Zawgyi>>>
"ဟို...ဟို...ဦးရှင်း...အင့်"
လာကယ်လှည့်ပါဦးဗျာ...
"ဟင့် ဦးရှင်း..."
ထားပါလေ...
***************************
"ညီ...ဘာဖြစ်လို့လဲ"
ရန်နောင့်၏ စိတ်ထဲကိုပြရမည်ဆိုပါက သူသည်အမှန်တကယ် ကြောက်ရွံနေမိ၏
..
"အရမ်းနာနေလား"
*****************************
Unicode>>>
"အင့် ဦးရှင်း...ဘာလုပ်တာလဲ လွှတ်ဗျ အောက်ချပေး"
ရုတ်ချည်း ကားထဲသို့ ပွေ့ချီလာသော ရှင်းရာကြောင့် လျှမ်းထက် မျက်လုံးပြူးရလေပြီ...
သူ့မှာ အဘွားကို ပြီးအောင်တောင် မနှုတ်ဆက်လိုက်ရ အတင်းကိုပွေ့ချီလာသော ဦးလေးကြီးပင်...
သူတို့ပုံစံကိုမြင်တော့ အဘွားက ရယ်၏...
လျှမ်းထက်သည် ရှက်လွန်း၍ ဘာမှပင်မပြောနိုင်ရှာ...
အိမ်အပြင်ရောက်တော့ ကားတံခါးကိုဆွဲဖွင့်လိုက်သည့်
ဦးရှင်းရဲ့ မျက်နှာက ပုံမှန်ထက်ပိုတည်နေ၏...
စောစောက သူပြောမိတဲ့စကားကြောင့် ဒေါသထွက်နေသည်လားမသိ...
အခုလဲ သူ့ကိုယ်လုံးလေးကို ကားထဲပစ်ချကာ ကားတံခါးတွေလော့ခ်ချပစ်လိုက်၏
သူ့အနေနဲ့ အမြဲလိုလို ရှင်းရာကို ဒေါသထွက်အောင်စနေတတ်သော်ငြား အခုလိုတကယ်ကြီး စိတ်ဆိုးတာကိုမြင်တော့ နေရခက်သလို ကြောက်လဲကြောက်နေမိ၏...
"ဟို...ဟို...ဦးရှင်း...အင့်"
ရုတ်ချည်းဆိုသလို လျှမ်းထက်ကိုယ်လုံးလေးသည် ဆိုဖာတွင် ဖိခြင်းခံလိုက်ရကာ
တစ်ဖက်တွင် လက်ထောက်၍ ရှင်းရာကနေရာယူထား၏
ဦးရှင်းရာမျက်ဝန်းက စူးရှလွန်း၍ လျှမ်းထက်ကိုကြည့်တဲ့အကြည့်တွေက ကြောက်မက်ဖွယ်ပင်...
လျှမ်းထက်သည် ကျောချမ်းသွားရကာ ရုန်းထွက်ဖို့ကြိုးစား၏...
သူအသာလေး ထွက်သွားရန်ကြံတော့ ရှင်းရာက ရိပ်မိသွားသည်ထင်ရဲ့ ခါးမှဆွဲပွေ့ကာ လုံးဝသွားခွင့်မပေး...
"ခင်ဗျား ဘာဖြစ်နေတာလဲ ဆို!"
ရှင်းရာက ဘာတစ်ခွန်းမှပြန်မဖြေချေ...မိမိလုပ်မြဲအတိုင်း ဆက်လုပ်နေ၏...
"ခင်ဗျား ဆက်မလုပ်နဲ့ အ့"
လျှမ်းထက် အထာနပ်ပါသည်
ဒါပြီးရင်ဘာတွေဆက်လာတော့မလဲဆိုတာ...အဲ့အဖိုးကြီးအကြောင်း သူမသိတာမှတ်လို့...
လျှမ်းထက် ဘယ်လိုတားဖို့ကြိုးစားပါစေ ရှင်းရာက သူ့ကိုချုပ်ထားသည်...
လျှမ်းထက် ကားထဲမှပြေးဆင်းဖို့ ကြံသည် သို့သောအရာမရောက်...
ရှင်းရာက လျှမ်းထက်ရဲ့ အင်္ကျီကို ဆွဲချွတ်ကာ လည်တိုင်လေးအား ငုံခဲနေပြီဖြစ်သည်...
"ဦးရှင်း အ့ ကျွန်တော် စိတ်ဆိုးမိလိမ့်မယ်နော်"
"ပြီးမှ ပြန်ချော့မယ် baby..."
လျှမ်းထက်သည် ဘယ်လိုနည်းနဲ့မှ ရှင်းရာကို တားမရတော့မည်မှန်းသိသည်မို့ ရှင်းရာရဲ့ပခုံးမှ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ရင်း မရှိတော့တဲ့အမေကို လှမ်းတမိ၏...
အမေရေ အမေ့သားလေး ကားထဲမှာမုဒိန်းကျင့်ခံရတော့မယ်...
လာကယ်လှည့်ပါဦးဗျာ...
"ဟင့် ဦးရှင်း..."
ရှင်းရာသည် လျှမ်းထက် ကိုယ်ပေါ်မှအဝတ်လေးတွေအား အကြမ်းပတမ်းဆွဲချွတ်ပစ်နေ၏...
ဖြူဖြူသေးသေး လျှမ်းထက်ကိုယ်လုံးလေးမှာ သူ့လက်ထဲပင်ပျောက်နေရသည်..
လျှမ်းထက်က ရှင်းရာကို ရလိုရငြား အသနားခံတဲ့မျက်ဝန်းလေးတွေနဲ့ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ကြည့်နေသည်
သို့သော် အမှန်ပင် သူ့ရုပ်သည် ရန်နောင်ကဲ့သလို သနားစရာမကောင်းလှ...
အခွက်ပြောင်ပြနေသည်နှင့်တူ၏...
ထားပါလေ...
ဤအချိန်မှာ ကိုယ့်အောက်ဖဲ ကိုယ်လှန်နေရုံနဲ့ ဘာမှမထူးပြီ...
ဦးရှင်းရာ ညှင်သာဖို့ ဆုတောင်းရန်သာ တတ်နိုင်ပေတော့သည်မို့...
***************************
အိပ်ပျော်နေသော ရန်နောင်လေးကို မနှိုးရက်တာကြောင့် ကိုယ်လုံးလေးကို ပွေ့ချီလျက် မင်းမာန်အိမ်ထဲသို့ဝင်ခဲ့၏...
အိမ်ဆိုတာက သူနဲ့ဦးရှင်းရာရဲ့အိမ်...
ပြောရရင် သူတစ်ခါတစ်လေမှ လာဖြစ်တဲ့ နေရာပေါ့...
မာန် ကစားဝိုင်း ကိုခေါ်လာရင် ရန်နောင့်မိဘတွေသိမှာစိုးလို့လေ...
ရန်နောင့်ကို အိပ်ယာထက် တင်ပေးလိုက်ရင်း မျက်နှာနုနုက ဒဏ်ရာလေးတွေကိုကြည့်ကာ သက်ပြင်းဖွဖွချမိ၏...
မကြာခင်ပဲ ရန်နောင်လေး မျက်လုံးလေးပွင့်လာသည်...
သူရောက်နေတဲ့နေရာက စိမ်းလို့ထင်ရဲ့ ဟိုကြည့်သည်ကြည့်နှင့် မျက်လုံးလေးဝိုင်းလို့...
နောက်တော့ မင်းမာန်ကိုတွေ့မှ သူ့တို့ထွက်ပြေးလာတဲ့အကြောင်း ပြန်သတိရသွားသည်ထင်ရဲ့ ခေါင်းလေးငုံ့သွားသည်...
"ညီ...ဘာဖြစ်လို့လဲ"
မင်းမာန်သည် ရန်နောင့်ရဲ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ အသာဆွဲထည့်၍ ကျောပြင်လေးကိုပုတ်ပေးနေ၏...
"အစ်ကို...ညီ အိမ်ပြန်လို့မရဘူးလားဟင်"
ရန်နောင့်အမေးကို မင်းမာန်ခေါင်းခါပြသည်...
"ဘာလို့အိမ်ပြန်ချင်တာလဲ ညီရာ...
ကိုယ်နဲ့အတူမရှိချင်ဘူးလား ဟင်?"
ရန်နောင့်၏ စိတ်ထဲကိုပြရမည်ဆိုပါု သူသည်အမှန်တကယ် ကြောက်ရွံနေမိ၏
..
သူ့အနေနဲ့ တစ်ခါလေးတောင် မိဘတွေဆီက ဒီလိုအရဲစွန့်ထွက်လာဖို့ မတွေးခဲ့ဖူးပါချေ...
သူ့မိဘတွေကိုကြောက်သလို
အကယ်၍ မင်းမာန်က သူ့ကိုခဏတာအတွက် ကစားနေမှာလဲကြောက်သည်...
မင်းမာန်မလိုတော့တဲ့အခါကျရင် သူကထွက်သွားရမှာလေ...
အဲ့လိုမဟုတ်ပဲ မင်းမာန်ကို သူဒုက္ခမပေးချင်ပါချေ...
"ကိုယ့်ဦးလေးပြန်လာရင် မင်းကိုမိဘတွေဆီမှာ တောင်းပေးဖို့ပြောမယ်...ပြန်တော့မအပ်ဘူး ညီ့ကို ကိုယ့်ဆီမှာပဲထားတော့မှာ အိမ်ထပ်ဝယ်ပြီး ကိုယ်တို့နှစ်ယောက်ထဲနေမယ်နော်"
"ဒါပေမဲ့ ကျွန်တော့်မိဘတွေက လက်မခံရင်ရော..."
"လက်မခံရင်လဲ သူတို့သားလေးကို ကိုယ်ကယူမှာပဲလေ...."
မင်းမာန်စကားကြောင့် ရန်နောင် ပါးလေးပန်းရောင်သန်း၍ ပြုံးသည်...
မင်းမာန်က ရန်နောင့်ရဲ့ မျက်နှာလေးကို သူ့လက်တို့နဲ့ ဖွဖွကိုင်ကြည့်၏...
"အရမ်းနာနေလား"
ရန်နောင် ခေါင်းလေးကိုအသာခါပြသည်...
"ကျွန်တော်အဆင်ပြေပါတယ်အစ်ကို"
မင်းမာန်သည် ခေါင်းသာငြိမ့်ပြနိုင်၏...
ရန်နောင့်ရဲ့ ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ တင်းတင်းပွေ့ဖက်ရင်း ဆံသားလေးတွေကို ဖွဖွနမ်းရှိုက်မိသေးသည်...
ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး ရန်နောင်...
မင်းကိုကိုယ့်ရင်ခွင်ထဲကနေ ဘယ်သူကမှ ဆွဲထုတ်သွားခွင့်မရှိစေရဘူး...
*****************************