႏွစ္ႏွစ္နီးပါး ဒုကီၡတဘဝျဖင့္ေနခဲ့ရသည္။
ထူးျခားသည္က ထိုေပ်ာက္သြားသည့္သံုးႏွစ္ကိုသူဘယ္လိုပင္စဥ္းစားပါေစ စဥ္းစားလို႔မရခဲ့။သူအိမ္သို႔ျပန္ေရာက္ခ်ိန္တြင္ ဤဗူးေလးကိုသာက်စ္က်စ္ပါေအာင္ပိုက္ထားခဲ့သည္တဲ့။
ဗူးေလးထဲတြင္ေထြေထြထူးထူးေတာ့မပါ။ ဓာတ္ပံု ေလး,ငါးပံုႏွင့္ခပ္ႏြမ္းႏြမ္းစာေလးတစ္ေစာင္သာပါသည္။ဓာတ္ပံုထဲတြင္ ေကာင္ေလးႏွစ္ေယာက္သည္ ေပ်ာ္႐ႊင္စြာရယ္ေမာေနၾကသည္။ တစ္ေယာက္က အေတာ္ပင္ငယ္ေသးပံုေပၚသည္။က်န္တစ္ေယာက္ကသူကိုယ္တိုင္သာ။ ထိုေကာင္ေလးႏွစ္ေယာက္တြင္တူညီသည္ကေတာ့ ႏွစ္ဦးစလံုး စိတ္လြတ္လက္လြတ္ရယ္ေမာေနၾကျခင္းသာ။
အေခါက္တိုင္းလိုလိုပင္။သူထိုေကာင္ေလးကိုျမင္လွ်င္ရင္နာ၏။ဘယ္သူဘယ္ဝါရယ္ေသခ်ာမႈမ႐ွိသည့္တိုင္ ထိုေကာင္ေလးကို ျမင္လွ်င္ တဆစ္ဆစ္နာက်င္ရၿမဲ။ ထို႔အတူ အၿမဲတေစ ျမင္ေယာင္ေနရေသာ ခပ္ဝါးးဝါးးအရိပ္အေယာင္မ်ား။ ထိုအေၾကာင္းအရင္းမ်ားသည္ သူ႔အားဤအိမ္ႀကီးသို႔ေရာက္ေအာင္ တြန္းပို႔ေပးခဲ့သည္။
"ဟင္"
အေနာက္တံခါးဆီမွလွစ္ခနဲျဖတ္ေျပးသြားသည့္အရိပ္ေလးတစ္ခု။သူမ်က္လံုးေထာင့္စြန္းမွေတြ႕လိုက္ရသည္မွာေသခ်ာ၏။
လက္ထဲကကိုင္ထားေသာဓာတ္ပံုေလးကေတာ့ ေလမတိုက္ပါပဲ ေအာက္ကိုလြင့္က်လို႔။
"အကို
လာေလဗ်ာ"
အိမ္ေရွ႕ခန္းဆီမွ အသံတစ္ခ်ိဳ႕ထြက္ေပၚလာ၏။
"ကေလး
ျပဳတ္က်မယ္"
ထို႔ေနာက္တြင္ေတာ့ရီေဝေဝျဖင့္သာ သူ႔ကမ႓ာႀကီးအေမွာင္က်သြားေတာ့သည္။
🍂🍂🍂
"အကို
ထေတာ့ ..ကၽြန္ေတာ္ဗိုက္ဆာေနၿပီ"
နားထဲတြင္ၾကားေနရေသာထိုဂ်ီေကာင္ေလးအသံေျကာင့္သူဆက္အိပ္၍လည္းမရေတာ့။
"ကေလးရာ... ခဏပဲေလေနာ္"
"အင္းေနာ္...ဟိုဘက္ျခံက အကိုက မုန္႔ေကၽြးမယ္ေျပာထားတာ...ခင္ဗ်ားမထရင္ သူနဲ႔သြားစားမယ္"
ထိုသို႔ၾကားရျပန္ေတာ့သူ႔စိတ္ကေထာင္းခနဲ။
"ဘာေျပာတာလဲ ကေလး"
ကုတင္ေပၚကလူးလဲထရင္းကေလးကို စိတ္မ႐ွည္သလိုေအာ္လိုက္မိသည္။
"ဟို~ ဟို
ကိုေဇာ္ ကၽြန္ေတာ္က ဒီတိုင္း"
မ်က္ႏွာငယ္ကေလးႏွင့္ထိုအႏွီေကာင္ေလးအားသူအလြန္ျမတ္ႏိုးရပါ၏။
"သူရိန္ေလး
ကိုယ္ကကေလးကို စိတ္မခ်လို႔ပါကြာ
ကေလး ကေယာက်ၤားေလးတန္မဲ့အရမ္းခ်စ္ဖို႔ေကာင္းေနတာကိုး"
သူပိုပိုသာသာေလးေျပာလိုက္ေတာ့ ထိုကေလးက ျပံဳးလွ်က္။ ထိုအျပံဳးသည္ ပကတိျဖဴစင္လွ၏။
"ကဲ ေအာက္ထပ္ကေစာင့္ ...ခဏေနဆင္းခဲ့မယ္ ဟုတ္ၿပီလား"
ထိုအခါမွ ေစာနညိဳးေနေသာမ်က္ႏွာကေလးကျပန္လည္ျပံဳးေယာင္သန္းလာေတာ့သည္။
"ဟုတ္"
ေအာက္ထပ္သို႔ျပံဳးေပ်ာ္၍ခုန္ေပါက္ဆင္းသြားေသာ ထိုေကာင္ေလးေက်ာျပင္ကိုသာေငးၾကည့္ရင္း။
ဤဘဝတြင္သူေပ်ာ္သည္။တစ္ေကာင္ႂကြက္ သူရိန္ေလးအတြက္ ဆရာဝန္ဟူေသာဂုဏ္ကိုပင္စြန္႔ကာ မိသားစုႏွင့္အဆက္အသြယ္ျဖတ္ရင္း ဒီအိမ္ေလးမွာဇာတ္ျမဳပ္ေနခဲ့ျခင္းသာ။
ကိုယ္လက္သန္႔စင္ၿပီးသည္ႏွင့္ေအာက္ထပ္ဆီသို႔သာဆင္းခဲ့လိုက္ေတာ့သည္။
"ကေလးေရ"
ဟိုဟိုဒီဒီ႐ွာေဖြမိေသာ္လည္း မေတြ႕သည့္အဆံုးျခံထဲသာဆင္းခဲ့လိုက္ေတာ့သည္။
"ဟီး
ကၽြန္ေတာ္လည္းခ်စ္တယ္"
ဖုန္းေျပာေနေသာကေလးအားအေနာက္မွသိုင္းဖက္ရန္ၾကံစည္မိေသာ္လည္းထိုကေလး၏စကားတို႔သည္သူ႔ရင္ကိုကြဲေစသည္။
သူသိသည္။
ကေလးတြင္သူကလြဲ၍ပတ္သက္စရာမိသားစုဟူ၍ပင္မ႐ွိ။ယခုဖုန္းေျပာေနပံုသည္ မ႐ိုးသားလွ။ကေလးသူ႔ကိုသစၥာေဖာက္ေနတာလား။
"သူရိန္!!"
သူေအာ္လိုက္ေတာ့ အလန္႔တၾကားျဖင့္လွည့္ၾကည့္လာသည္။လက္ထဲမွဖုန္းပင္လြတ္က်လွ်က္။
"ဘာလုပ္ေနတာလဲ"
"သူ သူငယ္ခ်င္းနဲ႔ ဖုန္း ဖုန္းေျပာေနတာ"
အထစ္ထစ္အေငါ့ေငါ့ျပန္ေျဖေသာစကားသံတို႔သည္သူ႔ေဒါသကိုအဆံုးစြန္တြန္းပို႔ေပးေနသည့္ႏွယ္။
"လာ"
လက္ဖဝါးႏုႏုအားေဆာင့္ဆြဲရင္း အိမ္ေပၚထပ္သို႔ျပန္တက္လာခဲ့လိုက္ေတာ့သည္။
"ထိုင္"
ထိုင္ခံုေပၚပစ္တင္လိုက္မိေတာ့လည္း ေခြေခြကေလးၿငိမ္ေနျပန္သည္။
"ငါ့ကိုအမွန္အတိုင္းေျပာ"
ငိုသည္။ကေလး၏မ်က္ႏွာဖူးဖူးကေလးသည္မ်က္ရည္စတို႔ျဖင့္ျပည့္ေန၏။
"သူရိန္
မင္း ငါ့ေဒါသကိုသိတယ္ေနာ္"
"ခင္ဗ်ားက အၿမဲအဲ့လိုပဲ။ခင္ဗ်ားဘက္ပဲၾကည့္တယ္။သူမ်ားဘယ္လိုခံစားေနရလဲ နည္းနည္းမွမေတြးဘူး။မုန္းတယ္ ခင္ဗ်ားႀကီးကို"
ထိုစကားသည္ရင္ကိုကြဲေစ၏။တစ္ေလာကလံုးတြင္သူ႔တစ္ေယာက္တည္းသာၾကည့္၍အကုန္စြန္႔လႊတ္ခဲ့ေသာေကာင္အားမုန္းသည္ဟုရင့္ရင္းသီးသီး ေျပာရက္သည္။
"ဟမ္မင္းက အသစ္ေတြ႕ၿပီဆိုၿပီး ငါ့ကိုဒီအခ်ိဳး ခ်ိဳးတယ္ေပါ့။"
မဟုတ္ဘူးဟုသာျငင္းလွ်င္သူအရာအားလံုးနားလည္ေပးဖို႔အဆင္သင့္။အခုေတာ့..မေျဖ႐ွင္းသည့္အျပင္ထြက္သြားရန္သာျပင္ေနေတာ့သည္။
"ဘယ္လဲ ငါေျပာတာမၿပီးေသးဘူး"
"လႊတ္
ကၽြန္ေတာ္ ခင္ဗ်ားကို ေၾကာက္တယ္"
"မ သြား ရ ဘူး လို႔ ေျပာ ေနတယ္ ေနာ္ "
ေလွကားထိပ္တြင္ ဆြဲကာယမ္းကာျဖင့္ဝ႐ုန္းသုန္းကားျဖစ္ေနရသည္။
"လႊတ္
ကၽြန္ေတာ့္ကို လႊတ္"
အတင္း႐ုန္းေနေသာ လက္ကေလးသည္ သူ႔လက္ဆီမွ လြတ္ထြက္သြားခဲ့သည္။
"ကေလး!!!!"
သူေျပးေပြ႕မိေတာ့ အသက္ကိုလုရႈရင္းေျပာ၏။
"မုန္းတယ္"
အရင္က နမ္း႐ိႈက္ခဲ့ဖူးေသာ နႈတ္ခမ္းပါးရဲရဲေလးသည္ အခုေတာ့ ျဖဴေဖ်ာ့လို႔.......
အရင္က သူ႔ေၾကာင့္ရင္ခုန္ခဲ့သည္ဆိုေတာ့ ႏွလံုးသားႏုႏုသည္လည္း အခုအခါ ထာဝရၿငိမ္သက္သြားခဲ့ၿပီသာ။
အကယ္၍ သူသာ ဆြဲထားခဲလွ်င္....
အကယ္၍ သူသာ
ကေလးေျပာတာနားေထာင္ေပးခဲ့လွ်င္.....
အခုေတာ့ အရာရာေနာက္က်ခဲ့ၿပီသာ။
ေလွကားေျခရင္းတြင္ ေသြးအိုင္ထဲလဲေန႐ွာေသာေကာင္ေလးတစ္ေယာက္႐ွိေနခဲ့သည္။ထို႔အတူ ထိုေကာင္ေလးအား ေထြးေပြ႕ကာ တဖြဖြေတာင္းပန္ေန႐ွာေသာေကာင္ေလးတစ္ေယာက္လည္း႐ွိေနခဲ့ေလသည္။
🍂🍂🍂
တစ္ပတ္ေလာက္ၾကာသည့္တိုင္ ကိုေဇာ့္ဆီမွအဆက္အသြယ္မရေသာအခါ အိလည္းစိုးရိမ္စြာလိုက္လာခဲ့၏။
ျမင္ကြင္းအား ရင္နင့္ဖြယ္။
ဓာတ္ပံုေဟာင္းအခ်ိဳ႕အားရင္ဝယ္ပိုက္ရင္း ေသဆံုးေနေသာအကိုျဖစ္သူ၏ ႐ုပ္အေလာင္းကိုသာ ေတြ႕လိုက္ရေတာ့သည္။ စာေလးတစ္ေစာင္ကလြဲ၍ မည္သည့္ေျခရာလက္ရာမွ်က်န္မေနခဲ့ေပ။
#ညီမေလး
ကိုကို ကေလးကိုေတာင္းပန္ဖို႔လိုက္သြားၿပီ။
ကိုယ့္အျပစ္ေတြမလို႔စိတ္မေကာင္းမျဖစ္ၾကပါနဲ႔#
ေနာက္တစ္ေန႔ ထိုအိမ္ႀကီးတြင္ စ်ာပနအခမ္းအနားတစ္ခုက်င္းပခဲ့သည္။ကြယ္လြန္သူ၏ဆႏၵအရ ဤအိမ္ႀကီး၏အေနာက္ဘက္တြင္ အုတ္ဂူေလးႏွစ္လံုးျပဳလုပ္ေပးခဲ့ရသည္။
ကိုေဇာ္ေလး
အသက္ (၃၂) ႏွစ္
၂၀.၀၃.၂၀၁၉ တြင္ ကြယ္လြန္အနိစၥေရာက္သည္။
ကိုသူရိန္
အသက္(၂၀) ႏွစ္
၂၀.၀၃.၂၀၁၁ ခုႏွစ္တြင္ကြယ္လြန္အနိစၥေရာက္သည္။
အုတ္ဂူေလးႏွစ္ခုကေတာ့ လိုက္ဖက္စြာ က်က်နနတည္႐ွိေနခဲ့သလို အိမ္ႀကီးရဲ႕ ဝရံတာမွာလည္း ေကာင္ေလးႏွစ္ေယာက္၏အရိပ္ကေလးႏွစ္ခုအား ပီပီျပင္ျပင္ျမင္ေတြႏိုင္ေပမည္။
ဝမ္းနည္းစရာေကာင္းသည္ကား
ထိုအရိပ္ပေလးႏွစ္ခုသည္
တစ္ေယာက္တစ္ေနရာဆီသာ~~~~
အကယ္၍ ခင္ဗ်ားတို႔ ထိုအိမ္ႀကီးကို ေရာက္ခဲ့မယ္ဆိုလွ်င္....... ၾကမ္းျပင္ေပၚမွာ ျပန္႔က်ဲေနတဲ့ ဓာတ္ပံုေတြေသာ္လည္းေကာင္း၊ ေသြးစြန္းေနတဲ့ စာ႐ြက္ႏြမ္းႏြမ္းေလးကိုလည္းေကာင္း.....
"ကေလးကို ကူၿပီးေတာင္းပန္ေပးပါ"ဟူေသာ အသံကိုလည္းေကာင္း
တစ္စံုတစ္ခုမ်ားေတြ႕ၾကံဳခဲ့သည္႐ွိေသာ္.....
ကူညီႏိုင္သေလာက္ ကူညီေပးလိုက္ၾကပါေလ။
By Author emma_0830
Unicode**
"ကောင်လေး! ဒီအိမ်ကိုဝယ်မှာသေချာလား?"
အိမ်ပွဲစားအဒေါ်ကြီးကမေးသည်။
"သေချာပါတယ်။"
လက်သီးကိုတင်းကြပ်စွာဆုပ်ထား၍ သူပြန်ဖြေလိုက်လေသည်။ သူသိချင်နေတဲ့အရာတွေ ဒီအိမ်ကြီးထဲမှာများရှိနေလေမလား သူအနည်းငယ်တော့မျှော်လင့်ချင်သည်။
သူသိချင်နေတဲ့အရာတွေကိုသိလာရင်ရော သူနောင်တရမှာလား? သူတွေးမိပြန်သည်။အိမ်အိုကြီးကိုကြည့်လိုက်မိလေတော့ ပြူတင်းပေါက်တစ်ခုမှ မျက်လုံးတစ်စုံကိုလှစ်ခနဲ မြင်လိုက်ရလေသည်။ သူကျောချမ်းသွားမိသည်။ သူအမြင်မှားတာ ဖြစ်မှာပါလေ။
စာချုပ်ကိစ္စအဝ,ဝ ဆောင်ရွက်ပြီးသည်နှင့်တစ်ပါတည်းသယ်လာသည့်ပစ္စည်းများကိုအိမ်ထဲသို့ရွှေ့သည်။
"အိ...မထိနဲ့...ကိုယ့်ဘာကိုယ်သယ်မယ်"
မောင်းသူဘေးခုံတွင်ချထားသော အညိုရောင်ပလက်စတစ်ဗူးလေးအား သူအသာမရင်းသာ အိမ်ထဲသို့တစ်လှမ်းချင်းဝင်ခဲ့လိုက်တော့သည်။ထိုဗူးလေးအား မည်သူမျှထိသည်ကိုမကြိုက်ပါလေ။
"ကိုကို ဒီမှာတစ်ယောက်တည်းနေလို့ အဆင်ပြေပါ့မလား"
ပစ္စည်းကူရွှေ့ပေးရန်လိုက်လာသောညီမဖြစ်သူကအိမ်အတွင်းသို့တစ်ချက်ဝှေ့ကြည့်ရင်းစိတ်မချဟန်မေးသည်။အိမ်ြက်ီးသည် ရေနံကြီးဝကာ မှိုင်းညို့နေ၏။နှစ်ဆောင်ပြိုင်အိမ်ကြီးတွင် လူမနေသည်မှာကြာသည့်ဟန် အိုဟောင်း၍လွမ်းဆွေးဖွယ်လည်းကောင်းနေပြန်၏။
"တစ်ခုခုမှတ်မိလား ကိုကို"
ဒီအိမ်ကြီးတွင်ကြီးကြီးမားမားအဖြစ်အပျက်တစ်ခုခုတော့ဖြစ်ပျက်ခဲ့လိမ့်မည်။သို့သော်လည်း သူမမှတ်မိပါ။
"ဒီပတ်ဝန်းကျင်မှာဆိုရင်တော့ ပြန်မှတ်မိလောက်ပါတယ်။ကဲ အိ...နင်လည်းပြန်တော့။မေမေတို့ကိုလည်းစိတ်မပူဖို့ပြောထား"
ညီမလေးကို ခြံဝဆီပြန်ပို့ပြီး သူအပေါ်ထပ်သို့သာတက်လာခဲ့လိုက်တော့သည်။
ရန်ကုန်-ပြင်ဦးလွင်လမ်းအားမနားတမ်းမောင်းနှင်ခဲ့သဖြင့်လူကနုံးချင်ချင်ဖြစ်နေတော့သည်။လေးတိုင်ကုတင်ပေါ်လှဲချရန်ပြင်မိတော့အခါခါဖွင့်ကြည့်နေကျ ဤဗူးလေးက သူကိုညို့ယူနေပြန်သည်။
လွန်ခဲ့သော ရှစ်နှစ်။ သူပင် ၂၀ ကျော်အရွယ်လောက်ရှိဦးမည်။ မေမေတို့ပြောပုံအရ သူအိမ်ကနေ သုံးနှစ်လောက်ပျောက်သွားခဲ့သည်။တိုက်ဆိုင်စွာကားအက်ဆိးဒင့်တွင် သူ့အားပြန်လည်တွေ့ရှိခဲ့သည်။ကံဆိုးမှုတို့ဆက်တိုက်ကြုံခဲ့ရသောသူသည် နှစ်နှစ်နီးပါး ဒုကီ္ခတဘဝဖြင့်နေခဲ့ရသည်။
ထူးခြားသည်က ထိုပျောက်သွားသည့်သုံးနှစ်ကိုသူဘယ်လိုပင်စဉ်းစားပါစေ စဉ်းစားလို့မရခဲ့။သူအိမ်သို့ပြန်ရောက်ချိန်တွင် ဤဗူးလေးကိုသာကျစ်ကျစ်ပါအောင်ပိုက်ထားခဲ့သည်တဲ့။
ဗူးလေးထဲတွင်ထွေထွေထူးထူးတော့မပါ။ ဓာတ်ပုံ လေး,ငါးပုံနှင့်ခပ်နွမ်းနွမ်းစာလေးတစ်စောင်သာပါသည်။ဓာတ်ပုံထဲတွင် ကောင်လေးနှစ်ယောက်သည် ပျော်ရွှင်စွာရယ်မောနေကြသည်။ တစ်ယောက်က အတော်ပင်ငယ်သေးပုံပေါ်သည်။ကျန်တစ်ယောက်ကသူကိုယ်တိုင်သာ။ ထိုကောင်လေးနှစ်ယောက်တွင်တူညီသည်ကတော့ နှစ်ဦးစလုံး စိတ်လွတ်လက်လွတ်ရယ်မောနေကြခြင်းသာ။
အခေါက်တိုင်းလိုလိုပင်။သူထိုကောင်လေးကိုမြင်လျှင်ရင်နာ၏။ဘယ်သူဘယ်ဝါရယ်သေချာမှုမရှိသည့်တိုင် ထိုကောင်လေးကို မြင်လျှင် တဆစ်ဆစ်နာကျင်ရမြဲ။ ထို့အတူ အမြဲတစေ မြင်ယောင်နေရသော ခပ်ဝါးးဝါးးအရိပ်အယောင်များ။ ထိုအကြောင်းအရင်းများသည် သူ့အားဤအိမ်ကြီးသို့ရောက်အောင် တွန်းပို့ပေးခဲ့သည်။
"ဟင်"
အနောက်တံခါးဆီမှလှစ်ခနဲဖြတ်ပြေးသွားသည့်အရိပ်လေးတစ်ခု။သူမျက်လုံးထောင့်စွန်းမှတွေ့လိုက်ရသည်မှာသေချာ၏။
လက်ထဲကကိုင်ထားသောဓာတ်ပုံလေးကတော့ လေမတိုက်ပါပဲ အောက်ကိုလွင့်ကျလို့။
"အကို
လာလေဗျာ"
အိမ်ရှေ့ခန်းဆီမှ အသံတစ်ချို့ထွက်ပေါ်လာ၏။
"ကလေး
ပြုတ်ကျမယ်"
ထို့နောက်တွင်တော့ရီဝေဝေဖြင့်သာ သူ့ကမ္ဘာကြီးအမှောင်ကျသွားတော့သည်။
🍂🍂🍂
"အကို
ထတော့ ..ကျွန်တော်ဗိုက်ဆာနေပြီ"
နားထဲတွင်ကြားနေရသောထိုဂျီကောင်လေးအသံကြောင့်သူဆက်အိပ်၍လည်းမရတော့။
"ကလေးရာ... ခဏပဲလေနော်"
"အင်းနော်...ဟိုဘက်ခြံက အကိုက မုန့်ကျွေးမယ်ပြောထားတာ...ခင်ဗျားမထရင် သူနဲ့သွားစားမယ်"
ထိုသို့ကြားရပြန်တော့သူ့စိတ်ကထောင်းခနဲ။
"ဘာပြောတာလဲ ကလေး"
ကုတင်ပေါ်ကလူးလဲထရင်းကလေးကို စိတ်မရှည်သလိုအော်လိုက်မိသည်။
"ဟို~ ဟို
ကိုဇော် ကျွန်တော်က ဒီတိုင်း"
မျက်နှာငယ်ကလေးနှင့်ထိုအနှီကောင်လေးအားသူအလွန်မြတ်နိုးရပါ၏။
"သူရိန်လေး
ကိုယ်ကကလေးကို စိတ်မချလို့ပါကွာ
ကလေး ကယောကျၤားလေးတန်မဲ့အရမ်းချစ်ဖို့ကောင်းနေတာကိုး"
သူပိုပိုသာသာလေးပြောလိုက်တော့ ထိုကလေးက ပြုံးလျှက်။ ထိုအပြုံးသည် ပကတိဖြူစင်လှ၏။
"ကဲ အောက်ထပ်ကစောင့် ...ခဏနေဆင်းခဲ့မယ် ဟုတ်ပြီလား"
ထိုအခါမှ စောနညိုးနေသောမျက်နှာကလေးကပြန်လည်ပြုံးယောင်သန်းလာတော့သည်။
"ဟုတ်"
အောက်ထပ်သို့ပြုံးပျော်၍ခုန်ပေါက်ဆင်းသွားသော ထိုကောင်လေးကျောပြင်ကိုသာငေးကြည့်ရင်း။
ဤဘဝတွင်သူပျော်သည်။တစ်ကောင်ကြွက် သူရိန်လေးအတွက် ဆရာဝန်ဟူသောဂုဏ်ကိုပင်စွန့်ကာ မိသားစုနှင့်အဆက်အသွယ်ဖြတ်ရင်း ဒီအိမ်လေးမှာဇာတ်မြုပ်နေခဲ့ခြင်းသာ။
ကိုယ်လက်သန့်စင်ပြီးသည်နှင့်အောက်ထပ်ဆီသို့သာဆင်းခဲ့လိုက်တော့သည်။
"ကလေးရေ"
ဟိုဟိုဒီဒီရှာဖွေမိသော်လည်း မတွေ့သည့်အဆုံးခြံထဲသာဆင်းခဲ့လိုက်တော့သည်။
"ဟီး
ကျွန်တော်လည်းချစ်တယ်"
ဖုန်းပြောနေသောကလေးအားအနောက်မှသိုင်းဖက်ရန်ကြံစည်မိသော်လည်းထိုကလေး၏စကားတို့သည်သူ့ရင်ကိုကွဲစေသည်။
သူသိသည်။
ကလေးတွင်သူကလွဲ၍ပတ်သက်စရာမိသားစုဟူ၍ပင်မရှိ။ယခုဖုန်းပြောနေပုံသည် မရိုးသားလှ။ကလေးသူ့ကိုသစ္စာဖောက်နေတာလား။
"သူရိန်!!"
သူအော်လိုက်တော့ အလန့်တကြားဖြင့်လှည့်ကြည့်လာသည်။လက်ထဲမှဖုန်းပင်လွတ်ကျလျှက်။
"ဘာလုပ်နေတာလဲ"
"သူ သူငယ်ချင်းနဲ့ ဖုန်း ဖုန်းပြောနေတာ"
အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေသောစကားသံတို့သည်သူ့ဒေါသကိုအဆုံးစွန်တွန်းပို့ပေးနေသည့်နှယ်။
"လာ"
လက်ဖဝါးနုနုအားဆောင့်ဆွဲရင်း အိမ်ပေါ်ထပ်သို့ပြန်တက်လာခဲ့လိုက်တော့သည်။
"ထိုင်"
ထိုင်ခုံပေါ်ပစ်တင်လိုက်မိတော့လည်း ခွေခွေကလေးငြိမ်နေပြန်သည်။
"ငါ့ကိုအမှန်အတိုင်းပြော"
ငိုသည်။ကလေး၏မျက်နှာဖူးဖူးကလေးသည်မျက်ရည်စတို့ဖြင့်ပြည့်နေ၏။
"သူရိန်
မင်း ငါ့ဒေါသကိုသိတယ်နော်"
"ခင်ဗျားက အမြဲအဲ့လိုပဲ။ခင်ဗျားဘက်ပဲကြည့်တယ်။သူများဘယ်လိုခံစားနေရလဲ နည်းနည်းမှမတွေးဘူး။မုန်းတယ် ခင်ဗျားကြီးကို"
ထိုစကားသည်ရင်ကိုကွဲစေ၏။တစ်လောကလုံးတွင်သူ့တစ်ယောက်တည်းသာကြည့်၍အကုန်စွန့်လွှတ်ခဲ့သောကောင်အားမုန်းသည်ဟုရင့်ရင်းသီးသီး ပြောရက်သည်။
"ဟမ်မင်းက အသစ်တွေ့ပြီဆိုပြီး ငါ့ကိုဒီအချိုး ချိုးတယ်ပေါ့။"
မဟုတ်ဘူးဟုသာငြင်းလျှင်သူအရာအားလုံးနားလည်ပေးဖို့အဆင်သင့်။အခုတော့..မဖြေရှင်းသည့်အပြင်ထွက်သွားရန်သာပြင်နေတော့သည်။
"ဘယ်လဲ ငါပြောတာမပြီးသေးဘူး"
"လွှတ်
ကျွန်တော် ခင်ဗျားကို ကြောက်တယ်"
"မ သွား ရ ဘူး လို့ ပြော နေတယ် နော် "
လှေကားထိပ်တွင် ဆွဲကာယမ်းကာဖြင့်ဝရုန်းသုန်းကားဖြစ်နေရသည်။
"လွှတ်
ကျွန်တော့်ကို လွှတ်"
အတင်းရုန်းနေသော လက်ကလေးသည် သူ့လက်ဆီမှ လွတ်ထွက်သွားခဲ့သည်။
"ကလေး!!!!"
သူပြေးပွေ့မိတော့ အသက်ကိုလုရှုရင်းပြော၏။
"မုန်းတယ်"
အရင်က နမ်းရှိုက်ခဲ့ဖူးသော နှုတ်ခမ်းပါးရဲရဲလေးသည် အခုတော့ ဖြူဖျော့လို့.......
အရင်က သူ့ကြောင့်ရင်ခုန်ခဲ့သည်ဆိုတော့ နှလုံးသားနုနုသည်လည်း အခုအခါ ထာဝရငြိမ်သက်သွားခဲ့ပြီသာ။
အကယ်၍ သူသာ ဆွဲထားခဲလျှင်....
အကယ်၍ သူသာ
ကလေးပြောတာနားထောင်ပေးခဲ့လျှင်.....
အခုတော့ အရာရာနောက်ကျခဲ့ပြီသာ။
လှေကားခြေရင်းတွင် သွေးအိုင်ထဲလဲနေရှာသောကောင်လေးတစ်ယောက်ရှိနေခဲ့သည်။ထို့အတူ ထိုကောင်လေးအား ထွေးပွေ့ကာ တဖွဖွတောင်းပန်နေရှာသောကောင်လေးတစ်ယောက်လည်းရှိနေခဲ့လေသည်။
🍂🍂🍂
တစ်ပတ်လောက်ကြာသည့်တိုင် ကိုဇော့်ဆီမှအဆက်အသွယ်မရသောအခါ အိလည်းစိုးရိမ်စွာလိုက်လာခဲ့၏။
မြင်ကွင်းအား ရင်နင့်ဖွယ်။
ဓာတ်ပုံဟောင်းအချို့အားရင်ဝယ်ပိုက်ရင်း သေဆုံးနေသောအကိုဖြစ်သူ၏ ရုပ်အလောင်းကိုသာ တွေ့လိုက်ရတော့သည်။ စာလေးတစ်စောင်ကလွဲ၍ မည်သည့်ခြေရာလက်ရာမျှကျန်မနေခဲ့ပေ။
#ညီမလေး
ကိုကို ကလေးကိုတောင်းပန်ဖို့လိုက်သွားပြီ။
ကိုယ့်အပြစ်တွေမလို့စိတ်မကောင်းမဖြစ်ကြပါနဲ့#
နောက်တစ်နေ့ ထိုအိမ်ကြီးတွင် ဈာပနအခမ်းအနားတစ်ခုကျင်းပခဲ့သည်။ကွယ်လွန်သူ၏ဆန္ဒအရ ဤအိမ်ကြီး၏အနောက်ဘက်တွင် အုတ်ဂူလေးနှစ်လုံးပြုလုပ်ပေးခဲ့ရသည်။
ကိုဇော်လေး
အသက် (၃၂) နှစ်
၂၀.၀၃.၂၀၁၉ တွင် ကွယ်လွန်အနိစ္စရောက်သည်။
ကိုသူရိန်
အသက်(၂၀) နှစ်
၂၀.၀၃.၂၀၁၁ ခုနှစ်တွင်ကွယ်လွန်အနိစ္စရောက်သည်။
အုတ်ဂူလေးနှစ်ခုကတော့ လိုက်ဖက်စွာ ကျကျနနတည်ရှိနေခဲ့သလို အိမ်ကြီးရဲ့ ဝရံတာမှာလည်း ကောင်လေးနှစ်ယောက်၏အရိပ်ကလေးနှစ်ခုအား ပီပီပြင်ပြင်မြင်တွေနိုင်ပေမည်။
ဝမ်းနည်းစရာကောင်းသည်ကား
ထိုအရိပ်ပလေးနှစ်ခုသည်
တစ်ယောက်တစ်နေရာဆီသာ~~~~
အကယ်၍ ခင်ဗျားတို့ ထိုအိမ်ကြီးကို ရောက်ခဲ့မယ်ဆိုလျှင်....... ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ဓာတ်ပုံတွေသော်လည်းကောင်း၊ သွေးစွန်းနေတဲ့ စာရွက်နွမ်းနွမ်းလေးကိုလည်းကောင်း.....
"ကလေးကို ကူပြီးတောင်းပန်ပေးပါ"ဟူသော အသံကိုလည်းကောင်း
တစ်စုံတစ်ခုများတွေ့ကြုံခဲ့သည်ရှိသော်.....
ကူညီနိုင်သလောက် ကူညီပေးလိုက်ကြပါလေ။
By Author emma_0830