❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇�...
By mermaid_mochi
404K 38.7K 3.6K
ထို​နေ့ညက ရှန်​ပိန်​တစ်​ခွက်​ကိုသာ သူ မ​သောက်​ခဲ့ရင်​။ (Chronicle of Angels-Season 2) More
Prologue + အပိုင်း ၁
Make you Mine
Bad Baby Omega
Don't touch my Omega!
Annoying Omega
The Dream
မင်းနှလုံးသားဆီ Bungee
Little Spoon
Nothing Like Us
My Best Alpha
The Little World - Jeongmin
Daddy Jeon's Baby Jeon
Jungmin misses his mommy
Way Back Home
Mommy and Jungmin
Jungmin's Galaxy
All For My Baby
Officially My Mate
I like me better when I'm with you
Now and Ever
Jungmin's Diary
Our Baby
17.3K 1.7K 96
By mermaid_mochi
ဒီ​နေ့ Jiminကို ဗိုက်​အပ်​ဖို့ချိန်းထားတဲ့ရက်​ဖြစ်​သည်​။အ​ပေါ်ထပ်​အင်္ကျီကို ဖြစ်​သလိုလျှို​နေတုန်းရှိ​သေးသည်​။ထိုဗိုက်​က​တော့ ကား​ပေါ်ကိုလုံး​နေ​အောင်​ပြေးတက်​သွားပြီးဖြစ်​၏။
တကယ်​ပဲ က​လေးထိန်း​နေရသလိုခံစားရသည်​။​တော်​သေးတယ်​ဒါ​တောင်​ဗိုက်​ထဲက အထီးအမ မသိ​သေးတာ​လေး​မပါ​သေးလို့။သူ့ဘဝ​လေးဟာ မ​တွေးရဲစရာ။
"သွားကြစို့"
အမြဲလိုလို လန်းဆန်းတက်​ကြွ​နေတဲ့ဗိုက်​လေးကို Jungkookအ​တော်​လေးပင်​လက်​ဖျားခါမိသည်​။ရုတ်​တရက်​သူ့ကိုယ်​သူကားမှန်​ထဲမှန်​ကြည့်​မိ​တော့ မျက်​လုံးနှစ်​လုံးက​ချောက်​ထဲကျ​နေပြီလားလို့​တွေးမိသည်​။​တော်​ပါ​သေးရဲ့ အဲ့​လောက်​ထိမဆိုး​သေးလို့။
"အပြန်​ကျရင်​ပူတင်းဝယ်​ကျွေးဦး"
"အင်း"
ကား​မောင်း​နေတာမို့ အင်း တစ်​လုံးသာ​ပြန်​ဖြေလိုက်​သည်​။မှိုရသွားတဲ့မျက်​နှာ​ကို တချက်​သာကြည့်​လိုက်​ပြီး နှာ​ခေါင်းရှုံ့လိုက်​သည်​။ချစ်​စနိုး​လေး​ပေါ့။တဆိတ်​လောက်​ငါဘာ​တွေလုပ်​နေမိတာလဲ?။
​ဆေးရုံဝင်းထဲ​ရောက်​တော့ သက်​ဆိုင်​ရာအ​ဆောင်​ကို​ဆေးရုံဝန်​ထမ်း​လေး​တွေကို​မေးပြီးသွားရသည်​။အိုးပူပူရဲ့ဖင်​ကို မျက်​နှာကပ်​ထားသလို Jungkookမျက်​နှာပူ​နေမိတာ ဘာ​ကြောင့်​လဲမသိ။Jiminက​တော့ သူ့​ဘေးမှာ လွယ်​နေကျကြိုးသိုင်းအိတ်​လေးကို ကိုင်​ရင်းဟိုဟိုဒီဒီမျက်​စိကစား​နေသည်​။
"လာ ဒီအ​ပေါ်တစ်​ထပ်​ဆို​ရောက်​ပြီ"
"​အော အင်း"
​ငေး​မော​နေဆဲလူသားလက်​ကိုဆွဲကာ​ဆေးရုံဝန်​ထမ်းညွှန်​ပြတဲ့လမ်းအတိုင်း တက်​လာခဲ့လိုက်​သည်​။တ​အောင့်​လောက်​နေ​တော့ သူတို့ရှာ​နေတဲ့ဆရာဝန်​ဆီ​ရောက်​လာခဲ့သည်​။
"​ဒေါက်​တာ Park Jiminနာမည်​နဲ့ ရက်​ချိန်းလုပ်​ထားပါတယ်​"
"ထိုင်​ပါ"
နှစ်​ယောက်​လုံး ထိုင်​ခုံမှာဝင်​ထိုင်​လိုက်​ရင်းက ဆရာဝန်​မေးတဲ့အချက်​အလက်​အချို့ကို စိတ်​လိုလက်​ရ​ဖြေကြရသည်​။ပြည့်​စုံ​လောက်​ပြီဆိုမှ စမ်းသပ်​ဖို့ပြင်​တော့သည်​။
"ကိုယ်​ဝန်​က​ခြောက်​ပတ်​ရှိသွားပြီ​နော်​"
ကုတင်​ပေါ်မှာ လှဲ​လျောင်းလျက်​ရှိသည့်​ကောင်​လေးက အသာအယာပင်​ခေါင်းငြိမ့်​ပြလာသည်​။Jungkookက​တော့ ကုတင်​နံ​ဘေးမြဲမြဲရပ်​လို့သာ။
"​ဒီအချိန်​ဆို သ​န္ဓေသားရဲ့ဦး​ခေါင်းက​နေ​ခြေဖျားအထိ​၄ မီလီမီတာက​နေ ၆ မီလီမီတာအထိ​ရောက်​နေပြီ​လေ အ​လေးချိန်​က​တော့ ၀.၄ဂရမ်​ပေါ့"
ဆရာဝန်​အမျိုးသမီးက စမ်းသပ်​ရင်းနဲ့ Jiminကိုတလှည့်​Jungkookကိုတလှည့်​ပြုံးပြုံးကြီး​ပြောပြ​နေသည်​။ခ​ရေ​စေ့တွင်းကျ နားမလည်​ပေမဲ့ Jungkookခမျာထိုသို့် လှမ်း​ပြောတိုင်း အ​ယောင်​ယောင်​အမှားမှားနဲ့​ခေါင်းသာငြိမ့်​ပြ​နေမိသည်​။
"ကဲ Ultrasound ရိုက်​ကြည့်​ရ​အောင်​"
လိုအပ်​တဲ့ ပြင်​ဆင်​မှု​တွေပြီး​တော့ Ultrasoundရိုက်​ခြင်း စတင်​တော့သည်​။ဖန်​သားပြင်​ပေါ်မှာမြင်​နေရတဲ့ သ​န္ဓေသား​လေးကိုကြည့်​ပြီး Jungkookရင်​ခုန်​သွားမိသည်​။
"ကြည့်​ပါဦး က​လေး​လေးရဲ့နှလုံးစခုန်​နေပြီ "
ဆရာဝန်​မရဲ့စကား​ကြောင့်​Jungkookတစ်​ယောက်​ဖန်​သားပြင်​ကိုအပြူးအပြဲကြည့်​လိုက်​မိသည်​။ဟုတ်ပါရဲ့ နှ​လုံးခုန်​နေတာ အမှန်​ပဲ။
[ကိုယ်​ဝန်​ခြောက်​ပတ်​ထဲမှာဆို သ​န္ဓေသားဟာ မျက်​စိ၊နား၊နှုတ်​ခမ်း၊လျှာ၊ပါးစပ်​တွေစတင် ဖွံ့​ဖြိုး​နေပြီဖြစ်​သည်​။ဦး​နှောက်နှင့်​ဦး​ခေါင်းပိုင်းဆိုင်​ရာ အာရုံ​ကြော​တွေလည်း စတင်​ဖြစ်​ပေါ်လာပါပြီ။]
"သားသား​လေးလား မီးမီး​လေးလားက​တော့ ကိုယ်​ဝန်​ဆယ့်ေ​လးပတ်​ထဲ​ရောက်​မှ ကြည့်​လို့ရမယ်​အဲ့အချိန်​က ပို​သေချာတာ​ပေါ့"
"ဟုတ်​ကဲ့"
"Morning sickness​တော့ရှိမယ်​လေ့ကျင့်​ခန်းအ​သေးစား​လေး​တွေလုပ်​ပေးဖို့လိုမယ်​လမ်းတို​လျှောက်​တာမျိုး၊​(ကိုယ်​ဝန်​ဆောင်​)​ယောဂလုပ်​တာမျိုး​ပေါ့"
"ဟုတ်​ကဲ့​ဒေါက်​တာ"
ကုတင်​ပေါ်ရှိ ကိုယ်​ဝန်​ဆောင်​ကမ​ဖြေရဘဲ Jungkookကပဲ ဟုတ်​ကဲ့​နေတာမို့ ဆရာဝန်​မက တချက်​ကြိတ်​ပြုံးလိုက်​သည်​။ဒါ​ကို​တော့ Jungkookမမြင်​လိုက်​။
"ဖွံ့ဖြိုးမှုကပုံမှန်​ဆို​တော့ စိုးရိမ်​စရာမရှိပါဘူး​ဆောင်​ရန်​၊​ရှောင်​ရန်​လေး​တွေ​ပြောဖို့ပဲကျန်​တော့တယ်​"
Jiminကုတင်​က ဆင်းဖို့ပြင်​တော့ Jungkookကကူညီ​ပေးသည်​။ပုံမှန်​ထက်​ပင်​နူးညံ့ညင်​သာ​နေတာမို့ Jiminမှာ မျက်​လုံး​လေးကလယ်​ကလယ်​နဲ့သာ။
"Folic acid​သောက်​ပေးရမယ်​က​လေးကိုထိခိုက်​စေမဲ့ပိုး​တွေပါနိုင်​တဲ့ အသားစိမ်း၊ငါးစိမ်းရယ်​မကျက်​သေးတဲ့နို့၊ကြက်​ဥ​တွေ မစားမိ​စေနဲ့ ဟုတ်​ပြီလား"
"ဟုတ်​ဒေါက်​တာ"
ဒီတခါဝင်​ဖြေလိုက်​သူက Jimin။
"ဒါဆို သွားခွင့်​ပြုပါဦး​ဒေါက်​တာ"
"​ကောင်းပါပြီ"
Omega Specialist တဖြစ်​လည်း​ဆရာဝန်​အမျိုးသမီးကို နှုတ်​ဆက်​ပြီးတာနဲ့​ဆေးရုံ​အောက်​ထပ်​ကိုပြန်​ဆင်းခဲ့လိုက်​သည်​။​ဆေးရုံ​ရှေ့က ပန်းခြံနား​ရောက်​တော့​ခေါ်သံကြားလိုက်​ရသည်​။
"Jungkook?"
"ဟင်​Chamin Hyung?(ချာမင်​)"
​ကျောက်​ပတ်​တီးစီးထားတဲ့လက်​ပိုင်​ရှင်​Hyungဖြစ်​သူနဲ့ စကား​ပြောဖို့ Jiminကိုအနီးနားပန်းခြံထဲ ထိုင်​ခုံတစ်​ခု​ပေါ်မှာ ခဏထိုင်​ခိုင်းထားလိုက်​သည်​။
"Hyungလက်​ကဘယ်​လိုဖြစ်​တာလဲ"
"​အော်​ဒီတိုင်း ရန်​ဖြစ်​တာပါ"
"ရန်​ဖြစ်​တယ်​?"
Chamin Hyungလိုလူက ရန်​ဖြစ်​တယ်​ဆိုတာကြား​တော့ Jungkookအံ့ဩသွားရသည်​။ဟုတ်​တယ်​လေ Chamin Hyungဆိုတာ ဟိုးငယ်​စဉ်​ကတည်းက အတန်း​ခေါင်း​ဆောင်​ဖြစ်​တဲ့အပြင်​လိမ္မာယဉ်​ကျေးတဲ့သူတစ်​ယောက်​။သူနဲ့​တော့တခြားစီ။
"​အေးကွာ ငါလည်းမဖြစ်​ဖို့ထိန်းပါ​သေးတယ်​"
"Hyungလိုလူကို​တောင်​ဒေါသဖြစ်​အောင်​လုပ်​ပုံ​ထောက်​ရင်​နယ်​နယ်​ရရမဟုတ်​လောက်​ဘူး"
"ဟဟ ဟုတ်​လောက်​မယ်​"
"လက်​ပဲလား ကျန်​တာ​ရော?"
Jungkookစကား​ကြောင့်​Chaminမျက်​နှာကမဲ့သွားသည်​။ထို့​နောက်​အညိုအမည်းအနည်းငယ်​နဲ့မျက်​နှာကိုပြကာ ခပ်​ဖွဖွရယ်​ရင်းက ပြန်​ဖြေလာသည်​။
"ဒီ​လောက်​နဲ့တင်​လုံ​လောက်​ပါပြီကွာ ဒါနဲ့ဟို​ကောင်​လေးက"
Chamin Hyungလက်​ညိုးထိုးရာကြည့်​လိုက်​တော့ ထိုင်​ခုံ​ပေါ်မှာထိုင်​ရင်း ကြိုးအိတ်​လေးကို​ကလိ​နေတဲ့ Jiminကို​တွေ့လိုက်​ရသည်​။
"ဟူး ဘယ်​လို​ပြောရမလဲ အဲ့omega​လေးက ကျွန်​တော့်​နဲ့ရတဲ့ကိုယ်​ဝန်​ဆောင်​ထားရတာ"
"ဝိုး....ငါ့​ညီ ပွကြီး​က ရမဲ့ရ​တော့လည်း အထုတ်​နဲ့အထည်​နဲ့ပါလား မိတ်​ဆက်​ပေးဦး​လေ"
Jungkookက​တော့ နှုတ်​ခမ်းတွန့်​ပြသည်​။ဆိုလိုတာက​ခေါင်းရှုပ်​စရာဆိုသည့်​သ​ဘော။​နောက်​တော့ နှစ်​ဦးသားကို မိတ်​ဆက်​ပေးဖို့ ပြင်​လိုက်​သည်​။
"Jimin ဒါငါ့အသိအကို နာမည်​က Song ChanMin...Hyung သူကPark Jimin"
ထိုင်​နေရာက အလိုက်​သိစွာထရပ်​လိုက်​တဲ့လူသားဆီကို Chamin hyungက ကျန်​နေ​သေးတဲ့လက်​တဖက်​နဲ့နှုတ်​ဆက်​ရန်အလို့ငှါ လက်​ကမ်းလိုက်​သည်​။
"ဟင်​"
သို့​သော်​Jiminလုပ်​လိုက်​သည့်​အပြုအမူ​ကြောင့်​Jungkookပင်​ကြောင်​အ,သွားရသည်​။လက်​ဆွဲနှုတ်​ဆက်​ဖို့​နေ​နေသာသာ​နောက်​ဆုတ်​သွားကာ Jungkook​နောက်​ကျောဆီမှာ​ဝင်​ပုန်းလိုက်​ခြင်း​ကြောင့်​ပင်​။
Jungkook အားနာသွားရကာ ဘာလုပ်​မှန်းမသိဖြစ်​သွားရသည်​။ဒီomegaအရင်​က အဲ့လိုမဟုတ်​ပါဘူး။သွက်​လိုက်​လည်​လိုက်​တာမှ မွတ်​နေတာကို။
"အာ Hyung သူကလူစိမ်း​ကြောက်​တတ်​တာ​ပြောဖို့​မေ့သွားတယ်​"
Jungkookက ဖာဖာ​ထေး​ထေး​ပြောလိုက်​မှ Chamin Hyungက နားလည်​ပြီဆိုသည့်​သ​ဘော အရိပ်​အကဲပြရှာသည်​။
"​Jiminပါ​တွေ့ရတာဝမ်းသာပါတယ်​"
​သောက်​လခွမ်းတဲ့မှ။ကိုယ်​က သူ့ဘက်​ကကာ​ပြော​ပေးလို့မှမဆုံး​သေး။​သ​ကောင့်​သားက​ချက်​ချင်းကြီး​နောက်​ကျောဘက်​ကထွက်​လာပြီး လက်​ဆွဲနှုတ်​ဆက်​လိုက်​ပြီ။
အမှန်​တကယ်​တော့ Jiminက လူ​ကြောက်​တတ်​တာမဟုတ်​။​ဆေးရုံထဲကထွက်​လာတဲ့ ခါအီ ကိုမြင်​လိုက်​ရတာ​ကြောင့်​အလျင်​အမြန်​Jungkook​နောက်​ဝင်​ပုန်းလိုက်​ရတာပင်​။
"သူကအဲ့လိုလည်း..အဟင်းဟင်း"
မ​ကျေနပ်​တာကို ရင်​ထဲမြိုချရင်းနဲ့ Jungkook လုပ်​ရယ်​ရယ်​လိုက်​မိသည်​။နည်းနည်း​လေး​တောင်မှ ချစ်​စရာမ​ကောင်းဘူး။
"Chaminပါ ထပ်​တူဝမ်းသာပါတယ်​"
ဘာ​ကြောင့်​မှန်းမသိ နှုတ်​ဆက်​တာက လိုတာထက်​ပင်​ပိုကြာ​နေသည်​ဟု Jungkookထင်​မိသည်​။​နောက်​ပြီး Chamin Hyungမျက်​လုံး​တွေက တစ်​စုံတစ်​ခုကိုအသည်းအသန်​စဉ်းစား​နေသလို။
"ဒါဆို ကျွန်​တော်​တို့ ပြန်​လိုက်​ဦးမယ်​Hyung"
"​အော အင်းအင်း ငါလည်းပြန်​တော့မှာ"
နှုတ်​ဆက်​ပြီးတာနဲ့ ခပ်​သွက်​သွင်​ပင်​နေရာက ထွက်​ခဲ့လိုက်​သည်​။ရုတ်​တရက်​ကြီး ရင်​ထဲမ​ကောင်းလာသလို။
"Jungkook ah မုန့်​သွားစားမယ်​နော်​"
​စောနကသူမဟုတ်​သလို ပြုံးရယ်​နေတဲ့လူသားက Jungkookလက်​တဖက်​ကိုဆွဲရင်း ကိုယ်​ကိုယမ်းလို့သာ။
"မ​ကျွေးဘူး"
"လိမ်​ရင်​နှာ​ခေါင်းကြီးပိုပွလိမ့်​မယ်​"
"ပွပါ​စေ"
ရယ်​သံလွင်​လွင်​လေးတို့က Jungkookနဲ့Jiminသွားရာ လမ်းတ​လျှောက်​ပြန့်​ကျဲ့လို့​နေသည်​။​ဆေးရုံဝန်းထဲ ကျန်​ရှိခဲ့သည့်​လူသည်​လည်း ထွက်​ခွာသွားတဲ့​နောက်​ကျောနှစ်​ခုကိုသာ မမှိတ်​မသုန်​စိုက်​ကြည့်​လျက်​။
OGCC
"မ​တွေ့​သေးဘူး ကျွန်​တော်​လည်းရှာ​နေတာပဲ"
​အိပ်​ရာ​ပေါ်မှာ​ခြေပစ်​လက်​ပစ်​လှဲရင်း သက်​မချလိုက်​မိသည်​။အားလားလား​လော​လောလတ်​လတ်​ထိုးခံထားရတဲ့ ပါးရိုးကလည်း နာလိုက်​ပုံများ။
"Daddyတို့ကိုယ်​တိုင်​လာစရာမလိုပါဘူး ကျွန်​တော်​ရှာ​နေတာပဲဟာ"
တဖက်​က ဘာ​ပြောလိုက်​လဲ​တော့မသိ။ခါအီမျက်​နှာက သံပုရာသီးစားလိုက်​မိသလို ရှုံ့တွသွားသည်​။
"သိပါတယ်​ဒါ​ပေမဲ့ အဲ့Hyungက အပုန်း​ကောင်းတာကိုး"
ရှာမ​တွေ့​သေးတဲ့ အကိုဖြစ်​သူကိုသာ အပြစ်​တင်​လိုက်​ပုံက ပီဘိက​လေးဆန်​နေ​တော့သည်​။အနည်းငယ်​သွေးစို့​နေတဲ့ လက်​ဆစ်​တွေ​ကို ငုံ့မိုးကြည့်​လိုက်​ချိန်​မှာ​တော့​ကောင်​လေးမျက်​ဝန်း​တွေက​မှောင်​ကျသွားသလို။
"Daddy သိလား ကျွန်​တော်​ဒီ​နေ့"
​ပြော​နေဆဲစကား​တွေက တဝက်​တပျက်​နဲ့ရပ်​တန့်​သွားသည်​။အသက်​ကိုအဝကြီးရှူလိုက်​ပြီးမှ
"ဘာမှမဟုတ်​ပါဘူး"
ဟူ၍ စကားစဖြတ်​ပစ်​လိုက်​သည်​။
"ဟုတ်​ကဲ့ Daddy"
ဖုန်းချပြီးတဲ့​နောက်​စိတ်​ရှုပ်​ထွေးသည့်​အမူအရာဖြင့်​ခေါင်းကဆံပင်​တွေကို ထိုးဖွလိုက်​သည်​။သူ ဒီကိုလာတာ လူတ​ယောက်​ကိုရှာဖို့။တနည်းအားဖြင့်​Jeremy Hyung။
သို့​ပေမဲ့ ခုချိန်​ထိ အရိပ်​လေး​တောင်​မမြင်​ရ​သေး။နာမည်​တူလည်းရှာမ​တွေ့တာမို့ နာမည်​ပြောင်းထားတာပဲဖြစ်​ရမည်​။ဟုတ်​တယ်​နာမည်​ပြောင်းထားတာ။
"Daddy...Hyungရဲ့Korean နာမည်​က ဘာလဲ"
အမြန်​ပင်​messageရိုက်​ပို့ပြီး​မေးလိုက်​သည်​။ချက်​ချင်းပြန်​ဝင်​လာတဲ့messageကို ဖတ်​လိုက်​ပြီး ခါအီတစ်​ယောက်​ပြုံးလိုက်​မိသည်​။ဒီတခါမိ​အောင်​ဖမ်းပြမယ်​။
စာတို​လေးထဲ​ရေးထားတာက Park Jimin ဆို​သော နာမည်​လေးပင်​။
OGCC
Huening Kai​လေးအတွက်​ဘာOTPမှာမပါပါဘူး​နော်​။Characterအသစ်​ထက်​စာရင်​ပိုမြင်​သာပြီးUSသား​လေးလည်း ဖြစ်​နေတာမို့ ထည့်​သွင်း​ရေးသားရခြင်းပါ။
ကိုယ်​ဝန်​ဆောင်​နဲ့ပတ်​သတ်​တဲ့အချက်​အလက်​ကို​တော့​လေ့လာမိသမျှ​ရေးထားပါတယ်​။တို့နဲ့ဝမ်​ရိ​ပေါ်ညားရင်​အသုံးဝင်​တာ​ပေါ့။
Zawgyi Version
"သွားကြစို့"
"အင်း"
"​အော အင်း"
"ထိုင်​ပါ"
"​ဒီအချိန်​ဆို သ​န္ဓသေားရဲ့ဦး​ခေါင်းက​နေ​ခြေဖျားအထိ​၄ မီလီမီတာက​နေ ၆ မီလီမီတာအထိ​ရောက်​နေပြီ​လေ အ​လေးချိန်​က​တော့ ၀.၄ဂရမ်​ပေါ့"
"ဟုတ်​ကဲ့"
"ဟုတ်​ကဲ့​ဒေါက်​တာ"
"ဟုတ်​ဒေါက်​တာ"
"​ကောင်းပါပြီ"
"Jungkook?"
"ရန်​ဖြစ်​တယ်​?"
"ဟဟ ဟုတ်​လောက်​မယ်​"
"လက်​ပဲလား ကျန်​တာ​ရော?"
"ဟင်​"
"မ​ကျွေးဘူး"
"ပွပါ​စေ"
OGCC
"ဘာမှမဟုတ်​ပါဘူး"
"ဟုတ်​ကဲ့ Daddy"
OGCC
Continue Reading
You'll Also Like
100K 6.5K 31
187K 21.4K 42
နတ်ဆိုးအိမ်ရှေ့စံတစ်ယောက် သူ့ကို သတ်ပစ်ရမယ့် တော်ဝင်စစ်သည်တော်နတ်သားတစ်ပါးဆီ ကျရှုံးခဲ့သည့်အခါ.... 𝐉𝐢𝐦𝐢𝐧(ᴍɪɴᴠɪʀᴀ) & 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤(ᴏʀᴘʜᴇᴜꜱ) 𝕂...
28.4K 3K 51
Harukyu Fan Fic (Just Fic)
69.4K 8K 15
complete💛 -ရွာကကာလသား ကိုလူပျိုဂျွန်‌ဂျောင်ဂုများ‌ကျောင်းဆရာလေးနားကကိုမခွာဘူးဟေ။ cover CRD!