Zawgyi
တောင်းပန်ပါတယ်နော်.."
"...."
အဲ့တာကြောင့်မို့.."
ဟင့်အင်း..
ကျွန်တော်မသိချင်ဘူး...။
ချော့မြူပြန်တယ်...။
နှိပ်စက်ပြန်လေတော့...
ဟုတ်တယ်မလား...
::::::::: Tyranny ::::::::::::
သူနေတဲ့ အိမ်မကြီးရယ်...
အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်ရဲ့အဖြစ်ကို
နှစ်တွေကြာလာတော့...
နေသားကျလာခဲ့သည်...။
လိုက်လျောနေခဲ့သည်...။
ဒီလောက်စိတ်ပျက်ဖို့ကောင်းတာ..ဘာလို့လွတ်မြောက်ဖို့မကြိုးစားလဲ မမေးပါနဲ့...။
ကျွန်တော်အမြင်မလား..။
တွယ်ကပ်နေတတ်တာတွေ...
အလုပ်ရှင်နဲ့အလုပ်သမားပုံစံမျိုးပဲအလိုက်တသိနေဖို့ကြိုးစားရင်း ကျွန်တော်မျက်နှာတစ်ချက်မပြတ်အောင်နေပြခဲ့သည်...။
:::::::::::::::::::::::::::::::::::::::::::::::::::::
အလုပ်ခိုင်းရတော့မယ်.."
တံခါးဖွင့်လိုက်ကတည်းက ကျွန်တော့်မျက်လုံးထဲကို.ဆွဲဆောင်မှုရှိရှိဝင်လာခဲ့သည်...။
သူတ်ပေးရာတွင်...
ကလူကျီစယ်နေသည်...။
တစ်ဆက်တည်.ကျွန်တော့်အကျီင်္ကို ဖြည်းဖြည်းချင်းဆွဲ ချွတ်နေတဲ့ သူ့လက်တွေ....။
ဒီလူ ကျွန်တော့်ကို...
ခန့်မှန်းမိလိုက်သည်...။
"အင့်...!"
သူလိုရာစေနေတဲ့လူ...။
နှစ်သိမ့်ပေးနေသည်..။
Merry Christimas တဲ့...။
လူကို လာပြုစားနေတော့..
"ဟားဟား.. ! ဟုတ်ပါပြီ..
မသိချင်..။
သွေးအေးနေခဲ့တာတွေ...
:::::::: Tyranny ::::::::::::
"...."
"ကိုကို..!.ဘယ်လိုလုပ်..?"
ကိုယ့်ကိုကူပေးနော်.."
ဝုန်းဆို..ကျွန်တော့်သွေးတွေအကူန် ဆောင့်တက်သွားသလိုမ်ျိုး..။
အရက်မူးလာတဲ့ မိန်းမကို ပွေ့ဖက်ပြီး..မယိုင်လဲအောင်သေချာထိန်းကိုင်ထားတဲ့ပုံမ်ျိုး...။
TBC ####
Unicode
Park အိမ်တော်ကြီးတစ်ခုလုံး တိတ်ဆိတ်နေသည့်ညအချိန်..
ကျွန်တော်ကတော့ ထုံးစံအတိုင်း
အပေါ်ထပ်က ဒုတိယအရှင်သခင်ရဲ့ အိပ်ခန်းကျယ်ထဲ
ရောက်ရှိလို့နေပြန်တယ်..။
လက်ထပ်လက်စွပ် ကိစ္စနဲ့ အော်ကြီးဟစ်ကျယ်စကားများရန်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအဖြစ်
သူ့ရင်ခွင်ကျယ်ထဲ ငြိမ်းချမ်းစွာ အနားယူခွင့်ရသည့်နေ့လို့ပြောရင် လဲ မမှား...။
အဲ့နေ့က ပုံမှန်ထက်ရန်စွာမိခဲ့သည့်သူ့အမှားအတွက်
တောင်းပန်ဝန်ချနေတာကို နားထောင်ရင်း...
ဒီရက်ပိုင်းအတွင်းဝေးကွာနေခဲ့ရသည့်
သူ့ကိုယ်သင်းရနံ့တွေကို ရှူရှိုက်ရင်း..
ကျွန်တော့်ကမ္ဘာကြီး ပျော်ရွှင်နေပြန်တယ်ဆိုရင်တော့
ရူးမိုက်လိုက်တာလို့များ အပြစ်ပြောခံရမလားပဲ..။
ဒါပေမယ့်ဒီလူ ဘာပဲလုပ်ပါစေ...
သူ့အရိပ်တွေထဲက ရုန်းမထွက်နိုင်တာ..
ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုဖြစ်နေတယ်ဆိုတော့ကာ..။
အင်း..Park Chan Yeol ကနတ်ဆိုးဆိုရင်လဲ
ကျွန်တော်အဆင်ပြေပါတယ်...။
" အဲ့နေ့တုန်းက..ကိုကိုအလုပ်သိပ်အဆင်ပြေမလာလို့..
ဒေါသထွက်ပေါက်လိုလုပ်လိုက်မိတာ..
တောင်းပန်ပါတယ်နော်.."
"...."
"လက်စွပ်ကတော့..နောက်များကျမှ..တူတူဝတ်ကြမယ်နော်..အခုက..အင်း..
ကိုကို့ရဲ့အားနည်းချက်ကို လိုက်ရှာနေတဲ့လူတွေချည်းပဲ
အဲ့တာကြောင့်မို့.."
"အဲ့တာတွေမပြောလို့မရဘူးလား...
အခုအဲ့တာတွေမသိချင်ဘူး..ကျွန်တော်သိတာ..
ခင်ဗျားကိုအရမ်းလွမ်းနေတာပဲ..
ဘာလို့..မချော့ပဲ ပစ်ထားရတာလဲ..!!"
"ပစ်ထားတာမဟုတ်ပါဘူး..ကလေးရယ်..
အဲ့နေ့ကတည်းက အလုပ်တွေမအားတာပါ..
ဒီနေ့မှအေးအေးဆေးဆေးအချိန်ရလို့...အခုမှ ချော့နိုင်တာပါ..ကိုကိုပြောတာယုံနော်.."
အဲ့နေ့ကစပြီး..သူနဲ့မဆုံရတာ..
ဒီနေ့နဲ့ဆို...ငါးရက် တင်းတင်းပြည့်ခဲ့ပြီ...။
မာနလေးတစ်ခုနဲ့တင်းခံခဲ့တော့...
သူစမခေါ်ရင် ကိုယ့်ဘက်ကလဲ အဆက်အသွယ်လုပ်စရာမလိုဘူးထုံးနှလုံးမူပြီး..
ခြံဝင်းတစ်ခုထဲ နေကာ...သူစိမ်းတွေလို ပြုမူနေထိုင်ခဲ့ရတာ
ကျွန်တော့်အတွက်ဘယ်လိုမှ အဆင်မပြေ...။
ဒီရက်ပိုင်းထဲ သူ့အခန်းကျယ်ကြီးရှိရာ..အမြဲမော့ကြည့်ခဲ့ရတာတွေ...
ခြံထဲမှာတွေ့ရင်တောင်မှ သူက ကားပေါ်မှာပဲ ဆိုတော့...
ကျွန်တော့်ကိုမမြင်ပဲ ကျော်သွားခဲ့တာတွေ...
ဘာလုပ်နေလဲ ..ဘယ်တွေသွားလဲ စသဖြင့်
စာလေးတစ်စောင်..ဖူန်းလေး တစ်call တောင်ရောက်မလာခဲ့တာတွေ...။
ငါနဲ့သူနဲ့က ဘာတွေလဲ ဆိုတဲ့မေးခွန်းကို
အကြိမ်ကြိမ်မေးပြီး မျက်ရည်စက်လက်နဲ့ အားတင်းခဲ့ရတာတွေ..။
စောစောက..ကိုကို့အခန်းထဲလာခဲ့ဆိုတဲ့ ထုံးစံအတိုင်း
message တစ်စောင်ကိုလက်ခံရရှိအပြီးမှာ....
သူ့အကျင့်စရိုက်တွေ..လိုတစ်မျိုးမလိုတစ်မျိုးလုပ်တတ်တာတွေ...
ကျွန်တော်တို့ရန်ဖြစ်ထားတာတွေ..ဘာဆိုဘာမှ..တွေးမနေတော့ပဲ...
လွမ်းဆွတ်ခြင်းပေါင်းမြောက်မြားစွာတွေနဲ့..
သူ့အခန်းရှိရာ ပြေးတက်လာခဲ့သည်...။
အခန်းတံခါးကိုဝုန်းဒိုင်းကြဲဖွင့်ချပြီးဝင်လာတဲ့ကျွန်တော့်ကို
အလုပ်စားပွဲမှာထိုင်နေရင်းနဲ့ တစ်ချက်ပြုံးပြလာခဲ့တဲ့သူက
ဒီအတောအတွင်း မှောင်မိုက်နေခဲ့တဲ့ကျွန်တော့်နေ့ရက်တွေထဲ နေရောင်ခြည်လေးဆောင်ကြဉ်းပေးခဲ့သလိုပင်..။
ဟင့်အင်း..
ကျွန်တော်မသိချင်ဘူး...။
သူကျွန်တော့်အပေါ် ဘယ်လောက်ပဲ ရက်စက်နေပါစေ
ဘယ်လောက်ပဲ ညှင်းပန်းနေပါစေ...
သူ့စိတ်တိုင်းကျ ဘယ်လောက်ပဲစေညွှန်နေပါစေ...။
လက်စွပ်ဆင်တူလေးတောင်ပေးမဝတ်ပေမယ့်လဲ...
သူ့အငွေ့အသက်တွေနဲ့ဝေးဝေးနေရတဲ့ နေ့ရက်တစ်ရက်ချင်းစီတိုင်းက ကျွန်တော့်အတွက်ငရဲလိုမို့...
လှလှလေးပြုံးပြနေတဲ့ သူ့ဆီအပြေးသွားပြီး
ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးဝင်ကာ..
နာကျင်ရသမျှတွေအတွက် ငိုချင်းချမိတော့...
သူက ကျွန်တော့်ဆံပင်တွေကြား အနမ်းဖွဖွတွေပေးရင်း
ချော့မြူပြန်တယ်...။
အခုလဲ..ကုတင်ကျယ်ကြီးထက်...
ကျွန်တော်မြတ်နိုးရလွန်းတဲ့ ရင်ခွင်နန်းတော်ထဲ..
ခေါင်းလေးအသာတိုးဝင်ရင်း..
သူ့အသက်ရှုသံတွေကို နားဆင်ရင်း..
အိမ်မက်ကမ္ဘာထဲတစ်ဆင့်ချင်းစီလှမ်းတက်ရင်းနဲ့...
ကျွန်တော့်ကမ္ဘာငယ်ကို လှပစွာ ရှေ့ဆက်ခဲ့ပြန်တယ်..။
ဒီအချိန်မှာ လက်ထပ်လက်စွပ်ပေးမဝတ်လို့ ငြိုငြင်ချင်တာတွေလဲမရှိတော့..။
appaကို ခြိမ်းခြောက်ပြီး..ကျွန်တော့်ကိုအရယူထားတာတွေအတွက်လဲ ဒေါသထွက်တာတွေမရှိတော့...။
Park Chan Yeol သာ ဖြစ်နေရင်..အားလုံးသူ့ဆန္ဒအတိုင်း လိုက်လျောပေးဖို့အဆင်သင့်ဖြစ်နေခဲ့ပါသည်..။
တစ်အိမ်ထဲနေရရက်သားနဲ့ လွမ်းနာကျရခြင်းဒုက္ခတွေထက်
သူ့ဘေးနားမှာနေရပြီးသူ့ပေးတဲ့ဒုက္ခကိုခံစားရတာ ပိုကောင်းတယ်လို့ မိုက်မိုက်ရူးရူးတွေးမိတာ
ညံ့ရာကျတာသိပေမယ့် နှလုံးသားငယ်ကိုက သူမှသူဖြစ်နေတာ ဘယ်လိုမှ မတတ်နိုင်ခဲ့.။
အတိတ်ဘဝက ဝဋ်ကြွေးတွေများလား ကိုကိုရယ်...။
/ ကျွန်တော်အရှုံးပေးပါတယ်..ကိုကို../
သူက ငြိမ်းချမ်းစွာ.. အိပ်မောကျသွားခဲ့ပေမယ့်..
ကျွန်တော့်မှာ သူ့မျက်နှာချောချောကို ငေးကြည့်ရင်းနဲ့..
သူ့ဘေးနားမှာရှိနေရရက်နဲ့
မမျှော်လင့်ပဲ..အိပ်ပျက်ညတစ်ည တိုးပွားသွားခဲ့သည်ဆိုရင်...။
ဒါပေမယ့်ကျွန်တော့်မျက်ရည်တွေ တန်ကြေးမရခဲ့ပါလေ..။
အရှုံးပေးထားပါတယ်ဆိုတဲ့လူကိုမှ..အချစ်က အကြိမ်ကြိမ်
နှိပ်စက်ပြန်လေတော့...
အင်းလေ..ကွဲကြေပြီးသားနှလုံးသားမှာ အက်ရာတစ်ကြောင်းထပ်ထင်လာလဲ ဘာထူးမှာတဲ့လဲ...။
ဟုတ်တယ်မလား...
::::::::: Tyranny ::::::::::::
Park အိမ်တော်ကိုရောက်တာ နှစ်ပိုင်းအချို့ကြာမြင့်ခဲ့ပြီဖြစ်လို့အခုတော့ အရာရာ အားလုံးနေသားကျလာခဲ့သည်..။
ချစ်သောအရှင်သခင်ကြီးက..သူနဲ့နီးနီးကပ်ကပ်ပဲနေဆိုပြီး
တက္ကသိုလ်တောင်ဆက်မတက်ပဲ..
သူတို့အလုပ်မှာ hacker အနေနဲ့လုပ်ကိုင်စေခဲ့သည်..။
အဲ့ဒါကြောင့် ကျွန်တော့်မှာ ဒီခြံဝင်းထဲကနေ အပြင်ထွက်သည့်နေ့တောင်ခပ်ရှားရှားပင်..။
အပြင်ထွက်ခွင့်ပိတ်ပင်ခံထားရတာမဟုတ်ပေမယ့်..
ခြံဝင်းကိုကအကျယ်ကြီးဆိုတော့..
ကိုယ်နေတဲ့အိမ်ပုလေးရယ်..
သူနေတဲ့ အိမ်မကြီးရယ်...
ပြီးတော့အလုပ်လုပ်တဲ့အဆောင်ရယ်..လှည့်ပတ်သွားရင်းပဲ...အပြင်ထွက်စရာတောင်မလို...။
တစ်ခါတစ်ခါ ဆိုင်မှာ game သွားဆော့ရအောင်လို့
သူ့ကျောင်းပိတ်ရက်မှာ အဖော်လာစပ်တဲ့SeHunee ကြောင့် ဟိုဘက်ရပ်ကွက်က game ဆိုင်သွားတာကလွဲရင်...ကျွန်တော့်မှာ ထူးထူးခြားခြားသွားလာစရာမရှိချေ...။
အလုပ်အရမ်းများတဲ့ အရှင်သခင်ကြီးကလဲ..
သူများချစ်သူတွေလို အတူတူဟိုဟိုဒီဒီ လည်ပတ်သွားလာပေးဖို့အချိန်မပေးနိုင်ဘူးဆိုတော့ကာ..
နောက်တစ်မျိုးလှည့်ပြောရရင်...
သူခရီးသွားရတဲ့အချိန်တွေရယ်..
အိမ်ပြန်နောက်ကျတဲ့နေ့မျိုးတွေရယ်ဆို...
သူအိမ်အပြန်လာကိုမျှော်တလင့်လင့်စောင့်ဆိုင်းရတဲ့..
အိမ်ထောင်ရှင်ယောကျ်ားတစ်ယောက်ရဲ့အဖြစ်ကို
ပျော်ပျော်ကြီး လက်ခံထားမိတယ်...။
စစချင်းတုန်းကတော့ အနည်းငယ်ဝမ်းနည်းမိပေမယ့်
နှစ်တွေကြာလာတော့...
နေသားကျလာခဲ့သည်...။
ကျွန်တော်ရွေးချယ်ထားတဲ့လူက Park Chan Yeol ဖြစ်နေတာမို့ ဒီလောက်တော့ခံနိုင်ရည် ရှိသင့်တယ်မလား...။
တစ်ချို့ညတွေ..သူအိမ်ပြန်အလာကိုစောင့်ရင်းနဲ့
အိပ်မောကျသွားပြီး သူပြန်လာတဲ့အချိန်ကျ..
ဘေးနားမှာ ဝင်အိပ်လာတဲ့သူ့အငွေ့အသက်ကို ရပေမယ့်
မျက်လုံးဖွင့်ဖို့တောင်မတတ်နိုင်ပဲ အိပ်ချင်နေတဲ့အချိန်..
မနက်မိုးလင်းတော့ ကျွန်တော်တောင်မနိုးသေးပဲ..
အလုပ်ကိစ္စကြောင့် အစောကြီးထသွားရတဲ့အချိန်တွေရှိပေမယ့်ကျွန်တော်မဖြုံတတ်တော့...။
သူ့အခန်းတံခါး password ကိုပြောပြပေးထားတာကိုပဲ
ကျေးဇူးတင်စရာတစ်ခုအဖြစ်မှတ်ယူရင်း..
သူစေရာ အလိုရှိရာ ဘဝမှာ..သူ့ရဲ့လက်တွဲဖော်အဖြစ်
လိုက်လျောနေခဲ့သည်...။
ဒီလောက်စိတ်ပျက်ဖို့ကောင်းတာ..ဘာလို့လွတ်မြောက်ဖို့မကြိုးစားလဲ မေမေးပါနဲ့...။
တစ်ခါတစ်ခါ..ကျွန်တော်ဒေါသထွက်လွန်လို့ ဆူပူသောင်းကျန်းတိုင်း ကျွန်တော်မျက်ရည်ကျရသလို..
သူ့ဘက်မှာလဲ မျက်ရည်စက်တွေကြွေကျမြေခရတာ
ကျွန်တော်အမြင်မလား..။
ချစ်တယ်လို့နူးနူးညံ့ညံ့ပြောတတ်တာတွေ..
အလုပ်မရှိတဲ့နေ့တွေဆိုရင်...ကျွန်တော့်ဘေးနားမှာပဲ
တွယ်ကပ်နေတတ်တာတွေ...
နှစ်တွေဒီလောက်ကြာပြီးတာတောင်မှ..ကျွန်တော့်နှုတ်ခမ်းတွေကို ဟိုးအရင်တုန်းကလိုပဲ မက်မက်မောမောနမ်းရှိုက်တတ်တာတွေ...။
သူတစ်ဖွဲ့တစ်နွဲ့ထုတ်မပြောပေမယ့်..
ကျွန်တော့်ကိုချစ်တာတွေခံစားရတာမို့....
နာကျင်စရာတွေကိုသူ့အချစ်တွေနဲ့မေ့ပစ်လိုက်ပြီး..
သူ့နားမှာပဲ ဝတ်ရည်ကိုစုပ်တဲ့ပျားပိတုန်းငယ်လေးလို
အမြဲတစ်စေ ကပ်တွယ်နေတတ်ခဲ့သည်..။
"သစ်ပင်တွေဘာတွေ လုပ်လို့ပါလား.."
"ဟုတ်တယ်..ဒုခေါင်းဆောင်..hacker team ထဲက
Byun Baek Hyun အကြံပေးတာလေ..
ခေါင်းဆောင်ကြီးကလဲ ခွင့်ပြုပေးတာနဲ့ အလှဆင်နေကြတာ.."
ညကျ မီးလုံးလေးတွေနဲ့အလှဆင်ဖို့ ..အိမ်တော်ကြီးရဲ့
ဘေးတစ်ဖက်တစ်ချပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ
သစ်ပင်ကြီးကိုအလှဆင်နေကြတုန်း...
အိမ်ထဲကထွက်လာသည့် သူက သစ်ပင်တွေကိုကြည့်ကာ
အရေးတယူမေးဖော်ရသည်တွင်..သူ့ဘေးက
အတွင်းရေးမှူးအစ်ကိုက ဒီ သစ်ပင်တွေဖြစ်ပေါ်လာသည့်အကြောင်းကိုရှင်းပြရာတွင်..ကျွန်တော့်ကိုလှမ်းကြည့်လာတဲ့
သူနဲ့မျက်လုံးချင်းဆုံသွားလို့
အနည်းငယ်ပျော်မိပေမယ့်..
hacker team က Byun Baek Hyun ရယ်လို့မိတ်ဆက်ခံရတာ သိပ်တော့အဆင်မပြေလေ...။
တစ်ကယ်ဆို..Park Baek Hyun ဖြစ်နေတာ
သူနဲ့အနီးကပ်အမြဲနေတဲ့ အတွင်းရေးမှူးအစ်ကိုတောင်
မသိတဲ့ဘဝကြီးက ဘယ်လောက်တောင်မှ စိတ်ပျက်ဖို့ကောင်းလဲဆိုတာ..။
ဒါပေမယ့်သူဖြစ်စေချင်တဲ့အတိုင်း လူကြားသူကြားထဲမှာဆို
အလုပ်ရှင်နဲ့အလုပ်သမားပုံစံမျိူးပဲအလိုက်တသိနေဖို့ကြိုးစားရင်း ကျွန်တော်မျက်နှာတစ်ချက်မပြတ်အောင်နေပြခဲ့သည်...။
"hyung တော့ ခေါင်းဆောင်ဆီကအမှတ်ရပြီထင်တယ်..
စကားပြောလေ့မရှိတဲ့လူက..သစ်ပင်တွေလှတယ်လို့
သေချာလေးပြောသွားတယ်ရော်.."
သူထွက်သွားတာကိုလိုက်ကြည့်ရင်းနဲ့..ဘေးနားကတပည့်လေးတွေ ကျွန်တော့်ကိုဝိုင်းချီးကျူးနေကြတာကို
ပြုံးတုံ့တုံ့လုပ်နေဖို့တော့ကျွန်တော့်မှာ အင်အားတွေမရှိတော့...။
ချစ်ပါတယ် တဖွဖွပြောပြီး လူကြားထဲရောက်ရင် သူစိမ်းလိုနေပြတာတွေက ကျွန်တော့်နေရာမှာဆိုရင်
ခင်ဗျားနေတတ်မှာတဲ့လား..ကိုကိုရယ်..။
ထားပါလေ..ဒါကလဲ ကျွန်တော့်မှာခံရမယ့်ဝဋ်ကြွေးရှိလို့ခံရတယ်ပဲမှတ်ပါတယ်...။
ဒါက ငါ့ရဲ့သက်ဆိုင်သူလေဆိုပြီး..လူရှေ့သူရှေ့မှာ..
ကျွန်တော့်လက်ကိုဆွဲပြီး..ကြေငြာပြမယ့်ရက်ကရှိလာမှာ
မဟုတ်ပေမယ့် တိတ်တိတ်လေးပဲ မျှော်လင့်ရင်း...
ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်ကြည်တစ်စက်လိမ့်ဆင်းသွားတာ..ခင်ဗျားသိနိုင်လေမလား...။
:::::::::::::::::::::::::::::::::::::::::::::::::::::
"ကလေးက အမြဲတမ်းငြိမ်ငြိမ်လေးနေခဲ့ရလို့ပျင်းဖို့ကောင်းနေမယ်ထင်တယ်..ဒီနေ့တော့ကလေးလေးကို..
အလုပ်ခိုင်းရတော့မယ်.."
နေ့လည်က သစ်ပင်တွေလုပ်နေတုန်းကကျ..မသိချင်ယောင်ဆောင်သွားပြီး..
အခုကျတော့..ထုံးစံအတိုင်း...
အရမ်းလွမ်းနေပြီပြောပြီး..အိမ်ပေါ်တက်ခဲ့ဖို့ပြောတဲ့လူကြီးကို..
ဘယ်လိုတွေစိတ်ဆိုးရမှန်းမသိတော့တာမို့..အထူးအဆန်းလုပ်ပြီး စိတ်ဆိုးမနေတော့...။
သူပြောသလိုသာ အိမ်ပေါ်တက်လာခဲ့သည်...။
ရေချိုးခန်းဝတ်စုံကိုလျော့လျော့ရဲရဲဝတ်ထားပြီး..
ဝိုင်ဖန်ခွက်ကို စတိုင်ကျကျကိုင်ထားသည့်လူက..
တံခါးဖွင့်လိုက်ကတည်းက ကျွန်တော့်မျက်လုံူးထဲကို.ဆွဲဆောင်မှုရှိရှိဝင်လာခဲ့သည်...။
ခေါင်းလျှော်ထားတာမို့စိုစိစိုစိဖြစ်နေသလို..
ရေစက်အနည်းငယ်တောင် ကျနေတာမို့...
ညဘက်ကြီး အေးကအေးတဲ့အထဲ..
ဖျားတာနာတာတွေဖြစ်မှာစိုးလို့ တံဘက်တစ်ခုယူပြီး
သူတ်ပေးရာတွင်...
သူ့ကိုယ်ကနေရတဲ့ရေချိုးဆပ်ပြာနံ့က နှာခေါင်းဝမှာ
ကလူကျီစယ်နေသည်...။
ကျွန်တော်ခေါင်းသုတ်ပေးနေတာကို ဘာမှလဲမပြော..
တပြုံးပြုံးနဲ့ ငြိမ်ခံနေတာက..ရိုးရှင်းပေမယ့်လဲ..
ကျွန်တော့်အတွက်တော့ရင်ခုန်ခြင်းကမ္ဘာငယ်ထဲ သွားရောက်ခိုလှုံလိုက်ရသလိုပင်..။
အရာရာ ပြည့်စုံလွန်းတဲ့ မျက်နှာချောချောကို..
အနီးကပ်မြင်ရတာ ပထမဆုံးအကြိမ်မဟုတ်ခဲ့တာတောင်..
အခုထိ ရင်ခုန်လှိုက်မောရတုန်းပင်...။
ဆံပင်သူတ်ပေးနေသည့်လူကို..လက်ကနေဆွဲချပြီး..
သူ့ပေါင်ပေါ်ထိုင်ခိုင်းတဲ့အချိန်ကျတော့..စောစောက
ရင်ခုန်နေတာတွေက ပိုကယက်ထသွားခဲ့သည်...။
ပြီးတော့ စူးစူးစိုက်စိုက် ကြည့်လာပြီး.နားရွက်ဖျားလေးထဲ
တိုးတိုးဖွဖွ ဝင်လာခဲ့သည့် စကားသံတွေ...။
တစ်ဆက်တည်.ကျွန်တော့်အကျီၤကို ဖြည်းဖြည်းချင်းဆွဲ ချွတ်နေတဲ့ သူ့လက်တွေ....။
အားလူံးပေါင်းစပ်လိုက်တဲ့အချိန်မှာတော့..
ဒီလူ ကျွန်တော့်ကို...
သူ့ပေါ်မှာ ထပ်ပြီးကျရှုံးစေတော့မယ်ဆိုတာ သိလိုက်သည်..။
ကျွန်တော့်လည်တိုင်တစ်လျှောက်သူ့နှုတ်ခမ်းဖူးဖူးတွေအလည်ရောက်လာတဲ့အချိန်ထိ..
နေရာကမထသေးတာမို့..နည်းနည်းကြောင်နေမိပေမယ့်...
အနမ်းတွေကို လက်စသတ်ပြီး..သူ့ကိုယ်ပေါ်က ရေချိုးခန်းဝတ်စုံကို ဖယ်ခွာနေတာကိုမြင်လိုက်ရတော့...
ဖြစ်လာမယ့်ကိစ္စရဲ့တည်နေရာက လက်ရှိအရပ်ပဲဆိုတာ
ခန့်မှန်းမိလိုက်သည်...။
"ကလေးက..အပေါ်က လှုပ်ရှားပေးနော်..
ကိုကိုက အောက်ဘက်က..ကူညီပေးမယ်..
ကိုကို နေ့လည်က ဟိုဟိုဒီဒီလျှောက်ကြည့်ထားတာကွာ..
ဒီအနေအထားလေးဆို..ကလေးလေးလဲ ပျင်းမယ်မထင်လို့.."
"အင့်...!"
"စိတ်လျှော့ထားနော်..အဆင်ပြေသွားမှာ.."
အနမ်းတွေလုံလုံလောက်လောက်မရသေးခင်မှာပင်..
သူလိုရာစေနေတဲ့လူ...။
သူ့ကိုနောက်ကျောပေးထိုင်ခိုင်းစေပြီး...
သူ့ဂျူနီယာကို...ကိုယ်ထဲ တိုးဝင်စေလိုက်တဲ့အခါ...
ထုံးစံမပျက်တဲ့နာကျင်မှုတွေက ခန္ဓာကိုယ်ထဲ စီးဆင်းလာခဲ့ပြန်သည်...။
သူကလိုအပ်မှ အောက်ကပင့်ပေးတဲ့အနေအထားမို့..
ဒီတစ်ခါတော့ကျွန်တော့်ကြိုးစားမှုသည်သာ..
ကျွန်တော်တို့ခိုလှုံဖို့ အချစ်နိဗ္ဗာန်ငယ်ရဲ့ ပန်းတိုင်တစ်ခုဖြစ်နေသည်...။
အရင်အကြိမ်တွေတုန်းကလိုပင်..တင်းကျပ်ပြည့်လျှံ့တဲ့ခံစားချက်တွေကို..အံတုရင်း..
အနိမ့်အမြင့်လှုပ်ရှားမှုတစ်ခုကို..ဦးဆောင်လိုက်တော့
ပုံမှန်လို..နှစ်သိမ့်ပေးနေကျ နှုတ်ခမ်းဖူးဖူးတစ်စုံက
အခုတော့ ကျွန်တော့်ပုခုံးသားတွေကိုသာခပ်ဖွဖွနမ်းရင်း
နှစ်သိမ့်ပေးနေသည်..။
တစ်ခါတစ်ခါ လှုပ်ရှားလိုက်တိုင်း ကိုယ်ချင်းထပ်လျက်အနေအထားမို့..
သူ့ခြေထောက်ပေါ် သွားသွားထပ်မိတဲ့ ကျွန်တော့်ခြေထောက်တွေ...။
အောက်ဘက်ကနေ သူပင့်တင်ပေးတဲ့အခါ..
ဟိုးအနက်ရှိုင်းဆုံးနေရာထဲကကိုဖြစ်လာတဲ့ လိုချင်တပ်မက်မှုတွေကြောင့် တစ်ကြိမ်ထက်တစ်ကြိမ် အရှိန်ပြင်းပြင်းလှုပ်ရှားမိလိုက်တဲ့ အနိမ့်အမြင့်လှုပ်ရှားမှူတွေ...။
မနက်ကအိမ်ပေါက်ဝမှာ..သူကျွန်တော့်ကို မသိချင်ယောင်ဆောင်သွားတုန်းက နာကျင်မှုတွေကို..
ယခုနာကျင်မှူတွေနဲ့အတူ သင်ပုန်းချေလိုက်ရင်းနဲ့..
ကျွန်တော့်ပုခုံးသားနဲ့ ဆံပင်တွေကြားရောက်ရှိလာခဲ့သည့်
သူ့အနမ်းတွေမှာ..ကျွန်တော့်အချစ်ကမ္ဘာငယ်ဖြစ်တည်လိုက်သည်...။
အမြင်အာရုံတွေတစ်ဖြည်းဖြည်းေ၀ဝါးလာခဲ့သည်နဲ့အတူ..
ချစ်ရတဲ့သူ့နာမည်ကို မြတ်မြတ်နိုးနိုး ရေရွတ်မိကာ..
ကျွန်တော်နောက်တစ်ဖန် သူ့ဆီမှာ..ဒူးထောက်ခစားမိလိုက်ပြန်သည်..။
"Merry Christimas ပါ..ကိုယ်ချစ်ရတဲ့ကလေးလေးရေ.."
"အွန်း..Merry Christimas ကိုကို.."
မောဟိုက်သမျှတွေကို..ဆိုဖာခုံကျဉ်းကျဉ်းပေါ်မှာပဲ..
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်လွတ်ထွက်မတတ်ဖက်တွယ်ရင်း အမောဖြေနေတုန်း...
နားရွက်ဖျားနားမှာ..ထွက်ပေါ်လာသည့်သူ့လေသံတိုးတိုးဖွဖွ...။
Merry Christimas တဲ့...။
အေးလေ..မနက်ကကျတော့လူကို မသိချင်ယောင်ဆောင်သွားပြီး အခုကျ..သူ့အပြစ်သူ ဆေးကြောနေသလို..
လူကို လာပြုစားနေတော့..
ဒီနှစ် ခရစ္စမတ်က ကျွန်တော့်တစ်သက်ဘယ်လိုမေ့လို့ရတော့မှာလဲ....။
အဲ့တာကြောင့် ဒီလူက သိပ်တော်ပါတယ်လို့....။
နာကျင်မှုနဲ့ ကြင်နာမှုကို တစ်လှည့်စီပေးရင်း..
ကျွန်တော့်နှလုံးသားကို သူ့စိတ်ကြိုက်ခြယ်လှယ်တဲ့နေရာမှာ..တကယ့်ကို ဆရာတစ်ဆူပါပဲ...။
မောဟိုက်ပင်ပန်းတာတွေကို...သေချာတောင်အနားမဖြေရသေး..။
စောစောကမနမ်းခဲ့တာတွေကို ပြန်ကုစားပေးတဲ့အနေနဲ့လားတော့မသိ...
ကျွန်တော့်နှုတ်ခမ်းပါးတွေကိုမက်မက်မောမောဆွတ်ခြူလေတော့ ...
ဝိုင်အရသာ စွဲညိနေတဲ့ သူ့နှုတ်ခမ်းသားတွေကိုတစ်ဖန်ပြန်လည်စားသုံးရင်း..ဒီခရစ္စမတ်ကတော့
ကျွန်တော့်အတွက်တကယ့်ကိုမမေ့နိုင်စရာပင်...။
အနမ်းတွေဖယ်ခွာကြတော့..
ကျွန်တော့်ကိုခပ်တင်းတင်းဖက်ရင်း...
ချစ်စကားတစ်ခွန်းကို..သူပြောလာခဲ့တဲ့အခိုက်..
ုမြတ်နိုးလွန်းစွာနဲ့ပင်..သူရင်အုပ်ကျယ်ကြီးထဲ အနမ်းတစ်ချက်ခပ်ဖွဖွပေးရင်..သူနဲ့အတူ ချစ်မြတ်နိုးပါကြောင်း
ပြောမိတော့ သူကခပ်ဖွဖွရယ်လေတယ်...။
"ချစ်တယ်..Baek Hyunee..ကိုယ့်ကလေးလေး.."
"ကျွန်တော်ကပိုချစ်တယ်.."
"ဟားဟား.. ! ဟုတ်ပါပြီ..
အဲ့အချစ်တွေသာ..တစ်သက်လုံးပျောက်မသွားကြေး.."
"ကျွန်တော်ကသာ စိတ်ပူရမှာပါ..."
"မပူနဲ့..ဒီလူကမင်းမရှိရင် မနေနိုင်ဘူးမို့..သေလူဖြစ်သွားမှာမို့..ကိုယ့်အချစ်တွေကို ယုံကြည်ပေး.."
သိပ်ကို ပြောတတ်လွန်းတဲ့ပါးစပ်လေးလို့သာ ပြောလိုက်ချင်တော့သည်...။
သူ့ဘက်ကျ သိတတ်လွန်ူးပြီး..သူများဘက်ကျ နည်းနည်းလေးတောင်ကြည့်မပေးတတ်တဲ့ဒီလူကို...!
အဟား..! SeHunee ပြောပြထားလို့သူ့အကြောင်းတွေသိသင့်သလောက်သိထားရလို့သာ..
ဒီလောက်ခံနိုင်ရည်ရှိနေတာ..။
မဟုတ်ရင်..ဒီလူအခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်တတ်ပုံမျိုးနဲ့အခုလောက်ဆို ကျွန်တော်သွက်သွက်ခါအောင်ရူးသွားပြီးပြီထင်ရဲ့...။
အနာဂတ်မှာရော..ကျွန်တော့်ကို ဘယ်လောက်ထိညှင်းပန်းဦးမှာလဲ...?
မသိချင်..။
အခုသိတာက...ကျွန်တော့်ကိုခပ်တင်းတင်းဖက်တွယ်ရင်း
ဆိုဖာခုံပေါ်မှာ..နှစ်ယောက်သားကျပ်ကျပ်သိပ်သိပ်အိပ်ရလို့်..ချမ်းအေးတဲ့ဆောင်းရာသီဖြစ်ပေမယ့်
သူ့ကိုယ်ငွေ့နဲ့နွေးထွေးနေတာမို့်...
အနောက်ဘက်ကနေ တစ်ချက်ချင်းပုံမှန်ကြားနေရတဲ့..
အသက်ရှူသံခပ်ပြင်းပြင်းကို နားဆင်ရင်းပဲ...
အိပ်စက်ခြင်းတွေဆီ ကျွန်တော်လှမ်းတက်ခဲ့လိုက်သည်..။
အဲ့ညတုန်ူးကတော့ နောက်ထပ်ရက်နည်းနည်းကြာရင်...
Park အိမ်တော်သခင်က အားလုံးကိုညီတူမျှတူ
ဆက်ဆံတယ်ဆိုတဲ့သူ့ဆောင်ပုဒ်အတိုင်း...
ကျွန်တော်တို့ computerတွေထဲ တစ်ခြားအဖွဲ့ကလူတွေလိုက်hackလို့ အချက်အလက်လေးနည်းနည်းပါသွားခဲ့တာကိုပင်...
ခေါင်းဆောင်မှာ တာဝန်ရှိတယ်ဆိုပြီး...
မြေအောက်ခန်းမှောင်မှောင်ထဲ ရက်အနည်းငယ်လောက်ပိတ်ထည့်လိုက်ဆိုပြီး..သူအမိန့်ပေးရာတွင်..
ကျွန်တော့်မျက်နှာကိုတစ်ချက်တောင်မကြည့်ပဲ..
သွေးအေးနေခဲ့တာတွေ...
ပြန်လာခေါ်တော့လဲ..သူ့တပည့်တွေနဲ့ပဲ လာခေါ်ခိုင်းပြီး
လမ်းမလျှောက်နိင်တော့လောက်တဲ့အထိ အားအင်ပြတ်လပ်နေတဲ့ကျွန်တော့်ကိုမြင်မှ..ပြာပြာသလဲနဲ့
သူ့အခန်းထဲခေါ်ပြီး ပြုစုပေးခဲ့တာတွေ..
အဲ့လိုအနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေ ဘာတစ်ခုမှ မသိပဲ..အဲ့ခရစ္စမတ်ညတုန်းကတော့ ကျွန်တော်ငြိမ်းငြိမ်းချမ်းချမ်းအိပ်မောကျခဲ့သည်....။
ခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်တတ်တဲ့သူ့အကျင့်ကို
နောကြေနေပြီမို့ ..ဒီအထိ ကျွန်တော်အတတ်နိုင်ဆုံးသည်းခံခဲ့ပေမယ့်လဲ...
ကျွန်တော့်ခံနိုင်ရည်စွမ်းအားတွေကို..ယုတ်လျော့စေတဲ့ကိစ္စတွေ သူထပ်ပြီးလုပ်လာတဲ့အခါကျရော..?
ကျွန်တော့်မှာ ငိုဖို့မျက်လုံးနှစ်ဖက်ပဲ ပါသလို..
နာကျင်ဖို့လဲ နှလုံးသားတစ်ခုပဲ ပါတယ်ဆိုတာတော့ခင်ဗျားသိသင့်ပါတယ်...။
:::::::: Tyranny ::::::::::::
"ဟုတ်..appa..ကိုကိုက ကျွန်တော့်ကို ဂရုစိုက်ပါတယ်.."
"...."
"အွန်း..အွန်း..အဲ့တာဆို..သူငယ်ချင်းတွေနဲ့ပျော်ပျော်နေခဲ့နော်..ကျွန်တော့်ကိုစိတ်မပူနဲ့.."
ကျွန်တော့်ကိုအကြောင်းပြုပြီး..car driver ဘဝကနေ လွတ်မြောက်သွားခဲ့သည့် appa တစ်ယောက်..
အခုတော့သူငယ်ချင်းတွေနဲ့ နိုင်ငံရပ်ခြားကိုအေးအေးလူလူ
ခရီးထွက်နေတာ တွေ့တော့လဲ...
အိမ်ကြီးရှင်သခင်ကို ထိုင်တောင်ရှိခိုးချင်သလိုပင်..။
appa နဲ့ဖုန်းချပြီးတဲ့နောက်..
wallpaper တင်ထားတဲ့သူနဲ့ကျွန်တော့်ပုံကို...
မြတ်မြတ်နိုးနိုးကြည့်ပြီး..သူ့မျက်နှာကို လက်ထိပ်လေးနဲ့
ဖွဖွလေး ပွတ်သပ်နေမိတာ..ကျွန်တော်အမှတ်မရှိပြန်တာလား...။
"Baek Hyun လေးက..တော်တော့်ကိုချစ်နိုင်တာပဲ..
ကိုကိုအစုတ်ပလုတ်က အမြဲဆိုးပြနေတာတောင်..
ချစ်တုန်းပဲ ..ကြည့်စမ်း.."
ပုံထဲက နှာခေါင်းထိပ်လုံးလုံးလေးကိုလက်နဲ့ထိရင်း...
ကျွန်တော်ကြိုက်တတ်လို့ဆိုကာ..မနေ့ကမှသူဝယ်ပေးထားတဲ့ရေခဲချောင်းလေးကို..
ခုနကappaနဲ့ဖုန်းပြောနေလို့ဘေးနားမှာ ခဏချထားရာကနေ..ပြန်ယူစားလိုက်တော့...
အေးစိမ့်စိမ့်ရေခဲချောင်းလေးက..အရသာရှိရှိနဲ့ပါးစပ်ထဲဝင်လာခဲ့သည်..။
သူ့အချစ်တွေပါနေလို့ ပိုစားကောင်းတာများလား..?
ဤသို့ဤကဲ့သို့ တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနေတဲ့ကျွန်တော့်ကမ္ဘာငယ်လေးထဲ...
မုန်တိုင်းမမည်တဲ့မုန်တိုင်းငယ်တစ်ခုက တိုက်ခတ်လာပြန်တဲ့အခါ...
မုန်တိုင်းပိုင်ရှင်က...ထုံးစံအတိုင်း..ကိုကိုဆိုတဲ့
လူကြီးဖြစ်လို့နေပြန်တော့ကျွန်တော်နာကျင်ရပြန်တယ်လေ...။
"ကိုကို..!.ဘယ်လိုလုပ်..?"
"ကလေး..ဒီအမျိုးသမီးကိုအထဲခေါ်ရအောင်...
ကိုယ့်ကိုကူပေးနော်.."
bell တီးသံကြားလို့..ဧည့်သည်မလာဖူးတဲ့ကျွန်တော့်အိမ်ပုလေးကို ဘယ်သူများလာသလဲ လို့ ထွက်ကြည့်ရာတွင်...
အိမ်ကြီးရှင်ကြီးကို တွေ့လိုက်ရတဲ့အခါ...
အဲ့တာထက်..သူ့ဘေးမှာ..အနီရဲရဲပေါင်တိုစကပ်နဲ့
ရင်သားတွေကိုအသားပေးဖော်ပြထားသည့်ဟိုမလုံဒီမလုံ
ဝတ်ထားသည့်အမျိုးသမီးတစ်ယောက်ကို...
ဖက်လျက်သားအနေအထားနဲ့တွေ့လိုက်ရတဲ့အခါ...
ဝုန်းဆို..ကျွန်တော့်သွေးတွေအကူန် ဆောင့်တက်သွားသလိုမျိုး..။
မျက်လုံးတွေပြာဝေသွားခဲ့ရသည်...။
မြင်ရတာ ဘယ်လိုမှ ကြည့်မကောင်း..။
အရက်မူးလာတဲ့ မိန်းမကို ပွေ့ဖက်ပြီး..မယိုင်လဲအောင်သေချာထိန်းကိုင်ထားတဲ့ပုံမျိုး...။
ဒီမှာလာနေကတည်းက..ကျွန်တော်နေတဲ့အိမ်ရယ်လို့တစ်ခါမှ မလာဖူးခဲ့တဲ့လူက..လာမယ့်လာတော့လဲ
မိန်းမတစ်ယောက်နဲ့အတူတဲ့လား..။
ဒီတစ်ခါရော..ဘယ်လိုတွေနှိပ်စက်ဦးမလို့လဲဗျာ..။
TBC ####
ဟီဟီ ..မဆိုစလောက်လေး update ကြာသွားခဲ့ကြောင်း 😿