ကိုကို႔အရွင္သခင္

By Natpankalay

774K 62.8K 2.5K

ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။ More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-13
Chapter-14
Chapter -15
Chapter -16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter -31
Chapter-32 Final Part

Chapter-12

19.7K 1.9K 62
By Natpankalay

“BaekHyunee---လြယ္အိတ္ေရာ Aeri ရဲ႕လြယ္အိတ္ေရာ.လို႕။ဟင့္ ဖိနပ္မစီးရေသးဘူး..”

မနက္မုိးလင္းကတည္းက ဆူညံေနသည့္ Aeri အသံႏွင့္အတူ ဟုိေျပးသည္ေျပးႏွင့္ ျပာယာခတ္ေနရသည့္ BaekHyun ရယ္ ေဒၚေလးရယ္ ရွိေနသည္။ဧည့္ခန္းထဲက ခံုအျမင့္ေလးေပၚထိုင္လ်က္ Aeri ကမဲ့တဲ့တဲ့ေလး။

“ဒီေန႕ေနာက္မက်ရဘူးလို႕ ဆရာမ က ေသခ်ာမွာလုိက္တာကိုး.ဟင့္ အဲ့ဒါ Baekhyunee ေႀကာင့္ ။မေန႕ညက ဘာလို႕ လာေဆာ့ေပးလဲလို႕”

“အယ္ Aeri ပဲ ကုိကိုေလးကို ဂ်ီက်ျပီးေတာ့ ။”

BaekHyun က Aeri ေရွ႕ငုတ္တုပ္ေလးထိုင္လ်က္ ဖိနပ္အျဖဴေလးကုိ စီးေပးသည္။ ထမင္းစားခန္းထဲမွ ထမင္းဘူးျခင္းေလး ကိုင္ ကာ ထြက္လာေသာ ေဒၚေလးက သေဘာက်စြာျပံဳးသည္။ရက္ပိုင္းအတြင္းမွာကုိ ဒီေကာင္ေလးက Aeri အေပၚကို သည္းခံခ်စ္ ေပးႏိုင္လြန္းသည္။ Chanyeol ၏ အိမ္ေထာင္ဖက္ဟု ႀကားလုိက္ရတုန္းကတည္းက ထူးထူးျခားျခားမႏွစ္ျမိဳ႕တာမ်ိဴးမရွိခဲ့ဘဲ BaekHyun ကုိျမင္ကတည္းက သေဘာက်ခဲ့သည္။

“ခုထိ ေက်ာင္းမသြားရေသးဘူးလား Aeri ။ေဖေဖ ဘယ္တုန္းကဒီလိုေနာက္က်တာႀကိဳက္လို႕လဲ”

ဘီးတပ္ကုလားထိုင္ေလးက ခလုတ္ျဖင့္လည္း အလိုလုိေရြ႕သည္မုိ႕ Chanyeol သည္မ်က္ေမွာင္ကုတ္လ်က္ အနားေရာက္လာ သည္။Chanyeol မ်က္ႏွာအနည္းငယ္တင္းမာေနေတာ့ Aeri ကမ်က္ႏွာကေလးငယ္သြားကာ BaekHyun ကုိႀကည့္သည္။ BaekHyun ျပံဳးျပလိုက္ရင္း Aeri ကုိ ထုိင္ခံုေပၚကေန ခ်ိဴင္းေအာက္မွခ်ီလ်က္ေအာက္ခ်ကာ လြယ္အိတ္လြယ္ေပး လိုက္ရင္းက

“မေန႕က ညဥ့္နက္သြားလို႕ပါ ကိုကို။ဘာပဲျဖစ္ျဖစ္ ကေလးက အျမဲေက်ာင္းခ်ိန္ႀကီးပဲ အေစာႀကီးသြားေနရရင္ စိတ္မေပ်ာ္မွာစိုးလို႕ပါ။”

BaekHyun ျပံဳးကာဆုိေပမယ့္ Chanyeol ထံမွ ခပ္စိမ္းစိမ္းအႀကည့္ကို လက္ခံရရွိလုိက္သည္။ႏိုးလာကတည္းက မ်က္ႏွာမႀကည္တာ ဘာေတြ စိတ္ဆိုးေနရပါသလဲ ကိုကို။

“သမီးတစ္သက္ ငါ ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့တာ BaekHyun။ တခ်ိဴ႕ေနရာေတြ မင္းဝင္မစြက္ဖက္လည္းရတယ္။”

BaekHyun မ်က္ႏွာပ်က္သြားသည္။ရုတ္ျခည္းဝမ္းနည္းသြားရျခင္းႏွင့္အတူ ခပ္ယဲ့ယဲ့ျပံဳးျပလိုက္သည္။ တကယ္ကို Chanyeol က သူ႕အိမ္ေထာင္ဖက္အျဖစ္ မသတ္မွတ္ေသးဘူးပဲ။ဒါေတြက BaekHyun ကုိယ္တိုင္ေလွ်ာက္ခဲ့တဲ့လမ္းမုိ႕လို႕ မေက်နပ္စရာမရွိပါေလ။

“ေနာက္ဆင္ျခင္ပါ့မယ္ ။သြားေတာ့ေလ. Aeri.”

“ဟုတ္ ေဖေဖ ဘုိင့္ ဘိုင့္ ။”

Aeri က မ်က္ႏွာတည္တင္းေနေသာ ဖခင္ျဖစ္သူကုိ ေျခဖ်ားေလးေထာက္လ်က္ပါးကုိ အနမ္းေပးလိုက္ေတာ့မွ Chanyeol မ်က္ႏွာ ျပံဳးလာသည္။ထုိ႕ေနာက္ BaekHyun ႏွင့္ေဒၚေလးကိုပါ လက္ျပႏႈတ္ဆက္လ်က္ အိမ္ထဲမွ ခပ္သြက္သြက္ကေလး ေျပးထြက္သြားသည္။ Chanyeol ႀကည့္ရင္းစိတ္မေကာင္းျခင္းႀကီးစြာျဖစ္သည္။ခါတိုင္းဆုိလွ်င္ သူႏွင့္အတူ သြားရသည့္ သမီးငယ္ သည္ ခုမ်ားေတာ့ျဖင့္ ..။အေတြးႏွင့္အတူ စိတ္သြားတို္င္းကုိယ္မပါသည့္ ခႏၶာကို စိတ္ကုန္မိသည္။

“ကုိကို မနက္စာ စားေတာ့မလား။”

“မဆာဘူး။”

“မဆာလို႕မရဘူးေလ.။စားျပီးေဆးေသာက္မွ အျမန္က်န္းမာမွာေပါ့.။စားရေအာင္ေနာ္.။ထမင္းစားခန္းထဲထိ ပို႕ေပးမယ္။ေစာင့္ေတာ့မေပးေတာ့ဘူး။ကြ်န္ေတာ္ ကုမၸဏီဝင္ရဦးမွာမုိ႕”

Chanyeol မည္သည့္စကားကိုမွ ေစာဒကမတက္ခင္ ဘီးတပ္ကုလားထိုင္ကို ေနာက္ကေန ခပ္သြက္သြက္တြန္းလ်က္ ထမင္း စား ခန္းထဲ ကုိယ္တိုင္ပို႕ေပးလုိက္သည္။ျပီးေတာ့ အေနာက္တိုင္းဝတ္စံုကုိ သပ္သပ္ရပ္ရပ္ဝတ္ရင္း အခန္းထဲက ျပန္ထြက္လာစဥ္ ဖုန္းျမည္လာ၏။

# ဟုတ္ကဲ့ မန္ေနဂ်ာႀကီး။ဗ်ာ.။ဒါ--ဒါေပမယ့္ ။ေမေမရွိကတည္းက ရွယ္ယာေတြက အေကာာင္းပါ။ခုမွခ်က္ခ်င္းႀကီး သူမ်ားဝယ္ သြားတယ္ဆုိတာ အဓိပၸာယ္ရွိရဲ႕လားဗ်.။ဟုတ္တယ္ကြ်န္ေတာ္ ခုပဲ လာမလုိ႕.။#

ထမင္းစားခန္းဝ နားကေန ႀကားေနရသည္မုိ႕မရည္ရြယ္ဘဲ Chanyeol နားေထာင္မိသြားသည္။ BaekHyun ကေတာ့သတိထားမိပံုမေပၚ။ တစ္ဖက္ဖုန္းက ဘာေျပာလိုက္သည္မသိ။ BaekHyun မ်က္ႏွာျဖဴေလ်ာ္သြားသည္။

# ရွင္းရွင္းေျပာရရင္ ကုမၸဏီေဒဝါလီခံရတယ္ေပါ့..ဟုိတစ္ေန႕ကတည္းက သိေတာ့သိမိေပမယ့္ ခ်က္ခ်င္းႀကီးပါလား မန္ေနဂ်ာႀကီး။ အိမ္ေရာလား-ရပါတယ္။အေႀကြးမရွိရင္ ျပီးတာပဲမုိ႕ ဘယ္မွာေနေန ကြ်န္ေတာ္က ကိစၥမရွိဘူး။ အားလံုး ေပးေခ်လုိက္ပါ။ကြ်န္ေတာ္ခုပဲ လာခဲ့ပါ့မယ္။#

မ်က္လံုးမွိတ္လိုက္စဥ္ ခုန္ေပါက္ေျပးဆင္းသြားသည့္မ်က္ရည္စက္တုိ႕ကုိ BaekHyun ဂရုမစိုက္ႏိုင္ေတာ့.။မ်က္ရည္စက္တုိ႕ကုိ ခပ္ႀကမ္းႀကမ္းပြတ္သုတ္ကာ အိမ္ထဲက အျမန္ေျပးထြက္သြားသည္ကို Chanyeol အစအဆံုးႀကည့္ေနမိသည္။

လက္ထပ္ထားတယ္လည္းဆုိေသးသည္။သူ႕ကိစၥအေရးကုိ Chanyeol ကုိမတိုင္ပင္ပါလား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ညဥ့္နက္ေနျပီျဖစ္သည့္အထိ BaekHyun ျပန္မလာေသးပါ။ မေနႏိုင္သည့္ သူကသာ အိပ္မေပ်ာ္ဘဲေစာင့္ေနမိသည္။ဘယ္လုိပင္ ဆိုဆုိ သူ ဒီေကာင္ေလးကုိ သံေယာဇဥ္ရွိခဲ့ပံုေပၚသည္။အခ်စ္ကိုအယံုအႀကည္မရိွကာ ေသခ်ာေပါက္ ေနာက္ထပ္လက္ထပ္ဖို႕ စဥ္းစားမွာ မဟုတ္သည့္ သူက BaekHyun ကုိလက္ထပ္ခဲ့သည္ဆုိေတာ့ သူ BaekHyun ကုိအေလးအနက္ထားခဲ့မွန္း သူ ေသခ်ာျပန္ေတြးမိသည္။
ဧည့္ခန္းထဲတြင္ထိုင္ကာ စာအုပ္တစ္အုပ္ဖတ္ေနမိေပမယ့္ မွန္ျပတင္းခ်ပ္ေတြကတစ္ဆင့္ကားဝင္လာတာေတြ႕ေတာ့မွ သူ စိတ္ေအးရသည္။တလႈပ္လႈပ္ဝင္လာေသာ BaekHyun သည္ သူ႕ကိုျမင္ေတာ့ အ့ံႀသသြား၏။

“ကုိကုိ ညဥ့္ေတာင္နက္ေနျပီ။မအိပ္ေသးဘူးလား။”

“ပင္ပန္းလာတာလား မင္း။”

မ်က္ႏွာေလးႏြမ္းနယ္လ်က္ BaekHyun က Chanyeol ေရွ႕တြင္ ေဆာင့္ေႀကာင့္ေလးလာထိုင္ကာ Chanyeol ေပါင္ေပၚလက္ တင္လ်က္ မ်က္ႏွာကိုေမာ့ေငးသည္။

“အင္း အေစာကထိ ပင္ပန္းေနခဲ့တာ.။ခု ကုိကို႕မ်က္ႏွာျမင္ေတာ့ ေပ်ာက္သြားျပီ။”

“ဟန္မေဆာင္နဲ႕ BaekHyun .မင္း ငိုခ်င္ေနတာ ငါသိတယ္။”

မ်က္လံုးခ်င္းဆံုႀကည့္ကာ ဆုိေတာ့ ျဖတ္ခနဲသိမ္းသြားသည့္မ်က္ေတာင္ေတြေအာက္က မ်က္ဝန္းငယ္သည္ သနားစဖြယ္။ Chanyeol ေပါင္ေပၚေခါင္းတင္လ်က္ BaekHyun မ်က္ရည္က်လာသည္။ေမေမေတာင္ဆံုးခဲ့သည့္ အျဖစ္ဆုိးႀကီးကုိ ေက်ာ္ခဲ့ ျပီးေတာ့မွ ရိႈက္ႀကီးတငင္မငိုႏိုင္ေတာ့ဘဲ မ်က္ရည္ေတြသာ တလွိမ့္ခ်င္းက်လာသည္။

“ေဖေဖ မရွိေတာ့ကတည္းက ေမေမ ဦးေဆာင္ခဲ့တဲ့ကုမၸဏီ.က ကြ်န္ေတာ့္ လက္ထက္ ေရာက္မွ ပ်က္ ဆီးသြားရတယ္ဆုိ ဘယ္လုိမ်က္ႏွာျပရမလဲ မသိေတာ့ဘူး ကုိကို။ ျပည္ပခရီးေတြထြက္ အစစ ေမေမ ေျဖရွင္းေနခဲ့တယ္ထင္တယ္။ကြ်န္ေတာ့္ကုိ ုတစ္ခုမွ ေပးမသိဘဲနဲ႕ေလ.။ကြ်န္ေတာ္ က တကယ္မေကာင္းတဲ့သားတစ္ေယာက္ပဲ တာဝန္မေက်ဘူး။”

ေခါင္းလံုးလံုးေလးသာ ျမင္ေနရသည့္ BaekHyun ကုိ သူစာနာသည္။ ေခ်ာ့ေမာ့ႏွစ္သိမ့္ေပးျခင္းက သူႏွင့္အကြ်မ္းတဝင္မရွိ ေပမယ့္ ထို ဆံစတုိ႕ကုိအသာအယာပြတ္ေပးမိသည္။

“အခ်ိန္တန္လုိ႕ျဖစ္လာတဲ့ကိစၥေတြပဲ BaekHyun .မင္း နဲ႕မဆုိင္ပါဘူး။ မင္းရဲ႕မိဘေတြအတြက္ မင္းက အေရးႀကီးဆံုးပဲဆုိတာယံု။ ကုမၸဏီတစ္ခုထက္စာရင္ မင္းေကာင္းေကာင္းမြန္မြန္အသက္ရွင္သြားတာကုိ ျမင္ခ်င္ႀကမွာလုိ႕ငါယံုတယ္။အဲ့ဒီေတာ့ မဟုတ္တဲ့အျပစ္အတြက္ဘယ္ေတာ့မွ ကုိယ့္ကိုယ္ကုိယ္ အျပစ္မတင္နဲ႕။ ေျပာတာ နားလည္လား BaekHyun။ ျပီးေတာ့--ျပီးေတာ့ မင္းမွာ ငါရွိေသးတယ္ေလ.။ငါ့ရဲ႕ အိမ္ေထာင္ဖက္ကို ငါ ေစာင့္ေရွာက္မွာပါ။”

စကားသံတုိ႕သည္ ႏူးည့ံညင္သာတာမိ်ဴးမဟုတ္တာေတာင္ စိတ္ရငး္ေတြမွန္းခံစားရသိေနသည္။BaekHyun စိတ္သက္သာရစြာ ျပံဳးမိလ်က္ ေခါင္းေမာ့ႀကည့္မိသည္။ညမီးေရာင္ေအာက္မွာေတာင္ အိပ္ခါနီးဆံစဖြာဖြာတုိ႕ႏွင့္ Chanyeol က ခန္႕ညားေနဆဲပင္။

“ကြ်န္ေတာ္ က ခု ဘာဆုိ ဘာမွမရွိေတာ့တာမုိ႕ ကိုိကိုက ေသခ်ာေပါက္ေစာင့္ေရွာက္ေပးပါ။ မုန္႕ဖိုးေတြလည္းအမ်ားႀကီးေပးမယ္မလား။ကြ်န္ေတာ္က ခုမွ ေက်ာင္းတက္တုန္းဆုိေတာ့ေလ.။ေနာ္..”

Chanyeol သည္ ကိုင္လက္စ စာအုပ္ကုိေဘးကစားပြဲေပၚတင္လို္က္သည္။ေမာ့ေငးေနသည့္မ်က္ႏွာေလးထက္က မ်က္ရည္ စတုိ႕ကုိ အသာသုတ္ဖယ္ေပးလုိ္က္သည္။

“အင္း မနက္ျဖန္ကစျပီး မင္းအတြက္ ကဒ္တစ္ခုအသစ္ထည့္ေပးထားမယ္။ မငုိစမ္းနဲ႕ BaekHyun မင္းမ်က္လံုးေတြ က မွိတ္ေနေအာင္ရယ္ဖုိ႕ပဲ ထား။”

BaekHyun ေခါင္းတဆတ္ဆတ္ညိတ္ျပလိုက္သည္။မနက္က ဆူပူခ်င္တာ သူမဟုတ္သည့္အတုိင္းခုမ်ားေတာ့ျဖင့္လည္း ညင္သာေနျပန္သည္။

“ဟုိ မနက္ကေလ ကြ်န္ေတာ္က Aeri ကို အက်င့္ဖ်က္ခ်င္တာမဟုတ္ပါဘူး။တစ္သက္လံုးကုိကုိပဲေစာင့္ေရွာက္လာခဲ့မွန္းလည္းသိပါတယ္။ကြ်န္ေတာ္က-”

“မနက္က စိတ္ထဲ ကပါလုိ႕ေျပာလုိက္တာ မဟုတ္ဘူး ဒီတိုင္းစိတ္မႀကည္ေတာ့အခန္႕မသင့္ရင္း-- စိတ္ထဲမထားနဲ႕”

“ေက်းဇူးတင္ပါတယ္ ကုိကုိ ။ခ်စ္ေပးလို႕”

“ေဟ့ --ဘယ္သူက ခ်စ္လို႕လဲ။မင္း ေရာင့္မတက္လာနဲ႕ေနာ္.”

မ်က္ႏွာထားခပ္တည္တည္ျဖင့္ ဘီးလွည့္ကာ ကုိယ္တုိင္တြန္းဝင္ဖုိ႕ျပင္ေနသည့္ Chanyeol ကုိႀကည့္ကာ BaekHyun ရယ္မိ သည္။ ခ်စ္လာဖုိ႕အထိေတာ့ မေမွ်ာ္လင့္ထားေပမယ့္ သံေယာဇဥ္ရွိေနျပီဆုိတာေတာ့ BaekHyunသိသည္။ အခန္းထဲဝင္သြား သည့္ Chanyeol ေနာက္လိုက္ရန္ျပင္ျပီးမွ BaekHyun တစ္စံုတစ္ရာကုိသတိထားမိသြားသည္။

“ကုိကုိ ညအိပ္ဝတ္ဘယ္သူလဲေပးထားတာလဲ”

ေရွ႕ကုိအနည္းငယ္ေရာက္ေနျပီျဖစ္သည့္ Chanyeol က ေခါင္းပဲေေစာင္းငွဲ႕ႀကည့္လာသည္။

“KyungSoo ေလ.။ညေနက လာႀကည့္ေပးရင္းနဲ႕”

“ႀကည့္-ဘယ္သူလဲေပးတာမွ မခံပါနဲ႕ဆုိ ကုိကိုက မွတ္ကုိမထားဘူး။”

“ေဟာ္ ဒါဆို ငါ က မင္းျပန္လာတဲ့အထိေစာင့္ရမွာလား။”

“မသိဘူး။”

ဆူပုတ္ေနသည့္ မ်က္ႏွာျဖင့္ BaekHyun သည္ Chanyeol အခန္းထဲဦးေအာင္ဝင္သြားသည္။ Chanyeol ခမ်ာ အ့ံႀသေနရရင္းမွ အသံထြက္ကာရယ္ေမာမိပါေတာ့သည္။
ေယာက်ာ္းေလးေတြ က စိတ္ေကာက္တတ္သလား မသိေပမယ့္ မ်က္စိေရွ႕က ေယာက်္ားေလး က စိ္တ္ေကာက္တာေတာ့ ခ်စ္ဖုိ႕အေကာင္းသား။

“ကြ်န္ေတာ္ စိတ္ေကာက္သြားတယ္လို႕ကုိကိုထင္တယ္မို႕လား။စိတ္ေကာက္တာ မဟုတ္ဘူး။စိ္တ္ဆိုးတာ.။စိတ္မေကာင္းျဖစ္တာ ကိုိကုိက ကြ်န္ေတာ့္စကားကိုအေလးမထားဘူးဆိုျပီး။”

အခန္းေပါက္ဝကေနေတာင္ ေခါင္းလွည့္ကာ ျပန္ေအာ္ေျပာလာေသးသည္။ Chanyeol ပါးစပ္မေစ့ေတာ့ဘဲ ပါးခ်ိဴင့္ခြက္ဝင္ေအာင္ကို ရယ္ေမာမိသည္။ရယ္စရာပါသလား မပါလားေတာ့ကုိယ္တိုင္လညး္မသိ.။ စိတ္ကရႊင္ျမဴးလန္းဆန္းေနသည္။

အငး္ပါ မင္းပဲ ခ်စ္ဖုိ႕ေကာင္း။

*********

## With Heart
Just A Dreamer.

(ႀကာသြားရင္ UPDATE လာေမးႀကလို႕ေက်းဇူးတင္ပါတယ္။ အဟီး--ကုိယ္လည္း သတိထားရတာေပါ့.ဒါေပမယ့္ခုခ်က္ခ်င္းေတာ့ UPလို႕မေျပာနဲ႕ဦးေနာ္.။ဒီအပိုင္းေလးကုိပဲ ခ်စ္ေပးပါဦး။ )

Unicode

“BaekHyunee---လွယ်အိတ်ရော Aeri ရဲ့လွယ်အိတ်ရော.လို့။ဟင့် ဖိနပ်မစီးရသေးဘူး..”

မနက်မိုးလင်းကတည်းက ဆူညံနေသည့် Aeri အသံနှင့်အတူ ဟိုပြေးသည်ပြေးနှင့် ပြာယာခတ်နေရသည့် BaekHyun ရယ် ဒေါ်လေးရယ် ရှိနေသည်။ဧည့်ခန်းထဲက ခုံအမြင့်လေးပေါ်ထိုင်လျက် Aeri ကမဲ့တဲ့တဲ့လေး။

“ဒီနေ့နောက်မကျရဘူးလို့ ဆရာမ က သေချာမှာလိုက်တာကိုး.ဟင့် အဲ့ဒါ Baekhyunee ကြောင့် ။မနေ့ညက ဘာလို့ လာဆော့ပေးလဲလို့”

“အယ် Aeri ပဲ ကိုကိုလေးကို ဂျီကျပြီးတော့ ။”

BaekHyun က Aeri ရှေ့ငုတ်တုပ်လေးထိုင်လျက် ဖိနပ်အဖြူလေးကို စီးပေးသည်။ ထမင်းစားခန်းထဲမှ ထမင်းဘူးခြင်းလေး ကိုင် ကာ ထွက်လာသော ဒေါ်လေးက သဘောကျစွာပြုံးသည်။ရက်ပိုင်းအတွင်းမှာကို ဒီကောင်လေးက Aeri အပေါ်ကို သည်းခံချစ် ပေးနိုင်လွန်းသည်။ Chanyeol ၏ အိမ်ထောင်ဖက်ဟု ကြားလိုက်ရတုန်းကတည်းက ထူးထူးခြားခြားမနှစ်မြို့တာမျိူးမရှိခဲ့ဘဲ BaekHyun ကိုမြင်ကတည်းက သဘောကျခဲ့သည်။

“ခုထိ ကျောင်းမသွားရသေးဘူးလား Aeri ။ဖေဖေ ဘယ်တုန်းကဒီလိုနောက်ကျတာကြိုက်လို့လဲ”

ဘီးတပ်ကုလားထိုင်လေးက ခလုတ်ဖြင့်လည်း အလိုလိုရွေ့သည်မို့ Chanyeol သည်မျက်မှောင်ကုတ်လျက် အနားရောက်လာ သည်။Chanyeol မျက်နှာအနည်းငယ်တင်းမာနေတော့ Aeri ကမျက်နှာကလေးငယ်သွားကာ BaekHyun ကိုကြည့်သည်။ BaekHyun ပြုံးပြလိုက်ရင်း Aeri ကို ထိုင်ခုံပေါ်ကနေ ချိူင်းအောက်မှချီလျက်အောက်ချကာ လွယ်အိတ်လွယ်ပေး လိုက်ရင်းက

“မနေ့က ညဉ့်နက်သွားလို့ပါ ကိုကို။ဘာပဲဖြစ်ဖြစ် ကလေးက အမြဲကျောင်းချိန်ကြီးပဲ အစောကြီးသွားနေရရင် စိတ်မပျော်မှာစိုးလို့ပါ။”

BaekHyun ပြုံးကာဆိုပေမယ့် Chanyeol ထံမှ ခပ်စိမ်းစိမ်းအကြည့်ကို လက်ခံရရှိလိုက်သည်။နိုးလာကတည်းက မျက်နှာမကြည်တာ ဘာတွေ စိတ်ဆိုးနေရပါသလဲ ကိုကို။

“သမီးတစ်သက် ငါ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ BaekHyun။ တချိူ့နေရာတွေ မင်းဝင်မစွက်ဖက်လည်းရတယ်။”

BaekHyun မျက်နှာပျက်သွားသည်။ရုတ်ခြည်းဝမ်းနည်းသွားရခြင်းနှင့်အတူ ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။ တကယ်ကို Chanyeol က သူ့အိမ်ထောင်ဖက်အဖြစ် မသတ်မှတ်သေးဘူးပဲ။ဒါတွေက BaekHyun ကိုယ်တိုင်လျှောက်ခဲ့တဲ့လမ်းမို့လို့ မကျေနပ်စရာမရှိပါလေ။

“နောက်ဆင်ခြင်ပါ့မယ် ။သွားတော့လေ. Aeri.”

“ဟုတ် ဖေဖေ ဘိုင့် ဘိုင့် ။”

Aeri က မျက်နှာတည်တင်းနေသော ဖခင်ဖြစ်သူကို ခြေဖျားလေးထောက်လျက်ပါးကို အနမ်းပေးလိုက်တော့မှ Chanyeol မျက်နှာ ပြုံးလာသည်။ထို့နောက် BaekHyun နှင့်ဒေါ်လေးကိုပါ လက်ပြနှုတ်ဆက်လျက် အိမ်ထဲမှ ခပ်သွက်သွက်ကလေး ပြေးထွက်သွားသည်။ Chanyeol ကြည့်ရင်းစိတ်မကောင်းခြင်းကြီးစွာဖြစ်သည်။ခါတိုင်းဆိုလျှင် သူနှင့်အတူ သွားရသည့် သမီးငယ် သည် ခုများတော့ဖြင့် ..။အတွေးနှင့်အတူ စိတ်သွားတိုင်းကိုယ်မပါသည့် ခန္ဓာကို စိတ်ကုန်မိသည်။

“ကိုကို မနက်စာ စားတော့မလား။”

“မဆာဘူး။”

“မဆာလို့မရဘူးလေ.။စားပြီးဆေးသောက်မှ အမြန်ကျန်းမာမှာပေါ့.။စားရအောင်နော်.။ထမင်းစားခန်းထဲထိ ပို့ပေးမယ်။စောင့်တော့မပေးတော့ဘူး။ကျွန်တော် ကုမ္ပဏီဝင်ရဦးမှာမို့”

Chanyeol မည်သည့်စကားကိုမှ စောဒကမတက်ခင် ဘီးတပ်ကုလားထိုင်ကို နောက်ကနေ ခပ်သွက်သွက်တွန်းလျက် ထမင်း စား ခန်းထဲ ကိုယ်တိုင်ပို့ပေးလိုက်သည်။ပြီးတော့ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ရင်း အခန်းထဲက ပြန်ထွက်လာစဉ် ဖုန်းမြည်လာ၏။

# ဟုတ်ကဲ့ မန်နေဂျာကြီး။ဗျာ.။ဒါ--ဒါပေမယ့် ။မေမေရှိကတည်းက ရှယ်ယာတွေက အကောာင်းပါ။ခုမှချက်ချင်းကြီး သူများဝယ် သွားတယ်ဆိုတာ အဓိပ္ပာယ်ရှိရဲ့လားဗျ.။ဟုတ်တယ်ကျွန်တော် ခုပဲ လာမလို့.။#

ထမင်းစားခန်းဝ နားကနေ ကြားနေရသည်မို့မရည်ရွယ်ဘဲ Chanyeol နားထောင်မိသွားသည်။ BaekHyun ကတော့သတိထားမိပုံမပေါ်။ တစ်ဖက်ဖုန်းက ဘာပြောလိုက်သည်မသိ။ BaekHyun မျက်နှာဖြူလျော်သွားသည်။

# ရှင်းရှင်းပြောရရင် ကုမ္ပဏီဒေဝါလီခံရတယ်ပေါ့..ဟိုတစ်နေ့ကတည်းက သိတော့သိမိပေမယ့် ချက်ချင်းကြီးပါလား မန်နေဂျာကြီး။ အိမ်ရောလား-ရပါတယ်။အကြွေးမရှိရင် ပြီးတာပဲမို့ ဘယ်မှာနေနေ ကျွန်တော်က ကိစ္စမရှိဘူး။ အားလုံး ပေးချေလိုက်ပါ။ကျွန်တော်ခုပဲ လာခဲ့ပါ့မယ်။#

မျက်လုံးမှိတ်လိုက်စဉ် ခုန်ပေါက်ပြေးဆင်းသွားသည့်မျက်ရည်စက်တို့ကို BaekHyun ဂရုမစိုက်နိုင်တော့.။မျက်ရည်စက်တို့ကို ခပ်ကြမ်းကြမ်းပွတ်သုတ်ကာ အိမ်ထဲက အမြန်ပြေးထွက်သွားသည်ကို Chanyeol အစအဆုံးကြည့်နေမိသည်။

လက်ထပ်ထားတယ်လည်းဆိုသေးသည်။သူ့ကိစ္စအရေးကို Chanyeol ကိုမတိုင်ပင်ပါလား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ညဉ့်နက်နေပြီဖြစ်သည့်အထိ BaekHyun ပြန်မလာသေးပါ။ မနေနိုင်သည့် သူကသာ အိပ်မပျော်ဘဲစောင့်နေမိသည်။ဘယ်လိုပင် ဆိုဆို သူ ဒီကောင်လေးကို သံယောဇဉ်ရှိခဲ့ပုံပေါ်သည်။အချစ်ကိုအယုံအကြည်မရှိကာ သေချာပေါက် နောက်ထပ်လက်ထပ်ဖို့ စဉ်းစားမှာ မဟုတ်သည့် သူက BaekHyun ကိုလက်ထပ်ခဲ့သည်ဆိုတော့ သူ BaekHyun ကိုအလေးအနက်ထားခဲ့မှန်း သူ သေချာပြန်တွေးမိသည်။
ဧည့်ခန်းထဲတွင်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေမိပေမယ့် မှန်ပြတင်းချပ်တွေကတစ်ဆင့်ကားဝင်လာတာတွေ့တော့မှ သူ စိတ်အေးရသည်။တလှုပ်လှုပ်ဝင်လာသော BaekHyun သည် သူ့ကိုမြင်တော့ အံ့သြသွား၏။

“ကိုကို ညဉ့်တောင်နက်နေပြီ။မအိပ်သေးဘူးလား။”

“ပင်ပန်းလာတာလား မင်း။”

မျက်နှာလေးနွမ်းနယ်လျက် BaekHyun က Chanyeol ရှေ့တွင် ဆောင့်ကြောင့်လေးလာထိုင်ကာ Chanyeol ပေါင်ပေါ်လက် တင်လျက် မျက်နှာကိုမော့ငေးသည်။

“အင်း အစောကထိ ပင်ပန်းနေခဲ့တာ.။ခု ကိုကို့မျက်နှာမြင်တော့ ပျောက်သွားပြီ။”

“ဟန်မဆောင်နဲ့ BaekHyun .မင်း ငိုချင်နေတာ ငါသိတယ်။”

မျက်လုံးချင်းဆုံကြည့်ကာ ဆိုတော့ ဖြတ်ခနဲသိမ်းသွားသည့်မျက်တောင်တွေအောက်က မျက်ဝန်းငယ်သည် သနားစဖွယ်။ Chanyeol ပေါင်ပေါ်ခေါင်းတင်လျက် BaekHyun မျက်ရည်ကျလာသည်။မေမေတောင်ဆုံးခဲ့သည့် အဖြစ်ဆိုးကြီးကို ကျော်ခဲ့ ပြီးတော့မှ ရှိုက်ကြီးတငင်မငိုနိုင်တော့ဘဲ မျက်ရည်တွေသာ တလှိမ့်ချင်းကျလာသည်။

“ဖေဖေ မရှိတော့ကတည်းက မေမေ ဦးဆောင်ခဲ့တဲ့ကုမ္ပဏီ.က ကျွန်တော့် လက်ထက် ရောက်မှ ပျက် ဆီးသွားရတယ်ဆို ဘယ်လိုမျက်နှာပြရမလဲ မသိတော့ဘူး ကိုကို။ ပြည်ပခရီးတွေထွက် အစစ မေမေ ဖြေရှင်းနေခဲ့တယ်ထင်တယ်။ကျွန်တော့်ကိုတစ်ခုမှ ပေးမသိဘဲနဲ့လေ.။ကျွန်တော် က တကယ်မကောင်းတဲ့သားတစ်ယောက်ပဲ တာဝန်မကျေဘူး။”

ခေါင်းလုံးလုံးလေးသာ မြင်နေရသည့် BaekHyun ကို သူစာနာသည်။ ချော့မော့နှစ်သိမ့်ပေးခြင်းက သူနှင့်အကျွမ်းတဝင်မရှိ ပေမယ့် ထို ဆံစတို့ကိုအသာအယာပွတ်ပေးမိသည်။

“အချိန်တန်လို့ဖြစ်လာတဲ့ကိစ္စတွေပဲ BaekHyun .မင်း နဲ့မဆိုင်ပါဘူး။ မင်းရဲ့မိဘတွေအတွက် မင်းက အရေးကြီးဆုံးပဲဆိုတာယုံ။ ကုမ္ပဏီတစ်ခုထက်စာရင် မင်းကောင်းကောင်းမွန်မွန်အသက်ရှင်သွားတာကို မြင်ချင်ကြမှာလို့ငါယုံတယ်။အဲ့ဒီတော့ မဟုတ်တဲ့အပြစ်အတွက်ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။ ပြောတာ နားလည်လား BaekHyun။ ပြီးတော့--ပြီးတော့ မင်းမှာ ငါရှိသေးတယ်လေ.။ငါ့ရဲ့ အိမ်ထောင်ဖက်ကို ငါ စောင့်ရှောက်မှာပါ။”

စကားသံတို့သည် နူးညံ့ညင်သာတာမျိူးမဟုတ်တာတောင် စိတ်ရင်းတွေမှန်းခံစားရသိနေသည်။BaekHyun စိတ်သက်သာရစွာ ပြုံးမိလျက် ခေါင်းမော့ကြည့်မိသည်။ညမီးရောင်အောက်မှာတောင် အိပ်ခါနီးဆံစဖွာဖွာတို့နှင့် Chanyeol က ခန့်ညားနေဆဲပင်။

“ကျွန်တော် က ခု ဘာဆို ဘာမှမရှိတော့တာမို့ ကိုကိုက သေချာပေါက်စောင့်ရှောက်ပေးပါ။ မုန့်ဖိုးတွေလည်းအများကြီးပေးမယ်မလား။ကျွန်တော်က ခုမှ ကျောင်းတက်တုန်းဆိုတော့လေ.။နော်..”

Chanyeol သည် ကိုင်လက်စ စာအုပ်ကိုဘေးကစားပွဲပေါ်တင်လိုက်သည်။မော့ငေးနေသည့်မျက်နှာလေးထက်က မျက်ရည် စတို့ကို အသာသုတ်ဖယ်ပေးလိုက်သည်။

“အင်း မနက်ဖြန်ကစပြီး မင်းအတွက် ကဒ်တစ်ခုအသစ်ထည့်ပေးထားမယ်။ မငိုစမ်းနဲ့ BaekHyun မင်းမျက်လုံးတွေ က မှိတ်နေအောင်ရယ်ဖို့ပဲ ထား။”

BaekHyun ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။မနက်က ဆူပူချင်တာ သူမဟုတ်သည့်အတိုင်းခုများတော့ဖြင့်လည်း ညင်သာနေပြန်သည်။

“ဟို မနက်ကလေ ကျွန်တော်က Aeri ကို အကျင့်ဖျက်ချင်တာမဟုတ်ပါဘူး။တစ်သက်လုံးကိုကိုပဲစောင့်ရှောက်လာခဲ့မှန်းလည်းသိပါတယ်။ကျွန်တော်က-”

“မနက်က စိတ်ထဲ ကပါလို့ပြောလိုက်တာ မဟုတ်ဘူး ဒီတိုင်းစိတ်မကြည်တော့အခန့်မသင့်ရင်း-- စိတ်ထဲမထားနဲ့”

“ကျေးဇူးတင်ပါတယ် ကိုကို ။ချစ်ပေးလို့”

“ဟေ့ --ဘယ်သူက ချစ်လို့လဲ။မင်း ရောင့်မတက်လာနဲ့နော်.”

မျက်နှာထားခပ်တည်တည်ဖြင့် ဘီးလှည့်ကာ ကိုယ်တိုင်တွန်းဝင်ဖို့ပြင်နေသည့် Chanyeol ကိုကြည့်ကာ BaekHyun ရယ်မိ သည်။ ချစ်လာဖို့အထိတော့ မမျှော်လင့်ထားပေမယ့် သံယောဇဉ်ရှိနေပြီဆိုတာတော့ BaekHyunသိသည်။ အခန်းထဲဝင်သွား သည့် Chanyeol နောက်လိုက်ရန်ပြင်ပြီးမှ BaekHyun တစ်စုံတစ်ရာကိုသတိထားမိသွားသည်။

“ကိုကို ညအိပ်ဝတ်ဘယ်သူလဲပေးထားတာလဲ”

ရှေ့ကိုအနည်းငယ်ရောက်နေပြီဖြစ်သည့် Chanyeol က ခေါင်းပဲစောင်းငှဲ့ကြည့်လာသည်။

“KyungSoo လေ.။ညနေက လာကြည့်ပေးရင်းနဲ့”

“ကြည့်-ဘယ်သူလဲပေးတာမှ မခံပါနဲ့ဆို ကိုကိုက မှတ်ကိုမထားဘူး။”

“ဟော် ဒါဆို ငါ က မင်းပြန်လာတဲ့အထိစောင့်ရမှာလား။”

“မသိဘူး။”

ဆူပုတ်နေသည့် မျက်နှာဖြင့် BaekHyun သည် Chanyeol အခန်းထဲဦးအောင်ဝင်သွားသည်။ Chanyeol ခမျာ အံ့သြနေရရင်းမှ အသံထွက်ကာရယ်မောမိပါတော့သည်။
ယောကျာ်းလေးတွေ က စိတ်ကောက်တတ်သလား မသိပေမယ့် မျက်စိရှေ့က ယောက်ျားလေး က စ်ိတ်ကောက်တာတော့ ချစ်ဖို့အကောင်းသား။

“ကျွန်တော် စိတ်ကောက်သွားတယ်လို့ကိုကိုထင်တယ်မို့လား။စိတ်ကောက်တာ မဟုတ်ဘူး။စ်ိတ်ဆိုးတာ.။စိတ်မကောင်းဖြစ်တာ ကိုကိုက ကျွန်တော့်စကားကိုအလေးမထားဘူးဆိုပြီး။”

အခန်းပေါက်ဝကနေတောင် ခေါင်းလှည့်ကာ ပြန်အော်ပြောလာသေးသည်။ Chanyeol ပါးစပ်မစေ့တော့ဘဲ ပါးချိူင့်ခွက်ဝင်အောင်ကို ရယ်မောမိသည်။ရယ်စရာပါသလား မပါလားတော့ကိုယ်တိုင်လည်းမသိ.။ စိတ်ကရွှင်မြူးလန်းဆန်းနေသည်။

အင်းပါ မင်းပဲ ချစ်ဖို့ကောင်း။

*********

## With Heart
Just A Dreamer.

(ကြာသွားရင် UPDATE လာမေးကြလို့ကျေးဇူးတင်ပါတယ်။ အဟီး--ကိုယ်လည်း သတိထားရတာပေါ့.ဒါပေမယ့်ခုချက်ချင်းတော့ UPလို့မပြောနဲ့ဦးနော်.။ဒီအပိုင်းလေးကိုပဲ ချစ်ပေးပါဦး။ )











Continue Reading

You'll Also Like

40.7K 2.9K 72
ဖတ်ကြည့်နော်😉😉
1.4M 176K 76
crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူကလည်းယောက်ျားလေး ဖြစ်နေရင်ပေါ့.... crush...
32K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
81.9K 20.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥