ကျွန်တော်ချစ်သော ဦး (My love...

By SaiMinThant

212K 7.8K 151

ဦး ႕ ႕ ႔ လို႕ေခၚရံုနဲ႕ ကြ်န္ေတာ့္မွာလံုျခံဳေႏြးေထြးမႈေတြျပည့္နွက္ေနသည့္ ရင္ခြင္တစ္ခုကို အျမဲခံစားမိသည္႕ ႕ ႕... More

အပိုင္း (၁)
အပိုင်း (၂ )
အပိုင်း ( ၃ )
အပိုင်း ( ၄ )
အပိုင်း ( ၅ )
အပိုင်း ( ၆ )
အပိုင်း ( ၇ )
အပိုင်း ( ၈ )
အပိုင်း ( ၉ )
အပိုင်း( ၁၀ )
အပိုင်း( ၁၁ )
အပိုင်း ( ၁၂ )
အပိုင္း ( ၁၃ )
အပိုင္း ( ၁၄ )
အပိုင္း ( ၁၅ )
အပိုင္း ( ၁၆ )
အပိုင္း ( ၁၇ )
အပိုင္း ( ၁၈ )
အပိုင္း ( ၁၉ )
အပိုင္း ( ၂၀ )
အပိုင္း ( ၂၁ )
အပိုင္း ( ၂၂ )
အပိုင္း ( ၂၃ )
SOB #Coming Soon

အပိုင္း ( ၂၄ )

12.3K 325 10
By SaiMinThant

ဇာတ္သိမ္းပိုင္း ႕ ႕ ႕

အိမ္မက္လား တကယ္လား ေသခ်ာေဝခြဲ၍မရ။
လက္စြပ္က ဝတ္မရ။ ခဏခဏ ျပဳတ္က်ေနသည္။ သူတို႕ရဲ႕ ခႏၶာကိုယ္ေတြဟာ ေမွးမွိန္လာျပီး ေပ်ာက္ကြယ္လုမတတ္ျဖစ္ေနသည္။ထို႕ေႀကာင့္ ေအာ္ဟစ္ကာ ေခၚေနေပမယ့္ ဘယ္သူမွ မႀကားရေခ်။အသံေတြက ႀကားတစ္ခ်က္မႀကားတစ္ခ်က္။နားထဲတြင္ စကားလံုးေတြ ျပြတ္သိပ္ေနသည္။

"သား အေဖေခၚေနတာႀကားလား သား႕ ႕ ႕ "

သူ႕ကို တစ္ခုခုက သယ္သြားေနသည္ကိုေတာ့ သူခံစားရသည္။ဘယ္ကိုမွန္းေတာ့ ေသခ်ာမသိ။ေျခေထာက္က နာႀကင္ေနသည္ကို သူခံစားမိသည္။ ႀကိဳးစားကာ မ်က္လံုးဖြင့္ႀကည့္ေတာ့ ဝါးတားတားနွင့္ပင္။

အေဖ့ကို ျမင္ရသည္။ ေဘးက ဦး ။
ဦးရဲ႕ ေခါင္းမွာ ေသြးေတြ တစ္စက္စက္စီးက်ေနသည္။
အားမရွိေပမယ့္ ႀကိဳးစားကာ "ဦး "လို႕ ပါးစပ္မွတဖြဖြ ေခၚေနမိသည္။

"သား စိုင္းေနဦး အေမေခၚေနတယ္ေလ ထူးပါဦးကြယ္ "

အသံေတြဟာ တျဖည္းျဖည္းတိုးသြားျပီး ေနာက္ဆံုး မည္သည္ကိုမွ မႀကားရေတာ့ေပ။တစ္ေလာကလံုး တိတ္ဆိတ္သြားေလေတာ့သည္။ စိတ္ထဲမွ က်ိတ္ကာ ဆုေတာင္းမိသည္။

ဒါဟာ အိမ္မက္ျဖစ္ပါေစ အရွင္ဘုရား ။

"ခြဲခန္းထဲ လူနာရွင္ေတြ ဝင္လို႕မရပါဘူးရွင္ "

ခြဲခန္းထဲမွ မက္ခ္ အုပ္ထားတဲ႕ ဆရာဝန္မေလးတစ္ေယာက္မွေျပာကာ ခြဲခန္းတံခါးကို ပိတ္လိုက္သည္။

ဦးေက်ာ္ျမင့္ ထိုင္ကာ ျငိမ္ေနသည္။ ေဒၚဝင့္ဝါက လက္နွစ္ဖက္ကို က်စ္က်စ္ပါေအာင္ဆုပ့္ပီး ေရွ႕ေလ်ာက္ေနာက္ေလ်ာက္ကာ စိတ္ေတြပူေနမိသည္။

တစ္နာရီႀကာျပီးေနာက္ ႕ ႕ ႕

ခြဲခန္းထဲမွ ဆရာဝန္ႀကီးထြက္လာသည္။
ဦးေက်ာ္ျမင့္ ျငိမ္ထိုင္ေနရာမွ ထရပ္လိုက္သည္။ ရုတ္တရက္ မိုက္ခနဲက်သြားသည္။ ေဒၚဝင့္ဝါက ထူေပးသည္။

"ကိုေက်ာ္ျမင့္ ရ ရဲ႕လား "

ေခါင္းပဲျငိမ့္သည္။ ေဒၚဝင့္ဝါက ဦးေက်ာ္ျမင့္ကိုတြဲထားသည္။ ဘယ္ေလာက္ပဲ အားႀကီးတဲ႕ေယာက်္ားသားျဖစ္ေနပါေစ တခါတေလမွာေတာ့ ယိမ္းယိုင္သြားတတ္စျမဲပါပဲ။

"ေနာက္တစ္နာရီေလာက္ေနရင္ေတာ့ လူနာေတြနဲ႕ေတြ႕လို႕ရပါျပီ "

ထိုမွသာ ဦးေက်ာ္ျမင့္နဲ႕ေဒၚဝင့္ဝါတို႕ အသက္ရွဴနိုင္ေတာ့သည္။

"ေက်း ေက်းဇူးပါ ေဒါက္တာရယ္ "

ေဒါက္တာလည္း ထိုေနရမွထြက္သြားေတာ့သည္။ ခြဲခန္းထဲသို႕ နွစ္ေယာက္သား ေမးတေမာ့ေမာ့နွင့္သာက်န္ခဲ႕သည္။

ပံုရိပ္က ဝိုးတဝါးျဖင့္ ေသခ်ာႀကည့္ေတာ့မွ ဆရာႀကီးျမင့္ဟန္ ျဖစ္ေနသည္။
ေညာင္ပင္ႀကီးေအာက္မွာ တရားအားထုတ္ေနသည္။ အျဖဴဝတ္စင္ႀကယ္ကို ဝတ္ထားသည္။ ထိုေနာက္ ေဘးနားသို႕ ဦးေရာက္လာသည္။ ဦးကလည္း အျဖဴေရာင္အဝတ္စားေတြနဲ႔ ကြ်န္ေတာ္ေရာေပါ့။

"ဦး ႕ ႕ ႕ ကြ်န္ေတာ္တို႕ တကယ္ေသသြားျပီလားဟင္ "

ဦးက ကြ်န္ေတာ့္လက္ကိုတင္းက်ပ္စြာ ဆုပ္ကိုင္လိုက္သည္။

"ငါ့တူတို႕မေသပါဘူး "

ဆရာႀကီးမွ ေျပာလိုက္သည္။

"ဒါဆို ကြ်န္ေတာ္တို႕က ဘာျဖစ္လို႕ အခုလိုရွိေနရတာလဲ "

"ငါ့တူတို႕က အရင္ဘဝကတည္းက ေရစက္ရွိခဲ႕ျပီးသားပါ ဒါေႀကာင့္ ခုဘဝမွာျပန္ဆံုႀကတယ္ အခုက အရင္ဘဝက ငါ့တူတို႕ေႀကာင့္ ဒဏ္ရာရခဲ႔တဲ႕သူေတြအတြတ္ အျပစ္ေႀကြးဆပ္ေနရတာပါ အခုေတာ့ ဒါေတြဟာ ျပီးဆံုးသြားခဲ႕ပါျပီ "

ရိႈင္းက ဦးကို ေမာ့ႀကည့္ကာ ျပံဳးလိုက္သည္။

"ဦး နဲ႕ ကြ်န္ေတာ္က အရင္ဘဝကတည္းက ခ်စ္သူေတြျဖစ္ခဲ႕ႀကတာနဲ႕တူတယ္ေနာ္ "

"ဟုတ္မွာေပါ့ ကေလးရာ "

ဆရာႀကီး ႏူတ္မွဂါထာကို ရြတ္ဖတ္လိုက္ခ်င္းမွာပဲ ထိုေနရာမွ နွစ္ေယာက္လံုးေပ်ာက္ကြယ္သြားကာ ခႏၶာကိုယ္ထဲသို႕ အသီးသီးျပန္ေရာက္ရွိသြားႀကေတာ့သည္။

မ်က္နွာကိုထိုးထားတဲ႕ မီးေရာင္ေႀကာင့္ ခ်က္ခ်င္းပင္ မ်က္လံုးမဖြင့္နိုင္ေပ။ လက္ျဖင့္ကာခါ ႀကည့္ရသည္။ ေဘးမွာ ဦးလွဲေနသည္။ ဦး ကြ်န္ေတာ့္လက္ကို ဆုပ္ကိုင္ထားသည္။

"ဦး "

တိုးတိုးေလး ေခၚလိုက္သည္။

"ဘာလဲ ကေလးေလး အားရွိေအာင္ထပ္အိပ္ဦး "

"ေတာ္ပါျပီ ေညာင္းလာျပီ "

"ဒါဆို ကေလးအားမရွိရင္ ဦးတို႕ဘယ္လို႕ လုပ္ႀကမွာလည္း "

"ဟာ႕ ႕ ႕ ဦး ဒါေဆးရံုေနာ္ ေဆးရံု "

"ဟား ႕ ႕ ႕ ဒါဆို အိမ္က်မွေပါ့ "

ဦးက ရိႈင္းကို ရင္ခြင္ထဲထည့္လိုက္သည္။ မဟုတ္ေသးပါ တကယ္ေတာ့ ရိႈင္းကို ရင္ခြင္ထဲတင္မကပါ နွလံုးသားထဲထိပါ စိုက္သြင္းထားလိုက္ပါျပီ။

"လႊတ္ ႕ ႕ ႕ "

"လႊတ္ဘူးကြာ "

ွ ဦးနဲ႕ရိႈင္းတို႕ ေပ်ာ္ေနတာျမင္ေတာ့ ႀကားရေတာ့ တံခါးဝမွာ ရပ္ေနတဲ႕ သူတို႕ ေပ်ာ္ရသည္။

"ကိုေက်ာ္ျမင့္ေရ ကြ်န္မတို႕ဆံုးျဖတ္ခ်က္မွန္ခဲ႕ပါတ
္ေနာ္ "

"ဒါေပါ့ ေဒၚဝင့္ဝါရယ္ "

သားနွစ္ေယာက္ေပ်ာ္တာျမင္ေတာ့ ပီတိျဖာရင္းမ်က္ရည္ေတြေတာင္က်မိသည္။

ေဆးရံုမွာ နွစ္လသံုးလေလာက္ေနခဲ႕ရသည္။
အဆိုုးထဲက အေကာင္းလို႕ပဲေျပာရမလား ။ ရိႈင္း ေျခေထာက္ပိုင္းက အရင္လိုမသန္ေတာ့ဘူး။ လမ္းျပန္ေလ်က္နိုင္ေအာင္ ေလ့က်င့္ေနရသည္။ ဦးက အျမဲတမ္း အားေပးကူညီသည္။ သို႕ေပမယ့္ စိတ္ဓာတ္က်မိသည္။ ဘယ္ေလာက္ပဲႀကိဳးစား အခုအထိ အရာမထင္ေသးပါ။

ေျခေထာက္မလႈပ္နိုင္တာကို သိသိခ်င္းမွာပဲ အေတာ္ေလးကိူ လန္႕သြားခဲ႕သည္။ ဦး ကို အခုလို ဒုကၡိတတစ္ေယာက္ မခ်စ္ေစခ်င္ခဲ႕ဘူး။ ဒါေပမယ့္ေလ ဦးကေျပာတယ္

"ကေလး ဦးနားမွာရွိေနရံုနဲ႕တင္ကို ဦးဘဝက ျပည့္စံုေနပါျပီတဲ႕ေလ "

ကြ်န္ေတာ္လည္း ဦးကို တြယ္ကပ္ရသေလာက္ထိ မရမကတြယ္ကပ္ေနမွာပါ။

"သား႕ ႕ ႕ ေမာင္ရိႈင္း သက္သာရဲ႕လားဟင္
ေဒၚေလး နယ္မွာတာဝန္က်ေနတာနဲ႕ပဲ မလာအားခဲ႕ဘူး စိတ္မေကာင္းဘူး ငါ့တူေလးရယ္ "

"မဟုတ္တာဗ်ာ ေဒၚေလးရယ္ ကြ်န္ေတာ္ အခုလည္း သက္သာေနပါျပီ "

"ဒါေပမယ့္ သားေျခေထာက္က "

"ဒါက ျပန္ႀကိဳးစားရင္ျဖစ္နိုင္ပါတယ္ ေဒၚေလးရဲ႕ "

"ဒီမွာ ငါ့တူေလးႀကိဳက္တဲ႕ ပန္းသီးေတြ လိေမၼာ္သီးေတြ အမ်ားႀကီးယူလာတယ္ ေဒၚေလးႏႊာေပးမယ္ေနာ္ "

ေဒၚေလးက ပန္းသီးေလးေတြကိုအခြံႏႊာေပးရင္းေျပာေနသည္။ ေသခ်ာ ဂရုစိုက္ႏႊာေနသည္မို႕ ကြ်န္ေတာ္ဘက္သို႕ မလည့္ပဲေျပာေနသည္။

"အခုေကာ ေလ့က်င့္တာ ဘယ္လိုေနလဲ "

"ေကာင္းပါတယ္ေဒၚေလး "

ေဒၚေလးရယ္ ဒီတစ္သက္ျပန္ေကာင္းနိုင္ပါဦးမလား မသိဘူးဗ်ာ။ တစ္လေလာက္ရွီျပီ မထူးျခားေသးဘူး။ ဦးလည္း ကြ်န္ေတာ္ အတြတ္နဲ႕ပင္ပန္းလွျပီ။

က်ေနေသာ မ်က္ရည္တစ္စက္ကို သုတ္လိုက္သည္။

တစ္ညေနတြင္ ဝြီးခ်ဲေလးကို ဦးက တြန္းကာ ကန္ေဘာင္သို႕ေလညင္းခံရင္းထြက္လာခဲ႕သည္။
ကန္ေရျပင္ကို ျဖတ္သန္းျပီးလာတဲ႕ေလညင္းေလးေတြဟာ တျဖဴးျဖဴးတိုတ္ခက္ျပီး ေအးျမေနသည္။
ေနဝင္ဆည္းဆာ အခ်ိန္မို႕ မိုးသားတိမ္တိုတ္ေတြဟာ ပုဇြန္ဆီေရာင္သန္းေနသည္။ အိပ္တန္းျပန္တဲ႕ ငွက္ေတြဟာလည္း ငွက္စုလိုက္ ပ်ံသန္းေနႀကသည္။
တိုတ္ခက္လာတဲ႕ ေလေျပညင္းေလးကို ခံစားရင္း ကန္ေဘာင္တစ္ေနရာတြင္ ရပ္လိုက္သည္။

"ဦး ဟိုကို ႀကည့္ႀကည့္လိုက္ ေနလံုးႀကီးကိုေတြ႕လား အရမ္းလွတာပဲေနာ္"

"အြန္း "

ကမာၻရဲ႕ တစ္ဖက္တစ္ျခမ္းကို ေရာက္ေတာ့မည့္ ေနလံုးႀကီးကို လက္ညိဳးထိုးကာျပသည္။
ဦးကလည္း လက္ညိဳးထိုးျပတဲ႕ ေနလံုးႀကီးကို ႀကည့္ေနသည္။

"ကြ်န္ေတာ္ တို႕အခ်စ္က တစ္ေန႕က် အဲ႕ဒီေနလံုးႀကီးလို ေပ်ာက္ကြယ္သြားမွာလားဟင္ "

ဦး မ်က္နွာကို ေမာ့ႀကည့္ကာေျပာလိုက္သည္။
ဦးက ေခါင္းရမ္းကာ ျပသည္။

"ဘာလို႔ ေပ်ာက္ကြယ္ရမွာလည္း တကယ္လိုေနလံုးႀကီးလိုေပ်ာက္ကြယ္သြားရင္ေတာင္
ဦး တို႕ အခ်စ္က လမင္းႀကီးလို ဆက္လက္ရွင္ေနသန္ဦးမွာပါ ႕ ႕ ႕ကေလးရယ္ "

" ဦး ကြ်န္ေတာ့္လို ေျခေထာက္မသန္တဲ႕သူကို ဦးက တစ္သက္လံုးခ်စ္နိုင္မွာလားဟင္ "

"တစ္သက္လံုးတင္မကဘူး ေနာက္ဘဝေတြထိပါ ဦးရဲ႕အခ်စ္ေတြက ကေလးအတြတ္ရွင္သန္ေနမွာပါ "

ဦးက ဝြီးခ်ဲေလးကို ကန္ေဘာင္ေပၚ ဆက္တြန္းသည္။ ေနဝင္လုျပီမို႕ ေအးလာသည္။ ေလကလည္း တစ္ျဖည္းျဖည္း စိမ့္စိမ့္တိုတ္လာသည္။ တခါတိုတ္ရင္ အရိုးထိပါ ခိုက္လွသည္။

"ကဲ ခုေတာ့ ခ်မ္းေနျပီမလား "

ဦးက ကိုယ္ေပၚမွ လက္ရွည္ မထူမပါးေလးကို ခြ်တ္ကာ ရိႈင္းကိုယ္ေပၚသို႕ ခ်ံဳေပးလိုက္သည္။ ဦးရဲ႕ အေႏြးဓာတ္ေလးေတြေႀကာင့္ ပိုကာ ေႏြးေထြးသြားသည္။

"ဦး "

"ဘာျဖစ္လို႕လဲ ေျပာေလ "

"ကြ်န္ေတာ္ ရူးေပါက္ခ်င္တယ္ "

"အမ္ "

ဦး ဟိုကြက္ႀကည့္ ဒီကြက္ႀကည့္ျဖင့္ ႀကည္ကာ သန္႕စင္ခန္းကို ရွာေနပံုရသည္။

"ကေလး ခနေစာင့္ေနာ္ ဦး ဟိုနားမွာ ရွိမလားအျမန္သြားႀကည့္လိုက္ဦးမယ္
ေအာင့္ထား ဦးေနာ္ ႕ ႕ ႕ "

တစ္ခဏအႀကာတြင္ ဦးျပန္ေရာက္လာသည္။

ဝြီးခ်ဲက ကြ်မ္းျပန္ကာ ေရစပ္နဲ႕ အနီးနားသို႕ ေရာက္ေနသည္။ မ်က္လံုးျပဴးကာ သြားသည္။ သူ၏ နွလံုးေသြးေတြ ရပ္တန္႕မတတ္ျဖစ္သြားသည္။ အသံအကုန္ ျခစ္ကာ ေအာ္လိုက္ေတာ့သည္။

"ကေလး ႕ ႕ ႕ "

"ကေလး ႕ ႕ ႕ "

ကေလးရာ လုပ္ရက္လိုက္တာ ဦး ကို ထားသြားျပီးလား။
ဦး ဘဝထဲက ကေလးထြက္သြားရံုနဲ႕ ဦးက ကေလးကို မခ်စ္ေတာ့ဘူး ထင္သလားကြာ။ ဦးေလ ကေလးဘယ္လိုပဲျဖစ္ေန ျဖစ္ေန ဦး နွလံုးသားကို ကေလးဆီ အပ္နွံထားျပီးသားပါ ။

ထပ္ကာ ေအာ္လိုက္သည္။

"ကေလး ႕ ႕ ႕ "

"ဟိတ္လူႀကီးဘာေတြ ေအာ္ေနတာလဲ "

"အမ္ ႕ ႕ ႕ ကေလး ဘာလုပ္ေနတာလဲ "

"ဘာလို႕ ငိုေနတာလဲ "

"ကေလး ေရထဲ ခုန္ခ်သြားျပီ မွတ္လို႕ "

ျဖစ္မွျဖစ္ရေလဦးရယ္။

"ဒါနဲ႕ ကေလးက အဲ႕ဒီခ်ံဳပုတ္ ဘယ္လိုလုပ္ေရာက္ေနတာလည္း "

"ဦး အိမ္သာေတြ႕ထဲအထိေစာင့္ေနရင္ အကူန္ထြက္က်ကုန္မွာေပါ့ လာ ျမန္ျမန္ထူကူဦး "

"အြန္းပါ စိတ္ဆိုးေလး "

"ဘာ ႕ ႕ ႕ စိတ္ဆိုးေလး ဟူတ္လား ခုလို ေသးေပါက္ရတာ ဘယ္သူ႔ေႀကာင့္လဲ "

"ဟုတ္ပါပီ ဦး လာထူေပးမယ္"

ဦး ခ်ံဳပုတ္နားသို႕ေရာက္လာကာ ထူေပးသည္။ ရိႈင္းနဲ႕ မ်က္လံုးခ်င္းဆံုကာ ရင္ေတြ တလႈပ္လႈပ္ခုန္လာသည္။
ေနကလည္း ဝင္သြားျပီမို႕ ေမွာင္ရီပ်ိဳးစအခ်ိန္တြင္ျဖစ္သည္။ ကန္ေဘာင္သို႕ လူသြားလူလာလည္း မရွိသေလာက္ျဖစ္သြားသည္။
ကန္ေဘာင္ တစ္ေလ်ွာက္ တိတ္ဆိတ္ျငိမ္သတ္ေနသည္။ ခ်ံဳပုတ္နားက သူတို႕နွစ္ေယာက္ရဲ႕ ရင္ခုန္သံကေတာ့ အတိုင္းမသိကို က်ယ္ေလွာင္ေနသည္။

"ကေလ႕ ႕ ႕ "

"ဟင္ ႕ ႕ ႕ဘာလဲ ဗ် "

"ဦး မရေတာ့ဘူး "

"ဘာမရတာလဲ ဗ် "

"မရေတာ့ပါဘူးဆို"

"ဘာမရတာလဲ "

"စိတ္ထိန္းလို႕မရေတာ့ဘူး အိမ္ျမန္ျမန္ျပန္ရေအာင္ "

"ဟင့္အင္ မျပန္ဘူး "

ေခါင္းခါကာေျပာလိုက္သည္။

"ရတယ္ေလ ဒါဆို ဒီမွာပဲ ႕ ႕ ႕ "

"ဦးေနာ္ ကြ်န္ေတာ့္ကို အနိုင္ယူမလို႕ေပါ့ စိတ္ဆိုးလိုက္မွာသိတယ္ေနာ္"

"ဟုတ္ကဲ႕ပါဗ်ာ ကေလးမႀကိဳက္တာ မလုပ္ပါဘူး ႕႕႕႕
ဦး ႀကိဳက္တာပဲ လုပ္မယ္ "

"ဟာ ႕ ႕ ဦး လႊတ္ဗ်ာ "

ရိႈင္းကို ခ်ံဳပုတ္နားမွ ေပြ႕ခ်ီကာ ကန္ေဘာင္မွ ထြက္လာခဲ႕ႀကသည္။ လမင္းႀကီးဟာ တရိပ္ရိပ္နဲ႕ ေပၚလြင္လာသည္။ သူတို႕ အခ်စ္ေတြဟာလည္း လမင္းႀကီးလို ေအးခ်မ္းမႈေတြနဲ႕ ဆက္လက္ရွင္သန္ေနဦးမွာပါ။ လမင္းႀကီးျပီးရင္ေတာ့ ေနမင္းႀကီးေပါ့ ။ ထိုက်လည္း ေနမင္းလို အခ်စ္ေတြနဲ႕ သူတို႕ဘဝ ခရီးလမ္းဟာ ပြင့္လန္းလာဦးမွာပါ ။

တစ္နွစ္ႀကာျပီးေနာက္ ႕ ႕ ႕

ျခံဝင္းထဲတြင္ ေရာင္စံုမီးမ်ားျဖင့္ လွပေနသည္။ မီးသားစုေတြ အစံုအညီျဖင့္ စကားေတြေျပာကာ ရယ္ေမာေနႀကသည္။ ႀကည့္ရတာ စိတ္ခ်မ္းသာမႈကို ေပးစြမ္းေနသည္။ စားပြဲေပၚမွာ ကိတ္ႀကီးက ခန္းနားထည္ဝါစြာရွိေနသည္။ထိုအထဲမွ အဓိကက်တဲ႕သူကေတာ့ မိုးပြင့္ေလးပင္ျဖစ္သည္။ မိုးပြင့္ေလးရဲ႕ တစ္နွစ္ျပည့္ ေမြးေန႕ေလးကို က်င္းပေပးေနျခင္းျဖစ္သည္။ မိုးပြင့္က တစ္ျခားသူေတာ့ မာုတ္ေပ။ ေရႊစင္ရဲ႕ သမီးေလးပင္ျဖစ္သည္။ နိုင္ငံျခားက ေဒါက္တာနဲ႕ပဲ လြန္ခဲ႕တဲ႕တစ္နွစ္က အိမ္ေထာင္က်သြားခဲ႕တယ္ ။

"မိုးပြင့္ ေလးေရ ေမြးေန႕ကိတ္ခြဲရေအာင္ေဟ့
လာ ဦးဦးဆီလာ "

ဦးက မိုးပြင့္ေလးကို ခ်ီကာ နမ္းရိႈက္လိုက္သည္။
ကြ်န္ေတာ္ကလည္း မိုးပြင့္ေလးကို အလုအယွက္နမ္းလိုက္သည္။ ေျခေထာက္လည္း လြန္ခဲ႕ နွစ္ဝက္ခန္႕ေလာက္က ျပန္ေကာင္းသြားခဲ႕သည္။ အခ်စ္ရဲ႕ ခြန္အားလိုု႕ပင္ဆိုရမည္။ ဦးေႀကာင့္ အရာရာကို အရံႈးမေပးပဲ ရင္ဆိုင္ခဲ႕လို႕ အခုလို ဦးရဲ႕ အနားမွာေနခြင့္ရသည္။

ထို႕ေနာက္ ကိတ္ႀကီးကို ခြဲကာ တေပ်ာ္တပါး စားကာ ကိတ္မွ ခရင္မ္ေတြကို လိုက္သုတ္ရင္း ေပ်ာ္ေနႀကေတာ့သည္။

အခုဆို ေဒၚေလးလည္း သူ႕အိမ္ေထာင္နဲ႕သူျဖစ္သြားျပီ။ ေဒၚေလးက ငယ္ခ်စ္နဲ႕ အိမ္ေထာင္ျပဳသြားတာေလ။ေဒၚေလး ကံေကာင္းတယ္။

"အကိုေတဇ ႕ ႕ ႕ "

"ညီ ႕ ႕ ႕ "

"ဒီမွာ မိုးပြင့္ေလးအတြတ္ အကိုရဲ႕ ေမြးေန႕လက္ေဆာင္ "

"ေက်းဇူးပဲေနာ္ အကို "

ရိႈင္းက ဧည့္ခံလိုက္သည္။

"ျပီးရင္ ရွန္ပိန္ေလး တစ္ခြက္ဆီခ်လိုက္ႀကရေအာင္ "

"ေဟ့ေကာင္ ငစိုင္း ရိႈင္းက ရွန္ပိန္ေတြေတာင္ေသာက္တတ္ေနျပီလား "

"ဟုတ္တယ္ အကိုရာ ဒီလူႀကီးနဲ႕ေပါင္းျပီး
အက်င့္ေတြကူးကုန္ျပီ "

"ေဟ့ေကာင္ ေတဇ ေသာက္နွင့္ေနာ္ "

ရိႈင္းရဲ႕လက္ကို ဆြဲကာ ထိုေနရာမွ ေခၚသြားသည္။

"ဘာလဲ သဝန္တိုျပန္တာလား႕ ႕ ႕ "

ရိႈင္း ႏႈတ္ခမ္းေလးကို "ျပြတ္ "ခနဲ ျမည္ေအာင္ နမ္းလိုက္သည္။

"မဟုတ္ပါဘူး ဦးေျပာစရာရွိလို႕ "

"ဘာလဲ "

"ဒီေန႕ မိုးပြင့္ေလးရဲ႕ ေမြးေန႕လည္းဟုတ္သလို ဦးတို႕ရဲ႕ ခ်စ္သူသက္တမ္းသံုးနွစ္္ေျမွာက္တဲ႕ေန႕ပဲေလ "

"ေမ့မ်ားသြားျပီလားလို႔ စိတ္ဆိုးေတာ့မလို႔ ေစာင့္ေနတာ ဒါဆို လက္ေဆာင္ေကာ "

"ပါမလားဘူး "

"ဗ်ာ "

ေျခေလးကို ေဆာင့္ကာ ေဆာင့္ကာ ထိုေနရာမွထြက္သြားသည္။ဦးက ေနာက္က အမွီလိုက္ကာ ဖက္လိုက္သည္။

"အရမ္း ခ်စ္တယ္ ကေလးေလး "

"ခ်စ္တယ္ ေျပာရံုနဲ႕ ေက်နပ္ရမွာလား မသိဘူးဗ်ာ စိတ္ဆိုးမွာပဲ "

"ေဟ့ စိတ္ဆိုးေလး ဘယ္သြားမွာလဲ
ဦးဦး ေစာင့္ဦးေလ "

စိတ္ဆိုးလိုက္ျပန္ေခ်ာ့လိုက္နဲ႕ အခ်စ္ေတြ တျဖည္းျဖည္းတိုးလာမည္ ဟုထင္သည္။ မဟူတ္ေတာင္ ဦးက ေန႕တိုင္း အခ်စ္ေတြေပးေနလို႕ ကြ်န္ေတာ့္နွလံုးသားမွာ လ်ွံထြက္က်ေနသည္။ သို႕ေပမယ့္ ထိုအခ်စ္ေတြကို ေက်နပ္စြာခံယူရင္း ဦးရဲ႕ ဇနီးေကာင္း တစ္ေယာက္ျဖစ္ေအာင္ ကြ်န္ေတာ္ ႀကိဳးစားေနပါေတာ့မည္။

ထာဝရ ေပ်ာ္ရႊင္ ခ်မ္းေျမ႕ေသာ အနာဂတ္ဆီသို႕
လက္ေတြခိုင္ခိုင္တြဲရင္း ႕ ႕ ႕

စိုင္းေနဦး + ရိႈင္းမင္းသန္႕

အားလံုးကိုလည္း အထူးပင္ေက်းဇူးတင္ပါတယ္ ခမ်ာ။
အခုလို အခ်ိန္ေပးျပီးဖတ္ရႈ႕ေပးတဲ႕အတြတ္ ေက်းဇူးတင္ပါတယ္ေနာ္။ျပီးေတာ့ ဆက္တင္ပါဦး upပါဦး ဆိုျပီး ခြန္အားရေအာင္ အားေပးတဲ႕သူေလးေတြလည္း thank u ပါေနာ္ ။
ကြ်န္ေတာ္ ဒီထက္ပိုျပီးေကာင္းေအာင္ ႀကိဳးစားဖို႕ရွိပါေသးတယ္။
ဆက္လက္အားေပးႀကပါဦးေနာ္ ။
(ဟီး ႕ ႕ ႕ ကိုယ့္ကို တကယ့္ စာေရး ဆရာႀကီးက်လို႕
ပူဆာေနလိုက္တာ )
love u 😍😘💛💚💙

ALONE

*****==*==**===***
Unicode

ဇာတ်သိမ်းပိုင်း ့ ့ ့

အိမ်မက်လား တကယ်လား သေချာဝေခွဲ၍မရ။
လက်စွပ်က ဝတ်မရ။ ခဏခဏ ပြုတ်ကျနေသည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ မှေးမှိန်လာပြီး ပျောက်ကွယ်လုမတတ်ဖြစ်နေသည်။ထို့ကြောင့် အော်ဟစ်ကာ ခေါ်နေပေမယ့် ဘယ်သူမှ မကြားရချေ။အသံတွေက ကြားတစ်ချက်မကြားတစ်ချက်။နားထဲတွင် စကားလုံးတွေ ပြွတ်သိပ်နေသည်။

"သား အဖေခေါ်နေတာကြားလား သား့ ့ ့ "

သူ့ကို တစ်ခုခုက သယ်သွားနေသည်ကိုတော့ သူခံစားရသည်။ဘယ်ကိုမှန်းတော့ သေချာမသိ။ခြေထောက်က နာကြင်နေသည်ကို သူခံစားမိသည်။ ကြိုးစားကာ မျက်လုံးဖွင့်ကြည့်တော့ ဝါးတားတားနှင့်ပင်။

အဖေ့ကို မြင်ရသည်။ ဘေးက ဦး ။
ဦးရဲ့ ခေါင်းမှာ သွေးတွေ တစ်စက်စက်စီးကျနေသည်။
အားမရှိပေမယ့် ကြိုးစားကာ "ဦး "လို့ ပါးစပ်မှတဖွဖွ ခေါ်နေမိသည်။

"သား စိုင်းနေဦး အမေခေါ်နေတယ်လေ ထူးပါဦးကွယ် "

အသံတွေဟာ တဖြည်းဖြည်းတိုးသွားပြီး နောက်ဆုံး မည်သည်ကိုမှ မကြားရတော့ပေ။တစ်လောကလုံး တိတ်ဆိတ်သွားလေတော့သည်။ စိတ်ထဲမှ ကျိတ်ကာ ဆုတောင်းမိသည်။

ဒါဟာ အိမ်မက်ဖြစ်ပါစေ အရှင်ဘုရား ။

"ခွဲခန်းထဲ လူနာရှင်တွေ ဝင်လို့မရပါဘူးရှင် "

ခွဲခန်းထဲမှ မက်ခ် အုပ်ထားတဲ့ ဆရာဝန်မလေးတစ်ယောက်မှပြောကာ ခွဲခန်းတံခါးကို ပိတ်လိုက်သည်။

ဦးကျော်မြင့် ထိုင်ကာ ငြိမ်နေသည်။ ဒေါ်ဝင့်ဝါက လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ့်ပီး ရှေ့လျောက်နောက်လျောက်ကာ စိတ်တွေပူနေမိသည်။

တစ်နာရီကြာပြီးနောက် ့ ့ ့

ခွဲခန်းထဲမှ ဆရာဝန်ကြီးထွက်လာသည်။
ဦးကျော်မြင့် ငြိမ်ထိုင်နေရာမှ ထရပ်လိုက်သည်။ ရုတ်တရက် မိုက်ခနဲကျသွားသည်။ ဒေါ်ဝင့်ဝါက ထူပေးသည်။

"ကိုကျော်မြင့် ရ ရဲ့လား "

ခေါင်းပဲငြိမ့်သည်။ ဒေါ်ဝင့်ဝါက ဦးကျော်မြင့်ကိုတွဲထားသည်။ ဘယ်လောက်ပဲ အားကြီးတဲ့ယောကျ်ားသားဖြစ်နေပါစေ တခါတလေမှာတော့ ယိမ်းယိုင်သွားတတ်စမြဲပါပဲ။

"နောက်တစ်နာရီလောက်နေရင်တော့ လူနာတွေနဲ့တွေ့လို့ရပါပြီ "

ထိုမှသာ ဦးကျော်မြင့်နဲ့ဒေါ်ဝင့်ဝါတို့ အသက်ရှူနိုင်တော့သည်။

"ကျေး ကျေးဇူးပါ ဒေါက်တာရယ် "

ဒေါက်တာလည်း ထိုနေရမှထွက်သွားတော့သည်။ ခွဲခန်းထဲသို့ နှစ်ယောက်သား မေးတမော့မော့နှင့်သာကျန်ခဲ့သည်။

ပုံရိပ်က ဝိုးတဝါးဖြင့် သေချာကြည့်တော့မှ ဆရာကြီးမြင့်ဟန် ဖြစ်နေသည်။
ညောင်ပင်ကြီးအောက်မှာ တရားအားထုတ်နေသည်။ အဖြူဝတ်စင်ကြယ်ကို ဝတ်ထားသည်။ ထိုနောက် ဘေးနားသို့ ဦးရောက်လာသည်။ ဦးကလည်း အဖြူရောင်အဝတ်စားတွေနဲ့ ကျွန်တော်ရောပေါ့။

"ဦး ့ ့ ့ ကျွန်တော်တို့ တကယ်သေသွားပြီလားဟင် "

ဦးက ကျွန်တော့်လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ငါ့တူတို့မသေပါဘူး "

ဆရာကြီးမှ ပြောလိုက်သည်။

"ဒါဆို ကျွန်တော်တို့က ဘာဖြစ်လို့ အခုလိုရှိနေရတာလဲ "

"ငါ့တူတို့က အရင်ဘဝကတည်းက ရေစက်ရှိခဲ့ပြီးသားပါ ဒါကြောင့် ခုဘဝမှာပြန်ဆုံကြတယ် အခုက အရင်ဘဝက ငါ့တူတို့ကြောင့် ဒဏ်ရာရခဲ့တဲ့သူတွေအတွတ် အပြစ်ကြွေးဆပ်နေရတာပါ အခုတော့ ဒါတွေဟာ ပြီးဆုံးသွားခဲ့ပါပြီ "

ရှိုင်းက ဦးကို မော့ကြည့်ကာ ပြုံးလိုက်သည်။

"ဦး နဲ့ ကျွန်တော်က အရင်ဘဝကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာနဲ့တူတယ်နော် "

"ဟုတ်မှာပေါ့ ကလေးရာ "

ဆရာကြီး နူတ်မှဂါထာကို ရွတ်ဖတ်လိုက်ချင်းမှာပဲ ထိုနေရာမှ နှစ်ယောက်လုံးပျောက်ကွယ်သွားကာ ခန္ဓာကိုယ်ထဲသို့ အသီးသီးပြန်ရောက်ရှိသွားကြတော့သည်။

မျက်နှာကိုထိုးထားတဲ့ မီးရောင်ကြောင့် ချက်ချင်းပင် မျက်လုံးမဖွင့်နိုင်ပေ။ လက်ဖြင့်ကာခါ ကြည့်ရသည်။ ဘေးမှာ ဦးလှဲနေသည်။ ဦး ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသည်။

"ဦး "

တိုးတိုးလေး ခေါ်လိုက်သည်။

"ဘာလဲ ကလေးလေး အားရှိအောင်ထပ်အိပ်ဦး "

"တော်ပါပြီ ညောင်းလာပြီ "

"ဒါဆို ကလေးအားမရှိရင် ဦးတို့ဘယ်လို့ လုပ်ကြမှာလည်း "

"ဟာ့ ့ ့ ဦး ဒါဆေးရုံနော် ဆေးရုံ "

"ဟား ့ ့ ့ ဒါဆို အိမ်ကျမှပေါ့ "

ဦးက ရှိုင်းကို ရင်ခွင်ထဲထည့်လိုက်သည်။ မဟုတ်သေးပါ တကယ်တော့ ရှိုင်းကို ရင်ခွင်ထဲတင်မကပါ နှလုံးသားထဲထိပါ စိုက်သွင်းထားလိုက်ပါပြီ။

"လွှတ် ့ ့ ့ "

"လွှတ်ဘူးကွာ "

ှ ဦးနဲ့ရှိုင်းတို့ ပျော်နေတာမြင်တော့ ကြားရတော့ တံခါးဝမှာ ရပ်နေတဲ့ သူတို့ ပျော်ရသည်။

"ကိုကျော်မြင့်ရေ ကျွန်မတို့ဆုံးဖြတ်ချက်မှန်ခဲ့ပါတ
်နော် "

"ဒါပေါ့ ဒေါ်ဝင့်ဝါရယ် "

သားနှစ်ယောက်ပျော်တာမြင်တော့ ပီတိဖြာရင်းမျက်ရည်တွေတောင်ကျမိသည်။

ဆေးရုံမှာ နှစ်လသုံးလလောက်နေခဲ့ရသည်။
အဆိုးထဲက အကောင်းလို့ပဲပြောရမလား ။ ရှိုင်း ခြေထောက်ပိုင်းက အရင်လိုမသန်တော့ဘူး။ လမ်းပြန်လျေက်နိုင်အောင် လေ့ကျင့်နေရသည်။ ဦးက အမြဲတမ်း အားပေးကူညီသည်။ သို့ပေမယ့် စိတ်ဓာတ်ကျမိသည်။ ဘယ်လောက်ပဲကြိုးစား အခုအထိ အရာမထင်သေးပါ။

ခြေထောက်မလှုပ်နိုင်တာကို သိသိချင်းမှာပဲ အတော်လေးကိူ လန့်သွားခဲ့သည်။ ဦး ကို အခုလို ဒုက္ခိတတစ်ယောက် မချစ်စေချင်ခဲ့ဘူး။ ဒါပေမယ့်လေ ဦးကပြောတယ်

"ကလေး ဦးနားမှာရှိနေရုံနဲ့တင်ကို ဦးဘဝက ပြည့်စုံနေပါပြီတဲ့လေ "

ကျွန်တော်လည်း ဦးကို တွယ်ကပ်ရသလောက်ထိ မရမကတွယ်ကပ်နေမှာပါ။

"သား့ ့ ့ မောင်ရှိုင်း သက်သာရဲ့လားဟင်
ဒေါ်လေး နယ်မှာတာဝန်ကျနေတာနဲ့ပဲ မလာအားခဲ့ဘူး စိတ်မကောင်းဘူး ငါ့တူလေးရယ် "

"မဟုတ်တာဗျာ ဒေါ်လေးရယ် ကျွန်တော် အခုလည်း သက်သာနေပါပြီ "

"ဒါပေမယ့် သားခြေထောက်က "

"ဒါက ပြန်ကြိုးစားရင်ဖြစ်နိုင်ပါတယ် ဒေါ်လေးရဲ့ "

"ဒီမှာ ငါ့တူလေးကြိုက်တဲ့ ပန်းသီးတွေ လိမေ္မာ်သီးတွေ အများကြီးယူလာတယ် ဒေါ်လေးနွှာပေးမယ်နော် "

ဒေါ်လေးက ပန်းသီးလေးတွေကိုအခွံနွှာပေးရင်းပြောနေသည်။ သေချာ ဂရုစိုက်နွှာနေသည်မို့ ကျွန်တော်ဘက်သို့ မလည့်ပဲပြောနေသည်။

"အခုကော လေ့ကျင့်တာ ဘယ်လိုနေလဲ "

"ကောင်းပါတယ်ဒေါ်လေး "

ဒေါ်လေးရယ် ဒီတစ်သက်ပြန်ကောင်းနိုင်ပါဦးမလား မသိဘူးဗျာ။ တစ်လလောက်ရှီပြီ မထူးခြားသေးဘူး။ ဦးလည်း ကျွန်တော် အတွတ်နဲ့ပင်ပန်းလှပြီ။

ကျနေသော မျက်ရည်တစ်စက်ကို သုတ်လိုက်သည်။

တစ်ညနေတွင် ဝွီးချဲလေးကို ဦးက တွန်းကာ ကန်ဘောင်သို့လေညင်းခံရင်းထွက်လာခဲ့သည်။
ကန်ရေပြင်ကို ဖြတ်သန်းပြီးလာတဲ့လေညင်းလေးတွေဟာ တဖြူးဖြူးတိုတ်ခက်ပြီး အေးမြနေသည်။
နေဝင်ဆည်းဆာ အချိန်မို့ မိုးသားတိမ်တိုတ်တွေဟာ ပုဇွန်ဆီရောင်သန်းနေသည်။ အိပ်တန်းပြန်တဲ့ ငှက်တွေဟာလည်း ငှက်စုလိုက် ပျံသန်းနေကြသည်။
တိုတ်ခက်လာတဲ့ လေပြေညင်းလေးကို ခံစားရင်း ကန်ဘောင်တစ်နေရာတွင် ရပ်လိုက်သည်။

"ဦး ဟိုကို ကြည့်ကြည့်လိုက် နေလုံးကြီးကိုတွေ့လား အရမ်းလှတာပဲနော်"

"အွန်း "

ကမ္ဘာရဲ့ တစ်ဖက်တစ်ခြမ်းကို ရောက်တော့မည့် နေလုံးကြီးကို လက်ညိုးထိုးကာပြသည်။
ဦးကလည်း လက်ညိုးထိုးပြတဲ့ နေလုံးကြီးကို ကြည့်နေသည်။

"ကျွန်တော် တို့အချစ်က တစ်နေ့ကျ အဲ့ဒီနေလုံးကြီးလို ပျောက်ကွယ်သွားမှာလားဟင် "

ဦး မျက်နှာကို မော့ကြည့်ကာပြောလိုက်သည်။
ဦးက ခေါင်းရမ်းကာ ပြသည်။

"ဘာလို့ ပျောက်ကွယ်ရမှာလည်း တကယ်လိုနေလုံးကြီးလိုပျောက်ကွယ်သွားရင်တောင်
ဦး တို့ အချစ်က လမင်းကြီးလို ဆက်လက်ရှင်နေသန်ဦးမှာပါ ့ ့ ့ကလေးရယ် "

" ဦး ကျွန်တော့်လို ခြေထောက်မသန်တဲ့သူကို ဦးက တစ်သက်လုံးချစ်နိုင်မှာလားဟင် "

"တစ်သက်လုံးတင်မကဘူး နောက်ဘဝတွေထိပါ ဦးရဲ့အချစ်တွေက ကလေးအတွတ်ရှင်သန်နေမှာပါ "

ဦးက ဝွီးချဲလေးကို ကန်ဘောင်ပေါ် ဆက်တွန်းသည်။ နေဝင်လုပြီမို့ အေးလာသည်။ လေကလည်း တစ်ဖြည်းဖြည်း စိမ့်စိမ့်တိုတ်လာသည်။ တခါတိုတ်ရင် အရိုးထိပါ ခိုက်လှသည်။

"ကဲ ခုတော့ ချမ်းနေပြီမလား "

ဦးက ကိုယ်ပေါ်မှ လက်ရှည် မထူမပါးလေးကို ချွတ်ကာ ရှိုင်းကိုယ်ပေါ်သို့ ချုံပေးလိုက်သည်။ ဦးရဲ့ အနွေးဓာတ်လေးတွေကြောင့် ပိုကာ နွေးထွေးသွားသည်။

"ဦး "

"ဘာဖြစ်လို့လဲ ပြောလေ "

"ကျွန်တော် ရူးပေါက်ချင်တယ် "

"အမ် "

ဦး ဟိုကွက်ကြည့် ဒီကွက်ကြည့်ဖြင့် ကြည်ကာ သန့်စင်ခန်းကို ရှာနေပုံရသည်။

"ကလေး ခနစောင့်နော် ဦး ဟိုနားမှာ ရှိမလားအမြန်သွားကြည့်လိုက်ဦးမယ်
အောင့်ထား ဦးနော် ့ ့ ့ "

တစ်ခဏအကြာတွင် ဦးပြန်ရောက်လာသည်။

ဝွီးချဲက ကျွမ်းပြန်ကာ ရေစပ်နဲ့ အနီးနားသို့ ရောက်နေသည်။ မျက်လုံးပြူးကာ သွားသည်။ သူ၏ နှလုံးသွေးတွေ ရပ်တန့်မတတ်ဖြစ်သွားသည်။ အသံအကုန် ခြစ်ကာ အော်လိုက်တော့သည်။

"ကလေး ့ ့ ့ "

"ကလေး ့ ့ ့ "

ကလေးရာ လုပ်ရက်လိုက်တာ ဦး ကို ထားသွားပြီးလား။
ဦး ဘဝထဲက ကလေးထွက်သွားရုံနဲ့ ဦးက ကလေးကို မချစ်တော့ဘူး ထင်သလားကွာ။ ဦးလေ ကလေးဘယ်လိုပဲဖြစ်နေ ဖြစ်နေ ဦး နှလုံးသားကို ကလေးဆီ အပ်နှံထားပြီးသားပါ ။

ထပ်ကာ အော်လိုက်သည်။

"ကလေး ့ ့ ့ "

"ဟိတ်လူကြီးဘာတွေ အော်နေတာလဲ "

"အမ် ့ ့ ့ ကလေး ဘာလုပ်နေတာလဲ "

"ဘာလို့ ငိုနေတာလဲ "

"ကလေး ရေထဲ ခုန်ချသွားပြီ မှတ်လို့ "

ဖြစ်မှဖြစ်ရလေဦးရယ်။

"ဒါနဲ့ ကလေးက အဲ့ဒီချုံပုတ် ဘယ်လိုလုပ်ရောက်နေတာလည်း "

"ဦး အိမ်သာတွေ့ထဲအထိစောင့်နေရင် အကူန်ထွက်ကျကုန်မှာပေါ့ လာ မြန်မြန်ထူကူဦး "

"အွန်းပါ စိတ်ဆိုးလေး "

"ဘာ ့ ့ ့ စိတ်ဆိုးလေး ဟူတ်လား ခုလို သေးပေါက်ရတာ ဘယ်သူ့ကြောင့်လဲ "

"ဟုတ်ပါပီ ဦး လာထူပေးမယ်"

ဦး ချုံပုတ်နားသို့ရောက်လာကာ ထူပေးသည်။ ရှိုင်းနဲ့ မျက်လုံးချင်းဆုံကာ ရင်တွေ တလှုပ်လှုပ်ခုန်လာသည်။
နေကလည်း ဝင်သွားပြီမို့ မှောင်ရီပျိုးစအချိန်တွင်ဖြစ်သည်။ ကန်ဘောင်သို့ လူသွားလူလာလည်း မရှိသလောက်ဖြစ်သွားသည်။
ကန်ဘောင် တစ်လျှောက် တိတ်ဆိတ်ငြိမ်သတ်နေသည်။ ချုံပုတ်နားက သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံကတော့ အတိုင်းမသိကို ကျယ်လှောင်နေသည်။

"ကလေ့ ့ ့ "

"ဟင် ့ ့ ့ဘာလဲ ဗျ "

"ဦး မရတော့ဘူး "

"ဘာမရတာလဲ ဗျ "

"မရတော့ပါဘူးဆို"

"ဘာမရတာလဲ "

"စိတ်ထိန်းလို့မရတော့ဘူး အိမ်မြန်မြန်ပြန်ရအောင် "

"ဟင့်အင် မပြန်ဘူး "

ခေါင်းခါကာပြောလိုက်သည်။

"ရတယ်လေ ဒါဆို ဒီမှာပဲ ့ ့ ့ "

"ဦးနော် ကျွန်တော့်ကို အနိုင်ယူမလို့ပေါ့ စိတ်ဆိုးလိုက်မှာသိတယ်နော်"

"ဟုတ်ကဲ့ပါဗျာ ကလေးမကြိုက်တာ မလုပ်ပါဘူး ့့့့
ဦး ကြိုက်တာပဲ လုပ်မယ် "

"ဟာ ့ ့ ဦး လွှတ်ဗျာ "

ရှိုင်းကို ချုံပုတ်နားမှ ပွေ့ချီကာ ကန်ဘောင်မှ ထွက်လာခဲ့ကြသည်။ လမင်းကြီးဟာ တရိပ်ရိပ်နဲ့ ပေါ်လွင်လာသည်။ သူတို့ အချစ်တွေဟာလည်း လမင်းကြီးလို အေးချမ်းမှုတွေနဲ့ ဆက်လက်ရှင်သန်နေဦးမှာပါ။ လမင်းကြီးပြီးရင်တော့ နေမင်းကြီးပေါ့ ။ ထိုကျလည်း နေမင်းလို အချစ်တွေနဲ့ သူတို့ဘဝ ခရီးလမ်းဟာ ပွင့်လန်းလာဦးမှာပါ ။

တစ်နှစ်ကြာပြီးနောက် ့ ့ ့

ခြံဝင်းထဲတွင် ရောင်စုံမီးများဖြင့် လှပနေသည်။ မီးသားစုတွေ အစုံအညီဖြင့် စကားတွေပြောကာ ရယ်မောနေကြသည်။ ကြည့်ရတာ စိတ်ချမ်းသာမှုကို ပေးစွမ်းနေသည်။ စားပွဲပေါ်မှာ ကိတ်ကြီးက ခန်းနားထည်ဝါစွာရှိနေသည်။ထိုအထဲမှ အဓိကကျတဲ့သူကတော့ မိုးပွင့်လေးပင်ဖြစ်သည်။ မိုးပွင့်လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့လေးကို ကျင်းပပေးနေခြင်းဖြစ်သည်။ မိုးပွင့်က တစ်ခြားသူတော့ မာုတ်ပေ။ ရွှေစင်ရဲ့ သမီးလေးပင်ဖြစ်သည်။ နိုင်ငံခြားက ဒေါက်တာနဲ့ပဲ လွန်ခဲ့တဲ့တစ်နှစ်က အိမ်ထောင်ကျသွားခဲ့တယ် ။

"မိုးပွင့် လေးရေ မွေးနေ့ကိတ်ခွဲရအောင်ဟေ့
လာ ဦးဦးဆီလာ "

ဦးက မိုးပွင့်လေးကို ချီကာ နမ်းရှိုက်လိုက်သည်။
ကျွန်တော်ကလည်း မိုးပွင့်လေးကို အလုအယှက်နမ်းလိုက်သည်။ ခြေထောက်လည်း လွန်ခဲ့ နှစ်ဝက်ခန့်လောက်က ပြန်ကောင်းသွားခဲ့သည်။ အချစ်ရဲ့ ခွန်အားလို့ပင်ဆိုရမည်။ ဦးကြောင့် အရာရာကို အရံှုးမပေးပဲ ရင်ဆိုင်ခဲ့လို့ အခုလို ဦးရဲ့ အနားမှာနေခွင့်ရသည်။

ထို့နောက် ကိတ်ကြီးကို ခွဲကာ တပျော်တပါး စားကာ ကိတ်မှ ခရင်မ်တွေကို လိုက်သုတ်ရင်း ပျော်နေကြတော့သည်။

အခုဆို ဒေါ်လေးလည်း သူ့အိမ်ထောင်နဲ့သူဖြစ်သွားပြီ။ ဒေါ်လေးက ငယ်ချစ်နဲ့ အိမ်ထောင်ပြုသွားတာလေ။ဒေါ်လေး ကံကောင်းတယ်။

"အကိုတေဇ ့ ့ ့ "

"ညီ ့ ့ ့ "

"ဒီမှာ မိုးပွင့်လေးအတွတ် အကိုရဲ့ မွေးနေ့လက်ဆောင် "

"ကျေးဇူးပဲနော် အကို "

ရှိုင်းက ဧည့်ခံလိုက်သည်။

"ပြီးရင် ရှန်ပိန်လေး တစ်ခွက်ဆီချလိုက်ကြရအောင် "

"ဟေ့ကောင် ငစိုင်း ရှိုင်းက ရှန်ပိန်တွေတောင်သောက်တတ်နေပြီလား "

"ဟုတ်တယ် အကိုရာ ဒီလူကြီးနဲ့ပေါင်းပြီး
အကျင့်တွေကူးကုန်ပြီ "

"ဟေ့ကောင် တေဇ သောက်နှင့်နော် "

ရှိုင်းရဲ့လက်ကို ဆွဲကာ ထိုနေရာမှ ခေါ်သွားသည်။

"ဘာလဲ သဝန်တိုပြန်တာလား့ ့ ့ "

ရှိုင်း နှုတ်ခမ်းလေးကို "ပြွတ် "ခနဲ မြည်အောင် နမ်းလိုက်သည်။

"မဟုတ်ပါဘူး ဦးပြောစရာရှိလို့ "

"ဘာလဲ "

"ဒီနေ့ မိုးပွင့်လေးရဲ့ မွေးနေ့လည်းဟုတ်သလို ဦးတို့ရဲ့ ချစ်သူသက်တမ်းသုံးနှစ််မြှောက်တဲ့နေ့ပဲလေ "

"မေ့များသွားပြီလားလို့ စိတ်ဆိုးတော့မလို့ စောင့်နေတာ ဒါဆို လက်ဆောင်ကော "

"ပါမလားဘူး "

"ဗျာ "

ခြေလေးကို ဆောင့်ကာ ဆောင့်ကာ ထိုနေရာမှထွက်သွားသည်။ဦးက နောက်က အမှီလိုက်ကာ ဖက်လိုက်သည်။

"အရမ်း ချစ်တယ် ကလေးလေး "

"ချစ်တယ် ပြောရုံနဲ့ ကျေနပ်ရမှာလား မသိဘူးဗျာ စိတ်ဆိုးမှာပဲ "

"ဟေ့ စိတ်ဆိုးလေး ဘယ်သွားမှာလဲ
ဦးဦး စောင့်ဦးလေ "

စိတ်ဆိုးလိုက်ပြန်ချော့လိုက်နဲ့ အချစ်တွေ တဖြည်းဖြည်းတိုးလာမည် ဟုထင်သည်။ မဟူတ်တောင် ဦးက နေ့တိုင်း အချစ်တွေပေးနေလို့ ကျွန်တော့်နှလုံးသားမှာ လျှံထွက်ကျနေသည်။ သို့ပေမယ့် ထိုအချစ်တွေကို ကျေနပ်စွာခံယူရင်း ဦးရဲ့ ဇနီးကောင်း တစ်ယောက်ဖြစ်အောင် ကျွန်တော် ကြိုးစားနေပါတော့မည်။

ထာဝရ ပျော်ရွှင် ချမ်းမြေ့သော အနာဂတ်ဆီသို့
လက်တွေခိုင်ခိုင်တွဲရင်း ့ ့ ့

စိုင်းနေဦး + ရှိုင်းမင်းသန့်

အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ် ခမျာ။
အခုလို အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့အတွတ် ကျေးဇူးတင်ပါတယ်နော်။ပြီးတော့ ဆက်တင်ပါဦး upပါဦး ဆိုပြီး ခွန်အားရအောင် အားပေးတဲ့သူလေးတွေလည်း thank u ပါနော် ။
ကျွန်တော် ဒီထက်ပိုပြီးကောင်းအောင် ကြိုးစားဖို့ရှိပါသေးတယ်။
ဆက်လက်အားပေးကြပါဦးနော် ။
(ဟီး ့ ့ ့ ကိုယ့်ကို တကယ့် စာရေး ဆရာကြီးကျလို့
ပူဆာနေလိုက်တာ )
love u 😍😘💛💚💙

ALONE



Continue Reading

You'll Also Like

235K 35.4K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
410K 15.6K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.2M 79.3K 47
အသက်တမျှချစ်ပါသော်လည်း ထုတ်ဖော်မပြတတ် ရင် ကိုယ်ချစ်တဲ့အချစ်က ချစ်ရသူကို နာကျင်မှုတွေသာ ပေးသလိုဖြစ်နေတတ်သည်။ အသက္တမ်ွခ်စ္ပါေသာ္လည္း ထုတ္ေဖာ္မျပတတ္ ရ...
432K 10.4K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."