" ေကာင္ေလး! ဒီအိမ္ကိုဝယ္မွာေသခ်ာလား? "
အိမ္ပြဲစားအေဒၚႀကီးက ေမးသည္။
" ေသခ်ာပါတယ္ "
လက္သီးကိုတင္းက်ပ္စြာဆုပ္ထား၍ သူျပန္ေျဖလိုက္သည္။ သူသိခ်င္ေနတဲ့အရာေတြ ဒီအိမ္ႀကီးထဲမွာမ်ား႐ွိေနေလမလား? သူ အနည္းငယ္ေတာ့ ေမွ်ာ္လင့္ခ်င္သည္။ သူသိခ်င္ေနတဲ့အရာေတြကို သိလာရင္ေရာ သူေနာင္တရမွာလား? သူေတြးမိျပန္သည္။ အိမ္အိုႀကီးကိုၾကည့္လိုက္မိေတာ့ ျပတင္းေပါက္တစ္ခုမွ မ်က္လံုးတစ္စံုကို လွစ္ခနဲျမင္လိုက္ရေလသည္။ သူေက်ာခ်မ္းသြားမိသည္။ သူအျမင္မွားတာျဖစ္မွာပါေလ။ သူေတြးလိုက္၏။
Adrian Victor တြင္ အိမ္အိုႀကီးမ်ားကို ႏွစ္သက္သေဘာက်ၿပီး ဝယ္ယူေလ့႐ွိေသာ စ႐ုိက္မ႐ွိပါ။ အိမ္အိုႀကီးမ်ားႏွင့္ ပတ္သတ္လွ်င္ မေကာင္းျမင္စိတ္မ်ားတတ္သူမို႔ ေ႐ွးေဟာင္းအိမ္ႀကီးမ်ားကို သြားေရာက္ဖို႔အေၾကာင္းဖန္လာတိုင္း " လူအိုနံ႔ေတြမုန္းလိုက္တာ " လို႔ လူေ႐ွ႕သူေ႐ွ႕အားမနာတမ္းေျပာတတ္သူျဖစ္၏။ ေ႐ွးေဟာင္းအိမ္မ်ားကို ဝင္လိုက္သည္ႏွင့္ အနည္းႏွင့္အမ်ားေတာ့ လူအိုနံ႔ထြက္ေနတတ္သည္မဟုတ္လား? ထိုလူအိုနံ႔ကို သူမုန္းသည္။ လူအိုနံ႔ထက္ ေ႐ွးက်ေနေသာ အိမ္၏ ရနံ႔က ပိုမုန္းစရာေကာင္းသည္။ ထို႔ေၾကာင့္ ေ႐ွးေဟာင္းအိမ္ႀကီးမ်ားက သူ႔အတြက္ေတာ့ စိတ္ဝင္စားစရာ တစ္ခုတစ္ေလမွမ႐ွိ။
ထိုအိမ္ႀကီးကေတာ့ ထူးျခားသည္။ သက္တမ္းက ႏွစ္ေပါင္းရာခ်ီေနၿပီ။ထို႔ေၾကာင့္ အိမ္အိုႀကီးအစား ေ႐ွးအိမ္ႀကီးလို႔ေခၚ၍ရမည္။ သို႔ေသာ္လည္း အိမ္ႀကီး၏ ေ႐ွးက်ေသာပံုစံကိုက လူကိုအေတာ္ေလးညိဳ႕ယူႏုိင္သည္။ နက္ေမွာင္ခမ္းနားေနေသာအိမ္ႀကီးကို မဆိုႏွင့္ဦး။ ျခံထဲ၌ပင္ ေနာက္ထပ္အိမ္ငယ္ေလးမ်ားစြာ ထပ္ေဆာက္လို႔ရေအာင္က်ယ္၏။ ႏွင္းဖံုးလႊမ္းေနေသာ ျမက္ခင္း၏ အလယ္၌ ႐ွိသည့္ ေက်ာက္တံုးလမ္းကေလးက အိမ္ႀကီး၏ ပင္မေဆာင္ေ႐ွ႕တြင္ အဆံုးသတ္သြားသည္။ ျခံထဲတြင္ ေရပန္းတစ္ခုလည္း႐ွိေသး၏။ သို႔ေသာ္ ပတ္ဝန္းက်င္၏ အပူခ်ိန္ေၾကာင့္ ေရခဲခြၽန္မ်ားသဖြယ္ျဖစ္ေနသည္။ နက္ေမွာင္ေတာင္ပေနေသာ အိမ္ႀကီး၏ ေခါင္မိုးတြင္သာမက ျခံထဲ၌လည္း ႏွင္းမ်ားကအျပည့္။ ဒီဇင္ဘာလျဖစ္ေသာေၾကာင့္ အေအးကဲေနသည္က ထူးေတာ့မထူးဆန္း။
အိမ္ႀကီး၏ ပံုစံေၾကာင့္ အထီးက်န္ဆန္သလိုေတာ့ ထင္ရသည္။ လန္ဒန္၌ ေနခဲ့စဥ္က တစ္လတစ္ခါ ထူးဆန္းေသာစာမ်ား သူ႔ထံသို႔ ေရာက္လာေလ့႐ွိသည္။ ဘယ္ေနရာကိုေျပာင္းေျပာင္း စာမ်ားကေတာ့ ရျမဲရဆဲသာ။
စာထဲတြင္ Adrian ဆိုေသာသူ႔ထံသို႔ စာေရးပို႔သူက မည္မွ်ခ်စ္ေၾကာင္း၊ မည္မွ်ေစာင့္ေမွ်ာ္ေနေၾကာင္း၊ မည္မွွ်သတိရေနေၾကာင္း၊ မည္မွ်ေတြ႔ခ်င္ေနေၾကာင္း ၊ သူ႔ထံသို႔လာၿပီး ေထြးေပြ႔ခြင့္ ေပးေစလိုေၾကာင္း စသည္ စသည္...။အခ်စ္ႀကီးေသာ လူတစ္ေယာက္ေရးထားသည့္ ရည္းစားစာမ်ားျဖစ္ေလသည္။ ထို႔ေၾကာင့္ အျခားAdrian နဲ႔မွားေနသလားလို႔ ထင္မိလာသည္။ သို႔ေသာ္ Adrian Victor ဆိုေသာ သူ႔ကိုရည္ၫႊန္းေနေၾကာင္းမွာအေသအခ်ာပင္။
စာထဲမွ လိပ္စာအတိုင္းဇစ္ျမစ္လိုက္၍ စာပို႔သူကိုေတြ႕လိုေတြ႕ျငား စံုစမ္းမိေသာအခါ ထိုအိမ္ႀကီးမွာ လြန္ခဲ့ေသာ ႏွစ္ 70 ကတည္းက ပိုင္႐ွင္မဲ့ေနခဲ့သည္။ ထို႔ေၾကာင့္ ပြဲစားမ်ား၏အကူအညီႏွင့္ ထိုအိမ္ႀကီးကို ခက္ခက္ခဲခဲ ဝယ္ယူခဲ့ရသည္။
အစကေတာ့ စာထဲကလူကမ်ား ေပါက္ကရလိပ္စာတပ္ထားေလသလား လို႔ ေတြးမိေသးသည္။ သို႔ေသာ္ စာလက္ခံေသာ စာပို႔သမားႀကီးကိုယ္တိုင္ အိမ္ထဲမွ လူငယ္တစ္ေယာက္ထြက္ထြက္လာတတ္သည္ဟု ေျပာလာေသာအခါမွ သံသယဝင္မိသည္။ ပြဲစားအေဒၚႀကီးကေတာ့ သူ႔ကို နားမလည္သလို ေခါင္းသာခါျပသည္။
အနီးအနားမွ လူမ်ားက လြန္ခဲ့ေသာ ႏွစ္မ်ားကတည္းက သရဲအလြန္ေျခာက္သည္ဆို၍ မဝယ္ရန္တားေသးသည္။ ေကာင္ေလးတစ္ေယာက္ ျခံထဲ၌ စာေရးေနတတ္သည္တဲ့။ ထိုသူက သရဲမ်ားလား?သို႔ေသာ္ သူ စကားနားမေထာင္လိုက္ပါ။ စာပို႔သူက ထိုေကာင္ေလးမ်ားလား?
အကယ္၍ ဟုတ္လွ်င္ စာပို႔ေသာ ထိုသရဲကို ဘာေၾကာင့့္စာပို႔လဲဆိုတာ ေမးၾကည့္ရမည္။
ပထမဆံုးေန႔။ ႏွင္းမ်ားက ထူထဲစြာ က်ဆင္းေနဆဲပင္။ အိမ္တံခါးကို အလွ်င္အျမန္ဖြင့္၍ ျပန္ပိတ္လိုက္ေသာ္ျငား ႏွင္းမႈန္အနည္းငယ္က အိမ္ထဲသို႔ မႀကိဳဆိုပါပဲ ဝင္ေရာက္သြားေလသည္။ သို႔ေသာ္လည္း ၾကမ္းျပင္ေပၚသို႔ ထိေတြ႔ၿပီဆိုသည္ႏွင့္ အေရေပ်ာ္လ်က္ အဆံုးသတ္သြား၏။ ခမ္းနားေသာ ဧည့္ခန္းႀကီးက သူ႔ကို႔ေစာင့္ႀကိဳေနသည္။ ညအေမွာင္ထဲတြင္ လေရာင္၏ အကူအညီေၾကာင့္ ဧည့္ခန္း၏ တစ္စိတ္တစ္ပုိင္းကို ေတြ႔ျမင္ေနရ၏။ သူ လက္ႏွိပ္ဓာတ္မီးကိုလွည့္လိုက္သည္။ သို႔ေသာ္ ေခ်ာက္ကနဲဆိုသည့္ အသံႏွင့္အတူ ဧည့္ခန္းတစ္ခုလံုး မီးမ်ားပြင့္လာေလသည္။
Oh my god! သူဖြင့္လိုက္တာ လက္ႏွိပ္ဓာတ္မီးမဟုတ္လား။ ဘယ္လိုေၾကာင့္ အိမ္ကမီးေတြပြင့္သြားပါလိမ့္။ သူ၏ ေက်ာတစ္ေလွ်ာက္ အပူလိႈင္းတစ္ခုျဖတ္သန္းသြားေလသည္။ သူလန္႔သြားတာမဟုတ္လား? သူဖြင့္လိုက္တာ မီးခလုတ္လည္းမဟုတ္။ သာမွန္ဓာတ္မီးေလးပါ။ ဘယ့္ႏွယ့္ေၾကာင့္ အိမ္ႀကီးမီးလင္းလာပါလိမ့္။
Adrian မလႈပ္မယွက္ရပ္ေနမိသည္။ ဖုန္တတ္ေနေသာ ၊ က်ိဳးပဲ့ေနေသာ ပရိေဘာဂမ်ားက ၾကမ္းျပင္ေပၚ၌ ျပန္႔က်ဲလ်က္။ သူေတာ့ ဒါေတြကို႐ွင္းလင္းရဦးမည္။
ဟူး...။
သူသက္ျပင္းခ်ရင္း လက္ထဲ၌ပါလာေသာ ညစာထုတ္ကို ၾကမ္းျပင္ေပၚသို႔ ညင္သာစြာခ်လိုက္သည္။ အိမ္ထဲ၌ ႏူးညံ႔ေသာ ေလေအးက စက္ဝိုင္းသဖြယ္လွည့္တိုက္ေနသည္ဟု ထင္ရသည္။
တစ္ခဏခ်င္းတြင္ ၾကမ္းျပင္ေပၚရွိ ဖုန္မႈန္႔မ်ား ႂကြတက္လာၿပီး ေလႏွင့္အတူ လွည့္လည္ေနသည္ဟု ျမင္လာသည္။ သူအျမင္မွားေနတာပါ။ မ်က္လံုးကို လက္ႏွင့္ ခပ္ျပင္းျပင္းပြတ္၍ ျပန္ၾကည့္ေသာ္လည္း တကယ့္ကိုပဲ ဖုန္မႈန္မ်ားက ႂကြတက္ကာ ေလႏွင့္အတူ လွည့္လည္ေနျခင္းျဖစ္သည္။ မၾကာေသာအခ်ိန္းအတြင္း က်ိဳးပဲေနေသာ အပ်က္အစီးမ်ားပါ လွည့္လည္ေနေသာ ဖုန္ထုၾကားတိုးဝင္သြားေလ၏။
Adrian ၏ လည္ေခ်ာင္းမ်ားေျခာက္ေသြ႔လာသည္၊ သူတံေတြးကို ခက္ခဲစြာၿမိဳခ်ရင္း ေနာက္သို႔ လွည့္ေျပးသင့္လား ဘုရားသခင္ကိုပင္ ဆုေတာင္းသင့္လားဆိုတာ ေဝခြဲမရႏုိင္ျဖစ္လာ၏။ ေသခ်ာသေလာက္ဆို သူသရဲေျခာက္ခံေနရၿပီ။ ေလႏွင့္အတူ လည္ေနေသာ ဖုန္ထုက ေပ်ာက္ကြယ္သြားၿပီးေနာက္ အပ်က္အစီးပရိေဘာဂမ်ားက အေကာင္းအတိုင္း ၾကမ္းျပင္ေပၚသို႔ သပ္ရပ္စြာ က်ေရာက္ေလသည္။
" Adrian..... ေဘဘီ... မင္းျပန္လာၿပီပဲ .... "
ဝမ္းသာမႈတို႔ယိုဖိတ္ေနေသာ အမ်ိဳးသားအသံက ေလွကားထက္မွ လြင့္ေျမာလာသည္။
Adrian အသံလာရာသို႔ ၾကည့္လိုက္ေသာအခါ ဝမ္းသာအားရႏွင့္ ေလွကားေပၚမွ ေျပးဆင္းလာေသာ ေကာင္ေလးတစ္ေယာက္ကိုေတြ႔လိုက္ရ၏။ ေနာက္လွည့္ေျပးခ်ိန္ပင္မရ။ ေကာင္ေလးက သူကို ခ်က္ခ်င္းဆိုသလို လက္ႏွစ္ဖက္ႏွင့္သူ၏ မ်က္ႏွာကို ထိန္းကိုင္လ်က္ ခပ္ၾကမ္းၾကမ္းနမ္းေလသည္။ ရင္ဘက္၌ အေပါက္ႀကီးႀကီးတစ္ခုေပါက္သြားသလို ဟာကနဲ ေအးကနဲခံစားခ်က္။ ႏူးညံ႕စိုစြတ္ေနေသာ ႏႈတ္ခမ္းတစ္စံု။ ပါးျပင္ကို ထိန္းကိုင္ထားေသာေၾကာင့္ ထိေတြ႕ေနသည့္ လက္ေအးေအးမ်ား။ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္လ်က္ ႐ုိက္ခတ္ေနေသာ ရင္ခုန္ႏႈန္း။
Adrian သူ႔ကိုနမ္းေနေသာ အ႐ူးေကာင္ကို အားနဲ႔ေဆာင့္တြန္းလိုက္သည္။
" F**k... ႐ူးေနလား ဘာလို႔လာနမ္းတာလဲ "
Adrian ေအာ္လိုက္ေတာ့ ေကာင္ေလးက ျပံဳးလ်က္သူ႔ကိုၾကည့္ေနသည္။ အနက္ေရာင္ Riffle Shirt နဲ႔ Gothic Brocade Jeans ကို တြဲဝင္ထားေသာ ေကာင္ေလး၏ အသားေရာင္က ျဖဴေဖ်ာ့ေန၏။ အနက္ေရာင္ရင့္ရင့္ ဆံႏြယ္တို႔က ဖ႐ုိဖရဲျဖစ္ေနသည္။
" မင္းေရာက္လာလို႔ ကိုယ္အရမ္းေပ်ာ္သြားတာပါ... ကိုယ္တို႔အရင္ ညစာစားၾကမလား.... Cecil ေရ...ညစာအသင့္ျဖစ္ၿပီလား?"
ေကာင္ေလး၏ အသံေၾကာင့္ အတြင္းဘက္ေလွ်ာက္လမ္းဆီမွ ဝတ္စံုျပည့္ႏွင့္ Butler တစ္ေယာက္ ခပ္သြက္သြက္ေလွ်ာက္လာေလသည္။
" ညစာအသင့္ျဖစ္ပါၿပီ သခင္ေလး "
Adrian အ႐ူးတစ္ေယာက္လို ေခါင္းတသြင္သြင္ခါလ်က္ ေနာက္သို႔လွည့္ေျပးရန္ ႀကိဳးစားလိုက္သည္။ သူသိသည္။ တစ္ခုခုေတာ့မွားေနၿပီ။ သည္အိမ္က လူမွမ႐ွိတာ။ ဒါဆို ထိုသူက ဘယ္သူလဲ? အေစာပိုင္းက က်ိဳးပဲ့ေနေသာ ပရိေဘာဂမ်ားက အဘယ့္ေၾကာင့္ ႐ုတ္ခ်ည္းအသစ္အတိုင္းျဖစ္သြားရတာလဲ? Butler ကေရာ ဘယ္ကေရာက္လာပါလိမ့္။
ညစာ..ဘာညစာလဲ? Adrian ခ်ာကနဲ အေပါက္ဝသို႔လွည့္ေျပးရန္ ျပင္လိုက္သည္။ တင္းကနဲ ျဖစ္သြားေသာ လက္ေကာက္ဝတ္ႏွင့့္အတူ တစ္စံုတစ္ေယာက္၏ ရင္ခြင္ထဲသို႔က်ေရာက္သြားေသာ သူ၏ ခႏၶာကိုယ္ေလး။Adrian ငိုခ်င္သြားသည္။
ႏွင္းမ်ားက က်ဆဲက်ျမဲသာ။ မနက္ခင္းအခ်ိန္ကာလျဖစ္ေသာ္လည္း ေနေရာင္ရယ္လို႔ တစိုးတစိပင္မေတြ႕ရ။ မီးခိုးေရာင္ ေကာင္းကင္ႀကီးက ႏွင္းမ်ားကိုသာ အဆက္မပ်က္ၾကဲခ်ေနသည္။
အိမ္ႀကီးကို သန္႔႐ွင္းေရးလုပ္ရန္ ေရာက္လာၾကေသာ အလုပ္သမားတစ္စု ဧည့္ခန္းတြင္း႐ွိ ျမင္ကြင္းေၾကာင့္ ေသြးပ်က္စြာျဖင့္ အိမ္ထဲမွ ထြက္ေျပးလာသည္။ ဧည့္ခန္း၏ ၾကမ္းျပင္၌ ေအးစက္ေတာင့္တင္းေနေသာ အမ်ိဳးသားငယ္တစ္ဦး။ ေသခ်ာသေလာက္ဆို ထိုအမ်ိဳးသားေလးက Adrian Victor ပါပဲ။ သန္႔႐ွင္းေရးအလုပ္သမားမ်ား ပါးစပ္မွလည္း တစ္စံုတစ္ရာကို ေအာ္ဟစ္လ်က္ ထြက္ေျပးလာၾကသည္။
ထိုသတင္းက တခဏအတြင္း မသိသူမ႐ွိျဖစ္သြားေလသည္။ ဖုန္တတ္ေနေသာ အိမ္ႀကီး၏ ပင္မတံခါးႀကီးက ေလမတိုက္ပါပဲႏွင့္ ဝုန္းကနဲဆိုသလို ေဆာင့္ပိတ္သြားသည္။ တံခါးပိတ္သံႏွင့္အတူ တုန္ခါသြားေသာ ဧည့္ခန္းနံရံ႐ွိ လက္ရာေျမာက္လွေသာ ပန္းခ်ီကားေလးက ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားေလသည္။ ထိုပန္းခ်ီကားထဲတြင္ အမ်ိဳးသားႏွစ္ဦးခံုတြင္ယွဥ္တြဲ ထိုင္ေနၿပီး ထိုထဲမွ တစ္ေယာက္က Adrian ျဖစ္သည္။ က်န္တစ္ေယာက္ကေတာ့ အညိဳေရာင္ဆံပင္၊ Riffle Shirt ကို Gothic Brocade Jeans ႏွင့္တြဲဝတ္ထားေသာ အမ်ိဳးသားေလးသာျဖစ္သည္။ ပန္းခ်ီကား၏ကြဲသြားေသာ မွန္ေဘာင္မွ မွန္စမ်ားက ၾကမ္းျပင္အႏွံ႔ ျပန္႔က်ဲေနေလ၏။ ႏွင္းမ်ားက ပိုထူထဲစြာက်ဆင္းလ်က္႐ွိ၏။
ChaosMgisk
By Author ChaosMagisk
Unicode**
" ကောင်လေး! ဒီအိမ်ကိုဝယ်မှာသေချာလား? "
အိမ်ပွဲစားအဒေါ်ကြီးက မေးသည်။
" သေချာပါတယ် "
လက်သီးကိုတင်းကျပ်စွာဆုပ်ထား၍ သူပြန်ဖြေလိုက်သည်။ သူသိချင်နေတဲ့အရာတွေ ဒီအိမ်ကြီးထဲမှာများရှိနေလေမလား? သူ အနည်းငယ်တော့ မျှော်လင့်ချင်သည်။ သူသိချင်နေတဲ့အရာတွေကို သိလာရင်ရော သူနောင်တရမှာလား? သူတွေးမိပြန်သည်။ အိမ်အိုကြီးကိုကြည့်လိုက်မိတော့ ပြတင်းပေါက်တစ်ခုမှ မျက်လုံးတစ်စုံကို လှစ်ခနဲမြင်လိုက်ရလေသည်။ သူကျောချမ်းသွားမိသည်။ သူအမြင်မှားတာဖြစ်မှာပါလေ။ သူတွေးလိုက်၏။
Adrian Victor တွင် အိမ်အိုကြီးများကို နှစ်သက်သဘောကျပြီး ဝယ်ယူလေ့ရှိသော စရိုက်မရှိပါ။ အိမ်အိုကြီးများနှင့် ပတ်သတ်လျှင် မကောင်းမြင်စိတ်များတတ်သူမို့ ရှေးဟောင်းအိမ်ကြီးများကို သွားရောက်ဖို့အကြောင်းဖန်လာတိုင်း " လူအိုနံ့တွေမုန်းလိုက်တာ " လို့ လူရှေ့သူရှေ့အားမနာတမ်းပြောတတ်သူဖြစ်၏။ ရှေးဟောင်းအိမ်များကို ဝင်လိုက်သည်နှင့် အနည်းနှင့်အများတော့ လူအိုနံ့ထွက်နေတတ်သည်မဟုတ်လား? ထိုလူအိုနံ့ကို သူမုန်းသည်။ လူအိုနံ့ထက် ရှေးကျနေသော အိမ်၏ ရနံ့က ပိုမုန်းစရာကောင်းသည်။ ထို့ကြောင့် ရှေးဟောင်းအိမ်ကြီးများက သူ့အတွက်တော့ စိတ်ဝင်စားစရာ တစ်ခုတစ်လေမှမရှိ။
ထိုအိမ်ကြီးကတော့ ထူးခြားသည်။ သက်တမ်းက နှစ်ပေါင်းရာချီနေပြီ။ထို့ကြောင့် အိမ်အိုကြီးအစား ရှေးအိမ်ကြီးလို့ခေါ်၍ရမည်။ သို့သော်လည်း အိမ်ကြီး၏ ရှေးကျသောပုံစံကိုက လူကိုအတော်လေးညို့ယူနိုင်သည်။ နက်မှောင်ခမ်းနားနေသောအိမ်ကြီးကို မဆိုနှင့်ဦး။ ခြံထဲ၌ပင် နောက်ထပ်အိမ်ငယ်လေးများစွာ ထပ်ဆောက်လို့ရအောင်ကျယ်၏။ နှင်းဖုံးလွှမ်းနေသော မြက်ခင်း၏ အလယ်၌ ရှိသည့် ကျောက်တုံးလမ်းကလေးက အိမ်ကြီး၏ ပင်မဆောင်ရှေ့တွင် အဆုံးသတ်သွားသည်။ ခြံထဲတွင် ရေပန်းတစ်ခုလည်းရှိသေး၏။ သို့သော် ပတ်ဝန်းကျင်၏ အပူချိန်ကြောင့် ရေခဲချွန်များသဖွယ်ဖြစ်နေသည်။ နက်မှောင်တောင်ပနေသော အိမ်ကြီး၏ ခေါင်မိုးတွင်သာမက ခြံထဲ၌လည်း နှင်းများကအပြည့်။ ဒီဇင်ဘာလဖြစ်သောကြောင့် အအေးကဲနေသည်က ထူးတော့မထူးဆန်း။
အိမ်ကြီး၏ ပုံစံကြောင့် အထီးကျန်ဆန်သလိုတော့ ထင်ရသည်။ လန်ဒန်၌ နေခဲ့စဉ်က တစ်လတစ်ခါ ထူးဆန်းသောစာများ သူ့ထံသို့ ရောက်လာလေ့ရှိသည်။ ဘယ်နေရာကိုပြောင်းပြောင်း စာများကတော့ ရမြဲရဆဲသာ။
စာထဲတွင် Adrian ဆိုသောသူ့ထံသို့ စာရေးပို့သူက မည်မျှချစ်ကြောင်း၊ မည်မျှစောင့်မျှော်နေကြောင်း၊ မည်မှျှသတိရနေကြောင်း၊ မည်မျှတွေ့ချင်နေကြောင်း ၊ သူ့ထံသို့လာပြီး ထွေးပွေ့ခွင့် ပေးစေလိုကြောင်း စသည် စသည်...။အချစ်ကြီးသော လူတစ်ယောက်ရေးထားသည့် ရည်းစားစာများဖြစ်လေသည်။ ထို့ကြောင့် အခြားAdrian နဲ့မှားနေသလားလို့ ထင်မိလာသည်။ သို့သော် Adrian Victor ဆိုသော သူ့ကိုရည်ညွှန်းနေကြောင်းမှာအသေအချာပင်။
စာထဲမှ လိပ်စာအတိုင်းဇစ်မြစ်လိုက်၍ စာပို့သူကိုတွေ့လိုတွေ့ငြား စုံစမ်းမိသောအခါ ထိုအိမ်ကြီးမှာ လွန်ခဲ့သော နှစ် 70 ကတည်းက ပိုင်ရှင်မဲ့နေခဲ့သည်။ ထို့ကြောင့် ပွဲစားများ၏အကူအညီနှင့် ထိုအိမ်ကြီးကို ခက်ခက်ခဲခဲ ဝယ်ယူခဲ့ရသည်။
အစကတော့ စာထဲကလူကများ ပေါက်ကရလိပ်စာတပ်ထားလေသလား လို့ တွေးမိသေးသည်။ သို့သော် စာလက်ခံသော စာပို့သမားကြီးကိုယ်တိုင် အိမ်ထဲမှ လူငယ်တစ်ယောက်ထွက်ထွက်လာတတ်သည်ဟု ပြောလာသောအခါမှ သံသယဝင်မိသည်။ ပွဲစားအဒေါ်ကြီးကတော့ သူ့ကို နားမလည်သလို ခေါင်းသာခါပြသည်။
အနီးအနားမှ လူများက လွန်ခဲ့သော နှစ်များကတည်းက သရဲအလွန်ခြောက်သည်ဆို၍ မဝယ်ရန်တားသေးသည်။ ကောင်လေးတစ်ယောက် ခြံထဲ၌ စာရေးနေတတ်သည်တဲ့။ ထိုသူက သရဲများလား?သို့သော် သူ စကားနားမထောင်လိုက်ပါ။ စာပို့သူက ထိုကောင်လေးများလား?
အကယ်၍ ဟုတ်လျှင် စာပို့သော ထိုသရဲကို ဘာကြောင့့်စာပို့လဲဆိုတာ မေးကြည့်ရမည်။
ပထမဆုံးနေ့။ နှင်းများက ထူထဲစွာ ကျဆင်းနေဆဲပင်။ အိမ်တံခါးကို အလျှင်အမြန်ဖွင့်၍ ပြန်ပိတ်လိုက်သော်ငြား နှင်းမှုန်အနည်းငယ်က အိမ်ထဲသို့ မကြိုဆိုပါပဲ ဝင်ရောက်သွားလေသည်။ သို့သော်လည်း ကြမ်းပြင်ပေါ်သို့ ထိတွေ့ပြီဆိုသည်နှင့် အရေပျော်လျက် အဆုံးသတ်သွား၏။ ခမ်းနားသော ဧည့်ခန်းကြီးက သူ့ကို့စောင့်ကြိုနေသည်။ ညအမှောင်ထဲတွင် လရောင်၏ အကူအညီကြောင့် ဧည့်ခန်း၏ တစ်စိတ်တစ်ပိုင်းကို တွေ့မြင်နေရ၏။ သူ လက်နှိပ်ဓာတ်မီးကိုလှည့်လိုက်သည်။ သို့သော် ချောက်ကနဲဆိုသည့် အသံနှင့်အတူ ဧည့်ခန်းတစ်ခုလုံး မီးများပွင့်လာလေသည်။
Oh my god! သူဖွင့်လိုက်တာ လက်နှိပ်ဓာတ်မီးမဟုတ်လား။ ဘယ်လိုကြောင့် အိမ်ကမီးတွေပွင့်သွားပါလိမ့်။ သူ၏ ကျောတစ်လျှောက် အပူလှိုင်းတစ်ခုဖြတ်သန်းသွားလေသည်။ သူလန့်သွားတာမဟုတ်လား? သူဖွင့်လိုက်တာ မီးခလုတ်လည်းမဟုတ်။ သာမှန်ဓာတ်မီးလေးပါ။ ဘယ့်နှယ့်ကြောင့် အိမ်ကြီးမီးလင်းလာပါလိမ့်။
Adrian မလှုပ်မယှက်ရပ်နေမိသည်။ ဖုန်တတ်နေသော ၊ ကျိုးပဲ့နေသော ပရိဘောဂများက ကြမ်းပြင်ပေါ်၌ ပြန့်ကျဲလျက်။ သူတော့ ဒါတွေကိုရှင်းလင်းရဦးမည်။
ဟူး...။
သူသက်ပြင်းချရင်း လက်ထဲ၌ပါလာသော ညစာထုတ်ကို ကြမ်းပြင်ပေါ်သို့ ညင်သာစွာချလိုက်သည်။ အိမ်ထဲ၌ နူးညံ့သော လေအေးက စက်ဝိုင်းသဖွယ်လှည့်တိုက်နေသည်ဟု ထင်ရသည်။
တစ်ခဏချင်းတွင် ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များ ကြွတက်လာပြီး လေနှင့်အတူ လှည့်လည်နေသည်ဟု မြင်လာသည်။ သူအမြင်မှားနေတာပါ။ မျက်လုံးကို လက်နှင့် ခပ်ပြင်းပြင်းပွတ်၍ ပြန်ကြည့်သော်လည်း တကယ့်ကိုပဲ ဖုန်မှုန်များက ကြွတက်ကာ လေနှင့်အတူ လှည့်လည်နေခြင်းဖြစ်သည်။ မကြာသောအချိန်းအတွင်း ကျိုးပဲနေသော အပျက်အစီးများပါ လှည့်လည်နေသော ဖုန်ထုကြားတိုးဝင်သွားလေ၏။
Adrian ၏ လည်ချောင်းများခြောက်သွေ့လာသည်၊ သူတံတွေးကို ခက်ခဲစွာမြိုချရင်း နောက်သို့ လှည့်ပြေးသင့်လား ဘုရားသခင်ကိုပင် ဆုတောင်းသင့်လားဆိုတာ ဝေခွဲမရနိုင်ဖြစ်လာ၏။ သေချာသလောက်ဆို သူသရဲခြောက်ခံနေရပြီ။ လေနှင့်အတူ လည်နေသော ဖုန်ထုက ပျောက်ကွယ်သွားပြီးနောက် အပျက်အစီးပရိဘောဂများက အကောင်းအတိုင်း ကြမ်းပြင်ပေါ်သို့ သပ်ရပ်စွာ ကျရောက်လေသည်။
" Adrian..... ဘေဘီ... မင်းပြန်လာပြီပဲ .... "
ဝမ်းသာမှုတို့ယိုဖိတ်နေသော အမျိုးသားအသံက လှေကားထက်မှ လွင့်မြောလာသည်။
Adrian အသံလာရာသို့ ကြည့်လိုက်သောအခါ ဝမ်းသာအားရနှင့် လှေကားပေါ်မှ ပြေးဆင်းလာသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရ၏။ နောက်လှည့်ပြေးချိန်ပင်မရ။ ကောင်လေးက သူကို ချက်ချင်းဆိုသလို လက်နှစ်ဖက်နှင့်သူ၏ မျက်နှာကို ထိန်းကိုင်လျက် ခပ်ကြမ်းကြမ်းနမ်းလေသည်။ ရင်ဘက်၌ အပေါက်ကြီးကြီးတစ်ခုပေါက်သွားသလို ဟာကနဲ အေးကနဲခံစားချက်။ နူးညံ့စိုစွတ်နေသော နှုတ်ခမ်းတစ်စုံ။ ပါးပြင်ကို ထိန်းကိုင်ထားသောကြောင့် ထိတွေ့နေသည့် လက်အေးအေးများ။ နိမ့်ချည်မြင့်ချည်ဖြစ်လျက် ရိုက်ခတ်နေသော ရင်ခုန်နှုန်း။
Adrian သူ့ကိုနမ်းနေသော အရူးကောင်ကို အားနဲ့ဆောင့်တွန်းလိုက်သည်။
" F**k... ရူးနေလား ဘာလို့လာနမ်းတာလဲ "
Adrian အော်လိုက်တော့ ကောင်လေးက ပြုံးလျက်သူ့ကိုကြည့်နေသည်။ အနက်ရောင် Riffle Shirt နဲ့ Gothic Brocade Jeans ကို တွဲဝင်ထားသော ကောင်လေး၏ အသားရောင်က ဖြူဖျော့နေ၏။ အနက်ရောင်ရင့်ရင့် ဆံနွယ်တို့က ဖရိုဖရဲဖြစ်နေသည်။
" မင်းရောက်လာလို့ ကိုယ်အရမ်းပျော်သွားတာပါ... ကိုယ်တို့အရင် ညစာစားကြမလား.... Cecil ရေ...ညစာအသင့်ဖြစ်ပြီလား?"
ကောင်လေး၏ အသံကြောင့် အတွင်းဘက်လျှောက်လမ်းဆီမှ ဝတ်စုံပြည့်နှင့် Butler တစ်ယောက် ခပ်သွက်သွက်လျှောက်လာလေသည်။
" ညစာအသင့်ဖြစ်ပါပြီ သခင်လေး "
Adrian အရူးတစ်ယောက်လို ခေါင်းတသွင်သွင်ခါလျက် နောက်သို့လှည့်ပြေးရန် ကြိုးစားလိုက်သည်။ သူသိသည်။ တစ်ခုခုတော့မှားနေပြီ။ သည်အိမ်က လူမှမရှိတာ။ ဒါဆို ထိုသူက ဘယ်သူလဲ? အစောပိုင်းက ကျိုးပဲ့နေသော ပရိဘောဂများက အဘယ့်ကြောင့် ရုတ်ချည်းအသစ်အတိုင်းဖြစ်သွားရတာလဲ? Butler ကရော ဘယ်ကရောက်လာပါလိမ့်။
ညစာ..ဘာညစာလဲ? Adrian ချာကနဲ အပေါက်ဝသို့လှည့်ပြေးရန် ပြင်လိုက်သည်။ တင်းကနဲ ဖြစ်သွားသော လက်ကောက်ဝတ်နှင့့်အတူ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ကျရောက်သွားသော သူ၏ ခန္ဓာကိုယ်လေး။Adrian ငိုချင်သွားသည်။
နှင်းများက ကျဆဲကျမြဲသာ။ မနက်ခင်းအချိန်ကာလဖြစ်သော်လည်း နေရောင်ရယ်လို့ တစိုးတစိပင်မတွေ့ရ။ မီးခိုးရောင် ကောင်းကင်ကြီးက နှင်းများကိုသာ အဆက်မပျက်ကြဲချနေသည်။
အိမ်ကြီးကို သန့်ရှင်းရေးလုပ်ရန် ရောက်လာကြသော အလုပ်သမားတစ်စု ဧည့်ခန်းတွင်းရှိ မြင်ကွင်းကြောင့် သွေးပျက်စွာဖြင့် အိမ်ထဲမှ ထွက်ပြေးလာသည်။ ဧည့်ခန်း၏ ကြမ်းပြင်၌ အေးစက်တောင့်တင်းနေသော အမျိုးသားငယ်တစ်ဦး။ သေချာသလောက်ဆို ထိုအမျိုးသားလေးက Adrian Victor ပါပဲ။ သန့်ရှင်းရေးအလုပ်သမားများ ပါးစပ်မှလည်း တစ်စုံတစ်ရာကို အော်ဟစ်လျက် ထွက်ပြေးလာကြသည်။
ထိုသတင်းက တခဏအတွင်း မသိသူမရှိဖြစ်သွားလေသည်။ ဖုန်တတ်နေသော အိမ်ကြီး၏ ပင်မတံခါးကြီးက လေမတိုက်ပါပဲနှင့် ဝုန်းကနဲဆိုသလို ဆောင့်ပိတ်သွားသည်။ တံခါးပိတ်သံနှင့်အတူ တုန်ခါသွားသော ဧည့်ခန်းနံရံရှိ လက်ရာမြောက်လှသော ပန်းချီကားလေးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ထိုပန်းချီကားထဲတွင် အမျိုးသားနှစ်ဦးခုံတွင်ယှဉ်တွဲ ထိုင်နေပြီး ထိုထဲမှ တစ်ယောက်က Adrian ဖြစ်သည်။ ကျန်တစ်ယောက်ကတော့ အညိုရောင်ဆံပင်၊ Riffle Shirt ကို Gothic Brocade Jeans နှင့်တွဲဝတ်ထားသော အမျိုးသားလေးသာဖြစ်သည်။ ပန်းချီကား၏ကွဲသွားသော မှန်ဘောင်မှ မှန်စများက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေလေ၏။ နှင်းများက ပိုထူထဲစွာကျဆင်းလျက်ရှိ၏။
ChaosMgisk
By Author ChaosMagisk