Love Stops Rumours {Completed}

By Memo227

432K 64.1K 4.5K

Title : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chap... More

Synopsis
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
A/N
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
ಥ_ಥ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30

Chapter 1

24.6K 2.6K 265
By Memo227

"ZawGyi"

What to do, my girlfriend thinks I gave my roommate a blowjob

ေဝ့႐ူစုန္႕ တစ္ေယာက္ သူ႔၏ဘီးတစ္လံုးျပဳတ္ထြက္ေနေသာ လက္ဆြဲခရီးေဆာင္ေသတၱာကို စိတ္ပ်က္လက္ပ်က္ႏွင့္ဆြဲ၍ ေကာ္ရစ္ဒါေပၚတြင္ ေလွ်ာက္ေနေလသည္။ တကၠသိုလ္၏ ႏွစ္သစ္အစကေတာ့ ဘယ္အခ်ိန္ အႏၲရာယ္​နဲ႕ေတြ႕မလဲ မသိႏိုင္သည့္ လ်ိဳ႕ဝွက္သည္းဖိုဝထၳဳထဲကလိုပင္ ၿပိဳင္ဆိုင္မႈေတြႏွင့္ ျပည့္ႏွက္ေနသည္ဟု ဆိုရမည္။ ထို႔အတြက္ေၾကာင့္ပင္ ေဝ့႐ူစုန္႕မွာ ပိုလို႔စိတ္ဖိစီးေနမိတာပင္။

အေဆာင္ေပၚသို႔တက္ရန္ ေလွကားေပၚသို႔ လွမ္းလိုက္သည့္အခ်ိန္မွာပင္ သူ၏အေပါစား ခရီးေဆာင္ေသတၱာမွာ ဘီးတစ္လံုးျပဳတ္ထြက္၍ ပ်က္စီးျခင္းငါးပါးသို႔ ဆိုက္သြားေလသည္။ ေဝ့႐ူစုန္႕ကေတာ့ ဒီေန႔အတြက္ အတိတ္နိမိတ္မေကာင္းဟု စဥ္းစားမိလိုက္ေသးသည္။ သို႔ေသာ္လည္း အတန္းထဲတြင္ အလွပေဂးေလးဟု အားလံုးမွ သတ္မွတ္ထားသည့္ သူ၏ခ်စ္သူေလးက ဒီေန႔မွာ ေန႔လည္စာအတူစားရန္ ဖိတ္ၾကားထားေလရာ ထိုသို႔ အထင္မွားေနျခင္းသာျဖစ္ရန္ ေမွ်ာ္လင့္မိသည္။ ေဝ့႐ူစုန္႕က နာရီကိုၾကည့့္လိုက္ၿပီး သူမေရာက္လာေတာ့မည္မို႔႔ တက္တက္ႂကြႂကြႏွင့္ပင္ သူ၏အေဆာင္ခန္းဆီသို႔ ဦးတည္ေရြ႕လ်ားလိုက္ေတာ့သည္။

ေဝ့႐ူစုန္႕၏အခန္းမွာ အခန္းနံပါတ္(၃၂၅) ျဖစ္ၿပီး တတိယထပ္ေကာ္ရစ္ဒါ၏ ေထာင့္ဆံုးတြင္ျဖစ္သည္။ ေလးေယာက္ေနရမည့္ အခန္းျဖစ္ေသာ္လည္း ေဝ့႐ူစုန္႕တစ္ေယာက္ ကံေကာင္းေထာက္မၿပီး ေနာက္ဆံုးမွ စာရင္းေပးမိေသာေၾကာင့္ တစ္ဦးတည္းမူပိုင္ ေနရာရေလသည္။ သို႔ေသာ္ျငား တစ္ခါတစ္ရံ ေရခ်ိဳးခန္းထဲတြင္ ေပ်ာ္ရႊင္ျမဴးတူးမိေသာေၾကာင့္ ဆပ္ျပာတုံုးကို တက္နင္းမိ၍ တစ္ညေနခင္းလံုး ေရခ်ိဳးခန္းထဲတြင္ လွဲေနရသည္မ်ိဳးလည္း ရွိဖူးေလသည္။

အခန္းေရွ႕ေရာက္၍ ခရီးေဆာင္ေသတၱာကိုခ်ၿပီး တံခါးဖြင့္ရန္ ျပင္လိုက္သည့္အခ်ိန္မွာပင္ သူ႔ကို တစ္စံုတစ္ခုက ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေစေတာ့သည္။ အခန္းတံခါးမွာ ပိုင္ရွင္မရွိပဲ ပြင့္၍ေန​ေလၿပီ! သူေမ့၍ မပိတ္ခဲ့မိျခင္း​လား? သုိ႔​ေသာ္​ျငား ေဝ့႐ူစုန္႕က ေစ့စပ္ေသခ်ာသူျဖစ္သည္။ တံခါးကို ေလာ့ခ်ဖို႔ရန္ ေမ့တတ္သူမ်ိဳး မဟုတ္။

အခန္းတံခါးကို ဖြင့္လိုက္သည္ႏွင့္ ျမင္လိုက္ရသည္မွာေတာ့ အဝင္လမ္းတစ္ေလွ်ာက္ ျပန္႕က်ဲေနသည့္ ရႈးဖိနပ္အပံုႀကီးပင္ ျဖစ္ေလသည္။ အေပၚယံၾကည့္လိုက္ရံုႏွင့္ပင္ ထိုအပံုထဲမွ အေတာ္မ်ားမ်ားမွာ Air Jordan ကဲ့သို႔ limited-edition ထုတ္သည့္ ေစ်းႀကီးေသာ ဖိနပ္မ်ားဆိုသည္ကို ေဝ့႐ူစုန္႕က သတိထားမိလိုက္သည္။ ထပ္ၿပီး သူ႔၏နားထဲတြင္ ထူးထူးဆန္းဆန္းအသံတစ္သံကို ၾကားေနရေသးသည္။ ဒါက ဝင္ေပါက္ရဲ႕ေဘးဘက္မွာရွိေသာ ေရခ်ိဳးခန္းထဲမွ ေရက်ေနသည့္အသံပင္ျဖစ္သည္။ ေသခ်ာပါၿပီ! တစ္စံုတစ္ေယာက္ကေတာ့ သူ႔အခန္းထဲကို က်ဴးေက်ာ္ဝင္ေရာက္ေနေလၿပီ။

ေဝ့႐ူစုန္႕ တစ္​ေ​ယာက္ ​အခန္းထဲသို႔ လွမ္းဝင္လိုက္သည့္အခ်ိန္မွာပဲ မၾကာေသးခင္ကမွ ျမင္လိုက္ရေသာ ေစ်းႀကီးသည့္ဖိနပ္ပံုႀကီးကို စ၍တက္​နင္းမိေတာ့၏။ အက်ိဳးဆက္ကေတာ့ ေဝ့႐ူစုန္႕ချမာ ေရခ်ိဳးခန္းထဲမွ ထြက္လာသည့္ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ကိုယ္လံုးတီးခႏၲာကိုယ္ပိုင္ရွင္၏ေရွ႕တြင္ အခ်ိန္ကိုက္လွ်က္ ဒူးေထာက္ကာ လဲက်သြားျခင္းပင္ ျဖစ္​ေလ​ေတာ့သည္​။

ေဝ့႐ူစုန္႕ကေတာ့ သူ႔၏မ်က္ႏွာနွင့္ ​တစ္တန္းတည္းျဖစ္ေနေသာ တစ္စံုတစ္ေယာက္၏ညီေလးကို ၾကည့္ရင္း ကၽြတ္ ကနဲ စုပ္သပ္လိုက္မိ၏။ သူအပိုမေျပာဘူး... ဒီဟာက တကယ္ကိုႀကီးတယ္။ အရြယ္အစားေရာ ပံုစံေရာ အေရာင္ေရာက အေနာက္ႏိုင္ငံက အျပာကားထဲကဟာေတြနဲ႕ ယွဥ္ရင္ေတာင္ မရံႈးႏိုင္ဘူး။ ဒီဟာကို ၾကည့္ရတာ ေတာနက္ထဲမွာ အိပ္ေနတဲ့ သားရဲႀကီးလိုပဲ။ ၿပီးေတာ့ အဲဒီအရာဆီက ပူေႏြးတဲ့အေငြ႕ေတြက သူ႔မ်က္ႏွာနဲ႕ မ်က္လံုးေတြဆီကို ႐ိုက္ခတ္လွ်က္ရွိ၏။ အမွန္အတိုင္းေျပာရမည္ဆိုရင္ ဒီအေနအထားက သူ႔ကို အနည္းငယ္ေတာ့ စိတ္အေႏွာင့္​အယွက္ ျဖစ္ေစသည္။

"႐ူစုန္႕,စုန္႕စုန္႕ေရ! အထုပ္ေတြ ျဖည္လို႔ၿပီးၿပီလား?"

ခ်မ္ရႊမ္ရႊမ္ ရဲ႕ အသံကို တံခါးအျပင္ဘက္ကေန ၾကားလိုက္ရတဲ့အခိုက္ ေဝ့႐ူစုန္႕တစ္ေယာက္ ခ်က္ခ်င္းပင္ အထိတ္ထိတ္အပ်ာပ်ာ ျဖစ္သြားေတာ့၏။ သူဘယ္လိုမ်ား သူ႔ရဲ႕အခ်စ္ေလးကို ဒီလိုမ်ိဳး တစ္စိမ္းတစ္ေယာက္ရဲ႕ညီေလးကို ေပးျမင္လို႔ျဖစ္ပါ့မလဲ။ ေကာင္းၿပီ။ သူမကို ကာကြယ္ဖို႔အတြက္ သူအနစ္နာခံဖို႔လိုသည္။ ေဝ့႐ူစုန္႕တစ္ေယာက္ ဤကဲ့သို႔ေသာ ရည္ရြယ္ခ်က္ႀကီးျဖင့္ စိတ္ကိုတင္းကာ သူ႔ေရွ႕မွအရာကို လက္ျဖင့္အုပ္ကိုင္လိုက္ေတာ့၏.... ဖာ့ခ္​! ေသစမ္း! ေသစမ္းကြာ! ဒီသားရဲႀကီးကို လက္တစ္ဖက္တည္းနဲ႕ ဖံုးကြယ္ထားဖို႔ မလံုေလာက္ပါလား, ငါ့လက္ေတြေတာ့ ပ်က္စီးပါၿပီ! ဖာ့ခ္​..!

"စုန္႕စုန္႕, ဘာလို႔ တံခါးက ပြင့္ေနတာလဲ?"

အထိတ္တလန္႕နဲ႕ပင္ ေနာက္ဆံုးမွာေတာ့ သူ႔၏လက္ႏွစ္ဖက္ကိုသံုးကာ ထိုအရာႀကီးကို ဖံုးကြယ္လိုက္ႏိုင္ေတာ့သည္။ ေဝ့႐ူစုန္႕တစ္ေယာက္ သက္ပ်င္းတစ္ခ်က္ကို မႈတ္ထုတ္လို႔ စိတ္ေအးသြားရံုရွိေသး ႐ုတ္တရတ္ပဲ စူးရွက်ယ္ေလာင္တဲ့ ေအာ္သံတစ္ခုက အေဆာင္တစ္ခုလံုးကို ပဲ့တင္ထပ္သြားေတာ့၏။

"အားးးးးးး နင္တို႔ ေဂးေတြ!!!"

အမ္? ေဂး? ငါက, ဘာလို႔ေဂး ျဖစ္သြားရတာလဲ? ဘယ္ေနရာက ေဂးေနလို႔လဲ?! ေဝ့႐ူစုန္႕က အလ်င္အျမန္ပဲ ၾကမ္းျပင္ေပၚက ကုန္းထလို႔ ရႈးဖိနပ္ပံုႀကီးကို ခုန္ေက်ာ္လိုက္ရင္း အခန္းေပါက္ဝမွ ေျပးထြက္သြားေသာ ခ်မ္ရႊမ္ရႊမ္ကို လိုက္၍ဖမ္းရေတာ့သည္။

"ရႊမ္ရႊမ္, ငါရွင္းျပပါရေစ., ငါက ေဂးမဟုတ္ပါဘူး! ငါခ်စ္တာ နင္တစ္ေယာက္တည္းပါ..."

"ပါးစပ္ပိတ္ထားလိုက္စမ္း!!!"

တကယ္လို႔သာ ခ်စ္လွစြာေသာ ရႊမ္ရႊမ္မွာ အမွားတစ္ခုရွိတယ္ဆိုရင္ အဲဒါက သူမရဲ႕အသံ အရမ္းက်ယ္လြန္းတာပဲျဖစ္မည္။ အမွန္အတိုင္းေျပာရလွ်င္ ေလာ္စပီကာထက္ေတာင္မွ အမ်ားႀကီးပို၍ က်ယ္ေလသည္။

"တျခားေယာက္်ားတစ္ေယာက္ကို blowjob လုပ္ေပးထားတဲ့ အဲ့ဒီပါးစပ္ႀကီးနဲ႕ ငါ့ကို ခ်စ္တယ္လို႔ လာမေျပာစမ္းနဲ႕!" သူမက စိတ္တိုစြာ ေအာ္ဟစ္လိုက္ၿပီး ေဝ့႐ူစုန္႕၏ပါးကို ေျဖာင္းကနဲ ႐ိုက္ပစ္လိုက္ေတာ့သည္။ ဒီအခ်ိန္မွာ လူတိုင္​း ထင္​ထင္​႐ွား႐ွားျမင္​လိုက္​ရတာက​ေတာ့ ေဝ့႐ူစုန္႕၏ပါးျပင္ေပၚက ထင္းေနသည့္ ​လက္ငါးေခ်ာင္းရာႀကီးသာ ျဖစ္​​​ေလသည္​။

ဆိုးဝါးလွသည့္ အေဆာင္အခန္းမ်ား၏ အသံလံုပံုကို စာဖြဲ႕ရမည္ဆိုလ်င္ျဖင့္ တစ္ဖက္ခန္းမွ အီးေပါက္သံကို ၾကားရေလာက္ေအာင္ပင္ ေကာင္းမြန္လွေပသည္။ ယခုကဲ့သို႔ ခ်မ္ရႊမ္ရႊမ္၏ ေအာ္ဟစ္လိုက္ပံုမ်ိဳးဆိုလ်င္ အထူးပင္ ေျပာစရာမလိုေတာ့ေပ။ လက္ရွိအခ်ိန္မွာေတာ့ ​ေဝ့႐ူစုန္​႔၏ ျဖစ္​အင္​မွာ အေဆာင္ရွိ ေက်ာင္းသားတိုင္း၏ ထြက္၍ဝိုင္းၾကည့္ေနျခင္းကို ခံရလ်က္ရွိရာ ထိုကဲ့သုိ႔​ လူအမ်ားအာရံုစိုက္​မႈခံရျခင္​းမွာလည္​း သူ၏သက္တမ္း ႏွစ္ ၂၀ အတြင္​း ပထမဆံုးအႀကိမ္ပင္ ျဖစ္ေလသည္။

"ဘာေတြ ၾကည့္ေနၾကတာလဲ! သမီးရည္းစား စကားမ်ားတာကို မျမင္ဖူးဘူးလား?!"

ေဝ့႐ူစုန္႕ မ်က္ႏွာေသနဲ႕ပဲ အခန္းကိုျပန္လာခဲ့လိုက္သည္။ ယခုဆိုလွ်င္​ ျပႆနာ၏အရင္းအျမစ္ တရားခံကေတာ့ အဝတ္အစားအျပည့္အစံု ဆင္ယင္ၿပီး၍ ကြန္ပ်ဴတာေရွ႕တြင္ထိုင္ကာ ဗြီဒီ႐ိုဂိမ္းပါ ေဆာ့လ်က္ရွိေနၿပီ။ ခံစားခ်က္ကင္းမဲ့သည့္မ်က္ႏွာျဖင့္ ထိုင္ေနပံုမွာ ေမာ္ဒယ္လိုလိုဘာလိုလိုႏွင့္ပင္ တူ​ေနေသး၏။ မၾကာေသးခင္က ျဖစ္ပြားခဲ့သည့္ ျပႆနာမွာ သူႏွင့္ လံုးဝမသက္ဆိုင္ပါဟု ဆိုေနသလိုပင္ ထင္ရသည္။

ဟြန္း မင္းကၾကည့္ေကာင္းေတာ့ေရာ ဘာျဖစ္လဲ? မင္း ငါ့ေရွ႕မွာလာၿပီး ခၽြတ္ျပမယ္ဆိုရင္ေတာင္ ငါက မင္းကို ထိခ်င္ေနလိမ့္မယ္ထင္လား? ငါက ၁၀၀% အေယာက်ာ္းစစ္စစ္ကြ! ေဝ့႐ူစုန္႕ခင္မ်ာ ေတာ္ေတာ္ေလး စိတ္ပ်က္ေနမိသည္။

"ငါ မင္းကို ေျပာမယ္, ငါက ေဂးမဟုတ္ဘူး! ငါ ေဂးမဟုတ္ဘူး-- ငါေဂးမဟုတ္ဘူးကြ!"

"ကၽြန္ေတာ္လည္း မဟုတ္ဘူး."

"ဒါဆို ဘာလို႔ ေရခ်ိဳးခန္းထဲကေန အဝတ္ဗလာနဲ႕ ထြက္လာရတာလဲကြ?" မၾကာေသးခင္က ျမင္ကြင္းကို ျပန္ျမင္ေယာင္မိသည့္အခါမွာေတာ့ စိတ္ပ်က္စရာေကာင္းေသာ ခံစားခ်က္ႀကီးကို တဖန္ျပန္၍ သတိရလာၿပီး ေဝ့႐ူစုန္႕တစ္ေယာက္ တဆတ္ဆတ္နဲ႕ တုန္လာေတာ့သည္။

"မင္းသိလား ငါ့ေကာင္မေလးရဲ႕ ျဖဴစင္မႈကို ကာကြယ္ေပးခ်င္တာနဲ႕ အခုေတာ့ ငါ့ဂုဏ္သိကၡာေတြအားလံုး ေျမာင္းထဲေရာက္သြားၿပီကြ"

"တံခါးအျပင္ဘက္မွာ အသံေတြၾကားလို႔ ကၽြန္ေတာ္ထြက္ၾကည့္လိုက္တာ." ေနာက္ဆံုးမွာေတာ့ ခန္႕ျငားတဲ့လူငယ္ေလးက သူ႔၏ဂိမ္းကို အၿပီးသတ္လို႔ ေဝ့႐ူစုန္႕ကို လွည့္ၾကည့္လာေလၿပီ။ "ခင္ဗ်ားမ်က္ႏွာက ဘာျဖစ္လာတာလဲ? ဘယ္လူဆိုး​က ႐ိုက္လ​ႊတ္​လိုက္တာလဲ?"

"ငါ့ ေကာင္မေလး ငါ့ကို ႐ိုက္လိုက္တာ." ေဝ့႐ူစုန္႕က အားငယ္စြာပဲ ဆက္ၿပီးေျပာလိုက္သည္။ "အခုေတာ့ ငါ့ ရည္းစားေဟာင္းေပါ့။ ဒါနဲ႕ မင္းက ဘယ္သူလဲ? ဘာေၾကာင့္ ငါ့အခန္းထဲ ေရာက္ေနရတာလဲ?

"ကၽြန္ေတာ္က သတင္းအခ်က္အလက္ႏွင့္အင္ဂ်င္နီယာေမဂ်ာ ပထမႏွစ္ေက်ာင္းသား ေရွာင္းႏ်န္။ သူတို႔ေျပာတာေတာ့ ကၽြန္ေတာ္က ေနာက္ဆံုးမွ ေရာက္တာမို႔ စီနီယာတစ္ေယာက္နဲ႕ ေနဖို႔ စီစဥ္ေပးထားတယ္ေျပာတယ္။ အကိုက စီနီယာမလား?" ဟု ေျပာရင္း ေဝ့႐ူစုန္႕ကို မိတ္ဆက္လာသည္။ တကယ္ေတာ့ ေရွာင္းႏ်န္၏ ဒီလိုၾကည့္ေကာင္းေသာ ပံုစံႏွင့္ ေမြးဖြားလာျခင္းက သူ႔အတြက္ ကံေကာင္းျခင္းလာဘ္​တစ္​ပါးပင္ ျဖစ္သည္။ အကယ္​၍သာ ဒီလိုခန္​႔ျငားသည္​့႐ုပ္​ခံ​ေလး မ႐ွိဘူးဆိုလွ်င္​ သူ၏မ်က္ႏွာ​ေသႀကီးကို ျမင္ရသူမ်ားက သူ႔အား လူေကာင္းသူေကာင္းေလးဟု မည္သူမွ် ထင္မည္မဟုတ္။

"အာ? အိုး,.. ဟိုင္း. ငါက ေဝ့႐ူစုန္႕ပါ။ ငါတို႔က ေမဂ်ာတူတယ္။ ဒါေပမယ့္ ငါက ဒုတိယႏွစ္ေက်ာင္းသား။"

ေဝ့႐ူစုန္႕က အျပင္ပန္းမွာေတာ့ ေဖာ္ေဖာ္ေရြေရြ ႏႈတ္ဆက္လိုက္ေပမယ့္ အတြင္းစိတ္ထဲမွာကေတာ့ မဟုတ္ေလဘူး။ 'ငါ့မွာ အခန္းေဖာ္ရွိလာမယ္ဆိုတာ ငါ ဘာလို႔ မသိလိုက္ရတာလဲ? ငါတို႔ရဲ႕ ေက်ာင္းႀကီးက အၾကင္နာေမတၱာတရားေရာ ရွိၾကေသးရဲ႕လား ဟမ္? လူသားခ်င္းစာနာမႈေရာ ရွိၾကေသးရဲ႕လား? ဘယ္လိုမ်ား သူတို႔ ငါ့ကို သတိမေပးႏိုင္ရတာလဲ?' ေဝ့႐ူစုန္႕က အတိုင္ပင္ခံ​​​ဆီကို စာပို႔လိုက္​ေတာ့သည္​။

"အတိုင္​ပင္​ခံ က်ိဴး ကၽြန္ေတာ္ သတင္းအခ်က္အလက္ႏွင့္အင္ဂ်င္နီယာေမဂ်ာ အခန္း ၃ က ေဝ့႐ူစုန္႕ပါ။ ဘာေၾကာင့္ ႐ုတ္တရတ္ႀကီး ကၽြန္ေတာ့မွာ အခန္းေဖာ္ရွိသြားတာလဲ သိလို႔ရမလား?"

"ငါတို႔ မင္းကို အသိေပးၿပီးသားလို႔ ထင္တယ္။"

ခင္ဗ်ားတို႔အဘပဲ အိမ္မက္ထဲမွာ လာၿပီး အသိေပး!!! ေဝ့႐ူစုန္႕တစ္ေယာက္ သူ႔ရဲ႕ ဖုန္းကို အနီးအနားကို ပစ္ေပါက္လိုက္မိ​ေတာ့၏။ ခနအၾကာမွာ​ေတာ့.... ေနဦး! ဒါမ်ိဳး အျဖစ္​အပ်က္​ ႐ွိခဲ့သလိုပဲ...

ေက်ာင္းပိတ္ရက္မ်ားသို႔ ေနာက္ေၾကာင္းျပန္ျခင္း:

"ငါ ဒီမွာ... ဘာ? မင္းငါ့ကို အထင္ေသးတာလား? ငါ့ကို အထင္ေသးေနတာကို မင္းတို႔ ၾကည့္ေနေတာ့မွာလား!" ..,.

"ေယာက္်ားပီပီ အားအင္အျပည့္ကို ျပလိုက္စမ္းပါ။ ေနမင္းႀကီးထက္ ေတာက္ပလိုက္စမ္း...,"

"ဒီအခ်ိန္မွာ ဘယ္ေကာင္ ငါ့ကို ေခၚတာေနတာလဲကြ? အတိုင္​ပင္​ခံ က်ိဴး? ဟယ္လို, ဟယ္လို.. အာ, ဟုတ္ကဲ့_ ခ်ီးပဲ ငါ့ဆီေျပးမလာနဲ႕ဟ! အာ ဘာမွမဟုတ္ပါဘူး။ အခန္းေဖာ္? မရွိဘူူး တစ္ေယာက္မွ_ ဘယ္ေကာင္ ငါ့ကို လာ႐ိုက္ေနတာလဲ? အိုေက အိုေက, ဘိုင့္ အတိုင္​ပင္​ခံ က်ိဴး!"

"အိုး ဟိုး~, ငါ မင္းဖင္ကို ကန္ၿပီး မင္းရဲ႕အရွက္ေတြကို ေဆးေၾကာေပးမယ္ကြ!"

လက္ရွိအခ်ိန္သို႔:

အာ ဟုတ္သားပဲ ေဝ့႐ူစုန္႕ ျပန္ၿပီးမွတ္မိသြားေတာ့သည္။ အဲဒီေန႔က သူဂိမ္းကို သဲႀကီးမဲႀကီးနဲ႕ေဆာ့ေနခဲ့တာ။ ေနာက္ဆံုးေတာ့ သူအဆင့္က ထိပ္ဆံုး ၃၀၀ ထဲကို ဝင္ေတာ့မွာ​ေျကာင့္ ဂိမ္းကိုအာရံုစိုက္​​ေနခဲ့တာ။ အတိုင္​ပင္​ခံ က်ိဴးကို သူ႔မွာ ျပန္ေျပာစရာ စကားမဲ့သြားေတာ့သည္။

ေကာင္းၿပီေလ။ ကိုယ္စိုက္တဲ့အသီး ကိုယ္ပဲရိတ္သိမ္းရေတာ့မွာေပါ့,. ေဝ့႐ူစုန္႕ သက္ပ်င္းတစ္ခ်က္ခ်လိုက္သည္။

"မင္းရဲ႕ ဖိနပ္ေတြကို သပ္သပ္ရပ္ရပ္ထားရင္ေကာင္းမယ္။ ခုနက ျဖစ္သြားတဲ့ကိစၥက မင္းရဲ႕အမွားေၾကာင့္ပဲ။ ဒါေပမယ့္ ငါက အႀကီးဆိုေတာ့ မင္းကို ျပႆနာမရွာေတာ့ဘူး။ ေနာက္တခါၾကရင္ေတာ့ ငါ့စကားကို နားေထာင္သင့္တယ္ အိုေက?"

ေရွာင္းႏ်န္က နာခံစြာပဲ ေခါင္းၿငိမ့္လိုက္သည္။

ေဝ့႐ူစုန္႕ငယ္ငယ္ကဆို အတင္းအဖ်င္းေတြနဲ႕ပတ္သက္ရင္ ေလွာင္ရယ္ေလ့ရွိသည္။ သို႔ေသာ္ျငား ေရွာင္းႏ်န္၏ နာမည္ေက်ာ္ၾကားမႈကေတာ့ သူမွန္းထားသည္ထက္ပင္ ပိုေနေလသည္။ ပထဆံုးအေနႏွင့္ သူ႔ရဲ႕ေခ်ာေမာခန္႕ျငားမႈအေၾကာင္းကို ေျပာရမယ္ဆိုရင္ မိန္းက​ေ​လးမ်ား ေခ်ာင္းေျမာင္း႐ိုက္ကူးထား​ေသာ ​ေ႐ွာင္​းႏ်န္​၏သဘာဝဆန္ဆန္ပံုရိပ္ေတြဟာ အင္တာနက္မွာ ၾကည့္ရႈသူ တစ္ေသာင္းေက်ာ္ရွိေလသည္။ ဒုတိယတစ္ခုကို ေျပာရမယ္ဆိုရင္ေတာ့ ေရွာင္းႏ်န္မွာ ေနာက္ခံအသိုင္းအဝိုင္းေကာင္းေကာင္းရွိ​သည္။ သူ၏အ​ေ​ဖက ႏိုင္ငံ့ဂုဏ္ေဆာင္ နာမည္ႀကီး စီးပြားေရးလုပ္ငန္းရွင္ႀကီး ျဖစ္ၿပီး အေမကလည္း နာမည္ေက်ာ္ အလွနတ္သမီးတစ္ပါး ျဖစ္ေလသည္။ ယခုအခ်ိန္မွာေတာင္ လူႀကီးမ်ားရဲ႕အၾကား စစ္တမ္းေကာက္ၾကည့္မည္ဆိုပါက အမ်ားစုက သူမကိုပင္ သူတို႔၏ အနာဂတ္ခ်စ္သူအျဖစ္ ေရြးခ်ယ္ၾကေပလိမ့္မည္။

ေရွာင္းႏ်န္ကေတာ့ သူမ၏ ေခ်ာေမာမႈကို male version ျဖင့္ အေမြဆက္ခံထားျခင္းျဖစ္​ေလသည္။ တတိယတစ္ခုကေတာ့ ေရွာင္းႏ်န္က သူတို႔ေမဂ်ာ၏ ထိပ္ဆံုးေက်ာင္းသားမ်ားထဲတြင္ ဘာသာစံု A အဆင့္ရေသာ ေက်ာင္းသား တစ္ေယာက္ျဖစ္ေလသည္။ သို့ေပမယ့္ ေဝ့႐ူစုန္႕အတြက္ကေတာ့ ေနာက္ဆံုးအတန္း၏ ေနာက္ဆံုးအဆင့္ကို ရဖို႔ရန္သာ ျဖစ္​ေလသည္။ ဒါကိုၾကည့္ရင္ တစ္စံုတစ္ေယာက္ကေတာ့ သူ႔ကို လာရႈပ္ေနၿပီဟု ထင္ရသည္။

ဒါေပါ့, ေဝ့႐ူစုန္႕က တကယ္ေတာ့ သိပ္မဆိုးဘူးဟုေျပာရေပမည္။ သူက ထက္ထက္ျမက္ျမက္ႏွင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူပဲ ျဖစ္သည္။ တခ်ိဳ႕လူမ်ားကဆိုလွ်င္ သူ႔ကို Daniel Wu တို႔ Takeshi Kaneshiro တို႔လို လူမ်ိဳးမ်ားႏွင့္ေတာင္ ႏႈိင္းယွဥ္၍ ေျပာတတ္ေသးသည္။ အမွန္ေတာ့ တျခားသူမ်ားႏွင့္ ႏႈိင္းယွဥ္မၾကည့္ဘူးဆိုလွ်င္ေတာင္ သူက အဆင္ေျပသည့္လူတစ္ေယာက္ဟု ေျပာရမည္။ သို႔ေသာ္... ေဝ့႐ူစုန္႕ကို ေရွာင္းႏ်န္၏ ေဘးတြင္ ယွဥ္၍ ရပ္ခိုင္းမည္ဆိုလွ်င္ေတာ့ ေသခ်ာေပါက္ သူ႔၏အေရာင္အဝါက ေမွးမွိန္ေနေပလိမ့္မည္။

အခုခ်ိန္မွာ​ေတာ့ သတင္းက တကၠသိုလ္ပရဝုဏ္အတြင္းတြင္ လွ်င္လွ်င္ျမန္ျမန္ျဖင့္ပင္ ပ်ံ႕ပ်ံ႕ႏွံ႕သြားေတာ့သည္။ အေၾကာင္းအရာကေတာ့ 'ေက်ာင္းရဲ႕ပထမေန႔မွာပဲ စီနီယာက ေရွာင္းႏ်န္ကို blowjob လုပ္ေပးေနသည္' ဟူ၍ပင္ ျဖစ္​​ေလ​ေတာ့၏။ ဒါေပါ့ ဒီသတင္းက လံုးဝကိုအဓိပၸာယ္မရွိဘူးေလ။ အထူးသျဖင့္ မိန္းကေလးေတြရဲ႕ၾကားမွာေပါ့။ သူတို႔ေတြအားလံုးက ဒါကို လံုးဝလက္မခံၾကတဲ့အျပင္ ေရွာင္းႏ်န္ရဲ႕နာမည္ဂုဏ္သတင္းကို ရွင္းလင္းေပးဖို႔ရန္အတြက္ သူ႔ကိုေထာက္ခံသည့္ အဖြဲ႕မ်ားေတာင္ ဖြဲ႕လိုက္ၾကေသးသည္။ ႏွစ္ေယာက္ကို ေထာက္ခံသည့္အဖြဲ႕ႏွင့္ မေထာက္ခံသည့္အဖြဲ႕ ႏွစ္ဖြဲ႕ႏွင့္ ပါဝင္ပတ္သက္သူမ်ားကေတာ့ အထူးအေထြေျပာဆိုျခင္းမရွိသည့္ အတြက္ ေနာက္ပိုင္းတြင္ တေျဖးေျဖးႏွင့္ သတင္းေတြက ေမွးမွိန္လာသည္။ အထူးသျဖင့္ စစ္သင္တန္းခ်ိန္ၿပီးသည့္ေနာက္ပိုင္းတြင္ ေရွာင္းႏ်န္ဘက္မွ တံု႔ျပန္မႈတစ္စံုတစ္ရာ မရွိသည့္အတြက္ ေနာက္ဆက္တြဲ ျပႆနာမ်ားမွ ကင္းေဝးသြားခဲ့သည္။

သို႔ေသာ္လည္း ေဝ့႐ူစုန္႕ကေတာ့ ခ်မ္ရႊမ္ရႊမ္ႏွင့္ပတ္သက္မႈကို ေရွ႕ဆက္တိုးခြင့္မရေတာ့ေပ။ သူမည္မွ်ပင္ ရွင္းျပေသာ္ျငား သူမကေတာ့ ျပတ္ျပတ္သားသားႏွင့္ပင္ မယံုၾကည္ႏိုင္ဟု ျငင္းဆန္လိုက္ေတာ့သည္။ ေဝ့႐ူစုန္႕တစ္ေယာက္ ေရွာင္းႏ်န္၏ေရွ႕တြင္ ဒူးေထာက္ထိုင္ေနသည္ကို ခ်မ္ရႊမ္ရႊမ္မွ သက္ေသႏွင့္တကြ လက္ပူးလက္က်ပ္မိထားေလရာ ထိုအေၾကာင္းအရာမွာ ေတြးမိလိုက္သည္ႏွင့္ သူမအတြက္ ေအာ္ဂလီဆန္စရာေကာင္းလြန္းလွသည္။ ထို႔သို႔ျဖင့္ပင္ ေဝ့႐ူစုန္႕၏ ပထမဆံုးအခ်စ္ေရးမွာ လက္ကေလးေသာ္မွ ကိုင္ခြင့္မရလိုက္ပဲ နားလည္ရခက္စြာျဖင့္ပင္ အဆံုးသတ္သြားေလေတာ့သည္။

လက္ရွိအခ်ိန္မွာေတာ့ ေဝ့႐ူစုန္႕တစ္ေယာက္ အတန္းထဲတြင္ ေတာ္ေတာ္ေလး ပ်င္းရိၿငီးေငြ႕ေနေလသည္။ ထို႔ေၾကာင့္ သူ၏ဖုန္းႏွင့္ပင္ ဂိမ္းကို အဆံုးသတ္ရန္ႀကိဳးစားေတာ့သည္။ ေဝ့႐ူစုန္႕တြင္ အက်င့္တစ္ခုရွိေလသည္။ ဂိမ္းေဆာ့ေနခ်ိန္တြင္ သူ၏အာရံုစူးစိုက္မႈအားလံုးမွာ ဂိမ္းထဲတြင္သာရွိၿပီး ပတ္ဝန္းက်င္မွ အရာအားလံုးႏွင့္ ကင္းလြတ္ေနေလ့ရွိသည္။ သူမသိလိုက္ပဲ အခန္းေဖာ္တစ္ေယာက္ ရသြားခဲ့သည့္ ကိစၥကဲ့သို႔ပင္ ဥပမာ​ေပးရမည္​။ သို႔ေသာ္လည္း သူ၏ ဂိမ္းကစားသည့္ စေကးကေတာ့ အေတာ္အတန္ ကြ်မ္းက်င္သည္ ဟု ေျပာရေပမည္။

"အာ, ႐ူစုန္႕" သူ၏ အတန္းေဖာ္ လ်ိဴရွင္းက ကိုယ္ကို သူ့ဘက္​​ကိုင္းရင္း ေခၚလိုက္သည္။ လ်ိဴရွင္း ကို အမ်ားသိသည့္ နာမည္ေျပာင္မွာ ပါးစပ္ဖြာသည့္ အာက်ယ္​ေမ်ာက္ပင္ျဖစ္သည္။ ဒီနာမည္ေျပာင္ရလာရသည့္ အေၾကာင္းရင္းကေတာ့ သိသာထင္ရွားပါသည္။ အၿမဲလို ေလေပါေနတတ္ၿပီး သူတပါးအတင္းလိုက္ေျပာေနတတ္သည့္ပံုေၾကာင့္ သူ႔ကိုျမင္ရသူမ်ားက ေမ်ာက္တစ္ေကာင္ႏွင့္ အလားတူသည္ဟူ၍ မွတ္ခ်က္ခ်လိုက္ျကျ​ပီး ထိုကဲ့သို႔ ပါးစပ္ဖြာသည့္ အာက်ယ္​ေမ်ာက္ တစ္​​ေကာင္​ ​ျဖစ္လာရျခင္းပင္။

"မင္းနဲ႕ေရွာင္းႏ်န္က ဘာျဖစ္ၾကတာလဲ?"

"အာ?" ေဝ့႐ူစုန္႕၏ လက္ေခ်ာင္းမ်ားက သူ႔၏ဖုန္းမ်က္ႏွာျပင္ေပၚမွာပဲ ေျပးလႊားေနၿပီး လ်ိဴရွင္း၏ အေမးကို အာရံုမရစြာပဲ အာကနဲ တံု႔ျပန္လိုက္သည္။

"မင္းတကယ္ပဲ ေရွာင္းႏ်န္ကို blowjob ေပးခဲ့တာလား?"

"႐ူးေနတာလား? အဲဒီ Angela မွာ ​ေသြး (HP) က နည္းနည္းပဲ ရွိေတာ့တာကြ_ Yuji က ဘာလို႔ ရပ္လိုက္တာလဲ? သူမကို သတ္ေလ! ဟုတ္ၿပီ, ဟုတ္ၿပီ, အာ ဘာပဲျဖစ္ျဖစ္ မင္းေျပာတာအကုန္မွန္တယ္။ ငါ့ကို မေႏွာင့္ယွက္နဲ႕ ဟုတ္ၿပီလား?"

ေဝ့႐ူစုန္႕က မေႏွာင့္ယွက္ရအမိန္႕ကို အတိအလင္း ထုတ္ျပန္လိုက္သည္။ သို႔ေသာ္ အာက်ယ္​ေမ်ာက္​ကေတာ့ ႀကိတ္၍ျပံဳးေနေလၿပီ။

"ဒါဆို အဲဒါက ဘယ္လိုအရသာရွိလဲ?"

"ဘာက ဘာအရသာလဲ? အား_ ငါေသေတာ့မယ္!" ေဝ့႐ူစုန္႕က အံကိုႀကိတ္၍ ဆဲလိုက္ေတာ့သည္, "Salty bitch!"

အဲဒီေနာက္မွာေတာ့ အတင္းအဖ်င္းေတြက ကူးစက္ေရာဂါပိုးလိုပင္ ​ေနရာအႏွံ႔ ပ်ံႏွံံ၍သြားေလေတာ့၏။ ဒီတစ္ႀကိမ္မွာေတာ့ အရင္တစ္ႀကိမ္ထက္ပင္ ပို၍အေသးစိတ္က်စြာ နာမည္မ်ားပင္အတိအက် ပါလာေလေတာ့သည္။

~ေဝ့႐ူစုန္႕က ေရွာင္းႏ်န္ကို ေက်ာင္းရဲ႕ပထမဆံုးေန႔မွာပဲ blowjob ေပးခဲ့တယ္။ ၿပီးေတာ့ အဲဒါက ငန္တယ္လို႔ မွတ္ခ်က္ခ်ခဲ့တယ္~

ေရွာင္းႏ်န္ဟာ ဘယ္လိုပင္ သူေတာ္ေကာင္းေလးတစ္​​ေယာက္​ ျဖစ္ခဲ့ပါေစ ဒီအခ်ိန္မွာေတာ့ ထပ္ၿပီးသည္းခံဖို႔ရန္ မျဖစ္ႏိုင္ေတာ့ဘူး။ ထို႔ေၾကာင့္ပင္ ေဝ့႐ူစုန္႕တစ္ေယာက္ အေဆာင္ကို ျပန္လာတဲ့အခါမွာေတာ့ စိတ္ဓာတ္က်ေနပံုရတဲ့ ေရွာင္းႏ်န္က ေဝ့႐ူစုန္႕ကို ရွားရွားပါးပါး စကားစေျပာလာခဲ့သည္။

"စီနီယာ, ကၽြန္ေတာ္ ေဂးမဟုတ္ဘူး"

"ဖာ့ခ္​, ဒါဆို ငါကေရာ ေဂးလို႔ထင္ေနလား? ငါလည္း မဟုတ္ဘူးကြ!"

"ဒါဆို ဘာလို႔ တျခားသူေတြကို ကၽြန္ေတာ့ဟာက ငန္တယ္လို႔ ေျပာရတာလဲ?" ေရွာင္းႏ်န္၏ အမူအရာက တည္ၿငိမ္ေနပံုရေသာ္ျငား သူ၏ေလသံကို နားေထာင္ၾကည့္ပါက တျခားစီျဖစ္ေနတာကို သိႏိုင္သည္ "စီနီယာ စမ္းၾကည့္ဖူးလို႔လား?"

😂😂😂

____________ ^ မမ္​မို ^____________

Next: What to Do, My Counsellor Thinks I Had Sex With My Roommate in Public

"Unicode"

What to do, my girlfriend thinks I gave my roommate a blowjob

ဝေ့ရူစုန့် တစ်ယောက် သူ့၏ဘီးတစ်လုံးပြုတ်ထွက်နေသော လက်ဆွဲခရီးဆောင်သေတ္တာကို စိတ်ပျက်လက်ပျက်နှင့်ဆွဲ၍ ကော်ရစ်ဒါပေါ်တွင် လျှောက်နေလေသည်။ တက္ကသိုလ်၏ နှစ်သစ်အစကတော့ ဘယ်အချိန် အန္တရာယ်နဲ့တွေ့မလဲ မသိနိုင်သည့် လျို့ဝှက်သည်းဖိုဝထ္ထုထဲကလိုပင် ပြိုင်ဆိုင်မှုတွေနှင့် ပြည့်နှက်နေသည်ဟု ဆိုရမည်။ ထို့အတွက်ကြောင့်ပင် ဝေ့ရူစုန့်မှာ ပိုလို့စိတ်ဖိစီးနေမိတာပင်။

အဆောင်ပေါ်သို့တက်ရန် လှေကားပေါ်သို့ လှမ်းလိုက်သည့်အချိန်မှာပင် သူ၏အပေါစား ခရီးဆောင်သေတ္တာမှာ ဘီးတစ်လုံးပြုတ်ထွက်၍ ပျက်စီးခြင်းငါးပါးသို့ ဆိုက်သွားလေသည်။ ဝေ့ရူစုန့်ကတော့ ဒီနေ့အတွက် အတိတ်နိမိတ်မကောင်းဟု စဉ်းစားမိလိုက်သေးသည်။ သို့သော်လည်း အတန်းထဲတွင် အလှပဂေးလေးဟု အားလုံးမှ သတ်မှတ်ထားသည့် သူ၏ချစ်သူလေးက ဒီနေ့မှာ နေ့လည်စာအတူစားရန် ဖိတ်ကြားထားလေရာ ထိုသို့ အထင်မှားနေခြင်းသာဖြစ်ရန် မျှော်လင့်မိသည်။ ဝေ့ရူစုန့်က နာရီကိုကြည့့်လိုက်ပြီး သူမရောက်လာတော့မည်မို့ တက်တက်ကြွကြွနှင့်ပင် သူ၏အဆောင်ခန်းဆီသို့ ဦးတည်ရွေ့လျားလိုက်တော့သည်။

ဝေ့ရူစုန့်၏အခန်းမှာ အခန်းနံပါတ်(၃၂၅) ဖြစ်ပြီး တတိယထပ်ကော်ရစ်ဒါ၏ ထောင့်ဆုံးတွင်ဖြစ်သည်။ လေးယောက်နေရမည့် အခန်းဖြစ်သော်လည်း ဝေ့ရူစုန့်တစ်ယောက် ကံကောင်းထောက်မပြီး နောက်ဆုံးမှ စာရင်းပေးမိသောကြောင့် တစ်ဦးတည်းမူပိုင် နေရာရလေသည်။ သို့သော်ငြား တစ်ခါတစ်ရံ ရေချိုးခန်းထဲတွင် ပျော်ရွှင်မြူးတူးမိသောကြောင့် ဆပ်ပြာတုံးကို တက်နင်းမိ၍ တစ်ညနေခင်းလုံး ရေချိုးခန်းထဲတွင် လှဲနေရသည်မျိုးလည်း ရှိဖူးလေသည်။

အခန်းရှေ့ရောက်၍ ခရီးဆောင်သေတ္တာကိုချပြီး တံခါးဖွင့်ရန် ပြင်လိုက်သည့်အချိန်မှာပင် သူ့ကို တစ်စုံတစ်ခုက ကြောင်တောင်တောင် ဖြစ်သွားစေတော့သည်။ အခန်းတံခါးမှာ ပိုင်ရှင်မရှိပဲ ပွင့်၍နေလေပြီ! သူမေ့၍ မပိတ်ခဲ့မိခြင်းလား? သို့သော်ငြား ဝေ့ရူစုန့်က စေ့စပ်သေချာသူဖြစ်သည်။ တံခါးကို လော့ချဖို့ရန် မေ့တတ်သူမျိုး မဟုတ်။

အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်မှာတော့ အဝင်လမ်းတစ်လျှောက် ပြန့်ကျဲနေသည့် ရှုးဖိနပ်အပုံကြီးပင် ဖြစ်လေသည်။ အပေါ်ယံကြည့်လိုက်ရုံနှင့်ပင် ထိုအပုံထဲမှ အတော်များများမှာ Air Jordan ကဲ့သို့ limited-edition ထုတ်သည့် ဈေးကြီးသော ဖိနပ်များဆိုသည်ကို ဝေ့ရူစုန့်က သတိထားမိလိုက်သည်။ ထပ်ပြီး သူ့၏နားထဲတွင် ထူးထူးဆန်းဆန်းအသံတစ်သံကို ကြားနေရသေးသည်။ ဒါက ဝင်ပေါက်ရဲ့ဘေးဘက်မှာရှိသော ရေချိုးခန်းထဲမှ ရေကျနေသည့်အသံပင်ဖြစ်သည်။ သေချာပါပြီ! တစ်စုံတစ်ယောက်ကတော့ သူ့အခန်းထဲကို ကျူးကျော်ဝင်ရောက်နေလေပြီ။

ဝေ့ရူစုန့် တစ်ယောက် အခန်းထဲသို့ လှမ်းဝင်လိုက်သည့်အချိန်မှာပဲ မကြာသေးခင်ကမှ မြင်လိုက်ရသော ဈေးကြီးသည့်ဖိနပ်ပုံကြီးကို စ၍တက်နင်းမိတော့၏။ အကျိုးဆက်ကတော့ ဝေ့ရူစုန့်ခမြာ ရေချိုးခန်းထဲမှ ထွက်လာသည့် တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်လုံးတီးခန္တာကိုယ်ပိုင်ရှင်၏ရှေ့တွင် အချိန်ကိုက်လျှက် ဒူးထောက်ကာ လဲကျသွားခြင်းပင် ဖြစ်လေတော့သည်။

ဝေ့ရူစုန့်ကတော့ သူ့၏မျက်နှာနှင့် တစ်တန်းတည်းဖြစ်နေသော တစ်စုံတစ်ယောက်၏ညီလေးကို ကြည့်ရင်း ကျွတ် ကနဲ စုပ်သပ်လိုက်မိ၏။ သူအပိုမပြောဘူး... ဒီဟာက တကယ်ကိုကြီးတယ်။ အရွယ်အစားရော ပုံစံရော အရောင်ရောက အနောက်နိုင်ငံက အပြာကားထဲကဟာတွေနဲ့ ယှဉ်ရင်တောင် မရှုံးနိုင်ဘူး။ ဒီဟာကို ကြည့်ရတာ တောနက်ထဲမှာ အိပ်နေတဲ့ သားရဲကြီးလိုပဲ။ ပြီးတော့ အဲဒီအရာဆီက ပူနွေးတဲ့အငွေ့တွေက သူ့မျက်နှာနဲ့ မျက်လုံးတွေဆီကို ရိုက်ခတ်လျှက်ရှိ၏။ အမှန်အတိုင်းပြောရမည်ဆိုရင် ဒီအနေအထားက သူ့ကို အနည်းငယ်တော့ စိတ်အနှောင့်အယှက် ဖြစ်စေသည်။

"ရူစုန့်,စုန့်စုန့်ရေ! အထုပ်တွေ ဖြည်လို့ပြီးပြီလား?"

ချမ်ရွှမ်ရွှမ် ရဲ့ အသံကို တံခါးအပြင်ဘက်ကနေ ကြားလိုက်ရတဲ့အခိုက် ဝေ့ရူစုန့်တစ်ယောက် ချက်ချင်းပင် အထိတ်ထိတ်အပျာပျာ ဖြစ်သွားတော့၏။ သူဘယ်လိုများ သူ့ရဲ့အချစ်လေးကို ဒီလိုမျိုး တစ်စိမ်းတစ်ယောက်ရဲ့ညီလေးကို ပေးမြင်လို့ဖြစ်ပါ့မလဲ။ ကောင်းပြီ။ သူမကို ကာကွယ်ဖို့အတွက် သူအနစ်နာခံဖို့လိုသည်။ ဝေ့ရူစုန့်တစ်ယောက် ဤကဲ့သို့သော ရည်ရွယ်ချက်ကြီးဖြင့် စိတ်ကိုတင်းကာ သူ့ရှေ့မှအရာကို လက်ဖြင့်အုပ်ကိုင်လိုက်တော့၏.... ဖာ့ခ်! သေစမ်း! သေစမ်းကွာ! ဒီသားရဲကြီးကို လက်တစ်ဖက်တည်းနဲ့ ဖုံးကွယ်ထားဖို့ မလုံလောက်ပါလား, ငါ့လက်တွေတော့ ပျက်စီးပါပြီ! ဖာ့ခ်..!

"စုန့်စုန့်, ဘာလို့ တံခါးက ပွင့်နေတာလဲ?"

အထိတ်တလန့်နဲ့ပင် နောက်ဆုံးမှာတော့ သူ၏လက်နှစ်ဖက်ကိုသုံးကာ ထိုအရာကြီးကို ဖုံးကွယ်လိုက်နိုင်တော့သည်။ ဝေ့ရူစုန့်တစ်ယောက် သက်ပျင်းတစ်ချက်ကို မှုတ်ထုတ်လို့ စိတ်အေးသွားရုံရှိသေး ရုတ်တရတ်ပဲ စူးရှကျယ်လောင်တဲ့ အော်သံတစ်ခုက အဆောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့၏။

"အားးးးးးး နင်တို့ ဂေးတွေ!!!"

အမ်? ဂေး? ငါက, ဘာလို့ဂေး ဖြစ်သွားရတာလဲ? ဘယ်နေရာက ဂေးနေလို့လဲ?! ဝေ့ရူစုန့်က အလျင်အမြန်ပဲ ကြမ်းပြင်ပေါ်က ကုန်းထလို့ ရှုးဖိနပ်ပုံကြီးကို ခုန်ကျော်လိုက်ရင်း အခန်းပေါက်ဝမှ ပြေးထွက်သွားသော ချမ်ရွှမ်ရွှမ်ကို လိုက်၍ဖမ်းရတော့သည်။

"ရွှမ်ရွှမ်, ငါရှင်းပြပါရစေ., ငါက ဂေးမဟုတ်ပါဘူး! ငါချစ်တာ နင်တစ်ယောက်တည်းပါ..."

"ပါးစပ်ပိတ်ထားလိုက်စမ်း!!!"

တကယ်လို့သာ ချစ်လှစွာသော ရွှမ်ရွှမ်မှာ အမှားတစ်ခုရှိတယ်ဆိုရင် အဲဒါက သူမရဲ့အသံ အရမ်းကျယ်လွန်းတာပဲဖြစ်မည်။ အမှန်အတိုင်းပြောရလျှင် လော်စပီကာထက်တောင်မှ အများကြီးပို၍ ကျယ်လေသည်။

"တခြားယောက်ျားတစ်ယောက်ကို blowjob လုပ်ပေးထားတဲ့ အဲ့ဒီပါးစပ်ကြီးနဲ့ ငါ့ကို ချစ်တယ်လို့ လာမပြောစမ်းနဲ့!" သူမက စိတ်တိုစွာ အော်ဟစ်လိုက်ပြီး ဝေ့ရူစုန့်၏ပါးကို ဖြောင်းကနဲ ရိုက်ပစ်လိုက်တော့သည်။ ဒီအချိန်မှာ လူတိုင်း ထင်ထင်ရှားရှားမြင်လိုက်ရတာကတော့ ဝေ့ရူစုန့်၏ပါးပြင်ပေါ်က ထင်းနေသည့် လက်ငါးချောင်းရာကြီးသာ ဖြစ်လေသည်။

ဆိုးဝါးလှသည့် အဆောင်အခန်းများ၏ အသံလုံပုံကို စာဖွဲ့ရမည်ဆိုလျင်ဖြင့် တစ်ဖက်ခန်းမှ အီးပေါက်သံကို ကြားရလောက်အောင်ပင် ကောင်းမွန်လှပေသည်။ ယခုကဲ့သို့ ချမ်ရွှမ်ရွှမ်၏ အော်ဟစ်လိုက်ပုံမျိုးဆိုလျင် အထူးပင် ပြောစရာမလိုတော့ပေ။ လက်ရှိအချိန်မှာတော့ ဝေ့ရူစုန့်၏ ဖြစ်အင်မှာ အဆောင်ရှိ ကျောင်းသားတိုင်း၏ ထွက်၍ဝိုင်းကြည့်နေခြင်းကို ခံရလျက်ရှိရာ ထိုကဲ့သို့ လူအများအာရုံစိုက်မှုခံရခြင်းမှာလည်း သူ၏သက်တမ်း နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

"ဘာတွေ ကြည့်နေကြတာလဲ! သမီးရည်းစား စကားများတာကို မမြင်ဖူးဘူးလား?!"

ဝေ့ရူစုန့် မျက်နှာသေနဲ့ပဲ အခန်းကိုပြန်လာခဲ့လိုက်သည်။ ယခုဆိုလျှင် ပြဿနာ၏အရင်းအမြစ် တရားခံကတော့ အဝတ်အစားအပြည့်အစုံ ဆင်ယင်ပြီး၍ ကွန်ပျူတာရှေ့တွင်ထိုင်ကာ ဗွီဒီရိုဂိမ်းပါ ဆော့လျက်ရှိနေပြီ။ ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် ထိုင်နေပုံမှာ မော်ဒယ်လိုလိုဘာလိုလိုနှင့်ပင် တူနေသေး၏။ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ပြဿနာမှာ သူနှင့် လုံးဝမသက်ဆိုင်ပါဟု ဆိုနေသလိုပင် ထင်ရသည်။

ဟွန်း မင်းကကြည့်ကောင်းတော့ရော ဘာဖြစ်လဲ? မင်း ငါ့ရှေ့မှာလာပြီး ချွတ်ပြမယ်ဆိုရင်တောင် ငါက မင်းကို ထိချင်နေလိမ့်မယ်ထင်လား? ငါက ၁၀၀% အယောကျာ်းစစ်စစ်ကွ! ဝေ့ရူစုန့်ခင်မျာ တော်တော်လေး စိတ်ပျက်နေမိသည်။

"ငါ မင်းကို ပြောမယ်, ငါက ဂေးမဟုတ်ဘူး! ငါ ဂေးမဟုတ်ဘူး-- ငါဂေးမဟုတ်ဘူးကွ!"

"ကျွန်တော်လည်း မဟုတ်ဘူး."

"ဒါဆို ဘာလို့ ရေချိုးခန်းထဲကနေ အဝတ်ဗလာနဲ့ ထွက်လာရတာလဲကွ?" မကြာသေးခင်က မြင်ကွင်းကို ပြန်မြင်ယောင်မိသည့်အခါမှာတော့ စိတ်ပျက်စရာကောင်းသော ခံစားချက်ကြီးကို တဖန်ပြန်၍ သတိရလာပြီး ဝေ့ရူစုန့်တစ်ယောက် တဆတ်ဆတ်နဲ့ တုန်လာတော့သည်။

"မင်းသိလား ငါ့ကောင်မလေးရဲ့ ဖြူစင်မှုကို ကာကွယ်ပေးချင်တာနဲ့ အခုတော့ ငါ့ဂုဏ်သိက္ခာတွေအားလုံး မြောင်းထဲရောက်သွားပြီကွ"

"တံခါးအပြင်ဘက်မှာ အသံတွေကြားလို့ ကျွန်တော်ထွက်ကြည့်လိုက်တာ." နောက်ဆုံးမှာတော့ ခန့်ငြားတဲ့လူငယ်လေးက သူ့၏ဂိမ်းကို အပြီးသတ်လို့ ဝေ့ရူစုန့်ကို လှည့်ကြည့်လာလေပြီ။ "ခင်ဗျားမျက်နှာက ဘာဖြစ်လာတာလဲ? ဘယ်လူဆိုးက ရိုက်လွှတ်လိုက်တာလဲ?"

"ငါ့ ကောင်မလေး ငါ့ကို ရိုက်လိုက်တာ." ဝေ့ရူစုန့်က အားငယ်စွာပဲ ဆက်ပြီးပြောလိုက်သည်။ "အခုတော့ ငါ့ ရည်းစားဟောင်းပေါ့။ ဒါနဲ့ မင်းက ဘယ်သူလဲ? ဘာကြောင့် ငါ့အခန်းထဲ ရောက်နေရတာလဲ?

"ကျွန်တော်က သတင်းအချက်အလက်နှင့်အင်ဂျင်နီယာမေဂျာ ပထမနှစ်ကျောင်းသား ရှောင်းနျန်။ သူတို့ပြောတာတော့ ကျွန်တော်က နောက်ဆုံးမှ ရောက်တာမို့ စီနီယာတစ်ယောက်နဲ့ နေဖို့ စီစဉ်ပေးထားတယ်ပြောတယ်။ အကိုက စီနီယာမလား?" ဟု ပြောရင်း ဝေ့ရူစုန့်ကို မိတ်ဆက်လာသည်။ တကယ်တော့ ရှောင်းနျန်၏ ဒီလိုကြည့်ကောင်းသော ပုံစံနှင့် မွေးဖွားလာခြင်းက သူ့အတွက် ကံကောင်းခြင်းလာဘ်တစ်ပါးပင် ဖြစ်သည်။ အကယ်၍သာ ဒီလိုခန့်ငြားသည့်ရုပ်ခံလေး မရှိဘူးဆိုလျှင် သူ၏မျက်နှာသေကြီးကို မြင်ရသူများက သူ့အား လူကောင်းသူကောင်းလေးဟု မည်သူမျှ ထင်မည်မဟုတ်။

"အာ? အိုး,.. ဟိုင်း. ငါက ဝေ့ရူစုန့်ပါ။ ငါတို့က မေဂျာတူတယ်။ ဒါပေမယ့် ငါက ဒုတိယနှစ်ကျောင်းသား။"

ဝေ့ရူစုန့်က အပြင်ပန်းမှာတော့ ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်ပေမယ့် အတွင်းစိတ်ထဲမှာကတော့ မဟုတ်လေဘူး။ 'ငါ့မှာ အခန်းဖော်ရှိလာမယ်ဆိုတာ ငါ ဘာလို့ မသိလိုက်ရတာလဲ? ငါတို့ရဲ့ ကျောင်းကြီးက အကြင်နာမေတ္တာတရားရော ရှိကြသေးရဲ့လား ဟမ်? လူသားချင်းစာနာမှုရော ရှိကြသေးရဲ့လား? ဘယ်လိုများ သူတို့ ငါ့ကို သတိမပေးနိုင်ရတာလဲ?' ဝေ့ရူစုန့်က အတိုင်ပင်ခံဆီကို စာပို့လိုက်တော့သည်။

"အတိုင်ပင်ခံ ကျိူး ကျွန်တော် သတင်းအချက်အလက်နှင့်အင်ဂျင်နီယာမေဂျာ အခန်း ၃ က ဝေ့ရူစုန့်ပါ။ ဘာကြောင့် ရုတ်တရတ်ကြီး ကျွန်တော့မှာ အခန်းဖော်ရှိသွားတာလဲ သိလို့ရမလား?"

"ငါတို့ မင်းကို အသိပေးပြီးသားလို့ ထင်တယ်။"

ခင်ဗျားတို့အဘပဲ အိမ်မက်ထဲမှာ လာပြီး အသိပေး!!! ဝေ့ရူစုန့်တစ်ယောက် သူ့ရဲ့ ဖုန်းကို အနီးအနားကို ပစ်ပေါက်လိုက်မိတော့၏။ ခနအကြာမှာတော့.... နေဦး! ဒါမျိုး အဖြစ်အပျက် ရှိခဲ့သလိုပဲ...

ကျောင်းပိတ်ရက်များသို့ နောက်ကြောင်းပြန်ခြင်း:

"ငါ ဒီမှာ... ဘာ? မင်းငါ့ကို အထင်သေးတာလား? ငါ့ကို အထင်သေးနေတာကို မင်းတို့ ကြည့်နေတော့မှာလား!" ..,.

"ယောက်ျားပီပီ အားအင်အပြည့်ကို ပြလိုက်စမ်းပါ။ နေမင်းကြီးထက် တောက်ပလိုက်စမ်း...,"

"ဒီအချိန်မှာ ဘယ်ကောင် ငါ့ကို ခေါ်တာနေတာလဲကွ? အတိုင်ပင်ခံ ကျိူး? ဟယ်လို, ဟယ်လို.. အာ, ဟုတ်ကဲ့_ ချီးပဲ ငါ့ဆီပြေးမလာနဲ့ဟ! အာ ဘာမှမဟုတ်ပါဘူး။ အခန်းဖော်? မရှိဘူး တစ်ယောက်မှ_ ဘယ်ကောင် ငါ့ကို လာရိုက်နေတာလဲ? အိုကေ အိုကေ, ဘိုင့် အတိုင်ပင်ခံ ကျိူး!"

"အိုး ဟိုး~, ငါ မင်းဖင်ကို ကန်ပြီး မင်းရဲ့အရှက်တွေကို ဆေးကြောပေးမယ်ကွ!"

လက်ရှိအချိန်သို့:

အာ ဟုတ်သားပဲ ဝေ့ရူစုန့် ပြန်ပြီးမှတ်မိသွားတော့သည်။ အဲဒီနေ့က သူဂိမ်းကို သဲကြီးမဲကြီးနဲ့ဆော့နေခဲ့တာ။ နောက်ဆုံးတော့ သူအဆင့်က ထိပ်ဆုံး ၃၀၀ ထဲကို ဝင်တော့မှာကြောင့် ဂိမ်းကိုအာရုံစိုက်နေခဲ့တာ။ အတိုင်ပင်ခံ ကျိူးကို သူ့မှာ ပြန်ပြောစရာ စကားမဲ့သွားတော့သည်။

ကောင်းပြီလေ။ ကိုယ်စိုက်တဲ့အသီး ကိုယ်ပဲရိတ်သိမ်းရတော့မှာပေါ့,. ဝေ့ရူစုန့် သက်ပျင်းတစ်ချက်ချလိုက်သည်။

"မင်းရဲ့ ဖိနပ်တွေကို သပ်သပ်ရပ်ရပ်ထားရင်ကောင်းမယ်။ ခုနက ဖြစ်သွားတဲ့ကိစ္စက မင်းရဲ့အမှားကြောင့်ပဲ။ ဒါပေမယ့် ငါက အကြီးဆိုတော့ မင်းကို ပြဿနာမရှာတော့ဘူး။ နောက်တခါကြရင်တော့ ငါ့စကားကို နားထောင်သင့်တယ် အိုကေ?"

ရှောင်းနျန်က နာခံစွာပဲ ခေါင်းငြိမ့်လိုက်သည်။

ဝေ့ရူစုန့်ငယ်ငယ်ကဆို အတင်းအဖျင်းတွေနဲ့ပတ်သက်ရင် လှောင်ရယ်လေ့ရှိသည်။ သို့သော်ငြား ရှောင်းနျန်၏ နာမည်ကျော်ကြားမှုကတော့ သူမှန်းထားသည်ထက်ပင် ပိုနေလေသည်။ ပထဆုံးအနေနှင့် သူ့ရဲ့ချောမောခန့်ငြားမှုအကြောင်းကို ပြောရမယ်ဆိုရင် မိန်းကလေးများ ချောင်းမြောင်းရိုက်ကူးထားသော ရှောင်းနျန်၏သဘာဝဆန်ဆန်ပုံရိပ်တွေဟာ အင်တာနက်မှာ ကြည့်ရှုသူ တစ်သောင်းကျော်ရှိလေသည်။ ဒုတိယတစ်ခုကို ပြောရမယ်ဆိုရင်တော့ ရှောင်းနျန်မှာ နောက်ခံအသိုင်းအဝိုင်းကောင်းကောင်းရှိသည်။ သူ၏အဖေက နိုင်ငံ့ဂုဏ်ဆောင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပြီး အမေကလည်း နာမည်ကျော် အလှနတ်သမီးတစ်ပါး ဖြစ်လေသည်။ ယခုအချိန်မှာတောင် လူကြီးများရဲ့အကြား စစ်တမ်းကောက်ကြည့်မည်ဆိုပါက အများစုက သူမကိုပင် သူတို့၏ အနာဂတ်ချစ်သူအဖြစ် ရွေးချယ်ကြပေလိမ့်မည်။

ရှောင်းနျန်ကတော့ သူမ၏ ချောမောမှုကို male version ဖြင့် အမွေဆက်ခံထားခြင်းဖြစ်လေသည်။ တတိယတစ်ခုကတော့ ရှောင်းနျန်က သူတို့မေဂျာ၏ ထိပ်ဆုံးကျောင်းသားများထဲတွင် ဘာသာစုံ A အဆင့်ရသော ကျောင်းသား တစ်ယောက်ဖြစ်လေသည်။ သို့ပေမယ့် ဝေ့ရူစုန့်အတွက်ကတော့ နောက်ဆုံးအတန်း၏ နောက်ဆုံးအဆင့်ကို ရဖို့ရန်သာ ဖြစ်လေသည်။ ဒါကိုကြည့်ရင် တစ်စုံတစ်ယောက်ကတော့ သူ့ကို လာရှုပ်နေပြီဟု ထင်ရသည်။

ဒါပေါ့, ဝေ့ရူစုန့်က တကယ်တော့ သိပ်မဆိုးဘူးဟုပြောရပေမည်။ သူက ထက်ထက်မြက်မြက်နှင့် ပျော်ပျော်ရွှင်ရွှင်နေတတ်သူပဲ ဖြစ်သည်။ တချို့လူများကဆိုလျှင် သူ့ကို Daniel Wu တို့ Takeshi Kaneshiro တို့လို လူမျိုးများနှင့်တောင် နှိုင်းယှဉ်၍ ပြောတတ်သေးသည်။ အမှန်တော့ တခြားသူများနှင့် နှိုင်းယှဉ်မကြည့်ဘူးဆိုလျှင်တောင် သူက အဆင်ပြေသည့်လူတစ်ယောက်ဟု ပြောရမည်။ သို့သော်... ဝေ့ရူစုန့်ကို ရှောင်းနျန်၏ ဘေးတွင် ယှဉ်၍ ရပ်ခိုင်းမည်ဆိုလျှင်တော့ -သေချာပေါက် သူ့၏အရောင်အဝါက မှေးမှိန်နေပေလိမ့်မည်။

အခုချိန်မှာတော့ သတင်းက တက္ကသိုလ်ပရဝုဏ်အတွင်းတွင် လျှင်လျှင်မြန်မြန်ဖြင့်ပင် ပျံ့ပျံ့နှံ့သွားတော့သည်။ အကြောင်းအရာကတော့ 'ကျောင်းရဲ့ပထမနေ့မှာပဲ စီနီယာက ရှောင်းနျန်ကို blowjob လုပ်ပေးနေသည်' ဟူ၍ပင် ဖြစ်လေတော့၏။ ဒါပေါ့ ဒီသတင်းက လုံးဝကိုအဓိပ္ပာယ်မရှိဘူးလေ။ အထူးသဖြင့် မိန်းကလေးတွေရဲ့ကြားမှာပေါ့။ သူတို့တွေအားလုံးက ဒါကို လုံးဝလက်မခံကြတဲ့အပြင် ရှောင်းနျန်ရဲ့နာမည်ဂုဏ်သတင်းကို ရှင်းလင်းပေးဖို့ရန်အတွက် သူ့ကိုထောက်ခံသည့် အဖွဲ့များတောင် ဖွဲ့လိုက်ကြသေးသည်။ နှစ်ယောက်ကို ထောက်ခံသည့်အဖွဲ့နှင့် မထောက်ခံသည့်အဖွဲ့ နှစ်ဖွဲ့နှင့် ပါဝင်ပတ်သက်သူများကတော့ အထူးအထွေပြောဆိုခြင်းမရှိသည့် အတွက် နောက်ပိုင်းတွင် တဖြေးဖြေးနှင့် သတင်းတွေက မှေးမှိန်လာသည်။ အထူးသဖြင့် စစ်သင်တန်းချိန်ပြီးသည့်နောက်ပိုင်းတွင် ရှောင်းနျန်ဘက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသည့်အတွက် နောက်ဆက်တွဲ ပြဿနာများမှ ကင်းဝေးသွားခဲ့သည်။

သို့သော်လည်း ဝေ့ရူစုန့်ကတော့ ချမ်ရွှမ်ရွှမ်နှင့်ပတ်သက်မှုကို ရှေ့ဆက်တိုးခွင့်မရတော့ပေ။ သူမည်မျှပင် ရှင်းပြသော်ငြား သူမကတော့ ပြတ်ပြတ်သားသားနှင့်ပင် မယုံကြည်နိုင်ဟု ငြင်းဆန်လိုက်တော့သည်။ ဝေ့ရူစုန့်တစ်ယောက် ရှောင်းနျန်၏ရှေ့တွင် ဒူးထောက်ထိုင်နေသည်ကို ချမ်ရွှမ်ရွှမ်မှ သက်သေနှင့်တကွ လက်ပူးလက်ကျပ်မိထားလေရာ ထိုအကြောင်းအရာမှာ တွေးမိလိုက်သည်နှင့် သူမအတွက် အော်ဂလီဆန်စရာကောင်းလွန်းလှသည်။ ထို့သို့ဖြင့်ပင် ဝေ့ရူစုန့်၏ ပထမဆုံးအချစ်ရေးမှာ လက်ကလေးသော်မှ ကိုင်ခွင့်မရလိုက်ပဲ နားလည်ရခက်စွာဖြင့်ပင် အဆုံးသတ်သွားလေတော့သည်။

လက်ရှိအချိန်မှာတော့ ဝေ့ရူစုန့်တစ်ယောက် အတန်းထဲတွင် တော်တော်လေး ပျင်းရိငြီးငွေ့နေလေသည်။ ထို့ကြောင့် သူ၏ဖုန်းနှင့်ပင် ဂိမ်းကို အဆုံးသတ်ရန်ကြိုးစားတော့သည်။ ဝေ့ရူစုန့်တွင် အကျင့်တစ်ခုရှိလေသည်။ ဂိမ်းဆော့နေချိန်တွင် သူ၏အာရုံစူးစိုက်မှုအားလုံးမှာ ဂိမ်းထဲတွင်သာရှိပြီး ပတ်ဝန်းကျင်မှ အရာအားလုံးနှင့် ကင်းလွတ်နေလေ့ရှိသည်။ သူမသိလိုက်ပဲ အခန်းဖော်တစ်ယောက် ရသွားခဲ့သည့် ကိစ္စကဲ့သို့ပင် ဥပမာပေးရမည်။ သို့သော်လည်း သူ၏ ဂိမ်းကစားသည့် စကေးကတော့ အတော်အတန် ကျွမ်းကျင်သည် ဟု ပြောရပေမည်။

"အာ, ရူစုန့်" သူ၏ အတန်းဖော် လျိူရှင်းက ကိုယ်ကို သူ့ဘက်ကိုင်းရင်း ခေါ်လိုက်သည်။ လျိူရှင်း ကို အများသိသည့် နာမည်ပြောင်မှာ ပါးစပ်ဖွာသည့် အာကျယ်မျောက်ပင်ဖြစ်သည်။ ဒီနာမည်ပြောင်ရလာရသည့် အကြောင်းရင်းကတော့ သိသာထင်ရှားပါသည်။ အမြဲလို လေပေါနေတတ်ပြီး သူတပါးအတင်းလိုက်ပြောနေတတ်သည့်ပုံကြောင့် သူ့ကိုမြင်ရသူများက မျောက်တစ်ကောင်နှင့် အလားတူသည်ဟူ၍ မှတ်ချက်ချလိုက်ကြပြီး ထိုကဲ့သို့ ပါးစပ်ဖွာသည့် အာကျယ်မျောက် တစ်ကောင် ဖြစ်လာရခြင်းပင်။

"မင်းနဲ့ရှောင်းနျန်က ဘာဖြစ်ကြတာလဲ?"

"အာ?" ဝေ့ရူစုန့်၏ လက်ချောင်းများက သူ့၏ဖုန်းမျက်နှာပြင်ပေါ်မှာပဲ ပြေးလွှားနေပြီး လျိူရှင်း၏ အမေးကို အာရုံမရစွာပဲ အာကနဲ တုံ့ပြန်လိုက်သည်။

"မင်းတကယ်ပဲ ရှောင်းနျန်ကို blowjob ပေးခဲ့တာလား?"

"ရူးနေတာလား? အဲဒီ Angela မှာ သွေး (HP) က နည်းနည်းပဲ ရှိတော့တာကွ_ Yuji က ဘာလို့ ရပ်လိုက်တာလဲ? သူမကို သတ်လေ! ဟုတ်ပြီ, ဟုတ်ပြီ, အာ ဘာပဲဖြစ်ဖြစ် မင်းပြောတာအကုန်မှန်တယ်။ ငါ့ကို မနှောင့်ယှက်နဲ့ ဟုတ်ပြီလား?"

ဝေ့ရူစုန့်က မနှောင့်ယှက်ရအမိန့်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။ သို့သော် အာကျယ်မျောက်ကတော့ ကြိတ်၍ပြုံးနေလေပြီ။

"ဒါဆို အဲဒါက ဘယ်လိုအရသာရှိလဲ?"

"ဘာက ဘာအရသာလဲ? အား_ ငါသေတော့မယ်!" ဝေ့ရူစုန့်က အံကိုကြိတ်၍ ဆဲလိုက်တော့သည်, "Salty bitch!"

အဲဒီနောက်မှာတော့ အတင်းအဖျင်းတွေက ကူးစက်ရောဂါပိုးလိုပင် နေရာအနှံ့ ပျံနှံံ၍သွားလေတော့၏။ ဒီတစ်ကြိမ်မှာတော့ အရင်တစ်ကြိမ်ထက်ပင် ပို၍အသေးစိတ်ကျစွာ နာမည်များပင်အတိအကျ ပါလာလေတော့သည်။

~ဝေ့ရူစုန့်က ရှောင်းနျန်ကို ကျောင်းရဲ့ပထမဆုံးနေ့မှာပဲ blowjob ပေးခဲ့တယ်။ ပြီးတော့ အဲဒါက ငန်တယ်လို့ မှတ်ချက်ချခဲ့တယ်~

ရှောင်းနျန်ဟာ ဘယ်လိုပင် သူတော်ကောင်းလေးတစ်ယောက် ဖြစ်ခဲ့ပါစေ ဒီအချိန်မှာတော့ ထပ်ပြီးသည်းခံဖို့ရန် မဖြစ်နိုင်တော့ဘူး။ ထို့ကြောင့်ပင် ဝေ့ရူစုန့်တစ်ယောက် အဆောင်ကို ပြန်လာတဲ့အခါမှာတော့ စိတ်ဓာတ်ကျနေပုံရတဲ့ ရှောင်းနျန်က ဝေ့ရူစုန့်ကို ရှားရှားပါးပါး စကားစပြောလာခဲ့သည်။

"စီနီယာ, ကျွန်တော် ဂေးမဟုတ်ဘူး"

"ဖာ့ခ်, ဒါဆို ငါကရော ဂေးလို့ထင်နေလား? ငါလည်း မဟုတ်ဘူးကွ!"

"ဒါဆို ဘာလို့ တခြားသူတွေကို ကျွန်တော့ဟာက ငန်တယ်လို့ ပြောရတာလဲ?" ရှောင်းနျန်၏ အမူအရာက တည်ငြိမ်နေပုံရသော်ငြား သူ၏လေသံကို နားထောင်ကြည့်ပါက တခြားစီဖြစ်နေတာကို သိနိုင်သည် "စီနီယာ စမ်းကြည့်ဖူးလို့လား?"

😂😂😂

____________ ^ မမ်မို ^____________

Next: What to Do, My Counsellor Thinks I Had Sex With My Roommate in Public

Continue Reading

You'll Also Like

371K 54.3K 75
Title - The Film Emperor Asks For Divorce Every Day 『影帝每天都想离婚[穿书] 』 Author - Lin Ang Si『林盎司』 Status in COO - 116 Chapters + 8 Extras Handsome and He...
42.5K 5.1K 30
ကျွန်တော့်ရဲ့ လမင်းနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်သိပ်နေတယ်။ ဒါပေမယ့် တစ်ယောက်သောသူက ဒီအချစ်တွေကို လက်မခံမှတော့ ဒီနှလုံးသားဟာ "မြူနှင်းလွ...
57.7K 6.4K 7
ရွိုေလးလု: ငါေယာက်ာ္းကို ကြာရွင္းခ်င္တယ္! ခ်င္ေလာင္ကုန္း: ငါ့အိမ္က ရွိုေလးက ငါ့ကို အၿမဲတမ္းကြာရွင္းခ်င္ေနတာပဲ.. ရှိုလေးလု: ငါယောကျာ်းကို ကွာရှင်းချင...
509K 91.2K 70
Myanmar Translation of 我叫我同桌打你 by 靠靠 ↬Author : Kao Kao ↬English Translator : ThatLazyPotato ↬Total Chapters : 66 Chapters + 2 Extras You can read...