Love Stops Rumours {Completed}

By Memo227

432K 64.1K 4.5K

Title : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chap... More

Synopsis
Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
A/N
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
ಥ_ಥ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30

Chapter 3

12.9K 2.3K 268
By Memo227

"ZawGyi"

What to Do, My Neighbour Thinks My Roommate and I are Fucking

မီးခိုးရွိရာတြင္ မီးရွိမည္ဟူေသာ ဆိုး႐ိုးစကားရွိသည္။ အကယ္၍ ေဝ့႐ူစုန္႕၏ ထိခိုက္မႈကို တစ္စံုတစ္ေယာက္ကို အျပစ္တင္ရမည္ဆိုပါက ေရွာင္းႏ်န္သာလွ်င္ ျဖစ္မည္။

(T/N:ဆိုလိုခ်င္တာက ျပႆနာရွိလွ်င္ တရားခံရွိသည္)

တကယ္လို႔ ေရွာင္းႏ်န္သာ ထီးယူသြားခဲ့မည္ဆိုရင္ စားေသာက္ဆိုင္တြင္ ပိတ္မိေနလိမ့္မွာ မဟုတ္ဘူး။ တကယ္လို႔ သူသာအဲဒီမွာ ေသာင္တင္မေနဘူးဆိုရင္ ေဝ့႐ူစုန္႕လည္း ဒီကုန္းေစာင္းကို ျဖတ္စရာ လိုမွာမဟုတ္ဘူး။ တကယ္လို႔ သူသာ အဲဒီကုန္းေစာင္းကို မျဖတ္ခဲ့မိဘူးဆိုရင္ အဲဒီ့ေအာက္ထဲကို ျပဳတ္က်ဖို႔ရန္လည္း မျဖစ္ႏိုင္ဘူး။ ၿပီးေတာ့ သူလည္း ဒဏ္ရာရခဲ့မွာ မဟုတ္ဘူး။ ထပ္ၿပီး အတိုင္ပင္ခံကလည္း သူ႔ကို တျခားေယာက္်ားတစ္ေယာက္နဲ႕ အဲ့ဒီေနရာမွာ လုပ္ေနခဲ့တယ္လို႔ အထင္မွားလိမ့္မွာ မဟုတ္ဘူး။ မည္သို႔ပင္ ျဖစ္ပါေစ ေရွာင္းႏ်န္က ဒီကိစၥ၏ တရားခံဆိုတာ ေသခ်ာသည္။

ေရွာင္းႏ်န္သည္လည္း သူ႔တြင္ အျပစ္ရွိသည္ဟု ခံစားေနရသည္။ တကယ္ေတာ့ ေဝ့႐ူစုန္႕သည္သာ သူ႔ကို ထီးယူသြားဖို႔ရန္၊ မနက္စာကို စားရန္၊ သူ၏စာေရးကိရိယာမ်ားကို ယူသြားရန္ အၿမဲသတိေပးတတ္သူျဖစ္သည္။ သူ၏ ေမြးေမေမပင္ ေဝ့႐ူစုန္႕ကဲ့သို႔ တက်ည္က်ည္ႏွင့္ သတိေပးေလ့မရွိသည့္အျပင္ ေဝ့႐ူစုန္႕ေလာက္ပင္ သူ႔ကို ဂ႐ုစိုက္လိမ့္မည္မဟုတ္ဟု ေရွာင္းႏ်န္က ေတြးမိၿပီး သူ၏ရင္ထဲ အေတာ္ေလးခံစားသြားရ၏။ ထို႔ေၾကာင့္ ေရွာင္းႏ်န္က ဆံုးျဖတ္လိုက္ေတာ့သည္။ အခုကေနစၿပီး ေဝ့႐ူစုန္႕ကို မနက္စာ ေန႔စဥ္ဝယ္ေပးမည္ဟူ၍။

ေဝ့႐ူစုန္႕က Super Delicious မွ အစားအေသာက္မ်ားမွာ ဆိုးဝါးသည္ဟု ဆိုထားေသာေၾကာင့္ ေရွာင္းႏ်န္က ေဝ့႐ူစုန္႕ႀကိဳက္ႏွစ္သက္သည့္ ဆိုင္သို႔သာသြား၍ ထမင္းဘူးကို ဝယ္ေတာ့သည္။ ေရွာင္းႏ်န္သည္ အေတာ္ေလးသစၥာရွိသူျဖစ္သည္။ ေဝ့႐ူစုန္႕ ႀကိဳက္ႏွစ္သက္ေသာဆိုင္မွာပင္ ေဝ့႐ူစုန္႕စားသည့္ အစားအေသာက္ကိုသာ အခ်ိန္ေတာ္ေတာ္ၾကာ လိုက္၍စားေလသည္။ တစ္ခါတစ္ရံ ထိုဆိုင္ကို ၿငီးေငြ႕သြားခ်ိန္မွာေတာင္ စားေနၾကဆိုင္ကို ေနာက္တစ္ႀကိမ္ ျပန္၍သြားမည္မဟုတ္ေပ။ ေဝ့႐ူစုန္႕ႏွစ္သက္သည့္ဆိုင္တြင္ လိုက္၍စားသည့္အခါတြင္ေတာ့ ေရွာင္းႏ်န္တစ္ေယာက္ Super Delicious မွ အစားအေသာက္မ်ားမွာ အလြန္တရာဆိုးဝါးလွသည္ကို နားလည္သြားၿပီး တစ္စံုတစ္ရာ ထပ္မံအဆိုျပဳျခင္း မရွိေတာ့ဘူး။

တကယ္ေတာ့ စိတ္လႈပ္ရွားစရာေကာင္းလွေသာ ဒီဇာတ္လမ္း၏ အဓိကဇာတ္ေဆာင္မ်ားအေနျဖင့္ ေဝ့႐ူစုန္႕ထက္ ေရွာင္းႏ်န္ကိုသာပို၍ လူအမ်ားက အထူးအဆန္းျဖစ္ၾကေလသည္။ ေရွာင္းႏ်န္ဆိုသည္မွာ ျမင့္ျမတ္၍ အထက္တန္းက်သည့္ ကိုယ္ေရာင္ကိုယ္ဝါကို ပိုင္ဆိုင္ၿပီး အဓိကအခ်က္ကိုေျပာမယ္ဆိုရင္ လူတိုင္းက အေဝးမွသာေမွ်ာ္ၾကည့္ႏိုင္သည့္ လူမ်ိဳးပင္ ျဖစ္ေလရာ- ဘာေၾကာင့္မ်ား ေရွာင္းႏ်န္က သူ၏ အရာကို ေဝ့႐ူစုန္႕အား -ုပ္ခြင့္ေပးရတာလဲ? ဘာေၾကာင့္မ်ား ေရွာင္းႏ်န္ႏွင့္ ေဝ့႐ူစုန္႕က လူျမင္ကြင္းမွာ ျဖစ္ၾကတာလဲ? ဘာေၾကာင့္မ်ား ေရွာင္းႏ်န္ရဲ႕ဟာက ငန္ေနရတာလဲ?

တကယ္ေတာ့ ေရွာင္းႏ်န္တြင္လည္း သူငယ္ခ်င္းမ်ားရွိေလရာ ဂ်ဴနီယာ အထက္တန္းႏွစ္မွာတည္းက ခင္မင္လာေသာ ဟန္ဟိုင္ဆိုသည့္ သူငယ္ခ်င္းတစ္ေယာက္ရွိေလသည္။ ဟန္ဟိုင္သည္ ေရွာင္းႏ်န္ကို ပထမဆံုးအႀကိမ္အျဖစ္ Mrs. Zhu ၏ စားေသာက္ဆိုင္တြင္ ေတြ႕လိုက္ရသည္။ စားပြဲထိုး အေဒၚႀကီးမွာ ေရွာင္းႏ်န္၏ ခန္႕ျငားမႈမ်ားကို ျမင္ေတြ႕သြားၿပီးတဲ့ေနာက္ သူ႔အား ၾကက္ေပါင္အႀကီးႀကီးကို ထည့္ေပးေလေတာ့၏။ ဟန္ဟိုင္တစ္ေယာက္ သူ၏ပန္းကန္တြင္းရွိ ၾကက္ေပါင္ေသးေသးကို တစ္လွည့္ ေရွာင္းႏ်န္၏ ပန္းကန္တြင္းရွိ ၾကက္ေပါင္ႀကီးႀကီးကို တစ္လွည့္ၾကည့္ရင္း သက္ပ်င္းေလးေလး တစ္ခ်က္သာ ခ်ႏိုင္ေတာ့သည္။

"ေရွာင္းႏ်န္, ေဝ့႐ူစုန္႕နဲ႕ မင္း......"

"ငါတို႔ႏွစ္ေယာက္ ဘာကိစၥမွမရွိဘူး"

"ဒါဆို ဘာလို႔ ဒီလို သတင္းမ်ိဳးက ထြက္လာရတာလဲ?"

"...." ဒီအေျခအေနကို ရွင္းျပရန္ မလြယ္ကူဘူးလို႔ ေရွာင္းႏ်န္က ေတြးမိသည္။ သို႔ေသာ္ မရွင္းျပျပန္ရင္လည္း ထူးဆန္းသည္ဟု ထင္ၾကအံုးမည္။ " ငါ စီနီယာကို blowjob မေပးခိုင္းခဲ့ဘူး။ ငါတို႔ လူျမင္ကြင္းမွာလည္း မလုပ္ခဲ့ဘူး။ ငါ့ရဲ႕ဟာ ငန္တယ္ဆိုတာကေတာ့ စီနီယာ မဟုတ္တ႐ုတ္ေလွ်ာက္ေျပာခဲ့ရံုသက္သက္ပဲ"

ထိုကဲ့သို႔ ရွင္းျပေနစဥ္မွာပဲ ေရွာင္းႏ်န္ဟာ ၾကက္ေပါင္အႀကီးႀကီးကို ေန႔လည္စာထမင္းဘူးထဲသို႔ ဂ႐ုတစိုက္ႏွင့္ ထည့္ေနေလသည္။

ေရွာင္းႏ်န္၏ လွပေသာႏႈတ္ခမ္းေလးကေန ဒီလိုမ်ိဳး "ဟာ" တို႔ "လုပ္" တို႔ ဆိုသည့္ ၾကမ္းတမ္းေသာစကားမ်ိဳး ထြက္လာသည္မွာ ဟန္ဟိုင္အတြက္ ပထမဆံုး ၾကားဖူးျခင္းျဖစ္သည္။ ဒါဟာ ေစာ္ေစာ္ကားကားေျပာေနသည္ဟု ခံစားရေသာ္ျငား တကယ္တမ္းမွာေတာ့ ယဥ္ေက်းသိမ္ေမြ႕ေနျပန္သည္။ ေရွ႕ေလွ်ာက္ သူစကားေျပာသည့္အခါ ဂ႐ုစိုက္၍ ေျပာရမည္ဟု ေတြးမိသည္။

"ဒါေပမယ့္ မင္းတို႔ႏွစ္ေယာက္က........ တကယ္ပဲ ဘာမွမဟုတ္ၾကဘူးလား?" ဟန္ဟိုင္က ဆက္ၿပီးေမးခ်င္ေနေသးသည္။

"ဘာက ျဖစ္ႏိုင္လို႔လဲ?"

"ဒါဆို အဲ့ဒီေန႔လည္စာက ဘယ္သူ႔အတြက္လဲ?" ဟန္ဟိုင္က သိခ်င္လြန္းစြာပဲ ေမးလိုက္သည္။

"စီနီယာ"

"ၾကက္ေပါင္ကေရာ ဘာလို႔လဲ"

"သူ႔ေျခေထာက္ ခိုက္မိထားတယ္။ ဒါက သူ႔အတြက္ပဲ။"

"ၾကင္နာတတ္တဲ့ ဂ်ဴနီယာေလးပဲ" ဟန္ဟိုင္က ဆက္၍ေျပာလိုက္သည္ "တကယ္လို႔ မင္းတို႔ႏွစ္ေယာက္ၾကားထဲမွာ ေရွ႕ဆက္ၿပီး တစ္ခုခုရွိခဲ့မယ္ဆိုရင္လည္း ငါ မင္းကို အထင္အျမင္ေသးမွာ မဟုတ္ဘူး။ မင္းက ငါရဲ႕ ထာဝရညီအကိုပဲေလ။ မင္း ေယာက္်ားေလးကို ႀကိဳက္သည္ျဖစ္ေစ မိန္းကေလးကို ႀကိဳက္သည္ျဖစ္ေစ ငါက မင္းကို ေထာက္ခံေနမွာပါ။"

ေရွာင္းႏ်န္က ရင္ထဲတြင္ ထိသြားေသာ္ျငား ထပ္ၿပီး ရွင္းလင္းလိုက္ျပန္သည္။

"ငါ တကယ္ပဲ ေဂးမဟုတ္ဘူး။"

ေဝ့႐ူစုန္႕၏ ဒဏ္ရာမွာ ေတာ္ေတာ္ေလးႀကီးေသာေၾကာင့္ သူ၏ေျခသလံုးကို ေပါင္မုန္႕ေခ်ာင္းကဲ့သို႔ပင္ စည္းေႏွာင္ထားရေလသည္။ ေရခ်ိဳးသည့္အခါ သူ၏ေျခေထာက္တစ္ေခ်ာင္းကိုသာ အသံုးျပဳႏိုင္ေသာေၾကာင့္ ထိုအခ်ိန္မ်ိဳးတြင္ သူ႔ကိုယ္သူ ကၽြမ္းဘားအားကစားသမားမ်ား ေလ့က်င့္ေနသလိုပင္ ထင္မွတ္မိသည္။ သို႔ေသာ္လည္း ေဝ့႐ူစုန္႕၏ အရည္အခ်င္းတစ္ခုကေတာ့ အေကာင္းျမင္တတ္ျခင္းပင္ျဖစ္ၿပီး အမ်ိဳးသားတစ္ေယာက္အေနျဖင့္ ခက္ခဲေသာအေျခအေနမ်ိဳးမွာေတာင္ ေပ်ာ္ရႊင္မႈကို ရွာေဖြတတ္ျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ကၽြန္ေတာ္တို႔၏ စီနီယာႀကီး ေဝ့႐ူစုန္႕ကေတာ့ ေရပန္းေအာက္မွာ ေရခ်ဳိးေနခ်ိန္ ေျခေထာက္တစ္ဖက္ကို ဘိုထိုင္ေပၚသို႔လွမ္းတင္ထားၿပီး တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို ဆင္ႏႊဲေနေလေတာ့သည္။

ေဝ့႐ူစုန္႕က အသံကိုႁမွင့္၍ ေၾကာ္ျငာလိုက္သည္, "ေနာက္တစ္ေယာက္အေနနဲ႕ ကၽြန္ေတာ္တို႔ရဲ႕ နာမည္ေက်ာ္ ဂီတဘုရင္ႀကီး မစ္စတာေဝ့ကို ကၽြန္ေတာ္တို႔အတြက္ Shower Song ေဖ်ာ္ေျဖေပးရန္ ဖိတ္ေခၚလိုက္ပါ့မယ္!" ဒီတစ္ႀကိမ္မွာေတာ့ မိန္းကေလးပရိတ္သတ္မ်ား၏ အသံတုကို လုပ္လိုက္ျခင္းျဖစ္သည္, "အား အား အား စုန္႕စုန္႕ I love you, စုန္႕စုန္႕ ငါတို႔အၿမဲတမ္းအတူတူရွိၾကမယ္! စုန္႕စုန္႕ မင္းက အရမ္းေခ်ာတာပဲ! အား အား ခ်စ္တယ္ စုန္႕စုန္႕!" ေနာက္ဆံုးမွာေတာ့ သူ၏ ကိုယ္ပိုင္ညဳတုတုအသံျဖင့္, "အိုး ငါလည္း မင္းတို႔အားလံုးကို ခ်စ္တယ္လို႔"

ေရေငြ႕႐ိုက္ေနေသာ မွန္ထဲသို႔ မ်က္လံုးတစ္ဖက္မွိတ္ျပလိုက္ရင္း ေရပန္းကိုကိုင္ကာ မိုက္သ႑ာန္လုပ္၍ ေအာ္ဆိုလိုက္ေတာ့သည္။

"ေရခ်ဳိးရတာကို ႀကိဳက္တယ္, ငါ့ရဲ႕ အသားအေရက ေကာင္းလြန္းတယ္, ေခါင္းအုပ္ေလးကို စြပ္ၿပီးခုန္လိုက္မယ္, အို႔ အို အိုး ေရး!"

ေဝ့႐ူစုန္႕မွာ အရင္အခ်ိန္မ်ားက တစ္ေယာက္တည္းေနခဲ့သည္မို႔ သူ ဤကဲ့သို႔ သီခ်င္းဆိုရာတြင္ ဝါသနာထံုမွန္း တျခားသူမ်ားက မသိခဲ့ၾကဘူး။ ဒါက သူအၿမဲလုပ္ေနၾကကိစၥပဲမို႔ အခုခ်ိန္မွာေတာ့ တစ္ေယာက္တည္း မဟုတ္ေလဘူးဆိုတာကို သူကေမ့ေနေလၿပီျဖစ္ရာ ပို၍ပို၍ စိတ္အားထက္သန္လာခဲ့ၿပီး အသံကို အျမင့္ဆံုးထိတင္လိုက္ခ်ိန္မွာေတာ့ ေရခ်ဳိးခန္းတံခါးက ႐ုတ္တရတ္ပြင့္သြားခဲ့ၿပီး ေန႔လည္စာထမင္းဘူးကို ကိုင္ထားသည့္ ေရွာင္းႏ်န္၏ စိုးရိမ္တႀကီးမ်က္ႏွာထားကို အေပါက္ဝတြင္ ေတြ႕လိုက္ရေတာ့၏။

"စီနီယာ, အဆင္ေျပရဲ႕လား?"

ေဝ့႐ူစုန္႕မွာ ခႏၶာကိုယ္တြင္ဆပ္ျပာအျမဳပ္မ်ားျဖင့္ ေရပိတ္ထားသည့္ေရပန္းကို လက္ထဲတြင္ကိုင္ထားၿပီး ေျခေထာက္တစ္ဖက္ကေတာ့ ဘိုထိုင္ေပၚတြင္ တင္ထားသည့္ ပံုစံျဖင့္ပင္ တစ္ေယာက္နွင့္တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္လိုက္မိေတာ့သည္။ ကံေကာင္းသြားသည္မွာ ေဝ့႐ူစုန္႕၏ လွ်င္ျမန္လွသည့္ အျပဳအမူေၾကာင့္ပင္ ျဖစ္သည္။ သူက ခပ္ျမန္ျမန္ေလး ဆပ္ျပာအျမဳပ္မ်ားကို ခႏၶာကိုယ္ေပၚသို႔ တင္လိုက္ၿပီး ႐ိုး႐ိုးသားသား အျပံဳးတစ္ပြင့္ကို ေပးလိုက္ေလသည္။

"ဟီးးးးး! အဆင္ေျပပါတယ္, ငါ ေရခ်ဳိးေနရင္း သီခ်င္းဆိုလိုက္တာ မင္းကို လန္႕သြားေအာင္ လုပ္လိုက္မိလား? ဟားဟား ဟား ဟား..."

ေရပန္းေခါင္းမွာ တံခါးဘက္သို႔ ဦးတည္ေနသည္ကို မသိပဲ ေဝ့႐ူစုန္႕က ေရပန္းကို ဖြင့္၍ခ်လိုက္ေတာ့သည္။ မေတာ္တဆျဖင့္ပင္ ရပ္ေနေသာ ေရွာင္းႏ်န္ဆီသို႔ ဦးတည္သြားေလေတာ့၏။ ရႊဲရြဲစိုေနေသာ ေရွာင္းႏ်န္ကို ၾကည့္ရင္း ေဝ့႐ူစုန္႕အေတြးထဲမွာေတာ့ ဒီလိုမ်ိဳး ဆြဲေဆာင္မႈရွိလွတဲ့ပံုရိပ္က ထိန္းခ်ဳပ္မႈလြတ္မတတ္ ျဖစ္သြားေတာ့သည္ _ ေဟး အဓိပၸာယ္မရွိတာေတြ မေျပာစမ္းနဲ႕။ ငါက ဘယ္တုန္းက မထိန္းခ်ဳပ္ႏိုင္ ျဖစ္မိလို႔လဲ?! ေဝ့႐ူစုန္႕က ေရပန္းကို ျမန္ျမန္ပိတ္လိုက္ေသာ္လည္း ေနာက္က်သြားေလၿပီ။ ေရွာင္းႏ်န္ကေတာ့ တံခါးဝမွာ ေရစိုေနေသာ ပါပီေလးကဲ့သိုု႔ပင္ ေရစက္လက္ႏွင့္ ျဖစ္သြားေတာ့သည္။ ဒီလို သနားစဖြယ္ ခ်စ္ခ်င္စဖြယ္ ပံုစံေလးကို ၾကည့္ၿပီးတဲ့ေနာက္ ႐ုတ္တရတ္ပဲ ေဝ့႐ူစုန္႕၏ရင္ထဲ အခ်စ္ေတြတိုးပြားလာၿပီး ေရွာင္းႏ်န္ကို ေခၚလိုက္ေတာ့သည္။

"ေရလာခ်ိဳးလွည့္, အေအးမမိေစနဲ႕ေလ"

"အိုေက"

ေရွာင္းႏ်န္က ထမင္းဘူးကို စားပြဲေပၚသို႔တင္လိုက္ၿပီး အဝတ္အစားမ်ားကို ခၽြတ္ရင္း သူ၏ ေတာင့္တင္းလွေသာ ႂကြက္သားမ်ားကို လွစ္ဟျပလိုက္ေတာ့သည္။ ဒီလို ႂကြက္သားမ်ိဳးနဲ႕ ဒီလို ပံုရိပ္မ်ဳိးကို ၾကည့္ရသည္မွာ ဂရိနတ္ဘုရား႐ုပ္တု တစ္ခုႏွင့္ပင္ တူေနေသးသည္။

(T/N: စုန္​႔စုန္​႔​ေရ ​ေျဖာင္​့လြန္​းလို႔ပဲ​ေနာ္​။ ပစ္​မွား​ေနလိုက္​တာမ်ား မ​ေျပာ​ေတာ့ဘူးကြယ္​)

သူတို႔ႏွစ္ေယာက္လံုးက ေယာက္်ားသားေတြပဲမို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ ဂုဏ္သိကၡာထိခိုက္မည့္စကားမ်ိဳးကို ေျပာစရာမလိုဘူးမလား။ ေယာက္်ားခ်င္းအတူတူပဲမို႔ ဒီေနရာက ႏႈိင္းယွဥ္စရာမဟုတ္ေသာ္ျငား သူကေတာ့ ႏႈိင္းယွဥ္မိျပန္သည္။ ဒါေပါ့ ပို၍ေသးသည့္သူက ရွက္ဖို႔ေကာင္းလြန္းမည္ပင္။ သို႔ေသာ္လည္း ေရွာင္းႏ်န္၏ အရြယ္အစားက ေသခ်ာေပါက္ကို ႀကီးလြန္းလွသည္။ အဲ့ဒီဟာက ျပည့္စံုလွသည့္ အာရွအရြယ္အစားဟု ေဝ့႐ူစုန္႕က ဝန္ခံရမည္ပင္။ ေရွာင္းႏ်န္က သူ႔ထက္ပို၍ အရပ္ရွည္ၿပီး ႂကြက္သားမ်ားသန္မာေသာေၾကာင့္ အနည္းငယ္ပိုၿပီး ႀကီးသည္မွာ ျဖစ္သင့္သည္- ဖာ့ခ္ ဘယ္လိုမ်ား အနည္းငယ္ေလာက္ ႀကီးရံုပဲျဖစ္မလဲ?! ေရွာင္းႏ်န္၏ အဝတ္မပါသည့္ ခႏၶာကိုယ္ကို ၾကည့္လိုက္ၿပီး ေဝ့႐ူစုန္႕တစ္ေယာက္ ႐ုတ္တရတ္ သိမ္ငယ္လာသလို ခံစားသြားရကာ အိမ္သာထဲသို႔ ငုပ္ဝင္သြားခ်င္သလိုပင္ ျဖစ္မိသည္။ အဲဒီပစၥည္းႏွစ္ခုနဲ႕ ေျပးလိုက္မယ္ဆိုရင္ေတာ့ အေလးခ်ိန္စီးေနတာမို႔ ပိုၿပီးေမာမွာပဲ။ ဒီေတာ့ အေျပးၿပိဳင္မယ္ဆိုရင္ ေရွာင္းႏ်န္က သူ႔ထက္ေႏွးမွာ အေသအခ်ာပဲဟု ေတြးမိၿပီး ေဝ့႐ူစုန္႕တစ္ေယာက္ ယံုၾကည္မႈရွိသြားျပန္ေလသည္။ ထိုကဲ့သို႔ ကိုယ့္ကိုယ္ကို အားေပးၿပီးသည့္ေနာက္မွာေတာ့ ေဝ့႐ူစုန္႕တစ္ေယာက္ ေပ်ာ္ရႊင္စြာပဲ ေရကို ဆက္၍ခ်ဳိးရင္း ေရွာင္းႏ်န္၏ ေရွ႕တြင္ အနည္းငယ္ရွက္ေနပံုျဖင့္ သီခ်င္းဆိုရန္ တာစူလိုက္ျပန္သည္။ ေရွာင္းႏ်န္ကေတာ့ ေဝ့႐ူစုန္႕၏အမူအရာကို အံ့ၾသစရာေကာင္းစြာ နားလည္ေနပံုရၿပီး ဆပ္ျပာတိုက္ရင္းနွင့္ပင္ ေဝ့႐ူစုန္႕ကို သာသာေလးေခါင္းၿငိတ္ျပလို႔

"စီနီယာ သီခ်င္းဆိုခ်င္ရင္ ဆိုေလ"

စဥ္းစားၾကည့္ပါက သူတို႔ႏွစ္ေယာက္မွာ ျပႆနာတစ္စံုတစ္ရာ မေပၚေပါက္ခဲ့ဘူးဆိုပါက သံုးႏွစ္တိုင္တိုင္ ပူူးတြဲ၍ ေနရမည္ျဖစ္ေလရာ အနာဂတ္တြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ လိုက္ေလ်ာညီေထြ ရွိေနရမည္ျဖစ္သည္။ တစ္ေယာက္က ေရခ်ိဳးေနခ်ိန္တြင္ တစ္ေယာက္က သန္႕စင္ခန္းသြားတာမ်ဳိးက ၾကံဳရမည္ပဲျဖစ္ေလရာ ေရခ်ဳိးရင္း သီခ်င္းဆိုသည္မွာေတာ့ ျပႆနာမရွိႏိုင္ေခ်။ အေတြးႏွင့္အတူ ေဝ့႐ူစုန္႕မွာ အားတက္သြားၿပီး ေရွာင္းႏ်န္ကိုေက်ာေပးကာ စတင္၍ သီဆိုေလေတာ့၏။

"ဒတ္စ္-ပါ-စီတို တိုမက္တိုး ပိုေတးတိုး အား အား အား အား အား, ေစ်းႀကီးတဲ့ ဘီယာတစ္ခြက္ကို ဂ႐ုမစိုက္နဲ႕ အိုး ေမ့ပစ္ဖို႔အတြက္ ငါ့ကို ေရတစ္ခြက္သာ ေပးလိုက္, ငါမင္းကို သီခ်င္းတစ္ပုဒ္ေလာက္ ဆိုျပမယ္ ဟိုးက ၿဂိဳလ္ေပၚကိုသြားၿပီး ၾကယ္ေႂကြတာ သြားၾကည့္ၾကမယ္...." (T/N: သီခ်င္းမ်ားကို ေရာသမေမႊထားျခင္းျဖစ္သည္)

ထိုကဲ့သို႔ ေပါက္ေသးပန္းေလွ်ာက္၍ ဆိုေနေသာ သီခ်င္းမ်ားကို ေရွာင္းႏ်န္က ခံစားႏိုင္ေတာ့ပံုမရပဲ ျဖတ္၍ေျပာလိုက္ေတာ့သည္။

"စီနီယာ, ကၽြန္ေတာ္ ၿပီးၿပီမို႔ အရင္ထြက္ႏွင့္ၿပီေနာ္"

"အာ? အိုး အို အိုေခ အိုေခ"

ေဝ့႐ူစုန္႕တစ္ေယာက္ ေရခ်ိဳးခန္းထဲ ေသာင္းက်န္းေနခ်ိန္တြင္ ေရွာင္းႏ်န္ကလည္း သူ၏နားၾကပ္ကို တပ္၍ video ဂိမ္း ကစားေနေတာ့သည္။ ေရခ်ဳိးခန္းေဖ်ာ္ေျဖမႈမ်ား ၿပီးဆံုးသြားခ်ိန္မွာေတာ့ ေဝ့႐ူစုန္႕တစ္ေယာက္ သူ၏ေျခေထာက္ကို တရြတ္ဆြဲၿပီး အိပ္စင္ေပၚသို႔ တက္သြားၿပီးေနာက္ အေပၚထပ္အိပ္စင္ေပၚမွေန၍ ေခါင္းကို ထုတ္ၿပီး ေရွာင္းႏ်န္ကို ေခၚရန္ ႀကိဳးစားလိုက္သည္။

"ဂ်ဴနီယာ?"

"စီနီယာ?"

"ငါေခၚတာ ၾကားတယ္လား။ တကယ္ေတာ့ ဒါက သိပ္အေရးမႀကီးပါဘူး" ေဝ့႐ူစုန္႕မွာ သူ၏ေျခသလံုးက ခိုက္မိထားေသာေၾကာင့္ ဒီအေတာအတြင္း ေလ့က်င့္ခန္းမလုပ္ျဖစ္သည့္အတြက္ လႈပ္လႈပ္ရွားရွားမရွိသည့္ သူ၏ခႏၶာကိုယ္မွာ ကိုက္ခဲေနသည္ဟု ခံစားရသည္။ "မင္းငါ့ကို ႏွိပ္ေပးလို႔ရမလား? ငါလည္း မင္းကို ျပန္ၿပီး ႏွိပ္ေပးမယ္ေလ?"

ဒါက အျပန္အလွန္သာ ျဖစ္သင့္သည္ေလ!

"အိုေက လာၿပီ"

ေရွာင္းႏ်န္က ခပ္ျမန္ျမန္ပဲ ေဝ့႐ူစုန္႕၏ ကုတင္ေပၚသို႔ ေရာက္လာေလရာ ေဝ့႐ူစုန္႕က သူ၏ခႏၶာကိုယ္ကို ခ်က္ခ်င္းပဲ အေနအထားျပင္လိုက္ေတာ့သည္။ ေရွာင္းႏ်န္က အားမာန္အျပည္ႏွင့္ သူ၏ေနာက္ေက်ာေပၚရွိ အေၾကာမ်ားကို ပြတ္ဆြဲလိုက္ေလရာ ေဝ့႐ူစုန္႕က ညည္းညဴေလေတာ့၏။

"အိုး....အိုး!"

"အဆင္ေျပရဲ႕လား စီနီယာ? ကၽြန္ေတာ္နာေအာင္လုပ္မိလိုက္လား?"

"မဟုတ္ဘူး! အရမ္းေကာင္းတယ္!" ေဝ့႐ူစုန္႕ကေတာ့ ဒီခံစားခ်က္က အရမ္းေကာင္းလြန္းလို႔ မထိန္းေလာက္ေအာင္ပါပဲ "ျပင္းျပင္းေလး!"

"အိုး! အာ့! ဟား......"

"အရမ္းေကာင္းတယ္!"

"အာ့..... အ....." ေဝ့႐ူစုန္႕ကေတာ့ သဲသဲကြဲကြဲေတာင္ မညည္းညဴႏိုင္ေတာ့ပဲ "ငါ့ ငါ့ရဲ႕အလွည့္ ေနာက္တခါက"

အဲဒီအခ်ိန္ သူတို႔ေဘးမွ အခန္းနံပါတ္ ၃၂၃ တြင္ေတာ့

"ဖာ့ခ္ ဒီစက္႐ုပ္ကေတာ့!"

"ဘာလို႔ေနာက္ကို ၾကည့္ေနတာလဲ သူ႔ကို အရင္ခ်ေလ!"

"ဖာ့ခ္ ဖာ့ခ္ ဖာ့ခ္ ဒီကစားသမားက ဒီမွာ ဘာလုပ္ေနတာလဲ ေဘာပဲကြာ!" လင္းရွန္႕က အသတ္ခံလိုက္ရေလရာ နားျကပ္ကို ျဖဳတ္ျပစ္လိုက္ၿပီး ေရတစ္ခြက္ေကာက္ေသာက္လိုက္ေတာ့သည္။ ထိုအခ်ိန္မွာပဲ အခန္းနံပါတ္ ၃၂၅ မွေန၍ ႐ုတ္တရတ္ ထူးဆန္းေသာအသံမ်ားကို ၾကားလိုက္ရေတာ့သည္။ "အာ ဘာေတြျဖစ္ေနၾကတာတုန္း?"

အေရွ႕ပိုင္းတြင္ ဆိုခဲ့သည့္အတိုင္း အေဆာင္ခန္းမ်ား၏ အသံလံုပံုမွာ ဆိုးဝါးလွသည့္အျပင္ ေဝ့႐ူစုန္႕၏ ကုတင္မွာလည္း အခန္းနံပါတ္ ၃၂၃ ၏ နံရံႏွင့္ကပ္လ်က္တြင္ တည္ရွိေလရာ မည္သည့္ကိစၥ ျဖစ္ေနပါေစ ၾကားႏိုင္မွာပဲျဖစ္သည္။ လင္းရွန္႕တစ္ေယာက္ မတ္တပ္ထရပ္လိုက္ၿပီး နားကို နံရံတြင္ကပ္လိုက္သည့္အခါမွာေတာ့ သူၾကားရသည္မ်ားကို မယံုႏိုင္ျဖစ္သြားေတာ့၏။

"အဆင္ေျပရဲ႕လား စီနီယာ? ကၽြန္ေတာ္နာေအာင္လုပ္မိလိုက္လား?"

"မဟုတ္ဘူး! အရမ္းေကာင္းတယ္! ျပင္းျပင္းေလး!"

"ဖာ့ခ္" လင္းရွန္႕၏ ေခါင္းက ေပါက္ထြက္ေတာ့မလိုပင္ ျဖစ္သြားသည္။ သူက သူ၏အခန္းေဖာ္ကို ဆြဲေခၚလိုက္ရင္း "ငါ့ကို ႐ိုက္မေနစမ္းနဲ႕, ေဘးခန္းမွာ ဘာေတြျဖစ္ေနလဲလို႔ နားေထာင္ၾကည့္စမ္း?! ဖာ့ခ္, ၾကည့္ရတာေတာ့ ေဝ့႐ူစုန္႕နဲ႕ ေရွာင္းႏ်န္တို႔ လုပ္ေနၾကတာလို႔ ထင္တယ္?"

"ဟက္? ငါတို႔ ဒါကို သတင္းပို႔လိုက္ရင္ ေကာင္းမလား?"

"ငါတို႔ ခိုးနားေထာင္ေနတာကို ဘာလို႔သတင္းပို႔မလဲ? ငါတို႔ သူတို႔ကို ၂၀၂၇ ၾကမွ သတင္းပို႔ၾကမယ္ေလ! ျမန္ျမန္! လာၿပီး နားေထာင္ၾက!"

ဤကဲ့သို႔ပင္ လူစုလူေဝးႀကီးမွာ အိမ္ေႁမွာင္မ်ားကဲ့သို႔ နံရံတြင္ ကပ္လွ်က္ရွိၾကေတာ့သည္။

"အရမ္းေကာင္းတယ္!"

"အာ့...အာ... ေနာက္တစ္ခါ ငါ့အလွည့္"

"စီနီယာ သက္ေတာင့္သက္သာရွိတယ္ဆိုရင္ အဆင္ေျပပါတယ္"

"ေသေလာက္ေအာင္ သက္ေတာင့္သက္သာရွိတယ္! အာ အာ အ ငါေသေတာ့မလိုပဲ! ေသာက္ရမ္းေကာင္းတယ္! အာ့ အ...."

"ဖာ့ခ္" လူအုပ္ႀကီးကေတာ့ ေဘးခန္းကိုသြားၿပီး လက္ပူးလက္ၾကပ္ အမိဖမ္းခ်င္တဲ့စိတ္ေတြနဲ႕ ေဒါသေတြ ထႂကြေနေပမယ့္ လူနည္းစုကေတာ့ ဒီကိစၥကိုမလုပ္ရန္ တားျမစ္ၾကသည္။

"မလုပ္နဲ႕, မလုပ္နဲ႕, ဒီအခ်ိန္မွာ ဘယ္သူက မ်က္ႏွာပူရမလဲ မင္းတို႔ စဥ္းစားၾကအံုး"

တတိယထပ္မွာက ဒုတိယႏွစ္ေက်ာင္းသားမ်ားသာ ေနသည္မို႔ လင္းရွန္႕ႏွင့္အျခားသူမ်ား အားလံုးသည္ ေဝ့႐ူစုန္႕၏ အတန္းေဖာ္မ်ားသာ ျဖစ္ၾကသည္။ ထိုသို႔ျဖင့္ အတန္းထဲေရာက္ေသာအခါတြင္ေတာ့ သူတို႔အားလံုး ေဝ့႐ူစုန္႕၏ေဘးတြင္ ဝန္းရံလိုက္ၾကေတာ့သည္။

"႐ူစုန္႕ေရ, ေရွာင္းႏ်န္နဲ႕....."

"႐ိုး႐ိုးသားသားပဲ! ငါ ဘယ္တုန္းကမွ ေရွာင္းႏ်န္ရဲ႕ဟာကို မ-ုပ္ခဲ့ဘူး။ ၿပီးေတာ့ သူနဲ႕လည္း မအိပ္ခဲ့ဘူး။"

ေဝ့႐ူစုန္႕က ခပ္သြက္သြက္ေလး ျပန္ေျဖရမယ္ဆိုတာကို သေဘာေပါက္ေနၿပီ။ အခန္းနံပါတ္ ၃၂၃ မွႏွစ္ေယာက္ကေတာ့ အျပန္အလွန္ ေဝ့ၾကည့္လိုက္ၾကသည္။ သူတို႔အထဲမွ စိတ္အရွည္ဆံုးျဖစ္သည့္ ယန္ရွန္က မွတ္ခ်က္ဝင္၍ေပးလိုက္ေတာ့သည္။

"ကဲ ခ်စ္ၾကတာကေတာ့ မင္းတို႔ရဲ႕ လြတ္လပ္ခြင့္ပဲေလ။ ဒါေပမယ့္ ေနာက္တစ္ႀကိမ္ ဒီလိုဟာမ်ိဳးလုပ္မယ္ဆိုရင္ေတာ့ ပိုၿပီးဂ႐ုစိုက္သင့္တယ္။ မင္းလည္းသိတဲ့အတိုင္းပဲ ငါတို႔အေဆာင္ခန္းေတြရဲ႕ အသံလုံစနစ္က ေတာ္ေတာ္ေလး မေကာင္းဘူးဆိုတာကိုေပါ့။ လြန္ခဲ့တဲ့ ေသာၾကာေန႔က ဘာေတြျဖစ္ေနလဲဆိုတာ ငါတို႔ အားလံုးၾကားေနရတယ္ေလ။"

"ဟမ္? ၾကားတယ္? မင္းတို႔ေကာင္ေတြ ဘာကို ၾကားတယ္လို႔ ေျပာေနၾကတာလဲ?"

"ေရွာင္းႏ်န္နဲ႕ မင္းနဲ႕ တခုခုလုပ္ေနၾကတာကိုေလ။ ငါတို႔ မင္းရဲ႕အသံကို ထင္ထင္ရွားရွားၾကားရတယ္။"

"ေရွာင္းႏ်န္နဲ႕ငါက ဘာကို?! ဘယ္အခ်ိန္က ငါသူနဲ႕လုပ္ခဲ့လို႔လဲ?! ဟမ္?!"

အခန္းနံပါတ္ ၃၂၃ မွႏွစ္ေယာက္၏အၾကည့္ကေတာ့ စပ္စပ္စုစုျဖစ္ေနရာမွ ရႈံ႕ခ်ေသာအမူအရာကို ေျပာင္းသြားေတာ့၏။

အတန္းခ်ိန္မ်ားၿပီး၍ ညေနစာစားၿပီးခ်ိန္တြင္ ေရွာင္းႏ်န္ကေတာ့ သူ၏ ဂီတနုတ္စ္မ်ားကို လွန္​​ေလွာ​ရွာေဖြေနေလသည္။ ေဝ့႐ူစုန္႕ျပန္လာသည္ကို ေတြ႕လိုက္သည္ႏွင့္ သူက ဘြင္းဘြင္းရွင္းရွင္းပဲ ေဝ့႐ူစုန္႕ကို အစီရင္ခံလိုက္ေတာ့သည္။

"စီနီယာ, ကၽြန္ေတာ္ ဒီေန႔ ဗားရွင္းအသစ္တစ္ခု ၾကားခဲ့ျပန္ၿပီ"

"ငါေရာပဲ"

"ငါတို႔ အတူတူေျပာၾကမလား"

"၃, ၂, ၁ "

"ေရွာင္းႏ်န္နဲ႕ ေဝ့႐ူစုန္႕တို႔ ႏွစ္ေယာက္ လုပ္ၾကတာ အသံက်ယ္လြန္းလို႔ အခန္းနီးခ်င္းေတြကိုေတာင္ အေႏွာင့္အယွက္ျဖစ္ေစတယ္"

"ေရွာင္းႏ်န္နဲ႕ ေဝ့႐ူစုန္႕တို႔ ႏွစ္ေယာက္ လုပ္ၾကတာ အသံက်ယ္လြန္းလို႔ အခန္းနီးခ်င္းေတြကိုေတာင္ အေႏွာင့္အယွက္ျဖစ္ေစတယ္"

___________^မမ္​မို^___________

T/N: ​တစ္​ခ်ိဳ႕စကားလံုး​ေလး​ေတြက နဲနဲ႐ိုင္​းေနတာကို နားလည္​​ေပးၾကပါ​လို႔ ​ေျပာခ်င္​ပါတယ္​။ အ​ေဆာင္​​ေန ​ေက်ာင္​းသားဘဝကုိ ​ေရးထားတာမို႔ မူရင္း​အတိုင္​း ဘာသာမျပန္​လိုက္​ရင္​ မူရင္​းစာ​ေရးသူ​ေပးခ်င္​တဲ့ အရသာက ​ေလ်ာ့သြားမွာမို႔ပါ။ ဖတ္​႐ႈအား​ေပးသူမ်ားကို ႐ွဲ႔႐ွဲ႔နိပါ 😊

Next: What to Do, My Enemy Thinks That My Roommate and I Performed <Flight of the Bumblebee> On the Piano

"Unicode"

What to Do, My Neighbour Thinks My Roommate and I are Fucking

မီးခိုးရှိရာတွင် မီးရှိမည်ဟူသော ဆိုးရိုးစကားရှိသည်။ အကယ်၍ ဝေ့ရူစုန့်၏ ထိခိုက်မှုကို တစ်စုံတစ်ယောက်ကို အပြစ်တင်ရမည်ဆိုပါက ရှောင်းနျန်သာလျှင် ဖြစ်မည်။

(T/N:ဆိုလိုချင်တာက ပြဿနာရှိလျှင် တရားခံရှိသည်)

တကယ်လို့ ရှောင်းနျန်သာ ထီးယူသွားခဲ့မည်ဆိုရင် စားသောက်ဆိုင်တွင် ပိတ်မိနေလိမ့်မှာ မဟုတ်ဘူး။ တကယ်လို့ သူသာအဲဒီမှာ သောင်တင်မနေဘူးဆိုရင် ဝေ့ရူစုန့်လည်း ဒီကုန်းစောင်းကို ဖြတ်စရာ လိုမှာမဟုတ်ဘူး။ တကယ်လို့ သူသာ အဲဒီကုန်းစောင်းကို မဖြတ်ခဲ့မိဘူးဆိုရင် အဲဒီ့အောက်ထဲကို ပြုတ်ကျဖို့ရန်လည်း မဖြစ်နိုင်ဘူး။ ပြီးတော့ သူလည်း ဒဏ်ရာရခဲ့မှာ မဟုတ်ဘူး။ ထပ်ပြီး အတိုင်ပင်ခံကလည်း သူ့ကို တခြားယောက်ျားတစ်ယောက်နဲ့ အဲ့ဒီနေရာမှာ လုပ်နေခဲ့တယ်လို့ အထင်မှားလိမ့်မှာ မဟုတ်ဘူး။ မည်သို့ပင် ဖြစ်ပါစေ ရှောင်းနျန်က ဒီကိစ္စ၏ တရားခံဆိုတာ သေချာသည်။

ရှောင်းနျန်သည်လည်း သူ့တွင် အပြစ်ရှိသည်ဟု ခံစားနေရသည်။ တကယ်တော့ ဝေ့ရူစုန့်သည်သာ သူ့ကို ထီးယူသွားဖို့ရန်၊ မနက်စာကို စားရန်၊ သူ၏စာရေးကိရိယာများကို ယူသွားရန် အမြဲသတိပေးတတ်သူဖြစ်သည်။ သူ၏ မွေးမေမေပင် ဝေ့ရူစုန့်ကဲ့သို့ တကျည်ကျည်နှင့် သတိပေးလေ့မရှိသည့်အပြင် ဝေ့ရူစုန့်လောက်ပင် သူ့ကို ဂရုစိုက်လိမ့်မည်မဟုတ်ဟု ရှောင်းနျန်က တွေးမိပြီး သူ၏ရင်ထဲ အတော်လေးခံစားသွားရ၏။ ထို့ကြောင့် ရှောင်းနျန်က ဆုံးဖြတ်လိုက်တော့သည်။ အခုကနေစပြီး ဝေ့ရူစုန့်ကို မနက်စာ နေ့စဉ်ဝယ်ပေးမည်ဟူ၍။

ဝေ့ရူစုန့်က Super Delicious မှ အစားအသောက်များမှာ ဆိုးဝါးသည်ဟု ဆိုထားသောကြောင့် ရှောင်းနျန်က ဝေ့ရူစုန့်ကြိုက်နှစ်သက်သည့် ဆိုင်သို့သာသွား၍ ထမင်းဘူးကို ဝယ်တော့သည်။ ရှောင်းနျန်သည် အတော်လေးသစ္စာရှိသူဖြစ်သည်။ ဝေ့ရူစုန့် ကြိုက်နှစ်သက်သောဆိုင်မှာပင် ဝေ့ရူစုန့်စားသည့် အစားအသောက်ကိုသာ အချိန်တော်တော်ကြာ လိုက်၍စားလေသည်။ တစ်ခါတစ်ရံ ထိုဆိုင်ကို ငြီးငွေ့သွားချိန်မှာတောင် စားနေကြဆိုင်ကို နောက်တစ်ကြိမ် ပြန်၍သွားမည်မဟုတ်ပေ။ ဝေ့ရူစုန့်နှစ်သက်သည့်ဆိုင်တွင် လိုက်၍စားသည့်အခါတွင်တော့ ရှောင်းနျန်တစ်ယောက် Super Delicious မှ အစားအသောက်များမှာ အလွန်တရာဆိုးဝါးလှသည်ကို နားလည်သွားပြီး တစ်စုံတစ်ရာ ထပ်မံအဆိုပြုခြင်း မရှိတော့ဘူး။

တကယ်တော့ စိတ်လှုပ်ရှားစရာကောင်းလှသော ဒီဇာတ်လမ်း၏ အဓိကဇာတ်ဆောင်များအနေဖြင့် ဝေ့ရူစုန့်ထက် ရှောင်းနျန်ကိုသာပို၍ လူအများက အထူးအဆန်းဖြစ်ကြလေသည်။ ရှောင်းနျန်ဆိုသည်မှာ မြင့်မြတ်၍ အထက်တန်းကျသည့် ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ပြီး အဓိကအချက်ကိုပြောမယ်ဆိုရင် လူတိုင်းက အဝေးမှသာမျှော်ကြည့်နိုင်သည့် လူမျိုးပင် ဖြစ်လေရာ- ဘာကြောင့်များ ရှောင်းနျန်က သူ၏ အရာကို ဝေ့ရူစုန့်အား -ုပ်ခွင့်ပေးရတာလဲ? ဘာကြောင့်များ ရှောင်းနျန်နှင့် ဝေ့ရူစုန့်က လူမြင်ကွင်းမှာ ဖြစ်ကြတာလဲ? ဘာကြောင့်များ ရှောင်းနျန်ရဲ့ဟာက ငန်နေရတာလဲ?

တကယ်တော့ ရှောင်းနျန်တွင်လည်း သူငယ်ချင်းများရှိလေရာ ဂျူနီယာ အထက်တန်းနှစ်မှာတည်းက ခင်မင်လာသော ဟန်ဟိုင်ဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိလေသည်။ ဟန်ဟိုင်သည် ရှောင်းနျန်ကို ပထမဆုံးအကြိမ်အဖြစ် Mrs. Zhu ၏ စားသောက်ဆိုင်တွင် တွေ့လိုက်ရသည်။ စားပွဲထိုး အဒေါ်ကြီးမှာ ရှောင်းနျန်၏ ခန့်ငြားမှုများကို မြင်တွေ့သွားပြီးတဲ့နောက် သူ့အား ကြက်ပေါင်အကြီးကြီးကို ထည့်ပေးလေတော့၏။ ဟန်ဟိုင်တစ်ယောက် သူ၏ပန်းကန်တွင်းရှိ ကြက်ပေါင်သေးသေးကို တစ်လှည့် ရှောင်းနျန်၏ ပန်းကန်တွင်းရှိ ကြက်ပေါင်ကြီးကြီးကို တစ်လှည့်ကြည့်ရင်း သက်ပျင်းလေးလေး တစ်ချက်သာ ချနိုင်တော့သည်။

"ရှောင်းနျန်, ဝေ့ရူစုန့်နဲ့ မင်း......"

"ငါတို့နှစ်ယောက် ဘာကိစ္စမှမရှိဘူး"

"ဒါဆို ဘာလို့ ဒီလို သတင်းမျိုးက ထွက်လာရတာလဲ?"

"...." ဒီအခြေအနေကို ရှင်းပြရန် မလွယ်ကူဘူးလို့ ရှောင်းနျန်က တွေးမိသည်။ သို့သော် မရှင်းပြပြန်ရင်လည်း ထူးဆန်းသည်ဟု ထင်ကြအုံးမည်။ " ငါ စီနီယာကို blowjob မပေးခိုင်းခဲ့ဘူး။ ငါတို့ လူမြင်ကွင်းမှာလည်း မလုပ်ခဲ့ဘူး။ ငါ့ရဲ့ဟာ ငန်တယ်ဆိုတာကတော့ စီနီယာ မဟုတ်တရုတ်လျှောက်ပြောခဲ့ရုံသက်သက်ပဲ"

ထိုကဲ့သို့ ရှင်းပြနေစဉ်မှာပဲ ရှောင်းနျန်ဟာ ကြက်ပေါင်အကြီးကြီးကို နေ့လည်စာထမင်းဘူးထဲသို့ ဂရုတစိုက်နှင့် ထည့်နေလေသည်။

ရှောင်းနျန်၏ လှပသောနှုတ်ခမ်းလေးကနေ ဒီလိုမျိုး "ဟာ" တို့ "လုပ်" တို့ ဆိုသည့် ကြမ်းတမ်းသောစကားမျိုး ထွက်လာသည်မှာ ဟန်ဟိုင်အတွက် ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ ဒါဟာ စော်စော်ကားကားပြောနေသည်ဟု ခံစားရသော်ငြား တကယ်တမ်းမှာတော့ ယဉ်ကျေးသိမ်မွေ့နေပြန်သည်။ ရှေ့လျှောက် သူစကားပြောသည့်အခါ ဂရုစိုက်၍ ပြောရမည်ဟု တွေးမိသည်။

"ဒါပေမယ့် မင်းတို့နှစ်ယောက်က........ တကယ်ပဲ ဘာမှမဟုတ်ကြဘူးလား?" ဟန်ဟိုင်က ဆက်ပြီးမေးချင်နေသေးသည်။

"ဘာက ဖြစ်နိုင်လို့လဲ?"

"ဒါဆို အဲ့ဒီနေ့လည်စာက ဘယ်သူ့အတွက်လဲ?" ဟန်ဟိုင်က သိချင်လွန်းစွာပဲ မေးလိုက်သည်။

"စီနီယာ"

"ကြက်ပေါင်ကရော ဘာလို့လဲ"

"သူ့ခြေထောက် ခိုက်မိထားတယ်။ ဒါက သူ့အတွက်ပဲ။"

"ကြင်နာတတ်တဲ့ ဂျူနီယာလေးပဲ" ဟန်ဟိုင်က ဆက်၍ပြောလိုက်သည် "တကယ်လို့ မင်းတို့နှစ်ယောက်ကြားထဲမှာ ရှေ့ဆက်ပြီး တစ်ခုခုရှိခဲ့မယ်ဆိုရင်လည်း ငါ မင်းကို အထင်အမြင်သေးမှာ မဟုတ်ဘူး။ မင်းက ငါရဲ့ ထာဝရညီအကိုပဲလေ။ မင်း ယောက်ျားလေးကို ကြိုက်သည်ဖြစ်စေ မိန်းကလေးကို ကြိုက်သည်ဖြစ်စေ ငါက မင်းကို ထောက်ခံနေမှာပါ။"

ရှောင်းနျန်က ရင်ထဲတွင် ထိသွားသော်ငြား ထပ်ပြီး ရှင်းလင်းလိုက်ပြန်သည်။

"ငါ တကယ်ပဲ ဂေးမဟုတ်ဘူး။"

ဝေ့ရူစုန့်၏ ဒဏ်ရာမှာ တော်တော်လေးကြီးသောကြောင့် သူ၏ခြေသလုံးကို ပေါင်မုန့်ချောင်းကဲ့သို့ပင် စည်းနှောင်ထားရလေသည်။ ရေချိုးသည့်အခါ သူ၏ခြေထောက်တစ်ချောင်းကိုသာ အသုံးပြုနိုင်သောကြောင့် ထိုအချိန်မျိုးတွင် သူ့ကိုယ်သူ ကျွမ်းဘားအားကစားသမားများ လေ့ကျင့်နေသလိုပင် ထင်မှတ်မိသည်။ သို့သော်လည်း ဝေ့ရူစုန့်၏ အရည်အချင်းတစ်ခုကတော့ အကောင်းမြင်တတ်ခြင်းပင်ဖြစ်ပြီး အမျိုးသားတစ်ယောက်အနေဖြင့် ခက်ခဲသောအခြေအနေမျိုးမှာတောင် ပျော်ရွှင်မှုကို ရှာဖွေတတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ စီနီယာကြီး ဝေ့ရူစုန့်ကတော့ ရေပန်းအောက်မှာ ရေချိုးနေချိန် ခြေထောက်တစ်ဖက်ကို ဘိုထိုင်ပေါ်သို့လှမ်းတင်ထားပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဆင်နွှဲနေလေတော့သည်။

ဝေ့ရူစုန့်က အသံကိုမြှင့်၍ ကြော်ငြာလိုက်သည်, "နောက်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ နာမည်ကျော် ဂီတဘုရင်ကြီး မစ်စတာဝေ့ကို ကျွန်တော်တို့အတွက် Shower Song ဖျော်ဖြေပေးရန် ဖိတ်ခေါ်လိုက်ပါ့မယ်!" ဒီတစ်ကြိမ်မှာတော့ မိန်းကလေးပရိတ်သတ်များ၏ အသံတုကို လုပ်လိုက်ခြင်းဖြစ်သည်, "အား အား အား စုန့်စုန့် I love you, စုန့်စုန့် ငါတို့အမြဲတမ်းအတူတူရှိကြမယ်! စုန့်စုန့် မင်းက အရမ်းချောတာပဲ! အား အား ချစ်တယ် စုန့်စုန့်!" နောက်ဆုံးမှာတော့ သူ၏ ကိုယ်ပိုင်ညုတုတုအသံဖြင့်, "အိုး ငါလည်း မင်းတို့အားလုံးကို ချစ်တယ်လို့"

ရေငွေ့ရိုက်နေသော မှန်ထဲသို့ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ရင်း ရေပန်းကိုကိုင်ကာ မိုက်သဏ္ဍာန်လုပ်၍ အော်ဆိုလိုက်တော့သည်။

"ရေချိုးရတာကို ကြိုက်တယ်, ငါ့ရဲ့ အသားအရေက ကောင်းလွန်းတယ်, ခေါင်းအုပ်လေးကို စွပ်ပြီးခုန်လိုက်မယ်, အို့ အို အိုး ရေး!"

ဝေ့ရူစုန့်မှာ အရင်အချိန်များက တစ်ယောက်တည်းနေခဲ့သည်မို့ သူ ဤကဲ့သို့ သီချင်းဆိုရာတွင် ဝါသနာထုံမှန်း တခြားသူများက မသိခဲ့ကြဘူး။ ဒါက သူအမြဲလုပ်နေကြကိစ္စပဲမို့ အခုချိန်မှာတော့ တစ်ယောက်တည်း မဟုတ်လေဘူးဆိုတာကို သူကမေ့နေလေပြီဖြစ်ရာ ပို၍ပို၍ စိတ်အားထက်သန်လာခဲ့ပြီး အသံကို အမြင့်ဆုံးထိတင်လိုက်ချိန်မှာတော့ ရေချိုးခန်းတံခါးက ရုတ်တရတ်ပွင့်သွားခဲ့ပြီး နေ့လည်စာထမင်းဘူးကို ကိုင်ထားသည့် ရှောင်းနျန်၏ စိုးရိမ်တကြီးမျက်နှာထားကို အပေါက်ဝတွင် တွေ့လိုက်ရတော့၏။

"စီနီယာ, အဆင်ပြေရဲ့လား?"

ဝေ့ရူစုန့်မှာ ခန္ဓာကိုယ်တွင်ဆပ်ပြာအမြုပ်များဖြင့် ရေပိတ်ထားသည့်ရေပန်းကို လက်ထဲတွင်ကိုင်ထားပြီး ခြေထောက်တစ်ဖက်ကတော့ ဘိုထိုင်ပေါ်တွင် တင်ထားသည့် ပုံစံဖြင့်ပင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လိုက်မိတော့သည်။ ကံကောင်းသွားသည်မှာ ဝေ့ရူစုန့်၏ လျှင်မြန်လှသည့် အပြုအမူကြောင့်ပင် ဖြစ်သည်။ သူက ခပ်မြန်မြန်လေး ဆပ်ပြာအမြုပ်များကို ခန္ဓာကိုယ်ပေါ်သို့ တင်လိုက်ပြီး ရိုးရိုးသားသား အပြုံးတစ်ပွင့်ကို ပေးလိုက်လေသည်။

"ဟီးးးးး! အဆင်ပြေပါတယ်, ငါ ရေချိုးနေရင်း သီချင်းဆိုလိုက်တာ မင်းကို လန့်သွားအောင် လုပ်လိုက်မိလား? ဟားဟား ဟား ဟား..."

ရေပန်းခေါင်းမှာ တံခါးဘက်သို့ ဦးတည်နေသည်ကို မသိပဲ ဝေ့ရူစုန့်က ရေပန်းကို ဖွင့်၍ချလိုက်တော့သည်။ မတော်တဆဖြင့်ပင် ရပ်နေသော ရှောင်းနျန်ဆီသို့ ဦးတည်သွားလေတော့၏။ ရွှဲရွဲစိုနေသော ရှောင်းနျန်ကို ကြည့်ရင်း ဝေ့ရူစုန့်အတွေးထဲမှာတော့ ဒီလိုမျိုး ဆွဲဆောင်မှုရှိလှတဲ့ပုံရိပ်က ထိန်းချုပ်မှုလွတ်မတတ် ဖြစ်သွားတော့သည် _ ဟေး အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။ ငါက ဘယ်တုန်းက မထိန်းချုပ်နိုင် ဖြစ်မိလို့လဲ?! ဝေ့ရူစုန့်က ရေပန်းကို မြန်မြန်ပိတ်လိုက်သော်လည်း နောက်ကျသွားလေပြီ။ ရှောင်းနျန်ကတော့ တံခါးဝမှာ ရေစိုနေသော ပါပီလေးကဲ့သို့ပင် ရေစက်လက်နှင့် ဖြစ်သွားတော့သည်။ ဒီလို သနားစဖွယ် ချစ်ချင်စဖွယ် ပုံစံလေးကို ကြည့်ပြီးတဲ့နောက် ရုတ်တရတ်ပဲ ဝေ့ရူစုန့်၏ရင်ထဲ အချစ်တွေတိုးပွားလာပြီး ရှောင်းနျန်ကို ခေါ်လိုက်တော့သည်။

"ရေလာချိုးလှည့်, အအေးမမိစေနဲ့လေ"

"အိုကေ"

ရှောင်းနျန်က ထမင်းဘူးကို စားပွဲပေါ်သို့တင်လိုက်ပြီး အဝတ်အစားများကို ချွတ်ရင်း သူ၏ တောင့်တင်းလှသော ကြွက်သားများကို လှစ်ဟပြလိုက်တော့သည်။ ဒီလို ကြွက်သားမျိုးနဲ့ ဒီလို ပုံရိပ်မျိုးကို ကြည့်ရသည်မှာ ဂရိနတ်ဘုရားရုပ်တု တစ်ခုနှင့်ပင် တူနေသေးသည်။

(T/N: စုန့်စုန့်ရေ ဖြောင့်လွန်းလို့ပဲနော်။ ပစ်မှားနေလိုက်တာများ မပြောတော့ဘူးကွယ်)

သူတို့နှစ်ယောက်လုံးက ယောက်ျားသားတွေပဲမို့ တစ်ယောက်နှင့်တစ်ယောက် ဂုဏ်သိက္ခာထိခိုက်မည့်စကားမျိုးကို ပြောစရာမလိုဘူးမလား။ ယောက်ျားချင်းအတူတူပဲမို့ ဒီနေရာက နှိုင်းယှဉ်စရာမဟုတ်သော်ငြား သူကတော့ နှိုင်းယှဉ်မိပြန်သည်။ ဒါပေါ့ ပို၍သေးသည့်သူက ရှက်ဖို့ကောင်းလွန်းမည်ပင်။ သို့သော်လည်း ရှောင်းနျန်၏ အရွယ်အစားက သေချာပေါက်ကို ကြီးလွန်းလှသည်။ အဲ့ဒီဟာက ပြည့်စုံလှသည့် အာရှအရွယ်အစားဟု ဝေ့ရူစုန့်က ဝန်ခံရမည်ပင်။ ရှောင်းနျန်က သူ့ထက်ပို၍ အရပ်ရှည်ပြီး ကြွက်သားများသန်မာသောကြောင့် အနည်းငယ်ပိုပြီး ကြီးသည်မှာ ဖြစ်သင့်သည်- ဖာ့ခ် ဘယ်လိုများ အနည်းငယ်လောက် ကြီးရုံပဲဖြစ်မလဲ?! ရှောင်းနျန်၏ အဝတ်မပါသည့် ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး ဝေ့ရူစုန့်တစ်ယောက် ရုတ်တရတ် သိမ်ငယ်လာသလို ခံစားသွားရကာ အိမ်သာထဲသို့ ငုပ်ဝင်သွားချင်သလိုပင် ဖြစ်မိသည်။ အဲဒီပစ္စည်းနှစ်ခုနဲ့ ပြေးလိုက်မယ်ဆိုရင်တော့ အလေးချိန်စီးနေတာမို့ ပိုပြီးမောမှာပဲ။ ဒီတော့ အပြေးပြိုင်မယ်ဆိုရင် ရှောင်းနျန်က သူ့ထက်နှေးမှာ အသေအချာပဲဟု တွေးမိပြီး ဝေ့ရူစုန့်တစ်ယောက် ယုံကြည်မှုရှိသွားပြန်လေသည်။ ထိုကဲ့သို့ ကိုယ့်ကိုယ်ကို အားပေးပြီးသည့်နောက်မှာတော့ ဝေ့ရူစုန့်တစ်ယောက် ပျော်ရွှင်စွာပဲ ရေကို ဆက်၍ချိုးရင်း ရှောင်းနျန်၏ ရှေ့တွင် အနည်းငယ်ရှက်နေပုံဖြင့် သီချင်းဆိုရန် တာစူလိုက်ပြန်သည်။ ရှောင်းနျန်ကတော့ ဝေ့ရူစုန့်၏အမူအရာကို အံ့သြစရာကောင်းစွာ နားလည်နေပုံရပြီး ဆပ်ပြာတိုက်ရင်းနှင့်ပင် ဝေ့ရူစုန့်ကို သာသာလေးခေါင်းငြိတ်ပြလို့

"စီနီယာ သီချင်းဆိုချင်ရင် ဆိုလေ"

စဉ်းစားကြည့်ပါက သူတို့နှစ်ယောက်မှာ ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ဘူးဆိုပါက သုံးနှစ်တိုင်တိုင် ပူူးတွဲ၍ နေရမည်ဖြစ်လေရာ အနာဂတ်တွင် တစ်ယောက်နှင့်တစ်ယောက် လိုက်လျောညီထွေ ရှိနေရမည်ဖြစ်သည်။ တစ်ယောက်က ရေချိုးနေချိန်တွင် တစ်ယောက်က သန့်စင်ခန်းသွားတာမျိုးက ကြုံရမည်ပဲဖြစ်လေရာ ရေချိုးရင်း သီချင်းဆိုသည်မှာတော့ ပြဿနာမရှိနိုင်ချေ။ အတွေးနှင့်အတူ ဝေ့ရူစုန့်မှာ အားတက်သွားပြီး ရှောင်းနျန်ကိုကျောပေးကာ စတင်၍ သီဆိုလေတော့၏။

"ဒတ်စ်-ပါ-စီတို တိုမက်တိုး ပိုတေးတိုး အား အား အား အား အား, ဈေးကြီးတဲ့ ဘီယာတစ်ခွက်ကို ဂရုမစိုက်နဲ့ အိုး မေ့ပစ်ဖို့အတွက် ငါ့ကို ရေတစ်ခွက်သာ ပေးလိုက်, ငါမင်းကို သီချင်းတစ်ပုဒ်လောက် ဆိုပြမယ် ဟိုးက ဂြိုလ်ပေါ်ကိုသွားပြီး ကြယ်ကြွေတာ သွားကြည့်ကြမယ်...." (T/N: သီချင်းများကို ရောသမမွှေထားခြင်းဖြစ်သည်)

ထိုကဲ့သို့ ပေါက်ပန်းဈေး လျှောက်၍ဆိုနေသော သီချင်းများကို ရှောင်းနျန်က ခံစားနိုင်တော့ပုံမရပဲ ဖြတ်၍ပြောလိုက်တော့သည်။

"စီနီယာ, ကျွန်တော် ပြီးပြီမို့ အရင်ထွက်နှင့်ပြီနော်"

"အာ? အိုး အို အိုခေ အိုခေ"

ဝေ့ရူစုန့်တစ်ယောက် ရေချိုးခန်းထဲ သောင်းကျန်းနေချိန်တွင် ရှောင်းနျန်ကလည်း သူ၏နားကြပ်ကို တပ်၍ video ဂိမ်း ကစားနေတော့သည်။ ရေချိုးခန်းဖျော်ဖြေမှုများ ပြီးဆုံးသွားချိန်မှာတော့ ဝေ့ရူစုန့်တစ်ယောက် သူ၏ခြေထောက်ကို တရွတ်ဆွဲပြီး အိပ်စင်ပေါ်သို့ တက်သွားပြီးနောက် အပေါ်ထပ်အိပ်စင်ပေါ်မှနေ၍ ခေါင်းကို ထုတ်ပြီး ရှောင်းနျန်ကို ခေါ်ရန် ကြိုးစားလိုက်သည်။

"ဂျူနီယာ?"

"စီနီယာ?"

"ငါခေါ်တာ ကြားတယ်လား။ တကယ်တော့ ဒါက သိပ်အရေးမကြီးပါဘူး" ဝေ့ရူစုန့်မှာ သူ၏ခြေသလုံးက ခိုက်မိထားသောကြောင့် ဒီအတောအတွင်း လေ့ကျင့်ခန်းမလုပ်ဖြစ်သည့်အတွက် လှုပ်လှုပ်ရှားရှားမရှိသည့် သူ၏ခန္ဓာကိုယ်မှာ ကိုက်ခဲနေသည်ဟု ခံစားရသည်။ "မင်းငါ့ကို နှိပ်ပေးလို့ရမလား? ငါလည်း မင်းကို ပြန်ပြီး နှိပ်ပေးမယ်လေ?"

ဒါက အပြန်အလှန်သာ ဖြစ်သင့်သည်လေ!

"အိုကေ လာပြီ"

ရှောင်းနျန်က ခပ်မြန်မြန်ပဲ ဝေ့ရူစုန့်၏ ကုတင်ပေါ်သို့ ရောက်လာလေရာ ဝေ့ရူစုန့်က သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပဲ အနေအထားပြင်လိုက်တော့သည်။ ရှောင်းနျန်က အားမာန်အပြည်နှင့် သူ၏နောက်ကျောပေါ်ရှိ အကြောများကို ပွတ်ဆွဲလိုက်လေရာ ဝေ့ရူစုန့်က ညည်းညူလေတော့၏။

"အိုး....အိုး!"

"အဆင်ပြေရဲ့လား စီနီယာ? ကျွန်တော်နာအောင်လုပ်မိလိုက်လား?"

"မဟုတ်ဘူး! အရမ်းကောင်းတယ်!" ဝေ့ရူစုန့်ကတော့ ဒီခံစားချက်က အရမ်းကောင်းလွန်းလို့ မထိန်းလောက်အောင်ပါပဲ "ပြင်းပြင်းလေး!"

"အိုး! အာ့! ဟား......"

"အရမ်းကောင်းတယ်!"

"အာ့..... အ....." ဝေ့ရူစုန့်ကတော့ သဲသဲကွဲကွဲတောင် မညည်းညူနိုင်တော့ပဲ "ငါ့ ငါ့ရဲ့အလှည့် နောက်တခါက"

အဲဒီအချိန် သူတို့ဘေးမှ အခန်းနံပါတ် ၃၂၃ တွင်တော့

"ဖာ့ခ် ဒီစက်ရုပ်ကတော့!"

"ဘာလို့နောက်ကို ကြည့်နေတာလဲ သူ့ကို အရင်ချလေ!"

"ဖာ့ခ် ဖာ့ခ် ဖာ့ခ် ဒီကစားသမားက ဒီမှာ ဘာလုပ်နေတာလဲ ဘောပဲကွာ!" လင်းရှန့်က အသတ်ခံလိုက်ရလေရာ နားကြပ်ကို ဖြုတ်ပြစ်လိုက်ပြီး ရေတစ်ခွက်ကောက်သောက်လိုက်တော့သည်။ ထိုအချိန်မှာပဲ အခန်းနံပါတ် ၃၂၅ မှနေ၍ ရုတ်တရတ် ထူးဆန်းသောအသံများကို ကြားလိုက်ရတော့သည်။ "အာ ဘာတွေဖြစ်နေကြတာတုန်း?"

အရှေ့ပိုင်းတွင် ဆိုခဲ့သည့်အတိုင်း အဆောင်ခန်းများ၏ အသံလုံပုံမှာ ဆိုးဝါးလှသည့်အပြင် ဝေ့ရူစုန့်၏ ကုတင်မှာလည်း အခန်းနံပါတ် ၃၂၃ ၏ နံရံနှင့်ကပ်လျက်တွင် တည်ရှိလေရာ မည်သည့်ကိစ္စ ဖြစ်နေပါစေ ကြားနိုင်မှာပဲဖြစ်သည်။ လင်းရှန့်တစ်ယောက် မတ်တပ်ထရပ်လိုက်ပြီး နားကို နံရံတွင်ကပ်လိုက်သည့်အခါမှာတော့ သူကြားရသည်များကို မယုံနိုင်ဖြစ်သွားတော့၏။

"အဆင်ပြေရဲ့လား စီနီယာ? ကျွန်တော်နာအောင်လုပ်မိလိုက်လား?"

"မဟုတ်ဘူး! အရမ်းကောင်းတယ်! ပြင်းပြင်းလေး!"

"ဖာ့ခ်" လင်းရှန့်၏ ခေါင်းက ပေါက်ထွက်တော့မလိုပင် ဖြစ်သွားသည်။ သူက သူ၏အခန်းဖော်ကို ဆွဲခေါ်လိုက်ရင်း "ငါ့ကို ရိုက်မနေစမ်းနဲ့, ဘေးခန်းမှာ ဘာတွေဖြစ်နေလဲလို့ နားထောင်ကြည့်စမ်း?! ဖာ့ခ်, ကြည့်ရတာတော့ ဝေ့ရူစုန့်နဲ့ ရှောင်းနျန်တို့ လုပ်နေကြတာလို့ ထင်တယ်?"

"ဟက်? ငါတို့ ဒါကို သတင်းပို့လိုက်ရင် ကောင်းမလား?"

"ငါတို့ ခိုးနားထောင်နေတာကို ဘာလို့သတင်းပို့မလဲ? ငါတို့ သူတို့ကို ၂၀၂၇ ကြမှ သတင်းပို့ကြမယ်လေ! မြန်မြန်! လာပြီး နားထောင်ကြ!"

ဤကဲ့သို့ပင် လူစုလူဝေးကြီးမှာ အိမ်မြှောင်များကဲ့သို့ နံရံတွင် ကပ်လျှက်ရှိကြတော့သည်။

"အရမ်းကောင်းတယ်!"

"အာ့...အာ... နောက်တစ်ခါ ငါ့အလှည့်"

"စီနီယာ သက်တောင့်သက်သာရှိတယ်ဆိုရင် အဆင်ပြေပါတယ်"

"သေလောက်အောင် သက်တောင့်သက်သာရှိတယ်! အာ အာ အ ငါသေတော့မလိုပဲ! သောက်ရမ်းကောင်းတယ်! အာ့ အ...."

"ဖာ့ခ်" လူအုပ်ကြီးကတော့ ဘေးခန်းကိုသွားပြီး လက်ပူးလက်ကြပ် အမိဖမ်းချင်တဲ့စိတ်တွေနဲ့ ဒေါသတွေ ထကြွနေပေမယ့် လူနည်းစုကတော့ ဒီကိစ္စကိုမလုပ်ရန် တားမြစ်ကြသည်။

"မလုပ်နဲ့, မလုပ်နဲ့, ဒီအချိန်မှာ ဘယ်သူက မျက်နှာပူရမလဲ မင်းတို့ စဉ်းစားကြအုံး"

တတိယထပ်မှာက ဒုတိယနှစ်ကျောင်းသားများသာ နေသည်မို့ လင်းရှန့်နှင့်အခြားသူများ အားလုံးသည် ဝေ့ရူစုန့်၏ အတန်းဖော်များသာ ဖြစ်ကြသည်။ ထိုသို့ဖြင့် အတန်းထဲရောက်သောအခါတွင်တော့ သူတို့အားလုံး ဝေ့ရူစုန့်၏ဘေးတွင် ဝန်းရံလိုက်ကြတော့သည်။

"ရူစုန့်ရေ, ရှောင်းနျန်နဲ့....."

"ရိုးရိုးသားသားပဲ! ငါ ဘယ်တုန်းကမှ ရှောင်းနျန်ရဲ့ဟာကို မ-ုပ်ခဲ့ဘူး။ ပြီးတော့ သူနဲ့လည်း မအိပ်ခဲ့ဘူး။"

ဝေ့ရူစုန့်က ခပ်သွက်သွက်လေး ပြန်ဖြေရမယ်ဆိုတာကို သဘောပေါက်နေပြီ။ အခန်းနံပါတ် ၃၂၃ မှနှစ်ယောက်ကတော့ အပြန်အလှန် ဝေ့ကြည့်လိုက်ကြသည်။ သူတို့အထဲမှ စိတ်အရှည်ဆုံးဖြစ်သည့် ယန်ရှန်က မှတ်ချက်ဝင်၍ပေးလိုက်တော့သည်။

"ကဲ ချစ်ကြတာကတော့ မင်းတို့ရဲ့ လွတ်လပ်ခွင့်ပဲလေ။ ဒါပေမယ့် နောက်တစ်ကြိမ် ဒီလိုဟာမျိုးလုပ်မယ်ဆိုရင်တော့ ပိုပြီးဂရုစိုက်သင့်တယ်။ မင်းလည်းသိတဲ့အတိုင်းပဲ ငါတို့အဆောင်ခန်းတွေရဲ့ အသံလုံစနစ်က တော်တော်လေး မကောင်းဘူးဆိုတာကိုပေါ့။ လွန်ခဲ့တဲ့ သောကြာနေ့က ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ အားလုံးကြားနေရတယ်လေ။"

"ဟမ်? ကြားတယ်? မင်းတို့ကောင်တွေ ဘာကို ကြားတယ်လို့ ပြောနေကြတာလဲ?"

"ရှောင်းနျန်နဲ့ မင်းနဲ့ တခုခုလုပ်နေကြတာကိုလေ။ ငါတို့ မင်းရဲ့အသံကို ထင်ထင်ရှားရှားကြားရတယ်။"

"ရှောင်းနျန်နဲ့ငါက ဘာကို?! ဘယ်အချိန်က ငါသူနဲ့လုပ်ခဲ့လို့လဲ?! ဟမ်?!"

အခန်းနံပါတ် ၃၂၃ မှနှစ်ယောက်၏အကြည့်ကတော့ စပ်စပ်စုစုဖြစ်နေရာမှ ရှုံ့ချသောအမူအရာကို ပြောင်းသွားတော့၏။

အတန်းချိန်များပြီး၍ ညနေစာစားပြီးချိန်တွင် ရှောင်းနျန်ကတော့ သူ၏ ဂီတနုတ်စ်များကို လှန်လှောရှာဖွေနေလေသည်။ ဝေ့ရူစုန့်ပြန်လာသည်ကို တွေ့လိုက်သည်နှင့် သူက ဘွင်းဘွင်းရှင်းရှင်းပဲ ဝေ့ရူစုန့်ကို အစီရင်ခံလိုက်တော့သည်။

"စီနီယာ, ကျွန်တော် ဒီနေ့ ဗားရှင်းအသစ်တစ်ခု ကြားခဲ့ပြန်ပြီ"

"ငါရောပဲ"

"ငါတို့ အတူတူပြောကြမလား"

"၃, ၂, ၁ "

"ရှောင်းနျန်နဲ့ ဝေ့ရူစုန့်တို့ နှစ်ယောက် လုပ်ကြတာ အသံကျယ်လွန်းလို့ အခန်းနီးချင်းတွေကိုတောင် အနှောင့်အယှက်ဖြစ်စေတယ်"

"ရှောင်းနျန်နဲ့ ဝေ့ရူစုန့်တို့ နှစ်ယောက် လုပ်ကြတာ အသံကျယ်လွန်းလို့ အခန်းနီးချင်းတွေကိုတောင် အနှောင့်အယှက်ဖြစ်စေတယ်"

___________^မမ်မို^___________

T/N: တစ်ချို့စကားလုံးလေးတွေက နဲနဲရိုင်းနေတာကို နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။ အဆောင်နေ ကျောင်းသားဘဝကို ရေးထားတာမို့ မူရင်းအတိုင်း ဘာသာမပြန်လိုက်ရင် မူရင်းစာရေးသူပေးချင်တဲ့ အရသာက လျော့သွားမှာမို့ပါ။ ဖတ်ရှုအားပေးသူများကို ရှဲ့ရှဲ့နိပါ 😊

Next: What to Do, My Enemy Thinks That My Roommate and I Performed <Flight of the Bumblebee> On the Piano

Continue Reading

You'll Also Like

261K 22.3K 72
Unicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်...
57.7K 6.4K 7
ရွိုေလးလု: ငါေယာက်ာ္းကို ကြာရွင္းခ်င္တယ္! ခ်င္ေလာင္ကုန္း: ငါ့အိမ္က ရွိုေလးက ငါ့ကို အၿမဲတမ္းကြာရွင္းခ်င္ေနတာပဲ.. ရှိုလေးလု: ငါယောကျာ်းကို ကွာရှင်းချင...
16.9K 968 16
Original Author - SHI SHI English translator - Hontra CHAPTER : 20 Episodes+3Extra(Complete) STARTING DATE : 27.3.2020 ENDING DATE : SOURCE :htt...
141K 7.4K 21
Shar ရဲ႕ ပထမဆံုး GL fic ေလးပါ အားေပးၾကပါဦးေနာ္ Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁