With Zawgyi....
ခက္ထန္လြန္းလွစြာေသာအမုန္းတရားေတြနဲ႔အားၿပိဳင္လာတဲ့ႏူးညံသိမ္ေမြ႔ျခင္းအတိၿပီးတဲ့ခ်စ္ျခင္းတရားေတြ....
႐ူးမိုက္ျခင္းနတ္ဆိုးကမမ်ွတစြာဘဲ အမုန္းတရားရဲ႕ဘက္ေတာ္သားျဖစ္ေနခဲ့သည္မို႔....
႐ွံုးေလဦးေတာ့....အခ်စ္နတ္ဘုရားငယ္.....။
____________သခင္________________
"Jung Kook ငါ့ဟာငါဆင္းမယ္.."
University အေ႐ွ႕သို႔ ကားထိုးရပ္လိုက္သည္ႏွင့္ Tae Hyung အလ်င္အျမန္ Jung Kookအားေျပာလိုက္ရင္းျဖင့္ကားေပၚမွဆင္းဖို႔ရန္ျပင္ေလေတာ့သည္...။
သို႔ေသာ္လည္း လက္ေကာက္ဝတ္ကိုဖမ္းဆြဲတားကာျဖည္းညင္းစြာေခါင္းခါျပေနသည့္Jung Kookေၾကာင့္ သက္ျပင္းသာခ်ကာ ကားထဲဆက္ထိုင္ေနလိုက္ေတာ့သည္....။
လူေ႐ွ႕သူေ႐ွ႕ေရာက္လ်ွင္ ၾကက္သည္းေတြတျဖန္းျဖန္းထရေလာက္ေအာင္အႏုအရြေတြ ကိုအ႐ွက္မ႐ွိလုပ္တတ္လြန္းလွသည့္Jung Kookရဲ႕အက်င့္ေတြကို သူဘယ္လိုနည္းနဲ႔မွတားဆီးျခင္းငွါမစြမ္းႏိုင္ပါ....။
အခုလည္းကားတံခါးလာဖြင့္ေပးကာ ကားေပၚမွဆင္းဖို႔အတြက္ကို မင္းသမီးေတြလိုပံုစံမ်ိဳး လက္လာကမ္းေပးေနသည္မို႔ သည္းမခံႏိုင္စြာပုတ္ထုတ္လိုက္မိသည္...။
"ကိုယ့္ဟာကိုယ္ဆင္းတတ္....အေမ့!!!.."
စကားပင္မဆံုးလိုက္ရဘဲ႐ုတ္တရက္ဆန္စြာေဆြ႔ခနဲေပြ႔ခ်ီခံရမႈေၾကာင့္ Tae Hyung အသက္႐ွဴပင္ခဏတာရပ္တန္႔သြားမိသည္....။
"Ju...Jung...Kook....ဘာ...ဘာလုပ္တာလဲ.."
"အဟက္...ဘယ္လိုျဖစ္ရတာလဲplay boyႀကီး...စကားေတြေတာင္ထစ္ကုန္ၿပီ..ဘာလဲရင္ခုန္သြားလို႔လား.."
"ေစာက္ပိုေတြမေျပာနဲ႔Jung Kook..ငါ့ကိုအခုေအာက္ခ်ေပး..."
ေက်ာင္းသားေတြပလူပ်ံေနတဲ့ဒီေနရာႀကီးမွာဒီလိုအေနအထားကေတာ္ေတာ္ကိုအေနရခက္ေစသည္မို႔ Tae Hyung မ်က္ႏွာေတြပင္ပူလာေနသလို...။
"Popo ေပးရင္ခ်ေပးမယ္...အခ်စ္ေလး.."
Tae Hyungမ်က္ႏွာနားကိုပါးလာကပ္ကာ လူယုတ္မာေလသံနဲ႔ စကားဆိုလာတဲ့Jung Kook....။
အဲဒီအေၾကာင္းေတြကိုႀကိဳသိေနလို႔Tae Hyungေစာေစာထဲကတစ္ေယာက္တည္းဆင္းသြားဖို႔ရာ တာဆူေနျခင္းသာ....။
"JUNG KOOK!!!...စေနာက္ေနတာေတြေတာ္လိုက္ေတာ့ရင္ေကာင္းမယ္...ငါအတန္းတက္ရဦးမယ္.."
"ရတယ္ေလ.ဒါဆို..အတန္းထဲအထိကြၽန္ေတာ္လိုက္ပို႔ေပးမယ္...သြားစို႔..."
"ခ...ခဏ...ခဏ..."
ဒီပံုစံအတိုင္းနဲ႔ အတန္းထိေရာက္သြားခဲ့လ်ွင္ Tae Hyungေသဖို႔သာ႐ွိေတာ့သည္မို႔ မ်က္လံုးစံုမွိတ္ကာ Jung Kookရဲ႕ပါးျပင္ကိုလွမ္းနမ္းလိုက္ေတာ့သည္...။
"ရၿပီဟုတ္လား...ခ်ေပးေတာ့.."
Jung Kookရဲ႕လက္ကလြတ္သည္ႏွင့္ အဆမတန္နီရဲေနသည့္မ်က္ႏွာကိုHoodieေခါင္းစြပ္ႏွင့္ဖံုးကြယ္ကာ ေျခလွမ္းေတြကိုမေျပးရံုတမယ္ သုတ္ေျခတင္လွမ္းေလ်ွာက္မိေတာ့သည္....။
S**t Jung Kook!! လူယုတ္မာေကာင္!!
တစ္ခ်ိန္တစ္ခါကအႀကိမ္ႀကိမ္႐ိုက္ခဲ့ဖူးတဲ့ပါးျပင္အတြက္တန္ျပန္သက္ေရာက္မႈက ႏူးညံတဲ့ႏႈတ္ခမ္းေတြဆိုတာTae Hyungႀကိဳသိခဲ့လ်ွင္......။
စိတ္ကူးယဥ္ပံုျပင္ေတြထဲကလိုTime Machineသာ႐ွိခဲ့ရင္မင္းနဲ႔မေတြ႔ဆံုခင္ကအခ်ိန္ေတြကိုျပန္သြားခ်င္တယ္Jung Kook...။
ငါမင္းရဲ႕နတ္ဆိုးမျဖစ္ခ်င္ဘူး...။
ေျခလွမ္းသြက္ေတြကိုေခတၱရပ္တန္႔ကာ ထြက္ခြာသြားတဲ့ကားေလးကို Tae Hyung မ်က္စိတဆံုးလိုက္ၾကည့္ေနမိသည္....။
မင္းငါ့ကိုရင္ခုန္သြားတာလားလို႔ေမးတယ္Jung Kook...ဒါေပမယ့္ငါမင္းကိုမေမးခဲ့ဘူးထင္တယ္...။
မင္းႏွလံုးသားနဲ႔အနီးကပ္ဆံုးေနရာမွာ႐ွိေနခဲ့တဲ့ငါ့ရဲ႕နားေတြကေျပာတယ္Jung Kook...။ ရင္ခုန္သံေတြကိုၾကားေနရတယ္တဲ့ေလ....။
ငါကဘယ္ေတာ့မွမင္းကိုဒူးေထာက္အ႐ွံုးေပးမွာမဟုတ္တာမို႔...မင္းကငါ့ကိုဆက္မုန္းေနဖို႔လိုအပ္တာမို႔...အဲဒီအသံေတြကိုငါ မၾကားခ်င္ေယာင္ေဆာင္ထားမယ္Jung Kook.....။
ျဖစ္တယ္ဟုတ္လား....။
_______________သခင္_____________
"အာ့..!!.."
နားထဲတြင္နားၾကပ္တပ္ၿပီးေလာကႀကီးကိုခဏေမ့ေလ်ာ့ကာ Tae Hyung ကန္တင္း႐ွိရာသို႔တစ္ေယာက္တည္းေလ်ွာက္လာေနစဥ္ လူတစ္ေယာက္နဲ႔မေတာ္တဆတိုက္မိသြားျခင္း...။
"ေတာင္းပန္ပါတယ္..."
အ႐ွိန္နဲ႔လဲက်သြားတဲ့သူမကိုေတာင္းပန္စကားေျပာရင္းကTae Hyung ဆြဲထူေပးလိုက္မိသည္...။
ဒါသည္noonaႏွင့္သူ၏ပထမဆံုးအႀကိမ္ေတြ႔ဆံုမႈ...။
"ဘယ္ေနရာထိသြားေသးလဲမသိ...."
"အာ...ရပါတယ္ ေမာင္ေလး...တို႔ဘာမွမျဖစ္ဘူး..."
အျပံဳးေလးတစ္ပြင့္နဲ႔ ျပန္လည္တံု႔ျပန္လာတဲ့သူမရဲ႕မ်က္ဝန္းေတြက စပါးႀကီးေႁမြတစ္ေကာင္ပမာ ညႇိဳ႕ခ်က္ျပင္းသည္ဟုTae Hyungထင္လိုက္မိသည္....။
"ဟုတ္ကဲ့...ဒါဆိုကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး..."
သူမေ႐ွ႕တြင္ၾကာၾကာရပ္မေနခ်င္တာမို႔အလ်င္အျမန္ႏႈတ္ဆက္ၿပီထြက္လာခဲ့သည္....။
"ထပ္ေတြ႔ၾကမယ္...တို႔နာမည္ကOh Se Jin လို႔ေခၚတယ္...မွတ္ထားေနာ္..."
Oh Se Jin...လွသည္...။ ၿငိမ္းခ်မ္းေစသည့္အလွမ်ိဳးေတာ့မဟုတ္....။ အဆိပ္ျပင္းသည့္ ပူေလာင္လြန္းလွသည့္ ညႇိဳ႕ခ်က္ျပင္းလြန္းလွသည့္အလွမ်ိဳးသာ....။
ခဏတာေတြ႔ဆံုခဲ့သည့္သူမ၏ မ်က္ႏွာသည္အဲဒီေန႔ကတစ္ေနကုန္Tae Hyung၏ စိတ္ထဲ၌ ေနရာယူခဲ့ေလေတာ့သည္....။
ေနာက္ထပ္တစ္ရက္တြင္လည္း တိုက္ဆိုင္စြာပင္သူမႏွင့္ထပ္မံဆံုေတြ႔ခဲ့သည္...။ သူမဘက္ကတမင္ဖန္တီးခဲ့တဲ့တိုက္ဆိုင္မႈဆိုတာကိုေတာ့Tae Hyungမသိခဲ့ေခ်....။
သူမသည္Tae Hyungထက္သံုးႏွစ္ႀကီး၍ ဒီuniversityမွာပင္တက္ေနေသာညီမျဖစ္သူကို အႀကိဳအပို႔လုပ္ေနျခင္းျဖစ္ေၾကာင္းသိခြင့္ရခဲ့သည္....။
သူမကTae Hyung၏ ဘဝအေၾကာင္းကိုေတာ့တစိုးတစဥ္းမ်ွမေမးခဲ့ေပ...။
သူမကTae Hyungႏွင့္ခင္မင္ခြင့္ရသည္ကိုအရမ္းေပ်ာ္ေၾကာင္းေျပာေနခဲ့ေပမယ့္ Tae Hyung မႏွစ္ၿမိဳ႕မိပါ....။ သူမႏွင့္ေတြ႔လိုက္တိုင္း စူး႐ွေတာက္ပပူေလာင္လြန္းလွသည့္အလွတရားေတြနဲ႔ ညႇိဳ႕ယူျခင္းခံေနရသလိုမြန္းၾကပ္လွသည္ဟု Tae Hyungထင္မိသည္...။
Jung Kook...ငါ့ေတာ့ပက္ပက္စက္စက္အညႇိဳ႕ခံေနရၿပီနဲ႔တူတယ္....။ ငါမင္းအေပၚအျပစ္ထပ္လုပ္မိျပန္ၿပီလားJung Kook....။
ငါေ႐ွ႕ဆက္တိုးဖို႔သင့္ရဲ႕လား....။ အရမ္းႀကီးမတရားလြန္းရာက်သြားေလမလား....။
_______________________________________________
"Jung Kook...ငါ့ကိုလာမႀကိဳပါနဲ႔လား...ငါ့ဟာငါျပန္လို႔ုျဖစ္တယ္...မင္းလည္းအလုပ္႐ႈပ္ေနတာမဟုတ္ဘူးလား..."
ႏွစ္ေယာက္အတူတိတ္ဆိတ္စြာညစာစားေနခ်ိန္ Tae Hyungစကားစလိုက္သည္....။
Tae Hyungစကားၾကားေတာ့Jung Kookကနဖူးကိုကုတ္ၿပီးအတန္ၾကာစဥ္းစားဟန္ျပဳၿပီးမွ
"ခင္ဗ်ားသေဘာ...ထြက္ေျပးဖို႔ေတာ့မၾကံနဲ႔ေနာ္Kim Tae Hyung...ကြၽန္ေတာ့္ရင္ခြင္ထဲကေနခင္ဗ်ားဘယ္ကိုမွထြက္သြားခြင့္မ႐ွိဘူး..."
အေျပာမႀကီးနဲ႔Jung Kook....။ အခုေတာ့မဟုတ္ေသးေပမယ့္တစ္ေန႔ေန႔ေတာ့ မင္းအနားကငါေသခ်ာေပါက္ထြက္သြားမွာ....။
အခုေတာ့မင္းေက်နပ္ေလာက္တဲ့အထိငါ့ကိုလက္စားေခ်ခြင့္ျပဳထားတယ္Jung Kook...။
"မင္းတကယ္႐ူးေနၿပီJung Kook..."
Tae Hyungထိုစကားတစ္ခြန္းကိုသာေျပာၿပီး ထမင္းစားပြဲမွထလာခဲ့လိုက္သည္....။
Jung Kookဘာေတြၾကံစည္ၿပီးဘာေတြလုပ္ေနလဲဆိုတာသူတကယ္မသိေတာ့ပါ....။
အခုတေလာ သူ႔ကိဳလိုတာထက္ပင္ပိုၿပီးၿပီးျပည့္စံုေအာင္ထားသည္....။ အရင္ကေရႊဘံုစံသူေဌးသားဘဝကိုပင္ျပန္ေရာက္သြားသလို....။
အၿငိဳးအေတးေတြနဲ႔လက္စားေခ်ေနရာမွ ေျပာင္းလဲသြားခဲ့တာမို႔....သံသယစိတ္ေတြေၾကာင့္ႏႈတ္ကပင္ငါ့ကိုခ်စ္ေနလားလို႔ ထြက္ၿပီးေမးခဲ့ေပမယ့္ အေၾကာက္အကန္ျငင္းဆန္ခဲ့တာလည္းJung Kookပင္....။
ဟိုမေရာက္ဒီမေရာက္အေျခအေနေတြၾကားတဲ့ေရာက္မွန္းမသိေရာက္ေနတာသူႏွင့္Jung Kookသာ...။
ဘယ္လိုဆက္ဆံေရးမ်ိဳးမွန္းကိုနာမည္တပ္လို႔မရ....။
ဒီလိုမ်ိဳးပံုစံေတြလုပ္ေနမယ့္အစားငါ့ကို႐ိုက္ႏွက္ႏွိပ္စက္ၿပီးအေႂကြးေတြေက်ေအာင္လက္စားေခ်လိုက္ပါေတာ့လားJung Kook ရယ္....။
မင္းအေပၚတင္ေနတဲ့အေႂကြးေတြေက်ၿပီးငါမင္းအနားကထြက္သြားခ်င္တယ္Jung Kook...။ မင္းနဲ႔ငါ့ရဲ႕ေရစက္ဆိုးကိုငါျဖတ္လိုက္ခ်င္ၿပီ....။
Jung Kookျဖည့္ဆည္းေပးတဲ့ျပည့္စံုမႈေတြကိုလည္းTae Hyungစိတ္သန္႔သန္႔နဲ႔မသံုးႏိုင္တာမို႔ ကိုယ္တတ္ႏိုင္သေလာက္စြမ္းအားနဲ႔အလုပ္လုပ္ဖို႔ဆံုးျဖတ္ထားတာမို႔ Jung Kookကိုညေနလာမႀကိဳဖို႔ေျပာျခင္းသာ...။
ညေနအတန္းၿပီးရင္ အခ်ိန္ပိုင္းအလုပ္လုပ္ဖို႔အတြက္စီစဥ္ၿပီးၿပီမဟုတ္ပါလား....။
Bank accထဲတြင္Jung Kookျဖည့္ထားေပးသည့္ေငြေတြကိုTae Hyungလက္ဖ်ားနဲ႔ပင္မထိလိုပါ....။
Jung Kookကိုစပြန္ဆာ႐ွာၿပီး ယူထားတယ္ဆိုတဲ့စကားေတြကTae Hyungအတြက္ေတာ့ အေသသတ္ခံရတာထက္ပင္နာသည္....။
မင္းေျပာသလိုဆိုရင္ေတာ့ သံုးစားမရတဲ့မာနေတြအရမ္းႀကီးေနတာေပါ့Jung Kook...အဟက္...။
ေနာက္တစ္ေန႔တြင္ကတိေပးထားသလိုပင္Jung Kookေက်ာင္းကိုေရာက္မလာခဲ့တာမို႔ Tae Hyungစိတ္သက္သာရာရသြားၿပီးအခ်ိန္ပိုင္းအလုပ္႐ွိရာသို႔ထြက္လာခဲ့သည္.....။
တီ....တီ...
အေနာင္မွကားဟြန္းတီးသံေၾကာင့္Tae Hyungလွည့္ၾကည့္လိုက္မိေတာ့
"Aww....noona..."
"အိမ္ကလူလာမႀကိဳဘူးလား Tae..."
"ဟမ္..."
သူမ၏အေႏွာင့္အသြားမလြတ္သည့္စကားေၾကာင့္Tae Hyung တုန္လႈပ္သြားမိသည္...။
သူမအစထဲကသိေနခဲ့တာလား....။
"တက္ေလ noonaလိုက္ပို႔ေပးမယ္..."
Tae Hyungျငင္းေနေပမယ့္အတင္းလိုက္ပို႔မယ္ေျပာေနသည့္သူမေၾကာင့္သက္ျပင္းမသိမသာခ်ကာကားေပၚတက္လိုက္ရေတာ့သည္....။
"Tae ကအခ်ိန္ပိုင္းအလုပ္လုပ္ဖို႔လိုအပ္တဲ့အေျခအေနမို႔လား..."
ဒါကTae Hyungဘဝႏွင့္ပတ္သက္ၿပီးသူမေမးသည့္ပထမဆံုးေသာစကား....။
"အင္း...ဒီလိုပါပဲ..."
"Taeဒီဘဝမွာေနမေပ်ာ္ဘူးလား..."
"Noona! noonaမဟုတ္မွ...."
"ဘာလဲTae..ဘာေမးဖို႔လဲ..."
သူမတကယ္ပဲအစထဲကသိေနခဲ့တာဆိုရင္....Tae Hyung သူမအေပၚတိမ္းၫႊတ္လာေအာင္အေျခအေနေတြဖန္တီးေနတာက....ဘာေၾကာင့္မ်ားလဲ....။
ဒီအခ်ိန္တြင္Tae Hyungဘက္ကစကားတစ္ခြန္းေျပာလိုက္သည္ႏွင့္ သူတို႔ႏွစ္ေယာက္ အဆင့္တစ္ခုအထိေရာက္သြားမည္မွာမလြဲ....။
Oh Se Jin.....တကယ္ပဲဘာလဲ....။
"ဘာမွမဟုတ္ေတာ့ဘူး..."
Tae Hyungစိတ္ေတြအရမ္း႐ႈပ္ေထြးလြန္းေနသည္...။
Jung Kookရဲ႕စိတ္ရင္းအမွန္ကိုပဲ႐ွာေဖြရမလား...။ သူမရဲ႕ညႇိဳ႕စက္ကြင္းထဲမွာပဲ က်႐ွံုးလိုက္ရမလား...။
အရာအားလံုးဆီကေနထြက္ေျပးသြားလိုက္ရမလား...။
အခ်စ္ဆိုတာဘာလဲJung Kook....။
ေသခ်ာတစ္ခုက ငါမခ်စ္တတ္ေသးဘူးထင္တယ္....။
_____________သခင္______________
Special Thanks To My All Readers💜💜
တစ္ပိုင္းထက္တစ္ပိုင္းၾကာလာတဲ့updateေတြေၾကာင့္ကိုယ့္ကိုကိုယ္စိတ္ပ်က္ၿပီးဆက္မေရးေတာ့ဖို႔ေတြးေနမိၿပီ😢
With unicode....
ခက်ထန်လွန်းလှစွာသောအမုန်းတရားတွေနဲ့အားပြိုင်လာတဲ့နူးညံသိမ်မွေ့ခြင်းအတိပြီးတဲ့ချစ်ခြင်းတရားတွေ....
ရူးမိုက်ခြင်းနတ်ဆိုးကမမျှတစွာဘဲ အမုန်းတရားရဲ့ဘက်တော်သားဖြစ်နေခဲ့သည်မို့....
ရှုံးလေဦးတော့....အချစ်နတ်ဘုရားငယ်.....။
____________သခင်________________
"Jung Kook ငါ့ဟာငါဆင်းမယ်.."
University အရှေ့သို့ ကားထိုးရပ်လိုက်သည်နှင့် Tae Hyung အလျင်အမြန် Jung Kookအားပြောလိုက်ရင်းဖြင့်ကားပေါ်မှဆင်းဖို့ရန်ပြင်လေတော့သည်...။
သို့သော်လည်း လက်ကောက်ဝတ်ကိုဖမ်းဆွဲတားကာဖြည်းညင်းစွာခေါင်းခါပြနေသည့်Jung Kookကြောင့် သက်ပြင်းသာချကာ ကားထဲဆက်ထိုင်နေလိုက်တော့သည်....။
လူရှေ့သူရှေ့ရောက်လျှင် ကြက်သည်းတွေတဖြန်းဖြန်းထရလောက်အောင်အနုအရွတွေ ကိုအရှက်မရှိလုပ်တတ်လွန်းလှသည့်Jung Kookရဲ့အကျင့်တွေကို သူဘယ်လိုနည်းနဲ့မှတားဆီးခြင်းငှါမစွမ်းနိုင်ပါ....။
အခုလည်းကားတံခါးလာဖွင့်ပေးကာ ကားပေါ်မှဆင်းဖို့အတွက်ကို မင်းသမီးတွေလိုပုံစံမျိုး လက်လာကမ်းပေးနေသည်မို့ သည်းမခံနိုင်စွာပုတ်ထုတ်လိုက်မိသည်...။
"ကိုယ့်ဟာကိုယ်ဆင်းတတ်....အမေ့!!!.."
စကားပင်မဆုံးလိုက်ရဘဲရုတ်တရက်ဆန်စွာဆွေ့ခနဲပွေ့ချီခံရမှုကြောင့် Tae Hyung အသက်ရှူပင်ခဏတာရပ်တန့်သွားမိသည်....။
"Ju...Jung...Kook....ဘာ...ဘာလုပ်တာလဲ.."
"အဟက်...ဘယ်လိုဖြစ်ရတာလဲplay boyကြီး...စကားတွေတောင်ထစ်ကုန်ပြီ..ဘာလဲရင်ခုန်သွားလို့လား.."
"စောက်ပိုတွေမပြောနဲ့Jung Kook..ငါ့ကိုအခုအောက်ချပေး..."
ကျောင်းသားတွေပလူပျံနေတဲ့ဒီနေရာကြီးမှာဒီလိုအနေအထားကတော်တော်ကိုအနေရခက်စေသည်မို့ Tae Hyung မျက်နှာတွေပင်ပူလာနေသလို...။
"Popo ပေးရင်ချပေးမယ်...အချစ်လေး.."
Tae Hyungမျက်နှာနားကိုပါးလာကပ်ကာ လူယုတ်မာလေသံနဲ့ စကားဆိုလာတဲ့Jung Kook....။
အဲဒီအကြောင်းတွေကိုကြိုသိနေလို့Tae Hyungစောစောထဲကတစ်ယောက်တည်းဆင်းသွားဖို့ရာ တာဆူနေခြင်းသာ....။
"JUNG KOOK!!!...စနောက်နေတာတွေတော်လိုက်တော့ရင်ကောင်းမယ်...ငါအတန်းတက်ရဦးမယ်.."
"ရတယ်လေ.ဒါဆို..အတန်းထဲအထိကျွန်တော်လိုက်ပို့ပေးမယ်...သွားစို့..."
"ခ...ခဏ...ခဏ..."
ဒီပုံစံအတိုင်းနဲ့ အတန်းထိရောက်သွားခဲ့လျှင် Tae Hyungသေဖို့သာရှိတော့သည်မို့ မျက်လုံးစုံမှိတ်ကာ Jung Kookရဲ့ပါးပြင်ကိုလှမ်းနမ်းလိုက်တော့သည်...။
"ရပြီဟုတ်လား...ချပေးတော့.."
Jung Kookရဲ့လက်ကလွတ်သည်နှင့် အဆမတန်နီရဲနေသည့်မျက်နှာကိုHoodieခေါင်းစွပ်နှင့်ဖုံးကွယ်ကာ ခြေလှမ်းတွေကိုမပြေးရုံတမယ် သုတ်ခြေတင်လှမ်းလျှောက်မိတော့သည်....။
S**t Jung Kook!! လူယုတ်မာကောင်!!
တစ်ချိန်တစ်ခါကအကြိမ်ကြိမ်ရိုက်ခဲ့ဖူးတဲ့ပါးပြင်အတွက်တန်ပြန်သက်ရောက်မှုက နူးညံတဲ့နှုတ်ခမ်းတွေဆိုတာTae Hyungကြိုသိခဲ့လျှင်......။
စိတ်ကူးယဉ်ပုံပြင်တွေထဲကလိုTime Machineသာရှိခဲ့ရင်မင်းနဲ့မတွေ့ဆုံခင်ကအချိန်တွေကိုပြန်သွားချင်တယ်Jung Kook...။
ငါမင်းရဲ့နတ်ဆိုးမဖြစ်ချင်ဘူး...။
ခြေလှမ်းသွက်တွေကိုခေတ္တရပ်တန့်ကာ ထွက်ခွာသွားတဲ့ကားလေးကို Tae Hyung မျက်စိတဆုံးလိုက်ကြည့်နေမိသည်....။
မင်းငါ့ကိုရင်ခုန်သွားတာလားလို့မေးတယ်Jung Kook...ဒါပေမယ့်ငါမင်းကိုမမေးခဲ့ဘူးထင်တယ်...။
မင်းနှလုံးသားနဲ့အနီးကပ်ဆုံးနေရာမှာရှိနေခဲ့တဲ့ငါ့ရဲ့နားတွေကပြောတယ်Jung Kook...။ ရင်ခုန်သံတွေကိုကြားနေရတယ်တဲ့လေ....။
ငါကဘယ်တော့မှမင်းကိုဒူးထောက်အရှုံးပေးမှာမဟုတ်တာမို့...မင်းကငါ့ကိုဆက်မုန်းနေဖို့လိုအပ်တာမို့...အဲဒီအသံတွေကိုငါ မကြားချင်ယောင်ဆောင်ထားမယ်Jung Kook.....။
ဖြစ်တယ်ဟုတ်လား....။
_______________သခင်_____________
"အာ့..!!.."
နားထဲတွင်နားကြပ်တပ်ပြီးလောကကြီးကိုခဏမေ့လျော့ကာ Tae Hyung ကန်တင်းရှိရာသို့တစ်ယောက်တည်းလျှောက်လာနေစဉ် လူတစ်ယောက်နဲ့မတော်တဆတိုက်မိသွားခြင်း...။
"တောင်းပန်ပါတယ်..."
အရှိန်နဲ့လဲကျသွားတဲ့သူမကိုတောင်းပန်စကားပြောရင်းကTae Hyung ဆွဲထူပေးလိုက်မိသည်...။
ဒါသည်noonaနှင့်သူ၏ပထမဆုံးအကြိမ်တွေ့ဆုံမှု...။
"ဘယ်နေရာထိသွားသေးလဲမသိ...."
"အာ...ရပါတယ် မောင်လေး...တို့ဘာမှမဖြစ်ဘူး..."
အပြုံးလေးတစ်ပွင့်နဲ့ ပြန်လည်တုံ့ပြန်လာတဲ့သူမရဲ့မျက်ဝန်းတွေက စပါးကြီးမြွေတစ်ကောင်ပမာ ညှို့ချက်ပြင်းသည်ဟုTae Hyungထင်လိုက်မိသည်....။
"ဟုတ်ကဲ့...ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး..."
သူမရှေ့တွင်ကြာကြာရပ်မနေချင်တာမို့အလျင်အမြန်နှုတ်ဆက်ပြီထွက်လာခဲ့သည်....။
"ထပ်တွေ့ကြမယ်...တို့နာမည်ကOh Se Jin လို့ခေါ်တယ်...မှတ်ထားနော်..."
Oh Se Jin...လှသည်...။ ငြိမ်းချမ်းစေသည့်အလှမျိုးတော့မဟုတ်....။ အဆိပ်ပြင်းသည့် ပူလောင်လွန်းလှသည့် ညှို့ချက်ပြင်းလွန်းလှသည့်အလှမျိုးသာ....။
ခဏတာတွေ့ဆုံခဲ့သည့်သူမ၏ မျက်နှာသည်အဲဒီနေ့ကတစ်နေကုန်Tae Hyung၏ စိတ်ထဲ၌ နေရာယူခဲ့လေတော့သည်....။
နောက်ထပ်တစ်ရက်တွင်လည်း တိုက်ဆိုင်စွာပင်သူမနှင့်ထပ်မံဆုံတွေ့ခဲ့သည်...။ သူမဘက်ကတမင်ဖန်တီးခဲ့တဲ့တိုက်ဆိုင်မှုဆိုတာကိုတော့Tae Hyungမသိခဲ့ချေ....။
သူမသည်Tae Hyungထက်သုံးနှစ်ကြီး၍ ဒီuniversityမှာပင်တက်နေသောညီမဖြစ်သူကို အကြိုအပို့လုပ်နေခြင်းဖြစ်ကြောင်းသိခွင့်ရခဲ့သည်....။
သူမကTae Hyung၏ ဘဝအကြောင်းကိုတော့တစိုးတစဉ်းမျှမမေးခဲ့ပေ...။
သူမကTae Hyungနှင့်ခင်မင်ခွင့်ရသည်ကိုအရမ်းပျော်ကြောင်းပြောနေခဲ့ပေမယ့် Tae Hyung မနှစ်မြို့မိပါ....။ သူမနှင့်တွေ့လိုက်တိုင်း စူးရှတောက်ပပူလောင်လွန်းလှသည့်အလှတရားတွေနဲ့ ညှို့ယူခြင်းခံနေရသလိုမွန်းကြပ်လှသည်ဟု Tae Hyungထင်မိသည်...။
Jung Kook...ငါ့တော့ပက်ပက်စက်စက်အညှို့ခံနေရပြီနဲ့တူတယ်....။ ငါမင်းအပေါ်အပြစ်ထပ်လုပ်မိပြန်ပြီလားJung Kook....။
ငါရှေ့ဆက်တိုးဖို့သင့်ရဲ့လား....။ အရမ်းကြီးမတရားလွန်းရာကျသွားလေမလား....။
_______________________________________________
"Jung Kook...ငါ့ကိုလာမကြိုပါနဲ့လား...ငါ့ဟာငါပြန်လို့ဖြစ်တယ်...မင်းလည်းအလုပ်ရှုပ်နေတာမဟုတ်ဘူးလား..."
နှစ်ယောက်အတူတိတ်ဆိတ်စွာညစာစားနေချိန် Tae Hyungစကားစလိုက်သည်....။
Tae Hyungစကားကြားတော့Jung Kookကနဖူးကိုကုတ်ပြီးအတန်ကြာစဉ်းစားဟန်ပြုပြီးမှ
"ခင်ဗျားသဘော...ထွက်ပြေးဖို့တော့မကြံနဲ့နော်Kim Tae Hyung...ကျွန်တော့်ရင်ခွင်ထဲကနေခင်ဗျားဘယ်ကိုမှထွက်သွားခွင့်မရှိဘူး..."
အပြောမကြီးနဲ့Jung Kook....။ အခုတော့မဟုတ်သေးပေမယ့်တစ်နေ့နေ့တော့ မင်းအနားကငါသေချာပေါက်ထွက်သွားမှာ....။
အခုတော့မင်းကျေနပ်လောက်တဲ့အထိငါ့ကိုလက်စားချေခွင့်ပြုထားတယ်Jung Kook...။
"မင်းတကယ်ရူးနေပြီJung Kook..."
Tae Hyungထိုစကားတစ်ခွန်းကိုသာပြောပြီး ထမင်းစားပွဲမှထလာခဲ့လိုက်သည်....။
Jung Kookဘာတွေကြံစည်ပြီးဘာတွေလုပ်နေလဲဆိုတာသူတကယ်မသိတော့ပါ....။
အခုတလော သူ့ကိုလိုတာထက်ပင်ပိုပြီးပြီးပြည့်စုံအောင်ထားသည်....။ အရင်ကရွှေဘုံစံသူဌေးသားဘဝကိုပင်ပြန်ရောက်သွားသလို....။
အငြိုးအတေးတွေနဲ့လက်စားချေနေရာမှ ပြောင်းလဲသွားခဲ့တာမို့....သံသယစိတ်တွေကြောင့်နှုတ်ကပင်ငါ့ကိုချစ်နေလားလို့ ထွက်ပြီးမေးခဲ့ပေမယ့် အကြောက်အကန်ငြင်းဆန်ခဲ့တာလည်းJung Kookပင်....။
ဟိုမရောက်ဒီမရောက်အခြေအနေတွေကြားတဲ့ရောက်မှန်းမသိရောက်နေတာသူနှင့်Jung Kookသာ...။
ဘယ်လိုဆက်ဆံရေးမျိုးမှန်းကိုနာမည်တပ်လို့မရ....။
ဒီလိုမျိုးပုံစံတွေလုပ်နေမယ့်အစားငါ့ကိုရိုက်နှက်နှိပ်စက်ပြီးအကြွေးတွေကျေအောင်လက်စားချေလိုက်ပါတော့လားJung Kook ရယ်....။
မင်းအပေါ်တင်နေတဲ့အကြွေးတွေကျေပြီးငါမင်းအနားကထွက်သွားချင်တယ်Jung Kook...။ မင်းနဲ့ငါ့ရဲ့ရေစက်ဆိုးကိုငါဖြတ်လိုက်ချင်ပြီ....။
Jung Kookဖြည့်ဆည်းပေးတဲ့ပြည့်စုံမှုတွေကိုလည်းTae Hyungစိတ်သန့်သန့်နဲ့မသုံးနိုင်တာမို့ ကိုယ်တတ်နိုင်သလောက်စွမ်းအားနဲ့အလုပ်လုပ်ဖို့ဆုံးဖြတ်ထားတာမို့ Jung Kookကိုညနေလာမကြိုဖို့ပြောခြင်းသာ...။
ညနေအတန်းပြီးရင် အချိန်ပိုင်းအလုပ်လုပ်ဖို့အတွက်စီစဉ်ပြီးပြီမဟုတ်ပါလား....။
Bank accထဲတွင်Jung Kookဖြည့်ထားပေးသည့်ငွေတွေကိုTae Hyungလက်ဖျားနဲ့ပင်မထိလိုပါ....။
Jung Kookကိုစပွန်ဆာရှာပြီး ယူထားတယ်ဆိုတဲ့စကားတွေကTae Hyungအတွက်တော့ အသေသတ်ခံရတာထက်ပင်နာသည်....။
မင်းပြောသလိုဆိုရင်တော့ သုံးစားမရတဲ့မာနတွေအရမ်းကြီးနေတာပေါ့Jung Kook...အဟက်...။
နောက်တစ်နေ့တွင်ကတိပေးထားသလိုပင်Jung Kookကျောင်းကိုရောက်မလာခဲ့တာမို့ Tae Hyungစိတ်သက်သာရာရသွားပြီးအချိန်ပိုင်းအလုပ်ရှိရာသို့ထွက်လာခဲ့သည်.....။
တီ....တီ...
အနောင်မှကားဟွန်းတီးသံကြောင့်Tae Hyungလှည့်ကြည့်လိုက်မိတော့
"Aww....noona..."
"အိမ်ကလူလာမကြိုဘူးလား Tae..."
"ဟမ်..."
သူမ၏အနှောင့်အသွားမလွတ်သည့်စကားကြောင့်Tae Hyung တုန်လှုပ်သွားမိသည်...။
သူမအစထဲကသိနေခဲ့တာလား....။
"တက်လေ noonaလိုက်ပို့ပေးမယ်..."
Tae Hyungငြင်းနေပေမယ့်အတင်းလိုက်ပို့မယ်ပြောနေသည့်သူမကြောင့်သက်ပြင်းမသိမသာချကာကားပေါ်တက်လိုက်ရတော့သည်....။
"Tae ကအချိန်ပိုင်းအလုပ်လုပ်ဖို့လိုအပ်တဲ့အခြေအနေမို့လား..."
ဒါကTae Hyungဘဝနှင့်ပတ်သက်ပြီးသူမမေးသည့်ပထမဆုံးသောစကား....။
"အင်း...ဒီလိုပါပဲ..."
"Taeဒီဘဝမှာနေမပျော်ဘူးလား..."
"Noona! noonaမဟုတ်မှ...."
"ဘာလဲTae..ဘာမေးဖို့လဲ..."
သူမတကယ်ပဲအစထဲကသိနေခဲ့တာဆိုရင်....Tae Hyung သူမအပေါ်တိမ်းညွှတ်လာအောင်အခြေအနေတွေဖန်တီးနေတာက....ဘာကြောင့်များလဲ....။
ဒီအချိန်တွင်Tae Hyungဘက်ကစကားတစ်ခွန်းပြောလိုက်သည်နှင့် သူတို့နှစ်ယောက် အဆင့်တစ်ခုအထိရောက်သွားမည်မှာမလွဲ....။
Oh Se Jin.....တကယ်ပဲဘာလဲ....။
"ဘာမှမဟုတ်တော့ဘူး..."
Tae Hyungစိတ်တွေအရမ်းရှုပ်ထွေးလွန်းနေသည်...။
Jung Kookရဲ့စိတ်ရင်းအမှန်ကိုပဲရှာဖွေရမလား...။ သူမရဲ့ညှို့စက်ကွင်းထဲမှာပဲ ကျရှုံးလိုက်ရမလား...။
အရာအားလုံးဆီကနေထွက်ပြေးသွားလိုက်ရမလား...။
အချစ်ဆိုတာဘာလဲJung Kook....။
သေချာတစ်ခုက ငါမချစ်တတ်သေးဘူးထင်တယ်....။
_____________သခင်______________
Special Thanks To My All Readers💜💜
တစ်ပိုင်းထက်တစ်ပိုင်းကြာလာတဲ့updateတွေကြောင့်ကိုယ့်ကိုကိုယ်စိတ်ပျက်ပြီးဆက်မရေးတော့ဖို့တွေးနေမိပြီ😢