Just Write It

By WhiteButterfly2342

6.8K 556 211

စာေရးဝါသနာပါတဲ့သူေတြ အေတြ႕အၾကံဳရၿပီး ေပ်ာ္ဖို႔ေကာင္းတဲ့ eventေလးေတြစုထားတာပါ။ Unicode** စာရေးဝါသနာပါတဲ့သူတွေ... More

Challenge Event
Important Facts
Domino Fiction (1)*Closed
Memories
You
Please
Once Upon A Winter Time
ထာဝရ...သူ
Mini Challenge*I
For You
First Event End
Domino Fiction(2)

Assignment Night

282 28 20
By WhiteButterfly2342

"ေကာင္ေလး!ဒီအိမ္ကိုဝယ္မွာေသခ်ာလား?''
အိမ္ပြဲစားအေဒၚႀကီးကေမးသည္။

"ေသခ်ာပါတယ္။''

လက္သီးကိုတင္းၾကပ္စြာဆုပ္ထား၍သူျပန္ေျဖလိုက္သည္။သူသိခ်င္ေနတဲ့အရာေတြ ဒီအိမ္ႀကီးထဲမွာမ်ား႐ွိေနေလမလား အနည္းငယ္ေတာ့ေမ်ွာ္လင့္ခ်င္သည္။

သူသိခ်င္ေနတဲ့အရာေတြသိလာရင္ေရာ သူေနာင္တရမလား?သူေတြးမိျပန္သည္။
အိမ္အိုႀကီးကိုၾကည့္လိုက္မိေလေတာ့ ျပဴတင္းေပါက္တစ္ခုမွ မ်က္လံုးတစ္စံုကို လွစ္ခနဲျမင္လိုက္ေလသည္။ သူေက်ာခ်မ္းသြားမိသည္။

သူအျမင္မွားတာျဖစ္မွာပါေလ။

ကြၽန္ေတာ့္နာမည္က ေဝယံပါ။ ကြၽန္ေတာ္ရဲ႕မိဘေတြက ေ႐ွးေဟာင္းသုေတသနပညာ႐ွင္ေတြျဖစ္သည့္အေလ်ာက္ ကြၽန္ေတာ္ကလဲမိဘေသြးပါသည့္အတြက္ ေ႐ွးေဟာင္းပစၥည္းေတြ၊ ေ႐ွးေခတ္ကအရာေတြနဲ႔ပတ္သတ္တာကိုစိတ္ဝင္စားသည္။

ကြၽန္ေတာ္သည္လည္းေ႐ွးေဟာင္းသုေတသနေမဂ်ာကိုယူထားသည္။ ယခုေမဂ်ာမွ ေ႐ွးေခတ္ကအရာေတြနဲ႔သက္ဆိုင္သည့္အေၾကာင္းကို စာတမ္းျပဳစုရန္ဆရာမကေစခိုင္းထားသည္။
ကြၽန္ေတာ္တို႔သူငယ္ခ်င္း(၆)ေယာက္ကတစ္ဖြဲ႔ဖြဲ႔ထားသည္။

ထိုအခါတြင္ ႏွစ္ေပါင္း(၂၀၀)နီးပါး႐ွိသည့္ အဂၤလိပ္ေခတ္ထဲကေဆာက္ထားသည့္ အိမ္အိုႀကီးအားေဝယံမ်က္စိက်မိသည္။ က်န္ေသာသူငယ္ခ်င္းမ်ားကလည္းစိတ္ဝင္စားသျဖင့္ထိုအိမ္ႀကီးအေၾကာင္းကိုသာစာတမ္းျပဳစုရန္ ေဝယံတို႔သေဘာတူခဲ့ၾကသည္။
ဤအိမ္ႀကီးကိုငွါးရမ္းရန္စံုစမ္းေသာအခါ မငွါးပါ၊ေရာင္းမည္ဟု တစ္ခါထဲေျပာသည္။
သို႔ေသာ္ သူတို႔ေရာင္းေသာေစ်းမွာကာလေပါက္ေစ်းႏွင့္ယွဥ္လ်ွင္ အေတာ္ကိုပင္ေစ်းသင့္လွသည္။
ထို႔ေၾကာင့္ ေဝယံသည္သူ႔၏အေဖ၊အေမႏွင့္တိုင္ပင္ကာ ထိုအိမ္ကိုဝယ္ရန္ဆံုးျဖတ္လိုက္သည္။
ေ႐ွးေဟာင္းအဖိုးတန္သည့္အရာမ်ားကိုခ်စ္ေသာသူတို႔မိသားစုအဖို႔ ထိုအိမ္ႀကီးကိုရလိုက္သည္က ေရႊတံုးႀကီးမ်ားကိုေကာက္ရလိုက္သလိုပင္။

......................................................................................
"ကဲ..ေရာက္ၿပီ။''

ကားကိုရပ္ကာေဝယံကေျပာလိုက္သည္။

ေဝယံတို႔သူငယ္ခ်င္းတစ္စု ေနာက္ေန႔မနက္တြင္အိမ္ႀကီးသို႔ေရာက္ကာ  ကားေပၚမွဆင္းၿပီး အိမ္ႀကီးကိုၾကည့္ကာစကားစျမည္ေျပာၾကသည္။

"ဝိုး!!အိမ္ႀကီးက အႀကီးႀကီးဘဲ။''

သူရိန္က အိမ္ႀကီးကိုၾကည့္ကာ အံ့ဩတစ္ႀကီးေျပာသည္။

"အိမ္ႀကီးက အရမ္းႀကီးတယ္။ ေၾကာက္စရာႀကီးဟာ။''

ေဝယံတို႔အထဲမွအသည္းငယ္သူ ေမသစၥာက လက္ေလးႏွစ္ဖက္ကိုပြတ္ကာေျပာသည္။

"နင္ကလဲ ဘာမဟုတ္တာလဲေၾကာက္ေနတာဘဲ၊ ေ႐ွးေဟာင္း႐ုပ္ထုေတြ႔လဲေၾကာက္၊ ဟိုေၾကာက္ဒီေၾကာက္နဲ႔..အာ့မ်ားဘာလို႔ဒီေမဂ်ာကိုယူေနေသးလဲ။''

ဟန္ခ်ိဳဇင္က ေမသစၥာကိုၾကည့္ၿပီးစိတ္ပ်က္ဟန္ျဖင့္ေျပာသည္။

သီဟႏွင့္ေတဇကေတာ့ ဘာမွမေျပာဘဲရယ္၍သာၾကည့္ေနသည္။

သီဟ၊ေတဇ၊ေဝယံ၊သူရိန္၊ေမသစၥာႏွင့္ဟန္ခ်ိဳဇင္တို႔ေျခာက္ေယာက္မွာ ငါးတန္းႏွစ္ထဲကသူငယ္ခ်င္းမ်ားျဖစ္ၿပီး သြားအတူလာအတူျဖစ္သည္။ မိဘခ်င္းကလဲရင္းႏွီးသည္။ ငယ္ငယ္ထဲက ေဝယံအိမ္မွာလာလာကစားၾကၿပီး ေဝယံအေဖႏွင့္အေမ၏ေ႐ွးေဟာင္းပံုျပင္ေတြ၊ ေ႐ွးေဟာင္းလက္ရာအ႐ုပ္ေတြအေၾကာင္းနားေထာင္ရင္း နားရည္ဝခဲ့သျဖင့္ ဆယ္တန္းေအာင္ေသာ္အခါအားလံုး အမွတ္ေတြေကာင္းခဲ့ေသာ္လည္း ေ႐ွးသုေမဂ်ာကိုသာျမတ္ႏိုးစြာယူခဲ့ၾကသည္။

"ကဲ...အခ်ိန္နဲ႔ဒီေရကလူကိုမေစာင့္ဘူး။ Assignmentလုပ္ဖို႔အခ်ိန္ကသံုးရက္ဘဲေပးတာ။ အိမ္ထဲမွာ အိပ္ဖို႔ေနရာခ်မယ္။ၿပီးရင္ လုပ္စရာေတြကအမ်ားႀကီး။''

ေတဇ၏ေဆာ္ဩသံအဆံုးအားလံုးထိုအိမ္ႀကီးထဲသို႔ဝင္ခဲ့ၾကသည္။
အိမ္၏တံခါးမႀကီးကိုဖြင့္လိုက္သည္ႏွင့္ 'ကြၽီ'ဟူေသာအသံႀကီးကစတင္ၾကားရသည္။

"အိမ္ႀကီးကေတာ္ေတာ္ၾကာေနၿပီေနာ္ေဝယံ။ တီတီတို႔အႀကိဳက္ေပါ့။''

ဟန္ဇင္ခ်ိဳက ေဝယံကိုေျပာလိုက္သည္။

အိမ္ႀကီးမ်ား ႏွစ္အေတာ္ၾကာသည္အထိလူမေန၍ ဖုန္အလိမ္းလိမ္းတက္ေနကာ က်ိဳးေနသည့္ေနရာမ်ားကက်ိဳးေနသည္။

"အေပၚထပ္တက္ၾကည့္ရေအာင္။''

သီဟကေျပာၿပီးၿပီးခ်င္း ေလွကားမွအေပၚသို႔တက္သြားသည္။အေနာက္မွ ဟန္ခ်ိဳဇင္ကပါလိုက္သြားသည္။

"ဟန္ဟန္ ျဖည္းျဖည္းတက္စမ္း။ ေလွကားေတြကခိုင္မခိုင္မသိဘူး။က်ိဳးက်ေနမွဒုကၡေရာက္ကုန္မယ္။''

ေမသစၥာကစိုးရိမ္ႀကီးစြာလွမ္းသတိေပးေသာ္လည္း ဟန္ခ်ိဳဇင္ကဂ႐ုမစိုက္အေပၚသို႔သာတက္သြားသည္။

ထို႔ေနာက္သူတို႔အားလံုးအေပၚထပ္သို႔တက္သြားၾကသည္။ အိမ္ႀကီး၏ေနရာအႏွံ႔ကိုၾကည့္ၿပီး မွတ္စရာ႐ွိသည္မ်ားကိုမွတ္ေနၾကသည္။

"ေန႔လည္စာကိုဆိုင္ကဘဲမွာမလား။''

ဟန္ခ်ိဳကလွမ္းေမးသည္။

"ဒီနားကေန ႏွစ္မွတ္တိုင္ေလာက္ေနရင္ ဆိုင္ႀကီးတစ္ဆိုင္႐ွိတယ္။ အဲ့ကဘဲသြားဝယ္လိုက္မယ္။''

ေဝယံကျပန္လည္ကာေျပာသည္။

"အာ့ဆို ငါရယ္ ေဝယံရယ္ႏွစ္ေယာက္သြားလိုက္မယ္။မင္းတို႔က အိမ္ႀကီးထဲကမွတ္စရာ႐ွိတာေတြကိုမွတ္ထားၾက။''

ေတဇကထိုသို႔ေျပာကာ ကားေသာ့ယူၿပီး ေဝယံႏွင့္အတူ ေန႔လည္စာဝယ္ရန္ထြက္သြားသည္။

သီဟႏွင့္သူရိန္က အိမ္အေပၚထပ္ကိုထပ္မံတက္ၾကည့္သည္။
ေမသစၥာႏွင့္ဟန္ခ်ိဳဇင္ကျခံထဲကိုသြားၾကည့္ၾကသည္။

"ဟန္ဟန္ ငါ...ငါ့စိတ္ထဲမသိုးမသန္႔ႀကီးဟာ။ ''

"ကြၽတ္စ္!!သစၥာရယ္ နင္ကလဲ ေၾကာက္တတ္ရန္ေကာ...ဘာမဟုတ္တာလဲေၾကာက္ေနတယ္။ ဘာမ်ားေၾကာက္စရာ႐ွိလို႔လဲ။''

"နင္ကလဲ...အိမ္ႀကီးကၾကည့္ဦး ႏွစ္ကရာစုနဲ႔ခ်ီၾကာေနၿပီ....ဟမ္...အေမေရ!!!''

"သစၥာ...ဘာျဖစ္တာလဲ။''

ေမသစၥာစကားေျပာရင္းႏွင့္ အိမ္အေပၚထပ္ဝရံတာေဘာင္ေပၚမွလူတစ္ေယာက္လမ္းေလ်ွာက္ေနသည္ကိုျမင္လိုက္ေသာေၾကာင့္ပင္။
ထို႔ေနာက္ ေသခ်ာေအာင္ျပန္ၾကည့္လိုက္ေတာ့ ဘာမွမ႐ွိေတာ့။

"ဘာမွမဟုတ္ပါဘူး...''

"နင္ကလဲ အလန္႔တၾကားနဲ႔။''

ထို႔ေနာက္ ေဝယံႏွင့္သီဟျပန္ေရာက္လာကာေန႔လည္စာစားၾကသည္။စားၿပီးေနာက္ သူတို႔လိုအပ္သည့္အရာတို႔ကိုလိုက္႐ွာကာမွတ္တမ္းျပဳစုၾကသည္။
ေမသစၥာကေတာ့ေန႔လည္ကေတြ႔ခဲ့ရေသာျမင္ကြင္းေၾကာင့္စိတ္ထဲမသန္႔။ သို႔ေပမဲ့လည္း 'အျမင္မွားတာပါ'ဟူေသာအေတြးကိုသာ ဘုရားစာရြတ္သလိုစိတ္ထဲတြင္ရြတ္ဆိုေနသည္။

တျဖည္းျဖည္းႏွင့္ေနဝင္လာသည္။ေနေရာင္ေပ်ာက္ကာအေမွာင္ကမာၻဆီဦးတည္ေနၿပီျဖစ္သည္။
အခ်ိန္မွာ ည(၆)နာရီခြဲျဖစ္သည္။

"ေဟ့ေကာင္ေတြ ေမွာင္ေနၿပီ။ မီးဖြင့္လိုက္ဦး။''

သူရိန္ကလွမ္းေျပာသည္။
ေဝယံကမီးခလုတ္ဆီသို႔သြားကာဖြင့္ၾကည့္သည္။

"ဂ်ေလာက္...ဂ်ေလာက္...''

အဖြင့္အပိတ္ကိုႏွစ္ခါဇာတ္တိုက္လုပ္ၾကည့္သည္။
သို႔ေသာ္မီးကလင္းမလာခဲ့ပါ။

"မီးကဖြင့္မရဘူး။''

ေဝယံကေျပာလာသည္။

"ေအးေပါ့ ၊ ႏွစ္ေတြကဘယ္ေလာက္ၾကာေနၿပီလဲ မီးေတြကဘယ္အလုပ္လုပ္ေတာ့မလဲ။''

သီဟကျပန္ေျပာသည္။

"ဟဲ့ ငါတို႔မနက္ျဖန္မနက္မွျပန္လာရင္ေကာင္းမယ္ထင္တယ္ေနာ္။ ျပန္...ျပန္ရေအာင္ဟာ။''

ေမသစၥာက ထိတ္လန္႔စြာေျပာသည္။

"နင္ကလဲ ငါတို႔႐ွိေနတာဘဲ။ ညအိပ္ဖို႔စီစဥ္ၿပီးသား သြားရလာရတာလဲလြယ္တာမဟုတ္ဘူး။ ဘာမွမေၾကာက္နဲ႔။''

ေတဇကအေၾကာက္ေျပေစရန္ေျပာသည္။

သူတို႔အားလံုးပါလာေသာလက္ႏွိပ္ဓာတ္မီးႏွင့္မီးအိမ္တို႔သာအားျပဳကာေန႔လည္ကမွတ္ထားၾကေသာအခ်က္အလက္မ်ားကိုဖလွယ္ရင္း Assignmentကိုသာအာရံုျပဳလုပ္ေဆာင္ေနၾကသည္။

အခ်ိန္အားျဖင့္ (၁၀)နာရီ.....

"ငါတို႔ အိပ္ၾကမယ္ေလ။ မနက္ၾကလိုတဲ့အခ်က္ကေလးေတြ႐ွာၿပီး....ျပန္ၾကမယ္။''

ေတဇ၏စကားကိုအားလံုးသေဘာတူကာ ေအာက္ထပ္တြင္ဘဲအဆင္ေျပရာအခန္း႐ွာကာအိပ္ရန္ျပင္ဆင္ၾကသည္။

ေတဇႏွင့္သီဟကတစ္ခန္း၊ ေဝယံႏွင့္သူရိန္ကတစ္ခန္းႏွင့္ မိန္းကေလးႏွစ္ေယာက္ကတစ္ခန္းေနၾကသည္။

အခန္းထဲ႐ွိကုတင္အႀကီးႀကီးေပၚ႐ွိဖုန္မ်ားကိုခါကာ ပါလာေသာလြယ္အိတ္ကိုေခါင္းအံုးရင္အိပ္ေပ်ာ္ေအာင္သာႀကိဳးစားေနၾကေတာ့သည္။

ေမသစၥာ၏စိတ္ထဲတြင္ေတာ့ခို႔လို႔ခုလုႏွင့္ႀကိတ္မႏိုင္ခဲမရသာျဖစ္ေနသည္။
ေမသစၥာအိပ္ေပ်ာ္ရန္မနည္းႀကိဳးစားေနရသည္။
ေန႔လည္ကပံုရိပ္မ်ား၊တစ္ေယာက္ေယာက္စိုက္ၾကည့္ေနေသာခံစားခ်က္မ်ား၊ေျခေထာက္သာလာလာထိေနသလိုခံစားေနရေသာေအးစက္မႈမ်ားအားလံုးကိုသူအေတြးမွားသည္ဟုစိတ္စြဲကာအတင္းႀကိတ္မွိတ္ၿပီးအိပ္ေပ်ာ္ရန္သာႀကိဳးစားေတာ့သည္။

"ကယ္ၾကပါဦး႐ွင္!!ကြၽန္မကိုကယ္ၾကပါဦး!!''

ေမသစၥာေရာဟန္ခ်ိဳဇင္ပါလန္႔ႏိုးသြားသည္။
ႏွစ္ေယာက္သားတစ္ေယာက္ကိုတစ္ေယာက္အေၾကာင္သားေငးၾကည့္ေနဆဲ....။

"ဘာျဖစ္တာလဲဟန္ဟန္။''

"ငါလဲမသိဘူး။ လာ အျပင္ထြက္ၾကည့္ရေအာင္။''

အခန္းအျပင္ေရာက္ေတာ့ သီဟတို႔ေလးေယာက္ႏွင့္ပါဆံုသည္။

"ဘာျဖစ္တာလဲ။''

သူရိန္ကအလန္႔တၾကားေမးလိုက္သည္။

"မသိဘူး။ငါတို႔လဲေအာ္သံၾကားလို႔ထြက္လာတာ။''

"အေမေရ!!ကယ္ပါဦး!!အဟင့္...ဟင့္...''

ထပ္မံထြက္ေပၚလာသည့္ထိုအသံ....

"အေပၚထပ္ကၾကားေနရတာဘဲ...''

ေတဇကေျပာသည္။

"လာ...တက္ၾကည့္ရေအာင္။''

ေဝယံကတက္ၾကည့္ရန္တိုက္တြန္းသည္။

"တက္မၾကည့္နဲ႔ေတာ့...ငါ့စိတ္ထဲမသန္႔ဘူး။''

ေမသစၥာကတားဆီးသည္။

"လူတစ္ေယာက္ေယာက္ကဒုကၡေရာက္ေနရင္ဘယ္လိုလုပ္မလဲ။ အနည္းဆံုးေတာ့ အေျခအေနေလးသိေအာင္တက္ၾကည့္သင့္တယ္။''

သီဟကထပ္ေလာင္းေျပာဆိုသည္။
ထို႔ေနာက္ အေပၚတက္အားလံုးတက္ၾကည့္ၾကသည္။.အေပၚသို႔ေရာက္ေလ 'ကယ္ၾကပါဦး'ဟူေသာအသံမွာလည္းက်ယ္ေလာင္လာေလျဖစ္သည္။

ထို႔ေနာက္ ေရနံေခ်းသုတ္ထား၍ မဲနက္ေနေသာတံခါး႐ွိသည့္အခန္းေ႐ွ႕တြင္ထိုအသံကိုျပတ္ျပတ္သားသားၾကားရသည္။

တံခါးဖြင့္ကာအားလံုးဝင္ၾကည့္လိုက္သည္။
မည္သူ႔ကိုမွမေတြ႔ပါ။
ထို႔ေနာက္ ေမသစၥာ၏ေၾကာက္လန္႔တၾကားႏွင့္သူတို႔အေ႐ွ႕႐ွိမွန္ခ်က္ကိုလက္ညႇိဳးထိုးျပလိုက္သည္။
အားလံုးလန္႔သြားကာ အခန္းအျပင္သို႔ေျပးထြက္ရန္အျပဳ တံခါးႀကီးမွာအလိုလိုပိတ္သြားခဲ့ေခ်ၿပီ။

တဒုန္းဒုန္းထုသံမ်ား အၾကား ေၾကာက္မက္ဖြယ္ေအာ္သံမ်ားႀကီးစိုးကုန္သည္။

ထိုမွန္တြင္ေသြးစီးေခ်ာင္းမ်ားႏွင့္ေရးသားထားေသာစာကား....

"လူစားလဲၾကမယ္''

သံုးရက္ေျမာက္ေန႔....

"Assignmentေတြလာထပ္မယ္''

"သီဟ၊ေဝယံ၊ေတဇ၊သူရိန္၊ေဟခ်ိဳဇင္၊ေမသစၥာ Assignmentဘာလို႔လာမထပ္တာလဲ။''

ဆရာမ၏ေမးျမန္းမႈအၿပီး ေက်ာင္းသားတစ္ေယာက္ကဆရာမ လက္ထဲသို႔သတင္းစာလာေပးသည္။

ထိုသတင္းစာေခါင္းႀကီးပိုင္းတြင္ေရးထားေသာသတင္းမွာ....

"ေ႐ွးေဟာင္းသုေတသနေမဂ်ာမွေက်ာင္းသားေလးေယာက္ ေက်ာင္းသူႏွစ္ေယာက္ အိမ္အိုႀကီးထဲတြင္ေပ်ာက္ဆံုးေန''

The End.

By Author Kyar_Yate

Unicode**

"ကောင်လေး!ဒီအိမ်ကိုဝယ်မှာသေချာလား?''
အိမ်ပွဲစားအဒေါ်ကြီးကမေးသည်။

"သေချာပါတယ်။''

လက်သီးကိုတင်းကြပ်စွာဆုပ်ထား၍သူပြန်ဖြေလိုက်သည်။သူသိချင်နေတဲ့အရာတွေ ဒီအိမ်ကြီးထဲမှာများရှိနေလေမလား အနည်းငယ်တော့မျှော်လင့်ချင်သည်။

သူသိချင်နေတဲ့အရာတွေသိလာရင်ရော သူနောင်တရမလား?သူတွေးမိပြန်သည်။
အိမ်အိုကြီးကိုကြည့်လိုက်မိလေတော့ ပြူတင်းပေါက်တစ်ခုမှ မျက်လုံးတစ်စုံကို လှစ်ခနဲမြင်လိုက်လေသည်။ သူကျောချမ်းသွားမိသည်။

သူအမြင်မှားတာဖြစ်မှာပါလေ။

ကျွန်တော့်နာမည်က ဝေယံပါ။ ကျွန်တော်ရဲ့မိဘတွေက ရှေးဟောင်းသုတေသနပညာရှင်တွေဖြစ်သည့်အလျောက် ကျွန်တော်ကလဲမိဘသွေးပါသည့်အတွက် ရှေးဟောင်းပစ္စည်းတွေ၊ ရှေးခေတ်ကအရာတွေနဲ့ပတ်သတ်တာကိုစိတ်ဝင်စားသည်။

ကျွန်တော်သည်လည်းရှေးဟောင်းသုတေသနမေဂျာကိုယူထားသည်။ ယခုမေဂျာမှ ရှေးခေတ်ကအရာတွေနဲ့သက်ဆိုင်သည့်အကြောင်းကို စာတမ်းပြုစုရန်ဆရာမကစေခိုင်းထားသည်။
ကျွန်တော်တို့သူငယ်ချင်း(၆)ယောက်ကတစ်ဖွဲ့ဖွဲ့ထားသည်။

ထိုအခါတွင် နှစ်ပေါင်း(၂၀၀)နီးပါးရှိသည့် အင်္ဂလိပ်ခေတ်ထဲကဆောက်ထားသည့် အိမ်အိုကြီးအားဝေယံမျက်စိကျမိသည်။ ကျန်သောသူငယ်ချင်းများကလည်းစိတ်ဝင်စားသဖြင့်ထိုအိမ်ကြီးအကြောင်းကိုသာစာတမ်းပြုစုရန် ဝေယံတို့သဘောတူခဲ့ကြသည်။
ဤအိမ်ကြီးကိုငှါးရမ်းရန်စုံစမ်းသောအခါ မငှါးပါ၊ရောင်းမည်ဟု တစ်ခါထဲပြောသည်။
သို့သော် သူတို့ရောင်းသောဈေးမှာကာလပေါက်ဈေးနှင့်ယှဉ်လျှင် အတော်ကိုပင်ဈေးသင့်လှသည်။
ထို့ကြောင့် ဝေယံသည်သူ့၏အဖေ၊အမေနှင့်တိုင်ပင်ကာ ထိုအိမ်ကိုဝယ်ရန်ဆုံးဖြတ်လိုက်သည်။
ရှေးဟောင်းအဖိုးတန်သည့်အရာများကိုချစ်သောသူတို့မိသားစုအဖို့ ထိုအိမ်ကြီးကိုရလိုက်သည်က ရွှေတုံးကြီးများကိုကောက်ရလိုက်သလိုပင်။

......................................................................................
"ကဲ..ရောက်ပြီ။''

ကားကိုရပ်ကာဝေယံကပြောလိုက်သည်။

ဝေယံတို့သူငယ်ချင်းတစ်စု နောက်နေ့မနက်တွင်အိမ်ကြီးသို့ရောက်ကာ  ကားပေါ်မှဆင်းပြီး အိမ်ကြီးကိုကြည့်ကာစကားစမြည်ပြောကြသည်။

"ဝိုး!!အိမ်ကြီးက အကြီးကြီးဘဲ။''

သူရိန်က အိမ်ကြီးကိုကြည့်ကာ အံ့ဩတစ်ကြီးပြောသည်။

"အိမ်ကြီးက အရမ်းကြီးတယ်။ ကြောက်စရာကြီးဟာ။''

ဝေယံတို့အထဲမှအသည်းငယ်သူ မေသစ္စာက လက်လေးနှစ်ဖက်ကိုပွတ်ကာပြောသည်။

"နင်ကလဲ ဘာမဟုတ်တာလဲကြောက်နေတာဘဲ၊ ရှေးဟောင်းရုပ်ထုတွေ့လဲကြောက်၊ ဟိုကြောက်ဒီကြောက်နဲ့..အာ့များဘာလို့ဒီမေဂျာကိုယူနေသေးလဲ။''

ဟန်ချိုဇင်က မေသစ္စာကိုကြည့်ပြီးစိတ်ပျက်ဟန်ဖြင့်ပြောသည်။

သီဟနှင့်တေဇကတော့ ဘာမှမပြောဘဲရယ်၍သာကြည့်နေသည်။

သီဟ၊တေဇ၊ဝေယံ၊သူရိန်၊မေသစ္စာနှင့်ဟန်ချိုဇင်တို့ခြောက်ယောက်မှာ ငါးတန်းနှစ်ထဲကသူငယ်ချင်းများဖြစ်ပြီး သွားအတူလာအတူဖြစ်သည်။ မိဘချင်းကလဲရင်းနှီးသည်။ ငယ်ငယ်ထဲက ဝေယံအိမ်မှာလာလာကစားကြပြီး ဝေယံအဖေနှင့်အမေ၏ရှေးဟောင်းပုံပြင်တွေ၊ ရှေးဟောင်းလက်ရာအရုပ်တွေအကြောင်းနားထောင်ရင်း နားရည်ဝခဲ့သဖြင့် ဆယ်တန်းအောင်သော်အခါအားလုံး အမှတ်တွေကောင်းခဲ့သော်လည်း ရှေးသုမေဂျာကိုသာမြတ်နိုးစွာယူခဲ့ကြသည်။

"ကဲ...အချိန်နဲ့ဒီရေကလူကိုမစောင့်ဘူး။ Assignmentလုပ်ဖို့အချိန်ကသုံးရက်ဘဲပေးတာ။ အိမ်ထဲမှာ အိပ်ဖို့နေရာချမယ်။ပြီးရင် လုပ်စရာတွေကအများကြီး။''

တေဇ၏ဆော်ဩသံအဆုံးအားလုံးထိုအိမ်ကြီးထဲသို့ဝင်ခဲ့ကြသည်။
အိမ်၏တံခါးမကြီးကိုဖွင့်လိုက်သည်နှင့် 'ကျွီ'ဟူသောအသံကြီးကစတင်ကြားရသည်။

"အိမ်ကြီးကတော်တော်ကြာနေပြီနော်ဝေယံ။ တီတီတို့အကြိုက်ပေါ့။''

ဟန်ဇင်ချိုက ဝေယံကိုပြောလိုက်သည်။

အိမ်ကြီးများ နှစ်အတော်ကြာသည်အထိလူမနေ၍ ဖုန်အလိမ်းလိမ်းတက်နေကာ ကျိုးနေသည့်နေရာများကကျိုးနေသည်။

"အပေါ်ထပ်တက်ကြည့်ရအောင်။''

သီဟကပြောပြီးပြီးချင်း လှေကားမှအပေါ်သို့တက်သွားသည်။အနောက်မှ ဟန်ချိုဇင်ကပါလိုက်သွားသည်။

"ဟန်ဟန် ဖြည်းဖြည်းတက်စမ်း။ လှေကားတွေကခိုင်မခိုင်မသိဘူး။ကျိုးကျနေမှဒုက္ခရောက်ကုန်မယ်။''

မေသစ္စာကစိုးရိမ်ကြီးစွာလှမ်းသတိပေးသော်လည်း ဟန်ချိုဇင်ကဂရုမစိုက်အပေါ်သို့သာတက်သွားသည်။

ထို့နောက်သူတို့အားလုံးအပေါ်ထပ်သို့တက်သွားကြသည်။ အိမ်ကြီး၏နေရာအနှံ့ကိုကြည့်ပြီး မှတ်စရာရှိသည်များကိုမှတ်နေကြသည်။

"နေ့လည်စာကိုဆိုင်ကဘဲမှာမလား။''

ဟန်ချိုကလှမ်းမေးသည်။

"ဒီနားကနေ နှစ်မှတ်တိုင်လောက်နေရင် ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။ အဲ့ကဘဲသွားဝယ်လိုက်မယ်။''

ဝေယံကပြန်လည်ကာပြောသည်။

"အာ့ဆို ငါရယ် ဝေယံရယ်နှစ်ယောက်သွားလိုက်မယ်။မင်းတို့က အိမ်ကြီးထဲကမှတ်စရာရှိတာတွေကိုမှတ်ထားကြ။''

တေဇကထိုသို့ပြောကာ ကားသော့ယူပြီး ဝေယံနှင့်အတူ နေ့လည်စာဝယ်ရန်ထွက်သွားသည်။

သီဟနှင့်သူရိန်က အိမ်အပေါ်ထပ်ကိုထပ်မံတက်ကြည့်သည်။
မေသစ္စာနှင့်ဟန်ချိုဇင်ကခြံထဲကိုသွားကြည့်ကြသည်။

"ဟန်ဟန် ငါ...ငါ့စိတ်ထဲမသိုးမသန့်ကြီးဟာ။ ''

"ကျွတ်စ်!!သစ္စာရယ် နင်ကလဲ ကြောက်တတ်ရန်ကော...ဘာမဟုတ်တာလဲကြောက်နေတယ်။ ဘာများကြောက်စရာရှိလို့လဲ။''

"နင်ကလဲ...အိမ်ကြီးကကြည့်ဦး နှစ်ကရာစုနဲ့ချီကြာနေပြီ....ဟမ်...အမေရေ!!!''

"သစ္စာ...ဘာဖြစ်တာလဲ။''

မေသစ္စာစကားပြောရင်းနှင့် အိမ်အပေါ်ထပ်ဝရံတာဘောင်ပေါ်မှလူတစ်ယောက်လမ်းလျှောက်နေသည်ကိုမြင်လိုက်သောကြောင့်ပင်။
ထို့နောက် သေချာအောင်ပြန်ကြည့်လိုက်တော့ ဘာမှမရှိတော့။

"ဘာမှမဟုတ်ပါဘူး...''

"နင်ကလဲ အလန့်တကြားနဲ့။''

ထို့နောက် ဝေယံနှင့်သီဟပြန်ရောက်လာကာနေ့လည်စာစားကြသည်။စားပြီးနောက် သူတို့လိုအပ်သည့်အရာတို့ကိုလိုက်ရှာကာမှတ်တမ်းပြုစုကြသည်။
မေသစ္စာကတော့နေ့လည်ကတွေ့ခဲ့ရသောမြင်ကွင်းကြောင့်စိတ်ထဲမသန့်။ သို့ပေမဲ့လည်း 'အမြင်မှားတာပါ'ဟူသောအတွေးကိုသာ ဘုရားစာရွတ်သလိုစိတ်ထဲတွင်ရွတ်ဆိုနေသည်။

တဖြည်းဖြည်းနှင့်နေဝင်လာသည်။နေရောင်ပျောက်ကာအမှောင်ကမ္ဘာဆီဦးတည်နေပြီဖြစ်သည်။
အချိန်မှာ ည(၆)နာရီခွဲဖြစ်သည်။

"ဟေ့ကောင်တွေ မှောင်နေပြီ။ မီးဖွင့်လိုက်ဦး။''

သူရိန်ကလှမ်းပြောသည်။
ဝေယံကမီးခလုတ်ဆီသို့သွားကာဖွင့်ကြည့်သည်။

"ဂျလောက်...ဂျလောက်...''

အဖွင့်အပိတ်ကိုနှစ်ခါဇာတ်တိုက်လုပ်ကြည့်သည်။
သို့သော်မီးကလင်းမလာခဲ့ပါ။

"မီးကဖွင့်မရဘူး။''

ဝေယံကပြောလာသည်။

"အေးပေါ့ ၊ နှစ်တွေကဘယ်လောက်ကြာနေပြီလဲ မီးတွေကဘယ်အလုပ်လုပ်တော့မလဲ။''

သီဟကပြန်ပြောသည်။

"ဟဲ့ ငါတို့မနက်ဖြန်မနက်မှပြန်လာရင်ကောင်းမယ်ထင်တယ်နော်။ ပြန်...ပြန်ရအောင်ဟာ။''

မေသစ္စာက ထိတ်လန့်စွာပြောသည်။

"နင်ကလဲ ငါတို့ရှိနေတာဘဲ။ ညအိပ်ဖို့စီစဉ်ပြီးသား သွားရလာရတာလဲလွယ်တာမဟုတ်ဘူး။ ဘာမှမကြောက်နဲ့။''

တေဇကအကြောက်ပြေစေရန်ပြောသည်။

သူတို့အားလုံးပါလာသောလက်နှိပ်ဓာတ်မီးနှင့်မီးအိမ်တို့သာအားပြုကာနေ့လည်ကမှတ်ထားကြသောအချက်အလက်များကိုဖလှယ်ရင်း Assignmentကိုသာအာရုံပြုလုပ်ဆောင်နေကြသည်။

အချိန်အားဖြင့် (၁၀)နာရီ.....

"ငါတို့ အိပ်ကြမယ်လေ။ မနက်ကြလိုတဲ့အချက်ကလေးတွေရှာပြီး....ပြန်ကြမယ်။''

တေဇ၏စကားကိုအားလုံးသဘောတူကာ အောက်ထပ်တွင်ဘဲအဆင်ပြေရာအခန်းရှာကာအိပ်ရန်ပြင်ဆင်ကြသည်။

တေဇနှင့်သီဟကတစ်ခန်း၊ ဝေယံနှင့်သူရိန်ကတစ်ခန်းနှင့် မိန်းကလေးနှစ်ယောက်ကတစ်ခန်းနေကြသည်။

အခန်းထဲရှိကုတင်အကြီးကြီးပေါ်ရှိဖုန်များကိုခါကာ ပါလာသောလွယ်အိတ်ကိုခေါင်းအုံးရင်အိပ်ပျော်အောင်သာကြိုးစားနေကြတော့သည်။

မေသစ္စာ၏စိတ်ထဲတွင်တော့ခို့လို့ခုလုနှင့်ကြိတ်မနိုင်ခဲမရသာဖြစ်နေသည်။
မေသစ္စာအိပ်ပျော်ရန်မနည်းကြိုးစားနေရသည်။
နေ့လည်ကပုံရိပ်များ၊တစ်ယောက်ယောက်စိုက်ကြည့်နေသောခံစားချက်များ၊ခြေထောက်သာလာလာထိနေသလိုခံစားနေရသောအေးစက်မှုများအားလုံးကိုသူအတွေးမှားသည်ဟုစိတ်စွဲကာအတင်းကြိတ်မှိတ်ပြီးအိပ်ပျော်ရန်သာကြိုးစားတော့သည်။

"ကယ်ကြပါဦးရှင်!!ကျွန်မကိုကယ်ကြပါဦး!!''

မေသစ္စာရောဟန်ချိုဇင်ပါလန့်နိုးသွားသည်။
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်အကြောင်သားငေးကြည့်နေဆဲ....။

"ဘာဖြစ်တာလဲဟန်ဟန်။''

"ငါလဲမသိဘူး။ လာ အပြင်ထွက်ကြည့်ရအောင်။''

အခန်းအပြင်ရောက်တော့ သီဟတို့လေးယောက်နှင့်ပါဆုံသည်။

"ဘာဖြစ်တာလဲ။''

သူရိန်ကအလန့်တကြားမေးလိုက်သည်။

"မသိဘူး။ငါတို့လဲအော်သံကြားလို့ထွက်လာတာ။''

"အမေရေ!!ကယ်ပါဦး!!အဟင့်...ဟင့်...''

ထပ်မံထွက်ပေါ်လာသည့်ထိုအသံ....

"အပေါ်ထပ်ကကြားနေရတာဘဲ...''

တေဇကပြောသည်။

"လာ...တက်ကြည့်ရအောင်။''

ဝေယံကတက်ကြည့်ရန်တိုက်တွန်းသည်။

"တက်မကြည့်နဲ့တော့...ငါ့စိတ်ထဲမသန့်ဘူး။''

မေသစ္စာကတားဆီးသည်။

"လူတစ်ယောက်ယောက်ကဒုက္ခရောက်နေရင်ဘယ်လိုလုပ်မလဲ။ အနည်းဆုံးတော့ အခြေအနေလေးသိအောင်တက်ကြည့်သင့်တယ်။''

သီဟကထပ်လောင်းပြောဆိုသည်။
ထို့နောက် အပေါ်တက်အားလုံးတက်ကြည့်ကြသည်။.အပေါ်သို့ရောက်လေ 'ကယ်ကြပါဦး'ဟူသောအသံမှာလည်းကျယ်လောင်လာလေဖြစ်သည်။

ထို့နောက် ရေနံချေးသုတ်ထား၍ မဲနက်နေသောတံခါးရှိသည့်အခန်းရှေ့တွင်ထိုအသံကိုပြတ်ပြတ်သားသားကြားရသည်။

တံခါးဖွင့်ကာအားလုံးဝင်ကြည့်လိုက်သည်။
မည်သူ့ကိုမှမတွေ့ပါ။
ထို့နောက် မေသစ္စာ၏ကြောက်လန့်တကြားနှင့်သူတို့အရှေ့ရှိမှန်ချက်ကိုလက်ညှိုးထိုးပြလိုက်သည်။
အားလုံးလန့်သွားကာ အခန်းအပြင်သို့ပြေးထွက်ရန်အပြု တံခါးကြီးမှာအလိုလိုပိတ်သွားခဲ့ချေပြီ။

တဒုန်းဒုန်းထုသံများ အကြား ကြောက်မက်ဖွယ်အော်သံများကြီးစိုးကုန်သည်။

ထိုမှန်တွင်သွေးစီးချောင်းများနှင့်ရေးသားထားသောစာကား....

"လူစားလဲကြမယ်''

သုံးရက်မြောက်နေ့....

"Assignmentတွေလာထပ်မယ်''

"သီဟ၊ဝေယံ၊တေဇ၊သူရိန်၊ဟေချိုဇင်၊မေသစ္စာ Assignmentဘာလို့လာမထပ်တာလဲ။''

ဆရာမ၏မေးမြန်းမှုအပြီး ကျောင်းသားတစ်ယောက်ကဆရာမ လက်ထဲသို့သတင်းစာလာပေးသည်။

ထိုသတင်းစာခေါင်းကြီးပိုင်းတွင်ရေးထားသောသတင်းမှာ....

"ရှေးဟောင်းသုတေသနမေဂျာမှကျောင်းသားလေးယောက် ကျောင်းသူနှစ်ယောက် အိမ်အိုကြီးထဲတွင်ပျောက်ဆုံးနေ''

The End.

By Author Kyar_Yate

Continue Reading

You'll Also Like

2.5M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
250K 34.4K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
323K 33.2K 30
#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---
113K 14.6K 20
ေက်ာင္းရဲ႕ဗ႐ုတ္ Park Chanyeol ဟာ အတန္းရဲ႕ စာအေတာ္ဆံုး စည္းကမ္းအ႐ွိဆံုး ေက်ာင္းသား Byun Baekhyun ကို ခ်စ္မိသြားေသာအခါ......